Peculiarly System [Completed ]

By MaLaKaoYa

858K 90.4K 2.8K

Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More

Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)

Arc(9.8)

3.1K 444 22
By MaLaKaoYa

" ၂လတောင်ပြည့်တော့မယ် မြေးလေးရဲ့အရိပ်အယောင်တောင်မမြင်ရသေးဘူး ''

မိုင်လီက ကမ်းခြေကို ဖြတ်တိုက်လာတဲ့ လေညှင်းတွေကြောင့် ယိမ်းထိုးနေသောအုန်းပင်တွေကြားမှ ဝိုင်းဝိုင်းစက်စက်သာနေသော လမင်းကြီးကို ကြည့်ပြီး ရေရွတ်လိုက်သည်။

" ဖွားဖွား.. အားဆေးသောက်ရအောင်''

လော်ရာရဲ့စကားကြောင့် အဖွားမိုင်လီက ဝရံတာမှာ ရပ်နေရင်းကနေ အခန်းထဲက ကုတင်ဆီ ဦးတည်လျှောက်လှမ်းလာသည်။

" ဖွားဖွား ဒါလေးအရင်စားနော် ''

ကိတ်မုန့်တစ်ခုကိုလော်ရာရဲ့လက်ထဲကနေ ယူလိုက်ပြီး အဖွားမိုင်လီကဖြေးဖြေးချင်းစားနေသည်။

ထို့နောက် သူမသည် အားဆေးကိုသောက်ကာ ကုတင်ပေါ်မှာ လဲလျောင်းအိပ်စက်တော့သည်။
လော်ရာလည်း ဖွားဖွားကို စောင်ခြုံပေးကာ ပြတင်းတံခါးတွေဆွဲပိတ်ပြီး အခန်းထဲမှ ထွက်သွားသည်။

.
.
.

" လော်ရာ.. ငါတို့ ကမ်းခြေဘက်မှာ လမ်းလျှောက်ရင်း စကားပြောကြမလား''

" အင်း သွားကြတာပေါ့ ''

ဟူဂို၏စကားကို သူမက လက်ခံလိုက်ပြီးနောက်...

လှိုင်းပုတ်သံတွေဆူညံနေတဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်တိုက်လာတဲ့ လေပြေက အဝတ်အစားတွေပင်လွင့်လူးနေစေသည်။

လော်ရာက သူမရဲ့ ဆံပင်တွေကို နားနောက်မှာ သပ်တင်လိုက်ရင်း သောင်ခုံပြင်ပေါ်မှာ ထိုင်ချလိုက်သည် ။

" လော်ရာ..ငါပြောမယ့်စကားက နင့်အတွက် နည်းနည်းလေးတော့ ဟာသမြောက်နေလိမ့်မယ် ဒါပေမယ့် အဲ့တာက အတည်တဲ့..''

" အဲ့တာကဘာလဲ ''

"   အကွာကရေသူမျိုးနွယ်ကတဲ့ ''

လော်ရာက ခေါင်းတညိတ်ညိတ်နဲ့ပြုံးပြတယ်။ ဒါဟာ သူမသိပြီးသားဆိုတဲ့သဘော။

" နင် သိနှင့်နေတာလား ''

" အင်း ငါလည်းမယုံနိုင်ဘူး..ဟိုပရော်ဖက်ဆာမထရီဇာကြောင့်..''

" သူမက ဘယ်လိုသိတာလဲ မသိဘူးနော် ''

" အင်း အကွာရေထဲမှာတော်တော်ကြာနေပြီ ၂လပြည့်တော့မယ်လေ..အဲ့တော့ ''

" ငါတို့ ဆင်းရှာကြည့်မလား ''

" ဟူဂို..''

လော်ရာက မျက်နှာလေးလင်းလက်သွားကာ ခေါင်းညိတ်လိုက်ပါတော့တယ်။

................

" ဘာဖြစ်တာလဲ ''

"ဘယ်သိမတုန်း..''

အကွာက ဘောက်ဆတ်ဆတ်စကားလေသံနဲ့ ဗစ်တာ၏ မေးခွန်းကို ချေပသည်။

" ယားလား..''

" ဘာတွေလာမေးနေတာလဲ ''

" ကိုယ်ကမေးကြည့်..''

" ထွက်သွား ''

" မသွားပေါင် ''

" အဲ့တာဆိုလည်း ပါးစပ်ပိတ်ထားစမ်း နားငြီးတယ် ''

အကွာက စိတ်တိုနေပါ၏။
ဒါက ဘယ်လိုအခြေအနေကြီးလဲ ။
ပြောရခက်လိုက်တာ ။

" အကွာ..ကိုယ်ကူညီမယ် ''

" ဗစ်တာ ကျွန်တော့်ကို ခင်ဗျားဘာလုပ်ထားတာလဲ ပြောစမ်း ''

" ကိုယ်က... ''

" မလိမ်နဲ့!''

မျက်လုံးတွေ မှေးကျဉ်းကာ ကြည့်နေတဲ့အကွာ့ကြောင့် ဗစ်တာက ဘာပြောရမှန်း မသိအောင် ဖြစ်နေရသည်။

လုပ်တယ်ပြောရင်လည်း စိတ်ဆိုးအုန်းမယ်။မလုပ်ဘူးပြောရင်လည်း လိမ်ရာကျဦးမယ်..။ ဘာပဲဖြစ်ဖြစ် ကြည့်ရှောင်တာက အကောင်းဆုံးပဲ ။

" ကိုယ်..ကိုယ်ဘာမှမလုပ်ဘူး တ..တကယ်ပြောတာ ဟို..ဟို..အကွာရဲ့ မိတ်..လိုက်..ရာ.သီရောက်.ရောက်တာနေမှာပါ..''

" ဘာ!! "

ဂလု!

အကွာက အလစ်တဲလေး ကြောက်ဖို့ကောင်းနေသလားလို့..။
ဗစ်တာက တံတွေးမြိုချကာ တွေးလိုက်ပါသည်။

" ကျွန်တော်က ဘာလို့လဲ.. ကျွန်တော် မလိုက်တတ်ဘူး ''

" ကိုယ်ကူညီမယ် လို့ အဲ့တာကြောင့် ''

မျက်နှာလေးငယ်ပြနေတဲ့သူလေးကြောင့် ဗစ်တာက အခွင့်အရေး ယူကာ ပြောလိုက်ပေမယ့်...

" ဘယ်နှစ်ခါမိတ်လိုက်ဖူးပြီလဲ ''

ဗစ်တာမှာ ဒီလောက်ထိ ကပ်သတ်ရစ်ထုတ်နေတတ်သည့် ချစ်သူလေးကို ချစ်မဝဖြစ်နေရသည်။

" မေးနေတာမဖြေဘူးလား..ဗစ်တာ!! ငါမေးတာ ဖြေ..အွန့်.. မလုပ်..အင့်..လွှတ်..အာ့..ဗစ်တာ..အွန်း..''

အာဗြဲစိန်လေးအကွာသည် ဗစ်တာ၏ မိတ်လိုက်နည်းအဖြာဖြာအား ထိုအချိန်မှစ၍ သင်ယူလိုက်ရပါတော့သည်။

...................

" ထရီဇာ ''

" အော် ရှင်ကိုး.. မီဂေးလ်..ကျွန်မဒီနေ့ရေအောက်ကိုသွားဖို့ဆုံးဖြတ်ထားတယ် ရှင်လိုက်မလား ''

" အင်း.. ကိုယ်လည်း အားနေတာပဲ လိုက်မယ်လေ ''

ဖော်ရွေတဲ့သူမနဲ့မီဂေးလ်းက ဆက်ဆံရေးကောင်းတယ်လို့တော့ ပြောလို့ရသည်။

ဒီလတွေအတွင်းမှာ မိတ်ဆွေတွေဖြစ်သွားပြီး တစ်ယောက်အကြောင်း တစ်ယောက် သိလာကြသည်။

သူမဘက်ကအဆင့်တက်ချင်နေတာကို မီဂေးလ်က ရိပ်မိနေပြီး အကွာ့ကို ရှာတွေ့ပါက သူမနဲ့ ဆက်ဆံရေးကို အပြတ်ဖြတ်မည် ဟု တွေးထားသည်။

...................

တစ်ဖက်တွင်လည်း kitty မှာ ဘုရင်မာလေအား စုံစမ်းရေးထောက်လှမ်းရေးလုပ်နေရသည်။

" အရှင် ဒီအနားကို တစ်ယောက်ယောက် ရောက်နေတယ် ''

" ....''

မှော်ဖန်လုံး၏ သတိပေးစကားကြောင့် မာလေက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်သည် ။

" ဘယ်သူလဲ ထွက်လာခဲ့စမ်း ''

" ...''

တစ်ဖက်က တိတ်ဆိတ်နေတာကြောင့် မာလေက စိတ်မရှည်တော့ပေ။

" ထွက်လာခဲ့ ငါးမန်းစာမဖြစ်ချင်ရင် ''

တိတ်ဆိတ်မြဲသာမို့ မာလေက မှော်ဖန်လုံးကို မျက်ခုံးပင့်ပြီး ကြည့်လိုက်သည် ။

" သူ သွားပြီ အရှင် ''

" သူကဘယ်သူလဲ မင်းသိလား ''

" ဟင့်အင်း..တစ်ခါမှ မမြင်ဖူးဘူး.. သူ့ပုံစံက အမွှေးပွပွနဲ့ လုံးလုံးကစ်ကစ်လေး..မျက်လုံးတွေကလည်းစူးရှပြီး အချောင်းလေးချောင်းနဲ့ မဟုတ်သေးဘူး ငါးချောင်း တစ်ချောင်းက ရမ်းတန်းရမ်းတန်းနဲ့ လေးချောင်းကရေကူးတာ ''

မှော်ဖန်လုံး၏ စကားတွေကြောင့် မာလေက အတော်ပင် ခေါင်းရှုပ်ကာ မျက်မှောင်ကျုံ့သွားသည်။

" သူက ထူးဆန်းသား.. ကလေတန်ရဲ့သားက သူဖြစ်နေမလား ''

" မသိဘူး...ဒါပေမယ့်..မဖြစ်နိုင်ဘူးလေ ကလေတန်ရဲ့သားက ရေသူထီးပဲဖြစ်ရမှာမဟုတ်လား ''

" အဲ့တာလည်း ဟုတ်သားပဲ ''

မာလေသည် မှော်ဖန်လုံးကို ပြန်လည်အိပ်စက်စေလိုက်ပြီး ကျောက်ဖျာပေါ်မှာ လဲလျောင်းလိုက်သည်။

သူတွေးနေတာက အချိန်ကြာသွားသော်လည်း အဖြေထွက်မလာပေ။

.................

Kitty လေးခမျာ မှော်ဖန်လုံး၏ သုံးသပ်ချက်တွေကို နားထောင်ပြီး စိတ်လေသွားကာ တွေးလိုက်သည်။

ရမ်းတန်းရမ်းတန်းနဲ့ ဆိုတာ အမြီးကို ပြောတာဖြစ်မှာပါနော်..တခြားဟာတော့ မဟုတ်ဘူး မလား ...။

A.N:သဘောမနောကောင်းလွန်းတဲ့ ဒီက ဘဲချောလေးက ၂ပိုင်းအပ်ပေးလိုက်ပါတယ် ဝူဘွဘတို့.. Vote ဖို့မေ့ပါက Crush နဲ့လွဲပြီး ရှကြပါစေ 😊

#######

Zawgyi

" ၂လေတာင္ျပည့္ေတာ့မယ္ ေျမးေလးရဲ႕အရိပ္အေယာင္ေတာင္မျမင္ရေသးဘူး ''

မိုင္လီက ကမ္းေျခကို ျဖတ္တိုက္လာတဲ့ ေလညွင္းေတြေၾကာင့္ ယိမ္းထိုးေနေသာအုန္းပင္ေတြၾကားမွ ဝိုင္းဝိုင္းစက္စက္သာေနေသာ လမင္းႀကီးကို ၾကည့္ၿပီး ေရ႐ြတ္လိုက္သည္။

" ဖြားဖြား.. အားေဆးေသာက္ရေအာင္''

ေလာ္ရာရဲ႕စကားေၾကာင့္ အဖြားမိုင္လီက ဝရံတာမွာ ရပ္ေနရင္းကေန အခန္းထဲက ကုတင္ဆီ ဦးတည္ေလွ်ာက္လွမ္းလာသည္။

" ဖြားဖြား ဒါေလးအရင္စားေနာ္ ''

ကိတ္မုန့္တစ္ခုကိုေလာ္ရာရဲ႕လက္ထဲကေန ယူလိုက္ၿပီး အဖြားမိုင္လီကေျဖးေျဖးခ်င္းစားေနသည္။

ထို႔ေနာက္ သူမသည္ အားေဆးကိုေသာက္ကာ ကုတင္ေပၚမွာ လဲေလ်ာင္းအိပ္စက္ေတာ့သည္။
ေလာ္ရာလည္း ဖြားဖြားကို ေစာင္ၿခဳံေပးကာ ျပတင္းတံခါးေတြဆြဲပိတ္ၿပီး အခန္းထဲမွ ထြက္သြားသည္။

.
.
.

" ေလာ္ရာ.. ငါတို႔ ကမ္းေျခဘက္မွာ လမ္းေလွ်ာက္ရင္း စကားေျပာၾကမလား''

" အင္း သြားၾကတာေပါ့ ''

ဟူဂို၏စကားကို သူမက လက္ခံလိုက္ၿပီးေနာက္...

လွိုင္းပုတ္သံေတြဆူညံေနတဲ့ ပင္လယ္ျပင္ႀကီးကို ျဖတ္တိုက္လာတဲ့ ေလေျပက အဝတ္အစားေတြပင္လြင့္လူးေနေစသည္။

ေလာ္ရာက သူမရဲ႕ ဆံပင္ေတြကို နားေနာက္မွာ သပ္တင္လိုက္ရင္း ေသာင္ခုံျပင္ေပၚမွာ ထိုင္ခ်လိဳက္သည္ ။

" ေလာ္ရာ..ငါေျပာမယ့္စကားက နင့္အတြက္ နည္းနည္းေလးေတာ့ ဟာသေျမာက္ေနလိမ့္မယ္ ဒါေပမယ့္ အဲ့တာက အတည္တဲ့..''

" အဲ့တာကဘာလဲ ''

"   အကြာကေရသူမ်ိဳးႏြယ္ကတဲ့ ''

ေလာ္ရာက ေခါင္းတညိတ္ညိတ္နဲ႕ၿပဳံးျပတယ္။ ဒါဟာ သူမသိၿပီးသားဆိုတဲ့သေဘာ။

" နင္ သိႏွင့္ေနတာလား ''

" အင္း ငါလည္းမယုံနိုင္ဘူး..ဟိုပေရာ္ဖက္ဆာမထရီဇာေၾကာင့္..''

" သူမက ဘယ္လိုသိတာလဲ မသိဘူးေနာ္ ''

" အင္း အကြာေရထဲမွာေတာ္ေတာ္ၾကာေနၿပီ ၂လျပည့္ေတာ့မယ္ေလ..အဲ့ေတာ့ ''

" ငါတို႔ ဆင္းရွာၾကည့္မလား ''

" ဟူဂို..''

ေလာ္ရာက မ်က္ႏွာေလးလင္းလက္သြားကာ ေခါင္းညိတ္လိုက္ပါေတာ့တယ္။

................

" ဘာျဖစ္တာလဲ ''

"ဘယ္သိမတုန္း..''

အကြာက ေဘာက္ဆတ္ဆတ္စကားေလသံနဲ႕ ဗစ္တာ၏ ေမးခြန္းကို ေခ်ပသည္။

" ယားလား..''

" ဘာေတြလာေမးေနတာလဲ ''

" ကိုယ္ကေမးၾကည့္..''

" ထြက္သြား ''

" မသြားေပါင္ ''

" အဲ့တာဆိုလည္း ပါးစပ္ပိတ္ထားစမ္း နားၿငီးတယ္ ''

အကြာက စိတ္တိုေနပါ၏။
ဒါက ဘယ္လိုအေျခအေနႀကီးလဲ ။
ေျပာရခက္လိုက္တာ ။

" အကြာ..ကိုယ္ကူညီမယ္ ''

" ဗစ္တာ ကြၽန္ေတာ့္ကို ခင္ဗ်ားဘာလုပ္ထားတာလဲ ေျပာစမ္း ''

" ကိုယ္က... ''

" မလိမ္နဲ႕!''

မ်က္လုံးေတြ ေမွးက်ဥ္းကာ ၾကည့္ေနတဲ့အကြာ့ေၾကာင့္ ဗစ္တာက ဘာေျပာရမွန္း မသိေအာင္ ျဖစ္ေနရသည္။

လုပ္တယ္ေျပာရင္လည္း စိတ္ဆိုးအုန္းမယ္။မလုပ္ဘူးေျပာရင္လည္း လိမ္ရာက်ဦးမယ္..။ ဘာပဲျဖစ္ျဖစ္ ၾကည့္ေရွာင္တာက အေကာင္းဆုံးပဲ ။

" ကိုယ္..ကိုယ္ဘာမွမလုပ္ဘူး တ..တကယ္ေျပာတာ ဟို..ဟို..အကြာရဲ႕ မိတ္..လိုက္..ရာ.သီေရာက္.ေရာက္တာေနမွာပါ..''

" ဘာ!! "

ဂလု!

အကြာက အလစ္တဲေလး ေၾကာက္ဖို႔ေကာင္းေနသလားလို႔..။
ဗစ္တာက တံေတြးၿမိဳခ်ကာ ေတြးလိုက္ပါသည္။

" ကြၽန္ေတာ္က ဘာလို႔လဲ.. ကြၽန္ေတာ္ မလိုက္တတ္ဘူး ''

" ကိုယ္ကူညီမယ္ လို႔ အဲ့တာေၾကာင့္ ''

မ်က္ႏွာေလးငယ္ျပေနတဲ့သူေလးေၾကာင့္ ဗစ္တာက အခြင့္အေရး ယူကာ ေျပာလိုက္ေပမယ့္...

" ဘယ္ႏွစ္ခါမိတ္လိုက္ဖူးၿပီလဲ ''

ဗစ္တာမွာ ဒီေလာက္ထိ ကပ္သတ္ရစ္ထုတ္ေနတတ္သည့္ ခ်စ္သူေလးကို ခ်စ္မဝျဖစ္ေနရသည္။

" ေမးေနတာမေျဖဘူးလား..ဗစ္တာ!! ငါေမးတာ ေျဖ..အြန့္.. မလုပ္..အင့္..လႊတ္..အာ့..ဗစ္တာ..အြန္း..''

အာၿဗဲစိန္ေလးအကြာသည္ ဗစ္တာ၏ မိတ္လိုက္နည္းအျဖာျဖာအား ထိုအခ်ိန္မွစ၍ သင္ယူလိုက္ရပါေတာ့သည္။

...................

" ထရီဇာ ''

" ေအာ္ ရွင္ကိုး.. မီေဂးလ္..ကြၽန္မဒီေန႕ေရေအာက္ကိုသြားဖို႔ဆုံးျဖတ္ထားတယ္ ရွင္လိုက္မလား ''

" အင္း.. ကိုယ္လည္း အားေနတာပဲ လိုက္မယ္ေလ ''

ေဖာ္ေ႐ြတဲ့သူမနဲ႕မီေဂးလ္းက ဆက္ဆံေရးေကာင္းတယ္လို႔ေတာ့ ေျပာလို႔ရသည္။

ဒီလေတြအတြင္းမွာ မိတ္ေဆြေတြျဖစ္သြားၿပီး တစ္ေယာက္အေၾကာင္း တစ္ေယာက္ သိလာၾကသည္။

သူမဘက္ကအဆင့္တက္ခ်င္ေနတာကို မီေဂးလ္က ရိပ္မိေနၿပီး အကြာ့ကို ရွာေတြ႕ပါက သူမနဲ႕ ဆက္ဆံေရးကို အျပတ္ျဖတ္မည္ ဟု ေတြးထားသည္။

...................

တစ္ဖက္တြင္လည္း kitty မွာ ဘုရင္မာေလအား စုံစမ္းေရးေထာက္လွမ္းေရးလုပ္ေနရသည္။

" အရွင္ ဒီအနားကို တစ္ေယာက္ေယာက္ ေရာက္ေနတယ္ ''

" ....''

ေမွာ္ဖန္လုံး၏ သတိေပးစကားေၾကာင့္ မာေလက ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္သည္ ။

" ဘယ္သူလဲ ထြက္လာခဲ့စမ္း ''

" ...''

တစ္ဖက္က တိတ္ဆိတ္ေနတာေၾကာင့္ မာေလက စိတ္မရွည္ေတာ့ေပ။

" ထြက္လာခဲ့ ငါးမန္းစာမျဖစ္ခ်င္ရင္ ''

တိတ္ဆိတ္ၿမဲသာမို႔ မာေလက ေမွာ္ဖန္လုံးကို မ်က္ခုံးပင့္ၿပီး ၾကည့္လိုက္သည္ ။

" သူ သြားၿပီ အရွင္ ''

" သူကဘယ္သူလဲ မင္းသိလား ''

" ဟင့္အင္း..တစ္ခါမွ မျမင္ဖူးဘူး.. သူ႕ပုံစံက အေမႊးပြပြနဲ႕ လုံးလုံးကစ္ကစ္ေလး..မ်က္လုံးေတြကလည္းစူးရွၿပီး အေခ်ာင္းေလးေခ်ာင္းနဲ႕ မဟုတ္ေသးဘူး ငါးေခ်ာင္း တစ္ေခ်ာင္းက ရမ္းတန္းရမ္းတန္းနဲ႕ ေလးေခ်ာင္းကေရကူးတာ ''

ေမွာ္ဖန္လုံး၏ စကားေတြေၾကာင့္ မာေလက အေတာ္ပင္ ေခါင္းရႈပ္ကာ မ်က္ေမွာင္က်ဳံ႕သြားသည္။

" သူက ထူးဆန္းသား.. ကေလတန္ရဲ႕သားက သူျဖစ္ေနမလား ''

" မသိဘူး...ဒါေပမယ့္..မျဖစ္နိုင္ဘူးေလ ကေလတန္ရဲ႕သားက ေရသူထီးပဲျဖစ္ရမွာမဟုတ္လား ''

" အဲ့တာလည္း ဟုတ္သားပဲ ''

မာေလသည္ ေမွာ္ဖန္လုံးကို ျပန္လည္အိပ္စက္ေစလိုက္ၿပီး ေက်ာက္ဖ်ာေပၚမွာ လဲေလ်ာင္းလိုက္သည္။

သူေတြးေနတာက အခ်ိန္ၾကာသြားေသာ္လည္း အေျဖထြက္မလာေပ။

.................

Kitty ေလးခမ်ာ ေမွာ္ဖန္လုံး၏ သုံးသပ္ခ်က္ေတြကို နားေထာင္ၿပီး စိတ္ေလသြားကာ ေတြးလိုက္သည္။

ရမ္းတန္းရမ္းတန္းနဲ႕ ဆိုတာ အၿမီးကို ေျပာတာျဖစ္မွာပါေနာ္..တျခားဟာေတာ့ မဟုတ္ဘူး မလား ...။

A.N:သေဘာမေနာေကာင္းလြန္းတဲ့ ဒီက ဘဲေခ်ာေလးက ၂ပိုင္းအပ္ေပးလိုက္ပါတယ္ ဝူဘြဘတို႔.. Vote ဖို႔ေမ့ပါက Crush နဲ႕လြဲၿပီး ရွၾကပါေစ 😊

#######

Continue Reading

You'll Also Like

68.9K 9.1K 6
unicode + zawgyi Xiao Zhan × Wang Yibo A special thanks to Vitadrawing for story cover !
308K 11.3K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
258K 13.6K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
51.9K 5.4K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...