မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ...

By BI_BI_DAA

428K 63.5K 1.4K

This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Ti... More

DESCRIPTION
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10+11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20+21]
[22]
[23]
[24]
[25]
[26]
[27]
[28]
[29]
[30]
[31+32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41+42]
[43]
[44]
[45]
[46]
[47]
[48]
[49+50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59+60]
[61]
[62]
[63+64]
[65]
[66][Volume One End]
[67]
[68]
[69]
[70+71]
[74]
[75]
[76]
[77]
[78]
[79+80]
[81]
[82]
[83]
[84]
[85]
[86]
[87]
[88]
[89+90]
[91]
[92]
[93]
[94]
[95]
[96]
[97]
[98]
[99+100]
[101]
[102]
[103]
[104]
[105]

[72+73]

4.7K 705 22
By BI_BI_DAA

[Unicode]

072+073: ရေကန်တူးခြင်း (1+2)

အိမ်ပြန်ရောက်တော့ လဲ့ယ်ထျဲက ရေတွင်းဘက်ကိုသွားပြီး ရေတွင်းထဲက ရေတွေကို သူ့မျက်နှာပေါ် တိုက်ရိုက်လောင်းချလိုက်သည်။

ချင်မျန် မျက်မှောင်ကြုတ်ကာ "အခု ရေတွင်းထဲက ရေတွေက အရမ်းအေးနေသေးတယ်။သတိထား ဒါမှမဟုတ်ရင် ခင်ဗျား အအေးမိလိမ့်မယ်"

"မမိနိုင်ဘူး....ကိုယ့်ခန္ဓာကိုယ်က သန်မာတယ်" လဲ့ယ်ထျဲသည် အဝတ်လှမ်းတိုင်ပေါ်မှ မျက်နှာသုတ်ပုဝါကို ဆွဲယူလိုက်သည်။

သန်မာတဲ့ ခန္ဓာကိုယ်လား?

ချင်မျန်၏အကြည့်တွေသည် သူ့ရဲ့ကျယ်ပြန့်တဲ့ပခုံးမှ ထူထူထဲထဲရင်ဘတ်ဆီသို့ ထို့​နောက် ကျဉ်းမြောင်းသည့်ခါးမှတစ်ဆင့် သူ့တင်ပါးဆီသို့...ထို့နောက် သူ့ရဲ့ရှည်လျားသည့်ခြေထောက်များဆီသို့ ဆက်ရွေ့လျားသွားသည်။သူ ချောင်းဆိုးပြီး အဝေးကို လှမ်းကြည့်လိုက်ရ၏။

"ဒါနဲ့ ပိုင်တျန့်လေးကို တွေ့မိလား?"

လဲ့ယ်ထျဲက “တောင်ပေါ်ကို သွားတာ ဖြစ်နိုင်တယ်”
ပိုင်တျန့်လေးသည် လူသားနှစ်ဦးနှင့်အတူ နေထိုင်ခဲ့ရုံမျှဖြင့် သူ့ရဲ့တောရိုင်းသဘာဝကို မဆုံးရှုံးခဲ့ပေ။ရံဖန်ရံခါ တောင်ပေါ်ကို တစ်ကောင်တည်း သွားလေ့ရှိသည်။တခါတရံ နှစ်ရက်မှ သုံးရက်အထိကြာပြီး တခါတရံဆိုလျှင်လည်း သေးငယ်သော သားကောင်ကို ပြန်ယူလာတတ်သေးသည်။ပထမတော့ ချင်မျန်က ညဘက် အိမ်မပြန်လာမှာကို စိုးရိမ်၏။နောက်တော့ ညစ်ပတ်ပြီး ပင်ပန်းလာရုံကလွဲရင် တခါမှ မနာကျင်မထိခိုက်ဖူးတာမို့ သူ့ဟာနဲ့သူသာ လွှတ်ထားလိုက်တော့သည်။

ချင်မျန်သည် အိမ်ရှိဆီမီးခွက်တွေကို ထွန်းညှိလိုက်ပြီးနောက် ပန်းကန်လုံးတစ်လုံးယူရန် မီးဖိုချောင်ထဲကို ဝင်သွားပြီး ထိုပန်းကန်လုံးထဲကို ဝိညာဉ်စမ်းရေ ဖြည့်ထည့်လိုက်၏။သူ လဲ့ယ်ထျဲဆီ သယ်သွားကာ "ခင်ဗျား ရေနှစ်ပုံးကိုယူပြီး ဒီရေပန်းကန်လုံးနဲ့ရောလိုက်။ပြီးရင် တစ်ပင်ချင်းစီ လိုက်လောင်းပေး။"

လဲ့ယ်ထျဲက စကားတစ်ခွန်းမှ ပြန်မမေးဘဲ ခေါင်းညိတ်ပြကာ ပန်းကန်လုံးနှင့်အတူ ထွက်လာခဲ့သည်။ချင်မျန် မီးဖိုချောင်ပြတင်းပေါက်က​နေ လဲ့ယ်ထျဲတစ်​ယောက် ရေတွင်းမှရေကို ငုံ့သယ်နေသည်ကို မြင်နေရသည်။သူ၏လက်များနှင့် ပခုံးများသည် ခွန်းအားများဖြင့် ပြည့်ဝနေပြီး သူ့နောက်ကျော၊ ခါးနှင့် တင်ပါးတစ်​လျှောက်တို့မှာ ကြည့်လို့ကောင်းသည့် ကောက်ကြောင်းမျိုး ရှိ​နေသည်။

လဲ့ယ်ထျဲ၏ကျောပြင်မှာ ခြံအပြင်ဘက်၌ ပျောက်ကွယ်သွားတော့မှ သူ လဲ့ယ်ထျဲကို တစ်ချိန်လုံး စောင့်ကြည့်နေမိကြောင်း ရုတ်တရက် သိလိုက်ရသည်။အသိစိတ်ပြန်ကပ်လာရန် သူ့မျက်နှာကို ပွတ်သပ်လိုက်ကာ တည်ငြိမ်စွာ ဆန်ဆက်​ဆေး​နေလိုက်သည်။သူတို့ရဲ့ ခံစားချက်တွေကို သေချာချပြပြီးနောက်မှ​တော့ လဲ့ယ်ထျဲက သူနှင့် မိသားစုအရ သက်ဆိုင်လာပြီ။လဲ့ယ်ထျဲကို စိုက်မကြည့်ဘဲမနေနိုင်လောက်အောင် ဖြစ်​​နေတာက ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလား?

လဲ့ယ်ထျဲ ရေလောင်းရာမှ ပြန်လာသောအခါ ချင်မျန်သည် သတိပေးခြင်းမရှိ သူ့လည်ပင်းကို ဆွဲကိုင်ကာ နှုတ်ခမ်းကို အတင်းနမ်းလိုက်သည်။သူ နည်းနည်းတော့ နားမလည်ဖြစ်သွားရ၏။ပြီးမှ ချင်မျန်သည် တက်တက်ကြွကြွဖြင့် စိတ်အ​ခြေအ​နေကောင်းစွာ ချက်ပြုတ်ရန် အေး​အေးဆေး​ဆေး ထွက်​သွား​တော့မှ လဲ့ယ်ထျဲ စိတ်​အေးသွားကာ မီးဖိုရှေ့တွင် မီးကြည့်ကာ ထင်းထည့်​နေရင်း ပုံမှန်အနေအထားအတိုင်း ငြိမ်သက်စွာ ထိုင်နေလိုက်သည်။

"မနက်ဖြန် ရေကန်တူးဖို့ လူဘယ်နှစ်ယောက် ငှားရမလဲ?" ချင်မျန်သည် အလွန်မွှေးကြိုင်နေသည့် နှစ်ပြန်နှပ်ထားသည့် ဝက်သားကို ပန်းကန်ထဲသို့ ထည့်လိုက်သည်။သူ သူ့တူချောင်းတွေဖြင့် မြည်းစမ်းရန် အသားတစ်ဖက်ကို ညှပ်ယူလိုက်သည်။ထို့နောက် နောက်အသားတစ်ပိုင်းကို ယူကာ လဲ့ယ်ထျဲ၏ပါးစပ်နားသို့ ပို့လိုက်၏။ “မြည်းကြည့်”

လဲ့ယ်ထျဲသည် တူကိုကိုင်ကာ အသားကိုစားနေစဉ် သူ့ကို ကြည့်လိုက်သည်။ချင်မျန်လည်း အခု သူ တူမလဲလိုက်ရသေးကြောင်း ရုတ်တရက် သတိရသွား၏။

“လူသုံးဆယ်။လူနှစ်ဆယ့်နှစ်ယောက်က မြေကိုတူးပြီး ရှစ်ယောက်က မြေကိုသယ်မယ်။” လဲ့ယ်ထျဲက သူ့ပါးစပ်ထဲက အသားတွေကို မျိုချပြီး စကားဆက်ပြော၏။

ချင်မျန်သည် အနီ​ရောင်ငရုတ်ပွခြောက်နှင့် လိုင်းသားကို ကြော်ထားသည့် ဒုတိယဟင်းကို စတင်ချက်ခဲ့သည်။အခုခေတ်မှာတော့ အသားနူးအိဆေး ဒါမှမဟုတ် ပြောင်းမှုန့် မရှိတာ​ကြောင့် လိုင်းသားတွေကို နူးညံ့ပြီး အရသာရှိအောင် ကြော်လို့ပဲရနိုင်၏။

ပဌမလကိုးရက်နေ့ ညနေတွင် ဖက်ထုပ်လုပ်တုန်းက ယခင်ဘဝ ဟင်းချက်နေချိန် အိမ်ရှိ ပြောင်းမှုန့်သည် ကုန်သွားကာ ဝယ်ရန်မေ့သွားသည်ကို အမှတ်မထင် သတိရမိသည်။ထို့နောက် မုန့်ညက်အစားထိုးသုံးခဲ့ဖူးသည်ကို အမှတ်ရလိုက်မိသည်။ဂျုံမှုန့်နှင့် ရောနယ်ပြီးနောက် သန့်စင်ထားသည့် အသားမှာ အလွန်ပျော့ပျောင်းပြီး နူးညံ့သွား​လေ၏။

အိုးထဲရှိဆီပူလာသောအခါ ချင်မျန်သည် အနီငရုတ်ပွခြောက်မထည့်မီ လိုင်းသားနှင့် ဂျင်းတို့ကို ရောမွှေကြော်လိုက်၏။ငရုတ်ရနံ့သည် နှာချေချင်စေသောကြောင့် ချက်ခြင်းပြန်လှည့်လာရသည်။

“ရေကန်တူးတာကလည်း ကြီးကျယ်တဲ့အလုပ်ပဲ။ခင်ဗျား တျန်းရွာကိုသွားပြီး အဘိုးအဘွားတွေကို ပြောပြချင်လား?ဦးလေး နှစ်ယောက်နှင့် ဝမ်းကွဲသုံးယောက်လည်း ရှိတယ်ဆို​တော့ ရေကန်တူးဖို့ သူတို့ကို ကူညီပေးဖို့ မတောင်းဆိုရင် သူတို့က သူတို့ကို ထည့်သွင်းမစဉ်းစားပေးဘူးလို့ ထင်သွားနိုင်တယ်။လာမလား မလာဘူးလား ဆိုတာကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်လေ။”

ဒီလိုကိစ္စများသည် ဒီကတိုင်းသူပြည်သားတွေအတွက် အရမ်းထူးခြား၏။အိမ်မှာ ပွဲကြီးပွဲကောင်း တစ်ခုခုကို သူတို့ရဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေကို အကြောင်းကြားပါမှ နှစ်ဖက်စလုံးက ဆက်ဆံရေးကောင်းတယ်လို့ ဆိုလိုပြီး လေးစားမှု ပြကြလိမ့်မည်။
သူ့ဇနီး​လေးက ထောက်ထားငဲ့ညှာတတ်တာ​ကြောင့် လဲ့ယ်ထျဲလည်း ခေါင်းညိတ်ပြီး "မနက်ဖြန် မနက်စောစော သွားလိုက်မယ်။"

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် လဲ့ယ်ထျဲသည် တျန်းရွာသို့ သွားခဲ့သည်။ချင်မျန်က မနက်စာပြင်ဆင်ထားပေမယ့် လဲ့ယ်ထျဲ ပြန်မလာသေးတဲ့အတွက် သူတစ်ယောက်တည်းသာ စားလိုက်သည်။ပန်းကန်တွေဆေးပြီး အိမ်ကိုလည်း သပ်သပ်ရပ်ရပ် ခင်းထားပြီးခါမှ လဲ့ယ်ထျဲ ပြန်​ရောက်လာသည်။ပထမဦးလေးတျန်း၊ ဒုတိယဦးလေးတျန်း၊ တျန်းချွင်၊ တျန်းကျုံးနှင့် တျန်းရှောင်တို့လည်း လှည်းပေါ်မှ ဂေါ်ပြားနှင့် ခြင်းတောင်းများကိုင်ကာ ခုန်ဆင်းခဲ့ကြသည်။

ချင်မျန် အံ့သြသွားပြီး “ပထမဦးလေး၊ ဒုတိယဦးလေးနဲ့ ဝမ်းကွဲတွေ​ရော ပါလာတာလား?ကျေးဇူးပြု၍ ဝင်ပါ။"

ပထမဦးလေးတျန်းက​တော့ နဂိုအတိုင်းမထူးမခြားဖြင့် ခေါင်းညိတ်ပြ၏။

ဒုတိယဦးလေးတျန်းက ပြုံးပြပြီး ကြင်နာစွာ ပြောလိုက်သည်။ “ချင်မျန် ဧည့်ဝတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်”
တျန်းချွင်၊ တျန်းကျုံး နှင့် တျန်း​ရှောင်တို့သည် ချင်မျန်ကို အပြုံးဖြင့် နှုတ်ဆက်ကြသည်။သူ့ကို “ဝမ်းကွဲအစ်ကိုရဲ့ဇနီး” လို့ ခေါ်ရတာ အဆင်မပြေတဲ့အတွက် သူ့ကို "ညီ​လေးမျန်” ဟုသာ ခေါ်၏။

ဒါက သူတို့ရဲ့ပထမဆုံး အကြိမ်ပင်။အိမ်ထဲသို့ ဝင်လိုက်သည်နှင့် စပ်စပ်စုစု မကြည့်ဘဲ မနေနိုင်။
တျန်းချွင်က ပြုံးပြီး "မင်းတို့ရဲ့အိမ်က သပ်သပ်ရပ်ရပ်ပဲ"

တျန်းကျုံးက ခေါင်းညိတ်သဘောတူသည်။အလယ်ခန်းတွင် အထင်ရှားဆုံးမှာ နံရံပင်။အုတ်ခဲများကြားမှ ရွှံ့ခြောက်အလုံးအခဲများ အများအပြားအစီအရီရှိ​နေပြီး ယင်းတို့ကို ပွတ်ညှိထားကာ ရွာသားများ၏အိမ်ထရံများနှင့် မတူပေ။တံခါးနှင့် ဆန့်ကျင်ဘက် နံရံတွင် လက်ရေးလှနှင့် ပန်းချီကားတစ်ချပ်၊ ဘယ်ညာတွင် နံရံကပ်ပန်းတောင်းအသေးလေးတစ်ခုရှိ​နေ၏။တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်တွင် "ပျော်ရွှင်မှု" ဟူ​သော စာလုံးနှစ်လုံးကို ကပ်ထားကာ အခန်းလေးထောင့်ရှိ နံရံတွင်တပ်ဆင်ထားသော ဝါးမီးခုံလေးခုလည်း ရှိသည် - သပ်သပ်ရပ်ရပ်ဖြင့် သပ်ရပ်လှပသော အရာများစွာသည် မည်သူကိုမဆို အလွယ်တကူ ဆွဲဆောင်နိုင်ကာ တံခါးပေါက်က​နေ အထဲဝင်သွားတော့ စိုးရိမ်စိတ်တွေ လျော့သွားစေ၏။

အလယ်ခန်းရှိ ပရိဘောဂများကို တစ်ချက်ကြည့်လိုက်တော့ ထမင်းစား စားပွဲကို အနီညိုရောင် အဖြူခြစ် စားပွဲခင်းဖြင့် ဖုံးအုပ်ထားပြီး လက်ဖက်ရည်ကြမ်းအစုံအလင်ဖြင့် တင်ထားကာ ဘေးချင်းကပ်လျက် ထိုင်ခုံမြင့်နှစ်လုံးကိုချထားသည်။မီးခိုးရောင်သားမွေးအခင်းများကို ထိုင်ခုံပေါ် သပ်သပ်ရပ်ရပ်ခင်းထားသည်။

ဖုန်တစ်စက်မရှိတဲ့ လက်ဖက်ရည် စားပွဲပေါ်တွင် ပန်းသီးနှင့် လိမ္မော်သီး အနည်းငယ်ပါသော သစ်သီးခြင်းတောင်းတစ်ခုရှိ၏။ဆက်တီခုံပေါ်ရှိ ကူရှင်လေးခုသည်လည်း နူးညံ့လို့​နေ၏။
ဆက်တီခုံ၏ညာဘက်တွင် မြင့်လည်းမမြင့် နိမ့်လည်းမနိမ့်သည့် သုံးလွှာသစ်သားစင်တစ်ခုရှိသည်။အပေါ်ဆုံးအလွှာတွင် သစ်သားလက်ကိုင်ပါရှိပြီး ချောမွေ့နေ​အောင် ပွတ်တိုက်ထားသော သစ်သားဓားတစ်ချောင်းကို ထားရှိကာ ၎င်းဘေးတွင် လေးတစ်ချောင်းရှိသည်။အလယ်အလွှာတွင် သစ်သားရထားတွဲများနှင့် ရွက်လှေပုံစံများရှိကာ အောက်ဆုံးအလွှာတွင် ဖရဲစေ့နှင့် မြေပဲများပါရှိသော သရေစာပန်းကန်ပြားနှစ်ပြားပါရှိပြီး ပိုင်ရှင်သည် ဆက်တီခုံပေါ်တွင်ထိုင်သည့်အခါ ပိုင်ရှင်အတွက် အဆင်ပြေစေမည့်အ​နေအထားမျိုးပင်။

ညာဘက်ကို ဆက်ကြည့်လိုက်တော့ ခါးထိမြင့်တဲ့ ဗီရိုတစ်ခုနဲ့ သူ့အ​ပေါ်တွင် ပန်းအိုးတစ်လုံးတင်ထားသည်။ပန်းအိုးထဲတွင် လှပ​သော ပန်းများစွာရှိပြီး တက်ကြွမှုအပြည့်ရှိနေကာ လူတွေကို လန်းဆန်းစေ၏။အနီးကပ်ကြည့်လိုက်ရင် ပန်းအိုးထဲက ပန်းအနီတွေ၊ အဝါရောင်ပန်းတွေ၊ အစိမ်းရောင်အရွက်တွေနဲ့ နံရံကပ်ခြင်းတောင်းထဲက ပန်းတွေအားလုံးကို အထည်နဲ့လုပ်ထားတာကို တွေ့ရလိမ့်မည်။ဖန်တီးသူ၏ ဉာဏ်ပညာကို လူအများ အံ့အားသင့်စေခဲ့သည်။အလယ်ခန်းတစ်ခုလုံးသည် အလွန်နွေးထွေးပြီး တစ်မျိုးတစ်ဖုံခမ်းနားနေ၏။

တျန်း​ရှောင်က စ​,နှောက်လိုက်၏။ “ဒီ​နေရာက သပ်ရပ်လွန်းလို့ ထိုင်​တောင် မထိုင်ရဲတော့ဘူးဗျာ”

ချင်မျန်က သူတို့အတွက် လက်ဖက်ရည်သောက်ဖို့ ဗီရိုထဲက အကောင်းဆုံးလက်ဖက်ရည်ကို ထုတ်လိုက်၏။ချင်မျန်က ပလွှားဝင့်ဝါခြင်းမရှိ အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ပျင်းရင် လှည့်ပတ်ကြည့်​နေ​နော်"

လဲ့ယ်ထျဲသည် သရေစာပန်းကန်ကို မီးဖိုခန်းထဲသို့ ယူသွားကာ ခဏအကြာတွင် အဆာပြေပန်းကန်များစွာဖြင့် ပြန်ထွက်လာသည်။ပန်းကန်ပြားထဲက အဆာပြေတွေက မို့မို့​မောက်​မောက်ပင်။

“ပထမဦးလေး၊ ဒုတိယဦးလေး၊ ဝမ်းကွဲတွေ ကျေးဇူးပြုပြီး ကိုယ့်အိမ်မှာ နေသလို​နေပါ။” လဲ့ယ်ထျဲက တိုတိုတုတ်တုတ်သာပြောသည်။

တျန်းချွင်က အခမ်းအနားတွေမှာလို ဧည့်ခံစရာမလိုကြောင်း အလျင်စလိုပြောခဲ့၏။

“ပထမဦးလေး နဲ့ ဒုတိယဦးလေး...အခုက ရာသီဥတုနွေးနေပြီပဲ။က​လေး​တွေကို ဒီကိုလာကစားဖို့ ဘာလို့မ​ခေါ်လာတာလဲ?" ချင်မျန်က မေးလိုက်သည်။
လဲ့ယ်ထျဲက နှုတ်နည်းလွန်းတယ်။ဒီလို အိမ်တွင်းရေး အသေးအမွှားကိစ္စမျိုးအတွက် သူ့ကို အားကိုးလို့မရဘူး။

ကလေးများအကြောင်းပြောသောအခါတွင် ပထမဦးလေးတျန်း၏မျက်နှာသည် ပျော့ပြောင်းသွားကာ “ငါတို့ ဒီမှာ အလုပ်လုပ်ဖို့ လာကြတာပဲ။ဘာလို့ ခေါ်လာရမှာလဲ။ ဆူညံလွန်းတယ်။" ထိုသို့​ပြော​သော်ငြား သူ့မျက်လုံးထဲတွင် က​လေး​တွေကို စိတ်ပျက်နေတာမျိုးမရှိသည့်အပြင် သူ့မြေးတွေကို ချစ်တာ သိသာနေ၏။

ချင်မျန်က “ကလေးတွေက တက်တက်ကြွကြွရှိကြတာ ကောင်းတာ​ပေါ့။ကျွန်တော်တို့တူးမယ့်ရေကန်က အရမ်းကြီးတယ်။လုံးလုံးပြီးဖို့ဆိုရင် နှစ်ရက် သို့မဟုတ် သုံးရက်လောက်ကြာမယ် ထင်တယ်။မနက်ဖြန်ကျရင် ကလေးတွေကို ခေါ်လာတာ ပိုကောင်းတာ​ပေါ့။အဲဒီအရွယ် ယောက်ျားလေးတွေက ရွှံ့တွေနဲ့ ကစားရတာ ပိုကြိုက်ကျတယ်။ပြေးတာတို့ ခုန်တာတို့ကခန္ဓာကိုယ်ကို ပိုမိုကျန်းမာစေတယ်လေ။က​လေးမ​လေးတွေအတွက်တော့ ကျွန်တော် ကြည့်ထားပေးလို့ရတယ်။မိန်းကလေးတွေက ငယ်ငယ်ရွယ်ရွယ်ပဲ အပြင်ထွက်ကြည့်ဖို့ သင့်တော်တယ်​"

သူ သေသေချာချာ စီစဉ်ပြီး ရိုးရိုးသားသား ပြောလိုက်သည်။ဒုတိယဦးလေးရောက်လာပြီး “ဒါဆို မနက်ဖြန် ဒီကိုလာရင် ခေါ်လာခဲ့မယ်”

“...."

အကြီးဆုံးဦးလေးတျန်းလည်း ခေါင်းညိတ်သည်။
တျန်းဝမ်းကွဲသုံးယောက်၏ အမူအရာသည် ပို၍ပင် နူးညံ့သွားသည်။ချင်မျန်က သားသမီးတွေကို အရေးပေးခြင်းသည် သူတို့အား အလေးထားလို့ပင်။

ချင်မျန်က “အဘိုး၊ အဘွား၊ အကြီးဆုံးအဒေါ်၊ ဒုတိယအဒေါ်နဲ့ ဝမ်းကွဲမောင်နှမသုံးယောက် အတွက်တော့ အခုချိန်မှာ သူတို့ကို ကောင်းကောင်း မကြိုဆိုနိုင်မှာတော့ စိုးရိမ်မိတယ်။အသီးအနှံတွေပွင့်သီးတဲ့ရာသီရောက်တဲ့အခါကျမှ ပျော်ရွှင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။”

ပထမဦးလေးတျန်းနှင့် အခြားသူများ၏မျက်နှာများသည် အပြုံးများဖြင့် ပြည့်နှက်နေသည်။

“ဒါ သဘောတူညီချက်ပဲနော်” တျန်းကျုံးက ရယ်မောရင်း “သီးပင်တွေ ပွင့်လာတဲ့အခါ ပန်းတွေလာကြည့်ဖို့ သူတို့ကို ခေါ်လာခဲ့ပေးမယ်။”

"အဲဒါဆို ပြေလည်သွားပြီ။" ချင်မျန်က ပြုံးလျက် ခေါင်းညိတ်ပြီး "အဲအခါကျရင် လဲ့ယ်ထျဲကို လာ​ခေါ်ခိုင်းလိုက်မယ်"

ခဏကြာ စကားစမြည်ပြောပြီးနောက် တျန်းချွင်က စ​ပြောခဲ့၏။“နောက်ကျနေပြီ...ကျွန်တော်တို့ အခုသွားကြမလား?"

ချင်မျန်က လက်ကိုဝှေ့ယမ်းပြီး “ဝမ်းကွဲအစ်ကို....အလျင်မလိုပါနဲ့ဦး။အစ်ကိုတို့အားလုံး ခဏထိုင်ကြဦး။ကျန်တဲ့လူ​တွေကို အရင်ခေါ်လိုက်မယ်"
ချင်မျန်ထွက်သွားပြီးနောက် အခန်းထဲတွင် တခဏမျှ တိတ်ဆိတ်သွားသည်။

တျန်းချွင်သည် နှုတ်ဆိတ်​နေသည့် သူ့ဝမ်းကွဲဝမ်းကွဲကို ကြည့်ကာ ကူကယ်ရာမဲ့ ခေါင်းယမ်းမိသည်။သူ့ကိုယ်သူ တွေးနေမိကာ-  စိတ်နေစိတ်ထားအရဆိုရင် ဝမ်းကွဲအစ်ကိုနဲ့ ညီလေးမျန်က တကယ်လိုက်ဖက်တာပဲ!

ဒုတိယဦးလေးတျန်းက ထိုင်ရတာ ပျင်း၍ ထရပ်လိုက်၏။ "ထျဲဇီ... ကျေးဇူးပြုပြီး ငါတို့ကို အဲဒီကို အရင်ခေါ်သွားပေး မင်းရဲ့ဥယျာဉ်ခြံကို သွားကြည့်မယ်။"

လူအနည်းငယ်တို့သည် ပေါက်တူးနှင့် တောင်းများကို ထမ်းကာ လဲ့ယ်ထျဲနှင့်အတူ ထွက်သွားကြသည်။
စုစုပေါင်း လူသုံးဆယ်ခန့် ငှားရမ်းရန် လိုအပ်၏။တျန်းမိသားစုမှ ငါးဦးအပြင် ချင်မျန်သည် ရွာတွင် နောက်ထပ်လူနှစ်ဆယ့်ငါးဦးကို ရှာခဲ့သည်။
တစ်​နေ့ ၈၀ ဝမ် ရတယ်ဆို​ပေမယ့် ရေကန်တူးတဲ့အလုပ်က ပိုခက်၏။တစ်ရက်ကို ဝမ် ၅၀ ရသည့် တူးထားတဲ့ မြေကြီးကို ဖယ်ထုတ်ရတဲ့အလုပ်ကျတော့ အတော်လေး လွယ်သည်။တူးထားသည့်မြေဆီလွှာပမာဏအတိုင်း ဖယ်ထုတ်ရသည့်မြေပမာဏက အတူတူမို့ လူကို မပျင်းရိစေ။
သူတို့အားလုံးဟာ ရွာသားချင်းတွေလို့ ယူဆလို့ ချင်မျန်က အဲဒီလိုကပ်သပ်ပြီးမလုပ်ခဲ့ပေ။ကိစ္စအားလုံးကို အလွန်အကျွံ တွက်ချက်နေခြင်းသည် ထိုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမဟုတ်ပေ။

မြင့်မားသော လုပ်ခလစာကြောင့် ရွာသားများ အုံကြွလာခဲ့သည်။လဲ့ယ်ရှန်းရီ၊ လဲ့ယ်ရှန်းလီ၊ ကျန်းတ​ရွှေနှင့် ဝူတိတို့ကိုသာ ကြိုတင်အသိမပေးပါက ခွဲတမ်းကို သိမ်းပိုက်နိုင်မည်မဟုတ်။ချင်မျန်သည် ရေနွေးပူပူ​လေးသောက်စေချင်သည့်ရည်ရွယ်ချက်ဖြင့် ရေ​နွေးတည်/လက်ဖက်ရည်ချ​ပေးရန် တစ်နေ့လုပ်အားခ ဝမ် ၂၀ နှုန်းဖြင့် အိမ်ထောင်ရှင်အမျိုးသမီး နှစ်ဦးကို ငှားရမ်းခဲ့သည်။

အိမ်ထောင်ရှင် အမျိုးသမီး နှစ်ယောက်မှာ ပျော်လွန်းလို့ နားရွက်ချိတ်မတက် ပြုံးနေကြ​တော့သည်။ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးနား ထိုင်ချလိုက်ရုံနဲ့ ဝမ် ၂၀ လောက် ဝင်ငွေရနိုင်တယ်ဆိုတာ အံ့သြစရာပါပဲ။

ချင်မျန် လူတွေကိုခေါ်ပြီး အိမ်ပြန်ခဲ့၏။တံခါးကို သော့ခတ်ထားသောကြောင့် မဝင်တော့ဘဲ ထို​နေရာသို့ တိုက်ရိုက်သွားခဲ့သည်။

ခြေလှမ်းနှစ်လှမ်းပြီးပြီးချင်းမှာပဲ နောက်ကျောကို လက်ပစ်ထားတဲ့ အဘိုးကြီးတစ်ယောက် ရောက်လာ၏။သူ့မျက်လုံးတွေက တောက်ပနေပြီး ခန္ဓာကိုယ်က ပိန်လှီနေပေမယ့် သူ့ခြေလှမ်းတွေက တည်ငြိမ်နေကာ ကျန်းကျန်းမာမာရှိသေးသည်ကို မြင်နိုင်သည်။

အဘိုးအိုနှင့် ဖုန်းဝူက တစ်ဝက်လောက် ဆင်တူကြောင်း ချင်မျန် သိလိုက်သည်နှင့် “ဦး​လေးဖုန်း” ဟု ပြုံးကာ နှုတ်ဆက်လိုက်သည်။

“ဟားဟား...” ဦး​လေးဖုန်းက ရယ်ရင်း မှေးကြည်ကာ အတူတူလမ်းလျှောက်ဖို့ လက်ယပ်ခေါ်လိုက်သည်။ “ဒီကောင်​ငယ်​လေးရဲ့ မျက်လုံးတွေက စူးရှလွန်းတာပဲ”

ချင်မျန် သူ့ကိုကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “အစ်ကိုဖုန်းက ဒီနှစ်မှာ ဦး​လေးအသက်က ၆၁ နှစ်ရှိနေပြီလို့ ပြောခဲ့တယ်။သူ ကျွန်တော့်ကိုလိမ်နေတာသေချာတယ်။ဒီ​လောက် သန်မာ​နေတာ အများဆုံးမှ 50 ပဲရှိ​သေးတယ်လို့ ထင်ရတယ်။”

“ဟာဟားဟား…” ဦး​လေးဖုန်းက ရယ်လိုက်ပြီး “ဒီ​ကောင်​လေး... သူက မင်းကို လိမ်နေတာမဟုတ်ဘူး။ဖုန်းဝူပြောတာကို သဘောတူတယ်။ဒီလူငယ်လေးကိုပဲ ငါ့ကို ကြည့်ရှု့ပေးဖို့ တောင်းဆိုရမှာပဲ။”

ချင်မျန်က ယဥ်​ကျေးစွာဆို၏။ "အဲဒါက ကျွန်တော်တို့ကို ဦး​​လေးဖန်က ဂရုစိုက်ပေးဖို့ တောင်းဆိုရမှာပါ"

ရှေးလူကြီးများက ကျိုးနွံပြီး ယဉ်ကျေးသောသူများကို နှစ်သက်ကြသည်။ဦးလေးဖုန်းက သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြီး ခေါင်းညိတ်ပြကာ “အဲလိုပဲ​ပေါ့ကွာ”

ချင်မျန်က "ကျွန်တော် မသိ--"
သူဘာပြောမယ်ဆိုတာကို သိတော့ ဦးလေးဖုန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "သစ်ပင်တွေကို အရင်သွားကြည့်ရအောင်"

ချင်မျန်သည် အကြံဉာဏ်ကောင်းအားလုံးကို အဆင်သင့်လက်ခံပြီး “ကျေးဇူးပြု၍” ဟူသော အမူအရာ ပြုလုပ်ခဲ့သည်။
ဥယျာဉ်ခြံသို့ ရောက်သောအခါ ဦး​လေးဖုန်းသည် သီးပင်စားပင်တွေကို မြင်တော့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။အရှိန်အရှိန်မြှင့်ကာ ရှေ့ကို မသိမသာ လျှောက်လှမ်းလာသည်။

သူ့အမူအယာအရ သီးပင်စားပင်တွေကို တကယ်နားလည်သူ ဖြစ်​ပေမည်။ချင်မျန်၏စိတ်နှလုံးသည် အမှန်တကယ်ပင် တည်ငြိမ်သွားပြီး သူ့နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့သည်။ဥိး​လေးဖုန်းသည် သူ့ လက်သည်းဖြင့် အကိုင်းအခက်မှ အခေါက်လေးတစ်ပိုင်းကို ခြစ်ယူခဲ့သည်။အခေါက်အောက်က အူတိုင်ရဲ့အရောင်ကို ကြည့်ပြီး ဆက်လျှောက်သွား၏။

သီးပင်စားပင်တွေကို လှည့်ပတ်ကြည့်ပြီးမှ ရပ်ကာ ချင်မျန်ဆီ ပြန်လှည့်လာပြီး “ သီးပင်စားပင်တွေ အများကြီးဝယ်ထားတာပဲ။သစ်ပင်သုံးပင်က​တော့ အနည်းငယ် ညှိုးနွမ်းနေတာမို့ ရှင်သန်ဖို့ ခက်ခဲမှာကို စိုးရိမ်မိတယ်။အခြားသစ်ပင်တွေကို​တော့ ကောင်း​ကောင်းရွေးထားတာပဲ။ဒါ​ပေမယ့် ရွေ့စိုက်ထားတဲ့ သက်ကြီးပင်တွေက ရှင်သန်ဖို့ခက်ခဲတယ်။အခု ရွေ့စိုက်ထားတာက တစ်ရက်ပဲရှိတော့ ဘာမှမသိရ​သေးဘူး။ငါးရက်ကြာပြီးရင်တော့ ဒီသစ်ပင်တွေ ညှိုးနွမ်းနေတဲ့ လက္ခဏာတွေ မပြဘူးဆိုရင်တော့ အခြေခံအားဖြင့် ပြဿနာကြီးကြီးမားမား မရှိတော့ဘူး။”

ချင်မျန်ကတော့ ဒါကို စိတ်မပူပေ။သူရဲ့ဝိညာဉ်စမ်းရေကို ယုံကြည်စိတ်ချ၏။

“ကျွန်တော် ဦး​လေးဖုန်းကို ပြုစုပေးဖို့ ဒုက္ခပေးရ​တော့မယ်။” ချင်မျန်က ခဏလောက်စဉ်းစားပြီး “ယေဘုယျအားဖြင့် အသီးရာသီက သုံးလပါ။အသီးရာသီမှာဆိုရင် ကျွန်တော် ဦးလေးဖန်ကို တစ်လ ဝမ် ၂၀၀ ပေးမယ်။အသီးရာသီမဟုတ်တဲ့ကာလ​တွေမှာ​တော့ တစ်လကို ဝမ် ၅၀ ။ဦး​လေးဖုန်း ဘယ်လိုသ​ဘောရလဲ။ဒီအငယ်က ဒီလုပ်ငန်းရဲ့စျေးကွက်အခြေအနေကို မသိပါဘူး။တကယ်လို့ အဆင်​မ​ပြေရင်​ ကျွန်​​တော့်​ကို ​ပြောပြ​ပေးပါ"

ဦး​လေးဖုန်းသည် သူ့လက်ကို ဝှေ့ယမ်းကာ ပျော်ရွှင်ရယ်မောရင်း “ကျုပ် အများကြီး မလိုပါဘူး။အသီးရာသီမှာ တစ်လကို ဝမ် 100 နှင့် အသီးရာသီပြင်ပဆိုရင် တစ်လကို ဝမ် 20 ပေးရင်ရပြီ။ဒီအတိုင်းပဲ ထား​တော့"

ထို့နောက် ချင်မျန်ပြောမည့်စကားကိုပင် စောင့်ဆိုင်းမနေတော့ဘဲ ရေကန်တူးသည့်နေရာသို့ ပြန်သွားခဲ့သည်။

ချင်မျန်လည်း နောက်က​နေ လိုက်လာခဲ့သည်။ရေကန်၏ ဧရိယာကို အကိုင်းအခက်များဖြင့် မှတ်သားထားပြီး အလုပ်သမားများကို အုပ်စုနှစ်စုခွဲကာ “ဘူးသီး” ပုံစံရေကန်ကို ခါးမှပိုင်းကာ အစွန်းနှစ်ဖက်ဆီသို့ အဖွဲ့ကိုယ်စီတူးကြသည်။အဖွဲ့တစ်ဖွဲ့၏တိုးတက်မှုသည် အခြားတစ်အုပ်စု၏နောက်တွင် လွန်စွာနောက်ကျနေပါက ထိုအုပ်စုအတွက် သေချာပေါက် ဆိုးရွားနေမည်ဖြစ်သည်။တစ်ယောက်ချင်းစီက ချည်သားအ၀တ်တွေကို ချွတ်ပြီး လိပ်တင်ထားလို့ရသည့် အင်္ကျီတစ်ထည်ကိုသာ ၀တ်ဆင်ထားကြသည်။မြေကြီးတူးရင်း အရှိန်ပြင်းပြင်းနဲ့ အလုပ်,လုပ်​နေကြ၏။

လဲ့ယ်ထျဲက မဝေးသောနေရာတွင် ရပ်ကာ လူအုပ်ကို မျက်နှာထားတည်တည်ဖြင့် စိုက်ကြည့်နေသည်။

"ခင်ဗျားရဲ့အကြံလား?" ချင်မျန် သူ့အနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
လဲ့ယ်ထျဲ ခေါင်းညိတ်လိုက်ပြီး "ဦး​လေးဖုန်း ကိစ္စပြီးပြီလား?"

“အင်း” ချင်မျန်သည် လဲ့ယ်ရှန်းရန်တစ်​ယောက် ပုခုံးပေါ် ပေါက်တူးထမ်းလျက် မြောက်ကြွ​မြောက်ကြွဖြင့် သူတို့ဘက်ဆီ​လျှောက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။သူ့စိတ်ထဲတွင် ရွံရှာသွားသလို ခံစားလိုက်ရကာ “သူဘာလို့ ဒီကို ထပ်ရောက်လာရတာလဲ?”
လဲ့ယ်ထျဲ၏မျက်လုံးများက ခက်ထန်သွားကာ “သူ့ကို ဘယ်သူမှ မခေါ်ဘူး”

လဲ့ယ်ရှန်းရန်သည် အလွန်လျင်မြန်စွာရောက်လာပြီး စွမ်းအင်အပြည့်ဖြင့် မြေဆီလွှာကိုတူးရန် ဂေါ်ပြားကိုမြှောက်လိုက်သည်။သို့​ပေသိ သူ တူးနေ​သော်ငြား သူ တူး​နေသည့်​နေရာကား အခြားသူများ တူးပြီးသား နေရာဖြစ်​လေသည်။

သူ့နှင့် မဝေးသောနေရာတွင် ရှိ​နေသည့် ဒုတိယဦးလေးတျန်းက ဒါကို သတိပြုမိပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ချင်မျန်သည် လဲ့ယ်ထျဲကိုကြည့်ရန် မျက်လုံးကို မော့ကာ အသံတိုးတိုးနဲ့ ပြောလိုက်၏။"​ဒေါသထွက်စရာပဲ!"

လဲယ်ထျဲက သူ့ပခုံးကိုဖိကာ နောက်တစ်ကြိမ် စောင့်ကြည့်ရန် အမူအယာပြလိုက်သည်။
လဲ့ယ်ရှန်းရန်က​တော့ သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုနှင့်အတူ မြေကြီးကို ဖြည်းညှင်းစွာ တူးဖော်နေလိုက်သည်။ဒီလူ​တွေတူးထားတဲ့နေရာမှာ ပိုက်ဆံကောက်သလိုမျိုး နှစ်ရက်သုံးရက်လောက် ပေါင်းလုပ်လိုက်ရင် ဝမ် 200 ကျော် ဝင်ငွေရနိုင်တယ်။

ထိုအချိန်တွင် ညာဖက်ဒူးဆစ်မှာ ရုတ်တရက် နာကျင်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
"ဘာဖြစ်လို့လဲ?" သူ့ဘေးက ရွာသားတစ်ယောက်က ကြင်နာစွာ မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ဘာမှမဖြစ်ပါဘူး။" လဲ့ယ်ရှန်းရန် ဒူးကို ပွတ်လိုက်သည်။ဘာအမှားအယွင်းမှ မရှိမှန်းသိပြီးနောက် မြေကြီးပေါ်ကနေ အမြန်ထလိုက်သည်။ဘယ်သူသိမှာလဲ?သူ မတ်မတ်ပင် မရပ်နိုင်သေးမှာပဲ သူ့ဒူးက ထုံလာပြီး လုံးဝမတုံ့ပြန်နိုင်​တော့တာ​ကြောင့် မြေပြင်ပေါ် ပြန်ထိုင်နေလိုက်ရသည်။

လဲ့ယ်ရှန်းရီသည် လဲ့ယ်ရှင်းရန်၏စိတ်ကို လုံးဝရှင်းရှင်းလင်းလင်းသိနေ၍ စိတ်အ​နှောင့်အယှက်ဖြစ်စွာ ပြောလိုက်၏။ “လောင်အာ့...မင်းနေမကောင်းရင် အိမ်ပြန်အိပ်နေ​လိုက်​လေ။”

“ငါ--ကောင်းပြီ။နောက်နေ့ကျမှ လောင်တာ့ကို ကူညီဖို့လာခဲ့မယ်။" လဲ့ယ်ရှန်းရန်သည် သူ့ခြေထောက်တွင် ဖုံးကွယ်ထားရမည့် ဝေဒနာတစ်ခုခုရှိနေမည်ကို စိုးရိမ်သဖြင့် ပြန်ဖြေလိုက်သည်။ ဂေါ်ပြားကို ချိုင်းထောက်အဖြစ် သုံးရင်း တအိအိနဲ့ ထွက်သွားခဲ့၏။

သူ့အနီးနားရှိ ရွာသားအနည်းငယ်က သက်ပြင်းတစ်ချက်ချလိုက်ကြသည်။လုပ်ခလစာပေးသူတွေမဟုတ်ပေမယ့် သူတို့ကျ ပိုလုပ်ရပြီး သိပ်မလုပ်သည့် လဲ့ယ်ရှန်းရန်နှင့်ယှဥ်လျှင် လုပ်ခလစာကျ တူတူရပါက သူတို့စိတ်မသက်မသာဖြစ်ကြမှာ သဘာဝပါပဲ။

"ခင်ဗျား လုပ်လိုက်တာလား?" ချင်မျန်သည် မျက်ဝန်းတောက်တောက်များဖြင့် လဲ့ယ်ထျဲထံသို့ ချဉ်းကပ်လာသည်။

“........."

လဲ့ယ်ထျဲသည် ရှေ့သို့သာ ကြည့်နေကာ သူ့ခေါင်းကိုတွန်းဖယ်ရန် လက်ကို မြှောက်လိုက်၏။
ချင်မျန် လဲ့ယ်ရှန်းရန်၏နောက်ကျောကို ကြည့်လိုက်သည်။လဲ့ယ်ရှန်းရန်သာ သူ့မိသားစုကို နောက်တစ်ကြိမ် အခွင့်ကောင်းယူဝံ့ပါက သူ လဲ့ယ်ထျဲကို ကန်ထုတ်ပစ်လိုက်မှာ!!

သူနှင့် လဲ့ယ်ထျဲတို့ ဒီ​နေရာတွင် စောင့်ကြည့်​နေပါက ထိုအလုပ်သမားများ စိတ်မသက်မသာဖြစ်​နေမည်စိုး၍ ထွက်ခွာရန် ရည်မှန်းထားသည်။

"အားလုံးပဲ....ကျွန်တော်တို့ ဒီမှာထားခဲ့မယ်နော်။မနက်ပိုင်းမှာ အလုပ်လုပ်ပြီးရင် မြင်းရာသီအစပိုင်းက​နေ မြင်းရာသီအဆုံးထိ အနားယူနိုင်ပါတယ်။ပင်ပန်းရင်လည်း နားနား​နေ​နေအနားယူကြပါ။အရမ်းအလျင်လိုနေဖို့ မလိုပါဘူး။”

မြင်းရာသီအစမှ မြင်းရာသီကုန်ဆုံးချိန်အထိဆိုပါက နှစ်နာရီကြာပြီး အိမ်ပြန်ကာ အနားယူရန် လုံလောက်သည်။ရွာသူရွာသားအားလုံး ဝမ်းသာအားရ တုံ့ပြန်ကြသည်။
ချင်မျန်ကလည်း လက်ဖက်ရည်တည်ခင်း​ပေးတဲ့ အမျိုးသမီး နှစ်ယောက်ကို လက်ဖက်ရည်အပြတ်​စေရန် ညွှန်ကြားခဲ့ပြီး လဲ့ယ်ထျဲနှင့်အတူ ထွက်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့မရှိလျှင်ပင် လဲ့ယ်ရှန်းရီ၊ လဲ့ယ်ရှန်ူလီ နှင့် တျန်းမိသားစုအားလုံး ထိုနေရာတွင်ရှိနေသောကြောင့် လူအများစုက ပျင်းရိနေကြမည်မဟုတ်ပေ။
ချင်မျန်နဲ့လဲ့ယ်ထျဲတို့က နွားလှည်းလေးဖြင့် မြို့ထဲကို မောင်းသွားကြသည်။ချင်မျန်က စာရင်းရေးပြီး လဲ့ယ်ထျဲကို ကလေးတွေကြိုက်တတ်တဲ့ အဆာပြေမုန့်နဲ့ သစ်သီးတွေ ဝယ်ခိုင်းပြီး လာမဲ့ဧည့်သည်လေးတွေ အတွက် ကြိုတင်ပြင်ဆင်ပေးခြင်းသာ။
ထိုအချိန်မှာ​တော့ သူက စားသောက်ဆိုင်သို့ သွားခဲ့သည်။ဆိုင်ဖွင့်ချိန်မဟုတ်သေးတာ​ကြောင့် စားပွဲများကို မရွှေ့ရသေးဘဲ တံခါးကို တစ်ဝက်သာဖွင့်ထားသည်။

ချင်မျန် တံခါးပေါက်ကနေဝင်လာချိန်တွင် ယွီသုန်သည် ကျန်းလျို၊ ဝမ်​ရှောက်နှင့် အခြားလူတွေကို ဟင်းသီးဟင်းရွက်တွေဆေးကြောရန်၊ အကင်အစားအစာနှင့် အစားအစာလုံးများပြုလုပ်ရန် ဦးဆောင်နေသည်ကို တွေ့လိုက်ရသည်။လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဝန်ထမ်းများက ကျွမ်းကျင်လာခဲ့သည်။သူတို့ရဲ့လှုပ်ရှားမှုတွေက မြန်ဆန်ကာ အထူးသဖြင့် ချန်းစီ နှင့် ရှီတိုးတို့သည် အလျင်မြန်ဆုံးပင်။

အသားတစ်ဆုပ်ကို လက်ထဲတွင်ထည့်ကာ လက်မနှင့်လက်ညိုးကိုညှစ်လိုက်လျှင် အသားလုံးတစ်လုံး ပေါ်လာပြီး ဝါးဆန်ခါထဲသို့ ကျသွားသည်။အချိန်တိုအတွင်း သူတို့သည် အသားလုံးရှစ်လုံးမှ ကိုးလုံးအထိ ပြုလုပ်နိုင်လေသည်။အရှိန်က လျှပ်တစ်ပြက်ကဲ့သို့ မြန်လှ၏။

သူ့မျက်လုံးထဲတွင် ပြုံးပြုံးရွှင်ရွှင်ဖြင့် လူတိုင်းကို ကြည့်ကာ သူ့ကျေနပ်နေ​ကြောင်းကို မြင်စေလျက် "လူတိုင်းက အချိန်တိုင်း ကြိုးစားလုပ်ဆောင်နေကြတာပဲ။ယွီသုန် အလုပ်မဆင်းခင် ဒီညနေမှာ လူတိုင်းကို ဆိုင်မှာ ညစာစားခိုင်းလိုက်။ဒါတွေအားလုံးပြီးရင် ဆိုင်မဖွင့်ခင် ညစာစားချင်တဲ့ ဟင်းလျာတွေကို ရွေးထုတ်ထားလိုက်လေ။ညဦးပိုင်းကျရင် ဟော့ပေါ့စားရမယ်;ဗိုက်ကွဲသွားတဲ့အထိစားကြ။ငါ ကျွေးတာနော်။"
ဝမ်​ရှောက်၊ ချန်းစီ၊ ရှီတိုးနှင့် ကျန်းလျိုတို့ ပျော်ရွှင်စွာ မတ်တတ်ထရပ်ပြီး "ကျေးဇူးအများကြီးတင်ပါတယ် သူဌေးလေး။"

ယွီသုန်ကလည်း ပြုံးပြီး ပြောလိုက်သည်။ "သူဌေးလေး စိတ်ချပါ"
သူ​ဌေး​လေးကိုယ်တိုင်က "ငါ​ ကျွေးတာ" ဟုပြောနေသော်လည်း နောက်ပိုင်းတွင် စာရင်းများကို ချိန်ခွင်လျှာညှိရန် လိုအပ်လာသည့်အခါ ပိုမိုလွယ်ကူစေရန်အတွက် ၎င်းကိုပါ စာရင်းထဲတွင် ထည့်သွင်းရန် လိုအပ်သည်။

ချင်မျန်သည် အလုပ်ဆက်လုပ်ရန် အချက်ပြသည့်အ​နေဖြင့် သူ့လက်ကို မြှောက်လိုက်ပြီး ဆိုင်တစ်ဝိုက်သို့ လှည့်ကြည့်လိုက်သည်။မီးဖိုချောင်နဲ့ ဆိုင်ပတ်ဝန်းကျင်က အရမ်းသန့်ပြန့်​နေ၏။သူနှင့် လဲ့ယ်ထျဲတို့ ဆိုင်သို့လာရောက်သည့်အကြိမ်အ​ရေအတွက်လျော့နည်းသွားသော်လည်း ဝန်ထမ်းများသည် မပျင်းရိ​နေကြဟု ကောက်ချက်ချနိုင်သည်။အချိန်အတိုင်းအတာတစ်ခုထိကြာပြီးနောက် သူ ပိုမိုကျေနပ်လာပြီး လုပ်ခကို သင့်လျော်စွာတိုးမြှင့်ရန် စီစဉ်ခဲ့သည်။

သူ လတ်လတ်ဆတ်ဆတ်လုပ်ထားတဲ့ အသားလုံးတချို့ကို ဆီထည့်ထားတဲ့စက္ကူနဲ့ ထုပ်ပြီး ယွီသုန်ကို စာရင်းထဲ ထည့်သွင်းခိုင်း၏။လဲ့ယ်ထျဲ ဈေးဝယ်ပြီးတာနဲ့ အိမ်ပြန်ကြသည်။

နေ့လယ်တွင် ချင်မျန်နှင့် လဲ့ယ်ထျဲတို့က ပထမဦးလေးတျန်းနှင့် သူအဖွဲ့ကို နေ့လယ်စာကျွေးလေသည်။လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့ကိုလည်း ဖိတ်ထားခဲ့သည်။ချင်မျန် ဟော့ပေါ့တစ်အိုးကို ချက်ပြုတ်ပေးပြီး အမယ်ငါးမျိုးခြောက်မျိုး​လောက်ကို မွှေ​ကြော်ချက်ထားသည်။အတော်လေး အရသာရှိတဲ့ ဟင်းတစ်ခွက်ပင်။
တျန်းချွင်၊ တျန်းကျုံးနှင့် တျန်း​ရှောင်တို့သည် ဟော့ပေါ့ကို အထူးတလည် နှစ်သက်ကြသည်။ဟင်းရည်ပူပူထဲမှာ အစားအစာအမယ်တွေကို ဆက်နှစ်ထားပြီး မွှေကြော်ထားတဲ့ဟင်းပန်းကန်တွေဆီကို သူတို့ရဲ့ တူတွေကို ရွှေ့လိုက်သည်။

အိုးထဲရှိ အသားလုံးများ ကုန်သွားသောအခါ ချင်မျန်သည် နောက်ထပ် အသားလုံးခြောက်ဆယ်မှ ခုနစ်ဆယ်ကို ထပ်ထည့်လိုက်၏။

ရေတစ်ငုံသောက်ပြီးနောက် တျန်းချွင်သည် အရသာရှိပြီး စပ်သည့်အသားလုံးကို ဆက်လက်စားသောက်နေရင်း တစ်ဖက်မှာလည်း ချင်မျန်ကို မေးလိုက်သည်။ "ညီ​လေးချင် ကျိုးစီဖာနဲ့ ကျုံးအား​ဟောင်ကိုခေါ်ခဲ့တာလား?"

“မဟုတ်ဘူး” ချင်မျန်သည် ပထမဦးလေးတျန်းနှင့် ဒုတိယဦးလေးတျန်းတို့ကို ဟင်း​တွေထည့်​ပေး​နေ၏။

“လူတွေကို သွားခေါ်တုန်းက သူတို့လည်း အဲဒီနေရာမှာ ရှိ​နေတာ။သူတို့ပြောတော့ ကျွန်တော်လည်း ငြင်းလို့မရ​တော့ဘူး။သူတို့က မရိုးသားကြဘူးလား?" သူ့မျက်လုံးထဲတွင် အံ့သြစရာမရှိ။

“......"

တျန်းကျုံး ခေါင်းယမ်းလိုက်သည်။ "သူတို့က မရိုးသားတာထက်ပိုတယ်။တမင်တကာ နှောက်ယှက်ဖို့ လာနေတယ် ထင်တယ်”

ပထမဦးလေးတျန်းက “ချင်မျန်က ဒီလိုကိစ္စကို သေချာမကိုင်တွယ်တတ်သေးဘူး။ရွာမှာ အချိန်အကြာကြီးနေထိုင်ပြီး​နေပြီပဲ။မင်းနဲ့ထျဲဇီက ဒီကရွာသားတွေရဲ့ အပြုအမူတွေကို ယေဘူယျနားလည်သင့်ပြီ။လူတွေကို သီးသန့်ရှာသင့်တယ်။”

လဲ့ယ်ထျဲချင်မျန်ဘက်ကနေ ကာ​ပြော​လေသည်။ "ကျွန်တော့်မိန်းမကို လူတွေ သွားခေါ်ခိုင်းတာ ကျွန်တော်ပါ"

ပထမဦးလေးတျန်းက သူ့ကို မော့ကြည့်ကာ ဘာမှမပြောတော့ပေ။
သို့သော် ဒုတိယဦးလေးတျန်းက​တော့ ချင်မျန်က ဤမျှဂရုမစိုက်တတ်သူဟု မထင်ပေ။

ချင်မျန်သည် လဲ့ယ်ထျဲ၏ပေါင်ကို တိတ်တဆိတ် ပုတ်ကာ ပထမဦးလေးတျန်းအတွက် ငါးဗိုက်သားတစ်ပိုင်းကို ထည့်​ပေးခဲ့သည်။ "ဦး​လေး စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။တကယ်တော့ ဒီနေ့ လူတွေအများကြီးရှေ့မှာ ရေကန်တူးဖို့ ခေါ်ခဲ့တာ တမင်တကာ ပြောခဲ့တာပါ။ပထမဦး​လေး ကျွန်တော်က လူတွေကိုသီးသန့်ရွေးခေါ်လိုက်ရင် မခေါ်ခံရတဲ့ ရွာသူရွာသားတွေက ကျွန်တော်နဲ့လဲ့ယ်ထျဲအပေါ် အမြင်တွေရှိလာလိမ့်မယ်မလား?ဒါ​ကြောင့် ဖိတ်ကြားချက်ကို လူသိရှင်ကြား ထုတ်​ပြောခဲ့တာပါ။ပျင်းရိပြီး ကပျက်က​ချော်လုပ်တဲ့ လူတစ်ယောက် ဒါမှမဟုတ် နှစ်ယောက် ရှိကောင်းရှိနိုင်ပေမယ့် ဒါက ရွာသားတွေရဲ့ လက်ထဲမှာပဲရှိပြီး ကျန်တဲ့ကိစ္စမှာ ကျွန်တော်နဲ့ လဲ့ယ်ထျဲကို အပြစ်တင်လို့ မရတော့ဘူးလေ။ကျွန်တော်တို့ အိမ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုက ဒီအဆင့်မှာ ရှိနေမှာမဟုတ်ပါဘူး။နောင်မှာ ကျွန်တော်တို့က လူတွေကို အလုပ်အပ်ဖို့ လိုတဲ့အကြိမ်အရေအတွက် ပိုများလာမှာပဲ။ဒီလိုဖြစ်လာတာနဲ့အမျှ ဘယ်သူက ရိုးသားပြီး မရိုးသားတာလဲဆိုတာ သိနိုင်ပြီ။မရိုးသားတဲ့သူတွေကို တခြားသူတွေလည်း မြင်နိုင်သွားပြီ။နောက်တစ်ကြိမ် အလုပ်တစ်ခုခုလုပ်ဖို့ လူတွေကိုခေါ်ဖို့ရှိလာခဲ့ရင် ဒီငပျင်းတွေကို မ​ခေါ်ခဲ့ဘူးဆိုရင်တောင် ဘယ်သူကမှ ပြောမှာမဟုတ်တော့ဘူး။ကျွန်တော်တို့မိသားစုက သူတို့ ဘာမှမလုပ်ဘဲ အလကားယူခွင့်မပေးပါဘူး။ဒါ ပရဟိတလုပ်​နေတာမဟုတ်တာ​လေ။"

ချင်မျန်၏မျက်နှာပေါ်ရှိ အပြုံးမပျက်သော အပြုံးသည် အမူအရာ​ကောင်း​ကောင်းရှိသည့်ပုံစံဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေသည်။
ပထမဦးလေးတျန်းက ခေါင်းကို အနည်းငယ်ညိတ်ပြပြီး သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။

ဒုတိယဦးလေးတျန်းက​တော့ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချင်မျန် ပုခုံးကို အပြင်းအထန် ပုတ်ကာ "ဒီကောင်လေးက ဉာဏ်ကောင်းတယ်ဆိုတာ ငါသိတယ်!"

တျန်းချွင်နဲ့ တျန်းကျုံးက ပြုံးပြုံးရွှင်ရွှင်နဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး "မင်း သေချာစဉ်းစားကြည့်ပြီးပြီဆို​တော့လည်း..ငါတို့ စိတ်မပူ​တော့ဘူး"

“......."

သူစစားနေတဲ့အချိန်ကတည်းက​နေ အခုထိ ပါးစပ်ကို အနားမ​ပေးသေးတဲ့ တျန်း​ရှောင်က အခုချိန်မှာ​တော့ စ,စကား​ပြော​လေသည်။ “ညီ​လေးမျန်နဲ့ ဝမ်းကွဲအစ်ကိုက သူတို့အိမ်ကို စောင့်ရှောက်နိုင်တယ်လို့ ကျွန်တော် ပြောခဲ့သားပဲ။အခု ကျွန်တော့်ကို ယုံပြီလား?"

လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီတို့သည် အတွေးထဲတွင် နစ်မွန်းနေပြီး ချင်မျန်ထံမှ တစ်စုံတစ်ခုကို ယောင်ဝါးဝါး သင်ယူခဲ့ရသည်။
နေ့လည်ပိုင်းမှာတော့ ပထမဦးလေးတျန်းနှင့်သူ့အဖွဲ့သည် ရေကန်ကို ဆက်လက်တူးကြသည်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့က တိုးတက်မှုကို လာ​ရောက်စစ်ဆေးပြီးနောက် အိမ်ပြန်ကြပြီး ဟင်းရွက်ခင်းတွင် အလုပ်လုပ်ရန် ပေါက်ပြားနှင့် ခြင်းတောင်းများကို ယူခဲ့ကြသည်။

ဟင်းရွက်ခင်းထဲမှာ မုန်လာဥနီနဲ့ ဂေါ်ဖီထုပ်တွေ အများကြီးရှိ၏။တစ်ယောက်က ချွေ,တူးပြီး ကျန်တစ်ယောက်က အသီးအရွက်တွေကို ကောက်ပြီး အိမ်ပြန်သယ်၏။ရာသီဥတုပူလာပြီဆိုတော့ ဟင်းသီးဟင်းရွက်သစ်စိုက်ခင်းတွင် အသစ်ထပ်မံ စိုက်ပျိုးကြသည်။

မုန်လာဥနီကို အခွံခွာပြီး မုန်လာဥချဉ်ဖြစ်အောင် ပြုလုပ်နိုင်ပြီး ဂေါ်ဖီထုပ်ကို ဂေါ်ဖီချဉ်အဖြစ် ပြုလုပ်နိုင်သည်။ဒီဟင်းနှစ်မျိုးက ထမင်းနဲ့ လိုက်ဖက်လှ၏။အထူးသဖြင့် ဂေါ်ဖီချဉ်ကို ဝက်သားဖက်ထုပ်လုပ်ပြီး တွဲစားနိုင်သလို ဂေါ်ဖီချဉ်နှင့် ငါးစွပ်ပြုတ်အစပ်၊ ဂေါ်ဖီချဉ်နှင့် အသားနှပ်၊ ဂေါ်ဖီချဉ်နှင့် ကြက်ဥထမင်းကြော်နှင့်ပင် တွဲစားနိုင်သည်။

လဲ့ယ်ထျဲသည် ချင်မျန်တစ်​ယောက် တောက်ပ​သော မျက်လုံးများဖြင့် တလက်လက်ကြည့်ရင်း လျှာသပ်လိုက်သည်ကို တွေ့လိုက်ရ၏။ – ချင်မျန်တစ်​ယောက် ဘယ်လိုအရသာရှိတဲ့ ဟင်းလျာအ​ကြောင်း တွေး​နေလဲမသိ  – သူ မ​နေနိုင်​တော့​ဘဲ ချင်မျန်ရဲ့ ခေါင်းကို ဖမ်းဆုပ်ပြီး နှုတ်ခမ်းပေါ် မနမ်းဘဲ မ​နေနိုင်​တော့​။

ချင်မျန် မျက်လုံးတွေကို မှိတ်လိုက်ပြီး ခေါင်းတွေကိုကာရန် ခြင်းတောင်းတစ်​​တောင်းကို လှမ်းယူလိုက်ပြီး အဝေးမှ ရှိနေနိုင်သော မျက်လုံးတွေထံမှ ရှောင်ဖယ်လိုက်သည်။
လဲ့ယ်ထျဲ၏နက်မှောင်သော မျက်လုံးထဲတွင် ခဏတာ အပြုံးတစ်ခု တောက်ပလင်းလက်လာသည်။အနည်းငယ် အရသာခံရန်သာ ရည်ရွယ်ထားသော်လည်း စိတ်ပြောင်းကာ အနမ်းကို နက်ရှိုင်းစေလိုက်သည်။နမ်းပြီးနောက် ခေါင်းပြန်ငုံ့ကြပြီး အလုပ်ဆက်လုပ်ကြ​လေသည်။

ပထမဦးလေးတျန်းနှင့် သူ့အဖွဲ့သည် ချင်မျန်အိမ်တွင် ညစာစားကြပြီး လဲ့ယ်ထျဲက နွားလှည်းဖြင့် ပြန်ပို့ခဲ့သည်။
ပထမဦးလေးတျန်းက မနက်ဖန် သူတို့ကို လာခေါ်​ပေးစရာ မလိုတော့​ကြောင်း ပြောခဲ့သည်။ကလေးတွေပါ ခေါ်လာမည်မို့ တွန်းလှည်းနှစ်စီး ငှားထားခဲ့ပြီး လဲ့ယ်ထျဲလည်း အပြန်ပြန်အလှန်လှန် ပြေးကြိုနေစရာမလိုတော့ပေ။

နံနက်စာစားပြီး နောက်တစ်နေ့တွင် လဲ့ယ်ထျဲသည် ရေကန်သို့သွားခဲ့သည်။အိမ်တွင် ချင်မျန်က​တော့ သပ်ရပ်စွာ သန့်ရှင်းရေးလုပ်ခဲ့ပြီး သရေစာများနှင့် သစ်သီးမျိုးစုံကို ထုတ်ကာ စားပွဲပေါ်၌ ပန်းကန်ခုနစ်ပန်းကန်မှ ရှစ်ပန်းကန်အထိ ချထား၏။

ခြံဝင်းတံခါးဝတွင် မြည်းလှည်းနှစ်စီး ရပ်တန့်သွားပြီး ဖက်ထုပ်လုံး​လေး​တွေကဲ့သို့ ၀တ်စုံအသစ်များ ၀တ်ဆင်ထားကြသည့် ကလေးများစွာသည် လှည်းပေါ်မှ ခုန်ဆင်းလာကြသည်။တျန်းချွင်၏သားသမီးတွေက ရှီယာနှင့် ခွန်းဇျိုက်ဖြစ်ပြီး တျန်းကျုံး၏သားသမီးတွေက မန်ယာ နှင့် ယွမ်ဇျိုက် ဖြစ်ကာ တျန်း​ရှောင်၏သားသမီးတွေက​တော့ ရွမ်းဇျိုက်၊ ယွီယာနှင့် လန်ယာတို့ ဖြစ်ကြပြီး က​လေး ခုနှစ်ဦးဖြစ်​လေသည်။ရှီယာက အသက်အကြီးဆုံးဖြစ်ကာ ဆယ်နှစ်ရှိပြီဖြစ်ပြီး အငယ်ဆုံးမှာ ယွမ်ဇျိုက်နှင့် လန်ယာဖြစ်ကာ အသက်ငါးနှစ် ရှိ​နေပြီဖြစ်သည်။ကလေးတွေက ချင်မျန်ကို “ဝမ်းကွဲ-ဦးလေးမျန်” ဟု အော်ခေါ်လိုက်ကြသည်။

ပထမဦးလေးတျန်းနဲ့ သူ့အဖွဲ့က​တော့ အိမ်ထဲကို မဝင်နေ​တော့​ပေ။
ဒုတိယ ဦးလေးတျန်းက “ချင်မျန်...ကလေးတွေကို မင်းလက်ထဲ အပ်ထားခဲ့ပြီ။ငါတို့ အဲဒီကိုပဲ တန်းသွား​တော့မယ်။"

"စိတ်ချပါ ဦး​လေး" ချင်မျန်သည် ကလေးများစွာကို အိမ်ထဲသို့ ခေါ်သွားခဲ့သည်။

က​လေး​တွေက ​နေရာအသစ်​​ရောက်​​တော့ စကားမ​ပြောဖြစ်​​သေးတာ​ကြောင့်​ နည်းနည်းရှက်​​နေ​သေး၏။စားပွဲပေါ်မှ အဆာပြေမုန့်တွေကို တွေ့တော့မှ စိတ်အေးလက်အေးဖြစ်ကာ ကလေးငယ်များသည် မုန့်စားရန် ပြေးကြတော့သည်။

ရှီယာသည် အစ်မကြီးဖြစ်သူ၏အမူအရာမျိုးရှိပြီး စကားနည်း၏။သူမ၏မျက်လုံးများက အငယ်ဆုံးဖြစ်တဲ့ ယွမ်ဇျိုက်နှင့် လန်ယာကိုသာ အာရုံစိုက်နေခဲ့သည်။

ချင်မျန်က ယွမ်ဇျိုက်နဲ့လန်ယာကို ကုလားထိုင်ပေါ်တင်ပေးပြီး မုန့်ပန်းကန်တွေကို သူတို့ရှေ့ဆီ ရွှေ့ပေးလိုက်သည်။သူ ပြုံးပြုံးရွှင်ရွှင်နဲ့ "မင်းတို့ကြိုက်တာ ယူစား​နော်"

"ကျေးဇူးတင်ပါတယ် ဝမ်းကွဲဦးလေးမျန်!" လိမ္မာရေးခြားရှိပြီး ထွားကျိုင်းတဲ့ ယွမ်ဇျိုက်​လေးက ကျယ်လောင်စွာပြောလိုက်သည်။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]

072+073: ေရကန္တူးျခင္း (1+2)

အိမ္ျပန္ေရာက္ေတာ့ လဲ့ယ္ထ်ဲက ေရတြင္းဘက္ကိုသြားၿပီး ေရတြင္းထဲက ေရေတြကို သူ႕မ်က္ႏွာေပၚ တိုက္႐ိုက္ေလာင္းခ်လိုက္သည္။

ခ်င္မ်န္ မ်က္ေမွာင္ၾကဳတ္ကာ "အခု ေရတြင္းထဲက ေရေတြက အရမ္းေအးေနေသးတယ္။သတိထား ဒါမွမဟုတ္ရင္ ခင္ဗ်ား အေအးမိလိမ့္မယ္"

"မမိႏိုင္ဘူး....ကိုယ့္ခႏၶာကိုယ္က သန္မာတယ္" လဲ့ယ္ထ်ဲသည္ အဝတ္လွမ္းတိုင္ေပၚမွ မ်က္ႏွာသုတ္ပုဝါကို ဆြဲယူလိုက္သည္။

သန္မာတဲ့ ခႏၶာကိုယ္လား?

ခ်င္မ်န္၏အၾကည့္ေတြသည္ သူ႕ရဲ႕က်ယ္ျပန္႔တဲ့ပခုံးမွ ထူထူထဲထဲရင္ဘတ္ဆီသို႔ ထို႔​ေနာက္ က်ဥ္းေျမာင္းသည့္ခါးမွတစ္ဆင့္ သူ႕တင္ပါးဆီသို႔...ထို႔ေနာက္ သူ႕ရဲ႕႐ွည္လ်ားသည့္ေျခေထာက္မ်ားဆီသို႔ ဆက္ေ႐ြ႕လ်ားသြားသည္။သူ ေခ်ာင္းဆိုးၿပီး အေဝးကို လွမ္းၾကည့္လိုက္ရ၏။

"ဒါနဲ႔ ပိုင္တ်န္႔ေလးကို ေတြ႕မိလား?"

လဲ့ယ္ထ်ဲက “ေတာင္ေပၚကို သြားတာ ျဖစ္ႏိုင္တယ္”
ပိုင္တ်န္႔ေလးသည္ လူသားႏွစ္ဦးႏွင့္အတူ ေနထိုင္ခဲ့႐ုံမွ်ျဖင့္ သူ႕ရဲ႕ေတာ႐ိုင္းသဘာဝကို မဆုံး႐ႈံးခဲ့ေပ။ရံဖန္ရံခါ ေတာင္ေပၚကို တစ္ေကာင္တည္း သြားေလ့႐ွိသည္။တခါတရံ ႏွစ္ရက္မွ သုံးရက္အထိၾကာၿပီး တခါတရံဆိုလွ်င္လည္း ေသးငယ္ေသာ သားေကာင္ကို ျပန္ယူလာတတ္ေသးသည္။ပထမေတာ့ ခ်င္မ်န္က ညဘက္ အိမ္မျပန္လာမွာကို စိုးရိမ္၏။ေနာက္ေတာ့ ညစ္ပတ္ၿပီး ပင္ပန္းလာ႐ုံကလြဲရင္ တခါမွ မနာက်င္မထိခိုက္ဖူးတာမို႔ သူ႕ဟာနဲ႔သူသာ လႊတ္ထားလိုက္ေတာ့သည္။

ခ်င္မ်န္သည္ အိမ္႐ွိဆီမီးခြက္ေတြကို ထြန္းညႇိလိုက္ၿပီးေနာက္ ပန္းကန္လုံးတစ္လုံးယူရန္ မီးဖိုေခ်ာင္ထဲကို ဝင္သြားၿပီး ထိုပန္းကန္လုံးထဲကို ဝိညာဥ္စမ္းေရ ျဖည့္ထည့္လိုက္၏။သူ လဲ့ယ္ထ်ဲဆီ သယ္သြားကာ "ခင္ဗ်ား ေရႏွစ္ပုံးကိုယူၿပီး ဒီေရပန္းကန္လုံးနဲ႔ေရာလိုက္။ၿပီးရင္ တစ္ပင္ခ်င္းစီ လိုက္ေလာင္းေပး။"

လဲ့ယ္ထ်ဲက စကားတစ္ခြန္းမွ ျပန္မေမးဘဲ ေခါင္းညိတ္ျပကာ ပန္းကန္လုံးႏွင့္အတူ ထြက္လာခဲ့သည္။ခ်င္မ်န္ မီးဖိုေခ်ာင္ျပတင္းေပါက္က​ေန လဲ့ယ္ထ်ဲတစ္​ေယာက္ ေရတြင္းမွေရကို ငုံ႔သယ္ေနသည္ကို ျမင္ေနရသည္။သူ၏လက္မ်ားႏွင့္ ပခုံးမ်ားသည္ ခြန္းအားမ်ားျဖင့္ ျပည့္ဝေနၿပီး သူ႕ေနာက္ေက်ာ၊ ခါးႏွင့္ တင္ပါးတစ္​ေလွ်ာက္တို႔မွာ ၾကည့္လို႔ေကာင္းသည့္ ေကာက္ေၾကာင္းမ်ိဳး ႐ွိ​ေနသည္။

လဲ့ယ္ထ်ဲ၏ေက်ာျပင္မွာ ျခံအျပင္ဘက္၌ ေပ်ာက္ကြယ္သြားေတာ့မွ သူ လဲ့ယ္ထ်ဲကို တစ္ခ်ိန္လုံး ေစာင့္ၾကည့္ေနမိေၾကာင္း ႐ုတ္တရက္ သိလိုက္ရသည္။အသိစိတ္ျပန္ကပ္လာရန္ သူ႕မ်က္ႏွာကို ပြတ္သပ္လိုက္ကာ တည္ၿငိမ္စြာ ဆန္ဆက္​ေဆး​ေနလိုက္သည္။သူတို႔ရဲ႕ ခံစားခ်က္ေတြကို ေသခ်ာခ်ျပၿပီးေနာက္မွ​ေတာ့ လဲ့ယ္ထ်ဲက သူႏွင့္ မိသားစုအရ သက္ဆိုင္လာၿပီ။လဲ့ယ္ထ်ဲကို စိုက္မၾကည့္ဘဲမေနႏိုင္ေလာက္ေအာင္ ျဖစ္​​ေနတာက ျဖစ္႐ိုးျဖစ္စဥ္ မဟုတ္ဘူးလား?

လဲ့ယ္ထ်ဲ ေရေလာင္းရာမွ ျပန္လာေသာအခါ ခ်င္မ်န္သည္ သတိေပးျခင္းမ႐ွိ သူ႕လည္ပင္းကို ဆြဲကိုင္ကာ ႏႈတ္ခမ္းကို အတင္းနမ္းလိုက္သည္။သူ နည္းနည္းေတာ့ နားမလည္ျဖစ္သြားရ၏။ၿပီးမွ ခ်င္မ်န္သည္ တက္တက္ႂကြႂကြျဖင့္ စိတ္အ​ေျခအ​ေနေကာင္းစြာ ခ်က္ျပဳတ္ရန္ ေအး​ေအးေဆး​ေဆး ထြက္​သြား​ေတာ့မွ လဲ့ယ္ထ်ဲ စိတ္​ေအးသြားကာ မီးဖိုေ႐ွ႕တြင္ မီးၾကည့္ကာ ထင္းထည့္​ေနရင္း ပုံမွန္အေနအထားအတိုင္း ၿငိမ္သက္စြာ ထိုင္ေနလိုက္သည္။

"မနက္ျဖန္ ေရကန္တူးဖို႔ လူဘယ္ႏွစ္ေယာက္ ငွားရမလဲ?" ခ်င္မ်န္သည္ အလြန္ေမႊးႀကိဳင္ေနသည့္ ႏွစ္ျပန္ႏွပ္ထားသည့္ ဝက္သားကို ပန္းကန္ထဲသို႔ ထည့္လိုက္သည္။သူ သူ႕တူေခ်ာင္းေတြျဖင့္ ျမည္းစမ္းရန္ အသားတစ္ဖက္ကို ညႇပ္ယူလိုက္သည္။ထို႔ေနာက္ ေနာက္အသားတစ္ပိုင္းကို ယူကာ လဲ့ယ္ထ်ဲ၏ပါးစပ္နားသို႔ ပို႔လိုက္၏။ “ျမည္းၾကည့္”

လဲ့ယ္ထ်ဲသည္ တူကိုကိုင္ကာ အသားကိုစားေနစဥ္ သူ႕ကို ၾကည့္လိုက္သည္။ခ်င္မ်န္လည္း အခု သူ တူမလဲလိုက္ရေသးေၾကာင္း ႐ုတ္တရက္ သတိရသြား၏။

“လူသုံးဆယ္။လူႏွစ္ဆယ့္ႏွစ္ေယာက္က ေျမကိုတူးၿပီး ႐ွစ္ေယာက္က ေျမကိုသယ္မယ္။” လဲ့ယ္ထ်ဲက သူ႕ပါးစပ္ထဲက အသားေတြကို မ်ိဳခ်ၿပီး စကားဆက္ေျပာ၏။

ခ်င္မ်န္သည္ အနီ​ေရာင္င႐ုတ္ပြေျခာက္ႏွင့္ လိုင္းသားကို ေၾကာ္ထားသည့္ ဒုတိယဟင္းကို စတင္ခ်က္ခဲ့သည္။အခုေခတ္မွာေတာ့ အသားႏူးအိေဆး ဒါမွမဟုတ္ ေျပာင္းမႈန္႔ မ႐ွိတာ​ေၾကာင့္ လိုင္းသားေတြကို ႏူးညံ့ၿပီး အရသာ႐ွိေအာင္ ေၾကာ္လို႔ပဲရႏိုင္၏။

ပဌမလကိုးရက္ေန႔ ညေနတြင္ ဖက္ထုပ္လုပ္တုန္းက ယခင္ဘဝ ဟင္းခ်က္ေနခ်ိန္ အိမ္႐ွိ ေျပာင္းမႈန္႔သည္ ကုန္သြားကာ ဝယ္ရန္ေမ့သြားသည္ကို အမွတ္မထင္ သတိရမိသည္။ထို႔ေနာက္ မုန္႔ညက္အစားထိုးသုံးခဲ့ဖူးသည္ကို အမွတ္ရလိုက္မိသည္။ဂ်ံဳမႈန္႔ႏွင့္ ေရာနယ္ၿပီးေနာက္ သန္႔စင္ထားသည့္ အသားမွာ အလြန္ေပ်ာ့ေပ်ာင္းၿပီး ႏူးညံ့သြား​ေလ၏။

အိုးထဲ႐ွိဆီပူလာေသာအခါ ခ်င္မ်န္သည္ အနီင႐ုတ္ပြေျခာက္မထည့္မီ လိုင္းသားႏွင့္ ဂ်င္းတို႔ကို ေရာေမႊေၾကာ္လိုက္၏။င႐ုတ္ရနံ႔သည္ ႏွာေခ်ခ်င္ေစေသာေၾကာင့္ ခ်က္ျခင္းျပန္လွည့္လာရသည္။

“ေရကန္တူးတာကလည္း ႀကီးက်ယ္တဲ့အလုပ္ပဲ။ခင္ဗ်ား တ်န္း႐ြာကိုသြားၿပီး အဘိုးအဘြားေတြကို ေျပာျပခ်င္လား?ဦးေလး ႏွစ္ေယာက္ႏွင့္ ဝမ္းကြဲသုံးေယာက္လည္း ႐ွိတယ္ဆို​ေတာ့ ေရကန္တူးဖို႔ သူတို႔ကို ကူညီေပးဖို႔ မေတာင္းဆိုရင္ သူတို႔က သူတို႔ကို ထည့္သြင္းမစဥ္းစားေပးဘူးလို႔ ထင္သြားႏိုင္တယ္။လာမလား မလာဘူးလား ဆိုတာကေတာ့ သူတို႔အေပၚမွာပဲ မူတည္တယ္ေလ။”

ဒီလိုကိစၥမ်ားသည္ ဒီကတိုင္းသူျပည္သားေတြအတြက္ အရမ္းထူးျခား၏။အိမ္မွာ ပြဲႀကီးပြဲေကာင္း တစ္ခုခုကို သူတို႔ရဲ႕ ေဆြမ်ိဳး မိတ္သဂၤဟေတြကို အေၾကာင္းၾကားပါမွ ႏွစ္ဖက္စလုံးက ဆက္ဆံေရးေကာင္းတယ္လို႔ ဆိုလိုၿပီး ေလးစားမႈ ျပၾကလိမ့္မည္။
သူ႕ဇနီး​ေလးက ေထာက္ထားငဲ့ညႇာတတ္တာ​ေၾကာင့္ လဲ့ယ္ထ်ဲလည္း ေခါင္းညိတ္ၿပီး "မနက္ျဖန္ မနက္ေစာေစာ သြားလိုက္မယ္။"

ေနာက္တစ္ေန႔ အ႐ုဏ္တက္ခ်ိန္တြင္ လဲ့ယ္ထ်ဲသည္ တ်န္း႐ြာသို႔ သြားခဲ့သည္။ခ်င္မ်န္က မနက္စာျပင္ဆင္ထားေပမယ့္ လဲ့ယ္ထ်ဲ ျပန္မလာေသးတဲ့အတြက္ သူတစ္ေယာက္တည္းသာ စားလိုက္သည္။ပန္းကန္ေတြေဆးၿပီး အိမ္ကိုလည္း သပ္သပ္ရပ္ရပ္ ခင္းထားၿပီးခါမွ လဲ့ယ္ထ်ဲ ျပန္​ေရာက္လာသည္။ပထမဦးေလးတ်န္း၊ ဒုတိယဦးေလးတ်န္း၊ တ်န္းခြၽင္၊ တ်န္းက်ံဳးႏွင့္ တ်န္းေ႐ွာင္တို႔လည္း လွည္းေပၚမွ ေဂၚျပားႏွင့္ ျခင္းေတာင္းမ်ားကိုင္ကာ ခုန္ဆင္းခဲ့ၾကသည္။

ခ်င္မ်န္ အံ့ၾသသြားၿပီး “ပထမဦးေလး၊ ဒုတိယဦးေလးနဲ႔ ဝမ္းကြဲေတြ​ေရာ ပါလာတာလား?ေက်းဇူးျပဳ၍ ဝင္ပါ။"

ပထမဦးေလးတ်န္းက​ေတာ့ နဂိုအတိုင္းမထူးမျခားျဖင့္ ေခါင္းညိတ္ျပ၏။

ဒုတိယဦးေလးတ်န္းက ျပဳံးျပၿပီး ၾကင္နာစြာ ေျပာလိုက္သည္။ “ခ်င္မ်န္ ဧည့္ဝတ္ျပဳမႈအတြက္ ေက်းဇူးတင္ပါတယ္”
တ်န္းခြၽင္၊ တ်န္းက်ံဳး ႏွင့္ တ်န္း​ေ႐ွာင္တို႔သည္ ခ်င္မ်န္ကို အျပဳံးျဖင့္ ႏႈတ္ဆက္ၾကသည္။သူ႕ကို “ဝမ္းကြဲအစ္ကိုရဲ႕ဇနီး” လို႔ ေခၚရတာ အဆင္မေျပတဲ့အတြက္ သူ႕ကို "ညီ​ေလးမ်န္” ဟုသာ ေခၚ၏။

ဒါက သူတို႔ရဲ႕ပထမဆုံး အႀကိမ္ပင္။အိမ္ထဲသို႔ ဝင္လိုက္သည္ႏွင့္ စပ္စပ္စုစု မၾကည့္ဘဲ မေနႏိုင္။
တ်န္းခြၽင္က ျပဳံးၿပီး "မင္းတို႔ရဲ႕အိမ္က သပ္သပ္ရပ္ရပ္ပဲ"

တ်န္းက်ံဳးက ေခါင္းညိတ္သေဘာတူသည္။အလယ္ခန္းတြင္ အထင္႐ွားဆုံးမွာ နံရံပင္။အုတ္ခဲမ်ားၾကားမွ ႐ႊံ႕ေျခာက္အလုံးအခဲမ်ား အမ်ားအျပားအစီအရီ႐ွိ​ေနၿပီး ယင္းတို႔ကို ပြတ္ညႇိထားကာ ႐ြာသားမ်ား၏အိမ္ထရံမ်ားႏွင့္ မတူေပ။တံခါးႏွင့္ ဆန္႔က်င္ဘက္ နံရံတြင္ လက္ေရးလွႏွင့္ ပန္းခ်ီကားတစ္ခ်ပ္၊ ဘယ္ညာတြင္ နံရံကပ္ပန္းေတာင္းအေသးေလးတစ္ခု႐ွိ​ေန၏။တစ္ခုႏွင့္တစ္ခု ဆန္႔က်င္ဘက္တြင္ "ေပ်ာ္႐ႊင္မႈ" ဟူ​ေသာ စာလုံးႏွစ္လုံးကို ကပ္ထားကာ အခန္းေလးေထာင့္႐ွိ နံရံတြင္တပ္ဆင္ထားေသာ ဝါးမီးခုံေလးခုလည္း ႐ွိသည္ - သပ္သပ္ရပ္ရပ္ျဖင့္ သပ္ရပ္လွပေသာ အရာမ်ားစြာသည္ မည္သူကိုမဆို အလြယ္တကူ ဆြဲေဆာင္ႏိုင္ကာ တံခါးေပါက္က​ေန အထဲဝင္သြားေတာ့ စိုးရိမ္စိတ္ေတြ ေလ်ာ့သြားေစ၏။

အလယ္ခန္း႐ွိ ပရိေဘာဂမ်ားကို တစ္ခ်က္ၾကည့္လိုက္ေတာ့ ထမင္းစား စားပြဲကို အနီညိဳေရာင္ အျဖဴျခစ္ စားပြဲခင္းျဖင့္ ဖုံးအုပ္ထားၿပီး လက္ဖက္ရည္ၾကမ္းအစုံအလင္ျဖင့္ တင္ထားကာ ေဘးခ်င္းကပ္လ်က္ ထိုင္ခုံျမင့္ႏွစ္လုံးကိုခ်ထားသည္။မီးခိုးေရာင္သားေမြးအခင္းမ်ားကို ထိုင္ခုံေပၚ သပ္သပ္ရပ္ရပ္ခင္းထားသည္။

ဖုန္တစ္စက္မ႐ွိတဲ့ လက္ဖက္ရည္ စားပြဲေပၚတြင္ ပန္းသီးႏွင့္ လိေမၼာ္သီး အနည္းငယ္ပါေသာ သစ္သီးျခင္းေတာင္းတစ္ခု႐ွိ၏။ဆက္တီခုံေပၚ႐ွိ ကူ႐ွင္ေလးခုသည္လည္း ႏူးညံ့လို႔​ေန၏။
ဆက္တီခုံ၏ညာဘက္တြင္ ျမင့္လည္းမျမင့္ နိမ့္လည္းမနိမ့္သည့္ သုံးလႊာသစ္သားစင္တစ္ခု႐ွိသည္။အေပၚဆုံးအလႊာတြင္ သစ္သားလက္ကိုင္ပါ႐ွိၿပီး ေခ်ာေမြ႕ေန​ေအာင္ ပြတ္တိုက္ထားေသာ သစ္သားဓားတစ္ေခ်ာင္းကို ထား႐ွိကာ ၎ေဘးတြင္ ေလးတစ္ေခ်ာင္း႐ွိသည္။အလယ္အလႊာတြင္ သစ္သားရထားတြဲမ်ားႏွင့္ ႐ြက္ေလွပုံစံမ်ား႐ွိကာ ေအာက္ဆုံးအလႊာတြင္ ဖရဲေစ့ႏွင့္ ေျမပဲမ်ားပါ႐ွိေသာ သေရစာပန္းကန္ျပားႏွစ္ျပားပါ႐ွိၿပီး ပိုင္႐ွင္သည္ ဆက္တီခုံေပၚတြင္ထိုင္သည့္အခါ ပိုင္႐ွင္အတြက္ အဆင္ေျပေစမည့္အ​ေနအထားမ်ိဳးပင္။

ညာဘက္ကို ဆက္ၾကည့္လိုက္ေတာ့ ခါးထိျမင့္တဲ့ ဗီ႐ိုတစ္ခုနဲ႔ သူ႕အ​ေပၚတြင္ ပန္းအိုးတစ္လုံးတင္ထားသည္။ပန္းအိုးထဲတြင္ လွပ​ေသာ ပန္းမ်ားစြာ႐ွိၿပီး တက္ႂကြမႈအျပည့္႐ွိေနကာ လူေတြကို လန္းဆန္းေစ၏။အနီးကပ္ၾကည့္လိုက္ရင္ ပန္းအိုးထဲက ပန္းအနီေတြ၊ အဝါေရာင္ပန္းေတြ၊ အစိမ္းေရာင္အ႐ြက္ေတြနဲ႔ နံရံကပ္ျခင္းေတာင္းထဲက ပန္းေတြအားလုံးကို အထည္နဲ႔လုပ္ထားတာကို ေတြ႕ရလိမ့္မည္။ဖန္တီးသူ၏ ဉာဏ္ပညာကို လူအမ်ား အံ့အားသင့္ေစခဲ့သည္။အလယ္ခန္းတစ္ခုလုံးသည္ အလြန္ေႏြးေထြးၿပီး တစ္မ်ိဳးတစ္ဖုံခမ္းနားေန၏။

တ်န္း​ေ႐ွာင္က စ​,ေႏွာက္လိုက္၏။ “ဒီ​ေနရာက သပ္ရပ္လြန္းလို႔ ထိုင္​ေတာင္ မထိုင္ရဲေတာ့ဘူးဗ်ာ”

ခ်င္မ်န္က သူတို႔အတြက္ လက္ဖက္ရည္ေသာက္ဖို႔ ဗီ႐ိုထဲက အေကာင္းဆုံးလက္ဖက္ရည္ကို ထုတ္လိုက္၏။ခ်င္မ်န္က ပလႊားဝင့္ဝါျခင္းမ႐ွိ ေအးေဆးတည္ၿငိမ္စြာ ေျပာလိုက္သည္။ “ပ်င္းရင္ လွည့္ပတ္ၾကည့္​ေန​ေနာ္"

လဲ့ယ္ထ်ဲသည္ သေရစာပန္းကန္ကို မီးဖိုခန္းထဲသို႔ ယူသြားကာ ခဏအၾကာတြင္ အဆာေျပပန္းကန္မ်ားစြာျဖင့္ ျပန္ထြက္လာသည္။ပန္းကန္ျပားထဲက အဆာေျပေတြက မို႔မို႔​ေမာက္​ေမာက္ပင္။

“ပထမဦးေလး၊ ဒုတိယဦးေလး၊ ဝမ္းကြဲေတြ ေက်းဇူးျပဳၿပီး ကိုယ့္အိမ္မွာ ေနသလို​ေနပါ။” လဲ့ယ္ထ်ဲက တိုတိုတုတ္တုတ္သာေျပာသည္။

တ်န္းခြၽင္က အခမ္းအနားေတြမွာလို ဧည့္ခံစရာမလိုေၾကာင္း အလ်င္စလိုေျပာခဲ့၏။

“ပထမဦးေလး နဲ႔ ဒုတိယဦးေလး...အခုက ရာသီဥတုေႏြးေနၿပီပဲ။က​ေလး​ေတြကို ဒီကိုလာကစားဖို႔ ဘာလို႔မ​ေခၚလာတာလဲ?" ခ်င္မ်န္က ေမးလိုက္သည္။
လဲ့ယ္ထ်ဲက ႏႈတ္နည္းလြန္းတယ္။ဒီလို အိမ္တြင္းေရး အေသးအမႊားကိစၥမ်ိဳးအတြက္ သူ႕ကို အားကိုးလို႔မရဘူး။

ကေလးမ်ားအေၾကာင္းေျပာေသာအခါတြင္ ပထမဦးေလးတ်န္း၏မ်က္ႏွာသည္ ေပ်ာ့ေျပာင္းသြားကာ “ငါတို႔ ဒီမွာ အလုပ္လုပ္ဖို႔ လာၾကတာပဲ။ဘာလို႔ ေခၚလာရမွာလဲ။ ဆူညံလြန္းတယ္။" ထိုသို႔​ေျပာ​ေသာ္ျငား သူ႕မ်က္လုံးထဲတြင္ က​ေလး​ေတြကို စိတ္ပ်က္ေနတာမ်ိဳးမ႐ွိသည့္အျပင္ သူ႕ေျမးေတြကို ခ်စ္တာ သိသာေန၏။

ခ်င္မ်န္က “ကေလးေတြက တက္တက္ႂကြႂကြ႐ွိၾကတာ ေကာင္းတာ​ေပါ့။ကြၽန္ေတာ္တို႔တူးမယ့္ေရကန္က အရမ္းႀကီးတယ္။လုံးလုံးၿပီးဖို႔ဆိုရင္ ႏွစ္ရက္ သို႔မဟုတ္ သုံးရက္ေလာက္ၾကာမယ္ ထင္တယ္။မနက္ျဖန္က်ရင္ ကေလးေတြကို ေခၚလာတာ ပိုေကာင္းတာ​ေပါ့။အဲဒီအ႐ြယ္ ေယာက်္ားေလးေတြက ႐ႊံ႕ေတြနဲ႔ ကစားရတာ ပိုႀကိဳက္က်တယ္။ေျပးတာတို႔ ခုန္တာတို႔ကခႏၶာကိုယ္ကို ပိုမိုက်န္းမာေစတယ္ေလ။က​ေလးမ​ေလးေတြအတြက္ေတာ့ ကြၽန္ေတာ္ ၾကည့္ထားေပးလို႔ရတယ္။မိန္းကေလးေတြက ငယ္ငယ္႐ြယ္႐ြယ္ပဲ အျပင္ထြက္ၾကည့္ဖို႔ သင့္ေတာ္တယ္​"

သူ ေသေသခ်ာခ်ာ စီစဥ္ၿပီး ႐ိုး႐ိုးသားသား ေျပာလိုက္သည္။ဒုတိယဦးေလးေရာက္လာၿပီး “ဒါဆို မနက္ျဖန္ ဒီကိုလာရင္ ေခၚလာခဲ့မယ္”

“...."

အႀကီးဆုံးဦးေလးတ်န္းလည္း ေခါင္းညိတ္သည္။
တ်န္းဝမ္းကြဲသုံးေယာက္၏ အမူအရာသည္ ပို၍ပင္ ႏူးညံ့သြားသည္။ခ်င္မ်န္က သားသမီးေတြကို အေရးေပးျခင္းသည္ သူတို႔အား အေလးထားလို႔ပင္။

ခ်င္မ်န္က “အဘိုး၊ အဘြား၊ အႀကီးဆုံးအေဒၚ၊ ဒုတိယအေဒၚနဲ႔ ဝမ္းကြဲေမာင္ႏွမသုံးေယာက္ အတြက္ေတာ့ အခုခ်ိန္မွာ သူတို႔ကို ေကာင္းေကာင္း မႀကိဳဆိုႏိုင္မွာေတာ့ စိုးရိမ္မိတယ္။အသီးအႏွံေတြပြင့္သီးတဲ့ရာသီေရာက္တဲ့အခါက်မွ ေပ်ာ္႐ႊင္ဖို႔ ဖိတ္ေခၚလိုက္ပါရေစ။”

ပထမဦးေလးတ်န္းႏွင့္ အျခားသူမ်ား၏မ်က္ႏွာမ်ားသည္ အျပဳံးမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

“ဒါ သေဘာတူညီခ်က္ပဲေနာ္” တ်န္းက်ံဳးက ရယ္ေမာရင္း “သီးပင္ေတြ ပြင့္လာတဲ့အခါ ပန္းေတြလာၾကည့္ဖို႔ သူတို႔ကို ေခၚလာခဲ့ေပးမယ္။”

"အဲဒါဆို ေျပလည္သြားၿပီ။" ခ်င္မ်န္က ျပဳံးလ်က္ ေခါင္းညိတ္ၿပီး "အဲအခါက်ရင္ လဲ့ယ္ထ်ဲကို လာ​ေခၚခိုင္းလိုက္မယ္"

ခဏၾကာ စကားစျမည္ေျပာၿပီးေနာက္ တ်န္းခြၽင္က စ​ေျပာခဲ့၏။“ေနာက္က်ေနၿပီ...ကြၽန္ေတာ္တို႔ အခုသြားၾကမလား?"

ခ်င္မ်န္က လက္ကိုေဝွ႔ယမ္းၿပီး “ဝမ္းကြဲအစ္ကို....အလ်င္မလိုပါနဲ႔ဦး။အစ္ကိုတို႔အားလုံး ခဏထိုင္ၾကဦး။က်န္တဲ့လူ​ေတြကို အရင္ေခၚလိုက္မယ္"
ခ်င္မ်န္ထြက္သြားၿပီးေနာက္ အခန္းထဲတြင္ တခဏမွ် တိတ္ဆိတ္သြားသည္။

တ်န္းခြၽင္သည္ ႏႈတ္ဆိတ္​ေနသည့္ သူ႕ဝမ္းကြဲဝမ္းကြဲကို ၾကည့္ကာ ကူကယ္ရာမဲ့ ေခါင္းယမ္းမိသည္။သူ႕ကိုယ္သူ ေတြးေနမိကာ-  စိတ္ေနစိတ္ထားအရဆိုရင္ ဝမ္းကြဲအစ္ကိုနဲ႔ ညီေလးမ်န္က တကယ္လိုက္ဖက္တာပဲ!

ဒုတိယဦးေလးတ်န္းက ထိုင္ရတာ ပ်င္း၍ ထရပ္လိုက္၏။ "ထ်ဲဇီ... ေက်းဇူးျပဳၿပီး ငါတို႔ကို အဲဒီကို အရင္ေခၚသြားေပး မင္းရဲ႕ဥယ်ာဥ္ျခံကို သြားၾကည့္မယ္။"

လူအနည္းငယ္တို႔သည္ ေပါက္တူးႏွင့္ ေတာင္းမ်ားကို ထမ္းကာ လဲ့ယ္ထ်ဲႏွင့္အတူ ထြက္သြားၾကသည္။
စုစုေပါင္း လူသုံးဆယ္ခန္႔ ငွားရမ္းရန္ လိုအပ္၏။တ်န္းမိသားစုမွ ငါးဦးအျပင္ ခ်င္မ်န္သည္ ႐ြာတြင္ ေနာက္ထပ္လူႏွစ္ဆယ့္ငါးဦးကို ႐ွာခဲ့သည္။
တစ္​ေန႔ ၈၀ ဝမ္ ရတယ္ဆို​ေပမယ့္ ေရကန္တူးတဲ့အလုပ္က ပိုခက္၏။တစ္ရက္ကို ဝမ္ ၅၀ ရသည့္ တူးထားတဲ့ ေျမႀကီးကို ဖယ္ထုတ္ရတဲ့အလုပ္က်ေတာ့ အေတာ္ေလး လြယ္သည္။တူးထားသည့္ေျမဆီလႊာပမာဏအတိုင္း ဖယ္ထုတ္ရသည့္ေျမပမာဏက အတူတူမို႔ လူကို မပ်င္းရိေစ။
သူတို႔အားလုံးဟာ ႐ြာသားခ်င္းေတြလို႔ ယူဆလို႔ ခ်င္မ်န္က အဲဒီလိုကပ္သပ္ၿပီးမလုပ္ခဲ့ေပ။ကိစၥအားလုံးကို အလြန္အကြၽံ တြက္ခ်က္ေနျခင္းသည္ ထိုကိစၥမ်ားကို ကိုင္တြယ္ေျဖ႐ွင္းရန္ နည္းလမ္းမဟုတ္ေပ။

ျမင့္မားေသာ လုပ္ခလစာေၾကာင့္ ႐ြာသားမ်ား အုံႂကြလာခဲ့သည္။လဲ့ယ္႐ွန္းရီ၊ လဲ့ယ္႐ွန္းလီ၊ က်န္းတ​ေ႐ႊႏွင့္ ဝူတိတို႔ကိုသာ ႀကိဳတင္အသိမေပးပါက ခြဲတမ္းကို သိမ္းပိုက္ႏိုင္မည္မဟုတ္။ခ်င္မ်န္သည္ ေရေႏြးပူပူ​ေလးေသာက္ေစခ်င္သည့္ရည္႐ြယ္ခ်က္ျဖင့္ ေရ​ေႏြးတည္/လက္ဖက္ရည္ခ်​ေပးရန္ တစ္ေန႔လုပ္အားခ ဝမ္ ၂၀ ႏႈန္းျဖင့္ အိမ္ေထာင္႐ွင္အမ်ိဳးသမီး ႏွစ္ဦးကို ငွားရမ္းခဲ့သည္။

အိမ္ေထာင္႐ွင္ အမ်ိဳးသမီး ႏွစ္ေယာက္မွာ ေပ်ာ္လြန္းလို႔ နား႐ြက္ခ်ိတ္မတက္ ျပဳံးေနၾက​ေတာ့သည္။ပြက္ပြက္ဆူေနတဲ့ေရေႏြးအိုးနား ထိုင္ခ်လိုက္႐ုံနဲ႔ ဝမ္ ၂၀ ေလာက္ ဝင္ေငြရႏိုင္တယ္ဆိုတာ အံ့ၾသစရာပါပဲ။

ခ်င္မ်န္ လူေတြကိုေခၚၿပီး အိမ္ျပန္ခဲ့၏။တံခါးကို ေသာ့ခတ္ထားေသာေၾကာင့္ မဝင္ေတာ့ဘဲ ထို​ေနရာသို႔ တိုက္႐ိုက္သြားခဲ့သည္။

ေျခလွမ္းႏွစ္လွမ္းၿပီးၿပီးခ်င္းမွာပဲ ေနာက္ေက်ာကို လက္ပစ္ထားတဲ့ အဘိုးႀကီးတစ္ေယာက္ ေရာက္လာ၏။သူ႕မ်က္လုံးေတြက ေတာက္ပေနၿပီး ခႏၶာကိုယ္က ပိန္လွီေနေပမယ့္ သူ႕ေျခလွမ္းေတြက တည္ၿငိမ္ေနကာ က်န္းက်န္းမာမာ႐ွိေသးသည္ကို ျမင္ႏိုင္သည္။

အဘိုးအိုႏွင့္ ဖုန္းဝူက တစ္ဝက္ေလာက္ ဆင္တူေၾကာင္း ခ်င္မ်န္ သိလိုက္သည္ႏွင့္ “ဦး​ေလးဖုန္း” ဟု ျပဳံးကာ ႏႈတ္ဆက္လိုက္သည္။

“ဟားဟား...” ဦး​ေလးဖုန္းက ရယ္ရင္း ေမွးၾကည္ကာ အတူတူလမ္းေလွ်ာက္ဖို႔ လက္ယပ္ေခၚလိုက္သည္။ “ဒီေကာင္​ငယ္​ေလးရဲ႕ မ်က္လုံးေတြက စူး႐ွလြန္းတာပဲ”

ခ်င္မ်န္ သူ႕ကိုၾကည့္ကာ ေခါင္းယမ္းလိုက္သည္။ “အစ္ကိုဖုန္းက ဒီႏွစ္မွာ ဦး​ေလးအသက္က ၆၁ ႏွစ္႐ွိေနၿပီလို႔ ေျပာခဲ့တယ္။သူ ကြၽန္ေတာ္႕ကိုလိမ္ေနတာေသခ်ာတယ္။ဒီ​ေလာက္ သန္မာ​ေနတာ အမ်ားဆုံးမွ 50 ပဲ႐ွိ​ေသးတယ္လို႔ ထင္ရတယ္။”

“ဟာဟားဟား…” ဦး​ေလးဖုန္းက ရယ္လိုက္ၿပီး “ဒီ​ေကာင္​ေလး... သူက မင္းကို လိမ္ေနတာမဟုတ္ဘူး။ဖုန္းဝူေျပာတာကို သေဘာတူတယ္။ဒီလူငယ္ေလးကိုပဲ ငါ့ကို ၾကည့္႐ႈ႕ေပးဖို႔ ေတာင္းဆိုရမွာပဲ။”

ခ်င္မ်န္က ယဥ္​ေက်းစြာဆို၏။ "အဲဒါက ကြၽန္ေတာ္တို႔ကို ဦး​​ေလးဖန္က ဂ႐ုစိုက္ေပးဖို႔ ေတာင္းဆိုရမွာပါ"

ေ႐ွးလူႀကီးမ်ားက က်ိဳးႏြံၿပီး ယဥ္ေက်းေသာသူမ်ားကို ႏွစ္သက္ၾကသည္။ဦးေလးဖုန္းက သူ႕မုတ္ဆိတ္ေမြးေတြကို ပြတ္သပ္ၿပီး ေခါင္းညိတ္ျပကာ “အဲလိုပဲ​ေပါ့ကြာ”

ခ်င္မ်န္က "ကြၽန္ေတာ္ မသိ--"
သူဘာေျပာမယ္ဆိုတာကို သိေတာ့ ဦးေလးဖုန္းက သူ႕လက္ကို ေဝွ႔ယမ္းလိုက္ၿပီး "သစ္ပင္ေတြကို အရင္သြားၾကည့္ရေအာင္"

ခ်င္မ်န္သည္ အၾကံဉာဏ္ေကာင္းအားလုံးကို အဆင္သင့္လက္ခံၿပီး “ေက်းဇူးျပဳ၍” ဟူေသာ အမူအရာ ျပဳလုပ္ခဲ့သည္။
ဥယ်ာဥ္ျခံသို႔ ေရာက္ေသာအခါ ဦး​ေလးဖုန္းသည္ သီးပင္စားပင္ေတြကို ျမင္ေတာ့ အနည္းငယ္ စိတ္လႈပ္႐ွားသြားသည္။အ႐ွိန္အ႐ွိန္ျမႇင့္ကာ ေ႐ွ႕ကို မသိမသာ ေလွ်ာက္လွမ္းလာသည္။

သူ႕အမူအယာအရ သီးပင္စားပင္ေတြကို တကယ္နားလည္သူ ျဖစ္​ေပမည္။ခ်င္မ်န္၏စိတ္ႏွလုံးသည္ အမွန္တကယ္ပင္ တည္ၿငိမ္သြားၿပီး သူ႕ေနာက္သို႔ တိတ္တဆိတ္ လိုက္လာခဲ့သည္။ဥိး​ေလးဖုန္းသည္ သူ႕ လက္သည္းျဖင့္ အကိုင္းအခက္မွ အေခါက္ေလးတစ္ပိုင္းကို ျခစ္ယူခဲ့သည္။အေခါက္ေအာက္က အူတိုင္ရဲ႕အေရာင္ကို ၾကည့္ၿပီး ဆက္ေလွ်ာက္သြား၏။

သီးပင္စားပင္ေတြကို လွည့္ပတ္ၾကည့္ၿပီးမွ ရပ္ကာ ခ်င္မ်န္ဆီ ျပန္လွည့္လာၿပီး “ သီးပင္စားပင္ေတြ အမ်ားႀကီးဝယ္ထားတာပဲ။သစ္ပင္သုံးပင္က​ေတာ့ အနည္းငယ္ ညိႇဳးႏြမ္းေနတာမို႔ ႐ွင္သန္ဖို႔ ခက္ခဲမွာကို စိုးရိမ္မိတယ္။အျခားသစ္ပင္ေတြကို​ေတာ့ ေကာင္း​ေကာင္းေ႐ြးထားတာပဲ။ဒါ​ေပမယ့္ ေ႐ြ႕စိုက္ထားတဲ့ သက္ႀကီးပင္ေတြက ႐ွင္သန္ဖို႔ခက္ခဲတယ္။အခု ေ႐ြ႕စိုက္ထားတာက တစ္ရက္ပဲ႐ွိေတာ့ ဘာမွမသိရ​ေသးဘူး။ငါးရက္ၾကာၿပီးရင္ေတာ့ ဒီသစ္ပင္ေတြ ညိႇဳးႏြမ္းေနတဲ့ လကၡဏာေတြ မျပဘူးဆိုရင္ေတာ့ အေျခခံအားျဖင့္ ျပႆနာႀကီးႀကီးမားမား မ႐ွိေတာ့ဘူး။”

ခ်င္မ်န္ကေတာ့ ဒါကို စိတ္မပူေပ။သူရဲ႕ဝိညာဥ္စမ္းေရကို ယုံၾကည္စိတ္ခ်၏။

“ကြၽန္ေတာ္ ဦး​ေလးဖုန္းကို ျပဳစုေပးဖို႔ ဒုကၡေပးရ​ေတာ့မယ္။” ခ်င္မ်န္က ခဏေလာက္စဥ္းစားၿပီး “ေယဘုယ်အားျဖင့္ အသီးရာသီက သုံးလပါ။အသီးရာသီမွာဆိုရင္ ကြၽန္ေတာ္ ဦးေလးဖန္ကို တစ္လ ဝမ္ ၂၀၀ ေပးမယ္။အသီးရာသီမဟုတ္တဲ့ကာလ​ေတြမွာ​ေတာ့ တစ္လကို ဝမ္ ၅၀ ။ဦး​ေလးဖုန္း ဘယ္လိုသ​ေဘာရလဲ။ဒီအငယ္က ဒီလုပ္ငန္းရဲ႕ေစ်းကြက္အေျခအေနကို မသိပါဘူး။တကယ္လို႔ အဆင္​မ​ေျပရင္​ ကြၽန္​​ေတာ့္​ကို ​ေျပာျပ​ေပးပါ"

ဦး​ေလးဖုန္းသည္ သူ႕လက္ကို ေဝွ႔ယမ္းကာ ေပ်ာ္႐ႊင္ရယ္ေမာရင္း “က်ဳပ္ အမ်ားႀကီး မလိုပါဘူး။အသီးရာသီမွာ တစ္လကို ဝမ္ 100 ႏွင့္ အသီးရာသီျပင္ပဆိုရင္ တစ္လကို ဝမ္ 20 ေပးရင္ရၿပီ။ဒီအတိုင္းပဲ ထား​ေတာ့"

ထို႔ေနာက္ ခ်င္မ်န္ေျပာမည့္စကားကိုပင္ ေစာင့္ဆိုင္းမေနေတာ့ဘဲ ေရကန္တူးသည့္ေနရာသို႔ ျပန္သြားခဲ့သည္။

ခ်င္မ်န္လည္း ေနာက္က​ေန လိုက္လာခဲ့သည္။ေရကန္၏ ဧရိယာကို အကိုင္းအခက္မ်ားျဖင့္ မွတ္သားထားၿပီး အလုပ္သမားမ်ားကို အုပ္စုႏွစ္စုခြဲကာ “ဘူးသီး” ပုံစံေရကန္ကို ခါးမွပိုင္းကာ အစြန္းႏွစ္ဖက္ဆီသို႔ အဖြဲ႕ကိုယ္စီတူးၾကသည္။အဖြဲ႕တစ္ဖြဲ႕၏တိုးတက္မႈသည္ အျခားတစ္အုပ္စု၏ေနာက္တြင္ လြန္စြာေနာက္က်ေနပါက ထိုအုပ္စုအတြက္ ေသခ်ာေပါက္ ဆိုး႐ြားေနမည္ျဖစ္သည္။တစ္ေယာက္ခ်င္းစီက ခ်ည္သားအ၀တ္ေတြကို ခြၽတ္ၿပီး လိပ္တင္ထားလို႔ရသည့္ အက်ႌတစ္ထည္ကိုသာ ၀တ္ဆင္ထားၾကသည္။ေျမႀကီးတူးရင္း အ႐ွိန္ျပင္းျပင္းနဲ႔ အလုပ္,လုပ္​ေနၾက၏။

လဲ့ယ္ထ်ဲက မေဝးေသာေနရာတြင္ ရပ္ကာ လူအုပ္ကို မ်က္ႏွာထားတည္တည္ျဖင့္ စိုက္ၾကည့္ေနသည္။

"ခင္ဗ်ားရဲ႕အၾကံလား?" ခ်င္မ်န္ သူ႕အနားသို႔ ကပ္ကာ တိုးတိုးေလး ေမးလိုက္သည္။
လဲ့ယ္ထ်ဲ ေခါင္းညိတ္လိုက္ၿပီး "ဦး​ေလးဖုန္း ကိစၥၿပီးၿပီလား?"

“အင္း” ခ်င္မ်န္သည္ လဲ့ယ္႐ွန္းရန္တစ္​ေယာက္ ပုခုံးေပၚ ေပါက္တူးထမ္းလ်က္ ေျမာက္ႂကြ​ေျမာက္ႂကြျဖင့္ သူတို႔ဘက္ဆီ​ေလွ်ာက္လာသည္ကို ႐ုတ္တရက္ ေတြ႕လိုက္ရသည္။သူ႕စိတ္ထဲတြင္ ႐ြံ႐ွာသြားသလို ခံစားလိုက္ရကာ “သူဘာလို႔ ဒီကို ထပ္ေရာက္လာရတာလဲ?”
လဲ့ယ္ထ်ဲ၏မ်က္လုံးမ်ားက ခက္ထန္သြားကာ “သူ႕ကို ဘယ္သူမွ မေခၚဘူး”

လဲ့ယ္႐ွန္းရန္သည္ အလြန္လ်င္ျမန္စြာေရာက္လာၿပီး စြမ္းအင္အျပည့္ျဖင့္ ေျမဆီလႊာကိုတူးရန္ ေဂၚျပားကိုေျမႇာက္လိုက္သည္။သို႔​ေပသိ သူ တူးေန​ေသာ္ျငား သူ တူး​ေနသည့္​ေနရာကား အျခားသူမ်ား တူးၿပီးသား ေနရာျဖစ္​ေလသည္။

သူ႕ႏွင့္ မေဝးေသာေနရာတြင္ ႐ွိ​ေနသည့္ ဒုတိယဦးေလးတ်န္းက ဒါကို သတိျပဳမိၿပီး မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
ခ်င္မ်န္သည္ လဲ့ယ္ထ်ဲကိုၾကည့္ရန္ မ်က္လုံးကို ေမာ့ကာ အသံတိုးတိုးနဲ႔ ေျပာလိုက္၏။"​ေဒါသထြက္စရာပဲ!"

လဲယ္ထ်ဲက သူ႕ပခုံးကိုဖိကာ ေနာက္တစ္ႀကိမ္ ေစာင့္ၾကည့္ရန္ အမူအယာျပလိုက္သည္။
လဲ့ယ္႐ွန္းရန္က​ေတာ့ သူ႕ႏွလုံးသားထဲတြင္ ေပ်ာ္႐ႊင္မႈႏွင့္အတူ ေျမႀကီးကို ျဖည္းညႇင္းစြာ တူးေဖာ္ေနလိုက္သည္။ဒီလူ​ေတြတူးထားတဲ့ေနရာမွာ ပိုက္ဆံေကာက္သလိုမ်ိဳး ႏွစ္ရက္သုံးရက္ေလာက္ ေပါင္းလုပ္လိုက္ရင္ ဝမ္ 200 ေက်ာ္ ဝင္ေငြရႏိုင္တယ္။

ထိုအခ်ိန္တြင္ ညာဖက္ဒူးဆစ္မွာ ႐ုတ္တရက္ နာက်င္လာၿပီး ေျမျပင္ေပၚသို႔ လဲက်သြားသည္။
"ဘာျဖစ္လို႔လဲ?" သူ႕ေဘးက ႐ြာသားတစ္ေယာက္က ၾကင္နာစြာ ေမးလိုက္သည္။

"ဘာမွမျဖစ္ပါဘူး။ဘာမွမျဖစ္ပါဘူး။" လဲ့ယ္႐ွန္းရန္ ဒူးကို ပြတ္လိုက္သည္။ဘာအမွားအယြင္းမွ မ႐ွိမွန္းသိၿပီးေနာက္ ေျမႀကီးေပၚကေန အျမန္ထလိုက္သည္။ဘယ္သူသိမွာလဲ?သူ မတ္မတ္ပင္ မရပ္ႏိုင္ေသးမွာပဲ သူ႕ဒူးက ထုံလာၿပီး လုံးဝမတုံ႔ျပန္ႏိုင္​ေတာ့တာ​ေၾကာင့္ ေျမျပင္ေပၚ ျပန္ထိုင္ေနလိုက္ရသည္။

လဲ့ယ္႐ွန္းရီသည္ လဲ့ယ္႐ွင္းရန္၏စိတ္ကို လုံးဝ႐ွင္း႐ွင္းလင္းလင္းသိေန၍ စိတ္အ​ေႏွာင့္အယွက္ျဖစ္စြာ ေျပာလိုက္၏။ “ေလာင္အာ့...မင္းေနမေကာင္းရင္ အိမ္ျပန္အိပ္ေန​လိုက္​ေလ။”

“ငါ--ေကာင္းၿပီ။ေနာက္ေန႔က်မွ ေလာင္တာ့ကို ကူညီဖို႔လာခဲ့မယ္။" လဲ့ယ္႐ွန္းရန္သည္ သူ႕ေျခေထာက္တြင္ ဖုံးကြယ္ထားရမည့္ ေဝဒနာတစ္ခုခု႐ွိေနမည္ကို စိုးရိမ္သျဖင့္ ျပန္ေျဖလိုက္သည္။ ေဂၚျပားကို ခ်ိဳင္းေထာက္အျဖစ္ သုံးရင္း တအိအိနဲ႔ ထြက္သြားခဲ့၏။

သူ႕အနီးနား႐ွိ ႐ြာသားအနည္းငယ္က သက္ျပင္းတစ္ခ်က္ခ်လိုက္ၾကသည္။လုပ္ခလစာေပးသူေတြမဟုတ္ေပမယ့္ သူတို႔က် ပိုလုပ္ရၿပီး သိပ္မလုပ္သည့္ လဲ့ယ္႐ွန္းရန္ႏွင့္ယွဥ္လွ်င္ လုပ္ခလစာက် တူတူရပါက သူတို႔စိတ္မသက္မသာျဖစ္ၾကမွာ သဘာဝပါပဲ။

"ခင္ဗ်ား လုပ္လိုက္တာလား?" ခ်င္မ်န္သည္ မ်က္ဝန္းေတာက္ေတာက္မ်ားျဖင့္ လဲ့ယ္ထ်ဲထံသို႔ ခ်ဥ္းကပ္လာသည္။

“........."

လဲ့ယ္ထ်ဲသည္ ေ႐ွ႕သို႔သာ ၾကည့္ေနကာ သူ႕ေခါင္းကိုတြန္းဖယ္ရန္ လက္ကို ေျမႇာက္လိုက္၏။
ခ်င္မ်န္ လဲ့ယ္႐ွန္းရန္၏ေနာက္ေက်ာကို ၾကည့္လိုက္သည္။လဲ့ယ္႐ွန္းရန္သာ သူ႕မိသားစုကို ေနာက္တစ္ႀကိမ္ အခြင့္ေကာင္းယူဝံ့ပါက သူ လဲ့ယ္ထ်ဲကို ကန္ထုတ္ပစ္လိုက္မွာ!!

သူႏွင့္ လဲ့ယ္ထ်ဲတို႔ ဒီ​ေနရာတြင္ ေစာင့္ၾကည့္​ေနပါက ထိုအလုပ္သမားမ်ား စိတ္မသက္မသာျဖစ္​ေနမည္စိုး၍ ထြက္ခြာရန္ ရည္မွန္းထားသည္။

"အားလုံးပဲ....ကြၽန္ေတာ္တို႔ ဒီမွာထားခဲ့မယ္ေနာ္။မနက္ပိုင္းမွာ အလုပ္လုပ္ၿပီးရင္ ျမင္းရာသီအစပိုင္းက​ေန ျမင္းရာသီအဆုံးထိ အနားယူႏိုင္ပါတယ္။ပင္ပန္းရင္လည္း နားနား​ေန​ေနအနားယူၾကပါ။အရမ္းအလ်င္လိုေနဖို႔ မလိုပါဘူး။”

ျမင္းရာသီအစမွ ျမင္းရာသီကုန္ဆုံးခ်ိန္အထိဆိုပါက ႏွစ္နာရီၾကာၿပီး အိမ္ျပန္ကာ အနားယူရန္ လုံေလာက္သည္။႐ြာသူ႐ြာသားအားလုံး ဝမ္းသာအားရ တုံ႔ျပန္ၾကသည္။
ခ်င္မ်န္ကလည္း လက္ဖက္ရည္တည္ခင္း​ေပးတဲ့ အမ်ိဳးသမီး ႏွစ္ေယာက္ကို လက္ဖက္ရည္အျပတ္​ေစရန္ ၫႊန္ၾကားခဲ့ၿပီး လဲ့ယ္ထ်ဲႏွင့္အတူ ထြက္သြားခဲ့သည္။

မည္သို႔ပင္ဆိုေစကာမူ သူတို႔မ႐ွိလွ်င္ပင္ လဲ့ယ္႐ွန္းရီ၊ လဲ့ယ္႐ွႏ္ူလီ ႏွင့္ တ်န္းမိသားစုအားလုံး ထိုေနရာတြင္႐ွိေနေသာေၾကာင့္ လူအမ်ားစုက ပ်င္းရိေနၾကမည္မဟုတ္ေပ။
ခ်င္မ်န္နဲ႔လဲ့ယ္ထ်ဲတို႔က ႏြားလွည္းေလးျဖင့္ ၿမိဳ႕ထဲကို ေမာင္းသြားၾကသည္။ခ်င္မ်န္က စာရင္းေရးၿပီး လဲ့ယ္ထ်ဲကို ကေလးေတြႀကိဳက္တတ္တဲ့ အဆာေျပမုန္႔နဲ႔ သစ္သီးေတြ ဝယ္ခိုင္းၿပီး လာမဲ့ဧည့္သည္ေလးေတြ အတြက္ ႀကိဳတင္ျပင္ဆင္ေပးျခင္းသာ။
ထိုအခ်ိန္မွာ​ေတာ့ သူက စားေသာက္ဆိုင္သို႔ သြားခဲ့သည္။ဆိုင္ဖြင့္ခ်ိန္မဟုတ္ေသးတာ​ေၾကာင့္ စားပြဲမ်ားကို မေ႐ႊ႕ရေသးဘဲ တံခါးကို တစ္ဝက္သာဖြင့္ထားသည္။

ခ်င္မ်န္ တံခါးေပါက္ကေနဝင္လာခ်ိန္တြင္ ယြီသုန္သည္ က်န္းလ်ိဳ၊ ဝမ္​ေ႐ွာက္ႏွင့္ အျခားလူေတြကို ဟင္းသီးဟင္း႐ြက္ေတြေဆးေၾကာရန္၊ အကင္အစားအစာႏွင့္ အစားအစာလုံးမ်ားျပဳလုပ္ရန္ ဦးေဆာင္ေနသည္ကို ေတြ႕လိုက္ရသည္။လြန္ခဲ့သည့္လအနည္းငယ္အတြင္း ဝန္ထမ္းမ်ားက ကြၽမ္းက်င္လာခဲ့သည္။သူတို႔ရဲ႕လႈပ္႐ွားမႈေတြက ျမန္ဆန္ကာ အထူးသျဖင့္ ခ်န္းစီ ႏွင့္ ႐ွီတိုးတို႔သည္ အလ်င္ျမန္ဆုံးပင္။

အသားတစ္ဆုပ္ကို လက္ထဲတြင္ထည့္ကာ လက္မႏွင့္လက္ညိဳးကိုညႇစ္လိုက္လွ်င္ အသားလုံးတစ္လုံး ေပၚလာၿပီး ဝါးဆန္ခါထဲသို႔ က်သြားသည္။အခ်ိန္တိုအတြင္း သူတို႔သည္ အသားလုံး႐ွစ္လုံးမွ ကိုးလုံးအထိ ျပဳလုပ္ႏိုင္ေလသည္။အ႐ွိန္က လွ်ပ္တစ္ျပက္ကဲ့သို႔ ျမန္လွ၏။

သူ႕မ်က္လုံးထဲတြင္ ျပဳံးျပဳံး႐ႊင္႐ႊင္ျဖင့္ လူတိုင္းကို ၾကည့္ကာ သူ႕ေက်နပ္ေန​ေၾကာင္းကို ျမင္ေစလ်က္ "လူတိုင္းက အခ်ိန္တိုင္း ႀကိဳးစားလုပ္ေဆာင္ေနၾကတာပဲ။ယြီသုန္ အလုပ္မဆင္းခင္ ဒီညေနမွာ လူတိုင္းကို ဆိုင္မွာ ညစာစားခိုင္းလိုက္။ဒါေတြအားလုံးၿပီးရင္ ဆိုင္မဖြင့္ခင္ ညစာစားခ်င္တဲ့ ဟင္းလ်ာေတြကို ေ႐ြးထုတ္ထားလိုက္ေလ။ညဦးပိုင္းက်ရင္ ေဟာ့ေပါ့စားရမယ္;ဗိုက္ကြဲသြားတဲ့အထိစားၾက။ငါ ေကြၽးတာေနာ္။"
ဝမ္​ေ႐ွာက္၊ ခ်န္းစီ၊ ႐ွီတိုးႏွင့္ က်န္းလ်ိဳတို႔ ေပ်ာ္႐ႊင္စြာ မတ္တတ္ထရပ္ၿပီး "ေက်းဇူးအမ်ားႀကီးတင္ပါတယ္ သူေဌးေလး။"

ယြီသုန္ကလည္း ျပဳံးၿပီး ေျပာလိုက္သည္။ "သူေဌးေလး စိတ္ခ်ပါ"
သူ​ေဌး​ေလးကိုယ္တိုင္က "ငါ​ ေကြၽးတာ" ဟုေျပာေနေသာ္လည္း ေနာက္ပိုင္းတြင္ စာရင္းမ်ားကို ခ်ိန္ခြင္လွ်ာညႇိရန္ လိုအပ္လာသည့္အခါ ပိုမိုလြယ္ကူေစရန္အတြက္ ၎ကိုပါ စာရင္းထဲတြင္ ထည့္သြင္းရန္ လိုအပ္သည္။

ခ်င္မ်န္သည္ အလုပ္ဆက္လုပ္ရန္ အခ်က္ျပသည့္အ​ေနျဖင့္ သူ႕လက္ကို ေျမႇာက္လိုက္ၿပီး ဆိုင္တစ္ဝိုက္သို႔ လွည့္ၾကည့္လိုက္သည္။မီးဖိုေခ်ာင္နဲ႔ ဆိုင္ပတ္ဝန္းက်င္က အရမ္းသန္႔ျပန္႔​ေန၏။သူႏွင့္ လဲ့ယ္ထ်ဲတို႔ ဆိုင္သို႔လာေရာက္သည့္အႀကိမ္အ​ေရအတြက္ေလ်ာ့နည္းသြားေသာ္လည္း ဝန္ထမ္းမ်ားသည္ မပ်င္းရိ​ေနၾကဟု ေကာက္ခ်က္ခ်ႏိုင္သည္။အခ်ိန္အတိုင္းအတာတစ္ခုထိၾကာၿပီးေနာက္ သူ ပိုမိုေက်နပ္လာၿပီး လုပ္ခကို သင့္ေလ်ာ္စြာတိုးျမႇင့္ရန္ စီစဥ္ခဲ့သည္။

သူ လတ္လတ္ဆတ္ဆတ္လုပ္ထားတဲ့ အသားလုံးတခ်ိဳ႕ကို ဆီထည့္ထားတဲ့စကၠဴနဲ႔ ထုပ္ၿပီး ယြီသုန္ကို စာရင္းထဲ ထည့္သြင္းခိုင္း၏။လဲ့ယ္ထ်ဲ ေဈးဝယ္ၿပီးတာနဲ႔ အိမ္ျပန္ၾကသည္။

ေန႔လယ္တြင္ ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔က ပထမဦးေလးတ်န္းႏွင့္ သူအဖြဲ႕ကို ေန႔လယ္စာေကြၽးေလသည္။လဲ့ယ္႐ွန္းရီႏွင့္ လဲ့ယ္႐ွန္းလီတို႔ကိုလည္း ဖိတ္ထားခဲ့သည္။ခ်င္မ်န္ ေဟာ့ေပါ့တစ္အိုးကို ခ်က္ျပဳတ္ေပးၿပီး အမယ္ငါးမ်ိဳးေျခာက္မ်ိဳး​ေလာက္ကို ေမႊ​ေၾကာ္ခ်က္ထားသည္။အေတာ္ေလး အရသာ႐ွိတဲ့ ဟင္းတစ္ခြက္ပင္။
တ်န္းခြၽင္၊ တ်န္းက်ံဳးႏွင့္ တ်န္း​ေ႐ွာင္တို႔သည္ ေဟာ့ေပါ့ကို အထူးတလည္ ႏွစ္သက္ၾကသည္။ဟင္းရည္ပူပူထဲမွာ အစားအစာအမယ္ေတြကို ဆက္ႏွစ္ထားၿပီး ေမႊေၾကာ္ထားတဲ့ဟင္းပန္းကန္ေတြဆီကို သူတို႔ရဲ႕ တူေတြကို ေ႐ႊ႕လိုက္သည္။

အိုးထဲ႐ွိ အသားလုံးမ်ား ကုန္သြားေသာအခါ ခ်င္မ်န္သည္ ေနာက္ထပ္ အသားလုံးေျခာက္ဆယ္မွ ခုနစ္ဆယ္ကို ထပ္ထည့္လိုက္၏။

ေရတစ္ငုံေသာက္ၿပီးေနာက္ တ်န္းခြၽင္သည္ အရသာ႐ွိၿပီး စပ္သည့္အသားလုံးကို ဆက္လက္စားေသာက္ေနရင္း တစ္ဖက္မွာလည္း ခ်င္မ်န္ကို ေမးလိုက္သည္။ "ညီ​ေလးခ်င္ က်ိဳးစီဖာနဲ႔ က်ံဳးအား​ေဟာင္ကိုေခၚခဲ့တာလား?"

“မဟုတ္ဘူး” ခ်င္မ်န္သည္ ပထမဦးေလးတ်န္းႏွင့္ ဒုတိယဦးေလးတ်န္းတို႔ကို ဟင္း​ေတြထည့္​ေပး​ေန၏။

“လူေတြကို သြားေခၚတုန္းက သူတို႔လည္း အဲဒီေနရာမွာ ႐ွိ​ေနတာ။သူတို႔ေျပာေတာ့ ကြၽန္ေတာ္လည္း ျငင္းလို႔မရ​ေတာ့ဘူး။သူတို႔က မ႐ိုးသားၾကဘူးလား?" သူ႕မ်က္လုံးထဲတြင္ အံ့ၾသစရာမ႐ွိ။

“......"

တ်န္းက်ံဳး ေခါင္းယမ္းလိုက္သည္။ "သူတို႔က မ႐ိုးသားတာထက္ပိုတယ္။တမင္တကာ ေႏွာက္ယွက္ဖို႔ လာေနတယ္ ထင္တယ္”

ပထမဦးေလးတ်န္းက “ခ်င္မ်န္က ဒီလိုကိစၥကို ေသခ်ာမကိုင္တြယ္တတ္ေသးဘူး။႐ြာမွာ အခ်ိန္အၾကာႀကီးေနထိုင္ၿပီး​ေနၿပီပဲ။မင္းနဲ႔ထ်ဲဇီက ဒီက႐ြာသားေတြရဲ႕ အျပဳအမူေတြကို ေယဘူယ်နားလည္သင့္ၿပီ။လူေတြကို သီးသန္႔႐ွာသင့္တယ္။”

လဲ့ယ္ထ်ဲခ်င္မ်န္ဘက္ကေန ကာ​ေျပာ​ေလသည္။ "ကြၽန္ေတာ္႕မိန္းမကို လူေတြ သြားေခၚခိုင္းတာ ကြၽန္ေတာ္ပါ"

ပထမဦးေလးတ်န္းက သူ႕ကို ေမာ့ၾကည့္ကာ ဘာမွမေျပာေတာ့ေပ။
သို႔ေသာ္ ဒုတိယဦးေလးတ်န္းက​ေတာ့ ခ်င္မ်န္က ဤမွ်ဂ႐ုမစိုက္တတ္သူဟု မထင္ေပ။

ခ်င္မ်န္သည္ လဲ့ယ္ထ်ဲ၏ေပါင္ကို တိတ္တဆိတ္ ပုတ္ကာ ပထမဦးေလးတ်န္းအတြက္ ငါးဗိုက္သားတစ္ပိုင္းကို ထည့္​ေပးခဲ့သည္။ "ဦး​ေလး စိုးရိမ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။တကယ္ေတာ့ ဒီေန႔ လူေတြအမ်ားႀကီးေ႐ွ႕မွာ ေရကန္တူးဖို႔ ေခၚခဲ့တာ တမင္တကာ ေျပာခဲ့တာပါ။ပထမဦး​ေလး ကြၽန္ေတာ္က လူေတြကိုသီးသန္႔ေ႐ြးေခၚလိုက္ရင္ မေခၚခံရတဲ့ ႐ြာသူ႐ြာသားေတြက ကြၽန္ေတာ္နဲ႔လဲ့ယ္ထ်ဲအေပၚ အျမင္ေတြ႐ွိလာလိမ့္မယ္မလား?ဒါ​ေၾကာင့္ ဖိတ္ၾကားခ်က္ကို လူသိ႐ွင္ၾကား ထုတ္​ေျပာခဲ့တာပါ။ပ်င္းရိၿပီး ကပ်က္က​ေခ်ာ္လုပ္တဲ့ လူတစ္ေယာက္ ဒါမွမဟုတ္ ႏွစ္ေယာက္ ႐ွိေကာင္း႐ွိႏိုင္ေပမယ့္ ဒါက ႐ြာသားေတြရဲ႕ လက္ထဲမွာပဲ႐ွိၿပီး က်န္တဲ့ကိစၥမွာ ကြၽန္ေတာ္နဲ႔ လဲ့ယ္ထ်ဲကို အျပစ္တင္လို႔ မရေတာ့ဘူးေလ။ကြၽန္ေတာ္တို႔ အိမ္ရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈက ဒီအဆင့္မွာ ႐ွိေနမွာမဟုတ္ပါဘူး။ေနာင္မွာ ကြၽန္ေတာ္တို႔က လူေတြကို အလုပ္အပ္ဖို႔ လိုတဲ့အႀကိမ္အေရအတြက္ ပိုမ်ားလာမွာပဲ။ဒီလိုျဖစ္လာတာနဲ႔အမွ် ဘယ္သူက ႐ိုးသားၿပီး မ႐ိုးသားတာလဲဆိုတာ သိႏိုင္ၿပီ။မ႐ိုးသားတဲ့သူေတြကို တျခားသူေတြလည္း ျမင္ႏိုင္သြားၿပီ။ေနာက္တစ္ႀကိမ္ အလုပ္တစ္ခုခုလုပ္ဖို႔ လူေတြကိုေခၚဖို႔႐ွိလာခဲ့ရင္ ဒီငပ်င္းေတြကို မ​ေခၚခဲ့ဘူးဆိုရင္ေတာင္ ဘယ္သူကမွ ေျပာမွာမဟုတ္ေတာ့ဘူး။ကြၽန္ေတာ္တို႔မိသားစုက သူတို႔ ဘာမွမလုပ္ဘဲ အလကားယူခြင့္မေပးပါဘူး။ဒါ ပရဟိတလုပ္​ေနတာမဟုတ္တာ​ေလ။"

ခ်င္မ်န္၏မ်က္ႏွာေပၚ႐ွိ အျပဳံးမပ်က္ေသာ အျပဳံးသည္ အမူအရာ​ေကာင္း​ေကာင္း႐ွိသည့္ပုံစံျဖင့္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္႐ွိေနသည္။
ပထမဦးေလးတ်န္းက ေခါင္းကို အနည္းငယ္ညိတ္ျပၿပီး သူ႕ကို ေလးေလးနက္နက္ ၾကည့္လိုက္သည္။

ဒုတိယဦးေလးတ်န္းက​ေတာ့ က်ယ္ေလာင္စြာ ရယ္ေမာလိုက္ၿပီး ခ်င္မ်န္ ပုခုံးကို အျပင္းအထန္ ပုတ္ကာ "ဒီေကာင္ေလးက ဉာဏ္ေကာင္းတယ္ဆိုတာ ငါသိတယ္!"

တ်န္းခြၽင္နဲ႔ တ်န္းက်ံဳးက ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ၿပီး "မင္း ေသခ်ာစဥ္းစားၾကည့္ၿပီးၿပီဆို​ေတာ့လည္း..ငါတို႔ စိတ္မပူ​ေတာ့ဘူး"

“......."

သူစစားေနတဲ့အခ်ိန္ကတည္းက​ေန အခုထိ ပါးစပ္ကို အနားမ​ေပးေသးတဲ့ တ်န္း​ေ႐ွာင္က အခုခ်ိန္မွာ​ေတာ့ စ,စကား​ေျပာ​ေလသည္။ “ညီ​ေလးမ်န္နဲ႔ ဝမ္းကြဲအစ္ကိုက သူတို႔အိမ္ကို ေစာင့္ေ႐ွာက္ႏိုင္တယ္လို႔ ကြၽန္ေတာ္ ေျပာခဲ့သားပဲ။အခု ကြၽန္ေတာ္႕ကို ယုံၿပီလား?"

လဲ့ယ္႐ွန္းရီ ႏွင့္ လဲ့ယ္႐ွန္းလီတို႔သည္ အေတြးထဲတြင္ နစ္မြန္းေနၿပီး ခ်င္မ်န္ထံမွ တစ္စုံတစ္ခုကို ေယာင္ဝါးဝါး သင္ယူခဲ့ရသည္။
ေန႔လည္ပိုင္းမွာေတာ့ ပထမဦးေလးတ်န္းႏွင့္သူ႕အဖြဲ႕သည္ ေရကန္ကို ဆက္လက္တူးၾကသည္။ခ်င္မ်န္ႏွင့္ လဲ့ယ္ထ်ဲတို႔က တိုးတက္မႈကို လာ​ေရာက္စစ္ေဆးၿပီးေနာက္ အိမ္ျပန္ၾကၿပီး ဟင္း႐ြက္ခင္းတြင္ အလုပ္လုပ္ရန္ ေပါက္ျပားႏွင့္ ျခင္းေတာင္းမ်ားကို ယူခဲ့ၾကသည္။

ဟင္း႐ြက္ခင္းထဲမွာ မုန္လာဥနီနဲ႔ ေဂၚဖီထုပ္ေတြ အမ်ားႀကီး႐ွိ၏။တစ္ေယာက္က ေခြၽ,တူးၿပီး က်န္တစ္ေယာက္က အသီးအ႐ြက္ေတြကို ေကာက္ၿပီး အိမ္ျပန္သယ္၏။ရာသီဥတုပူလာၿပီဆိုေတာ့ ဟင္းသီးဟင္း႐ြက္သစ္စိုက္ခင္းတြင္ အသစ္ထပ္မံ စိုက္ပ်ိဳးၾကသည္။

မုန္လာဥနီကို အခြံခြာၿပီး မုန္လာဥခ်ဥ္ျဖစ္ေအာင္ ျပဳလုပ္ႏိုင္ၿပီး ေဂၚဖီထုပ္ကို ေဂၚဖီခ်ဥ္အျဖစ္ ျပဳလုပ္ႏိုင္သည္။ဒီဟင္းႏွစ္မ်ိဳးက ထမင္းနဲ႔ လိုက္ဖက္လွ၏။အထူးသျဖင့္ ေဂၚဖီခ်ဥ္ကို ဝက္သားဖက္ထုပ္လုပ္ၿပီး တြဲစားႏိုင္သလို ေဂၚဖီခ်ဥ္ႏွင့္ ငါးစြပ္ျပဳတ္အစပ္၊ ေဂၚဖီခ်ဥ္ႏွင့္ အသားႏွပ္၊ ေဂၚဖီခ်ဥ္ႏွင့္ ၾကက္ဥထမင္းေၾကာ္ႏွင့္ပင္ တြဲစားႏိုင္သည္။

လဲ့ယ္ထ်ဲသည္ ခ်င္မ်န္တစ္​ေယာက္ ေတာက္ပ​ေသာ မ်က္လုံးမ်ားျဖင့္ တလက္လက္ၾကည့္ရင္း လွ်ာသပ္လိုက္သည္ကို ေတြ႕လိုက္ရ၏။ – ခ်င္မ်န္တစ္​ေယာက္ ဘယ္လိုအရသာ႐ွိတဲ့ ဟင္းလ်ာအ​ေၾကာင္း ေတြး​ေနလဲမသိ  – သူ မ​ေနႏိုင္​ေတာ့​ဘဲ ခ်င္မ်န္ရဲ႕ ေခါင္းကို ဖမ္းဆုပ္ၿပီး ႏႈတ္ခမ္းေပၚ မနမ္းဘဲ မ​ေနႏိုင္​ေတာ့​။

ခ်င္မ်န္ မ်က္လုံးေတြကို မွိတ္လိုက္ၿပီး ေခါင္းေတြကိုကာရန္ ျခင္းေတာင္းတစ္​​ေတာင္းကို လွမ္းယူလိုက္ၿပီး အေဝးမွ ႐ွိေနႏိုင္ေသာ မ်က္လုံးေတြထံမွ ေ႐ွာင္ဖယ္လိုက္သည္။
လဲ့ယ္ထ်ဲ၏နက္ေမွာင္ေသာ မ်က္လုံးထဲတြင္ ခဏတာ အျပဳံးတစ္ခု ေတာက္ပလင္းလက္လာသည္။အနည္းငယ္ အရသာခံရန္သာ ရည္႐ြယ္ထားေသာ္လည္း စိတ္ေျပာင္းကာ အနမ္းကို နက္႐ိႈင္းေစလိုက္သည္။နမ္းၿပီးေနာက္ ေခါင္းျပန္ငုံ႔ၾကၿပီး အလုပ္ဆက္လုပ္ၾက​ေလသည္။

ပထမဦးေလးတ်န္းႏွင့္ သူ႕အဖြဲ႕သည္ ခ်င္မ်န္အိမ္တြင္ ညစာစားၾကၿပီး လဲ့ယ္ထ်ဲက ႏြားလွည္းျဖင့္ ျပန္ပို႔ခဲ့သည္။
ပထမဦးေလးတ်န္းက မနက္ဖန္ သူတို႔ကို လာေခၚ​ေပးစရာ မလိုေတာ့​ေၾကာင္း ေျပာခဲ့သည္။ကေလးေတြပါ ေခၚလာမည္မို႔ တြန္းလွည္းႏွစ္စီး ငွားထားခဲ့ၿပီး လဲ့ယ္ထ်ဲလည္း အျပန္ျပန္အလွန္လွန္ ေျပးႀကိဳေနစရာမလိုေတာ့ေပ။

နံနက္စာစားၿပီး ေနာက္တစ္ေန႔တြင္ လဲ့ယ္ထ်ဲသည္ ေရကန္သို႔သြားခဲ့သည္။အိမ္တြင္ ခ်င္မ်န္က​ေတာ့ သပ္ရပ္စြာ သန္႔႐ွင္းေရးလုပ္ခဲ့ၿပီး သေရစာမ်ားႏွင့္ သစ္သီးမ်ိဳးစုံကို ထုတ္ကာ စားပြဲေပၚ၌ ပန္းကန္ခုနစ္ပန္းကန္မွ ႐ွစ္ပန္းကန္အထိ ခ်ထား၏။

ျခံဝင္းတံခါးဝတြင္ ျမည္းလွည္းႏွစ္စီး ရပ္တန္႔သြားၿပီး ဖက္ထုပ္လုံး​ေလး​ေတြကဲ့သို႔ ၀တ္စုံအသစ္မ်ား ၀တ္ဆင္ထားၾကသည့္ ကေလးမ်ားစြာသည္ လွည္းေပၚမွ ခုန္ဆင္းလာၾကသည္။တ်န္းခြၽင္၏သားသမီးေတြက ႐ွီယာႏွင့္ ခြန္းဇ်ိဳက္ျဖစ္ၿပီး တ်န္းက်ံဳး၏သားသမီးေတြက မန္ယာ ႏွင့္ ယြမ္ဇ်ိဳက္ ျဖစ္ကာ တ်န္း​ေ႐ွာင္၏သားသမီးေတြက​ေတာ့ ႐ြမ္းဇ်ိဳက္၊ ယြီယာႏွင့္ လန္ယာတို႔ ျဖစ္ၾကၿပီး က​ေလး ခုႏွစ္ဦးျဖစ္​ေလသည္။႐ွီယာက အသက္အႀကီးဆုံးျဖစ္ကာ ဆယ္ႏွစ္႐ွိၿပီျဖစ္ၿပီး အငယ္ဆုံးမွာ ယြမ္ဇ်ိဳက္ႏွင့္ လန္ယာျဖစ္ကာ အသက္ငါးႏွစ္ ႐ွိ​ေနၿပီျဖစ္သည္။ကေလးေတြက ခ်င္မ်န္ကို “ဝမ္းကြဲ-ဦးေလးမ်န္” ဟု ေအာ္ေခၚလိုက္ၾကသည္။

ပထမဦးေလးတ်န္းနဲ႔ သူ႕အဖြဲ႕က​ေတာ့ အိမ္ထဲကို မဝင္ေန​ေတာ့​ေပ။
ဒုတိယ ဦးေလးတ်န္းက “ခ်င္မ်န္...ကေလးေတြကို မင္းလက္ထဲ အပ္ထားခဲ့ၿပီ။ငါတို႔ အဲဒီကိုပဲ တန္းသြား​ေတာ့မယ္။"

"စိတ္ခ်ပါ ဦး​ေလး" ခ်င္မ်န္သည္ ကေလးမ်ားစြာကို အိမ္ထဲသို႔ ေခၚသြားခဲ့သည္။

က​ေလး​ေတြက ​ေနရာအသစ္​​ေရာက္​​ေတာ့ စကားမ​ေျပာျဖစ္​​ေသးတာ​ေၾကာင့္​ နည္းနည္း႐ွက္​​ေန​ေသး၏။စားပြဲေပၚမွ အဆာေျပမုန္႔ေတြကို ေတြ႕ေတာ့မွ စိတ္ေအးလက္ေအးျဖစ္ကာ ကေလးငယ္မ်ားသည္ မုန္႔စားရန္ ေျပးၾကေတာ့သည္။

႐ွီယာသည္ အစ္မႀကီးျဖစ္သူ၏အမူအရာမ်ိဳး႐ွိၿပီး စကားနည္း၏။သူမ၏မ်က္လုံးမ်ားက အငယ္ဆုံးျဖစ္တဲ့ ယြမ္ဇ်ိဳက္ႏွင့္ လန္ယာကိုသာ အာ႐ုံစိုက္ေနခဲ့သည္။

ခ်င္မ်န္က ယြမ္ဇ်ိဳက္နဲ႔လန္ယာကို ကုလားထိုင္ေပၚတင္ေပးၿပီး မုန္႔ပန္းကန္ေတြကို သူတို႔ေ႐ွ႕ဆီ ေ႐ႊ႕ေပးလိုက္သည္။သူ ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ "မင္းတို႔ႀကိဳက္တာ ယူစား​ေနာ္"

"ေက်းဇူးတင္ပါတယ္ ဝမ္းကြဲဦးေလးမ်န္!" လိမၼာေရးျခား႐ွိၿပီး ထြားက်ိဳင္းတဲ့ ယြမ္ဇ်ိဳက္​ေလးက က်ယ္ေလာင္စြာေျပာလိုက္သည္။


Continue Reading

You'll Also Like

277K 10K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
164K 22.7K 119
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
235K 12.5K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.3M 94.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.