[74]

4.1K 675 17
                                    

[Unicode]

074: ချင်မျန်နှင့် လဲ့ယ်ထျဲတို့၏နေထိုင်ရာ သာယာအေးချမ်းဖွယ် ဥယျာဥ်ခြံဝန်း​လေး

ခွန်းဇျိုက်နှင့် ရွှမ်းဇျိုက်တို့သည် အဆာပြေမုန့်တွေကို အပေါ်ယံသာ စိတ်ဝင်စားကြသည်။သစ်သားစင်ပေါ်ရှိ သစ်သားဓား၊ ရွက်လှေနှင့် ရထားလုံးတွေကို တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားစွာ ပြေးလာကာ ၎င်းတို့ကို လှမ်းဆွဲယူလိုက်သည်။ချင်မျန်က လမ်းလျှောက်လာပြီး “ဒါက မင်းတို့ဝမ်းကွဲဦးလေး ပေးထားတဲ့ လက်ဆောင်တွေပဲ။မင်းတို့ ဒါ​​တွေနဲ့ ကစားလို့ရပေမယ့် သတိထားဆော့ရမယ်​နော်,ဟုတ်ပြီလား?"

ခွန်းဇျိုက်က ခေါင်းညိတ်ပြပြီး ရွက်လှေကို အောက်သို့ချကြည့်၏။သူ သဘောကျစွာ ပွတ်သပ်လိုက်သည်။

ထို့နောက် ရွှမ်းဇျိုက်သည် ရထားလုံးကို ဆုပ်ကိုင်ထားပြီး ချင်မျန်အား မျှော်လင့်ချက်ကြီးဖြင့် ကြည့်ကာ "ဝမ်းကွဲဦးလေးမျန် ဒီရထားလုံးကို အရမ်းကြိုက်တယ်။သားကိုပေးပါလား?"

“အဲ ...” ချင်မျန် ဘာမှပြန်မဖြေနိုင်​တော့ဘဲ “မင်းကြိုက်ရင် မင်းဝမ်းကွဲဦးလေးကို နောက်တစ်မျိုးလုပ်ခိုင်းလို့ရတယ်” လို့သာ ရွှင်မြူးစွာ ပြန်ပြောလိုက်၏။ဤသည်မှာ လဲ့ယ်ထျဲထံမှ ရ,ထားသည့် နှစ်သစ်ကူးလက်ဆောင်များပင်။သူ ၎င်းတို့အား အခြားသူများအား မပေးလို။

ရွှမ်းဇျိုက်​လေးသည် ရထားလုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး စကားမပြောတော့ဘဲ နှုတ်ခမ်းစူလိုက်သည်။
ရှီယာက မျက်မှောင်ကြုတ်ကာ သူ့ဆီရောက်လာ၏။သူမ တင်းတင်းကျပ်ကျပ်ပြောကာ
"ရွှမ်းရွှမ်း...တတိယအဒေါ်(ရွှမ်းဇျိုက်အ​မေ)က တခြားသူတွေရဲ့ ပစ္စည်းတွေကို မတောင်းဖို့ မသင်ပေးထားဘူးလား?နင်အရမ်းကြိုက်တဲ့ ဝါးပုစဉ်းယာဥ်​ကို ငါလိုချင်တယ်ဆိုရင်ရော ငါ့ကိုပေးမှာလား?"

ရွှမ်းဇျိုက်က အံတွေကြိတ်ပြီး "မ​ပေးဘူး!အဲဒါ သားဥစ္စာ!”

“ဒါဆိုရင် တခြားသူတွေရဲ့ပစ္စည်းကို ဘယ်လိုတောင် တောင်းနိုင်ရတာလဲ?” ရှီယာက တင်းမာစွာ မေးလိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now