Z&U
"ဖွင့်တော့မကြည့်ခဲ့ဘူး ညီမလေးထည့်ပေးတာပဲ ဆွဲလာတာ ကျွန်တော်ဆေးလိပ်သွားသောက်လိုက်အုံးမယ် ပြီးရင်လိုက်ခဲ့မယ်လေ"
"ဒါဆိုသွားပြီဗျာ"
ကျစ်!
ဟူး
"ဟလို"
"ဧကရာဇ်"
"အင်း"
"ဘာအတွက်လဲ"
"ငါကြိုက်တယ်"
"ဟမ်"
"ဘာ!"
"မင်းက ငါ့ကို ချစ်တယ် ဟုတ်လားဧကရာဇ် မဟုတ်ဘူး မဟုတ်ဘူး မင်းဘာဖြစ်နေတာလဲ တစ်ခုခုပြုစားခံလိုက်ရတာလား"
တီ!
"ဘာ!"
"ငါကြိုက်တယ်"
"အား!"
ဒုန်း!
"တောက်! ခွေးသား ငါလိုးထဲမှပဲ ကျစ်"
မကောင်းဘူး!
———
"ဟို သားကစာမေးမလို့လာတာဗျ အဟီး ဆရာအားမှမေးမှာပါ ရပါတယ် ဆရာလုပ်စရာရှိတာဆက်လုပ်ပါ သားမသိတဲ့ဟာတော်တော်များများ ပြန်ရှာလိုက်မယ်လေ"
"ထိုက်သစ်က နောက်ကျတယ်နော် ပြောင်းလာတာလား ဘယ်ကတုန်း"
"သားက ဧရာဝတီတိုင်းကပြောင်းလာတာပါဆရာ တကယ်ဆို ဟင်္သာတမှာတတ်ရမှာဆိုပေမဲ့ မေမေနဲ့ဖေဖေက ရန်ကုန်မှာပဲထားတော့မယ်ဆိုလို့ မေမေနဲ့ဖေဖေတို့ကတော့ရောက်တာကြာပါပြီ"
"အော် အခုဘယ်ရပ်ကွက်မှာနေလဲ အဆင်ပြေလား စာလိုက်ရတာ မသိတာရှိရင်လာမေး ရှက်မနေနဲ့ ငှက်သိုက်တို့နဲ့ခင်တယ်မလား ဘာမှအားနာစရာမလိုဘူးသိလား "
"ဟုတ်ဆရာဟုတ်"
"ဘာဖြစ်နေတာလဲ မင်းက"
"မသိဘူးကွာ"
"ဟုတ်ဆရာ ဟုတ်"
"မင်း ဟိုနေ့ကကောင်"
"မင်းတို့ကဘာလဲကွာ"
"ဘာမဟုတ်ဘူး ငှက်မသွားမယ်"
"နာတယ်ကိုကြီးချက်ရ"
လေးစားလျှက်
မယ်ရွှေဇွန်
Z&U
ဇာမဏီ Video အချို့ကို Edit သေခြာလုပ်နေရင်း ခေါင်းတွေခြာခြာလည်မူးလာလေသည်။ မျက်ဝန်းထဲမြင်ယောင်လာသည်က ပါးဖောင်းဖောင်းတွေနဲ့ ဧကရာဇ်ကမိန်းမောကာ ဇာမဏီ့အနမ်းတွေကို အရသာခံနေလေသည်။ ပါပြင်းလေးက ခပ်ပါးပါးရဲသွေးကြွနေသည့်အပြင် နှုတ်ခမ်းထူထူတွေက ဇာမဏီ့နှုတ်ခမ်းတွေကြား အရသာခံလိုရေနဆဲ။
"အား! မူးသွားလို့ မူးသွားလို့နေမှာပါ"
"ကိုဇာကြီး ထမင်းသွားစားရအောင်လေ ၁၂ ခွဲပြီဗျ ထမင်းချိုင့်ဘာနဲ့ထုတ်ခဲ့လဲ"
"ဖွင့်တော့မကြည့်ခဲ့ဘူး ညီမလေးထည့်ပေးတာပဲ ဆြဲလာတာ ကျွန်တော်ဆေးလိပ်သွားသောက်လိုက်အုံးမယ် ပြီးရင်လိုက်ခဲ့မယ်လေ"
"ဒါဆိုသွားပြီဗျာ"
ဇာမဏီခေါင်းအသာငြိမ့်ပြရင်း ဝရံတာဘက္ထြက္ကာ ဆေးလိပ်ကိုပဲ သောက်နေလိုက်လေသည်။ ဝမ်းထဲဟာတာတာက ထမင်းစာလို့ဖြစ်လိမ့်မည်။ သို့သော်ငြား ဆေးလိပ်ကိုပိုသော်ချင်နေသည်မို့ တစ်လိပ်တော့ ကုန်အောင် သောက်လိုက်သည်။
မျက်စိရှေ့ကအထပ်ပေါင်းများစွာနဲ့ တိုက်ခန်းအချို့က အစီစီအရီရီရှိနေ၏။ ဇာမဏီတို့က ၆ ထပ်လောက်တော့ ရှိလိမ့်မည်။ ဟိုကြည့်သည်ကြည့်နှင့် အတွေးတွေရှင်းထားသော်ငြားလည်း အတွေးတွေထဲ ဧကရာဇ်ကစိတ်ဒုက္ခပေးနေမြဲ။
ကျစ်!
ဆေးလိပ်ဖင်စီးခံကို ဖိနပ်ထိပ်နဲ့နင်းခြေကာ ထမင်းစားဖို့ထွက်လာလိုက်မိသည်။ ထမင်းမစားခင်ဆေးလိပ်သောက်မိသည်မို့ ရင်ထဲတော့အနည်းငယ်မကောင်းပါ။
"မင်းကိုဆေးလိပ်ဖြတ်ဖို့ပြောနေတာမှမဟုတ်တာ လျော့သောက်ဖို့ပြောနေတာကွ"
ကြေမွနေသည့် ဆေးလိပ်ဖင်စီးခံကိုကြည့်ကာ နှာသီးလေးရဲကာပြောနေသည့် ဧကရာဇ်ကိုသတိရမိသည်။ အျမဲလိုလို ဇာမဏီ့အတွက်စိတ်ပူနေတတ်သူ မဟုတ္လား....။
ဒါကိုများမနေ့ကလာခေါ်တာ ဘာလို့များငြင်းခဲ့ရတာလည်း ဇာမဏီသိုက်ရာ...။ ကို့ယ်ကိုကိုအပြစ်တင်သော်ငြား ပြီးခဲ့တာက ပြီးခဲ့ပြီလေ မတတ်နိုင်ပါ။
ဟူး
စိတ်ရှုတ်စရာတွေက သက်ပြင်းတွေလိုလေထဲပါသွားရင် အကောင်းသားရယ်။ ဖုန်းကိုထုတ်ကာ သိန်းဈာန်ဆိုတဲ့ name ကိုခေါ်လိုက်တော့သည်။ ဇာမဏီမစောင့်နိုင်တော့ပါ။ အခုချက်ခြင်းဧကရာဇ်ကိုတောင်းပန်ချင်လာသည်။ တွေ့ချင်လာသည်။
"ဟလို"
"ဧကရာဇ်"
"အင်း"
အချိန်အတော်ကြာ တိတ်ဆိတ်နေသည့် ကိုယ့်ကိုကို ဇာမဏီစိတ်တိုမိသည်။ ဧကရာဇ္ကေတာ့ ခုထိဘာစကားမွမဆိုသလို ဘာကိုမှစမပြောပေ။ ဧကရာဇ်ဖုန်းထဲက လေတိုးသံတိုးတိုးသာ ကြားရလေသည်။
"ငါမင်းဆီ လာခဲ့မလို့ အခုမင်းဘယ်မှာလဲ ကုမ္ပဏီမှာလား အိမ်မှာလား"
"ငါပြင်ဦးလွင်ရောက်နေတာ မင်းလာခဲ့ချင်လား"
"ဟမ် မင်းကထိုင်နေရင်း ဘယ်လိုလုပ်ရောက်သွားတာလဲ"
"ထိုင်နေရင်တော့ရောက်မလား"
ဖုန်းထဲက ဧကရာဇ်၏ငြူစူသံကြားရမှ ဇာမဏီပြုံးမိသည်။ တော်သေးတာပေါ့ တော်သေးတာပေါ့။
"ငါမင်းကိုတောင်းပန်ပါတယ် ဧကရာဇ်သိန်းဈာန် ငါ့ကိုခွင့်လွတ်ပေးမလား"
"ဘာအတွက်လဲ"
ဧကရာဇ်ဆီကအကြောင်းအရာအချို့ ကြားချင်ခဲ့ပေမဲ့ တောင်းပန်သည့်စကားတော့မဟုတ်ခဲ့ပါ။ တကယ်တော့ ဧကရာဇ်ကြားချင်သည့်စကားကလည်း ဇာမဏီ့ဆီက ထွက်လာဖို့ဖြစ်မှမဖြစ်နိုင်တာလေ။
"ငါ ဟိုနေ့ညကကွာ ငါတကယ် မူးနေလို့ပါ ငါတောင်းပါတယ် ငါတကယ်ရူးသွားတာပဲထင်တယ်"
"ငါကြိုက်တယ်"
"ဟမ်"
"ငါမင်းကို ချစ်တယ် ကြိုက်တယ်လို့ သူငယ်ချင်းမဟုတ်ဘဲ အဲ့ဒါကြောင့်နမ်းတာကိုလည်း သဘောကျတယ်"
"ဘာ!"
ဇာမဏီမျက်လုံးပြူးပြီး ပါးစပ်အဟောင်းသားနှင့် အံ့သြသွားလေသည်။ ဧကရာဇ်ကသူ့ကိုချစ်တယ်တဲ့။ ဒါပေမဲ့ ဇာမဏီရယ်ချင်လာသည်။ တွေးရင်းတွေးရင်းရယ်ချင်လာသည်။ သို့သော်ငြား အတည်မဟုတ်ရင် ရယ်စရာဆိုသောငြား အတည်ကြီးဖြစ်နေ၍ ဇာမဏီမရယ်နိုင်ခဲ့ခြေ။ အောင့်သက်သက်နှင့် ခံရခက်၏။
"မင်းက ငါ့ကို ချစ်တယ် ဟုတ်လားဧကရာဇ် မဟုတ္ဘူး မဟုတ္ဘူး မင်းဘာဖြစ်နေတာလဲ တစ်ခုခုပြုစားခံလိုက်ရတာလား"
ဧကရာဇ်ဖုန်းထဲကအသံကိုဖမ်းထားပြီး ပြုံးရုံသာပြုံးနေမိသည်။ ဒီလိုပါပဲ ဇာမဏီသိုက္ဆိုတာ ဒီလိုလူမျိုးမဟုတ်လား။ အရာအားလုံးကို ဟာသလုပ်ပြစ်နိုင်တဲ့ လူမျိုး....။
"အဲ့လိုပြုစားခံရရင်ဆေးရှိအုံးမယ် ဒါပေမဲ့ ငါကတကယ်ကြီး ချစ်တာမို့ ဆေးမရှိဘူး"
"အဟား ဧကရာဇ် ငါအဆင်မပြေဘူးနော်"
ဇာမဏီဖင်ကယားသလိုခေါင်းကယားသလိုနဲ့ တကယ်ကြီးအဆင်မပြေလှ။ အပြင်ကယားတာအကြောင်းမဟုတ် အူတွေအသဲတွေထဲက လှိုက်ကာယားလာတာကဆိုးသည်။ ယောက်ျားချင်း ချစ်သည်ဆိုသည့်စကားက အတော့်ကိုစိတ်အနှောက်အယှက် ဖြစ်ပါ၏။
"ငါသိတယ် မင်းငယ့ကိုမချစ်လည်းရတယ် ငါတစ်ခြားတစ်ယောက်ပြောင်းချစ်တော့မှာမို့ ဒါဘဲနော်"
တီ!
"ဘာ!"
ဇာမဏီဖုန်းကိုကိုင်ရင်း ဟတ်ကော့ကြီးကျန်ခဲ့လေသည်။ သက်ပြင်းချရင်း ထမင်းချိုင့်ဆွဲကာ ထမင်းစားဖို့ပြင်ရင်း မျက်လုံးထဲ ဧကရာဇ်ရဲ့မျက်နှာလုံးလုံးလေးသာ ပေါ်လာလေသည်။ မဟုတ်သေးပါဘူး။ ဇာမဏီက Gay နေတာမှမဟုတ်တာ အခြားယောက်ျားတစ်ယောက်ကို ကြိုက်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ.....။
"ငါကြိုက်တယ်"
"အား!"
ထမင်းတစ်လုပ်စားတိုင်း ဧကရာဇ်ရဲ့အသံပဲကြားနေသည်မို့ စိတ်တွေရှုတ်လာလေသည်။ သက်ပြင်းတွေချရင်း ထမင်းသားဆက်စားနေမိသည်။ သူတကယ်ဧကရာဇ်ကို သဘောကျမနေတာမို့ ဧကရာဇ်ကော အဆင်ပြေပါ့မလား။
"ငါအခြားတစ်ယောက်ပြောင်းချစ်"
ဒုန်း!
"တောက်! ခွေးသား ငါလိုးထဲမွပဲ ကျစ်"
စောက်ရူးပဲဟေ့ စောက်ရူးလိုပဲ။
အူကြောင်ကြောင်အတွေးတွေကို ခေါင်းထဲက ထုတ်ကာထမင်းသာဆက်စားနေသည်။ ဧကရာဇ်မှာ အခြားတစ်ယောက်ရှိတော့ ပိုမကောင်းဘူးလား။
မကောင်းဘူး!
မဟုတ္ဘူး ကောင်းတာပေါ့ ဧကရာဇ်လက်တွဲဖော်က ဧကရာဇ်အပေါ်ကောင်းမှာပါ။ ဟုတ်တယ် စိတ်လျော့ ဇာမဏီ သူငယ်ချင်းမို့ဆိုပြီး စိတ်ပူမနေနဲ့တော့။ အရူးလိုဗြာများနေတဲ့ အတွေးအချို့ကို ဇာမဏီချိတ်ပိတ်ထားလိုက်သည်။ ဟုတ်တယ် ဧကရာဇ်နဲ့ ဇာမဏီနဲ့က သူငယ်ချင်းတွေ.....။
သူငယ်ချင်းတွေမို့ စိတ်ပူနေတာ။ သူငယ်ချင်းတွေပဲ ဘဝမှတစ်ခါလောက် မှားနမ်းဖူးတာတော့ရှိမှာပေါ့ ဟုတ်တယ်ဟုတ်။ ဟုတ်တယ် မှားနမ်းမိတာမို့ Ok တယ် အဆင်ပြေတယ်။ ဇာမဏီက ဧကရာဇ္ကို သူငယ်ချင်းလိုပဲချစ်တာ.......။ ဟုတ်တယ် ဒါအမှန်ပဲ။
"ဆရာပုဂ္ဂိုလ်ထူးနဲ့တွေ့ချင်လို့ပါဗျ ဆရာရှိလားမသိဘူး"
"သားရေ ထူးထူး ဧည့်သည်ရောက်နေတယ် သားတပြည့်လေးဖြစ်မယ် ထူးထူးရေ"
ပုဂ္ဂိုလ်ထူး အိမ်ရှေ့ကဗျာကယာထွက်လာတော့ ငှက်လေးတို့အခန်းထဲက ကျောင်းသားလေးတစ်ယောက်ဖြစ်သည်။ မြင်ဖူးသလိုရှိသော်ငြား နာမည်တော့ သေခြာမသိပါချေ။
"ဆရာ သားဝင်လာလို့ရမလားဗျ"
"ဝင်လာလို့ရတယ်သား လာလာ ဆရာလည်း ဟင်းချက်နေရင်းတန်းလန်းနဲ့မို့ လာဝင်ဝင်"
ထိုက်သစ်အင်္ဂလိပ်စာကျူရှင်လည်း မတတ်နိုင်သည်မို့ ဆရာဆီမသိတဲ့ အင်္ဂလိပ်စာအချို့မေးဖို့ ရောက်လာခြင်းပင်ဖြစ်သည်။ ဒီရောက်တော့ ဆရာကအသေအခြာဧည့်ခံနေသည်မို့ မျက်နှာပူရ၏။
"ဟို သားကစာမေးမလို့လာတာဗျ အဟီး ဆရာအားမွေမးမွာပါ ရပါတယ် ဆရာလုပ်စရာရှိတာဆက်လုပ်ပါ သားမသိတဲ့ဟာတော်တော်များများ ပြန်ရှာလိုက်မယ်လေ"
"အေးကွာအဆင်ပြေရင်လုပ် ဆရာတော့ဟင်းချက်အုံးမယ်"
ပုဂ္ဂိုလ်ထူးတည်ထားတဲ့ဟင်းအိုးကို အမြန်ကျက်အောင်မီးတင်ရင်း ထိုင်မွှေနေလိုက်လေသည်။ တပြည့်တွေစာလာမေးတာရှိသော်ငြား E-major လောက်ကသာမေးတတ်ကြသည်။ အခြားမေဂျာကလာမမေးသည်မို့ အထူးအဆန်းတော့ဖြစ်ရ၏။
"နာမည်ဘယ်လိုခေါ်တုန်း"
"သားနာမည်က ထိုက်သစ်သစ်ဆန်းပါဗျ"
ထိုက္သစ္က ယဉ်ကျေးသည့်အပြင် အနေအထိုင်ကလည်းသိမ်မွေ့၏။ ဟိုအကောင်မင်းရဲစိုးဈာန်နဲ့များ တစ်ခြားစီပင်ဖြစ်သည်။ ဒါနဲ့များတစ်ဖွဲ့တည်း ဘယ်လိုများပေါင်းလည်းမသိ။ ပုဂ္ဂိုလ်ထူးဟင်အသာမွှေရင်း ခေါင်းသာခါလိုက်မိသည်။ သူများမကောင်းကြောင်းတွေ ဆက်မတွေးမိတော့။
"ထိုက္သစ္က နောက်ကျတယ်နော် ပြောင်းလာတာလား ဘယ်ကတုန်း"
"သားက ဧရာဝတီတိုင်းကပြောင်းလာတာပါဆရာ တကယ္ဆို ဟင်္သာတမှာတတ်ရမှာဆိုပေမဲ့ မေမေနဲ့ဖေဖေက ရန်ကုန်မှာပဲထားတော့မယ်ဆိုလို့ မေမေနဲ့ဖေဖေတို့ကတော့ရောက်တာကြာပါပြီ"
"အော် အခုဘယ်ရပ်ကွက်မှာနေလဲ အဆင်ပြေလား စာလိုက်ရတာ မသိတာရှိရင်လာမေး ရှက်မနေနဲ့ ငှက်သိုက်တို့နဲ့ခင်တယ်မလား ဘာမွအားနာစရာမလိုဘူးသိလား "
"ဟုတ်ဆရာဟုတ်"
ခေါင်းကိုဆတ်ခနဲဆတ်ခနဲ ငြိမ့်ကာနာခံတတ်သည့်မို့ ပုဂ္ဂိုလ်ထူးနှင့် ခဏလေးရင်းနှီးသွားလေသည်။ အရပ်ကမြင့်ပြီးလူကောင်ထွားသော်ငြား ဆရာအပေါ်သိတတ်ကာ လိမ္မာ၏။ မင်းရဲစိုးဈာန်တို့များ မက်ရိုင်းထွားကျိုင်းနေတာ။ ဆရာဆရာမှန်းမသိနဲ့ ရိုင်းစိုင်းတာများ လွန်ရော။
"ပုဂ္ဂိုလ်ထူး ငထူး ဘာလုပ်နေလဲ ငါ့ဆီလာအုံး"
"ဘာဖြစ်နေတာလဲ မင်းက"
"မသိဘူးကြာ"
ထိုက်သစ်မှာ ငှက်သိုက်အစ်ကိုကိုတွေ့သည့်မို့ တံခါးနောက်အပြေးပုန်းရသည်လေ။ တော်ကြာဟိုနေ့ကလို ထထိုးနေကာမှ ခွေးပြေးဝက်ပြေးပြေးနေရလိမ့်မည်။
"ထိုက်သစ် ဟာ ထိုက်သစ်သစ်ဆန်း ဘယ်ရောက်သွားတာလဲ လာအုံး ဘာလို့ဂျောင်မှာကပ်နေတာလဲ လာခဲ့"
"ဟုတ္ဆရာ ဟုတ်"
ဇာမဏီ ပုဂ္ဂိုလ်ထူးတို့အိမ်မှာထိုင်နေတဲ့ကောင်ကို သေခြာကြည့်နေမိသည်။ မြင်ဖူးသလိုလိုရယ်။ ဒါပေမဲ့ဘယ်မှာမြင်ဖူးသလဲမမှတ်မိပါခြေ။ ထားပါတော့။
"ဘာဖြစ်လာတာလဲ မင်းက ဒီမှာငါ့တပြည့်ကိုငါ စာပြပေးနေတာ အော်ဟစ်ခေါ်နေတာလူကြားလို့မကောင်းဘူး မသိရင်ငါကသေတော့မဲ့အတိုင်းပဲ"
"အေးပါကွာ ထားပါတော့ ဘာမှမဟုတ်ပါဘူး ဒီတိုင်းမင်းဆီလာတာမင်းမှမအားပဲ"
"ဟယ်ထိုက်သစ် နင်ကကိုကြီးထူးထူးတို့အိမ်ကို ဘယ်ကဘယ်လိုရောက်နေတာလဲ"
အကင်ဝင်ဝယ်နေတဲ့ ငှက်မကအခုမှရောက်လာပြီး ငထူးအိမ်ကကောင်လေးကိုနှုတ်ဆက်နေလေသည်။ ထိုမှဇာမဏီဒီကောင့်ကိုသတိရလေသည်။ ဒါကြောင့် သိသလိုလိုဖြစ်နေတာကိုး ဒီကောင်ဟိုနေ့ကကောင်ပဲ။
"မင်း ဟိုနေ့ကကောင်"
"ကိုကြီးမှားမယ်ဗျ ကျွန်တော်က ငှက်မစက်ဘီးလဲနေလို့ ကူညီပေးတာပါ ကျွန်တော်ပေါက်ကရမလုပ်ဘူး"
"ဒီကောင် ငါ့ညီမနောက်ကဖယ်စမ်း"
ငှက်မနောက်ကနေ နှုတ်သီးကောင်းလျှာပါးနှင့် ရန်တွေ့နေတဲ့ကောင်ရဲ့ ဂုတ္ကိုဆြဲကာ ပုဂ္ဂိုလ်ထူးနားပြန်ပို့ပေးလိုက်သည်။ ရုပ်ကိုကမချိုမချဉ်ရုပ်နှင့်။ ပုဂ္ဂိုလ်ထူးကတော့ ကြောင်တောင်တောင်ဖြစ်နေလေသည်။
"မင်းတို့ကဘာလဲကွာ"
"ဘာမဟုတ္ဘူး ငှက်မသွားမယ်"
ကိုယ်ဝမ်းနာကိုသာသိဆိုသလို ဇာမဏီဘာမှမပြောနိုင်ပဲ ငှက်မကိုဆွဲခေါ်လာသည်။ ဒါတောင်ဒင်းကလှည့်ကြည့်လှည့်ကြည့်နဲ့ သမင်လည်ပြန်နေတုန်းမို့ ခေါင်းကိုခေါက်ထည့်လိုက်လေသည်။ ဇာမဏီ့မွာ လာတုန်းကတော့ကိုယ့်ကိစ္စအဖြေရှာဖို့ အခုတော့ဇာမဏီ့မှာ ဘာမှမလုပ်နိူင်ပဲ ပြန်ခဲ့ရတော့သည်။
"နာတယ်ကိုကြီးချက်ရ"
ငှက်သိုက်မှာ နောက်မှာကျန်ခဲ့တဲ့ ကိုကြီးခူးထူးနဲ့ထိုက်သစ်ကိုကြည့်ကာ ပိတိဖြာဝေနေတုန်းခေါက်ခံရ၍ မအီမသာဖြစ်သွားရလေသည်။ ကိုကြီးထူးထူးက ပုပုလေး ထိုက်သစ်ကအရှည်ကြီးနဲ့ ကြည့်ကောင်းလိုက်လေခြင်း အိုက်ယား.......။
လေးစားလျှက်
မယ်ရွှေဇွန်