အပိုင်း ၁

2K 70 6
                                    

Z&U

"ချက်ကြီး ငါထမင်းချက်ပြီးပြီ နင်ဟင်းချက်တော့!"

ဇာမဏီသိုက်ဆိုတဲ့ နာမည်ကောင်းကို ချက်ကြီးဖြစ်အောင် ဖျတ်ဆီးနိုင်တဲ့ အမေဟာသိပ်တော် သလို ဇာမဏီသိုက်လို ယောက်ျားကောင်းကို မီးဖိုချောင်ထဲ အတင်းထိုးသွင်းနဲ့နေရာမှာလည်း အမေဟာသိပ်တော်သည်။

"မချက်ဘူး အမေချက်! ဘယ့်နှယ့်ဗျာ ယောက်ျားလေးကို ဟင်းချက်ခိုင်းရတယ်လို့ တစ်နေ့တစ်လေ မီးဖိုချောင်ထဲမဝင်ပါရစေနဲ့လား"

"အောင်မယ် မချက်ခြင်မစားနဲ့ဟေ့ ငါချက်တဲ့ ထမင်းလည်းမစားနဲ့ ကိုယ့်ပါကို ချက်စားကြ"

အမေကရစ်ပြီ ထမင်းမစားလို့ အိမ်ရှေ့ကမြက်တွေ ကုန်းကိုက်ရမှာလား။ ပြန်ပြောခြင်သော်ငြား ပြောရင်လည်း နောက်ဆက်တွဲတွေ ထွက်လာမှာစိုးကာ မီးဖိုခန်းထဲဝင်လိုက်လေသည်။

နေ့တိုင်း ညတိုင်း ဟင်းတွေကိုဇာမဏီပဲချက်ရတော့ သူငယ်ချင်းတွေကနေ ချက်ကြီး ချက်ကြီးနဲ့ စခေါ်ရင်း အိမ်နာမည်ကချက်ကြီး ဖြစ်တော့တာပဲ။ တစ်ရပ်ကွက်လုံး ဇာမဏီသိုက်ဘယ်မှာလည်းမေးရင် တစ်ယောက်မှ မသိကြဘူး။

"မပြောဘူး အမေ့ကို လုပ်ခြင်တာသာလုပ် တကယ်ပဲ"

ဒေါသထွက်နေတဲ့ အမေကအိမ်ရှေ့မှာ စက်ထိုင်ချုပ်နေပြီမို့ ဇာမဏီလည်း သက်ပြင်းသာခြနေ လေသည်။ ရုံးဖွင့်ရက်လည်း ထမင်းချိုင့်ထည့်ဖို့နဲ့ အိမ်ဖို့ တစ်ခါတည်းချက်ရသည်။ အမေကထမင်းပဲ ချက်သည်။ ဟင်းမချက် ဟင်းမချက်ဆို ဟင်းရွက်ဟင်းသီး အသားငါး အကုန်ထိတောင်မကြည့်ပေ။

အကုန်ဇာမဏီ့လက် ဇာမဏီခြေ။ ဇာမဏီသာ အိမ်ထောင်ရှင်မကြီးနဲ့ တူနေလေသည်။ ဇာမဏီ့မှာ ဘယ်တုန်းကမှလည်း စာဖိုမှူးဖြစ်ဖို့ ဆုမတောင်းခဲ့ ဖူးပါခြေ။

အမဲသားကိုချက်၊ ပုဇွန်ခြောက်ကို သုပ်ပြီး ဟင်းချိုချက်ဖို့ပြင်ရ စဉ်ရသည်။ အားလုံးပြင်ဆင်ပြီးမှ အမဲသားထဲထည့်ဖို့ မဆလာကမရှိခြေ။ အိမ်ရှေ့မှာတစ်ဂျောင်းဂျောင်း တစ်ဂျုံးဂျုံးနဲ့ စက်ချုပ်နေတဲ့ အမေ့ကိုမခိုင်းရဲ။ ငှက်သိုက်မကိုသာ ရှာရလေသည်။

chatgi & theinzan aern't brother(or)ချက်ကြီးနဲ့သိန်းဈာန်ကညီအစ်ကိုတွေမဟုတ်ဘူးWhere stories live. Discover now