Be My Summer ( Arc 2 ) : M...

By SawNandar173

8.2K 573 92

Unicode Version Be My Summer Series Novel ရဲ့ Season2 ဝေကျင့်ဟုန် Version ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တစ... More

Story Introductions
Chapter : 207 (That Should Be Me)
Chapter : 208 ( Better )
Chapter : 209( Daddy's Girl )
Chapter : 210 ( you'll regret it if you don't tell the truth)
Chapter : 211 ( Dog Food )
Chapter : 212 ( The best One is still yet to come 🚨🚨🚨)
Chapter : 213 ( you're so special to me🚨)
Chapter : 214( Runaway Bride : Part I)
Chapter : 214 ( Runway Bride 2 )
Chapter : 214 ( Runaway Bride 3 )📢NSFW📢
Chapter : 214 ( Runaway Bride : PART 4 )
Chapter : 214 (Runway Bride : PART 5)
Chapter : 214 ( Runaway Bride : FINAL )
Chapter : 214 ( Runway Bride : final )
Chapter : 215 ( Funeral : PART 1 )
Chapter : 215 ( funeral : Part 2)
Chapter : 216 ( Shadow Minder)
Chapter : 217 ( Here We Go 🚨)
Chapter : 218 ( My Mate )
CHAPTER : 219 ( Beyond Addiction : Part 1 )
Arc 2 အတွက် Paid Group စတင်ပါပြီ🚨
CHAPTER : 219 ( Beyond Addiction : Part 2 )
CHAPTER : 219 ( Beyond Addiction : PART 3 🚨with yaoi smut scenes 🚨)
Chapter : 220 (windwirl)
Chapter : 220 ( Part II)
Chapter : 221 🚨
နှစ်သစ်အထူးကံစမ်းမဲ အစီအစဉ်
Chapter :221 ( Part 3)
Chapter : 222 (ရင်ထဲက ဒဏ်ရာ)
Chapter : 223 ( Wedding Days)
🚨FYI🚨

Chapter : 221 ( Part 2 )

145 9 0
By SawNandar173

Unicode Version 

" အခုတော့တပည့် စိတ်ကူးပြောင်းသွားပြီ...ခန္ဓာကိုယ်ချင်းလဲမဲ့အစား... တပည့်တော်ရဲ့ခန္ဓာကိုယ်နဲ့ပဲ အသက်ဆက်ရှင်ချင်တယ်... "


" အကြောင်းအရင်းက ... "


ဝေကျင့်ဟုန် သက်ပြင်းချလိုက်တယ်။


" ယွမ်အာကို ကလေးတွေနဲ့ထားခဲ့ရမှာ တပည့်တော်စိတ်မချဘူး...အရင်တုန်းကတော့ချီကျွင်းရှိတယ်ဆိုပေမဲ့ အခု ဒီလူမှာ အနှောင့်အယှက်ပရောဂတွေဝင်လာပြီ... ဒီအတိုင်း စိတ်ချလက်ချထားခဲ့လို့ မရတော့ဘူး "


" ဒါဆိုရင် အစီအရင်ကိုပြန်ပြောင်းမှဖြစ်မှာပေါ့...ကိုယ်တော်တို့တွေ အပင်ပန်းခံပြင်ဆင်ခဲ့သမျှ အလဟဿဖြစ်ခံလို့ဘယ်ရမလဲ "


ကျက်သရေဆောင်အတွင်း နောက်တဖန်တိတ်ဆိတ်သွားပြန်တယ်။ ဆရာတပည့်နှစ်ယောက်လုံး လက်ဖက်ရည်ကြမ်းကိုသာ တခွက်လုံးကုန်အောင်ထိုင်သောက်နေကြတော့အချိန်အတော်ကြာသည်အထိ စကားပြောမဲ့သူမရှိဘူး။ အချိန်တစ်နာရီခန့်ကြာတော့မှ ကျောင်းထိုင်ဆရာတော်ဘက်က စတင်လှုပ်ရှားလာတယ်။ သူ့အတွက်ပြင်ဆင်ပေးထားတဲ့ ရေနွေးကြမ်းပန်းကန်ထဲက ရေနွေးတွေကို ညာဘက်လက်ညိုးနဲ့ အသာထိတွေ့ပြီး သစ်သားစားပွဲပေါ်မှာ စာလုံးတချို့ရေးသားလိုက်တယ်။


" ရန်သူ "


ဝေကျင့်ဟုန်စာလုံးကိုတစ်ချက်လေးပဲ ကြည့်ရုံကြည့်ပြီး အသိအမှတ်ပြုရုံခေါင်းညိမ့်ပြလိုက်တယ်။ ဆရာတော်ကတော့ သူ့ရဲ့မျက်နှာအမူအရာပြောင်းလဲခြင်းရှိမရှိ အကဲခတ်နေရင်း အလေးအနက်စကားတချို့ထုတ်ပြောလာတယ်။


" သာမာန်ဆိုရင်ဝိဉာဉ်တွေက အားနည်းတတ်ပေမဲ့ တချို့အစွဲအလမ်းကြီးတဲ့ဝိဉာဉ်တွေကျတော့ လူတွေကိုသေစေနိုင်တဲ့အထိ အစွမ်းရှိကြတယ် ဒီကိစ္စကိုပေါ့ပေါ့တန်တန်သဘောထားလို့မရဘူး... "


တပည့်ဖြစ်သူက သေချာစိတ်ဝင်တစားနားထောင်နေတာမြင်တော့ ဆရာတော်လည်းသက်ပြင်းချပြီး.. မျက်လုံးစုံမှိတ်ကာအာရုံပြုလိုက်တယ်။ သူ့နူတ်ကနေ ဂါထာမန္တရားတစ်ခုကို အသက်သွင်းလိုက်တော့ ဆရာတပည့်နှစ်ယောက်ကြားထဲက လေဟာနယ်မှာ ကြေးမုံပြင် သဏ္ထန် နှစ်ဖက်မြင်ပုံရိပ်တွေဖြစ်ပေါ်လာတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲ ကြေးမုံပြင်ရဲ့ မျက်နှာပြင်ပေါ်မှာ ဝေကျင့်ဟုန်မြင်ဖူးနေကျအရိပ်ကလေးပေါ်လာတယ်။ စုယွမ်ကို သူကိုယ်တိုင်ဆင်ပေးလိုက်တဲ့ အဖြူရောင်ရိုးရာဝတ်စုံလေးကိုဝတ်ပြီးအိပ်မောကျလျက်အနေအထားနဲ့ လေဟာနယ်ထဲမျောပါနေတာကိုမြင်လိုက်ရတော့ သူအတော်လေးစိတ်ဝင်စားသွားပြီး မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေမိတယ်။ သူကြည့်နေစဉ်အတောအတွင်းမှာပဲ စုယွမ်အနားကို အရိပ်သဏ္ဌန် အခိုးအငွေ့တစ်ခုရောက်လာပြီး သူမကိုပွေ့ချီကာ နေရာတစ်ခုကိုခေါ်သွားတာမြင်လိုက်ရတယ်။ တိတ်ဆိတ်တဲ့တောအုပ်အလယ်က အုတ်ဂူ ဆီကိုခေါ်ဆောင်သွားပြီး ကျောက်ဖျာထက်မှာလှဲလျောင်းစေတယ်။


ထိုအရိပ်လိုလို အခိုးအငွေ့လိုလို အရာက စုယွမ်ကိုသက်တောင့်သက်သာအနေအထားဖြစ်အောင်ဂရုတစိုက်ပြုပြင်ပေးနေတာမြင်တော့ ဝေကျင့်ဟုန်မျက်မှောင်ကျုံ့ပြီးထုတ်မေးလိုက်တယ်။


"အဲ့ဒါဘယ်သူလဲ "


ကျောင်းထိုင်ဆရာတော်က ငြင်သာစွာပြန်ဖြေတယ်။


" အဲ့ဒါ ချောင်မင်းဟန်ရဲ့အဖွား ပဲ။ ၇ရက်တာ လွင့်မျောနေတဲ့ စုယွမ်ရဲ့စိတ်ဝိဉာဉ်ကိုပြန်ရှာပြီး.. နေရာမှန်ရောက်အောင်ပြန်ပို့ပေးခဲ့တာ... "


ဒီစကားကြောင့် ဝေကျင့်ဟုန် ခြေမကိုင်မိလက်မကိုင်မိဖြစ်ကုန်တယ်။


" ဒါဆို သူအခုထိ မကျွတ်သေးဘူးပေါ့ အဲ့လိုလား... "


" အဲ့ဒီလိုပဲပြောရမှာပေါ့။. ချောင်မင်းဟန် အခုလို လွတ်လွတ်လပ်လပ်လူပ်ရှားသွားလာနိုင်တယ်ဆိုတာလဲ သူ့အဖွားကနောက်ကွယ်ကနေ အများကြီးထောက်ပံ့မူတွေ လုပ်ထားလို့ပဲ... ဒါ့ကြောင့် သေနေ့စေ့ပြီးတဲ့လူတစ်ယောက်ရဲ့ ဝိဉာဉ်က လူ့လောကထဲကိုပြန်ဝင်စားဖို့ လုပ်နေတာပေါ့ "


ဝေကျင့်ဟုန်အခုမှပဲ ဇာတ်ရေလည်သွားတယ်။ တကယ်ဆို မတော်တဆဖြစ်တဲ့နေကတည်းက ချောင်မင်းဟန်ကသေသွားပြီ။ ဒါပေမဲ့ဖြစ်ချင်တော့ သူ့အဘွားက ကြားထဲကနေ နောက်ဘဝကူးမသွားအောင် ကူညီပေးလိုက်တာ ။ ဒါ့ကြောင့် ဒီကောင်က သေသလိုလို ရှင်သလိုလိုဖြစ်ပြီး ခန္ဓာကိုယ်နဲ့စိတ်နဲ့ ခွာသွားတယ်ဆိုပါတော့။ မဒမ်ချောင်ရဲ့ ရည်ရွယ်ချက်ကလည်း သူ့မြေးကိုလူ့လောကထဲပြန်ရောက်အောင်တွန်းပို့ပေးချင်တာဆိုတော့ ကြည့်ရတာ ကြားထဲက အစီအရင်တချို့ဖန်တီးလိုက်တဲ့ပုံစံပဲ ။


" အဘွားကြီးကသေပြီးတာတောင် ဂျိုကြွနေတုန်းပဲ... ဒါဆို တပည့်တော် သတိလက်လွတ်ဖြစ်နေတုန်း စုယွမ်ရဲ့ဝိဉာဉ်ကို ခိုးထုတ်သွားတာ ဒီအဘွားကြီးလက်ချက်ပေါ့.. ဒါတောင် အဘွားကြီးကမကျေနပ်သေးပဲ သူ့မြေးနဲ့မတွေ့တွေ့အောင်ဖန်တီးပေးလိုက်သေးတယ် "


မကျေမနပ်ဖြစ်ရင်းနူတ်ကနေ ညည်းငြူလိုက်ပေမဲ့ ဒါဟာသာမာန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုဖြစ်တာကြောင့် ဝေကျင့်ဟုန်အတွက်ဒါတွေကမထူးဆန်းတော့ဘူး။ ဘာလို့လဲဆိုတော့ ဘိုးဘွားမိဘတွေက သူတို့ကွယ်လွန်ပြီးတာတောင် ကျန်ရစ်သူမိသားစုကို တမလွန်ဘဝကနေ စောင့်ရှောက်နေကြစမြဲ ဆိုတာ သူသိနေလို့ပဲ။ ကွယ်လွန်ချိန်မှာ သူတို့တွေရဲ့ မပြီးပြတ်သေးတဲ့စိတ်ဆန္ဒတွေ၊ အလိုရမက်တွေအားလုံးကို ကျန်ရစ်သူမိသားစုဆီမှာ ပုံအပ်ထားခဲ့ကြပြီး နောက်ဘဝကူးသွားကြတယ်ဆိုပေမဲ့ တချို့တွေကျတော့ သားသမီးမြေးမြစ်အပေါ်ခင်တွယ်လွန်းတဲ့စိတ် အားကြီးနေတာကြောင့်ရယ်၊ မိသားစုကိုယ်တိုင်က သူတို့တွေရဲ့ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့်ရယ်...ဒီလို ခံစားချက်တွေကြောင့်ပဲ နောက်ဘဝကို ကူးပြောင်းဖို့ဆန္ဒမရှိကြတော့ပဲ ကျန်ရစ်သူတွေရဲ့အနားမှတဝဲလည်လည်ဖြစ်နေတတ်ကြတယ်။


ဒီလိုဖြစ်ရပ်မျိုးက ချောင်အိမ်တော်တစ်ခုတည်းမှာပဲပေါ်ပေါက်ခဲ့တာမဟုတ်ဘူး။ အစောင့်အရှောက်နတ်တွေနဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေအလွယ်တကူမဝင်ရောက်နိုင်အောင် စည်းချထားတဲ့ ဝေအိမ်တော်လိုနေရာမျိုးမှာတောင် ဘိုးဘွားဝိဉာဉ်တွေက အခုအချိန်ထိ လှည့်ပါတ်သွားလာစောင့်ရှောက်နေဆဲပါပဲ။ အထူးသဖြင့် အဘိုးဖြစ်သူသခင်ကြီးဝေရှီးချန်ရဲ့ တရားဝင်ဇနီးဖြစ်တဲ့ ဝေအိမ်တော်က ပဉ္စမမြောက်မင်းသမီးဝေချိုးယွဲ့ ဆိုရင် ကွယ်လွန်ပြီးတာနှစ်ပေါင်းခြောက်ဆယ်ခန့်ရှိပြီဖြစ်ပေမဲ့ အခုအချိန်ထိ အဘိုးကို ဝိဉာဉ်ဘဝနဲ့စောင့်ရှောက်နေဆဲဖြစ်တယ်။ သခင်ကြီးအပေါ် ဘေးအန္တရာယ် ကျရောက်တော့မဲ့အချိန်မျိုး၊ ဥပမာ....မသမာသူတစ်ယောက်က နောက်ကွယ်ကနေ ချောင်းမြောင်းတိုက်ခိုက်ဖို့ကြံရွယ်တာ၊ အစာအဆိပ်ခပ်ဖို့ကြံစည်တာတွေ အပြင် ငွေကြေးအခက်အခဲဖြစ်တဲ့အချိုန်မျိုးမှာ ငွေရလွယ်မဲ့လမ်းကြောင်းတွေကိုအိမ်မက်ထဲကနေ သတိပေးတာမျိုး စသည်ဖြင့်နည်းလမ်းပေါင်းစုံ နဲ့နောက်ကွယ်ကနေ ကာကွယ်စောင့်ရှောက်ပေးတယ်။" မဒမ်ချောင်နဲ့ပါတ်သတ်ပြီး ကိုယ်တော့်မှာ ဘာမှပြောစရာစကားမရှိဘူး.. ဒါပေမဲ့ သူ့ရဲ့မြေးအပေါ်စွဲလန်းမူက အတိုင်းထက်အလွန်ဖြစ်နေတယ်ဆိုတော့ကြားထဲမှာ သခင်မကိုအသုံးချသွားမှာပဲ စိုးရိမ်ရတယ် "ကျောင်းထိုင်ဆရာတော်ရဲ့နူတ်ကနေဖွင့်ဟလာတဲ့စကားထဲမှာ လေးနက်တဲ့အဓိပ္ပါယ်တွေ အများကြီးပါဝင်နေမှန်း ဝေကျင့်ဟုန်ရိပ်မိတယ်။ သူကိုယ်တိုင်လည်း စုယွမ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ သန့်စင်တဲ့ ချီဓာတ်တွေ အပြည့်အဝစီးဆင်းနေတာကို တဖြည်းဖြည်းချင်းနားလည်လာပြီး နောက်ပိုင်း သူမကို မျက်စိအောက်က အပျောက်မခံပဲ အနီးကပ်စောင့်ရှောက်ပေးခဲ့တယ်လေ။


တကယ်တော့ ချီစွမ်းအင်ဆိုတာသာမာန်အကျင့်သီလစောင့်ထိန်းသူတွေ နှစ်အတန်ကြာ ကျင့်ကြံအားထုတ်ပြီးမှ သူ့အလိုလိုရလာမဲ့စွမ်းအားတစ်ခုပဲ။ ချီစွမ်းအင်ရဲ့ ထူးခြားချက်တစ်ခုကတော့ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဓာတ်တွေကိုစွန့်ထုတ်ပေးပြီး မတော်တဆဒါဏ်ရာရခဲ့ရင် သူ့အလိုလို ပြန်လည်ကုသနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်တယ်။ နားလည်အောင်ပြောရရင်တော့ စွမ်းအင်အနည်းအများအပေါ်မူတည်ပြီး လူ့သက်တမ်းကိုဆွဲဆန့်လိုက်တဲ့သဘောပါပဲ။ ဒီလို အဖိုးမဖြတ်နိုင်တဲ့ စွမ်းအင်ကိုရဖို့ လူတိုးနီးပါးက သူတို့ရဲ့သက်တမ်းတွေကို အသုံးချပြီး ကျင့်ကြံအားထုတ်ကြပေမဲ့ တချို့ကံကောင်းတဲ့လူတွေကျတော့ အချိန်တွေအကြာကြီးလေ့ကျင့်စရာမလိုပဲ မိခင်ဝမ်းကထွက်လာကတည်းက သန့်စင်တဲ့ချီစွမ်းအင်ကိုပိုင်ဆိုင်ကြတယ်။ ဒါပေမဲ့ခက်တာတစ်ခုက ဒီလို စွမ်းအင်ပိုင်ရှင်တွေရဲ့ မူလခန္ဓာကိုယ်ကို မကောင်းဆိုးဝါးဝိဉာဉ်တွေက သိပ်ကြိုက်ကြတယ်။ သူတို့အတွက်ပူးကပ်ရလွယ်တာကြောင့် သူတို့လိုရာအသုံးချနိုင်ရေးအတွက် ခန္ဓာကိုယ်ပိုင်ရှင်တွေကိုအသည်းအသန်လိုက်ရှာကြတယ်။


စုယွမ်ကလည်း အဲ့ဒီလို လူထူးဆန်းတွေထဲကတစ်ယောက်ပဲ။ သူမကကိုယ်တိုင်မကျင့်ကြံပါပဲနဲ့ ခန္ဓာကိုယ်ထဲကနေ ချီစွမ်းအင်တွေ အလိုအလျောက် စိမ့်ထွက်နေလေ့ရှိတယ်။ ဒါ့ကြောင့်ပဲ အရှေ့မှာ သူမဘယ်လောက်ပဲ အသက်အန္တရာယ်တွေကြုံခဲ့ ကြုံခဲ့...ချီစွမ်းအင်တွေကြောင့်ပဲ အသက်ဘေးက အလွယ်တကူလွတ်မြောက်လာတယ်။ ဒါ့အပြင် သူမရဲ့ချီစွမ်းအင်ကြောင့်ပဲ ယင်ဓတ်အလွန်အမင်းအားနည်းနေတဲ့ ဝေကျင့်ဟုန်ကို ကယ်တင်နိုင်ခဲ့ပြီး၊ ဘဝသက်တမ်းကုန်လွန်ပြီးဖြစ်လျင့်ကစား အသက်ဓာတ်ကို အခုအချိန်ထိဆွဲဆန့်ထားနိုင်ခဲ့တယ်။


( စာဖတ်သူတွေ နားလည်အောင် ဉပမာပေးရမယ်ဆိုရင်... ဒီလို...ရေခဲသေတ္တာထဲက expired dateကုန်ခါနီး ပေါင်မုန့်ကို ထုတ်ပြီး ကြက်ဉကို ခလောက်၊ ပြီးရင် ဆီပူပူထဲထည့်ပြီး ရောကြော်လိုက်သလိုပါပဲ။ လွှင့်မပစ်ရတော့ပဲ မနက်စာ ပေါင်မုန့်ကြက်ဥကြော်တစ်ပွဲ ရအောင်ဖန်တီးလိုက်သလိုပေါ့ XD Just for kidding...)ခက်တာက စုယွမ်နဲ့စေ့စပ်ပြီး ကလေးတန်းရလာတော့ အရင်က သူတစ်ယောက်တည်းအပိုင်ရခဲ့တဲ့ ချီစွမ်းအင်တွေက ကလေးတွေကို မျှဝေပေးလိုက်သလိုဖြစ်သွားပြီး ဝေကျင့်ဟုန်တဖြည်းဖြည်း အားအင်ဆုတ်ယုတ်လာတယ်။ ဒီ့အတွက်ကြောင့်ပဲ သူ့ကိုငယ်ငယ်လေးကတည်းက ကျင့်စဉ်တွေ သင်ကြားပေးခဲ့တဲ့ ဘုန်တော်ကြီးကျောင်းကိုလတိုင်းပြန်လာပြီးဆရာတော့်ဆီက ချီစွမ်းအင်တွေကို ဆေးရည်အဖြစ်နဲ့ မှီဝဲနေရတယ်။အခုဝေကျင့်ဟုန်စိတ်ပူနေတာက သူ့အတွက်မဟုတ်ဘူး ။ စုယွမ်အတွက်ပဲ။ စုယွမ်က ကိုယ်ဝန်လွယ်ထားရတဲ့အတွက် သူမခန္ဓာကိုယ် အတွင်းက ချီစွမ်းအင်တွေက အင်မတန်လျော့နည်းနေတယ်။ ဒါ့အပြင်ကိုမှ အခုဟိုခွေးမသားက အိမ်မက်တွေ ပေးဘာတွေပေးနဲ့ဆိုတော့ သူ့ခင်မျာ အသက်တောင်ဖြောင့်ဖြောင့်မရူရဲဘူးဖြစ်နေတယ်။" ဒီပုံစံအတိုင်းဆို တပည့်တော်တို့ ဒီညအိမ်ပြန်လို့ဖြစ်ပါ့မလား.. "


ဝေကျင့်ဟုန်ရဲ့စိတ်ထဲမှာ ဒီအတိုင်းပြန်သွားရင် အိမ်တော်မရောက်ခင် စုယွမ်တစ်ခုခုဖြစ်သွားမှာ စိုးရိမ်နေတယ်။ ဒါကိုသတိထားမိတဲ့ဆရာတော်ကလည်း ခေါင်းတညိမ့်ညိမ့်နဲ့...


" မင်္ဂလာပွဲမရောက်ခင်အထိတော့ ဒီမှာပဲနေလိုက်၊ ဒီအတောအတွင်း သခင်မအားပြန်ပြည့်လာအောင် ကိုယ်တော် စီစဉ်ပေးမယ် ဟုတ်ပြီလား "


"တင်ပါ့ဘုရား... "


နောက်ထပ်သုံးနာရီလောက်ကြာတဲ့အထိ ဆရာတော်နဲ့ အစီအရင်အကြောင်းဆွေးနွေးပြီး.မှပဲ ဝေကျင့်ဟုန် ကျက်သေရေဆောင်ထဲကပြန်ထွက်လာတယ််။


***********************************နောက်ရက်တွေမှာတော့ ‌ စုယွမ်ဆီကို ဦးလေးကျန်းရောက်ချလာတယ်။ သူ့စိတ်ရင်းအတိုင်းသာဆို မနေ့ကတည်းက လာချင်ပေမဲ့ သခင်ကြီးက သူ့ကိုလှမ်းတားပြီး အားပြည့်မဲ့အစားအစာတွေချက်ပြီးမှ တခါတည်းယူသွားလို့ ပြောလာတော့ နောက်ဆုံးမလွန်ဆန်နိုင်တော့ပဲ သခင်ကြီးစကားနားထောင်လိုက်ရတော့တယ်။ဒီ ရောက်တော့ ထုံးစံအတိုင်း တူမလေးဆီ သုတ်ချေတင်ပြေးပြီး အိမ်ကပါလာတဲ့ အဖိုးတန် အားဖြည့်စားစရာတွေ အကုန်စားခိုင်း။ သူနဲ့အတူပါလာတဲ့ ဆရာဝန်တွေနဲ့ သေချာစစ်ဆေးပြီး စိတ်ချရပြီဆိုတော့မှ .. ဦးလေးကျန်းခင်မျာ စိတ်အေးလက်အေး ဖြစ်သွားတော့တယ်။


" ကဲ သမီးကိုစိတ်ပူမနေပါနဲ့တော့ လာအေးဆေးထိုင်နားပါဦး"


အခန်းထဲရှိသမျှ အစေခံတွေကိုပြန်လွှတ်ပြီး နှစ်ယောက်တည်းကျန်ခဲ့ချိန်မှာတော့ စုယွမ်နဲ့ ဦးလေးကျန်းတို့တူအရီးတွေ အောက်မှာခင်းထားတဲ့သစ်သားကြမ်းခင်းပေါ် ဆင်းထိုင်ကြတယ်။ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ စုယွမ်လည်း ခုံပေါ်မှာကြာကြာမထိုင်နိုင်၊ ဦးလေးကျန်းကလည်း အသက်ကြီးပြီဆိုတော့ အရင်ကလို အရိုးအဆစ်တွေကကောင်းတော့တာမဟုတ်ဘူး။ ဒီတော့ ကြမ်းပြင်ပေါ်မှာ အဝတ်စလေးခင်းပြီး ဦးလေးကျန်းက ခြေဆင်းထိုင်၊ စုယွမ်က သူ့ဉီးလေးပေါင်ပေါ် ခေါင်းမှီပြီး လှဲလျောင်းအနားယူကြတယ်။


အသက်တွေကြီးလာတော့ ဦးလေးကျန်းရဲ့ အသားအရေက လျော့တိလျော့ရဲ့ ဖြစ်နေခဲ့ပြီ။သို့သော်အရင်တုန်းကလို အသားအရေပြည့်ပြည့်ဖြိုးဖြိုးမရှိတော့ပေမဲ့ ဦးလေးကျန်းကသွက်လက်ထက်မြတ်နေစမြဲ။ အမြဲလိုလို နူးညံ့နွေးထွေးတဲ့ အပြုံးချိုချိုလေးတွေနဲ့ မြင်သမျှလူတိုင်းကို နွေးထွေးကြင်နာစွာဆက်ဆံပေးလေ့ရှိတယ်။


အခုလည်း သူ့တူမလေးကို ပြုံးပြုံးရွင်ရွှင်နဲ့လက်ခံကြိုဆိုပြီး စုယွမ်ကလေးဘဝတုန်းကအတိုင်းပဲ ဦးခေါင်းထိပ်က ဆံပင်လေးကိုငြင်သာစွာပွတ်သတ်ပေးနေတယ်။


" အင်း ငါ့တူမလေးကိုတောင် အိမ်ထောင်ချပေးရတော့မှာပဲ.. အချိန်တွေကလည်းကုန်တာမြန်လိုက်တာ ... "


ဦးလေးကျန်းအတွက်တော့ စုယွမ်က သမီးအရင်းလေးတစ်ယောက်လို ပါပဲ။ ကလေးမမျက်စိရှေ့တင်ကြီးပြင်းလာတဲ့ကလေးမလေးမို့ သူမှာရှိတဲ့ အခြားဆွေမျိုးရင်းတွေထက်စာရင် ပိုတောင်ချစ်သေးတယ်။ အခုလည်း သူ့စိတ်ထဲမှာ သမီးကိုအိမ်ထောင်ချပေးလိုက်ရတော့မဲ့ ဖခင်တစ်ယောက်လိုမျိုး.. စုယွမ်အတွက်စိုးရိမ်မူတွေ ဖြစ်ပေါ်နေတယ်။ ဒါ့ကြောင့်ပဲ နှစ်ယောက်တည်းရှိမဲ့အချိန်ကို ရွေးပြီး ကလေးနားလည်အောင်ဆုံးမဖို့ လုပ်တော့တယ်။


သူနဲ့အတူပါလာတဲ့ လွယ်အိတ်ထဲကနေ စာအုပ်လေးတစ်အုပ်ကိုထုတ်ပြီး စုယွမ်ကို အသံထွက်ဖတ်ခိုင်းတယ်။ စာအုပ်ရဲ့အကြောင်းအရာကတော့ ဝေအိမ်တော်က အုပ်ချုပ်သူ တွေအတွက်ပြဌာန်းထားတဲ့လက်စွဲကျင့်စဉ်တွေကိုရေးသားဖော်ပြထားတာဖြစ်ပြီး.. အိမ်တော်တစ်ခုလုံးမှာ ဝေရှီးချန်တစ်ယောက်ပဲ ဖတ်ရူခွင့်ရှိတယ်။


ဒီလိုအဖိုးတန်စာအုပ်မျိုးကို ဘာကြောင့်သူမလက်ထဲ ထည့်ပြီးဖတ်ခိုင်းလဲဆိုတာ စုယွမ်မသိဘူး။ ဒါပေမဲ့ ဦးလေးကျန်းကိုမလွန်ဆန်ရဲတော့ ကြမ်းပြင်ပေါ်လျဲလျောင်းနေရင်းကပဲ စာဖတ် ပြနေလိုက်တယ်။ စာအုပ်ထဲမှာရေးထားတာကတော့ ခေတ်အဆက်ဆက်က ဝေမျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ရာမှာ အသုံးပြုခဲ့ကြတဲ့စည်းမျဉ်းစည်းကမ်းတွေ၊ စံသတ်မှတ်ချက်တွေနဲ့ ခေါင်းဆောင်တစ်ယောက်ချင်းစီရဲ့ အုပ်ချုပ်ပုံနည်းစနစ် ၊ အားသာချက်အားနည်းချက်တွေကိုသေချာပုံနဲ့တကွ ရှင်းပြထားတယ်။


ဦးလေးကျန်းကောင်းကောင်ကြားနိုင်လောက်တဲ့အသံအနေအထားနဲ့ စကားလုံးတလုံးချင်းစီကိုသေချာဖတ်ပြရင်း စုယွမ်တွေးမိတာက.. သူမရဲ့ခင်ပွန်းသည်မှာ ဒီစာအုပ်တွေထဲကတိုင်း အရည်အချင်းတွေ အတိအကျရှိနေပါလျက်နဲ့...သခင်ကြီးက ဘာလို့အခုထိနေရာမလွှဲပေးသေးတာလဲပေါ့။


တကယ်တမ်းပြောကြေးဆို ဝေကျင့်ဟုန်က အိမ်တော်သခင်နေရာအတွက် အသင့်တော်ဆုံးလူပဲ။ ကိုယ့်ယောင်္ကျားမလို့ကြွားပြောတာတော့မဟုတ်ဘူး။ အိမ်ဦးနတ်ကြီးက ဘာပဲလုပ်လုပ် တိကျသေချာမှာကိုကြိုက်တာ။ နူတ်နည်းသလောက်လက်ကတော့ ဘာသွက်သလဲမပြောနဲ့...။ အမြဲတမ်း အလုပ်နဲ့လက်နဲ့ပြတတ်တယ်လို့ကိုမရှိဘူး။ လုပ်ငန်းမှာဆိုရင်လည်း သူကနာမည်တလုံးနဲ့နေတာ၊ ဘယ်တော့မှ ကတိမဖျက်ဘူး။ ဘယ်တော့မှ မလှည့်ဖျားဘူး။ မှန်သောသစ္စာစကားကိုဆိုပြီး အပေါင်းအသင်းတွေအခက်အခဲ့ကြုံလာတိုင်း သူက တတ်နိုင်သလောက်ကူညီပေးတတ်လို့ သူ့ကြောင့်တစ်ခါမှ မကောင်းသတင်းမကြားခဲ့ရဖူးဘူး။တခါတလေကျရင် တစ်ဖက်လူက အလုပ်တွေချည်းပဲဆက်တိုက်လုပ်နေတော့ စုယွမ်ပေါက်ပေါက်ရှာရှာတွေးမိတယ်။ သူမကိုမချစ်လို့ အလုပ်တွေချည်းဖိလုပ်နေတာလားလို့လေ။ ဒါပေမဲ့ညတိုင်းမှာသူ့ဆီကအချစ်တွေလက်ခံရရှိလာပြန်တော့လည်း.. အဟင်း... သူမတွေးတာ အရမ်းဆောသွားမှန်း ရိပ်မိလာတယ်။


စုယွမ်စာအုပ်ဖက်နေရင်း အသံတိတ်သွားတော့ ဦးလေးကျန်းက သူ့တူမသူခေါင်းငုံ့ကြည့်တယ်။


"စာဖတ်တာပြီးသွားပြီလား "


စုယွမ်ခေါင်းညိမ့်ပြရင်း စပ်စုချင်စိတ်နဲ့ဦးလေးကျန်းကိုမေးလိုက်တယ်။


" လေးလေး.. သမီးတစ်ခုမေးချင်လို့... သခင်ကြီးကလေ သူ့နေရာဆက်ခံမဲ့လူကို ဘာလို့ အခုထိမရွေးသေးတာလဲဟင် သူ့စိတ်ထဲမှာတခြားသဘောကျတဲ့လူတစ်ယောက်ယောက်ရှိနေလို့လား "


ဒီစကားကြားတော့ ဦးလေးကျန်းကရယ်တယ်။


" သမီးကဘယ်လိုထင်လို့လဲ... "


စုယွမ် ဝမ်းသာအားရနဲ့ အလူးအလဲထလာရင်း


" သမီးကတော့ စီနီယာဝေလို့ထင်တာပဲ... သူက လုပ်ရည်ကိုင်ရည်လည်းရှိတယ်၊ အိမ်တော်တစ်ခုလုံးကိုလည်း စနစ်တကျအုပ်ချုပ်နိုင်တယ်၊ သူနဲ့သက်တူရွယ်တူတွေကြားထဲမှာ အိမ်တော်သခင်နေရာနဲ့သူနဲ့ အသင့်တော်ဆုံးပဲလို့ သမီးထင်တယ် "


ဦးလေးကျန်းက သူမကိုသေချာစိုက်ကြည့်ပြီး...ရူပ်ပွနေတဲ့ ဆံပင်တွေကိုငြင်သာစွာပွတ်သတ်ပေးနေတယ်။" အားဟုန်ကို တာဝန်ပေးလို့မဖြစ်ဘူး "


" ဘာလို့လဲ လေးလေးရဲ့ "


ဦးလေးကျန်း ပြောသင့်မပြောသင့်ချိန်နေရင်း အတန်ကြာတော့မှ


" ယွမ်အာ အခုလေးလေးပြောတဲ့စကားကို သေချာနားထောင်... အားဟုန်မွေးကင်းစအရွယ်တုန်းက လေးလေးတို့လူကြီးတွေကျောင်း


ထိုင်ဘုန်းကြီးဆီမှာ ဇာတာတွက်ခဲ့ကြတယ်။ ဆရာတော်ပြောတာက ဒီကလေးက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ပေမဲ့ သူ့မှာ သက်တမ်းကြာကြာနေရမဲ့ကံဇာတာပါမလာဘူး။ အသက်နှစ်ဆယ်မပြည့်ခင်မှာပဲ သူကွယ်လွန်လိမ့်မယ်လို့အတိအကျဟောခဲ့တာ။ "


အဲ့ဒီနောက်ပိုင်းစုယွမ်နဲ့ဝေကျင့််ဟုန်တွေပြီး ဝေကျင့်ဟုန်ရဲ့ အသက်လမ်းကြောင်းပြောင်းလဲသွားပုံတွေကို ခရေစေ့တွင်းကျရှင်းပြလိုက်တော့ စုယွမ်ခင်မျာ စကားတောင်ကောင်းကောင်းမပြောနိုင်တော့ပဲ အာစေးမိသလို ဆွံ့အနေတော့တယ်။


"အခု လေးလေးသမီးကိုတောင်းဆိုချင်တာက အားဟုန်ကိုယ်စား သမီးကပဲ ဒီနေရာကိုလက်ခံပေးဖို့ပဲ။ အားဟုန်ရဲ့ ကျန်းမာရေးအခြေအနေက သမီးထင်ထားတာထက်ပိုဆိုးနေတယ် ဒီတာဝန်တွေအကုန်လုံးသူ့ပုခုံးပေါ်ကကျလာရင် သူတစ်ယောက်တည်းနဲ့ဘယ်လိုမှမဆင်ပြေမှာမဟုတ်ဘူး။ ဒီတော့ သမီးက ပဲ ဒီမျိုးနွယ်စုခေါင်းဆောင်နေရာကိုလက်ခံပြီး အားဟုန်ကိုစောင့်ရှောက်ပေးပါ ဟုတ်ပြီလား.. ?"


စုယွမ်အတန်ကြာတဲ့အထိ နူတ်ဆိတ်နေပြီမှ...


" ဒါပေမဲ့ဝေအိမ်တော်မှာ စည်းကမ်းရှိပြီးသားလေ ဝေမျိုးနွယ်ဝင်တစ်စုံတစ်ယောက်ကပဲ ခေါင်းဆောင်နေရာရယူနိုင်တယ် လို့ရေးထားတယ်လေ.. "


ဦးလေးကျန်းခေါင်းတညိမ့်ညိမ့်နဲ့သက်ပြင်းချပြီး...


" တကယ်တော့ အဲ့ဒီစည်းကမ်းက ပြောင်းလဲလို့ရတယ်။ ဘာလို့ဆို အခုအိမ်တော်သခင်ကြီးရဲ့ မူရင်းနာမည်က ကျိုးရှီးချန် မလို့ပဲ.. "


ဝေရှီးချန်ရဲ့နာမည်အရင်းက ကျိူးရှီးချန်ဖြစ်ပြီး ဝေမျိုးနွယ်ဝင်တွေရဲ့ ခေါင်းဆောင်နေရာကိုဆက်ခံဖို့အတွက် ဝေအိမ်တော်က တော်ဝင်မင်းသမီးဖြစ်သူဝေချိုးယွဲ့နဲ့ လက်ထပ်ခဲ့ပြီး ဝေမျိုးရိုးခံယူခဲ့တယ်။


ကျိူးရှီးချန်တစ်ယောက် ဝေမျိုးနွယ်ဝင် ဖြစ်မလာခင် ကလေးဘဝအစမှာကတည်းက ဝေအိမ်တော်က စာသင်စာချ ပုဂ္ဂိုလ် တရားရေးရာအမတ်ကြီးဝေဇီထောင်း ရဲ့ အားအကိုးရဆုံးတပည့်သားမြေးတစ်ယောက်ဖြစ်ခဲ့ဘူးတယ်။ အဲ့ဒီခေတ်က ပညာတတ်ပုဂ္ဂိုလ်ရှားပါးတဲ့အတွက် စာသင်ကျောင်းတွေကိုကျယ်ကျယ်ပြန့်ပြန့်မဖွင့်လှစ်နိုင်ခဲ့ဘူး။ ဒါ့ကြောင့်ပဲ မြို့တော်ကအထင်ကရပညာရှင်တစ်ဦးဖြစ်တဲ့ ဝေဇီထောင်းကပဲ အပင်ပန်းခံပြီးအနီးအနားရွာကကလေးတွေကို သူ့အိမ်ခေါ်ကာ ညအိပ်ညနေစာသင်ပေးခဲ့တယ်လေ။သူရဲ့ တပည့်တွေထဲမှာ ကုန်သည်မျိုးရိုးကဆင်းသက်လာတဲ့ကျိုးအိမ်တော်က တတိယသခင်လေး ကျိုးရှီးချန်က မျက်နှာသာအပေးခံရဆုံးပဲ။

ဒီလိုနဲ့ ကျိုးရှီးချန်သူ့အသက် ဆယ်နှစ်နှစ်သားအရွယ် ရောက်တော့ မြို့တော်မှာ ကပ်ရောဂါတစ်ခု ဖြစ်ပွားခဲ့ပြီး သူစာသင်နေကျ ဝေအိမ်တော်ကလူတွေအပါအဝင် တစ်မြို့လုံးနီးပါး အသက်ဘေးဒုက္ခရောက်ကုန်တယ်။ နောက်ဆုံးမှာ ကပ်ရောဂါကြောင့်ပဲ ဝေအိမ်တော်ရဲ့အမျိုးကောင်းသားတွေ အကုန် အသက်ဆုံးရူံးခံလိုက်ရပြီး သေအံ့ဆဲဆဲဖြစ်နေတဲ့ ဆရာကြီး ဝေဇီထောင်းတစ်ယောက်ပဲကျန်ရစ်ခဲ့တယ်။ ဝေဇီထောင်းက သူ့ရဲ့မျိုးရိုးဂုဏ်သိက္ခာကိုဆောင့်ထိန်းပေးဖို့အတွက်ကျိုးရှီးချန်ကို မျိုးနွယ်နာမည်စွန့်လွတ်ခိုင်းပြီး သူ့ထက်အသက်ဆယ်နှစ်လောက်ကြီးတဲ့ဝေချိုးယွဲနဲ့ လက်ထပ်ပေးဖို့ မှာပြီး တမလွန်ဘဝကိုကူးပြောင်းသွားခဲ့တယ်။

ကျေးဇူးရှင်ဆရာကြီးကိုကျေးဇူးဆပ်ဖို့တစ်ခုတည်းအတွက်နဲ့ သခင်ကြီးက သူ့မျိုးရိုးကိုစွန့်လွတ်ခဲ့ရတယ်။ဒါဆို သူမရော ခေါင်းဆောင်နေရာရအောင် ဟန်မျိုးရိုးကိုစွန့်လွတ်ပြီး ဝေမျိုးနွယ်ခံယူမှကို ဖြစ်တော့မှာလား..?


" ဟင့်အင်း.. သမီးကတော့ မျိုးရိုးနာမည်ကိုဘယ်တော့မှ စွန့်လွတ်မှာမဟုတ်ဘူး.. "


***************************************************************************

 ZawGyi Version


" အခုေတာ့တပည့္ စိတ္ကူးေျပာင္းသြားၿပီ...ခႏၶာကိုယ္ခ်င္းလဲမဲ့အစား... တပည့္ေတာ္ရဲ႕ခႏၶာကိုယ္နဲ႔ပဲ အသက္ဆက္႐ွင္ခ်င္တယ္... "

" အေၾကာင္းအရင္းက ... "

ေဝက်င့္ဟုန္ သက္ျပင္းခ်လိုက္တယ္။

" ယြမ္အာကို ကေလးေတြနဲ႔ထားခဲ့ရမွာ တပည့္ေတာ္စိတ္မခ်ဘူး...အရင္တုန္းကေတာ့ခ်ီကြၽင္း႐ွိတယ္ဆိုေပမဲ့ အခု ဒီလူမွာ အေႏွာင့္အယွက္ပေရာဂေတြဝင္လာၿပီ... ဒီအတိုင္း စိတ္ခ်လက္ခ်ထားခဲ့လို႔ မရေတာ့ဘူး "

" ဒါဆိုရင္ အစီအရင္ကိုျပန္ေျပာင္းမွျဖစ္မွာေပါ့...ကိုယ္ေတာ္တို႔ေတြ အပင္ပန္းခံျပင္ဆင္ခဲ့သမွ် အလဟႆျဖစ္ခံလို႔ဘယ္ရမလဲ "

က်က္သေရေဆာင္အတြင္း ေနာက္တဖန္တိတ္ဆိတ္သြားျပန္တယ္။ ဆရာတပည့္ႏွစ္ေယာက္လုံး လက္ဖက္ရည္ၾကမ္းကိုသာ တခြက္လုံးကုန္ေအာင္ထိုင္ေသာက္ေနၾကေတာ့အခ်ိန္အေတာ္ၾကာသည္အထိ စကားေျပာမဲ့သူမ႐ွိဘူး။ အခ်ိန္တစ္နာရီခန္႔ၾကာေတာ့မွ ေက်ာင္းထိုင္ဆရာေတာ္ဘက္က စတင္လႈပ္႐ွားလာတယ္။ သူ႕အတြက္ျပင္ဆင္ေပးထားတဲ့ ေရေႏြးၾကမ္းပန္းကန္ထဲက ေရေႏြးေတြကို ညာဘက္လက္ညိဳးနဲ႔ အသာထိေတြ႕ၿပီး သစ္သားစားပြဲေပၚမွာ စာလုံးတခ်ိဳ႕ေရးသားလိုက္တယ္။

" ရန္သူ "

ေဝက်င့္ဟုန္စာလုံးကိုတစ္ခ်က္ေလးပဲ ၾကည့္႐ုံၾကည့္ၿပီး အသိအမွတ္ျပဳ႐ုံေခါင္းညိမ့္ျပလိုက္တယ္။ ဆရာေတာ္ကေတာ့ သူ႕ရဲ႕မ်က္ႏွာအမူအရာေျပာင္းလဲျခင္း႐ွိမ႐ွိ အကဲခတ္ေနရင္း အေလးအနက္စကားတခ်ိဳ႕ထုတ္ေျပာလာတယ္။

" သာမာန္ဆိုရင္ဝိဉာဥ္ေတြက အားနည္းတတ္ေပမဲ့ တခ်ိဳ႕အစြဲအလမ္းႀကီးတဲ့ဝိဉာဥ္ေတြက်ေတာ့ လူေတြကိုေသေစႏိုင္တဲ့အထိ အစြမ္း႐ွိၾကတယ္ ဒီကိစၥကိုေပါ့ေပါ့တန္တန္သေဘာထားလို႔မရဘူး... "

တပည့္ျဖစ္သူက ေသခ်ာစိတ္ဝင္တစားနားေထာင္ေနတာျမင္ေတာ့ ဆရာေတာ္လည္းသက္ျပင္းခ်ၿပီး.. မ်က္လုံးစုံမွိတ္ကာအာ႐ုံျပဳလိုက္တယ္။ သူ႕ႏူတ္ကေန ဂါထာမႏၲရားတစ္ခုကို အသက္သြင္းလိုက္ေတာ့ ဆရာတပည့္ႏွစ္ေယာက္ၾကားထဲက ေလဟာနယ္မွာ ေၾကးမုံျပင္ သဏၳန္ ႏွစ္ဖက္ျမင္ပုံရိပ္ေတြျဖစ္ေပၚလာတယ္။

စကၠန္႔ပိုင္းအတြင္းမွာပဲ ေၾကးမုံျပင္ရဲ႕ မ်က္ႏွာျပင္ေပၚမွာ ေဝက်င့္ဟုန္ျမင္ဖူးေနက်အရိပ္ကေလးေပၚလာတယ္။ စုယြမ္ကို သူကိုယ္တိုင္ဆင္ေပးလိုက္တဲ့ အျဖဴေရာင္႐ိုးရာဝတ္စုံေလးကိုဝတ္ၿပီးအိပ္ေမာက်လ်က္အေနအထားနဲ႔ ေလဟာနယ္ထဲေမ်ာပါေနတာကိုျမင္လိုက္ရေတာ့ သူအေတာ္ေလးစိတ္ဝင္စားသြားၿပီး မ်က္ေတာင္မခတ္စတမ္း စိုက္ၾကည့္ေနမိတယ္။ သူၾကည့္ေနစဥ္အေတာအတြင္းမွာပဲ စုယြမ္အနားကို အရိပ္သဏၭန္ အခိုးအေငြ႕တစ္ခုေရာက္လာၿပီး သူမကိုေပြ႕ခ်ီကာ ေနရာတစ္ခုကိုေခၚသြားတာျမင္လိုက္ရတယ္။ တိတ္ဆိတ္တဲ့ေတာအုပ္အလယ္က အုတ္ဂူ ဆီကိုေခၚေဆာင္သြားၿပီး ေက်ာက္ဖ်ာထက္မွာလွဲေလ်ာင္းေစတယ္။

ထိုအရိပ္လိုလို အခိုးအေငြ႕လိုလို အရာက စုယြမ္ကိုသက္ေတာင့္သက္သာအေနအထားျဖစ္ေအာင္ဂ႐ုတစိုက္ျပဳျပင္ေပးေနတာျမင္ေတာ့ ေဝက်င့္ဟုန္မ်က္ေမွာင္က်ံဳ႕ၿပီးထုတ္ေမးလိုက္တယ္။

"အဲ့ဒါဘယ္သူလဲ "

ေက်ာင္းထိုင္ဆရာေတာ္က ျငင္သာစြာျပန္ေျဖတယ္။

" အဲ့ဒါ ေခ်ာင္မင္းဟန္ရဲ႕အဖြား ပဲ။ ၇ရက္တာ လြင့္ေမ်ာေနတဲ့ စုယြမ္ရဲ႕စိတ္ဝိဉာဥ္ကိုျပန္႐ွာၿပီး.. ေနရာမွန္ေရာက္ေအာင္ျပန္ပို႔ေပးခဲ့တာ... "

ဒီစကားေၾကာင့္ ေဝက်င့္ဟုန္ ေျခမကိုင္မိလက္မကိုင္မိျဖစ္ကုန္တယ္။

" ဒါဆို သူအခုထိ မကြၽတ္ေသးဘူးေပါ့ အဲ့လိုလား... "

" အဲ့ဒီလိုပဲေျပာရမွာေပါ့။. ေခ်ာင္မင္းဟန္ အခုလို လြတ္လြတ္လပ္လပ္လူပ္႐ွားသြားလာႏိုင္တယ္ဆိုတာလဲ သူ႕အဖြားကေနာက္ကြယ္ကေန အမ်ားႀကီးေထာက္ပံ့မူေတြ လုပ္ထားလို႔ပဲ... ဒါ့ေၾကာင့္ ေသေန႔ေစ့ၿပီးတဲ့လူတစ္ေယာက္ရဲ႕ ဝိဉာဥ္က လူ႕ေလာကထဲကိုျပန္ဝင္စားဖို႔ လုပ္ေနတာေပါ့ "

ေဝက်င့္ဟုန္အခုမွပဲ ဇာတ္ေရလည္သြားတယ္။ တကယ္ဆို မေတာ္တဆျဖစ္တဲ့ေနကတည္းက ေခ်ာင္မင္းဟန္ကေသသြားၿပီ။ ဒါေပမဲ့ျဖစ္ခ်င္ေတာ့ သူ႕အဘြားက ၾကားထဲကေန ေနာက္ဘဝကူးမသြားေအာင္ ကူညီေပးလိုက္တာ ။ ဒါ့ေၾကာင့္ ဒီေကာင္က ေသသလိုလို ႐ွင္သလိုလိုျဖစ္ၿပီး ခႏၶာကိုယ္နဲ႔စိတ္နဲ႔ ခြာသြားတယ္ဆိုပါေတာ့။ မဒမ္ေခ်ာင္ရဲ႕ ရည္႐ြယ္ခ်က္ကလည္း သူ႕ေျမးကိုလူ႕ေလာကထဲျပန္ေရာက္ေအာင္တြန္းပို႔ေပးခ်င္တာဆိုေတာ့ ၾကည့္ရတာ ၾကားထဲက အစီအရင္တခ်ိဳ႕ဖန္တီးလိုက္တဲ့ပုံစံပဲ ။

" အဘြားႀကီးကေသၿပီးတာေတာင္ ဂ်ိဳႂကြေနတုန္းပဲ... ဒါဆို တပည့္ေတာ္ သတိလက္လြတ္ျဖစ္ေနတုန္း စုယြမ္ရဲ႕ဝိဉာဥ္ကို ခိုးထုတ္သြားတာ ဒီအဘြားႀကီးလက္ခ်က္ေပါ့.. ဒါေတာင္ အဘြားႀကီးကမေက်နပ္ေသးပဲ သူ႕ေျမးနဲ႔မေတြ႕ေတြ႕ေအာင္ဖန္တီးေပးလိုက္ေသးတယ္ "

မေက်မနပ္ျဖစ္ရင္းႏူတ္ကေန ညည္းျငဴလိုက္ေပမဲ့ ဒါဟာသာမာန္ျဖစ္႐ိုးျဖစ္စဥ္ကိစၥတစ္ခုျဖစ္တာေၾကာင့္ ေဝက်င့္ဟုန္အတြက္ဒါေတြကမထူးဆန္းေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ဘိုးဘြားမိဘေတြက သူတို႔ကြယ္လြန္ၿပီးတာေတာင္ က်န္ရစ္သူမိသားစုကို တမလြန္ဘဝကေန ေစာင့္ေ႐ွာက္ေနၾကစၿမဲ ဆိုတာ သူသိေနလို႔ပဲ။ ကြယ္လြန္ခ်ိန္မွာ သူတို႔ေတြရဲ႕ မၿပီးျပတ္ေသးတဲ့စိတ္ဆႏၵေတြ၊ အလိုရမက္ေတြအားလုံးကို က်န္ရစ္သူမိသားစုဆီမွာ ပုံအပ္ထားခဲ့ၾကၿပီး ေနာက္ဘဝကူးသြားၾကတယ္ဆိုေပမဲ့ တခ်ိဳ႕ေတြက်ေတာ့ သားသမီးေျမးျမစ္အေပၚခင္တြယ္လြန္းတဲ့စိတ္ အားႀကီးေနတာေၾကာင့္ရယ္၊ မိသားစုကိုယ္တိုင္က သူတို႔ေတြရဲ႕ရည္မွန္းခ်က္ကို ျဖည့္ဆည္းေပးႏိုင္ပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ေၾကာင့္ရယ္...ဒီလို ခံစားခ်က္ေတြေၾကာင့္ပဲ ေနာက္ဘဝကို ကူးေျပာင္းဖို႔ဆႏၵမ႐ွိၾကေတာ့ပဲ က်န္ရစ္သူေတြရဲ႕အနားမွတဝဲလည္လည္ျဖစ္ေနတတ္ၾကတယ္။

ဒီလိုျဖစ္ရပ္မ်ိဳးက ေခ်ာင္အိမ္ေတာ္တစ္ခုတည္းမွာပဲေပၚေပါက္ခဲ့တာမဟုတ္ဘူး။ အေစာင့္အေ႐ွာက္နတ္ေတြနဲ႔ မေကာင္းဆိုးဝါးဝိဉာဥ္ေတြအလြယ္တကူမဝင္ေရာက္ႏိုင္ေအာင္ စည္းခ်ထားတဲ့ ေဝအိမ္ေတာ္လိုေနရာမ်ိဳးမွာေတာင္ ဘိုးဘြားဝိဉာဥ္ေတြက အခုအခ်ိန္ထိ လွည့္ပါတ္သြားလာေစာင့္ေ႐ွာက္ေနဆဲပါပဲ။ အထူးသျဖင့္ အဘိုးျဖစ္သူသခင္ႀကီးေဝ႐ွီးခ်န္ရဲ႕ တရားဝင္ဇနီးျဖစ္တဲ့ ေဝအိမ္ေတာ္က ပၪၥမေျမာက္မင္းသမီးေဝခ်ိဳးယြဲ႕ ဆိုရင္ ကြယ္လြန္ၿပီးတာႏွစ္ေပါင္းေျခာက္ဆယ္ခန္႔႐ွိၿပီျဖစ္ေပမဲ့ အခုအခ်ိန္ထိ အဘိုးကို ဝိဉာဥ္ဘဝနဲ႔ေစာင့္ေ႐ွာက္ေနဆဲျဖစ္တယ္။ သခင္ႀကီးအေပၚ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မဲ့အခ်ိန္မ်ိဳး၊ ဥပမာ....မသမာသူတစ္ေယာက္က ေနာက္ကြယ္ကေန ေခ်ာင္းေျမာင္းတိုက္ခိုက္ဖို႔ၾကံ႐ြယ္တာ၊ အစာအဆိပ္ခပ္ဖို႔ၾကံစည္တာေတြ အျပင္ ေငြေၾကးအခက္အခဲျဖစ္တဲ့အခ်ိဳန္မ်ိဳးမွာ ေငြရလြယ္မဲ့လမ္းေၾကာင္းေတြကိုအိမ္မက္ထဲကေန သတိေပးတာမ်ိဳး စသည္ျဖင့္နည္းလမ္းေပါင္းစုံ နဲ႔ေနာက္ကြယ္ကေန ကာကြယ္ေစာင့္ေ႐ွာက္ေပးတယ္။

" မဒမ္ေခ်ာင္နဲ႔ပါတ္သတ္ၿပီး ကိုယ္ေတာ့္မွာ ဘာမွေျပာစရာစကားမ႐ွိဘူး.. ဒါေပမဲ့ သူ႕ရဲ႕ေျမးအေပၚစြဲလန္းမူက အတိုင္းထက္အလြန္ျဖစ္ေနတယ္ဆိုေတာ့ၾကားထဲမွာ သခင္မကိုအသုံးခ်သြားမွာပဲ စိုးရိမ္ရတယ္ "

ေက်ာင္းထိုင္ဆရာေတာ္ရဲ႕ႏူတ္ကေနဖြင့္ဟလာတဲ့စကားထဲမွာ ေလးနက္တဲ့အဓိပၸါယ္ေတြ အမ်ားႀကီးပါဝင္ေနမွန္း ေဝက်င့္ဟုန္ရိပ္မိတယ္။ သူကိုယ္တိုင္လည္း စုယြမ္ရဲ႕ ခႏၶာကိုယ္တစ္ခုလုံးမွာ သန္႔စင္တဲ့ ခ်ီဓာတ္ေတြ အျပည့္အဝစီးဆင္းေနတာကို တျဖည္းျဖည္းခ်င္းနားလည္လာၿပီး ေနာက္ပိုင္း သူမကို မ်က္စိေအာက္က အေပ်ာက္မခံပဲ အနီးကပ္ေစာင့္ေ႐ွာက္ေပးခဲ့တယ္ေလ။

တကယ္ေတာ့ ခ်ီစြမ္းအင္ဆိုတာသာမာန္အက်င့္သီလေစာင့္ထိန္းသူေတြ ႏွစ္အတန္ၾကာ က်င့္ၾကံအားထုတ္ၿပီးမွ သူ႕အလိုလိုရလာမဲ့စြမ္းအားတစ္ခုပဲ။ ခ်ီစြမ္းအင္ရဲ႕ ထူးျခားခ်က္တစ္ခုကေတာ့ ခႏၶာကိုယ္ထဲက မေကာင္းတဲ့ ဓာတ္ေတြကိုစြန္႔ထုတ္ေပးၿပီး မေတာ္တဆဒါဏ္ရာရခဲ့ရင္ သူ႕အလိုလို ျပန္လည္ကုသႏိုင္စြမ္းကို တိုးျမႇင့္ေပးႏိုင္တယ္။ နားလည္ေအာင္ေျပာရရင္ေတာ့ စြမ္းအင္အနည္းအမ်ားအေပၚမူတည္ၿပီး လူ႕သက္တမ္းကိုဆြဲဆန္႔လိုက္တဲ့သေဘာပါပဲ။ ဒီလို အဖိုးမျဖတ္ႏိုင္တဲ့ စြမ္းအင္ကိုရဖို႔ လူတိုးနီးပါးက သူတို႔ရဲ႕သက္တမ္းေတြကို အသုံးခ်ၿပီး က်င့္ၾကံအားထုတ္ၾကေပမဲ့ တခ်ိဳ႕ကံေကာင္းတဲ့လူေတြက်ေတာ့ အခ်ိန္ေတြအၾကာႀကီးေလ့က်င့္စရာမလိုပဲ မိခင္ဝမ္းကထြက္လာကတည္းက သန္႔စင္တဲ့ခ်ီစြမ္းအင္ကိုပိုင္ဆိုင္ၾကတယ္။ ဒါေပမဲ့ခက္တာတစ္ခုက ဒီလို စြမ္းအင္ပိုင္႐ွင္ေတြရဲ႕ မူလခႏၶာကိုယ္ကို မေကာင္းဆိုးဝါးဝိဉာဥ္ေတြက သိပ္ႀကိဳက္ၾကတယ္။ သူတို႔အတြက္ပူးကပ္ရလြယ္တာေၾကာင့္ သူတို႔လိုရာအသုံးခ်ႏိုင္ေရးအတြက္ ခႏၶာကိုယ္ပိုင္႐ွင္ေတြကိုအသည္းအသန္လိုက္႐ွာၾကတယ္။

စုယြမ္ကလည္း အဲ့ဒီလို လူထူးဆန္းေတြထဲကတစ္ေယာက္ပဲ။ သူမကကိုယ္တိုင္မက်င့္ၾကံပါပဲနဲ႔ ခႏၶာကိုယ္ထဲကေန ခ်ီစြမ္းအင္ေတြ အလိုအေလ်ာက္ စိမ့္ထြက္ေနေလ့႐ွိတယ္။ ဒါ့ေၾကာင့္ပဲ အေ႐ွ႕မွာ သူမဘယ္ေလာက္ပဲ အသက္အႏၲရာယ္ေတြၾကဳံခဲ့ ၾကဳံခဲ့...ခ်ီစြမ္းအင္ေတြေၾကာင့္ပဲ အသက္ေဘးက အလြယ္တကူလြတ္ေျမာက္လာတယ္။ ဒါ့အျပင္ သူမရဲ႕ခ်ီစြမ္းအင္ေၾကာင့္ပဲ ယင္ဓတ္အလြန္အမင္းအားနည္းေနတဲ့ ေဝက်င့္ဟုန္ကို ကယ္တင္ႏိုင္ခဲ့ၿပီး၊ ဘဝသက္တမ္းကုန္လြန္ၿပီးျဖစ္လ်င့္ကစား အသက္ဓာတ္ကို အခုအခ်ိန္ထိဆြဲဆန္႔ထားႏိုင္ခဲ့တယ္။

( စာဖတ္သူေတြ နားလည္ေအာင္ ဉပမာေပးရမယ္ဆိုရင္... ဒီလို...ေရခဲေသတၱာထဲက expired dateကုန္ခါနီး ေပါင္မုန္႔ကို ထုတ္ၿပီး ၾကက္ဉကို ခေလာက္၊ ၿပီးရင္ ဆီပူပူထဲထည့္ၿပီး ေရာေၾကာ္လိုက္သလိုပါပဲ။ လႊင့္မပစ္ရေတာ့ပဲ မနက္စာ ေပါင္မုန္႔ၾကက္ဥေၾကာ္တစ္ပြဲ ရေအာင္ဖန္တီးလိုက္သလိုေပါ့ XD Just for kidding..😁😁😁.)

ခက္တာက စုယြမ္နဲ႔ေစ့စပ္ၿပီး ကေလးတန္းရလာေတာ့ အရင္က သူတစ္ေယာက္တည္းအပိုင္ရခဲ့တဲ့ ခ်ီစြမ္းအင္ေတြက ကေလးေတြကို မွ်ေဝေပးလိုက္သလိုျဖစ္သြားၿပီး ေဝက်င့္ဟုန္တျဖည္းျဖည္း အားအင္ဆုတ္ယုတ္လာတယ္။ ဒီ့အတြက္ေၾကာင့္ပဲ သူ႕ကိုငယ္ငယ္ေလးကတည္းက က်င့္စဥ္ေတြ သင္ၾကားေပးခဲ့တဲ့ ဘုန္ေတာ္ႀကီးေက်ာင္းကိုလတိုင္းျပန္လာၿပီးဆရာေတာ့္ဆီက ခ်ီစြမ္းအင္ေတြကို ေဆးရည္အျဖစ္နဲ႔ မွီဝဲေနရတယ္။

အခုေဝက်င့္ဟုန္စိတ္ပူေနတာက သူ႕အတြက္မဟုတ္ဘူး ။ စုယြမ္အတြက္ပဲ။ စုယြမ္က ကိုယ္ဝန္လြယ္ထားရတဲ့အတြက္ သူမခႏၶာကိုယ္ အတြင္းက ခ်ီစြမ္းအင္ေတြက အင္မတန္ေလ်ာ့နည္းေနတယ္။ ဒါ့အျပင္ကိုမွ အခုဟိုေခြးမသားက အိမ္မက္ေတြ ေပးဘာေတြေပးနဲ႔ဆိုေတာ့ သူ႕ခင္မ်ာ အသက္ေတာင္ေျဖာင့္ေျဖာင့္မ႐ူရဲဘူးျဖစ္ေနတယ္။

" ဒီပုံစံအတိုင္းဆို တပည့္ေတာ္တို႔ ဒီညအိမ္ျပန္လို႔ျဖစ္ပါ့မလား.. "

ေဝက်င့္ဟုန္ရဲ႕စိတ္ထဲမွာ ဒီအတိုင္းျပန္သြားရင္ အိမ္ေတာ္မေရာက္ခင္ စုယြမ္တစ္ခုခုျဖစ္သြားမွာ စိုးရိမ္ေနတယ္။ ဒါကိုသတိထားမိတဲ့ဆရာေတာ္ကလည္း ေခါင္းတညိမ့္ညိမ့္နဲ႔...

" မဂၤလာပြဲမေရာက္ခင္အထိေတာ့ ဒီမွာပဲေနလိုက္၊ ဒီအေတာအတြင္း သခင္မအားျပန္ျပည့္လာေအာင္ ကိုယ္ေတာ္ စီစဥ္ေပးမယ္ ဟုတ္ၿပီလား "

"တင္ပါ့ဘုရား... "

ေနာက္ထပ္သုံးနာရီေလာက္ၾကာတဲ့အထိ ဆရာေတာ္နဲ႔ အစီအရင္အေၾကာင္းေဆြးေႏြးၿပီး.မွပဲ ေဝက်င့္ဟုန္ က်က္ေသေရေဆာင္ထဲကျပန္ထြက္လာတယ္္။

***********************************

ေနာက္ရက္ေတြမွာေတာ့ ‌ စုယြမ္ဆီကို ဦးေလးက်န္းေရာက္ခ်လာတယ္။ သူ႕စိတ္ရင္းအတိုင္းသာဆို မေန႔ကတည္းက လာခ်င္ေပမဲ့ သခင္ႀကီးက သူ႕ကိုလွမ္းတားၿပီး အားျပည့္မဲ့အစားအစာေတြခ်က္ၿပီးမွ တခါတည္းယူသြားလို႔ ေျပာလာေတာ့ ေနာက္ဆုံးမလြန္ဆန္ႏိုင္ေတာ့ပဲ သခင္ႀကီးစကားနားေထာင္လိုက္ရေတာ့တယ္။

ဒီ ေရာက္ေတာ့ ထုံးစံအတိုင္း တူမေလးဆီ သုတ္ေခ်တင္ေျပးၿပီး အိမ္ကပါလာတဲ့ အဖိုးတန္ အားျဖည့္စားစရာေတြ အကုန္စားခိုင္း။ သူနဲ႔အတူပါလာတဲ့ ဆရာဝန္ေတြနဲ႔ ေသခ်ာစစ္ေဆးၿပီး စိတ္ခ်ရၿပီဆိုေတာ့မွ .. ဦးေလးက်န္းခင္မ်ာ စိတ္ေအးလက္ေအး ျဖစ္သြားေတာ့တယ္။

" ကဲ သမီးကိုစိတ္ပူမေနပါနဲ႔ေတာ့ လာေအးေဆးထိုင္နားပါဦး"

အခန္းထဲ႐ွိသမွ် အေစခံေတြကိုျပန္လႊတ္ၿပီး ႏွစ္ေယာက္တည္းက်န္ခဲ့ခ်ိန္မွာေတာ့ စုယြမ္နဲ႔ ဦးေလးက်န္းတို႔တူအရီးေတြ ေအာက္မွာခင္းထားတဲ့သစ္သားၾကမ္းခင္းေပၚ ဆင္းထိုင္ၾကတယ္။ ကိုယ္ဝန္ႀကီးနဲ႔ဆိုေတာ့ စုယြမ္လည္း ခုံေပၚမွာၾကာၾကာမထိုင္ႏိုင္၊ ဦးေလးက်န္းကလည္း အသက္ႀကီးၿပီဆိုေတာ့ အရင္ကလို အ႐ိုးအဆစ္ေတြကေကာင္းေတာ့တာမဟုတ္ဘူး။ ဒီေတာ့ ၾကမ္းျပင္ေပၚမွာ အဝတ္စေလးခင္းၿပီး ဦးေလးက်န္းက ေျခဆင္းထိုင္၊ စုယြမ္က သူ႕ဉီးေလးေပါင္ေပၚ ေခါင္းမွီၿပီး လွဲေလ်ာင္းအနားယူၾကတယ္။

အသက္ေတြႀကီးလာေတာ့ ဦးေလးက်န္းရဲ႕ အသားအေရက ေလ်ာ့တိေလ်ာ့ရဲ႕ ျဖစ္ေနခဲ့ၿပီ။သို႔ေသာ္အရင္တုန္းကလို အသားအေရျပည့္ျပည့္ၿဖိဳးၿဖိဳးမ႐ွိေတာ့ေပမဲ့ ဦးေလးက်န္းကသြက္လက္ထက္ျမတ္ေနစၿမဲ။ အၿမဲလိုလို ႏူးညံ့ေႏြးေထြးတဲ့ အျပဳံးခ်ိဳခ်ိဳေလးေတြနဲ႔ ျမင္သမွ်လူတိုင္းကို ေႏြးေထြးၾကင္နာစြာဆက္ဆံေပးေလ့႐ွိတယ္။

အခုလည္း သူ႕တူမေလးကို ျပဳံးျပဳံး႐ြင္႐ႊင္နဲ႔လက္ခံႀကိဳဆိုၿပီး စုယြမ္ကေလးဘဝတုန္းကအတိုင္းပဲ ဦးေခါင္းထိပ္က ဆံပင္ေလးကိုျငင္သာစြာပြတ္သတ္ေပးေနတယ္။

" အင္း ငါ့တူမေလးကိုေတာင္ အိမ္ေထာင္ခ်ေပးရေတာ့မွာပဲ.. အခ်ိန္ေတြကလည္းကုန္တာျမန္လိုက္တာ ... "

ဦးေလးက်န္းအတြက္ေတာ့ စုယြမ္က သမီးအရင္းေလးတစ္ေယာက္လို ပါပဲ။ ကေလးမမ်က္စိေ႐ွ႕တင္ႀကီးျပင္းလာတဲ့ကေလးမေလးမို႔ သူမွာ႐ွိတဲ့ အျခားေဆြမ်ိဳးရင္းေတြထက္စာရင္ ပိုေတာင္ခ်စ္ေသးတယ္။ အခုလည္း သူ႕စိတ္ထဲမွာ သမီးကိုအိမ္ေထာင္ခ်ေပးလိုက္ရေတာ့မဲ့ ဖခင္တစ္ေယာက္လိုမ်ိဳး.. စုယြမ္အတြက္စိုးရိမ္မူေတြ ျဖစ္ေပၚေနတယ္။ ဒါ့ေၾကာင့္ပဲ ႏွစ္ေယာက္တည္း႐ွိမဲ့အခ်ိန္ကို ေ႐ြးၿပီး ကေလးနားလည္ေအာင္ဆုံးမဖို႔ လုပ္ေတာ့တယ္။

သူနဲ႔အတူပါလာတဲ့ လြယ္အိတ္ထဲကေန စာအုပ္ေလးတစ္အုပ္ကိုထုတ္ၿပီး စုယြမ္ကို အသံထြက္ဖတ္ခိုင္းတယ္။ စာအုပ္ရဲ႕အေၾကာင္းအရာကေတာ့ ေဝအိမ္ေတာ္က အုပ္ခ်ဳပ္သူ ေတြအတြက္ျပဌာန္းထားတဲ့လက္စြဲက်င့္စဥ္ေတြကိုေရးသားေဖာ္ျပထားတာျဖစ္ၿပီး.. အိမ္ေတာ္တစ္ခုလုံးမွာ ေဝ႐ွီးခ်န္တစ္ေယာက္ပဲ ဖတ္႐ူခြင့္႐ွိတယ္။

ဒီလိုအဖိုးတန္စာအုပ္မ်ိဳးကို ဘာေၾကာင့္သူမလက္ထဲ ထည့္ၿပီးဖတ္ခိုင္းလဲဆိုတာ စုယြမ္မသိဘူး။ ဒါေပမဲ့ ဦးေလးက်န္းကိုမလြန္ဆန္ရဲေတာ့ ၾကမ္းျပင္ေပၚလ်ဲေလ်ာင္းေနရင္းကပဲ စာဖတ္ ျပေနလိုက္တယ္။ စာအုပ္ထဲမွာေရးထားတာကေတာ့ ေခတ္အဆက္ဆက္က ေဝမ်ိဳးႏြယ္စုေခါင္းေဆာင္ေ႐ြးခ်ယ္ရာမွာ အသုံးျပဳခဲ့ၾကတဲ့စည္းမ်ဥ္းစည္းကမ္းေတြ၊ စံသတ္မွတ္ခ်က္ေတြနဲ႔ ေခါင္းေဆာင္တစ္ေယာက္ခ်င္းစီရဲ႕ အုပ္ခ်ဳပ္ပုံနည္းစနစ္ ၊ အားသာခ်က္အားနည္းခ်က္ေတြကိုေသခ်ာပုံနဲ႔တကြ ႐ွင္းျပထားတယ္။

ဦးေလးက်န္းေကာင္းေကာင္ၾကားႏိုင္ေလာက္တဲ့အသံအေနအထားနဲ႔ စကားလုံးတလုံးခ်င္းစီကိုေသခ်ာဖတ္ျပရင္း စုယြမ္ေတြးမိတာက.. သူမရဲ႕ခင္ပြန္းသည္မွာ ဒီစာအုပ္ေတြထဲကတိုင္း အရည္အခ်င္းေတြ အတိအက်႐ွိေနပါလ်က္နဲ႔...သခင္ႀကီးက ဘာလို႔အခုထိေနရာမလႊဲေပးေသးတာလဲေပါ့။

တကယ္တမ္းေျပာေၾကးဆို ေဝက်င့္ဟုန္က အိမ္ေတာ္သခင္ေနရာအတြက္ အသင့္ေတာ္ဆုံးလူပဲ။ ကိုယ့္ေယာက်ၤားမလို႔ႂကြားေျပာတာေတာ့မဟုတ္ဘူး။ အိမ္ဦးနတ္ႀကီးက ဘာပဲလုပ္လုပ္ တိက်ေသခ်ာမွာကိုႀကိဳက္တာ။ ႏူတ္နည္းသေလာက္လက္ကေတာ့ ဘာသြက္သလဲမေျပာနဲ႔...။ အၿမဲတမ္း အလုပ္နဲ႔လက္နဲ႔ျပတတ္တယ္လို႔ကိုမ႐ွိဘူး။ လုပ္ငန္းမွာဆိုရင္လည္း သူကနာမည္တလုံးနဲ႔ေနတာ၊ ဘယ္ေတာ့မွ ကတိမဖ်က္ဘူး။ ဘယ္ေတာ့မွ မလွည့္ဖ်ားဘူး။ မွန္ေသာသစၥာစကားကိုဆိုၿပီး အေပါင္းအသင္းေတြအခက္အခဲ့ၾကဳံလာတိုင္း သူက တတ္ႏိုင္သေလာက္ကူညီေပးတတ္လို႔ သူ႕ေၾကာင့္တစ္ခါမွ မေကာင္းသတင္းမၾကားခဲ့ရဖူးဘူး။

တခါတေလက်ရင္ တစ္ဖက္လူက အလုပ္ေတြခ်ည္းပဲဆက္တိုက္လုပ္ေနေတာ့ စုယြမ္ေပါက္ေပါက္႐ွာ႐ွာေတြးမိတယ္။ သူမကိုမခ်စ္လို႔ အလုပ္ေတြခ်ည္းဖိလုပ္ေနတာလားလို႔ေလ။ ဒါေပမဲ့ညတိုင္းမွာသူ႕ဆီကအခ်စ္ေတြလက္ခံရ႐ွိလာျပန္ေတာ့လည္း.. အဟင္း... သူမေတြးတာ အရမ္းေဆာသြားမွန္း ရိပ္မိလာတယ္။

စုယြမ္စာအုပ္ဖက္ေနရင္း အသံတိတ္သြားေတာ့ ဦးေလးက်န္းက သူ႕တူမသူေခါင္းငုံ႔ၾကည့္တယ္။

"စာဖတ္တာၿပီးသြားၿပီလား "

စုယြမ္ေခါင္းညိမ့္ျပရင္း စပ္စုခ်င္စိတ္နဲ႔ဦးေလးက်န္းကိုေမးလိုက္တယ္။

" ေလးေလး.. သမီးတစ္ခုေမးခ်င္လို႔... သခင္ႀကီးကေလ သူ႕ေနရာဆက္ခံမဲ့လူကို ဘာလို႔ အခုထိမေ႐ြးေသးတာလဲဟင္ သူ႕စိတ္ထဲမွာတျခားသေဘာက်တဲ့လူတစ္ေယာက္ေယာက္႐ွိေနလို႔လား "

ဒီစကားၾကားေတာ့ ဦးေလးက်န္းကရယ္တယ္။

" သမီးကဘယ္လိုထင္လို႔လဲ... "

စုယြမ္ ဝမ္းသာအားရနဲ႔ အလူးအလဲထလာရင္း

" သမီးကေတာ့ စီနီယာေဝလို႔ထင္တာပဲ... သူက လုပ္ရည္ကိုင္ရည္လည္း႐ွိတယ္၊ အိမ္ေတာ္တစ္ခုလုံးကိုလည္း စနစ္တက်အုပ္ခ်ဳပ္ႏိုင္တယ္၊ သူနဲ႔သက္တူ႐ြယ္တူေတြၾကားထဲမွာ အိမ္ေတာ္သခင္ေနရာနဲ႔သူနဲ႔ အသင့္ေတာ္ဆုံးပဲလို႔ သမီးထင္တယ္ "

ဦးေလးက်န္းက သူမကိုေသခ်ာစိုက္ၾကည့္ၿပီး...႐ူပ္ပြေနတဲ့ ဆံပင္ေတြကိုျငင္သာစြာပြတ္သတ္ေပးေနတယ္။

" အားဟုန္ကို တာဝန္ေပးလို႔မျဖစ္ဘူး "

" ဘာလို႔လဲ ေလးေလးရဲ႕ "

ဦးေလးက်န္း ေျပာသင့္မေျပာသင့္ခ်ိန္ေနရင္း အတန္ၾကာေတာ့မွ

" ယြမ္အာ အခုေလးေလးေျပာတဲ့စကားကို ေသခ်ာနားေထာင္... အားဟုန္ေမြးကင္းစအ႐ြယ္တုန္းက ေလးေလးတို႔လူႀကီးေတြေက်ာင္း

ထိုင္ဘုန္းႀကီးဆီမွာ ဇာတာတြက္ခဲ့ၾကတယ္။ ဆရာေတာ္ေျပာတာက ဒီကေလးက ေခါင္းေဆာင္ေကာင္းတစ္ေယာက္ျဖစ္ႏိုင္ေပမဲ့ သူ႕မွာ သက္တမ္းၾကာၾကာေနရမဲ့ကံဇာတာပါမလာဘူး။ အသက္ႏွစ္ဆယ္မျပည့္ခင္မွာပဲ သူကြယ္လြန္လိမ့္မယ္လို႔အတိအက်ေဟာခဲ့တာ။ "

အဲ့ဒီေနာက္ပိုင္းစုယြမ္နဲ႔ေဝက်င့္္ဟုန္ေတြၿပီး ေဝက်င့္ဟုန္ရဲ႕ အသက္လမ္းေၾကာင္းေျပာင္းလဲသြားပုံေတြကို ခေရေစ့တြင္းက်႐ွင္းျပလိုက္ေတာ့ စုယြမ္ခင္မ်ာ စကားေတာင္ေကာင္းေကာင္းမေျပာႏိုင္ေတာ့ပဲ အာေစးမိသလို ဆြံ႕အေနေတာ့တယ္။

"အခု ေလးေလးသမီးကိုေတာင္းဆိုခ်င္တာက အားဟုန္ကိုယ္စား သမီးကပဲ ဒီေနရာကိုလက္ခံေပးဖို႔ပဲ။ အားဟုန္ရဲ႕ က်န္းမာေရးအေျခအေနက သမီးထင္ထားတာထက္ပိုဆိုးေနတယ္ ဒီတာဝန္ေတြအကုန္လုံးသူ႕ပုခုံးေပၚကက်လာရင္ သူတစ္ေယာက္တည္းနဲ႔ဘယ္လိုမွမဆင္ေျပမွာမဟုတ္ဘူး။ ဒီေတာ့ သမီးက ပဲ ဒီမ်ိဳးႏြယ္စုေခါင္းေဆာင္ေနရာကိုလက္ခံၿပီး အားဟုန္ကိုေစာင့္ေ႐ွာက္ေပးပါ ဟုတ္ၿပီလား.. ?"

စုယြမ္အတန္ၾကာတဲ့အထိ ႏူတ္ဆိတ္ေနၿပီမွ...

" ဒါေပမဲ့ေဝအိမ္ေတာ္မွာ စည္းကမ္း႐ွိၿပီးသားေလ ေဝမ်ိဳးႏြယ္ဝင္တစ္စုံတစ္ေယာက္ကပဲ ေခါင္းေဆာင္ေနရာရယူႏိုင္တယ္ လို႔ေရးထားတယ္ေလ.. "

ဦးေလးက်န္းေခါင္းတညိမ့္ညိမ့္နဲ႔သက္ျပင္းခ်ၿပီး...

" တကယ္ေတာ့ အဲ့ဒီစည္းကမ္းက ေျပာင္းလဲလို႔ရတယ္။ ဘာလို႔ဆို အခုအိမ္ေတာ္သခင္ႀကီးရဲ႕ မူရင္းနာမည္က က်ိဳး႐ွီးခ်န္ မလို႔ပဲ.. "

ေဝ႐ွီးခ်န္ရဲ႕နာမည္အရင္းက က်ိဴး႐ွီးခ်န္ျဖစ္ၿပီး ေဝမ်ိဳးႏြယ္ဝင္ေတြရဲ႕ ေခါင္းေဆာင္ေနရာကိုဆက္ခံဖို႔အတြက္ ေဝအိမ္ေတာ္က ေတာ္ဝင္မင္းသမီးျဖစ္သူေဝခ်ိဳးယြဲ႕နဲ႔ လက္ထပ္ခဲ့ၿပီး ေဝမ်ိဳး႐ိုးခံယူခဲ့တယ္။

က်ိဴး႐ွီးခ်န္တစ္ေယာက္ ေဝမ်ိဳးႏြယ္ဝင္ ျဖစ္မလာခင္ ကေလးဘဝအစမွာကတည္းက ေဝအိမ္ေတာ္က စာသင္စာခ် ပုဂၢိဳလ္ တရားေရးရာအမတ္ႀကီးေဝဇီေထာင္း ရဲ႕ အားအကိုးရဆုံးတပည့္သားေျမးတစ္ေယာက္ျဖစ္ခဲ့ဘူးတယ္။ အဲ့ဒီေခတ္က ပညာတတ္ပုဂၢိဳလ္႐ွားပါးတဲ့အတြက္ စာသင္ေက်ာင္းေတြကိုက်ယ္က်ယ္ျပန္႔ျပန္႔မဖြင့္လွစ္ႏိုင္ခဲ့ဘူး။ ဒါ့ေၾကာင့္ပဲ ၿမိဳ႕ေတာ္ကအထင္ကရပညာ႐ွင္တစ္ဦးျဖစ္တဲ့ ေဝဇီေထာင္းကပဲ အပင္ပန္းခံၿပီးအနီးအနား႐ြာကကေလးေတြကို သူ႕အိမ္ေခၚကာ ညအိပ္ညေနစာသင္ေပးခဲ့တယ္ေလ။

သူရဲ႕ တပည့္ေတြထဲမွာ ကုန္သည္မ်ိဳး႐ိုးကဆင္းသက္လာတဲ့က်ိဳးအိမ္ေတာ္က တတိယသခင္ေလး က်ိဳး႐ွီးခ်န္က မ်က္ႏွာသာအေပးခံရဆုံးပဲ။ ဒီလိုနဲ႔ က်ိဳး႐ွီး

သူ႕အသက္ ဆယ္ႏွစ္ႏွစ္သားအ႐ြယ္ ေရာက္ေတာ့ ၿမိဳ႕ေတာ္မွာ ကပ္ေရာဂါတစ္ခု ျဖစ္ပြားခဲ့ၿပီး သူစာသင္ေနက် ေဝအိမ္ေတာ္ကလူေတြအပါအဝင္ တစ္ၿမိဳ႕လုံးနီးပါး အသက္ေဘးဒုကၡေရာက္ကုန္တယ္။ ေနာက္ဆုံးမွာ ကပ္ေရာဂါေၾကာင့္ပဲ ေဝအိမ္ေတာ္ရဲ႕အမ်ိဳးေကာင္းသားေတြ အကုန္ အသက္ဆုံး႐ူံးခံလိုက္ရၿပီး ေသအံ့ဆဲဆဲျဖစ္ေနတဲ့ ဆရာႀကီး ေဝဇီေထာင္းတစ္ေယာက္ပဲက်န္ရစ္ခဲ့တယ္။ ေဝဇီေထာင္းက သူ႕ရဲ႕မ်ိဳး႐ိုးဂုဏ္သိကၡာကိုေဆာင့္ထိန္းေပးဖို႔အတြက္က်ိဳး႐ွီးခ်န္ကို မ်ိဳးႏြယ္နာမည္စြန္႔လြတ္ခိုင္းၿပီး သူ႕ထက္အသက္ဆယ္ႏွစ္ေလာက္ႀကီးတဲ့ေဝခ်ိဳးယြဲနဲ႔ လက္ထပ္ေပးဖို႔ မွာၿပီး တမလြန္ဘဝကိုကူးေျပာင္းသြားခဲ့တယ္။

ေက်းဇူး႐ွင္ဆရာႀကီးကိုေက်းဇူးဆပ္ဖို႔တစ္ခုတည္းအတြက္နဲ႔ သခင္ႀကီးက သူ႕မ်ိဳး႐ိုးကိုစြန္႔လြတ္ခဲ့ရတယ္။

ဒါဆို သူမေရာ ေခါင္းေဆာင္ေနရာရေအာင္ ဟန္မ်ိဳး႐ိုးကိုစြန္႔လြတ္ၿပီး ေဝမ်ိဳးႏြယ္ခံယူမွကို ျဖစ္ေတာ့မွာလား..?

" ဟင့္အင္း.. သမီးကေတာ့ မ်ိဳး႐ိုးနာမည္ကိုဘယ္ေတာ့မွ စြန္႔လြတ္မွာမဟုတ္ဘူး.. "

Continue Reading

You'll Also Like

281K 5.9K 33
WATTPAD BOOKS EDITION You do magic once, and it sticks to you like glitter glue... When Johnny and his best friend, Alison, pass their summer holid...