"သခင်လေးကမာနကြီးလွန်းတယ်"
Part- 17
For unicode
"အာ့ နာတယ်
ဖြည်းဖြည်းလုပ်လို့!"
ရှောင်းကျန့်ကနောက်ဘက်ကဝမ်ရိပေါ်ကိုတစ်ချက်လှမ်းထုပြန်တယ်။
"ကိုယ်လုပ်ပေးနေတာဘဲကွာ!"
"ငါ့ဆံပင်တွေကျွတ်ကုန်ပြီ
အရင်တုန်းကလည်းအဲ့လိုဘဲ
ဆံပင်လေးဖြီးတာတောင်အသုံးမကျဘူး"
"ကိုယ်ကြိုးစားနေတာဘဲလေ"
"ချောင်ချန်းလုပ်ပေးပါစေဆိုတော့လည်းမဟုတ်ဘူး
မင်းဖြီးပေးတိုင်းဆံပင်ကအပုံလိုက်ကြီးပြတ်ပါသွားတယ်"
"ကိုယ်ရှိနေရက်သားနဲ့ချောင်ချန်းကိုဘာလို့ခိုင်းနေဦးမှာလဲ!"
"အရင်တုန်းကလည်းငါမပြောချင်လို့လေ
မင်းမှသူများဆံပင်ကိုဖြေးဖြေးလေးမကိုင်တာ"
"ဒီတစ်ခါကိုယ်ဖြေးဖြေးလေးလုပ်ပေးပါ့မယ်ဟုတ်ပြီလား"
ဒီမနက်ခင်းမှာတော့လင်မယားနှစ်ယောက်စိတ်ကြည်နူးနေကြလို့ ရှောင်းကျန့်ကရန်တွေ့နေတာတောင်ကလူကျီစယ်နေကြတာနဲ့တူနေတယ်။ ရှောင်းကျန့်ကမှန်ထဲကနေရိပေါ်ကိုလှမ်းလှမ်းကြည့်ပြီးဆံပင်ထုံးဖွဲ့ပေးတာကိုဆရာခံနေတယ်။ ရိပေါ်ကလည်းသူ့မိန်းမစိတ်ကျေနပ်တဲ့အထိဆံပင်တွေကိုသပ်သပ်ရပ်ရပ်ဖြစ်တဲ့အထိထုံးဖွဲ့ပေးနေတယ်။ သူကိုယ်တိုင်ကတော့ဆံပင်တိုတိုတွေကိုတစ်ချက်နှစ်ချက်ဖြီးပြီးဖြစ်သလိုထားလိုက်ရင်တောင်ရနေပြီ..
ဒီမနက်၉နာရီကျော်ကျော်လောက်မှာရှောင်းမားတို့ရောက်ကြမယ်ဆိုလို့ရှောင်းကျန့်ကသပ်သပ်ရပ်ရပ်နဲ့လှလှပပလေးသူ့မိခင်ကိုကြိုဆိုချင်တာဖြစ်သည်။ သူဒီမှာအကုန်အဆင်ပြေပါတယ်ဆိုတာကိုမိခင်ကိုမပြောရင်တောင်သိစေချင်တာမျိုး။ နောက်ဆုံးဝမ်ရိပေါ်ကဆံထုံးထုံးပြီးလို့ဆံထိုးကူရွေးပေးတယ်။ ရှောင်းကျန့်ကမှန်တင်ခုံကဆံထိုးတွေကိုလုံးဝစိတ်တိုင်းမကျဘဲဖြစ်နေတယ်။
"ဒါလေးလှသားဘဲ.."
"ရွှေမကြိုက်ဘူး အရမ်းတောက်ပလွန်းတယ်"
"ဒါလေးရော ရိုးရိုးရှင်းရှင်းလေး
ခင်များနဲ့လိုက်သားဘဲ"
ဝမ်ရိပေါ်ကအတော်စိတ်ရှည်ပါတယ်။ သူ့မိန်းမလှဖို့အတွက်ရှိသမျှအဆင်တန်ဆာတွေကိုထုတ်ပေးထားပေမယ့်ရှောင်းသခင်လေးမျက်လုံးတွေကပကတိငြိမ်သက်နေတယ်။ အဖိုးတန်ရတနာတွေတွေ့ရလို့၊တန်ဖိုးကြီးပစ္စည်းတွေဝတ်ရလို့မျက်နှာကသိသိသာသာတောက်ပသွားတာမရှိသေး။
"စိတ်တိုင်းမကျဘူးလား"
ဝမ်ရိပေါ်ကသူ့မိန်းမတက်တက်ကြွကြွဖြစ်နေတာဘဲလိုချင်တယ်။ အခုတော့ရှိသမျှရတနာတွေထုတ်ပေးထားတာတောင်ဝမ်းသာသွားတဲ့ပုံမတွေ့ရတော့ဝမ်ရိပေါ်လည်းဘာလုပ်ပေးရမယ်မှန်းမသိတော့။ ရှောင်းကျန့်ပျော်နေတာဘဲသူလိုချင်တယ်။ ရှောင်းကျန့်ကအရင်ကတည်းကဒီလိုပစ္စည်းတွေဝတ်ဖူးပြီးသား၊မြင်ဖူးပြီးသားဆိုတော့သူလည်းဘာပစ္စည်းတွေထပ်ပေးရမှန်းမသိတော့..။
"အော် ငါမေ့နေလို့
အံဆွဲထဲမှာမင်းပေးထားတဲ့ဆံထိုးရှိတယ်"
"ကျိုးသွားပြီမဟုတ်လား
ပြန်ဆက်လိုက်တာလား"
"အင်း မြို့ထဲကပန်းထိမ်ဆရာဆီမှာလုပ်ခိုင်းလိုက်တာ"
"ကိုယ့်လည်းဘယ်သူမှအစီရင်မခံကြပါလား"
"ချောင်ချန်းကိုလုပ်ခိုင်းလိုက်တာ
မြန်မြန်သွားယူပေး.."
ဝမ်ရိပေါ်ကသူတို့ကုတင်ကြီးဘေးနားကအံဆွဲကိုဖွင့်ကြည့်ပြီးအထဲကိုမွှေနောက်ရှာ၏။ သူလိုချင်တဲ့ဆံထိုးကိုတွေ့တော့ဆက်ရာရှိမရှိသေချာကြည့်တယ်။ လက်ရာသေသပ်တော့ဆက်ရာကသိပ်သိသာမနေ။ ဝမ်ရိပေါ်ကအံဆွဲထောင့်နားမှာလက်ကိုင်ပုဝါနဲ့ထုတ်ထားတဲ့အရာတစ်ခုကိုတွေ့တော့မျက်မှောင်ကုတ်မိသွားကာအဲ့ဒါလေးကိုထုတ်ယူကြည့်လိုက်၏။
"ရိပေါ် တွေ့ပြီလား"
"အင်း.."
ဝမ်ရိပေါ်ကထိုအရာကိုဖြည်မကြည့်တော့ဘဲအံဆွဲထဲဖြစ်သလိုထည့်လိုက်ကာအံဆွဲကိုပြန်ပိတ်လိုက်၏။ ရိပေါ်ကဆံထိုးလေးကိုရှောင်းကျန့်ဆံထုံးမှာလှလှပပထိုးပေးလိုက်ကာရှောင်းကျန့်နားသယ်စပ်ကိုပါငုံ့နမ်းပစ်ခဲ့၏။
"အဲ့ဆံထိုးကိုမကြိုက်ဘူးမဟုတ်လား"
"မကြိုက်တာမဟုတ်ဘူး"
"ကိုယ်ပေးထားတာမို့လို့လား"
"ဆံထိုးကလှလို့.."
ရှောင်းကျန့်ကဝမ်ရိပေါ်ကိုမျက်စောင်းထိုးပြီးပုခုံးကိုတိုက်ကာအပြင်ထွက်လာခဲ့သည်။ ဝမ်ရိပေါ်ကလည်းခပ်လှမ်းလှမ်းကနေကပ်လျက်လိုက်ပါလာခဲ့တယ်။ ရှောင်းကျန့်မားကိုမတွေ့ရတာတစ်လကျော်၊နှစ်လလောက်ရှိပြီ။ သူတို့တုန်းကထက်စောရောက်မယ်ထင်ခဲ့ပေမယ့်မားကကိုယ့်မွေးရပ်မြေကိုမခွဲနိုင်သေးလို့ဖြစ်မယ်။ ပါးခေါင်းချခဲ့တဲ့နေရာဖြစ်တဲ့အပြင်မားဘဝတစ်လျှောက်လုံးကြီးပြင်းလာခဲ့တဲ့နေရာဆိုတော့လွယ်လွယ်နဲ့တော့ဘယ်ခွဲနိုင်ပါ့မလဲ။
ဒါပေမယ့်အဲ့မှာနေမှာထက်စာရင်ဒီမှာကပိုအဆင်ပြေဦးမယ်။ သူတို့မွေးရပ်မြေမှာသူ့ဖခင်ကိုဆုံးရှုံးခဲ့ရပြီးပြီ။ မိတ်ဆွေအပေါင်းအသင်းလည်းဆုံးရှုံးခဲ့ပြီ။ မာနတွေအရှက်ရမှုပေါင်းစုံလည်းကြုံခဲ့ရပြီးပြီ။ပြီးတော့နှစ်နိုင်ငံကြားအခြေအနေတင်းမာနေတာ ဘယ်အချိန်စစ်ဖြစ်မယ်မှန်းမပြောတတ်။ မင်းသမီးကိုဒီကိုပို့လိုက်ကတည်းကနှစ်နိုင်ငံကြားအခြေအနေဖြောင့်နေသေးပေမယ့်လူမျိုးရေးပဋိပက္ခတွေကအမြဲလိုလိုဖြစ်နေတာ..။ တစ်နိုင်ငံနဲ့တစ်နိုင်ငံကအမြဲလိုလိုစောင့်ကြည့်နေကြပြီးတစ်နေ့အခွင့်သာတာနဲ့စစ်ဖြစ်ကြတော့မှာပင်။
ရှောင်းကျန့်ကမားဒီကိုရောက်လာတာကောင်းတယ်လို့ဘဲထင်တယ်။ သူ့ဘေးနားမှာဆိုရင်သူအနီးကပ်စောင့်ရှောက်နိုင်သေးတယ်။ ဝမ်ရိပေါ်မှာလည်းမိဘမရှိတော့ သူတို့နှစ်ယောက်မှာမိဘတစ်ယောက်ဘဲကျန်တော့တယ်။ ရှောင်းကျန့်ကအိမ်ခြံဝမှာဟိုလျှောက်ဒီလျှောက်သွားရင်းမားကိုမျှော်နေမိတယ်။ မနက်ကတည်းကအိမ်ကအခေါ်တော်လွှတ်ထားပြီးပေမယ့်အခုထိမရောက်ကြသေးတော့ သူနည်းနည်းစိတ်ပူမိတယ်။
"ရှောင်းကျန့် ခင်များငြိမ်ငြိမ်လာထိုင်စမ်းပါ"
"ငါမားကိုတွေ့ချင်နေပြီ"
"ခဏနေရောက်တော့မှာကို.."
"မင်းဘဲအေးဆေးထိုင်ပြီးရေနွေးကြမ်းသောက်နေစမ်းပါ"
ဝမ်ရိပေါ်ကသူ့ဘာသူဘဲရေနွေးကြမ်းဆက်သောက်နေတယ်။ မျက်စိရှေ့ကဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ရှောင်းကျန့်ကိုတော့တစ်ချက်တစ်ချက်လှမ်းလှမ်းကြည့်နေပြန်တယ်။
"ရှောင်းကျန့် ကျုပ်သွားစရာရှိတယ်"
"မသွားရပါဘူး
အလုပ်ကိစ္စတွေကိုနောက်တစ်ယောက်ခိုင်းလိုက်!
မားရောက်လို့မင်းမရှိရင်အဲ့ဒါမားကိုမရိုသေရာရောက်တာဘဲ"
"ခင်များအမေနဲ့ကျုပ်နဲ့မှမတည့်တာ
သူကကျုပ်ကိုမတူမတန်သလိုဆက်ဆံဦးမှာဘဲ"
"သူကသူ့သားတစ်ယောက်လုံးမင်းကိုပေးထားရတာ
မားဘယ်လောက်ဘဲမှားမှားမင်းကသူ့သားမက်ဘဲ
ငါ့မားကိုမင်းအမေလိုဆက်ဆံမယ်လို့ကတိပေးစမ်းပါ"
"ယောက်ခမကယောက်ခမဘဲ
ဘာအမေလဲ!"
"ကြည့်စမ်း! ပြောရင်းဆိုရင်းနဲ့မင်းသေတော့မယ်
ငါ့မားကိုအမေတစ်ယောက်လိုရိုသေရမယ်
ငါ့မားကိုမျက်နှာသာမပေးလို့ကတော့မင်းကိုပေးထားတဲ့အခွင့်အရေးအားလုံးကိုပြန်ရုတ်သိမ်းပစ်မယ်"
"......"
"ငါ့ကိုမျက်နှာသာပေးစမ်းပါဝမ်ရိပေါ်
ငါ့မားနဲ့မင်းအဆင်ပြေအောင်နေပေးစမ်းပါ"
"ကောင်းပြီ"
ဝမ်ရိပေါ်ကတိပေးလိုက်မှရှောင်းကျန့်မျက်နှာကရွှင်ရွှင်ပြပြပြန်ဖြစ်သွားတယ်။ သူ့ခင်ပွန်းနဲ့မိခင်ကအရင်ကတည်းကသိပ်တည့်ကြတာမဟုတ်။ ဝမ်ရိပေါ်ကမားမျက်စိရှေ့မှာကြီးပြင်းလာခဲ့ပေမယ့်မားကသူနဲ့ဝမ်ရိပေါ်ကိုဝေးကွာစေခဲ့တဲ့အဓိကအကြောင်းရင်းဖြစ်သည်။ ငယ်ရာကကြီးပြင်းလာတဲ့မိခင်တစ်ယောက်ရဲ့မျက်လုံးထဲမှာသူတို့နှစ်ယောက်မူမမှန်ဖြစ်နေတာကိုအစောကြီးရိပ်မိခဲ့မှာအမှန်ပင်။ အခုတော့မားကဘာလုပ်နိုင်တော့မှာမို့လဲ..။ ဝမ်ရိပေါ်ကသာအရင်တုန်းကကိစ္စတွေကြောင့်မားအပေါ်အမြင်မကြည်ဖြစ်ခဲ့ရင်ကြားထဲကသူမားကိုအားနာနေရတော့မှာ..
သူများအိမ်မှာမားကိုသားမက်ဖြစ်သူမျက်နှာကြည့်ပြီးမနေစေချင်ပါ။ အသက်ကြီးမှမားကိုအေးအေးချမ်းချမ်းနေစေချင်လို့သူအကောင်းဆုံးရွေးချယ်ခဲ့တာဖြစ်သည်။ မားကိုသူအိမ်ထောင်ရေးကံကောင်းတာကိုမြင်စေချင်၏။ ဝမ်ရိပေါ်ဟာသူ့အပေါ်အမှန်တကယ်ချစ်မြတ်နိုးခဲ့တာကိုသိစေချင်တယ်။ သူဟာစစ်သူကြီးသားအဖြစ်မွေးဖွားလာပြီးစစ်သူကြီးနဲ့ဘဲဖူးစာပါခဲ့ပြန်တယ်။ သူ့ဖခင်ဟာစစ်ပွဲမှာကျဆုံးခဲ့ပြီးမားကမုဆိုးမဖြစ်ခဲ့လို့မားကသူမလိုဘဲသူဖြစ်လာမှာကိုစိတ်ပူနေတာသူသိသည်။ ဖြစ်လာသမျှအရာရာသူ့ကံပါဘဲ။ ဝမ်ရိပေါ်ကိုသူကဘာလို့ဇွဲဆုမပေးနိုင်ရမှာလဲ..။ ဖြစ်နိုင်ရင်ဝမ်ရိပေါ်နဲ့တူတဲ့ကလေးသေးသေးလေးတွေတောင်မွေးပေးလိုက်ချင်သေးတယ်..။
ကလေး..ကလေး
ရှောင်းကျန့်မှတ်ဉာဏ်ထဲမှာသူဝမ်ရိပေါ်ကိုကလူကျီစယ်ခဲ့တဲ့ညကိုပြန်အမှတ်ရလာခဲ့တယ်။ သူဝမ်ရိပေါ်ကိုကလေးထည့်ပေးဖို့တစ်ညလုံးတောင်းဆိုနေခဲ့တာ။ ရှောင်းကျန့်ရှက်လွန်းလို့မျက်နှာတွေပူလာကာနှာခမ်းကိုကိုက်လိုက်၏။ ဒါတောင်ဝမ်ရိပေါ်ကမသိသလိုဟန်ဆောင်နေခဲ့တာ။ ရှောင်းကျန့်ကသိသိသာသာကိုဝမ်ရိပေါ်ကိုမျက်စောင်းထိုးပစ်လိုက်၏။ ဝမ်ရိပေါ်ကရေနွေးကြမ်းသောက်ရင်းကျောစိမ့်လာလို့ရှောင်းကျန့်ကိုလှမ်းကြည့်တယ်..။ ရှောင်းကျန့်ကဟွန့်ခနဲမျက်စောင်းထိုးကာကျောခိုင်းပစ်လိုက်တယ်..။
ဝမ်ရိပေါ်ကအေးဆေးရေနွေးကြမ်းဆက်မသောက်နိုင်တော့လို့ရှောင်းကျန့်နားလျှောက်လာခဲ့တယ်။
"ပြော ဘာတွေအလိုမကျဖြစ်ပြန်ပြီလဲ"
"ဘာမှမဖြစ်ဘူး"
"ခင်များဖြစ်ချင်တာလိုက်လျောပေးပြီးပြီလေ
ကျုပ်ဘာလုပ်မိလို့လဲ"
"မားအခုထိမရောက်သေးလို့!"
"ခဏနေရောက်တော့မှာ ခင်များကျုပ်ကိုဘဲမျက်စောင်းလှိမ့်ထိုးမနေနဲ့
အခေါ်တော်တွေလွှတ်ထားပြီးပြီ ရောက်တာနဲ့အေးဆေးအနားယူလို့ရအောင်လည်းစီစဉ်ပေးထားပြီးပြီ"
"သိတယ်လေ ငါကအခုဘာဖြစ်နေလို့လဲ"
"အဲ့အကြည့်တွေကိုမကြိုက်တာ
ခင်များအကြည့်တွေကကျုပ်မဟုတ်တာတစ်ခုခုလုပ်ထားသလိုမျိုး"
"ဘာတွေလုပ်ထားလို့မလုံမလဲဖြစ်နေမှန်းမှမသိတာ"
"ခင်များမကြိုက်တာဘာမှမလုပ်ထားဘူး"
"ငါ့ကိုမပြောဘဲ ငါမနိုးသေးခင်ထထသွားတာ ဘယ်ကိုဘာသွားလုပ်တာလဲ!"
"စစ်ရေးလေ့ကျင့်စခန်းကိုသွားတာ
အခုတလောအလုပ်ရှုပ်နေလို့ ခင်များအိပ်နေတာမနှိုးချင်လို့တစ်ယောက်တည်းထားခဲ့တာ"
"ဒီနေ့ရော.."
"နန်းတော်ကိုခဏသွားရမှာ..
အရှင်ခေါ်ထားလို့
ခင်များလိုက်ချင်လိုက်ခဲ့လို့ရတယ်"
"မသွားချင်ပါဘူး"
"အင်း မသွားချင်လည်းမသွားနဲ့"
သူတို့နှစ်ယောက်စကားပြောနေတုန်းမြင်းခွာသံတွေကြားလိုက်ရတယ်။ မြင်းလှည်းသံနီးလာလေရှောင်းကျန့်မျက်နှာကတောက်ပလာလေ။ ဒီနေ့အစိမ်းရောင်ဖျော့ဖျော့အဝတ်အစားနဲ့ဆံပင်ကိုလည်းရိုးရိုးဘဲထုံးဖွဲ့ထားတာတောင်ရှောင်းကျန့်ကသန့်သန့်ရှင်းရှင်းလေးလှပနေတယ်။ ဝမ်ရိပေါ်မျက်လုံးတွေကချစ်ဇနီးရဲ့ပြုံးပျော်နေတဲ့မျက်နှာပေါ်ကအကြည့်မလွှဲနိုင်တော့..။
မြင်းလှည်းကရပ်သွားတာနဲ့ရှောင်းကျန့်ကသူ့မိခင်ပါလာတဲ့မြင်းလှည်းနားပြေးသွားတယ်။ ဝမ်ရိပေါ်ကတော့အစေခံတွေ၊အလုပ်သမားတွေကိုအထုတ်အပိုးတွေကိုနေရာချခိုင်းနေတယ်။ ခရီးအဝေးကိုသွားကြိုဖို့ခိုင်းထားတဲ့သူ့ကိုယ်ရံတော်တွေကိုလည်းဆုလာဘ်တွေပေးနေတယ်။ တကယ်ကယောက်ခမကြီးနဲ့မျက်နှာချင်းမဆိုင်ချင်လို့အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာ။
"ရိပေါ် ခဏလာဦး"
ဝမ်ရိပေါ်ကအလွမ်းသယ်နေကြတဲ့သားမိနှစ်ယောက်နားကိုခပ်တည်တည်နဲ့လျှောက်လာခဲ့တယ်။ ရှောင်းသခင်မကြီးကိုရိုသေလေးစားရမှန်းတော့သူသိပါသေးတယ်။ အရင်ကသူ့ကိုဘာဘဲလုပ်ခဲ့လုပ်ခဲ့အခုသူ့ယောက်ခမဖြစ်နေပြီဘဲ။ ဝမ်ရိပေါ်ကရှောင်းသခင်မကြီးကိုအရိုအသေပေးပြီးနှုတ်ဆက်လိုက်တယ်။
"အားရီ နေကောင်းပါရဲ့လား!"
"မြင်တဲ့အတိုင်းဘဲ"
ရှောင်းသခင်မကြီးမျက်နှာကခပ်တင်းတင်း။ သူနဲ့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်တုန်းကသူမသားကိုအတင်းအဓမ္မရယူခဲ့တဲ့အချိန်ကဖြစ်သည်။ သူတို့နှစ်ယောက်တွေ့ဖြစ်တဲ့အချိန်ကအမြဲလိုလိုပတ်ဝန်းကျင်အနေထားကပါခပ်တင်းတင်း..။ ဝမ်ရိပေါ်ကဘာမှထွေထွေထူးထူးမခံစားရတော့ပေမယ့်ရှောင်းကျန့်ကတော့မတူ။ ဝမ်ရိပေါ်ကိုသူ့နှလုံးသားကရောသူ့ကိုယ်ကပါလက်ခံထားပြီးပြီဖြစ်သည်။ သူ့ရဲ့တစ်ဦးတည်းသောမိသားစုဝင်ကပါသူ့ယောက်ျားကိုလက်ခံစေချင်သည်။ တဖြည်းဖြည်းမားကိုနားချယူရတော့မှာဘဲ။ သူလည်းဒီလူနဲ့မခွဲနိုင်တော့ဘူး..
"မား! မားခရီးပန်းလာတာအရင်ဦးဆုံးနားရအောင်နော်"
"ဦးမာလုံ! ဦးမာလုံကြီးအတွက်လည်းဒီအိမ်မှာရာထူးချထားပြီးသွားပြီသိလား"
"ဟုတ်လားသခင်လေး
ဦးမာလုံကအားအားယားယားဖြစ်နေမှာကိုစိတ်ပူနေတာ"
"ရိပေါ် ပြောလိုက်လေ!"
"ဟုတ်တယ်ဦးမာလုံ အိမ်တော်မှာအိမ်တော်ထိန်းနေရာလပ်နေတာ
ဦးမာလုံကအရင်ကလည်းစိတ်ချယုံကြည်ရပြီးသားဆိုတော့ဦးမာလုံဘဲအစစအရာရာဆောင်ရွက်ပေးပါတော့"
"ကျေးဇူးပါသခင်လေးရိပေါ်!"
"အရင်လိုဘဲရင်းရင်းနှီးနှီးခေါ်ပါဦးမာလုံ
ရှောင်းကျန့်ကိုလည်းလိုလေသေးမရှိအောင်ဂရုစိုက်ပေးပါဦး"
"စိတ်ချပါရိပေါ်"
"ကဲ နားလိုက်ကြဦး
ကျွန်တော်လည်းမအားတော့လို့
ခိုင်းစရာရှိရင်အစေခံတွေအနားမှာရှိတယ်"
"မားတို့နားလိုက်ဦး
ကျွန်တော်တို့နောက်မှအေးဆေးစကားပြောကြမယ်"
"ကျန့်အာ မားပေးစရာရှိတယ်
ခဏလိုက်ခဲ့ဦး"
"ဟုတ် မား
ကျွန်တော်လိုက်လာခဲ့မယ်"
ရှောင်းကျန့်ကဝမ်ရိပေါ်နန်းတွင်းသွားမှာဆိုတော့မြင်းနားကိုလိုက်ပို့ပေးတယ်။
"ကိုယ်ညနေလောက်မှပြန်ရောက်မယ်
ညစာကိုအားရီနဲ့စားထားနှင့်နော်
ကိုယ့်ကိုမစောင့်နဲ့တော့"
"အင်း အရှင်နဲ့စကားပြောရင်ထိန်းပြောနော်
မျက်နှာကြီးတည်မထားနဲ့
အမတ်တွေနဲ့လည်းဆက်ဆံရေးကောင်းကောင်းတည်ဆောက်ထားဦး
စကားကိုလည်းအလိုက်အထိုက်ပြော"
"အင်းပါ ကိုယ်နေတတ်ပါတယ်"
"ပြီးတော့မင်းသမီးကျူးအာကိုအနားသိပ်မကပ်စေနဲ့နော်"
"သဝန်တိုလို့လား.."
"မတိုပါဘူး"
ရှောင်းကျန့်ကအဝေးထွက်ပြေးမလို့လုပ်တော့ရိပေါ်ကရှောင်းကျန့်ခါးကနေဆွဲလှည့်ကာသူနဲ့ရင်ချင်းဆွဲကပ်ပစ်တယ်။ ပြီးတော့နဖူးချင်းထိကပ်ရင်းရှောင်းကျန့်နှုတ်ခမ်းလေးကိုအသာလေးထွေးငုံလိုက်၏။ ပြီးမှရှောင်းကျန့်ပါးပြင်နှစ်ဖက်ကိုသူ့လက်ကြမ်းကြမ်းနဲ့ခပ်ဖွဖွပွတ်သပ်ပြန်၏။ တစ်ယောက်အသက်ရှုသံကိုတစ်ယောက်ခံစားသိရှိနေကာဝမ်ရိပေါ်ကလည်းမလွှတ်ပေးသလိုရှောင်းကျန့်ကလည်းရုန်းထွက်ဖို့ ဆန္ဒမရှ်ိ။ ဝမ်ရိပေါ်ကအချိန်ခဏလောက်ထွေးပွေ့ပြီးမှရှောင်းကျန့်ခါးကိုလွှတ်လိုက်၏။ ဒါပေမယ့်သူတို့နှစ်ယောက်ကတော့နီးကပ်နေဆဲ..
"ကိုယ့်ယောက်ျားကိုသဝန်တိုရင်တိုတယ်ပေါ့
သူကျုပ်အနားမကပ်စေရဘူး စိတ်ချ"
"ငါမြင်ရမှာမှမဟုတ်တာ!"
"ခင်များကလွဲပြီးဘယ်သူ့မှမကြိုက်ဘူး
ဒီလောက်ဆိုယုံပြီလား"
"နည်းနည်း.."
ရွှတ်..
ဝမ်ရိပေါ်ကရှောင်းကျန့်ပါးပြင်နုနုကိုတစ်ချက်နမ်းလိုက်ပြန်၏။
"ပြန်လာတဲ့အခါသတင်းကောင်းယူလာခဲ့မယ်"
"အင်း ဂရုစိုက်သွားဦး"
ရှောင်းကျန့်ကဝမ်ရိပေါ်သွားတာနဲ့သူ့မားဆီကူးလာခဲ့၏။
"မား ကျွန်တော့်ကိုဘာပြောမလို့လဲဟင်"
ရှောင်းမားကအသက်ပြင်းဖွဖွချပြီးရှောင်းကျန့်ကိုဆေးထုပ်တစ်ထုပ်လှမ်းပေး၏။
"နေ့တိုင်းမပျက်မကွက်သောက် မားဟိုကသမားတော်ဆီကတောင်းလာခဲ့တာ"
"ဘာဆေးလဲမား..
ရိပေါ်ကကျွန်တော်ကိုဂျင်ဆင်းနေ့တိုင်းတိုက်ပါတယ်"
"အားဆေးလေးပါ
သားဒီလအတွင်းအော့အန်ချင်တာတို့မရှိဘူးမလား"
"မရှိပါဘူး"
"ကောင်းတယ်"
"ဒီဆေးကအရင်တုန်းကသောက်ခဲ့တဲ့ဆေးမလား
ကျွန်တော်မသောက်ချင်တော့ဘူး"
"မသောက်လို့မရဘူး
သားကောင်းဖို့အတွက်မားလုပ်နေတာ"
ရှောင်းကျန့်ကမားမျက်နှာပျက်သွားတော့လည်းစိတ်မကောင်းတော့။ နောက်ဘာဘဲဖြစ်ဖြစ်အခုတော့မိခင်ဖြစ်သူစိတ်ချမ်းသာအောင်ယူထားလိုက်တော့မည်။
"ဂျင်ဆင်းဆက်မသောက်နဲ့တော့"
"ကျွန်တော်ခဏခဏနေမကောင်းဖြစ်လို့ရိပေါ်မှာတကူးတကရှာထားရတာ"
"မားပြောသလိုလုပ် ဆက်မသောက်နဲ့တော့
မားစကားနားထောင်စမ်းပါကျန့်အာရယ်"
မိခင်တစ်ယောက်အနေနဲ့သူမ အတ္တကြီးစွာဆက်လုပ်ရမှာဘဲ။ ဂျင်ဆင်းကသားအိမ်ကိုလှုံ့ဆော်ပေးပြီး ဓမ္မတာလာဖို့အားပေးလိမ့်မယ်။ သွေးအားကောင်းပြီးမဖွဲ့ဖြိုးသင့်တဲ့အရာတွေဖွဲ့ဖြိုးစေလိမ့်မယ်။ ငယ်ငယ်ကတည်းကဖိနှိပ်ထားတဲ့အရာကိုဆက်ပြီးမဖွဲ့ဖြိုးအောင်ဖိနှိပ်ထားသင့်ရင်ဖိနှိပ်ထားရမှာဘဲ...။
(23.4.22)
ဝမ်ရိပေါ်ကကျုပ်ဖြစ်လိုက်ကိုယ်ဖြစ်လိုက်ဖြစ်နေတာကလေသူ့စိတ်အခြေအနေလိုက်နူးညံ့သင့်သလောက်နူးညံ့ပြီးသုံးနှုန်းထားတာပါ။ ရှောင်းကျန့်ကိုလည်းသူခေါ်ချင်သလိုခေါ်နေတာဘဲေလ။
ကိုယ်မပြောလဲဘယ်ဘက်ကိုဦးတည်လိုက်လဲသိသင့်သလောက်သိမှာပေါ့နော်☺️
............................
"သခင္ေလးကမာနႀကီးလြန္းတယ္"
Part- 17
For unicode
"အာ့ နာတယ္
ျဖည္းျဖည္းလုပ္လို႔!"
ေရွာင္းက်န႔္ကေနာက္ဘက္ကဝမ္ရိေပၚကိုတစ္ခ်က္လွမ္းထုျပန္တယ္။
"ကိုယ္လုပ္ေပးေနတာဘဲကြာ!"
"ငါ့ဆံပင္ေတြကြၽတ္ကုန္ၿပီ
အရင္တုန္းကလည္းအဲ့လိုဘဲ
ဆံပင္ေလးၿဖီးတာေတာင္အသုံးမက်ဘဴး"
"ကိုယ္ႀကိဳးစားေနတာဘဲေလ"
"ေခ်ာင္ခ်န္းလုပ္ေပးပါေစဆိုေတာ့လည္းမဟုတ္ဘူး
မင္းၿဖီးေပးတိုင္းဆံပင္ကအပုံလိုက္ႀကီးျပတ္ပါသြားတယ္"
"ကိုယ္ရွိေနရက္သားနဲ႕ေခ်ာင္ခ်န္းကိုဘာလို႔ခိုင္းေနဦးမွာလဲ!"
"အရင္တုန္းကလည္းငါမေျပာခ်င္လို႔ေလ
မင္းမွသူမ်ားဆံပင္ကိုေျဖးေျဖးေလးမကိုင္တာ"
"ဒီတစ္ခါကိုယ္ေျဖးေျဖးေလးလုပ္ေပးပါ့မယ္ဟုတ္ၿပီလား"
ဒီမနက္ခင္းမွာေတာ့လင္မယားႏွစ္ေယာက္စိတ္ၾကည္ႏူးေနၾကလို႔ ေရွာင္းက်န႔္ကရန္ေတြ႕ေနတာေတာင္ကလူက်ီစယ္ေနၾကတာနဲ႕တူေနတယ္။ ေရွာင္းက်န႔္ကမွန္ထဲကေနရိေပၚကိုလွမ္းလွမ္းၾကည့္ၿပီးဆံပင္ထုံးဖြဲ႕ေပးတာကိုဆရာခံေနတယ္။ ရိေပၚကလည္းသူ႕မိန္းမစိတ္ေက်နပ္တဲ့အထိဆံပင္ေတြကိုသပ္သပ္ရပ္ရပ္ျဖစ္တဲ့အထိထုံးဖြဲ႕ေပးေနတယ္။ သူကိုယ္တိုင္ကေတာ့ဆံပင္တိုတိုေတြကိုတစ္ခ်က္ႏွစ္ခ်က္ၿဖီးၿပီးျဖစ္သလိုထားလိုက္ရင္ေတာင္ရေနၿပီ..
ဒီမနက္၉နာရီေက်ာ္ေက်ာ္ေလာက္မွာေရွာင္းမားတို႔ေရာက္ၾကမယ္ဆိုလို႔ေရွာင္းက်န႔္ကသပ္သပ္ရပ္ရပ္နဲ႕လွလွပပေလးသူ႕မိခင္ကိုႀကိဳဆိုခ်င္တာျဖစ္သည္။ သူဒီမွာအကုန္အဆင္ေျပပါတယ္ဆိုတာကိုမိခင္ကိုမေျပာရင္ေတာင္သိေစခ်င္တာမ်ိဳး။ ေနာက္ဆုံးဝမ္ရိေပၚကဆံထုံးထုံးၿပီးလို႔ဆံထိုးကူေ႐ြးေပးတယ္။ ေရွာင္းက်န႔္ကမွန္တင္ခုံကဆံထိုးေတြကိုလုံးဝစိတ္တိုင္းမက်ဘဲျဖစ္ေနတယ္။
"ဒါေလးလွသားဘဲ.."
"ေ႐ႊမႀကိဳက္ဘူး အရမ္းေတာက္ပလြန္းတယ္"
"ဒါေလးေရာ ရိုးရိုးရွင္းရွင္းေလး
ခင္မ်ားနဲ႕လိုက္သားဘဲ"
ဝမ္ရိေပၚကအေတာ္စိတ္ရွည္ပါတယ္။ သူ႕မိန္းမလွဖို႔အတြက္ရွိသမွ်အဆင္တန္ဆာေတြကိုထုတ္ေပးထားေပမယ့္ေရွာင္းသခင္ေလးမ်က္လုံးေတြကပကတိၿငိမ္သက္ေနတယ္။ အဖိုးတန္ရတနာေတြေတြ႕ရလို႔၊တန္ဖိုးႀကီးပစၥည္းေတြဝတ္ရလို႔မ်က္ႏွာကသိသိသာသာေတာက္ပသြားတာမရွိေသး။
"စိတ္တိုင္းမက်ဘဴးလား"
ဝမ္ရိေပၚကသူ႕မိန္းမတက္တက္ႂကြႂကြျဖစ္ေနတာဘဲလိုခ်င္တယ္။ အခုေတာ့ရွိသမွ်ရတနာေတြထုတ္ေပးထားတာေတာင္ဝမ္းသာသြားတဲ့ပုံမေတြ႕ရေတာ့ဝမ္ရိေပၚလည္းဘာလုပ္ေပးရမယ္မွန္းမသိေတာ့။ ေရွာင္းက်န႔္ေပ်ာ္ေနတာဘဲသူလိုခ်င္တယ္။ ေရွာင္းက်န႔္ကအရင္ကတည္းကဒီလိုပစၥည္းေတြဝတ္ဖူးၿပီးသား၊ျမင္ဖူးၿပီးသားဆိုေတာ့သူလည္းဘာပစၥည္းေတြထပ္ေပးရမွန္းမသိေတာ့..။
"ေအာ္ ငါေမ့ေနလို႔
အံဆြဲထဲမွာမင္းေပးထားတဲ့ဆံထိုးရွိတယ္"
"က်ိဳးသြားၿပီမဟုတ္လား
ျပန္ဆက္လိုက္တာလား"
"အင္း ၿမိဳ႕ထဲကပန္းထိမ္ဆရာဆီမွာလုပ္ခိုင္းလိုက္တာ"
"ကိုယ့္လည္းဘယ္သူမွအစီရင္မခံၾကပါလား"
"ေခ်ာင္ခ်န္းကိုလုပ္ခိုင္းလိုက္တာ
ျမန္ျမန္သြားယူေပး.."
ဝမ္ရိေပၚကသူတို႔ကုတင္ႀကီးေဘးနားကအံဆြဲကိုဖြင့္ၾကည့္ၿပီးအထဲကိုေမႊေနာက္ရွာ၏။ သူလိုခ်င္တဲ့ဆံထိုးကိုေတြ႕ေတာ့ဆက္ရာရွိမရွိေသခ်ာၾကည့္တယ္။ လက္ရာေသသပ္ေတာ့ဆက္ရာကသိပ္သိသာမေန။ ဝမ္ရိေပၚကအံဆြဲေထာင့္နားမွာလက္ကိုင္ပုဝါနဲ႕ထုတ္ထားတဲ့အရာတစ္ခုကိုေတြ႕ေတာ့မ်က္ေမွာင္ကုတ္မိသြားကာအဲ့ဒါေလးကိုထုတ္ယူၾကည့္လိုက္၏။
"ရိေပၚ ေတြ႕ၿပီလား"
"အင္း.."
ဝမ္ရိေပၚကထိုအရာကိုျဖည္မၾကည့္ေတာ့ဘဲအံဆြဲထဲျဖစ္သလိုထည့္လိုက္ကာအံဆြဲကိုျပန္ပိတ္လိုက္၏။ ရိေပၚကဆံထိုးေလးကိုေရွာင္းက်န႔္ဆံထုံးမွာလွလွပပထိုးေပးလိုက္ကာေရွာင္းက်န႔္နားသယ္စပ္ကိုပါငုံ႕နမ္းပစ္ခဲ့၏။
"အဲ့ဆံထိုးကိုမႀကိဳက္ဘူးမဟုတ္လား"
"မႀကိဳက္တာမဟုတ္ဘူး"
"ကိုယ္ေပးထားတာမို႔လို႔လား"
"ဆံထိုးကလွလို႔.."
ေရွာင္းက်န႔္ကဝမ္ရိေပၚကိုမ်က္ေစာင္းထိုးၿပီးပုခုံးကိုတိုက္ကာအျပင္ထြက္လာခဲ့သည္။ ဝမ္ရိေပၚကလည္းခပ္လွမ္းလွမ္းကေနကပ္လ်က္လိုက္ပါလာခဲ့တယ္။ ေရွာင္းက်န႔္မားကိုမေတြ႕ရတာတစ္လေက်ာ္၊ႏွစ္လေလာက္ရွိၿပီ။ သူတို႔တုန္းကထက္ေစာေရာက္မယ္ထင္ခဲ့ေပမယ့္မားကကိုယ့္ေမြးရပ္ေျမကိုမခြဲနိုင္ေသးလို႔ျဖစ္မယ္။ ပါးေခါင္းခ်ခဲ့တဲ့ေနရာျဖစ္တဲ့အျပင္မားဘဝတစ္ေလွ်ာက္လုံးႀကီးျပင္းလာခဲ့တဲ့ေနရာဆိုေတာ့လြယ္လြယ္နဲ႕ေတာ့ဘယ္ခြဲနိုင္ပါ့မလဲ။
ဒါေပမယ့္အဲ့မွာေနမွာထက္စာရင္ဒီမွာကပိုအဆင္ေျပဦးမယ္။ သူတို႔ေမြးရပ္ေျမမွာသူ႕ဖခင္ကိုဆုံးရႈံးခဲ့ရၿပီးၿပီ။ မိတ္ေဆြအေပါင္းအသင္းလည္းဆုံးရႈံးခဲ့ၿပီ။ မာနေတြအရွက္ရမႈေပါင္းစုံလည္းႀကဳံခဲ့ရၿပီးၿပီ။ၿပီးေတာ့ႏွစ္နိုင္ငံၾကားအေျခအေနတင္းမာေနတာ ဘယ္အခ်ိန္စစ္ျဖစ္မယ္မွန္းမေျပာတတ္။ မင္းသမီးကိုဒီကိုပို႔လိုက္ကတည္းကႏွစ္နိုင္ငံၾကားအေျခအေနေျဖာင့္ေနေသးေပမယ့္လူမ်ိဳးေရးပဋိပကၡေတြကအၿမဲလိုလိုျဖစ္ေနတာ..။ တစ္နိုင္ငံနဲ႕တစ္နိုင္ငံကအၿမဲလိုလိုေစာင့္ၾကည့္ေနၾကၿပီးတစ္ေန႕အခြင့္သာတာနဲ႕စစ္ျဖစ္ၾကေတာ့မွာပင္။
ေရွာင္းက်န႔္ကမားဒီကိုေရာက္လာတာေကာင္းတယ္လို႔ဘဲထင္တယ္။ သူ႕ေဘးနားမွာဆိုရင္သူအနီးကပ္ေစာင့္ေရွာက္နိုင္ေသးတယ္။ ဝမ္ရိေပၚမွာလည္းမိဘမရွိေတာ့ သူတို႔ႏွစ္ေယာက္မွာမိဘတစ္ေယာက္ဘဲက်န္ေတာ့တယ္။ ေရွာင္းက်န႔္ကအိမ္ၿခံဝမွာဟိုေလွ်ာက္ဒီေလွ်ာက္သြားရင္းမားကိုေမွ်ာ္ေနမိတယ္။ မနက္ကတည္းကအိမ္ကအေခၚေတာ္လႊတ္ထားၿပီးေပမယ့္အခုထိမေရာက္ၾကေသးေတာ့ သူနည္းနည္းစိတ္ပူမိတယ္။
"ေရွာင္းက်န႔္ ခင္မ်ားၿငိမ္ၿငိမ္လာထိုင္စမ္းပါ"
"ငါမားကိုေတြ႕ခ်င္ေနၿပီ"
"ခဏေနေရာက္ေတာ့မွာကို.."
"မင္းဘဲေအးေဆးထိုင္ၿပီးေရႏြေးၾကမ္းေသာက္ေနစမ္းပါ"
ဝမ္ရိေပၚကသူ႕ဘာသူဘဲေရႏြေးၾကမ္းဆက္ေသာက္ေနတယ္။ မ်က္စိေရွ႕ကဟိုေလွ်ာက္ဒီေလွ်ာက္လုပ္ေနတဲ့ေရွာင္းက်န႔္ကိုေတာ့တစ္ခ်က္တစ္ခ်က္လွမ္းလွမ္းၾကည့္ေနျပန္တယ္။
"ေရွာင္းက်န႔္ က်ဳပ္သြားစရာရွိတယ္"
"မသြားရပါဘူး
အလုပ္ကိစၥေတြကိုေနာက္တစ္ေယာက္ခိုင္းလိုက္!
မားေရာက္လို႔မင္းမရွိရင္အဲ့ဒါမားကိုမရိုေသရာေရာက္တာဘဲ"
"ခင္မ်ားအေမနဲ႕က်ဳပ္နဲ႕မွမတည့္တာ
သူကက်ဳပ္ကိုမတူမတန္သလိုဆက္ဆံဦးမွာဘဲ"
"သူကသူ႕သားတစ္ေယာက္လုံးမင္းကိုေပးထားရတာ
မားဘယ္ေလာက္ဘဲမွားမွားမင္းကသူ႕သားမက္ဘဲ
ငါ့မားကိုမင္းအေမလိုဆက္ဆံမယ္လို႔ကတိေပးစမ္းပါ"
"ေယာက္ခမကေယာက္ခမဘဲ
ဘာအေမလဲ!"
"ၾကည့္စမ္း! ေျပာရင္းဆိုရင္းနဲ႕မင္းေသေတာ့မယ္
ငါ့မားကိုအေမတစ္ေယာက္လိုရိုေသရမယ္
ငါ့မားကိုမ်က္ႏွာသာမေပးလို႔ကေတာ့မင္းကိုေပးထားတဲ့အခြင့္အေရးအားလုံးကိုျပန္႐ုတ္သိမ္းပစ္မယ္"
"......"
"ငါ့ကိုမ်က္ႏွာသာေပးစမ္းပါဝမ္ရိေပၚ
ငါ့မားနဲ႕မင္းအဆင္ေျပေအာင္ေနေပးစမ္းပါ"
"ေကာင္းၿပီ"
ဝမ္ရိေပၚကတိေပးလိုက္မွေရွာင္းက်န႔္မ်က္ႏွာက႐ႊင္႐ႊင္ျပျပျပန္ျဖစ္သြားတယ္။ သူ႕ခင္ပြန္းနဲ႕မိခင္ကအရင္ကတည္းကသိပ္တည့္ၾကတာမဟုတ္။ ဝမ္ရိေပၚကမားမ်က္စိေရွ႕မွာႀကီးျပင္းလာခဲ့ေပမယ့္မားကသူနဲ႕ဝမ္ရိေပၚကိုေဝးကြာေစခဲ့တဲ့အဓိကအေၾကာင္းရင္းျဖစ္သည္။ ငယ္ရာကႀကီးျပင္းလာတဲ့မိခင္တစ္ေယာက္ရဲ႕မ်က္လုံးထဲမွာသူတို႔ႏွစ္ေယာက္မူမမွန္ျဖစ္ေနတာကိုအေစာႀကီးရိပ္မိခဲ့မွာအမွန္ပင္။ အခုေတာ့မားကဘာလုပ္နိုင္ေတာ့မွာမို႔လဲ..။ ဝမ္ရိေပၚကသာအရင္တုန္းကကိစၥေတြေၾကာင့္မားအေပၚအျမင္မၾကည္ျဖစ္ခဲ့ရင္ၾကားထဲကသူမားကိုအားနာေနရေတာ့မွာ..
သူမ်ားအိမ္မွာမားကိုသားမက္ျဖစ္သူမ်က္ႏွာၾကည့္ၿပီးမေနေစခ်င္ပါ။ အသက္ႀကီးမွမားကိုေအးေအးခ်မ္းခ်မ္းေနေစခ်င္လို႔သူအေကာင္းဆုံးေ႐ြးခ်ယ္ခဲ့တာျဖစ္သည္။ မားကိုသူအိမ္ေထာင္ေရးကံေကာင္းတာကိုျမင္ေစခ်င္၏။ ဝမ္ရိေပၚဟာသူ႕အေပၚအမွန္တကယ္ခ်စ္ျမတ္နိုးခဲ့တာကိုသိေစခ်င္တယ္။ သူဟာစစ္သူႀကီးသားအျဖစ္ေမြးဖြားလာၿပီးစစ္သူႀကီးနဲ႕ဘဲဖူးစာပါခဲ့ျပန္တယ္။ သူ႕ဖခင္ဟာစစ္ပြဲမွာက်ဆဳံးခဲ့ၿပီးမားကမုဆိုးမျဖစ္ခဲ့လို႔မားကသူမလိုဘဲသူျဖစ္လာမွာကိုစိတ္ပူေနတာသူသိသည္။ ျဖစ္လာသမွ်အရာရာသူ႕ကံပါဘဲ။ ဝမ္ရိေပၚကိုသူကဘာလို႔ဇြဲဆုမေပးနိုင္ရမွာလဲ..။ ျဖစ္နိုင္ရင္ဝမ္ရိေပၚနဲ႕တူတဲ့ကေလးေသးေသးေလးေတြေတာင္ေမြးေပးလိုက္ခ်င္ေသးတယ္..။
ကေလး..ကေလး
ေရွာင္းက်န႔္မွတ္ဉာဏ္ထဲမွာသူဝမ္ရိေပၚကိုကလူက်ီစယ္ခဲ့တဲ့ညကိုျပန္အမွတ္ရလာခဲ့တယ္။ သူဝမ္ရိေပၚကိုကေလးထည့္ေပးဖို႔တစ္ညလုံးေတာင္းဆိုေနခဲ့တာ။ ေရွာင္းက်န႔္ရွက္လြန္းလို႔မ်က္ႏွာေတြပူလာကာႏွာခမ္းကိုကိုက္လိုက္၏။ ဒါေတာင္ဝမ္ရိေပၚကမသိသလိုဟန္ေဆာင္ေနခဲ့တာ။ ေရွာင္းက်န႔္ကသိသိသာသာကိုဝမ္ရိေပၚကိုမ်က္ေစာင္းထိုးပစ္လိုက္၏။ ဝမ္ရိေပၚကေရႏြေးၾကမ္းေသာက္ရင္းေက်ာစိမ့္လာလို႔ေရွာင္းက်န႔္ကိုလွမ္းၾကည့္တယ္..။ ေရွာင္းက်န႔္ကဟြန႔္ခနဲမ်က္ေစာင္းထိုးကာေက်ာခိုင္းပစ္လိုက္တယ္..။
ဝမ္ရိေပၚကေအးေဆးေရႏြေးၾကမ္းဆက္မေသာက္နိုင္ေတာ့လို႔ေရွာင္းက်န႔္နားေလွ်ာက္လာခဲ့တယ္။
"ေျပာ ဘာေတြအလိုမက်ျဖစ္ျပန္ၿပီလဲ"
"ဘာမွမျဖစ္ဘူး"
"ခင္မ်ားျဖစ္ခ်င္တာလိုက္ေလ်ာေပးၿပီးၿပီေလ
က်ဳပ္ဘာလုပ္မိလို႔လဲ"
"မားအခုထိမေရာက္ေသးလို႔!"
"ခဏေနေရာက္ေတာ့မွာ ခင္မ်ားက်ဳပ္ကိုဘဲမ်က္ေစာင္းလွိမ့္ထိုးမေနနဲ႕
အေခၚေတာ္ေတြလႊတ္ထားၿပီးၿပီ ေရာက္တာနဲ႕ေအးေဆးအနားယူလို႔ရေအာင္လည္းစီစဥ္ေပးထားၿပီးၿပီ"
"သိတယ္ေလ ငါကအခုဘာျဖစ္ေနလို႔လဲ"
"အဲ့အၾကည့္ေတြကိုမႀကိဳက္တာ
ခင္မ်ားအၾကည့္ေတြကက်ဳပ္မဟုတ္တာတစ္ခုခုလုပ္ထားသလိုမ်ိဳး"
"ဘာေတြလုပ္ထားလို႔မလုံမလဲျဖစ္ေနမွန္းမွမသိတာ"
"ခင္မ်ားမႀကိဳက္တာဘာမွမလုပ္ထားဘူး"
"ငါ့ကိုမေျပာဘဲ ငါမနိုးေသးခင္ထထသြားတာ ဘယ္ကိုဘာသြားလုပ္တာလဲ!"
"စစ္ေရးေလ့က်င့္စခန္းကိုသြားတာ
အခုတေလာအလုပ္ရႈပ္ေနလို႔ ခင္မ်ားအိပ္ေနတာမႏွိုးခ်င္လို႔တစ္ေယာက္တည္းထားခဲ့တာ"
"ဒီေန႕ေရာ.."
"နန္းေတာ္ကိုခဏသြားရမွာ..
အရွင္ေခၚထားလို႔
ခင္မ်ားလိုက္ခ်င္လိုက္ခဲ့လို႔ရတယ္"
"မသြားခ်င္ပါဘူး"
"အင္း မသြားခ်င္လည္းမသြားနဲ႕"
သူတို႔ႏွစ္ေယာက္စကားေျပာေနတုန္းျမင္းခြာသံေတြၾကားလိုက္ရတယ္။ ျမင္းလွည္းသံနီးလာေလေရွာင္းက်န႔္မ်က္ႏွာကေတာက္ပလာေလ။ ဒီေန႕အစိမ္းေရာင္ေဖ်ာ့ေဖ်ာ့အဝတ္အစားနဲ႕ဆံပင္ကိုလည္းရိုးရိုးဘဲထုံးဖြဲ႕ထားတာေတာင္ေရွာင္းက်န႔္ကသန႔္သန႔္ရွင္းရွင္းေလးလွပေနတယ္။ ဝမ္ရိေပၚမ်က္လုံးေတြကခ်စ္ဇနီးရဲ႕ၿပဳံးေပ်ာ္ေနတဲ့မ်က္ႏွာေပၚကအၾကည့္မလႊဲနိုင္ေတာ့..။
ျမင္းလွည္းကရပ္သြားတာနဲ႕ေရွာင္းက်န႔္ကသူ႕မိခင္ပါလာတဲ့ျမင္းလွည္းနားေျပးသြားတယ္။ ဝမ္ရိေပၚကေတာ့အေစခံေတြ၊အလုပ္သမားေတြကိုအထုတ္အပိုးေတြကိုေနရာခ်ခိဳင္းေနတယ္။ ခရီးအေဝးကိုသြားႀကိဳဖို႔ခိုင္းထားတဲ့သူ႕ကိုယ္ရံေတာ္ေတြကိုလည္းဆုလာဘ္ေတြေပးေနတယ္။ တကယ္ကေယာက္ခမႀကီးနဲ႕မ်က္ႏွာခ်င္းမဆိုင္ခ်င္လို႔အလုပ္ရႈပ္ခ်င္ေယာင္ေဆာင္ေနတာ။
"ရိေပၚ ခဏလာဦး"
ဝမ္ရိေပၚကအလြမ္းသယ္ေနၾကတဲ့သားမိႏွစ္ေယာက္နားကိုခပ္တည္တည္နဲ႕ေလွ်ာက္လာခဲ့တယ္။ ေရွာင္းသခင္မႀကီးကိုရိုေသေလးစားရမွန္းေတာ့သူသိပါေသးတယ္။ အရင္ကသူ႕ကိုဘာဘဲလုပ္ခဲ့လုပ္ခဲ့အခုသူ႕ေယာက္ခမျဖစ္ေနၿပီဘဲ။ ဝမ္ရိေပၚကေရွာင္းသခင္မႀကီးကိုအရိုအေသေပးၿပီးႏႈတ္ဆက္လိုက္တယ္။
"အားရီ ေနေကာင္းပါရဲ႕လား!"
"ျမင္တဲ့အတိုင္းဘဲ"
ေရွာင္းသခင္မႀကီးမ်က္ႏွာကခပ္တင္းတင္း။ သူနဲ႕ေနာက္ဆုံးေတြ႕ခဲ့တဲ့အခ်ိန္တုန္းကသူမသားကိုအတင္းအဓမၼရယူခဲ့တဲ့အခ်ိန္ကျဖစ္သည္။ သူတို႔ႏွစ္ေယာက္ေတြ႕ျဖစ္တဲ့အခ်ိန္ကအၿမဲလိုလိုပတ္ဝန္းက်င္အေနထားကပါခပ္တင္းတင္း..။ ဝမ္ရိေပၚကဘာမွေထြေထြထူးထူးမခံစားရေတာ့ေပမယ့္ေရွာင္းက်န႔္ကေတာ့မတူ။ ဝမ္ရိေပၚကိုသူ႕ႏွလုံးသားကေရာသူ႕ကိုယ္ကပါလက္ခံထားၿပီးၿပီျဖစ္သည္။ သူ႕ရဲ႕တစ္ဦးတည္းေသာမိသားစုဝင္ကပါသူ႕ေယာက္်ားကိုလက္ခံေစခ်င္သည္။ တျဖည္းျဖည္းမားကိုနားခ်ယဴရေတာ့မွာဘဲ။ သူလည္းဒီလူနဲ႕မခြဲနိုင္ေတာ့ဘူး..
"မား! မားခရီးပန္းလာတာအရင္ဦးဆုံးနားရေအာင္ေနာ္"
"ဦးမာလုံ! ဦးမာလုံႀကီးအတြက္လည္းဒီအိမ္မွာရာထူးခ်ထားၿပီးသြားၿပီသိလား"
"ဟုတ္လားသခင္ေလး
ဦးမာလုံကအားအားယားယားျဖစ္ေနမွာကိုစိတ္ပူေနတာ"
"ရိေပၚ ေျပာလိုက္ေလ!"
"ဟုတ္တယ္ဦးမာလုံ အိမ္ေတာ္မွာအိမ္ေတာ္ထိန္းေနရာလပ္ေနတာ
ဦးမာလုံကအရင္ကလည္းစိတ္ခ်ယဳံၾကည္ရၿပီးသားဆိုေတာ့ဦးမာလုံဘဲအစစအရာရာေဆာင္႐ြက္ေပးပါေတာ့"
"ေက်းဇူးပါသခင္ေလးရိေပၚ!"
"အရင္လိုဘဲရင္းရင္းႏွီးႏွီးေခၚပါဦးမာလုံ
ေရွာင္းက်န႔္ကိုလည္းလိုေလေသးမရွိေအာင္ဂ႐ုစိုက္ေပးပါဦး"
"စိတ္ခ်ပါရိေပၚ"
"ကဲ နားလိုက္ၾကဦး
ကြၽန္ေတာ္လည္းမအားေတာ့လို႔
ခိုင္းစရာရွိရင္အေစခံေတြအနားမွာရွိတယ္"
"မားတို႔နားလိုက္ဦး
ကြၽန္ေတာ္တို႔ေနာက္မွေအးေဆးစကားေျပာၾကမယ္"
"က်န႔္အာ မားေပးစရာရွိတယ္
ခဏလိုက္ခဲ့ဦး"
"ဟုတ္ မား
ကြၽန္ေတာ္လိုက္လာခဲ့မယ္"
ေရွာင္းက်န႔္ကဝမ္ရိေပၚနန္းတြင္းသြားမွာဆိုေတာ့ျမင္းနားကိုလိုက္ပို႔ေပးတယ္။
"ကိုယ္ညေနေလာက္မွျပန္ေရာက္မယ္
ညစာကိုအားရီနဲ႕စားထားႏွင့္ေနာ္
ကိုယ့္ကိုမေစာင့္နဲ႕ေတာ့"
"အင္း အရွင္နဲ႕စကားေျပာရင္ထိန္းေျပာေနာ္
မ်က္ႏွာႀကီးတည္မထားနဲ႕
အမတ္ေတြနဲ႕လည္းဆက္ဆံေရးေကာင္းေကာင္းတည္ေဆာက္ထားဦး
စကားကိုလည္းအလိုက္အထိုက္ေျပာ"
"အင္းပါ ကိုယ္ေနတတ္ပါတယ္"
"ၿပီးေတာ့မင္းသမီးက်ဴးအာကိုအနားသိပ္မကပ္ေစနဲ႕ေနာ္"
"သဝန္တိုလို႔လား.."
"မတိုပါဘူး"
ေရွာင္းက်န႔္ကအေဝးထြက္ေျပးမလို႔လုပ္ေတာ့ရိေပၚကေရွာင္းက်န႔္ခါးကေနဆြဲလွည့္ကာသူနဲ႕ရင္ခ်င္းဆြဲကပ္ပစ္တယ္။ ၿပီးေတာ့နဖူးခ်င္းထိကပ္ရင္းေရွာင္းက်န႔္ႏႈတ္ခမ္းေလးကိုအသာေလးေထြးငုံလိုက္၏။ ၿပီးမွေရွာင္းက်န႔္ပါးျပင္ႏွစ္ဖက္ကိုသူ႕လက္ၾကမ္းၾကမ္းနဲ႕ခပ္ဖြဖြပြတ္သပ္ျပန္၏။ တစ္ေယာက္အသက္ရႈသံကိုတစ္ေယာက္ခံစားသိရွိေနကာဝမ္ရိေပၚကလည္းမလႊတ္ေပးသလိုေရွာင္းက်န႔္ကလည္း႐ုန္းထြက္ဖို႔ ဆႏၵမရွ္ိ။ ဝမ္ရိေပၚကအခ်ိန္ခဏေလာက္ေထြးေပြ႕ၿပီးမွေရွာင္းက်န႔္ခါးကိုလႊတ္လိုက္၏။ ဒါေပမယ့္သူတို႔ႏွစ္ေယာက္ကေတာ့နီးကပ္ေနဆဲ..
"ကိုယ့္ေယာက္်ားကိုသဝန္တိုရင္တိုတယ္ေပါ့
သူက်ဳပ္အနားမကပ္ေစရဘူး စိတ္ခ်"
"ငါျမင္ရမွာမွမဟုတ္တာ!"
"ခင္မ်ားကလြဲၿပီးဘယ္သူ႕မွမႀကိဳက္ဘူး
ဒီေလာက္ဆိုယုံၿပီလား"
"နည္းနည္း.."
႐ႊတ္..
ဝမ္ရိေပၚကေရွာင္းက်န႔္ပါးျပင္ႏုႏုကိုတစ္ခ်က္နမ္းလိုက္ျပန္၏။
"ျပန္လာတဲ့အခါသတင္းေကာင္းယူလာခဲ့မယ္"
"အင္း ဂ႐ုစိုက္သြားဦး"
ေရွာင္းက်န႔္ကဝမ္ရိေပၚသြားတာနဲ႕သူ႕မားဆီကူးလာခဲ့၏။
"မား ကြၽန္ေတာ့္ကိုဘာေျပာမလို႔လဲဟင္"
ေရွာင္းမားကအသက္ျပင္းဖြဖြခ်ၿပီးေရွာင္းက်န႔္ကိုေဆးထုပ္တစ္ထုပ္လွမ္းေပး၏။
"ေန႕တိုင္းမပ်က္မကြက္ေသာက္ မားဟိုကသမားေတာ္ဆီကေတာင္းလာခဲ့တာ"
"ဘာေဆးလဲမား..
ရိေပၚကကြၽန္ေတာ္ကိုဂ်င္ဆင္းေန႕တိုင္းတိုက္ပါတယ္"
"အားေဆးေလးပါ
သားဒီလအတြင္းေအာ့အန္ခ်င္တာတို႔မရွိဘူးမလား"
"မရွိပါဘူး"
"ေကာင္းတယ္"
"ဒီေဆးကအရင္တုန္းကေသာက္ခဲ့တဲ့ေဆးမလား
ကြၽန္ေတာ္မေသာက္ခ်င္ေတာ့ဘူး"
"မေသာက္လို႔မရဘူး
သားေကာင္းဖို႔အတြက္မားလုပ္ေနတာ"
ေရွာင္းက်န႔္ကမားမ်က္ႏွာပ်က္သြားေတာ့လည္းစိတ္မေကာင္းေတာ့။ ေနာက္ဘာဘဲျဖစ္ျဖစ္အခုေတာ့မိခင္ျဖစ္သူစိတ္ခ်မ္းသာေအာင္ယူထားလိုက္ေတာ့မည္။
"ဂ်င္ဆင္းဆက္မေသာက္နဲ႕ေတာ့"
"ကြၽန္ေတာ္ခဏခဏေနမေကာင္းျဖစ္လို႔ရိေပၚမွာတကူးတကရွာထားရတာ"
"မားေျပာသလိုလုပ္ ဆက္မေသာက္နဲ႕ေတာ့
မားစကားနားေထာင္စမ္းပါက်န႔္အာရယ္"
မိခင္တစ္ေယာက္အေနနဲ႕သူမ အတၱႀကီးစြာဆက္လုပ္ရမွာဘဲ။ ဂ်င္ဆင္းကသားအိမ္ကိုလႈံ႕ေဆာ္ေပးၿပီး ဓမၼတာလာဖို႔အားေပးလိမ့္မယ္။ ေသြးအားေကာင္းၿပီးမဖြဲ႕ၿဖိဳးသင့္တဲ့အရာေတြဖြဲ႕ၿဖိဳးေစလိမ့္မယ္။ ငယ္ငယ္ကတည္းကဖိႏွိပ္ထားတဲ့အရာကိုဆက္ၿပီးမဖြဲ႕ၿဖိဳးေအာင္ဖိႏွိပ္ထားသင့္ရင္ဖိႏွိပ္ထားရမွာဘဲ...။
(23.4.22)
ဝမ္ရိေပၚကက်ဳပ္ျဖစ္လိုက္ကိုယ္ျဖစ္လိုက္ျဖစ္ေနတာကေလသူ႕စိတ္အေျခအေနလိုက္ႏူးညံ့သင့္သေလာက္ႏူးညံ့ၿပီးသုံးႏႈန္းထားတာပါ။ ေရွာင္းက်န႔္ကိုလည္းသူေခၚခ်င္သလိုေခၚေနတာဘဲေလ။
ကိုယ္မေျပာလဲဘယ္ဘက္ကိုဦးတည္လိုက္လဲသိသင့္သေလာက္သိမွာေပါ့ေနာ္☺️
............................