[Unicode] (35.3)
ကျန်းချူနမ်က သူ့ရှေ့ကနေ လမ်းကို အမြန်လျောက်သွားနေတဲ့ သူ့သားကို အံကြိတ်ကာ ကြည့်လိုက်တယ်။
ဒါပေမယ့် ရုတ်တရက် ကျန်းရှုက လမ်းလျောက် နှုန်းကို လျော့ချကာ စတင်ပြီး သတိကြီးစွာနဲ့ လမ်းလျောက်တော့တယ်။
" ဘာဖြစ်လို့လဲ ''
ကျန်းချူနမ်က ပုံမှန်လေးပဲ မေးလိုက် တယ်။
ဒါပေမယ့် ကျန်းရှုကတော့ သူ့ကိုလုံးဝ လျစ်လျူ ရှုသွားလေတယ်။ သူက ဒီကိစ္စကို ကလေးဖအေဖြစ်တဲ့ ရှုပေါ်စုကိုတောင်မပြောပြတာကို ကျန်းချူနမ် ကို ဘာကိစ္စ ပြောပြရမှာတဲ့လဲ။
ဒါပေမယ့် ဒီနေရာမှာ ဆွေးနွေးဖို့ရာ မေးခွန်း တစ်ခါရှိလေတယ်။
" အဖေ ကျွန်တော်မေးစရာရှိလို့''
" ဘာလဲ''
ကျန်းချူနမ်က ခြေ၂ လှမ်းစာ တိုးကပ်လိုက်တယ်။
" တကယ်လို့ ကျွန်တော် ကသာ ဂေးဆိုရင်''
ကျန်းရှုက ဆက်မေးတယ်။
" အဖေဘယ်လိုထင်လဲ?''
" မင်းက... ''
ကျန်းချူနမ်က အေးခဲသွား တယ်။
" ဘာကြီး''
ကျန်းရှုက နှုတ်ခမ်း ဆူကာ စကားတစ်ခု ကို တစ်လုံးချင်းပြော လိုက်တယ်။
" လိင် တူ နှစ် သက် သူ လေ''
ကျန်းချူနမ်က တိတ်ဆိတ် သွားတယ်။
" မင်းက အမျိုးသား တစ်ယောက် ကိုကြိုယ်တယ်ဆိုတာ ဘာကိုဆိုချင်တာလဲ။ သူကမိန်းကလေးတွေကို ကြိုက်တာမဟုတ်ဘူးလား ''
ကျန်းရှုက အနည်းငယ် စိတ်ရှုပ်ထွေး လာတယ်။
" အဖေက ဘယ်လိုလုပ်သေချာပေါက် အဲ့လူကအဲ့လိုဆိုတာကို ပြောရတာလဲ?''
သူက ဘယ်တုံးကမှ သူ့ကိုယ်သူ မိန်းကလေး တစ်ယောက် လို့မခံစားဘူးပါဘူးနော်။
" ဒါက လိင်တူကြိုက်တယ်လို့မှ မခေါ်တာ''
ကျန်းချူနမ်က သူ့သားကိုကြည့်ကာ တွေးလိုက်တယ် ။
" မင်းလတိုင်းစစ်ဆေးမှုတွေ လုပ်တယ်မဟုတ်ဘူးလား''
" ဟမ့်''
ကျန်းရှုက နှာမှုတ်လိုက်တယ်။
" အဲ့နေရာကို အမြဲတမ်း ဆေးစစ်သွားပါ့။ ဘာပြဿနာမှ မရှိဘူး''
" ပြောချင်တာက မင်းကချစ်မိနေပြီလား''
ကျန်းချူနမ်ရဲ့ တုံ့ပြန်ချက် က အဖေတစ်ယောက်နဲ့ မတူပဲ သူငယ်ချင်း တစ်ယောက် နဲ့ပိုတူနေတယ်။
" ဒါဆိုလည်း စကားပြောကြည့်ကြပေါ့။ ကိုယ့်ဘာသာ လုံခြုံရေးကို ဂရုစိုက် ။ ပြီးတော့မခံစားရစေနဲ့ ''
သူ့အဖေတုံ့ပြန်တာက တကယ့်ကို ကြီးမြတ်တယ်လို့ကို ကျန်းရှုတွေးမိသွားတယ်။
" အခုတော့ ကျွန်တော် အလှည့်ဖျား ခံရမယ်လို့ခများကြီး မပြောတော့ဘူး ပေါ့လေ''
အမူအရာက အတော်လေး ပြောင်းလဲ သွားလေတယ်။
" ဒါဆို ငါကမင်းကို တားရမှာလား''
ကျန်းချူနမ်က ပြောလာတယ် ။
" တကယ်လို့ မင်းသာ ငါ့စကားကို နားထောင်မယ်ဆိုရင် မင်းက ငါ့ကို နားပူနားဆာတောင် လုပ်မှာမဟုတ်ဘူးကွ''
အတော်ကြာပြီးတဲ့နောက် သူတို့သားဖဆက်ဆံရေးက ပိုပြီးတော့ ပြိုကွဲလာတာနဲ့ တူနေလေတယ်။
ကလေး တုံးကလည်း ကလေးဖြစ်နေလို့။ အခုကျတော့လည်း အသုံးဝင်ဖို့ လုံလုံလောက်လောက် မကောင်းနေပြန်ဘူးတဲ့လေ။
ကျန်းချူနမ် ရဲ့ စိတ်ကိုသိတဲ့ အတွက်ကြောင့် ကျန်းရှုက ဆက်ပြီးတော့ ကွန်ပလိန်း တက်မနေတော့ဘူး။ ပြီးတော့ သူ့အဖေဆီကနေ ဘာအကြံဉာဏ်မှလည်း ရမှာမဟုတ်ပါဘူး။ ဘာပဲ ဖြစ်ဖြစ် လေ သူက အဖေတစ်ယောက်ပဲဟာ သူနဲ့ရန်ဖြစ်ဖို့က အတော်လေးကိုမထိုက်တန်ပါဘူးလေ။
" လူတစ်ယောက် ကို ကြီးမြတ်တဲ့ လွတ်လပ်မှု ကိုပေးတာအကောင်းဆုံး လက်ဆောင်ပဲ ဆိုတာ ကိုခများမတွေးဘူး ဘူးလား''
ကျန်း ပညာရှိ ရှုက ခံစားချက် အပြည့်နဲ့ မေးတယ်။
" ဟင့်အင်း ။ လုံလောက် တဲ့ ပိုက်ဆံပါ ပေါင်းထည့်မယ်ဆိုရင် တစ်မျိုး ပေါ့လေ''
ကျန်းချူနမ်က ပြောလိုက်တယ်။
" ကျွန်တော် က ခများနဲ့ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်တဲ့ တစ်စုံတစ်ယောက် ကို ရှာပြမယ်''
ဒါကို ဘယ်လိုမျိုး ဖော်ပြရမလဲ ဆိုတာ မသိတော့တဲ့အတွက်ကြောင့်သူက ထိုအတိုင်းသာ ထုတ်ပြောလိုက်တယ်။
" သူက ကျွန်တော် ကို တစ်ယောက် ထဲ စားသောက် ခိုင်းမှာ မဟုတ်ဘူး ။ သူက ကျွန်တော် ကို တစ်ယောက် ထဲ မအိပ်ခိုင်းတဲ့ အပြင် ကျွန်တော် က လွဲ ပြီးတော့ ဘယ်သူ့ကိုမှ လဲ လိုချင် မှာ မဟုတ်ဘူး ။ ပြီးတော့ မျက်စိအောက်က နေတောင်အပျောက်ခံမှာ မဟုတ်ဘူး ဗျ''
ကျန်းချူနမ်: '' ဆိုတော့ ငါက မင်းရဲ့ အဖေလေ။ သူကမင်းရဲ့ ပစ်မှတ်လေ''
ကျန်းရှု: " ...... ''
ဒါက မတူညီတဲ့ အရာတစ်ခု များလား။
( အဖေနဲ့ ခင်ပွန်း နဲ့ကတူမှ မတူတာကွယ်)
အချိန် အတော်ကြာကြီး စကားမပြောတဲ့နောက် ကျန်းချူနမ်က ပြောလာတယ် ။
" မင်းလည်း ရင့်ကျက်လာ သင့်ပြီ''
ကျန်းရှုက သူ့ကိုယ်သူ တွေးကြည့်လိုက်တယ်။
ဒါက ဘာသောက်အဓိပ္ပါယ် မရှိတဲ့စကားလည်း။
သူကအခုဆို အဖေတစ်ယောက်တောင် ဖြစ်နေပြီလေ။
(အင်းဘာ)
ငါ သာဆို ငါ့ကလေးကို အနာဂတ်မှာ ငါ့အပေါ်အမြင်စောင်း စေမယ့်ထင်မြင်ချက်တွေ ရှိဖို့ခွင့်မပြုနိုင်ဘူး။
👨👦👨👦👨👦👨👦👨👦👨👦👨👦👨👦👨👦👨👦👨👦👨👦
တိုက်ခန်း ငယ်လေးရဲ့အခန်း တံခါးကိုဖွင့်လိုက်တဲ့အခါမှာတော့ အရာရာတိုင်း က ခြောက်သွေ့နေခဲ့တယ်။ ရှုပေါ်စု က အိပ်ခန်း ထဲဝင်ကာ လေ့လာစရာ ရှိတာတွေ လေ့လာနေရင်းအသက်မဲ့စွာ ဖြတ်သန်း နေခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတွေ့ချင်တဲ့လူလေးကို မတွေ့ရလို့လေ။
အခုချိန် မှာတော့ သူက အလုပ်ကနေအိမ်ကိုပြန်လာတဲ့အခါမှာ ပထမဆုံး အနေနဲ့ အိမ်လေးက အတော့်ကိုခြောက်သွေ့နေ တာပဲလို့ခံစားရနေလေတယ်။
ဒါတွေအကုန်လုံးက ကျန်းရှုလေး ဒီနေရာမှာရှိမနေလို့ပဲ။ သူ့ရဲ့နှလုံးသား က မကွဲကြေတာတောင်မှပဲ သူ့ရဲ့စိတ်ဝိဉာဥ်ကတော့ ပျောက်ဆုံးနေလေတယ်။
( ချီးထဲမှသောက် rs တွေ )
ဒီလိုတွေ လုပ်နေလို့မဖြစ်ဘူး ဆိုတာကို ရှုပေါ်စု သိပါတယ် ။ ပြီးတော့ ကျန်းရှုက အဝေးကိုရောက်နေပြီး သူကတစ်ယောက်ထဲ နေရအုံးမယ်လေ။
ဒါပေမယ့် ငါညစာချက်ဖို့ စိတ်မဝင်စား ဘူး။ ပြီးတော့ ဆာလောင်တယ် လို့တောင်မခံစားရဘူးလေ။
[ စတော်ဘယ်ရီလေး မင်းညစာ ဘာစားနေတာလဲ]
တစ်နေကုန် ဖုန်းကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေတဲ့ ကျန်း စတော်ဘယ်ရီ ရှုက လျင်မြန်စွာ စာပြန်လာတယ်။
[ ကျွန်တော် လည်းမသိဘူး။ ခများအိမ်ပြန်ရောက်ရင် ချက်စားလိုက်လေ။]
ရှုပေါ်စု: [ ကိုယ်ပြောပြရင်လည်း မင်းကယုံမှာမဟုတ် ပါဘူးလေ]
ကျန်းရှု: [ ဘာကြီးကိုလဲ ]
ရှုပေါ်စု: [ မင်းလေးက ဒီမှာမရှိတာကြောင့် ကိုယ်စားချင်စိတ် တစ်စက်မှ မရှိဘူး ဖြစ်နေတာလေ]
ကျန်းရှု: [ ခများဆိုလိုတာက ကျွန်တော် ကျတော့ ကောင်းကောင်း စားသောက် နိုင်နေတာကျနေတာပဲ]
ရှုပေါ်စု: [ အရင်တုံးက မင်းကို လိုက်ခဲ့တဲ့ လူတွေကတော့ အတော်လေး ခါးသီးခဲ့မှာပဲ]
ကျန်းရှု: [ ဘယ်သူကမှ ကျွန်တော့်ကို မလိုက်ခဲ့ပါဘူးနော်။ ကျွန်တော့် ရည်းစား ဟောင်း ကို ကျွန်တော် လိုက်ခဲ့တာလေ]
ရှုပေါ်စု: [ နောက်တစ်ခါကျရင် ကိုယ်က မင်းကိုဘယ်လိုမျိုး ချဥ်းကပ်မလဲဆိုတာကိုပြပေးမယ်လေ]
ကျန်းရှု:[ သွားချက်ပြီးတော့ စားသောက် တော့ ပြီးတာနဲ့အိပ်တော့နော်]
ရှုပေါ်စု: [ ဟုတ်ကဲ့ ^ ❤ ^ ]
ဒါက စားသောက် ပြီးအိပ်ဖို့ အတော့်ကို စောသေးတာပဲ။
သူက ကျန်းရှုကို ဖုန်းခေါ်ချင်နေခဲ့တယ်။ ဒါပေမယ့် သူမလုပ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် တောင်မှပဲ သူကစိတ်ရှုပ်စရာ အနှောင့်အယှက် ဖြစ်တယ်လို့ ခံစားနေရလို့လေ။
ကျန်းရှု ရှောင်တိမ်းသွားတာက သူဟာ အရမ်းလူကပ်တာကို မထိန်းနိုင်လို့ ထွက်သွားတာတောင် ဖြစ်နိုင်သေးတယ်။
" ဟူး..''
ရှုပေါ်စုက သက်ပြင်းချ ကာ ရက်သတ္တပတ် လောက်မလဲရသေးတဲ့ စောင်တွေကို ငုံ့ကြည့် လိုက်တယ်။ နောက်တော့ ထိုအရာတွေကို ရေချိူးခန်းထဲကို ယူသွား ကာ အဝတ်လျော် စက်ထဲကိုပစ်ထည့်ပြီး လျော်လိုက်တယ်။
တိုက်ခန်းငယ်လေးရဲ့ အတွင်းအပြင် ရေဆိုးနှုတ်စနစ်ကို သူကြည့်နေခဲ့တယ်။ ဒါပေမယ့် သူသဘောမပေါက်လိုက် သေးခင်မှာပဲ ဖုန်းကမြည်လာတယ်။
ထိုအရာကို ကြည့်လိုက်တော့ ဒါက ကျန်းရှုခေါ်တဲ့ဖုန်းပဲ ဖြစ်တယ် ။ ဒါကြောင့်မို့ သူ့လက်ထဲက အိမ်အလုပ်တွေကို အကုန်ဝဲလိုက်ကာ သူနဲ့ ဇနီးလေးကြားမှာ အနမ်းတွေပဲ ပြည့်နေစေဖို့အာရုံစိုက်လိုက်တယ်။
{ ခများ အခုဘာလုပ် နေတာလဲ?}
ထိုအဓိပ္ပါယ် မပါတဲ့မေးခွန်းမိတ်ဆက် လေးက အိပ်ယာပေါ်ကိုခြေ ချနေတဲ့ကျန်း စတော်ဘယ်ရီလေး ဆီကနေထွက်လာတယ်။
{ မင်းအဝေး ရောက်နေတုံးမှာ ကိုယ်က လုပ်လေ့လုပ်ထရှိတဲ့ သန့်ရှင်းရေး လုပ်နေတာပေါ့ }
ရှုပေါ်စုရဲ့ စကားက ကျန်းရှုကို သေမတက်လန့်သွားစေတယ်။
{ ဘာလို့ အိမ်အလုပ်တွေ လုပ်နေတာလဲ အိမ်ကမှမညစ်ပတ်နေတာကို }
ကျန်းရှုက မေးလိုက်တယ် ။
{ ဘယ်အခန်းကို လုပ်နေတာလဲ?}
ပြောလိုက်စမ်းပါ အန်ကယ်ကျန်းက အသေးစိတ်ပြော တာကိုနားထောင်နေတယ်နော်။
{ စာကြည့်ခန်းလေ}
ရှုပေါ်စုက ပြောလိုက် တယ်။
{အော်...}
ကျန်းရှု တစ်ယောက် အတော်လေး စိတ်သက်သာရာ ရသွားတယ်။
{ မနက်ဖြန်က အားလပ်ရက် လေ}
ရှုပေါ်စုက အသေးစိတ်အစီရင်ခံ နေလေတယ်။
{ ကိုယ်က ကိုယ်တို့အခန်းထဲက အပိုပစ္စည်းတွေကို ပါရှင်းပစ်မလို့လေ။ ဒါမှသာ အဲ့တာကပိုကျယ်လာတယ်လို့ ထင်ရမှာလေ။ }
ကျန်းရှု: ငါ့စိတ်တွေ အကုန်ကွက်လပ် ဖြစ်ကုန်ပြီ....!!!!
👻👻👻👻👻👻👻👻👻👻👻👻