(Unicode)
အိမ်ပြန်လာတော့ အန်းချီလော့နဲ့နီရှိဇ၀က ညစာအဆင်သင့်ဖြစ်နေပြီ။စွပ်ပြုတ်နဲ့ အသားကင်ဖြစ်နေတုန်းပဲဆိုတော့ ပိုင်မုက မျက်မှောင်ကြုတ်သွားတယ်။ပိုင်မုက အခုတော့ သူ့ရဲ့အစာအိမ်လေး နာကျင်နေပြီလို့ ခံစားခဲ့ရပြီးတော့ သူ ဆက်ပြီး အဲ့ဒါကို မနှစ်သက်နိုင်တော့ဘူး။သူက တခြားအစားအစာတွေကို ရှာချင်တယ်။
ခဲယ်လ်တစ်က ပိုင်မုရဲ့ မျက်မှောင်ကြုတ်လိုက်တဲ့အမူအရာ မလွတ်သွားခဲ့ဘူး။သူ(ပိုင်မု)စားတာ အသားတစ်ခုထက်တောင်နည်းပြီး အဲ့ဒါက ခဲယ်လ်တစ်ကို စိတ်နှလုံးပူဆွေးစေတယ်။မဟုတ်သေးဘူး။သူက ပိုင်မုအတွက် မိန်းမပျိုတွေကြိုက်တတ်တဲ့အစားအစာမျိုးကို ရှာရတော့မယ်။မဟုတ်ရင် သူ့(ပိုင်မု)ခန္ဓာကိုယ်က မတ်မတ်ရပ်နိုင်ဖို့ ဖြစ်နိုင်မှာ မနိုင်ဘူး။
ပိုင်မုက ညဘက်မှာတော့ အိပ်မက်တစ်ခုမက်ခဲ့တယ်။အရင်က ကျိုးကျစ်ရွေ့နဲ့ အတူနေခဲ့တဲ့ ပျော်ရွှင်စရာဘ၀နဲ့ သူ့ရဲ့လက်ထပ်ပွဲမြင်ကွင်းကို အိပ်မက်,မက်နေခဲ့တာ။ပိုင်မုက ပြင်းပြင်းထန်ထန် ထထိုင်လိုက်ပြီး ချွေးတွေရွှဲနေခဲ့တယ်။
လုံး၀ကို မရင်းနှီးတဲ့ပတ်၀န်းကျင်မှာ အဲ့ဒီအကြောင်းကို သူမတွေးနေလောက်တော့ဘူးလို့ သူထင်နေခဲ့တာ။သူရဲ့အိပ်မက်ထဲမှာ ထိုအိပ်မက်ဆိုးကို မြင်ရဖို့ သူမမျှော်လင့်ထားခဲ့ဘူး။ဒီရက်တွေမှာ သူ့ကိုယ်သူအလုပ်များနေအောင် သူအလုပ်ပြင်းပြင်းထန်ထန်လုပ်နေခဲ့ပြီး သူ့(ကျိုးကျစ်ရွေ့)အကြောင်းတွေးဖို့ အချိန်မရှိခဲ့ဘူး။ခုထိ မမေ့နိုင်သေးဘူးလား?
ပိုင်မုက အိပ်ချင်စိတ်ပျောက်သွားပြီး သူ့ရဲ့ကုတ်အင်္ကျီကို ၀တ်လိုက်ကာ ဖိနပ်စီးလိုက်ပြီးနောက် ဂူ၀င်ပေါက်ဆီကို လျှောက်လာပြီး ကောင်းကင်က ကြယ်တွေကို ကြည့်ဖို့ ထိုင်ချလိုက်တယ်။ ဒီနေရာက ကြယ်တွေလင်းလက်နေတဲ့ကောင်းကင်က သူငယ်ငယ်တုန်းက သူ့အဖွားရဲ့အိမ်မှာ မြင်ခဲ့ရတဲ့ကြယ်တွေနဲ့ တူတယ်။ တောက်ပနေတဲ့ကြယ်တွေပြည့်နေတဲ့ကောင်းကင်က မြို့ထဲမှာဆို အကြာကြီးမြင်နိုင်မှာမဟုတ်ဘူး။ပြီးတော့ သူ့ရဲ့မိဘတွေ ကောင်းကောင်းလုပ်နေပါ့မလား သူမသိဘူး။
အခုတော့ အဲ့ဒီက ကမ္ဘာက ဘာဖြစ်နေလဲဆိုတာ မသိဘူး။သူ့မိဘတွေက သူပျောက်နေတယ်ဆိုတာ ရှာတွေ့ပါ့မလား။မဖြစ်နိုင်လောက်ဘူး။ငါးနှစ်ရှိပြီ။သူ့အိမ်နဲ့အဆက်အသွယ်မလုပ်ခဲ့တာ ငါးနှစ်ရှိခဲ့ပြီ။သူ့မိဘတွေက ၀တ္တရားမသိတတ်တဲ့သူ့လိုသားမျိုးကို မလိုချင်ကြတော့ဘူး။သူတို့က ဘယ်နေရာကို ရွေ့ပြောင်းမယ်ဆိုတာကိုတောင် သူ့ကို မပြောချင်ခဲ့ကြဘူး။သူက သူ့မိဘတွေရဲ့နှလုံးသားကို ခွဲခဲ့တာကြောင့် ဆွေမျိုးတွေက သူ့ကို ပြောပြဖို့ ဆန္ဒမရှိကြဘူး။
သူရုတ်တရက်ရှာတွေ့သွားတာကတော့ မူလကမ္ဘာက တစ်ယောက်ကမှ သူပျောက်ဆုံးနေတာကို ရှာတွေ့လိမ့်မှာမဟုတ်ဘူးဆိုတာကိုပဲ။သူက ကမ္ဘာကြီးထဲကနေ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့ရုံလေးလိုပဲ။သူက ဘာလို့ ဒီနေရာကို အခေါ်ခံခဲ့ရတာလဲ?ဘာလို့လဲဆိုတော့ မရှာဖွေကြမှာမို့လို့ပဲ။
ပြီးတော့ ဒီကမ္ဘာမှာ သူကဘာလဲ?အေးစက်နေတဲ့မျက်ရည်တွေက သူ့ပါးပြင်ပေါ် စီးကျလာပေမယ့် အတွေးတွေထဲ နစ်မြုပ်နေတဲ့ ပိုင်မုက အဲ့ဒါကို မခံစားရဘူး။နွေးထွေးတဲ့လက်တစ်စုံက သူ့ရဲ့မျက်ရည်တွေကို မသုတ်ပစ်ပေးခင်ထိပဲ။ပိုင်မုက သူ့စိတ်တွေ ပြန်ရလာပြီး တောက်ပနေတဲ့လရောင်နဲ့အတူ သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်နေတဲ့ သူ့ကို စိုးရိမ်ပူပန်စွာ ငြင်သာနူးညံ့စွာကြည့်နေတဲ့ ချောမောခန့်ညားတဲ့ယောက်ျားကို ကြည့်လိုက်ကာ ပိုပြီး ၀မ်းနည်းလာတယ်လို့ ခံစားလိုက်ရတယ်။
"ဘာလို့ အခုထိ မင်းမအိပ်သေးတာလဲ"ပိုင်မုက မျက်ရည်တွေကို သုတ်ပစ်လိုက်ပေမယ့် တခါတစ်ရံတော့ စီးကျနေခဲ့ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ခဲ့တယ်။
"မင်းဘာဖြစ်တာလဲ ပြသနာရှိလို့လား"ခဲယ်လ်တစ်က ၀မ်းနည်းနေတဲ့ပိုင်မုကို ကြည့်လိုက်ပြီး သူ့ရဲ့နာကျင်မှုတွေကို မျှဝေခံစားဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေတယ်။
"ဘာမှမဖြစ်ပါဘူး အိမ်လွမ်းနေလို့ပါ ဒါပေမယ့် အိမ်မှာ ကျွန်တော့်ကိုစောင့်နေမယ့်သူတစ်ယောက်မှ မရှိဘူး"ပိုင်မုက ကြယ်တွေပြည့်နေတဲ့ကောင်းကင်ကို ကြည့်လိုက်တယ်။ သူငိုကြွေးချင်တဲ့အချိန် သူ့ခေါင်းကို မော့လိုက်တဲ့အခါ မျက်ရည်တွေ ထွက်လာတော့မှာမဟုတ်ဘူးလို့ ဘယ်သူပြောခဲ့မှန်း သူမသိတော့ဘူး။
"ဒါဆို မင်း ပြန်သွားချင်လား"ခဲယ်လ်က သူ့ဘေးမှာ ထိုင်ချလိုက်ပြီး *အဲ့ဒီအကြောင်း ဘာက အရမ်းကောင်းမွန်လဲဆိုတာ သူမသိခဲ့တာတောင် သူ့နဲ့အတူ ကြယ်တွေကို ကြည့်ခဲ့တယ်။(T/N-ကြယ်ဘာလို့ကြည့်မှန်းမသိတာတောင် ကလေး၀မ်းနည်းနေလို့ သူက ကြယ်လိုက်ကြည့်ပေးတာ)
"ကျွန်တော် ပြန်မသွားနိုင်ဘူး"ပိုင်မုက သက်ပြင်းချသံတစ်ချက်နဲ့အတူ ပြောခဲ့တယ်။
"ဒါဆို ဒါကို မင်းရဲ့အိမ်အဖြစ် ဆက်ဆံပါ ကိုယ်မင်းကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးမှာပါ"ခဲယ်လ်တစ်က သူ့ရဲ့အပျော်တွေကို ဖုံးကွယ်ပြီး ရိုးသားစွာ ပြောခဲ့တယ်။
"ခင်ဗျားသိလား ဒီကမ္ဘာနဲ့ကျွန်တော့်ရဲ့မူလကမ္ဘာကြားမှာ ကွာခြားမှုအကြီးကြီးရှိတယ် ဒီနေရာမှာ ကျွန်တော် ပြည့်ပြည့်၀၀မပေါင်းစပ်နိုင်သေးဘူး"ပိုင်မုက သူ့ရဲ့စကားတွေကြောင့် နွေးထွေးမှုကို ခံစားလိုက်ရတယ်။တချို့လူတွေက သူ့ကို ဂရုစိုက်နေတုန်းပဲ။
"အဆင်ပြေတယ် ကိုယ် မင်းကို ဖြစ်နိုင်သလောက် မကြာခင်မှာ ဒီနေရာက ဘ၀ထဲ ပေါင်းစပ်နိုင်အောင် ကူညီပေးမှာ"သူ့(ပိုင်မု)ရဲ့စိတ်ရှုပ်ထွေးနေတဲ့အရာလေး ထုတ်ပြတာကို တွေ့ပြီး ခဲယ်လ်တစ်က သူ့ရဲ့လက်မောင်းတွေထဲ သူ့(ပိုင်မု)ကို ပွေ့ဖက်ထားလိုက်ချင်တယ်။
"ခဲယ်လ်တစ် ကျေးဇူးတင်ပါတယ်"ပိုင်မုက တောထဲက သူ့ကို ကောက်လာခဲ့တဲ့ သူ့ကို ဂရုစိုက်ပေးတဲ့ ဒီယောက်ျားကို အရမ်းကျေးဇူးတင်တယ်။
"ကိုယ်က မင်းကို ကောင်းမွန်တဲ့အချိန်တွေ ရှိစေချင်ရုံပါ"ခဲယ်လ်တစ်ရဲ့အကြည့်က နူးညံ့ပြီး လူတွေကို သူ့အကြည့်ထဲ မွေ့လျော်ချင်အောင်လုပ်နေတယ်။
"ညီငယ်လေးနှစ်ယောက်ကို ခင်ဗျားတစ်ယောက်တည်း ကျွေးမွေးရတာ ခင်ဗျားအတွက် အရမ်းခက်ခဲလား"ပိုင်မုက သူ့ရဲ့ရည်ရွယ်ချက်ကို သဘောပေါက်ပေမယ့် သူတို့က ရက်အနည်းငယ်သာလျှင် တွေ့ဆုံရရုံရှိသေးတာကြောင့် အလျင်စလိုနဲ့ အကြာင်းအရာကို ပြောင်းလိုက်တယ်။
"မဟုတ်ဘူး သူတို့က လုံး၀ချစ်စရာကောင်းကြတယ် အန်းချီလော့က အရမ်းနာခံတတ်ပြီး ကိုယ့်အတွက် အရာအများကြီးလုပ်ပေးတယ်။တပေါက သူငယ်ငယ်တုန်းက ကျန်းမာရေးမကောင်းရုံပါ။သူက *နှလုံးသားတွေအများကြီးယူခဲ့တာ"(ချစ်မွေးပါ)ညီအစ်ကိုနှစ်ယောက်အကြောင်း ပြောနေတော့ ခဲယ်လ်တစ်ရဲ့မျက်နှာက ကြင်နာတဲ့အပြုံးတပွင့်ကို ပြနေခဲ့တယ်။
"ဒါပေမယ့် ခင်ဗျားက သူတို့ကို အရမ်းကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားလို့ပါ မဟုတ်ဘူးလား"အန်းချီလော့က တက်ကြွပြီးတော့ ချစ်စရာကောင်းတယ်။တပေါကလည်းပဲ ပါးနပ်ပြီး လိမ္မာတယ်။
"ဟဟဟ...."ခဲယ်လ်တစ်က ရှက်ကိုးရှက်ကန်းနဲ့ ပြုံးလိုက်တယ်။
"ခင်ဗျားက အစ်ကိုကောင်းတစ်ယောက်ပဲ"ပိုင်မုက တစ်ဦးတည်းသောသားဖြစ်ပြီးတော့ သူတို့ရဲ့ညီအစ်ကိုဘ၀လေးကို အားကျမိတယ်။
"ကိုယ်က အနာဂတ်မှာ ကောင်းမွန်တဲ့အဖော်တစ်ယောက် ကောင်းမွန်တဲ့ သားရဲအဖေတစ်ယောက် ဖြစ်လာမှာပါ"ခဲယ်လ်တစ်က လေးလေးနက်နက်ပြောခဲ့ပြီး ချွေးစို့လုနီးပါးပဲ။
"ဒါဆို ခင်ဗျားရဲ့ ပါတနာက အရမ်းပျော်ရွှင်ရလိမ့်မယ်"ပိုင်မုက သဘာ၀မကျစွာနဲ့ ပြောခဲ့တယ်။
"ကောင်းပါပြီ ကိုယ်က ကိုယ့်ရဲ့ပါတနာကို ပျော်ရွှင်အောင် လုပ်ပေးမှာ"ခဲယ်လ်တစ်က ပြောခဲ့ပြီး ပိုင်မုကို လေးလေးနက်နက်နဲ့ ကြည့်ခဲ့တယ်။
(Zawgyi code)
အိမ္ျပန္လာေတာ့ အန္းခ်ီေလာ့နဲ႕နီရွိဇ၀က ညစာအဆင္သင့္ျဖစ္ေနၿပီ။စြပ္ျပဳတ္နဲ႕ အသားကင္ျဖစ္ေနတုန္းပဲဆိုေတာ့ ပိုင္မုက မ်က္ေမွာင္ၾကဳတ္သြားတယ္။ပိုင္မုက အခုေတာ့ သူ႕ရဲ႕အစာအိမ္ေလး နာက်င္ေနၿပီလို႔ ခံစားခဲ့ရၿပီးေတာ့ သူ ဆက္ၿပီး အဲ့ဒါကို မႏွစ္သက္နိုင္ေတာ့ဘူး။သူက တျခားအစားအစာေတြကို ရွာခ်င္တယ္။
ခဲယ္လ္တစ္က ပိုင္မုရဲ႕ မ်က္ေမွာင္ၾကဳတ္လိုက္တဲ့အမူအရာ မလြတ္သြားခဲ့ဘူး။သူ(ပိုင္မု)စားတာ အသားတစ္ခုထက္ေတာင္နည္းၿပီး အဲ့ဒါက ခဲယ္လ္တစ္ကို စိတ္ႏွလုံးပူေဆြးေစတယ္။မဟုတ္ေသးဘူး။သူက ပိုင္မုအတြက္ မိန္းမပ်ိဳေတြႀကိဳက္တတ္တဲ့အစားအစာမ်ိဳးကို ရွာရေတာ့မယ္။မဟုတ္ရင္ သူ႕(ပိုင္မု)ခႏၶာကိုယ္က မတ္မတ္ရပ္နိုင္ဖို႔ ျဖစ္နိုင္မွာ မနိုင္ဘူး။
ပိုင္မုက ညဘက္မွာေတာ့ အိပ္မက္တစ္ခုမက္ခဲ့တယ္။အရင္က က်ိဳးက်စ္ေ႐ြ႕နဲ႕ အတူေနခဲ့တဲ့ ေပ်ာ္႐ႊင္စရာဘ၀နဲ႕ သူ႕ရဲ႕လက္ထပ္ပြဲျမင္ကြင္းကို အိပ္မက္,မက္ေနခဲ့တာ။ပိုင္မုက ျပင္းျပင္းထန္ထန္ ထထိုင္လိုက္ၿပီး ေခြၽးေတြ႐ႊဲေနခဲ့တယ္။
လုံး၀ကို မရင္းႏွီးတဲ့ပတ္၀န္းက်င္မွာ အဲ့ဒီအေၾကာင္းကို သူမေတြးေနေလာက္ေတာ့ဘူးလို႔ သူထင္ေနခဲ့တာ။သူရဲ႕အိပ္မက္ထဲမွာ ထိုအိပ္မက္ဆိုးကို ျမင္ရဖို႔ သူမေမွ်ာ္လင့္ထားခဲ့ဘူး။ဒီရက္ေတြမွာ သူ႕ကိုယ္သူအလုပ္မ်ားေနေအာင္ သူအလုပ္ျပင္းျပင္းထန္ထန္လုပ္ေနခဲ့ၿပီး သူ႕(က်ိဳးက်စ္ေ႐ြ႕)အေၾကာင္းေတြးဖို႔ အခ်ိန္မရွိခဲ့ဘူး။ခုထိ မေမ့နိုင္ေသးဘူးလား?
ပိုင္မုက အိပ္ခ်င္စိတ္ေပ်ာက္သြားၿပီး သူ႕ရဲ႕ကုတ္အကၤ်ီကို ၀တ္လိုက္ကာ ဖိနပ္စီးလိုက္ၿပီးေနာက္ ဂူ၀င္ေပါက္ဆီကို ေလွ်ာက္လာၿပီး ေကာင္းကင္က ၾကယ္ေတြကို ၾကည့္ဖို႔ ထိုင္ခ်လိဳက္တယ္။ ဒီေနရာက ၾကယ္ေတြလင္းလက္ေနတဲ့ေကာင္းကင္က သူငယ္ငယ္တုန္းက သူ႕အဖြားရဲ႕အိမ္မွာ ျမင္ခဲ့ရတဲ့ၾကယ္ေတြနဲ႕ တူတယ္။ ေတာက္ပေနတဲ့ၾကယ္ေတြျပည့္ေနတဲ့ေကာင္းကင္က ၿမိဳ႕ထဲမွာဆို အၾကာႀကီးျမင္နိုင္မွာမဟုတ္ဘူး။ၿပီးေတာ့ သူ႕ရဲ႕မိဘေတြ ေကာင္းေကာင္းလုပ္ေနပါ့မလား သူမသိဘူး။
အခုေတာ့ အဲ့ဒီက ကမၻာက ဘာျဖစ္ေနလဲဆိုတာ မသိဘူး။သူ႕မိဘေတြက သူေပ်ာက္ေနတယ္ဆိုတာ ရွာေတြ႕ပါ့မလား။မျဖစ္နိုင္ေလာက္ဘူး။ငါးႏွစ္ရွိၿပီ။သူ႕အိမ္နဲ႕အဆက္အသြယ္မလုပ္ခဲ့တာ ငါးႏွစ္ရွိခဲ့ၿပီ။သူ႕မိဘေတြက ၀တၱရားမသိတတ္တဲ့သူ႕လိုသားမ်ိဳးကို မလိုခ်င္ၾကေတာ့ဘူး။သူတို႔က ဘယ္ေနရာကို ေ႐ြ႕ေျပာင္းမယ္ဆိုတာကိုေတာင္ သူ႕ကို မေျပာခ်င္ခဲ့ၾကဘူး။သူက သူ႕မိဘေတြရဲ႕ႏွလုံးသားကို ခြဲခဲ့တာေၾကာင့္ ေဆြမ်ိဳးေတြက သူ႕ကို ေျပာျပဖို႔ ဆႏၵမရွိၾကဘူး။
သူ႐ုတ္တရက္ရွာေတြ႕သြားတာကေတာ့ မူလကမၻာက တစ္ေယာက္ကမွ သူေပ်ာက္ဆုံးေနတာကို ရွာေတြ႕လိမ့္မွာမဟုတ္ဘူးဆိုတာကိုပဲ။သူက ကမၻာႀကီးထဲကေန တိတ္တဆိတ္ ေပ်ာက္ကြယ္သြားခဲ့႐ုံေလးလိုပဲ။သူက ဘာလို႔ ဒီေနရာကို အေခၚခံခဲ့ရတာလဲ?ဘာလို႔လဲဆိုေတာ့ မရွာေဖြၾကမွာမို႔လို႔ပဲ။
ၿပီးေတာ့ ဒီကမၻာမွာ သူကဘာလဲ?ေအးစက္ေနတဲ့မ်က္ရည္ေတြက သူ႕ပါးျပင္ေပၚ စီးက်လာေပမယ့္ အေတြးေတြထဲ နစ္ျမဳပ္ေနတဲ့ ပိုင္မုက အဲ့ဒါကို မခံစားရဘူး။ႏြေးေထြးတဲ့လက္တစ္စုံက သူ႕ရဲ႕မ်က္ရည္ေတြကို မသုတ္ပစ္ေပးခင္ထိပဲ။ပိုင္မုက သူ႕စိတ္ေတြ ျပန္ရလာၿပီး ေတာက္ပေနတဲ့လေရာင္နဲ႕အတူ သူ႕ေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ သူ႕ကို စိုးရိမ္ပူပန္စြာ ျငင္သာႏူးညံ့စြာၾကည့္ေနတဲ့ ေခ်ာေမာခန႔္ညားတဲ့ေယာက္်ားကို ၾကည့္လိုက္ကာ ပိုၿပီး ၀မ္းနည္းလာတယ္လို႔ ခံစားလိုက္ရတယ္။
"ဘာလို႔ အခုထိ မင္းမအိပ္ေသးတာလဲ"ပိုင္မုက မ်က္ရည္ေတြကို သုတ္ပစ္လိုက္ေပမယ့္ တခါတစ္ရံေတာ့ စီးက်ေနခဲ့ၿပီး သူ႕ကိုယ္သူ တည္ၿငိမ္ေအာင္လုပ္ခဲ့တယ္။
"မင္းဘာျဖစ္တာလဲ ျပသနာရွိလို႔လား"ခဲယ္လ္တစ္က ၀မ္းနည္းေနတဲ့ပိုင္မုကို ၾကည့္လိုက္ၿပီး သူ႕ရဲ႕နာက်င္မႈေတြကို မွ်ေဝခံစားဖို႔ ျပင္းျပင္းထန္ထန္ႀကိဳးစားေနတယ္။
"ဘာမွမျဖစ္ပါဘူး အိမ္လြမ္းေနလို႔ပါ ဒါေပမယ့္ အိမ္မွာ ကြၽန္ေတာ့္ကိုေစာင့္ေနမယ့္သူတစ္ေယာက္မွ မရွိဘူး"ပိုင္မုက ၾကယ္ေတြျပည့္ေနတဲ့ေကာင္းကင္ကို ၾကည့္လိုက္တယ္။ သူငိုေႂကြးခ်င္တဲ့အခ်ိန္ သူ႕ေခါင္းကို ေမာ့လိုက္တဲ့အခါ မ်က္ရည္ေတြ ထြက္လာေတာ့မွာမဟုတ္ဘူးလို႔ ဘယ္သူေျပာခဲ့မွန္း သူမသိေတာ့ဘူး။
"ဒါဆို မင္း ျပန္သြားခ်င္လား"ခဲယ္လ္က သူ႕ေဘးမွာ ထိုင္ခ်လိဳက္ၿပီး *အဲ့ဒီအေၾကာင္း ဘာက အရမ္းေကာင္းမြန္လဲဆိုတာ သူမသိခဲ့တာေတာင္ သူ႕နဲ႕အတူ ၾကယ္ေတြကို ၾကည့္ခဲ့တယ္။(T/N-ၾကယ္ဘာလို႔ၾကည့္မွန္းမသိတာေတာင္ ကေလး၀မ္းနည္းေနလို႔ သူက ၾကယ္လိုက္ၾကည့္ေပးတာ)
"ကြၽန္ေတာ္ ျပန္မသြားနိုင္ဘူး"ပိုင္မုက သက္ျပင္းခ်သံတစ္ခ်က္နဲ႕အတူ ေျပာခဲ့တယ္။
"ဒါဆို ဒါကို မင္းရဲ႕အိမ္အျဖစ္ ဆက္ဆံပါ ကိုယ္မင္းကို ေကာင္းေကာင္းမြန္မြန္ ဂ႐ုစိုက္ေပးမွာပါ"ခဲယ္လ္တစ္က သူ႕ရဲ႕အေပ်ာ္ေတြကို ဖုံးကြယ္ၿပီး ရိုးသားစြာ ေျပာခဲ့တယ္။
"ခင္ဗ်ားသိလား ဒီကမၻာနဲ႕ကြၽန္ေတာ့္ရဲ႕မူလကမၻာၾကားမွာ ကြာျခားမႈအႀကီးႀကီးရွိတယ္ ဒီေနရာမွာ ကြၽန္ေတာ္ ျပည့္ျပည့္၀၀မေပါင္းစပ္နိုင္ေသးဘူး"ပိုင္မုက သူ႕ရဲ႕စကားေတြေၾကာင့္ ႏြေးေထြးမႈကို ခံစားလိုက္ရတယ္။တခ်ိဳ႕လူေတြက သူ႕ကို ဂ႐ုစိုက္ေနတုန္းပဲ။
"အဆင္ေျပတယ္ ကိုယ္ မင္းကို ျဖစ္နိုင္သေလာက္ မၾကာခင္မွာ ဒီေနရာက ဘ၀ထဲ ေပါင္းစပ္နိုင္ေအာင္ ကူညီေပးမွာ"သူ႕(ပိုင္မု)ရဲ႕စိတ္ရႈပ္ေထြးေနတဲ့အရာေလး ထုတ္ျပတာကို ေတြ႕ၿပီး ခဲယ္လ္တစ္က သူ႕ရဲ႕လက္ေမာင္းေတြထဲ သူ႕(ပိုင္မု)ကို ေပြ႕ဖက္ထားလိုက္ခ်င္တယ္။
"ခဲယ္လ္တစ္ ေက်းဇူးတင္ပါတယ္"ပိုင္မုက ေတာထဲက သူ႕ကို ေကာက္လာခဲ့တဲ့ သူ႕ကို ဂ႐ုစိုက္ေပးတဲ့ ဒီေယာက္်ားကို အရမ္းေက်းဇူးတင္တယ္။
"ကိုယ္က မင္းကို ေကာင္းမြန္တဲ့အခ်ိန္ေတြ ရွိေစခ်င္႐ုံပါ"ခဲယ္လ္တစ္ရဲ႕အၾကည့္က ႏူးညံ့ၿပီး လူေတြကို သူ႕အၾကည့္ထဲ ေမြ႕ေလ်ာ္ခ်င္ေအာင္လုပ္ေနတယ္။
"ညီငယ္ေလးႏွစ္ေယာက္ကို ခင္ဗ်ားတစ္ေယာက္တည္း ေကြၽးေမြးရတာ ခင္ဗ်ားအတြက္ အရမ္းခက္ခဲလား"ပိုင္မုက သူ႕ရဲ႕ရည္႐ြယ္ခ်က္ကို သေဘာေပါက္ေပမယ့္ သူတို႔က ရက္အနည္းငယ္သာလွ်င္ ေတြ႕ဆုံရ႐ုံရွိေသးတာေၾကာင့္ အလ်င္စလိုနဲ႕ အၾကာင္းအရာကို ေျပာင္းလိုက္တယ္။
"မဟုတ္ဘူး သူတို႔က လုံး၀ခ်စ္စရာေကာင္းၾကတယ္ အန္းခ်ီေလာ့က အရမ္းနာခံတတ္ၿပီး ကိုယ့္အတြက္ အရာအမ်ားႀကီးလုပ္ေပးတယ္။တေပါက သူငယ္ငယ္တုန္းက က်န္းမာေရးမေကာင္း႐ုံပါ။သူက *ႏွလုံးသားေတြအမ်ားႀကီးယူခဲ့တာ"(ခ်စ္ေမြးပါ)ညီအစ္ကိုႏွစ္ေယာက္အေၾကာင္း ေျပာေနေတာ့ ခဲယ္လ္တစ္ရဲ႕မ်က္ႏွာက ၾကင္နာတဲ့အၿပဳံးတပြင့္ကို ျပေနခဲ့တယ္။
"ဒါေပမယ့္ ခင္ဗ်ားက သူတို႔ကို အရမ္းေကာင္းေကာင္းမြန္မြန္ ထိန္းသိမ္းထားလို႔ပါ မဟုတ္ဘူးလား"အန္းခ်ီေလာ့က တက္ႂကြၿပီးေတာ့ ခ်စ္စရာေကာင္းတယ္။တေပါကလည္းပဲ ပါးနပ္ၿပီး လိမၼာတယ္။
"ဟဟဟ...."ခဲယ္လ္တစ္က ရွက္ကိုးရွက္ကန္းနဲ႕ ၿပဳံးလိုက္တယ္။
"ခင္ဗ်ားက အစ္ကိုေကာင္းတစ္ေယာက္ပဲ"ပိုင္မုက တစ္ဦးတည္းေသာသားျဖစ္ၿပီးေတာ့ သူတို႔ရဲ႕ညီအစ္ကိုဘ၀ေလးကို အားက်မိတယ္။
"ကိုယ္က အနာဂတ္မွာ ေကာင္းမြန္တဲ့အေဖာ္တစ္ေယာက္ ေကာင္းမြန္တဲ့ သားရဲအေဖတစ္ေယာက္ ျဖစ္လာမွာပါ"ခဲယ္လ္တစ္က ေလးေလးနက္နက္ေျပာခဲ့ၿပီး ေခြၽးစို႔လုနီးပါးပဲ။
"ဒါဆို ခင္ဗ်ားရဲ႕ ပါတနာက အရမ္းေပ်ာ္႐ႊင္ရလိမ့္မယ္"ပိုင္မုက သဘာ၀မက်စြာနဲ႕ ေျပာခဲ့တယ္။
"ေကာင္းပါၿပီ ကိုယ္က ကိုယ့္ရဲ႕ပါတနာကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးမွာ"ခဲယ္လ္တစ္က ေျပာခဲ့ၿပီး ပိုင္မုကို ေလးေလးနက္နက္နဲ႕ ၾကည့္ခဲ့တယ္။