DITOEFV
By myatzon
101K 13K 277
Gameဆော့ရင်းနဲ့အိပ်ပျော်သွားတဲ့ကောင်မလေးတစ်ယောက်က အိပ်ရာကနိုးလာတဲ့အချိန်မှာ သူဆော့နေတဲ့gameရဲ့ hard moodကvil... More
Chapter. 1
Chapter . 2
Chapter .3
Chapter.4
Chapter.5
Chapter.6
Chapter7
Chapter .8
Chapter .9
Chapter .10
Chapter .11
Chapter .12
Chapter.13
Chapter.14
Chapter.15
Chapter.16
Chapter.17
Chapter .18
Chapter .19
Chapter.20
Chapter.21
Chapter.22
Chapter.23
Chapter.24
NU.Chapter.1
NU.Chapter.2
NU.Chapter.3
NU.Chapter.4
NU.CHAPTER.5
NU.Chapter.6
NU.Chapter.7
NU.Chapter.8
NU.Chapter.9
NU.Chapter.10
NU.Chapter.11
NU.Chapter.12
NU.Chapter.13
NU.Chapter.14
NU.Chapter.15
NU.Chapter.16
NU.Chapter.17
NU.Chapter.18
NU.Chapter.19
NU.Chapter.20
NU.Chapter.21
NU.Chapter.22
NU.Chapter.23
NU.Chapter.24
Chapter.25
NU.Chapter.25
Chapter.26(U&Z)
Chapter.27(U&Z)
Chapter.28(U&Z)
Chapter. 29(U&z)
Chapter.30( U & Z)
Chapter.31(U&Z)
Chapter .32(U&Z)
Chapter.33(U&Z)
Chapter.34(U&Z)
Chapter.35(U&Z)
Chapter.36(U&Z)
Chapter.37(U&Z)
Chapter.38(U&Z)
Chapter.39(U&Z)
Chapter.40(U&Z)
Chapter.41(U&Z)
Chapter.42(U&Z)
Chapter.43(U&Z)
Chapter. 44(U&Z)
Chapter.45(U&Z)
Chapter.46(U&Z)
Chapter. 47(U&Z)
Chapter.48(U&Z)
Chapter.49(U&Z)
Chapter.50(U&Z)
Chapter.51(U&Z)
Chapter.52(U&Z)
Chapter.53(U&Z)
Chapter.54(U&Z)
Chapter.55(U&Z)
Chapter.56(U&Z)
Chapter.57(U&Z)
Chapter.58(U&Z)
Chapter.59(U&Z)
Chapter.60(U&Z)
Chapter.61(U&Z)
Chapter.62(U&Z)
Chapter.63(U&Z)
Chapter.64(U&Z)
Chapter.65(U&Z)
Chapter.66(U&Z)
Chapter.67(U&Z)
Chapter.68(U&Z)
Not Update
Chapter.69(U&Z)
Chapter.70(U&Z)
Chapter.71(U&Z)
Chapter.72
Chapter.74(U&Z)
Chapter.75(U&Z)
Chapter.76(U&Z)
Chapter.77(U&Z)
Chapter.78(U&Z)
Chapter.79(U&Z)
Chapter.80(U&Z)
Update💛
Chapter.73(U&Z)
672 119 2
By myatzon
Unicode.
Systemရဲ့အသိပေးစာကို တအ့ံတဩကြည့်ရင်း တသိမ့်သိမ့်တုန်လာခဲ့တယ်၊
'' ဂါးးးး ''
လူတွေကိုသတိထားမိတာနဲ့ သတိအနေထားဖြစ်နေတဲ့ ကြီးမားတဲ့သားရဲကောင်ကြီးက ငါ့ရဲ့နှစ်ဆလောက်ရှိပြီး သူ့ရဲ့နှာခေါင်းကနေအသက်ရှူထုတ်နေခဲ့တယ်၊အဲ့တာကယုံရခက်လောက်အောင် မကောင်းဆိုးဝါးကြီးလိုပဲ သားရဲကောင်မဟုတ်ဘူး
' သောက်ကျိုးနည်း ဘာကြီးလဲ '
ရှုပ်ထွေးနေတဲ့ငါ့ရဲ့စိတ်တွေကို တည်ငြိမ်အောင်ထိန်းချုပ်လိုက်ပြီး သားရဲကောင်နဲ့ငါ့ကြားကအကွာအဝေးကိုတွက်ချက်လိုက်တယ်၊
သားရဲကောင်ကြီးက ဒူးလေးနဲ့ပစ်ဖို့ကို အတော်လေးဝေးတဲ့နေရာမှာရောက်နေခဲ့တယ်၊ဝက်ဝံရိုင်းတွေက အကွ​ာအဝေးမလိုပဲ လျင်မြန်ပြီးဘယ်လောက်တောင်အန္တရာယ်များလဲဆိုတာ သေချာငါသိတာပေါ့၊
ဒါပေမဲ့လည်း ' မမျှော်လင့်ထားတဲ့လုပ်​ဆောင်ချက် '
အနေနဲ့ ဂိမ်းစီစဥ်ပေးထားတာဖြစ်ပြီး ဝက်ဝံကြီးရဲ့ပုခုံးနဲ့ခြေထောက်မှာ မြားတွေကြောင့်သွေးတွေထွက်နေခဲ့တယ်၊အဲ့တာကတခြားမုဆိုးတွေလိုက်တာခံခဲ့ရတာဖြစ်ပြီး အဲ့တာတွေကငါ့ကိုအားနည်းတယလို့မြင်စေ...
'' ဂါးးးးးး ''
ဝက်ဝံကြီးက သွေးတွေနဲ့မြားတွေဆီအာရုံမရောက်နိုင်လောက်အောင် သည်းသည်းမဲမဲအော်ဟစ်လိုက်တယ်၊အဲ့တာကြောင့်ငါ့မျက်လုံးတွေပေါက်ထွက်တော့မလိုခံစားနေခဲ့ရတယ်၊ခြေထောက်တစ်ဖက်ကဒဏ်ရာရနေတာကိုမြင်လိုက်ပေမဲ့ အဲ့တာကငါ့ကိုစိတ်သက်သာရာမရစေဘူး၊
' ချီးပဲ '
ငါမဝ့ံမရဲ​ြဖစ်နေခဲ့တယ်၊
ချိန်းတွေ့တာကိုသရုပ်ဖော်တဲ့ဘယ်လိုဂိမ်းမျိုးက ဝက်ဝံအမဲလိုက်ဖို့သွားကြလို့လဲဟာ၊
မျက်လုံးထဲကမျက်ရည်တွေနဲ့အတူ (Accept) ကိုနှိပ်လိုက်တယ်၊ဘာလို့ဆိုငါ့မှာရွေးချယ်စရာမှမရှိတာလေ၊
[ ( အနီရောင်အမှတ်တွေ )ကိုလက်နက်​​ဖြင့်ပစ်ပါ ]
[ START!!! ]
[ 30s ]
'' ဝိုး ဝိုး ''
လေးထောင့်ကားချပ်ပေါ်မှာ အသစ်တစ်ခုပေါ်လာတာနဲ့တစ်ပြိုင်နက် ဝက်ဝံကြီးကငါ့ဆီပြေးလာဖို့လုပ်တော့တယ်၊
ငါအသိပေးချက်ကိုသေချာတောင်မဖတ်ပဲ ဒူး​လေးကိုစပစ်ဖို့လုပ်လိုက်တယ်၊ပြန်ကြည့်လိုက်ကာမှ ဘောလုံးအရွယ်အနီစက်တွေက ခန္ဓာကိုယ်ရဲ့နေရာသုံးခုမှာရှိနေခဲ့တယ်၊
လေးပေအကွာမှာပြေးနေတဲ့ဝက်ဝံကြီးရဲ့ ခေါင်း၊ခန္ဓာကိုယ်နဲ့ ခြေထောက်နားမှာ...
အဲ့တာကရင်းနှီးနေတဲ့မြင်ကွင်းမျိုးပဲ၊ဘာလို့ဆို Normal moodမှာတောင်မှ ဒီဂိမ်းရဲ့အသေးစားဂိမ်းဆိုတာမျိုးရှိခဲ့တယ်၊
' ဒါပေမဲ့အဲ့တာက မှားယွင်းနေတဲ့ရုပ်ပုံတွေကိုရှာရတာ ဒါမှမဟုတ် ပဟေဠိအပိုင်းအစတွေကိုတစ်စုတစ်စည်းထဲဖြစ်အောင်စုစည်းရတာမျိုးပဲ '
ကောက်ကျစ်တဲ့မိန်းမလိုလက္ခဏာမျိုးရှိတဲ့လူတစ်ယောက်အတွက် အဲ့တာကသိပ်ကိုဝမ်းနည်းစရာကောင်းလွန်းတယ်၊ဘာလို့ Hard Moodကပေးတဲ့မစ်ရှင်တွေက အရမ်းလူမဆန်ဖြစ်နေရတာလဲ၊
ကံကောင်းချင်တော့ ဝက်ဝံကြီးကခြေထောက်ဒဏ်ရာရနေ​ြေကာင့် ဖြည်းဖြည်းပဲပြေးနိုင်ခဲ့တယ်၊
ငါလက်တွေ့ကိုပြန်သတိလည်လာခဲ့ပြီး တောက်ပနေတဲ့အနီရောင်အစက်ကိုချိန်ရွယ်လိုက်တယ်၊
ကံကောင်းချင်တော့ပစ်မှတ်ရဲ့ အရွယ်အစားကကြီးနေခဲ့တယ်၊ခန္ဓာကိုယ်နဲ့စလိုက်ကြတာပေါ့
အဲ့တာကပိုပြိးထိလွယ်မယ်လို့ငါတွေးလိုက်တယ်၊
ကလက်ခ်~~~ထမ်းးးး
'' ဂဝူးးးး ''
ဝက်ဝံကြီးကပြေးနေရာကနေရပ်ပြီး အပြင်းအထန်အော်ဟစ်တော့တယ်၊ပုတီးစေ့က အမှတ်သားကိုထိပြီးထိပ်လန့်သွားစေတာကြောင့်ဖြစ်တယ်၊
' ငါပစ်လိုက်ပြီ '
ငါအသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ငါ့နှလုံးသားလေးလွင့်စင်သွားသလိုခံစားလိုက်ရတယ်၊
'' ဟားးးဟာ့... ''
ငါအဲ့တာကိုမသိလိုက်ခင် အရမ်းကိုတုန်လှုပ်သွားခဲ့ရတယ်၊ပြီးတော့ငါ့ရဲ့နောက်ကျောနဲ့ လည်ပင်းတွေမှာချွေးစို့လာခဲ့ရတယ်၊
' အခုအားလုံးပြီးသွားပြီ၊ဟုတ်တယ်မလား '
ဝက်ဝံကြီးလဲကျသွားမှာကို အသက်အောင့်ပြီးစောင့်ကြည့်နေခဲ့တယ်၊ဒါပေမဲ့ Systemကငါပစ်လိုက်တာတောင် အောင်မြင်ပြီဆိုတာကိုမကြေညာတဲ့အပြင် အသိပေးတဲ့အဖြူရောင်အကွက်ပါပျောက်မသွားခဲ့ဘူး၊
'21'
နံပါတ်အကြီးတွေက လေထဲမှာရေတွက်နေတုန်းပဲလို့ ငါတွေးလိုက်တယ်၊
'' ဂါးးးး ဂရားးးး ''
ငါအလျင်အမြန်ပဲ အကြည့်တွေကိုနိမ့်ချလိုက်တယ်၊ဒယီးဒယိုင်နဲ့လူးလွန့်နေတဲ့ဝက်ဝံကြီးက နည်းနည်းတော့ဗလာဖြစ်နေပြီးတစ်ဖက်တည်းကိုပဲ​ြကည့်နေခဲ့တယ်၊အဲ့နောက်သူ့ရဲ့ခေါင်းကို ရုတ်တရက်မော့လိုက်တယ်၊
'' ဂါးးးးး ''
အကြည့်ချင်းဆုံလိုက်တယ်၊လဲကျသွားဖို့လိုနေသေးတယ်၊ ဝက်ဝံကြီးက မုဆိုးနဲ့မျက်နှာချင်းဆိုင်တွေ့နေရပြီဆိုတာကို ထုတ်ဖော်နေခဲ့တယ်၊
ခန္ဓာကိုယ်မှာရှိခဲ့တဲ့ အနီရောင်အစက်ကြီးကပျောက်ကွယ်သွားပြီးကျန်တဲ့နေရာနှစ်ခုက တောက်ပနေခဲ့တယ်၊
' ငါ့ကိုမပြောနဲ့နော်.... '
ေအးစက်စက်ချွေးစီးကြောင်းတစ်ခုက ငါ့နှာဖူးကနေဖြတ်သွားခဲ့တယ်၊
'' ငါသုံးခုလုံးကိုပစ်ဖို့လိုတာ ဟုတ်လား ''
မမျှော်လင့်ထားတဲ့အခြေအနေကြောင့် တစ်ချိန်တည်းအခက်ကြုံလာရတယ်၊
'' ဂရူးးး ''
ဝက်ဝံကြီးကထပ်ပြီးခုန်အုပ်ပြန်တယ်၊အဲ့တာက အရင်တစ်ခါထပ်တောင်ပိုမြန်နေသေးတယ်၊ငါအကြောင်းပြချက်ကိုသတိပြုမိလိုက်တယ်၊ပုတီးစေ့ထဲကမှော်က ခုနကအဖြစ်ပျက်တွေကိုဖျက်ပစ်လိုက်ပြီး ခြေထောက်ကနာကျင်မှုကိုခဏတာမေ့ပျောက်သွားစေခဲ့တယ်၊
'' အားးးအားးးး ''
​ခြေလှမ်းကျယ်ကျယ်နဲ့အတူ နောက်ကိုကြောက်လန့်တကြားဆုတ်မိလိုက်တယ်၊
လက်ကသတိမထားမိပဲ မောင်းခလုတ်ကိုဆွဲမိလိုက်တယ်၊
ထန်းးး ထန်းးးဘမ်းးး~~~နောက်ထပ်ပစ်ချက်အနည်းငယ်ပါပစ်လိုက်ပြီး ဝက်ဝံကြီးရဲ့ခန္ဓာကိုယ်ကိုထိသွားခဲ့တယ်၊
'' ဂါးးးးဂရားးးး ''
တူညီတဲ့အရာတစ်ခုထပ်ဖြစ်သွားခဲ့တယ်၊အလန့်တကြားမောင်းကိုဆွဲလိုက်တဲ့ အချိန်တိုလေးပြီးတဲ့နောက် ဝက်ဝံကြီးကငါ့ကိုရှာတွေ့သွားပြီစ ထပ်ပြေးလာပြန်တယ်၊ထမ်းးးထမ်းး~~ပေါ့ပေါ့တုန်ခါမှုလေးက ကြီးမားလေးလံတဲ့အသံတစ်ခုအဖြစ် မြည်ဟီးလာခဲ့တယ်၊
' ဘာ...ဘုရားရေ '
အခု အချိန်သတ်မှတ်ချက်က ' 14စက္ကန့် 'ပဲ၊
ငါခလုတ်တိုက်မတက် အသည်းသန်ပြေးလာတဲ့ဝက်ဝံကြီးဆီကနေ အကြည့်မလွှဲပဲ ဒူးလေးကိုအနီရောင်အစက်ပေါ်ချိန်လိုက်တယ်၊
' အဲ့တာကနည်းနည်းတော့အန္တရာယ်များတယ်လို့ထင်တယ် '
ကြောက်ရွ့ံမှုတွေက နှာရိုးပေါ်ကနေဖြတ်သွားခဲ့တယ်၊ငါ့ရဲ့စိတ်ကမှန်ကန်နေခဲ့တာမဟုတ်တာကြောင့်လည်း မြားထိပ်ဖျားကတုန်ယင်နေခဲ့တယ်၊
ငါကတော်တဲ့လေးသမားလည်းမဟုတ်ဘူး၊ဒါကြောင့်ပစ်မှတ်ကိုတစ်ခါတည်းထိအောင်လို့ နည်းနည်းတောင်မလှုပ်နိုင်ခဲ့ဘူး၊
ငါနောက်ဆုတ်နေတာကိုရပ်လိုက်ပြီး စွန့်စားတဲ့အနေနဲ့ဝက်ဝံကြီးနဲ့ ပိုပြီးနီးသွားအောင်အနားကိုတိုးလို်က်တယ်၊
ကလက်ခ်~~~~ ထန်းး~~~~
ငါခေါင်းကအစက်နားလေးထိ ရောက်လုနီးပါးဖြစ်ခဲ့တယ်၊
'' ဂရူးးးး ''
အဲအချိန်မှာပဲ ဝက်ဝံကြီးက အော်သံအကျယ်ကြီးနဲ့အတူလဲကျသွားခဲ့တယ်၊အဲ့တာက လေးလံတဲ့ပစ်ချက်ကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်၊
'' ဟားး ''
ငါနောက်ကိုနည်းနည်းပြန်ဆုတ်လိုက်ပြီး ငါ့ရဲ့သည်းခံနိုင်မှုတွေ ကျိုးပျက်သွားခဲ့တယ်၊
' 9 '
ငါအဲ့တာကိုမသိလိုက်ခင် ရေတွက်မှုက ဆယ်စက္ကန့်ထက်နည်းနေခဲ့ပြီ၊ငါဒူးလေးကိုထပ်ပြီး ပြုတ်ကျသွးစေခဲ့တယ်၊
အဲ့အချိန်တွင်းမှာပဲ ငယ်သံပါတဲ့စူးစူးဝါးဝါးအော်သံကြီးနဲ့အတူ ဝက်ဝံကြီးကပြန်ထလာခဲ့တယ်၊
အဲ့တာက မှော်ပုတီးစေ့တွေနဲ့ အကြိမ်များစွာအပစ်ခံပြီးတာတောင် ကြောက်မက်ဖွယ်ကောင်းနေတုန်းပဲ၊
' 5 '
အခု ငါးစက္ကန့်...
အဲ့တာကအရေးကြီးတဲ့အခြေအနေပဲ၊
ငါ့ရဲ့ကြောက်ရွံ့နေတဲ့စိတ်ကိုလွှတ်မချပဲ  ဒူးလေးကိုထပ်ပြီးချိန်လိုက်တယ်၊
ငါ့မှာနောက်ဆုံးအခွင့်ရေးတစ်ခုပဲရှိတော့တယ်၊ဒါပေမဲ့အဲ့တာက နောက်ဆုံးဖြစ်လေခက်ခဲလေပါပဲ၊
အဲ့တာကကြီးမားတဲ့ခန္ဓာကိုယ်နဲ့ဝက်ဝံကြီးတောင် ဒယီးဒယိုင်ဆက်ဖြစ်နေတုန်းပဲ၊အနီရောင်အစက်လေးက ခန္ဓာကိုယ်ပေါ်မှာရွေ့လျားနေခဲ့တယ်၊
' 3 '
အဲ့အချိန်မှာပဲ ရေတွက်မှုကအဆုံးကိုရောက်နှင့်နေပြီ၊
' ဒါပေမဲ့ အချိန်ပြည့်သွားရင်ဘာဖြစ်မှာလဲ '
ရုတ်တရက် ကြောက်စိတ်တချို့ကကျောရိုးတစ်လျောက်ပြေးသွားခဲ့တယ်၊
တကယ်တော့ဂိမ်းရဲ့စစ်စတန်က ဝက်ဝံရဲ့အားနည်းချက်တွေကို ပစ်ရုံပဲမဟုတ်လား၊
' မစ်ရှင်ကျဆုံးသွားရင်တောင် အဲ့သောက်ကျိုးနည်းဝက်ဝံကအသက်ရှင်နေဦးမှာပဲ '
စစ်စတန်အသိပေးချက်နဲ့မတူပဲ ငါကြုံနေရတာကတကယ့်အတွေ့ကြုံအစစ်ပဲ ပြီးတော့ငါ့မှာလုံးလည်ချာလည်လိုက်နေရတယ်၊ဘယ်နှကြိမ်မြားနဲ့ပစ်ပစ် အဲ့သားရဲကောင်ကြီးကသေမသွားခဲ့ဘူး၊
' 1 '
အဲ့နောက်မှာတော့ အချိန်ရေတွက်မှုပြီးဆုံးသွားခဲ့တယ်၊
ထန်းးးး~~~
ငါ့ခေါင်းထဲမှာကြီးစိုးနေတဲ့အရာတွေကြောင့် ငါ့မှာအာရုံမစိုက်နိုင်ခဲ့ဘူး၊ ​အဆုံးမှာတော့ ငါနောက်ဆုံးပစ်ချက်ကိုလွဲချော်သွားခဲ့တယ်၊
( Great Bear Hunting )Quest failed!!
Would you like to try again??
(Limited time>>10mins ,Reward >>Giant Bear Skin,Gallbladder,Fame +50%,Interest of[...] +5% )
[ Accept \ Reject ]
လုပ်ဆောင်ချက်ကကျရှုံးသွားခဲ့တယ်၊ပြန်ပြီးစိန်ခေါ်ဖို့ အချိန်ကန့်သတ်ချက်က ၁၀မိနစ်အဖြစ်သိသိသာသာလျော့ချထားခဲ့တယ်၊ငါအဲ့တာနဲ့ပတ်သတ်ပြီးမေးခွန်းထုတ်မနေတော့ပဲ (Accept)ကိုချက်ချင်းနှိပ်လိုက်တယ်၊
'' ဝူးးးး ''
ဘာလို့ဆို ဝက်ဝံကြီးက သူ့ရဲ့ပါးစပ်အကျယ်ကြီးကိုဟပြီးငါ့ကိုခုန်အုပ်ဖို့အဆင့်ဖြစ်နေတာကြောင့်ပဲ
အရင်ကကြိုးပမ်းမှုတွေနောက်လိုက်တာပဲဖြစ်ဖြစ် နောက်ဆုံးတစ်ချက်ပစ်ဖို့ကျန်နေတဲ့ခြေထောက်နေရာက အနီစက်လေးကဘက်ညီမှုရှိမနေဘူး၊ဒါပေမဲ့ အားလုံးကံကောင်းနေတာတော့မဟုတ်ဘူး၊
' ငါသေချာမလုပ်နိုင်ရင် ငါသေလိမ့်မယ် '
သေချာနေတဲ့ဇာတ်သိမ်းခန်းက လည်ချောင်းကိုတိုက်စားသွားခဲ့တယ်၊ငါအာရုံစိုက်ပြီးဒူးကေိုချိန်နေရတာကြောင့် ဝက်ဝံကြီးနဲ့အကွာအဝေးကို မချဲ့နိုင်တော့ဘူး၊ငါအချိန်ပိုရအောင်လို့မောင်းခလုတ်ကိုအလျင်စလိုဆွဲလိုက်တယ်၊
ကလက်ခ်... ကလက်ခ်~~~
'' အင်မ်...''
အဲ့တာက မထွက်လာဘူး၊မြားထည့်တဲ့အကန့်လေးကဗလာဖြစ်နေခဲ့တယ်၊ငါပုတီးစေ့တွေအကုန်သုံးလိုက်မိပြီ၊
ငါစိတ်လွတ်ပြီးပါးစပ်ကိုဟမိလိုက်တယ်၊ငါအဝတ်အစားနဲ့ပုတီးစေ့အပိုတွေကိုငါ့အိတ်ထဲမှာထည့်လာခဲ့ပေမဲ့ ငါထုတ်လို့မရခဲ့ဘူး၊
'' ဂယူးးးးး ''
ဘာလို့ဆို ဝက်ဝံကြီးကတစ်လှမ်းအကွာမှာတင် ရောက်နေပြီဖြစ်တယ်၊
ဝက်ဝံကြီးရှေ့ခြေတစ်ဖက်က ချွန်ထက်တဲ့ခြေသည်းတွေနဲ့အတူ အမြင့်မှာမြောက်နေခဲ့တယ်၊ခြေထောက်ရဲ့အရွယ်အစားက ငါ့မျက်နှာထက်တောင် ကြီးနေခဲ့တယ်၊ငါဒီကနေချက်ချင်းထွက်ဖို့လိုနေပြီ၊ငါ့ခေါင်းက အဲ့တာကိုသိပေမဲ့ ခန္ဓာကိုယ်က...
တကယ်လို့အေးခဲသွားတယ်ဆိုရင်တောင် ငါအဲ့တာကိုတစ်ခါမှမတွေးမိခဲ့ဘူး၊
ဝူးးးဝိုးးး~~~
တစ်ချိန်တည်းမှာပဲ ဝက်ဝံကြီးရဲ့ခြေထောက်တစ်ဖက်က ကြီးမားတဲ့လေနဲ့ဖြတ်တောက်ခံလိုက်ရပြီးအားကောင်းတဲ့အလျင်နှုန်းနဲ့အတူ ငါ့ရှေ့မှာတင်ရွေ့လျားသွားခဲ့တယ်၊
'' ဟီးးးးး ''
'' ဝပ်နေ... ''
တစ်နေရာရာက ငိုမြည်တဲ့အသံကြီးနဲ့ ကယ်တင်ရှင်နဲ့တူတဲ့အမျိုးသားအသံနိမ့်နိမ့်တစ်ခု၊
အဲ့အသံက ငါ့ကိုစိတ်ရောဂါကနေလွတ်မြောက်စေလိုက်သလိုမျိုး ခန္ဓာကိုယ်ကိုရွေ့လျားအောင်လုပ်ခဲ့တယ်၊ငါအမှတ်တမဲ့ နောက်ကိုလှဲချလိုက်ပြီး ဝက်ဝံကြီးရဲ့ရှေ့ခြေက ခေါင်းနားကအကွာဝေးနည်းနည်းကနေ ပွတ်ကာသီကာပြတ်ထွက်သွားခဲ့တယ်၊
ဆံပင်တွေက လေကိုထိပြီးလွှားခနဲဖြစ်သွားတဲ့ ဝက်ဝံကြီးကြောင့် အေးစက်တောင့်တင်းကုန်တယ်
ဇွပ်~~~ဘုတ် ~~
တစ်စုံတစ်ခုကို ထိုးသွင်းနေတဲ့ကြောက်မက်ဖွယ်အသံကြီးကို ဆက်တိုက်ကြားနေရတယ်၊
'' ဝူးးးဂရူးးး ''
ငါအသိပြန်ဝင်လာတဲ့အချိန်မှာတော့ အားလုံးကပြီးသွားခဲ့ပြီ၊ကြီးမားတဲ့အကြည့်တွေက တိုတောင်းတဲ့သေဆုံးမှုနဲ့ပြိုလဲနေခဲ့တယ်၊
ဂဝွန်းးးး~~~ကြီးမားတဲ့တုန်လှုပ်မှုကြီးက တောအုပ်တစ်ခုလုံးကို လှုပ်ခါလိုက်တဲ့ပုံပဲ၊အဲ့တာက ​လေးလံတဲ့သားကောင်ကြီးရဲ့ခန္ဓာကိုယ်ဟာ မြေပြင်မှာပြန့်ကျဲနေတာကြောင့်ဖြစ်တယ်၊
ေမြပေါ်ကို ရေလိုပြန့်ကျဲလာတဲ့သွေးတွေက ငါ့ရဲ့ဖိနပ်နဲ့နှာခေါင်းကိုစိုရွှဲစေခဲ့တယ်၊အဲ့နောက်မှာတော့ငါ့ခေါင်းကိုဖြည်းဖြည်းချင်းကြွပြီး ထလိုက်ရတယ်၊
ကြီးမားတဲ့မကောင်းဆိုးဝါးဝက်ဝံကြီးရဲ့လည်ပင်းအလယ်မှာတော့ ရှည်လျားလေးလံတဲ့ဓားရှည်တစ်ခုစိုက်နေခဲ့တယ်၊
'' သောက်ကျိုးနည်း မင်းကဒီမှာဘာလုပ်နေတာလဲ''
သစ်ရွက်တွေကနေဖြတ်ပြီး ထွက်နေတဲ့နေရောင်ခြည်က ရွှေရောင်ဆံပင်ကို ရွှန်းလဲ့နေစေတယ်၊
'' မင်းက Dukeရဲ့ခွေးရူးလို့ပြောခဲ့ပေမဲ့ သာမာန်အရူးမျိုးမဟုတ်ဘူးပဲ ''
'' မင်းတစ်ယောက်တည်း ဒီဝက်ဝံကြီးကိုဖမ်းဖို့လုပ်နေတာလား ''
တက်ခ်~~~ငါ့မျက်လုံးထဲက အနီရောင်မြင်းတစ်ကောင်ခုန်ကျော်လာသလိုမျိုး အမျိုးသားတစ်ယောက် ငါ့ဆီလျှောက်လာခဲ့တယ်၊
သူကအိမ်ရှေ့စံမင်းသားဖြစ်နေခဲ့တယ်...
___________
THE END.🙂
နောက်တစ်ပိုင်းးးးးးးးမျှော်........
-----------------------------------
Zawgyi.
Systemရဲ့အသိပေးစာကို တအံ့တဩကြည့်ရင်း တသိမ့်သိမ့်တုန်လာခဲ့တယ်၊
'' ဂါးးးး ''
'' ဂါးးးးးး ''
' ချီးပဲ '
ငါမဝံ့မရဲဖြစ်နေခဲ့တယ်၊
[ START!!! ]
[ 30s ]
'' ဝိုး ဝိုး ''
ကံကောင်းချင်တော့ ဝက်ဝံကြီးကခြေထောက်ဒဏ်ရာရနေကြောင့် ဖြည်းဖြည်းပဲပြေးနိုင်ခဲ့တယ်၊
ကလက်ခ်~~~ထမ်းးးး
'' ဂဝူးးးး ''
' ငါပစ်လိုက်ပြီ '
'' ဟားးးဟာ့... ''
'21'
'' ဂါးးးး ဂရားးးး ''
ငါအလျင်အမြန်ပဲ အကြည့်တွေကိုနိမ့်ချလိုက်တယ်၊ဒယီးဒယိုင်နဲ့လူးလွန့်နေတဲ့ဝက်ဝံကြီးက နည်းနည်းတော့ဗလာဖြစ်နေပြီးတစ်ဖက်တည်းကိုပဲကြည့်နေခဲ့တယ်၊အဲ့နောက်သူ့ရဲ့ခေါင်းကို ရုတ်တရက်မော့လိုက်တယ်၊
'' ဂါးးးးး ''
' ငါ့ကိုမပြောနဲ့နော်.... '
'' ဂရူးးး ''
'' အားးးအားးးး ''
'' ဂါးးးးဂရားးးး ''
' ဘာ...ဘုရားရေ '
ကြောက်ရွံ့မှုတွေက နှာရိုးပေါ်ကနေဖြတ်သွားခဲ့တယ်၊ငါ့ရဲ့စိတ်ကမှန်ကန်နေခဲ့တာမဟုတ်တာကြောင့်လည်း မြားထိပ်ဖျားကတုန်ယင်နေခဲ့တယ်၊
ငါနောက်ဆုတ်နေတာကိုရပ်လိုက်ပြီး စွန့်စားတဲ့အနေနဲ့ဝက်ဝံကြီးနဲ့ ပိုပြီးနီးသွားအောင်အနားကိုတိုးလိုက်တယ်၊
ကလက်ခ်~~~~ ထန်းး~~~~
'' ဂရူးးးး ''
'' ဟားး ''
' 9 '
' 5 '
အခု ငါးစက္ကန့်...
' 3 '
' 1 '
ထန်းးးး~~~
[ Accept \ Reject ]
'' ဝူးးးး ''
ကလက်ခ်... ကလက်ခ်~~~
'' အင်မ်...''
'' ဂယူးးးးး ''
ဝူးးးဝိုးးး~~~
'' ဟီးးးးး ''
'' ဝပ်နေ... ''
ဇွပ်~~~ဘုတ် ~~
'' ဝူးးးဂရူးးး ''
မွေပျေါကို ရေလိုပြန့်ကျဲလာတဲ့သွေးတွေက ငါ့ရဲ့ဖိနပ်နဲ့နှာခေါင်းကိုစိုရွှဲစေခဲ့တယ်၊အဲ့နောက်မှာတော့ငါ့ခေါင်းကိုဖြည်းဖြည်းချင်းကြွပြီး ထလိုက်ရတယ်၊
___________
THE END.🙂
Continue Reading
You'll Also Like
1M 36.4K 42
564K 56.5K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
257K 16.7K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...