Devil Venerable Also Wants To...

By m_velvetblue

63.9K 7.8K 647

Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More

မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

အပိုင်း၅။ အကြံကောင်းပါပဲ အရှင်

1.7K 259 8
By m_velvetblue

စာအုပ်ထဲ၌ပိုင်လီချင်းမြောင်မှလွဲ၍
အခြားသူများမှာ သူ့မျက်လုံးထဲသို့
မဝင်နိုင်ဟူ၍ဝမ်ရန်အယ်၏ခံစားချက်
ကင်းမဲ့ပုံကိုဖော်ပြထားသည်။သူဟာ
ပိုင်လီချင်းမြောင်သာလိုချင်လျှင် ကောင်းကင်က လနှင့်ကြယ်များကို
ဆွတ်ခူးပေးနိုင်သူဖြစ်သည်။ထိုကဲ့သို့ ဇာတ်ကောင်မျိုးသည် များပြားလှသောပရိသတ်များကိုဆွဲဆောင်နိုင်၏။ထို့‌ကြောင့်သူနှင့်ပိုင်လီချင်းမြောင်နှစ်ယောက်တည်း
ရှိနေသည့်အခန်းဆိုလျှင် စာဖတ်သူများ အလွန်သဘောကျပြီး အားပေး‌လေ့ရှိသည်။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ
ဟယ့်ဝမ်းချောင် ခရမ်းရင့်ရောင်စံအိမ်တော်သခင်မနှင့်လက်ထပ်သည့်နေ့၌
ပိုင်လီချင်းမြောင်တစ်‌ယောက်အသည်းကွဲပြီး ဝမ်ရန်အယ်နှင့်အတူတူ ကြယ်‌တွေစုံနေသည့်မိုးကောင်းကင်ကို ငေးကြည့်ကာ
နဂါးငွေ့တန်းဖြင့်ခွဲထားခြင်းကိုခံထားရသည့်နွားကျောင်းသားနှင့် ရက်ကန်းသမကြယ်
တို့ကိုလက်ညှိးညွှန်၍ "နှစ်ယောက်သားအရမ်းချစ်ကြတဲ့ စုံတွဲကို ဘာလို့ခွဲထားရတာလဲ" ဟုမေးခွန်းထုတ်လို့ရသည့်ဆက်ဆံ‌ရေးမျိုးဖြစ်သည်။

ထို့နောက် သူ၏ဖြူဖတ်ဖြူ‌ရော်မျက်နှာ
ပေါ်တွင် မျက်ရည်စီးကြောင်း‌တစ်ကြောင်း ကျဆင်းလာ၏။မျက်လုံးများ တလက်လက်တောက်ပနေကာ ပျော်ရွှင်နေ‌လေ့ရှိသည့် မိန်းမပျိုလေးပျောက်ဆုံးသွားသည်မှာ
ကြာလှနေပြီဖြစ်သည်။ကျင့်ကြံသူများဟာအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်သွားသည်နှင့် သူတို့၏ခန္ဓာကိုယ်သည် အသက်ကြီးရင့်မလာတော့ပေ။
ပိုင်လီချင်းမြောင်၏ရုပ်ရည်သွင်ပြင်သည် အသက်ဆယ့်ရှစ်နှစ်အရွယ်အတိုင်း
ရှိနေသေးသည်။သို့သော်လည်းသူ၏နှလုံးသားမှာမူ ရင့်ကျက်နေပြီဖြစ်သည်။

ဝမ်ရန်အယ်ဟာ ပိုင်လီချင်းမြောင်မျက်လုံးကိုလက်ဖြင့်ကာလိုက်ပြီး "ငါနတ်ဘုရား
မဖြစ်သေးခင်အထိ ကြယ်တွေကိုမကြည့်နဲ့" ဟုပြောလိုက်သည်။

ပိုင်လီချင်းမြောင်က "ဘာလို့လဲ" ဆိုပြီး
စိတ်ရှုပ်ထွေးစွာမေးလိုက်သောအခါ
"ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားအဆင့်ကိုတက်လှမ်းနိုင်မယ်ဆိုရင်
ကြယ်တွေ နဂါးငွေ့တန်းတွေကို သူတို့
ကြိုက်သလိုပြောင်းလဲခွင့်ရှိတယ်တဲ့။
ငါ နွားကျောင်းသားကြယ်ကို နဂါးငွေ့တန်းရဲ့တစ်ဖက်ကိုပြောင်းပေးမယ်။" ဟု
ပြန်ဖြေ၏။

"ကောင်းပြီလေ ရှင်နတ်ဘုရားမဖြစ်ခင်အထိ ကျွန်မကြယ်တွေကိုမကြည့်တော့ဘူး။"

နောက်ဆုံးမှာ ဝမ်ရန်အယ်သည်နတ်ဘုရား
အဆင့်သို့မတက်‌ရောက်နိုင်ဘဲသေဆုံး
သွားခဲ့သည်။သို့ပေမဲ့ ပိုင်လီချင်းမြောင်ကိုပေးခဲ့သည့်သူ့ကတိကိုတော့တည်ခဲ့သည်။
ဝမ်ရန်အယ်ကူညီပေးခြင်းကြောင့်သာ
ပိုင်လီချင်းမြောင်ဟာသူ၏နတ်ဘုရားစွမ်းအင်များကိုပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။နတ်ဘုရားစွမ်းအင်‌များနှင့် သူ
ပြန်လည်ပေါင်းစည်းသွားသောအခါ
ကောင်းကင်ဟာတုန်လှုပ်သွားပြီး
ကြယ်များ၏တည်နေရာ ပြောင်းလဲသွား၍ နဂါးငွေ့တန်းခြားနားနေသည့် နွားကျောင်းသားကြယ်နှင့် ရက်ကန်းသမကြယ်တို့သည် တစ်ခုဘေးသို့တစ်ခု
ရောက်ရှိ‌သွားတော့သည်။ကြယ်များကိုနေရာပြောင်းလဲစေနိုင်သည့် ထိုစွမ်းအားများ၏ ပြင်းအားသည် တိုက်ကြီးတစ်ခုလုံးအား ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားစေသည်။

ဤသည်မှာရှေးနတ်ဘုရားတစ်ပါး၏
စွမ်းအင်ပင်။ကပ်ဘေးနတ်ဘုရားမ သူ၏စွမ်းအင်များကိုပြန်လည်ရရှိသွားသည်နှင့် ကမ္ဘာတစ်ခုလုံးသို့ပျက်စီးခြင်းများဆိုက်ရောက်တော့သည်။

ပိုင်လီချင်းမြောင်သတိပြန်ကပ်သွားသည့်အခါ၌ တိုက်ကြီးတစ်ခုလုံးကိုသူဖျက်စီး
ပစ်မိ ကြောင်းသိလိုက်ရပြီး သူ့ဂိုဏ်းတူအစ်ကို၏ပြောစကားများနှင့် ယခင်ဘဝကအဆင့်တက်နတ်ဘုရားတစ်ပါး ပြောဆို
ခဲ့သောစကားများကို ပြန်လည်
ကြားယောင်လာတော့သည်။
သူကြယ်များ၏တည်နေရာကို နှောင့်ယှက်ကာပြောင်းလဲပစ်တတ်သောနတ်ဘုရားတစ်ပါးမဖြစ်ချင်ပေ။ထို့ကြောင့်သူ၏
နတ်ဘုရားဘဝကိုစွန့်လွှတ်လိုက်တော့သည်။

နွားကျောင်းသားနှင့် ရက်ကန်းသမကြယ်တို့သည် ၎င်းတို့၏ယခင်နေရာများကို
ပြန်မရောက်နိုင်တော့ပေ။သို့ပေမဲ့
နောက်ဆုံးမှာဇာတ်လမ်းတစ်ပုဒ်၏
ဇာတ်လိုက်နှစ်ဦးကဲ့သို့
တူတူရှိခွင့်ရသွားကြသည်။

ထိုဇာတ်ကြောင်းကိုတွေ့ပြီး စာဖတ်သူများဟာ ဝမ်ရန်အယ်၏သေဆုံးသွားတာတောင်မှ ဇာတ်လိုက်မင်းသမီးအပေါ်ထားသော
အချစ်အကြောင်းကို "ထိုယောကျာ်းသာတစ်ယောက်ယောက်ကိုအလိုလိုက်ချင်
လျှင် သူသေရမည်ဆိုလျှင်တောင်မှ
သူချစ်ရသည့်သူကို ဘာဒုက္ခမှမကြုံစေဘဲ အနားမှာအဆုံးသတ်ထိကာကွယ်ပေးမည့်လူမျိုးဖြစ်သည်"ဟုရူးသွပ်စွာ
ဆွေးနွေးကြသည်။

ထိုအပိုင်းကိုဖတ်ရင်း ဆွေးနွေးမှုများကို
မြင်နေရပေမဲ့ ဝမ်ရန်အယ်မည်သို့မျှ
မခံစားရပေ။ဘာ့ကြောင့်လဲ‌ဆိုတော့
စိတ်အပြောင်းအလဲလွယ်‌သော
သူ့အကြောင်းသူသိခြင်းကြောင့်ဖြစ်သည်။

ချွမ်းယွမ်ဂိုဏ်းက မရေမတွက်နိုင်သော
ဂိုဏ်းသားများသည် သူ့အပေါ်သစ္စာရှိ၏။သို့ပေမဲ့ ဝမ်ရန်အယ်သူတို့၏သစ္စာရှိမှုကို
စိတ်ထဲမထည့်ပေ။အဘယ့်ကြောင့်
ဆိုသော် ထိုငယ်သားများသစ္စာရှိရခြင်းမှာ
သူ့အပေါ်ဆန့်ကျင်သူမှန်သမျှကို ချေမှုန်း
နိုင်သည့်စွမ်းအားပိုင်ဆိုင်ထားခြင်းကြောင့်ဖြစ်သည်။ထိုကဲ့သို့စွမ်းအားရှိသူသည်
သူမဟုတ်ဘဲ တခြားတစ်ယောက်ဖြစ်မည်
ဆိုပါကလည်းထိုလက်‌အောက်ငယ်သားများသည် ထိုလူအပေါ်တွင်သစ္စာရှိကြမည်ဖြစ်သည်။ဝမ်ရန်အယ်အပေါ်သစ္စာရှိခြင်းမဟုတ်ဘဲ မဟာယနာအဆင့်ကျင့်ကြံသူအပေါ်၌သာသစ္စာရှိခြင်းဖြစ်၏။

မိသားစုနှင့်ပတ်သက်သည်များဟာလည်း
သူတာအိုလမ်းကိုစနားလည်ချိန်ထဲက
ပြတ်တောက်ခဲ့ခြင်းဖြစ်၏။နှစ်သုံးရာ
ကြာပြီးသောယခုလက်ရှိအချိန်၌ သူနှင့်သွေးသားဆက်နွယ်နေသူတစ်ဦး
တစ်ယောက်မှမကျန်ရှိတော့ပေ။

ပိုင်လီချင်းမြောင်နှင့်ဆက်ဆံရေးမှာလည်း
ကောင်းကင်ဘုံစည်းမျဉ်းအရကံကြွေးဆပ်ရခြင်းဖြစ်သောကြောင့် အချစ်ဟုသတ်မှတ်၍မရပေ။

ဤကမ္ဘာပေါ်တွင် သူဟာတစ်ယောက်တည်းဖြစ်၍ သူထွက်သွားမည့်အချိန်၌
ကမ္ဘာပေါ်ရှိမည်သည့်အရာကမျှ
သူ့အားမချည်နှောင်ထားနိုင်ပေ။

ထိုစာအုပ်ကိုဖတ်ပြီးနောက် ယင်ဟန်ကျန်းအပေါ်၌ ထူးဆန်းသောခံစားချက်တစ်ခုတဖြည်းဖြည်းဖြစ်ပေါ်လာ၏။

ယင်ဟန်ကျန်းဟာလည်းသူ့အပေါ်မှာ အသက်ကြွေး၊ကြီးပြင်းလာအောင်
ပျိုးထောင်ပေးခဲ့သောအကြွေး၊
ပညာသင်ကြားပေးခဲ့သောအကြွေးများ
တင်နေ၏။သူသေသွားပြီးနောက်
ယင်ဟန်ကျန်းသည် သူ့အတွက်လက်စား
ချေခြင်းပဲဖြစ်ဖြစ်၊သူ၏နောက်ဆုံးဆန္ဒများကို ဖြည့်ဆည်းပေးခြင်းပဲဖြစ်ဖြစ် နှစ်ခုထဲမှတစ်ခုလုပ်၍ အကြွေးဆပ်ရမည်ဖြစ်သည်။ဝမ်ရန်အယ်အတွက် အရိုးကျေကျေ
အရေခမ်းခမ်း လုပ်ပေးရမည်မှာ
သူ့တာဝန်ဖြစ်၏။

သို့ပေမဲ့ ယင်ဟန်ကျန်းဟာသူ၏သစ္စာရှိမှုကိုဖော်ပြဖို့အတွက် ထူးဆန်းသောနည်းလမ်းကို အသုံးပြုခဲ့သည်။သရဲမျက်နှာဖုံးဟာ
ယင်ဟန်ကျန်းဖြစ်မည်ဟု ဝမ်ရန်အယ်
မထင်ထားခဲ့ပေ။ထို့ကြောင့်
ဇာတ်လိုက်မင်းသမီး ယင်ဟန်ကျန်း
အိတ်ထဲမှ သရဲမျက်နှာဖုံးကိုမြင်လိုက်ရချိန်၌ သူတစ်ယောက်တည်းထိတ်လန့်သွားတာမဟုတ်ဘဲ ဝမ်ရန်အယ်ပါအံ့ဩသွားခဲ့ရတာ ဖြစ်သည်။

ဝတ္ထု၏တစ်နေရာတွင်မိန်းကလေးဗီလိန်
တစ်ယောက်ဟာ ရုပ်ပြောင်းမှော်ပစ္စည်း
တစ်ခုကိုရရှိ၍ ပိုင်လီချင်းမြောင်အယောင်ဆောင်ကာ ဟယ့်ဝမ်းချောင်ကိုလှည့်စားခဲ့သည်။သို့ပေမဲ့ ယင်ဟန်ကျန်း၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး
ဇာတ်လိုက်အရောင်အဝါမရှိခြင်းကြောင့် မီးအိမ်ဆီအဖြစ်သန့်စင်ခြင်းကိုခံခဲ့ရသည်။ ထို့နောက် ယင်ဟန်ကျန်းဟာ သရဲမျက်နှာဖုံးကိုချွတ်လိုက်၍ ဝမ်ရန်အယ်၏ဂူဗိမာန်ရှိရာသို့ရောက်လာသည်။ထို့နောက်သူဟာ ထာဝရမငြိမ်းသောမီးအိမ်ကိုထွန်းညှိလိုက်၍ ဂူထဲသို့ဝင်ရောက်ကာ ဝမ်ရန်အယ်၏ ရွှေချည်ထိုးထားသော အနက်ရောင်ဝတ်ရုံကို
တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ၏
မျက်လုံးများအား အေးချမ်းစွာ
မှိတ်လိုက်တော့သည်။

ထိုစာကြောင်းဟာ ဝမ်ရန်အယ်အား
တုန်လှုပ်သွားစေ၏။အဘယ့်ကြောင့်ဆိုသော်
ယင်ဟန်ကျန်းဟာ ဝမ်ရန်အယ်၏ဝတ်ရုံကိုတင်းတင်းဖက်ထားရင်းဖြင့် ချက်ချင်းပင်
သူ့ကျင့်ကြံဆင့်ကို ဖျက်ဆီးကာ
ကိုယ့်ကိုကိုယ် သတ်သေတော့မည့်ပုံ
ပေါက်နေသောကြောင့်ပင်။

သို့ပေမဲ့ ထိုအချိန်မှာပင် ယင်ဟန်ကျန်း
ဇာတ်လိုက်မင်းသမီးထံ၌ ထားထားသည့် ခြေရာခံကိရိယာဟာ တောက်ပလာ၏။ထို့ကြောင့် ပိုင်လီချင်းမြောင်ဟာ
အသက်ရှင်နေသေး၍ ပြဿနာတစ်ခုကို
ရင်ဆိုင်နေရကြောင်း သူသိလိုက်ရသည်။

ယင်ဟန်ကျန်းဟာ သူ၏မျက်စိရှေ့၌
ပိုင်လီချင်းမြောင်၏ပုံရိပ်ယောင်ပေါ်လာခြင်းကို ခေါင်းနည်းနည်းလေးမော့ကာ
ကြည့်လိုက်သည်။ထို့‌နောက်
ဝမ်ရန်အယ်၏ဝတ်ရုံကိုသူ့ပါးဖြင့်
ပွတ်သပ်လိုက်ပြီး သပ်သပ်ရပ်ရပ်
ခေါက်လိုက်ကာ ဂူထဲ၌သေသေချာချာ
တင်ထားလိုက်၏။

ထို့နောက် သူဟာဂူထဲမှထွက်လာ၍ ထာဝရ
မငြိမ်းသောမီးအိမ်၏မီးကို ဝိဉာဉ်စွမ်းအင်ဖြင့် သူ့လက်ကိုမကာဘဲ ဒီအတိုင်းငြှိမ်းသတ်လိုက်ပြီး အနားမှကျောက်တုံးဆီသို့
ပစ်ပေါက်လိုက်တော့သည်။မီးအိမ်၏ အစအနများဟာမြေပြင်ပေါ်သို့
ပြန့်ကျဲသွားပြီး မြေကြီးပေါ်သို့ ဆီများ
ဖိတ်ကျကုန်၏။

ဟား ဟား ဟား ဟား ဟား

ယင်ဟန်ကျန်းဟာ သူ၏အပူလောင်
သွားသည့်လက်ဖဝါးကိုကြည့်ရင်း
အော်ရယ်တော့၏။ရယ်နေရင်းဖြင့်
နာကျင်နေသည့်မသဲမကွဲအသံများ
ထွက်ပေါ်လာခြင်းအားတားဆီးရန်
သူ့လက်တစ်ဖက်ကိုပါးစပ်ပေါ် တင်ကာ
ပိတ်လိုက်၏။ဤသည်မှာ သူ့ခံစားချက်များပေါ်ထွက်မလာစေရန် အားအင်အကုန်လုံးကာ ထိန်းချုပ်လိုက်တာဖြစ်၏။

ထို့နောက်သူဟာခေါင်းကိုငုံ့လိုက်ပြီး ကောင်းကင်၌ဗီးနပ်(စ်)ကြယ်ထွက်လာသည့်အချိန်အထိ မလှုပ်ပေ။မိုးသောက်ချိန်
မတိုင်ခင် ညတစ်ည၏အမှောင်မိုက်ဆုံး
အချိန်ကို ရောက်သည့်အခါမှ ခေါင်းကို
ပြန်မော့လိုက်ပြီး သရဲမျက်နှာဖုံးကို
တပ်လိုက်၏။မျက်နှာဖုံးနောက်ကနေ
"ပိုင် လီ ချင်း မြောင်" ဟု တစ်လုံးချင်းအံကြိတ်ခေါ်လိုက်သည့် အသံ
ထွက်ပေါ်လာ၏။

ထိုတစ်ပိုင်းလုံးဟာ စာဖတ်သူများ၏
ဆံပင်များကိုထောင်တက်လာစေသည်။ဇာတ်လမ်း၏ အဓိကဇာတ်ကောင်များထဲ တစ်ယောက်အပါအဝင်ဖြစ်သည့်
ဝမ်ရန်အယ်သည်လည်း ဖော်ပြ၍
မရနိုင်သော ခံစားချက်တစ်ခုကို
ခံစားလိုက်ရသည်။

ယင်ဟန်ကျန်းသူ့ကြောင့်သေသွားခြင်းကို
သူလက်ခံနိုင်သည်။သို့ပေမဲ့ ယင်ဟန်ကျန်းသူ့ကြောင့်ရူးသွပ်သွားခြင်းကို
နားမလည်နိုင်ပေ။

လုံးဝတည်ငြိမ်နေရာမှ အလွန်အကျူး
ရူးသွပ်သွားရအောင်အထိ သူဘယ်လောက်တောင်များခံစားခဲ့ရလို့လဲ။

ယင်ဟန်ကျန်း ဝမ်ရန်အယ်၏ဝတ်ရုံကို
ပါးနှင့်ပွတ်သပ်လိုက်သည်က ဝတ်ရုံကိုမဟုတ်ဘဲသူ့နှလုံးသားကိုပွတ်သပ်
လိုက်သကဲ့သို့ပင်။ဝမ်ရန်အယ်ဟာစာအုပ်
ကနေအကြည့်ကိုရွှေ့လိုက်ပြီးယင်ဟန်ကျင်းကိုကြည့်လိုက်သည်။သူယခုမှ ယင်ဟန်ကျင်းကိုပထမဆုံးသေသေချာချာကြည့်မိသည်ဟုခံစားလိုက်ရသည်။သူယင်ဟန်ကျင်းကို
လုပ်ပေးခဲ့တာတွေဟာ ထိုကဲ့သို့
ပြန်လည်ပေးဆပ်ခြင်းမျိုးနှင့်မတန်ဟု
ခံစားရသည့်အတွက် ယင်ဟန်ကျင်းကို
ယခုထက်ပို၍ကောင်းကောင်းမွန်မွန်
ဆက်ဆံရန် သူဆုံးဖြတ်ချက်ချလိုက်သည်။

ရှူယန်ယန်ဟာ ယခုအချိန်၌
ဟယ့်ဝမ်းချောင်၏စွမ်းအင်များကိုကုန်စင်အောင်စုပ်ယူမှာမဟုတ်ဘဲ
သူ့ကျင့်ကြံဆင့်တိုးတက်‌လာ‌အောင်
ကူညီပေးမှာဖြစ်သည့်အတွက် ဆီးနှင်းမီးလျှံကိုအသုံးပြုရန်မလိုအပ်ပေ။ထို့ကြောင့် ဆီးနှင်းမီးလျှံကိုအသုံးပြုဖို့အခွင့်အရေး
ယင်ဟန်ကျန်းအတွက် ဖြစ်လာစေရန်
ဝမ်ရန်အယ် အစွမ်းကုန်လုပ်မှာဖြစ်သည်။

ဝမ်ရန်အယ် ချွမ်းယွမ်ဂိုဏ်းအကြီးအကဲဖြစ်လာသည်မှာနှစ်ပေါင်းများစွာ
ကြာမြင့်ပြီဖြစ်သောကြောင့် သူစုဆောင်းထားသည့်ပစ္စည်းများ များစွာရှိသည်။
သူသည် စု‌ဆောင်းထားသည့်ပစ္စည်းများသိုလှောင်ထားသည့်သူ၏အင်္ကျီလက်ထဲသို့မွှေနှောက်ရှာပြီး ထိုအထဲမှ ပစ္စည်းအချို့၊ဆေးလုံးအချို့နှင့်ပိုင်လီချင်း‌မြောင်၏
ကျင့်ကြံဆင့်နှင့်သင့်‌တော်သည့်
မှော်အသုံးဆောင်များ၊ရေခဲလွင်ပြင်တွင် တိုက်ခတ်သည့်လေအေးများဒဏ်မှ
ကာကွယ်ပေးမည့် မီးလျှံငှက်မွှေးဝတ်ရုံတို့အားထုတ်လိုက်သည်။ထိုမှသာ
ဇာတ်လိုက်သည် ရေခဲလွင်ပြင်တွင်
အေးခဲ၍မသေဘဲအသက်ရှင်မှာဖြစ်သည်။

"ဒါတွေ ကျွန်မဒါတွေအကုန်လုံးကို
လက်မခံနိုင်ဘူး။"ဟုပိုင်လီချင်းမြောင်ဟာ တဖြည်းဖြည်းနီရဲလာသည့်မျက်နှာဖြင့်
သူ့ရှေ့တွင်ပုံလာသည့်ပစ္စည်းများကို
ကြည့်ရင်း လက်ရမ်း၍ငြင်းတော့သည်။

ဝမ်ရန်အယ်ဟာ သူပေးသောပစ္စည်းများကိုသိမ်းထားနိုင်ရန် သိုလှောင်ပစ္စည်းဖြစ်သည့်
ရိုးရှင်းသောဆံထိုးတစ်ခုကိုပါထုတ်၍ ပေးလိုက်ပြီးပိုင်လီချင်းမြောင်မငြင်းဆန်
နိုင်ခင်မှာပဲ ယင်ဟန်ကျန်းအားဆွဲကာ
ထွက်သွားတော့သည်။

ပိုင်လီချင်းမြောင်ဟာ ဆံထိုးကိုလက်ထဲမှာကိုင်ထားရင်း ဝမ်ရန်အယ်ထွက်သွားသည့်ဘက်မှ ကောင်းကင်အားငေးကြည့်
နေမိသည်။ခဏလောက်ကြာ‌မှ ခြေထောက်ဆောင့်လိုက်ကာ "ဂိုဏ်းတူအစ်ကို မိန်းကလေးရှူ" ဟုရေရွတ်လိုက်သည်။

ထို့နောက် ပစ္စည်းအကုန်လုံးအား ဆံထိုးထဲထည့်သိမ်းလိုက်ပြီး ထိုဆံထိုးအားသူ့ဝတ်ရုံထဲထည့်လိုက်ကာ ရှန့်ချင်းဂိုဏ်းရှိရာဘက်သို့ ဖြည်းဖြည်းချင်းပျံသန်းသွားတော့သည်။

ရှန့်ချင်းဂိုဏ်းမှ အပြင်သို့အ‌တွေ့အကြုံရှာရန်ထွက်သွားသည့်ဂိုဏ်း၏တပည့်တိုင်းတွင် အရေးပေါ်ဖြစ်လျှင်သုံးရန်အတွက်
ပေးထားသည့် အဆောင်လက်ဖွဲ့ရှိသည်။ထိုကျောက်စိမ်းအဆောင်လက်ဖွဲ့ကိုခွဲလိုက်လျှင် အနီးအနားမှ တပည့်များရောက်လာ၍ သူတို့အားကယ်တင်ပေးမှာဖြစ်သည်။
ပိုင်လီချင်းမြောင် ထိုနည်းလမ်းကိုသုံး၍အကူအညီခေါ်လို့ရသည်။သို့သော်လည်း ထိုအဆောင်ကို သုံးချင်တိုင်းသုံးခွင့်မရှိဘဲအသက်အန္တရာယ်ရှိသည့်အခြေအနေမှသုံးခွင့်ရှိသည်။ထိုအဆောင်ကို သုံးလိုက်၍ ကူညီပေးမည့် စီနီယာတပည့်များ ရောက်လာကာအရေးမကြီးသည့်ကိစ္စ
ဖြစ်မှန်းသိသွားကြလျှင် စီနီယာများ၏ အပြောအဆိုကို ခံရမည်ဖြစ်သည်။ဝိဉာဉ်အခြေတည်ခြင်းအဆင့်သို့ရောက်လျှင် ကိုယ်ပိုင်အဆောင်လက်ဖွဲ့ကိုဖန်တီးနိုင်မှာ
ဖြစ်သော်လည်း ပိုင်လီချင်းမြောင်သည်
ထိုအဆင့်သို့မရောက်သေးသဖြင့်အကူအညီလိုလျှင် ဂိုဏ်းတည်ရှိရာတောင်ပေါ်သို့
သွားခေါ်ရမှာဖြစ်သည်။

ထိုအချိန်တွင် ရှူယန်ယန်မှာ သွေးရောင်လွှမ်းနေသည့်မျက်နှာဖြင့် ပခုံးတစ်ဖက်ပေါ်နေ၍ ကောက်ရိုးအိပ်ယာပေါ်၌ အိပ်ပျော်နေသည်။ဟယ့်ဝမ်းချောင်ဟာလည်း အိပ်ယာနံဘေးတွင်ရင်ဘတ်ပွင့်နေသည့်အင်္ကျီဖြင့်
မတ်တပ်ရပ်နေရင်း စိတ်လွတ်နေကာ
ခဏကြာတော့ရှူယန်ယန်ကိုစောင်ခြုံပေးလိုက်သည်။ထိုအပြုအမူက ရှူယန်ယန်အားနိုးသွားစေသည်။

ရှူယန်ယန် မျက်လုံးကိုဖွင့်လိုက်သည့်အခါ
ဟယ့်ဝမ်းချောင်နှင့်အကြည့်ချင်းဆုံသွားသဖြင့် မျက်နှာနီရဲလာကာ သူ့အဝတ်အစားများကိုဆွဲတင်လိုက်‌တော့သည်။ထို့နောက် လက်များကိုတင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီးနူးနူးညံ့ညံ့ဖြင့်"သခင်လေးဟယ်
ဘာကိုမှမစိုးရိမ်ပါနဲ့။သခင်လေး
မိန်းကလေးပိုင်လီအပေါ်ခံစားချက်ရှိတာကိုကျွန်မသိပါတယ်။ဒါကမရည်ရွယ်ဘဲ
ဖြစ်သွားတာပါ။ကျွန်မဒဏ်ရာကိုသခင်လေးဟယ်က ကူညီပေးရုံသက်သက်ပါပဲ။"
ဟုပြောလိုက်သည်။

ဟယ့်ဝမ်းချောင်ဟာ သူဒဏ်ရာကိုကုပေးဖို့အတွက် ဟုတ်လား မဟုတ်လား ဆိုတာကိုကွဲကွဲပြားပြားသိ၏။သူဟာ ရှူယန်ယန်ကိုစိုက်ကြည့်ရင်း သူဘယ်လိုများဒီလိုကိစ္စကို
လုပ်ခဲ့မိရတာလဲဟုပြန်စဉ်းစားနေမိသည်။ ထို့အပြင်စောစောကခံစားရသည့်ခံစားချက်ကိုပါပြန်တွေးတောနေမိပြီး ရှူယန်ယန်ကို
ကြည့်သည့်သူ့အကြည့်ထဲတွင်
နူးညံ့မှုအနည်းငယ်ပါဝင်နေ၏။

"ငါ ငါ မင်းကိုအိမ်တစ်အိမ်ဝယ်ပေးမယ်။
ဒီအိမ်က နေဖို့အဆင်‌မပြေဘူး။ "
ဟု ဟယ့်ဝမ်းချောင်ပြောလိုက်သည်။

ရှူယန်ယန်စိတ်ထဲတွင် ဆဲဆိုနေပေမဲ့
အပြင်မှာတော့ ပြုံးကာခေါင်းခါလိုက်ရင်း "သခင်လေးဟယ် ကျွန်မကိုပြည့်တန်ဆာ
လိုဆက်ဆံနေတာလား။ကျွန်မသာ ကျွန်မခန္ဓာကိုယ်ကိုရောင်းချင်ရင် အခုအချိန်ထိစောင့်နေပါ့မလား။"ဟုပြန်ပြောလိုက်သည်။

ဟယ့်ဝမ်းချောင်ဟာ ခဏကြာ အူကြောင်ကြောင်စိုက်ကြည့်နေမိသည်။

"ကျွန်မက နိမ့်ကျတဲ့လူဖြစ်လို့ အခြားလူတွေဘယ်လိုထင်ထင်ကိစ္စမရှိဘူး။
သခင်လေးဟယ်က မြင့်မြတ်တဲ့လူဖြစ်လို့
ငွေပေးပြီးသာယာမှုရှာသူလို့အပြောခံရမှာကို ကျွန်မလက်မခံနိုင်ဘူး။" ဟုဟယ့်ဝမ်းချောင်ကိုဝမ်းနည်းသည့်အကြည့်ဖြင့်
ကြည့်ကာ ပြောလိုက်သည်။

သူပိုက်ဆံလက်မခံနိုင်တာဟာ သူ၏
ကိုယ်ကျင့်သိက္ခာအတွက်ကြောင့်သာ
မဟုတ်ဘဲ ဟယ့်ဝမ်းချောင်အတွက်ပါ
စဉ်းစားပေး၍ဖြစ်သည်။ဘယ်လိုတောင် တစ်ပါးသူအတွက်စဉ်းစားပေးတတ်တဲ့
သူလဲ။

"ဒါ‌ပေမဲ့ငါက မင်းအပေါ်အပြစ်ပြုမိတာလေ
မိန်းကလေးရဲ့" ဟုဟယ့်ဝမ်းချောင်ဟာ
ရှူယန်ယန်၏ ဆံပင်ကိုနားနောက်သို့
သပ်ပေးရင်းပြောလိုက်သည်။ဆံပင်သပ်ပေးလိုက်သည့်အခါ မတော်တဆနီရဲနေသောပါးပြင်‌ကိုထိမိသွားသည့်အတွက် သူ့နှလုံးသားတစ်ချက်ခုန်သွားရ၏။

ရှူယန်ယန်ဟာပြုံးရင်း "စာအုပ်တွေထဲမှာ အသက်ကြွေးအတွက် ကိုယ့်ကိုကိုယ်
ပေးရမယ်လို့ ပြောကြတယ်မဟုတ်လား။
သခင်လေးဟယ်က မြင့်မြတ်တဲ့သူရဲကောင်းတစ်ယောက်ဆိုတော့ အခုကိစ္စကို ကျွန်မ
ဂုဏ် တောင်ယူမိပါတယ်"
ဟုပြန်ပြောလိုက်သည်။

သူ့စကားများဟာ ဟယ့်ဝမ်းချောင်၏ နောင်တများကိုတဖြည်းဖြည်းလျော့ပါး
သွားစေပြီး သူကူညီပေးခဲ့သည့်အချိန်များကိုပြန်တွေးမိစေသည်။ထိုမိန်းကလေးမှာ အခြားနည်းဖြင့်အကြွေးဆပ်နိုင်စွမ်းမရှိသည့် အတွက် ထိုနည်းလမ်းကိုသုံး၍အကြွေးဆပ်ခြင်းဖြစ်ပေမည်။ပြီးတော့ ထိုအချိန်တုန်းက မိန်းကလေး၏နွေးထွေးပြီးနူးညံ့တဲ့ခန္ဓာကိုယ်က သူ့ပေါင်ပေါ်မှာရှိနေပြီး သူ့ကိုအကြွင်းမဲ့ယုံကြည်နေတာဆိုတော့ ဘယ်လို
ယောကျာ်းမျိုးမှ ငြင်းဆန်နိုင်မှာမဟုတ်ပေ။
ပြီးလျှင် ထိုမိန်းကလေးဟာလည်းပြည့်တန်ဆာအိမ်ကမိန်းမ မဟုတ်ပေ။
သူတို့နှစ်ယောက် တစ်ယောက်ပေါ်
တစ်ယောက်လည်းခံစားချက်ရှိနေတာ
ဆိုတော့အခု ဖြစ်သွားတဲ့ကိစ္စဟာ
ကောင်းတဲ့ကိစ္စပဲမဟုတ်လား။

တစ်ခုတည်းသောပြဿနာက
ပိုင်လီချင်းမြောင်ပဲ။သူ့ကိုဘယ်လို
ရှင်းပြရမလဲ။

ဒါပေမဲ့ အခုလောက်ထိဖြစ်သွားရတာက
ပိုင်လီချင်းမြောင်မြန်မြန်ပြန်မလာလို့‌ပဲလေ။
ပိုင်လီချင်းမြောင်သာမြန်မြန်ပြန်လာရင်
သူကဘယ်လိုလုပ်ပြီး ဒဏ်ရာကုဖို့အတွက်မိန်းကလေးတစ်ယောက်နဲ့တူတူနေတာမျိုး
လုပ်ပါ့မလဲ။

ပိုပိုပြီးတွေးလေလေ ဟယ့်ဝမ်းချောင်ဟာ
သူဘာအမှားမှမလုပ်မိဘူးဟုထင်လေလေဖြစ်သည်။သူ သူ၏ဂိုဏ်းတူညီမလေးကိုဘယ်လိုရှင်းပြရမလဲဆိုတာကိုပဲ
မသိတာဖြစ်သည်။

သူ ပိုင်လီချင်းမြောင်ကိုတကယ်ကိုသဘောကျခြင်းဖြစ်၏။သူတို့ဟာငယ်ငယ်ထဲကသူငယ်ချင်းဖြစ်၍ သူဟာပိုင်လီချင်းမြောင် ပါးဖောင်းဖောင်းနှင့်ခုနှစ်နှစ် ရှစ်နှစ်အရွယ်ကနေ ယခုကဲ့သို့လှပသည့်မိန်းမပျိုလေးအရွယ် ရောက်လာသည်အထိ
ကြည့်ရှုစောင့်ရှောက်လာခြင်းဖြစ်သည်။
ရှူယန်ယန်ဟာ ထိုနက်ရှိုင်းသည့်
ခံစားချက်များကြားသို့ ကြားမဝင်နိုင်ပေ။

ရှူယန်ယန်လည်း သူတို့ကြား ကြားမဝင်ချင်ပေ။သူဟာ ဟယ့်ဝမ်းချောင်ပခုံးပေါ်လက်တင်လိုက်ပြီးနားလည်မှုရှိစွာဖြင့်
"ဘာမှစိတ်မပူပါနဲ့။ဒီကိစ္စဟာ ရှင်နဲ့ကျွန်မကြားပဲရှိမှာပါ။ဘယ်သူမှမသိစေရပါဘူး။" ဟုပြောလိုက်သည်။

ဟုတ်တယ်။ဒီကိစ္စကိုဘယ်သူမှမသိရင် အဆင်ပြေတာပဲလေ။မိန်းကလေးရှူကတကယ်တော်ပြီး သဘောပေါက်လွယ်တာပဲ။

ဟယ့်ဝမ်းချောင်စိတ်ပူနေခြင်းများဟာ ယခု
ရှင်းလင်းသွားပြီဖြစ်သည့်အတွက် သူဟာ
ရှူယန်ယန်ကိုဖက်လိုက်၏။

ထို့နောက်ရှူယန်ယန်ဟာအဝတ်အစားများကို ပြန်ပြင်ဆင်လိုက်ပြီး ကိစ္စအများကြီးကိုကျော်ဖြတ်ခဲ့ရသဖြင့်ပင်ပန်းသွားဟန်ဖြင့်အိပ်ပျော်သွား၏။

ဟယ့်ဝမ်းချောင်ဟာ အိပ်ပျော်နေသည့်
ရှူယန်ယန်၏မျက်နှာကိုကြည့်ရင်း သူ့နှလုံးသားဟာ ရှူယန်ယန်ကြောင့်လည်း
ခုန်မိကြောင်း လက်ခံလိုက်၏။

ရှူယန်ယန်မျက်နှာကိုစိုက်ကြည့်နေတာ
ခဏတာကြာသွားသောအခါ
ဟယ့်ဝမ်းချောင်ဟာ သူ့ခန္ဓာကိုယ်၏
ယန်စွမ်းအင်အစစ်အမှန်ကို ဆုံးရှုံးသွားပြီဖြစ်ကြောင်းသတိထားမိလိုက်သည်။
သူ့ဆရာဟာ သူတို့ကို ဝိဉာဉ်အခြေတည်အဆင့်သို့မရောက်သေးမချင်း မည်သူနှင့်မျှစုံတွဲကျင့်ကြံခြင်းမပြုရန်နှင့် ထိုသို့မဟုတ်ဘဲစောစောကျင့်မိလျှင် ကျင့်ကြံဆင့်ကို
ထိခိုက်စေနိုင်ကြောင်းအမြဲသတိပေး‌လေ့
ရှိသည်။ဟယ့်ဝမ်းချောင်ဟာ သူ့ကျင့်ကြံဆင့်ကိုမြန်မြန်စစ်ဆေးကြည့်လိုက်သည့်အခါ ကျင့်ကြံဆင့်မှာလျော့ကျမသွားဘဲ ဗဟိုချက်ဖွဲ့စည်းခြင်း အဆင့်၇မှ အဆင့်၉သို့
တိုးသွားကြောင်းသိလိုက်ရတော့သည်။

ရှူယန်ယန်ဟင်းလင်းပြင်နယ်နိမိတ်အဆင့်ခြောက်ထိရောက်လာခြင်းမှာ ဤကဲ့သို့စုံတွဲကျင့်ကြံခြင်းလမ်းစဉ်ကြောင့်ဖြစ်သည်။ထို့ကြောင့်ဗဟိုချက်ဖွဲ့စည်းခြင်းအဆင့်မှ
ဂျူနီယာ၏ကျင့်ကြံဆင့်တိုးလာအောင်
လုပ်ရသည်မှာ သူ့အတွက် ထမင်းစား ရေသောက်သကဲ့သို့လွယ်ကူလွန်းလှသည်။
ဟယ့်ဝမ်းချောင်ခန္ဓာကိုယ်မှ မိုးကြိုးစွမ်းအင်နှင့် ထူးခြားသည့်စွမ်းအင်ကိုလည်း
စုပ်ယူထားသည့်အတွက် သူ့အတွက်အလွန်အကျိုးရှိလှသည်။ထို့‌ကြောင့်သူကျင့်ကြံချင်‌ နေသည့်အတွက်ဟယ့်ဝမ်းချောင် အမြန်ထွက်သွားမည့်အချိန်ကိုစောင့်နေခြင်းဖြစ်သည်။

ဘာလို့ သူ့ကျင့်ကြံဆင့်တိုးသွားရတာလဲ
ဟုဟယ့်ဝမ်းချောင်းတွေးနေမိသည်။

သူရှူယန်ယန်ကိုကြည့်ရင်း ဂိုဏ်းစာကြည့်တိုက်ရှိစုံတွဲကျင့်ကြံခြင်းနှင့်ပတ်သက်သည့်ကဏ္ဍမှဖတ်ခဲ့ဖူးသည့်
စာအုပ်အကြောင်းပြန်သတိရမိသည်။
ထိုအချိန်ကသူဟာ သူ့ဂိုဏ်းတူညီမလေးကိုချစ်မိသည့်အတွက် စုံတွဲကျင့်ကြံခြင်းနှင့်ပတ်သက်သည့်နည်းလမ်းများကို
သွားရောက်ရှာဖွေခဲ့ခြင်းဖြစ်၏။
ထိုစာအုပ်ထဲတွင်လည်း ဝိဉာဉ်အခြေတည်အဆင့်မရောက်မချင်း မည်သူနှင့်မျှစုံတွဲကျင့်ကြံခြင်းမပြုလုပ်ရန်ရေးထားသည်။သို့သော်လည်း ခြွင်းချက်နှစ်ခုရှိသည်။
ထိုသည်မှာယင်အစစ်အမှန်ခန္ဓာကိုယ်နှင့်
ယန်အစစ်အမှန်ခန္ဓာကိုယ်တို့ဖြစ်သည်။

ယင်အစစ်အမှန်ခန္ဓာကိုယ်ရှိသည့်မိန်းကလေးတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်နှင့်စုံတွဲကျင့်ကြံသည့်အခါ ထိုမိန်းကလေးဟာသာမန်လူဖြစ်လျှင်တောင်မှ အခြား
တစ်ယောက်အားကျင့်ကြံဆင့်တိုးစေရုံသာမက အခြားအကျိုးကျေးဇူးများစွာကိုလည်း
ရရှိစေနိုင်သည်။မိန်းကလေးရှူက
ယင်အစစ်အမှန်ခန္ဓာကိုယ်ပိုင်ဆိုင်နေတာ
များလား။

ဟယ့်ဝမ်းချောင်တွေးတောနေသည့်အချိန်တွင် ပိုင်လီချင်းမြောင်မှာ ဂိုဏ်းတူအစ်ကို ယောင်ကို‌ ခေါ်၍ရောက်လာပြီး
"နောက်ကျသွားတဲ့အတွက်
တောင်းပန်ပါတယ် ဂိုဏ်းတူအစ်ကို "
ဟုအသက်လုရှူရင်းပြောလိုက်သည်။

ဟယ့်ဝမ်းချောင်ဟာသူ့ခေါင်းကို
ပုတ်ပေးလိုက်ပြီး "ကိစ္စမရှိပါဘူး။
ဂိုဏ်းတူညီမလေးရဲ့ မိန်းကလေးရှူ
အဆင်ပြေသွားပြီ။သူလိုက်လာတာ အလဟဿ တောင်ဖြစ်သွားပြီ။"
ဟုပြောလိုက်သည်။

ရှူယန်ယန်သွေးရောင်‌လွှမ်းနေသည့်
မျက်နှာဖြင့်အိပ်ပျော်နေတာကို
မြင်လိုက်ရသည့်အခါ ယောင်ဝမ်တန်ဟာသံသယဖြစ်သွားပြီး "သူဘယ်လိုလုပ်ပြီး
ပြန်ကောင်းသွားတာလဲ။"ဟုမေးလိုက်သည်။

ဟယ့်ဝမ်းချောင်ဟာ ရှူယန်ယန်ကို
အနှောင့်အယှက်ဖြစ်‌စေမည့်စမ်းသပ်ခြင်းမျိုးလုပ်မှာကိုမလိုလားသည့်အတွက်အပြင်မှာပြောရအောင် ဟုလေသံတိုးတိုးနှင့်
ပြောလိုက်သည်။

သူတို့တဲအိမ်ထဲကထွက်လာကြပြီးနောက်
ဟယ့်ဝမ်းချောင်ဟာ အခြေအနေက
အလျင်လိုနေပြီး မိန်းကလေးရှူပါးစပ်ထဲမှ‌ သွေးများအန်‌နေ၍ သေဆုံးကာနီးဖြစ်နေသည့်အတွက် ကျင့်ကြံသူများသုံးသည့်
ဆေးကို သူကူညီ၍တိုက်လိုက်ကြောင်း
ပြောလိုက်သည်။ထို့‌နောက် သူတိုက်လိုက်သည့်အတွက် တစ်လုံးလျော့နေသည့် ဆေးပုလင်းကိုပါထုတ်ပြလိုက်သည်။

"သာမန်လူတစ်ယောက်ကကျင့်ကြံသူတွေသောက်တဲ့ဆေးကိုသောက်လို့ရလို့လား။" ယောင်ဝမ်တန်ဟာ ဟယ့်ဝမ်းချောင်ပြသည့်ဆေးပုလင်းကိုအနံ့ခံ၍ "ဒီဆေးတွေက
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်မှ‌သောက်လို့ရတဲ့ဆေးတွေ။ပုံမှန်လူတစ်ယောက်သောက်ရင် သူတို့သွေးကြောတွေစွမ်းအင်ဒဏ်မခံနိုင်ဘဲ ပေါက်ထွက်ပြီးသေသွားကြလိမ့်မယ်။"ဟုပြောလိုက်သည်။

"သူဆေး‌အာနိသင်ကိုစုပ်ယူနိုင်အောင်
ငါ့စွမ်းအင်တွေသုံးပြီး ကူညီခဲ့တာ။" ဟု
ဟယ့်ဝမ်းချောင်ရိုးရိုးရှင်းရှင်း
ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ..." ယောင်ဝမ်တန်ဟာလူ
တစ်ယောက်ဆေးအာနိသင်စုပ်ယူနိုင်အောင်
ကူညီပေးနိုင်မည့်နည်းလမ်းကိုစဉ်းစား
လိုက်သည်။သူဟာငယ်ငယ်ထဲက ဆေးနှင့်ပတ်သက်သည်များကိုလေ့လာခဲ့သည့် အတွက် ခန္ဓာကိုယ်တစ်ခုနှင့်တစ်ခုထိဖို့လိုအပ်ကြောင်း နားလည်သည်။

ပိုင်လီချင်းမြောင်ဟာအသက်ငယ်ရွယ်သေးသောကြောင့် ထိုအကြောင်းများကိုမသိသေးပေ။ထို့ကြောင့် "ဒါပေမဲ့ဘာဖြစ်လဲ" ဟူ၍
အပြစ်ကင်းစင်သောအမူအယာဖြင့်
မေးလိုက်သည်။

ဟယ့်ဝမ်းချောင်ဟာ ယောင်ဝမ်တန်ကို
စိုက်ကြည့်လိုက်သည်။ယောင်ဝမ်တန်ဟာလည်းသူဆိုလိုချင်တာကို သဘောပေါက်သည့်အတွက် "ဘာမှမဟုတ်ပါဘူး။ငါက
သူဆေးအကြောင်းကောင်းကောင်းမသိတဲ့အတွက် သေချာမကုပေးနိုင်မှာစိုးရိမ်မိလို့ပါ။အခုမိန်းကလေးရှူ လုံးဝပျောက်ကင်းသွားပြီဆိုတော့စိတ်ပူစရာမရှိတော့ပါဘူး။"
ဟုပြန်‌ဖြေလိုက်သည်။

ထိုစကားကိုကြားပြီးသည့်နောက်
ပိုင်လီချင်းမြောင်စိတ်သက်သာရာရသွားပြီး
မိန်းကလေးရှူကိုသွားကြည့်ချင်ကြောင်း
ပြောလိုက်သည်။ဟယ့်ဝမ်းချောင်ဟာ အန္တရာယ်ရှိသည့်အချိန်ကိုကျော်ဖြတ်
နိုင်သွားပြီဖြစ်သည့်အတွက်
လက်မထပ်ရသေးသည့်မိန်းကလေးနှင့်ယောကျာ်းလေးဟာနီးနီးကပ်ကပ်
မနေသင့်သဖြင့် ပိုင်လီချင်းမြောင်အား တစ်ယောက်တည်းသွားကြည့်ရန်
ပြောလိုက်သည်။

(ဟယ့်ဝမ်းချောင် = ကြောင်သူတော်)

သူအိမ်ထဲဝင်သွားသည့်အခါ ယောင်ဝမ်တန်
ဟာမျက်ခုံးပင့်လိုက်ပြီး ဟယ့်ဝမ်းချောင်ကိုတံတောင်နှင့်တွက်လိုက်ကာ "မင်းမဟုတ်တာတစ်ခုခုလုပ်လိုက်သေးလား။"ဟုပြုံး၍
မေးလိုက်သည်။

"အခြေအနေကအလျင်လိုနေလို့
ငါလုပ်လိုက်ရတာ။အဲ့အချိန်တုန်းက
မျက်လုံးကိုကာထားတယ်။"ဟု
ဟယ့်ဝမ်းချောင်ဟာကိုယ်ကျင့်သိက္ခာ‌ စောင့်ထိန်းသည့်လူကြီးလူကောင်းပုံစံဖြင့်
ပြန်ဖြေ၏။

ယောင်ဝမ်တန်ဟာ "အဲ့တာဆိုမင်းဘာလို့ခုနက ဂိုဏ်းတူညီမလေးကိုမပြောလိုက်တာလဲ။"ဟု သံသယမပျောက်သေးသည့်
လေသံဖြင့်မေးလိုက်သည်။

ဟယ့်ဝမ်းချောင်ဟာသက်ပြင်းချရင်းခေါင်းခါလိုက်ကာ "မင်းသူ့အကြောင်း
မသိတာလည်းမဟုတ်ပဲနဲ့။ဂိုဏ်းတူ
ညီမလေးလု နားမလည်တာတွေကို
လာမေးတုန်းက‌တောင် သူငါ့ကို
စိတ်ဆိုးသေးတယ်။ငါကစီနီယာဆိုတော့
ဂျူနီယာတွေနားမလည်တာတွေ
ရှင်းပြပေးရမဲ့တာဝန်ရှိတယ်လေ။
ငါတို့ဆရာသခင် အခြားကိစ္စတွေနဲ့
အလုပ်ရှုပ်နေရင် ငါပဲသူ့အစားတာဝန်
ယူပေးရတာ။ငါမင်းကိုတောင် အခြေခံကျင့်ကြံနည်းတွေသင်ပေးရသေးတယ်‌
မလား။ငါကဘာလို့ ဂိုဏ်းတူညီမလေးလုကိုကူညီပေးလို့မရရမှာလဲ။"

"ဟုတ်တော့ဟုတ်တယ်။"

"ပိုင်လီချင်းမြောင်ကအရာရာပြီးပြည့်စုံတယ်။မနာလိုဖြစ်လွယ်တာတစ်ခုပဲ
ချို့ယွင်းချက်ရှိတာ။"

"ဟုတ်တယ်။မိန်းကလေးရှူနဲ့ပတ်သက်ပြီး
မပြောတာအကောင်းဆုံးပဲ။ဒီကိစ္စကိုဒီမှာပဲထားလိုက်ရအောင်။လူတစ်ယောက်ရဲ့အသက်က တန်ဖိုးကြီးတယ်။ငါလုပ်လိုက်တာကဘယ်လိုပဲဖြစ်ဖြစ် လူ့အသက်ကယ်လိုက်တာပဲလေ။"

ယောင်ဝမ်တန်ဟာ ဟယ့်ဝမ်းချောင်
ပြောစကားများကိုလက်ခံသွားသည်။
ပိုင်လီချင်းမြောင်ဟာရှူယန်ယန်ကို
ကြည့်ရှုပြီးသောအခါ တဲအိမ်ထဲမှ
ထွက်လာသည်။ထို့နောက် သူတို့အတူတူ
ရှန့်ချင်းဂိုဏ်းသို့ပြန်ကြသည်။

သူတို့ထွက်သွားပြီးသောအခါ ရှူယန်ယန်ဟာ
ထလိုက်ပြီး သူ့အရေပြားများကိုပွတ်လိုက်သည်။ထို့နောက် ကောက်ရိုးအိပ်ယာကို
ကန်လိုက်ပြီး "ဘယ်လိုလုပ်ပြီး
လူတွေကောက်ရိုးအိပ်ယာပေါ်အိပ်နိုင်
ရတာလဲ။ဒီလောက်ယားတဲ့ဟာကို "
ဟုပြောလိုက်၏။

"မင်းခုနကဘာလို့ မင်းနဲ့ဟယ့်ဝမ်းချောင်အကြောင်း ပိုင်လီချင်းမြောင်ကိုမပြောလိုက်ရတာလဲ။"ဟုပြောသံကိုသူ
ရုတ်တရက်ကြားလိုက်ရသည်။

ရှူယန်ယန်မော့ကြည့်လိုက်သောအခါ
အရှင်နှင့်ကာကွယ်သူယင်ကို
တွေ့လိုက်ရသည်။သူရယ်လိုက်ပြီး
"အရှင်က အသည်းမာတဲ့လူလေ။
အရှင်မိန်းမတွေအကြောင်းမသိပါဘူး။
ပြီးတော့ ယဉ်ကျေးတဲ့မျက်နှာဖုံးနဲ့ယောကျာ်းတွေအကြောင်းလည်း အရှင်မသိဘူး။
အဲ့ယောကျာ်းတွေက အိပ်ယာထဲမှာဆို
အချိုသာဆုံးစကားတွေကိုဖောဖောသီသီပြောဆိုကြပြီး အင်္ကျီပြန်ဝတ်လိုက်တဲ့အချိန်လည်းရောက်ကော သူတို့မင်းကိုတစ်ခါမှ
မမြင်ဘူး မတွေ့ဘူးသလိုဆက်ဆံကြမှာ။
တကယ်လို့ကျွန်မသာပြောလိုက်ရင် နောက်နေ့ကျရင် ဟယ့်ဝမ်းချောင်က
ကျွန်မသူ့ကိုဆွဲဆောင်လို့ဖြစ်ရတာပါ
ဆိုပြီး အရာအားလုံးကိုကျွန်မအ‌ပေါ်
အပြစ်တင်လိမ့်မယ်။"

ဝမ်ရန်အယ်စဉ်းစားလိုက်သည်။စာအုပ်ထဲ၌ တကယ့်ကို ထိုသို့ဖြစ်ခဲ့တာ။
ဟယ့်ဝမ်းချောင်ဟာ ရှူယန်ယန်သူ့ကို
ပြန်ပေးဆွဲပြီး သူကလည်း နတ်ဆိုးဂိုဏ်းရဲ့ လက်ယာစောင့်ရှောက်သူကိုဘယ်လိုမှ
ပြန်မတိုက်ခိုက်နိုင်ခြင်းကြောင့်
ဖြစ်ကြောင်း ရှင်းပြခဲ့၏။

"အဲ့တာဆိုသူ့ကိုဘယ်အချိန်မှပြောမှာလဲ။"

"သူ ပိုင်လီချင်းမြောင်ကိုအမြန်ဆုံး
ဟယ့်ဝမ်းချောင်ရဲ့မျက်နှာအစစ်အမှန်ကို
မြင်စေချင်တယ်။အဲ့တာမှ သူအရာအားလုံးတူညီခြင်းလမ်းစဉ်ကိုကျင့်ကြံပြီး တကယ့်စွမ်းအင်အစစ်အမှန်တွေနဲ့ပြန်ပေါင်းစည်းကာနတ်ဘုရားအဖြစ်သို့အဆင့်တက်လှမ်း
သွားမှာဖြစ်တယ်။အဲ့လိုဆိုရင်သူ့အပေါ်
တင်နေတဲ့အကြွေးလည်းကျေသွားမှာပင်။"

"ခဏလောက်စောင့်ရုံပဲ။ဟယ့်ဝမ်းချောင်ထွက်သွားပြီး ရက်နည်းနည်းကြာရင်
ပြန်ရောက်လာမှာ။တစ်ကြိမ်အရသာ
ခံပြီးတော့ဘယ်ယောက်ျားကများ
နောက်တစ်ကြိမ်ထပ်အရသာမခံချင်ဘဲ
နေမှာလဲ။ပြီးတော့ ကျွန်မကသူ့ကျင့်ကြံဆင့်တိုးလာအောင်လည်းကူညီပေးနိုင်သေးတယ်။အချိန်ကြာသွားပြီး ခဏခဏတွေ့
ဖြစ်ရင် သူ့ခေါင်းထဲကကျွန်မကို
ထုတ်နိုင်တော့မှာတောင်မဟုတ်ဘူး။ပထမအကြိမ်ဆိုမှားမိတာလို့ပြောလို့ရတယ်။ဒါပေမဲ့ ဒုတိယအကြိမ်၊ တတိယအကြိမ်
ရှိလာရင်ကော သူအနာဂတ်မှာ
အကြောင်းပြချက်အများကြီးပေးရင်တောင် ဒီကိစ္စတွေကိုရှင်းနိုင်မှာမဟုတ်တော့ဘူး။"

"အရှင် ကျွန်မကိုဟယ့်ဝမ်းချောင်ကို
ပိုင်အောင် ကစားပွဲအရှည်ကြီးကစားခိုင်းထားတာကဂိုဏ်းပေါင်းစုံစစ်ပွဲမှာအသာရဖို့
မဟုတ်ဘူးလား။"

"ဟုတ်တယ်။ဒါပေမဲ့ပိုင်လီချင်းမြောင်သူ့ရဲ့ဂိုဏ်းကမြန်မြန်ထွက်ပြီး အရာအားလုံးတူညီခြင်းလမ်းစဉ်ကိုကျင့်ကြံရင်အကောင်းဆုံးပဲ။"

"ဟမ် ရှူယန်ယန်နားမလည်ပေ။
အရှင်ကဘာကိုဆိုလိုချင်တာလဲ။သူက
ပိုင်လီချင်းမြောင်ကိုစိတ်ဝင်စားနေလို့
ဂိုဏ်းကိုမြန်မြန်သစ္စာဖောက်ပြီး နတ်ဆိုးလမ်းစဉ်ကိုကျင့်စေချင်တယ်။နောက်ကျရင် နည်းလမ်းရှာပြီး ပိုင်လီချင်းမြောင်ကို
သူ့အပိုင်ဖြစ်အောင်လုပ်မယ်။အဲ့လိုမဟုတ်ဘူးလား။ဘာလို့ အရာအားလုံးတူညီခြင်းလမ်းစဉ်အကြောင်းပြောနေရတာလဲ။"

"မင်းလုပ်ရမဲ့ဟာကိုသာလုပ်။"

"တောင်ကထွက်လာတဲ့အချိန်တိုင်း သူတို့ကတူတူထွက်နေကျဆိုတော့ အခွင့်အရေး
ရှာဖို့ခက်တယ်။အဲ့တာ‌ကြောင့်ကျွန်မ
ဟယ့်ဝမ်းချောင်အခွင့်အရေးပိုရဖို့
ပိုင်လီချင်းမြောင်ကိုအာရုံလွှဲပေးမဲ့
ငယ်သားတွေလိုတယ်။"

"မလိုဘူး။ငါပိုင်လီချင်းမြောင်ကိုဒီရက်ပိုင်း
မအားအောင်လုပ်ပေးမယ်။"

"အရှင် အရှင် ကိုယ်တိုင် ထပ်ပြီးတော့လား။"
ဟုတောင့်နေသောမျက်နှာအမူအယာဖြင့်
ရှူယန်ယန်မေးလိုက်သည်။

ဝမ်ရန်အယ်ဟာ မျက်ခုံးပင့်လိုက်ကာ
"ပြဿနာရှိလို့လား။" ဟုပြန်မေးလိုက်သည်။

"မရှိပါဘူး မရှိပါဘူး အရှင်" ဟူ၍
ရှူယန်ယန်အားနည်းစွာရယ်ရင်း
ပြန်ဖြေလိုက်သည်။

ယင်ဟန်ကျန်းဟာ သူဝမ်ရန်အယ်ကို
မယုံတာကိုတွေ့လိုက်ရသောအခါ
မပျော်မရွှင်ဖြင့်"အရှင်က ပိုင်လီချင်းမြောင်ကိုဆီးနှင်းမီးလျှံသွားယူခိုင်းထားတယ်။
ငါတို့ကရတနာတစ်ခုကိုရမှာဖြစ်သလို
မင်းလည်း ဟယ့်ဝမ်းချောင်ကိုစိတ်ကြိုက်
ဖြားယောင်းလို့ရတယ်။ကျောက်တုံးတစ်တုံးနဲ့ငှက်နှစ်ကောင်ပစ်လိုက်သလိုပဲ။"
ဟုပြောလိုက်သည်။

"အဲ့လိုလား။" ရှူယန်ယန်၏အရှင့်အပေါ်
ထားသောလေးစားမှုများပိုတိုးလာသဖြင့်
ဒူးတစ်ဖက်ထောက်လိုက်ရင်း
"အရှင့်ရဲ့အကြံကအရမ်းကောင်းတဲ့
အကြံပါပဲ။"ဟုပြောလိုက်သည်။

ဝမ်ရန်အယ်ဟာ "အင်း" ဟုအမူအယာ
ကင်းမဲ့စွာခေါင်းညိတ်လိုက်သည်။

အပိုင္း၅။ အၾကံေကာင္းပါပဲ အ႐ွင္

စာအုပ္ထဲ၌ပိုင္လီခ်င္းေျမာင္မွလြဲ၍
အျခားသူမ်ားမွာ သူ႕မ်က္လုံးထဲသို႔
မဝင္ႏိုင္ဟူ၍ဝမ္ရန္အယ္၏ခံစားခ်က္
ကင္းမဲ့ပုံကိုေဖာ္ျပထားသည္။သူဟာ
ပိုင္လီခ်င္းေျမာင္သာလိုခ်င္လွ်င္ ေကာင္းကင္က လႏွင့္ၾကယ္မ်ားကို
ဆြတ္ခူးေပးႏိုင္သူျဖစ္သည္။ထိုကဲ့သို႔ ဇာတ္ေကာင္မ်ိဳးသည္ မ်ားျပားလွေသာပရိသတ္မ်ားကိုဆြဲေဆာင္ႏိုင္၏။ထို႔‌ေၾကာင့္သူႏွင့္ပိုင္လီခ်င္းေျမာင္ႏွစ္ေယာက္တည္း
႐ွိေနသည့္အခန္းဆိုလွ်င္ စာဖတ္သူမ်ား အလြန္သေဘာက်ၿပီး အားေပး‌ေလ့႐ွိသည္။

သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးမွာ
ဟယ့္ဝမ္းေခ်ာင္ ခရမ္းရင့္ေရာင္စံအိမ္ေတာ္သခင္မႏွင့္လက္ထပ္သည့္ေန႔၌
ပိုင္လီခ်င္းေျမာင္တစ္‌ေယာက္အသည္းကြဲၿပီး ဝမ္ရန္အယ္ႏွင့္အတူတူ ၾကယ္‌ေတြစုံေနသည့္မိုးေကာင္းကင္ကို ေငးၾကည့္ကာ
နဂါးေငြ႕တန္းျဖင့္ခြဲထားျခင္းကိုခံထားရသည့္ႏြားေက်ာင္းသားႏွင့္ ရက္ကန္းသမၾကယ္
တို႔ကိုလက္ညႇိးၫႊန္၍ "ႏွစ္ေယာက္သားအရမ္းခ်စ္ၾကတဲ့ စုံတြဲကို ဘာလို႔ခြဲထားရတာလဲ" ဟုေမးခြန္းထုတ္လို႔ရသည့္ဆက္ဆံ‌ေရးမ်ိဳးျဖစ္သည္။

ထို႔ေနာက္ သူ၏ျဖဴဖတ္ျဖဴ‌ေရာ္မ်က္ႏွာ
ေပၚတြင္ မ်က္ရည္စီးေၾကာင္း‌တစ္ေၾကာင္း က်ဆင္းလာ၏။မ်က္လုံးမ်ား တလက္လက္ေတာက္ပေနကာ ေပ်ာ္႐ႊင္ေန‌ေလ့႐ွိသည့္ မိန္းမပ်ိဳေလးေပ်ာက္ဆုံးသြားသည္မွာ
ၾကာလွေနၿပီျဖစ္သည္။က်င့္ၾကံသူမ်ားဟာအေျခခံအုတ္ျမစ္တည္ေဆာက္ျခင္းအဆင့္ေရာက္သြားသည္ႏွင့္ သူတို႔၏ခႏၶာကိုယ္သည္ အသက္ႀကီးရင့္မလာေတာ့ေပ။
ပိုင္လီခ်င္းေျမာင္၏႐ုပ္ရည္သြင္ျပင္သည္ အသက္ဆယ့္႐ွစ္ႏွစ္အ႐ြယ္အတိုင္း
႐ွိေနေသးသည္။သို႔ေသာ္လည္းသူ၏ႏွလုံးသားမွာမူ ရင့္က်က္ေနၿပီျဖစ္သည္။

ဝမ္ရန္အယ္ဟာ ပိုင္လီခ်င္းေျမာင္မ်က္လုံးကိုလက္ျဖင့္ကာလိုက္ၿပီး "ငါနတ္ဘုရား
မျဖစ္ေသးခင္အထိ ၾကယ္ေတြကိုမၾကည့္နဲ႔" ဟုေျပာလိုက္သည္။

ပိုင္လီခ်င္းေျမာင္က "ဘာလို႔လဲ" ဆိုၿပီး
စိတ္႐ႈပ္ေထြးစြာေမးလိုက္ေသာအခါ
"က်င့္ၾကံသူတစ္ေယာက္က နတ္ဘုရားအဆင့္ကိုတက္လွမ္းႏိုင္မယ္ဆိုရင္
ၾကယ္ေတြ နဂါးေငြ႕တန္းေတြကို သူတို႔
ႀကိဳက္သလိုေျပာင္းလဲခြင့္႐ွိတယ္တဲ့။
ငါ ႏြားေက်ာင္းသားၾကယ္ကို နဂါးေငြ႕တန္းရဲ႕တစ္ဖက္ကိုေျပာင္းေပးမယ္။" ဟု
ျပန္ေျဖ၏။

"ေကာင္းၿပီေလ ႐ွင္နတ္ဘုရားမျဖစ္ခင္အထိ ကြၽန္မၾကယ္ေတြကိုမၾကည့္ေတာ့ဘူး။"

ေနာက္ဆုံးမွာ ဝမ္ရန္အယ္သည္နတ္ဘုရား
အဆင့္သို႔မတက္‌ေရာက္ႏိုင္ဘဲေသဆုံး
သြားခဲ့သည္။သို႔ေပမဲ့ ပိုင္လီခ်င္းေျမာင္ကိုေပးခဲ့သည့္သူ႕ကတိကိုေတာ့တည္ခဲ့သည္။
ဝမ္ရန္အယ္ကူညီေပးျခင္းေၾကာင့္သာ
ပိုင္လီခ်င္းေျမာင္ဟာသူ၏နတ္ဘုရားစြမ္းအင္မ်ားကိုျပန္လည္ရ႐ွိခဲ့ျခင္းျဖစ္သည္။နတ္ဘုရားစြမ္းအင္‌မ်ားႏွင့္ သူ
ျပန္လည္ေပါင္းစည္းသြားေသာအခါ
ေကာင္းကင္ဟာတုန္လႈပ္သြားၿပီး
ၾကယ္မ်ား၏တည္ေနရာ ေျပာင္းလဲသြား၍ နဂါးေငြ႕တန္းျခားနားေနသည့္ ႏြားေက်ာင္းသားၾကယ္ႏွင့္ ရက္ကန္းသမၾကယ္တို႔သည္ တစ္ခုေဘးသို႔တစ္ခု
ေရာက္႐ွိ‌သြားေတာ့သည္။ၾကယ္မ်ားကိုေနရာေျပာင္းလဲေစႏိုင္သည့္ ထိုစြမ္းအားမ်ား၏ ျပင္းအားသည္ တိုက္ႀကီးတစ္ခုလုံးအား ပင္လယ္အျဖစ္သို႔ ေျပာင္းလဲသြားေစသည္။

ဤသည္မွာေ႐ွးနတ္ဘုရားတစ္ပါး၏
စြမ္းအင္ပင္။ကပ္ေဘးနတ္ဘုရားမ သူ၏စြမ္းအင္မ်ားကိုျပန္လည္ရ႐ွိသြားသည္ႏွင့္ ကမ႓ာတစ္ခုလုံးသို႔ပ်က္စီးျခင္းမ်ားဆိုက္ေရာက္ေတာ့သည္။

ပိုင္လီခ်င္းေျမာင္သတိျပန္ကပ္သြားသည့္အခါ၌ တိုက္ႀကီးတစ္ခုလုံးကိုသူဖ်က္စီး
ပစ္မိ ေၾကာင္းသိလိုက္ရၿပီး သူ႕ဂိုဏ္းတူအစ္ကို၏ေျပာစကားမ်ားႏွင့္ ယခင္ဘဝကအဆင့္တက္နတ္ဘုရားတစ္ပါး ေျပာဆို
ခဲ့ေသာစကားမ်ားကို ျပန္လည္
ၾကားေယာင္လာေတာ့သည္။
သူၾကယ္မ်ား၏တည္ေနရာကို ေႏွာင့္ယွက္ကာေျပာင္းလဲပစ္တတ္ေသာနတ္ဘုရားတစ္ပါးမျဖစ္ခ်င္ေပ။ထို႔ေၾကာင့္သူ၏
နတ္ဘုရားဘဝကိုစြန္႔လႊတ္လိုက္ေတာ့သည္။

ႏြားေက်ာင္းသားႏွင့္ ရက္ကန္းသမၾကယ္တို႔သည္ ၎တို႔၏ယခင္ေနရာမ်ားကို
ျပန္မေရာက္ႏိုင္ေတာ့ေပ။သို႔ေပမဲ့
ေနာက္ဆုံးမွာဇာတ္လမ္းတစ္ပုဒ္၏
ဇာတ္လိုက္ႏွစ္ဦးကဲ့သို႔
တူတူ႐ွိခြင့္ရသြားၾကသည္။

ထိုဇာတ္ေၾကာင္းကိုေတြ႕ၿပီး စာဖတ္သူမ်ားဟာ ဝမ္ရန္အယ္၏ေသဆုံးသြားတာေတာင္မွ ဇာတ္လိုက္မင္းသမီးအေပၚထားေသာ
အခ်စ္အေၾကာင္းကို "ထိုေယာက်ာ္းသာတစ္ေယာက္ေယာက္ကိုအလိုလိုက္ခ်င္
လွ်င္ သူေသရမည္ဆိုလွ်င္ေတာင္မွ
သူခ်စ္ရသည့္သူကို ဘာဒုကၡမွမၾကဳံေစဘဲ အနားမွာအဆုံးသတ္ထိကာကြယ္ေပးမည့္လူမ်ိဳးျဖစ္သည္"ဟု႐ူးသြပ္စြာ
ေဆြးေႏြးၾကသည္။

ထိုအပိုင္းကိုဖတ္ရင္း ေဆြးေႏြးမႈမ်ားကို
ျမင္ေနရေပမဲ့ ဝမ္ရန္အယ္မည္သို႔မွ်
မခံစားရေပ။ဘာ့ေၾကာင့္လဲ‌ဆိုေတာ့
စိတ္အေျပာင္းအလဲလြယ္‌ေသာ
သူ႕အေၾကာင္းသူသိျခင္းေၾကာင့္ျဖစ္သည္။

ခြၽမ္းယြမ္ဂိုဏ္းက မေရမတြက္ႏိုင္ေသာ
ဂိုဏ္းသားမ်ားသည္ သူ႕အေပၚသစၥာ႐ွိ၏။သို႔ေပမဲ့ ဝမ္ရန္အယ္သူတို႔၏သစၥာ႐ွိမႈကို
စိတ္ထဲမထည့္ေပ။အဘယ့္ေၾကာင့္
ဆိုေသာ္ ထိုငယ္သားမ်ားသစၥာ႐ွိရျခင္းမွာ
သူ႕အေပၚဆန္႔က်င္သူမွန္သမွ်ကို ေခ်မႈန္း
ႏိုင္သည့္စြမ္းအားပိုင္ဆိုင္ထားျခင္းေၾကာင့္ျဖစ္သည္။ထိုကဲ့သို႔စြမ္းအား႐ွိသူသည္
သူမဟုတ္ဘဲ တျခားတစ္ေယာက္ျဖစ္မည္
ဆိုပါကလည္းထိုလက္‌ေအာက္ငယ္သားမ်ားသည္ ထိုလူအေပၚတြင္သစၥာ႐ွိၾကမည္ျဖစ္သည္။ဝမ္ရန္အယ္အေပၚသစၥာ႐ွိျခင္းမဟုတ္ဘဲ မဟာယနာအဆင့္က်င့္ၾကံသူအေပၚ၌သာသစၥာ႐ွိျခင္းျဖစ္၏။

မိသားစုႏွင့္ပတ္သက္သည္မ်ားဟာလည္း
သူတာအိုလမ္းကိုစနားလည္ခ်ိန္ထဲက
ျပတ္ေတာက္ခဲ့ျခင္းျဖစ္၏။ႏွစ္သုံးရာ
ၾကာၿပီးေသာယခုလက္႐ွိအခ်ိန္၌ သူႏွင့္ေသြးသားဆက္ႏြယ္ေနသူတစ္ဦး
တစ္ေယာက္မွမက်န္႐ွိေတာ့ေပ။

ပိုင္လီခ်င္းေျမာင္ႏွင့္ဆက္ဆံေရးမွာလည္း
ေကာင္းကင္ဘုံစည္းမ်ဥ္းအရကံေႂကြးဆပ္ရျခင္းျဖစ္ေသာေၾကာင့္ အခ်စ္ဟုသတ္မွတ္၍မရေပ။

ဤကမ႓ာေပၚတြင္ သူဟာတစ္ေယာက္တည္းျဖစ္၍ သူထြက္သြားမည့္အခ်ိန္၌
ကမ႓ာေပၚ႐ွိမည္သည့္အရာကမွ်
သူ႕အားမခ်ည္ေႏွာင္ထားႏိုင္ေပ။

ထိုစာအုပ္ကိုဖတ္ၿပီးေနာက္ ယင္ဟန္က်န္းအေပၚ၌ ထူးဆန္းေသာခံစားခ်က္တစ္ခုတျဖည္းျဖည္းျဖစ္ေပၚလာ၏။

ယင္ဟန္က်န္းဟာလည္းသူ႕အေပၚမွာ အသက္ေႂကြး၊ႀကီးျပင္းလာေအာင္
ပ်ိဳးေထာင္ေပးခဲ့ေသာအေႂကြး၊
ပညာသင္ၾကားေပးခဲ့ေသာအေႂကြးမ်ား
တင္ေန၏။သူေသသြားၿပီးေနာက္
ယင္ဟန္က်န္းသည္ သူ႕အတြက္လက္စား
ေခ်ျခင္းပဲျဖစ္ျဖစ္၊သူ၏ေနာက္ဆုံးဆႏၵမ်ားကို ျဖည့္ဆည္းေပးျခင္းပဲျဖစ္ျဖစ္ ႏွစ္ခုထဲမွတစ္ခုလုပ္၍ အေႂကြးဆပ္ရမည္ျဖစ္သည္။ဝမ္ရန္အယ္အတြက္ အ႐ိုးေက်ေက်
အေရခမ္းခမ္း လုပ္ေပးရမည္မွာ
သူ႕တာဝန္ျဖစ္၏။

သို႔ေပမဲ့ ယင္ဟန္က်န္းဟာသူ၏သစၥာ႐ွိမႈကိုေဖာ္ျပဖို႔အတြက္ ထူးဆန္းေသာနည္းလမ္းကို အသုံးျပဳခဲ့သည္။သရဲမ်က္ႏွာဖုံးဟာ
ယင္ဟန္က်န္းျဖစ္မည္ဟု ဝမ္ရန္အယ္
မထင္ထားခဲ့ေပ။ထို႔ေၾကာင့္
ဇာတ္လိုက္မင္းသမီး ယင္ဟန္က်န္း
အိတ္ထဲမွ သရဲမ်က္ႏွာဖုံးကိုျမင္လိုက္ရခ်ိန္၌ သူတစ္ေယာက္တည္းထိတ္လန္႔သြားတာမဟုတ္ဘဲ ဝမ္ရန္အယ္ပါအံ့ဩသြားခဲ့ရတာ ျဖစ္သည္။

ဝတၳဳ၏တစ္ေနရာတြင္မိန္းကေလးဗီလိန္
တစ္ေယာက္ဟာ ႐ုပ္ေျပာင္းေမွာ္ပစၥည္း
တစ္ခုကိုရ႐ွိ၍ ပိုင္လီခ်င္းေျမာင္အေယာင္ေဆာင္ကာ ဟယ့္ဝမ္းေခ်ာင္ကိုလွည့္စားခဲ့သည္။သို႔ေပမဲ့ ယင္ဟန္က်န္း၏ ဖမ္းဆီးျခင္းကိုခံခဲ့ရၿပီး
ဇာတ္လိုက္အေရာင္အဝါမ႐ွိျခင္းေၾကာင့္ မီးအိမ္ဆီအျဖစ္သန္႔စင္ျခင္းကိုခံခဲ့ရသည္။ ထို႔ေနာက္ ယင္ဟန္က်န္းဟာ သရဲမ်က္ႏွာဖုံးကိုခြၽတ္လိုက္၍ ဝမ္ရန္အယ္၏ဂူဗိမာန္႐ွိရာသို႔ေရာက္လာသည္။ထို႔ေနာက္သူဟာ ထာဝရမၿငိမ္းေသာမီးအိမ္ကိုထြန္းညႇိလိုက္၍ ဂူထဲသို႔ဝင္ေရာက္ကာ ဝမ္ရန္အယ္၏ ေ႐ႊခ်ည္ထိုးထားေသာ အနက္ေရာင္ဝတ္႐ုံကို
တင္းတင္းဆုပ္ကိုင္လိုက္ၿပီး သူ၏
မ်က္လုံးမ်ားအား ေအးခ်မ္းစြာ
မွိတ္လိုက္ေတာ့သည္။

ထိုစာေၾကာင္းဟာ ဝမ္ရန္အယ္အား
တုန္လႈပ္သြားေစ၏။အဘယ့္ေၾကာင့္ဆိုေသာ္
ယင္ဟန္က်န္းဟာ ဝမ္ရန္အယ္၏ဝတ္႐ုံကိုတင္းတင္းဖက္ထားရင္းျဖင့္ ခ်က္ခ်င္းပင္
သူ႕က်င့္ၾကံဆင့္ကို ဖ်က္ဆီးကာ
ကိုယ့္ကိုကိုယ္ သတ္ေသေတာ့မည့္ပုံ
ေပါက္ေနေသာေၾကာင့္ပင္။

သို႔ေပမဲ့ ထိုအခ်ိန္မွာပင္ ယင္ဟန္က်န္း
ဇာတ္လိုက္မင္းသမီးထံ၌ ထားထားသည့္ ေျခရာခံကိရိယာဟာ ေတာက္ပလာ၏။ထို႔ေၾကာင့္ ပိုင္လီခ်င္းေျမာင္ဟာ
အသက္႐ွင္ေနေသး၍ ျပႆနာတစ္ခုကို
ရင္ဆိုင္ေနရေၾကာင္း သူသိလိုက္ရသည္။

ယင္ဟန္က်န္းဟာ သူ၏မ်က္စိေ႐ွ႕၌
ပိုင္လီခ်င္းေျမာင္၏ပုံရိပ္ေယာင္ေပၚလာျခင္းကို ေခါင္းနည္းနည္းေလးေမာ့ကာ
ၾကည့္လိုက္သည္။ထို႔‌ေနာက္
ဝမ္ရန္အယ္၏ဝတ္႐ုံကိုသူ႕ပါးျဖင့္
ပြတ္သပ္လိုက္ၿပီး သပ္သပ္ရပ္ရပ္
ေခါက္လိုက္ကာ ဂူထဲ၌ေသေသခ်ာခ်ာ
တင္ထားလိုက္၏။

ထို႔ေနာက္ သူဟာဂူထဲမွထြက္လာ၍ ထာဝရ
မၿငိမ္းေသာမီးအိမ္၏မီးကို ဝိဉာဥ္စြမ္းအင္ျဖင့္ သူ႕လက္ကိုမကာဘဲ ဒီအတိုင္းၿငႇိမ္းသတ္လိုက္ၿပီး အနားမွေက်ာက္တုံးဆီသို႔
ပစ္ေပါက္လိုက္ေတာ့သည္။မီးအိမ္၏ အစအနမ်ားဟာေျမျပင္ေပၚသို႔
ျပန္႔က်ဲသြားၿပီး ေျမႀကီးေပၚသို႔ ဆီမ်ား
ဖိတ္က်ကုန္၏။

ဟား ဟား ဟား ဟား ဟား

ယင္ဟန္က်န္းဟာ သူ၏အပူေလာင္
သြားသည့္လက္ဖဝါးကိုၾကည့္ရင္း
ေအာ္ရယ္ေတာ့၏။ရယ္ေနရင္းျဖင့္
နာက်င္ေနသည့္မသဲမကြဲအသံမ်ား
ထြက္ေပၚလာျခင္းအားတားဆီးရန္
သူ႕လက္တစ္ဖက္ကိုပါးစပ္ေပၚ တင္ကာ
ပိတ္လိုက္၏။ဤသည္မွာ သူ႕ခံစားခ်က္မ်ားေပၚထြက္မလာေစရန္ အားအင္အကုန္လုံးကာ ထိန္းခ်ဳပ္လိုက္တာျဖစ္၏။

ထို႔ေနာက္သူဟာေခါင္းကိုငုံ႔လိုက္ၿပီး ေကာင္းကင္၌ဗီးနပ္(စ္)ၾကယ္ထြက္လာသည့္အခ်ိန္အထိ မလႈပ္ေပ။မိုးေသာက္ခ်ိန္
မတိုင္ခင္ ညတစ္ည၏အေမွာင္မိုက္ဆုံး
အခ်ိန္ကို ေရာက္သည့္အခါမွ ေခါင္းကို
ျပန္ေမာ့လိုက္ၿပီး သရဲမ်က္ႏွာဖုံးကို
တပ္လိုက္၏။မ်က္ႏွာဖုံးေနာက္ကေန
"ပိုင္ လီ ခ်င္း ေျမာင္" ဟု တစ္လုံးခ်င္းအံႀကိတ္ေခၚလိုက္သည့္ အသံ
ထြက္ေပၚလာ၏။

ထိုတစ္ပိုင္းလုံးဟာ စာဖတ္သူမ်ား၏
ဆံပင္မ်ားကိုေထာင္တက္လာေစသည္။ဇာတ္လမ္း၏ အဓိကဇာတ္ေကာင္မ်ားထဲ တစ္ေယာက္အပါအဝင္ျဖစ္သည့္
ဝမ္ရန္အယ္သည္လည္း ေဖာ္ျပ၍
မရႏိုင္ေသာ ခံစားခ်က္တစ္ခုကို
ခံစားလိုက္ရသည္။

ယင္ဟန္က်န္းသူ႕ေၾကာင့္ေသသြားျခင္းကို
သူလက္ခံႏိုင္သည္။သို႔ေပမဲ့ ယင္ဟန္က်န္းသူ႕ေၾကာင့္႐ူးသြပ္သြားျခင္းကို
နားမလည္ႏိုင္ေပ။

လုံးဝတည္ၿငိမ္ေနရာမွ အလြန္အက်ဴး
႐ူးသြပ္သြားရေအာင္အထိ သူဘယ္ေလာက္ေတာင္မ်ားခံစားခဲ့ရလို႔လဲ။

ယင္ဟန္က်န္း ဝမ္ရန္အယ္၏ဝတ္႐ုံကို
ပါးႏွင့္ပြတ္သပ္လိုက္သည္က ဝတ္႐ုံကိုမဟုတ္ဘဲသူ႕ႏွလုံးသားကိုပြတ္သပ္
လိုက္သကဲ့သို႔ပင္။ဝမ္ရန္အယ္ဟာစာအုပ္
ကေနအၾကည့္ကိုေ႐ႊ႕လိုက္ၿပီးယင္ဟန္က်င္းကိုၾကည့္လိုက္သည္။သူယခုမွ ယင္ဟန္က်င္းကိုပထမဆုံးေသေသခ်ာခ်ာၾကည့္မိသည္ဟုခံစားလိုက္ရသည္။သူယင္ဟန္က်င္းကို
လုပ္ေပးခဲ့တာေတြဟာ ထိုကဲ့သို႔
ျပန္လည္ေပးဆပ္ျခင္းမ်ိဳးႏွင့္မတန္ဟု
ခံစားရသည့္အတြက္ ယင္ဟန္က်င္းကို
ယခုထက္ပို၍ေကာင္းေကာင္းမြန္မြန္
ဆက္ဆံရန္ သူဆုံးျဖတ္ခ်က္ခ်လိုက္သည္။

႐ွဴယန္ယန္ဟာ ယခုအခ်ိန္၌
ဟယ့္ဝမ္းေခ်ာင္၏စြမ္းအင္မ်ားကိုကုန္စင္ေအာင္စုပ္ယူမွာမဟုတ္ဘဲ
သူ႕က်င့္ၾကံဆင့္တိုးတက္‌လာ‌ေအာင္
ကူညီေပးမွာျဖစ္သည့္အတြက္ ဆီးႏွင္းမီးလွ်ံကိုအသုံးျပဳရန္မလိုအပ္ေပ။ထို႔ေၾကာင့္ ဆီးႏွင္းမီးလွ်ံကိုအသုံးျပဳဖို႔အခြင့္အေရး
ယင္ဟန္က်န္းအတြက္ ျဖစ္လာေစရန္
ဝမ္ရန္အယ္ အစြမ္းကုန္လုပ္မွာျဖစ္သည္။

ဝမ္ရန္အယ္ ခြၽမ္းယြမ္ဂိုဏ္းအႀကီးအကဲျဖစ္လာသည္မွာႏွစ္ေပါင္းမ်ားစြာ
ၾကာျမင့္ၿပီျဖစ္ေသာေၾကာင့္ သူစုေဆာင္းထားသည့္ပစၥည္းမ်ား မ်ားစြာ႐ွိသည္။
သူသည္ စု‌ေဆာင္းထားသည့္ပစၥည္းမ်ားသိုေလွာင္ထားသည့္သူ၏အက်ႌလက္ထဲသို႔ေမႊေႏွာက္႐ွာၿပီး ထိုအထဲမွ ပစၥည္းအခ်ိဳ႕၊ေဆးလုံးအခ်ိဳ႕ႏွင့္ပိုင္လီခ်င္း‌ေျမာင္၏
က်င့္ၾကံဆင့္ႏွင့္သင့္‌ေတာ္သည့္
ေမွာ္အသုံးေဆာင္မ်ား၊ေရခဲလြင္ျပင္တြင္ တိုက္ခတ္သည့္ေလေအးမ်ားဒဏ္မွ
ကာကြယ္ေပးမည့္ မီးလွ်ံငွက္ေမႊးဝတ္႐ုံတို႔အားထုတ္လိုက္သည္။ထိုမွသာ
ဇာတ္လိုက္သည္ ေရခဲလြင္ျပင္တြင္
ေအးခဲ၍မေသဘဲအသက္႐ွင္မွာျဖစ္သည္။

"ဒါေတြ ကြၽန္မဒါေတြအကုန္လုံးကို
လက္မခံႏိုင္ဘူး။"ဟုပိုင္လီခ်င္းေျမာင္ဟာ တျဖည္းျဖည္းနီရဲလာသည့္မ်က္ႏွာျဖင့္
သူ႕ေ႐ွ႕တြင္ပုံလာသည့္ပစၥည္းမ်ားကို
ၾကည့္ရင္း လက္ရမ္း၍ျငင္းေတာ့သည္။

ဝမ္ရန္အယ္ဟာ သူေပးေသာပစၥည္းမ်ားကိုသိမ္းထားႏိုင္ရန္ သိုေလွာင္ပစၥည္းျဖစ္သည့္
႐ိုး႐ွင္းေသာဆံထိုးတစ္ခုကိုပါထုတ္၍ ေပးလိုက္ၿပီးပိုင္လီခ်င္းေျမာင္မျငင္းဆန္
ႏိုင္ခင္မွာပဲ ယင္ဟန္က်န္းအားဆြဲကာ
ထြက္သြားေတာ့သည္။

ပိုင္လီခ်င္းေျမာင္ဟာ ဆံထိုးကိုလက္ထဲမွာကိုင္ထားရင္း ဝမ္ရန္အယ္ထြက္သြားသည့္ဘက္မွ ေကာင္းကင္အားေငးၾကည့္
ေနမိသည္။ခဏေလာက္ၾကာ‌မွ ေျခေထာက္ေဆာင့္လိုက္ကာ "ဂိုဏ္းတူအစ္ကို မိန္းကေလး႐ွဴ" ဟုေရ႐ြတ္လိုက္သည္။

ထို႔ေနာက္ ပစၥည္းအကုန္လုံးအား ဆံထိုးထဲထည့္သိမ္းလိုက္ၿပီး ထိုဆံထိုးအားသူ႕ဝတ္႐ုံထဲထည့္လိုက္ကာ ႐ွန္႔ခ်င္းဂိုဏ္း႐ွိရာဘက္သို႔ ျဖည္းျဖည္းခ်င္းပ်ံသန္းသြားေတာ့သည္။

႐ွန္႔ခ်င္းဂိုဏ္းမွ အျပင္သို႔အ‌ေတြ႕အၾကဳံ႐ွာရန္ထြက္သြားသည့္ဂိုဏ္း၏တပည့္တိုင္းတြင္ အေရးေပၚျဖစ္လွ်င္သုံးရန္အတြက္
ေပးထားသည့္ အေဆာင္လက္ဖြဲ႕႐ွိသည္။ထိုေက်ာက္စိမ္းအေဆာင္လက္ဖြဲ႕ကိုခြဲလိုက္လွ်င္ အနီးအနားမွ တပည့္မ်ားေရာက္လာ၍ သူတို႔အားကယ္တင္ေပးမွာျဖစ္သည္။
ပိုင္လီခ်င္းေျမာင္ ထိုနည္းလမ္းကိုသုံး၍အကူအညီေခၚလို႔ရသည္။သို႔ေသာ္လည္း ထိုအေဆာင္ကို သုံးခ်င္တိုင္းသုံးခြင့္မ႐ွိဘဲအသက္အႏၲရာယ္႐ွိသည့္အေျခအေနမွသုံးခြင့္႐ွိသည္။ထိုအေဆာင္ကို သုံးလိုက္၍ ကူညီေပးမည့္ စီနီယာတပည့္မ်ား ေရာက္လာကာအေရးမႀကီးသည့္ကိစၥ
ျဖစ္မွန္းသိသြားၾကလွ်င္ စီနီယာမ်ား၏ အေျပာအဆိုကို ခံရမည္ျဖစ္သည္။ဝိဉာဥ္အေျခတည္ျခင္းအဆင့္သို႔ေရာက္လွ်င္ ကိုယ္ပိုင္အေဆာင္လက္ဖြဲ႕ကိုဖန္တီးႏိုင္မွာ
ျဖစ္ေသာ္လည္း ပိုင္လီခ်င္းေျမာင္သည္
ထိုအဆင့္သို႔မေရာက္ေသးသျဖင့္အကူအညီလိုလွ်င္ ဂိုဏ္းတည္႐ွိရာေတာင္ေပၚသို႔
သြားေခၚရမွာျဖစ္သည္။

ထိုအခ်ိန္တြင္ ႐ွဴယန္ယန္မွာ ေသြးေရာင္လႊမ္းေနသည့္မ်က္ႏွာျဖင့္ ပခုံးတစ္ဖက္ေပၚေန၍ ေကာက္႐ိုးအိပ္ယာေပၚ၌ အိပ္ေပ်ာ္ေနသည္။ဟယ့္ဝမ္းေခ်ာင္ဟာလည္း အိပ္ယာနံေဘးတြင္ရင္ဘတ္ပြင့္ေနသည့္အက်ႌျဖင့္
မတ္တပ္ရပ္ေနရင္း စိတ္လြတ္ေနကာ
ခဏၾကာေတာ့႐ွဴယန္ယန္ကိုေစာင္ျခဳံေပးလိုက္သည္။ထိုအျပဳအမူက ႐ွဴယန္ယန္အားႏိုးသြားေစသည္။

႐ွဴယန္ယန္ မ်က္လုံးကိုဖြင့္လိုက္သည့္အခါ
ဟယ့္ဝမ္းေခ်ာင္ႏွင့္အၾကည့္ခ်င္းဆုံသြားသျဖင့္ မ်က္ႏွာနီရဲလာကာ သူ႕အဝတ္အစားမ်ားကိုဆြဲတင္လိုက္‌ေတာ့သည္။ထို႔ေနာက္ လက္မ်ားကိုတင္းတင္းၾကပ္ၾကပ္ဆုပ္လိုက္ၿပီးႏူးႏူးညံ့ညံ့ျဖင့္"သခင္ေလးဟယ္
ဘာကိုမွမစိုးရိမ္ပါနဲ႔။သခင္ေလး
မိန္းကေလးပိုင္လီအေပၚခံစားခ်က္႐ွိတာကိုကြၽန္မသိပါတယ္။ဒါကမရည္႐ြယ္ဘဲ
ျဖစ္သြားတာပါ။ကြၽန္မဒဏ္ရာကိုသခင္ေလးဟယ္က ကူညီေပး႐ုံသက္သက္ပါပဲ။"
ဟုေျပာလိုက္သည္။

ဟယ့္ဝမ္းေခ်ာင္ဟာ သူဒဏ္ရာကိုကုေပးဖို႔အတြက္ ဟုတ္လား မဟုတ္လား ဆိုတာကိုကြဲကြဲျပားျပားသိ၏။သူဟာ ႐ွဴယန္ယန္ကိုစိုက္ၾကည့္ရင္း သူဘယ္လိုမ်ားဒီလိုကိစၥကို
လုပ္ခဲ့မိရတာလဲဟုျပန္စဥ္းစားေနမိသည္။ ထို႔အျပင္ေစာေစာကခံစားရသည့္ခံစားခ်က္ကိုပါျပန္ေတြးေတာေနမိၿပီး ႐ွဴယန္ယန္ကို
ၾကည့္သည့္သူ႕အၾကည့္ထဲတြင္
ႏူးညံ့မႈအနည္းငယ္ပါဝင္ေန၏။

"ငါ ငါ မင္းကိုအိမ္တစ္အိမ္ဝယ္ေပးမယ္။
ဒီအိမ္က ေနဖို႔အဆင္‌မေျပဘူး။ "
ဟု ဟယ့္ဝမ္းေခ်ာင္ေျပာလိုက္သည္။

႐ွဴယန္ယန္စိတ္ထဲတြင္ ဆဲဆိုေနေပမဲ့
အျပင္မွာေတာ့ ျပဳံးကာေခါင္းခါလိုက္ရင္း "သခင္ေလးဟယ္ ကြၽန္မကိုျပည့္တန္ဆာ
လိုဆက္ဆံေနတာလား။ကြၽန္မသာ ကြၽန္မခႏၶာကိုယ္ကိုေရာင္းခ်င္ရင္ အခုအခ်ိန္ထိေစာင့္ေနပါ့မလား။"ဟုျပန္ေျပာလိုက္သည္။

ဟယ့္ဝမ္းေခ်ာင္ဟာ ခဏၾကာ အူေၾကာင္ေၾကာင္စိုက္ၾကည့္ေနမိသည္။

"ကြၽန္မက နိမ့္က်တဲ့လူျဖစ္လို႔ အျခားလူေတြဘယ္လိုထင္ထင္ကိစၥမ႐ွိဘူး။
သခင္ေလးဟယ္က ျမင့္ျမတ္တဲ့လူျဖစ္လို႔
ေငြေပးၿပီးသာယာမႈ႐ွာသူလို႔အေျပာခံရမွာကို ကြၽန္မလက္မခံႏိုင္ဘူး။" ဟုဟယ့္ဝမ္းေခ်ာင္ကိုဝမ္းနည္းသည့္အၾကည့္ျဖင့္
ၾကည့္ကာ ေျပာလိုက္သည္။

သူပိုက္ဆံလက္မခံႏိုင္တာဟာ သူ၏
ကိုယ္က်င့္သိကၡာအတြက္ေၾကာင့္သာ
မဟုတ္ဘဲ ဟယ့္ဝမ္းေခ်ာင္အတြက္ပါ
စဥ္းစားေပး၍ျဖစ္သည္။ဘယ္လိုေတာင္ တစ္ပါးသူအတြက္စဥ္းစားေပးတတ္တဲ့
သူလဲ။

"ဒါ‌ေပမဲ့ငါက မင္းအေပၚအျပစ္ျပဳမိတာေလ
မိန္းကေလးရဲ႕" ဟုဟယ့္ဝမ္းေခ်ာင္ဟာ
႐ွဴယန္ယန္၏ ဆံပင္ကိုနားေနာက္သို႔
သပ္ေပးရင္းေျပာလိုက္သည္။ဆံပင္သပ္ေပးလိုက္သည့္အခါ မေတာ္တဆနီရဲေနေသာပါးျပင္‌ကိုထိမိသြားသည့္အတြက္ သူ႕ႏွလုံးသားတစ္ခ်က္ခုန္သြားရ၏။

႐ွဴယန္ယန္ဟာျပဳံးရင္း "စာအုပ္ေတြထဲမွာ အသက္ေႂကြးအတြက္ ကိုယ့္ကိုကိုယ္
ေပးရမယ္လို႔ ေျပာၾကတယ္မဟုတ္လား။
သခင္ေလးဟယ္က ျမင့္ျမတ္တဲ့သူရဲေကာင္းတစ္ေယာက္ဆိုေတာ့ အခုကိစၥကို ကြၽန္မ
ဂုဏ္ ေတာင္ယူမိပါတယ္"
ဟုျပန္ေျပာလိုက္သည္။

သူ႕စကားမ်ားဟာ ဟယ့္ဝမ္းေခ်ာင္၏ ေနာင္တမ်ားကိုတျဖည္းျဖည္းေလ်ာ့ပါး
သြားေစၿပီး သူကူညီေပးခဲ့သည့္အခ်ိန္မ်ားကိုျပန္ေတြးမိေစသည္။ထိုမိန္းကေလးမွာ အျခားနည္းျဖင့္အေႂကြးဆပ္ႏိုင္စြမ္းမ႐ွိသည့္ အတြက္ ထိုနည္းလမ္းကိုသုံး၍အေႂကြးဆပ္ျခင္းျဖစ္ေပမည္။ၿပီးေတာ့ ထိုအခ်ိန္တုန္းက မိန္းကေလး၏ေႏြးေထြးၿပီးႏူးညံ့တဲ့ခႏၶာကိုယ္က သူ႕ေပါင္ေပၚမွာ႐ွိေနၿပီး သူ႕ကိုအႂကြင္းမဲ့ယုံၾကည္ေနတာဆိုေတာ့ ဘယ္လို
ေယာက်ာ္းမ်ိဳးမွ ျငင္းဆန္ႏိုင္မွာမဟုတ္ေပ။
ၿပီးလွ်င္ ထိုမိန္းကေလးဟာလည္းျပည့္တန္ဆာအိမ္ကမိန္းမ မဟုတ္ေပ။
သူတို႔ႏွစ္ေယာက္ တစ္ေယာက္ေပၚ
တစ္ေယာက္လည္းခံစားခ်က္႐ွိေနတာ
ဆိုေတာ့အခု ျဖစ္သြားတဲ့ကိစၥဟာ
ေကာင္းတဲ့ကိစၥပဲမဟုတ္လား။

တစ္ခုတည္းေသာျပႆနာက
ပိုင္လီခ်င္းေျမာင္ပဲ။သူ႕ကိုဘယ္လို
႐ွင္းျပရမလဲ။

ဒါေပမဲ့ အခုေလာက္ထိျဖစ္သြားရတာက
ပိုင္လီခ်င္းေျမာင္ျမန္ျမန္ျပန္မလာလို႔‌ပဲေလ။
ပိုင္လီခ်င္းေျမာင္သာျမန္ျမန္ျပန္လာရင္
သူကဘယ္လိုလုပ္ၿပီး ဒဏ္ရာကုဖို႔အတြက္မိန္းကေလးတစ္ေယာက္နဲ႔တူတူေနတာမ်ိဳး
လုပ္ပါ့မလဲ။

ပိုပိုၿပီးေတြးေလေလ ဟယ့္ဝမ္းေခ်ာင္ဟာ
သူဘာအမွားမွမလုပ္မိဘူးဟုထင္ေလေလျဖစ္သည္။သူ သူ၏ဂိုဏ္းတူညီမေလးကိုဘယ္လို႐ွင္းျပရမလဲဆိုတာကိုပဲ
မသိတာျဖစ္သည္။

သူ ပိုင္လီခ်င္းေျမာင္ကိုတကယ္ကိုသေဘာက်ျခင္းျဖစ္၏။သူတို႔ဟာငယ္ငယ္ထဲကသူငယ္ခ်င္းျဖစ္၍ သူဟာပိုင္လီခ်င္းေျမာင္ ပါးေဖာင္းေဖာင္းႏွင့္ခုႏွစ္ႏွစ္ ႐ွစ္ႏွစ္အ႐ြယ္ကေန ယခုကဲ့သို႔လွပသည့္မိန္းမပ်ိဳေလးအ႐ြယ္ ေရာက္လာသည္အထိ
ၾကည့္႐ႈေစာင့္ေ႐ွာက္လာျခင္းျဖစ္သည္။
႐ွဴယန္ယန္ဟာ ထိုနက္႐ိႈင္းသည့္
ခံစားခ်က္မ်ားၾကားသို႔ ၾကားမဝင္ႏိုင္ေပ။

႐ွဴယန္ယန္လည္း သူတို႔ၾကား ၾကားမဝင္ခ်င္ေပ။သူဟာ ဟယ့္ဝမ္းေခ်ာင္ပခုံးေပၚလက္တင္လိုက္ၿပီးနားလည္မႈ႐ွိစြာျဖင့္
"ဘာမွစိတ္မပူပါနဲ႔။ဒီကိစၥဟာ ႐ွင္နဲ႔ကြၽန္မၾကားပဲ႐ွိမွာပါ။ဘယ္သူမွမသိေစရပါဘူး။" ဟုေျပာလိုက္သည္။

ဟုတ္တယ္။ဒီကိစၥကိုဘယ္သူမွမသိရင္ အဆင္ေျပတာပဲေလ။မိန္းကေလး႐ွဴကတကယ္ေတာ္ၿပီး သေဘာေပါက္လြယ္တာပဲ။

ဟယ့္ဝမ္းေခ်ာင္စိတ္ပူေနျခင္းမ်ားဟာ ယခု
႐ွင္းလင္းသြားၿပီျဖစ္သည့္အတြက္ သူဟာ
႐ွဴယန္ယန္ကိုဖက္လိုက္၏။

ထို႔ေနာက္႐ွဴယန္ယန္ဟာအဝတ္အစားမ်ားကို ျပန္ျပင္ဆင္လိုက္ၿပီး ကိစၥအမ်ားႀကီးကိုေက်ာ္ျဖတ္ခဲ့ရသျဖင့္ပင္ပန္းသြားဟန္ျဖင့္အိပ္ေပ်ာ္သြား၏။

ဟယ့္ဝမ္းေခ်ာင္ဟာ အိပ္ေပ်ာ္ေနသည့္
႐ွဴယန္ယန္၏မ်က္ႏွာကိုၾကည့္ရင္း သူ႕ႏွလုံးသားဟာ ႐ွဴယန္ယန္ေၾကာင့္လည္း
ခုန္မိေၾကာင္း လက္ခံလိုက္၏။

႐ွဴယန္ယန္မ်က္ႏွာကိုစိုက္ၾကည့္ေနတာ
ခဏတာၾကာသြားေသာအခါ
ဟယ့္ဝမ္းေခ်ာင္ဟာ သူ႕ခႏၶာကိုယ္၏
ယန္စြမ္းအင္အစစ္အမွန္ကို ဆုံး႐ႈံးသြားၿပီျဖစ္ေၾကာင္းသတိထားမိလိုက္သည္။
သူ႕ဆရာဟာ သူတို႔ကို ဝိဉာဥ္အေျခတည္အဆင့္သို႔မေရာက္ေသးမခ်င္း မည္သူႏွင့္မွ်စုံတြဲက်င့္ၾကံျခင္းမျပဳရန္ႏွင့္ ထိုသို႔မဟုတ္ဘဲေစာေစာက်င့္မိလွ်င္ က်င့္ၾကံဆင့္ကို
ထိခိုက္ေစႏိုင္ေၾကာင္းအၿမဲသတိေပး‌ေလ့
႐ွိသည္။ဟယ့္ဝမ္းေခ်ာင္ဟာ သူ႕က်င့္ၾကံဆင့္ကိုျမန္ျမန္စစ္ေဆးၾကည့္လိုက္သည့္အခါ က်င့္ၾကံဆင့္မွာေလ်ာ့က်မသြားဘဲ ဗဟိုခ်က္ဖြဲ႕စည္းျခင္း အဆင့္၇မွ အဆင့္၉သို႔
တိုးသြားေၾကာင္းသိလိုက္ရေတာ့သည္။

႐ွဴယန္ယန္ဟင္းလင္းျပင္နယ္နိမိတ္အဆင့္ေျခာက္ထိေရာက္လာျခင္းမွာ ဤကဲ့သို႔စုံတြဲက်င့္ၾကံျခင္းလမ္းစဥ္ေၾကာင့္ျဖစ္သည္။ထို႔ေၾကာင့္ဗဟိုခ်က္ဖြဲ႕စည္းျခင္းအဆင့္မွ
ဂ်ဴနီယာ၏က်င့္ၾကံဆင့္တိုးလာေအာင္
လုပ္ရသည္မွာ သူ႕အတြက္ ထမင္းစား ေရေသာက္သကဲ့သို႔လြယ္ကူလြန္းလွသည္။
ဟယ့္ဝမ္းေခ်ာင္ခႏၶာကိုယ္မွ မိုးႀကိဳးစြမ္းအင္ႏွင့္ ထူးျခားသည့္စြမ္းအင္ကိုလည္း
စုပ္ယူထားသည့္အတြက္ သူ႕အတြက္အလြန္အက်ိဳး႐ွိလွသည္။ထို႔‌ေၾကာင့္သူက်င့္ၾကံခ်င္‌ ေနသည့္အတြက္ဟယ့္ဝမ္းေခ်ာင္ အျမန္ထြက္သြားမည့္အခ်ိန္ကိုေစာင့္ေနျခင္းျဖစ္သည္။

ဘာလို႔ သူ႕က်င့္ၾကံဆင့္တိုးသြားရတာလဲ
ဟုဟယ့္ဝမ္းေခ်ာင္းေတြးေနမိသည္။

သူ႐ွဴယန္ယန္ကိုၾကည့္ရင္း ဂိုဏ္းစာၾကည့္တိုက္႐ွိစုံတြဲက်င့္ၾကံျခင္းႏွင့္ပတ္သက္သည့္က႑မွဖတ္ခဲ့ဖူးသည့္
စာအုပ္အေၾကာင္းျပန္သတိရမိသည္။
ထိုအခ်ိန္ကသူဟာ သူ႕ဂိုဏ္းတူညီမေလးကိုခ်စ္မိသည့္အတြက္ စုံတြဲက်င့္ၾကံျခင္းႏွင့္ပတ္သက္သည့္နည္းလမ္းမ်ားကို
သြားေရာက္႐ွာေဖြခဲ့ျခင္းျဖစ္၏။
ထိုစာအုပ္ထဲတြင္လည္း ဝိဉာဥ္အေျခတည္အဆင့္မေရာက္မခ်င္း မည္သူႏွင့္မွ်စုံတြဲက်င့္ၾကံျခင္းမျပဳလုပ္ရန္ေရးထားသည္။သို႔ေသာ္လည္း ႁခြင္းခ်က္ႏွစ္ခု႐ွိသည္။
ထိုသည္မွာယင္အစစ္အမွန္ခႏၶာကိုယ္ႏွင့္
ယန္အစစ္အမွန္ခႏၶာကိုယ္တို႔ျဖစ္သည္။

ယင္အစစ္အမွန္ခႏၶာကိုယ္႐ွိသည့္မိန္းကေလးတစ္ေယာက္ဟာ ေယာက်ာ္းတစ္ေယာက္ႏွင့္စုံတြဲက်င့္ၾကံသည့္အခါ ထိုမိန္းကေလးဟာသာမန္လူျဖစ္လွ်င္ေတာင္မွ အျခား
တစ္ေယာက္အားက်င့္ၾကံဆင့္တိုးေစ႐ုံသာမက အျခားအက်ိဳးေက်းဇူးမ်ားစြာကိုလည္း
ရ႐ွိေစႏိုင္သည္။မိန္းကေလး႐ွဴက
ယင္အစစ္အမွန္ခႏၶာကိုယ္ပိုင္ဆိုင္ေနတာ
မ်ားလား။

ဟယ့္ဝမ္းေခ်ာင္ေတြးေတာေနသည့္အခ်ိန္တြင္ ပိုင္လီခ်င္းေျမာင္မွာ ဂိုဏ္းတူအစ္ကို ေယာင္ကို‌ ေခၚ၍ေရာက္လာၿပီး
"ေနာက္က်သြားတဲ့အတြက္
ေတာင္းပန္ပါတယ္ ဂိုဏ္းတူအစ္ကို "
ဟုအသက္လု႐ွဴရင္းေျပာလိုက္သည္။

ဟယ့္ဝမ္းေခ်ာင္ဟာသူ႕ေခါင္းကို
ပုတ္ေပးလိုက္ၿပီး "ကိစၥမ႐ွိပါဘူး။
ဂိုဏ္းတူညီမေလးရဲ႕ မိန္းကေလး႐ွဴ
အဆင္ေျပသြားၿပီ။သူလိုက္လာတာ အလဟႆ ေတာင္ျဖစ္သြားၿပီ။"
ဟုေျပာလိုက္သည္။

႐ွဴယန္ယန္ေသြးေရာင္‌လႊမ္းေနသည့္
မ်က္ႏွာျဖင့္အိပ္ေပ်ာ္ေနတာကို
ျမင္လိုက္ရသည့္အခါ ေယာင္ဝမ္တန္ဟာသံသယျဖစ္သြားၿပီး "သူဘယ္လိုလုပ္ၿပီး
ျပန္ေကာင္းသြားတာလဲ။"ဟုေမးလိုက္သည္။

ဟယ့္ဝမ္းေခ်ာင္ဟာ ႐ွဴယန္ယန္ကို
အေႏွာင့္အယွက္ျဖစ္‌ေစမည့္စမ္းသပ္ျခင္းမ်ိဳးလုပ္မွာကိုမလိုလားသည့္အတြက္အျပင္မွာေျပာရေအာင္ ဟုေလသံတိုးတိုးႏွင့္
ေျပာလိုက္သည္။

သူတို႔တဲအိမ္ထဲကထြက္လာၾကၿပီးေနာက္
ဟယ့္ဝမ္းေခ်ာင္ဟာ အေျခအေနက
အလ်င္လိုေနၿပီး မိန္းကေလး႐ွဴပါးစပ္ထဲမွ‌ ေသြးမ်ားအန္‌ေန၍ ေသဆုံးကာနီးျဖစ္ေနသည့္အတြက္ က်င့္ၾကံသူမ်ားသုံးသည့္
ေဆးကို သူကူညီ၍တိုက္လိုက္ေၾကာင္း
ေျပာလိုက္သည္။ထို႔‌ေနာက္ သူတိုက္လိုက္သည့္အတြက္ တစ္လုံးေလ်ာ့ေနသည့္ ေဆးပုလင္းကိုပါထုတ္ျပလိုက္သည္။

"သာမန္လူတစ္ေယာက္ကက်င့္ၾကံသူေတြေသာက္တဲ့ေဆးကိုေသာက္လို႔ရလို႔လား။" ေယာင္ဝမ္တန္ဟာ ဟယ့္ဝမ္းေခ်ာင္ျပသည့္ေဆးပုလင္းကိုအနံ႔ခံ၍ "ဒီေဆးေတြက
အေျခခံအုတ္ျမစ္တည္ေဆာက္ျခင္းအဆင့္ေရာက္မွ‌ေသာက္လို႔ရတဲ့ေဆးေတြ။ပုံမွန္လူတစ္ေယာက္ေသာက္ရင္ သူတို႔ေသြးေၾကာေတြစြမ္းအင္ဒဏ္မခံႏိုင္ဘဲ ေပါက္ထြက္ၿပီးေသသြားၾကလိမ့္မယ္။"ဟုေျပာလိုက္သည္။

"သူေဆး‌အာနိသင္ကိုစုပ္ယူႏိုင္ေအာင္
ငါ့စြမ္းအင္ေတြသုံးၿပီး ကူညီခဲ့တာ။" ဟု
ဟယ့္ဝမ္းေခ်ာင္႐ိုး႐ိုး႐ွင္း႐ွင္း
ျပန္ေျဖလိုက္သည္။

"ဒါေပမဲ့ ..." ေယာင္ဝမ္တန္ဟာလူ
တစ္ေယာက္ေဆးအာနိသင္စုပ္ယူႏိုင္ေအာင္
ကူညီေပးႏိုင္မည့္နည္းလမ္းကိုစဥ္းစား
လိုက္သည္။သူဟာငယ္ငယ္ထဲက ေဆးႏွင့္ပတ္သက္သည္မ်ားကိုေလ့လာခဲ့သည့္ အတြက္ ခႏၶာကိုယ္တစ္ခုႏွင့္တစ္ခုထိဖို႔လိုအပ္ေၾကာင္း နားလည္သည္။

ပိုင္လီခ်င္းေျမာင္ဟာအသက္ငယ္႐ြယ္ေသးေသာေၾကာင့္ ထိုအေၾကာင္းမ်ားကိုမသိေသးေပ။ထို႔ေၾကာင့္ "ဒါေပမဲ့ဘာျဖစ္လဲ" ဟူ၍
အျပစ္ကင္းစင္ေသာအမူအယာျဖင့္
ေမးလိုက္သည္။

ဟယ့္ဝမ္းေခ်ာင္ဟာ ေယာင္ဝမ္တန္ကို
စိုက္ၾကည့္လိုက္သည္။ေယာင္ဝမ္တန္ဟာလည္းသူဆိုလိုခ်င္တာကို သေဘာေပါက္သည့္အတြက္ "ဘာမွမဟုတ္ပါဘူး။ငါက
သူေဆးအေၾကာင္းေကာင္းေကာင္းမသိတဲ့အတြက္ ေသခ်ာမကုေပးႏိုင္မွာစိုးရိမ္မိလို႔ပါ။အခုမိန္းကေလး႐ွဴ လုံးဝေပ်ာက္ကင္းသြားၿပီဆိုေတာ့စိတ္ပူစရာမ႐ွိေတာ့ပါဘူး။"
ဟုျပန္‌ေျဖလိုက္သည္။

ထိုစကားကိုၾကားၿပီးသည့္ေနာက္
ပိုင္လီခ်င္းေျမာင္စိတ္သက္သာရာရသြားၿပီး
မိန္းကေလး႐ွဴကိုသြားၾကည့္ခ်င္ေၾကာင္း
ေျပာလိုက္သည္။ဟယ့္ဝမ္းေခ်ာင္ဟာ အႏၲရာယ္႐ွိသည့္အခ်ိန္ကိုေက်ာ္ျဖတ္
ႏိုင္သြားၿပီျဖစ္သည့္အတြက္
လက္မထပ္ရေသးသည့္မိန္းကေလးႏွင့္ေယာက်ာ္းေလးဟာနီးနီးကပ္ကပ္
မေနသင့္သျဖင့္ ပိုင္လီခ်င္းေျမာင္အား တစ္ေယာက္တည္းသြားၾကည့္ရန္
ေျပာလိုက္သည္။

(ဟယ့္ဝမ္းေခ်ာင္ = ေၾကာင္သူေတာ္)

သူအိမ္ထဲဝင္သြားသည့္အခါ ေယာင္ဝမ္တန္
ဟာမ်က္ခုံးပင့္လိုက္ၿပီး ဟယ့္ဝမ္းေခ်ာင္ကိုတံေတာင္ႏွင့္တြက္လိုက္ကာ "မင္းမဟုတ္တာတစ္ခုခုလုပ္လိုက္ေသးလား။"ဟုျပဳံး၍
ေမးလိုက္သည္။

"အေျခအေနကအလ်င္လိုေနလို႔
ငါလုပ္လိုက္ရတာ။အဲ့အခ်ိန္တုန္းက
မ်က္လုံးကိုကာထားတယ္။"ဟု
ဟယ့္ဝမ္းေခ်ာင္ဟာကိုယ္က်င့္သိကၡာ‌ ေစာင့္ထိန္းသည့္လူႀကီးလူေကာင္းပုံစံျဖင့္
ျပန္ေျဖ၏။

ေယာင္ဝမ္တန္ဟာ "အဲ့တာဆိုမင္းဘာလို႔ခုနက ဂိုဏ္းတူညီမေလးကိုမေျပာလိုက္တာလဲ။"ဟု သံသယမေပ်ာက္ေသးသည့္
ေလသံျဖင့္ေမးလိုက္သည္။

ဟယ့္ဝမ္းေခ်ာင္ဟာသက္ျပင္းခ်ရင္းေခါင္းခါလိုက္ကာ "မင္းသူ႕အေၾကာင္း
မသိတာလည္းမဟုတ္ပဲနဲ႔။ဂိုဏ္းတူ
ညီမေလးလု နားမလည္တာေတြကို
လာေမးတုန္းက‌ေတာင္ သူငါ့ကို
စိတ္ဆိုးေသးတယ္။ငါကစီနီယာဆိုေတာ့
ဂ်ဴနီယာေတြနားမလည္တာေတြ
႐ွင္းျပေပးရမဲ့တာဝန္႐ွိတယ္ေလ။
ငါတို႔ဆရာသခင္ အျခားကိစၥေတြနဲ႔
အလုပ္႐ႈပ္ေနရင္ ငါပဲသူ႕အစားတာဝန္
ယူေပးရတာ။ငါမင္းကိုေတာင္ အေျခခံက်င့္ၾကံနည္းေတြသင္ေပးရေသးတယ္‌
မလား။ငါကဘာလို႔ ဂိုဏ္းတူညီမေလးလုကိုကူညီေပးလို႔မရရမွာလဲ။"

"ဟုတ္ေတာ့ဟုတ္တယ္။"

"ပိုင္လီခ်င္းေျမာင္ကအရာရာၿပီးျပည့္စုံတယ္။မနာလိုျဖစ္လြယ္တာတစ္ခုပဲ
ခ်ိဳ႕ယြင္းခ်က္႐ွိတာ။"

"ဟုတ္တယ္။မိန္းကေလး႐ွဴနဲ႔ပတ္သက္ၿပီး
မေျပာတာအေကာင္းဆုံးပဲ။ဒီကိစၥကိုဒီမွာပဲထားလိုက္ရေအာင္။လူတစ္ေယာက္ရဲ႕အသက္က တန္ဖိုးႀကီးတယ္။ငါလုပ္လိုက္တာကဘယ္လိုပဲျဖစ္ျဖစ္ လူ႕အသက္ကယ္လိုက္တာပဲေလ။"

ေယာင္ဝမ္တန္ဟာ ဟယ့္ဝမ္းေခ်ာင္
ေျပာစကားမ်ားကိုလက္ခံသြားသည္။
ပိုင္လီခ်င္းေျမာင္ဟာ႐ွဴယန္ယန္ကို
ၾကည့္႐ႈၿပီးေသာအခါ တဲအိမ္ထဲမွ
ထြက္လာသည္။ထို႔ေနာက္ သူတို႔အတူတူ
႐ွန္႔ခ်င္းဂိုဏ္းသို႔ျပန္ၾကသည္။

သူတို႔ထြက္သြားၿပီးေသာအခါ ႐ွဴယန္ယန္ဟာ
ထလိုက္ၿပီး သူ႕အေရျပားမ်ားကိုပြတ္လိုက္သည္။ထို႔ေနာက္ ေကာက္႐ိုးအိပ္ယာကို
ကန္လိုက္ၿပီး "ဘယ္လိုလုပ္ၿပီး
လူေတြေကာက္႐ိုးအိပ္ယာေပၚအိပ္ႏိုင္
ရတာလဲ။ဒီေလာက္ယားတဲ့ဟာကို "
ဟုေျပာလိုက္၏။

"မင္းခုနကဘာလို႔ မင္းနဲ႔ဟယ့္ဝမ္းေခ်ာင္အေၾကာင္း ပိုင္လီခ်င္းေျမာင္ကိုမေျပာလိုက္ရတာလဲ။"ဟုေျပာသံကိုသူ
႐ုတ္တရက္ၾကားလိုက္ရသည္။

႐ွဴယန္ယန္ေမာ့ၾကည့္လိုက္ေသာအခါ
အ႐ွင္ႏွင့္ကာကြယ္သူယင္ကို
ေတြ႕လိုက္ရသည္။သူရယ္လိုက္ၿပီး
"အ႐ွင္က အသည္းမာတဲ့လူေလ။
အ႐ွင္မိန္းမေတြအေၾကာင္းမသိပါဘူး။
ၿပီးေတာ့ ယဥ္ေက်းတဲ့မ်က္ႏွာဖုံးနဲ႔ေယာက်ာ္းေတြအေၾကာင္းလည္း အ႐ွင္မသိဘူး။
အဲ့ေယာက်ာ္းေတြက အိပ္ယာထဲမွာဆို
အခ်ိဳသာဆုံးစကားေတြကိုေဖာေဖာသီသီေျပာဆိုၾကၿပီး အက်ႌျပန္ဝတ္လိုက္တဲ့အခ်ိန္လည္းေရာက္ေကာ သူတို႔မင္းကိုတစ္ခါမွ
မျမင္ဘူး မေတြ႕ဘူးသလိုဆက္ဆံၾကမွာ။
တကယ္လို႔ကြၽန္မသာေျပာလိုက္ရင္ ေနာက္ေန႔က်ရင္ ဟယ့္ဝမ္းေခ်ာင္က
ကြၽန္မသူ႕ကိုဆြဲေဆာင္လို႔ျဖစ္ရတာပါ
ဆိုၿပီး အရာအားလုံးကိုကြၽန္မအ‌ေပၚ
အျပစ္တင္လိမ့္မယ္။"

ဝမ္ရန္အယ္စဥ္းစားလိုက္သည္။စာအုပ္ထဲ၌ တကယ့္ကို ထိုသို႔ျဖစ္ခဲ့တာ။
ဟယ့္ဝမ္းေခ်ာင္ဟာ ႐ွဴယန္ယန္သူ႕ကို
ျပန္ေပးဆြဲၿပီး သူကလည္း နတ္ဆိုးဂိုဏ္းရဲ႕ လက္ယာေစာင့္ေ႐ွာက္သူကိုဘယ္လိုမွ
ျပန္မတိုက္ခိုက္ႏိုင္ျခင္းေၾကာင့္
ျဖစ္ေၾကာင္း ႐ွင္းျပခဲ့၏။

"အဲ့တာဆိုသူ႕ကိုဘယ္အခ်ိန္မွေျပာမွာလဲ။"

"သူ ပိုင္လီခ်င္းေျမာင္ကိုအျမန္ဆုံး
ဟယ့္ဝမ္းေခ်ာင္ရဲ႕မ်က္ႏွာအစစ္အမွန္ကို
ျမင္ေစခ်င္တယ္။အဲ့တာမွ သူအရာအားလုံးတူညီျခင္းလမ္းစဥ္ကိုက်င့္ၾကံၿပီး တကယ့္စြမ္းအင္အစစ္အမွန္ေတြနဲ႔ျပန္ေပါင္းစည္းကာနတ္ဘုရားအျဖစ္သို႔အဆင့္တက္လွမ္း
သြားမွာျဖစ္တယ္။အဲ့လိုဆိုရင္သူ႕အေပၚ
တင္ေနတဲ့အေႂကြးလည္းေက်သြားမွာပင္။"

"ခဏေလာက္ေစာင့္႐ုံပဲ။ဟယ့္ဝမ္းေခ်ာင္ထြက္သြားၿပီး ရက္နည္းနည္းၾကာရင္
ျပန္ေရာက္လာမွာ။တစ္ႀကိမ္အရသာ
ခံၿပီးေတာ့ဘယ္ေယာက်္ားကမ်ား
ေနာက္တစ္ႀကိမ္ထပ္အရသာမခံခ်င္ဘဲ
ေနမွာလဲ။ၿပီးေတာ့ ကြၽန္မကသူ႕က်င့္ၾကံဆင့္တိုးလာေအာင္လည္းကူညီေပးႏိုင္ေသးတယ္။အခ်ိန္ၾကာသြားၿပီး ခဏခဏေတြ႕
ျဖစ္ရင္ သူ႕ေခါင္းထဲကကြၽန္မကို
ထုတ္ႏိုင္ေတာ့မွာေတာင္မဟုတ္ဘူး။ပထမအႀကိမ္ဆိုမွားမိတာလို႔ေျပာလို႔ရတယ္။ဒါေပမဲ့ ဒုတိယအႀကိမ္၊ တတိယအႀကိမ္
႐ွိလာရင္ေကာ သူအနာဂတ္မွာ
အေၾကာင္းျပခ်က္အမ်ားႀကီးေပးရင္ေတာင္ ဒီကိစၥေတြကို႐ွင္းႏိုင္မွာမဟုတ္ေတာ့ဘူး။"

"အ႐ွင္ ကြၽန္မကိုဟယ့္ဝမ္းေခ်ာင္ကို
ပိုင္ေအာင္ ကစားပြဲအ႐ွည္ႀကီးကစားခိုင္းထားတာကဂိုဏ္းေပါင္းစုံစစ္ပြဲမွာအသာရဖို႔
မဟုတ္ဘူးလား။"

"ဟုတ္တယ္။ဒါေပမဲ့ပိုင္လီခ်င္းေျမာင္သူ႕ရဲ႕ဂိုဏ္းကျမန္ျမန္ထြက္ၿပီး အရာအားလုံးတူညီျခင္းလမ္းစဥ္ကိုက်င့္ၾကံရင္အေကာင္းဆုံးပဲ။"

"ဟမ္ ႐ွဴယန္ယန္နားမလည္ေပ။
အ႐ွင္ကဘာကိုဆိုလိုခ်င္တာလဲ။သူက
ပိုင္လီခ်င္းေျမာင္ကိုစိတ္ဝင္စားေနလို႔
ဂိုဏ္းကိုျမန္ျမန္သစၥာေဖာက္ၿပီး နတ္ဆိုးလမ္းစဥ္ကိုက်င့္ေစခ်င္တယ္။ေနာက္က်ရင္ နည္းလမ္း႐ွာၿပီး ပိုင္လီခ်င္းေျမာင္ကို
သူ႕အပိုင္ျဖစ္ေအာင္လုပ္မယ္။အဲ့လိုမဟုတ္ဘူးလား။ဘာလို႔ အရာအားလုံးတူညီျခင္းလမ္းစဥ္အေၾကာင္းေျပာေနရတာလဲ။"

"မင္းလုပ္ရမဲ့ဟာကိုသာလုပ္။"

"ေတာင္ကထြက္လာတဲ့အခ်ိန္တိုင္း သူတို႔ကတူတူထြက္ေနက်ဆိုေတာ့ အခြင့္အေရး
႐ွာဖို႔ခက္တယ္။အဲ့တာ‌ေၾကာင့္ကြၽန္မ
ဟယ့္ဝမ္းေခ်ာင္အခြင့္အေရးပိုရဖို႔
ပိုင္လီခ်င္းေျမာင္ကိုအာ႐ုံလႊဲေပးမဲ့
ငယ္သားေတြလိုတယ္။"

"မလိုဘူး။ငါပိုင္လီခ်င္းေျမာင္ကိုဒီရက္ပိုင္း
မအားေအာင္လုပ္ေပးမယ္။"

"အ႐ွင္ အ႐ွင္ ကိုယ္တိုင္ ထပ္ၿပီးေတာ့လား။"
ဟုေတာင့္ေနေသာမ်က္ႏွာအမူအယာျဖင့္
႐ွဴယန္ယန္ေမးလိုက္သည္။

ဝမ္ရန္အယ္ဟာ မ်က္ခုံးပင့္လိုက္ကာ
"ျပႆနာ႐ွိလို႔လား။" ဟုျပန္ေမးလိုက္သည္။

"မ႐ွိပါဘူး မ႐ွိပါဘူး အ႐ွင္" ဟူ၍
႐ွဴယန္ယန္အားနည္းစြာရယ္ရင္း
ျပန္ေျဖလိုက္သည္။

ယင္ဟန္က်န္းဟာ သူဝမ္ရန္အယ္ကို
မယုံတာကိုေတြ႕လိုက္ရေသာအခါ
မေပ်ာ္မ႐ႊင္ျဖင့္"အ႐ွင္က ပိုင္လီခ်င္းေျမာင္ကိုဆီးႏွင္းမီးလွ်ံသြားယူခိုင္းထားတယ္။
ငါတို႔ကရတနာတစ္ခုကိုရမွာျဖစ္သလို
မင္းလည္း ဟယ့္ဝမ္းေခ်ာင္ကိုစိတ္ႀကိဳက္
ျဖားေယာင္းလို႔ရတယ္။ေက်ာက္တုံးတစ္တုံးနဲ႔ငွက္ႏွစ္ေကာင္ပစ္လိုက္သလိုပဲ။"
ဟုေျပာလိုက္သည္။

"အဲ့လိုလား။" ႐ွဴယန္ယန္၏အ႐ွင့္အေပၚ
ထားေသာေလးစားမႈမ်ားပိုတိုးလာသျဖင့္
ဒူးတစ္ဖက္ေထာက္လိုက္ရင္း
"အ႐ွင့္ရဲ႕အၾကံကအရမ္းေကာင္းတဲ့
အၾကံပါပဲ။"ဟုေျပာလိုက္သည္။

ဝမ္ရန္အယ္ဟာ "အင္း" ဟုအမူအယာ
ကင္းမဲ့စြာေခါင္းညိတ္လိုက္သည္။

Continue Reading

You'll Also Like

86.9K 4.6K 17
he was standing beside his husband, in the altar. Trying best to contain his tears as guest were congratulating him and his now husband, about their...
1.3M 91.3K 23
#Book-2 in Lost Royalty series (But can be read standalone ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spr...
14K 627 17
∆You don't seem the lying kind∆ TW gang violence ---- STORYLINE WONT COMPLETELY FOLLOW THE STORYLONE OF TOKYO REVENGRRS. ALSO THIS IS VERY INSPIRED...
9.9K 1K 15
#Gyuvin #Yujin #Gyujin