A letter to A boy who is not...

By ThomasFionaMo

63.9K 4.2K 230

စာတစ်စောင်ရောက်တယ်တဲ့။ ယောကျ်ားလေးတွေချည်းနေတဲ့အိမ်ကို ကောင်လေးမဟုတ်တဲ့ ကောင်လေးဆိုတဲ့နာမည်နဲ့။ " ...... " စာ... More

part 1(unicode)
Part 2(Unicode )
Part 3(unicode) 18+
Part 4(Unicode )
Part 5(Unicode )
part 6(Unicode )
Part 7(Unicode)
Part 8(Unicode)
Part 9(unicode)
Part 10(Unicode )
Part 11(Unicode )
Part 12(Unicode )
part 13(Unicode )
Part 14(Unicode )
Part -15(Unicode )
A letter to A boy who is not a boy
Part 16(Unicode )
Part 17(Unicode )
Part 18(unicode)
Part 19(unicode )
Part 20(Unicode )
Final (unicode )
Extra(Unicode )
part 1(zawgyi)
part 2(zawgyi)
Part3(zawgyi)18+
Part 4 (zawgyi)
Part 5(Zawgyi)
Part 6(zawgyi)
Part 7(Zawgyi)
part 8(zawgyi)
part 9(zawgyi)
part 10(zawgyi)
Part 11(Zawgyi )
Part 12(zawgyicode )
part 13(Zawgyi )
Part 14(Zawgyi )
Part 15(Zawgyi )
Part16(Zawgyi )
Part -17(Zawgyi )
Part 18(Zawgyi )
Part19(Zawgyi )
Part20(Zawgyi )
Final(Zawgyi )

Extra (zawgyi )

619 15 0
By ThomasFionaMo

Zawgyi


ညှို့နိုင်လွန်းတဲ့ ကျွန်မချစ်သူ ဆိုတဲ့ သီချင်းသံက အိမ်ကြီးထဲ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဘေးကိုစောင်းအိပ်ရင်း လင်းလတ် နားငြီးလာတာကြောင့် ခေါင်းအုံးကိုနမှာပိတ်ထားလိုက်တာတောင် အသံတွေက ကြားနေရသေး၏။

"တောက်"

မျက်စိဖွင့်ကြည့်တော့ ဘေးမှာ ချစ်ရသူ အာကာမင်းထက်က အိပ်မောကျနေသည်။

ညက သူတော်တော်ကြမ်းခဲ့မိတာကို သတိရကာပြုံးဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ယောက်စလုံး အိပ်တာနောက်ကျခဲ့သည်မဟုတ်ပါလား။
ဖုန်းကိုစမ်းရင်း နာရီကိုကြည့်တော့ ကိုးနာရီခွဲပင်ရှိသေး၏။

ဒီလောက်မနက်အစောကြီးမှာ သီချင်းကို ဆိုးဆိုးဝါးဝါးဖွင့်ကာ လိုက်ဆိုနေသည့်အသံတွေကို နားကြားပြင်းကတ်လာသည်။

*သာယာချိုမြိန်သော×× အနမ်းနဲ့ ညှို့တဲ့သူ
သူဟာလေ ကျွန်တော့်ရဲ့ကြင်နာသူ.....

ထာဝစဉ်တည်ငြိမ်သော အချစ်နဲ့ညှို့တက်သူ
ကျွန်မရဲ့ ကြင်နာသူ
သူ့အကြည့် ဘဝင်မှာဆူ
ရင်ခွင်လွှာကိုပူ...."

"အား..."

စိတ်ထဲမှာ အကျယ်ကြီးအော်ချပစ်လိုက်သည်။

အိပ်ယာမှထကာ အခန်းထဲက ထွက်ပြီး အောက်ထပ်က ဆူလောင်နေသည့်အသံတွေဆီ လင်းလတ်ပြေးဆင်းခဲ့တော့သည်။

အခုဆို ဒီအိမ်ကြီးရဲ့အပေါ်ထပ်ကို လင်းလတ်နှင့် အာကာတို့ နေကြပြီး
အောက်ထက်ကိုတော့ စူးရှနှင့်ယုယတို့နေကြတာ တစ်နှစ်ပင်ကျော်ခဲ့ပြီ။

ဒီအတောအတွင်း လင်းလတ်နှင့် ယုယကတော့ အရင်တုန်းကလိုပဲ မျက်နှာချင်းဆိုင်လို့မရ။
အမြဲတမ်း ကတောက်ကဆတ်ဖြစ်ကြသည်။
စူးရှနှင့် အာကာရှိမှသာ သူတို့မျက်နှာတွေကြောင့် ငြိမ်ရသည်။

အဖေနှစ်ယောက်ကတော့ ဘန်ကောက်ကို ပြန်သွားကြပြီဖြစ်ပြီး
တစ်နှစ်တစ်ခါ သူတို့လေးယောက်စလုံး ဘန်ကောက်ကို အလည်လာရန် ကတိပေးလိုက်ကြသည်။

လင်းလတ်အောက်ထပ်ရောက်တော့ သီချင်းသံက ပိုကျယ်လာ၏။

ဖွင့်ထားသော စက်ဆီသွားပြီး
သီချင်းကိုပိတ်ချလိုက်စဉ်

*သာယာချိုမြိန်သော...."

သီချင်းကိုလိုက်ဆိုနေဆဲ ပြိုင်တူအသံနှစ်ခု ရပ်သွားသည်။

ပြီးတော့ မီးဖိုချောင်ဘက်ဆီမှ ထွက်လာသော လူရိပ်ကလေးနှစ်ခု။

စူးရှနှင့်ယုယငယ်ပေါ့။

အေပရွန်လေးတွေ ကိုယ်စီဝတ်ပြီး
စူးရှက ဟင်းမွှေသည့်ယောင်းမကြီးကိုင်ထားလက်စနှင့် ယုယငယ်ကတော့ ဓါးမကြီးကိုင်လျက်သားကြောင့် လင်းလတ် လန့်သွားသည်။

သူ့ ပုံစံက
ရန်သူဟူသမျှ လာလေစွ၊
ငါမူသည်ကား ရင်ဆိုင်သွား၍ မကြောက်ပါအံ့
ဟု စိန်ခေါ်နေသော လူကြမ်းကြီးနှင့်ပင်တူနေသယောင်။

"ဘာလို့သီချင်းကို ပိတ်လိုက်တာလဲ"

ယုယက ဘောက်ဆက်ဆက်မေးမှ လင်းလတ်သတိရသွားသည်။

"ဘာလို့ပိတ်ရမှာလဲ မင်းတို့ဖွင့်ထားတာက ခွန်နှစ်အိမ်ကြား ရှစ်အိမ်ကြား။
မနက်စောစောစီးစီး ဒါလူအိပ်ချိန်ကွ နားလည်ရဲ့လား။
မင်္ဂလာကိုမရှိဘူး"

သူ့စကားကြောင့် ယုယငယ်က ရှူးရှူးရှဲရှဲဖြစ်သွားသည်။

"ဘာကို စောရမှာလဲ နောက် နာရီနည်းနည်းဆို နေ့လည်ရောက်ပြီ ရှင်တို့သာ အလုပ်မရှိအကိုင်မရှိ"

"ဟ အလုပ်မရှိလို့ အိပ်တာပေါ့ကွ။
ပြီးတော့ မနေ့က ခရီးပန်းလာတာနဲ့ အိပ်ရေးကလည်းပျက်သေးတယ်။
မင်းသာ လူစိတ်ရှိရင် အဲ့လောက်အသံကျယ်ကျယ်ဖွင့်စရာမလိုမှန်းသိတယ်"

မနေ့က သူတို့ ဘန်ကောက်က ပြန်လာကြတာဖြစ်သည်။
ဒါပေမဲ့ ခဏလေးပဲ လေယာဉ်စီးရတာကို ခရီးပန်းလည်း ခဏတဖြုတ်ပေါ့။

ယုယငယ်က ပြူးပြူးပြဲပြဲဖြစ်သွားသည်။

"အိုး ခရီးက ဘာလို့ပန်းရမှာလဲ။
နင်ငါ့အကိုကို ညတုန်းက မရပ်မနား...."

"ဟာ မင်း ပေါက်တတ်ကရလျှောက်ပြောနေတယ် မိန်းမမဟုတ်ဘူးလား။
တစ်ခါထဲ ဘုရားတရားလေး မရှိဘူး"

"ကျွန်မတို့က ဘုရားတရားရှိတယ်။
ညကတောင် ဝတ်ပြုကြရင်းရှင်တို့အခန်းထဲက လက်ခုတ်သံတွေကြားနေတာကြောင့်
ဥပုသ်ကျိုးတယ်သိရဲ့လား"

"အမယ် ငါတို့ကြောင့်များ ဥပုသ်ကျိုးတယ်တဲ့ ကျိုးရင်းကျိုး မင်းကြောင့်သာ ငါ့ရဲ့ မိနစ်ပဲခြားတဲ့ညီတော် ရဲ့ ဖြူစင်တဲ့သီလတွေကျိုးမှာ.."

လင်းလတ်နဲ့ ယုယငယ်တို့ စကားအချေအတင်တွေကြောင့်
စူးရှ မျက်နှာကလေး ရဲသွားကာ ဟင်းချက်လက်စကြီးလို့ပြောပြီး
မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။

"တွေ့လား ရှင့်ကြောင့် ရှက်သွားပြီ။ မနက်စောစော ချစ်သူနှစ်ယောက်ကြည်နူးနေတာတွေ ဘယ်ရောက်ကုန်မှန်းမသိဘူး။
အာရုံပဲ "

ထိုစဉ် အပေါ်မှ ဆင်းလာသော အာကာမင်းထက်ကြောင့် ယုယက ပြေးကာ ဆီးကြိုတိုင်သည်။

"ကိုကို သူ့ကိုဆုံးမထားစမ်းပါ။ စောစောစီးစီး ညီမလေးတို့ ကြည်နူးနေတာလေးကို ဖျက်လိုဖျက်ဆီး နဲ့"

"ဟာ.."

"တော်ပါတော့ ညီရယ် နေလည်းမြင့်နေပြီကို"

တစ်ခွန်းထဲပြောလိုက်ပေမယ့် လင်းလတ်က ငြိမ်ကျသွားသော်လည်း ပြောချင်နေသောစကားတွေက ကျန်နေသေးမယ့်ပုံ။
ယုယကတော့ ဂရုကိုမစိုက်ပေါင်။

လင်းလတ်ကိုမျက်စောင်းတစ်ချက်ထိုးရင်း အသားခုတ်ထစ်ရသော
ဓားမကြီးကို ပုခုံးပေါ်တင်လိုက်တာကြောင့် အာကာမင်းထက်က လန့်၍သွားသည်။

"ဟင်း! အန္တရာယ်များလိုက်တာ ညီမလေးရယ် ဓားကြီးသွားချထားစမ်းပါ"

"သွားတော့မှာပါ။
ကိုကို ခဏနေ နေ့လည်စာကို အတူစားကြမယ်နော်။
ညီမလေးနဲ့ စူးရှ အတူတူ ချက်ထားတယ်။ တော်ကြာနေရင်ရတော့မယ်"

လင်းလတ်ကို ပေစောင်းစောင်း ကြည့်ရင်း ယုယက ဆက်ပြောသည်။

"ပိုချက်ထားတာမလို့ လွှင့်ပစ်ရမယ့်အတူတူ လူအပိုခေါ်ခဲ့လည်းရတယ်ကိုကို"

ယုယစကားကြောင့် အာကာမင်းထက်က ရယ်နေသော်လည်း လင်းလတ်က ဒေါသထွက်သွားရသည်။
မီးဖိုချောင်ထဲရောက်တော့ အေးဆေးမနေ ယုယဆီမှ သီချင်းသံကို ကြားလိုက်ရသေးသည်။

*မောင်နဲ့ကျွန်မ သိပ်ချစ်လို့နေတာ မောင့်ရဲ့မိဘများနဲ့ အသိုင်းအဝိုင်း များက သဘောမတူနိုင်ပါဘူး
ကျွန်မရဲ့မာန လေးများလည်း ပြိုလို့သွား...,*

"တောက်"

တောက်ခေါက်၍သာ အဆုံးသတ်လိုက်ရသည်။

လင်းလတ်နဲ့ ယုယငယ်က တို့ ကြောင်နဲ့ကြွက် လို တကျက်ကျက်ဖြစ်နေတာကတော့ ဘယ်လိုမှ အဆုံးသတ်တော့မည်မထင်။

သူတို့စုံတွဲနှစ်ခုကြားမှာ ရှိသော အခက်အခဲတွေ ပြဿနာတွေကတော့ အဆုံးသတ်ခဲ့ပါပြီ။
ရှေ့ဆက်ပြီး ချင်ခြင်းမှာသာ သူတို့ အပြည့်အဝပျော်ဝင်ခံစားနိုင်ကြတော့ပြီလေ။

*****

"မောင်.."

စူးရှက ပြန်မထူးပဲ ပုခုံးပေါ်မှီနေသော ယုယဆီခေါင်းငဲ့ကြည့်သည်။

"အဲ့တုန်းက ဘာလို့ အဲ့လိုလုပ်သွားရတာလဲဟင်"

"အမိကရော ဘာလို့ ထွက်ပြေးသွားရတာလဲ"

"မောင့်ကို မနာကျင်စေချင်လို့ပေါ့။ ယုယကြောင့် မောင့်ကို မတွေဝေစေချင်ဘူးလေ"

ခြံထဲက အပွင့်တွေ မရှိသော်လည်း အရွက်တွေဝေနေသေးသော ပိတောက်ပင်ကြီးအောက် အတူထိုင်နေကြသည်။
ဟိုတုန်းက ပိတောက်ပင်ပေါ်တက်ပြီး ပန်းခိုးခူးနေသူ ယုယအကြောင်းကိုပြန်မြင်ယောင်ရင်း စူးရှက
ချစ်စဖွယ်ပြုံး၏။

"အမအွန်မ် ကို သနားတယ်။
ပြီးတော့ အမိကိုရော အကြာကြီး အသက်ဆက်ရှင်စေချင်တယ်"

"မောင့်ခံစားချက်တွေကို ဖုံးကွယ်ပြီးတော့ပေါ့။
အဲ့လိုလုပ်တော့ အားလုံးပျော်မယ်ထင်တယ်ပေါ့"

နှစ်ယောက်စလုံး ငြိမ်နေကြပြန်သည်။
အသက်ရှူသံတွေကလွဲ၍ ဘာသံမှမကြားရ။

"ကဲပါ အတိတ်ကအကြောင်းတွေမေ့ပစ်လိုက်တော့။
အခုအကြောင်းကိုပဲ စဉ်းစားကြမယ်။
အမှတ်တရတွေ ဖန်တီးကြမယ် အတိတ်မှာဖြစ်ခဲ့သမျှ ကောင်းတာရောဆိုးတာရော ပြန်မပြောကြေး ဟုတ်ပြီလား"

စူးရှစကားဆုံးတော့ ယုယက ခေါင်းကို ငြိမ့်လိုက်သည်။
အပြုံးချင်းဖလှယ်၍ အကြည်စိုက်နေစဉ် ယုယဖုန်းဆီမှ မြည်သံကြောင့် စူးရှ မျက်မှောင်ကြုတ်မိသွားသည်။

တစ်ဆက်ထဲမှာပဲ
ယုယဆီမှဖုန်းလာတိုင်း သတိရမိတက်တဲ့ ကိစ္စကြီးက အရင်တုန်းက ယုယအသက်ကြီးကြီးအဖိုးကြီးတွေနှင့်ဖြစ်ခဲ့တာတွေကိုပင်။

"ပိုက်ဆံမရှိရင်မနေတက်ဘူး"

ဟု ပြောသောစကားကိုပြန်ကြားယောင်တိုင်း အတွေးလွန်ကာ စူးရှက ယုယကို ထိုသို့ ပြန်လုပ်မည်စိုး၍ပိုက်ဆံ မပြတ်စေရန် အမြဲ တစ်သောင်းတန် အထပ်လိုက်အထပ်လိုက် သတိရတိုင်းပေးထားမိသည်။

အခုရော ဘယ်သူကဆက်တာလဲ။
ဘာလို့ဆက်တာလဲ။
ဘာကိစ္စလဲ။

"ဟလို အဲ ဖြိုးဝေ"

ယုယဖုန်းဖြေသံကြောင့် စူးရှ မျက်မှောင်ကုတ်သွားရပြန်သည်။
လာပြန်ပြီ နောက်တစ်ခု။

အဲ့တစ်ယောက်ကရောဘာလဲ။

"ဟုတ်လား လာရမှာပေါ့ သူစိမ်းတွေမှမဟုတ်ခဲ့တာ"

ဘာစကားလဲ။
သူစိမ်းတွေမှမဟုတ်ခဲ့တာဆိုတာ ဘာအဓိပ္ပာယ်လဲ။

ယုယက ဖုန်းချပြီးတော့ မှုန်ကုပ်ကုပ်ဖြစ်နေသော စူးရှကို ကြည့်ကာ ပြုံးစိစိမေးသည်။

"ဘာဖြစ်နေတာလဲ"

"ဘယ်သူလဲ"

"ဖြိုးဝေရယ်လေ "

"ဘာကိစ္စမို့လို့ ခေါ်နေတာလဲ"

ယုယဘက်ဆီ တစ်ချက်မှ မကြည့်ပဲ စစ်နေသော စူးရှကိုကြည့်ပြီး ယုယ အသည်းယားစွာရယ်မိတော့ စူးရှက မကျေမနပ်လှည့်ကြည့်လာသည်။

"ရယ်ရတယ်ဟုတ်လား"

"ဖြိုးဝေက လက်ထပ်တော့မှာလေ စူးရှရဲ့။
အဲ့တာကြောင့် သူ့လက်ထပ်ပွဲပို တို့ကို မဖြစ်မနေလာရကိုလာရမယ်လို့ ဖိတ်နေတာ"

လက်ထပ်တော့မှာဆိုတဲ့စကားကြောင့် စူးရှ မျက်ဝန်းတွေလဲ့သွားပေမယ့် မဖြစ်မနေလာရမယ်ဟူသည့်စကားကိုတော့ မကျေမနပ်ဖြစ်မိသည်။

"မဖြစ်မနေလာကိုလာရမယ်ပြောရအောင် သူ့သတို့သမီးက အမိမို့လို့လား"

စိတ်ထဲရှိတဲ့အတိုင်း
ပြောပစ်လိုက်တော့ ယုယငယ်က သဘောကျစွာရယ်ပြန်သည်။

"သဝန်တိုနေတာလား"

"ဟွန်း!"

မပြောမဆိုနဲ့ ယုယက စူးရှနမ်းခမ်းကို နမ်းပစ်လိုက်သည်။

လာမလုပ်နေနဲ့ အဲ့လောက်နဲ့ စိတ်ပြေမယ်ထင်လား။

သူစိမ်းတွေမဟုတ်ခဲ့ဘူးတဲ့လား။
အပြောတွေကိုက ။

စူးရှက မျက်နှာကို တည်ထားဆဲ ။

ယုယက စူးရှမျက်နှာအနားကိုကပ်ကာ တိုးတိုးပြောလိုက်တော့ စူးရှတစ်ကိုယ်လုံး ပူထူသွားကာ နားရွက်ဖျားတွေ နီလာသည်။
မျက်လုံးကလေးပြူးလို့ ယုယကို မကြည့်ရဲ။

"အိမ်ထဲသွားကြမလား"

ညနေနေဝင်ပြီးချိန်ဖြစ်တာကြောင့် လေက အနည်းငယ်အေးနေသည်။

လေပြေသည် သူတို့နှစ်ယောက်ကြား တိုးတိုးတိတ်တိတ် ကျီစယ်နေပြန်သည်။

"သွားရင်လည်းအမြန်သွားကြ ကြည့်ရမြင်ရတဲ့လူတွေက
မျက်နှာဘယ်ထားရမှန်းမသိဘူး"

ခပ်လှန်းလှန်းမှ လှန်းအော်သည့် လင်းလတ်စကားကြောင့် ယုယရောစူးရှပါ လှည့်ကြည့်လိုက်သည်။
လင်းလတ်က လက်တစ်ဖက်မှာ ဂစ်တာကိုကိုင် လက်တစ်ဖက်မှာ အားလုံးရဲ့အကြီးဆုံးဖြစ်သူ အာကာမင်းထက်လက်ကိုဆွဲလို့။

"မသွားချင်တော့ဘူး"

ယုယငယ်ကသူးရှဘေးမှပြန်ဝင်ထိုင်လိုက်သည်။

"ဟာ..မင်းဘယ်လိုမိန်းမလဲ"

ယုယငယ်က စူးရှလက်ကိုမကာ လက်ဖမိုးကို ငုံ့နမ်းပစ်လိုက်သည်။
ပေါ်တင်ကြီးလုပ်ချလိုက်တာကြောင့် လင်းလတ်နှင့် ကျန်တဲ့လူတွေ ကြောင်ကုန်ကြသည်။

"မောင်သိပ်ချစ်တဲ့မိန်းမလေ"

"ညီရယ် လာ ကိုကိုတို့အတူတူ ပျော်ပျော်ပါးပါးသီချင်းဆိုလို့ရတာပဲ။
စကားမများကြပါနဲ့"

ချစ်သူလေးနဲ့အတူ ညနေခင်း ကို ကြည်ကြည်နူးနူးဖြတ်သန်းချင်ပါတယ်ဆို အရှုပ်အယှက်တွေ။

လင်းလတ်စိတ်ထဲမှ ရေရွတ်လိုက်သည်။
သူတို့နှစ်ယောက်လုံး ယုယတို့ဘေး လာထိုင်ကြသည်။

"ကဲ ခုကစပြီး အားလုံးက မိသားစုတွေ"

အကြီးပီပီ အကိုကြီးဖြစ်သူ အာကာမင်းထက်က စတင်သည်။

တကယ်တော့ လင်းလတ်နှင့်ယုယလည်း အမြဲတမ်း တကျက်ကျက်ဖြစ်နေကြတယ်ဆိုပေမယ့်
စိတ်ထဲက မပါဘူးဆိုတာ သိကြပြီးသားပါ။

ဒါပေမဲ့ ပေါ့လေ။

"ကိုယ်တို့ တစ်ယောက်တသ်လှည့်စီ သီချင်းဆိုကြမလား ဒါမှမဟုတ် ဂိမ်းဆော့ကြမလား"

လူနည်းနည်းလေးမို့ ဂိမ်းမတော့ချင်တာနဲ့ တစ်ယောက်တစ်လှည့်စီ သီချင်းဆိုကြတာကို လက်ခံလိုက်ကြသည်။

လင်းလတ်က ဂစ်တာကို ဒိုင်ခံတီးပြီး ကျန်သူသုံးယောက်က အလှည့်ကျဆိုသည်။

စူးရှကသူတို့စတွေ့တုန်းက ဆိုခဲ့တဲ့သီချင်းကိုဆိုပြီး အာကာမင်းထက်က သီချင်းမဆို။
ဒါပေမဲ့ ဘာမှတော့မပြော။
ယုယက ခင်စုစုနိုင်ရဲ့ ချစ်မြဲတိုင်းချစ်မယ်ကို စူးရှကို ရည်စူးပြီးဆိုပေမယ့်
ဂစ်တာကိုတီးနေသူ လင်းလတ်ကတော့ ရွှန်းလဲ့သော အကြည့်တွေကို အာကာဆီပို့ထားသည်။

သီချင်းဆုံးတော့ လင်းလတ်နှင့် ယုယက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းရယ်ဖြစ်ကြသည်။

"နောက်ကျပြီ အိမ်ထဲဝင်ကြမယ်လေ "

အာကာကစတင်၍ အားလုံး အိမ်ထဲကို ပျော်ရွှင်စွာဝင်လာခဲ့ကြသည်။
စောစောကလေးတင် သင့်မြတ်နေကြသော လင်းလတ်နှင့် ယုယက အိမ်ထဲကိုအဝင် လူချင်းတိုက်မိကြသည်။

အိမ်အဝင်ပေါက် ဒီလောက်အကျယ်ကြီးကို တိုက်မိအောင်ဝင်လာကြသော သူတို့နှစ်ယောက်ကို ကြည့်ရင်းစူးရှနှင့် အာကာတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ရယ်လျက် ခေါင်းကို ပြိုင်တူ ယမ်းလိုက်ကြသည်။

အဆုံးသတ်၌
ချစ်ခြင်းမေတ္တာသည်
လူသားတိုင်းအတွက် လှပစွာ
ပွင့်လန်းပေးခဲ့သော
ပန်းကလေးတစ်ပွင့်ဖြစ်သည်။

အဆုံးသတ်၌
လူသားတို့သည် ကိုယ်ပိုင်စိုက်ပျိုးမိကြသော
အချစ်သစ်ပင်အောက်တွင်
ပြုံးရွှင်လျက်ပင် ခိုနားနိုင်ခဲ့ကြပြီ။

အဆုံးသတ်၌
ချစ်သူတို့သည် အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့ကြပြီ။

အဆုံးသတ်၌
အခန်းတစ်ခုထဲရှိ
စာတစ်စောင်သည် လေအလာမှာ လွင့်ပါသွား၏။

အဆုံးမှာကား
ကောင်ကလေးမဟုတ်သော ကောင်ကလေးထံသို့ပေးစာတစ်စောင်သည်
ထာဝရနှလုံးသားထဲမှာ
ရေးထားမိသော အချစ်သဝဏ်လွှာတည်း။

*************

Continue Reading

You'll Also Like

4.2M 262K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.1M 61.1K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
731K 21.2K 23
Beau HATES Oliver Fowler. But Oliver doesn't hate Beau.. quite the opposite actually. Oliver is the univeristies 'Golden Boy', adored and admired by...
2.9M 58.1K 18
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...