Devil Venerable Also Wants To...
By m_velvetblue
63.9K 7.8K 647
Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More
မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
1.8K 272 8
By m_velvetblue
ဝတ္ထုတစ်အုပ်၏ အဓိကဇာတ်ကောင်
ဖြစ်သော ပိုင်လီချင်းမြောင်၏ရုပ်ရည်
သွင်ပြင်သည် ခြွင်းချက်မရှိလှပ၏။
သူဟာ ရှန့်ချင်းဂိုဏ်းမိန်းကလေးတပည့်များဝတ်ဆင်လေ့ရှိသည့် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ ရောင်စုံကြိုးနှင့်ဆံပင်ကိုရိုးရိုးရှင်းရှင်းထုံးဖွဲ့ထားသည်။သူ့ဆံပင်၌ ကြွေကျကာစ မက်မွန်ပန်းပွင့်ဖတ်ကပ်နေပြီး
သူ့မျက်နှာလေးဟာလည်း ‌ပန်းပွင့်ဖတ်လိုပန်းရောင်သန်းကာ နူးညံ့လှပနေသည်။နဖူးပေါ်သို့ ဆံပင်အနည်းငယ်ကျဆင်းနေခြင်း
ကလည်း ခြယ်သမှုကင်းသည့်မျက်နှာကို
ပိုလှပအောင် ပံ့ပိုးထား၍အဝါရောင်
ဖျော့ဖျော့နားကပ်ကိုဆွဲထားခြင်းက
ငယ်ရွယ်၍ကျက်သရေရှိသည့်အလှအပကို
ပေါ်လွင်စေသည်။
ဝမ်ရန်အယ်ဟာ အရောင်အဝါတွေကိုပဲ အာရုံစူးစိုက်နေသည့်အတွက် သူ၏အလှအပကိုသတိမထားမိပေ။ယင်ဟန်ကျန်း
သူ့ဓားကိုတင်းတင်းဆုပ်ကိုင်ထား၏။သူ၏မျက်လုံးထဲတွင်တော့ ဝမ်ရန်အယ်ကိုဆန့်ကျင်ရဲသည့်ထိုမိန်းကလေးသည်
သေလူပင်။
ဟယ့်ဝမ်းချောင်လည်း ဒုတိယထပ်သို့ရောက်လာသည်။သူဟာ ပိုင်လီချင်းမြောင်ကို ဆယ်နှစ်ကျော်သိလာတာဖြစ်သည့်အတွက် ဘယ်လောက်ပဲလှပနေပါစေ
မြင်နေကျဖြစ်၍ မည်သို့မျှမခံစားရချေ။ဒုတိယထပ်ကို ရောက်လာထဲက သူ၏
အာရုံသည် ရှူယန်ယန်ဆီသို့သာ
ရောက်နေ၏။သူသည်စားပွဲထိုးတစ်ယောက်အား ငွေအကြွေစေ့ အနည်းငယ်ပေးလိုက်၍ အရိုးကျိုးခြင်းကို ကုသပေးနိုင်သည့် ဆရာဝန်တစ်ယောက်ကို ခေါ်ပေးရန် ခိုင်းလိုက်သည်။ထို့နောက် ရှူယန်ယန်
ထိုင်ခုံနားမှာထိုင်ချလိုက်ပြီး
"မိန်းကလေးရှူ မစိုးရိမ်ပါနဲ့။ကျွန်တော်
မင်းအတွက်တရားမျှတမှုကို ရှာပေးပါ့မယ်။"
ဟုပြောလိုက်သည်။
ရှူယန်ယန်..........
မဖြစ်နိုင်လိုက်တာ သူတစ်ယောက်ပဲ
ပိုင်လီချင်းမြောင်လှတာကိုသတိထားမိတာလား။ဒီယောကျ်ားသုံးယောက်လုံးက မျက်လုံးကန်းနေတာများလား။ပြီးတော့
ပိုင်လီချင်းမြောင်ကမှ သူ့အတွက်
တရားမျှတမှုရှာပေးနေတာလေ။
ဟယ့်ဝမ်းချောင်က ဘာကိစ္စနာမည်ကောင်းဝင်ယူနေတာလဲ။
နားမလည်နိုင်တဲ့ မေးခွန်းတွေနဲ့ ပြည့်နှက်
နေပေမဲ့ ရှူယန်ယန်ဟာ အလုပ်ကိုလေးစားသူဖြစ်သည့်အတွက် ဟယ့်ဝမ်းချောင်ကိုဖြားယောင်းရမည့် သူ့တာဝန်ကိုမမေ့ပေ။
သူ့လက်ကို ပိုကြီးမားသော
ဟယ့်ဝမ်းချောင်လက်ဖဝါးထဲသို့
အားတင်းကာထည့်လိုက်ပြီး အချစ်တွေနှင့် ပြည့်နှက်နေသည့်မျက်လုံးတွေနဲ့ကြည့်ကာ "ကျွန်မအသက်က စက္ကူလိုမျိုး
ပါးလွှာနေတာပါ။အခုလိုမျိုး
သခင်လေးဟယ်နဲ့တွေ့ဆုံခွင့်ရတာကိုက
သုံးဘဝစာ ကံကောင်းမှုပါပဲ။မိန်းကလေး
ပိုင်လီ ကျွန်မအတွက်နဲ့အခြားသူတွေနဲ့
ရန်သူအဖြစ်မခံပါနဲ့။"ဟုပြောလိုက်သည်။
ရှူယန်ယန်၏စိတ်ထဲမှာတော့
"နင်ပြဿနာရှာရင်တောင် သူတို့ကို
နိုင်အောင်ချနိုင်မှာမဟုတ်ဘူး။"
ဟု ပြောနေမိသည်။
ပိုင်လီချင်းမြောင်ဟာ အသက်ငယ်ရွယ်ခြင်းကြောင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို ရောက်ရုံမျှသာရှိသေးသည်။
ဟယ့်ဝမ်းချောင်ဟာလည်းသူ့ထက်
အသက်အနည်းငယ်မျှသာပိုကြီးခြင်းကြောင့် ဗဟိုချက်ဖွဲ့စည်းခြင်း အဆင့်မျှသာရှိ၏။
သူတို့ကိုသတ်ရန် ဝမ်ရန်အယ်လှုပ်ရှားဖို့ပင်
မလိုပေ။ယင်ဟန်ကျန်းလည်း ဓားဆွဲထုတ်စရာမလိုဘဲ ရှန့်ချင်းဂိုဏ်းသားဖြစ်သော
သူတို့နှစ်ယောက်အား လက်တစ်ချောင်းသာသုံး၍ အလွယ်တကူသတ်နိုင်၏။
ပိုင်လီချင်းမြောင်ဟာ ရှူယန်ယန်ရဲ့စကားကိုကြားပြီး ဒေါသထွက်သွားသလို
နောင်တလည်းရသွားသည်။မြို့မှာ
အရင်ရက်တွေက မိန်းကလေးရှူကို
တွေ့မိကြောင်းဂိုဏ်းကတပည့်တချို့
ပြောတာကြားသည့်နေ့ထဲက ဟယ့်ဝမ်းချောင််ဟာ မိန်းကလေးရှူကို ဆက်သွယ်ပြီး အကူအညီပေးချင်နေခြင်းဖြစ်သည်။မတော်တဆဆုံမိခဲ့တာဆိုရင်တောင်မှ
သူတို့ဟာ မိန်းကလေးရှူကိုအဆုံးထိတာဝန်ယူရမှာဖြစ်ပြီး လမ်းတစ်ဝက်မှာစွန့်ပစ်ခဲ့မယ်ဆိုလျှင် ကံကြမ္မာကြွေးတင်ကာအနာဂတ်၌ ကြုံတွေ့ရမည့် ကောင်းကင်ဘုံစမ်းသပ်ခြင်းဟာ ပို၍ခက်ခဲသွားမှာဖြစ်သည်။
ပိုင်လီချင်းမြောင်စိတ်ထဲတွင်သဝန်တိုမှု
များဖြင့်ပြည့်နှက်နေပြီး
ဂိုဏ်းတူညီမလုနှင့်ပတ်သက်၍
ဂိုဏ်းတူအစ်ကိုဟယ့်ဝမ်းချောင်နှင့်
ရန်ဖြစ်ရခြင်းဖြစ်သည်။ထို့‌ကြောင့်မနက်၇နာရီထွက်ဖို့လုပ်ထားသော်လည်း
၉နာရီမှထွက်ဖြစ်ခဲ့ခြင်းဖြစ်သည်။သူ၏ဂိုဏ်းတူအစ်ကိုဟယ့်ဟာ သူ့ထက်ကျင့်ကြံဆင့်မြင့်ခြင်းကြောင့် ကောင်းကင်သဘောတရားကိုပိုနားလည်၍ တစ်ခုခု
ဖြစ်တော့မည်ဟု စိတ်ထဲထင့်နေသောကြောင့်
မြန်မြန်ဂိုဏ်းကထွက်ချင်နေခြင်း
ဖြစ်နိုင်သည်။သူသာဂိုဏ်းကနေထွက်ဖို့အချိန်ကိုမဆွဲခဲ့လျှင် မိန်းကလေးရှူ
ယခုကဲ့သို့အခြေအနေကိုကြုံတွေ့ရမှာ
မဟုတ်ပေ။
ကိုယ့်ကိုကိုယ်ပြန်ဆူနေတဲ့ပိုင်လီချင်းမြောင်ဟာ ရှူယန်ယန်စကားကိုကြားပြီး ဒေါသကို
မထိန်းနိုင်တော့ချေ။သူ့ဝတ်စုံအရောင်နဲ့
မတူတဲ့ခါးနားက ငွေရောင်ပိုးချည်မျှင်ကို
ယူလိုက်ပြီး စည်းချက်ကျကျလှုပ်ရှားလိုက်၏။ထိုပိုးချည်မျှင်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်
ရောက်ချိန်ကသန့်စင်ခဲ့သည့်
ကိုယ်ပိုင်လက်နက် လရောင်လွှမ်းဆီးနှင်းပိုးချည်မျှင်ဖြစ်၏။နာမည်ကဲ့သို့ပင်
လပြည့်ညတွင် တဖိတ်ဖိတ်တောက်ပ
နေသည့်ငွေရောင်အလင်းတန်းများကဲ့သို့ အံ့ဩဖွယ်လှပသည်။
ရှူယန်ယန်နှင့်ပတ်သက်၍ပူပန်ပင်မဲ့
ငယ်ငယ်ကတည်းက စောင့်ရှောက်လာသောပိုင်လီချင်းမြောင်နှင့်ပတ်သက်လျှင်လည်း
စိတ်ပူသဖြင့်"ဂိုဏ်းတူညီမလေး"
ဟုဟယ့်ဝမ်း‌ချောင်ခေါ်လိုက်သည်။
ကိုယ်ပိုင်လက်နက်ကိုဆွဲထုတ်လိုက်သည့်အတွက် သူ၏ရန်သူတွေသာ ကျင့်ကြံသူတွေဖြစ်လျှင် ပိုင်လီချင်းမြောင်ဒဏ်ရာရနိုင်သည်။ထို့‌ကြောင့်သူဟာ ပိုင်လီချင်းမြောင်အရှေ့မှာပိတ်ရပ်လိုက်သည်။သူ့နောက်ကျောကဓားအိမ်ရှိဓားမှာလည်းကျွတ်ထွက်လာကာလေထဲသို့မြောက်တက်လာပြီး ဓားဖျားဟာ ရန်သူနှစ်ယောက်ဘက်သို့ ချိန်ထား၏။
ရှူယန်ယန်ဟာ "ကျွန်မကြောင့် မတိုက်ခိုက်ကြပါနဲ့" လို့ငိုပြောလိုက်သည်။
လက်ဖက်ရည်စံအိမ်က ဧည့်သည်တွေဟာ
ယင်ဟန်ကျင်း ရှူယန်ယန်ကို ပစ်ချ
လိုက်ချိန်ထဲက ထွက်ပြေးကုန်ကြတာဖြစ်သည်။ယခုဒုတိယထပ်မှာကျန်နေသည့် လူအနည်းငယ်ဟာ လက်ရှိဖြစ်နေသည့်ကိစ္စနှင့်ပတ်သက်သူများသာဖြစ်သည်။
ယင်ဟန်ကျန်းမျက်နှာဟာ မည်းမှောင်
လာသည်။အခြားတဖက်က လက်နက်
ထုတ်ပြီဆိုတော့ သူလည်း ........
ဟန်ကျန်းလို့ခေါ်ပြီး ဝမ်ရန်အယ်ဟာ
ယင်ဟန်ကျန်းဓားပေါ်တင်ထားတဲ့လက်ကို
ဆွဲချလိုက်ပြီး ဇာတ်လိုက်နှစ်ယောက်ကို
ဓားချက်တစ်ချက်တည်းဖြင့် သတ်မပစ်
နိုင်အောင်တင်းတင်းဆုပ်ကိုင်ထား
လိုက်သည်။
ယင်ဟန်ကျန်းဟာကလေးဘဝက အလောင်းကောင်တွေကြားထဲ
ရက်အနည်းငယ်ကြာနေခဲ့ရသည့်အတွက်
သူ့ခန္ဓာကိုယ်ထဲ၌ သေဆုံးခြင်းချီများ
ယခုထိကျန်ရှိနေသေးပြီး သူဘယ်လောက်ပဲကျင့်ကြံပါစေ သူ၏ ခြေတွေ၊လက်တွေဟာ အမြဲရေခဲကဲ့သို့အေးစက်နေသည်။
ဝမ်ရန်အယ်ဟာတာအိုကို ပူပြင်း
တောက်လောင်နေတဲ့စစ်ပွဲတွေကြားမှာသဘောပေါက်ခဲ့ခြင်းကြောင့် သူ့ခန္ဓာကိုယ်ဟာသာမန်လူတွေထက်အပူချိန်မြင့်၍
သူ့လက်တွေဟာလည်းနွေးထွေးနေသည့်အတွက် သူဆုပ်ကိုင်ထားတဲ့ယင်ဟန်ကျင်းရဲ့ အေးစက်စက်လက်တွေဟာလည်းတဖြည်းဖြည်းနှင့်နွေးထွေးလာ၏။
ယင်ဟန်ကျင်းဟာ ဝမ်ရန်အယ်ဆုပ်ကိုင်ထားသည့်အတွက် သူ့လက်ကိုနည်းနည်းလေးမျှတောင်မလှုပ်ရှားရဲတော့ပေ။
ဝမ်ရန်အယ်၏လက်ဖဝါးကို လက်ချောင်းထိပ်ဖြင့် မတော်တဆသွားထိမိမည်ကိုပင်
မသင့်တော်ဘူးဟုသူထင်မြင်မိသည်။
"သူ့လက်တွေ ဒီလောက်အေးစက်နေတာ ငယ်ငယ်ကရထားတဲ့ အတွင်းဒဏ်ရာတွေကျန်နေသေးတာဖြစ်မယ်။အဲ့ဒဏ်ရာတွေကြောင့်ပဲ သူအဆင့်တက်ဖို့ခက်ခဲနေတာ
ဖြစ်မယ်။"ဟုဝမ်ရန်အယ်တွေးနေမိ၏။
ထိုဒဏ်ရာများကို ယန်စွမ်းအင်အများဆုံးစုစည်းထား‌သောရေခဲလွင်ပြင်မှာရှိတဲ့
ဆီးနှင်းမီးလျှံသာလျှင် ကုသပေးနိုင်မှာဖြစ်သည်။
ဟုတ်တယ်။ထိုအရာဟာ ဝတ္ထုထဲ၌
ဟယ့်ဝမ်းချောင်အတွက် ပိုင်လီချင်းမြောင်အသက်စွန့်ယူခဲ့သော ဆီးနှင်းမီးလျှံပင်။
ဝမ်ရန်အယ်ဟာ ဇာတ်လိုက်မင်းသမီးရမည့်အခွင့်အရေးကို လုယူရန်စိတ်မဝင်စားချေ။သူဟာကျင့်ကြံခြင်းလောကတွင် အဆင့်တစ်ကျင့်ကြံသူဖြစ်၍ ထိုကဲ့သို့အရာကို
မလိုအပ်ပေ။သို့ပေမဲ့ ယင်ဟန်ကျန်းဟာ
ထိုဆီးနှင်းမီးလျှံက်ိုလိုအပ်၏။
သူဟာယင်ဟန်ကျန်းကို အခြားလက်အောက်ငယ်သားများကို
ဆက်ဆံသကဲ့သို့ ဆက်ဆံ၍နှစ်အများကြီးပစ်ထားခဲ့မိသည်။ထိုစာအုပ်ကြောင့်သာမဟုတ်လျှင် တစ်သက်လုံးပစ်ထားမိမှာဖြစ်သည်။သူသေသွားသည့်အခါ
ယင်ဟန်ကျန်းရူးသွပ်သွားတာကို
တွေ့ရတော့ ခံစားသွားရပြီး
ကောင်းကောင်းဆက်ဆံပေးဖို့
ဆုံးဖြတ်လိုက်၏။
"မင်းတို့ကလည်းကျင့်ကြံသူတွေဆိုတော့
နိမ့်ကျတဲ့မိန်းမတစ်ယောက်အတွက်နဲ့
ငါတို့တွေတိုက်ခိုက်ဖို့မလိုပါဘူး။"
ဟုပြောကာ သူ၏ဆရာတစ်ပိုင်း
ပိုင်လီချင်းမြောင်နှင့် ရန်သူမဖြစ်ချင် သောကြောင့် ဝမ်ရန်အယ်
နောက်ဆုတ်လိုက်၏။
သူ့စကားကိုကြားသောအခါ
ပိုင်လီချင်းမြောင်ဟာပိုဒေါသထွက်လာပြီး "နင်ဘာပြောလိုက်တာလဲ" ဟုမေးကာတိုက်ခိုက်ဖို့လုပ်တော့သည်။သို့ပေမဲ့
ဟယ့်ဝမ်းချောင်က သူ့ရှေ့မှာပိတ်ထား၏။
ပိုင်လီချင်းမြောင်ဟာ ဝတ္ထုထဲမှာလို
ရက်စက်ကြမ်းကြုတ်မှုများကို မတွေ့ကြုံရသေးသည့်အတွက် ရိုးရှင်းသောမိန်းကလေးအဖြစ်ပဲရှိသေးကာ လူတွေအကြောင်း
နားမလည်သေးပေ။ဟယ့်ဝမ်းချောင်က
သူ့ထက်အတွေ့အကြုံပိုရှိသည့်အတွက်
ဝမ်ရန်အယ်ဟာမြင်သာအောင်
ပြထားသည်ထက် စွမ်းအားပိုမြင့်နိုင်ကြောင်းသိ၏။အကယ်၍ သူတို့နှစ်ယောက်ဟာ
ဝိဉာဉ်အခြေတည်အဆင့်ကျင့်ကြံသူတွေ
ဖြစ်လျှင် ဘယ်လိုလုပ်ရမည်နည်း။
သူ့လက်တွေမှာ ချွေးတွေထွက်လာပြီး
ပိုင်လီချင်းမြောင်ကိုစိတ်ထဲမှ
ဆက်သွယ်လိုက်ကာ "ဂိုဏ်းတူညီမလေး
ဒီလူတွေကငါတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။
ငါသူတို့ကိုအချိန်ဆွဲထားမယ်။မင်းမြန်မြန်ဂိုဏ်းကိုပြန်ပြီး အကူသွားခေါ် "ဟု
ပြောလိုက်သည်။
ဟယ့်ဝမ်းချောင်နှလုံးသားထဲမှာ
ပိုင်လီချင်းမြောင်ဟာသူချစ်ရတဲ့
ဂိုဏ်းတူညီမလေးဖြစ်ပြီး သူကာကွယ်ရမည့်သူဖြစ်သည်။သူသေရမည်ဆိုလျှင်တောင်မျှ
သူ့ဂိုဏ်းတူညီမလေးကို နည်းနည်းတောင် ဒဏ်ရာရခွင့်မပြုနိုင်ပေ။
"ဂိုဏ်းတူအစ်ကို......."ပိုင်လီချင်းမြောင်ဟာတင်းမာပြီးအလေးအနက်ပြောနေတဲ့
ဂိုဏ်းတူအစ်ကိုပြောတာကိုကြားပြီး
သူတို့တွေကျင့်ကြံဆင့်မြင့်တဲ့ပြိုင်ဘက်တွေ
နှင့်ရင်ဆိုင်နေရတာဖြစ်ကြောင်းသိလိုက်ရကာ ကြောက်လည်းကြောက်နေသလို
သူ့ဂိုဏ်းတူအစ်ကိုကိုလည်းကျေးဇူး
တင်မိ၏။
ကျင့်ကြံဆင့်နိမ့်လွန်းတာကြောင့် သူတို့
စိတ်ထဲကဆက်သွယ်ပြီးပြောဆိုနေတာ
တွေကို ကျန်တဲ့သုံးယောက်ဟာအတိုင်းသားကြားနေရတာကို သူတို့မသိကြချေ။
ဝမ်ရန်အယ်ကြောင်သွား၏။သူနောက်ဆုတ်လိုက်တာတောင်မှ အခြေအနေတွေဟာဘယ်လိုဖြစ်ပြီး ပိုတင်းမာလာရတာလဲ။
အခုလိုကြုံရတာကို ဘယ်လိုအဆုံးသတ်
ရမလဲ။အရင်က ဒီလိုအခြေအနေကြုံရင်
သူဘယ်လိုလုပ်ခဲ့သလဲ။အကုန်လုံးကို
သတ်ခဲ့တာများလား။အရင်က သူနဲ့
တိုက်ခိုက်ခဲ့တဲ့ လူတွေရဲ့မျက်နှာတွေကိုတောင်သူမမှတ်မိတော့ပေ။
ကံကောင်းသွားတာက ရှူယန်ယန်
ရှိနေတာပင်။လက်ယာကာကွယ်
စောင့်ရှောက်သူဖြစ်တဲ့သူဟာ အရှင့်ရဲ့အတွေးတွေကိုခန့်မှန်းမိပြီး ဒဏ်ရာရနေတဲ့ခန္ဓာကိုယ်ဖြင့် အခြေအနေတင်းမာနေတဲ့လူလေးယောက်ဆီတွားသွားပြီး စားပွဲပေါ်က ငွေတုံးကိုတုန်တုန်ယင်ယင်နှင့်ယူလိုက်ကာ "သခင်လေးဟယ့်၊ မိန်းကလေးပိုင်လီ ကျွန်မအတွက်နဲ့ ဒုက္ခမခံပါနဲ့။ဒီကသခင်လေး
ပြောတာမှန်တယ်။ကျွန်မက နိမ့်ကျတဲ့မိန်းကလေးတစ်ယောက်ပါပဲ။"
ထို့နောက် ငွေတုံးကို သူ့အင်္ကျီထဲသူကိုယ်တိုင်ထည့်လိုက်ကာ " ဧည့်သည်တော်ရဲ့
ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်"
ဟုဆို့ဆို့နင့်နင့်ပြောလိုက်သည်။
ထိုစကားများပြောရင်းဖြင့် ဝမ်ရန်အယ်အားစိတ်ထဲမှဆက်သွယ်လိုက်ကာ "ကျွန်မတောင်းပန်ပါတယ် အရှင်ရယ်။
'မင်းကကိုယ့်ကိုကိုယ်သိသေးတယ်ဆိုတော့ ငါရှန့်ချင်းဂိုဏ်းရဲ့မျက်နှာကိုထောက်ပြီး
ဂျူနီယာတွေနဲ့ မတိုက်တော့ဘူး' လို့ပြောပြီးသွားပါတော့။ကျွန်မကျန်တာဆက်လုပ်
ပါ့မယ်။ "ဟုစိတ်ချင်းဆက်သွယ်လိုက်သည်။
ဝမ်ရန်အယ်ဟာခေါင်းညိတ်လိုက်ပြီး
စာဖတ်သကဲ့သို့လေသံနှင့် "မင်းကကိုယ့်ကိုကိုယ်သိသေးတယ်ဆိုတော့ ငါရှန့်ချင်းဂိုဏ်းရဲ့မျက်နှာကိုထောက်ပြီးဂျူနီယာတွေနဲ့
မတိုက်တော့ဘူး" ဟုပြောလိုက်သည်။
ပြောပြီးသည်နှင့် ယင်ဟန်ကျန်းကိုဆွဲကာပျောက်ကွယ်သွား၏။ ဟယ့်ဝမ်းချောင်နှင့် ပိုင်လီချင်းမြောင်သူတို့နောက်လိုက်ချင်သည်ဆိုလျှင်တောင်မှ မလိုက်နိုင်ပေ။
"မိန်းကလေး ရှူ" ဟုခေါ်လိုက်ကာ
ဟယ့်ဝမ်းချောင်ဟာ အရိုးများ
ကျိုးနေသောကြောင့်တွားသွားနေရသည့်
ရှူယန်ယန်ကိုသူ့လက်မောင်းကြားထဲ
ပွေ့ဖက်ထားလိုက်သည်။သူ့နှလုံးသားဟာ နာကျင်နေရ၏။သူ့ကျင့်ကြံဆင့်ဟာ
နိမ့်သည့်အတွက် ဝိဉာဉ်အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို မယှဉ်နိုင်ပေ။ထို့ကြောင့် ရွံ့နွံများကြားကထိုးထွက်ကာပွင့်လန်းနေသည့်ကြာပန်းသကဲ့သို့ နူးညံ့ကာကိုယ့်ကိုကိုယ်တန်ဖိုးထားသည့်
မိန်းမပျိုလေးဟာ သူ့ကိုကာကွယ်ဖို့အတွက်နှင့် သူ့တန်ဖိုးသူနှိမ့်ချလိုက်ရသည်။
ထိုသည်မှာ ကျင့်ကြံဆင့်မမြင့်သည့်
သူ့အမှားပင်။
ပိုင်လီချင်းမြောင်ဟာ ဟယ့်ဝမ်းချောင်
ရှူယန်ယန်ကိုပွေ့လိုက်တာကိုမြင်ပေမဲ့
ရှူယန်ယန်၏ခြေထောက်များတွင်
သွေးများယိုစီးကျနေကာ ဝတ်ဆင်ထားသောအဖြူရောင်ဝတ်စုံတစ်ဝက်လောက်သည်လည်း သွေးများဖြင့်နီရဲနေသောကြောင့် သဝန်တိုဖို့စိတ်ကူးပေါ်မလာပေ။
"မိန်းကလေးရှူကို ဆရာဝန်နဲ့မပြရင်
သူပြန်ကောင်းလာမှာမဟုတ်ဘူး။ကျွန်မ ဂိုဏ်းကိုပြန်ပြီး ဂိုဏ်းတူအစ်ကိုယောင်ကိုသွားခေါ်လိုက်မယ်။"
ဟယ့်ဝမ်းချောင်ကခေါင်းညိတ်လိုက်ကာ "ကောင်းပြီ ငါသူ့ကိုအိမ်ပြန်လိုက်
ပို့ပေးလိုက်မယ်။"ဟုပြောလိုက်၏။
ပိုင်လီချင်းမြောင်ထွက်သွားပြီးနောက် သူဟာ
ရှူယန်ယန်ကိုပွေ့ချီလိုက်၍ သက်ငယ်အမိုးနဲ့မိုးထား‌သောရှူယန်ယန်၏တဲရှိရာသို့
ပြန်ခေါ်လာ၏။
တဲအိမ်ဟာ ဟောင်းနွမ်းနေပေမဲ့ သန့်ရှင်း၍
သပ်သပ်ရပ်ရပ်ရှိပြီး အထဲတွင် နူးညံ့သော
ပန်းထိုးထားသည့်အဝတ်စအချို့
လှမ်းထား၏။တစ်ချက်ကြည့်လိုက်သည်နှင့်
အိမ်ပိုင်ရှင်ဟာဆင်းရဲသော်ငြား
ရိုးသားယဥ်‌ကျေးသောအမျိုးသမီး
တစ်ယောက်ဖြစ်ကြောင်းသိနိုင်၏။
ဟယ့်ဝမ်းချောင်ဟာ ရှူယန်ယန်ကို
ကောက်ရိုးအိပ်ယာပေါ်သို့ဂရုတစိုက်နှင့်
တင်ပေးလိုက်၏။ရှူယန်ယန်သည်
သွေးအများအပြားဆုံးရှုံးထားသောကြောင့်
သတိမေ့ကာနီးဖြစ်နေကာ သူ့အသက်ရှူသံမှာလည်းတဖြည်းဖြည်းတိုးလာ၏။သူ့ရဲ့
သွေးပေနေသောလက်ချောင်းများကို
မြှောက်လိုက်ကာ နူးနူးညံ့ညံ့ဖြင့်
"သခင်လေးဟယ် နိမ့်ကျတဲ့ကျွန်မဟာ
အရင်ထဲကသေသင့်တာပါ။ကျွန်မကိုကူညီဖို့မလို......."ဟုပြောနေရင်း ဟယ့်ဝမ်းချောင်
ပါးကိုသူ့လက်ချောင်းများ ထိမိ
သွားချိန်၌သတိလစ်သွားခြင်းကြောင့်
ဟယ့်ဝမ်းချောင်ပါး၌သွေးများ
ပေကျံသွားသည်။
"မိန်းကလေးရှူ" ဟုခေါ်ရင်းဟယ့်ဝမ်းချောင်ဟာသွေးကြောကိုစမ်းသပ်ကြည့်လိုက်သောအခါသွေးခုန်နှုန်းနှေးလာတာကိုသတိထားမိသွား၏။ဂိုဏ်းတူညီမလေး
ဂိုဏ်းတူအစ်ကိုယောင်ကိုခေါ်လာသည့်အချိန်အထိ မိန်းကလေးရှူ မတောင့်ခံနိုင်မှာကို
သူစိုးရိမ်မိသည်။
ထို့ကြောင့်သူဟာ အံကြိတ်၍ "အခုလို
လုပ်မိတဲ့အတွက်တောင်းပန်ပါတယ်။"
ဟုပြောလိုက်ကာရှူယန်ယန်၏ခါးစည်းကိုဖြည်လိုက်၏။ငွေတုံးထွက်ကျလာတာကို
မြင်ရသည့်အခါ သူ့နှလုံးခုန်သံဟာ
နောက်တစ်ကြိမ်ထပ်၍ ကျယ်သွားပြန်သည်။
ထို့နောက် ယောက်ျားနှင့်မိန်းမကြား
ထားရမည့်ကျင့်ဝတ်များကိုလျစ်လျူရှုလိုက်ကာ ဆေးတစ်လုံးထုတ်လိုက်ပြီး
ရှူယန်ယန်၏ရင်ဘတ်သို့ သူ့လက်ဖဝါးကိုကပ်လိုက်၍ စွမ်းအင်များစပို့တော့၏။
ပုံမှန်လူတွေဟာ ကျင့်ကြံသူများသုံးသည့်ဆေးများ၏အာနိသင်ကိုမခံနိုင်သောကြောင့် တိုက်ရိုက်သောက်သုံး၍မဖြစ်နိုင်ပေ။သို့ပေမဲ့ ကျင့်ကြံသူတစ်ယောက်ကကူ၍ ဆေးအာနိသင်ကိုချေဖျက်ပေးကာခန္ဓာကိုယ်ထဲသို့ ဆေးအာနိသင်ဝင်နိုင်အောင် လမ်းညွှန်
ပေးလျှင်တော့ သာမန်လူများ
ထိုဆေးကိုသောက်သုံးနိုင်သည်။
ထိုသို့ကူပေးခြင်းသည်ကျင့်ကြံသူများ၏
စွမ်းအားကိုယုတ်လျော့သွားစေနိုင်သည်။
ကျင့်ကြံသူများဟာသူတို့ကြိုးကြိုးစားစားကျင့်ကြံထားသည့်စွမ်းအားများကို သာမန်လူ
အတွက်သုံးသည်မှာအလွန်ရှား၏။
ဂိုဏ်းတူညီမလေးသွားခေါ်သည့်သူထံ၌ သာမန်လူများသောက်သုံးနိုင်သည့်
ဆေးများစွာရှိသည်။ထိုဆေးများမှာ
ချီမစုပ်ယူတတ်သေးသည့်ဂိုဏ်းဝင်
အသစ်များအတွက်ဖြစ်သည်။သို့ပေမဲ့
ထိုဆေးကိုစောင့်ဖို့အချိန်မရှိတော့ပေ။
ဟယ့်ဝမ်းချောင်ဟာ ဗဟိုချက်ဖွဲ့စည်းခြင်းအဆင့်ဖြစ်၍ ကူညီရန်လုံလောက်သောစွမ်းအားရှိ၏။သူ၏ချီများကိုရှူယန်ယန်၏ ခန္ဓာကိုယ်တွင်လှည့်လည်လိုက်ပြီး ဆေးကို
ရှူယန်ယန်ပါးစပ်ထဲသို့ပါးစပ်‌ချင်းတေ့
တိုက်လိုက်ကာ ဆေးကိုစုပ်ယူနိုင်ရန်
ကူညီပေးလိုက်သည်။
မိနစ်အနည်းငယ်ကြာသွားသောအခါ
ရှူယန်ယန်၏ဒဏ်ရာများပျောက်ကင်းသွား၏။ ဟယ့်ဝမ်းချောင်ဟာသူ့ကို
ဖက်လိုက်ပြီး သက်ပြင်းချလိုက်သည်။
ထိုအခါမှ သူသည်နူးညံ့ပျော့ပျောင်းပြီး
နွေးထွေးသောခန္ဓာကိုယ်ကိုလက်မောင်းကြားထဲဖက်ထားကြောင်းသတိထားမိသွားသည်။
ဘာလို့အခုထိ ဂိုဏ်းတူညီမလေး
ရောက်မလာရသေးတာလဲ။
သတိမေ့ချင်ယောင်ဆောင်ရင်း ရှူယန်ယန်ဟာ "မင်းတို့‌တွေပိုင်လီချင်းမြောင်
မြန်မြန်ပြန်မလာနိုင်အောင် အချိန်ဆွဲပေး။
ငါအောင်မြင်ခါနီးနေပြီ။ဘယ်လိုပဲလုပ်ရ
လုပ်ရ သူ သူ့ရဲ့ဂိုဏ်းတူအစ်ကိုယောင်ကို
ခေါ်လာပြီး ငါ့အစီအစဉ်ကိုဖျက်မှာကို
တားပေး။" ဟုစိတ်ချင်းဆက်သွယ်ကာ
ပြောလိုက်သည်။
"မင်းရဲ့လက်အောက်ကလူတွေကိုလွှတ်ဖို့
မလိုဘူး။ငါပိုင်လီချင်းမြောင်ကို
တားထားတယ်။" ဟူ၍ရင်းနှီးနေသော အသံနက်နက်ဖြင့်ပြောသံကိုကြားလိုက်ရ၏။
ရှူယန်ယန် ..........
အရှင် ထပ်ပါလာပြန်ပြီလား။ကျွန်မအရှင့်ကို
အလုပ်မရှုပ်စေချင်ဘူး။အရှင်ပါလို့လည်း
ဘာမှကောင်းတာမှမဖြစ်လာတာ
ဟုတွေးမိ၏။
ရင်ထဲတွင်ငိုနေပေမဲ့လည်း အပြင်မှာတော့
ပုံမှန်အတိုင်းထိန်းထားကာ အသံတိုးတိုးလေးပြု၍မျက်လုံးကိုဖွင့်လိုက်သည်။ထို့နောက်
သူ့ကိုယ်သူဟယ့်ဝမ်းချောင်ပေါင်ပေါ်မှာ
ရှိနေတာကိုသိလိုက်ရသည့်အတွက်
အာမေဋိတ်သံတိုးတိုးလေးပြုလိုက်ပြီး
မျက်နှာနီရဲလာ၏။
အခြားတစ်နေရာမှာတော့ပိုင်လီချင်းမြောင်ဟာ ကိုယ်ပိုင်လက်နက် လရောင်လွှမ်းဆီးနှင်းပိုးချည်မျှင်ကိုထပ်ထုတ်လိုက်ပြီး မျက်နှာအမူအယာလည်းတင်းမာနေကာ
ဝမ်ရန်အယ်နှင့်ယင်ဟန်ကျန်းကို
ရင်ဆိုင်နေ၏။
ဝမ်ရန်အယ်သည် ယင်ဟန်ကျန်းလှုပ်ရှားမှာကိုတားဆီးလိုက်ပြီး လက်‌ချောင်းတစ်ချောင်းကိုဆန့်ထုတ်လိုက်ကာ ပိုးချည်မျှင်ကို
ထိလိုက်၏။ပိုင်လီချင်းမြောင်၏
ကိုယ်ပိုင်လက်နက်သည် သူ့ခန္ဓာကိုယ်ထဲ
ပြန်ဝင်သွားပြီး သူဟာလည်းစွမ်းအင်များ
ထုတ်သုံး၍မရတော့ပေ။
ပိုင်လီချင်းမြောင်ဟာနောက်ဆုံး၌
သူ့ပြိုင်ဘက်များ၏ခွန်အားကိုနားလည်
သွားသည်။သူသည်ရှန့်ချင်းဂိုဏ်းတွင်ကြီးပြင်းလာ၍ အပြင်လောကသို့တစ်ခါမျှခရီးမထွက်ဘူးပေ။ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူဟာဝူလင်းရှိသိုင်းပညာရှင်များကို အနိုင်ယူနိုင်ခဲ့သည်။သူတစ်ခါမျှ
လူများကြားတွင် အဆင့်မြင့်ကျင့်ကြံသူများရောနှောနေမည်ဟုမ‌ထင်ထားခဲ့ချေ။
သူ၏ဂိုဏ်းတူအစ်ကိုက သူ့ထက်အတွေ့အကြုံများသောကြောင့် ထိုလူများ၏ ခွန်အားကိုကြိုမှန်းနိုင်ခဲ့သည်။သို့သော်လည်း သူ့ရှေ့မှာနေကာ သူ့ကိုအကာအကွယ်
ပေးခဲ့၏။သူ့ဂိုဏ်းတူအစ်ကိုက သူ့အ‌ပေါ်ကောင်းကောင်းဆက်ဆံပေးပြီး သူ့အတွက်အသက်တောင်စွန့်နိုင်သည်။သို့‌သော်
သူကတော့အမြဲဒေါသထွက်ပြီး ဂိုဏ်းတူအစ်ကိုအ‌ပေါ်မယုံကြည်ပေးပေ။သူဟာကျေးဇူးမသိတတ်သူဖြစ်၏။
"နင်ငါ့ကိုသတ်ချင်ရင်သတ်ပစ်လိုက်
နည်းနည်းလောက်တွန့်သွားမယ်ဆိုရင်
ငါကရှန့်ချင်းဂိုဏ်းတပည့်ဖြစ်ဖို့
မထိုက်တန်ဘူး။"ဟုပြတ်ပြတ်သားသား
ပြောလိုက်သည်။
ဝမ်ရန်အယ်ဟာ သူ့ဦးနှောက်ထဲမှာ
ဘယ်လိုအတွေးတွေ တွေးနေသလဲ
နားမလည်နိုင်သည့်အတွက်
"မိန်းကလေးပိုင်လီ အထင်မလွဲပါနဲ့။" 
"ဒီအရှ... ငါကမင်းကိုအကူအညီတောင်းစရာရှိလို့ မင်းနောက်ကိုလိုက်ခဲ့တာပါ။"
ဟုပြောလိုက်သည်။
သူလက်တစ်ဖက်ကိုမြှောက်လိုက်သောအခါ
ဘာမှမရှိသောတောင်ပေါ်၌ ကျက်သရေ
ရှိသည့်ထိုင်ခုံသုံးခုံပေါ်လာ၏။ထိုထိုင်ခုံများဟာသိုလှောင်အိတ်ထဲကထုတ်လိုက်ခြင်းမဟုတ်ဘဲတောင်ပေါ်ရှိဝိဉာဥ်စွမ်းအင်များဖြင့်ဖန်တီးထားသော ထိုးဖောက်မြင်ရသည့်ခုံများဖြစ်သည်။မဟာယနာအဆင့်ကျင့်ကြံသူများဟာ ကောင်းကင်၊မြေကြီးတို့နှင့်
ဆက်သွယ်နိုင်ပြီး အတွေးတစ်ချက်တည်းဖြင့်သူတို့၏ဆန္ဒများကိုဖန်တီးနိုင်သည်။
ပုံမှန်အားဖြင့်ထိုအဆင့်ကျင့်ကြံသူများသည် ရန်သူများနှင့်တိုက်ခိုက်သောအခါ
သူတို့၏ကိုယ်ပိုင်လက်နက်များကို
အသုံးမပြုဘဲ ပတ်ဝန်းကျင်မှဝိဉာဉ်စွမ်းအင်များဖြင့်လက်နက်များဖန်တီးလေ့ရှိသည်။
ဝမ်ရန်အယ် ပိုင်လီချင်းမြောင်ကိုထိုင်ရန်
လက်ဟန်ပြလိုက်သည်။တုန်လှုပ်နေသော
ပိုင်လီချင်းမြောင် ထိုင်ခုံပေါ်သို့ထိုင်လိုက်သောအခါ သူလည်းထိုင်ချလိုက်၏။
ပုံမှန်ဆို သူအရင်ဆုံးထိုင်လိုက်မှာ
ဖြစ်သော်လည်းသူ၏ဆရာတစ်ပိုင်းဖြစ်သော
ပိုင်လီချင်းမြောင်ကိုလေးစားမှုပေးရမည်
ဖြစ်သောကြောင့် အရင်ဦးဆုံးထိုင်ခိုင်းခြင်းဖြစ်သည်။
ထိုင်ခုံသုံးခုံထဲမှတစ်ခုံမှာ ယင်ဟန်ကျင်းအတွက်ဖြစ်သော်ငြား သူဟာမထိုင်ဘဲ
ဝမ်ရန်အယ်၏နောက်၌သာ
မတ်တပ်ရပ်နေ၏။
ဝမ်ရန်အယ်ဟာ ပိုင်လီချင်းမြောင်ကို
ဘာမှမတောင်းဆိုဘဲ "မိန်းကလေးပိုင်လီ
မင်းလည်းမှန်းမိမှာပါ။ငါတို့ရဲ့အင်အားနဲ့ဆို သာမန်လူတစ်ယောက်ကိုဒုက္ခပေးဖို့မလိုဘူး။ငါကမင်းအောက်ထပ်ကိုရောက်လာတာကိုတွေ့လို့ မင်းရဲ့အာရုံကိုဆွဲဆောင်နိုင်အောင် အရာတစ်ခုကိုပစ်ချလိုက်ရုံပါပဲ။"
ဟုပြောလိုက်သည်။
ပိုင်လီချင်းမြောင်ဟာ သူ့စကားကြောင့်
ဒေါသထွက်သွားပေမဲ့ သူအခုရင်ဆိုင်
နေရတဲ့လူတွေက အရမ်းအင်အားကြီးနေတဲ့အတွက် လက်သီးဆုပ်လိုက်ကာ
"သူကလူတစ်ယောက် အရာဝတ္ထုတစ်ခုမဟုတ်ဘူး။"ဟုပြန်ပြောလိုက်၏။
"တကယ်လား။"ဝမ်ရန်အယ်လက်ကိုလှုပ်ရှားလိုက်သောအခါ မြေပြင်ပေါ်၌ သွားလာနေ‌သည့်ပုရွတ်ဆိတ်တစ်ကောင်မှာ လေနှင့်အတူပါလာပြီးပိုင်လီချင်းမြောင်၏ ဒူးပေါ်သို့ကျရောက်လာသည်။ထို့နောက်သူဟာ
"ဒါနဲ့ အဲ့တာကြားမှာ ဘာကွာခြားချက်
ရှိလို့လဲ။" ဟုဂရုမစိုက်စွာမေးလိုက်သည်။
ပိုင်လီချင်းမြောင်၏ ခြေထောက်ပေါ်တွင်
ပုရွတ်ဆိတ်သည်တွားသွားတက်ရန်ကြိုးပမ်းနေသည်။သူဟာ ပုရွတ်ဆိတ်ကိုလက်နဲ့
ကိုင်လိုက်ပြီး မြေပြင်ပေါ်ချလိုက်သည်။
"သူတို့ကမတူဘူး။ပြီးတော့ပုရွတ်ဆိတ်ကလည်းအပြစ်မရှိပါဘူး။"ဟုတုန်လှုပ်နေသောအသံဖြင့်ပြောလိုက်၏။
"မင်းဘဝမှာအသားစားဖူးလား"
ဟုဝမ်ရန်အယ်မေးလိုက်သည်။
ပိုင်လီချင်းမြောင် ဘာမှပြန်မဖြေပေ။
အ‌ခြေခံအဆင့်တည်‌ဆောက်ခြင်းအဆင့်သို့ရောက်သည့်ကျင့်ကြံသူများသည် ပတ်ဝန်းကျင်မှချီများကိုစုပ်ယူထားသောကြောင့် အစာစားရန်မလိုအပ်တော့ပေ။သူဟာအရင်နှစ်ကမှ ထိုအဆင့်ကို
ရောက်ထားခြင်းဖြစ်သောကြောင့်
ဆယ့်ခုနှစ်လုံး သာမန်လူများစားသော
အစားများကိုစားသုံးခဲ့တာဖြစ်၏။
ခေါင်းကိုခါလိုက်ပြီး "အဲ့တာကမတူဘူးလေ။"ဟုသာပြောနိုင်သည်။
"ကျင့်ကြံသူတစ်ယောက်အတွက်တော့ ကောင်းကင်အောက်က သက်ရှိအားလုံးဟာ ဦးတည်ချက်တစ်ခုပဲရှိပြီး အရာအားလုံးမှာအသိစိတ်ရှိတယ်။လူသားတွေနဲ့ အခြားသက်ရှိတွေကြား မကွာခြားဘူး။ကျင့်ကြံသူတွေဟာ ပတ်ဝန်းကျင်ကစွမ်းအင်တွေကို
စုပ်ယူကြတယ်။ငါတို့စုပ်ယူတဲ့စွမ်းအင်တွေကိုအခြားသက်ရှိတွေကိုသာပေးမယ်ဆိုရင်ကော။ရှန့်ချင်းဂိုဏ်းက စွမ်းအင်ကြွယ်ဝတဲ့တောင်ကိုရာစုနှစ်အများကြီး လက်ဝါးကြီး အုပ်ထားတာ။ရှေးက အဲ့တောင်မှာအရမ်းထူးခြားတဲ့သတ္တဝါတွေ၊ ဝိဉာဉ်သက်ရှိတွေဖြစ်တည်ခဲ့ပေမဲ့ အခုဘာ့ကြောင့်မျိုးတုန်း
ကုန်တာလဲဆိုတာ မင်းသိလား။အကြောင်းပြချက်က အဲ့တောင်ကဝိဉာဉ်စွမ်းအင်တွေကို လူသားတွေအပိုင်သိမ်းလိုက်တဲ့အတွက်
အဲ့တောင်ဟာ ဝိဉာဉ်သက်ရှိတွေထပ်
မမွေးဖွားပေးနိုင်တော့တာကြောင့်ပဲ။"
ပိုင်လီချင်းမြောင်ဟာ ကျင့်ကြံသူဖြစ်တာ
မကြာသေး‌သည့်အတွက် ဝမ်ရန်အယ်
ပြောသည့်စကားများကိုပြန်မငြင်းနိုင်ပေ။
သူ့နှလုံးသားဟာမတည်ငြိမ်တော့ဘဲ သူ့ရဲ့
အရင်ကအမြင်တွေဟာလည်းပျက်စီးသွား၏။သူ့ရဲ့စွမ်းအင်များဟာလည်း
မတည်ငြိမ်တော့သဖြင့် အတွင်းဘက်ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဓားဖြင့်‌
ထိုးစိုက်နေသကဲ့သို့ခံစားရ၏။
ဝမ်ရန်အယ်ဟာ သူ့ဆရာတစ်ပိုင်း
ချီဖောက်ပြန်နေသည်ကိုကြည့်မနေနိုင်တဲ့အတွက် ရှူထောင့်ပြောင်း၍
"ဒီကိစ္စတွေအတွက်ကိုယ့်ကိုကိုယ်
အပြစ်တင်ဖို့မလိုဘူး။အခုလက်ရှိမှာ
လူသားတွေဟာသက်ရှိအားလုံးရဲ့ထိပ်ဆုံးမှာရှိနေတာက ကံကြမ္မာဆုံးဖြတ်ထားတာ
ဖြစ်တယ်။နတ်ဘုရား‌တွေ၊နတ်ဆိုးတွေ
ရှိခဲ့တဲ့အချိန်တုန်းကလူသားတွေဟာ
ဒုက္ခတွေကိုမဆုံးနိုင်အောင်ကြုံတွေ့
ခံစားခဲ့ရတာ။လေပေါ် မြေပေါ်က သတ္တဝါတွေ၊သေစေနိုင်တဲ့ အပင်တွေ၊ပန်းပွင့်တွေ
စတဲ့ဝိဉာဥ်သက်ရှိတွေဟာ လူသားတွေကို သားကောင်အနေနဲ့သတ်မှတ်ပြီး လူသား
ဝိဉာဉ်တွေကိုစားသုံးပြီး လူသားခန္ဓာကိုယ်တွေကို မှော်လက်နက်တွေအဖြစ်သန့်စင်
ကြတယ်။အခုကျတော့လူသားတွေက
ပိုသာသွားတဲ့အတွက်ကံကြမ္မာတစ်ပတ်
လည်တာလို့ပြောလို့ရတယ်။"
ထိုစကားကိုကြားပြီးနောက်
ပိုင်လီချင်းမြောင်အမူအယာ
ပြေလျော့သွား၏။သူ့စိတ်ထဲမှာရှုပ်ထွေး
နေသောအရာများမှာ ရှင်းလင်းသွားပြီး
သူ့စိတ်ဟာလည်းသက်တောင့်သက်သာ
ဖြစ်သွား၏။
သူဟာမျက်လုံးတွေကိုမှိတ်လိုက်ကာတိတ်တဆိတ်ဖြင့်ချင့်ချိန်စဉ်းစား
လိုက်သည်။၁၅မိနစ်ကြာသောအခါ
မျက်လုံးတွေကိုပြန်ဖွင့်လိုက်၍ ဝမ်ရန်အယ်ကိုလက်သီးဆုပ်ကာအရိုအသေပေး
လိုက်ပြီး"လမ်းညွှန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် စီနီယာ။"
ဟုပြောလိုက်သည်။
ဝမ်ရန်အယ်ဟာ လက်ကိုရမ်းလိုက်ပြီး
"ဘာမှမဟုတ်ပါဘူး။ငါကကောင်းကင်ရဲ့အမှန်တရားတချို့ကိုပြောပြရုံပါပဲ။အခုလို
ငါပြောတာတွေကိုသဘောပေါက်တဲ့အတွက် မင်းဟာ အရာအားလုံးတူညီခြင်းလမ်းစဉ်ကိုကျင့်ကြံဖို့သင့်တော်ပုံရတယ်။အနာဂတ်မှာ ကျင့်ကြံခြင်းလမ်းစဉ်ကိုရွေးရင် မှားယွင်းတဲ့လမ်းကို မရွေးမိ‌စေနဲ့။"
ပိုင်လီချင်းမြောင်ကကောင်းကင်၏စည်းမျဉ်းတစ်ခုကိုနားလည်သွားသည့်အတွက်
အရင်ကရိုးရှင်းသောမိန်းကလေး
တစ်ဦး၏မျက်လုံးအကြည့်နှင့်ကွဲပြားသွားကာ သူ၏မျက်‌တောင်ရှည်များအောက်မှမျက်လုံးအကြည့်ဟာ ဘက်မလိုက်သော်လည်းဂရုဏာတရားတွေနှင့်ပြည့်နှက်နေသည့်အကြည့်အဖြစ်သို့ပြောင်းလဲ
သွားသည်။သူ့အကြည့်ဟာပုရွတ်ဆိတ်ကိုကြည့်နေသည်ဟုထင်ရသကဲ့သို့
မည်သည့်အရာကိုမျှကြည့်နေခြင်းမရှိ
ဟုလည်းထင်ရသည်။
ဝမ်ရန်အယ်ဟာ သူ့ကိုချီးကျူးသည့်
အကြည့်ဖြင့်ကြည့်နေချိန်မှာပဲ
ပိုင်လီချင်းမြောင်၏ မျက်လုံးအကြည့်
များဟာ ခဏလေးအတွင်း ပြန်တောက်ပ
လာပြီးဂိုဏ်းတူအစ်ကိုနဲ့ မိန်းကလေးရှူ
သူ့ကိုစောင့်နေခြင်းအားပြန်သတိရသွား၏။
သူ့မျက်လုံးတွေဟာကြယ်တွေလို
တောက်ပနေပြီးအရင်ကလို အချစ်ရူး
ရူးနေသောမိန်းကလေးတစ်ယောက်အဖြစ်ပြန်ပြောင်းလဲသွားသည်။
"စိတ်ပူစရာမလိုဘူး။အဲ့မိန်းကလေးအဆင်ပြေတယ်။ငါမင်းဆီကိုလာတာ
ငါလိုချင်တာတစ်ခုကို ကူရှာပေးစေချင်လို့။"
"စီနီယာကျွန်မရဲ့ကျင့်ကြံခြင်းကို
ထောက်ပြပေးတဲ့အတွက် ပိုင်လီ
အရမ်းကျေးဇူးတင်မိပါတယ်။ကျွန်မကူညီပေးနိုင်တဲ့ ကိစ္စတစ်ခုခုမှာ စီနီယာအကူအညီလိုတာဆိုရင် ကျွန်မအကူအညီပေးဖို့
တုံ့ဆိုင်းမှာမဟုတ်ပါဘူး။"
"ငါက ဆီးနှင်းမီးလျှံလို့ခေါ်တဲ့ ရတနာတစ်ခုကိုရှာနေတာ ငါ့ရဲ့ လက်အောက်ငယ်.... သူငယ်ချင်းရဲ့ ဒဏ်ရာကိုကုပေးဖို့အတွက်"
ယင်ဟန်ကျန်းဟာ ဝမ်ရန်အယ်ကို
အံ့ဩတကြီးကြည့်မိသည်။
"ဆီးနှင်းမီးလျှံအကြောင်း အရင်က
ဆရာပြောတာကြားဖူးတယ်။အဲ့တာက
မိုင်ထောင်ချီရေခဲလွင်ပြင်မှာရှိပြီး နေရာအတိအကျကိုဘယ်သူမှမသိဘူးတဲ့။ဗဟိုချက်ဖွဲ့စည်းခြင်းအဆင့်အောက်က
ဘယ်သူမဆို အဲ့ကိုဝင်သွားရင်သေဖို့
များတယ်တဲ့။ပြီးတော့စီနီယာရဲ့ကျင့်ကြံဆင့်က ပိုမြင့်တာဆိုတော့ကျွန်မကို
ခေါ်သွားလည်းအသုံးဝင်ပါ့မလား။"
"ဆီးနှင်းမီးလျှံကမင်းနဲ့ကံစပ်နေတာ။
အခြားသူတွေယူလို့မရဘူး။မင်းခွင့်ပြုမှပဲ
ယူလို့ရမှာ။အရာအားလုံးဟာ အစထဲက
ကြိုဆုံးဖြတ်ထားပြီးသား အင်အားရှိရုံနဲ့
ယူလို့မရဘူး။"
တကယ်ဆိုရင် သူတို့ပိုင်လီချင်းမြောင်
နောက်ကလိုက်ပြီး ရတနာကိုရှာတွေ့သွားတဲ့အခါမှသူ့ဆီကလုယူလိုက်လို့ရသည်။
ထိုသို့လုပ်ခြင်းသည် သူတို့ရဲ့ နတ်ဆိုးလမ်းစဉ်အတိုင်းလုပ်တာပင်ဖြစ်သည်။သို့ပေမဲ့ ဝမ်ရန်အယ်သူ့ဆရာပစ္စည်းကို
မလုချင်ပေ။ထို့အပြင် အခြားတစ်ယောက်ဆီက ပစ္စည်းကိုလုသည့် ယုတ်ညံ့‌သော
ကိစ္စမျိုးကိုသူမလုပ်ချင်။လုမည့်အစား လဲလှယ်တာမျိုးပဲလုပ်ချင်သည်။
"ငါမင်းကို နတ်ဘုရားဘုံကိုပြန်တက်
နိုင်အောင် ကူညီပေးမယ်။တာအိုကို သဘောပေါက်အောင်လည်း ထောက်ပြ
ပေးမယ်။မင်းလိုချင်တာမှန်သမျှကိုလည်း
ကူပြီးရှာပေးမယ်။ ငါ့ကို ဆီးနှင်းမီးလျှံ
ပြန်ပေး။"
"ဒီအကြံမဆိုးဘူး။ယင်ဟန်ကျန်းကိုလည်းကူညီပေးနိုင်သလို သူ့ဆရာရဲ့ ကျေးဇူးကြွေးကိုလည်း ဆပ်ပြီးသားဖြစ်မယ်။" ဟူ၍အကြံကောင်းကိုမြန်မြန်တွေးနိုင်သည့်အတွက် ဝမ်ရန်အယ်သူ့ကိုယ်သူ
ပြန်ချီးကျူးလိုက်သည်။သူသတိ
မထားမိတာက သူ့နောက်ကျောမှာ
ရပ်နေသော ယင်ဟန်ကျန်း၏မျက်လုံးများ နီလာခြင်းကို ဖြစ်သည်။
ယင်ဟန်ကျန်းဟာ သူ့ခေါင်းကိုငုံ့လိုက်ပြီး
သူ့မျက်လုံးတွေကို ဖုံးကွယ်လိုက်ကာ အသံကွဲအက်အက်ဖြင့် "အရှင်..."
ဝမ်ရန်အယ်ဟာ ရွှေရောင်ချည်ထိုးထားသည့်သူ့အနက်ရောင်အင်္ကျီလက်ကို
ခါလိုက်ပြီး ယင်ဟန်ကျန်းဆက်ပြောမည့်စကားများကို "ဒီအရှင်က မင်းကိုပေးတာကို ငြင်းဆန်ခွင့်မပြုနိုင်ဘူး။"
ဟုဟန့်တားလိုက်သည်။
အပိုင်း၎။ ကျောက်တုံးတစ်တုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခြင်း
ပေါ်လွင်စေသည်။
သေလူပင်။
ဟုပြောလိုက်သည်။
ရှူယန်ယန်..........
ပါးလွှာနေတာပါ။အခုလိုမျိုး
ရန်သူအဖြစ်မခံပါနဲ့။"ဟုပြောလိုက်သည်။
ဟု ပြောနေမိသည်။
နောင်တလည်းရသွားသည်။မြို့မှာ
မဟုတ်ပေ။
မထိန်းနိုင်တော့ချေ။သူ့ဝတ်စုံအရောင်နဲ့
လာသည်။အခြားတဖက်က လက်နက်
လိုက်သည်။
ဟုတ်တယ်။ထိုအရာဟာ ဝတ္ထုထဲ၌
ထိုဆီးနှင်းမီးလျှံကိုလိုအပ်၏။
ဆုံးဖြတ်လိုက်၏။
နောက်ဆုတ်လိုက်၏။
နားမလည်သေးပေ။ဟယ့်ဝမ်းချောင်က
ပြောလိုက်သည်။
တင်မိ၏။
သူဘယ်လိုလုပ်ခဲ့သလဲ။အကုန်လုံးကို
သတ်ခဲ့တာများလား။အရင်က သူနဲ့
ရှိနေတာပင်။လက်ယာကာကွယ်
သူ့အမှားပင်။
ပို့ပေးလိုက်မယ်။"ဟုပြောလိုက်၏။
ပြန်ခေါ်လာ၏။
တင်ပေးလိုက်၏။ရှူယန်ယန်သည်
ပေကျံသွားသည်။
သူစိုးရိမ်မိသည်။
ဆေးများစွာရှိသည်။ထိုဆေးများမှာ
ကူညီပေးလိုက်သည်။
ရောက်မလာရသေးတာလဲ။
ပြောလိုက်သည်။
ရှူယန်ယန် ..........
ဟုတွေးမိ၏။
မျက်နှာနီရဲလာ၏။
ရင်ဆိုင်နေ၏။
ထိလိုက်၏။ပိုင်လီချင်းမြောင်၏
ထုတ်သုံး၍မရတော့ပေ။
မထိုက်တန်ဘူး။"ဟုပြတ်ပြတ်သားသား
ပြောလိုက်သည်။
ဟုပြောလိုက်သည်။
လက်ဟန်ပြလိုက်သည်။တုန်လှုပ်နေသော
ဝမ်ရန်အယ်၏နောက်၌သာ
မတ်တပ်ရပ်နေ၏။
ဟုပြောလိုက်သည်။