ငယ်ငယ်ကတည်းက ချစ်ခြင်းမေတ္တာအပြည့်အဝမပေးနိုင်တဲ့မိသားစုမှာ မွေးဖွားလာတော့ အချစ်ဆိုတာဘာမှန်းမသိသလို ဘယ်လိုအရာကိုအချစ်လို့သတ်မှတ်မှန်းလဲမသိခဲ့။
သုံးမကုန်နိုင် ဖြုန်းမကုန်နိုင်စည်းစိမ်းတွေကိုလက်ထဲထည့်ပေးကာ ချစ်ခြင်းမေတ္တာကိုတော့ သူတို့ပေးဖို့မေ့နေလောက်တယ်ထင်ပါရဲ့။
အဖေရောအမေပါ အပြိုင်အဆိုင်စီးပွားရေးတစ်ခုထဲကို အာရုံစိုက်ခဲ့ပြီ ကျွန်တော့်ကိုတော့ အိမ်အကူဒေါ်ကြီးလက်ထဲသို့ အပ်နှံခဲ့ကြသည်။ညအိပ်ယာဝင်တိုင်း ပုံပြင်စာအုပ်လေးကိုင်ကာ အဖေနဲ့အမေရှိရာအခန်းသို့ထွက်လာခဲ့ပေမဲ့ Laptopပေါ်မှာပြေးလွှာနေတဲ့သူတို့၏လက်များကတော့ ရပ်တန့်မသွား၊ နောက်ဆုံးကုတင်ပေါ်မှာခွေခွေလေးအိပ်ပျော်သွားကာ အဒေါ်ကြီးကပဲအခန်းထဲသို့ပြန်ရွေ့ပေးရသည်။
မိသားစုထမင်းဝိုင်းဆိုတာဘာမှန်းမသိခဲ့သလို မိသားစုဆိုတာဘယ်လိုအရာကိုခေါ်မှန်းမသိခဲ့။ကျောင်းပို့၊ ကျောင်းကြိုကို ခြံစောင့်ဦးလေးကြီးကတာဝန်ယူထားပြီး ကျွန်တော့်ရဲ့အရာရာကိုတော့ အဒေါ်ကြီးကတာဝန်ယူလို့ထား၏။
တစ်ပတ်တစ်ခါလက်ထဲသို့ရောက်ရှိလာသော မုန့်ဖိုးမှာလဲ ပမာဏများ၏။ထို့သို့စည်းစိမ်တွေကြား မပျက်စီးပဲ လူကောင်းတစ်ယောက်ဖြစ်အောင်ရပ်တည်နိုင်ပေမဲ့ မေတ္တာငတ်ခဲ့တဲ့ကလေးတစ်ယောက်ရဲ့ စိတ်ဒဏ်ရာတွေကိုတော့ ကိုယ်ကလွဲ၍မည်သူမှသိမယ်မထင်။
ဒီစိတ်ဒဏ်ရာတွေကြောင့် ချစ်ခြင်းမေတ္တာကိုအယုံကြည်မရှိသလို ဘယ်လိုအရာကချစ်ခြင်းမေတ္တာလဲဆိုတာကိုယ်မသိဘူးJimin။
အချစ်ဆိုတာ ကိုယ့်ရဲ့ရုပ်ရည်ကြောင့်ပြိုလဲသွားတဲ့သူတွေကိုဆိုလိုတာလား၊ ကိုယ့်ရဲ့စည်းစိမ်ကြောင့် ကိုယ့်ကိုလိုချင်တပ်မက်နေကြတဲ့သူတွေကိုဆိုလိုတာလား…?
အချစ်ကဘာလဲတော့ကိုယ်မသိပေမဲ့ ကိုယ် မင်းနားမှာပဲအမြဲနေချင်မိတယ်၊ အခြားသူတွေမင်းကိုစိတ်နဲ့မပြောနဲ့ မျက်လုံးလေးနဲ့ကြည့်တာတောင်ကိုယ်မကြိုက်ဘူး၊ ကိုယ်မဟုတ်တဲ့အခြားသူတွေနဲ့မင်းပျော်နေတာကိုလဲမမြင်ချင်ဘူး၊ မင်းနားမှာကိုယ်ကလွဲပြီးဘယ်သူ့ကိုမှမရှိစေချင်တာ…ဒါဟာအချစ်လား Jimin။
သေချာတာကတော့ကိုယ်gayမဟုတ်ဘူး။
ယောင်္ကျားလေးတစ်ယောက်ကိုလဲဘယ်တော့မှချစ်လာမှာမဟုတ်ဘူး။
~~Jeon Jungkook~~
---------------
"ဒေါက် ဒေါက်"
'ဖေကြီးဘယ်သူလာတာလဲမသိဘူး ကြည့်လိုက်ပါအုံး'
သတင်းစာကိုဘေးသို့ချကာ တံခါးဆီသို့~~
'Jungkook!'
လေယာဉ်စိုက်စိုက်ချင်း Minnyလေးအိမ်ကိုပဲတန်းလာလိုက်တော့သည် မတတ်နိုင် ဒီနည်းကလွဲပြီး ကျန်တာမစဉ်းစားတတ်။
'ဖေကြီးဘယ်သူလာတာလဲ အထဲကိုခေါ်လေ'
'ဟို…'
'Jungkook! သားဘယ်လိုဖြစ်ပြီးဒီကိုရောက်လာတာလဲ အန်တီကသားကိုသားလေးတို့နဲ့အတူတူလိုက်သွားတယ်ထင်တာ လာလေသားအထဲဝင်အုံး'
'ဟို…အဲဒါက…'
'ဟုတ်တယ်ငါ့တူရ အိမ်ကသားနှစ်ယောက်လုံးကလဲ မင်းပါမယ်လို့ပြောလို့ ဦးတို့လဲခွင့်ပြုပေးလိုက်တာ'
'ဒါ…ဒါဆိုMinnyလေးကခုအိမ်မရောက်သေးဘူးပေါ့'
'ဟမ်! သားဘာကိုဆိုလိုတာလဲ အန်တီတို့နားမလည်ဘူး'
'ခု…ခုကျွန်တော်Minnyလေးတို့ရှိတဲ့ဆီလိုက်သွားမလို့လေ အဲဒါ Minnyလေးက သူ့ပစ္စည်းလေးဝင်ယူပေးပါအုံးဆိုလို့ အဲဒါ…'
'အော်ဒါများသားရယ် စောစောကပြောရောပေါ့ လာအန်တီသားကိုJiminလေးအခန်းလိုက်ပြမယ်'
'နေ…နေပါစေအန်တီ ကျွန်တော်မဝင်တော့ပါဘူး ကားလဲမောင်းရအုံးမှာဆိုတော့ ဟိုရောက်ရင်မိုးချုပ်မှာဆိုးလို့'
ခုလိုမျိုးပြောလိုက်တာရိုင်းရာကျသွားလားမသိပေမဲ့
Minnyလေးမရှိဘူးဆိုတာသိကတည်းက ဒီနေရာကနေပြေးထွက်ပြီး ဘယ်များရောက်နေလဲဆိုတာရှာချင်မိနေတဲ့အထိကို စိတ်တွေလှုပ်ရှားနေခဲ့တာ။
ဦးလေးနဲ့အန်တီတို့ကိုအားနာလို့သာ ပြောမိပြောရာပြောလိုက်မိပေမဲ့ တစ်ကယ်က ကိုယ်ကအပစ်လုပ်ထားတော့ မလုံမလဲနဲ့လူမိသွားမှာစိုးနေတာအမှန်။
'ဟုတ်ပါပြီကွယ် ဒါဆိုလဲသားလေးကမဘာပစ္စည်းမှာလိုက်လဲဆိုတာအန်တီကိုပြောပြလေ အန်တီရှာပေးပါ့မယ်'
'အဲ…အဲဒါက…ဟို…'
'ဦးသိပြီ! Jiminလေးမှာလိုက်တာ အင်္ကျီလေးဟုတ်တယ်မလား'
'အာ…ဟုတ် ဟုတ်တယ်'
'ဟိုတစ်ခါဖုန်းပြောတုန်းက သားကအဲအင်္ကျီလေးယူမသွားရလို့စိတ်မကောင်းဖြစ်နေတာ သေချာသိမ်းထားပေးပါဆိုပြီး ဦးကိုမှာထားတာလေ'
'ဒါဆိုလဲဖေကြီးပဲသွားယူပေးလိုက်တော့ မြန်မြန်တော့လုပ်နော် Jungkookလေးစောင့်နေရတာအားနာစရာကြီး'
'ရ…ရပါတယ်ဗျ'
Minnyလေးအဖေယူလာပေးသောအထုတ်လေးကိုပိုက်ကာ ဦးလေးနဲ့အဒေါ်ကိုနှုတ်ဆက်ပြီးထွက်လာလိုက်တော့သည်။
ခုထိအိမ်မရောက်သေးတဲ့Minnyလေးကြောင့် စိတ်ထဲအနည်းငယ်တော့ရှုပ်ထွေးသွား၏။Minnyအဖေပြောသောစကားများကိုပြန်ကြားယောင်တော့ မျက်ခုံးတွေအလိုလိုတွန့်ချိုးသွားပြီး ကားကိုအရှိန်ဖြင့်ထိုးရပ်လိုက်သည်။
ဘာတဲ့"ဒီအင်္ကျီကိုယူမသွားရလို့စိတ်မကောင်းဖြစ်နေတာတဲ့"အဲဒါကဘယ်လောက်များအဖိုးတန်နေလို့အဲလောက်ထိဖြစ်ပျက်ပြနေတာလဲ။ဘယ်အကောင်ကပေးထားတဲ့ဟာမို့ အဲလောက်တန်ဖိုးထားပြနေရတာလဲ။
စိတ်တိုတိုနှင့်အထုတ်ကိုဖြဲကာဖောက်ကြည့်မိတော့ hoodieခရမ်းရောင်လေးဖြစ်နေ၏။ဒီhoodieလေးကိုသိပ်သိတာပေါ့ အထက်တန်းတုန်းက Minny လေးကိုမွေးနေ့လက်ဆောင်အဖြစ် ဂျပန်ကိုသွားတုန်းကဝယ်ပေးဖြစ်တဲ့အင်္ကျီလေး။ခုထိသိမ်းထားလိမ့်မယ်လို့ ထင်မထားမိတာတော့အမှန်။
အရမ်းတန်ဖိုးထားပြနေတာ ကိုယ်ပေးတဲ့အင်္ကျီဖြစ်နေတော့ "ဟက်"ကနဲ့မြည်အောင်တစ်ချက်ရီလိုက်ပြီး ဆံပင်ကိုအနောက်သို့လှန်တင်လိုက်သည်။
'ကိုယ်လာပြီ ရှာမတွေ့အောင်ပုန်းနိုင်တုန်းပုန်းထားအုံးပေါ့'
----------------
'ချာတိတ် ကိုယ်ဘယ်ကိုမောင်းရမလဲ'
'အိမ်ကိုပေါ့ ဘယ်ကိုမောင်းချင်သေးတာလဲ…
နေဦး! နေဦး အိမ်ကိုမောင်းလို့မဖြစ်သေးဘူး တော်ကြာ Jiminကအိမ်မှာရှိမနေမှဒုက္ခ ကျစ်! အရေးထဲ
ဖုန်းကလဲဆက်သွယ်မှုဧရိယာပြင်ပဆိုတာကြည်ပဲ စိတ်တိုလိုက်တာ'
'ဒါဆို ကိုယ်ကဘယ်ကိုမောင်း…'
'မောင်းချင်တဲ့နေရာသာမောင်းတော့! ခင်ဗျားကိုပြောရတာလဲ အာရုံတွေနောက်တယ်'
မနက်ကအခန်းထဲကိုငိုမဲ့မဲ့လေးနဲ့လာကတည်းက တူတူပြန်ခဲ့လိုက်ရမှာ အခြေနေတွေကဒီလောက်ကြီးထိဆိုးလိမ့်မယ်လို့ထင်မထားမိတာကြောင့် တစ်ယောက်ထဲပြန်လွှတ်လိုက်ရသည်။
ခုချိန်ပြန်တွေးကြည့်တော့ ကိုယ့်အပစ်မကင်းသလိုခံစားရ၏။Jimin ahဘယ်တွေရောက်နေတာလဲ??
ငါ့ဖုန်းကိုလဲဘယ်ချိန်ထိမကိုင်ပဲနေမလို့လဲ??
ဒါတွေအားလုံးရဲ့အဓိကတရားခံကဟိုကောင်JK။
အပစ်တစ်ခုပြီးထားတာမှမကြာသေးဘူး နောက် ထပ်အပစ်တစ်ခုကလုပ်ချလိုက်ပြန်ပြီ။ယုံကြည်လိုမှအပ်နှံထားပါတယ်ဆို ထပ်ပြီးJiminကိုစိတ်အနှောင့်ယှက်ပေးပြန်ပြီ တစ်ကယ့်ကိုမကောင်းတဲ့အကောင်။
~~တီ တီ~~
'ဟမ်! ပါး! ပါးဖုန်းဆက်တယ်ဘယ်လိုလုပ်ရမလဲ'
'ကိုင်လိုက်လေကွာ'
'မကိုင်ရဲဘူး…ကိုင်လိုက်လို့Jiminကဘယ်လိုဖြစ်ပြီးပြန်ရောက်နေတာလဲတို့မေးရင်ရောဘယ်လိုလုပ်မလဲ အဲလိုမဟုတ်ပဲJiminအိမ်မှာမရှိဘူးဆိုရင်ရော…'
'ချာတိတ်! ချာတိတ် ကိုယ့်ကိုကြည့် စိတ်ကိုအေးအေးထား အရာအားလုံးဆင်ပြေသွားလိမ့်မယ် ကိုယ့်ကိုယုံ'
ကားကိုလမ်းခုလတ်တစ်နေရာသို့ ထိုးရပ်လိုက်ပြီး အရမ်းစိတ်လှုပ်ရှားနေသော ချာတိတ်ရဲ့လက်လေးကိုဖြည်းညင်းစွာကိုင်ရင်း မျက်ဝန်းထဲသို့စိုက်ကြည့်ကာအားပေးစကားပြောရပါတော့သည်။အေးစက်နေသောလက်ဖျားလေးတွေဟာ ဘယ်လောက်တောင်စိတ်လှုပ်ရှားနေလဲဆိုတာ ဖော်ပြနေ၏။
'အသက်ကိုဝဝရှူပြီး လေကိုမှုတ်ထုတ်လိုက်'
'ဟူးးး~~'
'ဟယ်လိုပါး'
(ဟယ်လိုTaeလေးလား သားကလဲဖုန်းကိုင်တာကြာလိုက်တာကွာ ပါးဖြင့်စိတ်တောင်ပူသွားတယ်)
'အဲဒါက ဟို…သားရေချိုးနေလို့မကြားမိလိုက်လို့ပါ ပါးရဲ့'
(ဟုတ်ပါပြီကွာ ဒါနဲ့သားတို့ရဲ့သူငယ်ချင်းJungkook
လေးတောင်အိမ်လာသွားသေးတယ်)
'ဗျာ!!!'
(သားဘာဖြစ်တာတုန် အလန့်တကြားနဲ့)
'မ…မဟုတ်ပါဘူးပါးရဲ့ သားကအံ့ဩသွားလို့ပါ'
(ဒါနဲ့အဖေ့တို့ရဲ့သားကြီးရောဘယ်ရောက်နေလဲ သားနဲ့တူတူမရှိဘူးလား)
'ဟို…အဲဒါက…သူ…သူကအိမ်…အိမ်သာတတ်နေတာပါးရဲ့'
(အေဟုတ်လား ပါးကသားကြီးကိုပြောစရာရှိလို့ဖုန်းဆက်လိုက်တာ သားကြီးရဲ့ဖုန်းကဆက်လို့မရလို့ တစ်ခုခုများဖြစ်နေတာလားဆိုပြီး သားဆီကိုဆက်လိုက်တာ)
'ဘာ…ဘာမှမဖြစ်ဘူးပါး သားတို့ဒီမှာအဆင်ပြေပါတယ်'
(ဘာမှမဖြစ်ဘူးဆိုလဲပြီးတာပါပဲကွာ အော်ဒါနဲ့ ပါးလေ သားကြီးပြောတဲ့အင်္ကျီကိုJungkookလေးနဲ့ထည့်ပေးလိုက်တယ်ဆိုတာ သားကြီးကိုပြောလိုက်အုံးနော်)
'စိတ်…စိတ်ချပါပါးရဲ့'
(အေး အေး အဲဒါဆိုလဲပါးဖုန်းချလိုက်တော့မယ် ခရီးမှာအစစအရာရာဂရုစိုက်ကြအုံး)
'ဟုတ်…ဟုတ်ကဲ့ပါး'
ပါးနဲ့ဖုန်းပြောပြီးမှ အရာအားလုံးပေါ့ပါးသွားသလို သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်မိသည်။
ပါးပြောပုံအရဆိုရင်Jiminကအိမ်မှာရှိမနေဘူးဆိုတာ အသေချာ။JKလဲရောက်ရောက်ချင်းအိမ်ကိုသွားခဲ့တယ်ထင်တယ် အပစ်လုပ်ထားတဲ့သူဆိုတော့လဲ…ဒါနဲ့နေပါဦး JKကအင်္ကျီကိုဘယ်လိုလုပ်ပြီးသိသွားတာလဲ Jiminအဲအင်္ကျီလေးကိုမေ့ပြီးယူမလာခဲ့မိဘူးဆိုတာ ငါရယ်ပါးရယ်ပဲသိတာပါ မဟုတ်မှလွဲရော ပါးကJKအဲအင်္ကျီကိစ္စကြောင့်ရောက်လာတယ်ထင်ပြီး စကားလမ်းကြောင်းပေးလိုက်တော့
ဟိုအကောင်ကဖောလျောလိုက်တာထင်တယ် တတ်လဲတတ်နိုင်လွန်းတယ် တစ်ကယ့်လူလည်ကောင်။
'ကိုယ်တို့ဘာဆက်လုပ်ကြမလဲချာတိတ်'
'ဘာလုပ်ရမှာလဲJiminကိုရှာရမှာပေါ့…အရင်ဆုံးအိမ်ကိုတော့မပြန်သေးဘူး နေလို့ရမဲ့တစ်နေရာရာစီစဉ်ပေးလို့ရမလား'
'ရတာပေါ့ ဒါဆိုကိုယ့်တိုက်ခန်းကိုပဲမောင်းလိုက်တော့မယ်နော်'
ရပ်ထားသောကားလေးဟာ အရှိန်မှန်မှန်လေးဖြင့်မောင်းထွက်သွားသလို သက်မဲ့ဖုန်းလေးဟာလဲ ကိုင်မည့်သူမရှိသေး။
'ကိုယ်အိမ် ကိုယ်ယာလိုသဘောထားပြီနေနော်ချာတိတ်'
ဒါတစ်ကယ်ပဲဒီလူကြီးနေတဲ့တိုက်ခန်းလား??တစ်ယောက်ထဲနေတာကို ဘာလို့ဒီလောက်တောင်ကျယ်ရတာလဲ?နောက်ပြီးဒီလူကြီးက ဒီလောက်တောင်ချမ်းသာတာလား?သူ့ပုံစံက ကျောင်းသားရုပ်မပေါက်ပဲနဲ့ဘာလို့ကျောင်းတတ်နေရတာလဲ??ထားပါဒါကသူ့ကိစ္စ ခုချိန်မှာတော့ ပျောက်နေတဲ့ကိုယ်တော်ချောလေးကိုရှာရန်သာ အာရုံစိုက်ရမည်။
'ချာတိတ်ရေချိုးချင်ရင်လဲရတယ်နော် ကိုယ့်အခန်းထဲမှာရေချိုးခန်းရော အိမ်သာရောရှိတယ်'
'အင်း'
'ဒါဆိုကိုယ် ညနေစာအတွက်တစ်ခုခုစီစဉ်လိုက်အုံးမယ် ချာတိတ်အဆင်ပြေသလိုသက်တောင့်သက်သာနေနော်'
'အင်းပါ! သိပါပြီ အဖိုးကြီးကျနေတာပဲ ပွစိပွစိနဲ့'
ချာတိတ်ရဲ့ဆူပုတ်ပုတ်ပြောသံလေးကို သဘောတကျပြုံးပြီး ညနေစာတွက်စတင်ကာပြင်ဆင်ရပါတော့သည်။မနက်ကတည်းကဘာမှစားမလာခဲ့ရသလို လေယာဉ်ပေါ်မှာလဲအနည်းငယ်သာ စားလာရတာကြောင့် ဗိုက်တော့ဆာ၏။
ရေခဲသေတ္တာကိုဖွင့်ကြည့်မိတော့ အစုံအလင်အပြည့်ထည့်ထားသော ပစ္စည်းများကြောင့် စိတ်ကျေနပ်မိ၏။တစ်ပတ်တစ်ခါ အိမ်ကိုသန့်ရှင်းရေးလုပ်ပေးနေသော အဒေါ်ကြီးက ပစ္စည်းတွေကိုတစ်ခါထဲ ဝယ်ဝယ်ထည့်ပေးထားတာကြောင့် ပစ္စည်းတော်တော်များများ စုံလင်စွာရှိ၏။
ချက်ပြုတ်နေရင်ကြာအုံးမှာ ဒီချိန်လောက်ဆိုချာတိတ်လဲဗိုက်ဆာနေလောက်ပြီး အဲဒါကြောင့်ခေါက်ဆွဲပြုတ်ကိုသာအလွယ်တကူပြုတ်လိုက်တော့သည်။
ညစာလေးကတော့ ခေါက်ဆွဲပြုတ်လေးရယ်၊ ကင်မ်ချီလေးရယ်၊ ဝက်သုံးထပ်သားလေးရယ် ချာတိတ်ရယ်။
'စားလို့ရပြီလား'
'အင်းရပြီ အကြာကြီးစောင့်လိုက်ရလား'
'ရပါတယ်ဒီလောက်လေးကတော့'
စားပွဲခုံလေးမှာ နေရာတကျဝင်ထိုင်လိုက်ပြီး အစာစားခြင်းအလုပ်ကို တိတ်ဆိတ်စွာဆောင်ရွက်ကျ၏။ချာတိတ်ဗိုက်အရမ်းဆာနေလို့ထင်တယ် အားပါးတရစားပြီးနှုတ်ခမ်းလေးဆူဆူထွက်လာပုံလေးက အသည်းယားစရာ။
အဲဒီဆူထော်ထော်နှုတ်ခမ်းလေးကို တူလေးနဲ့ညှပ်ပြီး အချဉ်လေးနဲ့တို့စားပစ်လိုက်ရကွာ Min Yoongi မင်း စိတ်ထိန်းစမ်း။
'ချာတိတ်ဘာလုပ်မလို့လဲ'
'ခင်ဗျားက စားစရာတွေချက်ပေးထားတာဆိုတော့ကျွန်တော်ကပန်းကန်တွေဆေးပေးမလိုလေ'
'မလိုပါဘူးကွာ ချာတိတ်ကဒီမှာဧည့်သည်လေ သက်တောင့်သက်သာနေပါ'
'ခင်ဗျားအရစ်မရှည်စမ်းပါနဲ့ ပေးအဲပန်းကန် ကျွန်တော်ပဲဆေးမယ်'
ပန်းကန်ကိုလုယူသွားပြန်ပြီ ဒီကောင်လေးဘာဖြစ်ချင်နေမှန်းမသိ။Min Yoongiတို့စိတ်တွေလွှတ်ပေးလိုက်ရင်လဲ ဒီကောင်လေးကြေမွကုန်အုံးမယ်။ချာတိတ် မင်းနော် ကိုယ့်ကိုရန်မရှာချင်စမ်းနဲ့ မင်းပဲနာလိမ့်မယ်။
'ကျွန်တော်ဘယ်မှာအိပ်ရမှာလဲ'
'ချာတိတ်ကအိပ်တော့မလို့လား'
'ဟုတ်တယ်လေ မနက်ကျရင်လဲစောစောထပြီး
Jiminကိုလိုက်ရှာရအုံးမယ်'
'ဟုတ်ပါပြီဗျာ ကိုယ်တော်ချောလေး ကျွန်တော်မျိုးရဲ့အခန်းကိုကြွပါခဗျ'
ဒီလိုအေးတိအေးစက် လူအေးကြီးက ဒါမျိုးလဲနောက်တတ် ပြောင်တတ်တာပဲလား ဘယ်လိုလူကြီးမှန်းကိုမသိဘူး။
'ကုတင်ကတစ်လုံးတည်းလား'
'ကိုယ်တစ်ယောက်ထဲအိပ်တာလေတစ်လုံးထဲပေါ့ ဆယ်လုံးလောက်ဝယ်ထည့်ထားရမှာလား'
'လာရွဲ့မနေနဲ့!'
'မရွဲ့ရဲပါဘူကြောက်ပါတယ်'
'ဒါဆိုကျွန်တော်ကဘယ်မှာသွားအိပ်ရမှာလဲ'
'ကုတင်ပေါ်မှာအိပ်လေ'
'ဒါဆိုခင်ဗျားကရော…'
'ကိုယ်လဲကုတင်ပေါ်မှာအိပ်မှာလေ'
'အဲလိုမရပါဘူး'
'ဘာဖြစ်ပြန်ပြီလဲကွာ ကမ်းခြေမှာလဲတစ်ကုတင်ထဲအိပ်လာတာကို'
'အဲဒါကအဲဒါ အခုကအခု ခင်ဗျားကုတင်ပေါ်မှာအိပ်မှာဆို ကျွန်တော်ဆိုဖာမှာသွားအိပ်လိုက်မယ်'
'ကျစ်! နေနေကိုယ်ပဲဆိုဖာမှာသွားအိပ်လိုက်မယ်'
'ဒါဆိုလဲသွားလေ'
အခန်းအပြင်သို့ မေးငေါ့ပြနေတဲ့ချာတိတ်ဟာတစ်ကယ့်ကိုလူလည်လေး။ဆွဲထားမယ်အထင်နဲ့ ဆိုဖာမှာအိပ်မယ်လို့ပြောမိတာကိုကမှားတာ ခံပေအုံးပေါ့Min Yoongiရေ။
'ဟန်ဆောင်ပန်ဆောင်လေးတောင်ဆွဲမထားဘူးနော်'
'ဘာလို့ဆွဲထားရမှာလဲ မြန်မြန်သွားတော့ ကျွန်တော်အိပ်တော့မှာ'
'တစ်ကယ်ကြီးသွားရမှာလား'
'တစ်ကယ်ကြီးပေါ့ ကြိုပြောထားမယ်နော် ဒီအခန်းထဲဝင်လာဖို့ယောင်လို့တောင်မစဉ်းစားမိစေနဲ့'
'ဟုတ်ကဲ့ပါခဗျ ကြောက်နေရတာပဲနော်'
'သွားပါ သွားမှာဖြင့်မြန်မြန်သွား'
နောက်ကျောဘက်ဆီမှ လက်ဖြင့်ထောက်ကာ အခန်းထဲမှ နှင်ထုတ်ခံရပါတော့သည်။
နှင်ထုတ်ခံရလို့ဝမ်းနည်းလားဆိုတော့ နည်းနည်းလေးတောင်မှဝမ်းမနည်းပါ ဘာလို့လဲဆိုတော့…ဒီတိုက်ခန်းထဲ တံခါးတိုင်းက ဟောဒီကMin Yoongi လက်ဗွေနဲ့ဖွင့်ရင် မဖွင့်တဲ့အခန်းဆိုတာမရှိ၊
ဒါကြောင့်ချာတိတ်အိပ်ပျော်တဲ့အချိန်ထိပဲ အပြင်မှာထိုင်စောင့်နေလိုက်မည် ချာတိတ်အိပ်ပြီဆိုတာနဲ့ အခန်းထဲဝင်ပြီး ချာတိတ်ဘေးဝင်အိပ်မည် ဒီလောက်ပါပဲ။
---------------
'ဟယ်လို ဒေါက်တာKim SeokJinပြောနေပါတယ်'
(ဟယ်လိုhyung ကျွန်တော်ပါ)
'ဘယ်သူလဲမသိဘူး'
(ကျွန်တော်Kim Namjoonပါ)
'အော်လေဆိပ်မှာဝင်တိုက်တဲ့တစ်ယောက်မလား'
(ဟုတ်…ဟုတ်ပါတယ် ဒေါက်တာအခုဖုန်းပြောလို့အဆင်ပြေလားမသိဘူး)
'ရပါတယ်ပြောပါ ဒါကိုယ့်ရဲ့နားချိန်ဖြစ်နေတာကြောင့် ပြောလို့ရပါတယ်'
(ဟို…ဟိုဟာလေ ဒေါက်တာနေကောင်းလားဆိုတာ သိချင်လို့ဖုန်းဆက်လိုက်တာပါ)
'ဒေါက်တာကဆရာဝန်ဆိုတာ Namjoon ssiမေ့နေတာတော့မဟုတ်ပါဘုးနော်'
(ဟုတ်…ဟုတ်သားပဲ ဒါနဲ့ဒေါက်တာဘာစားပြီးပြီလဲ)
'ဒေါက်တာခုလေးတင် နေ့လည်စာစားပြီးတာ'
(အာ…)
ဒေါက်တာရဲ့လိပ်စာကတ်လေးကို ထုတ်ကြည့်ပြီး ဖုန်းဆက်သင့်မဆက်သင့်စဉ်းစားနေတာ နောက်ဆုံးတော့ဆက်ဖြစ်သွား၏။ဖုန်းဝင်သွားတော့လဲ ဘာပြောရမှန်းမသိတာကြောင့် နည်းနည်းတော့ အူကြောင်ကြောင်နိုင်၏။
(ဒါနဲ့ဒေါက်တာ ဒီအပတ်အားလားမသိဘူး)
'ဒီအပတ်ကသိပ်တော့မသေချာဘူး ဘာဖြစ်လို့လဲ Namjoon ssi'
(ကျွန်တော်ဒီအပတ်ထဲပြန်လာဖြစ်မှာလေ အဲဒါဒေါက်တာကို ထမင်းလိုက်ကျွေးချင်လို့ပါ)
'လေဆိပ်တုန်းကကိစ္စတွက်ဆိုရင် နေပါစေ'
(အဲလိုလဲဘယ်ဟုတ်ပါ့မလဲဒေါက်တာရယ် ကျွန်တော်ကလိုက်ကျွေးမယ်လို့ပြောပြီးပြီဆိုတော့ လိုက်ကျွေးပါရစေ)
'ဒါဆိုလဲ ဒီလိုလုပ်လေ ဒေါက်တာဒီအပတ်ဘူဆန်ကိုသွားစရာကိစ္စလေးရှိလို့ Namjoon ssiထမင်းလိုက်ကျွေးချင်ရင် နောက်အပတ်ရောဘယ်လိုလဲ'
(ရတယ် ရတယ် နောက်အပတ်လဲအဆင်ပြေပါတယ်ဒေါက်တာ)
"ဒေါက်တာ!! အရေးပေါ်လူနာရောက်နေပါတယ်"
'နောက်၅မိနစ်အတွင်းလာခဲ့မယ် ခွဲစိတ်ခန်းအဆင်သင့်ပြင်ထားလိုက်'
"ဟုတ်ကဲ့ဒေါက်တာ"
တစ်ဖက်မှ သူနာပြုမလေးစကားသံအဆုံး ဖြတ်တောက်ရတော့မဲ့ စကားဝိုင်းလေးကို အနည်းငယ်တော့နှမျောမိသား။ဒေါက်တာဆီဖုန်းဆက်ရန် အချိန်အများကြီးယူထားရတာမို့ ဒီလောက်လေးပဲစကားပြောရတာကို မကျေနပ်နိုင်ပါ။
'Namjoon ssiပြောစရာမရှိတော့ရင် ဒေါက်တာဖုန်းချလိုက်တော့မယ်နော် အလုပ်ကိစ္စလေးပေါ်လာလို့'
(ဟို…ခဏဒေါက်တာ ဒေါက်တာအဆင်ပြေမယ်ဆိုရင်လေ ကျွန်တော့်ကိုNamjoon ssiလို့မခေါ်ပဲ ရင်းရင်းနှီးနှီးဖြစ်သွားအောင် Joonလို့ခေါ်ပါလားဒေါက်တာ)
'ဒေါက်တာကတော့အဆင်ပြေပါတယ် ကိစ္စမရှိပါဘူး ဒါဆိုဖုန်းချလိုက်တော့မယ်နော်Joon'
ပြတ်တောက်သွားသော ဖုန်းသံလေးအဆုံး Joonဆိုတဲ့ စကားလုံးလေးကို ကြားရလို့ ဝမ်းသာအားရဖြစ်ပြီး ပါးချိုင့်ကြီးခွက်နေအောင်ပြုံးနေတဲ့လူတစ်ယောက်ရှိသလို၊ မျက်မှန်လေးပင့်တင်ကာ ကလေးဆန်လိုက်တာဟုတွေးရင်း ခေါင်းခါနေတဲ့ဒေါက်တာလေးလဲရှိသတဲ့။
______________________________________
Thanks for reading and vote 🎀
သာသာအပျင်းလေးကို စာရေးချင်စိတ်ဖြစ်အောင် Motiလေးတွေပေးကြပါအုံး🤧
Zawgyi
-----------
~~Jeon Jungkook~~
---------------
"ဒေါက် ဒေါက်"
'Jungkook!'
'ဟို…'
'ဟို…အဲဒါက…'
'အဲ…အဲဒါက…ဟို…'
'အာ…ဟုတ် ဟုတ်တယ်'
'ရ…ရပါတယ်ဗျ'
----------------
~~တီ တီ~~
'ကိုင်လိုက်လေကွာ'
'ဟူးးး~~'
'ဟယ်လိုပါး'
'ဗျာ!!!'
'စိတ်…စိတ်ချပါပါးရဲ့'
'ဟုတ်…ဟုတ်ကဲ့ပါး'
'အင်း'
'စားလို့ရပြီလား'
'လာရွဲ့မနေနဲ့!'
'ကုတင်ပေါ်မှာအိပ်လေ'
'ဒါဆိုခင်ဗျားကရော…'
'အဲလိုမရပါဘူး'
'ဒါဆိုလဲသွားလေ'
---------------
'ဘယ်သူလဲမသိဘူး'
(အာ…)
"ဟုတ်ကဲ့ဒေါက်တာ"
______________________________________