Love = Love ( Taekook ) ( Com...

By nectarine_jeon

56.1K 4.3K 2.3K

Unicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 20. 4.2022 End date - 16. 5.20... More

Ep : 1
Ep : 2
Ep : 4
Ep : 5
Ep : 6
Ep : 7
Ep : 8
Ep : 9
Ep : 10
Ep : 11
Ep : 12
Ep : 13
Ep : 14
Ep : 15
Ep : 16
Final - 1
Final -2

Ep : 3

2.4K 259 118
By nectarine_jeon

Unicode

ချွင် ..! ချွင်..!

ပေ ၂၀ပတ်လည်မက ကျယ်ဝန်းလှသည့် ထမင်း
စားခန်းကြီးထဲတွင် တစ်ချက်တစ်ချက်ထွက်ပေါ်လာသည့် ဇွန်း ခရင်းသံတချွင်ချွင်သာကြားရသည်။ရှည်မျောလှသည့် စားပွဲကြီးရဲ့ ညာဘက်ထိပ်ဆုံးခုံတွင် ငြိမ်ငြိမ်လေးထိုင်ကာ ထမင်းစားနေသည့် ဂျောင်ကုရယ်။အနားတွင်တော့ သူထမင်းစားတာကို ပြုံး၍ကြည့်နေသည့် အိမ်တော်ထိန်းကြီးရယ်သာရှိသည်‌လေ။ဘုရင့်ပွဲတော်တည်သကဲ့သို့ များပြားလှတဲ့ဟင်းပွဲတွေထဲကမှ ရှေ့တွင်ရှိသည့် ဟင်းပန်းကန်ထဲကသာ ထည့်စားနေသည့် ဂျောင်ကုက ဝတ်ကျေတန်းကျေသာရှိသည်။

ရေချိုးပြီးခါစ မျက်နှာနုနုကရှင်းသန့်နေပြီး မည်သည့်အမူအရာမှ မဖော်ပြသည့်ဂျောင်ကုက ခဏကြာတော့ စားလက်စကို ရပ်ကာ ဘေးတွင်အဆင်သင့်ချပေးထားသည့် ရေခွက်ကို ယူသောက်လိုက်ပြီးနောက် ခပ်တိုးတိုးဆိုသည်။

"ကျွန်တော် တော်ပြီ ဒေါ်ကြီး ~"

"အဆင်မပြေလို့လား သခင်လေးရဲ့ ~ ဘာစားချင်လဲ ဒေါ်ကြီး လုပ်ပေးမယ်လေ ~"

"ပြေပါတယ် ~ ဒေါ်ကြီးရဲ့ လက်ရာကလည်း အရမ်းကောင်းတယ် ~ ဒါ ဒါမဲ့ အရမ်းအထီးကျန်လွန်းလို့ စားမဝင်ဘူး ဖြစ်နေတယ်ဗျ !"

အသက်ဆယ်နှစ်ကစလို့ ထမင်းစားလည်း တစ်ယောက်တည်းစားရသလို မွေးနေ့လိုနေ့မျိုးတွင်တောင် တစ်ယောက်တည်း ကျင်းပခဲ့ရသည်။အမေများနေတို့လိုဆိုလည်း သူနဲ့လိုက်မယ့်သူမရှိ ဒေါ်ကြီးကသာ လိုက်သည်။

မအားဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့ ဂျောင်ကုကို ငွေပုံကြားမှာ ရှင်သန်စေတယ်။သူလိုချင်တာ မိဘမေတ္တာ၊နွေးထွေးမှု၊ကြင်နာမှု၊စည်းလုံးမှု ဒါတွေကသာ သူ့ရဲ့လိုအပ်ချက်ဖြစ်နေခဲ့တာကို ဘယ်သူမှ သတိမရကြဟန်ပါဘဲ။

ငယ်ငယ်ကတည်းက သူ့ကိုအခြွေအရံတွေနဲ့သာ ထားခဲ့တဲ့ မိဘတွေက သူ့ကိုသိပ်ချစ်လို့..အရာအားလုံးသူ့အတွက်ဆိုပြီး အလုပ်ကိုဖိလုပ်ကြသတဲ့။အမှန်တကယ် လိုအပ်တာကို ယူဆောင်မပေးကြပါ။

သိတတ်စအရွယ်ရောက်တော့ မိဘတွေဆီက အာရုံစိုက်မှုလိုချင်တယ်..ဒါက မကောင်းဘူး ဒါတော့ကောင်းတယ် စသည့်ဖြင့် ဆုံးမမှု‌ကို နားထောင်ချင်တယ်။ထို့ကြောင့် သူ ဆိုးပေ့ဆိုတဲ့အရာတွေကိုအသက်နဲ့မလိုက်အောင်လုပ်တယ်။ပြသနာရှာတယ်။သို့ပေမယ့် လိုချင်တာတွေဖြစ်မလာခဲ့။အဲ့အစား ဘယ်ရာမဆို ငွေနဲ့ပဲ ဖြေရှင်းပေးသည်။

တကယ်တမ်း သူတို့ကသာ ဂျောင်ကုကို ပျက်စီးအောင် လုပ်နေကြတာ..!

"သခင်လေးရယ် ~"

"ရင်ဘက်ထဲက အရမ်းနာတယ် ~ နာလွန်းလို့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး ~"

"ဒေါ်ကြီးရှိတယ်နော် ~ ဘယ်သူမှ ပြန်မပြောမှာမို့ ငိုချင်ငိုချလိုက် ~ ပြိုလဲပစ်လိုက် ~ ဒါပေမယ့် အချိန်တန်ရင်တော့ အားအင်အပြည့်နဲ့ မတ်မတ်ပြန်ရပ်ရမယ် ~"

မိဘမေတ္တာငတ်မွတ်နေတဲ့အပြင် အပြောချိုချိုလေးနဲ့ သိမ်းသွင့်ပြီး မထင်ရက်တဲ့လုပ်ရက်ကို ကျူးလွန်ခဲ့တဲ့မိခင်ကြောင့် သခင်းလေးက သိပ်သနားစရာကောင်းသည်။သန်မာချင်ယောင် ဆောင်လို့ နူးညံ့တဲ့အသွင်ကို ဖုံးကွယ်ထားပေမယ့် သူမ ဆိုရင်တော့ အသွင်စစ်ကိုပြတတ်
သည်။

အသားကျနေတဲ့အထီးကျန်ဆန်မှုတွေကို အန်တုလာခဲ့တာ နုနယ်တဲ့နှလုံးသားလေးက ကြာတော့ တောင့်မခံနိုင်ဘူးထင်ပါရဲ့ ငိုသန်ပါလေးဖြင့် ခပ်အက်အက်ဆိုလာသည်။

အခုချိန် သခင်လေးလိုအပ်နေတာ အားပေးနှစ်သိမ့်မှုတစ်ခု၊ အဲ့ဒါထက် ငိုလို့ရမယ့် ရင်ခွင်ကျယ်တစ်ခုဆိုတာ သူမ သိနေသည်။ ထိုင်ခုံတွင် ခေါင်းငိုက်စိုက်ထိုင်ရင်း သူ့ရင်ဘက်ကို လက်ညှိုး
ထိုးကာ ပြောနေသော သခင်လေးအနားသွားကာ ရင်ခွင်ထဲထည့်လိုက်သည်။ခေါင်းလုံးလုံးလေးကို ခပ်ဖွဖွပွတ်သပ်လို့ ရင်ဖွင့်ချဖို့ဆိုတော့ မကြာပါ ကိုယ်ငယ်လေးက တစ်သိမ့်သိမ့်တုန်ရင်း သူမ ရင်ခွင်ထဲတွင် ရှိုက်ကြီးတစ်ငင် ငိုကြွေးလာသည်။

"အင့် ! အီးဟီး..! ဘာလို့ လုပ်ရက်ရတာလဲ ဟင့် ! ပြောတော့ ကျွန်တော်နဲ့ ဒယ်ဒီကို အချစ်ဆုံးဆို ! အခုတော့ ! "

"အဆင်ပြေသွားမှာပါ ~ သခင်လေးက သန်မာတဲ့ကောင်လေးဆိုတာ ဒေါ်ကြီး ယုံတယ် ~"

"သူမ ကို ကျွန်တော် မုန်း တယ် ! "

ဟုတ်တယ် သူမ ကိုသိပ်မုန်းသည်။သူ့ကို ဂရုမစိုက်တဲ့ဒယ်ဒီထက် သူ့ကို သိပ်ချစ်ပါတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်သွားတဲ့ မာမီဆိုတဲ့ အမျိုးသမီးကို ပို‌မုန်းသည်။

ဒေါ်ကြီးရင်ခွင်ထဲမှာ ငိုလို့ဝတော့ အသာရုန်းထွက်ကာ မျက်ရည်စတွေကို ခပ်ကြမ်းကြမ်းဖိသုတ်ပစ်သည်။ချက်ချင်းဆိုသလို စောနနဲ့မတူစွာ
နုနယ်လွန်းတဲ့ကောင်လေးက မေ့မရတဲ့ မြင်ကွင်းအချို့ကြောင့် မျက်သားတို့နီတက်လာပြီး အံကို ခပ်တင်းတင်းကြိတ်ပစ်သည်။

တစ်ဆက်တည်းဆိုသလို သွားကြားထဲကလေသံဖြင့် တစ်လုံးချင်ဆိုသည်က...

"ဂျွန်ဂျောင်ကုက သိပ်ကိုသန်မာတဲ့သူဖြစ်လို့ ဘယ်တော့မှပြိုလဲမှာ မဟုတ်ဘူး " တဲ့လေ ။

~~~~~~~~~~~~~~~~~

ထယ်ယောင်းရဲ့‌နေ့ရက်တွေကပုံမှန်လိုပါပဲ ‌။ကျောင်းရောက်တာနဲ့ ဟိုဘီ၊ဂျီမင်တို့နဲ့ အတူ ကန်တင်းလိုက်ထိုင်ပေးရသည်။သူတို့စားသောက်ပြီးမှ ထယ်ယောင်းလည်း အတန်းတက်ရတဲ့အဖြစ်။အခုလည်း ရှေ့ကနေ တစ်ဖြဲနှစ်ဖြဲစားနေတဲ့ ဂျီမင်နဲ့ သူ့ဘေးကနေ တွတ်ထိုးနေတဲ့ ဟိုဘီကြောင့် စားပွဲပေါ်တင်ထားသော စာအုပ်တောင် မလှန်ရသေးပါ။

"ထယ်ယောင်း ~ မင်းကို ကြည့်နေတယ်နော် ဟျောင့်ရေ !"

"ငါ သိတယ် ~ "

ဘေးနားက ဟိုဘီဆီမှ ခပ်တိုးတိုးထွက်လာသော စကားကြောင့် သူလည်း အေးဆေးစွာ ပြန်ဖြေလိုက်သည်။မသိဘဲနေပါ့မလား ။ဒီလောက်တစ်ဝိုင်းကျော်လေးကနေ မျက်နှာချင်းဆိုင်ပြီး သူ့ကိုပေါက်ထွက်မတက်ကြည့်နေတာကို မရိပ်မိရ
အောင် ခပ်ညံ့ညံ့ကောင်မဟုတ်။မသိချင်ယောင် အသာဆောင်ထားတာ။

အခုထိလည်း သူ့ကိုကြည့်နေတာများ ပြာကျမတက်ဘဲ။ကြက်သီးတောင် ထတယ်။ခပ်တည်တည်နဲ့ စာအုပ်ကို ကောက်လှန်ကာ အာရုံကို စာတွေဆီသာ ပို့လိုက်သည်။

စာဖတ်နေရရင် သူ့စိတ်ပျော်နေရော..!

"သိရုံနဲ့မရဘူးလေကွာ ~ မနေ့က မင်းနဲ့ငြိခဲ့တာမဟုတ်လား ? "

"အင်း ~ ဒါမဲ့ ချာတိတ်က ထင်သလောက်မဟုတ်ပါဘူးကွ ~ ထားလိုက်ပါ သူ မျက်လုံးညောင်းရင် ရပ်သွားလိမ့်မယ် ~"

"ဟိုက မင်းကိုကြိမ်းသွားတာတောင် အေးဆေးနေလိုက် ~ "

ဘာမှမဖြစ်သလို လုပ်နေတဲ့ ထယ်ယောင်းကို မနေ့ကအကြောင်းသိနေပြီဖြစ်တဲ့ ဂျီမင်လည်း မနေနိုင်တော့ဘဲ ဝင်ပြောမိသည်။တကယ်သွေး
အေးပြီး အကြောက်တရားနည်းနည်းမှမရှိတဲ့ကောင်။သူ့ကို ဟိုက ဗိုက်ထိုးလွှတ်တဲ့အပြင်ကြိမ်းသွားတာတောင် စာကြည့်မပျက်ဘူး။

ဂျီမင်က ဂျွန်ဂျောင်ကုနဲ့ ကျောပေးအနေထားမို့ သေချာမသိပေမဲ့ သူ့ရဲ့စပ်စုစိတ်ကြောင့် မသိမသာငဲ့ကြည့်မိတော့ ထယ်ယောင်းကို မီးပွင့်မတက်စိုက်ကြည့်နေတာဗျာ။

ဖင်တောင်ကြိမ်းတယ် တကယ်ပဲ !

"ဟက် ~ အဲ့လိုမနေလို့ ငါက ဘယ်လိုနေရမှာတုန်းကွာ ~ စားစရာတာသာ စားကြကွာ ~ အတန်းနောက်ကျလိမ့်မယ် ~"

"သိပါတယ်ကွာ..!"
.
.

ဂျောင်ကုဒီနေ့ ကိစ္စတစ်ခုကြောင့် ကျောင်းကို အစောကြီးလာကာ ကန်တင်းထိုင်နေခြင်း။သူရောက်ပြီး မကြာဘူး မနေ့ကတွေ့ခဲ့လူနဲ့ သူ့သူငယ်ချင်းတွေလို့ထင်ရတဲ့ ဘဲကြီးနှစ်ယောက်က ကန်တင်းထဲ ဝင်လာကာ ဂျောင်ကုဝိုင်းတစ်ဝိုင်း‌ကျော်ရှိ မျက်နှာချင်းဆိုင်စားပွဲတွင် ဝင်ထိုင်ကြသည်။

မနေ့ကတည်းက မကျေနပ်ခဲ့တဲ့လူ‌က စာဂျပိုးဖြစ်ပုံရသည်။ရောက်လာကတည်းက စာအုပ်ပဲ ကြည့်နေတာ။

ဟွန့်! ပျင်းစရာဘဲ !

နို့တစ်ခွက်မှာရင်း ဒီလူ့ဝိုင်းကို ခပ်စူးစူးကြည့်နေလိုက်တယ်။အနည်းဆုံးတော့ သူစိုက်ကြည့်နေတာသိရင် မျက်နှာမလုံတော့ဘူးမလား။ခုပဲကြည့် ‌စာအုပ်ကိုစိုက်ကြည့်နေတာ ခေါင်းကိုပြန်မမော့တော့ဘူး။

မတွေ့အောင်နေလို့ ပြောခဲ့သားပဲ..!
ခင်ဗျားဘာသာ ကျုပ်ရှေ့ရောက်လာတာ..!
ပါးပါးလေးတော့ စွပေးရမှာပေါ့..!

ဂျောင်ကုက ချစ်စရာမျက်နှာလေးနဲ့မလိုက်စွာ ခပ်မဲ့မဲ့ပြုံးလိုက်သည်။ခဏကြာတော့ စောင့်နေရသူက ဘေးတွင်ဝင်ထိုင်လာသည်။

"ရောက်နေတာ ကြာပြီလား ? "

"ကျွန်တော် စုံစမ်းခိုင်းတဲ့လူသိပြီလား ?"

"အင်း !"

"ဘယ်သူလဲ ဘယ်ကတဲ့လဲ ?"

ဂိုဒါရာလို့ ဆိုလိုက်တာနဲ့ အမြီးမှန်းခေါင်းမှန်းမသိတော့တဲ့ ကုကီးက အခုလည်း မနေ့ညက စုံစမ်းခိုင်းတဲ့အရာကြောင့် အစောကြီးရောက်နေသည်။

ကိစ္စကလည်း သူမနေ့ကညနေ ကျောင်းကပြန်တော့ ဂိုဒါရာကို ယောက်ျားတစ်ယောက်နဲ့ အတူတွဲသွားတာကို မြင်လိုက်တဲ့ကိစ္စပင်။ကုကီးကို ဂိုဒါရာကြောင့်နဲ့ ဆက်မနစ်မွှန်းစေချင်တော့တာ‌ရော သူကိုယ်တိုင်ကလည်း ဒီလို အပြောင်း
လဲမြန်တဲ့မိန်းကလေးနဲ့ ညီလေးလိုချစ်ရတဲ့သူကို သဘောမတူနိုင်။ဒါကြောင့် မြန်မြန်ပြီးစေရန် နှစ်ယောက်ပုံကို ဓာတ်ပုံရိုက်ယူကာ ကုကီးကို ညကပြလိုက်ခြင်း။

တွေ့တွေ့ချင်း စိတ်မထိန်းနိုင်တဲ့ကုကီးက clubမှာ ပြသနာရှာခဲ့တာမို့ ဝန်ကြီးချုပ်က လူလွတ်ကာ အပျက်အစီးတော်တော်များကိုလည်း ဖြေရှင်းခဲ့ရသည်။သူလည်း အတော်ထိန်းခဲ့ရသည်။စိတ်ငြိမ်သွားတော့ ဒီကိစ္စကို စုံစမ်းခိုင်းသည်။ခုလည်း ရောက်တာနဲ့ သူတစ်ဝိုင်းကျော်က လူကို ပေါက်မတက်စူးစူးကြည့်နေသူက ချက်ချင်းကို မေးတော့တာ။

ယွန်းဂီ ထိုနေရာကို တစ်ချက်ကြည့်ကာ သက်ပြင်းခပ်ယဲ့ယဲ့ချရင်း...

"မင်း ရှေ့ကတစ်ဝိုင်း‌ကျော်မှာထိုင်နေတဲ့လူပဲ ! ကင်မ်ထယ်ယောင်း တဲ့ !"

"ဘာ..!  တောက် ! "

ဂျောင်ကု အစကတည်းက ဒီလူ့ကို မျက်မုန်းကျိုးနေခဲ့တာ။အခုတော့ သတ်ပစ်ချင်လောက်အောင် ဖြစ်သွားသည်။ဒီလူ့ကြောင့် ဆယ်စုနှစ်နီးပါးရှိတဲ့ သံယောဉ်စဉ်က ချက်ချင်းပြတ်စေခဲ့တာ။

ဒီလူ့ကြောင့်ပဲ မက သူ့ကို ဆက်ဆံခဲ့တာ !
သွေးအေးခဲ့တာ..!

ဂျောင်ကု မျက်လုံးတို့ ရဲတက်လာပြီး အံကိုခပ်တင်းတင်းကြိတ်ပစ်လိုက်သည်။လက်သီးကိုပါ ကျစ်ကျစ်ပါအောင် ဆုပ်လို့ နေရာမှ ချက်ချင်းထမယ် လုပ်တော့ ပြသနာဖြစ်မှာစိုးတဲ့ အစ်ကိုယွန်းဂီက သူ့ကို ပြန်ထိုင်ဆွဲချသည်။

"ပြန်ထိုင်နေလိုက် ကုကီး ! "

"အစ်ကိုယွန်းဂီ ..!"

"ပြောတာကို ဆုံးအောင်နားထောင် ! ငါစုံစမ်းရသလောက်ဆို ကင်မ်ထယ်ယောင်းက အငြိမ်ပဲ ! မငြိမ်တာ မင်းရဲ ချစ်လှစွာသော မ ပဲ ! သူက လိုက်ပတ်သက်နေတာ !"

" မ မဖြစ်နိုင်တာ ! မ က ဘာလို့ အဲ့လိုလူကို ချစ်ရမှာလဲ ? အစ်ကိုယွန်းဂီ ကျွန်တော့်ကို ညာနေတာမလား ?"

"တစ်ကျောင်းလုံး သိတဲ့ကိစ္စကို ငါက လိမ်ပြောစရာလား ? အမှန်တရားက မင်းမဟုတ်တဲ့ အခြားတစ်ယောက်ကို မင်းရဲ့ မက ချစ်နေတာပဲ ! ဒါကြောင့် လွှတ်ချလိုက်တော့ ! အဲ့တာ အကောင်းဆုံးဖြစ်လိမ့်မယ် !"

"ဘာလို့ လွှတ်ချရမှာလဲ လုံးဝပဲ ! မ က ကျွန်တော့်အတွက် ဘယ်လိုလူမျိုးမို့ သူများလက်ထဲလွယ်လွယ်ထည့်ပေးရမှာလဲ ?"

မက ဒီလူ့ကိုချစ်နေလို့ ဂျောင်ကုက လက်လွတ်ပေးရမယ်တဲ့လား..?
လုံးဝ မဖြစ်နိုင်ဘူး ။ တစ်ကျောင်းလုံးမကဘူး တစ်ကမ္ဘာလုံးကပြောလည်း မယုံဘူး ။ မက သူ့ကို အများကြီးချစ်ပေးမယ်လို့ ပြောခဲ့တာလေ။ပြီးတော့ မ ကိုယ်တိုင်ပြောတာမှမဟုတ်တာ။အခုကလည်း သူမလိမ္မာလို့ မက စိတ်ကောက်နေတာ။

ဟုတ်တယ် ! အာ့လိုဘဲ ဖြစ်မှာ !

ဂျောင်ကု ခေါင်းကိုအသွင်သွင်ခါလို့  အက်ကွဲကွဲအသံတို့ကို ထိန်းကာပြောနေရသည်။သူ တားမှာ။ဒီလူ့ကို မနဲ့ဝေးဝေးနေဖို့ မရ ရတဲ့နည်းနဲ့လုပ်မှာ။

"ခေါင်းမမာနဲ့ ကုကီး !"

"ဒီလူ့ကို မနဲ့ မပတ်သတ်ဖို့ သွားပြောမှာ ! "

"မ ~ "

အစ်ကို ယွန်းဂီ တားနေတဲ့ကြားက ထပ်ထဖို့လုပ်တော့ ပန်းနုရောင် ဒူးအတိဂါဝန်လေးကိုဝတ်လို့ ကန်တင်းထဲကြွကြွရွရွဝင်လာသည့် သူမရဲ့ အပြုံးလှလှလေးတွေနဲ့ ဆုံသည်။ ဒေါသတွေက မရဲ့အပြုံးကြောင့် ခေတ္တတော့ ချုပ်ငြိမ်းဟန်ဖြစ်ကာ အနားရောက်လာသော မက နှုတ်ခမ်းလေးဖွင့်အရုံမျှခေါ်လိုက်သည်။

သို့သော မကတော့ သူ့ကို အကြည့်တစ်ချက်ပင်မစွန့်ကြဲဘဲ ကင်မ်‌ထယ်ယောင်းဆိုတဲ့လူရဲ့ဝိုင်းဆီ တန်းတန်းမတ်မတ်လျှောက်သွားသည်။

"လွှတ် ကျွန်တော့်ကို !"

"ကျစ် ကုကီး ! စိတ်လျှော့စမ်း ! ပြသနာပိုကြီးအောင် မလုပ်နဲ့ !"

"ဒုန်း..!"

အတင်းသွားမယ်လုပ်နေတဲ့ကုကီးကို ယွန်းဂီအတော်ပင် ထိန်းနေရသည်။အရေးထဲ ဟိုဟာမကလည်း ကန်တင်းလာပြီး ကင်မ်ထယ်ယောင်းတို့ဝိုင်းကို သွားတော့ ပိုဆိုးကုန်ရော။သူသာ မဆွဲထားရင် သောင်းကျန်းတော့မယ် ကုကီးရဲ့ မျက်လုံးတွေမှာ ကြေကွဲမှုတွေ အတိုင်းသား။

အာ့ကြောင့် သူ ဒီကောင်လေးကို လွှတ်ချစေချင်တာ..!
အရမ်းပူလောင်လွန်းတယ် မဟုတ်လား..?
.
.
ကန်တင်းက ဆူညံနေသည်မို့ ချာတိတ်တို့ဝိုင်းက စကား‌သံတွေကို မကြားရပေမယ့် ရုန်းရင်းဆန်ခက်ဖြစ်နေကြဟန်။ချာတိတ်က မျက်နှာလေးတစ်ခုလုံးအပြင် မျက်သားလေးတွေပါ ရဲတက်ပြီး ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးလို သူ့ကို ခပ်စူးစူးကြည့်လိုက် ထဖို့ပြငလိုက်နဲ့ ၊ဘေးက အသားဖြူဖြူနဲ့လူကတော့ ချာတိတ်ကော ဆွဲလိုက် စကားပြောလိုက်နဲ့ ။

မဟုတ်မှ ချာတိတ်က သူ့ကိုပြသနာရှာမလို့များလား..?

ထယ်ယောင်းက မျက်နှာချင်းဆိုင်ဆိုတော့ အကဲခက်မိနေသလို ခံစားချက်ကလည်း သိပ်မကောင်း။တစ်ဆက်တည်းဆိုသလို ဒါရာကလည်း သူတို့ဝိုင်းဆီ ရောက်လာကာ ထယ်ယောင်းဘေး မတ်တပ်လာရပ်သည်။

ထယ်ယောင်းက သိလိုစိတ်ဖြင့် တစ်ချက်မော့ကြည့်တော့...

"ထယ်ယောင်း ~"

"ဒါရာ ဘာကိစ္စရှိလို့လဲ ?"

"မနေ့ကအတွက် ကျေးဇူးတင်လို့ တို့ ထယ်ယောင်းအတွက် ထမင်းလိပ်လုပ်လာပေးတာ ~ ယူမယ်မလားဟင် ?"

"ဟို ကိုယ်မလို__ "

"ကျေးဇူးပဲ ကျွန်တော်ကြိုက်တယ် ~"

သူမ ဘာလို့ပေးလဲ သိ‌သည်။အခုချိန် သူသာ ယူလိုက်ရင် နောက်ဆိုလည်း ဒါမျိုးတွေဖြစ်လာတော့မှာ။အားနာပေမယ့်လည်း မျှော်လင့်ချက်မပေးချင်ဘူး‌လေ။ဒါကြောင့် သူ့အဖြေကို ‌မျှော်
လင့်တကြီး စောင့်ရင်း လက်ထဲက ဘူးလေးအား ကမ်းပေးလာသည့် သူမကို တစ်ချက်ကြည့်ကာ ငြင်းဖို့ပြင်သည်။

သို့သော် လစ်ခနဲဆိုသလို မုန့်ဘူးကိုယူကာ တစ်ခုယူစားရင်း ကြားဖြတ်ပြောလာတဲ့ ချာတိတ်ကြောင့် အာရုံတွေက အကုန်ချာတိတ်ဆီ ရောက်ကုန်သည်။ဘာလို့ဆိုအခုက ကျောင်းရဲ့နာမည်
ကြီး သုံးယောက်သွားဆုံနေတာကိုး။ပြီးတော့ အခုအခြေအနေကြီးက သိပ်မဟန်။ဒါရာက ချာတိတ်ကို တွေ့တာနဲ့ ချက်ချင်းမျက်နှာကာ ခက်ထန်လာသည်။

ထယ်ယောင်းတွေးမိတာက ချာတိတ်နဲ့ ဒါရာတို့ကြားမှ တစ်ခုခုရှိတယ် ဆိုတာပဲ ..!

"ဂျွန်ဂျောင်ကု ! ဘာလုပ်တာလဲ ? "

"သူမှ မလိုချင်တာ ! ဘာလို့အတင်းပေးမှာလဲ ? အဲ့အစား ထမင်းလိပ်ကြိုက်တဲ့ ကျွန်တော့်ကို ကျွေးလိုက်လေ ~"

"မင်းအတွက် မဟုတ်တဲ့ အရာတစ်ခုကို ဘာလို့အငမ်းမရဖြစ်နေရတာလဲ ? အရှက်မရှိဘူးလား?"

"ကျွန်တော်က ~"

ဒါကာက အရင်နဲ့မတူစွာ လေသံပြင်းပြင်းနဲ့ ချာတိတ်ကို ‌ပိတ်ပြောတော့ ချာတိတ်ကလည်း ကြားဖူးခဲ့တဲ့ အဆိုးလေးနဲ့မတူစွာ ယုန်လေးတစ်ကောင်နှယ် မျက်နှာလေးငယ်က အသံသေးသေးလေးကလည်း စကားပင် ဆက်မပြောနိုင်တော့။

ထယ်ယောင်း ဘာမှ ဝင်မပြောဘူး လုပ်ပေမယ့် သူနဲ့လည်းဆိုင်နေတော့ မနေနိုင်တော့ပါ။

"ဟို နေပါစေ ဒါရာ ~ ချာတိတ်က စားချင်တယ်ဆို ကျွေးလိုက်ပါ ~"

"မရပါဘူး ! ပေးစမ်း အဲ့ဘူး ! ထယ်ယောင်းမစားဘူးဆို ခွေးဘဲ ကျွေးပစ်လိုက်မယ် !"

"မ ~"

"ဆက်လိုက်မလာနဲ့..!"

သူစိမ်းတွေရှေ့မှာ သူ့အပေါ် အဲ့လောက်ပြောမှ ဖြစ်မှာလား။သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ကိုတောင် မငဲ့ဘဲလေ။ဂျောင်ကုက သန်မာချင်ယောင်တဲ့ ကလေးတစ်ယောက်ပါ..ကိုယ် ယုံကြည့်တဲ့သူက အဲ့လိုပြောထွက်လာသည့်စကားကို ဘယ်နှလုံးသားနဲ့ ခံစားနိုင့်ပါ့မလား။မျက်ရည်စတို့က ချက်ချင်းဝေ့လာသလို "မ"ဆိုတဲ့ စကားကလွဲဘာမှ ထွက်မလာခဲ့။လက်ကျန်အား‌လေးနဲ့ဆုပ်ကိုင်ထားမိတဲ့ လက်ကိုတောင် ရိုက်ချကာ အမိန့်ပေး၍ သူ့ကိုကျောခိုင်းလို့ ကန်တင်းထဲက ထွက်သွားလေပြီ။

မ သွားတာနဲ့ ဂျောင်ကုရဲ့ဒေါသတွေက တစ်ယောက်ဆီသို့ဦးတည်သွားသည်။
မ ရဲ့ ဂရုစ်ိုက်မှုကို ခံရသူ..!
မ ရဲ့ အချစ်ကိုခံရသူ ..!
သူ့ရှေ့က အံ့ဩသလိုကြည့်နေတဲ့ ကင်မ်ထယ်ယောင်းဆိုတဲ့လူအပေါ် ဝန်တိုစိတ်တွေကြောင့် အားလုံးပုံချပစ်ကာ မျက်နှာထိုးချပစ်လိုက်သည်။

"ခင်ဗျားကြီးကြောင့် ! တောက် !"

ခွပ်..!

"အာ့!"

"ရူးနေတာလား ? ဘာလို့ ငါ့ကို ထိုးတာလဲ ?"

"ခင်ဗျားကြောင့်မို့ မက ကျုပ်ကို အခုလိုဆက်ဆံတာ ! အားလုံးခင်ဗျားကြောင့်ပဲ !"

မထင်မှတ်ထားသော ဖြစ်ရပ်ကြောင့် ထယ်ယောင်းပါးတစ်ခုလုံးပူထူသွားရသည်။ချာတိတ်က သူ့ကိုထိုးလိုက်တာ။ပူစပ်စပ်ဖြစ်သွားသော နှုတ်ခမ်းထောင့်သို့ လက်ဖြင့်ပွတ်လိုက်တော့ သွေးက ပါလာသည်။လက်စကြောင့် ‌နှုတ်ခမ်းပေါက်သွားတာ။

ထယ်ယောင်း ဒေါသထောင်းခနဲဖြစ်ကာ နေရာမှ ထရပ်လို့ ချာတိတ်အား ခပ်စူးစူးကြည့်ရင်း အသံကို မြင့်မေးလိုက်သည်။

ဒါ ပထမဆုံးအကြိမ် သူ့ဘဝမှာ အတော်လေးဒေါသထွက်ခြင်းပဲ။ရန်မဖြစ်တဲ့သူ ကျောင်းရဲ့ထူးချွန်ကျောင်းသားက အခု ကျောင်းကန်တင်းလူအများကြားမှာ မိန်းမတစ်ယောက်ကြောင့် အထိုးခံလိုက်ရတယ်တဲ့လား။

နဂိုတည်းက ခပ်ရှုပ်ရှုပ်တွေ မဖြစ်ချင်လို့ အေးဆေးနေလာတာ အကုန်သွားပြီ။ဒီနေရာမှာ ဆက်နေရင် ပြသနာက ပိုကြီးတော့မည်။အမှန်တကယ် ဂျူနီယာတစ်ယောက်ကို သူ့ရဲ့ဖုံးကွယ်ထားတဲ့ ဒေါသစိတ်ကြောင့် မထိန်းချုပ်နိုင်ဘဲ တစ်ခုခုပြန်လုပ်မိမှာစိုးပေမယ့် အခုတော့မရတော့။သူ့အင်္ကျီရင်ဘက်စအား ချုပ်ကိုင်လို့ ထပ်ထိုးရန် ကြံနေတဲ့ ချာတိတ်လက်တွေကို အားနဲ့ဖြုတ်ချပြီး ပြန်ချုပ်လိုက်ကာ ကန်တင်းက ဆွဲခေါ်လာလိုက်သည်။

"လာခဲ့စမ်း..!"

"အာ့ လွှတ်စမ်း! ကျုပ်ကို ဘယ်ခေါ်လာတာလဲ ?"

"ပိတ်ထား..!"

"မပိတ်နိုင်ဘူး..! ကျုပ်လက်ကို ခုချက်ချင်းလွှတ်..!"

ဒုန်း..!

မျက်ခုံးတန်းတွေ တွန့်ချိုးနေတဲ့လူက ဂျောင်ကုလက်ကို ခပ်တင်းတင်းဆွဲကိုင်လို့ အခန်းလွှတ်တစ်ခု‌ဆီ တရွတ်တိုက်မတက်ဆွဲခေါ်လာသည်။

အာ မဟုတ်မှ ဒီလူက သူနဲ့ one by oneဆွဲချင်တဲ့သဘောလား..?
ဟက် ! တွေ့ကြသေးတာပေါ့..!

"ခင်ဗျား..! "

"ပြောစမ်း ! မင်း  ဘာဖြစ်ချင်တာလဲ ပွင့်ပွင့်လင်းလင်းပြော! "

"ခင်ဗျား မနဲ့ မပတ်သတ်နေတာ ကြည့်မရလို့ ထိုးတာဘာဖြစ်လဲ ? ဒါကြောင့် ထပ်ပြသနာမဖြစ်ချင်ရင် မ နဲ့ဝေးဝေးနေမယ်လို့ ကတိပေး! မဟုတ်ရင် ခင်ဗျားတို့ အကုန်လုံး ဂျွန်ဂျောင်ကုအကြောင်းသိစေရမယ် !"

အထင်နဲ့လွဲစွာ သူ့အား ပြန်မထိုးဘဲ လက်ကို အကြမ်းပတမ်းလွှတ်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်စာသာ ဆုတ်အောင် တွန်းလိုက်တဲ့လူက ဘာဖြစ်ချင်လဲတဲ့။ဂျောင်ကု ဒီလူ့မျက်နှာအား စူးစိုက်ကြည့်လို့ လက်ညိုးထိုးကာ ခြိမ်းခြောက်စကား‌ဆိုလိုက်သည်။

ခင်ဗျားသတ္တိရှိရင် ရှေ့တိုးကြည့်လ်ိုက်စမ်းပါ ..!

ထယ်ယောင်းအား အထင်မှားပြီး ထိုးတဲ့အပြင်အခုလည်း ဒါရာနဲ့ မပတ်သတ်နဲ့တဲ့။ဒီချာတိတ် တော်တော်ဖြစ်နေပုံပဲ။သူကဖြင့် စိတ်ကိုမဝင်စားတာ။ဒါရာကသာ လာမပတ်သက်ရင် သူ့ဘက်ကလည်း ဇာတ်လမ်းစ  စရာဘာအကြောင်းမှ မရှိ။ဘာပဲဖြစ်ဖြစ် ဒါတွေကို ဒီချာတိတ်သိအောင် သူရှင်းမပြချင်ပါ။

သို့သော် ချာတိတ်က သူ့ရဲ့နောက်ခံနဲ့ ခြိမ်း
ခြောက်လာတော့ စောစောစီးစီးရှောင်ထားရမည်။ဘာမဟုတ်တဲ့ ပြသနာနဲ့ ကိုယ့်ဘဝနဲ့ ကိုယ့်မိသားစုကို အထိခိုက်မခံနိုင်ပါ။

ထယ်ယောင်း စိတ်ပျက်လက်ပျက်ဖြင့် လက်နှစ်ဖက်ကို ခါးစက်နားထောက်ရင်း ကျစ်တစ်ချက်သပ်လိုက်ပြီးနောက် သူ့ကို ဒေါသမျက်ဝန်းတွေနဲ့ ပေါက်ထွက်မတက် စူးစူးကြည့်နေတဲ့ ချာတိတ်အား မလျော့သော အကြည့်ဖြင့် ပြန်ကြည့်ကာ...

"ကျစ် ! ငါပြောတာကို အရင်နားထောင်လိုက် !ရှင်းရှင်းပဲပြောမယ် မင်း သေမလောက်လိုချင်နေတဲ့ မကို ငါလုံးဝစိတ်မဝင်စားဘူး!"

"အဲ့ဒါဆို ဘာလို့ မနဲ့ စကားပြောလဲ ?"

"ငါက မင်းလို လူမှုရေးခေါင်းပါးတဲ့ကောင်မဟုတ်ဘူး ! မေးထူးခေါ်ပြောတော့ရှိမှာပဲ !"

"မလိုချင်ဘူး ! "

"မလိုချင်ရင် မင်းရဲ့ မကို မင်းထိန်းပေါ့ ! ငါနဲ့ လာမပတ်သတ်နဲ့လို့ ! "

"ခင်ဗျားကြီး !"

ထယ်ယောင်းစကားက အတော်ထိသွားဟန်။ချာတိတ်က သူ့ကို ဆောင့်အော်ပစ်လိုက်သည်။သို့သော် ဒေါသမျက်ဝန်းတွေကတော့ ချက်ချင်းပြောင်းလဲသွားသည်။ထယ်ယောင်း သူတို့နှစ်ယောက် အခြေအနေကို တစ်ခါအကဲခတ်ရုံဖြင့် ခန့်မှန်းနိုင်သည်။

မဟုတ်မှ...

"ဟက် !ဘာလဲ တစ်ဖက်သတ်အချစ်လား ဟမ်! "

"မဟုတ်ဘူး ! မ က ကျုပ်ကို ချစ်တယ် ! ခင်ဗျား မသိဘဲ လျှောက်မပြောနဲ့ ..!"

"လျှောက်မပြောပါဘူး ! မြင်တာပြောနေတာ ! ငါက အနေသာကြီး ! ငါဆိုတဲ့ကောင်က မင်းရဲ့မကို Tom and Jerryဇာတ်လမ်းလောက်တောင် စိတ်မဝင်စားဘူး ! အဲ့တော့ မင်းစိတ်ချလို့ရတယ် !"

"မယုံဘူး ခင်ဗျားကို !"

"ငါ့ဘက်က အပွင့်လင်းဆုံးပြောတာကို မယုံလည်းမတတ်နိုင်ဘူး ! ဒါပေမယ့် စောနကလို လူကြားထဲမှာ ပြသနာလာမရှာနဲ့ !"

သူ့ဘက်က ပြောစရာရှိတာ ပြောပြီးပြီ။ယုံတာ မယုံတာမတက်နိုင်ပေမယ့် သူ့စကားတွေကတော့ သွေးထွက်အောင်မှန်သည်။နောက်တစ်ခါထပ်ပြီး အခုလို မိန်းကလေးတစ်ယောက်ကို ပြိုင်လုတဲ့ပုံမျိုးနဲ့ ပြသနာမဖြစ်ချင်သလို အခြားလူတွေရဲ့ စူးစမ်းအကြည့်တွေကိုလည်း သူမလိုချင်။

ချာတိတ်ကတော့ အနည်းငယ်ငြိမ်သွားပေမယ့် အကြောကတော့ မလျှော့သလို ခုထိမယုံသေး..!

"အဲ့တာ ကျုပ်ကိစ္စ !"

"လုပ်ကြည့်ပေါ့ ! အကျိုးဆက်အနေနဲ့ မင်းရဲ့ နှလုံးသားကို ရင်းနိုင်ရင် !"

"ဘာ ! ခင်ဗျား !"

"အဟက် ! "

"ဟိတ်လူ ! ဘယ်သွားတာလဲ ကျုပ်ပြောလို့မပြီးသေးဘူးနော် ခင်ဗျားကြီး ! "

ဂျောင်ကု အကျင့်အတိုင်း လူတွေရဲ့စကားကို အယုံမလွယ်တာမို့ ခပ်ဆက်ဆက်ပြန်ပြောတော့ ဒီလူ သူ့ကို နောက်တစ်ခါ ထပ်ကြောသွားပြန်
သည်။မ က သူ့ကိုကြိုက်နေမှန်းသိရဲ့နက် တမင်သက်သက်ပြောသွားတာ။

သူသာ ထပ်ပြသနာရှာရင် မ ကို ပတ်သတ်မယ်ဆိုတဲ့သဘော...!

ဒီလူ့ ဂျွန်ဂျောင်ကုကို ဘာထင်နေလဲ မသိ။မဲ့ပြုံး
ပြုံးလို့မျက်ခုံးတစ်ဖက်တောင် ပင့်ပြသွားသေး။ဒါသူ့ ဒေါသကိုဆွသွားတာ။

"ပြန်လာခဲ့စမ်း..! ခင်ဗျားကြီး ! အားး..!"

ဂျောင်ကု ဒေါသထွက်လွန်းလို့ မခံမရပ်နိုင်ဖြစ်ကာ လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်လို့ ခပ်တည်တည်နဲ့ ပြန်ထွက်သွားသူရဲ့ ကျောပြင်ကျယ်ကို ကြည့်ရင်း တ‌ကြော်ကြော်အော်ခေါ်ပစ်လိုက်သည်။သူများအမြင်မှာတော့ ဂျောင်ကုရဲ့ ယခုပုံလေးက ကြမ်းပြင်တွင် ခုန်ဆွ ခုန်ဆွနဲ့  ဒေါသထွက်နေတဲ့ ယုန်ကလေးနှယ်။
.
.
နောက်က အော်သံတွေကို ထယ်ယောင်း ကြားပေမယ့် ခပ်ပြုံးပြုံးသာ။ချာတိတ် သူ့စကားကြောင့်အတော် ပူပန်သွားမှာ။အေးလေ သူကလည်း ဒါရာကို လိုက်မယ်ဆိုတဲ့ သဘောနဲ့ ခက်တည်တည်ပြောပစ်ခဲ့တာကို။တကယ့်စိတ်ရင်းကတော့ ထိုကဲ့သို့ အတွေးလုံးဝမရှိပါ။

သူ့လိုလူက ကိုယ်မချစ်တဲ့သူကို ဟန်ဆောင်ပြီးလည်း မချစ်ပြတတ်သလို တစ်စုံတစ်ယောက်ကို အနိုင်ယူဖို့အတွက် ကိုယ့်ကိုချစ်နေသူရဲ့ နှလုံး
သားကို လှည့်စားတတ်တဲ့ သူမဟုတ်။

ဒါကိုတော့ ဒေါပွကျန်နေခဲ့တဲ့ ချာတိတ်မသိရှာပါ ..!

ထယ်ယောင်း အတွေးနဲ့အတူ ခပ်ပြုံးပြုံးလုပ်လိုက်ရင်း မည်သူမှ မကြားသည့် စကားစုလေးတစ်ခုကို ရေရွတ်လိုက်သည်က...

"အရူးလေးပဲ ချာတိတ်~"

To be continued...

____________________

Thanks for reading >> ⭐ <<

Feedback please 💌

[ ဒီတစ်ခါတော့ အရမ်းကို စိတ်ထားဖြောင့်မတ်ပြီး အကောင်းမြင်တတ်တဲ့ ဆရာကြီးကင်မ်ကို မြင်တွေ့ရပါတော့မယ် ]

Zawgyi

ခြၽင္ ..! ခြၽင္..!

ေပ ၂၀ပတ္လည္မက က်ယ္ဝန္းလွသည့္ ထမင္း
စားခန္းႀကီးထဲတြင္ တစ္ခ်က္တစ္ခ်က္ထြက္ေပၚလာသည့္ ဇြန္း ခရင္းသံတခြၽင္ခြၽင္သာၾကားရသည္။႐ွည္ေမ်ာလွသည့္ စားပြဲႀကီးရဲ႕ ညာဘက္ထိပ္ဆုံးခုံတြင္ ၿငိမ္ၿငိမ္ေလးထိုင္ကာ ထမင္းစားေနသည့္ ေဂ်ာင္ကုရယ္။အနားတြင္ေတာ့ သူထမင္းစားတာကို ျပဳံး၍ၾကည့္ေနသည့္ အိမ္ေတာ္ထိန္းႀကီးရယ္သာ႐ွိသည္‌ေလ။ဘုရင့္ပြဲေတာ္တည္သကဲ့သို႔ မ်ားျပားလွတဲ့ဟင္းပြဲေတြထဲကမွ ေ႐ွ႕တြင္႐ွိသည့္ ဟင္းပန္းကန္ထဲကသာ ထည့္စားေနသည့္ ေဂ်ာင္ကုက ဝတ္ေက်တန္းေက်သာ႐ွိသည္။

ေရခ်ိဳးၿပီးခါစ မ်က္ႏွာႏုႏုက႐ွင္းသန္႔ေနၿပီး မည္သည့္အမူအရာမွ မေဖာ္ျပသည့္ေဂ်ာင္ကုက ခဏၾကာေတာ့ စားလက္စကို ရပ္ကာ ေဘးတြင္အဆင္သင့္ခ်ေပးထားသည့္ ေရခြက္ကို ယူေသာက္လိုက္ၿပီးေနာက္ ခပ္တိုးတိုးဆိုသည္။

"ကြၽန္ေတာ္ ေတာ္ၿပီ ေဒၚႀကီး ~"

"အဆင္မေျပလို႔လား သခင္ေလးရဲ႕ ~ ဘာစားခ်င္လဲ ေဒၚႀကီး လုပ္ေပးမယ္ေလ ~"

"ေျပပါတယ္ ~ ေဒၚႀကီးရဲ႕ လက္ရာကလည္း အရမ္းေကာင္းတယ္ ~ ဒါ ဒါမဲ့ အရမ္းအထီးက်န္လြန္းလို႔ စားမဝင္ဘူး ျဖစ္ေနတယ္ဗ် !"

အသက္ဆယ္ႏွစ္ကစလို႔ ထမင္းစားလည္း တစ္ေယာက္တည္းစားရသလို ေမြးေန႔လိုေန႔မ်ိဳးတြင္ေတာင္ တစ္ေယာက္တည္း က်င္းပခဲ့ရသည္။အေမမ်ားေနတို႔လိုဆိုလည္း သူနဲ႔လိုက္မယ့္သူမ႐ွိ ေဒၚႀကီးကသာ လိုက္သည္။

မအားဘူးဆိုတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ ေဂ်ာင္ကုကို ေငြပုံၾကားမွာ ႐ွင္သန္ေစတယ္။သူလိုခ်င္တာ မိဘေမတၱာ၊ေႏြးေထြးမႈ၊ၾကင္နာမႈ၊စည္းလုံးမႈ ဒါေတြကသာ သူ႕ရဲ႕လိုအပ္ခ်က္ျဖစ္ေနခဲ့တာကို ဘယ္သူမွ သတိမရၾကဟန္ပါဘဲ။

ငယ္ငယ္ကတည္းက သူ႕ကိုအေႁခြအရံေတြနဲ႔သာ ထားခဲ့တဲ့ မိဘေတြက သူ႕ကိုသိပ္ခ်စ္လို႔..အရာအားလုံးသူ႕အတြက္ဆိုၿပီး အလုပ္ကိုဖိလုပ္ၾကသတဲ့။အမွန္တကယ္ လိုအပ္တာကို ယူေဆာင္မေပးၾကပါ။

သိတတ္စအ႐ြယ္ေရာက္ေတာ့ မိဘေတြဆီက အာ႐ုံစိုက္မႈလိုခ်င္တယ္..ဒါက မေကာင္းဘူး ဒါေတာ့ေကာင္းတယ္ စသည့္ျဖင့္ ဆုံးမမႈ‌ကို နားေထာင္ခ်င္တယ္။ထို႔ေၾကာင့္ သူ ဆိုးေပ့ဆိုတဲ့အရာေတြကိုအသက္နဲ႔မလိုက္ေအာင္လုပ္တယ္။ျပသနာ႐ွာတယ္။သို႔ေပမယ့္ လိုခ်င္တာေတြျဖစ္မလာခဲ့။အဲ့အစား ဘယ္ရာမဆို ေငြနဲ႔ပဲ ေျဖ႐ွင္းေပးသည္။

တကယ္တမ္း သူတို႔ကသာ ေဂ်ာင္ကုကို ပ်က္စီးေအာင္ လုပ္ေနၾကတာ..!

"သခင္ေလးရယ္ ~"

"ရင္ဘက္ထဲက အရမ္းနာတယ္ ~ နာလြန္းလို႔ ဆက္ၿပီး ေတာင့္မခံႏိုင္ေတာ့ဘူး ~"

"ေဒၚႀကီး႐ွိတယ္ေနာ္ ~ ဘယ္သူမွ ျပန္မေျပာမွာမို႔ ငိုခ်င္ငိုခ်လိုက္ ~ ၿပိဳလဲပစ္လိုက္ ~ ဒါေပမယ့္ အခ်ိန္တန္ရင္ေတာ့ အားအင္အျပည့္နဲ႔ မတ္မတ္ျပန္ရပ္ရမယ္ ~"

မိဘေမတၱာငတ္မြတ္ေနတဲ့အျပင္ အေျပာခ်ိဳခ်ိဳေလးနဲ႔ သိမ္းသြင့္ၿပီး မထင္ရက္တဲ့လုပ္ရက္ကို က်ဴးလြန္ခဲ့တဲ့မိခင္ေၾကာင့္ သခင္းေလးက သိပ္သနားစရာေကာင္းသည္။သန္မာခ်င္ေယာင္ ေဆာင္လို႔ ႏူးညံ့တဲ့အသြင္ကို ဖုံးကြယ္ထားေပမယ့္ သူမ ဆိုရင္ေတာ့ အသြင္စစ္ကိုျပတတ္
သည္။

အသားက်ေနတဲ့အထီးက်န္ဆန္မႈေတြကို အန္တုလာခဲ့တာ ႏုနယ္တဲ့ႏွလုံးသားေလးက ၾကာေတာ့ ေတာင့္မခံႏိုင္ဘူးထင္ပါရဲ႕ ငိုသန္ပါေလးျဖင့္ ခပ္အက္အက္ဆိုလာသည္။

အခုခ်ိန္ သခင္ေလးလိုအပ္ေနတာ အားေပးႏွစ္သိမ့္မႈတစ္ခု၊ အဲ့ဒါထက္ ငိုလို႔ရမယ့္ ရင္ခြင္က်ယ္တစ္ခုဆိုတာ သူမ သိေနသည္။ ထိုင္ခုံတြင္ ေခါင္းငိုက္စိုက္ထိုင္ရင္း သူ႕ရင္ဘက္ကို လက္ညိႇဳး
ထိုးကာ ေျပာေနေသာ သခင္ေလးအနားသြားကာ ရင္ခြင္ထဲထည့္လိုက္သည္။ေခါင္းလုံးလုံးေလးကို ခပ္ဖြဖြပြတ္သပ္လို႔ ရင္ဖြင့္ခ်ဖို႔ဆိုေတာ့ မၾကာပါ ကိုယ္ငယ္ေလးက တစ္သိမ့္သိမ့္တုန္ရင္း သူမ ရင္ခြင္ထဲတြင္ ႐ိႈက္ႀကီးတစ္ငင္ ငိုေႂကြးလာသည္။

"အင့္ ! အီးဟီး..! ဘာလို႔ လုပ္ရက္ရတာလဲ ဟင့္ ! ေျပာေတာ့ ကြၽန္ေတာ္နဲ႔ ဒယ္ဒီကို အခ်စ္ဆုံးဆို ! အခုေတာ့ ! "

"အဆင္ေျပသြားမွာပါ ~ သခင္ေလးက သန္မာတဲ့ေကာင္ေလးဆိုတာ ေဒၚႀကီး ယုံတယ္ ~"

"သူမ ကို ကြၽန္ေတာ္ မုန္း တယ္ ! "

ဟုတ္တယ္ သူမ ကိုသိပ္မုန္းသည္။သူ႕ကို ဂ႐ုမစိုက္တဲ့ဒယ္ဒီထက္ သူ႕ကို သိပ္ခ်စ္ပါတယ္ဆိုၿပီး လုပ္ခ်င္တိုင္းလုပ္သြားတဲ့ မာမီဆိုတဲ့ အမ်ိဳးသမီးကို ပို‌မုန္းသည္။

ေဒၚႀကီးရင္ခြင္ထဲမွာ ငိုလို႔ဝေတာ့ အသာ႐ုန္းထြက္ကာ မ်က္ရည္စေတြကို ခပ္ၾကမ္းၾကမ္းဖိသုတ္ပစ္သည္။ခ်က္ခ်င္းဆိုသလို ေစာနနဲ႔မတူစြာ
ႏုနယ္လြန္းတဲ့ေကာင္ေလးက ေမ့မရတဲ့ ျမင္ကြင္းအခ်ိဳ႕ေၾကာင့္ မ်က္သားတို႔နီတက္လာၿပီး အံကို ခပ္တင္းတင္းႀကိတ္ပစ္သည္။

တစ္ဆက္တည္းဆိုသလို သြားၾကားထဲကေလသံျဖင့္ တစ္လုံးခ်င္ဆိုသည္က...

"ဂြၽန္ေဂ်ာင္ကုက သိပ္ကိုသန္မာတဲ့သူျဖစ္လို႔ ဘယ္ေတာ့မွၿပိဳလဲမွာ မဟုတ္ဘူး " တဲ့ေလ ။

~~~~~~~~~~~~~~~~~

ထယ္ေယာင္းရဲ႕‌ေန႔ရက္ေတြကပုံမွန္လိုပါပဲ ‌။ေက်ာင္းေရာက္တာနဲ႔ ဟိုဘီ၊ဂ်ီမင္တို႔နဲ႔ အတူ ကန္တင္းလိုက္ထိုင္ေပးရသည္။သူတို႔စားေသာက္ၿပီးမွ ထယ္ေယာင္းလည္း အတန္းတက္ရတဲ့အျဖစ္။အခုလည္း ေ႐ွ႕ကေန တစ္ၿဖဲႏွစ္ၿဖဲစားေနတဲ့ ဂ်ီမင္နဲ႔ သူ႕ေဘးကေန တြတ္ထိုးေနတဲ့ ဟိုဘီေၾကာင့္ စားပြဲေပၚတင္ထားေသာ စာအုပ္ေတာင္ မလွန္ရေသးပါ။

"ထယ္ေယာင္း ~ မင္းကို ၾကည့္ေနတယ္ေနာ္ ေဟ်ာင့္ေရ !"

"ငါ သိတယ္ ~ "

ေဘးနားက ဟိုဘီဆီမွ ခပ္တိုးတိုးထြက္လာေသာ စကားေၾကာင့္ သူလည္း ေအးေဆးစြာ ျပန္ေျဖလိုက္သည္။မသိဘဲေနပါ့မလား ။ဒီေလာက္တစ္ဝိုင္းေက်ာ္ေလးကေန မ်က္ႏွာခ်င္းဆိုင္ၿပီး သူ႕ကိုေပါက္ထြက္မတက္ၾကည့္ေနတာကို မရိပ္မိရ
ေအာင္ ခပ္ညံ့ညံ့ေကာင္မဟုတ္။မသိခ်င္ေယာင္ အသာေဆာင္ထားတာ။

အခုထိလည္း သူ႕ကိုၾကည့္ေနတာမ်ား ျပာက်မတက္ဘဲ။ၾကက္သီးေတာင္ ထတယ္။ခပ္တည္တည္နဲ႔ စာအုပ္ကို ေကာက္လွန္ကာ အာ႐ုံကို စာေတြဆီသာ ပို႔လိုက္သည္။

စာဖတ္ေနရရင္ သူ႕စိတ္ေပ်ာ္ေနေရာ..!

"သိ႐ုံနဲ႔မရဘူးေလကြာ ~ မေန႔က မင္းနဲ႔ၿငိခဲ့တာမဟုတ္လား ? "

"အင္း ~ ဒါမဲ့ ခ်ာတိတ္က ထင္သေလာက္မဟုတ္ပါဘူးကြ ~ ထားလိုက္ပါ သူ မ်က္လုံးေညာင္းရင္ ရပ္သြားလိမ့္မယ္ ~"

"ဟိုက မင္းကိုႀကိမ္းသြားတာေတာင္ ေအးေဆးေနလိုက္ ~ "

ဘာမွမျဖစ္သလို လုပ္ေနတဲ့ ထယ္ေယာင္းကို မေန႔ကအေၾကာင္းသိေနၿပီျဖစ္တဲ့ ဂ်ီမင္လည္း မေနႏိုင္ေတာ့ဘဲ ဝင္ေျပာမိသည္။တကယ္ေသြး
ေအးၿပီး အေၾကာက္တရားနည္းနည္းမွမ႐ွိတဲ့ေကာင္။သူ႕ကို ဟိုက ဗိုက္ထိုးလႊတ္တဲ့အျပင္ႀကိမ္းသြားတာေတာင္ စာၾကည့္မပ်က္ဘူး။

ဂ်ီမင္က ဂြၽန္ေဂ်ာင္ကုနဲ႔ ေက်ာေပးအေနထားမို႔ ေသခ်ာမသိေပမဲ့ သူ႕ရဲ႕စပ္စုစိတ္ေၾကာင့္ မသိမသာငဲ့ၾကည့္မိေတာ့ ထယ္ေယာင္းကို မီးပြင့္မတက္စိုက္ၾကည့္ေနတာဗ်ာ။

ဖင္ေတာင္ႀကိမ္းတယ္ တကယ္ပဲ !

"ဟက္ ~ အဲ့လိုမေနလို႔ ငါက ဘယ္လိုေနရမွာတုန္းကြာ ~ စားစရာတာသာ စားၾကကြာ ~ အတန္းေနာက္က်လိမ့္မယ္ ~"

"သိပါတယ္ကြာ..!"
.
.

ေဂ်ာင္ကုဒီေန႔ ကိစၥတစ္ခုေၾကာင့္ ေက်ာင္းကို အေစာႀကီးလာကာ ကန္တင္းထိုင္ေနျခင္း။သူေရာက္ၿပီး မၾကာဘူး မေန႔ကေတြ႕ခဲ့လူနဲ႔ သူ႕သူငယ္ခ်င္းေတြလို႔ထင္ရတဲ့ ဘဲႀကီးႏွစ္ေယာက္က ကန္တင္းထဲ ဝင္လာကာ ေဂ်ာင္ကုဝိုင္းတစ္ဝိုင္း‌ေက်ာ္႐ွိ မ်က္ႏွာခ်င္းဆိုင္စားပြဲတြင္ ဝင္ထိုင္ၾကသည္။

မေန႔ကတည္းက မေက်နပ္ခဲ့တဲ့လူ‌က စာဂ်ပိုးျဖစ္ပုံရသည္။ေရာက္လာကတည္းက စာအုပ္ပဲ ၾကည့္ေနတာ။

ဟြန္႔! ပ်င္းစရာဘဲ !

ႏို႔တစ္ခြက္မွာရင္း ဒီလူ႕ဝိုင္းကို ခပ္စူးစူးၾကည့္ေနလိုက္တယ္။အနည္းဆုံးေတာ့ သူစိုက္ၾကည့္ေနတာသိရင္ မ်က္ႏွာမလုံေတာ့ဘူးမလား။ခုပဲၾကည့္ ‌စာအုပ္ကိုစိုက္ၾကည့္ေနတာ ေခါင္းကိုျပန္မေမာ့ေတာ့ဘူး။

မေတြ႕ေအာင္ေနလို႔ ေျပာခဲ့သားပဲ..!
ခင္ဗ်ားဘာသာ က်ဳပ္ေ႐ွ႕ေရာက္လာတာ..!
ပါးပါးေလးေတာ့ စြေပးရမွာေပါ့..!

ေဂ်ာင္ကုက ခ်စ္စရာမ်က္ႏွာေလးနဲ႔မလိုက္စြာ ခပ္မဲ့မဲ့ျပဳံးလိုက္သည္။ခဏၾကာေတာ့ ေစာင့္ေနရသူက ေဘးတြင္ဝင္ထိုင္လာသည္။

"ေရာက္ေနတာ ၾကာၿပီလား ? "

"ကြၽန္ေတာ္ စုံစမ္းခိုင္းတဲ့လူသိၿပီလား ?"

"အင္း !"

"ဘယ္သူလဲ ဘယ္ကတဲ့လဲ ?"

ဂိုဒါရာလို႔ ဆိုလိုက္တာနဲ႔ အၿမီးမွန္းေခါင္းမွန္းမသိေတာ့တဲ့ ကုကီးက အခုလည္း မေန႔ညက စုံစမ္းခိုင္းတဲ့အရာေၾကာင့္ အေစာႀကီးေရာက္ေနသည္။

ကိစၥကလည္း သူမေန႔ကညေန ေက်ာင္းကျပန္ေတာ့ ဂိုဒါရာကို ေယာက်္ားတစ္ေယာက္နဲ႔ အတူတြဲသြားတာကို ျမင္လိုက္တဲ့ကိစၥပင္။ကုကီးကို ဂိုဒါရာေၾကာင့္နဲ႔ ဆက္မနစ္မႊန္းေစခ်င္ေတာ့တာ‌ေရာ သူကိုယ္တိုင္ကလည္း ဒီလို အေျပာင္း
လဲျမန္တဲ့မိန္းကေလးနဲ႔ ညီေလးလိုခ်စ္ရတဲ့သူကို သေဘာမတူႏိုင္။ဒါေၾကာင့္ ျမန္ျမန္ၿပီးေစရန္ ႏွစ္ေယာက္ပုံကို ဓာတ္ပုံ႐ိုက္ယူကာ ကုကီးကို ညကျပလိုက္ျခင္း။

ေတြ႕ေတြ႕ခ်င္း စိတ္မထိန္းႏိုင္တဲ့ကုကီးက clubမွာ ျပသနာ႐ွာခဲ့တာမို႔ ဝန္ႀကီးခ်ဳပ္က လူလြတ္ကာ အပ်က္အစီးေတာ္ေတာ္မ်ားကိုလည္း ေျဖ႐ွင္းခဲ့ရသည္။သူလည္း အေတာ္ထိန္းခဲ့ရသည္။စိတ္ၿငိမ္သြားေတာ့ ဒီကိစၥကို စုံစမ္းခိုင္းသည္။ခုလည္း ေရာက္တာနဲ႔ သူတစ္ဝိုင္းေက်ာ္က လူကို ေပါက္မတက္စူးစူးၾကည့္ေနသူက ခ်က္ခ်င္းကို ေမးေတာ့တာ။

ယြန္းဂီ ထိုေနရာကို တစ္ခ်က္ၾကည့္ကာ သက္ျပင္းခပ္ယဲ့ယဲ့ခ်ရင္း...

"မင္း ေ႐ွ႕ကတစ္ဝိုင္း‌ေက်ာ္မွာထိုင္ေနတဲ့လူပဲ ! ကင္မ္ထယ္ေယာင္း တဲ့ !"

"ဘာ..!  ေတာက္ ! "

ေဂ်ာင္ကု အစကတည္းက ဒီလူ႕ကို မ်က္မုန္းက်ိဳးေနခဲ့တာ။အခုေတာ့ သတ္ပစ္ခ်င္ေလာက္ေအာင္ ျဖစ္သြားသည္။ဒီလူ႕ေၾကာင့္ ဆယ္စုႏွစ္နီးပါး႐ွိတဲ့ သံေယာဥ္စဥ္က ခ်က္ခ်င္းျပတ္ေစခဲ့တာ။

ဒီလူ႕ေၾကာင့္ပဲ မက သူ႕ကို ဆက္ဆံခဲ့တာ !
ေသြးေအးခဲ့တာ..!

ေဂ်ာင္ကု မ်က္လုံးတို႔ ရဲတက္လာၿပီး အံကိုခပ္တင္းတင္းႀကိတ္ပစ္လိုက္သည္။လက္သီးကိုပါ က်စ္က်စ္ပါေအာင္ ဆုပ္လို႔ ေနရာမွ ခ်က္ခ်င္းထမယ္ လုပ္ေတာ့ ျပသနာျဖစ္မွာစိုးတဲ့ အစ္ကိုယြန္းဂီက သူ႕ကို ျပန္ထိုင္ဆြဲခ်သည္။

"ျပန္ထိုင္ေနလိုက္ ကုကီး ! "

"အစ္ကိုယြန္းဂီ ..!"

"ေျပာတာကို ဆုံးေအာင္နားေထာင္ ! ငါစုံစမ္းရသေလာက္ဆို ကင္မ္ထယ္ေယာင္းက အၿငိမ္ပဲ ! မၿငိမ္တာ မင္းရဲ ခ်စ္လွစြာေသာ မ ပဲ ! သူက လိုက္ပတ္သက္ေနတာ !"

" မ မျဖစ္ႏိုင္တာ ! မ က ဘာလို႔ အဲ့လိုလူကို ခ်စ္ရမွာလဲ ? အစ္ကိုယြန္းဂီ ကြၽန္ေတာ့္ကို ညာေနတာမလား ?"

"တစ္ေက်ာင္းလုံး သိတဲ့ကိစၥကို ငါက လိမ္ေျပာစရာလား ? အမွန္တရားက မင္းမဟုတ္တဲ့ အျခားတစ္ေယာက္ကို မင္းရဲ႕ မက ခ်စ္ေနတာပဲ ! ဒါေၾကာင့္ လႊတ္ခ်လိုက္ေတာ့ ! အဲ့တာ အေကာင္းဆုံးျဖစ္လိမ့္မယ္ !"

"ဘာလို႔ လႊတ္ခ်ရမွာလဲ လုံးဝပဲ ! မ က ကြၽန္ေတာ့္အတြက္ ဘယ္လိုလူမ်ိဳးမို႔ သူမ်ားလက္ထဲလြယ္လြယ္ထည့္ေပးရမွာလဲ ?"

မက ဒီလူ႕ကိုခ်စ္ေနလို႔ ေဂ်ာင္ကုက လက္လြတ္ေပးရမယ္တဲ့လား..?
လုံးဝ မျဖစ္ႏိုင္ဘူး ။ တစ္ေက်ာင္းလုံးမကဘူး တစ္ကမ႓ာလုံးကေျပာလည္း မယုံဘူး ။ မက သူ႕ကို အမ်ားႀကီးခ်စ္ေပးမယ္လို႔ ေျပာခဲ့တာေလ။ၿပီးေတာ့ မ ကိုယ္တိုင္ေျပာတာမွမဟုတ္တာ။အခုကလည္း သူမလိမၼာလို႔ မက စိတ္ေကာက္ေနတာ။

ဟုတ္တယ္ ! အာ့လိုဘဲ ျဖစ္မွာ !

ေဂ်ာင္ကု ေခါင္းကိုအသြင္သြင္ခါလို႔  အက္ကြဲကြဲအသံတို႔ကို ထိန္းကာေျပာေနရသည္။သူ တားမွာ။ဒီလူ႕ကို မနဲ႔ေဝးေဝးေနဖို႔ မရ ရတဲ့နည္းနဲ႔လုပ္မွာ။

"ေခါင္းမမာနဲ႔ ကုကီး !"

"ဒီလူ႕ကို မနဲ႔ မပတ္သတ္ဖို႔ သြားေျပာမွာ ! "

"မ ~ "

အစ္ကို ယြန္းဂီ တားေနတဲ့ၾကားက ထပ္ထဖို႔လုပ္ေတာ့ ပန္းႏုေရာင္ ဒူးအတိဂါဝန္ေလးကိုဝတ္လို႔ ကန္တင္းထဲႂကြႂကြ႐ြ႐ြဝင္လာသည့္ သူမရဲ႕ အျပဳံးလွလွေလးေတြနဲ႔ ဆုံသည္။ ေဒါသေတြက မရဲ႕အျပဳံးေၾကာင့္ ေခတၱေတာ့ ခ်ဳပ္ၿငိမ္းဟန္ျဖစ္ကာ အနားေရာက္လာေသာ မက ႏႈတ္ခမ္းေလးဖြင့္အ႐ုံမွ်ေခၚလိုက္သည္။

သို႔ေသာ မကေတာ့ သူ႕ကို အၾကည့္တစ္ခ်က္ပင္မစြန္႔ႀကဲဘဲ ကင္မ္‌ထယ္ေယာင္းဆိုတဲ့လူရဲ႕ဝိုင္းဆီ တန္းတန္းမတ္မတ္ေလွ်ာက္သြားသည္။

"လႊတ္ ကြၽန္ေတာ့္ကို !"

"က်စ္ ကုကီး ! စိတ္ေလွ်ာ့စမ္း ! ျပသနာပိုႀကီးေအာင္ မလုပ္နဲ႔ !"

"ဒုန္း..!"

အတင္းသြားမယ္လုပ္ေနတဲ့ကုကီးကို ယြန္းဂီအေတာ္ပင္ ထိန္းေနရသည္။အေရးထဲ ဟိုဟာမကလည္း ကန္တင္းလာၿပီး ကင္မ္ထယ္ေယာင္းတို႔ဝိုင္းကို သြားေတာ့ ပိုဆိုးကုန္ေရာ။သူသာ မဆြဲထားရင္ ေသာင္းက်န္းေတာ့မယ္ ကုကီးရဲ႕ မ်က္လုံးေတြမွာ ေၾကကြဲမႈေတြ အတိုင္းသား။

အာ့ေၾကာင့္ သူ ဒီေကာင္ေလးကို လႊတ္ခ်ေစခ်င္တာ..!
အရမ္းပူေလာင္လြန္းတယ္ မဟုတ္လား..?
.
.
ကန္တင္းက ဆူညံေနသည္မို႔ ခ်ာတိတ္တို႔ဝိုင္းက စကား‌သံေတြကို မၾကားရေပမယ့္ ႐ုန္းရင္းဆန္ခက္ျဖစ္ေနၾကဟန္။ခ်ာတိတ္က မ်က္ႏွာေလးတစ္ခုလုံးအျပင္ မ်က္သားေလးေတြပါ ရဲတက္ၿပီး ေပါက္ကြဲေတာ့မယ့္ ဗုံးတစ္လုံးလို သူ႕ကို ခပ္စူးစူးၾကည့္လိုက္ ထဖို႔ျပငလိုက္နဲ႔ ၊ေဘးက အသားျဖဴျဖဴနဲ႔လူကေတာ့ ခ်ာတိတ္ေကာ ဆြဲလိုက္ စကားေျပာလိုက္နဲ႔ ။

မဟုတ္မွ ခ်ာတိတ္က သူ႕ကိုျပသနာ႐ွာမလို႔မ်ားလား..?

ထယ္ေယာင္းက မ်က္ႏွာခ်င္းဆိုင္ဆိုေတာ့ အကဲခက္မိေနသလို ခံစားခ်က္ကလည္း သိပ္မေကာင္း။တစ္ဆက္တည္းဆိုသလို ဒါရာကလည္း သူတို႔ဝိုင္းဆီ ေရာက္လာကာ ထယ္ေယာင္းေဘး မတ္တပ္လာရပ္သည္။

ထယ္ေယာင္းက သိလိုစိတ္ျဖင့္ တစ္ခ်က္ေမာ့ၾကည့္ေတာ့...

"ထယ္ေယာင္း ~"

"ဒါရာ ဘာကိစၥ႐ွိလို႔လဲ ?"

"မေန႔ကအတြက္ ေက်းဇူးတင္လို႔ တို႔ ထယ္ေယာင္းအတြက္ ထမင္းလိပ္လုပ္လာေပးတာ ~ ယူမယ္မလားဟင္ ?"

"ဟို ကိုယ္မလို__ "

"ေက်းဇူးပဲ ကြၽန္ေတာ္ႀကိဳက္တယ္ ~"

သူမ ဘာလို႔ေပးလဲ သိ‌သည္။အခုခ်ိန္ သူသာ ယူလိုက္ရင္ ေနာက္ဆိုလည္း ဒါမ်ိဳးေတြျဖစ္လာေတာ့မွာ။အားနာေပမယ့္လည္း ေမွ်ာ္လင့္ခ်က္မေပးခ်င္ဘူး‌ေလ။ဒါေၾကာင့္ သူ႕အေျဖကို ‌ေမွ်ာ္
လင့္တႀကီး ေစာင့္ရင္း လက္ထဲက ဘူးေလးအား ကမ္းေပးလာသည့္ သူမကို တစ္ခ်က္ၾကည့္ကာ ျငင္းဖို႔ျပင္သည္။

သို႔ေသာ္ လစ္ခနဲဆိုသလို မုန္႔ဘူးကိုယူကာ တစ္ခုယူစားရင္း ၾကားျဖတ္ေျပာလာတဲ့ ခ်ာတိတ္ေၾကာင့္ အာ႐ုံေတြက အကုန္ခ်ာတိတ္ဆီ ေရာက္ကုန္သည္။ဘာလို႔ဆိုအခုက ေက်ာင္းရဲ႕နာမည္
ႀကီး သုံးေယာက္သြားဆုံေနတာကိုး။ၿပီးေတာ့ အခုအေျခအေနႀကီးက သိပ္မဟန္။ဒါရာက ခ်ာတိတ္ကို ေတြ႕တာနဲ႔ ခ်က္ခ်င္းမ်က္ႏွာကာ ခက္ထန္လာသည္။

ထယ္ေယာင္းေတြးမိတာက ခ်ာတိတ္နဲ႔ ဒါရာတို႔ၾကားမွ တစ္ခုခု႐ွိတယ္ ဆိုတာပဲ ..!

"ဂြၽန္ေဂ်ာင္ကု ! ဘာလုပ္တာလဲ ? "

"သူမွ မလိုခ်င္တာ ! ဘာလို႔အတင္းေပးမွာလဲ ? အဲ့အစား ထမင္းလိပ္ႀကိဳက္တဲ့ ကြၽန္ေတာ့္ကို ေကြၽးလိုက္ေလ ~"

"မင္းအတြက္ မဟုတ္တဲ့ အရာတစ္ခုကို ဘာလို႔အငမ္းမရျဖစ္ေနရတာလဲ ? အ႐ွက္မ႐ွိဘူးလား?"

"ကြၽန္ေတာ္က ~"

ဒါကာက အရင္နဲ႔မတူစြာ ေလသံျပင္းျပင္းနဲ႔ ခ်ာတိတ္ကို ‌ပိတ္ေျပာေတာ့ ခ်ာတိတ္ကလည္း ၾကားဖူးခဲ့တဲ့ အဆိုးေလးနဲ႔မတူစြာ ယုန္ေလးတစ္ေကာင္ႏွယ္ မ်က္ႏွာေလးငယ္က အသံေသးေသးေလးကလည္း စကားပင္ ဆက္မေျပာႏိုင္ေတာ့။

ထယ္ေယာင္း ဘာမွ ဝင္မေျပာဘူး လုပ္ေပမယ့္ သူနဲ႔လည္းဆိုင္ေနေတာ့ မေနႏိုင္ေတာ့ပါ။

"ဟို ေနပါေစ ဒါရာ ~ ခ်ာတိတ္က စားခ်င္တယ္ဆို ေကြၽးလိုက္ပါ ~"

"မရပါဘူး ! ေပးစမ္း အဲ့ဘူး ! ထယ္ေယာင္းမစားဘူးဆို ေခြးဘဲ ေကြၽးပစ္လိုက္မယ္ !"

"မ ~"

"ဆက္လိုက္မလာနဲ႔..!"

သူစိမ္းေတြေ႐ွ႕မွာ သူ႕အေပၚ အဲ့ေလာက္ေျပာမွ ျဖစ္မွာလား။သူတို႔ႏွစ္ေယာက္ရဲ႕ သံေယာဇဥ္ကိုေတာင္ မငဲ့ဘဲေလ။ေဂ်ာင္ကုက သန္မာခ်င္ေယာင္တဲ့ ကေလးတစ္ေယာက္ပါ..ကိုယ္ ယုံၾကည့္တဲ့သူက အဲ့လိုေျပာထြက္လာသည့္စကားကို ဘယ္ႏွလုံးသားနဲ႔ ခံစားႏိုင့္ပါ့မလား။မ်က္ရည္စတို႔က ခ်က္ခ်င္းေဝ့လာသလို "မ"ဆိုတဲ့ စကားကလြဲဘာမွ ထြက္မလာခဲ့။လက္က်န္အား‌ေလးနဲ႔ဆုပ္ကိုင္ထားမိတဲ့ လက္ကိုေတာင္ ႐ိုက္ခ်ကာ အမိန္႔ေပး၍ သူ႕ကိုေက်ာခိုင္းလို႔ ကန္တင္းထဲက ထြက္သြားေလၿပီ။

မ သြားတာနဲ႔ ေဂ်ာင္ကုရဲ႕ေဒါသေတြက တစ္ေယာက္ဆီသို႔ဦးတည္သြားသည္။
မ ရဲ႕ ဂ႐ုစ္ိဳက္မႈကို ခံရသူ..!
မ ရဲ႕ အခ်စ္ကိုခံရသူ ..!
သူ႕ေ႐ွ႕က အံ့ဩသလိုၾကည့္ေနတဲ့ ကင္မ္ထယ္ေယာင္းဆိုတဲ့လူအေပၚ ဝန္တိုစိတ္ေတြေၾကာင့္ အားလုံးပုံခ်ပစ္ကာ မ်က္ႏွာထိုးခ်ပစ္လိုက္သည္။

"ခင္ဗ်ားႀကီးေၾကာင့္ ! ေတာက္ !"

ခြပ္..!

"အာ့!"

"႐ူးေနတာလား ? ဘာလို႔ ငါ့ကို ထိုးတာလဲ ?"

"ခင္ဗ်ားေၾကာင့္မို႔ မက က်ဳပ္ကို အခုလိုဆက္ဆံတာ ! အားလုံးခင္ဗ်ားေၾကာင့္ပဲ !"

မထင္မွတ္ထားေသာ ျဖစ္ရပ္ေၾကာင့္ ထယ္ေယာင္းပါးတစ္ခုလုံးပူထူသြားရသည္။ခ်ာတိတ္က သူ႕ကိုထိုးလိုက္တာ။ပူစပ္စပ္ျဖစ္သြားေသာ ႏႈတ္ခမ္းေထာင့္သို႔ လက္ျဖင့္ပြတ္လိုက္ေတာ့ ေသြးက ပါလာသည္။လက္စေၾကာင့္ ‌ႏႈတ္ခမ္းေပါက္သြားတာ။

ထယ္ေယာင္း ေဒါသေထာင္းခနဲျဖစ္ကာ ေနရာမွ ထရပ္လို႔ ခ်ာတိတ္အား ခပ္စူးစူးၾကည့္ရင္း အသံကို ျမင့္ေမးလိုက္သည္။

ဒါ ပထမဆုံးအႀကိမ္ သူ႕ဘဝမွာ အေတာ္ေလးေဒါသထြက္ျခင္းပဲ။ရန္မျဖစ္တဲ့သူ ေက်ာင္းရဲ႕ထူးခြၽန္ေက်ာင္းသားက အခု ေက်ာင္းကန္တင္းလူအမ်ားၾကားမွာ မိန္းမတစ္ေယာက္ေၾကာင့္ အထိုးခံလိုက္ရတယ္တဲ့လား။

နဂိုတည္းက ခပ္႐ႈပ္႐ႈပ္ေတြ မျဖစ္ခ်င္လို႔ ေအးေဆးေနလာတာ အကုန္သြားၿပီ။ဒီေနရာမွာ ဆက္ေနရင္ ျပသနာက ပိုႀကီးေတာ့မည္။အမွန္တကယ္ ဂ်ဴနီယာတစ္ေယာက္ကို သူ႕ရဲ႕ဖုံးကြယ္ထားတဲ့ ေဒါသစိတ္ေၾကာင့္ မထိန္းခ်ဳပ္ႏိုင္ဘဲ တစ္ခုခုျပန္လုပ္မိမွာစိုးေပမယ့္ အခုေတာ့မရေတာ့။သူ႕အက်ႌရင္ဘက္စအား ခ်ဳပ္ကိုင္လို႔ ထပ္ထိုးရန္ ၾကံေနတဲ့ ခ်ာတိတ္လက္ေတြကို အားနဲ႔ျဖဳတ္ခ်ၿပီး ျပန္ခ်ဳပ္လိုက္ကာ ကန္တင္းက ဆြဲေခၚလာလိုက္သည္။

"လာခဲ့စမ္း..!"

"အာ့ လႊတ္စမ္း! က်ဳပ္ကို ဘယ္ေခၚလာတာလဲ ?"

"ပိတ္ထား..!"

"မပိတ္ႏိုင္ဘူး..! က်ဳပ္လက္ကို ခုခ်က္ခ်င္းလႊတ္..!"

ဒုန္း..!

မ်က္ခုံးတန္းေတြ တြန္႔ခ်ိဳးေနတဲ့လူက ေဂ်ာင္ကုလက္ကို ခပ္တင္းတင္းဆြဲကိုင္လို႔ အခန္းလႊတ္တစ္ခု‌ဆီ တ႐ြတ္တိုက္မတက္ဆြဲေခၚလာသည္။

အာ မဟုတ္မွ ဒီလူက သူနဲ႔ one by oneဆြဲခ်င္တဲ့သေဘာလား..?
ဟက္ ! ေတြ႕ၾကေသးတာေပါ့..!

"ခင္ဗ်ား..! "

"ေျပာစမ္း ! မင္း  ဘာျဖစ္ခ်င္တာလဲ ပြင့္ပြင့္လင္းလင္းေျပာ! "

"ခင္ဗ်ား မနဲ႔ မပတ္သတ္ေနတာ ၾကည့္မရလို႔ ထိုးတာဘာျဖစ္လဲ ? ဒါေၾကာင့္ ထပ္ျပသနာမျဖစ္ခ်င္ရင္ မ နဲ႔ေဝးေဝးေနမယ္လို႔ ကတိေပး! မဟုတ္ရင္ ခင္ဗ်ားတို႔ အကုန္လုံး ဂြၽန္ေဂ်ာင္ကုအေၾကာင္းသိေစရမယ္ !"

အထင္နဲ႔လြဲစြာ သူ႕အား ျပန္မထိုးဘဲ လက္ကို အၾကမ္းပတမ္းလႊတ္ၿပီး ေနာက္သို႔ ေျခလွမ္းအနည္းငယ္စာသာ ဆုတ္ေအာင္ တြန္းလိုက္တဲ့လူက ဘာျဖစ္ခ်င္လဲတဲ့။ေဂ်ာင္ကု ဒီလူ႕မ်က္ႏွာအား စူးစိုက္ၾကည့္လို႔ လက္ညိဳးထိုးကာ ၿခိမ္းေျခာက္စကား‌ဆိုလိုက္သည္။

ခင္ဗ်ားသတၱိ႐ွိရင္ ေ႐ွ႕တိုးၾကည့္လ္ိဳက္စမ္းပါ ..!

ထယ္ေယာင္းအား အထင္မွားၿပီး ထိုးတဲ့အျပင္အခုလည္း ဒါရာနဲ႔ မပတ္သတ္နဲ႔တဲ့။ဒီခ်ာတိတ္ ေတာ္ေတာ္ျဖစ္ေနပုံပဲ။သူကျဖင့္ စိတ္ကိုမဝင္စားတာ။ဒါရာကသာ လာမပတ္သက္ရင္ သူ႕ဘက္ကလည္း ဇာတ္လမ္းစ  စရာဘာအေၾကာင္းမွ မ႐ွိ။ဘာပဲျဖစ္ျဖစ္ ဒါေတြကို ဒီခ်ာတိတ္သိေအာင္ သူ႐ွင္းမျပခ်င္ပါ။

သို႔ေသာ္ ခ်ာတိတ္က သူ႕ရဲ႕ေနာက္ခံနဲ႔ ၿခိမ္း
ေျခာက္လာေတာ့ ေစာေစာစီးစီးေ႐ွာင္ထားရမည္။ဘာမဟုတ္တဲ့ ျပသနာနဲ႔ ကိုယ့္ဘဝနဲ႔ ကိုယ့္မိသားစုကို အထိခိုက္မခံႏိုင္ပါ။

ထယ္ေယာင္း စိတ္ပ်က္လက္ပ်က္ျဖင့္ လက္ႏွစ္ဖက္ကို ခါးစက္နားေထာက္ရင္း က်စ္တစ္ခ်က္သပ္လိုက္ၿပီးေနာက္ သူ႕ကို ေဒါသမ်က္ဝန္းေတြနဲ႔ ေပါက္ထြက္မတက္ စူးစူးၾကည့္ေနတဲ့ ခ်ာတိတ္အား မေလ်ာ့ေသာ အၾကည့္ျဖင့္ ျပန္ၾကည့္ကာ...

"က်စ္ ! ငါေျပာတာကို အရင္နားေထာင္လိုက္ !႐ွင္း႐ွင္းပဲေျပာမယ္ မင္း ေသမေလာက္လိုခ်င္ေနတဲ့ မကို ငါလုံးဝစိတ္မဝင္စားဘူး!"

"အဲ့ဒါဆို ဘာလို႔ မနဲ႔ စကားေျပာလဲ ?"

"ငါက မင္းလို လူမႈေရးေခါင္းပါးတဲ့ေကာင္မဟုတ္ဘူး ! ေမးထူးေခၚေျပာေတာ့႐ွိမွာပဲ !"

"မလိုခ်င္ဘူး ! "

"မလိုခ်င္ရင္ မင္းရဲ႕ မကို မင္းထိန္းေပါ့ ! ငါနဲ႔ လာမပတ္သတ္နဲ႔လို႔ ! "

"ခင္ဗ်ားႀကီး !"

ထယ္ေယာင္းစကားက အေတာ္ထိသြားဟန္။ခ်ာတိတ္က သူ႕ကို ေဆာင့္ေအာ္ပစ္လိုက္သည္။သို႔ေသာ္ ေဒါသမ်က္ဝန္းေတြကေတာ့ ခ်က္ခ်င္းေျပာင္းလဲသြားသည္။ထယ္ေယာင္း သူတို႔ႏွစ္ေယာက္ အေျခအေနကို တစ္ခါအကဲခတ္႐ုံျဖင့္ ခန္႔မွန္းႏိုင္သည္။

မဟုတ္မွ...

"ဟက္ !ဘာလဲ တစ္ဖက္သတ္အခ်စ္လား ဟမ္! "

"မဟုတ္ဘူး ! မ က က်ဳပ္ကို ခ်စ္တယ္ ! ခင္ဗ်ား မသိဘဲ ေလွ်ာက္မေျပာနဲ႔ ..!"

"ေလွ်ာက္မေျပာပါဘူး ! ျမင္တာေျပာေနတာ ! ငါက အေနသာႀကီး ! ငါဆိုတဲ့ေကာင္က မင္းရဲ႕မကို Tom and Jerryဇာတ္လမ္းေလာက္ေတာင္ စိတ္မဝင္စားဘူး ! အဲ့ေတာ့ မင္းစိတ္ခ်လို႔ရတယ္ !"

"မယုံဘူး ခင္ဗ်ားကို !"

"ငါ့ဘက္က အပြင့္လင္းဆုံးေျပာတာကို မယုံလည္းမတတ္ႏိုင္ဘူး ! ဒါေပမယ့္ ေစာနကလို လူၾကားထဲမွာ ျပသနာလာမ႐ွာနဲ႔ !"

သူ႕ဘက္က ေျပာစရာ႐ွိတာ ေျပာၿပီးၿပီ။ယုံတာ မယုံတာမတက္ႏိုင္ေပမယ့္ သူ႕စကားေတြကေတာ့ ေသြးထြက္ေအာင္မွန္သည္။ေနာက္တစ္ခါထပ္ၿပီး အခုလို မိန္းကေလးတစ္ေယာက္ကို ၿပိဳင္လုတဲ့ပုံမ်ိဳးနဲ႔ ျပသနာမျဖစ္ခ်င္သလို အျခားလူေတြရဲ႕ စူးစမ္းအၾကည့္ေတြကိုလည္း သူမလိုခ်င္။

ခ်ာတိတ္ကေတာ့ အနည္းငယ္ၿငိမ္သြားေပမယ့္ အေၾကာကေတာ့ မေလွ်ာ့သလို ခုထိမယုံေသး..!

"အဲ့တာ က်ဳပ္ကိစၥ !"

"လုပ္ၾကည့္ေပါ့ ! အက်ိဳးဆက္အေနနဲ႔ မင္းရဲ႕ ႏွလုံးသားကို ရင္းႏိုင္ရင္ !"

"ဘာ ! ခင္ဗ်ား !"

"အဟက္ ! "

"ဟိတ္လူ ! ဘယ္သြားတာလဲ က်ဳပ္ေျပာလို႔မၿပီးေသးဘူးေနာ္ ခင္ဗ်ားႀကီး ! "

ေဂ်ာင္ကု အက်င့္အတိုင္း လူေတြရဲ႕စကားကို အယုံမလြယ္တာမို႔ ခပ္ဆက္ဆက္ျပန္ေျပာေတာ့ ဒီလူ သူ႕ကို ေနာက္တစ္ခါ ထပ္ေၾကာသြားျပန္
သည္။မ က သူ႕ကိုႀကိဳက္ေနမွန္းသိရဲ႕နက္ တမင္သက္သက္ေျပာသြားတာ။

သူသာ ထပ္ျပသနာ႐ွာရင္ မ ကို ပတ္သတ္မယ္ဆိုတဲ့သေဘာ...!

ဒီလူ႕ ဂြၽန္ေဂ်ာင္ကုကို ဘာထင္ေနလဲ မသိ။မဲ့ျပဳံး
ျပဳံးလို႔မ်က္ခုံးတစ္ဖက္ေတာင္ ပင့္ျပသြားေသး။ဒါသူ႕ ေဒါသကိုဆြသြားတာ။

"ျပန္လာခဲ့စမ္း..! ခင္ဗ်ားႀကီး ! အားး..!"

ေဂ်ာင္ကု ေဒါသထြက္လြန္းလို႔ မခံမရပ္ႏိုင္ျဖစ္ကာ လက္ႏွစ္ဖက္ကို အိတ္ကပ္ထဲထည့္လို႔ ခပ္တည္တည္နဲ႔ ျပန္ထြက္သြားသူရဲ႕ ေက်ာျပင္က်ယ္ကို ၾကည့္ရင္း တ‌ေၾကာ္ေၾကာ္ေအာ္ေခၚပစ္လိုက္သည္။သူမ်ားအျမင္မွာေတာ့ ေဂ်ာင္ကုရဲ႕ ယခုပုံေလးက ၾကမ္းျပင္တြင္ ခုန္ဆြ ခုန္ဆြနဲ႔  ေဒါသထြက္ေနတဲ့ ယုန္ကေလးႏွယ္။
.
.
ေနာက္က ေအာ္သံေတြကို ထယ္ေယာင္း ၾကားေပမယ့္ ခပ္ျပဳံးျပဳံးသာ။ခ်ာတိတ္ သူ႕စကားေၾကာင့္အေတာ္ ပူပန္သြားမွာ။ေအးေလ သူကလည္း ဒါရာကို လိုက္မယ္ဆိုတဲ့ သေဘာနဲ႔ ခက္တည္တည္ေျပာပစ္ခဲ့တာကို။တကယ့္စိတ္ရင္းကေတာ့ ထိုကဲ့သို႔ အေတြးလုံးဝမ႐ွိပါ။

သူ႕လိုလူက ကိုယ္မခ်စ္တဲ့သူကို ဟန္ေဆာင္ၿပီးလည္း မခ်စ္ျပတတ္သလို တစ္စုံတစ္ေယာက္ကို အႏိုင္ယူဖို႔အတြက္ ကိုယ့္ကိုခ်စ္ေနသူရဲ႕ ႏွလုံး
သားကို လွည့္စားတတ္တဲ့ သူမဟုတ္။

ဒါကိုေတာ့ ေဒါပြက်န္ေနခဲ့တဲ့ ခ်ာတိတ္မသိ႐ွာပါ ..!

ထယ္ေယာင္း အေတြးနဲ႔အတူ ခပ္ျပဳံးျပဳံးလုပ္လိုက္ရင္း မည္သူမွ မၾကားသည့္ စကားစုေလးတစ္ခုကို ေရ႐ြတ္လိုက္သည္က...

"အ႐ူးေလးပဲ ခ်ာတိတ္~"

To be continued...

____________________

Thanks for reading >> ⭐ <<

Feedback please 💌

[ ဒီတစ္ခါေတာ့ အရမ္းကို စိတ္ထားေျဖာင့္မတ္ၿပီး အေကာင္းျမင္တတ္တဲ့ ဆရာႀကီးကင္မ္ကို ျမင္ေတြ႕ရပါေတာ့မယ္ ]

Continue Reading

You'll Also Like

2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
43.4K 4.1K 31
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK အရာအားလံုး ေပးဆပ္ခဲ့ၿပီးတာေတာင္ ဘာလို႔ ဆက္လုိက္ေနေသးတာလဲ ကင္မ္ရာ~ အရာအားလုံး ပေးဆပ်ခဲ့ပြီးတာတောင် ဘာလ...
1.8M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...