Controlling not to love you
🍄49🍄
[ခေါင်းတလားထဲကပင့်ကူများ]
ရှင်ထန့်ဟောင်ရဲ့ ချစ်ဇနီးလေး ဆိုတဲ့ အသံသာ တိုးမနေခဲ့ရင် ပေကောလွီ သေချာပေါက် စိတ်ဆိုးတော့မှာ ဖြစ်လေသည်။ ပေကောလွီရဲ့ မျက်နှာက အမြဲတမ်း တည်ငြိမ်အေးစက်နေခဲ့သော်လည်း မီးရောင်အောက်မှာ နားရွက်ကလေးကတော့ ရဲနေ၏။
"လွီ..... မြေအောက်နန်းတော် ကိစ္စ ဖြေရှင်းပြီးရင် ကိုယ်တို့နန်းတော်ကို ပြန်ပြီး ခဏနားကြမလား?"
"အွန်း"
သူလည်း တူလေးနှစ်ယောက်ကို သတိရနေတာ ဖြစ်သည်။
"ကိုယ်မင်းကို ပြောပြစရာရှိသေးတယ်.... ယွမ်းယောင်လေ သူမ သာသနာ့ဘောင်ထဲ ဝင်သွားပြီတဲ့"
ပေကောလွီ အံ့ဩသွားသည်။
"သူမ?"
"အွန်း.... ပေပန်ရှန်းက အခုဆို အိမ်ရှေ့စံကောင်းလေး ဖြစ်နေပြီ အားလုံးကသူ့ကို ယုံကြည်ပြီး ထောက်ပံ့ပေးကြတယ် တိုင်းပြည်ကိုလည်း ကောင်းကောင်း ကွပ်ကဲနိုင်တယ်တဲ့.... ကိုယ်စဥ်းစားနေတာ ပေပန်ရှန်းက ဘယ်သူနဲ့များ တူနေသလဲလို့"
ပေကောလွီ ရှင်ထန့်ဟောင်ရဲ့ မျက်လုံးကို စိုက်ကြည့်လိုက်သည်။
"ဘာလဲ?"
"သေချာပေါက် ကိုယ့်ရဲ့ဇနီးလေးနဲ့ တူတာပဲ"
"စကားပြောတာ....."
"ကိုယ်သိပါတယ် သူတို့ မကြားပါဘူးကွာ"
ထိုစဥ် တုံ့ဖန်းသည် သူတို့ဘယ်ကို ဆက်သွားကြမလဲ ဆိုတဲ့အကြောင်းကို လမ်းပြအား လှည့်မေးလိုက်၏။ ဒီလို လောဘသိုင်းသမားတွေရှိတဲ့ နေရာမှာ သူအကြာကြီး မနေချင်ပါ။ သူတို့ဟာ မလှုပ်ရှားကြပေမယ့် လွေ့မန်ကုရဲ့ ရတနာကို လိုချင်နေတာ အရှင်းသားကြီး။
တုံ့ဖန်းဆီက မေးခွန်းကို ကြားတော့ လမ်းပြက ခေါင်းကုတ်၏။
"ကျွန်တော်လည်း စဥ်းစားနေတာ.... ကျွန်တော်တို့ အရင်တစ်ခေါက်ကလာတော့ ဒီနေရာမှာ ဒီခေါင်းတလားတွေ မရှိဘူး"
တုံ့ဖန်း - "ဘာ?"
ချင်းသွမ့် - "အာ"
ရှင်ထန့်ဟောင်နဲ့ ပေကောလွီလည်း လမ်းပြအား တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။ ချိန်ယင်မှာလည်း မျက်တောင်ကလေးတွေ ပုတ်ခတ် ပုတ်ခတ်ဖြင့်။ သူ့မှာ ဒီသင်္ချိုင်းဂူထဲကို စရောက်ကတည်းက ကြောက်လန့်နေမိရာ လမ်းပြသာ လမ်းမသိတော့ရင် သူတို့ ဘယ်လိုများ အပြင်ပြန်ထွက်ကြမလဲ။
ရှင်ထန့်ဟောင် ပေကောလွီအနားမှထ၍ လမ်းပြဆီကို လျှောက်လာသည်။
"ခင်ဗျားအရင်တစ်ခါလာတော့ ဒီနေရာကို ရောက်ခဲ့တာလား ဒါမှမဟုတ် ခေါင်းတလားတွေ မရှိတဲ့ တခြားနေရာကို ရောက်ခဲ့တာလား?"
လမ်းပြ ခါးဆန့်သွားသည်။ သူက ရှင်ထန့်ဟောင်ကို အံ့ဩနေတဲ့ အကြည့်တွေနဲ့ ကြည့်ရင်း သူသည် အရင်က ဝင်ခဲ့ဖူးသော လမ်းကြောင်းတွေကို ပြန်စဥ်းစားကြည့်လိုက်သည်။ ထို့နောက် တဖြည်းဖြည်းချင်း မတ်တတ်ထရပ်၍ ရှင်ထန့်ဟောင်နဲ့ မျက်နှာချင်းဆိုင်၏။
"သခင်လေး..... ကျွန်တော်တို့ လမ်းမှားလာပြီလား မသိဘူး? ဟုတ်တယ် "
လမ်းပြက သေချာစဥ်းစားနေသည်။
"ဒီသင်္ချိုင်းက လမ်းတွေ အရမ်းများတယ် ဂူလမ်းဆုံးလို့ ဒီလိုနေရာမျိုးရှိတယ် ဆိုရင်တောင် တစ်ခုနှစ်ခုတော့ မဖြစ်နိုင်ဘူး.... သခင်လေး ကျွန်တော်တို့ လမ်းရှာကြည့်ကြရအောင်"
လမ်းပြရဲ့ အကြံပေးချက်ကို ရှင်ထန့်ဟောင်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူတို့နှစ်ယောက် လက်ရှိအခန်းရဲ့ ပုံစံမှာ စက်ဝန်းတစ်ခုလို လုံးဝန်းပြီး လေးထောင့်သဏ္ဌာန် အုတ်ချပ်တွေနှင့် ကာရံထား၏။
အလယ်မှာ ခေါင်းတလားတွေ မြောက်များစွာ စီတန်းထားကာ ခေါင်းတလားတစ်ခုနဲ့ တစ်ခုက အကွာအဝေးတစ်ခု ရှိပြီး အခန်းက ကျယ်ဝန်းသည်။ အခန်း၏ သုံးပုံနှစ်ပုံလောက်က အန်းပင်းရန်တို့ အဖွဲ့မှ နေရာယူထား၏။
ရှင်ထန့်ဟောင် နဲ့ လမ်းပြ ပြောနေသော စကားတွေကို သူတို့လည်း ကြားကြတာကြောင့် တစ်ယောက်က မတ်တတ်ထရပ်လာလေသည်။ မြွေနက်ဂိုဏ်းက လူတစ်ယောက် ဖြစ်ကာ သူသည် မြွေနက်ဂိုဏ်းမှ ပါရမီရှင်ဟုလည်း လူသိများသော လင်ရှစ် ဖြစ်၏။
လင်ရှစ် - "ဒီက လူကြီးမင်းက ဒီဂူထဲကို အရင်ကရောက်ဖူးတာလား?"
သူ့အသံက အခန်းထဲရှိ လူတွေအားလုံးရဲ့ အာရုံကို ဆွဲဆောင်သွားသည်။ လင်ရှစ်အသံမှာ ရန်လိုစိတ်မရှိ သိချင်စိတ်တစ်ခုတည်းကြောင့်သာ တည်ရှိတာကြောင့် လင်ရှစ်က လူဆိုးတစ်ယောက် မဟုတ်မှန်း သိသာသည်။
လင်ရှစ်က ရှင်ထန့်ဟောင်တို့ထံ လျှောက်လာ၏။ အဖွဲ့နှစ်ဖွဲ့မှာ ရန်ငြိုးမရှိသော်လည်း မိတ်ဆွေတွေလည်း မဟုတ်ပြန်။ ထို့ကြောင့် လင်ရှစ်ရဲ့လူတွေက သူ့ကိုပြန်ဆွဲချင်ကြသည်။
"လင်အစ်ကိုကြီး....."
"လင်အစ်ကိုကြီး ဘာလုပ်မလို့လဲ?"
လင်ရှစ် သူနဲ့အတူပါလာတဲ့ လူငါးယောက်ကို လက်ကာပြပြီးတော့ ခေါင်းတလားတွေ ကြားကနေ ဖြတ်လျှောက်သွား၏။ သူက ရှင်ထန့်ဟောင်နဲ့ တုံ့ဖန်းတို့ကို တစ်လှည့်စီ ဂါဝရပြုလိုက်ပြီးတော့။
လင်ရှစ် - "ကျွန်တော်တို့ဒီကိုလာတာ မြွေနက်ဂိုဏ်းကနေ ပျောက်သွားတဲ့ ဂိုဏ်းချုပ်ငါးကို ရှာဖို့ပါ.... ဒီကလူကြီးမင်း လမ်းသိမယ်ဆိုရင် ကျွန်တော်တို့ အတူတူ လိုက်ခဲ့လို့ရမလား?"
ရှင်ထန့်ဟောင်က မျက်မှောင်ကျုံ့၏။ လင်ရှစ်ကို သူသိသည်။ လင်ရှစ်က လူကောင်းတစ်ယောက်ပင်။ သို့သော် သူသည် အန်းပင်းရန်တို့နဲ့ တစ်ဖွဲ့တည်း ဟုတ်သလား မသိတာကြောင့် သူလက်မခံချင်ပေ။
အားလုံးရဲ့ အာရုံကလည်း သူတို့နှစ်ယောက်ဆီသို့သာ။ လင်ရှစ်ကသူတို့နဲ့ အမှန်တကယ် ပူးပေါင်းချင်ပုံရ၏။ ထိုအရာက အန်းပင်းရန်ကို ပို၍ မျက်နှာပျက်သွားစေသည်။
အန်းပင်းရန် - "လင်ရှစ်...... မင်းဒါ ဘာသဘောလဲ?"
လင်ရှစ်က အန်းပင်းရန်ဘက်သို့ ပြန်လှည့်၏။
"အန်းလူကြီးမင်း.... ကျွန်တော်က ဂိုဏ်းချုပ်ငါးကို ရှာဖို့ လာခဲ့တာပါ သူ့ကိုရှာတွေ့တာနဲ့ ကျွန်တော်တို့က ပြန်ကြမှာ.... သူ့ကိုမြန်မြန် ရှာတွေ့ဖို့က အရေးကြီးတယ် ကျွန်တော်တို့ အားလုံး အခုလောလောဆယ် လမ်းပျောက်နေကြတာ မဟုတ်လား?"
တုံ့ဖန်း - "လမ်းပျောက်တယ်?"
ရှင်ထန့်ဟောင် - "အို...... ဘယ်လိုဖြစ်တာလဲ?"
လင်ရှစ် ရှင်ထန့်ဟောင်ဘက်ကို တစ်ဖန်ပြန်လှည့်၏။
"ဒီလိုပါ သခင်လေး... ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်ငါးက လွန်ခဲ့တဲ့ ငါးလလောက်ကတည်းက ဒီထဲမှာ ပျောက်သွားခဲ့တာ ကျွန်တော်တို့လည်း ဒီထဲကို ရောက်နေတာ လေးရက်လောက် ရှိသွားပြီ... ကျွန်တော်တို့ အယောက်၂၀ လာတာ အခုခြောက်ယောက်ပဲ ကျန်တော့တယ်... ဒီသင်္ချိုင်းက လမ်းတွေများသလို ထောင်ချောက်တွေကော အကောင်ကြီးတွေလည်း ပေါတယ် ဒါကြောင့် လမ်းသိတဲ့သူပါတော့ ကျွန်တော်တို့ဘက်က ပူးပေါင်းချင်တာပါ"
ရှင်ထန့်ဟောင် - "ကောင်းပြီ ငါသဘောတူတယ် မင်းဘက်က တစ်စုံတစ်ယောက်ကို မထိသရွေ့ ငါသဘောတူတယ်"
လင်ရှစ်က ပြုံး၍ ရှင်ထန့်ဟောင်အား လက်သီးလက်ဝါးဆုပ်ကာ ဂါဝရပြုလိုက်သည်။
"ကောင်းပြီ.... ကျွန်တော် သဘောတူတယ် "
"ရှိသေးတယ် "
"ဘာများလဲ?"
ရှင်ထန့်ဟောင်သည် နှုတ်ခမ်းထောင့်စွန်း တစ်ဖက်ကို ကွေ့ပြရင်း အန်းပင်းရန်ဘက်သို့ လက်ညှိုးထိုးလိုက်သည်။ အန်းပင်းရန်မှာ ချက်ချင်းပင် ခါးဆန့်သွားချေ၏။ သူတစ်ယောက်တည်း မဟုတ် ရှင်ထန့်ဟောင်ရဲ့ သရုပ်မှန်ကို သိနေသူတွေမှာလည်း စိတ်လှုပ်ရှားသွားကြသည်။
အန်းပင်းရန်သည် အရင်က ပေကောလွီဘေးမှာ ရှိနေသူရဲ့ သရုပ်မှန်ကို မသိခဲ့ချေ။ ထိုလူက လေပွေ့ရွေ့လျားသိုင်းကို တက်မြောက်နေတာကြောင့် လိုက်စုံစမ်းရင်း ပေကောလွီနဲ့ ဝတ်ရုံလက်ပြတ်တွေမှန်း သိလိုက်ရသည်။
ပေကောလွီနဲ့ လက်ထပ်ထားသူမှာ ရှင်ပြည်ထောင်က ကြောက်မတ်ဖွယ် ဧကရာဇ်ကြီးကလွဲလို့ ဘယ်သူမှမရှိဘူးလေ။ သို့မှသာ ထိုသူက ရှင်ထန့်ဟောင်မှန်း သူသိရတော့သည်။ သူသည် အကြိမ်ပေါင်းမနည်း ပေကောလွီကို ဓားနဲ့ ချိန်ဖူးသည်။
အခုတော့ သူက ရှင်ထန့်ဟောင်ရဲ့ ရန်ငြိုးထားခြင်းကို ခံနေရပြီ။ အန်းပင်းရန် လက်တစ်ဖက်က ဓားကို ကျစ်နေအောင် ဆုပ်ထားသည်။
ရှင်ထန့်ဟောင် - "ငါသူ့ကိုသတ်တဲ့အခါ မင်း ဘေးထွက်နေရမယ်"
လင်ရှစ် အံ့သြသွားသည်။ သူက ရှင်ထန့်ဟောင် နဲ့ အန်းပင်းရန်ကို တစ်လှည့်စီကြည့်ပြီး အံ့အားသင့်နေ၏။ သူတို့ မြွေနက်ဂိုဏ်းက သိုင်းလောကနဲ့ သိပ်ပြီး အဆက်အဆံမရှိချေ။ သို့သော် တချို့သတင်းတွေကိုတော့ သူတို့ ကြားရပါသည်။
လင်ရှစ်သည် အန်းပင်းရန် နဲ့ ရှင်ထန့်ဟောင်တို့ကြားက ရန်ငြိုးတွေကို မသိရိုးအမှန်ပင်။ သိရင်လည်း သူပါဝင်ဖို့ လိုအပ်သည်မဟုတ်။ ထို့ကြောင့် လင်ရှစ် ခေါင်းညိတ်၍ သဘောတူလိုက်သည်။
ထို့နောက် သူ့ရဲ့အဖွဲ့သားတွေကို ခေါ်ကာ ရှင်ထန့်ဟောင်တို့အနားတွင် နေရာယူလိုက်သည်။ ရှင်ထန့်ဟောင် အန်းပင်းရန်အား လက်ညှိုးထိုး၍ သတ်မည့်အကြောင်း ပြောလိုက်သည့်အခါ အန်းပင်းရန်ရဲ့လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
"သခင်ကြီး.... ဒီလူတွေ သိပ်အတင့်ရဲလွန်းတယ်..."
"ကျွန်တော်သွားပြီး ဆုံးမပေးမယ်"
အသံတစ်သံနဲ့အတူ လေတိုသံတစ်ချက် ကြားလိုက်ရပြီး လူတစ်ယောက်သည် အန်းပင်းရန် အနောက်ကနေ ထွက်လာ၏။ ထိုလူသည် အနက်ရောင် ဝတ်ရုံရှည်နဲ့ မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
သူ၏ခါးတွင် ပေဖန်းဟူသည့် စာလုံးပါသော ခါးပတ်တစ်ခုကို ဝတ်ဆင်ထားသည်။ သူသည် ကိုယ်ဖော့၍ ရှင်ထန့်ဟောင်နှင့် အန်းပင်းရန်ကြားရှိ ခေါင်းတလားတစ်လုံးပေါ်တွင် ရပ်လိုက်သည်။ သူက ရှင်ထန့်ဟောင်ကို လက်ညှိုးထိုး၍ လက်ညှိုးကိုနှစ်ချက်မျှ ကွေးပြကာ စိန်ခေါ်လိုက်သည်။
ရှင်ထန့်ဟောင် ခြေတစ်လှမ်းအတိုးမှာ ဘယ်အချိန်က ရောက်လာမှန်းမသိသော ပေကောလွီက သူ့လက်ကို ဖမ်းဆုပ်လာ၏။
"ထန့်ဟောင်.... ငါတို့မှာ ဆေးအလုံအလောက် မပါဘူး မင်းမလှုပ်ရှားနဲ့"
"သားကောင်က အရှေ့မှာ ရောက်နေပြီ ကိုယ်ကဘာကြောင့် သဘောကောင်းနေရမှာလဲ?"
"ထန့်ဟောင်...."
ဝတ်ရုံနက် - "စကားများလွန်းတယ်"
ထိုအချိန်တွင် ခေါင်းတလားပေါ်က ဝတ်ရုံနက်သည် လေထုထဲသို့ ခုန်တက်၍ ရှင်ထန့်ဟောင်တို့ထံ တိုက်ရိုက်ပြေးဝင်လာပေ၏။ တုံ့ဖန်း အပါအဝင် ယွိရင်တို့အားလုံး အသင့်အနေအထား ဖြစ်သွားကြသည်။
လေဟုန်ဖြင့် ဝဲပျံလာသော ဝတ်ရုံနက်ကို ရှင်ထန့်ဟောင်၏ လက်သီးတစ်ချက်က အဆုံးအဖြတ် ပေးသွားလေသည်။ ဝတ်ရုံနက်မှာ ရှင်ထန့်ဟောင်ရဲ့ အတွင်းအားကို အထင်သေးမိသွားကာ သူသည် လာရာလမ်းအတိုင်း လွင့်သွား၏။
သူ့ခန္ဓာကိုယ်က ခေါင်းတလား နှစ်လုံးဆက်တိုက်ကို တိုးတိုက်မိပြီးနောက် သွေးတစ်ပွတ် အန်ကျလာသည်။
"သွားပြီ!!"
တစ်စုံတစ်ယောက်က ထအော်လိုက်သည်။ ဝတ်ရုံနက် တိုးတိုက်မိသွားသော ခေါင်းတလားများသည် ကျိုးကြေသွားကာ ထိုအထဲမှ အနက်ရောင် ပင့်ကူသေးသေးလေးတွေ ထွက်လာလေသည်။
ပင့်ကူများသည် သွေးနံ့ရှိရာသို့ တရွေ့ရွေ့ လှုပ်ရှားလာကြရာ ဝတ်ရုံနက်က သူတို့ရဲ့ပစ်မှတ် ဖြစ်သွားလေ၏။ အားလုံး ရုတ်ရုတ်သဲသဲဲ ဖြစ်သွားကာ ခေါင်းတလားတွေပေါ်မှာ ထိုင်နေကြသူများလည်း ခုန်ချကုန်သည်။ သူတို့မသိဘဲ သူတို့ထိုင်မိနေတဲ့ အရာက ပင့်ကူတွေရဲ့ အသိုက်တစ်ခု ဖြစ်နေသည်လေ။
ရှင်ထန့်ဟောင် အပ်ပုန်းတစ်ခုကို ထုတ်လိုက်သည်။ အပ်ပုန်းကို မျက်စောင်းထိုးတွင်ရှိ နံရံအုတ်ချပ် တစ်ချပ်ထံသို့ ပစ်သွင်းလိုက်သောအခါ အုတ်ချပ်က နစ်ဝင်သွားပြီး အသံတစ်သံလည်း ထွက်ပေါ်လာ၏။
ရှင်ထန့်ဟောင် - "သွားစို့...."
ရှင်ထန့်ဟောင် ပေကောလွီရဲ့လက်ကို ဆွဲကာ အပ်ပုန်းပစ်လိုက်သော နေရာသို့ ပျံသန်းသွားသည်။ တုံ့ဖန်းတို့လည်း အနောက်မှ လိုက်ကြသည်။ နစ်ဝင်သွားသော အုတ်ချပ်နေရာတွင် လူနှစ်ယောက်စာ အပေါက်တစ်ပေါက် ပေါ်လာ၏။
ရှင်ထန့်ဟောင်တို့ ထွက်သွားသောအခါ လင်ရှစ်တို့လည်း လိုက်ကြသည်။ သို့နှင့် တစ်ယောက်ပြီးတစ်ယောက် ထိုထွက်ပေါက်ကို တွေ့သွားကြလေသည်။ ထွက်ပေါက်နား ရောက်သောအခါ ယွိရင်သည် အနောက်လှည့်၍ သူမရဲ့ပိတ်စလေး နှစ်စကို လွှတ်ထုတ်လိုက်သည်။
ပိတ်စလေးနှစ်စက အန်းပင်းရန်တို့ အဖွဲ့ထဲက ပင်းကော်လီနဲ့ အန်းယွင်ကို ဆွဲခေါ်သွားလေသည်။ ထို့နောက်တွင် နောက်ထပ် လုံမိသားစုနှင့် ချန်းမိသားစုတို့လည်း ထွက်ပေါက်ကို အလုအယက် ပျံသန်းကြတော့၏။
ဝင်ပေါက်မှဆက်၍ ပြေးရလေသည်။ ပင့်ကူလေးတွေက အင်မတန်များလွန်းပြီး တပည့်ငယ်တွေရဲ့ အလုအယက် ပြေးမှုအောက်မှာ တခြားခေါင်းတလားတွေလည်း ကွဲကုန်ကြရာ ပင့်ကူတွေသည် သူတို့နောက်ကို ပို၍များပြားစွာ လိုက်လာကြတော့သည်။
ရှင်ထန့်ဟောင် ဖောက်လိုက်တဲ့ အပေါက်ထဲမှာ ဝင်္ကပါကဲ့သို့ လမ်းကြောင်းတွေက အင်မတန် များပြားသည်။ တုံ့ဖန်း နဲ့ ယွိရင်တို့ တစ်ဖွဲ့လုံးသည်လည်း ပင့်ကူတွေလက်မှ အလွတ်ရှောင်ရန် ပြေးကြရင်း ရှင်ထန့်ဟောင်တို့နဲ့ အဖွဲ့ကွဲသွားလေသည်။
ရှင်ထန့်ဟောင် အဆိပ်ကြောင့် နားက အဝေးကအသံကို သိပ်မရှင်းလင်းတော့လို့ ပင့်ကူတွေ ရွေ့လျားတဲ့ အသံကို မသဲကွဲ။ ဒါကြောင့် ပေကောလွီမှ ရှင်ထန့်ဟောင်ကိုဆွဲကာ ဝင်္ကပါလမ်းကြောင်းတွေထဲ လျှောက်ပြေးရလေသည်။
လမ်းကြောင်းထဲမှ အနည်းငယ် မှောင်၏။ ကျောက်စိမ်းတွေက လမ်းကြောင်းနံရံမှာ မရှိလို့ ရှင်ထန့်ဟောင် အသင့်ယူလာခဲ့တဲ့ ညလင်းပုလဲက အသုံးဝင်သွားသည်။
'ဝုန်း!'
ရှင်ထန့်ဟောင်တို့ အနောက်မှ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ဘယ်သူ့ရဲ့ လက်ဝါးသိုင်းလဲ မသိပေ။ လက်ဝါးသိုင်းကြောင့် ဂူနံရံလမ်းကြောင်းတွေ ပြိုကျကုန်သည်။
ဂူသင်္ချိုင်းသည် မြေအောက်တွင် တည်ထားခြင်း ဖြစ်တာကြောင့် တစ်စုံတစ်ယောက်ရဲ့ အတွင်းအားက ဂူနံရံကို ပြိုကျသွားစေတဲ့အခါ မြေအောက်တွင် ဖုံးကွယ်ထားသော စက်ယန္တယားတွေ လှုပ်ရှားလာကာ ခြေထောက်အောက်က ကြမ်းပြင်သည်လည်း မငြိမ်မသက် ဖြစ်လာသည်။
'ဝုန်း.... ဝုန်း.....'
ဂူနံရံတွေသာမက မြေအောက်ကြမ်းပြင်ပါ တုန်ယင်လာကာ ရုတ်တရက် ပြိုကျသွားတော့သည်။
"ထန့်ဟောင်!"
မြေအောက်က ပြိုကျသွားတာကြောင့် ပေကောလွီ ရှင်ထန့်ဟောင်ရဲ့လက်ကို ခပ်တင်းတင်း ဆုပ်လိုက်သည်။ ရှင်ထန့်ဟောင် ပေကောလွီခါးကို ဖက်၍ သူ့ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်သည်။ မြေအောက်က ပြိုကျသွားပြီး သူတို့နှစ်ယောက် မက်စောက်သော နံရံတစ်ခုကို ဝင်တိုက်မိသွားသည်။
Controlling not to love you
🍄 49🍄
[ေခါင္းတလားထဲကပင့္ကူမ်ား]
ရွင္ထန့္ေဟာင္ရဲ႕ ခ်စ္ဇနီးေလး ဆိုတဲ့ အသံသာ တိုးမေနခဲ့ရင္ ေပေကာလြီ ေသခ်ာေပါက္ စိတ္ဆိုးေတာ့မွာ ျဖစ္ေလသည္။ ေပေကာလြီရဲ႕ မ်က္ႏွာက အၿမဲတမ္း တည္ၿငိမ္ေအးစက္ေနခဲ့ေသာ္လည္း မီးေရာင္ေအာက္မွာ နား႐ြက္ကေလးကေတာ့ ရဲေန၏။
"လြီ..... ေျမေအာက္နန္းေတာ္ ကိစၥ ေျဖရွင္းၿပီးရင္ ကိုယ္တို႔နန္းေတာ္ကို ျပန္ၿပီး ခဏနားၾကမလား?"
"အြန္း"
သူလည္း တူေလးႏွစ္ေယာက္ကို သတိရေနတာ ျဖစ္သည္။
"ကိုယ္မင္းကို ေျပာျပစရာရွိေသးတယ္.... ယြမ္းေယာင္ေလ သူမ သာသနာ့ေဘာင္ထဲ ဝင္သြားၿပီတဲ့"
ေပေကာလြီ အံ့ဩသြားသည္။
"သူမ?"
"အြန္း.... ေပပန္ရွန္းက အခုဆို အိမ္ေရွ႕စံေကာင္းေလး ျဖစ္ေနၿပီ အားလုံးကသူ႕ကို ယုံၾကည္ၿပီး ေထာက္ပံ့ေပးၾကတယ္ တိုင္းျပည္ကိုလည္း ေကာင္းေကာင္း ကြပ္ကဲနိုင္တယ္တဲ့.... ကိုယ္စဥ္းစားေနတာ ေပပန္ရွန္းက ဘယ္သူနဲ႕မ်ား တူေနသလဲလို႔"
ေပေကာလြီ ရွင္ထန့္ေဟာင္ရဲ႕ မ်က္လုံးကို စိုက္ၾကည့္လိုက္သည္။
"ဘာလဲ?"
"ေသခ်ာေပါက္ ကိုယ့္ရဲ႕ဇနီးေလးနဲ႕ တူတာပဲ"
"စကားေျပာတာ....."
"ကိုယ္သိပါတယ္ သူတို႔ မၾကားပါဘူးကြာ"
ထိုစဥ္ တုံ႕ဖန္းသည္ သူတို႔ဘယ္ကို ဆက္သြားၾကမလဲ ဆိုတဲ့အေၾကာင္းကို လမ္းျပအား လွည့္ေမးလိုက္၏။ ဒီလို ေလာဘသိုင္းသမားေတြရွိတဲ့ ေနရာမွာ သူအၾကာႀကီး မေနခ်င္ပါ။ သူတို႔ဟာ မလႈပ္ရွားၾကေပမယ့္ ေလြ႕မန္ကုရဲ႕ ရတနာကို လိုခ်င္ေနတာ အရွင္းသားႀကီး။
တုံ႕ဖန္းဆီက ေမးခြန္းကို ၾကားေတာ့ လမ္းျပက ေခါင္းကုတ္၏။
"ကြၽန္ေတာ္လည္း စဥ္းစားေနတာ.... ကြၽန္ေတာ္တို႔ အရင္တစ္ေခါက္ကလာေတာ့ ဒီေနရာမွာ ဒီေခါင္းတလားေတြ မရွိဘူး"
တုံ႕ဖန္း - "ဘာ?"
ခ်င္းသြမ့္ - "အာ"
ရွင္ထန့္ေဟာင္နဲ႕ ေပေကာလြီလည္း လမ္းျပအား တစ္ၿပိဳင္တည္း လွည့္ၾကည့္လိုက္ၾကသည္။ ခ်ိန္ယင္မွာလည္း မ်က္ေတာင္ကေလးေတြ ပုတ္ခတ္ ပုတ္ခတ္ျဖင့္။ သူ႕မွာ ဒီသခၤ်ိဳင္းဂူထဲကို စေရာက္ကတည္းက ေၾကာက္လန့္ေနမိရာ လမ္းျပသာ လမ္းမသိေတာ့ရင္ သူတို႔ ဘယ္လိုမ်ား အျပင္ျပန္ထြက္ၾကမလဲ။
ရွင္ထန့္ေဟာင္ ေပေကာလြီအနားမွထ၍ လမ္းျပဆီကို ေလွ်ာက္လာသည္။
"ခင္ဗ်ားအရင္တစ္ခါလာေတာ့ ဒီေနရာကို ေရာက္ခဲ့တာလား ဒါမွမဟုတ္ ေခါင္းတလားေတြ မရွိတဲ့ တျခားေနရာကို ေရာက္ခဲ့တာလား?"
လမ္းျပ ခါးဆန့္သြားသည္။ သူက ရွင္ထန့္ေဟာင္ကို အံ့ဩေနတဲ့ အၾကည့္ေတြနဲ႕ ၾကည့္ရင္း သူသည္ အရင္က ဝင္ခဲ့ဖူးေသာ လမ္းေၾကာင္းေတြကို ျပန္စဥ္းစားၾကည့္လိုက္သည္။ ထို႔ေနာက္ တျဖည္းျဖည္းခ်င္း မတ္တတ္ထရပ္၍ ရွင္ထန့္ေဟာင္နဲ႕ မ်က္ႏွာခ်င္းဆိုင္၏။
"သခင္ေလး..... ကြၽန္ေတာ္တို႔ လမ္းမွားလာၿပီလား မသိဘူး? ဟုတ္တယ္ "
လမ္းျပက ေသခ်ာစဥ္းစားေနသည္။
"ဒီသခၤ်ိဳင္းက လမ္းေတြ အရမ္းမ်ားတယ္ ဂူလမ္းဆုံးလို႔ ဒီလိုေနရာမ်ိဳးရွိတယ္ ဆိုရင္ေတာင္ တစ္ခုႏွစ္ခုေတာ့ မျဖစ္နိုင္ဘူး.... သခင္ေလး ကြၽန္ေတာ္တို႔ လမ္းရွာၾကည့္ၾကရေအာင္"
လမ္းျပရဲ႕ အႀကံေပးခ်က္ကို ရွင္ထန့္ေဟာင္လည္း ေခါင္းညိတ္ေထာက္ခံလိုက္သည္။ သူတို႔ႏွစ္ေယာက္ လက္ရွိအခန္းရဲ႕ ပုံစံမွာ စက္ဝန္းတစ္ခုလို လုံးဝန္းၿပီး ေလးေထာင့္သဏၭာန္ အုတ္ခ်ပ္ေတြႏွင့္ ကာရံထား၏။
အလယ္မွာ ေခါင္းတလားေတြ ေျမာက္မ်ားစြာ စီတန္းထားကာ ေခါင္းတလားတစ္ခုနဲ႕ တစ္ခုက အကြာအေဝးတစ္ခု ရွိၿပီး အခန္းက က်ယ္ဝန္းသည္။ အခန္း၏ သုံးပုံႏွစ္ပုံေလာက္က အန္းပင္းရန္တို႔ အဖြဲ႕မွ ေနရာယူထား၏။
ရွင္ထန့္ေဟာင္ နဲ႕ လမ္းျပ ေျပာေနေသာ စကားေတြကို သူတို႔လည္း ၾကားၾကတာေၾကာင့္ တစ္ေယာက္က မတ္တတ္ထရပ္လာေလသည္။ ေႁမြနက္ဂိုဏ္းက လူတစ္ေယာက္ ျဖစ္ကာ သူသည္ ေႁမြနက္ဂိုဏ္းမွ ပါရမီရွင္ဟုလည္း လူသိမ်ားေသာ လင္ရွစ္ ျဖစ္၏။
လင္ရွစ္ - "ဒီက လူႀကီးမင္းက ဒီဂူထဲကို အရင္ကေရာက္ဖူးတာလား?"
သူ႕အသံက အခန္းထဲရွိ လူေတြအားလုံးရဲ႕ အာ႐ုံကို ဆြဲေဆာင္သြားသည္။ လင္ရွစ္အသံမွာ ရန္လိုစိတ္မရွိ သိခ်င္စိတ္တစ္ခုတည္းေၾကာင့္သာ တည္ရွိတာေၾကာင့္ လင္ရွစ္က လူဆိုးတစ္ေယာက္ မဟုတ္မွန္း သိသာသည္။
လင္ရွစ္က ရွင္ထန့္ေဟာင္တို႔ထံ ေလွ်ာက္လာ၏။ အဖြဲ႕ႏွစ္ဖြဲ႕မွာ ရန္ၿငိဳးမရွိေသာ္လည္း မိတ္ေဆြေတြလည္း မဟုတ္ျပန္။ ထို႔ေၾကာင့္ လင္ရွစ္ရဲ႕လူေတြက သူ႕ကိုျပန္ဆြဲခ်င္ၾကသည္။
"လင္အစ္ကိုႀကီး....."
"လင္အစ္ကိုႀကီး ဘာလုပ္မလို႔လဲ?"
လင္ရွစ္ သူနဲ႕အတူပါလာတဲ့ လူငါးေယာက္ကို လက္ကာျပၿပီးေတာ့ ေခါင္းတလားေတြ ၾကားကေန ျဖတ္ေလွ်ာက္သြား၏။ သူက ရွင္ထန့္ေဟာင္နဲ႕ တုံ႕ဖန္းတို႔ကို တစ္လွည့္စီ ဂါဝရျပဳလိုက္ၿပီးေတာ့။
လင္ရွစ္ - "ကြၽန္ေတာ္တို႔ဒီကိုလာတာ ေႁမြနက္ဂိုဏ္းကေန ေပ်ာက္သြားတဲ့ ဂိုဏ္းခ်ဳပ္ငါးကို ရွာဖို႔ပါ.... ဒီကလူႀကီးမင္း လမ္းသိမယ္ဆိုရင္ ကြၽန္ေတာ္တို႔ အတူတူ လိုက္ခဲ့လို႔ရမလား?"
ရွင္ထန့္ေဟာင္က မ်က္ေမွာင္က်ဳံ႕၏။ လင္ရွစ္ကို သူသိသည္။ လင္ရွစ္က လူေကာင္းတစ္ေယာက္ပင္။ သို႔ေသာ္ သူသည္ အန္းပင္းရန္တို႔နဲ႕ တစ္ဖြဲ႕တည္း ဟုတ္သလား မသိတာေၾကာင့္ သူလက္မခံခ်င္ေပ။
အားလုံးရဲ႕ အာ႐ုံကလည္း သူတို႔ႏွစ္ေယာက္ဆီသို႔သာ။ လင္ရွစ္ကသူတို႔နဲ႕ အမွန္တကယ္ ပူးေပါင္းခ်င္ပုံရ၏။ ထိုအရာက အန္းပင္းရန္ကို ပို၍ မ်က္ႏွာပ်က္သြားေစသည္။
အန္းပင္းရန္ - "လင္ရွစ္...... မင္းဒါ ဘာသေဘာလဲ?"
လင္ရွစ္က အန္းပင္းရန္ဘက္သို႔ ျပန္လွည့္၏။
"အန္းလူႀကီးမင္း.... ကြၽန္ေတာ္က ဂိုဏ္းခ်ဳပ္ငါးကို ရွာဖို႔ လာခဲ့တာပါ သူ႕ကိုရွာေတြ႕တာနဲ႕ ကြၽန္ေတာ္တို႔က ျပန္ၾကမွာ.... သူ႕ကိုျမန္ျမန္ ရွာေတြ႕ဖို႔က အေရးႀကီးတယ္ ကြၽန္ေတာ္တို႔ အားလုံး အခုေလာေလာဆယ္ လမ္းေပ်ာက္ေနၾကတာ မဟုတ္လား?"
တုံ႕ဖန္း - "လမ္းေပ်ာက္တယ္?"
ရွင္ထန့္ေဟာင္ - "အို...... ဘယ္လိုျဖစ္တာလဲ?"
လင္ရွစ္ ရွင္ထန့္ေဟာင္ဘက္ကို တစ္ဖန္ျပန္လွည့္၏။
"ဒီလိုပါ သခင္ေလး... ကြၽန္ေတာ္တို႔ရဲ႕ ဂိုဏ္းခ်ဳပ္ငါးက လြန္ခဲ့တဲ့ ငါးလေလာက္ကတည္းက ဒီထဲမွာ ေပ်ာက္သြားခဲ့တာ ကြၽန္ေတာ္တို႔လည္း ဒီထဲကို ေရာက္ေနတာ ေလးရက္ေလာက္ ရွိသြားၿပီ... ကြၽန္ေတာ္တို႔ အေယာက္၂၀ လာတာ အခုေျခာက္ေယာက္ပဲ က်န္ေတာ့တယ္... ဒီသခၤ်ိဳင္းက လမ္းေတြမ်ားသလို ေထာင္ေခ်ာက္ေတြေကာ အေကာင္ႀကီးေတြလည္း ေပါတယ္ ဒါေၾကာင့္ လမ္းသိတဲ့သူပါေတာ့ ကြၽန္ေတာ္တို႔ဘက္က ပူးေပါင္းခ်င္တာပါ"
ရွင္ထန့္ေဟာင္ - "ေကာင္းၿပီ ငါသေဘာတူတယ္ မင္းဘက္က တစ္စုံတစ္ေယာက္ကို မထိသေ႐ြ႕ ငါသေဘာတူတယ္"
လင္ရွစ္က ၿပဳံး၍ ရွင္ထန့္ေဟာင္အား လက္သီးလက္ဝါးဆုပ္ကာ ဂါဝရျပဳလိုက္သည္။
"ေကာင္းၿပီ.... ကြၽန္ေတာ္ သေဘာတူတယ္ "
"ရွိေသးတယ္ "
"ဘာမ်ားလဲ?"
ရွင္ထန့္ေဟာင္သည္ ႏႈတ္ခမ္းေထာင့္စြန္း တစ္ဖက္ကို ေကြ႕ျပရင္း အန္းပင္းရန္ဘက္သို႔ လက္ညွိုးထိုးလိုက္သည္။ အန္းပင္းရန္မွာ ခ်က္ခ်င္းပင္ ခါးဆန့္သြားေခ်၏။ သူတစ္ေယာက္တည္း မဟုတ္ ရွင္ထန့္ေဟာင္ရဲ႕ သ႐ုပ္မွန္ကို သိေနသူေတြမွာလည္း စိတ္လႈပ္ရွားသြားၾကသည္။
အန္းပင္းရန္သည္ အရင္က ေပေကာလြီေဘးမွာ ရွိေနသူရဲ႕ သ႐ုပ္မွန္ကို မသိခဲ့ေခ်။ ထိုလူက ေလေပြ႕ေ႐ြ႕လ်ားသိုင္းကို တက္ေျမာက္ေနတာေၾကာင့္ လိုက္စုံစမ္းရင္း ေပေကာလြီနဲ႕ ဝတ္႐ုံလက္ျပတ္ေတြမွန္း သိလိုက္ရသည္။
ေပေကာလြီနဲ႕ လက္ထပ္ထားသူမွာ ရွင္ျပည္ေထာင္က ေၾကာက္မတ္ဖြယ္ ဧကရာဇ္ႀကီးကလြဲလို႔ ဘယ္သူမွမရွိဘူးေလ။ သို႔မွသာ ထိုသူက ရွင္ထန့္ေဟာင္မွန္း သူသိရေတာ့သည္။ သူသည္ အႀကိမ္ေပါင္းမနည္း ေပေကာလြီကို ဓားနဲ႕ ခ်ိန္ဖူးသည္။
အခုေတာ့ သူက ရွင္ထန့္ေဟာင္ရဲ႕ ရန္ၿငိဳးထားျခင္းကို ခံေနရၿပီ။ အန္းပင္းရန္ လက္တစ္ဖက္က ဓားကို က်စ္ေနေအာင္ ဆုပ္ထားသည္။
ရွင္ထန့္ေဟာင္ - "ငါသူ႕ကိုသတ္တဲ့အခါ မင္း ေဘးထြက္ေနရမယ္"
လင္ရွစ္ အံ့ၾသသြားသည္။ သူက ရွင္ထန့္ေဟာင္ နဲ႕ အန္းပင္းရန္ကို တစ္လွည့္စီၾကည့္ၿပီး အံ့အားသင့္ေန၏။ သူတို႔ ေႁမြနက္ဂိုဏ္းက သိုင္းေလာကနဲ႕ သိပ္ၿပီး အဆက္အဆံမရွိေခ်။ သို႔ေသာ္ တခ်ိဳ႕သတင္းေတြကိုေတာ့ သူတို႔ ၾကားရပါသည္။
လင္ရွစ္သည္ အန္းပင္းရန္ နဲ႕ ရွင္ထန့္ေဟာင္တို႔ၾကားက ရန္ၿငိဳးေတြကို မသိရိုးအမွန္ပင္။ သိရင္လည္း သူပါဝင္ဖို႔ လိုအပ္သည္မဟုတ္။ ထို႔ေၾကာင့္ လင္ရွစ္ ေခါင္းညိတ္၍ သေဘာတူလိုက္သည္။
ထို႔ေနာက္ သူ႕ရဲ႕အဖြဲ႕သားေတြကို ေခၚကာ ရွင္ထန့္ေဟာင္တို႔အနားတြင္ ေနရာယူလိုက္သည္။ ရွင္ထန့္ေဟာင္ အန္းပင္းရန္အား လက္ညွိုးထိုး၍ သတ္မည့္အေၾကာင္း ေျပာလိုက္သည့္အခါ အန္းပင္းရန္ရဲ႕လူေတြ လႈပ္လႈပ္ရွားရွား ျဖစ္သြားၾကသည္။
"သခင္ႀကီး.... ဒီလူေတြ သိပ္အတင့္ရဲလြန္းတယ္..."
"ကြၽန္ေတာ္သြားၿပီး ဆုံးမေပးမယ္"
အသံတစ္သံနဲ႕အတူ ေလတိုသံတစ္ခ်က္ ၾကားလိုက္ရၿပီး လူတစ္ေယာက္သည္ အန္းပင္းရန္ အေနာက္ကေန ထြက္လာ၏။ ထိုလူသည္ အနက္ေရာင္ ဝတ္႐ုံရွည္နဲ႕ မ်က္ႏွာဖုံးကို ဝတ္ဆင္ထားသည္။
သူ၏ခါးတြင္ ေပဖန္းဟူသည့္ စာလုံးပါေသာ ခါးပတ္တစ္ခုကို ဝတ္ဆင္ထားသည္။ သူသည္ ကိုယ္ေဖာ့၍ ရွင္ထန့္ေဟာင္ႏွင့္ အန္းပင္းရန္ၾကားရွိ ေခါင္းတလားတစ္လုံးေပၚတြင္ ရပ္လိုက္သည္။ သူက ရွင္ထန့္ေဟာင္ကို လက္ညွိုးထိုး၍ လက္ညွိုးကိုႏွစ္ခ်က္မွ် ေကြးျပကာ စိန္ေခၚလိုက္သည္။
ရွင္ထန့္ေဟာင္ ေျခတစ္လွမ္းအတိုးမွာ ဘယ္အခ်ိန္က ေရာက္လာမွန္းမသိေသာ ေပေကာလြီက သူ႕လက္ကို ဖမ္းဆုပ္လာ၏။
"ထန့္ေဟာင္.... ငါတို႔မွာ ေဆးအလုံအေလာက္ မပါဘူး မင္းမလႈပ္ရွားနဲ႕"
"သားေကာင္က အေရွ႕မွာ ေရာက္ေနၿပီ ကိုယ္ကဘာေၾကာင့္ သေဘာေကာင္းေနရမွာလဲ?"
"ထန့္ေဟာင္...."
ဝတ္႐ုံနက္ - "စကားမ်ားလြန္းတယ္"
ထိုအခ်ိန္တြင္ ေခါင္းတလားေပၚက ဝတ္႐ုံနက္သည္ ေလထုထဲသို႔ ခုန္တက္၍ ရွင္ထန့္ေဟာင္တို႔ထံ တိုက္ရိုက္ေျပးဝင္လာေပ၏။ တုံ႕ဖန္း အပါအဝင္ ယြိရင္တို႔အားလုံး အသင့္အေနအထား ျဖစ္သြားၾကသည္။
ေလဟုန္ျဖင့္ ဝဲပ်ံလာေသာ ဝတ္႐ုံနက္ကို ရွင္ထန့္ေဟာင္၏ လက္သီးတစ္ခ်က္က အဆုံးအျဖတ္ ေပးသြားေလသည္။ ဝတ္႐ုံနက္မွာ ရွင္ထန့္ေဟာင္ရဲ႕ အတြင္းအားကို အထင္ေသးမိသြားကာ သူသည္ လာရာလမ္းအတိုင္း လြင့္သြား၏။
သူ႕ခႏၶာကိုယ္က ေခါင္းတလား ႏွစ္လုံးဆက္တိုက္ကို တိုးတိုက္မိၿပီးေနာက္ ေသြးတစ္ပြတ္ အန္က်လာသည္။
"သြားၿပီ!!"
တစ္စုံတစ္ေယာက္က ထေအာ္လိုက္သည္။ ဝတ္႐ုံနက္ တိုးတိုက္မိသြားေသာ ေခါင္းတလားမ်ားသည္ က်ိဳးေၾကသြားကာ ထိုအထဲမွ အနက္ေရာင္ ပင့္ကူေသးေသးေလးေတြ ထြက္လာေလသည္။
ပင့္ကူမ်ားသည္ ေသြးနံ႕ရွိရာသို႔ တေ႐ြ႕ေ႐ြ႕ လႈပ္ရွားလာၾကရာ ဝတ္႐ုံနက္က သူတို႔ရဲ႕ပစ္မွတ္ ျဖစ္သြားေလ၏။ အားလုံး ႐ုတ္႐ုတ္သဲသဲဲ ျဖစ္သြားကာ ေခါင္းတလားေတြေပၚမွာ ထိုင္ေနၾကသူမ်ားလည္း ခုန္ခ်ကဳန္သည္။ သူတို႔မသိဘဲ သူတို႔ထိုင္မိေနတဲ့ အရာက ပင့္ကူေတြရဲ႕ အသိုက္တစ္ခု ျဖစ္ေနသည္ေလ။
ရွင္ထန့္ေဟာင္ အပ္ပုန္းတစ္ခုကို ထုတ္လိုက္သည္။ အပ္ပုန္းကို မ်က္ေစာင္းထိုးတြင္ရွိ နံရံအုတ္ခ်ပ္ တစ္ခ်ပ္ထံသို႔ ပစ္သြင္းလိုက္ေသာအခါ အုတ္ခ်ပ္က နစ္ဝင္သြားၿပီး အသံတစ္သံလည္း ထြက္ေပၚလာ၏။
ရွင္ထန့္ေဟာင္ - "သြားစို႔...."
ရွင္ထန့္ေဟာင္ ေပေကာလြီရဲ႕လက္ကို ဆြဲကာ အပ္ပုန္းပစ္လိုက္ေသာ ေနရာသို႔ ပ်ံသန္းသြားသည္။ တုံ႕ဖန္းတို႔လည္း အေနာက္မွ လိုက္ၾကသည္။ နစ္ဝင္သြားေသာ အုတ္ခ်ပ္ေနရာတြင္ လူႏွစ္ေယာက္စာ အေပါက္တစ္ေပါက္ ေပၚလာ၏။
ရွင္ထန့္ေဟာင္တို႔ ထြက္သြားေသာအခါ လင္ရွစ္တို႔လည္း လိုက္ၾကသည္။ သို႔ႏွင့္ တစ္ေယာက္ၿပီးတစ္ေယာက္ ထိုထြက္ေပါက္ကို ေတြ႕သြားၾကေလသည္။ ထြက္ေပါက္နား ေရာက္ေသာအခါ ယြိရင္သည္ အေနာက္လွည့္၍ သူမရဲ႕ပိတ္စေလး ႏွစ္စကို လႊတ္ထုတ္လိုက္သည္။
ပိတ္စေလးႏွစ္စက အန္းပင္းရန္တို႔ အဖြဲ႕ထဲက ပင္းေကာ္လီနဲ႕ အန္းယြင္ကို ဆြဲေခၚသြားေလသည္။ ထို႔ေနာက္တြင္ ေနာက္ထပ္ လုံမိသားစုႏွင့္ ခ်န္းမိသားစုတို႔လည္း ထြက္ေပါက္ကို အလုအယက္ ပ်ံသန္းၾကေတာ့၏။
ဝင္ေပါက္မွဆက္၍ ေျပးရေလသည္။ ပင့္ကူေလးေတြက အင္မတန္မ်ားလြန္းၿပီး တပည့္ငယ္ေတြရဲ႕ အလုအယက္ ေျပးမႈေအာက္မွာ တျခားေခါင္းတလားေတြလည္း ကြဲကုန္ၾကရာ ပင့္ကူေတြသည္ သူတို႔ေနာက္ကို ပို၍မ်ားျပားစြာ လိုက္လာၾကေတာ့သည္။
ရွင္ထန့္ေဟာင္ ေဖာက္လိုက္တဲ့ အေပါက္ထဲမွာ ဝကၤပါကဲ့သို႔ လမ္းေၾကာင္းေတြက အင္မတန္ မ်ားျပားသည္။ တုံ႕ဖန္း နဲ႕ ယြိရင္တို႔ တစ္ဖြဲ႕လုံးသည္လည္း ပင့္ကူေတြလက္မွ အလြတ္ေရွာင္ရန္ ေျပးၾကရင္း ရွင္ထန့္ေဟာင္တို႔နဲ႕ အဖြဲ႕ကြဲသြားေလသည္။
ရွင္ထန့္ေဟာင္ အဆိပ္ေၾကာင့္ နားက အေဝးကအသံကို သိပ္မရွင္းလင္းေတာ့လို႔ ပင့္ကူေတြ ေ႐ြ႕လ်ားတဲ့ အသံကို မသဲကြဲ။ ဒါေၾကာင့္ ေပေကာလြီမွ ရွင္ထန့္ေဟာင္ကိုဆြဲကာ ဝကၤပါလမ္းေၾကာင္းေတြထဲ ေလွ်ာက္ေျပးရေလသည္။
လမ္းေၾကာင္းထဲမွ အနည္းငယ္ ေမွာင္၏။ ေက်ာက္စိမ္းေတြက လမ္းေၾကာင္းနံရံမွာ မရွိလို႔ ရွင္ထန့္ေဟာင္ အသင့္ယူလာခဲ့တဲ့ ညလင္းပုလဲက အသုံးဝင္သြားသည္။
'ဝုန္း!'
ရွင္ထန့္ေဟာင္တို႔ အေနာက္မွ ေပါက္ကြဲသံႀကီးတစ္သံ ထြက္ေပၚလာသည္။ ဘယ္သူ႕ရဲ႕ လက္ဝါးသိုင္းလဲ မသိေပ။ လက္ဝါးသိုင္းေၾကာင့္ ဂူနံရံလမ္းေၾကာင္းေတြ ၿပိဳက်ကဳန္သည္။
ဂူသခၤ်ိဳင္းသည္ ေျမေအာက္တြင္ တည္ထားျခင္း ျဖစ္တာေၾကာင့္ တစ္စုံတစ္ေယာက္ရဲ႕ အတြင္းအားက ဂူနံရံကို ၿပိဳက်သြားေစတဲ့အခါ ေျမေအာက္တြင္ ဖုံးကြယ္ထားေသာ စက္ယႏၱယားေတြ လႈပ္ရွားလာကာ ေျခေထာက္ေအာက္က ၾကမ္းျပင္သည္လည္း မၿငိမ္မသက္ ျဖစ္လာသည္။
'ဝုန္း.... ဝုန္း.....'
ဂူနံရံေတြသာမက ေျမေအာက္ၾကမ္းျပင္ပါ တုန္ယင္လာကာ ႐ုတ္တရက္ ၿပိဳက်သြားေတာ့သည္။
"ထန့္ေဟာင္!"
ေျမေအာက္က ၿပိဳက်သြားတာေၾကာင့္ ေပေကာလြီ ရွင္ထန့္ေဟာင္ရဲ႕လက္ကို ခပ္တင္းတင္း ဆုပ္လိုက္သည္။ ရွင္ထန့္ေဟာင္ ေပေကာလြီခါးကို ဖက္၍ သူ႕ရင္ခြင္ထဲ ထည့္ဖက္ထားလိုက္သည္။ ေျမေအာက္က ၿပိဳက်သြားၿပီး သူတို႔ႏွစ္ေယာက္ မက္ေစာက္ေသာ နံရံတစ္ခုကို ဝင္တိုက္မိသြားသည္။