(Unicode)
ကျောက်သားအိုး
ညနေခင်းမှာ နီရှိဇ၀ကလည်း တူတူစားဖို့ နေခဲ့ပြီး လိန်းကျယ်ကလည်းပဲ တူတူစားဖို့ ခဲယ်လ်နောက်ကို လိုက်လာခဲ့တယ်။စားနေတဲ့အချိန်မှာ ပိုင်မုရဲ့တူတွေက အသုံး၀င်လာပြီ။လူတိုင်းက သူ တုတ်ချောင်းသေးသေးနှစ်ချောင်းကိုင်ထားပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ မြေအိုးထဲက အသားနဲ့ဟင်းသီးဟင်းရွက်ရိုင်းတွေကို ကောက်ယူလိုက်ကာ ပန်းကန်လုံးထဲ သူတို့ကို ထည့်လိုက်တာကို တွေ့ခဲ့ကြတယ်။အဲ့ဒါက အရမ်းကျွမ်းကျင်တဲ့အသုံးပြုမှုပဲလို့ သူတို့တွေးခဲ့တယ်။
ပိုင်မုက သူတို့တစ်ယောက်ချင်းစီတိုင်းကို အပြာရောင်သစ်သားနဲ့လုပ်ထားတဲ့ခွက်နဲ့ ဝါးတူတစ်စုံကို ပေးခဲ့တယ်။အဲ့ဒါတွေကို သူ နေ့လည်က လုပ်ထားခဲ့တာ။ဒီမှာ ဖော့မရှိတာကြောင့် အပြာရောင်သစ်သားခွက်တွေက အလုံတော့ ပိတ်မနေဘူး။
"ပြန်ကြည့်,ကြည့်ပါ ရေဖိတ်တာကနေ ထိန်းသိမ်းဖို့ အ၀ကို ဆို့ဖို့ဖော့တစ်ခုကို မင်းတို့ရှာတွေ့နိုင်ပါတယ် ဒါဆို မင်းတို့တောထဲသွားတဲ့အချိန် အဲ့ဒါကို သုံးနိုင်တယ်"ပိုင်မုက အဲ့ဒါကို ဘယ်လိုသုံးရမလဲဆိုတာမသိတဲ့လူတိုင်းကို သရုပ်ပြဖို့ သူ့ရဲ့ခွက်ကို အသုံးပြုနေတယ်။
"ဒါက တကယ်ကို အဆင်ပြေတာပဲ အစာစုဆောင်းဖို့ ကျွန်တော်တို့အပြင်ထွက်တဲ့အခါကျရင် ရေသောက်ဖို့ကို ပူပင်နေစရာမလိုတော့ဘူး"နီရှိဇ၀က ရေခွက်ကို ကိုင်ထားပြီး လက်ထဲက မချနိုင်ဖြစ်နေတယ်။အန်းချီလော့ကလည်း သူနဲ့တူတူပဲ။
ခြင်္သေ့လေးကလည်းပဲ ၎င်းကို အရမ်းသဘောကျနေတယ်။သူက မနက်ဖြန်ကျရင် သူ့သူငယ်ချင်းတွေကို ကြွားဖို့တောင် အစီအစဉ်ဆွဲပြီးပြီ။သူတို့ရဲ့မနာလိုဖြစ်နေတဲ့အမူအရာတွေကို တွေးနေမိတာကို မရပ်နိုင်ဘူး။အရွယ်ရောက်orcနှစ်ယောက်က ပိုပြီးထိန်းထားဖို့ လုပ်ခဲ့ကြပြီး ခံစားချက်အများကြီး မပြခဲ့ကြဘူး။သူတို့ကလည်းပဲ သူတို့ရတဲ့လက်ဆောင်တွေကို သဘောကျကြတယ်။
လူတိုင်းက သူပေးတဲ့လက်ဆောင်ကို သဘောကျကြတာတွေ့တဲ့အခါ ပိုင်မုက အရမ်းပျော်ရွှင်ကျေနပ်သွားတယ်။အထူးသဖြင့် လူတိုင်းက သူနဲ့အတူ တူကိုင်တာကို သင်ယူဖို့ ကိုးရို့ကားယားကိုင်ထားကြတဲ့အခါ အဲ့ဒါက သူ့ကို နေ့လည်တုန်းက လုံ့လစိုက်လိုက်တာက တန်တယ်လို့ ခံစားရစေတယ်။
ညနေခင်းမှာ နီရှိဇ၀က အန်းချီလော့ဆီမှာ သူမြင်ခဲ့ကြားခဲ့ရတဲ့အရာတွေကို သူ့ရဲ့အဖေရဲ့အမေကို ပြောပြဖို့ အိမ်ပြန်သွားခဲ့တယ်။မျိုးနွယ်စုခေါင်းဆောင်ဖြစ်တဲ့ သူ့ရဲ့အဖေက အံ့အားသင့်သွားတယ်။မမျှော်လင့်ထားစွာနဲ့ ဘုရားသခင်ရဲ့တမန်တော်က မျိုးနွယ်စုထဲ ရောက်ရှိလာပြီးတော့ မျိုးနွယ်စုရဲ့ကြီးမားတဲ့ပြသနာတွေကို ဖြေရှင်းဖို့ နည်းလမ်းရှိခဲ့ပြီ။ဒီတစ်ကြိမ်လာတဲ့ တမန်တော်က အရမ်းစွမ်းအားကြီးပုံရတယ်။
"မနေ့က ကြီးမြတ်တဲ့စုန်းမ အဖေ့ကိုလာပြောတာတော့ ပိုင်မုက ဘုရားသခင်ရဲ့တမန်တော်တဲ့။အနာဂတ်ကျရင် မင်းသူ့ကို လေးစားမှုရှိရမယ်နော်။အန်းချီလော့အိမ်ကို ပိုသွားပြီးတော့ ဘုရားသခင်ရဲ့တမန်တော်ဆီကနေ သင်ယူရမယ် မင်းသိတယ်မလား"
မျိုးနွယ်စုခေါင်းဆောင် အာက သူ့ရဲ့သားငယ်လေးကို ကြည့်ပြီး လေးလေးနက်နက်နဲ့ပြောခဲ့တယ်။အသားဆားနယ်ခြောက်လုပ်ဖို့ ဆားဘယ်လိုချက်လဲဆိုတာ လူတိုင်းကို သူ(ပိုင်မု)သင်ပေးနိုင်မလားဆိုတာ မျှော်လင့်ရင်း တမန်တော်ကို သူစကားပြောသင့်တယ်လို့ သူတွေးခဲ့တယ်။
"ဒါက ဒီလိုဖြစ်နေတာကိုး အကိုကြီးပိုင်မုက ဘယ်လိုအရမ်းစွမ်းအားကြီးလဲလို့ ကျွန်တော်ပြောနေခဲ့တာ ။သူက ဘုရားသခင်တမန်တော်ဖြစ်နေတာပဲ! ကျွန်တော် လေ့လာမှာပါ အဖေ"နီရှိဇဝက အဲ့လိုအမူအရာကို သူ့(နီရှိဇ၀အဖေ)ကို ပေးခဲ့ပြီး ပိုင်မုသူ့ကို ပေးခဲ့တဲ့အရာတွေကို စိတ်လှုပ်ရှားစွာနဲ့ ယူထုတ်ခဲ့တယ်။ရေခွက်နဲ့တူတွေကို သူတို့(သူ့မိဘတွေ)ကို ပြခဲ့တယ်။
"နီရှိဇ၀ အခု ဆားချက်တာကို သင်ယူခဲ့ပြီးပြီလား"နီရှိဇ၀အမေ အိုက်၀မ်က သူ့ရဲ့စိတ်လှုပ်ရှားနေတဲ့သားကို ချစ်ခင်စွာနဲ့ ကြည့်လိုက်တယ်။
"အဲ့ဒါက တကယ်တော့ သင်ယူဖို့ အရမ်းလွယ်တယ် ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒါချက်ဖို့ အစ်ကိုကြီးပိုင်မုရဲ့သံအိုးကို သုံးဖို့လိုတယ်။သူပြောတာက မြေအိုးက ကွဲသွားပြီး သုံးလို့မရနိုင်ဘူးတဲ့"နီရှိဇ၀က ဆားချက်ဖို့ ဒုတိယမြောက်သင်ယူနေရတာကို အရမ်းဂုဏ်ယူနေတုန်းပဲ။
"အမေတို့မိသားစုရဲ့နီရှိဇ၀လေးက တကယ်ကိုထက်မြက်တာပဲ"အိုက်၀မ်က ချီးမွမ်းလိုက်တယ်။နီရှိဇ၀က ရှက်ကိုးရှက်ကန်းနဲ့ ပြုံးပြတယ်။မနက်ဖြန်ကျရင် အန်းချီလော့အိမ်ကိုသွားဖို့ သူဆုံးဖြတ်ပြီးပြီ။အစ်ကိုကြီးပိုင်မုက အရာအများကြီးကို သိတယ်။အရမ်းအံ့ဩဖို့ကောင်းတာပဲ။သူက တမန်တော်တစ်ယောက်ဖြစ်ထိုက်တယ်။
အဲ့ဒီအချိန်မှာ ပိုင်မုက နေရာလွတ်ထဲကို ထပ်ပြီး ခိုးကြောင်ခိုးဝှက်၀င်သွားတယ်။သူက ဟင်းသီးဟင်းရွက်စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်တွေကို ကြည့်လိုက်ပြီး အသုံး၀င်တဲ့ကိရိယာတချို့ကို ပြင်ဆင်လိုက်တယ်။အဲ့ဒီအချိန်တုန်းက သူက hardware storeက ကုန်တင်ကားအသေးလေးကို ယူလာဖို့ အရမ်းကံကောင်းခဲ့တယ်။မဟုတ်ရင် သူက အဲ့ဒီခေတ်နောက်ကျနေတဲ့ကိရိယာတွေကြောင့် ပြင်းပြင်းထန်ထန်ကို စိတ်ဓာတ်ကျမိမှာ။
ပိုင်မုရဲ့အသက်ရှူသံက နောက်တခေါက် ထပ်ပျောက်သွားတာကို ခဲယ်လ်တစ်က သတိထားမိခဲ့ပြီးတော့ သူ့ရဲ့ဖွင့်ထားတဲ့မျက်၀န်းတွေနဲ့ သူ(ပိုင်မု)ပြန်ပေါ်လာတာကို စောင့်နေခဲ့တယ်။ပိုင်မုကို ရှာတွေ့ခဲ့တဲ့ ပထမဆုံးအကြိမ်ကို သူမှတ်မိနေတုန်းပဲ။သူလည်းပဲ ရုတ်တရက် သူ့ရဲ့ကိုယ်ကို အနံ့ခံကြည့်ခဲ့တယ်။သူ(ပိုင်မု)ပျောက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ရင်ရော?ခဲယ်လ်က သူ့နှလုံးသားထဲက မလွယ်ကူမှုကို ခံစားမိပြီး အဲ့ဒီခံစားချက်က ဆက်ပြီး ပျံ့နှံ့လာတယ်။
သူကောင်းကောင်းပုန်းနေတယ်လို့ တွေးနေတဲ့ ပိုင်မုကတော့ အခြေအနေကောင်းထဲမှာ ကြီးထွားနေတဲ့ ကောက်ပဲသီးနှံတွေကို ကြည့်ပြီး ပျော်ရွှင်မှုနဲ့ မြေပေါ်မှာ မတ်တပ်ရပ်နေတယ်။အဲ့ဒီမှာ စပါးနဲ့ပဲတောင့်ပြားစိုက်ခင်းတစ်ခုရှိပြီး နောက်စိုက်ခင်းတစ်ခုမှာ ဂျုံ၊ ကန်စွန်းဥနဲ့ အာလူးတွေရှိတယ်။တခြားစိုက်ခင်းတွေကတော့ edamame၊ ဟင်းနုနွယ်၊ ကြက်သွန်စိမ်း၊ ဂျင်း၊ ကြက်သွန်ဖြူ၊ဂေါ်ဖီထုပ်၊ဟင်းသီးဟင်းရွက်စိမ်းစိမ်းလေးတွေနဲ့ တခြား ဟင်းသီးဟင်းရွက်တွေပဲ။အမျိုးအစားတစ်ခုချင်းစီက သိပ်တော့မများဘူး။ပြီးတော့ အဲ့ဒါက ကိုယ့်လိုအပ်ချက် ကိုယ့်ဘာသာဖြည့်ဆည်းနိုင်ဖို့ လူတစ်ယောက်အတွက်ပဲ လုံလောက်ပုံပေါ်တယ်။
Double updateပါ အာဟဟဟဟ🤭။
(Zawgyi code)
ေက်ာက္သားအိုး
ညေနခင္းမွာ နီရွိဇ၀ကလည္း တူတူစားဖို႔ ေနခဲ့ၿပီး လိန္းက်ယ္ကလည္းပဲ တူတူစားဖို႔ ခဲယ္လ္ေနာက္ကို လိုက္လာခဲ့တယ္။စားေနတဲ့အခ်ိန္မွာ ပိုင္မုရဲ႕တူေတြက အသုံး၀င္လာၿပီ။လူတိုင္းက သူ တုတ္ေခ်ာင္းေသးေသးႏွစ္ေခ်ာင္းကိုင္ထားၿပီး ကြၽမ္းကြၽမ္းက်င္က်င္နဲ႕ ေျမအိုးထဲက အသားနဲ႕ဟင္းသီးဟင္း႐ြက္ရိုင္းေတြကို ေကာက္ယူလိုက္ကာ ပန္းကန္လုံးထဲ သူတို႔ကို ထည့္လိုက္တာကို ေတြ႕ခဲ့ၾကတယ္။အဲ့ဒါက အရမ္းကြၽမ္းက်င္တဲ့အသုံးျပဳမႈပဲလို႔ သူတို႔ေတြးခဲ့တယ္။
ပိုင္မုက သူတို႔တစ္ေယာက္ခ်င္းစီတိုင္းကို အျပာေရာင္သစ္သားနဲ႕လုပ္ထားတဲ့ခြက္နဲ႕ ဝါးတူတစ္စုံကို ေပးခဲ့တယ္။အဲ့ဒါေတြကို သူ ေန႕လည္က လုပ္ထားခဲ့တာ။ဒီမွာ ေဖာ့မရွိတာေၾကာင့္ အျပာေရာင္သစ္သားခြက္ေတြက အလုံေတာ့ ပိတ္မေနဘူး။
"ျပန္ၾကည့္,ၾကည့္ပါ ေရဖိတ္တာကေန ထိန္းသိမ္းဖို႔ အ၀ကို ဆို႔ဖို႔ေဖာ့တစ္ခုကို မင္းတို႔ရွာေတြ႕နိုင္ပါတယ္ ဒါဆို မင္းတို႔ေတာထဲသြားတဲ့အခ်ိန္ အဲ့ဒါကို သုံးနိုင္တယ္"ပိုင္မုက အဲ့ဒါကို ဘယ္လိုသုံးရမလဲဆိုတာမသိတဲ့လူတိုင္းကို သ႐ုပ္ျပဖို႔ သူ႕ရဲ႕ခြက္ကို အသုံးျပဳေနတယ္။
"ဒါက တကယ္ကို အဆင္ေျပတာပဲ အစာစုေဆာင္းဖို႔ ကြၽန္ေတာ္တို႔အျပင္ထြက္တဲ့အခါက်ရင္ ေရေသာက္ဖို႔ကို ပူပင္ေနစရာမလိုေတာ့ဘူး"နီရွိဇ၀က ေရခြက္ကို ကိုင္ထားၿပီး လက္ထဲက မခ်နိဳင္ျဖစ္ေနတယ္။အန္းခ်ီေလာ့ကလည္း သူနဲ႕တူတူပဲ။
ျခေသၤ့ေလးကလည္းပဲ ၎ကို အရမ္းသေဘာက်ေနတယ္။သူက မနက္ျဖန္က်ရင္ သူ႕သူငယ္ခ်င္းေတြကို ႂကြားဖို႔ေတာင္ အစီအစဥ္ဆြဲၿပီးၿပီ။သူတို႔ရဲ႕မနာလိုျဖစ္ေနတဲ့အမူအရာေတြကို ေတြးေနမိတာကို မရပ္နိုင္ဘူး။အ႐ြယ္ေရာက္orcႏွစ္ေယာက္က ပိုၿပီးထိန္းထားဖို႔ လုပ္ခဲ့ၾကၿပီး ခံစားခ်က္အမ်ားႀကီး မျပခဲ့ၾကဘူး။သူတို႔ကလည္းပဲ သူတို႔ရတဲ့လက္ေဆာင္ေတြကို သေဘာက်ၾကတယ္။
လူတိုင္းက သူေပးတဲ့လက္ေဆာင္ကို သေဘာက်ၾကတာေတြ႕တဲ့အခါ ပိုင္မုက အရမ္းေပ်ာ္႐ႊင္ေက်နပ္သြားတယ္။အထူးသျဖင့္ လူတိုင္းက သူနဲ႕အတူ တူကိုင္တာကို သင္ယူဖို႔ ကိုးရို႔ကားယားကိုင္ထားၾကတဲ့အခါ အဲ့ဒါက သူ႕ကို ေန႕လည္တုန္းက လုံ႕လစိုက္လိုက္တာက တန္တယ္လို႔ ခံစားရေစတယ္။
ညေနခင္းမွာ နီရွိဇ၀က အန္းခ်ီေလာ့ဆီမွာ သူျမင္ခဲ့ၾကားခဲ့ရတဲ့အရာေတြကို သူ႕ရဲ႕အေဖရဲ႕အေမကို ေျပာျပဖို႔ အိမ္ျပန္သြားခဲ့တယ္။မ်ိဳးႏြယ္စုေခါင္းေဆာင္ျဖစ္တဲ့ သူ႕ရဲ႕အေဖက အံ့အားသင့္သြားတယ္။မေမွ်ာ္လင့္ထားစြာနဲ႕ ဘုရားသခင္ရဲ႕တမန္ေတာ္က မ်ိဳးႏြယ္စုထဲ ေရာက္ရွိလာၿပီးေတာ့ မ်ိဳးႏြယ္စုရဲ႕ႀကီးမားတဲ့ျပသနာေတြကို ေျဖရွင္းဖို႔ နည္းလမ္းရွိခဲ့ၿပီ။ဒီတစ္ႀကိမ္လာတဲ့ တမန္ေတာ္က အရမ္းစြမ္းအားႀကီးပုံရတယ္။
"မေန႕က ႀကီးျမတ္တဲ့စုန္းမ အေဖ့ကိုလာေျပာတာေတာ့ ပိုင္မုက ဘုရားသခင္ရဲ႕တမန္ေတာ္တဲ့။အနာဂတ္က်ရင္ မင္းသူ႕ကို ေလးစားမႈရွိရမယ္ေနာ္။အန္းခ်ီေလာ့အိမ္ကို ပိုသြားၿပီးေတာ့ ဘုရားသခင္ရဲ႕တမန္ေတာ္ဆီကေန သင္ယူရမယ္ မင္းသိတယ္မလား"
မ်ိဳးႏြယ္စုေခါင္းေဆာင္ အာက သူ႕ရဲ႕သားငယ္ေလးကို ၾကည့္ၿပီး ေလးေလးနက္နက္နဲ႕ေျပာခဲ့တယ္။အသားဆားနယ္ေျခာက္လုပ္ဖို႔ ဆားဘယ္လိုခ်က္လဲဆိုတာ လူတိုင္းကို သူ(ပိုင္မု)သင္ေပးနိုင္မလားဆိုတာ ေမွ်ာ္လင့္ရင္း တမန္ေတာ္ကို သူစကားေျပာသင့္တယ္လို႔ သူေတြးခဲ့တယ္။
"ဒါက ဒီလိုျဖစ္ေနတာကိုး အကိုႀကီးပိုင္မုက ဘယ္လိုအရမ္းစြမ္းအားႀကီးလဲလို႔ ကြၽန္ေတာ္ေျပာေနခဲ့တာ ။သူက ဘုရားသခင္တမန္ေတာ္ျဖစ္ေနတာပဲ! ကြၽန္ေတာ္ ေလ့လာမွာပါ အေဖ"နီရွိဇဝက အဲ့လိုအမူအရာကို သူ႕(နီရွိဇ၀အေဖ)ကို ေပးခဲ့ၿပီး ပိုင္မုသူ႕ကို ေပးခဲ့တဲ့အရာေတြကို စိတ္လႈပ္ရွားစြာနဲ႕ ယူထုတ္ခဲ့တယ္။ေရခြက္နဲ႕တူေတြကို သူတို႔(သူ႕မိဘေတြ)ကို ျပခဲ့တယ္။
"နီရွိဇ၀ အခု ဆားခ်က္တာကို သင္ယူခဲ့ၿပီးၿပီလား"နီရွိဇ၀အေမ အိုက္၀မ္က သူ႕ရဲ႕စိတ္လႈပ္ရွားေနတဲ့သားကို ခ်စ္ခင္စြာနဲ႕ ၾကည့္လိုက္တယ္။
"အဲ့ဒါက တကယ္ေတာ့ သင္ယူဖို႔ အရမ္းလြယ္တယ္ ဒါေပမယ့္ ကြၽန္ေတာ္တို႔က အဲ့ဒါခ်က္ဖို႔ အစ္ကိုႀကီးပိုင္မုရဲ႕သံအိုးကို သုံးဖို႔လိုတယ္။သူေျပာတာက ေျမအိုးက ကြဲသြားၿပီး သုံးလို႔မရနိုင္ဘူးတဲ့"နီရွိဇ၀က ဆားခ်က္ဖို႔ ဒုတိယေျမာက္သင္ယူေနရတာကို အရမ္းဂုဏ္ယူေနတုန္းပဲ။
"အေမတို႔မိသားစုရဲ႕နီရွိဇ၀ေလးက တကယ္ကိုထက္ျမက္တာပဲ"အိုက္၀မ္က ခ်ီးမြမ္းလိုက္တယ္။နီရွိဇ၀က ရွက္ကိုးရွက္ကန္းနဲ႕ ၿပဳံးျပတယ္။မနက္ျဖန္က်ရင္ အန္းခ်ီေလာ့အိမ္ကိုသြားဖို႔ သူဆုံးျဖတ္ၿပီးၿပီ။အစ္ကိုႀကီးပိုင္မုက အရာအမ်ားႀကီးကို သိတယ္။အရမ္းအံ့ဩဖို႔ေကာင္းတာပဲ။သူက တမန္ေတာ္တစ္ေယာက္ျဖစ္ထိုက္တယ္။
အဲ့ဒီအခ်ိန္မွာ ပိုင္မုက ေနရာလြတ္ထဲကို ထပ္ၿပီး ခိုးေၾကာင္ခိုးဝွက္၀င္သြားတယ္။သူက ဟင္းသီးဟင္း႐ြက္စိုက္ခင္းထဲက ဟင္းသီးဟင္း႐ြက္ေတြကို ၾကည့္လိုက္ၿပီး အသုံး၀င္တဲ့ကိရိယာတခ်ိဳ႕ကို ျပင္ဆင္လိုက္တယ္။အဲ့ဒီအခ်ိန္တုန္းက သူက hardware storeက ကုန္တင္ကားအေသးေလးကို ယူလာဖို႔ အရမ္းကံေကာင္းခဲ့တယ္။မဟုတ္ရင္ သူက အဲ့ဒီေခတ္ေနာက္က်ေနတဲ့ကိရိယာေတြေၾကာင့္ ျပင္းျပင္းထန္ထန္ကို စိတ္ဓာတ္က်မိမွာ။
ပိုင္မုရဲ႕အသက္ရႉသံက ေနာက္တေခါက္ ထပ္ေပ်ာက္သြားတာကို ခဲယ္လ္တစ္က သတိထားမိခဲ့ၿပီးေတာ့ သူ႕ရဲ႕ဖြင့္ထားတဲ့မ်က္၀န္းေတြနဲ႕ သူ(ပိုင္မု)ျပန္ေပၚလာတာကို ေစာင့္ေနခဲ့တယ္။ပိုင္မုကို ရွာေတြ႕ခဲ့တဲ့ ပထမဆုံးအႀကိမ္ကို သူမွတ္မိေနတုန္းပဲ။သူလည္းပဲ ႐ုတ္တရက္ သူ႕ရဲ႕ကိုယ္ကို အနံ႕ခံၾကည့္ခဲ့တယ္။သူ(ပိုင္မု)ေပ်ာက္သြားၿပီး ဘယ္ေတာ့မွ ျပန္မလာေတာ့ရင္ေရာ?ခဲယ္လ္က သူ႕ႏွလုံးသားထဲက မလြယ္ကူမႈကို ခံစားမိၿပီး အဲ့ဒီခံစားခ်က္က ဆက္ၿပီး ပ်ံ့ႏွံ႕လာတယ္။
သူေကာင္းေကာင္းပုန္းေနတယ္လို႔ ေတြးေနတဲ့ ပိုင္မုကေတာ့ အေျခအေနေကာင္းထဲမွာ ႀကီးထြားေနတဲ့ ေကာက္ပဲသီးႏွံေတြကို ၾကည့္ၿပီး ေပ်ာ္႐ႊင္မႈနဲ႕ ေျမေပၚမွာ မတ္တပ္ရပ္ေနတယ္။အဲ့ဒီမွာ စပါးနဲ႕ပဲေတာင့္ျပားစိုက္ခင္းတစ္ခုရွိၿပီး ေနာက္စိုက္ခင္းတစ္ခုမွာ ဂ်ဳံ၊ ကန္စြန္းဥနဲ႕ အာလူးေတြရွိတယ္။တျခားစိုက္ခင္းေတြကေတာ့ edamame၊ ဟင္းႏုႏြယ္၊ ၾကက္သြန္စိမ္း၊ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ေဂၚဖီထုပ္၊ဟင္းသီးဟင္း႐ြက္စိမ္းစိမ္းေလးေတြနဲ႕ တျခား ဟင္းသီးဟင္း႐ြက္ေတြပဲ။အမ်ိဳးအစားတစ္ခုခ်င္းစီက သိပ္ေတာ့မမ်ားဘူး။ၿပီးေတာ့ အဲ့ဒါက ကိုယ့္လိုအပ္ခ်က္ ကိုယ့္ဘာသာျဖည့္ဆည္းနိုင္ဖို႔ လူတစ္ေယာက္အတြက္ပဲ လုံေလာက္ပုံေပၚတယ္။
Double updateပါ အာဟဟဟဟ🤭။