Unicode
အိပ်နေရင်းတောင် ရှိုက်နေသည့် ရတုလက်ာကြောင့် ကမ်ဘာစိုးမိုး ယူကြုံးမရဖြစ်မိသည်။
ဒါတွေ တွေ့မှာစိုးလို့ အခန်းထဲမဝင်ခိုင်းခဲ့တာ။
အခုလည်း စာအုပ်စင် ပြိုကျလို့ ထွက်လာတဲ့ ဒိုင်ယာရီစာအုပ်ဟောင်းတွေကို လွှင့်ပစ်ဖို့ ဖယ်ထားခဲ့တာ တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားရတယ်လို့။
"ဦးကမ်ဘာ"
တွေးနေချိန်တွင် ရတုလက်ာ၏ ခေါ်သံကြောင့် ရပ်တန့်သွားသည်။
"အဆင်ပြေလား ခေါင်းမူးနေလား"
ရတုလက်ာက ခေါင်းခါပြသည်။ထို့နောက်
"ကျနော်..."
"ခုနက အကြောင်းဆို ထပ်မပြောနဲ့တော့"
တားဆီးမိသည်...
ဘာလို့ မင်းဝမ်းနည်းရမယ့် ကိစ္စတွေကို ထပ်ပြောချင်ရတာလဲ ချာတိတ်ရယ်...
ပြောလိုက်တော့ တိတ်ဆိတ်သွားကာ ဘာမှပြန်မပြောတော့။ခုထိ မျက်နှာမကောင်းသေးတာကြောင့် ကမ်ဘာစိုးမိုး စုပ်သတ်မိသည်။
Anniနေ့လေးတွေ ပျော်စေရမယ်လို့ ဆုံးဖြတ်ထားတာကို။
"ဒီနေ့ ဘာနေ့လဲဆိုတာ သိရဲ့လား ချာတိတ်"
ထိုအခါမှ မျက်လုံးလေး ပြူးကြည့်လာရင်း မျက်နှာလေးပြုံးယောင်သန်းလာကာ
"ခင်ဗျား မှတ်မိတာလား"
"ငါသာ မှတ်ဉာဏ်မကောင်းရင် ဒီရာထူးကိုရမလာဘူး"
"ဟုတ်ပါပြီဗျာ ကျနော်က လက်ဆောင်အနေနဲ့ ခင်ဗျားရဲ့အခန်းကို ရှင်းပေးချင်လို့ပါ။ခင်ဗျားမသိအောင် ခိုးဝင်တာက ခင်ဗျားကို ပိုအံ့သြ သွား အောင် ပြီးတော့ ခင်ဗျားချီးမွမ်းတာလေး ခံချင်ရုံပဲ"
ခုနကလည်း ခွေးပေါက်လေးလို တအီအီဖြင့် ငိုသည်။အခုလည်း ခွေးပေါက်စလို တမှိုင်မှိုင်ဖြစ်နေပြန်ပြီ။
"ဒီလိုမျိုးတွေ မြင်စေမိလို့ မင်းကို တောင်းပန်ချင်တယ်"
"အာ...မဟုတ်တာ ရပါတယ်"
ရတုလက်ာက လက်တခါခါဖြင့် ပြန်ဖြေသည်။
ကမ်ဘာစိုးမိုး ကြည့်ရင်းဖြင့် ပိုဝမ်းနည်းလာသည်။ကိုယ့်အပေါ် သိပ်မပွင့်လင်းတော့တဲ့ ရတုလက်ာကြောင့် အချစ်များလျှော့သွားပြီလားဟု ခဏခဏ ထင်မိသည်။
"ငါ တောင်းပန်ချင်တယ်လို့ ပြောနေတယ်လေ ချာတိတ် မင်းကြိုက်တာ လုပ်ခိုင်းလို့ရတယ်"
"ရပါတယ် အဲ့လောက်လည်း..."
"ငါ အမိန့်ပေးနေတာနော်"
အသံမာလာသည့် ကမ်ဘာစိုးမိုးကြောင့် ရတုလက်ာ လန့်ရသည်။တကယ်စိတ်တိုနေပုံပဲ။
ကိုယ်ကလည်း မနည်းထိန်းထားရတာပါနော်။စိတ်ထဲရှိတဲ့အတိုင်း တောင်းဆိုလိုက်လို့ကတော့ အဟင်း အဟင်း...။
"ဒါဆို ဒီတစ်ပတ်ပိတ်ရက် အပြင်သွားအောင်လား ဒီနားက ပန်းခြံလေးပဲဖြစ်ဖြစ်"
ရတုလက်ာ၏ တောင်းဆိုမှူကြောင့် ကမ်ဘာစိုးမိုး စဉ်းစားလိုက်သည်။ပိတ်ရက်အတွက် အလုပ်က နှစ်ညလောက် ဆက်တိုက်လုပ်ရင် ပြီးသွားမှာပါ ဒါပေမယ့်
' ဖြတ်လုခံရတဲ့အဖွဲ့က လူမိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေပါတယ် Boss ကျနော်တို့ဘက်ကို အကြမ်းဖက်တာတွေ လုပ်လာနိုင်လို့ ဒီရက်ပိုင်း အိမ်နဲ့ကုမ္ပဏီကိုပဲ သွားလာသင့်ပါတယ်။အပြင်သွားရမယ့် ကိစ္စတွေကို အတတ်နိုင်ဆုံးရှောင်တာကောင်းပါလိမ့်မယ် '
အတွင်းရေးမှူး စကားကို သတိရလိုက်ပေမယ့် ဘာအရေးလဲ ချာတိတ်နဲ့ တစ်ခါတစ်လေ သွားရတာပဲလေ။
ကတိလည်း ပေးထားတယ် နောက်ပိုင်းလည်း ဒီထက်ပိုပြီး ချာတိတ်အတွက် အချိန်ပေးဖို့ ဆုံးဖြတ်ပြီးသား။
"ခင်ဗျား အဆင်မပြေရင် ကျနော်တို့ သူငယ်ချင်းတွေလိုပဲ သွားကြမယ်လေ လမ်းနည်းနည်းလျှောက်ပြီး မုန့်လေးနည်းနည်းစားမယ် ခင်ဗျား အချိန်ရသေးရင် ခဏလောက် ဆော့ကြမယ်လေ စကားလည်း နည်းနည်းလေးပြောမယ်"
တက်ကြွနေသည့် ချာတိတ်ကို သူဘယ်လိုငြင်းရက်ပါ့မလဲ။
အရင်ကလည်း ခြိမ်းခြောက်တာတွေ ခဏခဏကြုံခဲ့ရတာ မဆန်းတော့ပါဘူး။
ဒါပေမယ့် ချာတိတ်ကိုတော့ သေချာလေးအချိန်မပေးဖြစ်ခဲ့ဘူးလေ။
ဒီတစ်ခါလေးတော့ ပျော်အောင် လုပ်ပေးချင်မိတယ်။
လက်ခံလိုက်တော့ ပျော်သွားသည့် ချာတိတ်က မျက်နှာလေး တစ်ချိန်လုံး ပြုံးနေသည်။
တန်ပါတယ်လေ...ချာတိတ်သာ ပြုံးနေမယ်ဆိုရင်။
~~~~~ Char Tate ~~~~~
ကားပေါ်မှဆင်းကာ ကိုယ့်ဘေး၌ ရပ်နေသည့် ဦးကမ်ဘာအား ကြည့်ကာ ပြုံးမိသည်။
အပြင်အဝတ်အစားနဲ့ဆို လူငယ်လေး အတိုင်းပင်။
"ဘာကြည့်နေတာလဲ"
မေးလာတော့ ပြုံးပြလိုက်ရင်း
"ခင်ဗျား အရမ်းချောနေလို့ ဘယ်လိုလုပ်ရမလဲ ကျနော်စိတ်မချတော့ဘူး"
မနက်ထဲက အချိန်တိုင်းပြုံးနေသည့် ရတုလက်ာကြောင့် ကမ်ဘာစိုးမိုးလည်း ကျေနပ်နေမိသည်။
သူကပဲ ပြောရတယ်ရှိသေး ဒီချာတိတ်ကေတာ့...။
ချစ်ဖို့ကောင်းအောင် ပြင်ဆင်လာတဲ့ချာတိတ်ကို အသည်းယားလာတာမို့ ပါးလေးအား ညှစ်ဖို့ လက်အလှမ်း ရပ်တန့်သွားမိပြန်သည်။
အရမ်းများ ကလေးဆန်သွားမလား...။
"မြန်မြန်လာ ခဏနေ နေပူလာလိမ့်မယ်"
ရတုလက်ာက သူ့လက်အား ဆွဲကာ ခပ်သွက်သွက်လျှောက်သည်။
ထို့နောက် လက်ကို ပြန်လွှတ်လိုက်ကာ
"sorryနော် မေ့သွားလို့"
ကိုယ်ချင်းပါ အနည်းငယ်ခွာသွားသည့် ချာတိတ်ကြောင့် ကမ်ဘာစိုးမိုး အားနာမိသွားသည်။
ဒါပေမယ့် ဒီလိုအခြေအနေလေးက နှစ်ယောက်လုံးအတွက် ပိုကောင်းလိမ့်မည်။
"ဦးကမ်ဘာ ရေခဲမုန့် ဝယ်ကျွေးပါလား"
"ကလေးလား ချောင်းဆိုးမယ် မစားနဲ့"
"မရဘူး စားမယ်"
တမင်ဂျစ်ဆွဲနေသည့် ရတုလက်ာနှင့် တမင်ဆူနေသည့် ကမ်ဘာစိုးမိုး။
နောက်ဆုံးတော့ ကမ်ဘာစိုးမိုးကပင် အလျှော့ပေးလိုက်ရသည်။
"ခင်ဗျား ဘာအရသာစားမလဲ"
"ဘာဖြစ်ဖြစ်ရတယ်"
"တန်းစီရဦးမှာ နေပူတယ် ဒီကစောင့်နေ"
ပြောသွားတဲ့ပုံက ကိုယ့်အဖေကျနေတာပဲ။ထိုကောင်လေးက အကြီးကို အကြီးမှန်းမသိ။
လိုက်သွားဖို့ ပြင်တော့ ဖုန်းသံကြောင့် ထိုနေရာတွင်သာ ရပ်ကာ နားထောင်နေလိုက်သည်။
"ဘာကိစ္စလဲ "
"Boss မြို့ပြင်က စက်ရုံ မီးလောင်နေလို့"
"ဘယ်လိုဖြစ်တာလဲ"
"ရို့မီးပေါ့ Boss ရယ် ဟိုအုပ်စုပေါ့ ကျနော်ထင်တယ် ငြိမ်နေမှာမဟုတ်ဘူးလို့ ခုထိ မီးမငြိမ်းသေးဘူး Boss အခုလာမှရမယ်"
ဘယ်လိုလုပ်ရမှာလဲ ချာတိတ်ကို ကတိပေးထားပြီးပြီ။
ခုမှ ရောက်ခါစပဲရှိသေးတယ် ပြောလိုက်ရင် ချာတိတ်အရမ်းစိတ်မကောင်းဖြစ်သွားလိမ့်မယ်။
"အခုလား...အခုက..."
"ဦးကမ်ဘာ..."
ကမ်ဘာစိုးမိုး လှည့်ကြည့်လိုက်တော့ ရေခဲမုန့်ကတော့လေးနှစ်ခု ကိုင်ကာ ပြုံးပြနေသည့် ချာတိတ်ကို မြင်ရသည်။
ဘယ်လိုပြောရမှာလဲ...
"အလုပ်ကလား"
ကမ်ဘာစိုးမိုးခေါင်းငြိမ့်ပြလိုက်သည်။
ချာတိတ်မသွားခိုင်းလျှင် လုံးဝမသွားဟု စိတ်ပိုင်းဖြတ်ပြီးသားပင်။မသွားနဲ့သာ တစ်ခွန်းပြောလိုက်။
"ခင်ဗျားကို ခေါ်နေလို့လား"
"အင်း...စက်ရုံတစ်ခု မီးလောင်နေလို့"
"ဟင် ဒါဆို အရေးကြီးတာပေါ့ သွားလေ"
"ဒါပေမယ့် မင်းကို ကတိပေးထားတယ်လေ"
"ကျနော်က နောက်တစ်ခါမှ ထပ်လာလို့ရပါတယ် ခင်ဗျားက ပြသနာတက်နေတာလေ မြန်မြန်သွား"
ချာတိတ် ထိုသို့ပြောလေ ပိုအားနာရလေပင်။
ဒီလောက်ထိ တွေးပေးတဲ့ လူကိုမှ ဘာလို့ ဂရုမစိုက်ရတာလဲ ကမ်ဘာစိုးမိုးရယ်...
ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ပြီးထုရိုက်ချင်မိသည်။
"ကားထားခဲ့မယ် ဂရုစိုက်ပြန်"
"မဟုတ်တာ ကျနော် ကားငှါးသွားလိုက်မယ် အိမ်ပြန်မှာပဲဟာ ခင်ဗျားအိမ်ပြန်လာရင် ကားထပ်ငှါးနေရမှာပေါ့"
ချာတိတ်ပြောတာလည်း အကျိုးအကြောင်းရှိသည်မို့ လက်ခံလိုက်သည်။
"ကောင်းပြီ ဂရုစိုက်နော်"
ကားဆီသို့ ထွက်သွားသည့် ကမ်ဘာစိုးမိုးအား ရေခဲမုန့်လေးနှစ်ခုကိုင်ရင်း ရတုလက်ာငေးကြည့်နေခဲ့ရသည်။
~~~~~ Char Tate ~~~~~
ရေခဲမုန့်တို့ အရည်ပျော်ကာ လက်ဖမိုးပေါ် စီးကျနေသလို မျက်ရည်တို့ကလည်း ပါးပြင်ပေါ်စီးကျလာသည်။
အသင့်ပါသည့် တစ်ရှူးအား ထုတ်လိုက်ကာ လက်ကိုရော မျက်ရည်ကိုပါ သုတ်လိုက်သည်။
"အလုပ်ဆီသွားတာပဲ နောက်တစ်ယောက်ဆီသွားတာမှ မဟုတ်တာ ဘာလို့မျက်ရည်ကကျရတာလဲ"
အရည်ပျော်နေသည့်ရေခဲမုန့်ကို လွှင့်ပစ်လိုက်ရင်း ရေရွတ်မိသည်။
ဝမ်းနည်းသည့် ခံစားချက်တို့က လျော့ကျမသွားခဲ့။
ဘယ်သူ့ကိုမှ အပြစ်မတင်ပါ။
ဦးကမ်ဘာကိုလည်း ကိုယ်တိုင်က စိတ်သန့်သန့်နဲ့ သွားခိုင်းခဲ့တာပဲလေ။
ဦးကမ်ဘာမှာ လိုက်ချင်တဲ့စိတ်လေး နည်းနည်းရှိခဲ့ရုံနဲ့ ကျေနပ်ရပါပြီ။ပန်းခြံရှေ့ထိတောင် ရောက်လာခဲ့တာပဲ။
ဘာပဲဖြစ်ဖြစ် နှစ်ယောက်သား လွတ်လပ်စွာ အပြင်ကို ခဏလောက် ထွက်လာနိုင်ခဲ့သည်။
မွန်းတည့်ချိန်ရောက်ပြီမို့ နေက ပိုပူလာသည်။ဗိုက်ဆာတာနဲ့ အိမ်ပြန်ပြီး တစ်ခုခုမှာစားရန် တွေးမိသည်။
ကားလမ်းမသို့ သွားကာ အငှားကားတစ်စီးကို ငှါးဖို့လုပ်လိုက်သည်။
ကိုယ်တားလိုက်သည့် ကားမရောက်ခင် အခြားကားတစ်စီးးက ရုတ်တရတ်တစ်ဖက်ခြမ်းမှကွေ့ဝင်လာကာ ကိုယ့်ရှေ့လာရပ်တာေကြာင့် ယာဉ်တိုက်မှုဖြစ်ပြီဟုတောင် ထင်လိုက်သည်။
"ညီလေး ဘယ်သွားမလို့လဲ"
ကားဒရိုင်ဘာက ကြောက်ဖို့ကောင်းသည့် မျက်နှာနဲ့မှမလိုက် ပြုံးဖြီးကာ မေးသည်။
ကိုယ်လည်း အရင်တားခဲ့သည့်ကားအား အားနာတာကြောင့် ကြည့်မိသည်။
"ဟိုကားက ခရီးသည်ရသွားပြီလေ ငါ့ကားနဲ့ပဲလိုက်ခဲ့စမ်းပါ"
နေကလည်း ပူတာကြောင့် အပြင်မှာဆက်မနေချင်တာနဲ့ပဲ ကားပေါ်သို့ တက်လိုက်သည်။
ဒရိုင်ဘာအား နေရာပြောပြပြီး ဖုန်းကိုဖွင့်ကာ သူငယ်ချင်းများနှင့် စကားပြောလိုက်သည်။
သူတို့၏ ဟာသများကြောင့် အနည်းငယ်စိတ်သက်သာရာရသွားမိသည်။
ပတ်ဝန်းကျင်ကို မော့ကြည့်မိတော့ တစ်ခါမှမရောက်ဖူးသည့် နေရာဖြစ်နေတာကြောင့်...
"ဦးလေး လမ်းမှားနေပြီနဲ့တူတယ်"
ထိုအခါ ဒရိုင်ဘာက နောက်လှည့်ကာ အရယ်တဝက်ဖြင့်ပြောသည်။
"ဟားဟား...ငါမမှားပါဘူးကွ မှားသွားတာက မင်းပဲ"
ရတုလက်ာ ကြောင်နေစဉ်မှာပင် သူ့နှာခေါင်းနှင့် ပါးစပ်ကို အနောက်မှ အဝတ်ဖြင့် လှမ်းပိတ်ခြင်းခံရပြီး မျက်လုံးများ လေးပင်လာသည်။
ကြိုးစားရုန်းနေရင်းမှာပင် ကားနောက်ခန်းမှ လူနှစ်ယောက်ပေါ်လာပြီး ခေါင်းကို အဝတ်မည်းဖြင့် စွပ်ကြသည်။
ထို့နောက် အမှောင်ထုထဲမှာပင် မေ့မြောသွားခဲ့သည်။
~~~~~ Char Tate ~~~~~
A/N
sweetမလိုလိုနဲ့ မsweetလိုက်တဲ့ ဒီသာသာကို ဖြည်းဖြည်းဆူကြပါရှင့်😁
Zawgyi
"ဦးကမ်ဘာ"
"ကျနော်..."
တားဆီးမိသည်...
"ခင်ဗျား မှတ်မိတာလား"
"အာ...မဟုတ်တာ ရပါတယ်"
"ရပါတယ် အဲ့လောက်လည်း..."
"ငါ အမိန့်ပေးနေတာနော်"
~~~~~ Char Tate ~~~~~
"ဘာကြည့်နေတာလဲ"
သူကပဲ ပြောရတယ်ရှိသေး ဒီချာတိတ်ကတော့...။
"မရဘူး စားမယ်"
"ခင်ဗျား ဘာအရသာစားမလဲ"
"ဘာဖြစ်ဖြစ်ရတယ်"
"ဘာကိစ္စလဲ "
"ဘယ်လိုဖြစ်တာလဲ"
"အခုလား...အခုက..."
"ဦးကမ်ဘာ..."
ဘယ်လိုပြောရမှာလဲ...
"အလုပ်ကလား"
~~~~~ Char Tate ~~~~~
ကိုယ်တားလိုက်သည့် ကားမရောက်ခင် အခြားကားတစ်စီးးက ရုတ်တရတ်တစ်ဖက်ခြမ်းမှကွေ့ဝင်လာကာ ကိုယ့်ရှေ့လာရပ်တာကြောင့် ယာဉ်တိုက်မှုဖြစ်ပြီဟုတောင် ထင်လိုက်သည်။
"ညီလေး ဘယ်သွားမလို့လဲ"
~~~~~ Char Tate ~~~~~
A/N
Unicode