ဒီမှာ တခြားတစ်ယောက်ရှိနေသေးတာလား....
မို့ရွှီတုန်းသည် ထိတ်လန့်သွားကာ သူ့လက်ကို ဆုတ်လိုက်ပြီး အမှောင်လမ်းကို လှမ်းကြည့်လိုက်သည်။ တံခါးကိုပိတ်ထားပြီး ထိုနေရာက မှောင်နေတာမို့ ဘာကိုမှ ရှင်းရှင်းလင်းလင်းမမြင်နိုင်ချေ.....
သားရေဝတ်ရုံကို ဝတ်ထားသူတစ်ယောက်ကိုသာ ယောင်ဝါးဝါးဖြင့် ပုံဖော်နိုင်သည်။ ကြည့်ရတာ လူငယ်တစ်ယောက်လိုပါပဲ။
"အစ်ကိုကြီး၊ မင်းအရင်သွားနှင့် ၊ ငါမြန်မြန်လာခဲ့မယ်။"
ထိုလူက ပျင်းရိစွာ ပြန်ဖြေပြီး အနည်းငယ် လှည့်ကာ မို့ရွှီတုန်း၏ မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။
သူက မို့ရွှီတုန်းကို ဆိုးဆိုးရွားရွား ပြုံးပြပြီး သူ့ရှေ့မှာ တင်ထားတဲ့ လက်ကို ရုတ်တရက် လွှတ်လိုက်တယ်။ ထို့နောက် လှည့်ကြည့်ကာ ၀တ်ရုံကို ချော့မော့စွာခါလိုက်ရင်း ပြောင်ပြောင်လက်လက်ဖြင့် ထွက်ခွာသွားလေသည်။
"ရှစ်ယောက်မြောက် အစ်ကို။ မိန်းကလေးတစ်ယောက်နဲ့ထပ်တွေ့နေပြန်ပြီလား၊ ဒါကို ဆက်လုပ်နေရင် အဘိုးကြီး စိတ်ဆိုးသွားလိမ်မယ်"
"ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော့်ရဲ့ ဝါသနာပါ။ ချောမောလှပတဲ့ ကောင်မလေးကိုတွေ့ရင် မနေနိုင်ပဲ စကားပြောမီသွားတာပဲ ။ ငါသူမကိုစိတ်လျှော့လို့မရဘူး။ သူမက စိိတ်ဝင်စားဖို့ကောင်းတယ် !" ပျင်းရိတဲ့အသံက ပေါ့ပေါ့ဆဆ ပြောတယ်။
ခြေသံတွေက တဖြည်းဖြည်းဝေးသွားတဲ့အခါ မို့ရွှီတုန်း ချွေးစေးများ ထွက်လာခဲ့သည် ။ စောစောက ဒေါသဖြစ်ပြီး စိတ်တိုနေတာကြောင့် သူခန္တာကိုယ်က အားနည်းနေတာကို သတိမပြုမိခဲ့ဘူး ။
အခုတော့ နံရံကို ကိုင်ထားရင်း ခြေထောက်တွေ အားနည်းလာပြီး မေ့လဲလုမတတ် ဖြစ်နေသည်။ မူးဝေမှုမလွန်ခင်မှာ သူမ သွားတွေကို ခဏလောက် အံကြိတ်ခဲ့ပါတယ်။
မိုလန်က သူမဆီသို့ အချိန်မှီပင် ရောက်ရှိလာခဲ့သည် ။ မို့လန်သည် အားနည်းသော မို့ရ်ှီတုန်းကို ကူတွဲခဲ့ပြီး မြင်းလှည်းပေါ်သို့ ချက်ချင်းတက်ခဲ့သည်။ မြင်းလှည်းမောင်းသူသည် ကောင်မလေးက အလာတုန်းက အားနည်းလွန်းတယ်ဟု ထင်ခဲ့ပေမယ့် ပြန်လာချိန်မှာတော့ ခြေထောက်ပေါ်တောင် မရပ်နိုင်ကြောင်းတွေ့သောအခါ စိတ်ပူမီသွားသည်။
သို့သော် မိုလန်၏ အခြေအနေကြောင့် မြင်းလှည်းမောင်းသူသည် ဘာမှ မပြောဝံ့ပေ။ သူသည် မိုလန်စကားကိုသာ နားထောင်ပြီး ရထားကို မှန်မှန်မောင်းနှင်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။
သူတို့နှစ်ယောက်သည် ချင်းဝေဥယျာဥ် အနီးရှိ အိမ်နောက်ဖေးတံခါးမှ အိမ်ထဲသို့ ဝင်သွားကြသည်။ သူတို့သည် အခြားသော စင်္ကြံကို လှည့်၍ တံခါးများကို ဖြတ်သွားလိုက်ကြသည်။
အပြာရောင်အ၀တ်အစားတွေဝတ်ထားတဲ့ အိမ်အကူငယ်လေးတစ်ယောက် တံခါးဝမှာ ရုတ်တရက်ပေါ်လာကာ မို့ရွှီတုန်းကိုတွေ့လိုက်မှ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ တက်လာပြီး မို့ရွှီတုန်းကို တွဲကူလိုက်သည် ။
"သခင်မလေး ၊ မိခင်ရှုက စိတ်ပူပြီး ဒီအစေခံကို စောင့်နေခိုင်းထားပါတယ် ။ "
မိုဟယ်သည် အိမ်အစေခံများနှင့် အစေခံဟောင်းများအားလုံးကို ဆူပူကြိမ်းမောင်းပြီး အခြားအခန်းသို့ ခေါ်သွားခဲ့ကာ လူများအားလုံးကို ပထုတ်ခဲ့သည် ။
"သခင်မလေး ဝင်လာဖို့စောင့်နေတယ်။ ခြံထဲမှာဘယ်သူမှမရှိဘူးလား ၊ အခုဘာတွေဖြစ်နေတာလဲ " မို့ရ်ှီတုန်း ကပြောဖို့အင်အားသိပ်မရှိမှန်းသိတဲ့အတွက် မို့လန်က မေးလိုက်သည်
"သခင်မကြီးက အခုဒီကိုရောက်နေပါတယ် ။ ဒါကြောင့် အခုလေးတင်ကပဲ မမလေးဆီအခေါ်လွတ်လိုက်တယ် ။ ဒီအစေခံက မမလေး အိပ်ပျော်သွားပြီမို့လို မနှိုးသင့်ဘူး။ မနက်ဖြန်အိပ်ယာနိုးရင် သခင်မကြီးဆီလာခဲ့မယ်လို့ ပြောလိုက်ပါတယ် " မိုယုက သူ့မမလေးအခုထိမလာသေးသည်ကို သိသွားမှာစိုး၍ စမတ်ကျကျပင် လိမ်ခဲ့တယ်။
"ကောင်းပြီ"
အမှန်တကယ်ပင် အိမ်ဝင်းထဲမှာ လူတစ်ယောက်မှ မရှိတော့ပဲ ပြတင်းပေါက်မှာ မေမေရှုတစ်ယောက်သာ စောင့်နေတာတွေ့လိုက်ရတော့သည်။ မို့ရွှီတုန်း သည် မည်မျှ အားနည်းသည်ကို မြင်သောအခါ အမေရှုသည် မျက်ရည်ကျလုမတတ် စိတ်ပူသွားသည်။
မို့ရွှီတုန်းသည် သူမ နေကောင်းကြောင်း ရှင်းပြချင်သော်လည်း ပင်ပန်းနေ၍ သူမအား ပြုံးပြရုံသာ တတ်နိုင်သည် ။ မိုယုနဲ့ မို့လန်က သူမကို ဆေးသောက်ပြီးနောက် အိပ်ရန် ကူညီပေးခဲ့သည်။
ဒုတိယနေ့ အိပ်ရာက နိုးလာတဲ့အခါ အားနည်းနေပေမယ့် အရင်နေ့တွေထက် ပိုပြီးနေကောင်းလာခဲ့သည် ။ ရေချိုးပြီးနောက် သူမသည် သခင်မချင်ကို ဦးစွာနှုတ်ဆက်ပြီး သခင်မယုဆီသို့သွားခဲ့သည်။
မို့ရွှီတုန်းသည် သခင်မယု၏ မျက်လုံးများတွင် အမှောင်ထုကို စူးရှစွာတွေ့လိုက်ရပြီး သူမ၏နှုတ်ခမ်းတွင် အပြုံးအရိပ်အမြွက်ပေါ်လာသည်။သခင်မယုထံမှ ထွက်သွားပြီးနောက် သူမသည် သူမ၏ ခြံဝင်းသို့ ပြန်လာပြီး အမေရှုနဲ့ မိုဟယ် ကို အမိန့်ပေးလိုက်သည်။
နှစ်ယောက်သား ပြုံးပြုံးရွှင်ရွှင်နဲ့ သူတို့တာဝန်ကို ထမ်းဆောင်ဖို့ ထွက်သွားကြတယ်။
"မိုယု၊ ဝမ်းကွဲရှောင် က ရှားပါးသစ်ခွကို ရှာတွေ့ခဲ့တာလား။"
မို့ရွှီတုန်းသည် သူမထိုင်နေရာမှ ပြုံးပြကာ ပြတင်းပေါက်အောက်ရှိ ဆိုဖာပေါ်ကို မော့ကြည့်လိုက်သည်။ သူမ၏နောက်ဆုံးဘဝတွင် ချင်းယွီရှောင်သည် ရှားပါးသစ်ခွတစ်ပင်ကိုရှာဖွေရန် ကူညီပေးခဲ့ပြီး သူမ၏ဖခင်အား သူမအတွက်ဆိုကာ မြို့တော်သို့ပေးပို့ခဲ့သည်။ သို့သော် သူမက ထိုပန်းကို မတန်ဖိုးထားခဲ့ပါ။
"သခင်လေးရှောင်က မမလေးအပေါ်အရမ်းကောင်းတာပဲ ။ ခဏနေတော့ မမလေး အတွက် ရှားပါးသစ်ခွကို ရှာတွေ့မှာပါ" မိုယုက ပြုံးပြုံးလေးနှင့် လက်ဖက်ရည်တစ်ခွက် ပေးလိုက်သည်။
"ဒါပေမဲ့ မမလေးက ဒီပန်းကိုရရင် သခင်ကြီးကို တကယ်ကြီးပေးမလို့လား၊ ပန်းကောင်းတစ်ပွင့်ကို တန်ဖိုးထားတတ်တဲ့သူကိုပဲပေးရတယ်တဲ့ ။စိတန်ဖိုးမထားတတ်တဲ့သူတွေလက်ထဲမှာဆို ပန်းကောင်းတစ်ပွင့်က ပျက်စီးတတ်တယ် "
မိုယု၏စကားကို ကြားလိုက်ရသောအခါ မို့ရွှီတုန်းသည် အောက်ကိုငုံ့ကြည့်ရင်း ရှည်လျားသော မျက်တောင်များ တဖျပ်ဖျပ်ခတ်ကာ မျက်နှာပေါ်တွင် အရိပ်တစ်ခုကို ဖုံးကွယ်ထားခဲ့သည်။ သူ့မျက်နှာက တည်ငြိမ်ပြီး ဖြူဖျော့နေတယ်။ သူမ မှုန်ကုပ်ကုပ်လေး ပြုံးကာ လက်ဖက်ရည်ကို လက်ခံယူပြီး လက်ဖက်ရည်သောက်လိုက်သည်။ ပူနွေးသောလက်ဖက်ရည်နှင့် မွှေးရနံ့က သူမနှလုံးသားထဲသို့ စိမ့်ဝင်လာသည်။
မိုယုသည် မို့ရွှီတုန်းက သခင်ကြီးကို သစ်ခွကို တကယ်ပေးမယ်လို့ တွေးနေလေသည် ။
"သခင်ကြီးက မမလေးကို မေ့ထားတာတောင် ကြာနေပြီ ၊ ဒါပေမဲ့ မမလေးက သခင်ကြီးကို အခုထိဂရုစိုက်နေတုန်းပဲ ၊မမလေးက တစ်ခုခုဆိုရင် အဲ့သခင်ကြီးကို အမြဲတွေးနေတယ်" ဟု မိုယုက ဒေါသတကြီးပြောသည်။
"မိုယု၊ ရိုင်းစိုင်းတဲ့စကား မပြောနဲ့။" မိုလန်က ကြိမ်းမောင်းသည်။
"ကျွန်တော်မျိုးမ မိုက်မဲတဲ့စကား မပြောပါဘူး။ အခုကြည့်လိုက်လေ မမလေးက ဒီလိုဖြစ်နေတာတောင် သခင်ကြီးအကြောင်း တွေးနေတုန်းပဲ။ ဒါပေမယ့် သခင်ကြီး... သူက မမလေးကို လှည့်တောင်မကြည့်ဘူး" မိုယုက မကျေမနပ်နဲ့ ပြောလိုက်တယ်။
မို့ရွှီတုန်း ၏ဖြူဖျော့သောမျက်နှာကို သူမ ရုတ်တရက်မြင်လိုက်ရပြီး မျက်လုံးများနီရဲလာသည်။ သူမ ရင်တွေ တဆတ်ဆတ်တုန်ပြီး ဘာမှ မပြောနိုင်တော့ပေ ။ သူတို့တွေက မို့ရွှီတုန်းရဲ့အနားမှာ ငယ်ငယ်ကတည်းကအမြဲရှိနေခဲ့ကြပြီး သူမရဲ့ ဝမ်းနည်းမှုတွေနဲ့ သူမဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေကို သဘာဝအတိုင်း မြင်တွေ့ခဲ့ရတယ်
"သခင်ကြီးက ဒီနေရာနဲ့ ဝေးနေတော့ တော်တော်များများ သိမှာ မဟုတ်ဘူး။ သူတို့ ပြန်လာတဲ့အခါ မမလေးကို အရင်လို သဘာဝအတိုင်း ကောင်းကောင်းမွန်မွန်ဆက်ဆံပေးလောက်မှာပါ" မိုလန်က ညင်သာစွာပြောသည်။
မို့ရွှီတုန်းက ငိုက်မျဉ်းသလို ခံစားလိုက်ရပြီး သူမရဲ့ တင်းမာနေတဲ့ မျက်နှာလေးကို အနည်းငယ် ဖြေလျှော့လိုက်သည်။ သူမ၏ မျက်လုံးများတွင် စူးရှသော အကြည့်က တဖြည်းဖြည်း ပျော့ပျောင်းလာသည်။
ထို အစေခံများသည် ယခင်ဘဝကတည်းက သူမနဲ့ အတူရှိနေခဲ့ပြီး နောက်ဆုံးမှာတော့ သူမကြောင့် သေဆုံးသွားခဲ့ရသည်။ သူတို့အခုချိန်မှာ အသက်ရှင်နေပြီး ငြင်းခုံနေကြတာကို မြင်ရတာ သူမအတွက် ပျော်ရွှင်စရာပါပဲ။
ထိုနေ့တွင် ချင်းအိမ်တော်၌ အကြီးအကျယ်ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပြီး သခင်မချင်းကိုပင် ထိတ်လန့်စေခဲ့သည်။ သို့သော်လည်း သူမသည် အခြေအနေကို မီးတောက်လောင်စေကာ အဖြစ်အပျက်အားလုံးကို လူတိုင်းရှေ့တွင် ဖော်ထုတ်ရန် တောင်းဆိုခဲ့သည်။
ချင်းသခင်ကြီးတွင် တွင် မျိုးရိုးအမည် လီ ဟုခေါ်သော ကိုယ်လုပ်တော်တစ်ဦးရှိသည် ။ သူမတွင် ကိုယ်ဝန်ရှိလာသောအခါ တိမ်တိုက်မြို့ကို ပြန်ခေါ်ဆောင်လာခဲ့ပြီး အိမ်တော်တွင် ကောင်းမွန်စွာ ဆက်ဆံခံခဲ့ရသည်။
ဂရုမစိုက်မီရင် တစ်ခုခုကိုထိခိုက်သွားမှာကြောက်ရွံ့ပြီး သူမအား အစားအသောက်နဲ့ အဖျော်ယမကာတွေကို အကောင်းဆုံးပေးခဲ့သည် ။ သူမသည် အမွေဆက်ခံသူအား အန္တရာယ်ကင်းစွာ မွေးဖွားနိုင်မည်ဟု မျှော်လင့်ကာ ဤအရာအားလုံးကို လုပ်ဆောင်ခဲ့သည်။
ဒီလီမျိုးရိုးအမျိုးသမီးသည် ဘာမှလုပ်စရာမရှိသောကြောင့် ပျင်းရီလာသဖြင့် သူ့အစေခံများနှင့်အတူ ဥယျာဉ်ထဲသို့ လမ်းလျှောက်ထွက်လာခဲ့သည်။ခဏအကြာတွင် သူမသည် အခုခုကိုစားချင်လာ၍ တခြားသူကို ယူဖို့ မတောင်းဆိုဘဲ သူကိုယ်တိုင် သူ့အစေခံနှင့်အတူ မီးဖိုချောင်ထဲ ခေါ်သွားခဲ့တယ်။
သူမသည် မီးဖိုချောင်ထဲ၌ သခင်မယု ၊ ရန်ရှု နှင့် မီးဖိုချောင်ရှိ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသောသူများကို တွေ့လိုက်ရပြီး သူတို့သည် သူမသောက်လေ့ရှိသည့် သွေးငှက်သိုက်များတွင် အပိုပစ္စည်းများထည့်နေသည်ကို သူမတွေ့လိုက်ရသည်။
ဤသည်မှာ တစ်စုံတစ်ဦး၏ အမွေဆက်ခံသူကို ထိခိုက်စေသည့် ဆိုးရွားသောကိစ္စဖြစ်သည်။အဒေါ်လီသည် ဘယ်လိုမှ သည်းမခံနိုင်ဖြစ်ရကာ ဒီကိစ္စကို သခင်မအိုကြီးချင်းထံ တင်ပြခဲ့တယ်။
သခင်မယုသည် အထောက်အထားများနှင့် ခိုင်လုံသောသက်သေကြောင့် ထိုကိစ္စကို မရှင်းပြနိုင်ဘဲ သခင်မယုက အပြစ်ပေးခံရကာ ရန်ရှုက အသေရိုက်သတ်ပစ်ခံလိုက်ရသည်။ သခင်မယု၏ ၏ယုံကြည်စိတ်ချရသောသူများသည် ဖြတ်တောက်ခံရပြီး အချို့မှာ ရောင်းစားခံခဲ့ရသည်။
မို့ရွှီတုန်းသည် ချင်းဥယျာဥ်တွင် ရှိနေစဉ် မိုဟယ် ထံမှ ထိုသတင်းများရရှိပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ယခင်ဘဝ၌ ရန်ရှုသည် ယုစီရန် နှင့်အတူ မို့ရွှီတုန်းကိုဆန့်ကျင်ရန် ကြံစည်ခဲ့သည်။ ယုစီရန်ကြောင့် သူမ၏မျက်နှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သောအခါ ရန်ရှုပါ သူမအား လက်လျှုရှုခဲ့သည်။
အကယ်၍ သူမသည် အကောင်းဆုံးကုသမှုအချိန်ကာလကို လွတ်သွားစေရန် အချိန်နှောင့်နှေးအောင် ရည်ရွယ်ချက်ရှိရှိမလုပ်ဆောင်ခဲ့ပါက သူမ၏မျက်နှာပေါ်တွင် နက်ရှိုင်းသောအမာရွတ်နှစ်ခုရှိခဲ့မည်မဟုတ်သလို စီမာလင်းရန် သည်လည်း ထိုအခွင့်အရေးကို ရယူနိုင်တော့မည်မဟုတ်ပေ။
ယခုအခါတွင် သူမသည် သူ၏ဘဝကို ပြန်လည်အသက်သွင်းနိုင်ပြီဖြစ်သည်။ မို့ရွှီတုန်း ပြောင်းလဲလာသည်နှင့်အမျှ အရာအားလုံးသည် အတူပြောင်းလဲသွားခဲ့သည်။ သူမလိုချင်တဲ့ ဦးတည်ရာကိုရောက်အောင် ဒီအပြောင်းအလဲတွေကို သေချာပေါက် လုပ်ရမည် ။
ပြတင်းပေါက် အောက်မှာ ထိုင်ပြီး စဉ်းစားနေတဲ့အချိန် ရုတ်တရက် အမေရှု၏ ရယ်မောသံကို အပြင်မှ ကြားလိုက်ရသည်။
"သမီး သတင်းကောင်းပဲ ......သခင်ကြီးက သဘောတူလိုက်ပြီ ။" မိခင်ရှု သည် တောက်ပသော အပြုံးဖြင့် ဝင်ရောက်လာရင်း ပြောလိုက်သည်
"သခင်မလေး၊ သခင်ကြီးက မင်းကို အိမ်တော်ကို ပြန်ခွင့်ပြုလိုက်ပြီ!"
"ဟုတ်လား ၊ဒါဆို မနက်ဖြန် တိမ်တိုက်မြို့မှာရှိတဲ့ အမေ့ရဲ့အိမ်တော်ကို သွားကြမယ်!"
မို့ရွီတုန်း သည် သူမ၏ လှပသော မျက်နှာပေါ်ရှိ အပြုံးမပျက် တည်ရှိနေခဲ့သည် ။ အမေ့အိမ်ဝင်းကို နောက်ဆုံးတွေ့ခဲ့ရတဲ့အချိန်က တစ်နှစ်ကျော်ရှိခဲ့ပြီပဲ ။ အခုမြို့တော်ကို ထွက်သွားတော့မည်ဆိုတော့ သွားကြည့်သင့်တယ်။
သခင်မချင်းက ထိုအချင်းအရာကို သဘောတူပြီးသားမို့ အစေခံသုံးယောက်နဲ့ အမေရှု က မို့ရွှီတုန်း နဲ့အတူ နောက်တစ်နေ့မနက်မှာ အိမ်အိုကြီးဆီ ထွက်ခွာသွားခဲ့တယ်။
၎င်းသည် တိမ်တိုက်မြို့ ရှိ မို့ဟွာဝန် ၏တရားဝင်နေအိမ်ဖြစ်သည်။ သို့သော် ယခင်ပုံစံနှင့် နှိုင်းယှဉ်၍မရတော့ပါ။ မိုစံအိမ်ဟောင်းသည် ပိုင်ရှင်မရှိသောကြောင့် ယခုအခါ လူဆိတ်ညံနေ ခဲ့သည်။
တိမ်တိုက်မြို့တွင်တာဝန်ရှိသူဖြစ်စဥ်အချိန်က ဘိုးဘွားပိုင်အိမ်တော်အား မို့ဟွာဝန် မှဝယ်ယူခဲ့သည်။ အိမ်ဟောင်းတွင် သူ့အမေကို အစေခံလုပ်ဖူးတဲ့ နန်နီမင်က တံခါးနားမှာ စောင့်နေခဲ့သည် ။ မို့ရွှီတုန်းရဲ့ ရထားရပ်နေတာကို သူမမြင်တော့ ရထားတံခါးသို့ အမြန်ပြေးသွားတယ်။ နန်နီမင် သည် မို့ရွှီတုန်း၏ မွေးမိခင်ငယ်ကတည်းက အလုပ်အကျွေးပြုလာသော အစေခံဖြစ်သည်။ မို့ရွှီတုန်းက သူအား အမြဲလေးစားတယ်။
သူမသည် ထိုအမျိုးသမီးအား လေးလေးစားစား နှုတ်ဆက်ပြီး သူမရဲ့ လက်ကို လှမ်းကိုင်လိုက်သည်။ နန်နီမင်းသည် ဝမ်းသာလွန်းလို့ မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာခဲ့ကာ အချင်းချင်း တွဲပြီး မိုခန်းမထဲသို့ ဝင်ကြသည်။
တိမ်တိုက်မြို့ ရှိ မို့အိမ်တော် သည် သိပ်မကြီးပါ။ ခြံဝင်းကြီး သုံးခုသာရှိသည်။မို့ရွှီတုန်း သည် သူမ၏ ချင်ဝေ့ ဥယျာဉ်သို့ မပြန်ခဲ့ပေ။ ယင်းအစား သူမသည် သူမမိခင်၏ ဇီတန် ဥယျာဉ်သို့ တိုက်ရိုက်သွားခဲ့သည်။
ဥယျာဥ်၏ အတွင်းဘက်သို့မဝင်မှီ ရုတ်တရက် သူမမျက်လုံးများရှေ့တွင် အရိပ်တစ်ခုက သူမဆီသို့ တည့်တည့်တိုးဝင်လာခဲ့သည် ။ မိုယုသည် လျင်မြန်စွာ ရွေ့လျားသွားပြီး မိုရွှီတုန်းရှေ့တွင် သူ့ခန္ဒာကိုယ်ဖြင့် ကာထားလိုက်သည်။
"သခင်မလေး ပြန်လာပြီ မြန်မြန် တံခါးတွေဖွင့်ပေးလိုက်ကြလေ" အပြာရောင် ၀တ်စုံဝတ်ထားသော အမျိုးသမီးငယ်တစ်ယောက်သည် ရယ်မောလျက် မိုယု၏ရှေ့တွင် ရပ်လိုက်သည်။
သူမ၏ပုံစံသည် ရယ်မောနေသော်လည်း အတွင်း၌ စိတ်ရှုတ်နေပုံကသည်။ သူမက ခေါင်းညိတ်လိုက်ပြီး မို့ရွှီတုန်းကို ကြည့်လိုက်သည်။
မို့ရွှီတုန်း၏ မိုက်မဲသော မျက်လုံးများသည် တက်ကြွမှုမရှိပဲ မှုန်မှိုင်းနေခဲ့သည်။ အမျိုးသမီးက သူမကို ရီစရာပုံစံနဲ့ ကြည့်နေခဲ့ တယ်။
ထို့နောက် သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို ရေရွတ်ကာ ထိတ်လန့်စွာ ပြေးထွက်သွားခဲ့သည်။ခြံဝင်းအတွင်းရှိ လေထုသည် မှုန်ကုပ်ကုပ်ဖြစ်ကာ အသက်ရှူမဝလုနီးပါး ဖြစ်နေသည်။
"နန်နီမင် ၊ ဒုန်ဆုက ဒီမှာအရင်တိုင်း ရှိနေတုန်းပဲ့လား "
မို့ရွှီတုန်း သည် ခဏအကြာတွင် သူမ၏တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။ သို့သော်လည်း သူမ၏လက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း လက်သီးကို အင်္ကျီလက်စများဖြင့် ဆုပ်ကိုင်ထားသည်။
သူမ ရူးသွပ်သွားပြီးနောက် ဒါပထမဆုံးအကြိမ် ဒုန်ဆုကို မြင်ဖူးခြင်းဖြစ်သည်။ သူမ ထိုနေ့ကို ဘယ်လိုမေ့နိုင်မလဲ။
သူ့အမေဆုံးပါးသွားသော ထိုညတွင် သူ့အမေအနားတွင် အစေခံတစ်ယောက်သာရှိခဲ့သည် ။
သူ့အဖေက အဒေါ်ဖန်ဆီက ပြန်လာပြီးတဲ့အချိန်မှာ သူ့အမေ ဆုံးသွားခဲ့တယ်။ ထိုအချိန်တွင် သူမနှင့် သူ့အဖေကြား အကွဲအပြဲများ စတင်လာခဲ့သည်။
"ဟုတ်ပါတယ်၊ မမလေးရဲ့အမေက ဆုံးသွားခဲ့တယ်၊ ပြီးတော့ ရှောင်ချူးကလည်း နာမကျန်းဖြစ်ပြီး သေဆုံးသွားချိန်မှာ ရန်ချန်းက ရထားပေါ်မှ ပြုတ်ကျခဲ့တယ်လေ ။ နောက်ဆုံး တော့ ဒုန်ဆုတစ်ယောက်ပဲ့ကျန်ခဲ့တာ ။ သူ့မိဘတွေက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူ့ကို အသက်မရှင်နိုင်ဘူးလို့ ထင်ပြီး စွန့်ပစ်ခဲ့တာ။ အိမ်တော်သခင်မကို စိတ်နှလုံးအကြွင်းမဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့အတွက် သခင်ကြီးက သူ့ကို သနားပြီး အိမ်တော်ဆီ ပြန်လာဖို့ စေလွှတ်လိုက်တဲ့အတွက် အိမ်တွင်းကလူတွေအားလုံးက အဝေးကို ထွက်သွားကြပြီး အနည်းငယ်သာ ကျန်တော့ပြီး ပုံမှန် အစေခံ ဖြစ်လာခဲ့ပါတယ်"
နန်နီမင် သက်ပြင်းချလိုက်သည်။
"သူမကို သေချာစောင့်ကြည့်ထားလိုက်ပါ ။ အမေရဲ့ လက်ကျန်လူဟောင်းတွေက သိပ်မကျန်တော့ဘူးလေ"
မို့ရွှီတုန်းသည် မီးဖိုပေါ် မှီ၍ ထိုင်ချလိုက်ပြီး သူမ၏ လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူ့လက်သည်းတွေက သူ့အသားထဲကို ထိုးထည့်လိုက်တာကိုတောင် သတိမထားမိလိုက်ပေ ။
သူမ၏ခန္ဓာကိုယ်သည် ရုတ်တရက် သွေးများနှင့် သွေးပြန်ကြောများ ဆူပွတ်သွားသလို ခံစားလိုက်ရသည်။
"ဟုတ်!"
နန်နီမင် က ပြန်ဖြေရင်း တစ်ခုခုပြောချင်သလို မော့ကြည့်လိုက်သည်။သို့သော် မို့ရွှီတုန်း ၏အားနည်းနေသော မျက်နှာကို သူမမြင်လိုက်သောအခါတွင် သူမပါးစပ်ကို ပိတ်လိုက်သည် ။ သူသည် ဘာမှ မပြောခဲ့သဖြင့် အိမ်က တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားတော့သည်။
"တစ်ယောက်တည်း ခဏလောက်နေချင်တယ်"
မို့ရွှီတုန်းက ပြောပြီး ခဏကြာတော့ သူ့လက်ကို မောပန်းစွာ ဝှေ့ယမ်းလိုက်တယ်။
...........................................................................
Translated by Chai
18.4.2022