ချစ်ခြင်း၏တစ်ဖက်ကမ်း ပေးဆပ်ခြ...

By Yay_Satt_Hlwar

852 52 5

ဆယ်ဘဝတိတိပေးဆပ်ရင်း မင်းအနားမှာ အဖော်ပြုပေးပါရစေ (လန်လင့်သီကျွင်း) အရှင်နဲ့အတူနေရဖို့ တကယ်ဘဲ ကံမပါဘူးလား (... More

Characters Intro
Part (1)
Part (3)
Part (4)
Part (5)
Part (6)
Part (7)

Part (2)

41 4 0
By Yay_Satt_Hlwar

Unicode

ကောင်းကင်ဘုံ၏ လျစ်လျူရှုမှုတွေအကြား တဖြည်းဖြည်း အင်အားကြီးလာသည့် နတ်ဆိုးအုပ်စုသည် အနောက် ပင်လယ်၏ ရေသူမအုပ်စုအား စတင်တိုက်ခိုက်လာကြသည်။ ရေသူမျိုးနွယ်သည် သီးသန့်နေထိုင်သည့် မျိုးနွယ်တစ်ခုဖြစ်သည်။ မြောက်ပင်လယ်၏ အပိုင်စားရသောနေရာတွင် အေးချမ်းစွာ နေထိုင်ကာ တခြားမျိုးနွယ်များအား အန္တရာယ်ပြုခြင်းမရှိပေ။ ကောင်းကင်ဘုံနှင့်လည်း ဆက်သွယ်ခြင်းမပြုသော အုပ်စုတစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် နတ်ဆိုးများသည် အခွင့်ကောင်းယူကာ တိုက်ခိုက်လာကြသည်။

ရေသူမျိုးနွယ်၏ အုပ်ချုပ်သူဘုရင်မ ထျန်းယင်သည် နတ်ဆိုးများ၏ တိုက်ခိုက်ခြင်းမှ ရေသူမျိုးနွယ်နှင့် သူမ၏ သားဖြစ်သူအား ကာကွယ်ရန် သူမ၏ အမြိုတေအားသုံးကာ နတ်ဆိုးများအားလုံးအား သတ်ပစ်ခဲ့သည်။ ရေသူမျိုးနွယ်များတွင် အမြုတေသည်အရေးကြီးပစ္စည်းတစ်ခုဖြစ်သည်။ အမြုတွေပြိုကွဲသွားပြီးနောက်တွင် သူမ အသက်ရှင်ရန်အချိန်ခေတ္တမျှသာ ကျန်ရှိတော့သည်။

ရေသူမျိုးနွယ်၏ မင်းသားဖြစ်သူ ထျန်ယွင်ရှသည် သူ၏ အမေဖြစ်သူ အမြုတေ ပြိုကွဲသွားသည်အား ဝမ်းနည်းစွာဖြင့်သာ ကြည့်နေရသည်။

"အမေ! !!! အမေ! !!! "

ငိုကြွေးကာ အမေဖြစ်သူအား အဆက်မပြတ် အော်ခေါ်နေသည်။ သူမွေးကတည်းက အဖေဖြစ်သူအား မမြင်ဖူးခဲ့ပေ။ အ​ေမသည်သာ သူ့၏ အားကိုးအားထားရာဖြစ်ခဲ့သည်။ အမေရှိရာသို်ပြေးသွားရန် ပြင်နေသော သူ့အား အကြီးအကဲတချို့သည် ဆွဲဖက်ထားသည်။ အမေဖြစ်သူအား အော်ခေါ်ကာ ကြည့်နေရုံသာတက်နိုင်ခဲ့သည်။

နတ်ဆိုးများ အထိနာသွားချိန်တွင် ထျန်းယင် သည် သူမတို့နေထိုင်ရာနေရာအား စွန့်ခွာကာ သူမ၏ ကျန်ရှိသောစွမ်းအားများဖြင့် သူမ၏ သားဖြစ်သူနှင့် ရေသူမျိုးနွယ်တချို့အား ပုန်းခိုနိုင်ရန်အတွက် စီမံပေးခဲ့သည်။ ရေသူမျိုးနွယ်၏ မင်းသားတစ်ပါးဖြစ်သည့် ထျန်ယွင်ရှသည် အသက် ၂၀၀၀ ခန့်သာရှိသေးသောကြောင့် နတ်ဆိုးများဖြင့် တိုက်ခိုက်ရန်အတွက် ငယ်လွန်းသေးသည်။ ကျန်ရစ်ခဲ့သည့် ရေသူမျိုးနွယ်၏ အကြီးအကဲတစ်ချို့အား ထျန်ယွင်ရှ အား ကာကွယ်ပေးရန် မှာကြားခဲ့သည်။

ဘုရင်မတစ်ယောက်အနေဖြင့် သူမ၏ မျိုးနွယ်အား ကာကွယ်နိုင်ရန်အတွက် အသက်စွန့်လွှတ်ရမည်ဆိုလျှင်တောင် မမှုပေ။ သားဖြစ်သူအား စိတ်မချနိုင်သော်လည်း မျိုးနွယ်အား ကာကွယ်ရမည့်တာဝန်ရှိနေသေးသည်။ သားဖြစ်သူအား မှာကြားစရာရှိတာများမှာကြားကာ မခွဲရက်ပေမဲ့ တာဝန်အရခွဲခွာရမည်။

"အကာအကွယ်က ကျန်ရှိနေတဲ့ မျိုးနွယ်ကို အန္တရယ် ကင်းအောင် ဖုံးကွယ်ထားပေးလိမ့်မယ် အချိန်အတော်ကြာမှ အပြင်ကအသံတွေ နားစွင့်ပြီး ငြိမ်သွားပြီဆိုမှ ထွက်ခဲ့ကြပါ နတ်ဆိုးတွေကို တားဆီးထားတဲ့အတားအဆီးက ကြာရှည်မခံဘူး ငါပြန်သွားပြီးတိုက်မှရမယ် မင်းတို့ရဲ့မင်းသားလေးကို ငါ့ကိုယ်စားစောင့်ရှောက်ပေးပါ "

"ဘုရင်မ ကျွန်တော်တို့လည်း ကူတိုက်ပေးပါရစေ "

"ဟုတ်ပါတယ် ကျွန်တော်တို့လည်း ကူတိုက်ဖို့ ဆန္ဒရှိပါတယ် "

"မဖြစ်ဘူး ရေသူမျိုးနွယ် ပျက်သုန်းသွားလို့မဖြစ်ဘူး ရေသူမျိုးနွယ်ကို ပြန်လည်တည်ထောင်ဖို့လို့တယ် ပြီးတော့ ယွင်အာက ငယ်သေးတယ် သူ့ကို ကူညီလမ်းပြပေးဖို့လိုအပ်သေးတယ် မင်းတို့ငါ့ကိုကျေးဇူးတင်ရင် ယွင်အာကို ကာကွယ်စောင့်ရှောက်ပေးပါ "

"နားလည်ပါပြီ ဘုရင်မ မင်းသားကို အသက်ထက်ပိုပြီး စောင့်ရှောက်ပါ့မယ် "

ကျန်ရှိနေသော ရေသူမျိုးနွယ်အားလုံး မျက်နှာငြိုးငယ်နေကြသည်။ ဘုရင်မအား ကူညီကာတိုက်ခိုက်ပေးချင်သော်လည်း စွမ်းအားမြင့်မားလွန်းသည့် နတ်ဆိုးများအားမယှဥ်ပြိုင်နိုင်ပေ။ ထို့ကြောင့် ဘုရင်မ၏ စကားအား နားထောင်ကာ ရေသူမျိုးဆက်မပျက်အောင်ထိန်းသိမ်းရန်သာတတ်နိုင်ခဲ့သည်။

"အမေ...အမေ  မသွားလို့မရဘူးလား "

ထွက်သွားတော့မည့် သူ့မယ်တော်၏ ခြေထောက်အား ဖက်ကာ မသွားရန် ငိုယိုတောင်းပန်နေခဲ့သည်။

"တောင်းပန်ပါတယ် သားတော် မယ်တော်တို့ မျိုးနွယ်ကိုကာကွယ်ဖို့ သွားမှဖြစ်မာမို့လို့ပါ သားတော်က ရေသူမျိုးနွယ်ရဲ့ ဆက်ခံသူမင်းသားတစ်ယောက်ဖြစ်ပြီး ရေသူမျိုးနွယ်ကိုစောင့်ရှောက်ဖို့ လေ့လာသင်ယူပါ သား ရေသူမျိုးနွယ်တွေ ပြန်တည်ငြိမ်သွားတဲ့အခါကျရင် ဒီပစ္စည်းလေးကိုယူပြီး ကောင်းကင်နန်းတော်ကိုသွားလိုက်ပါ ပြီးရင် ဒီပစ္စည်းကိုပြပြီး မယ်တော်မှာခဲ့တဲ့အတိုင်းပြောလိုက်ပါ "

ယွင်အာလက်ထဲသို့ ပစ္စည်းတစ်ခုထည့်ပေးလိုက်ကာ ငိုနေသည့်သားအား ပွေ့ဖက်လျက် နှစ်သိမ့်ပေးလိုက်ပြီး ပါးပြင်ထက်နောက်ဆုံးအနမ်းလေးနမ်းထားခဲ့ပြီး နတ်ဆိုးတွေရှိရာသို့ ပြန်လာခဲ့လိုက်သည်။

အနောက်မှ ရင်ကွဲမတတ်အော်ဟစ်ငိုယိုနေသည့် သားဖြစ်သူ၏ အသံအား ရင်နာစွာဖြင့် လျစ်လျူရှုကာ နတ်ဆိုးများနှင့်တိုက်ခိုက်နေသည်။ များပြားလှသောနတ်ဆိုးများအား အနိုင်ယူရန်အတွက် မူလပုံစံ ရေသူမအသွင်ပြောင်းကာ နောက်ဆုံးထွက်သက်ထိတိုက်ခိုက်ခဲ့သည်။ နတ်ဆိုးအားလုံးအားအနိုင်ယူပြီးချိန်တွင် သူမအရမ်းမောပန်းနေခဲ့သည်။

အကြီးအကဲများတားထားသည့်ကြားမှ အတင်းရုန်းထွက်ကာ ပြေးလာသည့်သားဖြစ်သူအားသူမ မှုန်ဝါးစွာတွေ့မြင်လိုက်ရသည်။ သူမခန္ဓာကိုယ်သည် အမှုန်အဖြစ်ပြောင်းကာ လွင့်ပြယ်ပျောက်ကွယ်တော့မည်ဖြစ်သည်။

"အမေ.!!!..အမေ..!!! သားကိုထားမသွားပါနဲ့ "

သူမနဘေးတွင် ငိုနေသည့်သားဖြစ်သူအား အားတင်းထားကာ နောက်ဆုံးကျန်ရှိသမျှ ခွန်အားနှင့် ပြုံးထားလျက် နှစ်သိမ့်ပေးနေသည်။

"ယွင်အာ အမေပြောတာမှတ်ထားပါ မငိုနဲ့ ယွင်အာ  ယောက်ျားလေးဆိုတာ မငိုရဘူး "

သူမ ဒဏ်ရာကြောင့် နာကျင်နေသော်လည်း သားငယ်ငိုနေသည်အားမြင်ရသည်မှာပို၍ နာကျင်ရပါသည်။ ပေ​ျာက်ကွယ်ခါနီး သူမ လက်နှင့် သား မျက်နှာမှစီးကျနေသော မျက်ရည်များအား သုတ်ပေးလိုက်သည်။

"ယွင်အာ ကောင်းကောင်းရှင်သန်ပါ "

နောက်ဆုံးအမှာစကားအားပြောပြီးချိန်တွင် သား၏ မျက်နှာအားထိတွေ့နေသည့်သူမလက်သည် မြေပြင်ပေါ်သို့ ရုတ်ချည်းပြုတ်ကျလာသည်။ ထို့နောက်
သူမခန္ဓာကိုယ်သည် တဖြည်းဖြည်း အမှုန်အဖြစ်ပြောင်းကာ လေဟာနယ်အတွင်း တိုးဝှေ့ပျောက်ကွယ်သွားခဲ့သည်။

"အမေ အမေ့အတွက် သားလက်စားချေပေးမယ် နတ်ဆိုးတွေအကုန်လုံးကိုသားလက်နက်ကိုယ်တိုင်သုတ်သင်မယ်"

မျက်ရည်များ စီးကျကာ အဝေးသို့ လွင့်စင်ပျောက်ကွယ်သွားသော အမေဖြစ်သူအား ကြည့်ကာ ထိုနေရာတွင်ပင် ဒူး​ေထာက်ထိုင်နေခဲ့သည်။ ဘုရင်မနတ်ရွာစံသွားသောကြောင့် ေရသူမျိုးနွယ်တစ်ခုလုံး ကြေကွဲဝမ်းနည်းနေကြသည်။

ရေသူမျိုးနွယ်၏ အုပ်ချုပ်သူ ဘုရင်မ ဆုံးပါးသွားပြီးနောက် ကျန်ရစ်သည့်မျိုးဆက်ဖြစ်သူ ထျန်ယွင်ရှအား အရှင်သခင်အဖြစ် ခန့်အပ်လိုက်ကြသည်။ ငယ်ရွယ်လွန်းသည့် ထျန်ယွင်ရှသည် ရေသူမျိုးနွယ်အား အုပ်ချုပ်ရန် ငယ်ရွယ်နေသေးသည့်အတွက် ရေသူမျိုးနွယ်အား အကြီးအကဲတယောက်မှ ကူညီကာ အုပ်ချုပ်ပေးထားသည်။

ဆယ်စု နှစ်တစ်စုခန့်ဖြတ်သန်းပြီးချိန်တွင် ရေသူမျိုးနွယ်သည် ယခင်က ကဲ့သို်ပင် ပြန်၍ စည်ကားလာသည်။ ရေသူမျိုးနွယ်ဘုရင်မဟောင်း၏ အမိန့်စကားအတိုင်း ရေသူမျိုးနွယ်အား ပြန်လည်တည်ထောင်ခဲ့ပြီးပြီဖြစ်သည်။ ယခင်ကဲ့သို့ ပုံမှန်ပြန်၍ လည်ပတ်လာနိုင်ခဲ့သည်။ ရေသူမျိုးနွယ်၏ နေထိုင်ရာနေရာအား ယခင်ကထက်ပို၍ အတားအဆီးအစောင့်အရှောက်ပို၍ မြင့်တင်ထားသည်။ နောက်တပ်တစ်ကြိမ် နတ်ဆိုးများဝင်ရောက်ကျူးကျော်မလာနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

ရေသူမျိုးနွယ်သည်ပုံမှန်အတိုင်းပြန်လည်တည်ထောင်ပြီးနောက် သူ၏ အမေနောက်ဆုံးပေးထားခဲ့သော တံဆိပ်ပြားအား ကြည့်ကာ သူ့အမေ၏ စကားများပြန်ကြားယောင်လာသည်။

တံဆိပ်ပြားအား စွမ်းအားအနဲငယ် ပို့လွတ်မိချိန်တွင် အလင်းတန်းတစ်ခုပေါ်လာကာ သူ၏အမေ ဘုရင်မဟောင်း ပုံရိပ်သည် ထွက်ပေါ်လာသည်။

"ယွင်အာ အခုလောက်ဆို ရေသူမျိုးနွယ်က အေးချမ်းနေလောက်ပြီ သားလည်း ကောင်းကင်နန်းတော်ကိုသွားဖို့အချိန်ရောက်ပြီ သားတစ်ချိန်လုံးမြင်ဖူးချင်နေတဲ့ သားရဲ့ခမည်းတော်က သုံးလောကကို အုပ်စိုးတဲ့ ကောင်းကင်မင်းကြီးဘဲ ကောင်းကင်မင်းကြီးအဖြစ် နန်းမတတ်ခင်တုန်းက ဖြစ်ခဲ့တဲ့ စစ်ပွဲကြီးမှာ သားခမည်းတော် ဒဏ်ရာရပြီး မယ်တော်တို့မျိုးနွယ်ရဲ့ ပိုင်နက်တစ်နေရာကိုရောက်လာတယ် မယ်တော်က ကယ်တင်ပေးခဲ့ပေးပြီး ချစ်ကြိုးသွယ်ခဲ့တယ် နောက်တော့ ထီးနန်းဆက်ခံဖို့အတွက် သူက ကောင်းကင်နန်းတော်ကိုပြန်သွားခဲ့တယ်

သားခမည်းတော်နဲ့မယ်တော်မှာကတိစကားတစ်ခုထားရှိတယ် အဲ့ကတိစကားအတိုင်း သားကိုရာထူးတစ်ခု ချီးမြင့်ပေးဖို့ တောင်းဆိုလိုက်ပါ သူသေချာပေါက် သဘောတူလိမ့်မယ်
ယွင်အာ သားကောင်းကောင်းကြီးပြင်းလာတာကို မယ်တော်မကြည့်နိုင်တော့ဘူး သားခမည်းတော်အနားမှာ လိမ်လိမ်မာမာနေပါ "

ထိုကဲ့သို့်ပြောပြီးချိန်တွင် ထိုအလင်းတန်းသည် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် မယ်တော်၏ ပြောစကားများကြောင့် မှင်သက်ကာ ဆိတ် ငြိမ်နေခဲ့သည်။ မယ်တော်၏ စကားအတိုင်း ကောင်းကင်နန်းတော်သို့သွားရမည်လား သို့မဟုတ် ရေသူမျိုးနွယ်အား ​ေကာင်းစွာ အုပ်စိုးကာ နေရမည်လား သူဝေခွဲမရဖြစ်နေသည်။ အဖေဆိုသည့် လူအားလည်းမြင်ဖူးချင်သေးသည်။ သူတချိန်လုံးသိချင်နေခဲ့သည့် ခမည်းတော်သည် ေကာင်းကင်မင်းကြီးဖြစ်နေမည်ဟုလည်း မတွေးထင်မိပေ။

A/N - အမှားတစ်စုံတစ်ခုပါပါက ထောက်ပြပေးကြပါ အကြံပေးချင်တာရှိရင်လည်းပြောခဲ့ပေးကြပါနော်

Zawgyi

ေကာင္းကင္ဘုံ၏ လ်စ္လ်ဴရႈမႈေတြအၾကား တျဖည္းျဖည္း အင္အားႀကီးလာသည့္ နတ္ဆိုးအုပ္စုသည္ အနောက် ပင္လယ္၏ ေရသူမအုပ္စုအား စတင္တိုက္ခိုက္လာၾကသည္။ ေရသူမ်ိဳးႏြယ္သည္ သီးသန့္ေနထိုင္သည့္ မ်ိဳးႏြယ္တစ္ခုျဖစ္သည္။ ေျမာက္ပင္လယ္၏ အပိုင္စားရေသာေနရာတြင္ ေအးခ်မ္းစြာ ေနထိုင္ကာ တျခားမ်ိဳးႏြယ္မ်ားအား အႏၱရာယ္ျပဳျခင္းမရွိေပ။ ေကာင္းကင္ဘုံႏွင့္လည္း ဆက္သြယ္ျခင္းမျပဳေသာ အုပ္စုတစ္ခုျဖစ္သည္။ ထို႔ေၾကာင့္ပင္ နတ္ဆိုးမ်ားသည္ အခြင့္ေကာင္းယူကာ တိုက္ခိုက္လာၾကသည္။

ေရသူမ်ိဳးႏြယ္၏ အုပ္ခ်ဳပ္သူဘုရင္မ ထ်န္းယင္သည္ နတ္ဆိုးမ်ား၏ တိုက္ခိုက္ျခင္းမွ ေရသူမ်ိဳးႏြယ္ႏွင့္ သူမ၏ သားျဖစ္သူအား ကာကြယ္ရန္ သူမ၏ အၿမိဳေတအားသုံးကာ နတ္ဆိုးမ်ားအားလုံးအား သတ္ပစ္ခဲ့သည္။ ေရသူမ်ိဳးႏြယ္မ်ားတြင္ အျမဳေတသည္အေရးႀကီးပစၥည္းတစ္ခုျဖစ္သည္။ အျမဳေတြၿပိဳကြဲသြားၿပီးေနာက္တြင္ သူမ အသက္ရွင္ရန္အခ်ိန္ေခတၱမွ်သာ က်န္ရွိေတာ့သည္။

ေရသူမ်ိဳးႏြယ္၏ မင္းသားျဖစ္သူ ထ်န္ယြင္ရွသည္ သူ၏ အေမျဖစ္သူ အျမဳေတ ၿပိဳကြဲသြားသည္အား ဝမ္းနည္းစြာျဖင့္သာ ၾကည့္ေနရသည္။

"အေမ! !!! အေမ! !!! "

ငိုေႂကြးကာ အေမျဖစ္သူအား အဆက္မျပတ္ ေအာ္ေခၚေနသည္။ သူေမြးကတည္းက အေဖျဖစ္သူအား မျမင္ဖူးခဲ့ေပ။ အေမသည်သာ သူ႕၏ အားကိုးအားထားရာျဖစ္ခဲ့သည္။ အေမရွိရာသို္ေျပးသြားရန္ ျပင္ေနေသာ သူ႕အား အႀကီးအကဲတခ်ိဳ႕သည္ ဆြဲဖက္ထားသည္။ အေမျဖစ္သူအား ေအာ္ေခၚကာ ၾကည့္ေန႐ုံသာတက္နိုင္ခဲ့သည္။

နတ္ဆိုးမ်ား အထိနာသြားခ်ိန္တြင္ ထ်န္းယင္ သည္ သူမတို႔ေနထိုင္ရာေနရာအား စြန့္ခြာကာ သူမ၏ က်န္ရွိေသာစြမ္းအားမ်ားျဖင့္ သူမ၏ သားျဖစ္သူႏွင့္ ေရသူမ်ိဳးႏြယ္တခ်ိဳ႕အား ပုန္းခိုနိုင္ရန္အတြက္ စီမံေပးခဲ့သည္။ ေရသူမ်ိဳးႏြယ္၏ မင္းသားတစ္ပါးျဖစ္သည့္ ထ်န္ယြင္ရွသည္ အသက္ ၂၀၀၀ ခန့္သာရွိေသးေသာေၾကာင့္ နတ္ဆိုးမ်ားျဖင့္ တိုက္ခိုက္ရန္အတြက္ ငယ္လြန္းေသးသည္။ က်န္ရစ္ခဲ့သည့္ ေရသူမ်ိဳးႏြယ္၏ အႀကီးအကဲတစ္ခ်ိဳ႕အား ထ်န္ယြင္ရွ အား ကာကြယ္ေပးရန္ မွာၾကားခဲ့သည္။

ဘုရင္မတစ္ေယာက္အေနျဖင့္ သူမ၏ မ်ိဳးႏြယ္အား ကာကြယ္နိုင္ရန္အတြက္ အသက္စြန့္လႊတ္ရမည္ဆိုလွ်င္ေတာင္ မမႈေပ။ သားျဖစ္သူအား စိတ္မခ်နိဳင္ေသာ္လည္း မ်ိဳးႏြယ္အား ကာကြယ္ရမည့္တာဝန္ရွိေနေသးသည္။ သားျဖစ္သူအား မွာၾကားစရာရွိတာမ်ားမွာၾကားကာ မခြဲရက္ေပမဲ့ တာဝန္အရခြဲခြာရမည္။

"အကာအကြယ္က က်န္ရွိေနတဲ့ မ်ိဳးႏြယ္ကို အႏၱရယ္ ကင္းေအာင္ ဖုံးကြယ္ထားေပးလိမ့္မယ္ အခ်ိန္အေတာ္ၾကာမွ အျပင္ကအသံေတြ နားစြင့္ၿပီး ၿငိမ္သြားၿပီဆိုမွ ထြက္ခဲ့ၾကပါ နတ္ဆိုးေတြကို တားဆီးထားတဲ့အတားအဆီးက ၾကာရွည္မခံဘူး ငါျပန္သြားၿပီးတိုက္မွရမယ္ မင္းတို႔ရဲ႕မင္းသားေလးကို ငါ့ကိုယ္စားေစာင့္ေရွာက္ေပးပါ "

"ဘုရင္မ ကြၽန္ေတာ္တို႔လည္း ကူတိုက္ေပးပါရေစ "

"ဟုတ္ပါတယ္ ကြၽန္ေတာ္တို႔လည္း ကူတိုက္ဖို႔ ဆႏၵရွိပါတယ္ "

"မျဖစ္ဘူး ေရသူမ်ိဳးႏြယ္ ပ်က္သုန္းသြားလို႔မျဖစ္ဘူး ေရသူမ်ိဳးႏြယ္ကို ျပန္လည္တည္ေထာင္ဖို႔လို႔တယ္ ၿပီးေတာ့ ယြင္အာက ငယ္ေသးတယ္ သူ႕ကို ကူညီလမ္းျပေပးဖို႔လိုအပ္ေသးတယ္ မင္းတို႔ငါ့ကိုေက်းဇူးတင္ရင္ ယြင္အာကို ကာကြယ္ေစာင့္ေရွာက္ေပးပါ "

"နားလည္ပါၿပီ ဘုရင္မ မင္းသားကို အသက္ထက္ပိုၿပီး ေစာင့္ေရွာက္ပါ့မယ္ "

က်န္ရွိေနေသာ ေရသူမ်ိဳးႏြယ္အားလုံး မ်က္ႏွာၿငိဳးငယ္ေနၾကသည္။ ဘုရင္မအား ကူညီကာတိုက္ခိုက္ေပးခ်င္ေသာ္လည္း စြမ္းအားျမင့္မားလြန္းသည့္ နတ္ဆိုးမ်ားအားမယွဥ္ၿပိဳင္နိုင္ေပ။ ထို႔ေၾကာင့္ ဘုရင္မ၏ စကားအား နားေထာင္ကာ ေရသူမ်ိဳးဆက္မပ်က္ေအာင္ထိန္းသိမ္းရန္သာတတ္နိုင္ခဲ့သည္။

"အေမ...အေမ မသြားလို႔မရဘူးလား "

ထြက္သြားေတာ့မည့္ သူ႕မယ္ေတာ္၏ ေျခေထာက္အား ဖက္ကာ မသြားရန္ ငိုယိုေတာင္းပန္ေနခဲ့သည္။

"ေတာင္းပန္ပါတယ္ သားေတာ္ မယ္ေတာ္တို႔ မ်ိဳးႏြယ္ကိုကာကြယ္ဖို႔ သြားမွျဖစ္မာမို႔လို႔ပါ သားေတာ္က ေရသူမ်ိဳးႏြယ္ရဲ႕ ဆက္ခံသူမင္းသားတစ္ေယာက္ျဖစ္ၿပီး ေရသူမ်ိဳးႏြယ္ကိုေစာင့္ေရွာက္ဖို႔ ေလ့လာသင္ယူပါ သား ေရသူမ်ိဳးႏြယ္ေတြ ျပန္တည္ၿငိမ္သြားတဲ့အခါက်ရင္ ဒီပစၥည္းေလးကိုယူၿပီး ေကာင္းကင္နန္းေတာ္ကိုသြားလိုက္ပါ ၿပီးရင္ ဒီပစၥည္းကိုျပၿပီး မယ္ေတာ္မွာခဲ့တဲ့အတိုင္းေျပာလိုက္ပါ "

ယြင္အာလက္ထဲသို႔ ပစၥည္းတစ္ခုထည့္ေပးလိုက္ကာ ငိုေနသည့္သားအား ေပြ႕ဖက္လ်က္ ႏွစ္သိမ့္ေပးလိုက္ၿပီး ပါးျပင္ထက္ေနာက္ဆုံးအနမ္းေလးနမ္းထားခဲ့ၿပီး နတ္ဆိုးေတြရွိရာသို႔ ျပန္လာခဲ့လိုက္သည္။

အေနာက္မွ ရင္ကြဲမတတ္ေအာ္ဟစ္ငိုယိုေနသည့္ သားျဖစ္သူ၏ အသံအား ရင္နာစြာျဖင့္ လ်စ္လ်ဴရႈကာ နတ္ဆိုးမ်ားႏွင့္တိုက္ခိုက္ေနသည္။ မ်ားျပားလွေသာနတ္ဆိုးမ်ားအား အနိုင္ယူရန္အတြက္ မူလပုံစံ ေရသူမအသြင္ေျပာင္းကာ ေနာက္ဆုံးထြက္သက္ထိတိုက္ခိုက္ခဲ့သည္။ နတ္ဆိုးအားလုံးအားအနိုင္ယူၿပီးခ်ိန္တြင္ သူမအရမ္းေမာပန္းေနခဲ့သည္။

အႀကီးအကဲမ်ားတားထားသည့္ၾကားမွ အတင္း႐ုန္းထြက္ကာ ေျပးလာသည့္သားျဖစ္သူအားသူမ မႈန္ဝါးစြာေတြ႕ျမင္လိုက္ရသည္။ သူမခႏၶာကိုယ္သည္ အမႈန္အျဖစ္ေျပာင္းကာ လြင့္ျပယ္ေပ်ာက္ကြယ္ေတာ့မည္ျဖစ္သည္။

"အေမ.!!!..အေမ..!!! သားကိုထားမသြားပါနဲ႕ "

သူမနေဘးတြင္ ငိုေနသည့္သားျဖစ္သူအား အားတင္းထားကာ ေနာက္ဆုံးက်န္ရွိသမွ် ခြန္အားႏွင့္ ၿပဳံးထားလ်က္ ႏွစ္သိမ့္ေပးေနသည္။

"ယြင္အာ အေမေျပာတာမွတ္ထားပါ မငိုနဲ႕ ယြင္အာ ေယာက္်ားေလးဆိုတာ မငိုရဘူး "

သူမ ဒဏ္ရာေၾကာင့္ နာက်င္ေနေသာ္လည္း သားငယ္ငိုေနသည္အားျမင္ရသည္မွာပို၍ နာက်င္ရပါသည္။ ေပျာက်ကွယ်ခါနီး သူမ လက္ႏွင့္ သား မ်က္ႏွာမွစီးက်ေနေသာ မ်က္ရည္မ်ားအား သုတ္ေပးလိုက္သည္။

"ယြင္အာ ေကာင္းေကာင္းရွင္သန္ပါ "

ေနာက္ဆုံးအမွာစကားအားေျပာၿပီးခ်ိန္တြင္ သား၏ မ်က္ႏွာအားထိေတြ႕ေနသည့္သူမလက္သည္ ေျမျပင္ေပၚသို႔ ႐ုတ္ခ်ည္းျပဳတ္က်လာသည္။ ထို႔ေနာက္
သူမခႏၶာကိုယ္သည္ တျဖည္းျဖည္း အမႈန္အျဖစ္ေျပာင္းကာ ေလဟာနယ္အတြင္း တိုးေဝွ႕ေပ်ာက္ကြယ္သြားခဲ့သည္။

"အေမ အေမ့အတြက္ သားလက္စားေခ်ေပးမယ္ နတ္ဆိုးေတြအကုန္လုံးကိုသားလက္နက္ကိုယ္တိုင္သုတ္သင္မယ္"

မ်က္ရည္မ်ား စီးက်ကာ အေဝးသို႔ လြင့္စင္ေပ်ာက္ကြယ္သြားေသာ အေမျဖစ္သူအား ၾကည့္ကာ ထိုေနရာတြင္ပင္ ဒူး​ေထာက္ထိုင်​ေနခဲ့သည္။ ဘုရင္မနတ္႐ြာစံသြားေသာေၾကာင့္ ေရသူမျိုးနွယ်တစ်ခုလုံး ေၾကကြဲဝမ္းနည္းေနၾကသည္။

ေရသူမ်ိဳးႏြယ္၏ အုပ္ခ်ဳပ္သူ ဘုရင္မ ဆုံးပါးသြားၿပီးေနာက္ က်န္ရစ္သည့္မ်ိဳးဆက္ျဖစ္သူ ထ်န္ယြင္ရွအား အရွင္သခင္အျဖစ္ ခန့္အပ္လိုက္ၾကသည္။ ငယ္႐ြယ္လြန္းသည့္ ထ်န္ယြင္ရွသည္ ေရသူမ်ိဳးႏြယ္အား အုပ္ခ်ဳပ္ရန္ ငယ္႐ြယ္ေနေသးသည့္အတြက္ ေရသူမ်ိဳးႏြယ္အား အႀကီးအကဲတေယာက္မွ ကူညီကာ အုပ္ခ်ဳပ္ေပးထားသည္။

ဆယ္စု ႏွစ္တစ္စုခန့္ျဖတ္သန္းၿပီးခ်ိန္တြင္ ေရသူမ်ိဳးႏြယ္သည္ ယခင္က ကဲ့သို္ပင္ ျပန္၍ စည္ကားလာသည္။ ေရသူမ်ိဳးႏြယ္ဘုရင္မေဟာင္း၏ အမိန့္စကားအတိုင္း ေရသူမ်ိဳးႏြယ္အား ျပန္လည္တည္ေထာင္ခဲ့ၿပီးၿပီျဖစ္သည္။ ယခင္ကဲ့သို႔ ပုံမွန္ျပန္၍ လည္ပတ္လာနိုင္ခဲ့သည္။ ေရသူမ်ိဳးႏြယ္၏ ေနထိုင္ရာေနရာအား ယခင္ကထက္ပို၍ အတားအဆီးအေစာင့္အေရွာက္ပို၍ ျမင့္တင္ထားသည္။ ေနာက္တပ္တစ္ႀကိမ္ နတ္ဆိုးမ်ားဝင္ေရာက္က်ဴးေက်ာ္မလာနိုင္ရန္ ရည္႐ြယ္ျခင္းျဖစ္သည္။

ေရသူမ်ိဳးႏြယ္သည္ပုံမွန္အတိုင္းျပန္လည္တည္ေထာင္ၿပီးေနာက္ သူ၏ အေမေနာက္ဆုံးေပးထားခဲ့ေသာ တံဆိပ္ျပားအား ၾကည့္ကာ သူ႕အေမ၏ စကားမ်ားျပန္ၾကားေယာင္လာသည္။

တံဆိပ္ျပားအား စြမ္းအားအနဲငယ္ ပို႔လြတ္မိခ်ိန္တြင္ အလင္းတန္းတစ္ခုေပၚလာကာ သူ၏အေမ ဘုရင္မေဟာင္း ပုံရိပ္သည္ ထြက္ေပၚလာသည္။

"ယြင္အာ အခုေလာက္ဆို ေရသူမ်ိဳးႏြယ္က ေအးခ်မ္းေနေလာက္ၿပီ သားလည္း ေကာင္းကင္နန္းေတာ္ကိုသြားဖို႔အခ်ိန္ေရာက္ၿပီ သားတစ္ခ်ိန္လုံးျမင္ဖူးခ်င္ေနတဲ့ သားရဲ႕ခမည္းေတာ္က သုံးေလာကကို အုပ္စိုးတဲ့ ေကာင္းကင္မင္းႀကီးဘဲ ေကာင္းကင္မင္းႀကီးအျဖစ္ နန္းမတတ္ခင္တုန္းက ျဖစ္ခဲ့တဲ့ စစ္ပြဲႀကီးမွာ သားခမည္းေတာ္ ဒဏ္ရာရၿပီး မယ္ေတာ္တို႔မ်ိဳးႏြယ္ရဲ႕ ပိုင္နက္တစ္ေနရာကိုေရာက္လာတယ္ မယ္ေတာ္က ကယ္တင္ေပးခဲ့ေပးၿပီး ခ်စ္ႀကိဳးသြယ္ခဲ့တယ္ ေနာက္ေတာ့ ထီးနန္းဆက္ခံဖို႔အတြက္ သူက ေကာင္းကင္နန္းေတာ္ကိုျပန္သြားခဲ့တယ္

သားခမည္းေတာ္နဲ႕မယ္ေတာ္မွာကတိစကားတစ္ခုထားရွိတယ္ အဲ့ကတိစကားအတိုင္း သားကိုရာထူးတစ္ခု ခ်ီးျမင့္ေပးဖို႔ ေတာင္းဆိုလိုက္ပါ သူေသခ်ာေပါက္ သေဘာတူလိမ့္မယ္
ယြင္အာ သားေကာင္းေကာင္းႀကီးျပင္းလာတာကို မယ္ေတာ္မၾကည့္နိုင္ေတာ့ဘူး သားခမည္းေတာ္အနားမွာ လိမ္လိမ္မာမာေနပါ "

ထိုကဲ့သို့္ေျပာၿပီးခ်ိန္တြင္ ထိုအလင္းတန္းသည္ ေပ်ာက္ကြယ္သြားခဲ့သည္။ ထို႔ေနာက္ မယ္ေတာ္၏ ေျပာစကားမ်ားေၾကာင့္ မွင္တတ္ကာ ဆိတ္ ၿငိမ္ေနခဲ့သည္။ မယ္ေတာ္၏ စကားအတိုင္း ေကာင္းကင္နန္းေတာ္သို႔သြားရမည္လား သို႔မဟုတ္ ေရသူမ်ိဳးႏြယ္အား ေကာင်းစွာ အုပ္စိုးကာ ေနရမည္လား သူေဝခြဲမရျဖစ္ေနသည္။ အေဖဆိုသည့္ လူအားလည္းျမင္ဖူးခ်င္ေသးသည္။ သူတခ်ိန္လုံးသိခ်င္ေနခဲ့သည့္ ခမည္းေတာ္သည္ ေကာင်းကင်မင်းကြီးဖြစ်နေမည်ဟုလည်း မေတြးထင္မိေပ။

A/N - အမွားတစ္စုံတစ္ခုပါပါက ေထာက္ျပေပးၾကပါ အႀကံေပးခ်င္တာရွိရင္လည္းေျပာခဲ့ေပးၾကပါေနာ္

Continue Reading

You'll Also Like

530K 33.3K 122
A girl named Drishti falls into the era of Mahabharata and everything in her life goes upside down. Read to find out about Drishti's adventures in t...
76.3K 2.6K 65
𝑨𝒏 𝒂𝒖𝒕𝒉𝒐𝒓 𝒘𝒉𝒐 𝒇𝒊𝒏𝒅𝒔 𝒉𝒆𝒓𝒔𝒆𝒍𝒇 𝒊𝒏 𝒉𝒆𝒓 𝒐𝒘𝒏 𝒄𝒓𝒆𝒂𝒕𝒊𝒐𝒏. 𝘙𝘦𝘯𝘦𝘦, 𝘢 𝘵𝘸𝘦𝘯𝘵𝘺-𝘧𝘪𝘷𝘦 𝘺𝘦𝘢𝘳 𝘰𝘭𝘥 𝘴𝘦𝘭𝘧...
18.1K 1.4K 37
Disclaimer: this is a work of fiction. Every characters (beside my OCs) belongs to Maharishi Ved Vyas. "RAGHUKUL REET SADA CHALI AAYI, PRAN JAYE PAR...
6.1M 398K 74
Losing this war means captured by the enemy empire and considered as their prostitutes and servants. Dreaming that situation made my heart race even...