ဘုရင္ အမုန္းဆုံး စြန္႕ပစ္ခံကိ...

By Shweyee24

80.5K 8.7K 385

unicode ေရာ zawgyi ေရာ တင္ေပးထားပါတယ္ရွင္ 💥💥💥Alert. 💥💥💥 This is translation novel. မူရင္း e translat... More

6( zawgyi)
7(zawgyi and uni)
1 uni
2 (uni)
4 (uni)
3(uni)
5(uni)
8(Zawgyi and uni)
9 ( both Z and U)
10(Z & U)
11(Z & U)
12(Z & U)
13(Z & U )
14(Z & U)
15(Z&U)
16(Z&U )
18(Z&U)
19(Z&U)
20(Z&U)
21(z&u)
22(z&u)
23(z&u )
update မဟုတ္ပါဘူးေနာ္
24(Z&U)
25(Z&U)
26(U&Z)
27(Z&U )
28( Z&U )
29( Z&U)
30(Z& U )
31(Z&U )
32(Z &U)
အသိေပးခ်က္
အပိုင္း-33(z&U)
အပိုင္း-34(z)

17(Z&u)

1.8K 300 6
By Shweyee24

အင္ပါယာမွာ သူ၏ ကိုယ္လုပ္ေတာ္၏ အတည္ေပါက္ေျပာေသာ စကားမ်ားေႀကာင့္ က်ဥ္းထဲက်ပ္ထဲ ေရာက္ေနကာ မသက္မသာ ခံစားေနရသည္။သို႕ေသာ္လည္း  သူ႕ေရွ႕ရွိ ျဖဴေဖ်ာ့ကာ ေနာက္စကၠန္႕အနည္းငယ္ အတြင္း ပစ္လဲေတာ့ မလိုျဖစ္ေနေသာ္ အမ်ိဳးသား အား ႀကည့္ကာ စိုးရိမ္မိရသလို ေဒါသလဲထြက္ေနရေသာ္လည္း  ဘာမွ မလုပ္နိုင္တဲ႕အတြက္ မအီမလည္ ျဖစ္ေနသည္။ပထမဆုံးအႀကိမ္အျဖစ္ နာ့ကြ်မ္နဲ႕ပက္သက္ျပီး သူေတြးမိတာက ထိုအမ်ိဳးသားက လွပသလို ယဥ္ေက်းသိမ္ေမြ႕သည္။တည္ျငိမ္ျပီး ရင့္က်က္ကာ ပါးနပ္ကာ ထက္ျမက္လာသည္ ဟုသူထင္သည္။သူအရင္က ထိုအမ်ိဳးသားသည္ ယခုေလာက္ညိွိဳ႕ငင္ဆြဲေဆာင္မႈ အားေကာင္းမွန္းမသိခဲ႕ေပ။သိုေသာ္လည္း အခုအခါ မွာေတာ့ ထိုအမ်ိဳးသားက သူ႕ကို အလိုမရွိေတာ့ေပ။

''ဒီနန္းေဆာင္ကို ရွင္းလင္းျပီး ျပဳျပင္ဖို႕နဲ႕ မင္းကို ခစားဖို႕ ငါအေစခံေတြ လႊတ္ေပးလိုက္မယ္''

လဲ႕ဟြမ္က ေခါင္းညႊတ္ကာ အရုိအေသေပးလိုက္သည္။သူ႕တြင္ ဖခင္ေကာင္းတစ္ေယာက္ပုံစံ လုပ္ကာ တာဝန္ယူခ်င္ေနေသာ  ာေသြးေအးေသာ ထိုအမ်ိဳးသားအား ဘာစကားတစ္ခြန္းမွ ေျပာခ်င္စိတ္မရွိေတာ့ေပ။ျပီးေတာ့ ယခုသူ႕မွာ  ကိုယ္ဝန္ရွိေႀကာင္း ေပၚေပါက္သြားသျဖင့္ အခ်ိန္တစ္ခုအထိေတာ့ ထြက္သြားခ်င္ရင္ေတာင္ မသြားနိုင္ေသးေပ။

''ဒီအေစခံက ေနာက္ထပ္ကန္႕ကြက္စရာ မရွိေတာ့ပါဘူး  နားလည္ပါျပီ''

မိန္လင္းက တံခါးနားမွာ လင္းဗန္းအားကိုင္ကာ ဒူးေထာက္ခ်လိုက္ေသာအခါ ဘုရင္က သူ႕ကို စူးစိုက္ႀကည့္လိုက္ျပီး

''မင္းက မင္းသခင္ ကို ဂရုမစိုက္ဘဲ ဘယ္ေတြ ေလွ်ာက္သြားေနတာလဲ'' အင္ပါယာက  ေအးစက္ စြာ ေမးလိုက္သည္။

''ဒီအေစခံက သူ႕အျပစ္အတြက္  အေလးအနက္ေတာင္းပန္ပါတယ္။ ဒီအေစခံက တာဝန္မေက်တဲ႕အတြက္ အျပစ္ေပးေတာ္မူပါ''မိန္လင္းက ငိုယိုကာ ေတာင္းပန္လိုက္သည္။

''မိန္လင္း''  သူ႕အသံက နူးညံ႕ေနကာ ႀကင္နာမႈ တို႕နွင့္ ျပည့္နွက္ေနသည္။

အင္ပါယာ ဘုရင္က ထိုအသံကိုႀကားတဲ႕အခါ အလြန္အံ႕ႀသသြားခဲ႕သည္။ထိုအမ်ိဳးသား သူ႕ကို စကားေျပာေသာ အခါ  ခံစားခ်က္မဲ႕လွ်က္ ေအးစက္ တည္ျငိမ္စြာ ေျပာေလ့ရွိသည္။

''ဒီကိုလာ  မိန္လင္း'' လဲ႕ဟြမ္က ေခၚလိုက္သည္။
မိန္လင္းက  အင္ပါယာ ကိုႀကည့္လိုက္သည္။

''ငါ မင္းကို  ဒီတစ္ႀကိမ္ေတာ့  ခြင့္လႊတ္လိုက္မယ္'' အင္ပါယာက ေျပာလိုက္သည္။

''အရွင္မင္းႀကီးရဲ႕ ႀကင္နာ့မႈအတြက္ ေက်းဇူးတင္ပါတယ္။အရွင္မင္းႀကီး သက္ေတာ္ ရာေက်ာ္ ရွည္ပါေစ''မိန္လင္းက ေအာ္ဟစ္လိုက္သည္။

မိန္လင္းက သူ႕သခင္ေလးဆီ လွ်င္ျမန္စြာ ေလွ်ာက္သြားလိုက္ျပီး ဒူးေထာက္ကာလက္ဖက္ရည္ နွင့္ မုန္႕ခ်ိဳမ်ားကို ခ်ေပးလိုက္သည္။

''မိန္လင္း ထပါ ငါမင္းကို ခြင့္လႊတ္ပါတယ္''
လဲ႕ဟြမ္က နူးညံ႕စြာ ေျပာလိုက္သည္။
''ေက်းဇူးတင္ပါတယ္ သခင္'' မိန္လင္းက ယဥ္ေက်းစြာျပန္ေျပာလိုက္သည္။

သူက မတ္တပ္ရပ္ျပီး အခန္းထဲက မထြက္ခင္ သူတို႕ကို အရုိအေသ ေပးဖို႕လည္း မေမ့ေပ။မိန္လင္းသိသည္က သူဆက္ဒူးေထာက္ေနလွ်င္  သူ႕သခင္ေလးက စိတ္ရိမ္ျပီး စိတ္မေကာင္းျဖစ္ေနလိမ့္မည္။

''ဒီကိုယ္လုပ္ေတာ္ ပင္ပန္းေနလို႕ ၊ အရွင္မင္း ႀကီးအေနနဲ႕ ဘာ မိန္႕ႀကားစရာ မ်ားရွိပါေသးလဲ'' လဲ႕ဟြမ္က ခံစားခ်က္မဲ႕ ေသာ အသံျဖင့္ေမးလိုက္သည္။

''အနားသြားယူေတာ့ ၊ ငါမင္းကို ထပ္ျပီး မေနွာင့္ယွက္ေတာ့ဘူး'' အင္ပါယာက လက္ကိုေဝွ႕ယမ္းကာ ေျပာ လိုက္သည္။

အင္ပါယာက သူ႕နန္းေဆာင္သို႕ျပန္မႀကြခင္  သူ႕ရဲ႕ကိုယ္လုပ္ေတာ္အားႀကည့္လိုက္သည္။ဒီေယာင္းႏြမ္းေနတဲ႕နန္းေတာ္အတြက္ လိုအပ္တဲဲ႕ပစၥည္းဥစၥာနဲ႕  သူဝတ္ထားတဲ႕ အဝတ္အစားမ်ား အသုံးအေဆာင္မ်ားကလဲ သိသိသာသာကို  ေဟာင္းႏြမ္းစုတ္ျပတ္ေနေသာဘလည္း ဘာလို႕သူအကူအညီရယူဖို႕ သူ႕ကို မေတာင္းဆိုရတာလဲ သူနားမလည္ေပ။နာ့ကြ်မ္၏ ပုံစံအသစ္က သူ႕ကို စိတ္ရႈတ္ေထြးေစေသာ္လည္း  သူ႕အေနနဲ႕ ကိုယ္လုပ္ေတာ္ေလးအား ထပ္ျပီး အေနွာင့္အယွက္မေပးဝံ႕ေပ။ သူတို႕မွာ ေနာက္ပိုင္းတြင္ အခ်ိန္အမ်ားႀကီးရွိေသးသည္  မဟုတ္ပါလား။အင္ပါယာ နွင့္ ပထမ မိဖု ရားတို႕ အဓိက နန္းေဆာင္သို႕ျပန္ေရာက္ ေသာအခါ အင္ပါယာက ေျခလွမ္းမ်ားကို ရပ္တန္႕လိုက္ျပီး မိဖုရားဘက္သို႕ လွည့္လိုက္သည္။

''လာႀကစမ္း  ပထမ မိဖုရားရဲ႕ အေစခံကို အျပင္ကိုဆြဲထုတ္ျပီး ႀကိမ္ဒဏ္ အခ်က္ ၁၀၀ ရုိက္လိုက္စမ္း ။ျပီးရင္ သူ႕ခႏၶာကိုယ္ကို ရီရီ ကို ေႀကြးလိုက္''

အေစာင့္မ်ားက အေစခံကိုဆြဲေခၚ တဲ႕အခါမွာ သူမက သူမအသက္ကို ခ်မ္းသာေပးဖို႕ေတာင္းပန္ေနခဲ႕သည္။

''အရွင္မင္းႀကီး ေက်းဇူးျပဳျပီး  ဒီအေစခံကိုခြင့္လႊတ္ေပးပါ။ဒီအေစခံက ေနာက္တစ္ခါ ထပ္ျပီး မလုပ္ဝံ႕ေတာ့ပါဘူး။အင္ပါယာ မိဖုရား ဒီအေစခံကို  ခြင့္လႊတ္ေပးဖို႕ ေတာင္းပန္ပါတယ္''
ဆြဲထုတ္ခံရေသာ အေစခံ၏ အသံက တေျဖးေျဖးေဝးသြားတဲ႕အခါ

''လာႀကစမ္း  ပထမ မိဖုရားကို ႀကိမ္ဒဏ္ 10ခ်က္ ေပးျပီး 
ငါ့ေရွ႕က ဆြဲထုတ္သြားစမ္း  မိမိအေဆာင္ထဲကေန  အျပင္ကို ၃ လ မထြက္ရဘူး''

''အင္ပါယာ အရွင္မင္းႀကီး  ေက်းဇူးျပဳျပီး  ဒီမိဖုရားကို ခြင့္လႊတ္ေပးပါ။ဒီမိဖုရားက ခဏတာ စိတ္လြတ္သြားတာပါ''

''ငါမင္းကို ႀကိမ္ဒဏ္ ၁၀ ခ်က္ပဲ ေပးတာ အမ်ားႀကီးသက္ညွာေပျပီးျပီ။ဒါေဗမဲ႕ မင္းလုံးဝ အလြတ္ေပးမယ္လို ႕ မဆိုလိုဘူး''

ဟုတ္ပါတယ္။ဒါက သူမကို သက္ညွာေပးထားတာပါ။သူမသာ ကိုယ္လုပ္ေတာ္ နာ့ကြ်မ္ကို ေခ်ာက္ခ်ဖို႕သူ႕ကို မတိုင္ႀကားခဲ႕ရင္  သူ႕ကေလး ရွိေနမွန္း ေတာ္ေတာ္ႀကာထိ သိအုံးမွာ မဟုတ္ပါဘူး။အဆုံးသတ္မွာ သူသာ အင္ပါယာ သမားေတာ္ကို မစစ္ေဆးခိုင္း ခဲ႕ရင္  ကိုယ္လုပ္ေတာ္ နာကြ်မ္ကို  အျပစ္ေပး မိအုံးမွာပါ။အကယ္၍ သူသာ ရုတ္တရက္ စိတ္ကူးေပါက္ျပီး သူမနဲ႕ လိုက္မလာမိဘဲ ကိစၥကို ကိုင္တြယ္ဖို႕ ထို၂ေယာက္သာ လႊဲထားလွ်င္ 
သူေသခ်ာသိတာက ကေလးတည္ရွိေနေႀကာင္းကို ဖုံးကြယ္ျပီး  သူ႕ကို ဖယ္ရွား ပစ္တာမ်ိဳး  ဒါမွ မဟုတ္ သူသာ သမားေတာ္အား တစ္ပါတည္း သူနဲ႕ အတူ ေခၚမလာလွ်င္ 
ေသခ်ာေပါက္ သူ႕ကို  ႀကိမ္ဒဏ္ေပးေလာက္သည္။သူက ဒီထက္ပိုျပီးေတာင္ ခံစားရနိုင္သည္ ။ထိုအမ်ိဳးသားက ဒါကို ဘယ္လိုမ်ား သည္းခံနိုင္ ရသလဲ သူမေတြးခ်င္ေတာ့ေပ။သန္မာေသာ ေနာက္ခံအင္အား မရွိေသာ ဇနီးငယ္မ်ားသည္ စြန္႕ပစ္ခံရျခင္း၊ျပည့္တန္ဆာ အိမ္သို႕ ေရာင္းခ်ခံရကာ တစ္ဘဝလုံး ထိုေနရာမွာဘဲ ေသသည္ အထိ ေနရျခင္း၊ေရာဂါဘယ ျဖစ္ပြားခ်ိန္တြင္လည္း  ေဆးကုသ မႈ မခံယူႀကရဘဲ ေရာဂါ မပ်ံနွံေစရန္  ညွာတာမႈမရွိ အသတ္ခံရျခင္း  စသည္ျဖင့္ အမ်ိဳးမ်ိဳး  အဆုံးသတ္ျကရသည္။

''အရွင္မင္းႀကီး   ဒီမိဖုရားက အမွားလုပ္မိပါတယ္။သနားညွာတာျပီး  ခြင့္လႊတ္ေပးပါ''

''မင္းထင္တာ ငါက မင္းကို မညွာတာဘူးလို႕လား''

အင္ပါယာ၏ စကားသံက နာ့ကြ်မ္ကို ေျပာဆိုတုန္းက ထက္ပို၍ ေအးစက္ စိမ္းကားကာ  ခံစားခ်က္ ကင္းမဲ႕ေနခဲ႕သည္။

%%%%%%%%%%%%%

unicode

အပိုင္း -17

အင်ပါယာမှာ သူ၏ ကိုယ်လုပ်တော်၏ အတည်ပေါက်ပြောသော စကားများကြောင့် ကျဉ်းထဲကျပ်ထဲ ရောက်နေကာ မသက်မသာ ခံစားနေရသည်။သို့သော်လည်း  သူ့ရှေ့ရှိ ဖြူဖျော့ကာ နောက်စက္ကန့်အနည်းငယ် အတွင်း ပစ်လဲတော့ မလိုဖြစ်နေသော် အမျိုးသား အား ကြည့်ကာ စိုးရိမ်မိရသလို ဒေါသလဲထွက်နေရသော်လည်း  ဘာမှ မလုပ်နိုင်တဲ့အတွက် မအီမလည် ဖြစ်နေသည်။ပထမဆုံးအကြိမ်အဖြစ် နာ့ကျွမ်နဲ့ပက်သက်ပြီး သူတွေးမိတာက ထိုအမျိုးသားက လှပသလို ယဉ်ကျေးသိမ်မွေ့သည်။တည်ငြိမ်ပြီး ရင့်ကျက်ကာ ပါးနပ်ကာ ထက်မြက်လာသည် ဟုသူထင်သည်။သူအရင်က ထိုအမျိုးသားသည် ယခုလောက်ညှို့ငင်ဆွဲဆောင်မှု အားကောင်းမှန်းမသိခဲ့ပေ။သိုသော်လည်း အခုအခါ မှာတော့ ထိုအမျိုးသားက သူ့ကို အလိုမရှိတော့ပေ။

''ဒီနန်းဆောင်ကို ရှင်းလင်းပြီး ပြုပြင်ဖို့နဲ့ မင်းကို ခစားဖို့ ငါအစေခံတွေ လွှတ်ပေးလိုက်မယ်''

လဲ့ဟွမ်က ခေါင်းညွှတ်ကာ အရိုအသေပေးလိုက်သည်။သူ့တွင် ဖခင်ကောင်းတစ်ယောက်ပုံစံ လုပ်ကာ တာဝန်ယူချင်နေသော  ာသွေးအေးသော ထိုအမျိုးသားအား ဘာစကားတစ်ခွန်းမှ ပြောချင်စိတ်မရှိတော့ပေ။ပြီးတော့ ယခုသူ့မှာ  ကိုယ်ဝန်ရှိကြောင်း ပေါ်ပေါက်သွားသဖြင့် အချိန်တစ်ခုအထိတော့ ထွက်သွားချင်ရင်တောင် မသွားနိုင်သေးပေ။

''ဒီအစေခံက နောက်ထပ်ကန့်ကွက်စရာ မရှိတော့ပါဘူး  နားလည်ပါပြီ''

မိန်လင်းက တံခါးနားမှာ လင်းဗန်းအားကိုင်ကာ ဒူးထောက်ချလိုက်သောအခါ ဘုရင်က သူ့ကို စူးစိုက်ကြည့်လိုက်ပြီး

''မင်းက မင်းသခင် ကို ဂရုမစိုက်ဘဲ ဘယ်တွေ လျှောက်သွားနေတာလဲ'' အင်ပါယာက  အေးစက် စွာ မေးလိုက်သည်။

''ဒီအစေခံက သူ့အပြစ်အတွက်  အလေးအနက်တောင်းပန်ပါတယ်။ ဒီအစေခံက တာဝန်မကျေတဲ့အတွက် အပြစ်ပေးတော်မူပါ''မိန်လင်းက ငိုယိုကာ တောင်းပန်လိုက်သည်။

''မိန်လင်း''  သူ့အသံက နူးညံ့နေကာ ကြင်နာမှု တို့နှင့် ပြည့်နှက်နေသည်။

အင်ပါယာ ဘုရင်က ထိုအသံကိုကြားတဲ့အခါ အလွန်အံ့သြသွားခဲ့သည်။ထိုအမျိုးသား သူ့ကို စကားပြောသော အခါ  ခံစားချက်မဲ့လျှက် အေးစက် တည်ငြိမ်စွာ ပြောလေ့ရှိသည်။

''ဒီကိုလာ  မိန်လင်း'' လဲ့ဟွမ်က ခေါ်လိုက်သည်။
မိန်လင်းက  အင်ပါယာ ကိုကြည့်လိုက်သည်။

''ငါ မင်းကို  ဒီတစ်ကြိမ်တော့  ခွင့်လွှတ်လိုက်မယ်'' အင်ပါယာက ပြောလိုက်သည်။

''အရှင်မင်းကြီးရဲ့ ကြင်နာ့မှုအတွက် ကျေးဇူးတင်ပါတယ်။အရှင်မင်းကြီး သက်တော် ရာကျော် ရှည်ပါစေ''မိန်လင်းက အော်ဟစ်လိုက်သည်။

မိန်လင်းက သူ့သခင်လေးဆီ လျှင်မြန်စွာ လျှောက်သွားလိုက်ပြီး ဒူးထောက်ကာလက်ဖက်ရည် နှင့် မုန့်ချိုများကို ချပေးလိုက်သည်။

''မိန်လင်း ထပါ ငါမင်းကို ခွင့်လွှတ်ပါတယ်''
လဲ့ဟွမ်က နူးညံ့စွာ ပြောလိုက်သည်။
''ကျေးဇူးတင်ပါတယ် သခင်'' မိန်လင်းက ယဉ်ကျေးစွာပြန်ပြောလိုက်သည်။

သူက မတ်တပ်ရပ်ပြီး အခန်းထဲက မထွက်ခင် သူတို့ကို အရိုအသေ ပေးဖို့လည်း မမေ့ပေ။မိန်လင်းသိသည်က သူဆက်ဒူးထောက်နေလျှင်  သူ့သခင်လေးက စိတ်ရိမ်ပြီး စိတ်မကောင်းဖြစ်နေလိမ့်မည်။

''ဒီကိုယ်လုပ်တော် ပင်ပန်းနေလို့ ၊ အရှင်မင်း ကြီးအနေနဲ့ ဘာ မိန့်ကြားစရာ များရှိပါသေးလဲ'' လဲ့ဟွမ်က ခံစားချက်မဲ့ သော အသံဖြင့်မေးလိုက်သည်။

''အနားသွားယူတော့ ၊ ငါမင်းကို ထပ်ပြီး မနှောင့်ယှက်တော့ဘူး'' အင်ပါယာက လက်ကိုဝှေ့ယမ်းကာ ပြော လိုက်သည်။

အင်ပါယာက သူ့နန်းဆောင်သို့ပြန်မကြွခင်  သူ့ရဲ့ကိုယ်လုပ်တော်အားကြည့်လိုက်သည်။ဒီယောင်းနွမ်းနေတဲ့နန်းတော်အတွက် လိုအပ်တဲ့ပစ္စည်းဥစ္စာနဲ့  သူဝတ်ထားတဲ့ အဝတ်အစားများ အသုံးအဆောင်များကလဲ သိသိသာသာကို  ဟောင်းနွမ်းစုတ်ပြတ်နေသောဘလည်း ဘာလို့သူအကူအညီရယူဖို့ သူ့ကို မတောင်းဆိုရတာလဲ သူနားမလည်ပေ။နာ့ကျွမ်၏ ပုံစံအသစ်က သူ့ကို စိတ်ရှုတ်ထွေးစေသော်လည်း  သူ့အနေနဲ့ ကိုယ်လုပ်တော်လေးအား ထပ်ပြီး အနှောင့်အယှက်မပေးဝံ့ပေ။ သူတို့မှာ နောက်ပိုင်းတွင် အချိန်အများကြီးရှိသေးသည်  မဟုတ်ပါလား။အင်ပါယာ နှင့် ပထမ မိဖု ရားတို့ အဓိက နန်းဆောင်သို့ပြန်ရောက် သောအခါ အင်ပါယာက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မိဖုရားဘက်သို့ လှည့်လိုက်သည်။

''လာကြစမ်း  ပထမ မိဖုရားရဲ့ အစေခံကို အပြင်ကိုဆွဲထုတ်ပြီး ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်လိုက်စမ်း ။ပြီးရင် သူ့ခန္ဓာကိုယ်ကို ရီရီ ကို ကြွေးလိုက်''

အစောင့်များက အစေခံကိုဆွဲခေါ် တဲ့အခါမှာ သူမက သူမအသက်ကို ချမ်းသာပေးဖို့တောင်းပန်နေခဲ့သည်။

''အရှင်မင်းကြီး ကျေးဇူးပြုပြီး  ဒီအစေခံကိုခွင့်လွှတ်ပေးပါ။ဒီအစေခံက နောက်တစ်ခါ ထပ်ပြီး မလုပ်ဝံ့တော့ပါဘူး။အင်ပါယာ မိဖုရား ဒီအစေခံကို  ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်''
ဆွဲထုတ်ခံရသော အစေခံ၏ အသံက တဖြေးဖြေးဝေးသွားတဲ့အခါ

''လာကြစမ်း  ပထမ မိဖုရားကို ကြိမ်ဒဏ် 10ချက် ပေးပြီး 
ငါ့ရှေ့က ဆွဲထုတ်သွားစမ်း  မိမိအဆောင်ထဲကနေ  အပြင်ကို ၃ လ မထွက်ရဘူး''

''အင်ပါယာ အရှင်မင်းကြီး  ကျေးဇူးပြုပြီး  ဒီမိဖုရားကို ခွင့်လွှတ်ပေးပါ။ဒီမိဖုရားက ခဏတာ စိတ်လွတ်သွားတာပါ''

''ငါမင်းကို ကြိမ်ဒဏ် ၁၀ ချက်ပဲ ပေးတာ အများကြီးသက်ညှာပေပြီးပြီ။ဒါဗေမဲ့ မင်းလုံးဝ အလွတ်ပေးမယ်လို့ မဆိုလိုဘူး''

ဟုတ်ပါတယ်။ဒါက သူမကို သက်ညှာပေးထားတာပါ။သူမသာ ကိုယ်လုပ်တော် နာ့ကျွမ်ကို ချောက်ချဖို့သူ့ကို မတိုင်ကြားခဲ့ရင်  သူ့ကလေး ရှိနေမှန်း တော်တော်ကြာထိ သိအုံးမှာ မဟုတ်ပါဘူး။အဆုံးသတ်မှာ သူသာ အင်ပါယာ သမားတော်ကို မစစ်ဆေးခိုင်း ခဲ့ရင်  ကိုယ်လုပ်တော် နာကျွမ်ကို  အပြစ်ပေး မိအုံးမှာပါ။အကယ်၍ သူသာ ရုတ်တရက် စိတ်ကူးပေါက်ပြီး သူမနဲ့ လိုက်မလာမိဘဲ ကိစ္စကို ကိုင်တွယ်ဖို့ ထို၂ယောက်သာ လွှဲထားလျှင် 
သူသေချာသိတာက ကလေးတည်ရှိနေကြောင်းကို ဖုံးကွယ်ပြီး  သူ့ကို ဖယ်ရှား ပစ်တာမျိုး  ဒါမှ မဟုတ် သူသာ သမားတော်အား တစ်ပါတည်း သူနဲ့ အတူ ခေါ်မလာလျှင် 
သေချာပေါက် သူ့ကို  ကြိမ်ဒဏ်ပေးလောက်သည်။သူက ဒီထက်ပိုပြီးတောင် ခံစားရနိုင်သည် ။ထိုအမျိုးသားက ဒါကို ဘယ်လိုများ သည်းခံနိုင် ရသလဲ သူမတွေးချင်တော့ပေ။သန်မာသော နောက်ခံအင်အား မရှိသော ဇနီးငယ်များသည် စွန့်ပစ်ခံရခြင်း၊ပြည့်တန်ဆာ အိမ်သို့ ရောင်းချခံရကာ တစ်ဘဝလုံး ထိုနေရာမှာဘဲ သေသည် အထိ နေရခြင်း၊ရောဂါဘယ ဖြစ်ပွားချိန်တွင်လည်း  ဆေးကုသ မှု မခံယူကြရဘဲ ရောဂါ မပျံနှံစေရန်  ညှာတာမှုမရှိ အသတ်ခံရခြင်း  စသည်ဖြင့် အမျိုးမျိုး  အဆုံးသတ်ကြရသည်။

''အရှင်မင်းကြီး   ဒီမိဖုရားက အမှားလုပ်မိပါတယ်။သနားညှာတာပြီး  ခွင့်လွှတ်ပေးပါ''

''မင်းထင်တာ ငါက မင်းကို မညှာတာဘူးလို့လား''

အင်ပါယာ၏ စကားသံက နာ့ကျွမ်ကို ပြောဆိုတုန်းက ထက်ပို၍ အေးစက် စိမ်းကားကာ  ခံစားချက် ကင်းမဲ့နေခဲ့သည်။

Continue Reading

You'll Also Like

77K 7.5K 102
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
4.4M 500K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
126K 10.7K 67
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
192K 27.6K 200
Book-9 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...