(Unicode)
ချက်ထားသောဆား
အပြာရောင်သစ်သားတွေကို စုဆောင်းပြီးတဲ့နောက် ပိုင်မုက ပြာနေတဲ့ပင်လယ်ကြီးကို ကြည့်လိုက်တယ်။ကမ္ဘာမြေပေါ်မှာဆို လာရောက်လည်ပတ်သူတွေကို အရမ်းမျက်စိဖမ်းစားနိုင်မယ်ဆိုတာ သံသယရှိစရာမလိုလောက်အောင် ပြာနေတဲ့ ပင်လယ်တဝိုက်ကို ကြည့်ခဲ့တယ်။လေပြည်က အပြာရောင်သစ်သားတွေကို ဖြတ်သန်းတိုက်ခတ်သွားပြီး လေနဲ့အတူ လှုပ်ယမ်းနေတယ်။အပြာရောင်ပင်လယ်ကြီးက လှိုင်းလေးတွေအပြည့်ဖြစ်နေပြီး ပြိုင်ဘက်ကင်းပုံစံကို ပေးနေခဲ့တယ်။
"အစ်ကိုကြီးပိုင်မု ဒီအပြာရောင်သစ်သားတွေကို အစ်ကို ဘာအတွက်လိုချင်တာလဲ"အထူကွဲပြားတဲ့ အပြာရောင်သစ်သားအများအပြားကို သူ(ပိုင်မု)စုဆောင်းနေတာ သူ(အန်းချီလော့)မြင်တဲ့အခါ အန်းချီလော့က စပ်စုချင်စိတ်ပြင်းပြစွာ မေးခဲ့တယ်။
"အဲ့ဒါတွေကို စားသောက်ရင် သုံးတဲ့ကိရိယာအဖြစ် တမျိုးတည်းပဲ သုံးနိုင်ရုံတင်မဟုတ်တဲ့အပြင် ရက်လုပ်ပြီး မီးဖိုချောင်သုံးပစ္စည်းတွေလည်း တင်လို့ရတယ်"ပိုင်မုက အခု စိတ်ကျေနပ်နေတယ်။သူ့ရဲ့ဒီနေ့အတွက် ပန်းတိုင်က ဖြစ်မြောက်သွားပြီလေ။သူမျှော်လင့်တာထက်တောင် ပိုပြီး ချောမွေ့သေးတယ်။သူက နောက်ကျရင် ဘာရိုသီးတချို့ကို ကောက်ပြီး ဆားလုပ်ဖို့ ပြန်သွားမယ်။ဒီနေ့အပြင်ထွက်လာတဲ့သူ့ရဲ့task က ပြည့်စုံပြီလို့ တွေးလိုက်တယ်။
"အိုး အစ်ကိုပိုင်မု အစ်ကိုက အရမ်းသိတာပဲ အစ်ကို့ရဲ့မျိုးနွယ်စုက အရမ်းအံ့ဩစရာကောင်းရမယ်" အန်းချီလော့က အားကျစွာနဲ့ ပြောလိုက်တယ်။
"အဆင်ပြေပါတယ်"ပိုင်မုက မရေမရာနဲ့ ပြန်ပြောခဲ့တယ်။အဲ့ဒါက ကောင်းမွန်တဲ့နေရာတစ်ခုလားဆိုတာ သူမသိဘူး။အခု အဲ့ဒါအတွက် သူ့ရဲ့တစ်ခုတည်းသော သောက,က သူ့ရဲ့အသက်ကြီးနေပြီဖြစ်တဲ့မိဘတွေပဲ။
" ငါတို့ ပြန်တဲ့အချိန် ရောက်ခါနီးပြီ"ပိုင်မုရဲ့မျက်နှာက သိပ်မကောင်းမွန်တာကို တွေ့တော့ ခဲယ်လ်တစ်က သူ(ပိုင်မု) အိိမ်လွမ်းနေမှာကို စိုးရိမ်ပြီး အဲ့ဒီအကြောင်းကို ဖယ်ရှားလိုက်တယ်။
"ကောင်းပြီ ဘာရိုသီးတချို့ကို သွားကောက်ပြီး ပြန်ကြရအောင်"ပိုင်မုက သူ့ရဲ့အတွေးတွေကို ပြန်ဆွဲယူလိုက်ပြီး အားပေးလိုက်တယ်။သူ့မှယ လုပ်စရာအများကြီး ရှိနေတုန်းပဲ။
"ဒါဆို သွားကြစို့"သူ့ချစ်သူလေးရဲ့တောင်းဆိုမှုနဲ့ လိန်းကျယ်ကလည်းပဲ ပိုင်မုစုဆောင်းခဲ့တဲ့ အပြာရောင်သစ်သားတွေရဲ့ အရွယ်အစားနဲ့တူတဲ့ အပြာရောင်သစ်သားအချို့ကို သူ့(အန်းချီလော့)အတွက် စုဆောင်းပေးခဲ့တယ်။
ခဲယ်လ်က အနီးနားက ဘာရိုသီးအချို့ကို ကောက်ခဲ့ပြီး ပိုင်မုရဲ့ကျောပိုးအိတ်က အပြည့်ထည့်သိပ်ခံလိုက်ရကာ လူတစ်စုက ၀န်အများအပြားနဲ့ ပြန်ခဲ့ကြတယ်။နေ့လည်စာကို အန်းချီလော့က ပြင်ဆင်ပြီး စွပ်ပြုတ်နဲ့အသားကင်ဖြစ်တယ်။စားရတာကြိုက်တဲ့သူဖြစ်တဲ့သူ့အတွက် ပိုင်မုက ကူကယ်ရာမဲ့နေမိတယ်။ထိပ်ဆုံးဦးစားပေးက အစားအစာကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာပဲ။
နေ့လည်စာစားပြီးတော့ ခဲယ်လ်တစ်နဲ့လိန်းကျယ်က အမဲလိုက်ဖို့ ထွက်သွားတယ်။ပိုင်မုနဲ့ အန်းချီလော့က နေ့လည်အားလပ်ချိန်ယူခဲ့ကြတယ်။ခြင်္သေ့လေးက စားသောက်ပြီးနောက် ဘယ်နေရာကို သွားရမလဲဆိုတာ မသိခဲ့ဘူး။
နေ့လည်ခင်းမှာ ပိုင်မုနဲ့ အိန်ဂျလိုက ဘာရိုသီးရဲ့ အခွံကို ခွာထုတ်ခဲ့ကြပြီး အနည်းငယ်ကြမ်းတဲ့အဖြူရောင်အသားကိုသာ ချန်ခဲ့ကြတယ်။အခွံခွာနေတုန်းမှာ ဒီအသီးကြီးထွားလာတာက ဘယ်လောက်အံ့ဩသင့်စရာကောင်းလဲလို့ ထင်ခဲ့တယ်။အနာဂတ်မှာ MSGအရသာရှိတဲ့အသီးပေါ်လာမလားဆိုတာ သူမသိဘူး။ပဲငံပြာရည်အနောက်(ကြာညို့)၊ရှာလကာရည်နဲ့ တခြားအရသာအသီးတွေသာရှိရင် သူက ပြည့်စုံသွားလိမ့်မယ်။
"အစ်ကိုကြီးပိုင်မု အခွံခွာပြီး အစ်ကိုဘယ်လိုလုပ်မှာလဲ"အန်းချီလော့ရဲ့အသံက သူ့ရဲ့အဆုံးမရှိတဲ့အတွေးတွေကနေ သူ့ကို ပြန်ဆွဲခေါ်ခဲ့တယ်။
"အစ်ကို အဲ့ဒီအကြောင်း တွေးနေတာ"အဲ့ဒါကို ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်း သူတကယ်တော့ တွေးမနေပါဘူး။ဆားကို ချက်ရုံပဲတဲ့လား။သစ်သီးရဲ့အသားရော?။သစ်သီးရဲ့အသားက သိမ်းထားလိုက်လို့ ဆက်အသုံး၀င်နေတဲ့ကာလက လျော့သွားရင်ရော?။သူနားမလည်နိုင်ဘူး။ဒါကြောင့် သူ အရင်ဆုံး စမ်းကြည့်မယ်။
သူလုပ်ဖို့ပြင်ဆင်နေတဲ့အချိန် ရုတ်တရက် သူ ရပ်သွားတယ်။မြေအိုးက မြင့်မားတဲ့အပူချိန်ကို လက်မခံနိုင်လောက်ဘူး ဟုတ်တယ်မလား။အပူချိန်က အရမ်းမြင့်သွားရင် အဲ့ဒါက ကွဲသွားမယ့်ပုံပဲ။ပိုင်မုက ခနလောက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။အဆုံးမှာတော့ ပိုင်မုက နေရာလွတ်ကနေ သံအိုးအသေးလေးကို ထုတ်ယူလိုက်ဖို့ကလွဲပြီး တကယ် နည်းလမ်းမရှိ ဖြစ်ခဲ့တယ်။သူ့အခန်းကနေ သူယူထုတ်လာတဲ့ အနက်ရောင်အရာကြီးကို အန်းချီလော့က စပ်စုချင်စိတ်ပြင်းပြစွာ ကြည့်ခဲ့တယ်။အဲ့ဒါက ဘာအတွက်လဲဆိုတာတော့ သိမနေခဲ့ဘူး။
ပိုင်မုက အိုးကို မီးပေါ်တင်လိုက်ပြီး အိုးထဲ ရေထည့်လိုက်တယ်။ထို့နောက် ဘာရိုသီးရဲ့အသားကို ထည့်လိုက်ပြီး အိုးရဲ့အောက်ခြေမှာ အဖြူရောင်အမှုန်လွှာလေးတစ်ခု ကျန်နေပြီး ရေတွေ အငွေ့ပျံပျောက်ကွယ်သွားတဲ့အထိ ၎င်းကို တဖြည်းဖြည်းချင်း ငြင်သာစွာ ဆူစေတယ်။သူစိုးရိမ်တဲ့သစ်သီးရဲ့အသားက ပြသနာလုံး၀ မရှိခဲ့ဘူး။ သစ်သီးရဲ့အသားက ရေထဲမှာ ပျော်၀င်သွားပုံရပြီး အငွေ့ပျံပျောက်ကွယ်သွားတယ်။ကမ္ဘာမြေရဲ့လူမှုတိုးတက်မှုမှာ orcတွေက ထူးကဲရင် သူလည်းပဲ orcကမ္ဘာရဲ့ ထူးဆန်းမှုမှာ ထူးကဲတယ်။(T/N-စာချောမယ့်စာလုံးရွေးလိုက်တာ နာရီ၀က်နီးပါးသာကြာသွားတယ် စာကိုချောအောင်လုပ်လို့မရခဲ့ဘူး ထူးထူးဆန်းဆန်းကြီးဖြစ်နေಥ‿ಥ)
"အစ်ကိုကြီးပိုင်မု ဒီအဖြူရောင်အမှုန်လေးတွေက အကိုပြောတဲ့ဆားလား"အန်းချီလော့က အစ်ကိုကြီးပိုင်မု သူ့ကို ပေးခဲ့တဲ့ ဆားနဲ့တူတဲ့ အိုးအောက်ခြေက အဖြူရောင်သလင်းကျောက်လေးတွေကို ကြည့်လိုက်တယ်။
(Zawgyi code)
ခ်က္ထားေသာဆား
အျပာေရာင္သစ္သားေတြကို စုေဆာင္းၿပီးတဲ့ေနာက္ ပိုင္မုက ျပာေနတဲ့ပင္လယ္ႀကီးကို ၾကည့္လိုက္တယ္။ကမၻာေျမေပၚမွာဆို လာေရာက္လည္ပတ္သူေတြကို အရမ္းမ်က္စိဖမ္းစားနိုင္မယ္ဆိုတာ သံသယရွိစရာမလိုေလာက္ေအာင္ ျပာေနတဲ့ ပင္လယ္တဝိုက္ကို ၾကည့္ခဲ့တယ္။ေလျပည္က အျပာေရာင္သစ္သားေတြကို ျဖတ္သန္းတိုက္ခတ္သြားၿပီး ေလနဲ႕အတူ လႈပ္ယမ္းေနတယ္။အျပာေရာင္ပင္လယ္ႀကီးက လွိုင္းေလးေတြအျပည့္ျဖစ္ေနၿပီး ၿပိဳင္ဘက္ကင္းပုံစံကို ေပးေနခဲ့တယ္။
"အစ္ကိုႀကီးပိုင္မု ဒီအျပာေရာင္သစ္သားေတြကို အစ္ကို ဘာအတြက္လိုခ်င္တာလဲ"အထူကြဲျပားတဲ့ အျပာေရာင္သစ္သားအမ်ားအျပားကို သူ(ပိုင္မု)စုေဆာင္းေနတာ သူ(အန္းခ်ီေလာ့)ျမင္တဲ့အခါ အန္းခ်ီေလာ့က စပ္စုခ်င္စိတ္ျပင္းျပစြာ ေမးခဲ့တယ္။
"အဲ့ဒါေတြကို စားေသာက္ရင္ သုံးတဲ့ကိရိယာအျဖစ္ တမ်ိဳးတည္းပဲ သုံးနိုင္႐ုံတင္မဟုတ္တဲ့အျပင္ ရက္လုပ္ၿပီး မီးဖိုေခ်ာင္သုံးပစၥည္းေတြလည္း တင္လို႔ရတယ္"ပိုင္မုက အခု စိတ္ေက်နပ္ေနတယ္။သူ႕ရဲ႕ဒီေန႕အတြက္ ပန္းတိုင္က ျဖစ္ေျမာက္သြားၿပီေလ။သူေမွ်ာ္လင့္တာထက္ေတာင္ ပိုၿပီး ေခ်ာေမြ႕ေသးတယ္။သူက ေနာက္က်ရင္ ဘာရိုသီးတခ်ိဳ႕ကို ေကာက္ၿပီး ဆားလုပ္ဖို႔ ျပန္သြားမယ္။ဒီေန႕အျပင္ထြက္လာတဲ့သူ႕ရဲ႕task က ျပည့္စုံၿပီလို႔ ေတြးလိုက္တယ္။
"အိုး အစ္ကိုပိုင္မု အစ္ကိုက အရမ္းသိတာပဲ အစ္ကို႔ရဲ႕မ်ိဳးႏြယ္စုက အရမ္းအံ့ဩစရာေကာင္းရမယ္" အန္းခ်ီေလာ့က အားက်စြာနဲ႕ ေျပာလိုက္တယ္။
"အဆင္ေျပပါတယ္"ပိုင္မုက မေရမရာနဲ႕ ျပန္ေျပာခဲ့တယ္။အဲ့ဒါက ေကာင္းမြန္တဲ့ေနရာတစ္ခုလားဆိုတာ သူမသိဘူး။အခု အဲ့ဒါအတြက္ သူ႕ရဲ႕တစ္ခုတည္းေသာ ေသာက,က သူ႕ရဲ႕အသက္ႀကီးေနၿပီျဖစ္တဲ့မိဘေတြပဲ။
" ငါတို႔ ျပန္တဲ့အခ်ိန္ ေရာက္ခါနီးၿပီ"ပိုင္မုရဲ႕မ်က္ႏွာက သိပ္မေကာင္းမြန္တာကို ေတြ႕ေတာ့ ခဲယ္လ္တစ္က သူ(ပိုင္မု) အိိမ္လြမ္းေနမွာကို စိုးရိမ္ၿပီး အဲ့ဒီအေၾကာင္းကို ဖယ္ရွားလိုက္တယ္။
"ေကာင္းၿပီ ဘာရိုသီးတခ်ိဳ႕ကို သြားေကာက္ၿပီး ျပန္ၾကရေအာင္"ပိုင္မုက သူ႕ရဲ႕အေတြးေတြကို ျပန္ဆြဲယူလိုက္ၿပီး အားေပးလိုက္တယ္။သူ႕မွယ လုပ္စရာအမ်ားႀကီး ရွိေနတုန္းပဲ။
"ဒါဆို သြားၾကစို႔"သူ႕ခ်စ္သူေလးရဲ႕ေတာင္းဆိုမႈနဲ႕ လိန္းက်ယ္ကလည္းပဲ ပိုင္မုစုေဆာင္းခဲ့တဲ့ အျပာေရာင္သစ္သားေတြရဲ႕ အ႐ြယ္အစားနဲ႕တူတဲ့ အျပာေရာင္သစ္သားအခ်ိဳ႕ကို သူ႕(အန္းခ်ီေလာ့)အတြက္ စုေဆာင္းေပးခဲ့တယ္။
ခဲယ္လ္က အနီးနားက ဘာရိုသီးအခ်ိဳ႕ကို ေကာက္ခဲ့ၿပီး ပိုင္မုရဲ႕ေက်ာပိုးအိတ္က အျပည့္ထည့္သိပ္ခံလိုက္ရကာ လူတစ္စုက ၀န္အမ်ားအျပားနဲ႕ ျပန္ခဲ့ၾကတယ္။ေန႕လည္စာကို အန္းခ်ီေလာ့က ျပင္ဆင္ၿပီး စြပ္ျပဳတ္နဲ႕အသားကင္ျဖစ္တယ္။စားရတာႀကိဳက္တဲ့သူျဖစ္တဲ့သူ႕အတြက္ ပိုင္မုက ကူကယ္ရာမဲ့ေနမိတယ္။ထိပ္ဆုံးဦးစားေပးက အစားအစာကို ဘယ္လိုတိုးတက္ေအာင္လုပ္ရမလဲဆိုတာပဲ။
ေန႕လည္စာစားၿပီးေတာ့ ခဲယ္လ္တစ္နဲ႕လိန္းက်ယ္က အမဲလိုက္ဖို႔ ထြက္သြားတယ္။ပိုင္မုနဲ႕ အန္းခ်ီေလာ့က ေန႕လည္အားလပ္ခ်ိန္ယူခဲ့ၾကတယ္။ျခေသၤ့ေလးက စားေသာက္ၿပီးေနာက္ ဘယ္ေနရာကို သြားရမလဲဆိုတာ မသိခဲ့ဘူး။
ေန႕လည္ခင္းမွာ ပိုင္မုနဲ႕ အိန္ဂ်လိဳက ဘာရိုသီးရဲ႕ အခြံကို ခြာထုတ္ခဲ့ၾကၿပီး အနည္းငယ္ၾကမ္းတဲ့အျဖဴေရာင္အသားကိုသာ ခ်န္ခဲ့ၾကတယ္။အခြံခြာေနတုန္းမွာ ဒီအသီးႀကီးထြားလာတာက ဘယ္ေလာက္အံ့ဩသင့္စရာေကာင္းလဲလို႔ ထင္ခဲ့တယ္။အနာဂတ္မွာ MSGအရသာရွိတဲ့အသီးေပၚလာမလားဆိုတာ သူမသိဘူး။ပဲငံျပာရည္အေနာက္(ၾကာညို႔)၊ရွာလကာရည္နဲ႕ တျခားအရသာအသီးေတြသာရွိရင္ သူက ျပည့္စုံသြားလိမ့္မယ္။
"အစ္ကိုႀကီးပိုင္မု အခြံခြာၿပီး အစ္ကိုဘယ္လိုလုပ္မွာလဲ"အန္းခ်ီေလာ့ရဲ႕အသံက သူ႕ရဲ႕အဆုံးမရွိတဲ့အေတြးေတြကေန သူ႕ကို ျပန္ဆြဲေခၚခဲ့တယ္။
"အစ္ကို အဲ့ဒီအေၾကာင္း ေတြးေနတာ"အဲ့ဒါကို ဘယ္လိုလုပ္မလဲဆိုတဲ့အေၾကာင္း သူတကယ္ေတာ့ ေတြးမေနပါဘူး။ဆားကို ခ်က္႐ုံပဲတဲ့လား။သစ္သီးရဲ႕အသားေရာ?။သစ္သီးရဲ႕အသားက သိမ္းထားလိုက္လို႔ ဆက္အသုံး၀င္ေနတဲ့ကာလက ေလ်ာ့သြားရင္ေရာ?။သူနားမလည္နိုင္ဘူး။ဒါေၾကာင့္ သူ အရင္ဆုံး စမ္းၾကည့္မယ္။
သူလုပ္ဖို႔ျပင္ဆင္ေနတဲ့အခ်ိန္ ႐ုတ္တရက္ သူ ရပ္သြားတယ္။ေျမအိုးက ျမင့္မားတဲ့အပူခ်ိန္ကို လက္မခံနိုင္ေလာက္ဘူး ဟုတ္တယ္မလား။အပူခ်ိန္က အရမ္းျမင့္သြားရင္ အဲ့ဒါက ကြဲသြားမယ့္ပုံပဲ။ပိုင္မုက ခနေလာက္ ဘာလုပ္ရမွန္းမသိ ျဖစ္သြားတယ္။အဆုံးမွာေတာ့ ပိုင္မုက ေနရာလြတ္ကေန သံအိုးအေသးေလးကို ထုတ္ယူလိုက္ဖို႔ကလြဲၿပီး တကယ္ နည္းလမ္းမရွိ ျဖစ္ခဲ့တယ္။သူ႕အခန္းကေန သူယူထုတ္လာတဲ့ အနက္ေရာင္အရာႀကီးကို အန္းခ်ီေလာ့က စပ္စုခ်င္စိတ္ျပင္းျပစြာ ၾကည့္ခဲ့တယ္။အဲ့ဒါက ဘာအတြက္လဲဆိုတာေတာ့ သိမေနခဲ့ဘူး။
ပိုင္မုက အိုးကို မီးေပၚတင္လိုက္ၿပီး အိုးထဲ ေရထည့္လိုက္တယ္။ထို႔ေနာက္ ဘာရိုသီးရဲ႕အသားကို ထည့္လိုက္ၿပီး အိုးရဲ႕ေအာက္ေျခမွာ အျဖဴေရာင္အမႈန္လႊာေလးတစ္ခု က်န္ေနၿပီး ေရေတြ အေငြ႕ပ်ံေပ်ာက္ကြယ္သြားတဲ့အထိ ၎ကို တျဖည္းျဖည္းခ်င္း ျငင္သာစြာ ဆူေစတယ္။သူစိုးရိမ္တဲ့သစ္သီးရဲ႕အသားက ျပသနာလုံး၀ မရွိခဲ့ဘူး။ သစ္သီးရဲ႕အသားက ေရထဲမွာ ေပ်ာ္၀င္သြားပုံရၿပီး အေငြ႕ပ်ံေပ်ာက္ကြယ္သြားတယ္။ကမၻာေျမရဲ႕လူမႈတိုးတက္မႈမွာ orcေတြက ထူးကဲရင္ သူလည္းပဲ orcကမၻာရဲ႕ ထူးဆန္းမႈမွာ ထူးကဲတယ္။(T/N-စာေခ်ာမယ့္စာလုံးေ႐ြးလိုက္တာ နာရီ၀က္နီးပါးသာၾကာသြားတယ္ စာကိုေခ်ာေအာင္လုပ္လို႔မရခဲ့ဘူး ထူးထူးဆန္းဆန္းႀကီးျဖစ္ေနಥ‿ಥ)
"အစ္ကိုႀကီးပိုင္မု ဒီအျဖဴေရာင္အမႈန္ေလးေတြက အကိုေျပာတဲ့ဆားလား"အန္းခ်ီေလာ့က အစ္ကိုႀကီးပိုင္မု သူ႕ကို ေပးခဲ့တဲ့ ဆားနဲ႕တူတဲ့ အိုးေအာက္ေျခက အျဖဴေရာင္သလင္းေက်ာက္ေလးေတြကို ၾကည့္လိုက္တယ္။