ရှောင်းကျန့်တယောက် ဦးလေးလန်ရဲ့ ရုပ်အလောင်းထားရှိရာ ဈာပနအခမ်းအနားပနေ စိတ်ရှုပ်ရှုပ်နဲ့ထွက်လာခဲ့မိသည်။ဘယ်ကိုဆိုပြီး ရည်ရွယ်ချက်မရှိတဲ့ ခြေလှမ်းကျဲကျဲတို့ရဲ့ ဦးတည်ရာက ဂေဟာစာကြည့်တိုက်လေးဆီကိုသာ။
သစ်ပင်ကြီးများကြောင့် အုပ်အုပ်ဆိုင်းဆိုင်းဖြစ်နေတဲ့ စာကြည့်တိုက်အဆောင်လေးမှာ တံခါးတွေစေ့ပိတ်ထားပေမဲ့ အေးချမ်းမှုကို ရှောင်းကျန့်ခံစားမိသည်။အထဲမဝင်သေးဘဲ အဆောင်လေးကို အပြင်က ရပ်ငေးကြည့်နေရင်းမှ ငယ်စဉ်က သူတို့ ညီအကိုသူငယ်ချင်းများနဲ့ စနောက်ပျော်ရွှင်ခဲ့ရမှုများကို သတိရမိကာ သွားလေသူ ဦးလေးလန်ကိုပါ တဆက်ထဲအောက်မေ့သွားသည်။
*အကိုလန်က ဒီဂေဟာလေးကိူ သိပ်သံယောဇဉ်ကြီးရှာတာပါဗျာ.....ပရဟိတေတွလုပ်တဲ့ သူတော်ကောင်းကြီးကို ဘုရားသခင်မို့ စောစောခေါ်ရက်တယ်....အကြွေစောလှချေလား အကိုလန်ရဲ့....*
နတ်သံနှောကာ ဧယဉ်ကျူးနေတဲ့ ဗိုက်ရွဲရွဲထိပ်ပြောင်ပြောင်လူကြီးရဲ့ စကားသံတို့က ရှောင်းကျန့်နားထဲ တဝဲလည်လည်။တခြားသူလဲမဟုတ်။ဦးလေးလန်ရဲ့ယောက်ဖ.... နော်ဝေးမှာနေတဲ့ ညီမဖြစ်သူဒေါ်လန်ရင်းရဲ့ ခင်ပွန်းသည် ဦးဝမ်ရိုဟန်.....။
"အကိုလန်က ကျနော့်ကို ဂေဟာနဲ့ပတ်သတ်ပြီး လွဲအပ်ထားတဲ့တာဝန်တချို့ရှိပါတယ်....အဲ့ဒါကဘာလဲဆိုတာ အခုဈာပနလာတဲ့ဧည့်သည်တော်ကြီးများရှေ့မှောက်မှာ ကျနော်ပြောပါရစေ.....တခြားတော့မဟုတ်ပါဘူးခင်ဗျ.....အကိုလန်သိပ်တွယ်တာတဲ့ ဒီဂေဟာလေးကို ပေကျင်းမြို့ကိုပြောင်းရွေ့ဖို့ပါပဲ......"
စကားကြောရှည်ေနသည့် အနှီလူကို ကြည့်မရပေမဲ့ နားထောင်နေကြသည့် လူတွေအကုန်လုံးဟင်ခနဲဟာခနဲဖြစ်ကုန်ကြရသည်အထိ အံ့ဩကြရ၏။
"ပေကျင်းကို ရွေ့မှာဆိုတော့ ဒီနေရာက ဘယ်လိုလုပ်မှာလဲ.....မဖြစ်နိုင်ဘူး....ကျမကတော့ သဘောမတူဘူး...."
အမယန်လီလိုပါဘဲ ရှောင်းကျန့်တို့လဲ တွေးမိပါသည်။ဦးလေးလန်လောက် တိဗက်မြေကိုချစ်ပြီး ဒီဂေဟာလေးကိူသံယောဇဉ်ကြီးတာ ဘယ်လိုလုပ် ပေကျင်းကိုရွေ့ဖို့ဖြစ်နိုင်မှာလဲ။
"အဲ့ဒါကတော့ သွားလေသူ အကိုလန်စီစဉ်ခဲ့တာပါ မိန်းကလေး....ကလေးတွေရဲ့ ဘဝတိုးတက်ရာတိုးတက်ကြောင်းလုပ်ချင်ခဲ့တာမို့ အကိုလန်ရဲ့ ဆန္ဒကို ကူညီရုံပါဘဲ....ဦးလေးလက်ထဲမှာ အကိုလန်လွဲပြောင်းပေးခဲ့တဲ့စာချုပ်ရှိပါတယ်....ယုံတာမယုံတာက မိန်းကလေးတို့သဘောပါ....."
"ဟုတ်ပြီ....ဂေဟာမှာရှိတဲ့ကလေးတွေကို ပေကျင်းကိုခေါ်သွားမယ်ဆိုတဲ့ ဒီမြေနေရာကိုက ဘာလုပ်မယ်လို့ ဦးလေးလန်ကမှာသွားလဲ...."
မနေနိုင်မထိုင်နိုင် ရှောင်းကျန့်ပါကြားဝင်မေးလိုက်တော့ ထိုလူကြီးက မျက်နှာတချက်ပျက်သွားရပြီး
"ဒီမြေကို ဦးလေးယူမှာပါ....ယူတာကလဲ အကျိုးစီးပွားအတွက်မဟုတ်ပါဘူး.....ပေကျင်းမှာရှိတဲ့ ဦးလေးပိုင်တဲ့မြေကွက်နဲ့လဲလည်တဲ့သဘောပါ....."
ရှောင်းကျန့်အပါအဝင် ဟောက်ရွှမ်းတို့ ဟိုက်ခွမ်းတို့လဲ မျက်မှောင်ကြီးတွေကျုံ့ကုန်ကြကာ ထိုလူကြီးပြောတဲ့ ဦးလေးလန်ရဲ့အစီစဉ်ဆိုတာကြီးကို ဘယ်လိုမှ ဘဝင်မကျနိုင်ပေ။
စာချုပ်စာတန်းနဲ့တကွ သက်သေပြလာပြီမို့ ထိုထက်ပိုပြီးလဲ ဘာမှစောဒကတက်လို့မရပေ။ဒီကြားထဲ ဦးလေးကျန်းကပါ မင်းတို့လဲ ပေကျင်းမှာရှိလို့ အကိုလန်က စီစဉ်တာဖြစ်မှာဟု ပြောလိုက်ကာမှ ဟိုလူကြီးကပါ ချော်လဲရောထိုင်လုပ်နေသေးသည်။
ဦးလေးလန်ကို မြေမချရသေးတာမို့ အတိူအရှည်မပြောချင်တော့ဘဲ ရှောင်းကျန့်ရှောင်ထွက်လာခဲ့မိသည်။
"ဟင်....."
အစီအရီရှိတဲ့စာအုပ်စင်တွေကြားထဲမှာ ဟိုစာအုပ်ကောင်းနိုးဒီစာအုပ်ကောင်းနိုးနဲ့ စာမြည်းနေကာ ဘယ်စာအုပ်ကိုမှ မယ်မယ်ရရမဖတ်ဖြစ်သေးဘဲ ကြည့်နေတုန်း မျက်လုံးထောင့်က မြင်လိုက်ရတဲ့ အရိပ်ကြောင့် ရှောင်းကျန့်လန့်သွားရသည်။
ရှောင်းကျန့်တို့က ညသာသရဲကြောက်တာ နေ့ခင်းဖက်ဆိူ သရဲကိုစိန်ခေါ်ပြီး by oneတောင်ချနိုင်သည့်လူမျိုး။
အခုက နေ့ခင်းဖြစ်တာမို့ သတ္တိတွေရှိနေကာ မြင်လိုက်တဲ့အရိပ်နား ခြေသံလုံလုံနဲ့တိုးကပ်သွားသည်။စာအုပ်စင်တွေနဲ့ ကွယ်နေသည်မို့ ကွေ့ကြည့်မိတော့
"အရုပ်ကလေး......"
စာကြည့်ခူံလေးမှာ ထိုင်ရင်း ပြူတင်းပေါက်ဘက်မျက်နှာမူနေသော ကောင်လေးက ရှောင်းကျန့်ခေါ်သံကြောင့် ဆံနွယ်ဝါဝါလေးတွေလွင့်ခနဲနေအောင် လှည့်ကြည့်လာသည်။
ဖန်ညိုရောင် မျက်ဝန်းကြည်ကြည်လေးတွေနဲ့ နီတျာတျာနှုတ်ခမ်းဖူးဖူးလေးတွေ ပွင့်ဟ နေအောင်တအံ့တဩမော့ကြည့်နေတဲ့ ရှောင်းကျန့်ရဲ့ ရှန်ဂရီလာလေးက ရှောင်းကျန့်အနားရောက်သွားတော့ အလန့်တကြား မတ်တပ်ထရပ်သည်။
"နေ....နေပါဦး အရုပ်ကလေးရဲ့....."
ပါးစပ်ကလဲတားရင်း အရှေ့ကနေကာဆီးမိတော့ ကြောက်ရွံ့နေတဲ့ယုန်သူငယ်လေးတွေလို မျက်လူံးလေးတွေက ဝိုင်းစက်လို့။
"ကိုယ့်နာမည်က ရှောင်းကျန့်ပါ.....ဒီက အရုပ်လေးရဲ့နာမည်ကဘယ်လိုခေါ်သလဲဟင်....."
ကိုယ့်ကိုကြောက်ရွံ့နေဟန်ရှိတဲ့ ကောင်လေးအား နူးညံ့ချိုသာစွာပြုံးရင်း မေးမိပေမဲ့ အရုပ်ကလေးထံမှ ဘာစကားတခွန်းမျှထွက်မလာပေ။
"ကိုယ်က အရုပ်လေးနဲ့ခင်ချင်လို့ပါ....ကိုယ့်ကိုခင်မယ်မလားဟင်...."
ပြန်မဖြေဘဲ ပြူးကြောင်ရပ်သားလေးသာစိုက်ကြည့်နေသည်မို့ ရှောင်းကျန့်မှာ အသဲတယားယား။ဆွဲဆတ်လုပ်လိုက်ရရင် ကောင်းကုန်ဦးမယ်။
"ဟင်လို့....ကိုယ်က တမြို့သားဧည့်သည်ပါကွယ်.....ပြန်ဖြေဖို့သင့်ပါတယ် အရုပ်လေးရဲ့...."
မူယာမာယာသုံးကာ ညိုးငယ်သွားတဲ့အသွင်ကိုဆောင်နေတဲ့ ရှောင်းကျန့်ရဲ့ စကားသံအဆုံး
"ရိ..ရိပေါ်ပါ....ဦးကို ရိပေါ်ခင်ပါတယ်....."
"ဘယ်လို....ဘယ်လိုခေါ်လိုက်တယ်...."
ခုနကအသွင်နဲ့ခြားနားစွာ ဟက်ဟက်တက်နေတဲ့ စိတ်လှုပ်ရှားသံကြီးနဲ့ ရွှန်းရွှန်းစားစားကြည့်ကာ ရှောင်းကျန့်ထပ်မံမေးမိတော့
"ဦး....."
မျက်လွှာချလို့ တိုးသဲ့သဲ့ထပ်ဖြေသံလေးကြောင့် ရှောင်းကျန့်မှာ ကြေနပ်ပီတိဂွမ်းဆီထိသွားရသည်။ဟိုက ခင်ပါတယ်ပြောရုံနဲ့ ရှောင်းကျန့်တို့က မင်္ဂလာဆောင်ဖို့ ဝတ်စုံရွေး ဖိတ်စာရိုက်နဲ့ ဟိုတယ်တောင်ငှားပြီးနေပြီ။
"လှလိုက်တာ...."
"ဗျာ...."
လူကို စားမတက်ဝါးမတက်နဲ့ တကိုယ်လုံးသိမ်းကြုံးကြည့်ကာ အံကျိတ်သံကြီးနဲ့ဆိုလာသည်မို့ ရိပေါ်ဖျတ်ခနဲမော့ကြည့်မိသည်။
"ဪ....နာမည်လေးကလှတယ်လို့ပြောတာပါ ဟွန်း ဟွန်း ဟွန်း....တကယ်လှတယ်....."
"ဟုတ်....ကျေးဇူးပါ ဦး...."
အပြုံးလေး....အား....နေရာမှာတင် ခေါက်ခနဲသေလို့ရတဲ့အပြုံးလေး....။နေဦးနေဦး သူသေလို့မဖြစ်သေးဘူး....သူလေးနဲ့ ချစ်သူတွေဖြစ် မင်္ဂလာဆောင်၊ကလေးလေးတွေအများကြီးမွေးခိုင်းပြီး ပျော်ပျော်ကြီးနေရဦးမှာ.....။
အဲ့တော့စကားပြန်ပြင်မယ်....ငေါက်ခနဲထလာနိုင်တဲ့ အပြုံးလေး။ဘာထတာလဲမမေးနဲ့။ငါကထရင် ထလိုက်။
အခန်းဝကနေ ပြူတစ်ပြူတစ်နဲ့ ချောင်းကြည့်နေကြတဲ့ ဟောက်ရွှမ်းနဲ့ဟိုက်စန်းတို့ရဲ့ ကျောချမ်းစရာအပြုံးကြီးတခုကိုတော့ အရုပ်လေးရဲ့ အလှအပကြားထဲ နစ်မျောနေတဲ့ ရှောင်းကျန့်တယောက်မမြင်လိုက်ပါချေ။
ချစ်ခြင်းအားဖြင့်
Khin Maykha
ဦးရဲ့အရုပ်လေး(ဦးရဲ႕အ႐ုပ္ေလး)
(Zawgyi)
ေရွာင္းက်န႔္တေယာက္ ဦးေလးလန္ရဲ႕ ႐ုပ္အေလာင္းထားရွိရာ ဈာပနအခမ္းအနားပေန စိတ္ရႈပ္ရႈပ္နဲ႕ထြက္လာခဲ့မိသည္။ဘယ္ကိုဆိုၿပီး ရည္႐ြယ္ခ်က္မရွိတဲ့ ေျခလွမ္းက်ဲက်ဲတို႔ရဲ႕ ဦးတည္ရာက ေဂဟာစာၾကည့္တိုက္ေလးဆီကိုသာ။
သစ္ပင္ႀကီးမ်ားေၾကာင့္ အုပ္အုပ္ဆိုင္းဆိုင္းျဖစ္ေနတဲ့ စာၾကည့္တိုက္အေဆာင္ေလးမွာ တံခါးေတြေစ့ပိတ္ထားေပမဲ့ ေအးခ်မ္းမႈကို ေရွာင္းက်န႔္ခံစားမိသည္။အထဲမဝင္ေသးဘဲ အေဆာင္ေလးကို အျပင္က ရပ္ေငးၾကည့္ေနရင္းမွ ငယ္စဥ္က သူတို႔ ညီအကိုသူငယ္ခ်င္းမ်ားနဲ႕ စေနာက္ေပ်ာ္႐ႊင္ခဲ့ရမႈမ်ားကို သတိရမိကာ သြားေလသူ ဦးေလးလန္ကိုပါ တဆက္ထဲေအာက္ေမ့သြားသည္။
*အကိုလန္က ဒီေဂဟာေလးကိူ သိပ္သံေယာဇဥ္ႀကီးရွာတာပါဗ်ာ.....ပရဟိတေတြလုပ္တဲ့ သူေတာ္ေကာင္းႀကီးကို ဘုရားသခင္မို႔ ေစာေစာေခၚရက္တယ္....အေႂကြေစာလွေခ်လား အကိုလန္ရဲ႕....*
နတ္သံေႏွာကာ ဧယဥ္က်ဴးေနတဲ့ ဗိုက္႐ြဲ႐ြဲထိပ္ေျပာင္ေျပာင္လူႀကီးရဲ႕ စကားသံတို႔က ေရွာင္းက်န႔္နားထဲ တဝဲလည္လည္။တျခားသူလဲမဟုတ္။ဦးေလးလန္ရဲ႕ေယာက္ဖ.... ေနာ္ေဝးမွာေနတဲ့ ညီမျဖစ္သူေဒၚလန္ရင္းရဲ႕ ခင္ပြန္းသည္ ဦးဝမ္ရိုဟန္.....။
"အကိုလန္က က်ေနာ့္ကို ေဂဟာနဲ႕ပတ္သတ္ၿပီး လြဲအပ္ထားတဲ့တာဝန္တခ်ိဳ႕ရွိပါတယ္....အဲ့ဒါကဘာလဲဆိုတာ အခုဈာပနလာတဲ့ဧည့္သည္ေတာ္ႀကီးမ်ားေရွ႕ေမွာက္မွာ က်ေနာ္ေျပာပါရေစ.....တျခားေတာ့မဟုတ္ပါဘူးခင္ဗ်.....အကိုလန္သိပ္တြယ္တာတဲ့ ဒီေဂဟာေလးကို ေပက်င္းၿမိဳ႕ကိုေျပာင္းေ႐ြ႕ဖို႔ပါပဲ......"
စကားေၾကာရွည္ေနသည့္ အႏွီလူကို ၾကည့္မရေပမဲ့ နားေထာင္ေနၾကသည့္ လူေတြအကုန္လုံးဟင္ခနဲဟာခနဲျဖစ္ကုန္ၾကရသည္အထိ အံ့ဩၾကရ၏။
"ေပက်င္းကို ေ႐ြ႕မွာဆိုေတာ့ ဒီေနရာက ဘယ္လိုလုပ္မွာလဲ.....မျဖစ္နိုင္ဘူး....က်မကေတာ့ သေဘာမတူဘူး...."
အမယန္လီလိုပါဘဲ ေရွာင္းက်န႔္တို႔လဲ ေတြးမိပါသည္။ဦးေလးလန္ေလာက္ တိဗက္ေျမကိုခ်စ္ၿပီး ဒီေဂဟာေလးကိူသံေယာဇဥ္ႀကီးတာ ဘယ္လိုလုပ္ ေပက်င္းကိုေ႐ြ႕ဖို႔ျဖစ္နိုင္မွာလဲ။
"အဲ့ဒါကေတာ့ သြားေလသူ အကိုလန္စီစဥ္ခဲ့တာပါ မိန္းကေလး....ကေလးေတြရဲ႕ ဘဝတိုးတက္ရာတိုးတက္ေၾကာင္းလုပ္ခ်င္ခဲ့တာမို႔ အကိုလန္ရဲ႕ ဆႏၵကို ကူညီ႐ုံပါဘဲ....ဦးေလးလက္ထဲမွာ အကိုလန္လြဲေျပာင္းေပးခဲ့တဲ့စာခ်ဳပ္ရွိပါတယ္....ယုံတာမယုံတာက မိန္းကေလးတို႔သေဘာပါ....."
"ဟုတ္ၿပီ....ေဂဟာမွာရွိတဲ့ကေလးေတြကို ေပက်င္းကိုေခၚသြားမယ္ဆိုတဲ့ ဒီေျမေနရာကိုက ဘာလုပ္မယ္လို႔ ဦးေလးလန္ကမွာသြားလဲ...."
မေနနိုင္မထိုင္နိုင္ ေရွာင္းက်န႔္ပါၾကားဝင္ေမးလိုက္ေတာ့ ထိုလူႀကီးက မ်က္ႏွာတခ်က္ပ်က္သြားရၿပီး
"ဒီေျမကို ဦးေလးယူမွာပါ....ယူတာကလဲ အက်ိဳးစီးပြားအတြက္မဟုတ္ပါဘူး.....ေပက်င္းမွာရွိတဲ့ ဦးေလးပိုင္တဲ့ေျမကြက္နဲ႕လဲလည္တဲ့သေဘာပါ....."
ေရွာင္းက်န႔္အပါအဝင္ ေဟာက္႐ႊမ္းတို႔ ဟိုက္ခြမ္းတို႔လဲ မ်က္ေမွာင္ႀကီးေတြက်ဳံ႕ကုန္ၾကကာ ထိုလူႀကီးေျပာတဲ့ ဦးေလးလန္ရဲ႕အစီစဥ္ဆိုတာႀကီးကို ဘယ္လိုမွ ဘဝင္မက်နိဳင္ေပ။
စာခ်ဳပ္စာတန္းနဲ႕တကြ သက္ေသျပလာၿပီမို႔ ထိုထက္ပိုၿပီးလဲ ဘာမွေစာဒကတက္လို႔မရေပ။ဒီၾကားထဲ ဦးေလးက်န္းကပါ မင္းတို႔လဲ ေပက်င္းမွာရွိလို႔ အကိုလန္က စီစဥ္တာျဖစ္မွာဟု ေျပာလိုက္ကာမွ ဟိုလူႀကီးကပါ ေခ်ာ္လဲေရာထိုင္လုပ္ေနေသးသည္။
ဦးေလးလန္ကို ေျမမခ်ရေသးတာမို႔ အတိူအရွည္မေျပာခ်င္ေတာ့ဘဲ ေရွာင္းက်န႔္ေရွာင္ထြက္လာခဲ့မိသည္။
"ဟင္....."
အစီအရီရွိတဲ့စာအုပ္စင္ေတြၾကားထဲမွာ ဟိုစာအုပ္ေကာင္းနိုးဒီစာအုပ္ေကာင္းနိုးနဲ႕ စာျမည္းေနကာ ဘယ္စာအုပ္ကိုမွ မယ္မယ္ရရမဖတ္ျဖစ္ေသးဘဲ ၾကည့္ေနတုန္း မ်က္လုံးေထာင့္က ျမင္လိုက္ရတဲ့ အရိပ္ေၾကာင့္ ေရွာင္းက်န႔္လန႔္သြားရသည္။
ေရွာင္းက်န႔္တို႔က ညသာသရဲေၾကာက္တာ ေန႕ခင္းဖက္ဆိူ သရဲကိုစိန္ေခၚၿပီး by oneေတာင္ခ်နိဳင္သည့္လူမ်ိဳး။
အခုက ေန႕ခင္းျဖစ္တာမို႔ သတၱိေတြရွိေနကာ ျမင္လိုက္တဲ့အရိပ္နား ေျခသံလုံလုံနဲ႕တိုးကပ္သြားသည္။စာအုပ္စင္ေတြနဲ႕ ကြယ္ေနသည္မို႔ ေကြ႕ၾကည့္မိေတာ့
"အ႐ုပ္ကေလး......"
စာၾကည့္ခူံေလးမွာ ထိုင္ရင္း ျပဴတင္းေပါက္ဘက္မ်က္ႏွာမူေနေသာ ေကာင္ေလးက ေရွာင္းက်န႔္ေခၚသံေၾကာင့္ ဆံႏြယ္ဝါဝါေလးေတြလြင့္ခနဲေနေအာင္ လွည့္ၾကည့္လာသည္။
ဖန္ညိုေရာင္ မ်က္ဝန္းၾကည္ၾကည္ေလးေတြနဲ႕ နီတ်ာတ်ာႏႈတ္ခမ္းဖူးဖူးေလးေတြ ပြင့္ဟ ေနေအာင္တအံ့တဩေမာ့ၾကည့္ေနတဲ့ ေရွာင္းက်န႔္ရဲ႕ ရွန္ဂရီလာေလးက ေရွာင္းက်န႔္အနားေရာက္သြားေတာ့ အလန႔္တၾကား မတ္တပ္ထရပ္သည္။
"ေန....ေနပါဦး အ႐ုပ္ကေလးရဲ႕....."
ပါးစပ္ကလဲတားရင္း အေရွ႕ကေနကာဆီးမိေတာ့ ေၾကာက္႐ြံ႕ေနတဲ့ယုန္သူငယ္ေလးေတြလို မ်က္လူံးေလးေတြက ဝိုင္းစက္လို႔။
"ကိုယ့္နာမည္က ေရွာင္းက်န႔္ပါ.....ဒီက အ႐ုပ္ေလးရဲ႕နာမည္ကဘယ္လိုေခၚသလဲဟင္....."
ကိုယ့္ကိုေၾကာက္႐ြံ႕ေနဟန္ရွိတဲ့ ေကာင္ေလးအား ႏူးညံ့ခ်ိဳသာစြာၿပဳံးရင္း ေမးမိေပမဲ့ အ႐ုပ္ကေလးထံမွ ဘာစကားတခြန္းမွ်ထြက္မလာေပ။
"ကိုယ္က အ႐ုပ္ေလးနဲ႕ခင္ခ်င္လို႔ပါ....ကိုယ့္ကိုခင္မယ္မလားဟင္...."
ျပန္မေျဖဘဲ ျပဴးေၾကာင္ရပ္သားေလးသာစိုက္ၾကည့္ေနသည္မို႔ ေရွာင္းက်န႔္မွာ အသဲတယားယား။ဆြဲဆတ္လုပ္လိုက္ရရင္ ေကာင္းကုန္ဦးမယ္။
"ဟင္လို႔....ကိုယ္က တၿမိဳ႕သားဧည့္သည္ပါကြယ္.....ျပန္ေျဖဖို႔သင့္ပါတယ္ အ႐ုပ္ေလးရဲ႕...."
မူယာမာယာသုံးကာ ညိုးငယ္သြားတဲ့အသြင္ကိုေဆာင္ေနတဲ့ ေရွာင္းက်န႔္ရဲ႕ စကားသံအဆုံး
"ရိ..ရိေပၚပါ....ဦးကို ရိေပၚခင္ပါတယ္....."
"ဘယ္လို....ဘယ္လိုေခၚလိုက္တယ္...."
ခုနကအသြင္နဲ႕ျခားနားစြာ ဟက္ဟက္တက္ေနတဲ့ စိတ္လႈပ္ရွားသံႀကီးနဲ႕ ႐ႊန္း႐ႊန္းစားစားၾကည့္ကာ ေရွာင္းက်န႔္ထပ္မံေမးမိေတာ့
"ဦး....."
မ်က္လႊာခ်လိဳ႕ တိုးသဲ့သဲ့ထပ္ေျဖသံေလးေၾကာင့္ ေရွာင္းက်န႔္မွာ ေၾကနပ္ပီတိဂြမ္းဆီထိသြားရသည္။ဟိုက ခင္ပါတယ္ေျပာ႐ုံနဲ႕ ေရွာင္းက်န႔္တို႔က မဂၤလာေဆာင္ဖို႔ ဝတ္စုံေ႐ြး ဖိတ္စာရိုက္နဲ႕ ဟိုတယ္ေတာင္ငွားၿပီးေနၿပီ။
"လွလိုက္တာ...."
"ဗ်ာ...."
လူကို စားမတက္ဝါးမတက္နဲ႕ တကိုယ္လုံးသိမ္းႀကဳံးၾကည့္ကာ အံက်ိတ္သံႀကီးနဲ႕ဆိုလာသည္မို႔ ရိေပၚဖ်တ္ခနဲေမာ့ၾကည့္မိသည္။
"ဪ....နာမည္ေလးကလွတယ္လို႔ေျပာတာပါ ဟြန္း ဟြန္း ဟြန္း....တကယ္လွတယ္....."
"ဟုတ္....ေက်းဇူးပါ ဦး...."
အၿပဳံးေလး....အား....ေနရာမွာတင္ ေခါက္ခနဲေသလို႔ရတဲ့အၿပဳံးေလး....။ေနဦးေနဦး သူေသလို႔မျဖစ္ေသးဘူး....သူေလးနဲ႕ ခ်စ္သူေတြျဖစ္ မဂၤလာေဆာင္၊ကေလးေလးေတြအမ်ားႀကီးေမြးခိုင္းၿပီး ေပ်ာ္ေပ်ာ္ႀကီးေနရဦးမွာ.....။
အဲ့ေတာ့စကားျပန္ျပင္မယ္....ေငါက္ခနဲထလာနိုင္တဲ့ အၿပဳံးေလး။ဘာထတာလဲမေမးနဲ႕။ငါကထရင္ ထလိုက္။
အခန္းဝကေန ျပဴတစ္ျပဴတစ္နဲ႕ ေခ်ာင္းၾကည့္ေနၾကတဲ့ ေဟာက္႐ႊမ္းနဲ႕ဟိုက္စန္းတို႔ရဲ႕ ေက်ာခ်မ္းစရာအၿပဳံးႀကီးတခုကိုေတာ့ အ႐ုပ္ေလးရဲ႕ အလွအပၾကားထဲ နစ္ေမ်ာေနတဲ့ ေရွာင္းက်န႔္တေယာက္မျမင္လိုက္ပါေခ်။
ခ်စ္ျခင္းအားျဖင့္
Khin Maykha