Chapter 15

798 93 43
                                    

ဦးလေးလန်ရဲ့ ဈာပန‌ကိစ္စတွေရော ‌ဦးလေးကျန်းဝူကျိသား စစ်‌ကြွေးရဲ့ ကိစ္စတွေပါအကုန်ပြီးသွားပြီမို့ ကျန်းအိမ်တော်၏ဧည့်ခန်းထဲမှာထိုင်ကာ tvလိုင်းကို တခုပြီးတခုထိုင်ပြောင်းနေသည့် ရှောင်းကျန့်ပုံစံက စိတ်ပျက်လက်ပျက်နိုင်လှသည်။

အရုပ်လေးနဲ့ ဒီနေ့တနေကုန်မတွေ့ရသေးဘူး....အလှလေးမျက်နှာတော် မော်မဖူးရတဲ့သူ့တ‌နေ့တာက လမိုက်ညမှာ မိုးတိမ်မဲတွေဖုံးအုပ်သည့် ကောင်းကင်မဲကြီးလိုပင်။

"အ..အ..အ..အကိုကျန့်ကျန့်...."

ဟိူက်ဆန်းတယောက် မယောင်မလည်နဲ့ ‌ရှောင်းကျန့်ထိုင်နေသည့် ခုံမှာဝင်ထိုင်လိုက်သည်။

"အင်း...ပြောလေ ဟိူက်‌ဆန်း...."

TV remoteကို စားပွဲခုံပေါ်ချရင်း ဟိူက်ဆန်းကိုကြည့်ကာ ဆိုမိတော့

"ရိ...ရိ...ရိ...ရိပေါ်လေးက အ..အ..အ..အကို့ကို လ..လ..လ..လိုက်ရှာနေတယ်...."

အရုပ်လေးနာမည်ပါလာထဲ စိတ်ကိုအရှည်ဆုံးဆွဲဆန့်ထားတဲ့ ရှောင်းကျန့်က မျက်လုံးတွေ အရောင်လက်ကုန်ရကာ

"အရုပ်လေး...အရုပ်လေးက ငါ့ကို ရှာတယ်....ဘယ်တုန်းကလဲ သူအခုဘယ်မှာလဲ....မင်းကိူမေးလိုက်တာလား....ဘာလို့ရှာတာတဲ့လဲ...."

မေးခွန်းတွေ တရပ်စပ်မေးချသွားတဲ့ အကိုကျန့်ကျန့်အား ဟိုက်ဆန်းပြုံးပြလိုက်ပြီး

"ခု..ခု..ခု..ခုနကဘဲ လိုက်...လိုက်..လိုက်...လိုက်ရှာနေတာ....အ..အ..အ..အကို့ကို ပြော...ပြော..ပြော...ပြောစရာရှိလို့တဲ့.....ဟီးဟီး...."

သူ့မေခွန်းတွေကို သွားအဖြဲသားနဲ့ ‌ကြိုးစားပန်းစားဖြေရှာတဲ့ ညီငယ်လေး ဟိူက်ဆန်းက ချစ်စဖွယ်လေး။သူ့အရုပ်လေးကိုမမှီပေမဲ့ပေါ့လေ။

"ပြောစရာရှိလို့....အဟင်း...ဘာတွေများပြောမှာပါလိမ့်မယ်.....ငါရင်တွေခုန်လာပြီ ဟိုက်ဆန်းရာ...."

ရင်ဘတ်ကြီးဖိလို့ ဝမ်းသာလုံးစို့နေတဲ့ ရှောင်းကျန့်က သူ့အတွေးနဲ့သူ သာယာနေ‌တုန်း

"စ..စ..စ..စတိူခန်းဘက်သွားတယ်....အ..အ..အ..အကိုလိုက်မသွားဘူးလား..."

Happy GhostWhere stories live. Discover now