(Unicode)
ဝါးလား ဒါမှမဟုတ် အပြာရောင်သစ်သားလား
"အဲ့ဒီဟာအကြောင်း ခင်ဗျားစဉ်းစားကြည့်လိုက် အဲ့လိုအပင်မျိုးက အပိုင်းလေးတွေ ရှိပြီးတော့ အရွက်တွေက သေးသေးသွယ်သွယ်လေးလေ" ပိုင်မုက စိတ်မပါလက်မပါပြောလိုက်ပြီး အရွယ်ရောက်orcနှစ်ယောက်ကို မျှော်လင့်ချက်တွေနဲ့ ကြည့်လိုက်တယ်။
"ကိုယ်တို့တကယ်ကို မင်းပြောတဲ့အပင်မျိုး မမြင်ဖူးဘူး ဒါပေမယ့် မင်းပြောတဲ့အပင်နဲ့အရမ်းဆင်တူတဲ့ အပင်တစ်ပင်တော့ရှိတယ်"ခဲယ်လ်တစ်က ခနလောက် စဉ်းစားခဲ့တယ်။ပိုင်မုဖော်ပြတဲ့အရာနဲ့ဆင်တဲ့အပင်တစ်ပင် သူမြင်ဖူးတယ်။ဒါပေမယ့် အဲ့ဒါက အစိမ်းရောင်တော့ မဟုတ်ဘူး။
"အကိုကြီးပိုင်မု အစ်ကိုပြောတဲ့ဟာက အသားခြောက်လုပ်ဖို့ ပစ္စည်းလား"ပိုင်မုက တစ်စုံတစ်ခုကို ရှာနေတယ်လို့ တပေါက ကြားတော့ သူစိတ်၀င်စားသွားတယ်။
"မဟုတ်ဘူး အစ်ကို တခြားဟာ သုံးဖို့ရှိလို့"ပိုင်မုက ဆွံ့အသွားတယ်။ဘာလို့ ဒီခြင်္သေ့လေးက တနေ့လုံးလိုလို စားချင်နေရတာလဲ။
"အိုး ပျင်းစရာကြီး"အဲ့ဒါက အစားအစာအတွက် မဟုတ်ဘူးဆိုတာကိုကြားတော့ တပေါက ရေရွတ်လိုက်တယ်။သူရေရွတ်တာကို ပိုင်မုကြားတော့ ပြုံးတောင်မပြုံးနိုင်တော့ဘူး။ဒီပြီးပြည့်စုံတဲ့အစားသမားကတော့လေ။
"ခဲယ်လ်တစ် အပင်က ဒီနေရာကနေဆို ဝေးလား"ပိုင်မုက အဆက်ပြတ်သွားတဲ့ခေါင်းစဉ်ကို ဆက်ပြောလိုက်တယ်။
"အရမ်းမဝေးပါဘူး ကိုယ်တို့ ဖြည်းဖြည်းလျှောက်သွားရုံနဲ့ရောက်တယ်"ခဲယ်လ်တစ်က အနီးနားကို ကြည့်လိုက်ပြီး ပြောခဲ့တယ်။
ပိုင်မုနဲ့ခဲယ်လ်တစ်က စကားပြောနေကြပြီး လိန်းကျယ်က အန်းချီလော့နောက်ကို လိုက်နေကာ သူ(အန်းချီလော့)နဲ့ စကားပြောနေတယ်။တပေါက သားရဲပုံစံကို ပြောင်းလိုက်ပြီး သူတို့နားကနေ ထွက်ပြေးသွားတယ်။တောအုပ်ထဲက ထွက်လာတဲ့ ယုန်လိုမျိုး တိရိစ္ဆာန်ငယ်လေးတွေကို အမဲလိုက်နေပြီး ငှက်တွေကို ခြောက်လှန့်ဖို့ ချုံပုတ်တွေထဲကို အပြေးအလွှားသွားခဲ့တယ်။တစ်ယောက်တည်း ကစားရတာကလည်း အရမ်းပျော်ဖို့ကောင်းပါတယ်။(T/N-အေးလေး အေးလေ ကလေးက အတွဲနှစ်တွဲကြား အပိုမီးလုံးလေးကို ဖြစ်လို့🤣)
"ခဲယ်လ်တစ် ဘယ်အပင်တွေက စားလို့ရပြီး ဘယ်အပင်တွေက စားလို့မရဘူးလဲ"ပိုင်မုက သူ့နားက ထူးဆန်းတဲ့အပင်တွေကို ကြည့်ပြီး ခဲယ်လ်တစ်ကို မေးလိုက်တယ်။စားလို့ရတာနဲ့ စားလို့မရတာတွေကို စတင်သင်ယူဖို့ သူဆုံးဖြတ်ခဲ့တယ်။
ခဲယ်လ်တစ်က အရမ်းစိတ်ရှည်ပြီး စားလို့ရတာတွေကို တစ်ခုပြီးတစ်ခု သူ့ကို မိတ်ဆက်ပေးခဲ့တယ်။ပိုင်မုက စားလို့ရတဲ့အပင်တွေက်ု စုဆောင်းပြီး ပြန်ပြီးပြင်ဆင်မယ်။ပြီးတော့ သူတို့ကို ကြိုးစားကြည့်မယ်။ ဒါဆို နောက်ကျရင် သူက သူတို့ကို ချက်ပြုတ်နိုင်မှာပဲ။အန်းချီလော့က ဟင်းသီးဟင်းရွက်ရိုင်းတွေအများကြီးကို စုဆောင်းဖို့ သူ့ကို ကူညီခဲ့တယ်။သူတို့စုဆောင်းခဲ့တဲ့ ဟင်းသီးဟင်းရွက်ရိုင်းတွေက တိရိစ္ဆာန်သားရေထဲမှာ အပတ်ခံထားရပြီး လိန်းကျယ်နဲ့ ခဲယ်လ်တစ်ဆီ လက်လွှဲပေးလိုက်ကြတယ်။ခဲယ်လ်တစ်က သူ့လက်ထဲက ဟင်းသီးဟင်းရွက်ရိုင်းတွေကို ကြည့်လိုက်ပြီး မိန်းမပျိုတွေက ဒီအစိမ်းရောင်အရွက်တွေကို စားရတာ တကယ်ကြိုက်ကြတာပဲလို့ တွေးနေတယ်။
အကွာအဝေးတချို့လောက် လျှောက်ပြီးနောက် ပိုင်မုက တောအုပ်ထဲမှာ သူနဲ့ရင်းနှီးကျွမ်း၀င်တဲ့ အပင်တစ်ပင်ဖြစ်တဲ့ ငရုတ်ကောင်းပျိုးပင်တွေကို အံ့ဩစရာကောင်းစွာနဲ့ ရှာတွေ့ခဲ့တယ်။သူက အံ့ဩတကြီးနဲ့ အပြေးအလွှားသွားခဲ့ပြီး ဒါက တကယ်ကို ငရုတ်ကောင်းဆိုတာကို အတည်ပြုလိုက်တယ်။ပြီးတော့ အဲ့ဒီမှာ ကြီးမားတဲ့အစိတ်အပိုင်းကြီးတစ်ခုကို ရှိနေတာ။
"ခဲယ်လ်တစ် ဒီနေရာက ကျွန်တော့်အတွက်ဆိုတာ မှတ်ထားပေးပါဦး အချိန်အကြာကြီးရှိပြီးနောက်မှ ကျွန်တော် သူတို့ကို မျိုးနွယ်စုထဲမှာ စိုက်ဖို့ ယူသွားမယ်"ပိုင်မုက ဒီနေရာနဲ့ အကျွမ်းတ၀င်မရှိဘူး ။တည်နေရာကို သူမေ့သွားမှာ စိုးတာကြောင့် သူ့အတွက် ခဲယ်လ်တစ်ကို မှတ်ထားခိုင်းတာ။
"မင်း ဒါကို ဘာအတွက် လိုချင်တာလဲ"ခဲယ်လ်တစ်က ပဟေဠိဖြစ်သွားတယ်။
"ဒီအသီးက ချက်ပြုတ်ဖို့အတွက် သုံးလို့ရနိုင်တယ်"ပိုင်မုက စိတ်လှုပ်ရှားမှုအနည်းငယ်နဲ့ ကြည့်ခဲ့တယ်။
"အိုး"orcsတွေရဲ့ မျက်လုံးထဲမှာတော့ ဒီလိုအရာမျိုးဖြစ်တဲ့ အသီးတွေက အလွန့်အလွန်ကို အရသာမကောင်းပေမယ့် ပိုင်မုက ဒီအရသာမကောင်းတဲ့အရာကို အရသာရှိအောင် သေချာပေါက် လုပ်ပေးလိမ့်မယ်လို့ သူယုံကြည်တယ်။
ခဲယ်လ်တစ်ပြောတဲ့နေရာကို ရောက်ဖို့ သူတို့အတွက် အချိန်မကြာခဲ့ဘူး။ပိုင်မုက မှင်တက်သွားပြီး သူ့ရှေ့က ကောင်းကင်ပြာရောင် ဝါးတောကို ကြည့်လိုက်တယ်။ဘာလို့ အဲ့ဒီအပင်တွေက အရမ်းထူးဆန်းနေရတာလဲ။
သူက ဝါးတောထဲကို သွားလိုက်ပြီး သတ္ထုဖြတ်တဲ့လွှကို ယူထုတ်လိုက်တယ်။အစစ်ဟုတ်လားမဟုတ်လားဆိုတာကို ကြည့်ဖို့ အဆင်သင့်ပဲ။ပိုင်မုက အပြာရောင်သစ်သားတစ်ချောင်း လိုချင်နေတာကို တွေ့ပြီး ခဲယ်လ်တစ်က အရှေ့ကို ထွက်လာကာ ပေါ့ပါးတဲ့ရိုက်ချက်တစ်ချက်နဲ့ သူရဲ့ထက်မြတဲ့ခြေသည်းတွေကို ပြသလိုက်တယ်။အပြာရောင်သစ်သားက အဖြတ်ခံလိုက်ရတယ်။ပိုင်မုက သူ့လက်ထဲက သတ္တုဖြတ်တဲ့လွှကို ကြည့်လိုက်ပြီး တောင့်တင်းစွာနဲ့ သူ့ရဲ့ကျောပိုးအိတ်ထဲကို ထည့်လိုက်တယ်။(T/N-ဒီနားလေးကို ဘာသာပြန်ပြီးတော့ ထိုင်ရယ်နေတာ အူပါနာတယ်🤣) ထို့နောက် ခဲယ်လ်တစ် လက်လွှဲပေးလာတဲ့ ဝါးကိုယူလိုက်တယ်။
အချို့ကို အတည်ပြုပြီးနောက် အရောင်ကွဲပြားတာကလွဲပြီး ကမ္ဘာပေါ်က ဝါးတွေနဲ့ တကယ်ကို တူတယ်ဆိုတာ သိသွားတယ်။ပိုင်မုက အပြာရောင်သစ်သားလို့ခေါ်တဲ့ အထူကွာခြားတဲ့ ဝါးများစွာကို သူ့အတွက် ရနိုင်မလားလို့ ခဲယ်လ်တစ်ကို မေးခဲ့တယ်။
(Zawgyi code)
ဝါးလား ဒါမွမဟုတ္ အျပာေရာင္သစ္သားလား
"အဲ့ဒီဟာအေၾကာင္း ခင္ဗ်ားစဥ္းစားၾကည့္လိုက္ အဲ့လိုအပင္မ်ိဳးက အပိုင္းေလးေတြ ရွိၿပီးေတာ့ အ႐ြက္ေတြက ေသးေသးသြယ္သြယ္ေလးေလ" ပိုင္မုက စိတ္မပါလက္မပါေျပာလိုက္ၿပီး အ႐ြယ္ေရာက္orcႏွစ္ေယာက္ကို ေမွ်ာ္လင့္ခ်က္ေတြနဲ႕ ၾကည့္လိုက္တယ္။
"ကိုယ္တို႔တကယ္ကို မင္းေျပာတဲ့အပင္မ်ိဳး မျမင္ဖူးဘူး ဒါေပမယ့္ မင္းေျပာတဲ့အပင္နဲ႕အရမ္းဆင္တူတဲ့ အပင္တစ္ပင္ေတာ့ရွိတယ္"ခဲယ္လ္တစ္က ခနေလာက္ စဥ္းစားခဲ့တယ္။ပိုင္မုေဖာ္ျပတဲ့အရာနဲ႕ဆင္တဲ့အပင္တစ္ပင္ သူျမင္ဖူးတယ္။ဒါေပမယ့္ အဲ့ဒါက အစိမ္းေရာင္ေတာ့ မဟုတ္ဘူး။
"အကိုႀကီးပိုင္မု အစ္ကိုေျပာတဲ့ဟာက အသားေျခာက္လုပ္ဖို႔ ပစၥည္းလား"ပိုင္မုက တစ္စုံတစ္ခုကို ရွာေနတယ္လို႔ တေပါက ၾကားေတာ့ သူစိတ္၀င္စားသြားတယ္။
"မဟုတ္ဘူး အစ္ကို တျခားဟာ သုံးဖို႔ရွိလို႔"ပိုင္မုက ဆြံ႕အသြားတယ္။ဘာလို႔ ဒီျခေသၤ့ေလးက တေန႕လုံးလိုလို စားခ်င္ေနရတာလဲ။
"အိုး ပ်င္းစရာႀကီး"အဲ့ဒါက အစားအစာအတြက္ မဟုတ္ဘူးဆိုတာကိုၾကားေတာ့ တေပါက ေရ႐ြတ္လိုက္တယ္။သူေရ႐ြတ္တာကို ပိုင္မုၾကားေတာ့ ၿပဳံးေတာင္မၿပဳံးနိုင္ေတာ့ဘူး။ဒီၿပီးျပည့္စုံတဲ့အစားသမားကေတာ့ေလ။
"ခဲယ္လ္တစ္ အပင္က ဒီေနရာကေနဆို ေဝးလား"ပိုင္မုက အဆက္ျပတ္သြားတဲ့ေခါင္းစဥ္ကို ဆက္ေျပာလိုက္တယ္။
"အရမ္းမေဝးပါဘူး ကိုယ္တို႔ ျဖည္းျဖည္းေလွ်ာက္သြား႐ုံနဲ႕ေရာက္တယ္"ခဲယ္လ္တစ္က အနီးနားကို ၾကည့္လိုက္ၿပီး ေျပာခဲ့တယ္။
ပိုင္မုနဲ႕ခဲယ္လ္တစ္က စကားေျပာေနၾကၿပီး လိန္းက်ယ္က အန္းခ်ီေလာ့ေနာက္ကို လိုက္ေနကာ သူ(အန္းခ်ီေလာ့)နဲ႕ စကားေျပာေနတယ္။တေပါက သားရဲပုံစံကို ေျပာင္းလိုက္ၿပီး သူတို႔နားကေန ထြက္ေျပးသြားတယ္။ေတာအုပ္ထဲက ထြက္လာတဲ့ ယုန္လိုမ်ိဳး တိရိစ္ဆာန္ငယ္ေလးေတြကို အမဲလိုက္ေနၿပီး ငွက္ေတြကို ေျခာက္လွန႔္ဖို႔ ခ်ဳံပုတ္ေတြထဲကို အေျပးအလႊားသြားခဲ့တယ္။တစ္ေယာက္တည္း ကစားရတာကလည္း အရမ္းေပ်ာ္ဖို႔ေကာင္းပါတယ္။(T/N-ေအးေလး ေအးေလ ကေလးက အတြဲႏွစ္တြဲၾကား အပိုမီးလုံးေလးကို ျဖစ္လို႔🤣)
"ခဲယ္လ္တစ္ ဘယ္အပင္ေတြက စားလို႔ရၿပီး ဘယ္အပင္ေတြက စားလို႔မရဘူးလဲ"ပိုင္မုက သူ႕နားက ထူးဆန္းတဲ့အပင္ေတြကို ၾကည့္ၿပီး ခဲယ္လ္တစ္ကို ေမးလိုက္တယ္။စားလို႔ရတာနဲ႕ စားလို႔မရတာေတြကို စတင္သင္ယူဖို႔ သူဆုံးျဖတ္ခဲ့တယ္။
ခဲယ္လ္တစ္က အရမ္းစိတ္ရွည္ၿပီး စားလို႔ရတာေတြကို တစ္ခုၿပီးတစ္ခု သူ႕ကို မိတ္ဆက္ေပးခဲ့တယ္။ပိုင္မုက စားလို႔ရတဲ့အပင္ေတြက္ု စုေဆာင္းၿပီး ျပန္ၿပီးျပင္ဆင္မယ္။ၿပီးေတာ့ သူတို႔ကို ႀကိဳးစားၾကည့္မယ္။ ဒါဆို ေနာက္က်ရင္ သူက သူတို႔ကို ခ်က္ျပဳတ္နိုင္မွာပဲ။အန္းခ်ီေလာ့က ဟင္းသီးဟင္း႐ြက္ရိုင္းေတြအမ်ားႀကီးကို စုေဆာင္းဖို႔ သူ႕ကို ကူညီခဲ့တယ္။သူတို႔စုေဆာင္းခဲ့တဲ့ ဟင္းသီးဟင္း႐ြက္ရိုင္းေတြက တိရိစ္ဆာန္သားေရထဲမွာ အပတ္ခံထားရၿပီး လိန္းက်ယ္နဲ႕ ခဲယ္လ္တစ္ဆီ လက္လႊဲေပးလိုက္ၾကတယ္။ခဲယ္လ္တစ္က သူ႕လက္ထဲက ဟင္းသီးဟင္း႐ြက္ရိုင္းေတြကို ၾကည့္လိုက္ၿပီး မိန္းမပ်ိဳေတြက ဒီအစိမ္းေရာင္အ႐ြက္ေတြကို စားရတာ တကယ္ႀကိဳက္ၾကတာပဲလို႔ ေတြးေနတယ္။
အကြာအေဝးတခ်ိဳ႕ေလာက္ ေလွ်ာက္ၿပီးေနာက္ ပိုင္မုက ေတာအုပ္ထဲမွာ သူနဲ႕ရင္းႏွီးကြၽမ္း၀င္တဲ့ အပင္တစ္ပင္ျဖစ္တဲ့ င႐ုတ္ေကာင္းပ်ိဳးပင္ေတြကို အံ့ဩစရာေကာင္းစြာနဲ႕ ရွာေတြ႕ခဲ့တယ္။သူက အံ့ဩတႀကီးနဲ႕ အေျပးအလႊားသြားခဲ့ၿပီး ဒါက တကယ္ကို င႐ုတ္ေကာင္းဆိုတာကို အတည္ျပဳလိုက္တယ္။ၿပီးေတာ့ အဲ့ဒီမွာ ႀကီးမားတဲ့အစိတ္အပိုင္းႀကီးတစ္ခုကို ရွိေနတာ။
"ခဲယ္လ္တစ္ ဒီေနရာက ကြၽန္ေတာ့္အတြက္ဆိုတာ မွတ္ထားေပးပါဦး အခ်ိန္အၾကာႀကီးရွိၿပီးေနာက္မွ ကြၽန္ေတာ္ သူတို႔ကို မ်ိဳးႏြယ္စုထဲမွာ စိုက္ဖို႔ ယူသြားမယ္"ပိုင္မုက ဒီေနရာနဲ႕ အကြၽမ္းတ၀င္မရွိဘူး ။တည္ေနရာကို သူေမ့သြားမွာ စိုးတာေၾကာင့္ သူ႕အတြက္ ခဲယ္လ္တစ္ကို မွတ္ထားခိုင္းတာ။
"မင္း ဒါကို ဘာအတြက္ လိုခ်င္တာလဲ"ခဲယ္လ္တစ္က ပေဟဠိျဖစ္သြားတယ္။
"ဒီအသီးက ခ်က္ျပဳတ္ဖို႔အတြက္ သုံးလို႔ရနိုင္တယ္"ပိုင္မုက စိတ္လႈပ္ရွားမႈအနည္းငယ္နဲ႕ ၾကည့္ခဲ့တယ္။
"အိုး"orcsေတြရဲ႕ မ်က္လုံးထဲမွာေတာ့ ဒီလိုအရာမ်ိဳးျဖစ္တဲ့ အသီးေတြက အလြန႔္အလြန္ကို အရသာမေကာင္းေပမယ့္ ပိုင္မုက ဒီအရသာမေကာင္းတဲ့အရာကို အရသာရွိေအာင္ ေသခ်ာေပါက္ လုပ္ေပးလိမ့္မယ္လို႔ သူယုံၾကည္တယ္။
ခဲယ္လ္တစ္ေျပာတဲ့ေနရာကို ေရာက္ဖို႔ သူတို႔အတြက္ အခ်ိန္မၾကာခဲ့ဘူး။ပိုင္မုက မွင္တက္သြားၿပီး သူ႕ေရွ႕က ေကာင္းကင္ျပာေရာင္ ဝါးေတာကို ၾကည့္လိုက္တယ္။ဘာလို႔ အဲ့ဒီအပင္ေတြက အရမ္းထူးဆန္းေနရတာလဲ။
သူက ဝါးေတာထဲကို သြားလိုက္ၿပီး သတၳဳျဖတ္တဲ့လႊကို ယူထုတ္လိုက္တယ္။အစစ္ဟုတ္လားမဟုတ္လားဆိုတာကို ၾကည့္ဖို႔ အဆင္သင့္ပဲ။ပိုင္မုက အျပာေရာင္သစ္သားတစ္ေခ်ာင္း လိုခ်င္ေနတာကို ေတြ႕ၿပီး ခဲယ္လ္တစ္က အေရွ႕ကို ထြက္လာကာ ေပါ့ပါးတဲ့ရိုက္ခ်က္တစ္ခ်က္နဲ႕ သူရဲ႕ထက္ျမတဲ့ေျခသည္းေတြကို ျပသလိုက္တယ္။အျပာေရာင္သစ္သားက အျဖတ္ခံလိုက္ရတယ္။ပိုင္မုက သူ႕လက္ထဲက သတၱဳျဖတ္တဲ့လႊကို ၾကည့္လိုက္ၿပီး ေတာင့္တင္းစြာနဲ႕ သူ႕ရဲ႕ေက်ာပိုးအိတ္ထဲကို ထည့္လိုက္တယ္။(T/N-ဒီနားေလးကို ဘာသာျပန္ၿပီးေတာ့ ထိုင္ရယ္ေနတာ အူပါနာတယ္🤣) ထို႔ေနာက္ ခဲယ္လ္တစ္ လက္လႊဲေပးလာတဲ့ ဝါးကိုယူလိုက္တယ္။
အခ်ိဳ႕ကို အတည္ျပဳၿပီးေနာက္ အေရာင္ကြဲျပားတာကလြဲၿပီး ကမၻာေပၚက ဝါးေတြနဲ႕ တကယ္ကို တူတယ္ဆိုတာ သိသြားတယ္။ပိုင္မုက အျပာေရာင္သစ္သားလို႔ေခၚတဲ့ အထူကြာျခားတဲ့ ဝါးမ်ားစြာကို သူ႕အတြက္ ရနိုင္မလားလို႔ ခဲယ္လ္တစ္ကို ေမးခဲ့တယ္။