အားလုံးစီစဉ်ပြီးတဲ့အခါ မို့ရွှီတုန်း နဲ့ သူ့အစေခံမို့လန် တို့ဟာ အချိန်ဖြုန်းမနေခဲ့ပါဘူး။ နောက်ကျရင် တည်းခိုခန်းက မြင်းလှည်းတွေ ထွက်သွားမှာကို သူတို့ ကြောက်ကြတယ်။ မည်သို့ပင်ဖြစ်စေ သူမဘဝအား ပြန်လည်အသက်သွင်းနိုင်သည့် ဤဘဝတွင် အဒေါ်ဖန်သည် သူမအား ရက်စက်စွာ မဆက်ဆံမီ အဒေါ်ဖန်၏ အစီအမံများကို ဖျက်ဆီးပစ်ရမည် ။
မို့ရွှီတုန်းနှင့် မို့လန် တို့သည် ချင်းအိမ်တော်၏ အဓိကတံခါးများမှ ထွက်သွားကြသည်။ မို့လန်သည် မို့ရွှီတုန်း၏ အဓိကအစေခံတစ်ယောက် ဖြစ်သည်။
သခင်မယု သည် မို့ရွှီတုန်း ကို အပေါ်ယံတွင် ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ သူမ ထွက်သွားကြောင်းကြားတော့ ပိုကောင်းတဲ့ မြင်းရထားတစ်စီး ပြင်ဆင်ပေးဖို့ လူတွေကို ခေါ်သွားတယ်။ ရထားပေါ်သို့ မိန်းကလေးနှစ်ယောက် လျှို့ဝှက်စွာ သက်ပြင်းချလိုက်ကြသည်။
မြင်းလှည်းသည် ရထားအိမ်ဆီသို့ အရှိန်ပြင်းစွာ ပြေးလာ၏ ။ တိမ်တိုက်မြို့တွင် မိန်းကလေးများ၏ အကြိုက်ဆုံး အထည်နှင့် အသုံးအဆောင်ဆိုင်ဖြစ်သည့် အကောင်းဆုံးဆိုင်တစ်ဆိုင်ရှိသည် ။ ထိုဆိုင်၏ဘေးတွင် ကြီးမားသော တည်းခိုခန်းတစ်ခုရှိသည် ။ ဤဆိုင်သို့သွားရောက်လည်ပတ်မည်ဖြစ်၍ ဆိုင်၏အရှေ့တံခါးများကိုဖြတ်၍ လျှောက်သွားကြသည်။
ရတနာအိမ်ရဲ့ ကျဉ်းမြောင်းတဲ့ လမ်းကြားကို ဖြတ်သွားပြီးနောက်၊ တိမ်တိုက်မြို့က လူတွေသာ သိတဲ့ တံခါးတစ်ခုကိုရောက်ရှိသွားခဲ့သည် ။ ပုံမှန်အားဖြင့် ထိုဆိုင်၏တံခါးသည် ပိတ်ထားသော်လည်း ဆိုင်ရှင်ကို ကောင်းစွာသိသော ဖောက်သည်များသည် ပြဿနာတစ်စုံတစ်ရာမရှိပဲ ဖွင့်ခိုင်းရန်သာ လိုပေလိမ့်မည်။ မိုလန်သည် ဆိုင်ရှင်နှင့် စကားပြောရန်သွားပြီး ထိုနေရာတွင် စောင့်ဆိုင်းရန် မိုရွှီတုန်းကို တောင်းဆိုတော့မည်ဖြစ်သည်။
သို့သော်လည်း တံခါးကို တွန်းနေသော မို့ရွှီတုန်း ကို သူမတွေ့လိုက်ရသည်။ တည်းခိုခန်း၏ အခြားတစ်ဖက်တွင်ရှိသော တံခါးက ရုတ်တရက်ပွင့်သွားခဲ့သည်။
မို့ရွှီတုန်းသည် တည်းခိုခန်းမှထွက်လာသော လူတစ်ယောက်သည် အဆင်သင့်ပြင်ထားသော မြင်းရထားဖြင့် ထွက်ခွာတော့မည်ကို မြင်လိုက်ရသည် ။
တခြားဘာမှ မပြောဘဲ မို့ရွှီတုန်း သည် သူမ၏ ပဝါနှင့် ဦးထုပ်ကို ဆောင်း၍ မို့လန်ကိုဆွဲကာ ထွက်လာခဲ့သည် ။
မြင်းလှည်းရှေ့တွင် လူလတ်ပိုင်းလူရွယ်ကို နှုတ်ဆက်လိုက်တယ်
"ဦးလေးရှီ!"
တိမ်တိုက်မြို့၏ တည်းခိုခန်းပိုင်ရှင်သည် မို့ဟွာဝမ် လက်အောက်တွင် အလုပ်လုပ်ခဲ့ဖူးပြီး သူနှင့် အတော်လေး ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။
သူ့တွင် မို့ရွှီတုန်း၏ အသက်အရွယ်နှင့် တူညီသော သမီးတစ်ယောက်ရှိပြီး မို့လန် ကို သဘာဝအတိုင်း ခေါင်းငြိမ့်အသိအမှတ်ပြုလိုက်သည်။
မို့ရွှီတုန်းသည် တည်းခိုခန်းတွင် မိုလန်ကို ကိုင်ပြီး သူ့ဆီသို့လှမ်းလာသည်ကို မြင်သောအခါ သူသည် ခဏရပ်လိုက်သည်။ မို့ရွှီတုန်းသည် ပဝါနှင့် ဦးထုပ်အောက်တွင် သူမ၏အလှအပများကို ဝှက်ထားကြောင်း သူချက်ချင်းသိလိုက်သည်။ သူ မထိန်းနိုင်ဘဲ ရပ်လိုက်ပြီး "တတိယမြောက် သခင်မလေး မို့၊ ဘယ်သွားမလို့လဲ" ဟု စပ်စုမေးသည်။
"ဦးလေးရှီ၊ ကျေးဇူးပြုပြီး ကျွန်မကို စာတစ်စောင်ပို့ပေးပါ။"
မိုလန်က သူ့ကို စာတစ်စောင် ပေးလိုက်တယ်။ လူလတ်ပိုင်းအရွယ်က ထိုစာကိုယူ၍ လက်ရေးဖြင့် ရှင်းရှင်းလင်းလင်းရေးထားသော စာကိုမြင်သောအခါ ဗိုလ်ချုပ်အိမ်တော်၏ သခင်ဟောင်းထံ ပေးပို့ရမည့်စာဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူ့အဖေရဲ့ မိသားစုဆီ ပို့ပေးသော စာဖြစ်သောကြောင့် ဘာမှထွေထွေထူးထူး သတိမထားမိခဲ့ပါဘူး။ မိုလန်က သူ့ကို စာပေးလိုက်ပြီး သူ့ရွှေတံဆိပ်ကို နှိပ်ဖို့ မို့ရွှီတုန်း ကို ကူညီခဲ့တယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် မို့ရွှီတုန်းကို ဝှေ့ယမ်းကာ နောက်ကျနေပြီကို မြင်သဖြင့် မြင်းလှည်းပေါ်မှ ထွက်ခွာသွားခဲ့သည်။
မို့လန်သည် မို့ရွှီတုန်း ကို တံခါးကနေပြန်ထွက်ဖို့ ကူညီပေးခဲ့တယ်။ မို့ရွှီတုန်း၏လက်ဖဝါးများသည် ချွေးစေးများထွက်နေသည်ကို သူမခံစားခဲ့ရပြီး သူ့သခင်မလေးသည် အားနည်းနေပြီး သူတို့ ကြာကြာမနေသင့်တော့ကြောင်း သူမသိသည်။
"သခင်မလေး၊ ဒီမှာ ခဏစောင့်ပါနော် ၊ ဒီအစေခံ မြင်းလှည်းကို သွားခေါ်လိုက်ပါ့မယ် ။ ခဏလောက် အနားယူပြီး ရထားပေါ် ချက်ချင်း တက်လို့ရပြီ" ဟုဆိုကာ ကမန်းကတန်းပြောတော့သည် ။
မို့ရွှီတုန်းသည် မိုလန်၏လက်ကို လွှတ်လိုက်ပြီး နံရံပေါ်တွင် မတ်တတ်ရပ်နေလိုက်သည်။ ပဝါနှင့် ဦးထုပ်ကို ချွတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူမ ခေါင်းညိတ်လိုက်သည်။
ဤလမ်းသည် လူတော်တော်များများ ဖြတ်သန်းမည်မဟုတ်သောကြောင့် တစ်စုံတစ်ယောက်ရောက်လာမည်ကို သူမစိုးရိမ်နေစရာမလိုပေ။ ဆိုင်က ဝန်ထမ်းတွေတောင် ဒီကို မလာနိုင်ဘူးလေ ။
ထို့အပြင် သူမသည် အစေခံဝတ်ရုံကို ၀တ်ဆင်ထားဆဲဖြစ်ပြီး မြင့်မြတ်သော အမျိုးသမီးငယ်တစ်ဦး၏ ပဝါနှင့် ဦးထုပ်ကို ဝတ်ဆင်ထားခဲ့ခြင်းသည် မသင့်လျော်ပေ။ မို့ရွှီတုန်း သည် တည်ငြိမ်နေသေးသည်ကိုမြင်လိုက်၍ မို့လန်က သူမကို လွှတ်ပေးလိုက်ကာ လမ်းမကြီးဆီသို့ပြေးသွားသည် ။
ဤနေရာ၌ သူတို့၏ခရီးသည် လျင်မြန်ပြီး သူမသည်အားနည်းသောကြောင့် အနည်းငယ်နေမကောင်းဖြစ်ခဲ့ရသည်။ တံခါးက ပွင့်နေပြီး အပြင်မှာ နေရောင်က ပြင်းတာမို့ မို့ရွှီတုန်းသည် မျက်လုံးမှိတ်ပြီး အနားယူနိုင်ရန်အတွက် တံခါးကိုပိတ်ရန် လက်လှမ်းလိုက်သည်။ သို့သော်သူမက အခြားတစ်ခုကို ဆုတ်ကိုင်သွားမီဟန်တူသည် ။
ရုတ်တရက် လေပြင်းတိုက်သံ ထွက်ပေါ်လာပြီး တံခါးကို တစ်စုံတစ်ခုက တွန်းဖွင့်လိုက်သည်။ သူမ ရုတ်တရက်အလိုလို လှမ်းအော်လိုက်မီသည် ။
သူမသည် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ခတ်လျက် ခရမ်းရောင် ၀တ်စုံဝတ်ထားသောလူတစ်ယောက်ကို တွေ့လိုက်ရသည်။ စောစောက တံခါးအစား ထိုသူကိုသူမက ဆုတ်ကိုင်ထားတာဖြစ်နေခဲ့သည်!
မို့ရွှီတုန်းသည် သူမ၏လက်ကို အမြန်လွှတ်လိုက်ပြီး ခြေလှမ်းအနည်းငယ်အကွာကို နောက်ဆုတ်လိုက်သည်။ သို့သော်လည်း သူမသည် နံရံကို ဖိထားပြီး ပြေးစရာနေရာမရှိတော့တာကို သူမ တွေ့ရှိခဲ့သည်။ သူမ ကြောက်လန့်တကြား မော့ကြည့်လိုက်သည်။
"ဘာဖြစ်တာလဲ၊ မင်းငါ့ကိုဖမ်းပြီးမှ လွှတ်ပေးလိုက်တာလား ။ မင်းနောင်တမရဘူးလား။"
အေးစက်ပြီး ပျင်းရိငွေ့ဖွယ်ကောင်းသည့် အသံလေးဖြင့် ထိုသူက ပြောလိုက်သည်။
တံခါးက အနည်းငယ်ပွင့်လာတာကြောင့် သူမဘေးမှာ ရပ်နေတဲ့ ထိုယောက်ျားကို မြင်လိုက်ရတယ်။ နေရောင်သည် တံခါးဝမှ ဖြတ်ဝင်လာပြီး အလွန်ချောမောသော အမျိုးသားက သူမမျက်နှာကို လှည့်ကြည့်လိုက်သည်။
အဲဒီလူက ၁၆ နှစ် ၁၇ နှစ်လောက်အသက်အရွယ်ရှိပြီး ကော်လာမှာ အနက်ရောင်နဲ့ စည်းထားတဲ့ ခရမ်းရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည် ။ သူ၏ ၀တ်ရုံပေါ်တွင် ရွှေချည်ဖြင့် ချယ်လှယ်ထားသည့် တိမ်ပုံစံများရှိပြီး ၀တ်ရုံအောက်ခြေကို ရွှေဖြင့် ကွပ်ထားသည်။
ကြီးမားသော ၀တ်ရုံရှည်သည် သူ့အပေါ်တွင် ပြေပြစ်နေပုံရသည်။ အင်္ကျီထိပ်က အနည်းငယ်ပွင့်နေပြီး အတွင်းဘက်တွင် သူဝတ်ထားသည့် အနက်ရောင်ရှပ်အင်္ကျီကို ပေါ်လွင်နေသည်။ သူ၏အဝတ်အစားများတွင် အနက်ရောင်နှင့် ခရမ်းရောင်အရောင်များသည် ရောနှောကာ မိုက်မဲပြီး လျှို့ဝှက်ဆန်းကြယ်ပုံပေါက်စေသည်။
သူက ဆံပင်အနက်ရောင်နဲ့ဖြစ်ပြီး ခရမ်းရောင် ကျောက်စိမ်းကို ပေါ့ပေါ့ပါးပါး ၀တ်ထားတယ်။ ချောမောသော မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အမူအရာ ရှိပြီး မရှင်းလင်းသော အပြုံးတစ်ခုရှိသည်။
သူ၏ဖီးနစ်မျက်လုံးများကို အနီးကပ်ကြည့်မည်ဆိုပါက ထိုကြည့်မီသောသူသည် မျက်နှာများနီရဲလာပြီး နှလုံးခုန်မြန်လာကာ သူဖန်တီးသော ချောက်ထဲသို့ ကျသွားတော့မည်ကို ခံစားရလောက်သည် ။သူ၏ ချောမောမှုသည် ခမ်းနားပြီး ဖော်မပြနိုင်လောက်အောင် လှပသည်။ ကြီးမားသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်ဟုသာ ခံစားနိုင်သည် ။
အေးစက်စက်နေတတ်သော မို့ရွှီတုန်းပင်လျှင် ပါးများ အနည်းငယ် နီရဲလာပြီး သူမ၏ နှလုံးသည် ပြင်းပြင်းထန်ထန်ခုန်ပေါက်လာခဲ့သည် ။
ဘယ်အမျိုးသမီးကမှ ထိုယောက်ျားရဲ့ ကျက်သရေကို လျစ်လျူရှုနိုင်မည် မထင်ပေါင်။
မို့ရွှီတုန်း သည် စကားမပြောသည်ကို သူမြင်သောအခါတွင် သူသည် သူမအပေါ် စိတ်ဝင်စားစရာကောင်းသည့် ကစားကွက်တစ်ခုကို ရှာဖွေတွေ့ရှိသွားပုံရသည်။ သူသည် မို့ရွှီတုန်းဆီသို့ မျက်နှာလှည့်ကာ သူမကို အပေါ်အောက် စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းတွေ အနည်းငယ် ကော့တက်လာပြီး မျက်လုံးများ မှိတ်သွားခဲ့သည် ။
"ဒီတခေါက်တော့ အရမ်းကိုလှတဲ့တစ်ယောက်ကို ပို့လိုက်တာပဲ ။ဒါပေမဲ သေးပြီး ပိန်လွန်းနေတယ် ၊ ထမင်းတောင်သေချာမကျွေးဘူးထင်ပါရဲ့ "
ထို့နောက် မို့ရွှီတုန်း ၏မျက်နှာကို ထိလိုက်သကဲ့သို့ သူလက်ကိုဆန့်လိုက်သည်။
မို့ရွှီတုန်းသည် အတွေးနစ်နေရာကနေ သတိပြန်လည်လာကာ ရုတ်တရက် ထိတ်လန့်မှု ထွက်ပေါ်လာခဲ့သည် ။ သူမသည် သူ့လက်ကို ရှောင်ရန် ခေါင်းလှည့်လိုက်သည်။
"သခင်လေး၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို လေးစားပါ!"
"မင်းသာ ကိုယ့်ကိုကိုယ် လေးစားမှုရှိရင် ဘာလို့ငါ့ဝတ်ရုံကို လှမ်းဆွဲခဲ့သေးလဲ!?? ဘာပဲ့ဖြစ်ဖြစ် အခု ငါမင်းကို ကြိုက်တယ်။ မင်းဘာလို့ ကန့်ကွက်တဲ့ အမူအရာလုပ်နေရတာလဲ"
ထိုလူ၏အမူအရာသည် နူးညံ့သိမ်မွေ့ပြီး သူ့အသံမှာ ဝတ်ရည်ကဲ့သို့ ဖြစ်နေသေးသည်။ သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် မို့ရွှီတုန်း သည် အန္တရာယ်ရှိသည်ဟု ခံစားခဲ့ရသည်။ သူမကို ဖြည်းညှင်းစွာ ချဉ်းကပ်လာပုံက သူ့မှာ ရည်ရွယ်ချက် မကောင်းကြောင်း သိသာပါတယ်။
"သခင်လေး၊ မင်းမှားနေပြီ။ တို့ဒီမှာ မျက်စိမှိတ်ပြီး အနားယူနေတော့ မင်းဝင်လာတာကို မမြင်လိုက်ဘူး။ အန္တရာယ်တစ်ခုခု ကြုံလာပြီလို့ ထင်နေတဲ့ အသံကြားလိုက်ရတယ်။ အဲ့ဒါကြောင့် မင်းကို ဆွဲကိုင်လိုက်မီသွားတယ်။ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တို့တောင်းပန်ပါတယ် "
မို့ရွှီတုန်း မှာ မတရားခံရသလို ခံစားမီပြီး အသက်ပြင်းပြင်းရှူကာ ပျော့ညံ့စွာရှင်းပြသည်။
သူ့ရှေ့ကလူကို သူမ မတွေ့ဖူးတာသေချာတယ် ။ဒါပေမဲ့ သူဝတ်ထားတဲ့ သာမာန် အဝတ်အစားတွေတောင် သူ့ရဲ့ မြင့်မြတ်မှုကို ဖုံးကွယ်ထားလို့မရပါဘူး။ သူ၏ ချောမောသော မျက်နှာပေါ်တွင် နတ်ဆိုးအပြုံးတစ်ခု ပေါ်လာကာ နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသော ပုံပေါက်စေသည်။
သို့သော် သူ့အသံသည် ပျင်းရိပြီး နွေးထွေးဖွယ်ဖြစ်နေသော်လည်း အခြားသူများကို ကြောက်လန့်မှုဖြစ်စေပြီ အေးခဲမှုနှင့် သူ၏ဖုံးကွယ်ထားသည့် စွမ်းအားများကို ခံစားရမီစေသည် ။
မို့ရွှီတုန်းက အတွင်းကျကျ ညည်းကာရှင်းပြတော့သည် ။ မိုလန်ကို ရထားစီးဖို့ စောင့်ရင်း ဒုက္ခမပေးချင်တာကြောင့် ဒီမှာ ပုန်းနေခဲ့တာဖြစ်သည် ။ သို့သော် ဒီလိုပုန်းနေတာတောင် ဒုက္ခရောက်နေသေးသည်ကို သူမ မမျှော်လင့်ထားပေ။
အမြဲတမ်း တင်းတင်းကျပ်ကျပ် ပိတ်ထားတဲ့ ဒီတံခါးကို ဖွင့်ထားတာ အံ့သြစရာ မရှိပါဘူး။ တစ်စုံတစ်ယောက်အတွက် တမင်တကာ ဖွင့်ထားခဲ့ခြင်းကြောင့် ဖြစ်မည် ။ ဒါကို သူမသာ အစကတည်းကသိလျှင် သူမမိုလန်နဲ့အတူတူ ထွက်သွားလိုက်ပါတယ်။
"မင့်အခု ငါ့အကြောင်းတွေးနေတာများလား။ ငါဝင်လာတုန်းက ငါအန္တရာယ်များကျရောက်သွားတယ် ထင်လို့ မင့်ငါ့ဝတ်ရုံကိုဆွဲလိုက်တာလား "
ပူနွေးသောလေက သူမနားကို ထိုးဖောက်ဝင်ရောက်လာသည်။ ထိုလူ၏အသံသည် သူမနှင့် အလွန်နီးကပ်နေ၏။
မို့ရွှီတုန်းသည် သူမနှင့် ရုတ်တရက် နီးကပ်လာသော ထိုသူကို လှည့်ကြည့်လိုက်ပြီး စူးစူးရဲရဲ ငေးကြည့်နေမိသည် ။ သူတို့၏ နီးကပ်သော အကွာအဝေး၊ သူ၏ ဆွဲဆောင်မှုရှိသော အသက်ရှုသံများက သူ့ဆီမှ စူးစူးရှရှ အပူရှိန်ကို ခံစားနိုင်လုနီးပါးပင်။
မို့ရွှီတုန်း ၏ တည်ငြိမ်သော မျက်နှာသည် နီမြန်းသွားခဲ့သည်။ သူမ တောင့်တင်းသွားပြီး ဘေးဘက်သို့ ရွေ့သွားကာ ခေါင်းကို အမြန်လှည့်လိုက်သည်။ သို့သော် သူ့လက်ဖဝါးသည် သူမရှေ့တွင်ရှိနေပြီး သူမသွားရာလမ်းကို ပိတ်ဆို့နေမှန်း သူမသိလိုက်သည် ။ သူ့ကို ပွေ့ဖက်ထားသလိုပါပဲ။
မို့ရွှီတုန်းသည် အလွန်နီးကပ်သော ဤအခြေအနေက အဆင်မပြေဟု ခံစားမိသည်။ သူမ၏ မျက်နှာ ဖြူဖျော့ဖျော့များသည် ရုတ်တရက် တောက်လောင်သွားသည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခုန်နေသော နှလုံးကို ငြိမ်သက်အောင်ထားလိုက်သည် ။
သူမသည် ကောက်ကျစ်မည့်ပုံပေါ်နေသည့် ချောမောသော မျက်နှာကို မော့ကြည့်ကာ ဒေါသတကြီးဖြင့် "သခင်လေး ၊ ကျေးဇူးပြုပြီး မင်းလက်ကို တို့နဲ့ဝေးဝေးကို ရွှေ့ပြီး တို့ကို ကျော်သွားလိုက်ပါ။ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ဟာ အခုလို နီးနီးကပ်ကပ်မနေသင့်ပါဘူး ။ဒါက သိပ်ယဉ်ကျေးရာမရောက်ပါဘူး "
" ယောက်ျားနဲ့မိန်းကလေးတစ်ယောက်က နီးနီးကပ်ကပ်မနေသင့်ရင် မင်းကအရင်ဘာလို့ ငါကို လာဆွဲခဲ့တာလဲ "
သူက လှောင်ပြောင်ရင်းပြောလိုက်သည် ။ သူ့မရှေ့မှာ သူ့လက်ကို ချထားလိုက်ပြီး သူမ၏အဝေးသို့ထွက်သွားရန် ရည်ရွယ်ချက် ရှိပုံမပေါ်ပေ ။
"သခင်လေး ဒါက မတော်တဆမှုတစ်ခုလို့ အခုပဲ ရှင်းပြပြီးသွားပြီ။ ဒါ့ပြင် ဒါကနားလည်မှုလွဲသွားရုံလေးပါ"
မို့ရွှီတုန်းသည် အနည်းငယ် ဒေါသထွက်သွားသည်။ သူမ လည်ချောင်းကို ရှင်းထုတ်ပြီး ထိုလူငယ်အား တည့်တည့်ပြောလိုက်သည်။
ထိုလူသည် သူမ၏ ငြင်းဆိုချက်ကြောင့် အနည်းငယ် အံသြသွားသည်။ ပြီးတော့ သူက ရယ်ပြီး "မင်းဟာ အပြစ်ကင်းစင်ပြီး နူးညံတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပေမဲ့ ဘာလို့ဒေါသက အဲ့လောက်ကြီးနေရတာလဲ"
"သခင်လေး ဒါကဘယ်လိုဒေါသမျိုးနဲ့မှ မဆိုင်ပါဘူး။ ကျေးဇူးပြုပြီး တို့ကိုလွှတ်ထားလိုက်ပါ ။တို့ရဲ့သခင်မလေးက မကြာခင် ရောက်လာလိမ့်မယ်။သခင် လေး တို့ကို အခုလိုဆက်ပိတ်ဆို့ထားရင် သူက တစ်ခုခုလို့ တွေးမိလိမ့်မယ် "
မို့ရွှီတုန်း က အောက်ကိုငုံ့ကြည့်ပြီး အေးစက်စွာပြောသည်။ သူမသည် ယခု အစေခံတစ်ယောက်၏ အဝတ်အစားကို ဝတ်ဆင်ထားသည်။ထို့အပြင် သူမသည် အခြားသူနှင့် ပတ်သက်လိုစိတ်မရှိပေ။ သူမသည် သူ့ထံမှ တတ်နိုင်သမျှ ဝေးဝေးသို့ ထွက်သွားချင်ခဲ့သည်။
"မင်းက အစေခံတစ်ယောက်လား ?"
ထိုလူက သူမကို အပေါ်အောက်ငုံ့ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
"တို့က အစေခံတစ်ယောက် မဟုတ်ရင် သခင်လေးရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကို အခုလို ခံနေမှာမဟုတ်ဘူး "မို့ရွှီတုန်းက တိုးတိုးလေးပြောသည်။
"မင်းက အစေခံ တစ်ယောက်ဖြစ်နေလို့ အရမ်းကို သနားစရာကောင်းလိုက်တာ။ မင်းငါ့အတွက် အလုပ်လုပ်ပေးချင်စိတ်ရှိသလား။ မင်းသာ ငါ့ကိုအဖော်ပြုပေးရင် မင်းကို အခက်တွေအောင်လုပ်နိုင်မယ့်သူမရှိနိုင်ဘူး ၊ ဘယ်လိုလဲ" ချစ်သူတွေကြားက ငြူစူသံတွေလို နူးညံ့သိမ်မွေ့လွန်းသည့်အသံဖြင့် သူကဆိုခဲ့သည် ။
မို့ရွှီတုန်း၏မျက်နှာသည် အံသြလွန်းကာ ဒေါ်သဖြင့် တောက်လောင်နေခဲ့သည်။ နွေးထွေးသောလေသည် သူမ၏ နားရွက်များပေါ်တွင် လှိမ့်ဝင်နေသကဲ့သို့ ပူနွေးသောလေနုအေးသည် သူမ၏နှလုံးကြိုးများကို တီးခတ်နေသကဲ့သို့ပင်။
မို့ရွှီတုန်း၏ မျက်နှာ နီမြန်းသွားသည်။ သူမ ဒေါသအရမ်းထွက်နေသော ဒီအချိန်မှာ ချက်ချင်း ဘာပြောရမလဲတောင် မသိတော့ပေ ။
ဒေါသတွေ ပြည့်နှက်နေတဲ့ သူမက တက်ကြွတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လိုက်တယ်။
"သခင်လေး၊ မင်းဘယ်လိုများ ဒီလောက်မယဉ်ကျေးရတာလဲ"
"ဟုတ်လား။ ငါက အဲ့လောက်အလျှော့ပေးနေတာတောင် မယဉ်ကျေးသေးဘူးလို့ ထင်နေသေးသလား။ မင်းက ကိုယ်ဟာကို ဆွဲဆောင်မှု လုံးဝမရှိဘူးလို့ ထင်နေတာလား။"
ထိုလူ၏ မျက်လုံးများ မှိန်ဖျော့သွားကာ နှုတ်ခမ်းပေါ်၌ ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာသည်။ သူ့မျက်လုံးများသည် တောက်ပလွန်းသဖြင့် မို့ရွှီတုန်း၏ ဖျော့တော့သော မျက်နှာလေးကိုပင် လင်းထိန်သွားစေနိုင်သည်။
"ဒီလူကတော့ တကယ်ကိုပဲ.."
မို့ရွှီတုန်းက အံသြလွန်းလို့ ဘာမှကိုမပြောနိုင်တော့ဘူး။ သူမ အပြင်ကိုကြည့်ကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ ထို့နောက် သူမလက်ကို ဆန့်တန်းကာ ထိုသူ၏လက်ကို မဆိုင်းမတွ တွန်းထုတ်လိုက်သည်။ မိုလန်သည် အချိန်အတော်ကြာသွားပြီဖြစ်ပြီး မကြာမီပြန်လာမည်ဖြစ်သည်။
သူမကို မို့လန်သာ နှုတ်ဆက်ရင် သူမရဲ့ အထောက်အထား ပေါ်သွားလိမ့်မယ်။ ဤသည်မှာ ရတနာအိမ်ဖြစ်သည်၊ ပြင်ပလူတစ်ဦးမှ သူမအား အန္တာရယ်မပြုနိုင်ဟု သူမ အာမမခံနိုင်ပါ။
သူ့အမေ အသက်ရှင်နေသေးချိန်မှာတော့ မြင့်မြတ်တဲ့မိသားစုက တခြားမိန်းမပျိုတွေနဲ့ မိတ်ဖွဲ့ခဲ့ပြီး တိမ်တိုက်မြို့မှာ မြင့်မြတ်တဲ့ မိန်းမတွေ ဇနီးမောင်နှံတွေသာ ရှိခဲ့ပါတယ်။
လူမှုရေး စည်းမျဥ်းတွေကို လျစ်လျူရှုပြီး သူ့ကို သတ္တိရှိရှိ ဆွဲထုတ်တဲ့ ဒီယောက်ျားကို သူတကယ်ကို မမျှော်လင့်ထားမီဘူး။ ခေတ္တရပ်ပြီး သူ့အင်္ကျီပေါ်ရှိ သွယ်လျသောလက်ကို ကြည့်လိုက်သည်။ လိပ်ပြာလေးတွေ တဖျပ်ဖျပ်ခတ်ရင်း ကျန်ခဲ့တဲ့ ခရမ်းရောင်ရေစီးကြောင်းက ခရမ်းရောင်ကို ခရမ်းရောင်ပန်းပွင့်တွေလို ဖြစ်အောင် ဖန်တီးပေးပြီး ပိုအသက်ရှင်ပြီး လှပနေပုံပေါ်ပါတယ်...
"ရှစ်ယောက်မြောက် အစ်ကို။ ဘာလုပ်နေတာလဲ။ မြန်မြန်လာတော့လေ"
ရုတ်တရက် နွေးထွေးပြေပြစ်သော စကားသံသည် လမ်းကြားနက်နက်မှ ထွက်ပေါ်လာခဲ့သည်။
............................................................................
Translated by Chai
14.4.2022