Unicode
ညနေပိုင်း စက်ရုံတချို့ကို လိုက်စစ်ဆေးပြီးနောက်မှာတော့ သူကိုယ်တိုင်လဲ ပင်ပန်းလို့နေပြီဖြစ်သည်။
ရုံးဆင်းရန်အချိန်လည်း သိပ်မလိုတော့တာကြောင့် ကုမ္ပဏီသို့ မဝင်တော့ဘဲ အိမ်ကိုသာပြန်ဖို့ ဒါရိုက်ဘာကိုပြောလိုက်သည်။
ရုံးဆင်းချိန်မို့ ယာဉ်လမ်းကြောတွေလဲ အနည်းငယ်ပိတ်လို့နေသည်။ လမ်းတဖက်မှာရှိတဲ့ ကိတ်ဆိုင်သို့ အကြည့်ရောက်သွားတော့ ဟယ်အင်းအတွက် ဝယ်သွားဖို့ စိတ်ကူးမိသည်။
ဟယ်အင်းက သူ့အပေါ်အပြည့်အဝခွင့်လွှတ်မပေးသေးပေ့မဲ့ ပစ်ပစ်ခါခါ ငြင်းမပစ်ဘူးဆိုတာ သိသည်။ ထို့ကြောင့် သူ့အပေါ် ပို၍ အမြင်ကြည်လာရန် ကြိုးစားနေမိသည်။
သူကိတ်ရွေးနေတုန်း အပြင်ကိုလှမ်းကြည့်မိတော့ ပြည့်ကျပ်နေသော ကားတန်းရှည်ကြီးမှာ နည်းနည်းမရွေ့လျားသေး။ သို့နှင့် ချိစ်ကိတ်တချို့ကို စိတ်ကြိုက်ဝယ်ယူပြီးနောက် ဆိုင်ထဲမှ ထွက်ခဲ့လိုက်သည်။
လူသွားစင်္ကြန်မှာ ရှင်းလင်းမနေသလို အရမ်းလဲ ရှုပ်မနေပါချေ။ ဟိုဟိုဒီဒီအရှေ့အနောက်သွားလာနေကြသော လူတွေကြားမှာ ရပ်နေသော တစုံတယောက်ဆီသို့ သူ့အကြည့်ရောက်သွားမိတော့ ခဏတာ ငေးကြည့်မိလိုက်သည်။
သူတွေ့ဖူးသော ထိုကောင်လေးမှာ အရင်လိုပဲ လူငယ်ဆန်ဆန် ကြည့်ကောင်းဆဲပင်ဖြစ်လင့်ကစား မျက်နှာမှာ စိတ်တိုနေဟန် အတိုင်းသား ပေါ်လို့နေသည်။
ယခင်သူ့ဘက်က တင်တင်စီးစီး စကားပြောခဲ့တုန်းကတောင် ဒီလောက် ဒေါသထွက်ခဲ့ပုံမပေါ်။
မျက်ခုံးတန်းနှစ်ခုမှာ ထိကပ်လုဖြစ်ကာ တချက်တချက် စိတ်မရှည်စွာဖြင့် နဖူးပေါ်ကျနေသော ဆံပင်များကို လက်ဖြင့် ခပ်ကြမ်းကြမ်းလှန်တင်ပစ်လိုက်သေးသည်။
သူနှင့် မျက်နှာချင်းဆိုင်မှာ ရပ်နေသောသူကတော့ သူနှင့်ဆန့်ကျင်စွာ စိတ်အေးလက်အေးရှိနေဟန်တူသည်။
နှုတ်ခမ်းတထော်ထော်နှင့် ရန်တွေ့နေသောထိုကောင်လေးမှာ ရုပ်လေးနှင့်မလိုက်စွာ စိတ်တိုလွယ်တဲ့သူဖြစ်နိုင်သည်။
သူဆက်ကြည့်မနေတော့ဘဲ ကားဆီသို့သွားမည်အပြုမှာ ထိုကောင်လေးက သူ့ကိုကြည့်နေတာကို ခံစားမိ၍လားမသိ၊ သူ့ဘက်သို့လှည့်ကြည့်လာ၏။
နည်းနည်းတော့ အခက်တွေ့ရသည်ပင်။ နှုတ်ဆက်ရလောက်အောင်ထိ ရင်းနှီးဖူးတာလည်းမဟုတ်၊ မသိချင်ယောင်ဆောင်သွားဖို့ကလည်း ကိုယ်က အရင်ကြည့်မိသူဖြစ်နေရာ နေရခက်လှသည်။
ဒါယောင်းနှင့်လည်းပြတ်စဲသွားသည်ဖြစ်ရာ ပတ်သက်ဖူးသော ရည်းစားဟောင်း၏မောင်အား နှုတ်ဆက်နေစရာ မလိုအပ်ဟုတွေးရင်း မိမိဦးတည်ရာဆီသို့သာဆက်သွားရင်း လျစ်လျူရှုလိုက်မိသည်။
ထိုကောင်လေးကလည်း သူ့ကို နည်းနည်းမှ ရင်းနှီးဟန်မပြပါ။စိတ်တိုနေသောမျက်နှာနှင့်အတူ ခြေလှမ်းကြဲကြီးတွေဖြင့် သူ့နားမှဖြတ်လျှောက်သွားလေသည်။
" နေပါအုံးကွ ... မင်းကလည်း ဒေါသကကြီးလိုက်တာ "
ထိုကောင်လေးနောက်မှ အပြေးလိုက်ကာအော်ခေါ်နေသောသူက ခုနက တူတူရပ်ကာစကားပြောနေသူပဲဖြစ်သည်။
" ကျွန်တော်ပြောတာကို ခင်ဗျားနားမလည်သေးဘူးလား "
ထယ်ယောင်းရဲ့ အသံခပ်ဩဩမှာ စိတ်မရှည်မှုတွေက အတိုင်းသားပါဝင်နေသည်။
ဘယ်လိုကံဆိုးလိုက်တဲ့နေ့လဲ။
အိမ်အတွက်လိုအပ်တာလေးတွေရယ် စားစရာအချို့ရယ် လာဝယ်တုန်း အမဖြစ်သူရဲ့ ရည်းစားဟောင်းတွေနဲ့ တွေ့ရမယ်လို့ ဘယ်သူကထင်မှာလဲ။
ဂျူဟွန်းဆိုသော သကောင့်သားမှာ နှစ်ပေါင်းများစွာတည်းက ရင်းနှီးနေသလိုအချိုးနှင့် သူ့အား ဖက်လှဲတကင်း ပြုမူနေသည်ကို ထယ်ယောင်းလုံးဝမနှစ်မြို့ပါ။
သူနှင့် အရက်အတူသောက်ရန် ဇွတ်ခေါ်နေတာကြောင့် အလုပ်ရှိသေးကြောင်းပြောပြီး ငြင်းသော်လည်းမရ၍ မိမိ အမဖြစ်သူအား ဒုက္ခရောက်အောင်လုပ်သွားသော သူတယောက်နှင့် အရက်အတူတူမသောက်နိုင်ဟု ပြောနေတုန်းမှာပင်
တစုံတယောက်က မိမိအားကြည့်နေသလိုခံစားလိုက်ရသည်။ မသိစိတ်ရဲ့စေ့ဆော်မှုနဲ့အတူ လှည့်ကြည့်မိလိုက်တော့ ဂျုံးဂုဆိုသောသူ။
ထိုလူမှာ မမအကြောင်း မေးချင်နေသဖြင့် လှမ်းကြည့်နေပုံရသည်။
စိတ်ရှုပ်ရှုပ်ဖြင့် ထိုလူအားလည်း မသိချင်ယောင်ဆောင်ရင်း ဂျူဟွန်းဆိုတဲ့သူကိုလည်း စကားဆက်မပြောချင်တော့သဖြင့် လှည့်ထွက်ခဲ့လိုက်သည်။
" လာစမ်းပါ ထယ်ယောင်းရာ ... သူစိမ်းတွေလိုလုပ်မနေစမ်းပါနဲ့ "
နောက်ကနေ သူ့လက်ကိုဇွတ်ဆွဲထားတဲ့သူကြောင့် စိတ်တိုတိုနဲ့ ခါထုတ်လိုက်ပေ့မဲ့ ထိုလူက အလျော့မပေးဘဲ ပြန်ဆွဲလာပြန်သည်။
ဘာအကြောင်းကြောင့် သူ့ကို ဇွတ်ခေါ်နေလဲ မသိရပေ့မဲ့ ကောင်းတဲ့ကိစ္စတော့ မဖြစ်နိုင်။ သူ့မြင်တော့ ခြိမ်းခြောက်ပြီးပိုက်ဆံလာမတောင်းတာဘဲ တော်သေးသည်။
" ကျွန်တော် တကယ်မအားဘူး ... ပြီးတော့ ခင်ဗျားနဲ့ တူတူ အရက်ထိုင်သောက်ရအောင်ထိ မရူးသေးဘူး !! "
" ငါက မင်းနဲ့ ရင်းနှီးချင်ရုံလေးပါ ... မကောင်းတဲ့စိတ်မရှိပါဘူး ... နောက်ပြီး ဖြစ်ခဲ့တဲ့ကိစ္စအားလုံး တောင်းပန်ချင်လို့ပါ ... ခုကစပြီး မင်းတို့ကို အနှောင့်အယှက်မပေးတော့ပါဘူး "
ထိုလူရဲ့စကားကြောင့် ထယ်ယောင်း အနည်းငယ်တွေဝေသွားရသည်။ တကယ်ပဲ အမြင်မှန်ရသွာတာလား .. ဒါမှမဟုတ် ဘာတွေ ထပ်ကြံနေပြန်တာလဲ??
ဘယ်လိုပဲဖြစ်နေပါစေ ... ဒီလိုလူမျိူးနဲ့သူမပတ်သက်ချင်။
သူထပ်ငြင်းရန်ပြင်ရင်း ဆွဲထားတဲ့လက်ကိုအသာရုန်းကြည့်သော် မလွှတ်။ လက်တဖက်ကလဲ ခုနကဝယ်လာတဲ့အထုပ်တွေနဲ့မို့ စိတ်ရှုပ်လာရသည်။
ဒီပုံစံက တောင်းပန်တာထက် ခြိမ်းခြောက်နေတာနှင့်ပင် ပိုတူသေးသည်။
" ထယ်ယောင်း "
နောက်ထပ် မရင်းနှီးသောအသံက နောက်နားက ထွက်ပေါ်လာပြန်သည်။
လာပြန်ပြီနောက်တယောက်။
ဒီချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့တတ်တယ်။ သူကရော ဘာဖြစ်ချင်ပြန်တယ်မသိ။
" ဘယ်သွားမလို့လဲ "
ဂျုံးဂုမေးလိုက်သော စကားကြောင့် ထယ်ယောင်းမှာ ခဏတာဆွံ့အသွားကာ ဘာပြန်ဖြေရမယ်မသိဖြစ်သွားရသည်။
ထိုသူ့နှုတ်က စထွက်လာမည့်စကားက မမ အကြောင်းပဲဖြစ်လိမ့်မည်ဟု တွေးထားပြီး ယခုလို သာမန်မေးခွန်းတခုလို့ မထင်ထားခဲ့ပါ။
" အလုပ်ကိုပြန်မှာလား အိမ်ပြန်မှာလား "
" သူကဘယ်သူလဲ "
အနည်းငယ်အေးလာသော ညနေခင်းမှာ အပေါ်ထပ်ကုတ်အရှည်ကိုဝတ်စုံအပြည့်နှင့် ဝတ်ဆင်ထားသော ထို အမျိုးသားမှာ ကြည့်ကောင်းသည်ထက်ပိုသည်။ဆံပင်တို့ကို သပ်ရပ်စွာ နဖူးထက်လှန်တင်ထားသောကြောင့် တည်ကြည်သော မျက်နှာမှာ ပို၍ ရှင်းလင်း ခန့်ညားလို့နေသည်။
" သူကဘယ်သူလဲ "
ဂျူဟွန်းရဲ့ အမေးစကားထဲမှာ စူးစမ်လိုစိတ်အပြည့်။
ထိုခဏမှာ ထိုလူ့လက်ထဲမှ ထယ်ယောင်းရုန်းထွက်လိုက်ပြီး ဂျုံးဂုဘက်ကိုလဲ ဝတ်ကြေတန်းကြေ ခပ်မြန်မြန်ဖြေလိုက်သည်။
" အလုပ်ကိုပဲ ပြန်မှာ "
ဂျူဟွန်းနှင့် ဂျုံးဂုကတော့ တယောက်ကိုတယောက် ကြည့်ရင်း အကဲခတ်လို့နေသည်။
ထယ်ယောင်းကတော့ မသိချင်ယောင်ဆောင်လျက် နှစ်ယောက်လုံးကို ကျောခိုင်းပစ်ခဲ့လေသည်။
" ထယ်ယောင်း... နေပါအုံးဆို ..မင်း အလုပ်ဆင်းလာတာမလား "
အတင်းကာရော မေးနေသောဂျူဟွန်းအား ထယ်ယောင်း ဘာမှ လှည့်မဖြေသေးခင်မှာပင် ဂျုံးဂုက ပြောလိုက်သည်။
" ကိုယ်သူနဲ့ သွားစရာရှိလို့ ချိန်းထားတာ .... လာ ... သွားမယ် ကားက ဟိုရှေ့နားမှာတင်"
သို့နှင့် ပထမတယောက်ရန်က ကင်းစေရန်အလို့ငှာ ဒုတိယတယောက်ထံသို့ လိုက်ပါခဲ့ရလေသည်။
သူတို့ကားပေါ်ရောက်ပြီး မကြာခင်မှာဘဲ ဂျူဟွန်းလည်း လှည့်ပြန်သွားခဲ့သည်။
" မင်း သူငယ်ချင်းလား ??? "
" မဟုတ်ပါဘူး "
" ဪ ဟိုတယောက်က တအားခင်နေတဲ့ပုံဆိုတော့ သူငယ်ချင်းလို့ထင်သွားတာ ... "
" ခင်ဗျားကရော ဘာလို့ မဆိုင်ဘဲ ဝင်ပါရတာလဲ "
" မင်းမို့လို့ မဟုတ်ပါဘူး ဒီတိုင်းပဲ
မျက်စိထဲ ကြည့်ရအဆင်မပြေလို့လေ .. "
" ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ .. ကျွန်တော်လဲ ဆင်းတော့မယ် "
တရွေ့ရွေ့ရှေ့ဆက်နေတဲ့ ကားကြောင့် ရပ်ပေးဖို့ ပြောရန်ပင် မလိုပါချေ။
" ခုနက တယောက်ပြောပုံအရဆို အလုပ်ဆင်းပြီမလား .. ??အိမ်လိုက်ပို့ပေးမယ် "
ကားပေါ်လဲ ရောက်နေပြီးမှတော့ မထူးတော့ဘူးမလား။ ကားလေးနဲ့ အိမ်ပြန်ပို့ရတာ ပင်ပန်းတာလဲမဟုတ်တဲ့အပြင် ကားကလည်း သူကိုယ်တိုင်မောင်းရတာမှ မဟုတ်တာ။ ဒါကို တဖက်သူက ခပ်စိမ်းစိမ်းမျက်လုံးတွေနဲ့ ကြည့်လာကာ ....
" ခင်ဗျား မမ အကြောင်းမေးချင်လို့ စကားရှာနေတာလား "
" ဟမ် ? "
ဒါယောင်း အဆင်ပြေရဲ့လား သိချင်သည့်တိုင် ထိုကောင်လေးကိုမေးကြည့်ဖို့ သူ့မှာ စိတ်ကူးမရှိခဲ့။ ဒီကလေးက နဂိုတည်းကမှ သူ့ကိုကြည့်မရနေခဲ့တာလေ။
" မဟုတ်ပါဘူး "
" .... "
" တကယ်ပါဆို !!! "
ခုထိ သံသယမျက်လုံးနဲ့ စိုက်ကြည့်နေသေးသော ထယ်ယောင်းကြောင့် သူ့မှာ ကြောင်တောင်တောင်နဲ့ ဖြေရှင်းနေရသေးသည်။
" ပြီးတာပဲလေ .. ကျွန်တော့်မမကလည်း ခင်ဗျားကို သတိမရပါဘူး ... အဲ့ဒီတော့ ခင်ဗျားလဲ ကိုယ့်မိန်းမကိုသာ ဂရုစိုက် .. ဒါကတော့ ခင်ဗျားကို ကျေးဇူးတင်တဲ့အနေနဲ့ပေးတာ ... သွားပြီ "
ချောကလက်ကွတ်ကီးလေး တထုပ်ကို သူ့ထံပစ်ပေးခဲ့ရင်း ဆင်းသွားသော ကောင်လေးအားကြည့်ရင်း စိတ်ထဲမှ တိတ်တိတ်လေး ဝေဖန်လိုက်သည်။
' ကလေးဆန်လိုက်တာ ...'
..........
သူအလုပ်လုပ်တဲ့ဆိုင်ကို ဘယ်ကနေ ဘယ်လိုများသိသွားလဲ မသိ။ လမ်းမှာ အမှတ်မထင်တွေ့မိတဲ့နေ့ကပြီး ဒီနေ့အထိ အလုပ်ဆင်းချိန်တိုင်းတွင် နေ့စဉ်ရက်ဆက် လာစောင့်နေတတ်သော ဂျူဟွန်း၏ အကြောင်းပြကို နောက်ဆုံးတော့ သိသွားခဲ့ပြီဖြစ်သည်။
သူ့ကိုအချိန်မပေးမချင်း လက်လျော့မည့်ပုံမပေါ်တာကြောင့် ဒီနေ့တော့ ဆိုင်ထဲခေါ်ကာ လွတ်နေတဲ့ဝိုင်းမှာ ထိုင်ခိုင်းလိုက်သည်။
ဆိုဂျူတပုလင်းကိုချပေးရင်း သိချင်တာကိုပဲဒဲ့မေးလိုက်သည်။
" ကဲ ... ခင်ဗျား ကျွန်တော့်ဆီက ဘာလိုချင်နေတာလဲ ပြောကြည့်ပါအုံး "
ဒေါသသံနှင့် မဟုတ်ပေ့မဲ့ တည်တင်းနေသောရုပ်နှင့် အေးစက်နေသော အသံက သူ့ကို မကြည်ဖြူမှန်း ဂျူဟွန်းသိတာကြောင့် သိချင်တာကိုချက်ချင်းပဲမေးလိုက်တော့သည်။
" ဒါယောင်း အခုဘယ်မှာနေနေတာလဲ "
" ဟားး .... ဘာလဲ ကျွန်တော့ အဖေ့ဆီက ပိုက်ဆံ မရလို့ မမ ဆီပြောင်းတောင်းမလို့လား "
" မဟုတ်ပါဘူး ... ဟိုတရက်က မင်း အမနဲ့ ဖုန်းပြောတော့ အသံက တော်တော်လေးအဆင်မပြေသလိုခံစားရလို့ ... နေမကောင်းနေတာလားဆိုပြီး သိချင်လို့ပါ "
" ခင်ဗျားက မမ နဲ့ဖုန်းပြောတယ် ??"
" ဒါယောင်းနဲ့ ငါပြန်အဆင်ပြေနေပြီလေ ..."
" မမနေမကောင်းဘူးဆိုရင်တောင် ကျွန်တော်သွားကြည့်လိုက်မယ် ခင်ဗျားစိတ်ပူစရာမလိုဘူး "
" အဲ့လိုမလုပ်စမ်းပါနဲ့ ထယ်ယောင်းရာ ... လိပ်စာလေးပဲပြောပေးစမ်းပါ မင်း အမက မကြိုက်ဘူးဆို ငါမသွားတော့ပါဘူး မင်းဆီက သိရတယ်ဆိုတာလဲ ငါမပြောပါဘူး "
" ကျွန်တော်မသိဘူး "
" မင်းညာနေတာ "
" တကယ်ပြောတာ ... ခင်ဗျားက မမ နဲ့ ဟိုးအရင်တည်းက ချစ်သူတွေပဲ ကျွန်တော်တို့ မောင်နှမ ဆက်ဆံရေးကို သိမထားဘူးလား "
" မင်းတို့အဆင်မပြေဘူးဆိုတာသိပေ့မဲ့ .... "
" ခုသဘောပေါက်ပြီမလား ပြောလက်စနဲ့ တခါတည်းပြောလိုက်အုံးမယ် ... နောက်ဆို မမရဲ့ ဗီဒီယိုဖိုင်တွေနဲ့ ဖေဖေ့ကိုလာငွေမတောင်းပါနဲ့ ... မမ ကိုယ်တိုင်က သူ့အတွက် ဂရုမစိုက်နဲ့လို့ လာပြောပြီးသားမို့ ကျွန်တော်တို့အတွက် အဲ့ဒါက အရေးမပါတော့ဘူး ... ခင်ဗျားဘာသာ ဘယ်မှာ တင်တင် ဘယ်သူ့ပဲပြပြ ကိစ္စမရှိဘူး "
သိချင်တာ မသိရတဲ့ဂျူဟွန်းမှာ ထပ်ပြီး ထယ်ယောင်းနှင့် အချိန်မဖြုန်းတော့ဘဲ ခဏထိုင်ပြီးနောက် ပြန်သွားတော့သည်။
အခွင့်အရေးရတာနှင့် ထိုလူ နောက်ထပ်ပိုက်ဆံလာမတောင်းစေရန် ဟုတ်တာရော မဟုတ်တာရောပေါင်းပြီး ပြောထည့်လိုက်သည်။ ထိုမှသာ ဖေဖေလဲ စိတ်အေးချမ်းစွာ နေနိုင်မည်ဖြစ်သည်။ အကယ်၍များ ထပ်ခြိမ်းခြောက်လာလျှင်တောင် ငြိမ်ခံနေဖို့သူ့မှာ စိတ်ကူးမရှိချေ။ လတ်တလောပြသနာကို မဖြေရှင်းနိုင်သေးတောင် ထိုလူ့ကို နှာခေါင်းကျိုးအောင်တော့ ထိုးပစ်နိုင်သေးသည်။
ဂျူဟွန်းထွက်သွားတော့မှ ငွေကောင်တာမှာထိုင်နေရင်း စူးစမ်းနေတဲ့သူဌေးက သူ့နားထလာကာမေးလေ၏။
" သူက ဘယ်သူကြီးလဲ .. "
" ကျွန်တော့် အမရဲ့ ရည်းစားဟောင်း ... အင်းး ခုလဲ ပြန်တွဲနေတဲ့ပုံပါပဲ "
" ပုံစံကြည့်ရသလောက်ကတော့ လူကောင်းနဲ့ သိပ်မတူဘူးနော့် "
" ဟုတ်တယ် တကယ် မကောင်းတဲ့ကောင်.... "
ထို့နောက် ဆိုင်သိမ်းရင်းနဲ့ ဂျူဟွန်းဆိုသော ကောင်ရဲ့ အကြောင်းကို သူဌေးအား အကျဉ်းချုံးပြောပြလိုက်သည်။
" အဲ့လိုလူမျိုးကို မင်းအမက ပြန်တွဲနေတာလား ... တကယ် အံ့ဩစရာပဲ ... သိပ်လဲ စိတ်မပူပါနဲ့ မင်းအမက မင်းထက်အဆတရာလောက် လည်တယ် "
" သူ့ဇာတ်သူ နိုင်အောင် က နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ "
............
ဒီနေ့မှာတော့ ရာသီဥတုလဲ သာယာတာကြောင့် ဒါယောင်းတယောက် စိတ်ပြေလက်ပျောက် အပြင်သို့ ထွက်ခဲ့လိုက်သည်။
ဂျုံးဂုနှင့်ပြတ်ပြီးစိတ်ညစ်ညစ်နဲ့ အရက်ထွက်သောက်တာမျိုးရှိခဲ့ပေ့မဲ့ နောက်ပိုင်းမှာ အိမ်ထဲမှာပဲ အချိန်ပြည့်နေဖြစ်တာကများသည်။
ဂျူဟွန်းက အချိုးတွေပြောင်းပြီး သူမ
အပေါ်ကောင်းလာပေ့မဲ့ ခုချိန်မှာတော့ သူမအပြည့်အဝ မယုံရဲတော့ပါချေ။
ခုချိန်မှာ သူမဘဝအတွက် သူမကိုယ်တိုင်ရပ်တည်ရတော့မည်ဖြစ်တာကြောင့် အိမ်ထဲပဲအောင်းနေလို့မရတော့။ အလုပ်တခုတော့ရှာမှ ဖြစ်မည်။ သို့သော်လည်း ဂျုံးဂု ရှိစဉ်အခါက တ,တိုင်းရနေသော ဘဝမျိုးဖြစ်ခဲ့တာကြောင့် ယခုလိုမိမိကိုယ်ကို အားကိုးရမည့်အခါမျိုးရောက်လာခဲ့တော့ နည်းနည်းတော့ ယောင်ချာချာဖြစ်လို့နေသည်။
ယခင်က ဘဝအတွက်ကြိုးစားခဲ့ဖူးသော အချိန်တို့က တနှစ်ကျော်ကာလကြာပြီးနောက် သူမမှတ်ဉာဏ်ထဲမှာ ဝေဝါးသွားခဲ့ပြီပင်။
ပညာအရည်အချင်းလဲ ကောင်းကောင်းမရှိပါသော သူမအတွက် ကုမ္ပဏီတခုမှာ အလုပ်ရဖို့ဆိုတာ အဝေးကြီးဖြစ်သည်။ အားလုံးအကျဉ်းချုပ်လိုက်ပါလျှင်တော့ သူမအတွက် အချိန်ပိုင်းအလုပ် သို့မဟုတ် သာမန် အရောင်းဝန်ထမ်းအလုပ်မျိုးသာ ရနိုင်လေသည်။
သူမခြေဦးတည့်ရာလျှောက်နေတုန်းမှာပဲ ဂျူဟွန်းထံမှ ဖုန်းဝင်လာသည်။ ဒီရက်ပိုင်း ခဏခဏဆက်တတ်သည်မို့ အထွေအထူးစဉ်းစားမနေတော့ဘဲ ဖုန်းကိုင်လိုက်တော့သည်။
" ဒါယောင်း ဘာလုပ်နေလဲ "
" ငါအပြင်မှာ .. "
" ဘယ်မှာ ?? "
" ဒီတိုင်း ဟိုသွား ဒီသွားပဲ .. အလုပ်ရှာကြည့်မလို့ "
" အလုပ်ရှာနေတာလား ?? .. ကိုယ့်သူငယ်ချင်း ကော်ဖီဆိုင်မှာ ဝန်ထမ်းလိုနေတယ် လျှောက်ကြည့်ချင်လား"
" အင်း လျှောက်ကြည့်တာပေါ့ "
" ဒါဆို ကိုယ်လိပ်စာပို့လိုက်မယ် လာခဲ့လိုက်လေ ... ကိုယ်လဲ အဲ့နားမှာဆိုတော့ ခဏနေတွေ့မယ် "
ဘာပဲပြောပြော အသိရှိတော့ အလုပ်ရဖို့ ပိုလွယ်မည်ထင်သည်။သို့နှင့် ဂျူဟွန်းပို့လိုက်သော လိပ်စာဆီသို့ထွက်ခဲ့လိုက်သည်။
ဆိုင်ရှေ့သို့ရောက်တော့ ဂျူဟွန်းကရောက်နှင့်နေပြီး သူမကိုစောင့်နေပုံပေါ်သည်။
" စောင့်နေရတာကြာသွားလား "
" ကိုယ်လဲ ခုနကမှရောက်တာ..လာလေ အထဲဝင်ရအောင် "
သီချင်းအေးအေးလေးဖွင့်ထားသော ဆိုင်လေးထဲမှာ လူလည်း အရမ်းမရှုပ်ဘဲ အေးဆေးလေးရှိလို့နေသည်။ တံခါးကိုဖွင့်လိုက်ချိန်မှာလည်း အလှဆင်ထားသော ခေါင်းလောင်းသံလေးတွေက လွင့်ပျံ့လျက်။
ဆိုင်ရဲ့ အနောက်ခန်းထဲမှ ထွက်လာသောသူတယောက်က သူတို့ကိုမြင်တော့ လက်တဖက်မြောက်ပြရင်း လှမ်းနှုတ်ဆက်လေသည်။
" ဟေ့ ဂျူဟွန်း ရောက်လာပြီလား .. "
" ကိုယ့်သူငယ်ချင်းကို ကြိုပြောပြထားတယ် အဆင်ပြေမှာပါ "
ဂျူဟွန်းရဲ့လက်တွေကသူမ ပခုံးပေါ်ဖက်ကာ တင်လျက် အနားနားကပ်ကာပြောရင်း အားပေးသည်။
သူမကိုယ်တိုင်လဲ အားတင်းကာ ပြုံးပြလိုက်သည်။
" လာ .... ထိုင်ကြလေ .. တခုခုသောက်လေ ဘာကြိုက်လဲ အပူလား အအေးလား "
" ရပါတယ် မသောက်တော့ပါဘူး "
" အားမနာပါနဲ့ ကျွန်တော်နဲ့ ဂျူဟွန်းက သူငယ်ချင်း အရင်းကြီးတွေလေ ..ကျွန်တော့်နာမည်က ဆွန်းချောပါ .. ဒါယောင်းအကြောင်းတော့ သူပြောပြထားပါတယ် "
သူမ ဂျူဟွန်းကို ကြည့်လိုက်တော့ သူကပြာပြာသလဲ ရှင်းချက်ထုတ်သည်။
" ကိုယ်က မင်းအလုပ်ရှာနေတယ်ဆိုတဲ့အကြောင်းပဲ ပြောထားတာပါ "
" ဟားး ဟား ဟုတ်ပါတယ် တမျိုးမထင်ပါနဲ့ဗျာ .. ဟေး ကောင်မလေးတွေ စကားများမနေနဲ့ ဟိုမှာ ဧည့်သည်တွေရောက်တယ် "
ဂျူဟွန်းရဲ့ သူငယ်ချင်း အော်သံကြောင့် စကားများနေသော ကလေးမလေး တသိုက်မှာ အခုမှဝင်လာသော ကာစတန်မာရှိတဲ့ဝိုင်းဆီသို့ ပြေးသွားကြလေသည်။
" အဲ့ကောင်မလေးတွေကလေ စကားပြောနေရရင် အကုန်မေ့ ... ဘာကိုမှဂရုမစိုက်ကြတော့ဘူး "
ဆွန်းချောစကားအား အပြုံးလေးနဲ့ တုန့်ပြန်ရင်း ခုနက ကောင်မလေးပြေးသွားတဲ့နေရာကိုကြည့်လိုက်မိတော့ ..
" ဂျုံးဂု !! "
သူနှင့် တခြားလူနှစ်ယောက်လဲပါသေးသည်။ အလုပ်ကိစ္စတခုခု လာရောက်ဆွေးနွေးကြပုံပေါ်သည်။
" ဘယ်သူလဲ ?? "
ငေးကြည့်နေသော သူမအား ဂျူဟွန်းကလှမ်းမေးလိုက်သည်။
" အသိလား "
" ဟင် .. မ ..မဟုတ်ပါဘူး "
အကြည့်တို့ကို ရုတ်သိမ်းပြီး အလုပ်အကြောင်းရှင်းပြနေသော ဆွန်းချောဆီသာ အာရုံပြန်ပို့ထားလိုက်တော့သည်။
သို့သော်လည်း တခြားတနေရာသို့သာ အာရုံရောက်နေသူတယောက်ကလည်း ရှိနေသေးသည်။
ဒါယောင်းငေးကြည့်နေသောသူဆီ သူကြည့်လိုက်တော့ ချက်ချင်းပဲသူမှတ်မိသွားခဲ့သည်။
ဟိုတနေ့က ထယ်ယောင်းကို ဆွဲခေါ်သွားတဲ့တယောက်ပဲ။
ဒါယောင်းကလည်း ထိုသူနှင့် သိနေပုံရသည်။
ဒီ ရုပ်ချောချော သူဌေးသားက ဒါယောင်းတို့ မောင်နှမနဲ့ ဘယ်လိုပတ်သက်နေတာလဲ ???
( ဖတ်ရတာ ပျင်းစရာကောင်းနေလားဟင် ?? ဇာတ်လမ်းကို ဖြေးဖြေးလေးနဲ့ အေးအေးလေးသွားချင်တာကြောင့် ဝုန်းဒိုင်းကြီး ဇာတ်ရှိန်တတ်မှာတော့ မဟုတ်ပါဘူး။😔 နည်းနည်းတော့သည်းခံပြီးဖတ်ပေးမယ်မို့လား နောက်ပြီးပြောချင်တာကတော့ update မမှန်တဲ့အတွက် တောင်းပန်ပါတယ်လို့...🙇 မှန်နိုင်အောင်လည်း ကြိုးစားနေပါတယ် ဟီးး
အားလုံးပဲ နှစ်သစ်မှာ စိတ်ချမ်းသာမှုတွေရရှိပြီး လိုရာဆုတောင်းတွေ ပြည့်ဝကြပါစေရှင်💜 )
⭐⭐⭐⭐⭐⭐⭐⭐
Zawgyi
ညေနပိုင္း စက္႐ုံတခ်ိဳ႕ကို လိုက္စစ္ေဆးၿပီးေနာက္မွာေတာ့ သူကိုယ္တိုင္လဲ ပင္ပန္းလို႔ေနၿပီျဖစ္သည္။
႐ုံးဆင္းရန္အခ်ိန္လည္း သိပ္မလိုေတာ့တာေၾကာင့္ ကုမၸဏီသို႔ မဝင္ေတာ့ဘဲ အိမ္ကိုသာျပန္ဖို႔ ဒါ႐ိုက္ဘာကိုေျပာလိုက္သည္။
႐ုံးဆင္းခ်ိန္မို႔ ယာဥ္လမ္းေၾကာေတြလဲ အနည္းငယ္ပိတ္လို႔ေနသည္။ လမ္းတဖက္မွာရွိတဲ့ ကိတ္ဆိုင္သို႔ အၾကည့္ေရာက္သြားေတာ့ ဟယ္အင္းအတြက္ ဝယ္သြားဖို႔ စိတ္ကူးမိသည္။
ဟယ္အင္းက သူ႔အေပၚအျပည့္အဝခြင့္လႊတ္မေပးေသးေပ့မဲ့ ပစ္ပစ္ခါခါ ျငင္းမပစ္ဘူးဆိုတာ သိသည္။ ထို႔ေၾကာင့္ သူ႔အေပၚ ပို၍ အျမင္ၾကည္လာရန္ ႀကိဳးစားေနမိသည္။
သူကိတ္ေ႐ြးေနတုန္း အျပင္ကိုလွမ္းၾကည့္မိေတာ့ ျပည့္က်ပ္ေနေသာ ကားတန္းရွည္ႀကီးမွာ နည္းနည္းမေ႐ြ႕လ်ားေသး။ သို႔ႏွင့္ ခ်ိစ္ကိတ္တခ်ိဳ႕ကို စိတ္ႀကိဳက္ဝယ္ယူၿပီးေနာက္ ဆိုင္ထဲမွ ထြက္ခဲ့လိုက္သည္။
လူသြားစၾကၤန္မွာ ရွင္းလင္းမေနသလို အရမ္းလဲ ရႈပ္မေနပါေခ်။ ဟိုဟိုဒီဒီအေရွ႕အေနာက္သြားလာေနၾကေသာ လူေတြၾကားမွာ ရပ္ေနေသာ တစုံတေယာက္ဆီသို႔ သူ႔အၾကည့္ေရာက္သြားမိေတာ့ ခဏတာ ေငးၾကည့္မိလိုက္သည္။
သူေတြ႕ဖူးေသာ ထိုေကာင္ေလးမွာ အရင္လိုပဲ လူငယ္ဆန္ဆန္ ၾကည့္ေကာင္းဆဲပင္ျဖစ္လင့္ကစား မ်က္ႏွာမွာ စိတ္တိုေနဟန္ အတိုင္းသား ေပၚလို႔ေနသည္။
ယခင္သူ႔ဘက္က တင္တင္စီးစီး စကားေျပာခဲ့တုန္းကေတာင္ ဒီေလာက္ ေဒါသထြက္ခဲ့ပုံမေပၚ။
မ်က္ခုံးတန္းႏွစ္ခုမွာ ထိကပ္လုျဖစ္ကာ တခ်က္တခ်က္ စိတ္မရွည္စြာျဖင့္ နဖူးေပၚက်ေနေသာ ဆံပင္မ်ားကို လက္ျဖင့္ ခပ္ၾကမ္းၾကမ္းလွန္တင္ပစ္လိုက္ေသးသည္။
သူႏွင့္ မ်က္ႏွာခ်င္းဆိုင္မွာ ရပ္ေနေသာသူကေတာ့ သူႏွင့္ဆန႔္က်င္စြာ စိတ္ေအးလက္ေအးရွိေနဟန္တူသည္။
ႏႈတ္ခမ္းတေထာ္ေထာ္ႏွင့္ ရန္ေတြ႕ေနေသာထိုေကာင္ေလးမွာ ႐ုပ္ေလးႏွင့္မလိုက္စြာ စိတ္တိုလြယ္တဲ့သူျဖစ္ႏိုင္သည္။
သူဆက္ၾကည့္မေနေတာ့ဘဲ ကားဆီသို႔သြားမည္အျပဳမွာ ထိုေကာင္ေလးက သူ႔ကိုၾကည့္ေနတာကို ခံစားမိ၍လားမသိ၊ သူ႔ဘက္သို႔လွည့္ၾကည့္လာ၏။
နည္းနည္းေတာ့ အခက္ေတြ႕ရသည္ပင္။ ႏႈတ္ဆက္ရေလာက္ေအာင္ထိ ရင္းႏွီးဖူးတာလည္းမဟုတ္၊ မသိခ်င္ေယာင္ေဆာင္သြားဖို႔ကလည္း ကိုယ္က အရင္ၾကည့္မိသူျဖစ္ေနရာ ေနရခက္လွသည္။
ဒါေယာင္းႏွင့္လည္းျပတ္စဲသြားသည္ျဖစ္ရာ ပတ္သက္ဖူးေသာ ရည္းစားေဟာင္း၏ေမာင္အား ႏႈတ္ဆက္ေနစရာ မလိုအပ္ဟုေတြးရင္း မိမိဦးတည္ရာဆီသို႔သာဆက္သြားရင္း လ်စ္လ်ဴရႈလိုက္မိသည္။
ထိုေကာင္ေလးကလည္း သူ႔ကို နည္းနည္းမွ ရင္းႏွီးဟန္မျပပါ။စိတ္တိုေနေသာမ်က္ႏွာႏွင့္အတူ ေျခလွမ္းႀကဲႀကီးေတြျဖင့္ သူ႔နားမွျဖတ္ေလွ်ာက္သြားေလသည္။
" ေနပါအုံးကြ ... မင္းကလည္း ေဒါသကႀကီးလိုက္တာ "
ထိုေကာင္ေလးေနာက္မွ အေျပးလိုက္ကာေအာ္ေခၚေနေသာသူက ခုနက တူတူရပ္ကာစကားေျပာေနသူပဲျဖစ္သည္။
" ကြၽန္ေတာ္ေျပာတာကို ခင္ဗ်ားနားမလည္ေသးဘူးလား "
ထယ္ေယာင္းရဲ႕ အသံခပ္ဩဩမွာ စိတ္မရွည္မႈေတြက အတိုင္းသားပါဝင္ေနသည္။
ဘယ္လိုကံဆိုးလိုက္တဲ့ေန႔လဲ။
အိမ္အတြက္လိုအပ္တာေလးေတြရယ္ စားစရာအခ်ိဳ႕ရယ္ လာဝယ္တုန္း အမျဖစ္သူရဲ႕ ရည္းစားေဟာင္းေတြနဲ႔ ေတြ႕ရမယ္လို႔ ဘယ္သူကထင္မွာလဲ။
ဂ်ဴဟြန္းဆိုေသာ သေကာင့္သားမွာ ႏွစ္ေပါင္းမ်ားစြာတည္းက ရင္းႏွီးေနသလိုအခ်ိဳးႏွင့္ သူ႔အား ဖက္လွဲတကင္း ျပဳမူေနသည္ကို ထယ္ေယာင္းလုံးဝမႏွစ္ၿမိဳ႕ပါ။
သူႏွင့္ အရက္အတူေသာက္ရန္ ဇြတ္ေခၚေနတာေၾကာင့္ အလုပ္ရွိေသးေၾကာင္းေျပာၿပီး ျငင္းေသာ္လည္းမရ၍ မိမိ အမျဖစ္သူအား ဒုကၡေရာက္ေအာင္လုပ္သြားေသာ သူတေယာက္ႏွင့္ အရက္အတူတူမေသာက္ႏိုင္ဟု ေျပာေနတုန္းမွာပင္
တစုံတေယာက္က မိမိအားၾကည့္ေနသလိုခံစားလိုက္ရသည္။ မသိစိတ္ရဲ႕ေစ့ေဆာ္မႈနဲ႔အတူ လွည့္ၾကည့္မိလိုက္ေတာ့ ဂ်ဳံးဂုဆိုေသာသူ။
ထိုလူမွာ မမအေၾကာင္း ေမးခ်င္ေနသျဖင့္ လွမ္းၾကည့္ေနပုံရသည္။
စိတ္ရႈပ္ရႈပ္ျဖင့္ ထိုလူအားလည္း မသိခ်င္ေယာင္ေဆာင္ရင္း ဂ်ဴဟြန္းဆိုတဲ့သူကိုလည္း စကားဆက္မေျပာခ်င္ေတာ့သျဖင့္ လွည့္ထြက္ခဲ့လိုက္သည္။
" လာစမ္းပါ ထယ္ေယာင္းရာ ... သူစိမ္းေတြလိုလုပ္မေနစမ္းပါနဲ႔ "
ေနာက္ကေန သူ႔လက္ကိုဇြတ္ဆြဲထားတဲ့သူေၾကာင့္ စိတ္တိုတိုနဲ႔ ခါထုတ္လိုက္ေပ့မဲ့ ထိုလူက အေလ်ာ့မေပးဘဲ ျပန္ဆြဲလာျပန္သည္။
ဘာအေၾကာင္းေၾကာင့္ သူ႔ကို ဇြတ္ေခၚေနလဲ မသိရေပ့မဲ့ ေကာင္းတဲ့ကိစၥေတာ့ မျဖစ္ႏိုင္။ သူ႔ျမင္ေတာ့ ၿခိမ္းေျခာက္ၿပီးပိုက္ဆံလာမေတာင္းတာဘဲ ေတာ္ေသးသည္။
" ကြၽန္ေတာ္ တကယ္မအားဘူး ... ၿပီးေတာ့ ခင္ဗ်ားနဲ႔ တူတူ အရက္ထိုင္ေသာက္ရေအာင္ထိ မ႐ူးေသးဘူး !! "
" ငါက မင္းနဲ႔ ရင္းႏွီးခ်င္႐ုံေလးပါ ... မေကာင္းတဲ့စိတ္မရွိပါဘူး ... ေနာက္ၿပီး ျဖစ္ခဲ့တဲ့ကိစၥအားလုံး ေတာင္းပန္ခ်င္လို႔ပါ ... ခုကစၿပီး မင္းတို႔ကို အေႏွာင့္အယွက္မေပးေတာ့ပါဘူး "
ထိုလူရဲ႕စကားေၾကာင့္ ထယ္ေယာင္း အနည္းငယ္ေတြေဝသြားရသည္။ တကယ္ပဲ အျမင္မွန္ရသြာတာလား .. ဒါမွမဟုတ္ ဘာေတြ ထပ္ႀကံေနျပန္တာလဲ??
ဘယ္လိုပဲျဖစ္ေနပါေစ ... ဒီလိုလူမ်ိဴးနဲ႔သူမပတ္သက္ခ်င္။
သူထပ္ျငင္းရန္ျပင္ရင္း ဆြဲထားတဲ့လက္ကိုအသာ႐ုန္းၾကည့္ေသာ္ မလႊတ္။ လက္တဖက္ကလဲ ခုနကဝယ္လာတဲ့အထုပ္ေတြနဲ႔မို႔ စိတ္ရႈပ္လာရသည္။
ဒီပုံစံက ေတာင္းပန္တာထက္ ၿခိမ္းေျခာက္ေနတာႏွင့္ပင္ ပိုတူေသးသည္။
" ထယ္ေယာင္း "
ေနာက္ထပ္ မရင္းႏွီးေသာအသံက ေနာက္နားက ထြက္ေပၚလာျပန္သည္။
လာျပန္ၿပီေနာက္တေယာက္။
ဒီခ်ိန္က်မွ တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕တတ္တယ္။ သူကေရာ ဘာျဖစ္ခ်င္ျပန္တယ္မသိ။
" ဘယ္သြားမလို႔လဲ "
ဂ်ဳံးဂုေမးလိုက္ေသာ စကားေၾကာင့္ ထယ္ေယာင္းမွာ ခဏတာဆြံ႕အသြားကာ ဘာျပန္ေျဖရမယ္မသိျဖစ္သြားရသည္။
ထိုသူ႔ႏႈတ္က စထြက္လာမည့္စကားက မမ အေၾကာင္းပဲျဖစ္လိမ့္မည္ဟု ေတြးထားၿပီး ယခုလို သာမန္ေမးခြန္းတခုလို႔ မထင္ထားခဲ့ပါ။
" အလုပ္ကိုျပန္မွာလား အိမ္ျပန္မွာလား "
" သူကဘယ္သူလဲ "
အနည္းငယ္ေအးလာေသာ ညေနခင္းမွာ အေပၚထပ္ကုတ္အရွည္ကိုဝတ္စုံအျပည့္ႏွင့္ ဝတ္ဆင္ထားေသာ ထို အမ်ိဳးသားမွာ ၾကည့္ေကာင္းသည္ထက္ပိုသည္။ဆံပင္တို႔ကို သပ္ရပ္စြာ နဖူးထက္လွန္တင္ထားေသာေၾကာင့္ တည္ၾကည္ေသာ မ်က္ႏွာမွာ ပို၍ ရွင္းလင္း ခန႔္ညားလို႔ေနသည္။
" သူကဘယ္သူလဲ "
ဂ်ဴဟြန္းရဲ႕ အေမးစကားထဲမွာ စူးစမ္လိုစိတ္အျပည့္။
ထိုခဏမွာ ထိုလူ႔လက္ထဲမွ ထယ္ေယာင္း႐ုန္းထြက္လိုက္ၿပီး ဂ်ဳံးဂုဘက္ကိုလဲ ဝတ္ေၾကတန္းေၾက ခပ္ျမန္ျမန္ေျဖလိုက္သည္။
" အလုပ္ကိုပဲ ျပန္မွာ "
ဂ်ဴဟြန္းႏွင့္ ဂ်ဳံးဂုကေတာ့ တေယာက္ကိုတေယာက္ ၾကည့္ရင္း အကဲခတ္လို႔ေနသည္။
ထယ္ေယာင္းကေတာ့ မသိခ်င္ေယာင္ေဆာင္လ်က္ ႏွစ္ေယာက္လုံးကို ေက်ာခိုင္းပစ္ခဲ့ေလသည္။
" ထယ္ေယာင္း... ေနပါအုံးဆို ..မင္း အလုပ္ဆင္းလာတာမလား "
အတင္းကာေရာ ေမးေနေသာဂ်ဴဟြန္းအား ထယ္ေယာင္း ဘာမွ လွည့္မေျဖေသးခင္မွာပင္ ဂ်ဳံးဂုက ေျပာလိုက္သည္။
" ကိုယ္သူနဲ႔ သြားစရာရွိလို႔ ခ်ိန္းထားတာ .... လာ ... သြားမယ္ ကားက ဟိုေရွ႕နားမွာတင္"
သို႔ႏွင့္ ပထမတေယာက္ရန္က ကင္းေစရန္အလို႔ငွာ ဒုတိယတေယာက္ထံသို႔ လိုက္ပါခဲ့ရေလသည္။
သူတို႔ကားေပၚေရာက္ၿပီး မၾကာခင္မွာဘဲ ဂ်ဴဟြန္းလည္း လွည့္ျပန္သြားခဲ့သည္။
" မင္း သူငယ္ခ်င္းလား ??? "
" မဟုတ္ပါဘူး "
" ဪ ဟိုတေယာက္က တအားခင္ေနတဲ့ပုံဆိုေတာ့ သူငယ္ခ်င္းလို႔ထင္သြားတာ ... "
" ခင္ဗ်ားကေရာ ဘာလို႔ မဆိုင္ဘဲ ဝင္ပါရတာလဲ "
" မင္းမို႔လို႔ မဟုတ္ပါဘူး ဒီတိုင္းပဲ
မ်က္စိထဲ ၾကည့္ရအဆင္မေျပလို႔ေလ .. "
" ဘာပဲျဖစ္ျဖစ္ ေက်းဇူးပါ .. ကြၽန္ေတာ္လဲ ဆင္းေတာ့မယ္ "
တေ႐ြ႕ေ႐ြ႕ေရွ႕ဆက္ေနတဲ့ ကားေၾကာင့္ ရပ္ေပးဖို႔ ေျပာရန္ပင္ မလိုပါေခ်။
" ခုနက တေယာက္ေျပာပုံအရဆို အလုပ္ဆင္းၿပီမလား .. ??အိမ္လိုက္ပို႔ေပးမယ္ "
ကားေပၚလဲ ေရာက္ေနၿပီးမွေတာ့ မထူးေတာ့ဘူးမလား။ ကားေလးနဲ႔ အိမ္ျပန္ပို႔ရတာ ပင္ပန္းတာလဲမဟုတ္တဲ့အျပင္ ကားကလည္း သူကိုယ္တိုင္ေမာင္းရတာမွ မဟုတ္တာ။ ဒါကို တဖက္သူက ခပ္စိမ္းစိမ္းမ်က္လုံးေတြနဲ႔ ၾကည့္လာကာ ....
" ခင္ဗ်ား မမ အေၾကာင္းေမးခ်င္လို႔ စကားရွာေနတာလား "
" ဟမ္ ? "
ဒါေယာင္း အဆင္ေျပရဲ႕လား သိခ်င္သည့္တိုင္ ထိုေကာင္ေလးကိုေမးၾကည့္ဖို႔ သူ႔မွာ စိတ္ကူးမရွိခဲ့။ ဒီကေလးက နဂိုတည္းကမွ သူ႔ကိုၾကည့္မရေနခဲ့တာေလ။
" မဟုတ္ပါဘူး "
" .... "
" တကယ္ပါဆို !!! "
ခုထိ သံသယမ်က္လုံးနဲ႔ စိုက္ၾကည့္ေနေသးေသာ ထယ္ေယာင္းေၾကာင့္ သူ႔မွာ ေၾကာင္ေတာင္ေတာင္နဲ႔ ေျဖရွင္းေနရေသးသည္။
" ၿပီးတာပဲေလ .. ကြၽန္ေတာ့္မမကလည္း ခင္ဗ်ားကို သတိမရပါဘူး ... အဲ့ဒီေတာ့ ခင္ဗ်ားလဲ ကိုယ့္မိန္းမကိုသာ ဂ႐ုစိုက္ .. ဒါကေတာ့ ခင္ဗ်ားကို ေက်းဇူးတင္တဲ့အေနနဲ႔ေပးတာ ... သြားၿပီ "
ေခ်ာကလက္ကြတ္ကီးေလး တထုပ္ကို သူ႔ထံပစ္ေပးခဲ့ရင္း ဆင္းသြားေသာ ေကာင္ေလးအားၾကည့္ရင္း စိတ္ထဲမွ တိတ္တိတ္ေလး ေဝဖန္လိုက္သည္။
' ကေလးဆန္လိုက္တာ ...'
..........
သူအလုပ္လုပ္တဲ့ဆိုင္ကို ဘယ္ကေန ဘယ္လိုမ်ားသိသြားလဲ မသိ။ လမ္းမွာ အမွတ္မထင္ေတြ႕မိတဲ့ေန႔ကၿပီး ဒီေန႔အထိ အလုပ္ဆင္းခ်ိန္တိုင္းတြင္ ေန႔စဥ္ရက္ဆက္ လာေစာင့္ေနတတ္ေသာ ဂ်ဴဟြန္း၏ အေၾကာင္းျပကို ေနာက္ဆုံးေတာ့ သိသြားခဲ့ၿပီျဖစ္သည္။
သူ႔ကိုအခ်ိန္မေပးမခ်င္း လက္ေလ်ာ့မည့္ပုံမေပၚတာေၾကာင့္ ဒီေန႔ေတာ့ ဆိုင္ထဲေခၚကာ လြတ္ေနတဲ့ဝိုင္းမွာ ထိုင္ခိုင္းလိုက္သည္။
ဆိုဂ်ဴတပုလင္းကိုခ်ေပးရင္း သိခ်င္တာကိုပဲဒဲ့ေမးလိုက္သည္။
" ကဲ ... ခင္ဗ်ား ကြၽန္ေတာ့္ဆီက ဘာလိုခ်င္ေနတာလဲ ေျပာၾကည့္ပါအုံး "
ေဒါသသံႏွင့္ မဟုတ္ေပ့မဲ့ တည္တင္းေနေသာ႐ုပ္ႏွင့္ ေအးစက္ေနေသာ အသံက သူ႔ကို မၾကည္ျဖဴမွန္း ဂ်ဴဟြန္းသိတာေၾကာင့္ သိခ်င္တာကိုခ်က္ခ်င္းပဲေမးလိုက္ေတာ့သည္။
" ဒါေယာင္း အခုဘယ္မွာေနေနတာလဲ "
" ဟားး .... ဘာလဲ ကြၽန္ေတာ့ အေဖ့ဆီက ပိုက္ဆံ မရလို႔ မမ ဆီေျပာင္းေတာင္းမလို႔လား "
" မဟုတ္ပါဘူး ... ဟိုတရက္က မင္း အမနဲ႔ ဖုန္းေျပာေတာ့ အသံက ေတာ္ေတာ္ေလးအဆင္မေျပသလိုခံစားရလို႔ ... ေနမေကာင္းေနတာလားဆိုၿပီး သိခ်င္လို႔ပါ "
" ခင္ဗ်ားက မမ နဲ႔ဖုန္းေျပာတယ္ ??"
" ဒါေယာင္းနဲ႔ ငါျပန္အဆင္ေျပေနၿပီေလ ..."
" မမေနမေကာင္းဘူးဆိုရင္ေတာင္ ကြၽန္ေတာ္သြားၾကည့္လိုက္မယ္ ခင္ဗ်ားစိတ္ပူစရာမလိုဘူး "
" အဲ့လိုမလုပ္စမ္းပါနဲ႔ ထယ္ေယာင္းရာ ... လိပ္စာေလးပဲေျပာေပးစမ္းပါ မင္း အမက မႀကိဳက္ဘူးဆို ငါမသြားေတာ့ပါဘူး မင္းဆီက သိရတယ္ဆိုတာလဲ ငါမေျပာပါဘူး "
" ကြၽန္ေတာ္မသိဘူး "
" မင္းညာေနတာ "
" တကယ္ေျပာတာ ... ခင္ဗ်ားက မမ နဲ႔ ဟိုးအရင္တည္းက ခ်စ္သူေတြပဲ ကြၽန္ေတာ္တို႔ ေမာင္ႏွမ ဆက္ဆံေရးကို သိမထားဘူးလား "
" မင္းတို႔အဆင္မေျပဘူးဆိုတာသိေပ့မဲ့ .... "
" ခုသေဘာေပါက္ၿပီမလား ေျပာလက္စနဲ႔ တခါတည္းေျပာလိုက္အုံးမယ္ ... ေနာက္ဆို မမရဲ႕ ဗီဒီယိုဖိုင္ေတြနဲ႔ ေဖေဖ့ကိုလာေငြမေတာင္းပါနဲ႔ ... မမ ကိုယ္တိုင္က သူ႔အတြက္ ဂ႐ုမစိုက္နဲ႔လို႔ လာေျပာၿပီးသားမို႔ ကြၽန္ေတာ္တို႔အတြက္ အဲ့ဒါက အေရးမပါေတာ့ဘူး ... ခင္ဗ်ားဘာသာ ဘယ္မွာ တင္တင္ ဘယ္သူ႔ပဲျပျပ ကိစၥမရွိဘူး "
သိခ်င္တာ မသိရတဲ့ဂ်ဴဟြန္းမွာ ထပ္ၿပီး ထယ္ေယာင္းႏွင့္ အခ်ိန္မျဖဳန္းေတာ့ဘဲ ခဏထိုင္ၿပီးေနာက္ ျပန္သြားေတာ့သည္။
အခြင့္အေရးရတာႏွင့္ ထိုလူ ေနာက္ထပ္ပိုက္ဆံလာမေတာင္းေစရန္ ဟုတ္တာေရာ မဟုတ္တာေရာေပါင္းၿပီး ေျပာထည့္လိုက္သည္။ ထိုမွသာ ေဖေဖလဲ စိတ္ေအးခ်မ္းစြာ ေနႏိုင္မည္ျဖစ္သည္။ အကယ္၍မ်ား ထပ္ၿခိမ္းေျခာက္လာလွ်င္ေတာင္ ၿငိမ္ခံေနဖို႔သူ႔မွာ စိတ္ကူးမရွိေခ်။ လတ္တေလာျပသနာကို မေျဖရွင္းႏိုင္ေသးေတာင္ ထိုလူ႔ကို ႏွာေခါင္းက်ိဳးေအာင္ေတာ့ ထိုးပစ္ႏိုင္ေသးသည္။
ဂ်ဴဟြန္းထြက္သြားေတာ့မွ ေငြေကာင္တာမွာထိုင္ေနရင္း စူးစမ္းေနတဲ့သူေဌးက သူ႔နားထလာကာေမးေလ၏။
" သူက ဘယ္သူႀကီးလဲ .. "
" ကြၽန္ေတာ့္ အမရဲ႕ ရည္းစားေဟာင္း ... အင္းး ခုလဲ ျပန္တြဲေနတဲ့ပုံပါပဲ "
" ပုံစံၾကည့္ရသေလာက္ကေတာ့ လူေကာင္းနဲ႔ သိပ္မတူဘူးေနာ့္ "
" ဟုတ္တယ္ တကယ္ မေကာင္းတဲ့ေကာင္.... "
ထို႔ေနာက္ ဆိုင္သိမ္းရင္းနဲ႔ ဂ်ဴဟြန္းဆိုေသာ ေကာင္ရဲ႕ အေၾကာင္းကို သူေဌးအား အက်ဥ္းခ်ဳံးေျပာျပလိုက္သည္။
" အဲ့လိုလူမ်ိဳးကို မင္းအမက ျပန္တြဲေနတာလား ... တကယ္ အံ့ဩစရာပဲ ... သိပ္လဲ စိတ္မပူပါနဲ႔ မင္းအမက မင္းထက္အဆတရာေလာက္ လည္တယ္ "
" သူ႔ဇာတ္သူ ႏိုင္ေအာင္ က ႏိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့ဗ်ာ "
............
ဒီေန႔မွာေတာ့ ရာသီဥတုလဲ သာယာတာေၾကာင့္ ဒါေယာင္းတေယာက္ စိတ္ေျပလက္ေပ်ာက္ အျပင္သို႔ ထြက္ခဲ့လိုက္သည္။
ဂ်ဳံးဂုႏွင့္ျပတ္ၿပီးစိတ္ညစ္ညစ္နဲ႔ အရက္ထြက္ေသာက္တာမ်ိဳးရွိခဲ့ေပ့မဲ့ ေနာက္ပိုင္းမွာ အိမ္ထဲမွာပဲ အခ်ိန္ျပည့္ေနျဖစ္တာကမ်ားသည္။
ဂ်ဴဟြန္းက အခ်ိဳးေတြေျပာင္းၿပီး သူမ
အေပၚေကာင္းလာေပ့မဲ့ ခုခ်ိန္မွာေတာ့ သူမအျပည့္အဝ မယုံရဲေတာ့ပါေခ်။
ခုခ်ိန္မွာ သူမဘဝအတြက္ သူမကိုယ္တိုင္ရပ္တည္ရေတာ့မည္ျဖစ္တာေၾကာင့္ အိမ္ထဲပဲေအာင္းေနလို႔မရေတာ့။ အလုပ္တခုေတာ့ရွာမွ ျဖစ္မည္။ သို႔ေသာ္လည္း ဂ်ဳံးဂု ရွိစဥ္အခါက တ,တိုင္းရေနေသာ ဘဝမ်ိဳးျဖစ္ခဲ့တာေၾကာင့္ ယခုလိုမိမိကိုယ္ကို အားကိုးရမည့္အခါမ်ိဳးေရာက္လာခဲ့ေတာ့ နည္းနည္းေတာ့ ေယာင္ခ်ာခ်ာျဖစ္လို႔ေနသည္။
ယခင္က ဘဝအတြက္ႀကိဳးစားခဲ့ဖူးေသာ အခ်ိန္တို႔က တႏွစ္ေက်ာ္ကာလၾကာၿပီးေနာက္ သူမမွတ္ဉာဏ္ထဲမွာ ေဝဝါးသြားခဲ့ၿပီပင္။
ပညာအရည္အခ်င္းလဲ ေကာင္းေကာင္းမရွိပါေသာ သူမအတြက္ ကုမၸဏီတခုမွာ အလုပ္ရဖို႔ဆိုတာ အေဝးႀကီးျဖစ္သည္။ အားလုံးအက်ဥ္းခ်ဳပ္လိုက္ပါလွ်င္ေတာ့ သူမအတြက္ အခ်ိန္ပိုင္းအလုပ္ သို႔မဟုတ္ သာမန္ အေရာင္းဝန္ထမ္းအလုပ္မ်ိဳးသာ ရႏိုင္ေလသည္။
သူမေျခဦးတည့္ရာေလွ်ာက္ေနတုန္းမွာပဲ ဂ်ဴဟြန္းထံမွ ဖုန္းဝင္လာသည္။ ဒီရက္ပိုင္း ခဏခဏဆက္တတ္သည္မို႔ အေထြအထူးစဥ္းစားမေနေတာ့ဘဲ ဖုန္းကိုင္လိုက္ေတာ့သည္။
" ဒါေယာင္း ဘာလုပ္ေနလဲ "
" ငါအျပင္မွာ .. "
" ဘယ္မွာ ?? "
" ဒီတိုင္း ဟိုသြား ဒီသြားပဲ .. အလုပ္ရွာၾကည့္မလို႔ "
" အလုပ္ရွာေနတာလား ?? .. ကိုယ့္သူငယ္ခ်င္း ေကာ္ဖီဆိုင္မွာ ဝန္ထမ္းလိုေနတယ္ ေလွ်ာက္ၾကည့္ခ်င္လား"
" အင္း ေလွ်ာက္ၾကည့္တာေပါ့ "
" ဒါဆို ကိုယ္လိပ္စာပို႔လိုက္မယ္ လာခဲ့လိုက္ေလ ... ကိုယ္လဲ အဲ့နားမွာဆိုေတာ့ ခဏေနေတြ႕မယ္ "
ဘာပဲေျပာေျပာ အသိရွိေတာ့ အလုပ္ရဖို႔ ပိုလြယ္မည္ထင္သည္။သို႔ႏွင့္ ဂ်ဴဟြန္းပို႔လိုက္ေသာ လိပ္စာဆီသို႔ထြက္ခဲ့လိုက္သည္။
ဆိုင္ေရွ႕သို႔ေရာက္ေတာ့ ဂ်ဴဟြန္းကေရာက္ႏွင့္ေနၿပီး သူမကိုေစာင့္ေနပုံေပၚသည္။
" ေစာင့္ေနရတာၾကာသြားလား "
" ကိုယ္လဲ ခုနကမွေရာက္တာ..လာေလ အထဲဝင္ရေအာင္ "
သီခ်င္းေအးေအးေလးဖြင့္ထားေသာ ဆိုင္ေလးထဲမွာ လူလည္း အရမ္းမရႈပ္ဘဲ ေအးေဆးေလးရွိလို႔ေနသည္။ တံခါးကိုဖြင့္လိုက္ခ်ိန္မွာလည္း အလွဆင္ထားေသာ ေခါင္းေလာင္းသံေလးေတြက လြင့္ပ်ံ႕လ်က္။
ဆိုင္ရဲ႕ အေနာက္ခန္းထဲမွ ထြက္လာေသာသူတေယာက္က သူတို႔ကိုျမင္ေတာ့ လက္တဖက္ေျမာက္ျပရင္း လွမ္းႏႈတ္ဆက္ေလသည္။
" ေဟ့ ဂ်ဴဟြန္း ေရာက္လာၿပီလား .. "
" ကိုယ့္သူငယ္ခ်င္းကို ႀကိဳေျပာျပထားတယ္ အဆင္ေျပမွာပါ "
ဂ်ဴဟြန္းရဲ႕လက္ေတြကသူမ ပခုံးေပၚဖက္ကာ တင္လ်က္ အနားနားကပ္ကာေျပာရင္း အားေပးသည္။
သူမကိုယ္တိုင္လဲ အားတင္းကာ ၿပဳံးျပလိုက္သည္။
" လာ .... ထိုင္ၾကေလ .. တခုခုေသာက္ေလ ဘာႀကိဳက္လဲ အပူလား အေအးလား "
" ရပါတယ္ မေသာက္ေတာ့ပါဘူး "
" အားမနာပါနဲ႔ ကြၽန္ေတာ္နဲ႔ ဂ်ဴဟြန္းက သူငယ္ခ်င္း အရင္းႀကီးေတြေလ ..ကြၽန္ေတာ့္နာမည္က ဆြန္းေခ်ာပါ .. ဒါေယာင္းအေၾကာင္းေတာ့ သူေျပာျပထားပါတယ္ "
သူမ ဂ်ဴဟြန္းကို ၾကည့္လိုက္ေတာ့ သူကျပာျပာသလဲ ရွင္းခ်က္ထုတ္သည္။
" ကိုယ္က မင္းအလုပ္ရွာေနတယ္ဆိုတဲ့အေၾကာင္းပဲ ေျပာထားတာပါ "
" ဟားး ဟား ဟုတ္ပါတယ္ တမ်ိဳးမထင္ပါနဲ႔ဗ်ာ .. ေဟး ေကာင္မေလးေတြ စကားမ်ားမေနနဲ႔ ဟိုမွာ ဧည့္သည္ေတြေရာက္တယ္ "
ဂ်ဴဟြန္းရဲ႕ သူငယ္ခ်င္း ေအာ္သံေၾကာင့္ စကားမ်ားေနေသာ ကေလးမေလး တသိုက္မွာ အခုမွဝင္လာေသာ ကာစတန္မာရွိတဲ့ဝိုင္းဆီသို႔ ေျပးသြားၾကေလသည္။
" အဲ့ေကာင္မေလးေတြကေလ စကားေျပာေနရရင္ အကုန္ေမ့ ... ဘာကိုမွဂ႐ုမစိုက္ၾကေတာ့ဘူး "
ဆြန္းေခ်ာစကားအား အၿပဳံးေလးနဲ႔ တုန႔္ျပန္ရင္း ခုနက ေကာင္မေလးေျပးသြားတဲ့ေနရာကိုၾကည့္လိုက္မိေတာ့ ..
" ဂ်ဳံးဂု !! "
သူႏွင့္ တျခားလူႏွစ္ေယာက္လဲပါေသးသည္။ အလုပ္ကိစၥတခုခု လာေရာက္ေဆြးေႏြးၾကပုံေပၚသည္။
" ဘယ္သူလဲ ?? "
ေငးၾကည့္ေနေသာ သူမအား ဂ်ဴဟြန္းကလွမ္းေမးလိုက္သည္။
" အသိလား "
" ဟင္ .. မ ..မဟုတ္ပါဘူး "
အၾကည့္တို႔ကို ႐ုတ္သိမ္းၿပီး အလုပ္အေၾကာင္းရွင္းျပေနေသာ ဆြန္းေခ်ာဆီသာ အာ႐ုံျပန္ပို႔ထားလိုက္ေတာ့သည္။
သို႔ေသာ္လည္း တျခားတေနရာသို႔သာ အာ႐ုံေရာက္ေနသူတေယာက္ကလည္း ရွိေနေသးသည္။
ဒါေယာင္းေငးၾကည့္ေနေသာသူဆီ သူၾကည့္လိုက္ေတာ့ ခ်က္ခ်င္းပဲသူမွတ္မိသြားခဲ့သည္။
ဟိုတေန႔က ထယ္ေယာင္းကို ဆြဲေခၚသြားတဲ့တေယာက္ပဲ။
ဒါေယာင္းကလည္း ထိုသူႏွင့္ သိေနပုံရသည္။
ဒီ ႐ုပ္ေခ်ာေခ်ာ သူေဌးသားက ဒါေယာင္းတို႔ ေမာင္ႏွမနဲ႔ ဘယ္လိုပတ္သက္ေနတာလဲ ???
( ဖတ္ရတာ ပ်င္းစရာေကာင္းေနလားဟင္ ?? ဇာတ္လမ္းကို ေျဖးေျဖးေလးနဲ႔ ေအးေအးေလးသြားခ်င္တာေၾကာင့္ ဝုန္းဒိုင္းႀကီး ဇာတ္ရွိန္တတ္မွာေတာ့ မဟုတ္ပါဘူး။😔 နည္းနည္းေတာ့သည္းခံၿပီးဖတ္ေပးမယ္မို႔လား ေနာက္ၿပီးေျပာခ်င္တာကေတာ့ update မမွန္တဲ့အတြက္ ေတာင္းပန္ပါတယ္လို႔...🙇 မွန္ႏိုင္ေအာင္လည္း ႀကိဳးစားေနပါတယ္ ဟီးး
အားလုံးပဲ ႏွစ္သစ္မွာ စိတ္ခ်မ္းသာမႈေတြရရွိၿပီး လိုရာဆုေတာင္းေတြ ျပည့္ဝၾကပါေစရွင္💜 )