Wild Rose(complete)

By LahPhan_85

2.4M 202K 29.3K

"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" ... More

Intro
part1(Unicode)
part1(Zawgyi)
part 2(Unicode)
part2(zawgyi)
part3(Unicode)
part3(Zawgyi)
part4(Unicode)
part4(Zawgyi)
part5(Unicode)
part5(Zawgyi)
part6(Unicode)
part6(Zawgyi)
part7(Unicode)
part7(Zawgyi)
part8(Unicode)
part8(Zawgyi)
part9(Unicode)
part9(Zawgyi)
part10(Unicode)
part10(Zawgyi)
part11(Unicode)
part11(Zawgyi)
part12(Unicode)
part12(Zawgyi)
part13(Zawgyi)
part14(Unicode)
part14(Zawgyi)
part15(Unicode)
part15(zawgyi)
part16(Unicode)
part16(Zawgyi)
part17(Unicode)
part17(Zawgyi)
part18(Unicode)
part18(Zawgyi)
part19(Unicode)
part19(zawgyi)
part20(Unicode)
part20(Zawgyi)
part21(Unicode)
part21(Zawgyi)
part22(Unicode)
part22(Zawgyi)
part23(Unicode)
Part23(Zawgyi)
part24(Unicode)
Part24(Zawgyi)
part25(Unicode)
Part25(Zawgyi)
part26(Unicode)
part26(Zawgyi)
part27(Unicode)
part27(Zawgyi)
part28(Unicode)
part28(Zawgyi)
part29(Unicode)
part29(Zawgyi)
part30(Unicode)
part30(Zawgyi)
part31(Unicode)
part31(zawgyi)
part32(Unicode)
part32(zawgyi)
part33(Unicode)
part33(zawgyi)
part34(unicode)
part34(zawgyi)
part35(Unicode)
part35(Zawgyi)
part36(Unicode)
Part36(Zawgyi)
Part37(Unicode)
Part37(Zawgyi)
Part38(Unicode)
Part38(Zawgyi)
Part39(Unicode)
Part39(Zawgyi)
Part40(Unicode)
Part40(Zawgyi)
part41(Unicode)
part41(Zawgyi)
part42(Unicode)
part42(Zawgyi)
part43(Unicode)
Part43(Zawgyi)
part44(Unicode)
Part44(Zawgyi)
Part 45(Unicode)
Part45(Zawgyi)
Part 46(Unicode)
Part46(Zawgyi)
❤🌹
part 47(Unicode)
part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Part 49(Unicode)
Part 49(Zawgyi)
Final(unicode)
Final(zawgyi)
Extra
Extra(Zawgyi)
Announce📍📍📍

part13(Unicode)

30.6K 3.3K 527
By LahPhan_85

အခန်းဝမှ ခဏလောက်ရပ်ကြည့်နေမိပြီး ဆိုင်းလော့ဒ် အထဲသို့ လျှောက်ဝင်ခဲ့လိုက်သည်။ရှင်းခန့်ကတော့ ကုတင်ဘေးသို့ ဆိုင်းလော့ဒ် ရောက်လာသည့်အထိ ထိုပုံစံအတိုင်းသာ ရှိနေလေ၏။

"ခင်ဗျား ဘာဖြစ်လို့လဲ..."

ကုတင်ဘေးနား၌အသာရပ်ရင်း ဆိုင်းလော့ဒ်မေးမိတော့ ရှင်းခန့်က မမှိတ်သုန်လိုက်ကြည့်နေ၏။ပြီးမှ သူ့နံဘေးနေရာအလွတ်အား ထိုင်ဆိုသည့်သဘောဖြင့် လက်ဖြင့်အသာပုတ်ပြလေသည်။ဆိုင်းလော့ဒ် တချက်လောက်တွေသွားပြီးမှ ကုတင်ပေါ်၌ တင်ပါးလွှဲဝင်ထိုင်လိုက်သည်။

"ခင်ဗျား ဘာဖြစ်လို့လဲ နေမကောင်းလို့လား..."

ဆိုင်းလော့ဒ် မေးတော့ ရှင်းခန့်က ဘာတစ်ခွန်းမှ ပြန်မပြောပါပဲ ဒီအတိုင်းသာကြည့်နေ၏။အနီးကပ်ကြည့်တော့မှ အရည်လဲ့နေသော မျက်ဝန်းများနှင့် မျက်တောင်ဖျားလေးတွေ တဖျတ်ဖျတ် လှုပ်ခတ်နေတာကို သတိပြုမိသည်။ပတ္တမြားသွေးရဲနေသော နှုတ်ခမ်းလွှာတို့က တခုခုပြောတော့မလို တုန်ယင်လှုပ်ခတ်သွားပြီးမှ မျက်လွှာချပစ်သည်။ပြီးတော့ ဆိုင်းလော့ဒ်၏ ပခုံးစွန်းလေးအား ထိသည်ဆိုယုံလေး ခေါင်းမှီချလာလေ၏။ရှင်းခန့်၏ အပြုအမူကြောင့် ဆိုင်းလော့ဒ် ဆတ်ကနဲဖြစ်သွားရသည်။ ခန္ဓာကိုယ်အား သတိအနေအထားဖြင့်အလိုအလျောက် အနောက်သို့ယို့ကာ ရှောင်မိတော့ ရှင်းခန့်က ဆိုင်းလော့ဒ်၏ အင်္ကျီလက်မောင်းအစအား အသာပြန်ဆွဲထားပြီး...

"ခဏလေး ဒီအတိုင်း ခဏလေးနေချင်လို့ ခဏလေးပဲ..."

အင်္ကျီအစကို ခပ်တင်းတင်း ဆွဲဆုပ်ကိုင်၍ တိုးဖွအက်ရှစွာ ပြောလာသော ရှင်းခန့်ကြောင့် ဆိုင်းလော့ဒ် ခပ်တောင့်တောင့် ငြိမ်သက်ပေးလ်ိုက်ရသည်။သူက လိင်တူယောက်ျားတွေနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ပူးကပ်ဖို့ မလွယ်ကူလောက်အောင် စိတ်အနှောင့်ယှက်ဖြစ်တဲ့သူဖြစ်သည်။ပြီးတော့ ရှင်းခန့်မောင်နှင့်သူ့ကြားမှာ မရိုးမသားပတ်သတ်မှုတစ်ခါ ရှိခဲ့ဖူးတာမို့ ဒီလူနှင့်ဆက်ဆံရေးကို သူ့မှာအမြဲသတိကပ်နေမိတာဖြစ်သည်။သို့ပေမဲ့ အခုအချိန်မှာတော့ သဘောတူညီချက်အရ ခါးသီးနေပေမဲ့လည်း ခံစားချက်တွေကို မြိုသိပ်ကာ ဒီလူအတွက်ရှိပေးနေရမှာပဲ ဖြစ်သည်။သူအတင်းအကြပ် ငြင်းဆန်ပစ်၍ မရချေ။

ညအိပ်မီးရောင်ပြပြဖြင့် အခန်းတစ်ခုလုံး တိတ်ဆိတ်နေပုံက အသက်ရှုသံမျှင်းမျှင်းလေးကိုပင် ကြားနေရလေသည်။ပခုံးစွန်းမှာ ခေါင်းမှီထားတာကြောင့် လေအဝှေ့မှာ တချက်တချက် လွင့်ပျံ့လာသော ရှန်ပူရနံ့သင်းသင်းလေးကလည်း နှာခေါင်းဝမှာ ကျီစယ်လို့နေသည်။ရှင်းခန့်က ထိုပုံစံအတိုင်း အတန်ကြာငြိမ်သက်လို့နေ၏။

"မင်း...ချက်ချင်းရောက်လာမယ်လို့ မထင်မိဘူး..."

ရှင်းခန့်ဆီမှ လေသံမျှသော အသံလေးခပ်တိုးတိုးထွက်ပေါ်လို့လာ၏။

"ခင်ဗျားခေါ်တဲ့ အချိန်တိုင်း လာပေးရမှာ ကျွန်တော့်တာဝန်ပဲ မဟုတ်လား...."

ဆိုင်းလော့ဒ်၏ စကားကြောင့် ရှင်းခန့်၏ ခန္ဓာကိုယ်လေး ဆတ်ကနဲ ဖြစ်သွားရသည်။

!ဟုတ်သားပဲ! ရမ်ဆိုင်းလော့ဒ်က သူ့အတွက်တော့ အပေးအယူဖြင့် အဖော်လုပ်ဖို့သပ်သပ် ခေါ်ထားတဲ့သူ မဟုတ်လား။ သူ့အတွက်တော့ ကိုယ်က ရှောင်လွဲလို့မရတဲ့ တာဝန်ဝတ္တရားတစ်ခုပါပဲ..!

အတွေးနှင့်အတူ ရှင်းခန့်၏ နှုတ်ခမ်းတို့တင်းကနဲဖြစ်သွားပြီး မှီတွယ်ထားရာမှ ပြန်ခွာလိုက်သည်။

"အဲ့ဒီ အံဆွဲထဲမှာ ဆေးဗူးလေးယူပေး..."

နွမ်းလျစွာပြောလာသော ရှင်းခန့်၏ပုံစံအား ဆိုင်းလော့ဒ် တချက်ငဲ့ကြည့်ပြီး အံဆွဲထဲမှ ဆေးဗူးအားယူပေးလိုက်၏။ပြီးတော့ ရေတစ်ခွက်ပါ အသင့်ငှဲ့ပေးလိုက်လေသည်။ရှင်းခန့်က ဆေးသောက်ပြီးမှ ဖန်ခွက်အား ပြန်ပေးပြီး...

"မင်း...သွားပြန်အိပ်တော့လေ ကိုယ်လည်း ဆေးသောက်ပြီးပြန်အိပ်တော့မယ်..."

"ရတယ် ခင်ဗျားသာ အိပ်ပျော်အောင်ပြန်အိပ်လိုက် ကျွန်တော်စောင့်နေပေးမယ် စိတ်ချလက်ချအိပ်..."

ဆိုင်းလော့ဒ်ပြောတော့ ရှင်းခန့် ဘာမှပြန်မပြောတော့ပဲ အိပ်ရာပေါ်သို့ အသာအယာပြန်လှဲချလေသည်။ဆိုင်းလော့ဒ်က စောင်အားရင်ဘတ်အထိ ဆွဲခြုံပေးလိုက်ပြီး နံဘေး၌ ဒီအတိုင်းထိုင်စောင့်နေလိုက်သည်။အိပ်ဆေးအရှိန်ကြောင့်ထင်သည် ရှင်းခန့်က သိပ်မကြာခင်မှာပဲ အသက်ရှုသံမှန်မှန်ဖြင့် ပြန်လည် အိပ်မောကျလို့သွားလေသည်။
အိပ်ပျော်သွားတာနှင့် ပြန်ဖို့စိတ်ကူးမိပေမဲ့ တကယ်အိပ်ပျော်သွားတော့လည်း ဆိုင်းလော့ဒ် မပြန်ဖြစ်ပေ။

!အိပ်မောကျနေတဲ့ ကြောင်ပေါက်အနားထိုင်စောင့်ရင်း မိုးစင်စင်လင်းခဲ့လေတော့သည်!

~~~~

"ဒီဟာလား..."

"မဟုတ်ဘူး ဟိုဖက်အပေါ်ထောင့်က..."

"ဒီဟာ...."

"မဟုတ်ဘူး အနီမဟုတ်ဘူး..."

"ကျစ်!..."

ဆိုင်းလော့ဒ် ပစ္စည်းတွေတင်ထားသော စင်တန်းများကြားလက်လှမ်းနေရင်းဖြင့် စိတ်မရှည်နိုင်စွာ စုတ်သပ်မိသည်။အလုပ်မရှိတဲ့ညနေလေး အေးအေးဆေးဆေး နားရမလား စိတ်ကူးမိပေမဲ့ ရှင်းခန့်က စျေးသွားဝယ်မည်ဟု ခေါ်တာကြောင့် လိုက်လာခဲ့ရလေသည်။shopping centerထဲရောက်တော့ ရှင်းခန့် ဟိိုဟိုဒီဒီလိုက်ပတ်နေသမျှ တွန်းလှည်ကြီးတွန်း၍ အနောက်က ခြေတိုအောင်လိုက်နေရလေသည်။အိမ်သုံးပစ္စည်းတွေ တွန်းလှည်းအပြည့် ဖြစ်နေတာတောင် ရှင်းခန့်မောင်တို့က ဝယ်လို့မဆုံးချေ။အနောက်ကလျှောက်လိုက်နေရင်း ဆိုင်းလော့ဒ်စိတ်တို့အား အဆုံးစွန်အထိ ဆွဲဆန့်ထားရ၏။အခုလည်း မုန့်ထုပ်ကို ဟိုအရောင်ဒီအရောင်ဖြင့် လက်ညှိုးထိုး ဂျီးထူမဆုံးပေ။

"ဟိုမှာလေ အနီရောင်ရဲ့ အနောက်နှစ်ထုပ်မြောက်မှာ အစိမ်းလေ ငါတောင်မြင်နေရတယ် မင်းအရပ်ကြီးနဲ့ မမြင်ဘူးလား..."

"မြင်နေရရင်လည်း ကိုယ့်ဖာသာယူပါလား..."

ဆိုင်းလော့ဒ် စိတ်မရှည်စွာ ဘုတောမိတော့...

"ကိုယ့်ဖာသာမယူချင်လို့ မင်းကိုခေါ်ခဲ့တာလေ ယူလိုက်စမ်းပါ မင်းအရပ်ကြီးကို ဒီနေရာမှာမသုံးလို့ ဘယ်မှာသုံးချင်လို့လဲ...."

ရှင်းခန့်က လက်မောင်းကိုပါတွန်းတိုက်၍ ​ပြောလာတာမို့ သူလိုချင်တဲ့မုန့်ထုပ်ကို သေချာဆွဲထုတ်ပေးလိုက်ရသည်။

"အစိမ်းဖြစ်ဖြစ် အနီဖြစ်ဖြစ် တံဆိပ်ချင်းမုန့်ချင်းအတူတူပဲကို.."

ဆိုင်းလော့ဒ် မကျေမနပ်ခပ်တိုးတိုး ရေရွတ်တာကို ရှင်းခန့်ကလည်း ကြားဖြစ်အောင်ကြားကာ...

"မုန့်ချင်းတူလည်း အရသာချင်းကွာတယ်..."

"...."

ရှင်းခန့်က ပြောပြီးတာနှင့် ရှေ့မှအရင်ထွက်သွားပြီမို့ ဆိုင်းလော့ဒ် မုန့်ထုပ်အားဆွဲထည့်ကာ နောက်မှလိုက်ခဲ့ရလေတော့သည်။အားလုံးဝယ်ခြမ်းပြီးစီးတော့ casherမှာ ငွေရှင်းပြီး အထုပ်တွေဆွဲ၍ ပြန်ထွက်ခဲ့ကြသည်။အောက်ဆုံးအထပ်ရှိ အမျိုးသားသုံးပစ္စည်းတွေချည်း ရောင်းသော ဆိုင်ရှေ့သို့ရောက်တော့ ရှင်းခန့်က ခြေလှမ်းအားရပ်လိုက်ပြန်သည်။

"ကိုယ် တကယ်ဝယ်ရမဲ့ဟာကို မေ့တော့မလို့..."

ရှင်းခန့် ဆိုင်းလော့ဒ်ကို ပြောသလိုလိုဖြင့် သူ့ဖာသာခပ်တိုးတိုးရေရွတ်ပြီး ဆိုင်ထဲသို့ဝင်ချသွားလေသည်။ဆိုင်းလော့ဒ်လည်း သက်ပြင်းရှိုက်၍သာ နောက်မှလိုက်ဝင်ခဲ့ရသည်။

"ဘာများလိုအပ်ပါသလဲ ခင်ဗျ..."

"boxer ကြည့်ချင်လို့..."

"ဟိုဖက်မှာ အစုံရှိပါတယ်ဗျ ကြွပါ..."

အရောင်းဝန်ထမ်းကောင်လေး လမ်းပြရာနောက်သို့ နှစ်ယောက်အတူ လိုက်ဝင်ခဲ့လိုက်ကြသည်။အမျိုးသားဝတ်အတွင်းခံတွေချည်းထားသော နေရာရောက်တော့ ရှင်းခန့်က ဟိုဟိုဒီဒီရွေးချယ်ကြည့်နေလေသည်။

"ဆိုင်းလော့ဒ်..."

ထင်ထားသည့်အတိုင်း boxerရွေးတာကိုတောင် ရှင်းခန့်မောင်ဟာ သူ့ဆီက အကြံဉာဏ်ယူချင်သည့်ပုံ။ထိုသို့လှမ်းခေါ်မှာစိုး၍ ဆိုင်းလော့ဒ် မသိမသာဖြင့် ခပ်လှမ်းလှမ်းမှ နောက်ချန်နေခဲ့သော်ငြားလည်း မရချေ။တခြားပစ္စည်းတွေ ကြည့်နေသလိုဖြင့် ဆိုင်းလော့ဒ် မသိချင်ယောင်ဆောင်လိုက်သော်လည်း ရှင်းခန့်က အနားသို့ရောက်လာပြီး လက်မောင်းအား ဆွဲကာဖြင့်...

"လာအုံး ဒီမှာလာကြည့်ပေးအုံး..."

"ဟာ ဘာကိုလာကြည့်ရမှာလဲ ကိုယ့်ဖာသာကြိုက်တာဝယ်လေ..."

"မရွေးတက်တော့လို လာရွေးပေးစမ်းပါ..."

"ဟာ..."

ပုံမှန်ဆို ယောက်ျားလေးချင်းမို့ အတွင်းခံကူကြည့်ပေးရတဲ့ ကိစ္စက ဘာမှမဟုတ်တဲ့ကိစ္စဖြစ်သည်။သို့ပေမဲ့ ရှင်းခန့်မောင်ဆိုတာ Gayဖြစ်နေသည့်အပြင် သူတို့ကြားဆက်ဆံရေးက သာမန်လိုမျိုး ရိုးရှင်းနေကြတာမဟုတ်။ထို့ကြောင့် ဆိုင်းလော့ဒ် အနေခက်နေမိတာအမှန်။သို့ပေမဲ့လည်း ဘယ်လိုပဲစိတ်မရှည်ပါစေ မလုပ်ချင်နေပါစေ နောက်ဆုံးမှာတော့ ရှင်းခန့်မောင်၏ အလိုဆန္ဒတိုင်းကို လိုက်လျောရတာပဲဖြစ်သည်။သဘောတူညီချက်ကြောင့် သူ့ဖက်မှနေ၍ ယတိပြတ်ငြင်းဆန်ခွင့်မရှိချေ။

"ဒါက ချည်သား ချည်သားပဲကောင်းမယ်နော်...."

"အင်း..."

"ဒါပေမဲ့ ဒါလေးလည်း မဆိုးဘူး ဝါးသား အသားအိအိလေး ဝတ်ရတာ ပေါ့ပေါ့ပါးပါးရှိမဲ့ပုံပဲ ဘယ်ဟာယူရမလဲ"

မျက်စိရှေ့ယှဥ်ပြနေတဲ့ boxerနှစ်ထည်ကို ဆိုင်းလော့ဒ် စိတ်ကုန်ခမ်းစွာ ကြည့်ရင်းဖြင့်...

"နှစ်ခုလုံးယူ..."

ဆိုင်းလော့ဒ် ရွဲ့ပဲ့ပြောသော်လည်း ရှင်းခန့်ကတော့ ခေါင်းညိတ်ပြပြီး ဘောင်းဘီနှစ်ထည်အား ပြန်ကြည့်၍ တကယ်ကြီး နှစ်မျိုးစလုံး ယူဖို့ပြင်လေသည်။အရောင်းဝန်ထမ်းကောင်လေးဖက်သို့ ပြန်လှည့်ပြီး..

"ညီလေး ဒါက တစ်ဘူးကို၃ထည်ပါတယ် မှတ်လား.."

"ဟုတ်ကဲ့အကို အဲ့ဒီဝါးသားလေးက တစ်ဘူးကို ၃ထည်ပါပါတယ်ဗျ.."

"အဲ့ဒါဆို Mဆိုဒ်ကတစ်ဘူး.."

ရှင်းခန့် ပြောရင်းဖြင့် စကားခဏရပ်ကာ ဆိုင်းလော့ဒ်အား ပြန်ငဲ့ကြည့်၍...

"မင်းက XLမှတ်လား...."

"....."

လူကြားထဲ ဆိုဒ်လာမေးနေတော့ ဆိုင်းလော့ဒ် မျက်နှာကြီးဖြန်းကနဲ ဖြစ်သွားရပြီး ပြန်ဖြေဖို့စကားမရှိပေ။ရှင်းခန့်ကတော့ ဆိုင်းလော့ဒ်ဖြစ်ပျက်သွားတာကို သတိမပြုမိပဲ သူ့ဖာသာမေး သူ့ဖာသာကောက်ချက်ချကာ ကောင်လေးဖက်သို့ ပြန်လှည့်သွားပြီး

"သူ့အတွက် XLက တစ်ဘူးထည့်ပေးနော်..."

ရှင်းခန့်ပြောတော့ ကောင်လေးက တမျိုးတမည် သဘောပေါက်သွားကာဖြင့်...

"သြော် အဲ့ဒါဆို ဒီတံဆိပ်ထဲကပဲ Coupleထွက်ထားတာလေးရှိတယ် အဲ့ဒါလေး ယူလိုက်ပါလားအကို..."

"couple?..."

"ဟုတ်တယ်ဗျ ဒီတံဆိပ်က ၂လပိုင်းတုန်းကမှ ချစ်သူများနေ့ အထိမ်းအမှတ်နဲ့ LGBTစုံတွဲတွေအတွက် couple setလေးတွေ ထုတ်ထားပေးတာပါဗျ.."

ကောင်လေးကပြောရင်းဖြင့် ဘောင်းဘီဘူးတချို့အား ဆွဲထုတ်လာကာ..

"ဒီမှာဗျ သူကစုံတွဲဝယ်မယ်ဆို 15% discountတောင် ပါပါတယ်ဗျ ပြီးတော့ ဒီလိုcouple setချည်းပဲ သုံးsetဝယ်မယ်ဆိုရင် ကျွန်တော်တို့ဆိုင်ကနေ နောက်ထပ် 15% discountကဒ်လေးလည်း ပေးပါသေးတယ်ဗျ စျေးလည်းသက်သာသလို စုံတွဲလည်ဝတ်ပြီး roလို့ရတာပေါ့အကိုရယ် အဟဲ...."

!wtf လိင်တူစုံတွဲတွေအတွက် Boxer coupleတဲ့...!

မကြုံဖူး မကြားဖူးတာတွေ လောကကြီးက ဘာတွေဖြစ်နေမှန်းမသိတော့ချေ။ဆိုင်းလော့ဒ် အံ့သြဆွံ့အစွာ တွေးနေမိပေမဲ့ ကောင်လေးစိတ်ရှည်လက်ရှည် သေချာရှင်းပြနေတာကို ရှင်းခန့်ကတော့ စိတ်ဝင်စားသော မျက်နှာလေးဖြစ်လို့နေလေသည်။

"qualityကရော အတူတူပဲလား.."

"တူပါတယ် အကို အတူတူပါပဲ တမင်တကာ စုံတွဲတွေအတွက် စျေးလျော့ပေးထားတာပါဗျ..."

"မိုက်တာပေါ့ အဲ့ဒါဆို coupleပဲ သုံးsetထည့်ပေးလိုက်နော် ဆိုဒ်လေးတော့ သေချာကြည့်ပေးနော် အကိုတို့က Mနဲ့XL..."

"ဟုတ်ကဲ့ အကို ရှိပါတယ်ဗျ ကျွန်တော်သေချာရွေးထည့်ပေးပါ့မယ်..."

ကောင်လေးက ပြောပြောဆိုဆို ရှင်းခန့်ပြောလိုက်သော ဆိုဒ်အားရှာဖွေကာ ထုတ်ပိုးဖို့ပြင်ဆင်နေပြီ ဖြစ်သည်။

"ဘာကိုcoupleလဲ ဘယ်သူက ခင်ဗျားနဲ့coupleဝတ်မှာမို့လဲ..."

ရှင်းခန့်၏ လက်မောင်းအား ဆွဲကာ ဆိုင်းလော့ဒ် တိုးတိုးကြိတ််ကြိတ်ပြောမိတော့ ရှင်းခန့်က ငဲ့ကြည့်လာပြီး

"မင်းနဲ့ ဝတ်မှာလေ..."

"ဘာလို့ဝတ်ရမှာလဲ ခင်ဗျား ရူးနေတာလား ... boxerကို ဘယ်သူက coupleဝတ်လို့လဲ မကြုံဖူးမကြားဖူးတာတွေ.."

"ကိုယ် ဝတ်မယ်လေ အခုကြားဖူးပြီမှတ်လိုက်ပေါ့ ကြုံဖူးချင်ရင်တော့ မင်းပါလိုက်ဝတ်လိုက်ပေါ့.."

"ဟား...."

ဆိုင်းလော့ဒ် စိတ်ပျက်လက်ပြတ်ဖြင့် ခေါင်းမော့ကာ ဟားကနဲ ရေရွတ်ပြီးတော့မှ....

"ခင်ဗျား ဘာလာဖြစ်နေတာလဲ coupleဝတ်ရအောင် ခင်ဗျားနဲ့ကျုပ်က ဘာမို့လို့လဲ..."

ဆိုင်းလော့ဒ်ပြောတော့ ရှင်းခန့်၏ မျက်ဝန်းတို့ထဲ ရယ်မြူးရိပ်တို့ ဖြတ်သန်းသွားပြီးမှ...

"ဘာမှမဟုတ်ဘူးလေ အကုန်အကျသက်သာချင်လို့ coupleဝယ်တာလေ ဘာဖြစ်လို့လဲ ရိုးရိုးလေးပဲတွေးစမ်းပါ အတွေးမများစမ်းပါနဲ့ ဘာမှမဟုတ်တာလေးကို..."

"....."

သူ့ပခုံးအား ခပ်ဖွဖွပုတ်၍ အပြုံးရိပ်ရိပ်ဖြင့် ပြောနေသောရှင်းခန့်ကြောင့် ဆိုင်းလော့ဒ် တကယ်ကိုပြောစရာ စကားတို့မဲ့သွားရသည်။

!ဒီလူကတော့ တကယ်ကို ရူးနေတာပဲ...!

ထုပ်ပိုးမှုကလည်း ပြီးသွားပြီမို့ ရှင်းခန့်က ကောင်တာ၌ပိုက်ဆံရှင်းဖို့ ထွက်သွားပြီဖြစ်သည်။ထို့ကြောင့် ဒီကိစ္စကိုလည်း ဆိုင်းလော့ဒ် ကောင်းသည်ဆိုးသည် ဘာတစ်ခုမှ အရေးဆိုခွင့်မရတော့ချေ။

~~~~

"ဒေါက် ဒေါက်...!"

"ဆိုင်းလော့ဒ်....ဆိုင်းလော့ဒ် မင်းအထဲမှာလား..."

"ဟုတ်တယ် ရေချိုးနေလို့ ခဏလေး..."

ရေချိုးခန်းတံခါးကို တဒေါက်ဒေါက် ခေါက်၍မေးနေသော ရှင်းခန့်ကြောင့် ဆိုင်းလော့ဒ် အသံပြန်ပြုလိုက်ရသည်။အခုနောက်ပိုင်း ရှင်းခန့်က သူ့အိမ်ကိုဆို ဝင်ထွက်နေတာ တကယ်ကို တံခါးမရှိ ဓားမရှိဖြစ်သည်။အရင်ကဆို အလုပ်ကိစ္စရှိရင် ဖုန်းဆက်ခေါ်တက်ပေမဲ့ အခုတော့ လူကိုယ်တိုင် အိပ်ခန်းထဲထိဝင်ပြီး အိပ်ရာပေါ်မှ ဆွဲချတက်နေပြီဖြစ်သည်။သူတို့နှစ်ယောက်ကြား ရင်းနှီးမှုတွေ ပိုလာတာတော့ အမှန်ပဲဖြစ်လေသည်။ဒီညနေလည်း ကားလိုက်မောင်းပေးဖို့ ပြောထားတာမို့ သူအပြင်မထွက်ခင် ကမန်းကတမ်းရေချိုးနေမိတာဖြစ်သည်။

"မြန်မြန်ချိုးလေ ပစ္စည်းတွေနဲ့ မိုးချုပ်ရင်မကောင်းဘူး..."

"ပြီးပြီ ခဏလေးပဲ..."

"ကိုယ်တို့ ဒီနေ့ ပစ္စည်းက နှစ်နေရာတောင်ပို့ရမှာ လမ်းကြောင်းလည်း မတူဘူး အပြန်မိုးချုပ်လောက်တယ် အပြင်မှာပဲ တခုခုစားကြတာပေါ့..."

"....."

"မင်း ဒီညအလုပ်မရှိဘူးမှတ်လား..နိုရာ့ဆီဝင်အုံးမလား."

ရှင်းခန့် အပြင်ကနေ ထပ်မေးနေပေမဲ့ ရေကျသံများသာ ကြီးစိုးနေတာမို့ ဆိုင်းလော့ဒ်က ကြားဟန်မတူချေ။ထပ်ပြောနေလည်း ကိုယ့်အသံနှင့်က ကြားနိုင်ဖွယ်မရှိတာမို့ ရှင်းခန့် ခပ်ဟဟစေ့ထားသော ရေချိုးခန်းတံခါးအား အနည်းငယ် တွန်းဟလိုက်သည်။

"မင်း...နိုရာ့ဆီ ဝင်...."

တံခါးဖွင့်လိုက်တုန်းကတော့ အပြင်ကနေ အော်ပြောနေရတာ အဆင်မပြေ၍ ဖြစ်သည်။ရေပန်းအောက်၌ အဝတ်အစားကင်းမဲ့နေသော ခန္ဓာကိုယ်ဖြင့် ရှိနေသော ဆိုင်းလော့ဒ်အား တွေ့လိုက်ရချိန်မှာတော့ ရှင်းခန့်၏ စကားတို့တဝက်တပျက်ဖြင့် ရပ်တန့်သွားရ၏။
ရေတွေတလိမ့်လိမ့် စီးကျနေသော ကျယ်ပြန့်သည့်ကျောပြင်၊အနည်းငယ်သိမ်ဆင်းသွားသောခါး၊​ခါးအောက်ပိုင်းမှ ကျစ်လစ်သည့်အသားစိုင်တို့အား ထောက်ပံ့ပေးထားသည့် သန်မာသောပေါင်တံများ၊ရေစိုနေသောအမွှေးအမျှင်တို့ ကပ်ငြိနေသည့် ယောက်ျားဆန်ဆန် ခြေသလုံးတွေ စသဖြင့် စက္ကန့်ပိုင်းအတွင်း ဆိုင်းလော့ဒ်၏ ခန္ဓာကိုယ်အလှအား ရှင်းခန့် အကြည့်တို့ဖြန့်ကျက်မိပြီးဖြစ်လေသည်။

ရုတ်တရက်ကြီး တံခါးပွင့်သွားကာ ကြားလိုက်ရသော အသံကြောင့် ဆိုင်းလော့ဒ် လန့်သွားရသည်။ရှင်းခန့် အခန်းထဲရောက်နေပြီဆိုတာ သိလိုက်ပေမဲ့ ဒီလိုမျိုးရေချိုးခန်းတံခါးကို လာဖွင့်မယ်လို့တော့ မထင်မိချေ။ကိုယ်တိုင်ကလည်း အိမ်မှာတစ်ကိုယ်တည်းနေသူမို့ ရေချိုးခန်းတံခါးဘာညာပိတ်တာမျိုးလည်းမရှိသလို ညဖက်ဆိုလည်း အဝတ်အစားတောင် မဝတ်အိပ်ပဲ လွတ်လွတ်လပ်လပ် နေတက်သည့်သူမျိုးဖြစ်သည်။ဆိုင်းလော့ဒ် ရုတ်တရက်ကြောင်အသွားပြီးမှ မသိစိတ်က အလိုအလျှောက်ဖြင့် ကိုယ့်အငယ်ကောင်အား လက်ဖြင့်ကာလိုက်မိကာ....

"ခင်ဗျား ဘာလုပ်တာလဲ ဟား...သူများရေချိုးနေတာနားမလည်ဘူးလား စည်းမရှ်ိကမ်းမရှ်ိနဲ့ တံခါးကိုဘာလို့လာဆွဲဖွင့်ရတာလဲ."

ဆိုင်းလော့ဒ် အသဲအသန်အော်မိတော့ ရှင်းခန့်က ဆိုင်းလော့ဒ်၏ ခန္ဓာကိုယ်ပေါ်မှ အကြည့်များအား ရုတ်သိမ်းလိုက်ပြီး

"နိုရာ့ဆီဝင်မလားမေးတာ ရေသံတွေနဲ့ မင်းမကြားလို့လေ..."

"အဲ့ဒါ တံခါးဖွင့်ပြီးမေးရလောက်အောင် တော်တော်လေး သေရေးရှင်ရေး အရေးကြီးနေလို့လား ရေချိုးပြီးမှ ပြောလို့မရဘူးလား..."

ဆိုင်းလော့ဒ်ပြောရင်းဖြင့် လက်တဖက်မှ တဘက်အားဆွဲယူကာ ခါးအောက်ပိုင်းအား ကာကွယ်လိုက်ရသည်။

"ယောက်ျားချင်းပဲကို ဘာဖြစ်နေတာလဲ ချိုး ချိုး ပြီးမှပြောတော့မယ်..."

"....."

ရှင်းခန့်ကတော့ သူဘာမှအပြစ်မလုပ်ထားသလိုမျိုး ပြောပြီး တံခါးအားပြန်စေ့ကာ ထွက်သွားလေသည်။ဆိုင်းလော့ဒ် ပို၍စိတ်ချရအောင် တံခါးအားအထဲမှ လော့ခ်ချလိုက်ပြီးမှ စိတ်အေးလက်အေး ရေချိုးနိုင်လေတော့သည်။

!ဒီလူနဲ့တော့ ကြာကြာနေရင် သူရူးရတော့မယ်ဆိုတာ သေချာသလောက်ရှိနေလေပြီ...!

~~~~

ရေချိုးပြီး ပြန်ထွက်လာတော့ ရှင်းခန့်က ကုတင်ပေါ်၌ထိုင်ကာ ဖုန်းအားစိတ်ဝင်တစား ရှိနေတာကို တွေ့လိုက်ရသည်။ဆိုင်းလော့ဒ် ခေါင်းအားရေသုတ်နေရင်းဖြင့်...

"အဝတ်အစားလဲမလို့..."

ဆိုင်းလော့ဒ်ပြောတော့ ရှင်းခန့်က နားမလည်သလို မျက်ဝန်းများဖြင့် မော့ကြည့်လာပြီး...

"လဲလေ..."

"ကျစ်!...ခင်ဗျား အပြင်ထွက်လေ..."

"ဘာလို့ထွက်ရမှာလဲ မင်းဖာသာအဝတ်အစားလဲတာ ကိုယ့်ဖာသာဒီမှာ ထိုင်နေတာ တခြားစီပဲလေ ဘာတွေကဲကဲဆတ်နေတာလေ မင်းတစ်ကိုယ်လုံး ကိုယ်မမြင်ဖူးတာကျနေတာပဲ"

"ရှင်းခန့်မောင်...."

ဆိုင်းလော့ဒ် ဒေါသတွေကို ထိန်းချုပ်ထားရသလို ခပ်ကြိတ်ကြိတ်အော်မိတော့ ရှင်းခန့်က မျက်ခုံးတို့ တွန့်ကွေးသွားရပြီးမှ...

"ကိုယ်က မင်းထက်၇နှစ်တောင်ကြီးတာနော် ဘာလို့အမြဲတမ်း မရိုမသေနဲ့ နာမည်တပ်တပ်ခေါ်နေတာလဲ ကိုယ့်ရုပ်ရည်က မင်းထက်နုပျိုနေတာဆိုပေမဲ့ အသက်ကြီးတာကလည်းအမှန်ပဲလေ နည်းနည်းလောက်ရိုသေလေးစားမှု ရှိစမ်းပါကွ..."

ဆိုင်းလော့ဒ် စိတ်တို့ကို အဆုံးစွန်အထိ ဆွဲဆန့်ကာ သက်ပြင်းရှိုက်ပြီးမှ....

"ကျွန်တော်ဆွဲထုတ်ရမလား ခင်ဗျားဖာသာထွက်မှာလား..."

ဆိုင်းလော့ဒ် တကယ်စိတ်ဆိုးနေပြီဆိုတာ သိတာကြောင့် ရှင်းခန့် စနောက်မနေတော့ပဲ ထိုင်နေရာမှထရပ်လိုက်သည်။ပြီးမှ ပြုံးတုံ့တုံ့ဖြင့် ကုတင်ပေါ်၌ရှိနေသော boxerအားမေးဆတ်ပြကာ...

"ကိုယ်လည်း ဒီနေ့အဲ့ဒါလေး ဝတ်ထားတာ တကယ်သက်တောင့်သက်သာရှိတယ် အသားမှာကပ်နေမှန်းတောင် မသိသာဘူး နေရထိုင်ရတာ တော်တော်လေးလွတ်လပ်တယ် မင်းဝတ်ကြည့် တကယ်မိုက်တယ်.."

"..."

"ဒါနဲ့ မထင်မှတ်ပဲ ကိုယ်တို့ဒီနေ့ စိတ်ချင်းဆက်ကြတယ်နော်.."

ရှင်းခန့်က မျက်ခုံးလေးပင့်၍ ပြုံးတုံ့တုံ့ဖြင့် ပြောလေသည်။

"ခင်ဗျား...ဘာကိုစိတ်ချင်းဆက်တာလဲ ခင်ဗျားနဲ့ဘာလို့စိတ်ချင်းဆက်ရမှာလဲ..."

ဆိုင်းလော့ဒ် မျက်နှာကြီးရဲကာ ရှုးရှုးရှားရှားထဖြစ်တော့ ရှင်းခန့်က တသောသောရယ်လေတော့သည်။

"ကိုယ်က စျေးသက်သာအောင်သာ ဝယ်လိုက်တာ ဒီနေ့လိုမျိုး မင်းတကယ်ကြီး ကိုယ်နဲ့ဆင်တူမိမယ်လို့ မထင်မိဘူး..."

"ဘယ်သူကဆင်တူ ဝတ်လို့လဲ ခင်ဗျားဖာသာအရှက်မရှိ အတင်းဝယ်ပေးတာလေ..."

ဆိုင်းလော့ဒ် ဒေါသသံငွေ့ငွေ့ဖြင့်ပြောတော့...

"ဘောင်းဘီဝယ်ပေးတာက အရှက်မရှိတာလား တခါမှလည်း မကြားဖူးဘူး.."

"....."

စကားတက်တိုင်း ကပ်သတ်ပြောနေသော ရှင်းခန့်အားကြည့်ကာ ဆိုင်းလော့ဒ် ရှုးရှုးရှားရှား ဖြစ်လာရပေမဲ့လို့ ဘာမှလည်း ပြန်မချေပနိုင်ချေ။

"ဟ ဟား စတာပါ လဲ လဲ ကိုယ်အပြင်ကစောင့်နေမယ်..သြော် ဆင်တူလေးတော့ သေချာဝတ်ခဲ့နော် roရတာပေါ့ အဟား.."

​"...."

!လူကို တမင်တကာ ဒေါသဖြစ်အောင် လိုက်ကလိ လိုက်စရတာကိုက ဒီလူ့ရဲ့ ဝါသနာဖြစ်ပုံရလေသည်!

ဆိုင်းလော့ဒ် စိတ်ဆိုးဆိုးဖြင့်တွေးရင်း ဘောင်းဘီအားဆွဲယူကာ နံရံ၌ပစ်ပေါက်မိသည်။တကယ်ဆို ဝတ်ဖို့စိတ်ကူးလည်းမရှိပဲ ဒီအတိုင်းထုတ်ထားမိတာဖြစ်သည်။

!boxerကိုများ ဘယ်သူက ဆင်တူဝတ်ချင်လို့လဲ ချီးကိုပဲ ro...နောက်မှ အဲ့ဟာတွေအကုန်လုံးကို မီးရှို့ပစ်အုံးမယ်..!

~~~~

"အိမ်ပဲပြန်မှာ မဟုတ်လား တခြားဝင်စရာရှိသေးလား.."

နောက်ဆုံး ရွှေထည်အော်ဒါ ပို့ရမည့်အိမ်ကို ပို့အပြီး ကားပေါ်ပြန်ရောက်တော့ ဆိုင်းလော့ဒ် မေးမိတာဖြစ်သည်။ရှင်းခန့်က ခါးပတ်အားပတ်နေရင်းဖြင့်...

"ကိုယ်..အိမ်တချက် ဝင်အုံးမယ်..."

"အိမ်!..."

ဘယ်ကိုပြောမှန်းမသိတော့ ဆိုင်းလော့ဒ် နောက်ကနေ သံယောင်လိုက်မိသည်။ထိုအခါမှ ရှင်းခန့်က မော့ကြည့်လာပြီး...

​"သြော် ဖေဖေတို့အိမ်ကို ပြောတာ ကိုယ်လမ်းပြပေးမယ် မောင်း..!"

ဆိုင်းလော့ဒ် ခေါင်းညိတ်ပြ၍ ကားကိုအသာအယာပဲ မောင်းထွက်ခဲ့လိုက်သည်။ရှင်းခန့်၏ လမ်းညွှန်မှုအတိုင်း မောင်းလာခဲ့လိုက်တာ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုထဲသို့ ရောက်ရှိလေသည်။ဇီးရောင်သံတံခါးကြီးဖြင့် ခမ်းနားထည်ဝါသော အဖြူရောင် နှစ်ထပ်တိုက်ကြီးက ရှင်းခန့်တို့မိသားစု၏ အရှိန်အဝါကို ခန့်မှန်း၍ရလေသည်။ဆင်ဝင်အောက်အထိ ကားကိုပုံမှန်လေး မောင်းဝင်ခဲ့လိုက်သည်။

"လာလေ အထဲဝင်အုံး..."

ရှင်းခန့်ခေါ်တော့ ဆိုင်းလော့ဒ် လိုက်ဆင်းခဲ့လိုက်သည်။ဧည့်ခန်းထဲ၌ အသင့်ရှိနေသော အနူးတို့အရွယ် အမျိုးသမီးကြီးတစ်ဦးအား တွေ့လိုက်ရ၏။

"ဟော သားရှင်း ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ဘယ်ကဘယ်လို ရုတ်တရက်ကြီးရောက်လာတာလဲ..."

!ကိုယ့်မိဘအိမ်ကိုယ်ပြန်လာတာပဲ ဆိုင်းဆင့်ဗုံဆင့်နဲ့ အကြောင်းကြားဖို့များ လိုသေးလို့လား..!

"ကျွန်တော် ယူစရာလေးရှိလို့ လမ်းကြုံလှည့်ဝင်ခဲ့တာ မေချို.."

ဆိုင်းလော့ဒ်နားမလည်နိုင်စွာ တွေးနေဆဲ ရှင်းခန့်က သူထုံးစံအတိုင်း တိုးဖွဖွလေသံအေးအေးဖြင့် ပြောလေသည်။

"သားအဖေရေချိုးနေတာ ရောက်တုန်းလေး တခါထဲထမင်းစားသွားလေ သား မေချိုပြင်လိုက်မယ်..."

"မစားတော့ဘူး မေချို ယူစရာရှိတာလေးယူပြီး အခုပဲပြန်မလို့..."

ရှင်းခန့်က အမျိုးသမီးကြီးအား ပြောပြီးမှ ဆိုင်းလော့ဒ်ဖက်သို့လှည့်လာကာ...

"မင်း ခဏထိုင်စောင်အုံး..."

ဆက်တီ၌ထိုင်ရန် ညွှန်ပြပြီး အပေါ်ထပ်သို့တက်သွားလေသည်။ဆိုင်းလော့ဒ်လည်း စူးစမ်းနေသော အမျိုးသမီးကြီးအား ခေါင်းညိတ်ပြုံးပြပြီးမှ ဆိုဖာ၌ဝင်ထိုင်လိုက်သည်။

"အထွေးရေ့ ဧည့်သည်အတွက် သောက်စရာတစ်ခုခုယူခဲ့ဟေ့.."

အန်တီကြီးက အိမ်ထဲသို့ အသံလှမ်းပြုပြီး ဆိုင်း​လော့ဒ်အား ဖော်ဖော်ရွေရွေပြုံးပြကာဖြင့်...

"ထိုင် သား..."

"ဟုတ်ကဲ့ အန်တီ..."

ဆိုင်းလော့ဒ် ဆိုဖာ၌ ဝင်ထိုင်ပြီးချင်းချင်းမှာပဲ ဧည့်ခန်းထဲသို့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ရောက်ရှိလာလေသည်။

"ဧည့်သည်ရောက်နေတာလား...."

"ဟုတ်တယ် အကို သားရှင်းသူငယ်ချင်းလေ.."

"ဟေ ဟုတ်လား ထူးထူးဆန်းဆန်းပါလား..."

လူကြီးက အံ့သြသလိုပြော၍ ဝင်ထိုင်လေသည်။ဧည့်သည် အိမ်ခေါ်ခဲ့တာ ဘာတွေများ ထူးဆန်းနေတာလဲလို့ ဆိုင်းလော့ဒ် နားမလည်နိုင်စွာတွေးနေမိသည်။

"သားရှင်းက တစ်ခါမှ ဧည့်သည်တွေ သူငယ်ချင်းတွေ အိမ်မခေါ်လာဖူးဘူးလေ..."

အန်တီကြီးက ရှင်းပြသလိုလေး ပြောပြလာသည်။

"ကျွန်တော်က အလုပ်သမားပါ..."

ဆိုင်းလော့ဒ် ပြောပြနေစဥ်မှာပဲ ရှင်းခန့်က အထုပ်တစ်ထုပ်အား ဆွဲကိုင်လျှက် ဧည့်ခန်းအဝ၌ ပေါ်လာ၏။

"ဆိုင်းလော့ဒ်...."

ဆိုင်းလော့ဒ်အား အသံလှမ်းပြုပြီးမှ ဧည့်ခန်းထဲရှိ မေချိုနှင့်အတူ ဖခင်ဖြစ်သူကိုပါ မြင်လိုက်ရတာမို့....

"သြော်...ဖေဖေ..."

"ပြန်တော့မလို့လား သား..."

"ဟုတ်ကဲ့ ဖေဖေ ယူစရာလေးရှိလို့ လှည့်ဝင်လာတာပါ..."

"ဟုတ်ပြီ ဟုတ်ပြီ ကား ဂရုစိုက်မောင်းကြအုံး..."

"ဟုတ်ကဲ့ ဖေဖေ..."

ရှင်းခန့်မောင်၏ အနောက်မှ လိုက်ထွက်လာခဲ့ရင်း ရှင်းခန့်တို့မိသားစု၏ ပုံစံက သူ့အတွေးထဲဝင်ရောက်လို့လာလေသည်။အဖေရော အမေရော ရှိနေပါရက်ဖြင့် ရှင်းခန့်က အပြင်မှာတစ်ယောက်ထဲ ထွက်နေနေသလို အိမ်ပြန်ချိန်ခဏ၌လည်း မိသားစုကြားရင်းနှီးနွေးထွေးမှုဆိုတာကို မတွေ့ရပေ။မိခင်ဖြစ်ဟန်တူသော အန်တီ၏ ဆက်ဆံရေးကလည်း ဖော်ရွေသည်ဆိုသော်ငြား မေတ္တာနှင့်နွေးထွေးမှုတော့မပါ။ဖခင်ကလည်း သာမန်ကာလျှံကာသာ။ဘယ်လိုမှ မိသားစုပါလားဆိုသော ခံစားချက်မျိုးကိုမရပေ။

ဆိုင်းလော့ဒ်က အတွေးများစွာဖြင့် ကားကို ခပ်မှန်မှန်မောင်းနေသလို ရှင်းခန့်သည်လည်း အတွေးတို့ဖြင့် ငြိမ်သက်တိတ်ဆိတ်နေ၏။

"မိသားစုလည်းရှိနေတာကို ဘာလို့အတူမနေတာလဲ.."

"ဟင်.."

ဆိုင်းလော့ဒ် ရုတ်တရက်ထမေးတော့ ရှင်းခန့်က လေသံမျှသောအသံလေးအားပြုကာ မျက်ဝန်းကြည်ကြည်လေးများဖြင့် ငဲ့ကြည့်လ်ို့လာလေသည်။

ဆိုင်းလော့ဒ်လည်း သူများကိစ္စကို လွှတ်ကနဲမေးမိပြီးမှ မထူးဘူးဟုဆိုကာ စပ်စုချင်စိတ်ကို ထိန်းသိမ်းမနေတော့ပေ။

"ဟုတ်တယ်လေ အဖေရောအမေရော ရှိနေရဲ့သားနဲ့ ဘာလို့တစ်ယောက်ထဲနေပြီး အထီးကျန်သလိုလုပ်နေရတာလဲ..."

ဆိုင်လော့ဒ်ပြောတော့ ရှင်းခန့်က အဓိပ္ပါယ်ဖော်ရခက်သော မျက်ဝန်းတို့ဖြင့် ခပ်စိုက်စိုက်ကြည့်ပြီးမှ ယဲ့ယဲ့လေးပြုံး၏။

"အမေမဟုတ်ပါဘူး ဖေဖေ့ရဲ့ နောက်အိမ်ထောင်ပါ.."

ရှင်းခန့်က ငြင်သာတိုးဖွစွာလေသံလေးဖြင့် ပြောသည်။

!ဒါဆို မိထွေးပေါ့...!

မိထွေးနှင့် အဆင်မပြေလို့ ရှင်းခန့်က အခုလိုမျိုး တစ်ယောက်ထဲလွင့်နေခဲ့ရတာလား။ဖခင်ဖြစ်သူကလည်း သူ့ဖက်မှာ မရှိလို့ အခုလိုမျိုး သားအဖဆက်ဆံရေးက အေးတိအေးစက်ဖြစ်နေခဲ့တာလား။

ဆိုင်းလော့ဒ် အတွေးနှင့်အတူ ရင်ထဲမှာ ဂရုဏာသက်ရခြင်းတို့ ဖြစ်ထွန်းကုန်၏။

"မေချိုက ဆိုးတဲ့မိထွေးထဲ မပါပါဘူး ဖေဖေကလည်း ကိုယ့်အပေါ် တာဝန်ကျေပါတယ် ကိုယ်ကသာ...."

ရှင်းခန့်က ပြောနေရင်းဖြင့် အသံတို့တိမ်ဝင်သွားကာ ကားပြတင်းအပြင်ဖက်သို့ ခပ်ငေးငေး ကြည့်နေပြီးမှ...

"အတူနေကြလို့မဖြစ်တဲ့ အကြောင်းတွေရှိနေခဲ့လို့..ကိုယ်က ရှောင်ပေးရမဲ့သူမို့...."

ပြောရင်းဖြင့် ရှင်းခန့်၏ အသံကတိတ်ကျသွားသလို စိတ်ခံစားချက်ကလည်း ထိခတ်သွားသည့်ပုံစံမို့ ဆိုင်းလော့ဒ် အလိုက်တသိနှုတ်ဆိတ်နေလိုက်တော့သည်။အတူမနေဖြစ်ကြတဲ့အကြောင်းဆိုတာ ထောင်ကျခဲ့တဲ့ကိစ္စနှင့် ပတ်သတ်နေမည်ဟုလည်း ရိပ်စားမိလိုက်သည်။

!ရှင်းခန့်မောင်ဆိုတဲ့လူဆီမှာ သူနားမလည်နိုင်တဲ့ သူမသိအောင်ကွယ်ဝှက်ထားတဲ့ စာမျက်နှာတွေ ဘယ်လောက်များများ ကျန်နေသေးအုံးမလဲဆိုတာ မသိနိုင်တော့ချေ...!

!သေချာတာတစ်ခုကတော့ ဒီလူသားဟာ အထီးကျန်ခြင်းဆိုတဲ့အရာနှင့် မျက်နှာချင်းဆိုင်နေရတဲ့သူဆိုတာကိုတော့ သိလိုက်ရပြီဖြစ်သည်..!

~~~~

AN.အလုပ်တွေမအားတဲ့ကြားက ပြန်ရောက်လာပါပြီရှင့်။ရှေ့ရက်တုန်းက wattpadမှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေကြောင့် စိတ်ဓာတ်တွေကျပြီး ကိုယ်လည်းစာရေးဖို့ကို အတော်လေးအားယူခဲ့ရတာပါ။motiလေးတွေ ပေးကြပါအုံးနော်။နောက် ပြောချင်တာတစ်ခုက ssတွေလုံးဝလုံးဝမထုတ်ကြဖို့ပါပဲ။အားလုံးပဲ မင်္ဂလာရှိတဲ့မဟာသင်္ကြန်အကြိုနေ့လေးပါနော်။

Continue Reading

You'll Also Like

829K 54.5K 65
Cover by _ Moh Moh ရှင်မင်းထိုက် မင်းခန့်ဇေ ကောင်းထက် ဇွဲ မတူညီတဲ့ အကျင့်တွေ မတူညီတဲ့ စိတ်ဓာတ်တွေနဲ့ လူသား ၂ ဦးဟာ အဆုံးသတ်မှာ ပေါင်းဖက်နိုင်မှာလား...
1.3M 13.6K 16
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
107K 11.9K 107
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...