အပြင်ဘက်ရှိ ရာသီဥတုသည် အထူးအဆန်းဖြစ်လို့နေသည်။ အားလုံးက ပျော်ရွှင်စွာပြုံးနေကြပြီးအနီရောင်ပုဝါကြီးကို ၀တ်ဆင်ထားသော ချောမောသောသတို့သားနှင့် သွယ်လျသောသတို့သမီးတစ်ဦးတို့ရှိနေခဲ့သည်။
ပွဲလမ်းသဘင်အရောင်များသည် အနီရောင် တောက်တောက်ပြောင်ပြောင်များဖြစ်၍ လူတိုင်းကို မျက်စိကွယ်လုနီးပါ ဖြစ်စေခဲ့သည်။
ရယ်မောသံများနှင့် မီးရှူးမီးပန်းများသည် လေထုထဲတွင် ရွှင်မြူးစွာစိမ့်ဝင်သွား၍ သူမမှလွဲ၍ အားလုံး ပျော်ရွင်မြူးတူးနေကြသည် ။ သူမသည်သာ လေထုထဲတွင် တစ်ယောက်တည်း လျှောက်သွားနေခဲ့သည်။
မို့ရွှီတုန်းသည် အ၀တ်အထည်များအနီးရှိ အခန်းထောင့်တွင် ရပ်နေသည်။ သူမ၏ ရိုးရှင်းသောအဝတ်အစားသည် သူမ၏မျက်လုံးများတွင် သွေးဆာနေသောမုန်းတီးမှုကို မဖုံးကွယ်နိုင်ပေ။
သူမသည် မို့ရွှမ်မင် နှင့် စီမာလင်းရန်ကို ကြည့်လိုက်သောအခါ တစ်ယောက်က မခို့တရို့ ပြုံးနေပြီး နောက်တစ်ယောက်ကတော့ နူးနူးညံ့ညံ့နဲ့ နွေးနွေးထွေးထွေး ပြုံးနေသည်။
သူတို့သည် လက်ကိုအတူတကွ ဆုပ်ကိုင်လိုက်ကြရင်း သူမဆီသို့လျှောက်လာသည် ။
သူမလက်ထဲတွင် မီးကျောက်တစ်လုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ပေါ့ပေါ့ပါးပါးလှုပ်ယမ်းရုံမှတစ်ပါး လုပ်နိုင်စရာတစ်ခြားမရှိချေ ။
သူတို့သုံးယောက်ရဲ့ ဆက်ဆံရေးက အလွန်ကိုမှ ရယ်စရာကောင်းခဲ့ပါတယ် ။
သူတို့ထဲက တစ်ယောက်က သူ့အစ်မဖြစ်ပြီး နောက်တစ်ယောက်က သူ့ရဲ့အရင်ခင်ပွန်းဟောင်းဖြစ်သည်လေ ။ သူတို့က သူမကို အစကတည်းက အဆိပ်ရည်ပန်းကန်လုံးနဲ့ သတ်ချင်နေတဲ့ သူတွေဖြစ်နေတယ်လို့ ဘယ်သူကထင်နိုင်မှာလဲ။
ထို့အပြင် သူတို့သည် မို့ယု နှင့် အမေရှု့ကိုသတ်ခဲ့ကြသည်။ အပြစ်ကင်းစင်တဲ့ ယုအာကိုတောင် သတ်ပစ်ခဲ့ကြတယ်။ ယုအာလေးက အရမ်းချစ်စရာကောင်းလွန်းလို့ သူကိုယ်တိုင် ယုအာဆိုတဲ့ အမည်လေးကိုပေးခဲ့တာ ။
"မို့ရွှီတုန်း သူက မင်းကို တကယ်ချစ်လိမ့်မယ်လို့ မင်းထင်နေတာလား။ မင်းက ရုပ်ဆိုးတဲ့ သတ္တဝါတစ်ကောင်ပဲ ။ မင်းဒီလိုပုံစံနဲ့နေရမယ့်အစား သေသွားရင်တောင် မင်းဘဝက ဒီထက်ပိုကောင်းဦးမှာ။ မင်းဘာလို့ မင်းကိုယ့်ကိုကိုယ် အရှက်ရစေရတာလဲ ။
အိုး... မင်းရဲ့နေရာကို တို့လုယူလိုက်မှာကြောက်လို့လား ။ စိတ်ချပါ ..... မင်းရဲ့နေရာကို တို့ယူမယ်။ မင်းအမေရဲ့ ခန်းဝင်ပစ္စည်းကို တို့ကကိုယ်စား စောင့်ရှောက်ပေးပါမယ် ။ မင်း အခု စိတ်ချလက်ချသေလို့ရပြီ!"
သူမသည် ဒီအချိန်တွင် ငရဲ၏ နက်နဲရာသို့ ကျသွားလျှင်ပင် သူမ ကျေကျေနပ်နပ်ပင်။ဒါပေမဲ့ သူမသည် သေရင်တောင် သူ့အရှေ့က မျောက်မစုံတွဲကို သူနှင့်အတူ ခေါ်သွားမည်။
သူမသည် အနီရောင် တဲအပြင်ဘက်တွင် မျောက်ကကနေသော မျောက်မစုံတွဲ ဇနီးမောင်နှံကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေခဲ့သည်။
မို့ရွှီတုန်းက တဲကိုငြိမ်သက်စွာဖြင့် မီးညှိလိုက်သည်။ သူမသည် သူတို့ကို မုန်းသည်။သူတို့၏သွေးကိုသောက်ကာ သူတို့၏အသားကိုစားချင်သည့်အထိကို နှက်နှက်နဲနဲမုန်းသည် ။
မို့ရွှီတုန်းသည် သူမရဲ့ သွေးရောင်မျက်လုံးတွေမှာ အနက်ရောင်တိမ်တိုင်တွေကဲ့သို့ မိစ္ဆာငွေ့အသက်များ ပြင်းထန်နေခဲ့သည် ။
ကောင်းကင်ဘုံသည် အလွန်ကိုမှ ဘက်လိုက်ပြီး မတရားသောကြောင့် သူမသည် သူ့ကိုယ်သူသာ ကလဲ့စားချေရန် ရှာကြံရမည်ဖြစ်သည် ။
အနီရောင်တဲက ချက်ချင်းမီးလောင်သွားသောအခါ ဧည့်သည်များသည် အရပ်ရပ်သို့ အရူးအမူး ပြေးသွားကာ မင်္ဂလာခန်းမကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့သည်။
သတို့သား စီမာ လင်းရန် သည် လျင်မြန်စွာ ရွေ့လျားပြေးလွှားရင်း ဖြစ်ပျက်ခဲ့သမျှကို မသိသေးပဲ ကြောင်နေသော မို့ရွှမ်မင်ကို တဲထဲက ဆွဲထုတ်လိုက်တယ်။
ခြေထောက်များကို အလျင်အမြန်ရွှေလျားရန်ကြိုးစားသော်လည်း မိုရွှမ်မင်၏ခြေထောက်များမှာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ဖိထားခံခဲ့ရသည်။ သူမ ငုံ့ကြည့်လိုက်သောအခါ သူမ၏ ဂါဝန်ထောင့်ကို မို့ရွှီတုန်းက တင်းတင်းကျပ်ကျပ် ဖမ်းထားခဲ့သည်။
မီးက ပိုပြင်းထန်လာပြီး အရာဝတ္ထုတွေက အပေါ်ကနေ ပြုတ်ကျလာတယ်။ အလင်းတန်းတစ်ခုက သူတို့အပေါ်ကို မထင်မှတ်ဘဲ ရွေ့လျားသွားသည်။မင်္ဂလာခန်းမသည် အချိန်မရွေးပြိုကျသွားနိုင်မည့်အနေအထားသို့ ရောက်ရှိနေခဲ့သည်။
စီမာလင်းရန်သည် အလွန် စိတ်ရှုပ်သွားခဲ့၍ မို့ဆုမင်းရဲ့ဂါဝန်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ မို့ရွှီတုန်း ကို ပြင်းပြင်းထန်ထန် ကန်ခဲ့တယ်။
ဂါဝန်လွတ်သွားသောအခါ မို့ရွှမ်မင်သည် သူမ၏ဟန်ဆောင်မျက်နှာဖုံးကို ဆွဲချွတ်ကာ အပြင်သို့ ကိုယ်လွတ်ရုံး အရူးမီးဝိုင်းပြေးသွားခဲ့သည်။
တဲထဲတွင် မို့ရွှီတုန်းအပေါ်သို့ အထက်မှ ကြီးမားသော အလင်းတန်းကြီးတစ်ခု ပြင်းပြင်းထန်ထန် ပြုတ်ကျပြီး သူ့တကိုယ်လုံး မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့တယ်။
ခေါင်းမှ သွေးများအဆက်မပြတ် စီးကျလာပြီး မျက်လုံးများက ရဲရဲတောက်နေသည်။
ခေါင်းထဲတွင် စူးစူးဝါးဝါးအော်သံများက သူမနားတွင် တစ်ဝဲလည်လည်ဖြစ်နေခဲ့သည် ။
သူမက စီမာလင်းရန် ကို သွေးများဖြင့် စိုက်ကြည့်နေသည်။ သွေးစွန်းနေသော သူမ၏ အပြုံးသည် ထက်မြက်ပြီး မျှော်လင့်ချက်ကင်းမဲ့နေခဲ့သည် ။
သူမသာ အသက်ပြန်ရှင်သန်ခွင့်ရခဲ့ရင် သူတို့အကြွေးများကို သွေးနဲ့သေချာပေါက်ဆပ်နိုင်အောင် လုပ်မည် ။
သူမသည် ထိုမျောက်မစုံတွဲကို မပျော်မရွင်ဖြစ်စေပြီး ငရဲ၌ ထာဝစဉ်နေထိုင်ရပါစေလို့ ကျိန်ဆိုသည်။ သူမသည် သရဲတစ္ဆေအဖြစ်သို့ ပြောင်းရလျှင်ပင် ၊ ၎င်းတို့နှစ်ဦးလုံးကို ငရဲသို့ခေါ်ဆောင်ရန် သူ့ကိုယ်သူ လဲလှယ်ရန် ဆန္ဒရှိခဲ့သည်။
"မို့ရွှမ်မင် ၊ စီမာလင်းရန်..... ငါ့ကလေးနဲ့တိုင်တည်ပြီး ငါ့ဝိညာဉ်ကို ငါကျိန်ဆိုတယ်။ မင်းတို့ ငါ့ကို နာကျင်စေခဲ့တဲ့ ငါခံစားခဲ့ရတဲ့အရာမှန်သမျှကို အကြိမ်ပေါင်း တစ်သိန်းနှစ်သောင်းလောက်မက နင်တို့ပြန်ခံစားစေရမည်!"
တောက်လောင်နေသောမီးများအလယ် သူမ၏ အသံသည် ကျယ်လောင်လျက် ကြာမြင့်စွာ တည်ရှိခဲ့ပြီး မြင်ကွင်းတစ်ခွင်လုံး တုန်လှုပ်သွားသည့် ကျိန်စာတစ်ခုလိုပင်.......
ကျင်းရီဥယျာဥ်တွင် မို့ရွှီတုန်းသည် နိုးထလာခဲ့သည့် အနေအထားတွင် ရှိနေခဲ့သည်။ သူမ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏ ခန္ဓာကိုယ်သည် တောင့်တင်းနေသည်။ မီး၏ ဝေဒနာသည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ပူလောင်နေပုံရသည်။ သူမ၏ နှလုံးသားထဲတွင် စူးရှသော ဝေဒနာတစ်ခု ရှိနေသည်။ နာကျင်မှုကြောင့် သူမ အသက်ရှူမဝလုမတတ် ဖြစ်နေသည်။
နာကျင်မှုနှင့်အတူ နက်နဲသော အမုန်းတရားများ ရောထွေးနေသော ပုံရိပ်များသည် သူမ၏ အတွေးများထဲတွင် လှည့်ပတ်နေသည်။
အခုလက်ရှိက အိပ်မက်မက်နေတာလား ၊ ဒါမှမဟုတ် အရင်ဖြစ်ခဲ့သမျှဟာ အိပ်မက်တွေလားဆိုတာသူမ ဝေခွဲမရဖြစ်နေခဲ့သည် ။ သူမသည် အင်္ကျီများမှ တွဲလောင်းကျနေသော နှင်းပွင့်များကို မှင်တက်စွာ စိုက်ကြည့်နေသည်။
စက္ကန့်ဝက်အကြာတွင် ၎င်းတို့သည် သူမချစ်ခဲ့ဖူးသော အမိုးအကာများဖြစ်ကြောင်း သိလိုက်ရသည်။ အစိမ်းရောင်နှင့် အနီရောင်သန္တာကျောက်တန်းပုံစံ ဆက်စပ်ပစ္စည်းများကိုလည်း သူမပတ်ဝန်းကျင်တွင် ချိတ်ဆွဲထားသည်။ အနီရောင် နှင့် အစိမ်းရင့်ရောင် ကြွေကျနေသော ပန်းပွင့်များသည် အလွန်ကြော့ရှင်းလှသည်။ လေထဲမှာ လွင့်ပျံနေတဲ့ အ၀တ်အထည်တွေက ပိုလို့တောင် လှပပေသည် ။
ခဏအကြာတွင် သူမ၏စောင်များကို မှင်တက်စွာ တွန်းဖယ်လိုက်သည်။ သို့သော် မဖွံ့ဖြိုးသေးသော သူမ၏ သွယ်လျသောလက်များကို သူမမြင်လိုက်ရသည်။ ကုတင်ပေါ် ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ ဟိုးအဝေးက စားပွဲတင်မှန်ထဲမှာ ကလေးနဲ့တူတဲ့ မျက်နှာတစ်ခု ပေါ်လာတယ်။ ဒါက သူမငယ်ငယ်တုန်းက ပုံစံပဲ
ခဏနေပါဦး ......
အမိုးအကာများ၊ သွယ်လျသောလက်မောင်းများနှင့် ကလေးတူသော မျက်နှာ!!????
မို့ရွှီတုန်း သည် ပြူးကျယ်သော မျက်လုံးများဖြင့် မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်လိုက်သည်။ သူမ၏ နှလုံးခုန်နှုန်းသည် ပြင်းထန်စွာ တိုးလာခဲ့သည်။ သူမ လက်နှစ်ဖက်ကို မယုံနိုင်လောက်အောင် မြှောက်လိုက်ပြီး မှန်ထဲမှာ မှိန်းနေတဲ့ သူမရဲ့ အသွင်အပြင်ကို ကြည့်လိုက်တယ်။ ဒါက ငယ်ငယ်တုန်းကလို ပုံစံမျိုးပေါ့။ ဆံပင်ပေါ်မှာ ရွှေနဲ့ ကျောက်စိမ်းနဲ့ ချိတ်ထားတဲ့ ဆံညှပ်က ဝမ်းကွဲရှောင် က သူမ အသက် 13 နှစ်မှာ လက်ဆောင်ပေးဖူးတဲ့ ဆံထိုးပါ။
သူမ မသေဘဲ အသက် 13 နှစ်ကို ပြန်လည် ရောက်ရှိသွားခဲ့တာ ဖြစ်နိုင်ပါ့မလား။ သူမ၏ လက်ချောင်းများက သူ့လက်စွပ်များအတွင်း တုန်လှုပ်ချောက်ချားနေသည်။ ထို့နောက် လက်ချောင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ စူးရှသော ဝေဒနာသည် သူမရှေ့က အရာအားလုံးသည် အမှန်တကယ်ဖြစ်ကြောင်း သူမကို ချက်ချင်းပြောပြနေသည်။ အမှန်တကယ်ပင် သူမသည် ပြန်လည်မွေးဖွားလာခဲ့သည်။
အဖြစ်ဆိုးများမကြုံခင်အချိန်ကို သူမပြန်ရောက်လာခဲ့သည် ။ဒီအချိန်ကလုံးဝအစောကြီးမဟုတ်ပေမဲ့လည်း သေချာတာကတော့ နောက်မကျသေးပေ ။ အချိန်ရှိသေးတယ်... သူမ နှုတ်ခမ်းကို တင်းတင်းကိုက်လျက် ရင်တစ်ခုလုံးပြင်းပြင်းထန်ထန် ခုန်ပြီး ပျော်ရွင်မြူးတူးနေသောကို တွန်းလှန်ထိန်းချုပ်လိုက်တယ်။
သူ့မျက်လုံးတွေထဲ မျက်ရည်တွေပြည့်နေတယ်။ မှန်ထဲက ကလေးဆန်ပြီး ဖြူဖျော့တဲ့ မျက်နှာလေးကို ကြည့်ပြီး အဲဒီနှစ်မှာ မြစ်ထဲ ပြုတ်ကျခဲ့တာကို သတိရမိတယ် ၊ ဒီနှစ်မှာ သူမ မြစ်ထဲကို ပြုတ်ကျပြီး နှစ်ရက်ကြာအောင် သတိလစ်သွားခဲ့တယ်။
အဲဒီတုန်းက သူမ အသက် 13 နှစ်ပဲ ရှိသေးတယ် ။ ဖော်မပြနိုင်သော ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့က သူမနှလုံးသားကို ပြည့်စေခဲ့သည်။
သူမသည် သူမ၏ နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားမူကို ထိန်းချုပ်နိုင်ရန်အတွက် လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သို့သော် သူမ၏ တုန်လှုပ်ခြောက်ခြားမှုကို သူမ မထိန်းနိုင်ခဲ့ပေ ။
သူမ၏ ပထမဆုံး အတွေးမှာ မိုးကောင်းကင် သည် အမှန်ပင် တရားမျှတသည် ။ သူမသည် ပြန်လည်မွေးဖွားလာခဲ့သည်။
မိုးကောင်းကင်သည် သူမ၏ ကြေကွဲဖွယ် အခြေအနေများကို မြင်ဖူးပြီး သူမကို ကလဲ့စားချေရန် နောက်တစ်ခါအခွင့်အရေးပေးခဲ့သည် ။
သူမသည် နောက်ဘဝအတွက် စောင့်စရာမလိုပေ။ ဤဘဝတွင် ကလဲ့စားချေမှုကို ရှာနိုင်သည်။ အဒေါ်ဖန် ၊ မိုရွမ်မင် ၊ စီမာ လင်းရန်
သူ့အပေါ်အခွင့်ကောင်းယူခဲ့တဲ့ ဒီလူတွေအပေါ် သူမ ထပ်ပြီး ယုံမှာမဟုတ်တော့ဘူး။ ဒီတစ်ခါတော့ သူတို့ကို ငရဲဆီပို့ဖို့ သူမအလှည့်ပဲလေ။
"သမီးရေ ရေသောက်ချင်လို့လား? သမီး ခေါင်းနာနေသေးလား။သမီးငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့အဲ့လောက်ရူးသွပ်ရသလဲ။ သမီးရဲ့ ဒီနို့တိုက်မေမေလေးကို ထပ်ကြောက်နေတုန်းပဲ့လား ။ ဘယ်လိုပဲ့ဖြစ်ဖြစ် တို့ပြဿနာကိုအတူတူရင်ဆိုင်ကြမယ်လေ ၊ သမီးတစ်ခုခုဖြစ်သွားရင် တို့ဘယ်လိုအသက်ရှင်ရမလဲ ၊ သမီးအခုရော ဘယ်လိုခံစားနေရလဲ၊ ဘယ်နေရာနာနေသေးလဲ ၊ ဗိုက်ရောဆာနေပြီလား "
မီးခိုးရောင် ၀တ်စုံဝတ်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် တံခါးကန့်လန့်ကာများကို ရုတ်သိမ်းကာ ဝင်လာခဲ့သည်။
မို့ရွှီတုန်းသည် ကုတင်ပေါ်တွင် မှိန်းသေသေ ထိုင်နေသည်ကို မြင်လိုက်ရသောအခါတွင် သူမသည် ခဏတာ ရပ်တန့်သွားခဲ့သည်။ထို့နောက်တွင် သူမမျက်နှာတွင် သနားညှာတာသော ပုံရိပ်များဖြစ်လာခဲ့သည်။
စောင်တွေကို ဆွဲလိုက်ကာ လက်မြှောက်ပြီး ရွှီတုန်း ရဲ့ နဖူးကို ထိလိုက်မိသည်နဲ့ စိတ်လျှော့လိုက်ကာ ငြီးတွားလိုက်မိသည် ။ဒီလိုအခြေအနေတွင် မို့ရွှီတုန်း ဟာ နွေးထွေးပျော်ရွှင်မှုကို ခံစားလိုက်ရသည် ။
မေမေရှုက သူမအနားမှာ တွယ်ကပ်နေတဲ့ မိခင်ရှုပါပဲ့လေ ။( မေမေရှုဆိုတာ မို့ရွှီတုန်းရဲ့ နို့တိုက်မေမေပါ)
ထူပိန်း၍ ရင်းနှီးနေသော တင်းမာသောမျက်နှာကို သူမမြင်လိုက်သောအခါတွင် သူမ မထိန်းနိုင်ဘဲ ငိုကာ မှုန်ဝါးဝါးဖြစ်သွားသည်။
သူမသည် အမေရှု ၏ ရင်းနှီးသောရနံ့နှင့် သူမ၏လက်အောက်ရှိ နွေးထွေးသော ခန္ဓာကိုယ်ကို ပွေးဖက်လိုက်ရင်း မို့ရွှီတုန်း ၏ မျက်ရည်များ အဆက်မပြတ်ကျဆင်းလာသည်။
ထိုအဖြစ်အပျက်ကို သူမ သတိရမိသည် ။ မနေ့က သူ့အမေ ဆုံးတဲ့ နှစ်ပတ်လည်နေ့ဖြစ်သည့်အတွက် သူမသည် ရေကန်ဘေးတွင် ဆုတောင်းဖို့သွားခဲ့သည်။ အိမ်မှာလူနည်းတဲ့ ညစာစားပြီးတဲ့ အချိန်ကို ရွေးခဲ့ပြီး သူမ၏ အိမ်ဖော်နှစ်ယောက်ဖြစ်သည့် မိုယုနှင့် မိုဇူးတို့ကို သူမနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။
မြစ်ရေစီးကြောင်းက သူ့အမေကို သူ့အိမ်ဆီပြန်ပို့နိုင်မယ်လို့ မျှော်လင့်ချက်နဲ့ အိမ်ကနေ တိတ်တဆိတ်ခိုးထွက်လာခဲ့သည် ။ မိုယုသည် အနောက်၌ရှိနေပြီး မိုဇူးသည် အမွှေးတိုင်ပြင်ဆင်ပေးခဲ့ပြီး နောက်သို့ ဆုတ်သွားခဲ့သည်။
သူမသည် ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာ ဒူးထောက်ကာ ဆုတောင်းနေတော့သည်။ သို့သော် ဒုက္ခသည် ကောင်းကင်မှ ဆင်းသက်လာမည်ကို သူမမသိခဲ့ပေ ။
ကျောက်တုံးကြီးတစ်ခုသည် တောင်အတုမှ လွတ်ထွက်သွားပြီး သူမအပေါ်သို့ ပြိုကျသွားသည်။ သူမသည် လျင်မြန်စွာထကာ ထွက်ပြေးချင်သော်လည်း သူမ၏စကတ်များသည် တစ်စုံတစ်ခုနှင့် ရှုပ်ယှက်ခတ်နေပြီး မြစ်ထဲသို့ ပြုတ်ကျသွားသည်။ အဲဒီတုန်းက သူမ သေလုနီးပါး ဖြစ်နေပြီ! သူမသည် နှစ်ရက်အကြာတွင်ပင် သတိပြန်လည်လာခဲ့သည်။
မှန်တယ်...... သူမအနီးနားတွင် ခလုတ်တိုက်နိုင်သည့်အရာများ မရှိသည်ကို သူမ ရှင်းရှင်းလင်းလင်း သတိရမိသည်။ သူ့ပတ်ဝန်းကျင်မှာ မြေပြင်က လွတ်နေပြီး မြက်ပင်တစ်ပင်မှ မရှိတော့ဘူး။
သို့သော် သူမသည် ခလုတ်တိုက်ကာ ရေထဲတွင် နစ်မြုပ်သွားခဲ့သည်။ သူ့လည်ချောင်းမှာ တစ်ခုခုဆို့နေသလိုမျိုး ခံစားချက်က အသက်မရှူနိုင်လောက်အောင်ကို အစစ်အမှန်ပါပဲ။
သူမသည် မိခင်ရှု ၏ ရင်ခွင်ထဲသို့ ခးတိုးဝင်ကာ အသက်ရှုမဝနိုင်အောင် ပြင်းထန်စွာ ငိုကြွေးခဲ့သည်။
"မေမေ...."
" သမီး။ ဘာဖြစ်နေတာလဲ။ စိတ်ထိခိုက်နေလား မေမေရှုကို ကြည့်ပါဦး !"
မိခင် ရှု က သူမ ငိုနေတာကို မြင်လိုက်ရတဲ့ အဖြစ်အပျက်ကြောင့် သူမ အံ့အားသင့်သွားခဲ့တယ် ။
မို့ရွှီတုန်း ကို ဆုပ်ကိုင်ထားပြီး ကျောကို ပေါ့ပေါ့ပါးပါး ပွတ်သပ်ရင်း သူမ နှလုံးသား နာကျင်သွားသည်။ သူမကို ညင်သာသောလေသံဖြင့် ချော့မောနေတော့သည် ။
သူမသည် မိခင်ရှု ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ပို၍ပင် ငိုကြွေးနေလေသည်။ နှလုံးနဲ့ အဆုတ်တွေ စုတ်ပြဲသွားသလို ငိုတယ်။ အမုန်းတရား၊ ဒေါသ၊ ကြောက်ရွံ့မှုအားလုံးကို အော်ဟစ်ချင်သလိုပဲ။ ဒီအချိန်ပြီးရင် သူထပ်မငိုတော့ဘူး။ နောင်တွင် ထိုလူများ ငိုကြလိမ့်မည်။ ထိုလူများသည် ယခု သူမနာကျင်သည်ထက် အဆပေါင်းများစွာ နာကျင်နေပေလိမ့်မည်။
"တုန်းအာ ဘာဖြစ်လို့လဲ၊ ငါတို့ တုန်းအာ ကို ဘယ်သူက အနိုင်ကျင့်တာလဲ။"
တံခါးဝမှာ ရှင်းရှင်းလင်းလင်းနဲ့ ရင်းနှီးစွာပြုံးရယ်နေသောအသံထွက်လာခဲ့သည် ။ သူမ ဝင်လာသည်နှင့် သူမ၏ ရယ်သံကို ကြားနေရသည်။ အပြင်ဘက် ကန့်လန့်ကာများကို လူတစ်ဦးမှ မြင့်တင်ထားသည်။ သခင်မယုသည် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဝင်ရောက်လာသည်။
သူမသည် အသက် 30 လောက်ရှိပြီ လှပတယ်။ သူမသည် ပေါ့ပေါ့ပါးပါး သန္တာကျောက်ကပ်စကတ်ကို ၀တ်ဆင်ထားပြီး အထူးသဖြင့် ငယ်ရွယ်ပုံပေါက်နေသည်။
သူမ ဝင်လိုက်သောအခါတွင် သူမသည် မို့ရွှီတုန်းကို ကြည့်လိုက်သည်။ ကောင်မလေးက ကုတင်ဘေးမှာ အားနည်းစွာ လဲလျောင်းနေတာကို မြင်လိုက်ရတော့ ကုတင်ပေါ်တက်သွားပြီး လက်ကို ချစ်ခင်စွာ ဆုပ်ကိုင်ကာ ထိုင်ချလိုက်တယ်။
"အဒေါ်!"
မို့ရွီတုန်း သည် သူမ၏ မျက်လုံးများတွင် စူးရှသောအကြည့်များကို ရုတ်သိမ်း၍ မျက်ရည်ဝဲကာ မော့ကြည့်လိုက်သည်။ သူမ ဒီသခင်မယုကို မှင်တက်စွာ ကြည့်နေသည် ။
မှုန်ရီဝေသော မျက်ရည်များမှတဆင့် သူမမျက်လုံးထဲတွင် အေးစက်စက်ကို မြင်လိုက်ရသည်။ သူမသည် အနည်းငယ် ဝမ်းနည်းနေပုံ၊ စိုးရိမ်မှု လုံးဝမရှိခဲ့ပေ။
"မင်းကြည့်ရတာ သနားစရာပဲ။ မင်းက အရမ်းပိန်တယ်။ မင်းခန္ဓာကိုယ်က အားနည်းလွန်းတယ်။ မင်း များများအနားယူရမယ်။"
"မင်းသခင်မလေးကို ကောင်းကောင်းပြုစုရမယ်နော်"
သခင်မယု သည် သူမနှင့်အတူ ပါလာသော မို့ဇူး ကို အမြန် အမိန့်ပေးလိုက်သည်။
သူမ၏ အပြုံးသည် ကြင်နာတတ်ပြီး ငယ်ရွယ်သော မိသားစုဝင်တစ်ဦးအပေါ်တွင် စွဲလန်းနေသော အသက်ကြီးသူနှင့်အလားတူသည်။
"သခင်မလေး၊ အိပ်ပြီး အနားယူပါ။ သခင်မလေး က အရမ်းအားနည်းနေလို့ ခလုတ်တိုက်လိုက်မီတာ။သခင်မလေး မြစ်ထဲပြုတ်ကျပြီးကတည်းက သခင်မယုက အိပ်မပျော်နိုင်ပဲ အရမ်းစိတ်ပူနေခဲ့တာလေ ။ သခင်မလေးမှာ သခင်မလို အဒေါ်တစ်ယောက်ရှိတာ အရမ်း ကံကောင်းတာပဲ။"
မို့ဇူး က မို့ရွှီတုန်း လဲလျောင်းနိုင်အောင် ကူညီချင်တဲ့စိတ်နဲ့ တက်လာခဲ့တယ်။ သူမဟာ ချည်ပန်းပွင့်ဝတ်စုံကို ၀တ်ထားတဲ့ အိမ်အကူတစ်ယောက်ဖြစ်ပြီး အသက် 15 နှစ် 16 နှစ်လောက်ရှိသည် ။သူမဟာ လေပြင်းတိုက်ခတ်သွားသလိုမျိုး ပျော့ညံ့နေပုံရသည်။သူမ၏သခင်မအတွက် စိတ်ပူနေသော ကျွန်ကောင်းတစ်ယောက်လိုပင်။
သို့သော် အနီးကပ်နားထောင်သောအခါတွင် သူမသည် မိုရွှီတုန်း အတွက် စကားကောင်းမပြောချင်သည်က သိသိသာသာပင် ဖြစ်သည် ။ ရွှီတုန်းက ဒီမိထွေးမကြီးယုကို စိတ်ထဲကချီးမွမ်းလိုက်သည်။
ထိုအပြင် ထိုမို့ဇူစကားထဲတွင် မို့ရွှီတုန်း သည် ပျော့ညံ့ပြီး အသက်ကြီးနေပြီဖြစ်တဲ့လူကြီးသူမကို သူမအတွက် စိုးရိမ်စေသည်ဆိုတဲ့ အချက်ပါဝင်နေခဲ့သည် ။
မို့ရွှီတုန်း သည် မို့ဇူးလို့ခေါ်တဲ့ သူမကို မော့ကြည့်လိုက်တယ်။ သူမ စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။
မို့ဇူ သူမကို ဘယ်လိုမေ့နိုင်မလဲ... သူမ အခုနေမကောင်းဖြစ်နေပေမယ့် မို့ဇူးက သူ့ကို ဂရုစိုက်နေ့မယ်အစား သူ့ကို ချစ်ဖို့ မေတ္တာပို့ဖို့ အဲ့ဒီမိန်းမယု ကိုသွားခေါ်ခဲ့သည် ။
မို့ဇူးသည် အိမ်ကထွက်ခွာပြီး ပြဿနာတက်အောင်လုပ်သည့် မို့ရွှီတုန်းကို ကိုယ်နေရာကိုယ်မသိသည့်အတွက် အပြစ်တင်နေပုံရသည် ။
ယခု သူမ စဉ်းစားကြည့်တော့ တစ်စုံတစ်ယောက်က သူမကို ရေကန်ဘေးကနေ တစ်ခုခုနင်းမိပြီး ရေကန်ထဲကိသွားအောင်လုပ်လိုက်နာ သိသာပါတယ်။ ထိုတစ်စုံတစ်ယောက်က မို့ဇူးမှလွဲ၍ အခြားမည်သူမျှမရှိပေ။
............................................................................
Translated by Chai
6.4.2022