Peculiarly System [Completed ]

By MaLaKaoYa

854K 90.3K 2.7K

Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... More

Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.2)
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)

Arc(9.5)

3.4K 421 6
By MaLaKaoYa


" ကလေတန် ဒီညီလေး ညတုန်းက အိပ်မက်မက်တယ် သိလား ''

ငွေရောင်အမြီးရှည်ကြီးနဲ့ ငွေရောင်ဆံနွယ်တွေပိုင်ဆိုင်ထားတဲ့ ကလေတန်ဆဲလ်ဗားက ကျောက်ဖျာချပ်ပေါ်မှာ ငြိမ်သက်စွာ ထိုင်နေပြီး သူ၏ လက်တစ်ဖက်ဆီမှာ ထူးခတ်ခံထားရသည်။

" ကလေတန် မင်းဒီမှာနေရတာအဆင်ပြေပါရဲ့လား အဟက် ''

"......''

" ကလေတန် မင်းက ဒီနေရာကို ရောက်နေတာတောင် မာနကြီးနေတုန်းလား ''

"........''

" ကလေတန် မင်းကို ငါက အဲ့တာတွေမုန်းတာ သိလား..အမ်မီလီ ကိုလည်း  မင်းရဲ့ ဒီပုံစံကဆွဲဆောင်သွားတာလေ ''

မာလေက တစ်ယောက်တည်း စကားပြောနေရတာမို့ စိတ်မရှည်တော့ပေ။

" မင်းရဲ့ သားလေးတောင် အရွယ်ရောက်နေရောပေါ့ သူ့ကို ဘယ်ပို့ထားတာလဲ ဒီညီလေးက သွားပြီး တွေ့ချင်လို့ ''

" မာလေ ''

" နောက်ဆုံးတော့ ဒီညီလေးကို စကားပြောပြီပေါ့ ကလေတန် .အဟက်..ပြောစမ်းပါအုံး၊ တူလေးကို ဘယ်ပို့ထားတာလဲ ဆိုတာလေး..အဟင်း   ''

" မာလေ မင်းက ယုတ်မာတယ် ''

" အိုး....ဟုတ်တယ်ဗျ သိပ်ဟုတ်တာပေါ့
အခုလည်း တူလေးအပေါ်ယုတ်မာမလို့လေ ဘယ်မှာလဲ ပြောစမ်းပါ ''

" ......''

ကလေတန်ဆဲလ်ဗားက မာလေကို မုန်းတီးစက်ဆုပ်စွာကြည့်ပြီး ဒေါသကို လျှော့ချနေရသည်။

" အိပ်မက်ထဲမှာလေ မင်းရဲ့သားက အမ်မီလီနဲ့ တထေရာတည်းပဲ သိလား ...အဟား..ငါလေငါ့ရဲ့မိတ်ဖက်အဖြစ်သတ်မှတ်ဖို့မစောင့်နိုင်တော့ဘူး.. သူ့ကိုတွေ့ရင် မင်းရဲ့ ရှေ့မှာ မိတ်လိုက်ပြမယ် မင်းကြည့်ဖို့ အားမွေးထား ''

" တောက်!! မာလေ..မင်း! !''

မာလေသည် အနီရောင်အမြီးကို ခတ်ကာ ထိုကျောက်ဂူမှထွက်လိုက်ပြီး အပြင်ရောက်သည်နှင့် တခြမ်းစောင်းအပြုံးကြီးပြုံးလိုက်သည်။

" ဘာပဲဖြစ်ဖြစ် သူက ငါရဲ့ ကြင်ယာတော် ဖြစ်ကိုဖြစ်ရမယ် ''

မာလေက စိတ်ထဲမှာ ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး နန်းတော်ဘက်သို့ ဦးတည်လိုက်သည်။

..................

" ဗစ်တာ မင်းကြီးက ကြေညာချက်ထုတ်ပြန်ထားတယ် ဒီမှာကြည့်စမ်း ''

အပြင်ကပြန်လာတဲ့ ချာလိန်းက စာရွက်တစ်ခုကို ဗစ်တာဆီပေးလိုက်၏။ သူမပုံစံက အနည်းငယ် စိုးရိမ်နေပုံရပေမယ့် ထိန်းထားပုံပေါ်သည်။

" ဟိုတစ်ယောက်က ဘယ်မလဲ သူ့အတွက် မုန့်ယူလာတယ် ''

ချာလိန်းက အကွာ့ကို မမြင်တာကြောင့် မေးနေတာဖြစ်သည်။

" ရှူး..တိတ်တိတ်နေ အကွာအိပ်နေတယ်''

" အော် အေးအေး ''

ချာလိန်းက ကြည်ကြည်သာသာဖြေလိုက်ခြင်းတော့မဟုတ်ပေ။ သူမသည် ဗစ်တာအား ဒိုင်းခနဲ အားရပါးရမျက်စောင်းကြီးထိုးလိုက်ပါ၏။

" ဒါက ဘယ်လိုဖြစ်တာလဲ ဘုရင်ကြီးက ဘာလို့ ဒီလိုအမိန့်ချတာလဲ သူသာ အကွာ့ကို တွေ့ရင် အကွာ့ကို သူသိမ်းပိုက်လိမ့်မယ် ''

" ဟင်း...ငါလည်း အဲ့တာပြောမလို့..ရေသူမျိုးနွယ်အသစ်တွေကို စစ်တမ်းကောက်ယူမယ်တဲ့ သူသဘောကျတဲ့သူရဲ့ပုံစံနဲ့တူရင် တော်ကောက်မယ် ''

" .....''

" ပုံကလည်း ပါနေတော့ အကွာ့ကို ရေသူမျိုးနွယ်တိုင်းမှတ်မိကြလိမ့်မယ် ''

"နည်းလမ်းတော့ရှိမှာပါ ကြံဆပါအုန်း ချာလိန်း ''

" အင်း ''

နှစ်ယောက်သား ငြိမ်သက်စွာ စဉ်းစားနေကြရင်း အကွာ့အတွက် ပူပန်နေကြရသည်။

" ဟာ..တိတ်ဆိတ်နေတာပဲ ဘာဖြစ်နေကြတာလဲ.. ဗစ်တာ၊ ချာလိန်း ''

နိုးလာတဲ့အချိန်မှာ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြောင့် ရှောင်းကျန့်က အသံပြုလိုက်သည်။ သို့သော်လည်း
အတွေးလွန့်လူးနေတဲ့ နှစ်ယောက်က သူ့ရဲ့ ခေါ်သံကိုမကြားပေ။

ရှောင်းကျန့်က ဘေးကနေရာလွတ်မှာဝင်ထိုင်ပြီး စားပွဲပေါ်၌ မေးတင်ကာ ထိုနှစ်ယောက်ကို ကြည့်နေလိုက်သည် ။

" ဟမ် ဒါက ဘာစာရွက်ကြီးလဲ ''

ရှောင်းကျန့်က ထိုစာရွက်ကြီးကို ယူကြည့်ပြီး ပါးစပ်ဟောင်းလောင်းဖြစ်သွားရသည်။

" ငါ့ပုံ ကြီး ဘယ်သူဆွဲထားတာပါလိမ့်..ဒီပုံကလှပါတယ် ဒါပေမယ့်  ငါ့လောက်တော့ ကြည့်မကောင်းဘူး နေစမ်းပါအုံး ဒါက..ဟင်! မင်းကြီးတံဆိပ်တုံးကြီးမလား ..အော် မင်းကြီးက ငါ့ပုံတွေ ဆွဲပြီး ဘာလုပ်တာလဲဟ ဧကန္တ ငါအရမ်းချောနေလို့ ပုံတွေဆွဲပြီး ရောင်းစားနေတာဖြစ်မယ်။ ''

Kitty သည် ဒီလောက်ကြီး ရွှေဉာဏ်တော်စူးရောက်လွန်းသည့် ရှောင်းကျန့်ကို ခေါက်ဆွဲမျှင်နဲ့လည်ပင်းညစ်သတ်ချင်စိတ်ပေါက်လာသည်။

တကယ်ပါ.. တည်ငြိမ်အေးဆေးတဲ့ စစ်နတ်ဘုရား တဲ့။ သောက်ရူးသောက်ပေါကြီးကိုများ..ငါဘယ်လိုများသူ့ကိုအထင်ကြီးခဲ့ပါလိမ့်.. ငါမျက်စဉ်းခတ်မှဖြစ်တော့မယ်..မျက်လုံးက ပါဝါဒေါင်းနေပြီထင်တယ် ။

Kitty က အော်ဟစ်ကာ ရင်ထုနေပေမယ့် ရှောင့်ကျန့်ကတော့ ကွန်ဖီးဒန့်တွေဇွတ်ဟိုက်နေတုန်း။

" ဗစ်တာ..ဗစ်တာ ဗစ်တာ! !''

" အမယ်လေးဗျ  အကွာနဲ့ ရ..''

" ဘယ်လို ဘယ်လို... ဘာပြောလိုက်တာလဲ မရှင်းလို့ ''

" အဟမ်း..ယောင်နေတာ ''

" သြော့.. ယောင်ရင်ဆေးလူးလေ ဘယ်နေရာယောင်တာလဲ.. ''

" အကွာက နောက်တယ်ပေါ့ ''

" ဟင့်အင်း ကြည်တယ် တော်တော့်ကိုကြည်လင်ဖြူစင်နေတာ အဟင်းဟင်း''

" အကွာ ရော့ နင့်အတွက် မုန့်ယူလာတယ် စားလိုက်အုန်း ''

ချာလိန်းက မုန့်ထုပ်လေးပေးရင်း စကားဝိုင်းထဲ ဝင်လာသည်။

" ဒီမှာ မင်းတို့ မင်းကြီးရဲ့ တံဆိပ်တုံးနဲ့ ငါ့ပုံတူပန်းချီ... အဲ့တာကဘာသဘောလဲ ''

ဘာမှန်းမသိသည့် မုန့်တွေကို ပါးစပ်ထဲကို သွတ်ရင်း ရှောင်းကျန့်က မေးလိုက်တော့ ထိုနှစ်ယောက်မှာ မျက်စိမျက်နှာပျက်ကာ စကားသံထွက်မလာပေ။

' kitty ရေ '

' ဗျာ ..အစ်ကိုရှောင်း '

' သူတို့နှစ်ဦးရဲ့ ပုံစံက မူမမှန်သလိုပဲ ဘာတွေဖြစ်နေတာလဲ ငါ့ကို ပြောပြ '

' ပြောရမယ် ဆိုရင်တော့ အရှည်ကြီးပေါ့ဗျာ ..အရှည်ကြီး ဆိုတာ ကွမ်းယာရောင်းတယ်လေ '

' ဟမ်..???''

Kitty ရဲ့ စကားကြောင့် ရှောင်းကျန့် ဆွံ့အသွားရသည်။ ။

T.N တိုနေတာသိပေမယ့် ဖုန်းနဲ့လပ်တော့ပ်ပြန်ရရ​ချင်းရေးတင်လိုက်တာ ။ စိတ်မဆိုးကြေး✌။

Zawgyi

" ကေလတန္ ဒီညီေလး ညတုန္းက အိပ္မက္မက္တယ္ သိလား ''

ေငြေရာင္အၿမီးရွည္ႀကီးနဲ႕ ေငြေရာင္ဆံႏြယ္ေတြပိုင္ဆိုင္ထားတဲ့ ကေလတန္ဆဲလ္ဗားက ေက်ာက္ဖ်ာခ်ပ္ေပၚမွာ ၿငိမ္သက္စြာ ထိုင္ေနၿပီး သူ၏ လက္တစ္ဖက္ဆီမွာ ထူးခတ္ခံထားရသည္။

" ကေလတန္ မင္းဒီမွာေနရတာအဆင္ေျပပါရဲ႕လား အဟက္ ''

"......''

" ကေလတန္ မင္းက ဒီေနရာကို ေရာက္ေနတာေတာင္ မာနႀကီးေနတုန္းလား ''

"........''

" ကေလတန္ မင္းကို ငါက အဲ့တာေတြမုန္းတာ သိလား..အမ္မီလီ ကိုလည္း  မင္းရဲ႕ ဒီပုံစံကဆြဲေဆာင္သြားတာေလ ''

မာေလက တစ္ေယာက္တည္း စကားေျပာေနရတာမို႔ စိတ္မရွည္ေတာ့ေပ။

" မင္းရဲ႕ သားေလးေတာင္ အ႐ြယ္ေရာက္ေနေရာေပါ့ သူ႕ကို ဘယ္ပို႔ထားတာလဲ ဒီညီေလးက သြားၿပီး ေတြ႕ခ်င္လို႔ ''

" မာေလ ''

" ေနာက္ဆုံးေတာ့ ဒီညီေလးကို စကားေျပာၿပီေပါ့ ကေလတန္ .အဟက္..ေျပာစမ္းပါအုံး၊ တူေလးကို ဘယ္ပို႔ထားတာလဲ ဆိုတာေလး..အဟင္း   ''

" မာေလ မင္းက ယုတ္မာတယ္ ''

" အိုး....ဟုတ္တယ္ဗ် သိပ္ဟုတ္တာေပါ့
အခုလည္း တူေလးအေပၚယုတ္မာမလို႔ေလ ဘယ္မွာလဲ ေျပာစမ္းပါ ''

" ......''

ကေလတန္ဆဲလ္ဗားက မာေလကို မုန္းတီးစက္ဆုပ္စြာၾကည့္ၿပီး ေဒါသကို ေလွ်ာ့ခ်ေနရသည္။

" အိပ္မက္ထဲမွာေလ မင္းရဲ႕သားက အမ္မီလီနဲ႕ တေထရာတည္းပဲ သိလား ...အဟား..ငါေလငါ့ရဲ႕မိတ္ဖက္အျဖစ္သတ္မွတ္ဖို႔မေစာင့္နိုင္ေတာ့ဘူး.. သူ႕ကိုေတြ႕ရင္ မင္းရဲ႕ ေရွ႕မွာ မိတ္လိုက္ျပမယ္ မင္းၾကည့္ဖို႔ အားေမြးထား ''

" ေတာက္!! မာေလ..မင္း! !''

မာေလသည္ အနီေရာင္အၿမီးကို ခတ္ကာ ထိုေက်ာက္ဂူမွထြက္လိုက္ၿပီး အျပင္ေရာက္သည္ႏွင့္ တျခမ္းေစာင္းအၿပဳံးႀကီးၿပဳံးလိုက္သည္။

" ဘာပဲျဖစ္ျဖစ္ သူက ငါရဲ႕ ၾကင္ယာေတာ္ ျဖစ္ကိုျဖစ္ရမယ္ ''

မာေလက စိတ္ထဲမွာ က်ယ္ေလာင္စြာ ႀကဳံးဝါးလိုက္ၿပီး နန္းေတာ္ဘက္သို႔ ဦးတည္လိုက္သည္။

..................

" ဗစ္တာ မင္းႀကီးက ေၾကညာခ်က္ထုတ္ျပန္ထားတယ္ ဒီမွာၾကည့္စမ္း ''

အျပင္ကျပန္လာတဲ့ ခ်ာလိန္းက စာ႐ြက္တစ္ခုကို ဗစ္တာဆီေပးလိုက္၏။ သူမပုံစံက အနည္းငယ္ စိုးရိမ္ေနပုံရေပမယ့္ ထိန္းထားပုံေပၚသည္။

" ဟိုတစ္ေယာက္က ဘယ္မလဲ သူ႕အတြက္ မုန့္ယူလာတယ္ ''

ခ်ာလိန္းက အကြာ့ကို မျမင္တာေၾကာင့္ ေမးေနတာျဖစ္သည္။

" ရႉး..တိတ္တိတ္ေန အကြာအိပ္ေနတယ္''

" ေအာ္ ေအးေအး ''

ခ်ာလိန္းက ၾကည္ၾကည္သာသာေျဖလိုက္ျခင္းေတာ့မဟုတ္ေပ။ သူမသည္ ဗစ္တာအား ဒိုင္းခနဲ အားရပါးရမ်က္ေစာင္းႀကီးထိုးလိုက္ပါ၏။

" ဒါက ဘယ္လိုျဖစ္တာလဲ ဘုရင္ႀကီးက ဘာလို႔ ဒီလိုအမိန့္ခ်တာလဲ သူသာ အကြာ့ကို ေတြ႕ရင္ အကြာ့ကို သူသိမ္းပိုက္လိမ့္မယ္ ''

" ဟင္း...ငါလည္း အဲ့တာေျပာမလို႔..ေရသူမ်ိဳးႏြယ္အသစ္ေတြကို စစ္တမ္းေကာက္ယူမယ္တဲ့ သူသေဘာက်တဲ့သူရဲ႕ပုံစံနဲ႕တူရင္ ေတာ္ေကာက္မယ္ ''

" .....''

" ပုံကလည္း ပါေနေတာ့ အကြာ့ကို ေရသူမ်ိဳးႏြယ္တိုင္းမွတ္မိၾကလိမ့္မယ္ ''

"နည္းလမ္းေတာ့ရွိမွာပါ ႀကံဆပါအုန္း ခ်ာလိန္း ''

" အင္း ''

ႏွစ္ေယာက္သား ၿငိမ္သက္စြာ စဥ္းစားေနၾကရင္း အကြာ့အတြက္ ပူပန္ေနၾကရသည္။

" ဟာ..တိတ္ဆိတ္ေနတာပဲ ဘာျဖစ္ေနၾကတာလဲ.. ဗစ္တာ၊ ခ်ာလိန္း ''

နိုးလာတဲ့အခ်ိန္မွာ တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္ေၾကာင့္ ေရွာင္းက်န့္က အသံျပဳလိုက္သည္။ သို႔ေသာ္လည္း
အေတြးလြန့္လူးေနတဲ့ ႏွစ္ေယာက္က သူ႕ရဲ႕ ေခၚသံကိုမၾကားေပ။

ေရွာင္းက်န့္က ေဘးကေနရာလြတ္မွာဝင္ထိုင္ၿပီး စားပြဲေပၚ၌ ေမးတင္ကာ ထိုႏွစ္ေယာက္ကို ၾကည့္ေနလိုက္သည္ ။

" ဟမ္ ဒါက ဘာစာ႐ြက္ႀကီးလဲ ''

ေရွာင္းက်န့္က ထိုစာ႐ြက္ႀကီးကို ယူၾကည့္ၿပီး ပါးစပ္ေဟာင္းေလာင္းျဖစ္သြားရသည္။

" ငါ့ပုံ ႀကီး ဘယ္သူဆြဲထားတာပါလိမ့္..ဒီပုံကလွပါတယ္ ဒါေပမယ့္  ငါ့ေလာက္ေတာ့ ၾကည့္မေကာင္းဘူး ေနစမ္းပါအုံး ဒါက..ဟင္! မင္းႀကီးတံဆိပ္တုံးႀကီးမလား ..ေအာ္ မင္းႀကီးက ငါ့ပုံေတြ ဆြဲၿပီး ဘာလုပ္တာလဲဟ ဧကႏၱ ငါအရမ္းေခ်ာေနလို႔ ပုံေတြဆြဲၿပီး ေရာင္းစားေနတာျဖစ္မယ္။ ''

Kitty သည္ ဒီေလာက္ႀကီး ေ႐ႊဉာဏ္ေတာ္စူးေရာက္လြန္းသည့္ ေရွာင္းက်န့္ကို ေခါက္ဆြဲမွ်င္နဲ႕လည္ပင္းညစ္သတ္ခ်င္စိတ္ေပါက္လာသည္။

တကယ္ပါ.. တည္ၿငိမ္ေအးေဆးတဲ့ စစ္နတ္ဘုရား တဲ့။ ေသာက္႐ူးေသာက္ေပါႀကီးကိုမ်ား..ငါဘယ္လိုမ်ားသူ႕ကိုအထင္ႀကီးခဲ့ပါလိမ့္.. ငါမ်က္စဥ္းခတ္မွျဖစ္ေတာ့မယ္..မ်က္လုံးက ပါဝါေဒါင္းေနၿပီထင္တယ္ ။

Kitty က ေအာ္ဟစ္ကာ ရင္ထုေနေပမယ့္ ေရွာင့္က်န့္ကေတာ့ ကြန္ဖီးဒန့္ေတြဇြတ္ဟိုက္ေနတုန္း။

" ဗစ္တာ..ဗစ္တာ ဗစ္တာ! !''

" အမယ္ေလးဗ်  အကြာနဲ႕ ရ..''

" ဘယ္လို ဘယ္လို... ဘာေျပာလိုက္တာလဲ မရွင္းလို႔ ''

" အဟမ္း..ေယာင္ေနတာ ''

" ေၾသာ့.. ေယာင္ရင္ေဆးလူးေလ ဘယ္ေနရာေယာင္တာလဲ.. ''

" အကြာက ေနာက္တယ္ေပါ့ ''

" ဟင့္အင္း ၾကည္တယ္ ေတာ္ေတာ့္ကိုၾကည္လင္ျဖဴစင္ေနတာ အဟင္းဟင္း''

" အကြာ ေရာ့ နင့္အတြက္ မုန့္ယူလာတယ္ စားလိုက္အုန္း ''

ခ်ာလိန္းက မုန့္ထုပ္ေလးေပးရင္း စကားဝိုင္းထဲ ဝင္လာသည္။

" ဒီမွာ မင္းတို႔ မင္းႀကီးရဲ႕ တံဆိပ္တုံးနဲ႕ ငါ့ပုံတူပန္းခ်ီ... အဲ့တာကဘာသေဘာလဲ ''

ဘာမွန္းမသိသည့္ မုန့္ေတြကို ပါးစပ္ထဲကို သြတ္ရင္း ေရွာင္းက်န့္က ေမးလိုက္ေတာ့ ထိုႏွစ္ေယာက္မွာ မ်က္စိမ်က္ႏွာပ်က္ကာ စကားသံထြက္မလာေပ။

' kitty ေရ '

' ဗ်ာ ..အစ္ကိုေရွာင္း '

' သူတို႔ႏွစ္ဦးရဲ႕ ပုံစံက မူမမွန္သလိုပဲ ဘာေတြျဖစ္ေနတာလဲ ငါ့ကို ေျပာျပ '

' ေျပာရမယ္ ဆိုရင္ေတာ့ အရွည္ႀကီးေပါ့ဗ်ာ ..အရွည္ႀကီး ဆိုတာ ကြမ္းယာေရာင္းတယ္ေလ '

' ဟမ္..???''

Kitty ရဲ႕ စကားေၾကာင့္ ေရွာင္းက်န့္ ဆြံ႕အသြားရသည္။ ။

T.N တိုေနတာသိေပမယ့္ ဖုန္းနဲ႕လပ္ေတာ့ပ္ျပန္ရရ​ခ်င္းေရးတင္လိုက္တာ ။ စိတ္မဆိုးေၾကး✌။


Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
430K 10.4K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
221K 36.5K 98
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .