You are my husband (Season 1)...

By nikochan065

1.1M 64.6K 5.4K

သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျ... More

part 1
part 2
part 8
part 9
part 10
part 11
part 3
part 12
part 13
part 14
part 15
part 16
Part 17
part 18
part 19
part 4
Announcement
part 20
part 21
part 22
part 23
part 24
part 25
part 5
part 26
Part 27
part 28
part 29
part 30
part 31
နတ္သမီးလမ္း <နတ်သမီးလမ်း >
part 32
part 33
part 6
part 33 အဆက္
part 34
34 အဆက္
35
36
Ep 7
37
38
39
40
41
42
43
44
45
46
46 အဆက္
47
48
48
50
51 ဇာတ္သိမ္းပိုင္း
Extra

49

16.8K 1.1K 247
By nikochan065

တစ္စံုတစ္ေယာက္ကို ေစာင့္ေမွ်ာ္ေနရတဲ့ ေ၀ဒနာက ဘာလဲ လို႔ ေမးလာခဲ့ရင္ သူ လို လူက ဘာမွ ေသခ်ာျပန္ေျဖႏိုင္မွာမဟုတ္ဘူး ။ သူ႕ႏွလံုးသားေလးက ခက္ထန္ ဆိုတဲ့ ေယာက်္ားတစ္ေယာက္ကို ေစာင့္ေမွ်ာ္ေနရလြန္းလို႔
အဆံုးမရိွေအာင္ ထံုက်င္လြန္းေနၿပီမို႔.... ။

ထည္ဝါလင္းရိွန္ က အိပ္ေပ်ာ္ေနတဲ့ ခက္ထန္ အနားမွာ ေန႔ညမျပတ္ ေစာင့္ေနခဲ့ရွာတယ္ ။ တစ္ရက္ရက္ေတာ့ ခက္ထန္ သူ႕ကို ထၾကည့္တန္ေကာင္းပါရဲ႕... ။

၂လသား ကေလးေလးရဲ႕ သေရေလးမ်ားက
အိပ္ေပ်ာ္ေနတဲ့ ဖခင္ရဲ႕ လက္ေပၚမွာ ရႊဲရႊဲစိုလို႔။
သူ႕ဖခင္က စာနာစိတ္ ကင္းမဲ့စြာ တခ်က္ေတာင္ ထၾကည့္မလာခဲ့ဘူး ။

ပိတ္က်ေနေသာ မ်က္ခြံမို႔မို႔ေလးမ်ားကို ကာကြယ္ထားတဲ့ မ်က္ေတာင္ရွည္ေလးမ်ားက နက္ေမွာင္စြာ အၾကင္နာတရားကင္းမဲ့မႈကို ေဖာ္ျပသည္ ။ တခ်က္ေလးေတာင္မွေလ.. တခ်က္ေလးေတာင္ သူ႕မ်က္ေတာင္ေလးေတြက လႈပ္ခတ္သြားျခင္း မရိွေလဘူး ။

" မင္း နားလိုက္ပါလား ထည္ဝါရယ္!  ၾကာရင္ မင္းပါ လဲသြားလိုက္မယ္ ။ ကေလးေတြအတြက္ မင္း သန္မာေနမွ ျဖစ္မယ္ေလ ကြာ "

႐ိုင္နာ ့ လက္တို႔ဟာ ထည္ဝါလင္းရိွန္ ပခံုးသားမ်ားကို ဆုပ္ကိုင္ကာ အားေပးလ်က္ရိွသည္ ။ မ်က္လံုးရွည္ေလးတ၀ိုက္သည္ အညိဳေရာင္သန္းေနကာ မ်က္သားတို႔က နီရဲတြတ္ေနေတာ့၏ ။

ဘယ္ေလာက္ေတာင္ ငိုထားလိုက္သလဲ ထည္ဝါလင္းရိွန္! 

" သူ႔ ငါ့ကို မခ်စ္ဘူး "

ခက္ထန္ ခြဲစိတ္ၿပီး ၁ပတ္ၾကာသည့္အခ်ိန္၌ ထည္ဝါလင္းရိွန္ ပထမဆံုး ေျပာလာသည့္စကား.. ။
လသားအရြယ္ နီတာရဲေလးႏွစ္ေကာင္ကို ထည္ဝါလင္းရိွ္န္က ခက္ထန္ ေဘးႏွစ္ဖက္တြင္ တစ္ေကာင္စီ ခ်ထားသည္ ။

" ကေလးေတြ ျပဳတ္က်ေနမယ္ "

႐ိုင္နာ စိတ္မရွည္စြာ သတိေပးလိုက္၏ ။

" ကုတင္က အက်ယ္ႀကီးပါ ။ သူတို႔ မလႈပ္ပါဘူး ။ ႏွစ္ေယာက္လံုး အိပ္ေနၾကတယ္ ။ "

အမူအရာတို႔က တည္ၿငိမ္ဟန္ေဆာင္ထားေသာ္လည္း သူဟာ အသံတို႔ တုန္ရီေနသည္ ။ သူ႕မ်က္လံုးမ်ားသည္ အသက္မဲ့စြာ လဲေလ်ာင္းေနသူ၏ မ်က္ႏွာေလးေပၚ၌သာ တည္ရိွ၏။ ႐ိုင္နာ့ ကို ျပန္ေျဖေနခ်ိန္ေတာင္ ေမာ့ၾကည့္မလာ။ သူ႕မ်က္လံုးမ်ားက ခက္ထန္ ဆီ၌သာ ရိွ၏ ။

" ကေလးေတြကို ဘာလုပ္ထားတာလဲ ထည္ဝါ!  မင္း မွန္ေတာ့ မွန္ပါေသးတယ္ေနာ္ "

႐ိုင္နာက သူ႕ေခါင္းသူ လက္ညိႇဳးထိုးျပကာ
ေျပာ၏ ။ ထည္ဝါလင္းရိွန္ ဘာေတြေလွ်ာက္လုပ္ေနသလဲေတာင္ သူ နားမလည္ႏိုင္ေတာ့ဘူး ။ သူ႕အေပၚ တေလွ်ာက္လံုးက မေကာင္းလာတဲ့ ေကာင္က တခါေလာက္ေလး က်ည္ကာေပးလိုက္တာနဲ႔ လုပ္ခဲ့သမွ် ရက္စက္မႈမ်ားစြာကို ခြင့္လႊတ္ေပးႏိုင္သတဲ့လား ။ သူ အံ့ဩလို႔ မဆံုးဘူး။

" ကေလးေတြကို ငါ အိမ္ျပန္ေခၚသြားမယ္ ။ မင္းလင္ကို သတိရေစခ်င္တာနဲ႔ ကေလးေတြကို ဒုကၡမေပးနဲ႔!  "

ေျခေထာက္ကေလး မိုးေပၚေထာင္ေနေသာ ကေလးႏွစ္ေယာက္ကို ႐ိုင္နာႏွင့္ မိႈင္း တစ္ေယာက္စီခ်ီမကာ အိမ္သို႔ျပန္ခဲ့ၾကသည္ ။ ထည္ဝါလင္းရိွန္ လို ေျပာမရဆိုမရကိုေတာ့ ေဆး႐ံုမွာပဲ ထားပစ္ခဲ့ၾကသည္ ။

ဆရာဝန္က တရက္မွာ ထည္ဝါလင္းရိွန္ကို ေခၚေျပာခဲ့တယ္ ။

"သိပ္ၿပီး ေမွ်ာ္လင့္ခ်က္မထားနဲ႔ " တဲ့... ။ ခက္ထန္ကို ဟိုစမ္းဒီစမ္း စမ္းသပ္ေပးၾကတဲ့ ဆရာ၀န္ႀကီးေတြဟာ မ်က္ႏွာမေကာင္းစြာ အခန္းထဲမွ ျပန္ထြက္သြားေလ့ရိွၾကတယ္ ။

သူတို႔ ပံုေတြ ၾကည့္ရတာ "ေသခါနီး လူတစ္ေယာက္ရဲ့ ေနာက္ဆံုး အခ်ိန္ကို ေအးခ်မ္းသြားပါေစ " လို႔မ်ား ေျပာခ်င္ေနၾကသလား ။ အဲ့လို လာေျပာၾကည့္... ေျပာတဲ့ ဆရာ၀န္နဲ႔အတူ ဒီေဆး႐ံုႀကီး တစ္ခုလံုးကို
မီးေလာင္တိုက္သြင္းပစ္လိုက္မယ္ ။

သူ တစ္ရက္မွ အိပ္လို႔မရခဲ့ဘူး ။ သူ႕ဘ၀က ေမြးကတည္းက မေအးခ်မ္းခဲ့တာ... အခုခ်ိန္ထိလည္း မေအးခ်မ္းႏိုင္ေသးဘူး။

" မင္း အဆိပ္မိထားတာ ငါ တကယ္ကို မသိခဲ့ဘူး ထန္ထန္... ငါ့ကို ထြက္သြားဖို႔ေျပာတာ မင္းကိုယ္မင္း ေသရေတာ့မယ္လို႔ သိေနခဲ့လို႔လား?  အသက္ရွင္ဖို႔ မႀကိဳးစားၾကည့္ဘဲ မေကာင္းတာေတြပဲ လုပ္ခဲ့ဖို႔ ေရြးခ်ယ္ခဲ့တာပဲ ထန္ထန္!  မင္းက လူဆိုးေကာင္ ျဖစ္ေနဆဲပဲ "

ေဆးပိုက္တန္းလန္း လက္ကေလးကို ျဖည္းညႇင္းစြာဆုပ္ကိုင္လ်က္ ေရပတ္၀တ္ေလးႏွင့္ သုတ္ေပးလိုက္သည္ ။ သူ႕မ်က္ရည္တို႔ဟာ ခက္ထန္လက္ေပၚသို႔ က်ဆင္းကာ ေရစီးေၾကာင္းေလးအျဖစ္ ကူးေျပာင္းသြားခဲ့၏ ။

သို႔ေသာ္ လက္ကေလးဟာ တခ်က္ေတာင္ မလႈပ္ခဲ့ဘူး ။ ေခ်ာင္က်သြားေသာ မ်က္ႏွာေလးမွာ
အရင္လို ပါးေဖာင္းေဖာင္းေလးဟာ ေပ်ာက္ကြယ္လို႔သြားခဲ့ၿပီ ။ ခ်ဳိင့္၀င္ေနေသာ ပါးခြက္ေလးေပၚသို့ တုန္ရီေနေသာ ႏႈတ္ခမ္းေလးႏွင့္ ဖိကပ္လိုက္တဲ့အခါ " ခင္ဗ်ား ဘာလုပ္တာလဲ ေသခ်င္လို႔လား ထည္ဝါလင္းရွိန္ " ဆိုတဲ့ ဆိုးေပေပအသံေလးကို ၾကားခ်င္ေသးရဲ႔... ။

အၿမဲ ဆဲဆိုေနတတ္တဲ့ ႏႈတ္ခမ္းေလးဟာ ႏႈတ္ဆိတ္လို္႔ေနခဲ့သည္ ။ အရင္လို ႏႈတ္ခမ္းသားရဲရဲေလးဟာ အခုဆို ျဖဴေျခာက္ေျခာက္အသြင္သို႔ ေဆာင္ယူသည္ ။ ႏႈတ္ခမ္းႏွစ္ခု ထပ္တူက်လို႔ သူ၏ ခႏၶာကိုယ္မွ တံေတြးဂလင္းေလးမ်ားျဖင့္ ေျခာက္ေသြ႕မႈကို ေခ်ဖ်က္ပစ္ရန္ ႀကိဳးစားသည္ ။

" ကိုကို မင္းကို သိပ္ခ်စ္တယ္ ထန္ထန္!  မင္းလည္း သိတယ္မလား ? ကိုကို က... ကိုကို က... ကိုကို႔ကေလးေလး ဘာလုပ္လုပ္ အျပစ္မျမင္ခဲ့ဘူး။ အဲဒါ မင္းကို သိပ္ခ်စ္လို႔ကြ !  ကိုကို နဲ႔ အတူတူေနၿပီး မင္း တသက္လံုး ဆိုးေတသြားလိုက္စမ္းပါ ထန္ထန္!  မင္း ဘယ္ေရာက္ေနတာလဲ ထန္ထန္? မင္း ေရာက္ေနတဲ့ေနရာမွာ မင္း အႏိုင္က်င့္ၿပီး ဆိုးေတေနလို႔ သည္းခံေပးမဲ့သူ မရိွဘူး အ႐ူးေကာင္ရဲ႕...  မင္း ဆိုးသမွ် မင္း အႏိုင္က်င့္သမွ် ၿငိမ္ခံေနမဲ့ ေကာင္က ေဟာဒီ့ ကမ႓ာမွာပဲ ရိွေနတာေလ ထန္ထန္!  မ်က္စိဖြင့္ၿပီး ငါ့ကို ထၾကည့္စမ္း!  မင္း မိန္းမေတြ ႀကိဳက္လား?  သူတို႔က မင္းအေၾကာင္းသိသြားရင္ စိတ္ကုန္ၿပီး ထားခဲ့ၾကမွာ သိလား?  မင္း ဒဏ္ႀကီး ခံေပးေနမဲ့ သူ က အခု မင္းေဘးနား ေရာက္ေနျပီ ။ ထၾကည့္စမ္း ခက္ထန္.... အဲ့ မ်က္လံုးေတြကို မိွတ္မထားနဲ႔ ေခြးမသား မေကာင္းတဲ့ေကာင္ရဲ႔့... မင္း... မင္းက အယုတ္တမာေကာင္ ! ငါ့ကို မင္းနဲ႔တူတဲ့ ေမ်ာက္ႏွစ္ေကာင္နဲ႔ ထားခဲ့ဖို႔ မစဥ္းစားနဲ႔ ။ ငါ မင္းကို မုန္းမိေတာ့မယ္ ခက္ထန္! "

တသိမ့္သိမ့္တုန္ေနေသာ ေက်ာျပင္ငယ္ဟာ
ၿပိဳလဲကာ ကုတင္ေဘးတြင္ ဒူးေထာက္လ်က္သား
ၿပိဳဆင္းသြားေတာ့၏ ။ ႐ိုင္နာႏွင့္အတူ ထည္ဝါလင္းရိွန္ ပံုရိပ္ကို တံခါးအျပင္ဘက္မွ ၾကည့္ေနေသာ ဆရာ၀န္သည္လည္း ေခါင္းခါလ်က္ ညိႇဳးငယ္စြာ ထြက္ခြာသြားခဲ့သည္ ။ မိႈင္း ခႏၶာကိုယ္ဟာ အခန္းနံရံကို မီွထားရာမွ ၿပိဳလဲကာ
ဒူးေပၚ မ်က္ႏွာတင္ထားလ်က္ မ်က္ႏွာတျပင္လံုးနီရဲလာသည္အထိ သည္းထန္စြာ ငိုေႂကြး၏ ။

" အကို... အကို က ကြၽန္ေတာ့္ ကို ကယ္ ေပးခဲ့တာ... အကို သာ မကယ္ခဲ့ရင္ ကြၽန္ ေတာ္ က... အခုခ်ိန္မွာ ေယာက်္ား ျပည့္တန္ဆာ ျဖစ္ေနေလာက္ၿပီ ။... "

" ဘာ!! "

မိႈင္း စကားၾကားတဲ့အခါ ႐ိုင္နာ ့ မွာ ထခုန္မိမတတ္
တုန္လႈပ္သြားရ၏ ။

" ကြၽန္ ေတာ့္ ေမြးစားမိဘေတြက စီးပြားပ်က္ၿပီး
ေရာင္း.. စား ခဲ့ၾကတာ!  ကြၽန္ ေတာ္ ့ ကို လူ တစ္ေယာက္က ပထမဆံုးအႀကိမ္ ဖ်က္စီး ပစ္ဖို႔ ႀကိဳးစားေနတဲ့ အခ်ိန္မွာ အကို က.. ၀ယ္ခဲ့တာ ။
အစက အကိုလည္း ကြၽန္ေတာ့္ ခႏၶာကိုယ္ကို တပ္မက္လို႔ ၀ယ္ခဲ့တယ္ ထင္တာ!  ဒါေပမဲ့ အကိုက သူ႕အနားမွာ အတြင္းလူယံု လို ထားခဲ့တယ္ ။ ကြၽန္ေတာ့္ ကို ျဖဴစင္တဲ့ မ်က္လံုးေတြနဲ႔ ပဲ ၾကည့္ေပးခဲ့တယ္ ။ သူ ေျပာတာက... ေယာက်္ားေတြကို မႀကိဳက္ဘူး ေယာက်္ားေတြရဲ႕ ခႏၶာကိုယ္ကို ထိရတာလည္း သေဘာမက်ဘူးတဲ့...... ။ သူ႕ဘ၀မွာ ထည္ဝါလင္းရိွန္ ဆိုတဲ့ ေယာက်္ားတစ္ေယာက္ကိုပဲ ထိေတြ႕မွာ! မုန္း... မုန္းလို႔ ထိမွာေနာ္  တဲ့... အဲ့လိုေျပာခဲ့တာ... "

႐ိုင္နာ ဒီတခါ တကယ္ႀကီး မ်က္ရည္၀ဲလာမိတာ..  သူ အျမင္အကပ္ဆံုး ေကာင္ ေသခါနီးအခ်ိန္မွာ သူက စိတ္မေကာင္းျဖစ္ေနမိတယ္ ဆိုတာ သူ႕အတြက္ေတာ့ လက္မခံခ်င္စရာ ျဖစ္လို႔ေနတယ္ ။ အနည္းဆံုးေတာ့ သူ ခက္ထန္ ကို ေက်းဇူးတင္ရမယ္ ။ သူ႕ေၾကာင့္သာ မိႈင္းနဲ႔ ဆံုစည္းခြင့္ ရခဲ့တာ ၊ သူ႕ေၾကာင့္ပဲ မိႈင္း ဘ၀မပ်က္ခဲ့တာ... ။

" သူ ့ ကို သြားကန္ေတာ့လိုက္ေလ! မင္းေက်းဇူးရွင္ပဲ... သိပ္မၾကာခင္ သူက ေသရေတာ့မွာ ။ မင္း ေနာက္ဆို သူ႕ကို ကန္ေတာ့ခ်င္ရင္ေတာင္ ဓာတ္ပံုပဲၾကည့္ၿပီး ကန္ေတာ့ရေတာ့မွာ "



" ဘယ္လိုေတြေျပာေနတာလဲ နာနာ... "

" ငါ အေကာင္းေျပာတာ... သြား ကန္ေတာ့ သြား...
သူ႕ ေနာက္ဆံုးအခ်ိန္ေလးမွာ ေက်းဇူးတင္ပါတယ္ လို႔ပါ ေျပာခဲ့ ။ သူ႕ကို ၾကည့္ရတာ ၀ိဥာဥ္လြင့္ေနၿပီ။ အဲဒါ တမလြန္မွာ သူ ေနရမဲ့ ေနရာကို လိုက္ရွာေနတာ...  မိႈင္း... ငါ အသုဘကိစၥ ႀကိဳျပင္ထားလိုက္ရင္ ေကာင္းမလား?  သူ ဘယ္အခ်ိန္ ေသေလာက္မလဲ?  "

အဲ့ဒီေန႔က သူတို႔ ႏွစ္ေယာက္ အႀကီးအက်ယ္ရန္ျဖစ္ခဲ့ၾကတယ္ ။ ထည္ဝါလင္းရိွန္က ဘာျဖစ္ၾကတာလဲ လို႔ ေမးတဲ့အခါ သူ ျပသနာရဲ႕အစကို ျပန္မေျပာရဲဘူး ။ သူ႕စကားေတြသာ ထည္ဝါလင္းရိွန္ ျပန္ၾကားလိုက္ရင္ ဒီကေလးအေဖ ေသြးတက္ၿပီး အရင္ ေသသြားႏိုင္တယ္ ။ မိႈင္း က အေျခအေနကို နားလည္သူမို႔ သူတို႔ ရန္ျဖစ္တဲ့ ကိစၥကို ဘာမွ ျပန္မေျပာခဲ့ေပ ။

႐ိုင္နာ ခက္ထန္ မ်က္ႏွာေလးကို ခဏေလာက္ စိုက္ၾကည့္ေနမိသည္ ။ ေခါင္းကို ဘယ္ျပန္ညာျပန္ လည္ထြက္ေနေအာင္ ၾကည့္လ်က္ ပတ္၀န္းက်င္ကို အကဲခတ္လိုက္သည္ ။ ထည္ဝါလင္းရိွန္ က ဆရာဝန္ေခၚလို႔ ဒီမွာ မရိွဘူး ။ မိႈင္း က စားစရာေသာက္စရာ သြားျပန္ယူေနလို႔ ခဏေနမွ ျပန္ေရာက္မွာ... ။ သူ ေခါင္းထဲ လက္ခနဲ ျဖစ္သြားသည္ ။ သူ ခက္ထန္ ကုတင္နား ေရွ႕သို႔တလွမ္းတိုးလိုက္၏ ။

" တကယ္ေတာ့... ငါ မင္းကို စကားေျပာခ်င္တာၾကာျပီ ခက္ထန္!  ငါ သိတယ္ ။ မင္း ေသေတာ့မွာ မလား?  ေနာက္ဆံတင္းေနမယ္ဆိုတာ နားလည္ပါတယ္ကြာ.... ဒါမဲ့ စိတ္ေျဖာင့္ေျဖာင့္နဲ႔သာ သြားပါ ။ မင္း ကေလးေတြကို ငါ နဲ႔ မိႈင္း က ၀ိုင္းၿပီးေစာင့္ေရွာက္ေပးမွာပါ ။ ထည္ဝါ့ ကိုလည္း သူ႔ ကို တန္ဖိုးထားၿပီး ခ်စ္ေပးမဲ့သူ ရိွလာရင္ ငါက မိဘေနရာက ေနၿပီး ေပးစားလိုက္ပါ့မယ္ ။ ငါကေတာ့ ျပန္မယူပါဘူး ။ ဘာလို႔ဆို မင္း ေပးခဲ့တဲ့ မိႈင္း က အခုဆို ငါ သိပ္ခ်စ္ရတဲ့ ငါ့မိန္းမေလး ျဖစ္ေနၿပီ ။ အဲ့ေတာ့ကြာ... မင္းကို ေသေစခ်င္တဲ့ စိတ္ မရိွေပမဲ့ မင္း ေသေတာ့မယ္ဆိုတာကို ငါက လက္ခံေပးႏိုင္တာပါ ။ ဒါေၾကာင့္ စိတ္ေျဖာင့္ေျဖာင့္သာ သြားပါ ။ သြားစရာရိွတာသြား.... ျမန္ျမန္သြားရင္ ပိုေကာင္းတယ္ ။ မဟုတ္ရင္ ငါ့သူငယ္ခ်င္းေလးက မင္းစိတ္နဲ႔ လဲေတာ့မယ္ကြ ! တေန႔ တေန႔ ႏိုးလာႏိုး ႏိုးလာႏိုးနဲ႔... သြားမယ္ဆိုလည္း သြက္သြက္လက္လက္သြား... လူတိုင္းက တေန႔ ေသလမ္းကို အတူတူ ေလွ်ာက္ရမွာပဲေလ... မင္းကေတာ့ ေစာေစာစီးစီး သြားထားေပါ့ မင္းက မေကာင္းတဲ့ေကာင္ ျဖစ္ခဲ့ဖူးတာပဲေလ ဒါေၾကာင့္ ေစာေစာသြားရတာေပါ့ ။ ငါတို႔ကေတာ့ အသက္ေတြႀကီးၿပီး သြားေတြ က်ဳိး ဆံပင္ေတြျဖဴ လက္ေတြတုန္ လာတဲ့ အခ်ိန္ေရာက္မွ မင္းေနာက္လိုက္ခဲ့ၾကမယ္ ။ အဲ့ေတာ့ ငါ အဓိက ေျပာခ်င္တာက ငါ အေခါင္းျပင္ထားၿပီးၿပီသိလား?  အသုဘကိုလည္း ခမ္းခမ္းနားနား စီစဥ္ေပးမယ္ ။ ပန္းေတြလည္း ငါ ေရြးထားၿပီးၿပီ ။ မင္း ႀကိဳက္မယ္လို႔ေတာ့ ငါ ထင္ပါတယ္ ။ ငါ ႀကိဳျပင္ေပးထားတာ မင္းကို ေက်းဇူးတင္လို႔ပါ ။ မင္းက မေကာင္းတဲ့ေကာင္ ဆိုေပမဲ့ ငါ့သူငယ္ခ်င္းေလးကိုလည္း က်ည္ကာေပးခဲ့တယ္။ ငါ့မိန္းမေလး ဘ၀ကိုလည္း ကယ္တင္ေပးခဲ့လို႔ ေက်းဇူးဆပ္တဲ့အေနနဲ႔ ငါ ႀကိဳျပင္ဆင္ေပးထားတာ.... "

သူ႕စကားအရွည္ႀကီး ၿပီးဆံုးသည္အထိ အခန္းထဲဘယ္သူမွ ၀င္မလာၾကေသးေပ ။ သူ႕ ေရတငံုေသာက္ၿပီး စကားဆက္ဖို႔ ျပင္လိုက္သည္။
ဘယ္သူမွ မရိွတဲ့အခ်ိန္ပဲ သူ ေျပာခ်င္တဲ့ စကား ေျပာခြင့္ရိွတာ ။ စကားဆက္ေျပာရင္ ျပင္လ်က္
ခက္ထန္ ကုတင္ေဘး ဖင္တေစာင္းေလး ထိုင္လိုက္ကာ မ်က္ႏွာေလးကို ေနာက္တေခါက္ထပ္ၾကည့္လိုက္၏ ။ သူ ဘာျမင္လိုက္သလဲ?  သူ႕ကိုယ္သူ မေသခ်ာလို႔
မ်က္လံုးေတြကို ေသခ်ာ ပြတ္ၾကည့္ကာ ေနာက္တေခါက္ ထပ္ၾကည့္ျပန္၏ ။

အံ့ဩမႈထက္ ပိုကာ သူလို လူၾကမ္းႀကီးက တကယ္ကို လန္႔သြားခဲ့တာ... ။

႐ုတ္တ႐က္ မတ္တပ္ရပ္လိုက္မိကာ
ေျခလွမ္း ႏွစ္လွမ္းစာေလာက္ ေနာက္ဆုတ္လ်က္
သူ ေသခ်ာျပန္ၾကည့္ျပန္သည္ ။

" ခက္.... ခက္ ထန္!  "

သူ႕ကို စိုက္ၾကည့္လာေသာ မ်က္၀န္းညိဳမိႈင္းမိႈင္းေလးမ်ားကို ေၾကာင္အစြာ ေငးၾကည့္ေနမိသည္ ။ ဆရာဝန္ ေခၚဖို႔လည္း သူ သတိမရ ။ မၾကာမီ နွုတ္ခမ္းေလးက လႈပ္စိလႈပ္စိ လုပ္ျပလာေသာေၾကာင့္ အနားသို႔ တိုးကပ္သြားသည္. ။

" ေရ "

အခုမွ သတိရလာေသာ ခက္ထန္ ကို ေရဗူးလိုက္ၿပီးေမာ့ခ်ခိုင္းလို႔ မရေသးဘူးဆိုတာေတာ့ သူ သိေနေသးသည္ ။ ထည္ဝါ လုပ္တဲ့အတိုင္း ဂြမ္းစေလးမွာ ေရစုပ္ၿပီး ေသးေသးေလး ပြင့္လာေသာ  ခက္ထန္ ႏႈတ္ခမ္းေလးကို တို႔ထိေပးေတာ့ ၀င္လာေသာ ေရစက္ကေလးမ်ားကို အငမ္းမရ စုပ္ယူေနေသာ ဖုတ္၀င္လာသည့္ အေကာင္ ။

ဒါ ဖုတ္၀င္တာပဲ ျဖစ္ရမယ္ ။ ဖုတ္... ဖုတ္... ။

ခဏအၾကာ ခက္ထန္ ႏႈတ္ခမ္းက ထပ္လႈပ္လာျပန္၏ ။ သူ သိခ်င္ေဇာနဲ႔ ခက္ထန္ ႏႈတ္ခမ္းနား သူ႕နားကို တိုးကပ္လိုက္ေတာ့...

" ငါ့  ကိုကို  နဲ႔  ျပန္  တိုင္  ေျပာ  မယ္  ! "

တဲ့. ....။ ဖုတ္က ခက္ထန္ အေၾကာင္းေတြကိုပါ သိေနတယ္လား ။ ႐ိုင္နာ ေခါင္း႐ႈပ္သြားေတာ့သည္။
ဒီဖုတ္က သူ႕ကိုေတာင္ အသံတိုးတိုးေလးနဲ႔ ၿခိမ္းေျခာက္လိုက္ေသးတယ္ ။ သူ ဒီဖုတ္ကို လည္ပင္းညႇစ္သတ္လိုက္ရမလား ေကာင္းမလားေတြးမိေပမဲ့ သူ႕ေျခလွမ္းတို္႔ဟာ အေ၀းသို႔ ထြက္ေျပးသြားေတာ့သည္ ။ သူ ခက္ထန့္ ဖုတ္၀င္သြားတဲ့အေၾကာင္း ေဆး႐ုံ တစ္ခုလံုးသိေအာင္ ေျပာျပမွ ျဖစ္ေတာ့မည္ေလ... ။


Unicode version

တစ်စုံတစ်ယောက်ကို စောင့်မျှော်နေရတဲ့ ဝေဒနာက ဘာလဲ လို့ မေးလာခဲ့ရင် သူ လို လူက ဘာမှ သေချာပြန်ဖြေနိုင်မှာမဟုတ်ဘူး ။ သူ့နှလုံးသားလေးက ခက်ထန် ဆိုတဲ့ ယောကျ်ားတစ်ယောက်ကို စောင့်မျှော်နေရလွန်းလို့
အဆုံးမရှိအောင် ထုံကျင်လွန်းနေပြီမို့... ။

ထည်ဝါလင်းရှိန် က အိပ်ပျော်နေတဲ့ ခက်ထန် အနားမှာ နေ့ညမပြတ် စောင့်နေခဲ့ရှာတယ် ။ တစ်ရက်ရက်တော့ ခက်ထန် သူ့ကို ထကြည့်တန်ကောင်းပါရဲ့...။

၂လသား ကလေးလေးရဲ့ သ‌ေရလေးများက
အိပ်ပျော်နေတဲ့ ဖခင်ရဲ့ လက်ပေါ်မှာ ရွှဲရွှဲစိုလို့။
သူ့ဖခင်က စာနာစိတ် ကင်းမဲ့စွာ တချက်တောင် ထကြည့်မလာခဲ့ဘူး ။

ပိတ်ကျနေသော မျက်ခွံမို့မို့လေးများကို ကာကွယ်ထားတဲ့ မျက်တောင်ရှည်လေးများက နက်မှောင်စွာ အကြင်နာတရားကင်းမဲ့မှုကို ဖော်ပြသည် ။ တချက်လေးတောင်မှလေ.. တချက်လေးတောင် သူ့မျက်တောင်လေးတွေက လှုပ်ခတ်သွားခြင်း မရှိလေဘူး ။

" မင်း နားလိုက်ပါလား ထည်ဝါရယ်!  ကြာရင် မင်းပါ လဲသွားလိမ့်မယ် ။ ကလေးတွေအတွက် မင်း သန်မာနေမှ ဖြစ်မယ်လေ ကွာ "

ရိုင်နာ့ လက်တို့ဟာ ထည်ဝါလင်းရှိန် ပခုံးသားများကို ဆုပ်ကိုင်ကာ အားပေးလျက်ရှိသည် ။ မျက်လုံးရှည်လေးတဝိုက်သည် အညိုရောင်သန်းနေကာ မျက်သားတို့က နီရဲတွတ်နေတော့၏ ။

ဘယ်လောက်တောင် ငိုထားလိုက်သလဲ ထည်ဝါလင်းရှိန်! 

" သူ ငါ့ကို မချစ်ဘူး "

ခက်ထန် ခွဲစိတ်ပြီး ၁ပတ်ကြာသည့်အချိန်၌ ထည်ဝါလင်းရှိန် ပထမဆုံး ပြောလာသည့်စကား.. ။
လသားအရွယ် နီတာရဲလေးနှစ်ကောင်ကို ထည်ဝါလင်းရှိန်က ခက်ထန် ဘေးနှစ်ဖက်တွင် တစ်‌ေယာက်စီ ချထားသည် ။

" ကလေးတွေ ပြုတ်ကျနေမယ် "

ရိုင်နာ စိတ်မရှည်စွာ သတိပေးလိုက်၏ ။

" ကုတင်က အကျယ်ကြီးပါ ။ သူတို့ မလှုပ်ပါဘူး ။ နှစ်ယောက်လုံး အိပ်နေကြတယ် "

အမူအရာတို့က တည်ငြိမ်ပုံဟန်ဆောင်ထားသော်လည်း သူဟာ အသံတို့ တုန်ရင်နေသည် ။ သူ့မျက်လုံးများသည် အသက်မဲ့စွာ လဲလျောင်းနေသူ၏ မျက်နှာလေးပေါ်၌သာ တည်ရှိ၏။ ရိုင်နာ့ ကို ပြန်ဖြေနေချိန်တောင် မော့ကြည့်မလာ။ သူ့မျက်လုံးများက ခက်ထန် ဆီ၌သာ ရှိ၏ ။

" ကလေးတွေကို ဘာလုပ်ထားတာလဲ ထည်ဝါ!  မင်း မှန်တော့ မှန်ပါသေးတယ်နော် "

ရိုင်နာက သူ့ခေါင်းသူ လက်ညှိုးထိုးပြကာ
ပြော၏ ။ ထည်ဝါလင်းရှိန် ဘာတွေလျှောက်လုပ်နေသလဲတောင် သူ နားမလည်နိုင်တော့ဘူး ။ သူ့အပေါ် တလျှောက်လုံး မကောင်းလာတဲ့ ကောင်က တခါလောက်လေး ကျည်ကာပေးလိုက်တာနဲ့ လုပ်ခဲ့သမျှ ရက်စက်မှုများစွာကို ခွင့်လွှတ်ပေးနိုင်သတဲ့လား? သူ အံ့ဩလို့ မဆုံးဘူး။

" ကလေးတွေကို ငါ အိမ်ပြန်ခေါ်သွားမယ် ။ မင်းလင်ကို သတိရစေချင်တာနဲ့ ကလေးတွေကို ဒုက္ခမပေးနဲ့!  "

ခြေထောက်ကလေး မိုးပေါ်ထောင်နေသော ကလေးနှစ်ယောက်ကို ရိုင်နာနှင့် မှိုင်း တစ်ယောက်စီချီမကာ အိမ်သို့ပြန်ခဲ့ကြသည် ။ ထည်ဝါလင်းရှိန် လို ပြောမရဆိုမရကိုတော့ ဆေးရုံမှာပဲ ထားပစ်ခဲ့ကြသည် ။

ဆရာဝန်က တရက်မှာ ထည်ဝါလင်းရှိန်ကို ခေါ်ပြောခဲ့တယ် ။

"သိပ်ပြီး မျှော်လင့်ချက်မထားနဲ့ " တဲ့... ။ ခက်ထန်ကို ဟိုစမ်းဒီစမ်း စမ်းသပ်ပေးကြတဲ့ ဆရာဝန်ကြီးတွေဟာ မျက်နှာမကောင်းစွာ အခန်းထဲမှ ပြန်ထွက်သွားလေ့ရှိကြတယ် ။

သူတို့ ပုံတွေ ကြည့်ရတာ "သေခါနီး လူတစ်ယောက်ရဲ့ နောက်ဆုံး အချိန်ကို အေးချမ်းသွားပါစေ " လို့များ ပြောချင်နေကြသလား ။ အဲ့လို လာပြောကြည့်... ပြောတဲ့ ဆရာဝန်နဲ့အတူ ဒီဆေးရုံကြီး တစ်ခုလုံးကို
မီးလောင်တိုက်သွင်းပစ်လိုက်မယ် ။

သူ တစ်ရက်မှ အိပ်လို့မရခဲ့ဘူး ။ သူ့ဘဝက မွေးကတည်းက မအေးချမ်းခဲ့တာ... အခုချိန်ထိလည်း မအေးချမ်းနိုင်သေးဘူး။

" မင်း အဆိပ်မိထားတာ ငါ တကယ်ကို မသိခဲ့ဘူး ထန်ထန်... ငါ့ကို ထွက်သွားဖို့ပြောတာ မင်းကိုယ်မင်း သေရတော့မယ်လို့ သိနေခဲ့လို့လား?  အသက်ရှင်ဖို့ မကြိုးစားကြည့်ဘဲ မကောင်းတာတွေပဲ လုပ်ခဲ့ဖို့ ရွေးချယ်ခဲ့တာပဲ ထန်ထန်!  မင်းက လူဆိုးကောင် ဖြစ်နေဆဲပဲ "

ဆေးပိုက်တန်းလန်း လက်ကလေးကို ဖြည်းညှင်းစွာဆုပ်ကိုင်လျက် ရေပတ်ဝတ်လေးနှင့် သုတ်ပေးလိုက်သည် ။ သူ့မျက်ရည်တို့ဟာ ခက်ထန်လက်ပေါ်သို့ ကျဆင်းကာ ရေစီးကြောင်းလေးအဖြစ် ကူးပြောင်းသွားခဲ့၏ ။

သို့သော် လက်ကလေးဟာ တချက်တောင် မလှုပ်ခဲ့ဘူး ။ ချောင်ကျသွားသော မျက်နှာလေးမှာ
အရင်လို ပါးဖောင်းဖောင်းလေးဟာ ပျောက်ကွယ်လို့သွားခဲ့ပြီ ။ ချိုင့်ဝင်နေသော ပါးခွက်လေးပေါ်သို့ တုန်ရီနေသော နှုတ်ခမ်းလေးနှင့် ဖိကပ်လိုက်တဲ့အခါ " ခင်ဗျား ဘာလုပ်တာလဲ သေချင်လို့လား ထည်ဝါလင်းရှိန် " ဆိုတဲ့ ဆိုးပေပေအသံလေးကို ကြားချင်သေးရဲ့... ။

အမြဲ ဆဲဆိုနေတတ်တဲ့ နှုတ်ခမ်းလေးဟာ နှုတ်ဆိတ်လို့်နေခဲ့သည် ။ အရင်လို နှုတ်ခမ်းသားရဲရဲလေးဟာ အခုဆို ဖြူခြောက်ခြောက်အသွင်သို့ ဆောင်ယူသည် ။ နှုတ်ခမ်းနှစ်ခု ထပ်တူကျလို့ သူ၏ ခန္ဓာကိုယ်မှ တံတွေးဂလင်းလေးများဖြင့် ခြောက်သွေ့မှုကို ချေဖျက်ပစ်ရန် ကြိုးစားသည် ။

" ကိုကို မင်းကို သိပ်ချစ်တယ် ထန်ထန်!  မင်းလည်း သိတယ်မလား ? ကိုကို က... ကိုကို က... ကိုကို့ကလေးလေး ဘာလုပ်လုပ် အပြစ်မမြင်ခဲ့ဘူး။ အဲဒါ မင်းကို သိပ်ချစ်လို့ကွ !  ကိုကို နဲ့ အတူတူနေပြီး မင်း တသက်လုံး ဆိုးတေသွားလိုက်စမ်းပါ ထန်ထန်!  မင်း ဘယ်ရောက်နေတာလဲ ထန်ထန်? မင်း ရောက်နေတဲ့နေရာမှာ မင်း အနိုင်ကျင့်ပြီး ဆိုးတေနေလို့ သည်းခံပေးမဲ့သူ မရှိဘူး အရူးကောင်ရဲ့...  မင်း ဆိုးသမျှ မင်း အနိုင်ကျင့်သမျှ ငြိမ်ခံနေမဲ့ ကောင်က ဟောဒီ့ ကမ္ဘာမှာပဲ ရှိနေတာလေ ထန်ထန်!  မျက်စိဖွင့်ပြီး ငါ့ကို ထကြည့်စမ်း!  မင်း မိန်းမတွေ ကြိုက်လား?  သူတို့က မင်းအကြောင်းသိသွားရင် စိတ်ကုန်ပြီး ထားခဲ့ကြမှာ သိလား?  မင်း ဒဏ်ကြီး ခံပေးနေမဲ့ သူ က အခု မင်းဘေးနား ရောက်နေပြီ ။ ထကြည့်စမ်း ခက်ထန်... အဲ့ မျက်လုံးတွေကို မှိတ်မထားနဲ့ ခွေးမသား မကောင်းတဲ့ကောင်ရဲ့... မင်း... မင်းက အယုတ်တမာကောင် ! ငါ့ကို မင်းနဲ့တူတဲ့ မျောက်နှစ်ကောင်နဲ့ ထားခဲ့ဖို့ မစဉ်းစားနဲ့ ။ ငါ မင်းကို မုန်းမိတော့မယ် ခက်ထန်! "

တသိမ့်သိမ့်တုန်နေသော ကျောပြင်ငယ်ဟာ
ပြိုလဲကာ ကုတင်ဘေးတွင် ဒူးထောက်လျက်သား
ပြိုဆင်းသွားတော့၏ ။ ရိုင်နာနှင့်အတူ ထည်ဝါလင်းရှိန် ပုံရိပ်ကို တံခါးအပြင်ဘက်မှ ကြည့်နေသော ဆရာဝန်သည်လည်း ခေါင်းခါလျက် ညှိုးငယ်စွာ ထွက်ခွာသွားခဲ့သည် ။ မှိုင်း ခန္ဓာကိုယ်ဟာ အခန်းနံရံကို မှီထားရာမှ ပြိုလဲကာ
ဒူးပေါ် မျက်နှာတင်ထားလျက် မျက်နှာတပြင်လုံးနီရဲလာသည်အထိ သည်းထန်စွာ ငိုကြွေး၏ ။

" အကို... အကို က ကျွန်တော့် ကို ကယ် ပေးခဲ့တာ... အကို သာ မကယ်ခဲ့ရင် ကျွန် တော် က အခုချိန်မှာ ယောကျ်ား ပြည့်တန်ဆာ ဖြစ်နေလောက်ပြီ"

" ဘာ!! "

မှိုင်း စကားကြားတဲ့အခါ ရိုင်နာ့ မှာ ထခုန်မိမတတ်
တုန်လှုပ်သွားရ၏ ။

" ကျွန် တော့် မွေးစားမိဘတွေက စီးပွားပျက်ပြီး
ရောင်း စား ခဲ့ကြတာ!  ကျွန် တော့် ကို လူ တစ်ယောက်က ပထမဆုံးအကြိမ် ဖျက်စီး ပစ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အကို က ဝယ်ခဲ့တာ ။
အစက အကိုလည်း ကျွန်တော့် ခန္ဓာကိုယ်ကို တပ်မက်လို့ ဝယ်ခဲ့တယ် ထင်တာ!  ဒါပေမဲ့ အကိုက သူ့အနားမှာ အတွင်းလူယုံ လို ထားခဲ့တယ် ။ ကျွန်တော့် ကို ဖြူစင်တဲ့ မျက်လုံးတွေနဲ့ ပဲ ကြည့်ပေးခဲ့တယ် ။ သူ ပြောတာက ယောကျ်ားတွေကို မကြိုက်ဘူး ယောကျ်ားတွေရဲ့ ခန္ဓာကိုယ်ကို ထိရတာလည်း သဘောမကျဘူးတဲ့.. သူ့ဘဝမှာ ထည်ဝါလင်းရှိန် ဆိုတဲ့ ယောကျ်ားတစ်ယောက်ကိုပဲ ထိတွေ့မှာ! မုန်း... မုန်းလို့ ထိမှာနော်  တဲ့... အဲ့လိုပြောခဲ့တာ "

ရိုင်နာ ဒီတခါ တကယ်ကြီး မျက်ရည်ဝဲလာမိတာ..  သူ အမြင်အကပ်ဆုံး ကောင် သေခါနီးအချိန်မှာ သူက စိတ်မကောင်းဖြစ်နေမိတယ် ဆိုတာ သူ့အတွက်တော့ လက်မခံချင်စရာ ဖြစ်လို့နေတယ် ။ အနည်းဆုံးတော့ သူ ခက်ထန် ကို ကျေးဇူးတင်ရမယ် ။ သူ့ကြောင့်သာ မှိုင်းနဲ့ ဆုံစည်းခွင့် ရခဲ့တာ ၊ သူ့ကြောင့်ပဲ မှိုင်း ဘဝမပျက်ခဲ့တာ... ။

" သူ့ ကို သွားကန်တော့လိုက်လေ! မင်းကျေးဇူးရှင်ပဲ... သိပ်မကြာခင် သူက သေရတော့မှာ ။ မင်း နောက်ဆို သူ့ကို ကန်တော့ချင်ရင်တောင် ဓာတ်ပုံပဲကြည့်ပြီး ကန်တော့ရတော့မှာ "



" ဘယ်လိုတွေပြောနေတာလဲ နာနာ... "

" ငါ အကောင်းပြောတာ... သွား ကန်တော့ သွား...
သူ့ နောက်ဆုံးအချိန်လေးမှာ ကျေးဇူးတင်ပါတယ် လို့ပါ ပြောခဲ့! သူ့ကို ကြည့်ရတာ ဝိညာဉ်လွင့်နေပြီ။ အဲဒါ တမလွန်မှာ သူ နေရမဲ့ နေရာကို လိုက်ရှာနေတာ...  မှိုင်း ငါ အသုဘကိစ္စ ကြိုပြင်ထားလိုက်ရင် ကောင်းမလား?  သူ ဘယ်အချိန် သေလောက်မလဲ?  "

အဲဒီနေ့က သူတို့ နှစ်ယောက် အကြီးအကျယ်ရန်ဖြစ်ခဲ့ကြတယ် ။ ထည်ဝါလင်းရှိန်က ဘာဖြစ်ကြတာလဲ လို့ မေးတဲ့အခါ သူ ပြဿနာရဲ့အစကို ပြန်မပြောရဲဘူး ။ သူ့စကားတွေသာ ထည်ဝါလင်းရှိန် ပြန်ကြားလိုက်ရင် ဒီကလေးအဖေ သွေးတက်ပြီး အရင် သေသွားနိုင်တယ် ။ မှိုင်း က အခြေအနေကို နားလည်သူမို့ သူတို့ ရန်ဖြစ်တဲ့ ကိစ္စကို ဘာမှ ပြန်မပြောခဲ့ပေ ။

ရိုင်နာ ခက်ထန် မျက်နှာလေးကို ခဏလောက် စိုက်ကြည့်နေမိသည် ။ ခေါင်းကို ဘယ်ပြန်ညာပြန် လည်ထွက်နေအောင် ကြည့်လျက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည် ။ ထည်ဝါလင်းရှိန် က ဆရာဝန်ခေါ်လို့ ဒီမှာ မရှိဘူး ။ မှိုင်း က စားစရာသောက်စရာ သွားပြန်ယူနေလို့ ခဏနေမှ ပြန်ရောက်မှာ.. သူ့ ခေါင်းထဲ လက်ခနဲ ဖြစ်သွားသည် ။ သူ ခက်ထန် ကုတင်နား ရှေ့သို့တလှမ်းတိုးလိုက်၏ ။

" တကယ်တော့ ငါ မင်းကို စကားပြောချင်တာကြာပြီ ခက်ထန်!  ငါ သိတယ် ။ မင်း သေတော့မှာ မလား?  နောက်ဆံတင်းနေမယ်ဆိုတာ နားလည်ပါတယ်ကွာ.. ဒါမဲ့ စိတ်ဖြောင့်ဖြောင့်နဲ့သာ သွားပါ ။ မင်း ကလေးတွေကို ငါ နဲ့ မှိုင်း က ဝိုင်းပြီးစောင့်ရှောက်ပေးမှာပါ ။ ထည်ဝါ့ ကိုလည်း သူ့ ကို တန်ဖိုးထားပြီး ချစ်ပေးမဲ့သူ ရှိလာရင် ငါက မိဘနေရာက နေပြီး ပေးစားလိုက်ပါ့မယ် ။ ငါကတော့ ပြန်မယူပါဘူး ။ ဘာလို့ဆို မင်း ပေးခဲ့တဲ့ မှိုင်း က အခုဆို ငါ သိပ်ချစ်ရတဲ့ ငါ့မိန်းမလေး ဖြစ်နေပြီ ။ အဲ့တော့ကွာ... မင်းကို သေစေချင်တဲ့ စိတ် မရှိပေမဲ့ မင်း သေတော့မယ်ဆိုတာကို ငါက လက်ခံပေးနိုင်တာပါ ။ ဒါကြောင့် စိတ်ဖြောင့်ဖြောင့်သာ သွားပါ ။ သွားစရာရှိတာသွား.. မြန်မြန်သွားရင် ပိုကောင်းတယ် ။ မဟုတ်ရင် ငါ့သူငယ်ချင်းလေးက မင်းစိတ်နဲ့ လဲတော့မယ်ကွ ! တနေ့ တနေ့ နိုးလာနိုး နိုးလာနိုးနဲ့... သွားမယ်ဆိုလည်း သွက်သွက်လက်လက်သွား... လူတိုင်းက တနေ့ သေလမ်းကို အတူတူ လျှောက်ရမှာပဲလေ... မင်းကတော့ စောစောစီးစီး သွားထားပေါ့ မင်းက မကောင်းတဲ့ကောင် ဖြစ်ခဲ့ဖူးတာပဲလေ ဒါကြောင့် စောစောသွားရတာပေါ့ ။ ငါတို့ကတော့ အသက်တွေကြီးပြီး သွားတွေ ကျိုး ဆံပင်တွေဖြူ လက်တွေတုန် လာတဲ့ အချိန်ရောက်မှ မင်းနောက်လိုက်ခဲ့ကြမယ် ။ အဲ့တော့ ငါ အဓိက ပြောချင်တာက ငါ အခေါင်းပြင်ထားပြီးပြီသိလား?  အသုဘကိုလည်း ခမ်းခမ်းနားနား စီစဉ်ပေးမယ် ။ ပန်းတွေလည်း ငါ ရွေးထားပြီးပြီ ။ မင်း ကြိုက်မယ်လို့တော့ ငါ ထင်ပါတယ် ။ ငါ ကြိုပြင်ပေးထားတာ မင်းကို ကျေးဇူးတင်လို့ပါ ။ မင်းက မကောင်းတဲ့ကောင် ဆိုပေမဲ့ ငါ့သူငယ်ချင်းလေးကိုလည်း ကျည်ကာပေးခဲ့တယ်။ ငါ့မိန်းမလေး ဘဝကိုလည်း ကယ်တင်ပေးခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ငါ ကြိုပြင်ဆင်ပေးထားတာ... "

သူ့စကားအရှည်ကြီး ပြီးဆုံးသည်အထိ အခန်းထဲဘယ်သူမှ ဝင်မလာကြသေးပေ ။ သူ့ ရေတငုံသောက်ပြီး စကားဆက်ဖို့ ပြင်လိုက်သည်။
ဘယ်သူမှ မရှိတဲ့အချိန်ပဲ သူ ပြောချင်တဲ့ စကား ပြောခွင့်ရှိတာ ။ စကားဆက်ပြောရန် ပြင်လျက်
ခက်ထန် ကုတင်ဘေး ဖင်တစောင်းလေး ထိုင်လိုက်ကာ မျက်နှာလေးကို နောက်တခေါက်ထပ်ကြည့်လိုက်၏ ။ သူ ဘာမြင်လိုက်သလဲ?  သူ့ကိုယ်သူ မသေချာလို့
မျက်လုံးတွေကို သေချာ ပွတ်ကြည့်ကာ နောက်တခေါက် ထပ်ကြည့်ပြန်၏ ။

အံ့ဩမှုထက် ပိုကာ သူလို လူကြမ်းကြီးက တကယ်ကို လန့်သွားခဲ့တာ... ။

ရုတ်တရက် မတ်တပ်ရပ်လိုက်မိကာ
ခြေလှမ်း နှစ်လှမ်းစာလောက် နောက်ဆုတ်လျက်
သူ သေချာပြန်ကြည့်ပြန်သည် ။

" ခက်.... ခက် ထန်!  "

သူ့ကို စိုက်ကြည့်လာသော မျက်ဝန်းညိုမှိုင်းမှိုင်းလေးများကို ကြောင်အစွာ ငေးကြည့်နေမိသည် ။ ဆရာဝန် ခေါ်ဖို့လည်း သူ သတိမရ ။ မကြာမီ နှုတ်ခမ်းလေးက လှုပ်စိလှုပ်စိ လုပ်ပြလာသောကြောင့် အနားသို့ တိုးကပ်သွားသည် ။

" ရေ "

အခုမှ သတိရလာသော ခက်ထန် ကို ရေဗူးလိုက်မော့ချခိုင်းလို့ မရသေးဘူးဆိုတာတော့ သူ သိနေသေးသည် ။ ထည်ဝါ လုပ်တဲ့အတိုင်း ဂွမ်းစလေးမှာ ရေစုပ်ပြီး သေးသေးလေး ပွင့်လာသော  ခက်ထန် နှုတ်ခမ်းလေးကို တို့ထိပေးတော့ ဝင်လာသော ရေစက်ကလေးများကို အငမ်းမရ စုပ်ယူနေသော ဖုတ်ဝင်လာသည့် အကောင် ။

ဒါ ဖုတ်ဝင်တာပဲ ဖြစ်ရမယ် ။ ဖုတ်... ဖုတ်... ။

ခဏအကြာ ခက်ထန် နှုတ်ခမ်းက ထပ်လှုပ်လာပြန်၏ ။ သူ သိချင်ဇောနဲ့ ခက်ထန် နှုတ်ခမ်းနား သူ့နားကို တိုးကပ်လိုက်တော့...

" ငါ့  ကိုကို  နဲ့  ပြန်  တိုင်  ပြော  မယ်  ! "

တဲ့...။ ဖုတ်က ခက်ထန် အကြောင်းတွေကိုပါ သိနေတယ်လား? ရိုင်နာ ခေါင်းရှုပ်သွားတော့သည်။
ဒီဖုတ်က သူ့ကိုတောင် အသံတိုးတိုးလေးနဲ့ ခြိမ်းခြောက်လိုက်သေးတယ် ။ သူ ဒီဖုတ်ကို လည်ပင်းညှစ်သတ်လိုက်ရကောင်းမလားတွေးမိပေမဲ့ သူ့ခြေလှမ်းတို့်ဟာ အဝေးသို့ ထွက်ပြေးသွားတော့သည် ။ သူ ခက်ထန် ဖုတ်ဝင်သွားတဲ့အကြောင်း ဆေးရုံ တစ်ခုလုံးသိအောင် ပြောပြမှ ဖြစ်တော့မည်လေ... ။


Unicode version

Continue Reading

You'll Also Like

40.1K 4.6K 69
Author _ Shuiqiancheng That's not my work.I am Just Translator
724K 28.6K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...
586K 15.1K 77
၍ficတွင် 🔞🔞များနှင့် ရိုင်းစိုင်းတဲ့စကားလုံးများပါပါသည်။ မကြိုက်နှစ်သက်ပါက မဖတ်ပါနဲ့။ ပြီးမှ လာ မwarပါနဲ့ ၍ficတြင္ 🔞🔞မ်ားႏွင့္ ရိုင္းစိုင္းတဲ့...
192K 11.5K 23
ᴠᴋᴏᴏᴋ ᴍɢʟ sᴛᴏʀʏ ᴇɴᴛᴇʀᴇᴅ:+18 @_ᴠɴᴀʙɪ🦋 ©190624