Behind the lust for a man(Com...

By YitDaungNyo_15

262K 13.3K 616

ခင်‌ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံ... More

BTLFAM ( 1 ) Unicode
BTLFAM (1) Zawgyi
BTLFAM (2) Unicode
BTLFAM(2) Zawgyi
BTLFAM (3) Unicode
BTLFAM (3) Zawgyi
BTLFAM (4) Unicode
BTLFAM (4) Zawgyi
BTLFAM (5) Unicode
BTLFAM (5) Zawgyi
BTLFAM (6) Unicode
BTLFAM (6) Zawgyi
BTLFAM (7)+ Unicode
BTLFAM (7)+ Zawgyi
BTLFAM (8) Unicode
BTLFAM (8) Zawgyi
BTLFAM (9) Unicode
BTLFAM (9) Zawgyi
BTLFAM (10) Unicode
BTLFAM (10) Zawgyi
BTLFAM (11) Unicode
BTLFAM (11) Zawgyi
BTLFAM (12) Unicode
BTLFAM (12) Zawgyi
BTLFAM (13) Unicode
BTLFAM (13) Zawgyi
BTLFAM (14) Unicode
BTLFAM (14) Zawgyi
BTLFAM (15) Unicode
BTLFAM (15) Zawgyi
BTLFAM (16) Unicode
BTLFAM (16) Zawgyi
BTLFAM (17) Unicode
BTLFAM (17) Zawgyi
BTLFAM (18) Unicode
BTLFAM (18) Zawgyi
BTLFAM (19.5) Uni/Zawgyi
BTLFAM (19) Unicode
BTLFAM (19) Zawgyi
BTLFAM (20) Unicode
BTLFAM (20) Zawgyi
BTLFAM (21) Unicode
BTLFAM (21) Zawgyi
BTLFAM (22) Unicode
BTLFAM (22) Zawgyi
BTLFAM (23) Unicode
BTLFAM (24) Unicode
BTLFAM (24) Zawgyi
BTLFAM (25) Unicode
BTLFAM (25) Zawgyi
BTLFAM (26) Unicode
BTLFAM (26) Zawgyi
BTLFAM (27) Unicode
BTLFAM (27) Zawgyi
BTLFAM (28) Unicode
BTLFAM (28) Zawgyi
BTLFAM (29) Unicode
BTLFAM (29) Zawgyi
BTLFAM (Final 30)Unicode
BTLFAM (Final 30) Zawgyi
တစ်ခန်းရပ်(uni/Zawgyi)
For New fic

BTLFAM (23) Zawgyi

1.6K 44 3
By YitDaungNyo_15

Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)

အပိုင်း(၂၃)

Baz သူ၏လက်ဖဝါးရှိ သွေးတို့ကို ရေပြင်ညီလိုမျက်နှာမျိုးနှင့် ကြည့်နေမိလေသည်။ ထိုသွေးစက်များသည် Baz၏နှလုံးအိမ်ကို မီးစနှင့်ထိုးနေသလို ဆူးတမြေ့မြေ့..။ ဦးခေါင်းတစ်ခုလုံးကိုလည်း ကျဉ်ကာ ထုံဝေစေသည်။

သတိလက်လွတ်ဖြစ်နေသော Bazသည် သူ၏ခန္ဓာကိုယ်ပေါ် ယိုင်ကျလာသော တစ်စုံတစ်ရာကိုတော့ မလွှတ်တမ်းစုတ်ကိုင်ထားသည်။ အလျင်အမြန်ဖြစ်သွားသော ဖြစ်ရပ်တို့ကြောင့် Baz ကြောင်စီစီဖြစ်နေသည်။

" ဘာကြောင့်..လဲ "

Baz၏ လည်ချောင်းတွေသည် ကွဲအက်နေပြီး အသံတစ်ခုထွက်ဖို့ကို မနည်းကြိုးစားနေရလေသည်။

" သတိကပ်စမ်း Baz "

April၏ သေနတ်သံအကြားမှ လမ်းအော်မှုကြောင့် Bazအသိတရားတို့ဝင်လာကာ ‌ရုတ်ချဉ်းမြင်လိုက်ရသော မြင်ကွင်းကြောင့် ခြေထောက်များမခိုင်တော့ပဲ ခွေကျချင်နေသည်။

မြေခွေးပြစ်လိုက်သော ကျည်သည် Baz၏နှလုံးအိမ်ကိုထိမှန်သွားသည်။ စင်စစ်ခန္ဓာကိုယ်ကိုမှန်ရင်တောင် Bazပျော်ပျော်ကြီးသေမှာဖြစ်သည်။ သို့သော် ယခုထိမှန်သောအရာသည် Baz၏သက်ရှိနှလုံးအိမ်ဖြစ်နေသောအခါဝယ်..။

Logan Bazရောက်နေသည်ကို သိ၍ အပေါ်ထပ်မှဆင်းအလာ ကောက်ကျစ်လှသောမြေခွေးသည် Bazကိုသတ်ရန်ကြံစည်နေသည်မို့ ဘေဘီပုစိကို အရှေ့ဘက်သို့ပိုက်ကာ ကျည်ဆံနှင့် Bazကြားထဲသို့ ဝင်ရပ်ပြီး Baz၏ကိုယ်ကို လှမ်းဖက်လိုက်လေသည်။

ထိမှန်သောနေရာသည် ဝဲဘက်ကျောပြင်မို့ သိသိသာသာသွေးများကျဆင်းလာလေသည်။

" လုပ်ကြပါအုံး.! ဆရာဝန်..ဆရာဝန် အမြန်ခေါ်ပေးကြပါ "

ကြမ်းပြင်ပေါ်၌ ထိုင်ချကာ Logan၏ကိုယ်ကို ပေါင်ပေါ်တင်လျက် အရူးတစ်ယောက်လို အော်ဟစ်နေလေသည်။

Bellaနှင့်Aprilမြေခွေး၏အလစ်၌ ချောင်းတိုက်လေတော့ မြေခွေးသည် အညံ့ခံရပေသည်။ တိုက်ပွဲသည်လည်း ခေါင်းဆောင်၏ညံ့ဖျင်းမှုကြောင့် ကျရှုံးသွားချေသည်။

" Logan ခင်ဗျားမအိပ်နဲ့နော်..ခင်ဗျားပို ကျွန်တော်ပြောစရာတွေရှိတယ်။ ကျွန်တော့်ကို သူများတွေပြောသလို စွန့်ပြစ်ခံလူတစ်ယောက်ဖြစ်အောင် ထားမသွားပါနဲ့ "

Logan၏ပါးပြင်ကို လက်ဖဝါးအုပ်ကိုင်ကာ အရူးတစ်ယောက်လို ငိုပြီး တောင်းဆိုနေသောသူ..။ ထိုသူ၏ မျက်ရည်စသည် Logan၏ပါးပြင်ပေါ်သို့ကျသည့်အခါ..။

" ကိုယ် မင်းကိုစွန့်ပြစ်သွားမှာမဟုတ်လို့ မငိုပါနဲ့..သေချာပေါက်ပြန်လာပြီး မင်းပေးတဲ့ပြစ်ဒဏ်ကိုခံယူပါ့မယ် "

Logan Baz၏ပါးပြင်သို့ လက်လှမ်းသွကာ မျက်ရည်စကာတို့ကိုသုတ်ပေးပြီး ကတိစကားကို ဆိုလျက်..။

နောက်ဆုံးမှာတော့ ပျော့ခွေကျသွားသောလက်..။ အိုင်ထွန်းနေသည့် သွေးစက်..။ အော်ဟစ်နေသည့် ကလေးငယ်..။ ပြေးလွှားနေသည့် ခြေသံ..။ တဒင်ဒင်မြည်နေသည့် တိုင်ကပ်နာရီကြီး..။ ထောင်းထောင်းထနေသည့် သွေးညှီနံ့..တို့သည် အကျည်းတန်လွန်းနေသည်။ တိုက်ပွဲအလည်မှာ လူနာကိုပွေ့ဖက်ပြီး အော်ဟစ်ငိုကြွေးနေသူသည်တော့ အရူးတစ်ယောက်သဖွယ် ဖြစ်နေသည်။

" ကျေးဇူးပြုပြီး ခင်ဗျားရဲ့ မျက်လုံးတွေကိုဖွင့်ထားပါ ကျေးဇူးပြုပြီး "

အရှေ့ရင်ဘတ်မှာစိုက်နေသောကျည်၏ဘေးမှ စိမ့်ကျနေသော သွေးစတို့ကို လက်ဖြင့် ဖွဖွလေးကိုင်ကာသုတ်သင်နေသည်။ ပြီးနောက် ကုတ်အင်္ကျီကို ချွတ်ကာ သွေးများဆုံးရှုံးထား၍ သတိလစ်သွားသော Loganပေါ်သို့ ထပ်ခြုံပေးလိုက်သည်။

" ကျွန်တော့်ကို ချစ်တယ်ဆို..ခင်ဗျား လိမ်နေတာလား။ ဘာလို့မျက်လုံးတွေမှိတ်ထားတာလဲ။ ကျွန်တော့်ဆီပြန်လာမယ်ဆိုတဲ့ စကားကိုရော ကျွန်တော်ယုံရမှာလား "

အကြိမ်ကြိမ်အခါခါ အော်ဟစ်ငိုကြွေးနေရ၍ မျက်ဝန်းညိုတွေသည်လည်း အနီရောင်သမ်းနေပြီး အသံတွေသည်လည်း ပြာလာသည်။

" ဆရာဝန်ခေါ်ထားတာ အခုထိမလာသေးဘူးလား.! "

သမီးငယ်ကိုချီထားကာ မာန်အပြည့်ဖြင့်ပြောနေသော April၏အသံတွင် ဝမ်းနည်းမှုအပေါင်းထပ်လောင်းနေလေသည်။

Bellaသည်တော့ သူမ၏ရင်နင့်သည်းခြားလေး ပြိုလဲနေပုံကိုကြည့်ကာ သူမ၏နှလုံးသားလေးလည်း မွန်းကြပ်လာရလေသည်။

များမကြာမီ စံအိမ်အတွင်းသို့ ဝင်လာသော ခြေသံများကိုကြားရ၍ အတွင်းရှိလူများ သေနတ်ကိုယ်စီကိုင်ကာ ထရပ်လိုက်သည်။ ထိုအထဲတွင် Logan၏အနားတွင် အရူးတစ်ယောက်လို ထိုင်ငိုနေသည့် Bazတော့မပါဝင်ခဲ့ချေ။ အပေါက်ဝသို့ အားလုံး၏သေနတ်မောင်းသည် ချိန်ထားလေသည်။

" မဒမ် အရောက်နောက်ကျသွားတယ် ခွင့်လွှတ်ပါ "

Maxiyoဂိုဏ်းသားတိုင်းသည် ဆင်ခြေမပေးဘဲ ခေါင်းဆောင်၏ခွင့်လွှတ်မှုကိုသာ တိုတိုတုတ်တုတ်တောင်းတတ်သူများ‌ဖြစ်လေသည်။

ရောက်လာသူက Leoဆိုတော့မှ ချိန်ထားသော သေနတ်များသည် ပြန်ချကာ အလောင်းရှင်းလင်းရေးကို လုပ်ကြသည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် Leo၏ခြေလှမ်းတွေသည် ရပ်တန့်သွားလေသည်။ ကြမ္မာတစ်ပတ်လှည်ခြင်းကြောင့် Baz၏စိတ် အဆင်မပြေဖြစ်နေမှာကို‌သိပေမယ့် ဒီလောက်ထိမဆိုးဝါးဘူးထင်ခဲ့တာ။

အခုတော့ သွေးအိုင်အလည်မှာ အရူးလိုထိုင်ငိုနေတဲ့ တစ်ကမ္ဘာလုံးမှာအလိုလိုက်ချင်သောသူ အချစ်ရဆုံးသူကြောင့် ရင်ဘတ်တစ်ခုလုံးမွန်းကြပ်လာရသည်။

အဲ့လိုမှန်းသိရင် မင်းကို အလိုမလိုက်ခဲ့ပါဘူး။

မင်းရဲ့ရန်သူပဲအဖြစ်ခံခဲ့ပါတယ်။

Leo အပြေးသွားကာ ငိုယိုနေသည့်လူရှေ့၌ ဒူးထောက်ထိုချပြီး Baz၏ခေါင်းကိုဖွဖွလေးကိုင်ကာ ရင်ဘတ်မှာမျက်နှာအပ်စေသည်။ Bazသည်လည်း အားကိုးရှိသွားသည့်ပုံ Leoကိုတင်းတင်းဖက်ကာငိုနေသည်။

" Baz အသိဝင်စမ်း..အဓိကနဲ့သာမညကိုခွဲပြီး အသိဝင်စမ်းပါကွာ။ ငါတို့ပထမဆုံး Loganကိုဆေးကုသရမယ်။ ဒုတိယက ဒီအခြေ‌အနေဖြစ်အောင်လုပ်တဲ့လူကို သွေးကြွေးယူရမယ်။ မင်း အသိဝင်ပါတော့ "

" ရွှတ်..! မင်းပြောတာဟုတ်တယ်။ ငါတို့သွေးကြွေးယူရမယ်။ မင်းက သူ့ကိုပြန်ခေါ်ပေးပါ သေချာပေါက် ပြန်ခေါ်လာခဲ့။ သူ့ကိုအပြစ်ပေးစရာတွေရှိတယ် "

" အင်း ငါသေချာပေါက် ပြန်ခေါ်ပေးမှာမို့ မငိုနဲ့တော့ "

Leo Maxiyo၏ဆက်ခံသူကို ကလေးချော့နေသလို ချော့နေလေသည်။ Baz မျက်နှာကိုခပ်ကြမ်းကြမ်းပွတ်ကာ ခါး၌ ထိုးထား‌သည့် ဓားအိမ်ရှိ မဟူရာရောင် ဓားကိုဆွဲထုတ်ကာ မတ်တပ်ရပ်ပြီး ချုပ်နှောင်ထားသည့် မြေခွေးဆီဦးတည်သွားလိုက်သည်။

" Baz မလုပ်နဲ့..။ Momရှင်းလိုက်မယ် "

Bella Baz၏ရှေ့၌ ရပ်ကာ တားမြစ်နေလေသည်။

" ဘေးဖယ်ပေးပါ မဒမ်..။ သူ့ကိုကျွန်တော်ရှင်းမှာမို့ မဒမ်ကဘေးဖယ်ပေးပါ "

Bella ယောင်နနနဲ့ ဘေးကပ်ပေးလိုက်မိသည်။ သူ့စကားကိုပဲတစ်သက်လုံးနားထောင်လာတဲ့ သားငယ်က အခုလိုပုန်ကန်ပြီး သွေးအေးနေသော သူပါလန့်ရသည်။

Baz ဒူးထောက်ကျနေသည့် မြေခွေး၏ရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ ရေခဲပမာ အေးစက်နေသည့် မျက်ဝန်းဖြင့် စိုက်ကြည့်နေပြီး သွေးတစ်စက်စက်ကျနေသည့် မြေခွေး၏ညာလက်မောင်းကို ဓားဦးချွန်ဖြင့်ထိုးကာ မွှေနောက်လိုက်သည်။

" အား..အား လွှတ်ပေး..လွှတ်ပေးပါ "

ကြိုးများတုတ်နှောင်ထားသည်ဖြစ်၍ ဘေးနားရှိအစောင့်နှစ်ယောက်ထံသို့ Bazအမိန့်ပေးလိုက်သည်။

" သူ့ကိုကြိုးဖြည်ပေးလိုက် "

"  Master မဒမ်က.."

Baz၏အေးစက်စက်အကြည့်ဒဏ်ကို မခံနိုင်စွာ Bellaကိုလှမ်းကြည့်လေတော့ ခေါင်းညိမ့်ပြသည်မို့ မြေခွေးကိုချည်ထားသည့် ကြိုးများကိုဖြည်ပေးလိုက်သည်။

" ကျုပ်တို့ Maxiyoတွေက လက်နက်မဲ့လူကို လက်နက်အားကိုးပြီး မတိုက်ဘူး။ အားနည်းတဲ့ရန်သူကို ရေနစ်သူဝါးကူထိုးမလုပ်ဘူး။ ဒါပေမဲ့ ခင်ဗျား သေပါရစေလို့ တောင်းဆိုလာမယ့်အထိတော့ ရက်စက်တတ်တယ် "

ဖြောင်း.* ဖြောင်း.* ဖြောင်း.*

သွေးဆာနေသော ကျားသစ်တစ်ကောင်လိုပြည့်ဝနေသော အားအင်ဖြင့် ပါးကိုဘယ်ပြန် ညာပြန်ရိုက်ချလိုက်သည်။ ထိုမြေခွေး၏ နားနှင့် နှာခေါင်းမှ သွေးစတို့ထွက်လာသည်။ ထိုရိုက်ချက်ကို ခံရသောလူ‌တိုင်းသည် ခေါင်းချာချာလည်မူးနေမှာတော့ မေးစရာပင်မလို..။

ဖြောင်း.* ဖြောင်း.*

ဒုတိယတစ်ကြိမ်အရိုက်ခံရအပြီးမှာတော့ မြေခွေး၏မျက်နှာသည် တည်သီးပုပ်ကြီးလိုဖြစ်လာလေသည်။ Baz ထိုမြေခွေး၏ ညာဘက်လက်မောင်းရှိ သွေးစ်ကစက်ကျနေသော ဒဏ်ရာအပေါ် ဖိကိုင်ကာ အားဖြင့် ညှစ်လိုက်သည်။

အား.! ခွပ်.! ခွပ်.!

အာခေါင်ခြစ်အော်လာသည့်အချိန်တွင် အပြင်းသော လက်သီးနှစ်ချက်သည် ထိုမြေခွေး၏ပါးပြင်ပေါ်သို့ ကျရောက်သွားတော့လေသည်။ မြေခွေး၏ ပါးစပ်မှ သွားတချို့နှင့် သွေးများစီးကျလာသည်။

မြော့မြော့သာကျန်တော့သည့် မြေခွေး၏ ဘယ်ဘက်လက်ကိုယူကာ နောက်ပြန်လိန်ချိုးလိုက်လေတော့..။

အား.! ဂျွတ်စ်.!

မြေခွေး၏ဘယ်ဘက်လက်သည် ရစရာမရှိအောင် ပျော့ခွေကျိုးကြေသွားသည်။ ထိုမြေခွေးသည် မသေခဲ့ရင်တောင် ဒုက္ခိတတစ်ယောက်ဖြစ်မည်မှာအမှန်ပင်။

ထိုမျှလောက်အထိ Bazမကျေနပ်သေးပဲ မြေခွေး၏ နားနှစ်ဖက်ကို လက်ဖဝါးကြီးကြီးဖြင့် အုပ်ကိုင်ကာ အားမာန်အပြည့်ဖြင့် ဆွဲလိုက်လေတော့..မြေခွေး၏နားနှစ်ဖက်သည် Baz၏လက်အတွင်းသို့ပါလာပြီး နားစည်ပါပေါက်သွားသည့် မြေခွေးသည် နှာခေါင်းတွေ နပျက်နေရာတွေကနေသွေးတွေ ဒလဟောစီးကျလာလေသည်။

မြေခွေး၏ ယခုပုံမှာ သွေးပျက်ဖွယ်ကောင်းလွန်းသည်။ အခုမြေခွေးကို ဒုက္ခပေးသည့်ပုံသည်လည်း Maxiyo၏အရက်စက်ဆုံးဖြစ်ပေသည်။ ဘေးနားရှိ Maxiyo၏ဂိုဏ်းသားတွေရော အရှင်မနှစ်ယောက်ရော ကြောက်မက်ဖွယ်ရာမြင်ကွင်းကို အလန့်တကြားကြည့်နေမိသည်။

Bazက ဘယ်တုန်းကမှ လူကိုမသေမရှင်ဖြစ်အောင်လုပ်ပြီး မသတ်ဖူးသူမို့ သူတို့အံ့ဩတာလည်းမမှားချေ။

" ခင်ဗျားလုပ်လို့.! ခင်ဗျားတို့မျိုးနွယ်စုလုပ်လို့.! ကျုပ်.! စွန့်ပြစ်ခံကလေးဖြစ်တာ။ ခင်ဗျားတို့မျိုးနွယ်စုကြောင့် ကျုပ်.! မကောင်းဆိုးဝါးလေးဖြစ်တာ။ အခုလည်း ခင်ဗျားကြောင့် ကျုပ်ချစ်တဲ့လူက ကျုပ်ကိုထားသွားတော့မယ် "

Baz၏မျက်လုံးအိမ်သည် မီးခဲသဖွယ်နီရဲနေပြီး စိတ်လွတ်နေသည်မှာ သိသာလှသည်။ ထိန်းချုပ်မှုကင်းမဲ့နေသော Bazသည် မြေခွေး၏ လည်မြိုကို ထက်ဝက်သောအားဖြင့် ညှစ်ထားလေသည်။ ဒါသည် ချက်ချင်းမသေစေဖို့ကိုရည်ရွယ်မှန်းအားလုံးသိလေသည်။

" Baz တော်ပြီ..သူ့ကိုလွှတ်ပေးလိုက်တော့"

Bella မနေနိုင်စွာပဲ Baz၏လက်ကို‌ဖြည်ရန်ကြိုးစားနေသည်။

" ကျွန်တော့်ကိစ္စမို့ မဒမ်ဝင်မပါပါနဲ့ "

" ငါကမင်းရဲ့အမေလေ Baz "

" အင်း..ကျွန်တော်သိတယ်။ Maxiyoကိုချစ်တဲ့ကျွန်တော့်ရဲ့အမေ "

" မင်းဘယ်လိုတွေပြောနေတာလဲ Baz "

Bella ဒေါသထိန်းထားသည့် ကြားမှအော်မိသွားလေသည်။

" မဟုတ်လို့လား။ မဒမ်သာကျွန်တော့်ကိုချစ်ရင် ကျွန်တော်ဘာဖြစ်ချင်လဲမေးရမှာမဟုတ်ဘူးလား။ အခုကMaxiyoဖြစ်ချင်တာကိုပဲ ကျွန်တော်ကလိုက်လုပ်နေတယ်။ မဒမ်ပုံသွင်းတဲ့အတိုင်းပဲ ကျွန်တော်နေရတယ်..ဟင်း..
မဒမ်သေဆိုသေ၊ ရှင်ဆိုရှင်ပုံစံမျိုးလေ "

" မင်းကောင်းစားဖို့ပဲလေ။ ဒီလိုမှမဟုတ်ရင် မင်းက များပြားလွန်းတဲ့ရန်သူတွေကြားမှာ ခေါင်းငုံ့ခံချင်တာလား။ Maxiyoရဲ့ သိက္ခာက မင်းနဲ့အများကြီးဆိုင်နေတယ် Baz "

" ကျွန်တော်ကကောင်းစားချင်တယ်ပြောခဲ့လား။ ကျွန်တော်လူသတ်ချင်တယ်ပြောခဲ့လား။ ကျွန်တော်က ဂိုဏ်းကိုဆက်ခံချင်တယ်ပြောခဲ့လား။ မဒမ်ကြည့်တာ ကျွန်တော့်ပျော်ရွှင်မှုမဟုတ်ဘဲ Maxiyoရဲ့သိက္ခာဖြစ်နေတာကိုထဲက ကျွန်တော့်ရင်နာစေတာရော သိရဲ့လား"

" အခုကိစ္စမှာ ကျွန်တော့်ကို မဒမ်ပြောသင့်တယ်မထင်ဘူးလား။ ဘာလဲ မဒမ်ကိုယ်တိုင်ပုံသွင်းထားခဲ့တဲ့ကျွန်တော်က အသုံးမဝင်လို့လား။ မဆိုင်တဲ့လူနဲ့ Missionကိုစတယ်။ Missionကျဆုံးခါနီးထိတောင် ကျွန်တော့်ကိုအသိမပေးပါဘဲနဲ့‌..။ ကျွန်တော်က မဒမ်တို့နောက်မှာ ပုန်းကွယ်နေရမယ့် သတ္တိကြောင်တဲ့လူလား "

" မကောင်းဆိုးဝါး‌လေးလို့ အခေါ်ခံရတိုင်း ကျွန်တော့်ကိုယ်ကျွန်တော် ရူးလောက်အောင် စိတ်ပျက်တာကို မဒမ်သိလား။ အဲ့အချိန်တုန်းက မဒမ်ကျွန်တော့်ကို ကွယ်ရာမှာဂရုစိုက်ခဲ့တယ်ဆိုပြီး Leoပြောပြမှ ကျွန်တော်သိတယ်။ ကျွန်တော်က လူအများရှေ့မှာ ဂရုစိုက်ခံဖို့ မထိုက်တန်ဘူးလား။ မက်မောပြီး ဂုဏ်မက်မှာကြောက်ခဲ့တာလား ကျွန်တော့်ကိုချစ်လွန်းလို့ ဒီလိုလုပ်ခဲ့တာလား Ms.Bella"

" မင်းပြောခဲ့သလိုပဲ။ ငါ့အဖေရဲ့သွေး၊ချွေးတွေနဲ့ ရင်းထားရတဲ့ Maxiyoကိုငါချစ်တယ်။ ငါ့ရဲ့သွေး..."

" နောက်ဆုံးတော့ လိမ္မာလွန်းတဲ့ကလေးက ပိုဒုက္ခရောက်တယ်ယ ပိုအချစ်ငတ်တယ်ဆိုတာပို သက်သေပြသွားတာပဲ Ms.Bella"

Baz မျက်တောင်ခတ်လိုက်ကာ မျက်ရည်ဥတို့ကိုကြွေကျစေပြီး လက်ကိုတင်းတင်းလှုပ်ရှားလိုက်တော့ မြေခွေးတစ်ကောင် သေနေသည်။

ဒါတွေအားလုံးက အဖြူရောင်အတ္တတွေပါသားငယ်။ အဖြူရောက်အတ္တကြောင့် မင်းကိုနာကျင်စေခဲ့မိတယ်ဆိုတာ မြိုသိပ်လွန်းတဲ့မင်းကြောင့်လိုမဆိုသာဘူး။ ညံ့ဖျင်းလွန်းတယ် Momကိုယ်တိုင်ကြောင့် မရိပ်မိခဲ့တာဖြစ်မယ်။ Bella၏ ပါးပြင်တွင်လည်း မျက်ရည်ဥများကြွေကြလာသည်။

မိခင်နှင့်သားသမီးကြားသ သံယောဇဉ်ကလွယ်လွယ်နဲ့မပျက်နိုင်ပေမယ့် ယုံကြည်မှုကတော့ ပျက်စီးကြေမွသွားခဲ့ပြီ။

Baz ထိုင်ရာမှထကာ Loganကိုရှာတော့ မတွေ့ချေ။ Leoကိုပါမတွေ့ချေ။ အခုအချိန်မှာ Logan၏တစ်ဦးတည်းသော မိသားစုဝင်က Bazပဲရှိသည်မို့ သူ၏သေရေး၊ရှင်ရေးက Bazနှင့် သက်ဆိုင်ပါသည်။

" Masterကို ပြင်သစ်ကဆေးရုံကိုခေါ်သွားပါတယ် Master"

ဆေးအကူတစ်ယောက်၏ ပြောစကားကြောင့် Bazနှင့် Baz၏နောက်လိုက်များ အမြန်ထွက်လာပြီး ချက်ချင်းပြင်သစ်ကိုပြန်လာခဲ့သည်။ အနောက်ရှိ မိခင်နှင့်အန်တီလေးကို ကျောခိုင်းခဲ့ပြီး မတွေ့ရသေးသည့် ဝမ်းကွဲလေးကိုလည်း ကျောခိုင်းခဲ့ချေသည်။

ဆေးရုံ၏အပေါ် လေယာဉ်ကွင်း၌ ရပ်လိုက်သည်နှင့် Bazအပြေးအလွှားဆင်းကာ ဆေးရုံထဲဝင်လာခဲ့သည်။ သူ၏အဝတ်တွေမှာပေနေသော သွေးတို့ကြောင့် အထဲရှိလူများ လန့်ဖြန့်သွားကြသည်။ ထိုအရာကို မမှုပါပဲ reception deskကိုသွားကာ..

" Dr.Leoဘယ်မှာလဲ "

" Dr. Leoက အခုပဲ operation roomထဲဝင်သွားတယ် "

" Thanks "

Bazတစ်ယောက်  operation room‌ရှေ့သို့သုတ်ခြေတင်ပြေးရပြန်သည်။ အရှေ့ကလူတစ်ယောက်ကပြာယာခက်နေတာကို အနောက်က လူခုနှစ်ယောက်လိုက်နေသော မြင်ကွင်းသည် အတော်ထူးခြားဖွယ်ရာ။

Baz operation roomရှေ့မှာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်လုပ်နေပြီး တစ်ခါတရံ အပေါ်ရှိမီးလင်းနေသည့် ခွဲစိတ်ခန်း၏အမှတ်အသားကို ကြည့်နေမိသေးသည်။

တစ်နာရီအကြာ၌ ခွဲစိတ်မှုပြီးစီးကာ အခန်းထဲမှ Leoထွက်လာသည်။

" Leo သူ့အခြေအနေဘယ်လိုရှိလဲ "

Baz အပေါက်ဝရှိ Leoဆီပြေးသွားကာ သိချင်ဇောဖြင့်မေးနေမိသည်။

" ကျည်က နှလုံးနဲ့ တစ်လက်မခွဲလောက်ပဲ ဝေးတာမို့ သွေးအလွန်အကျွံထွက်လာတာ။ သွေးပြန်သွင်းထားတယ်။ အခုတော့ သတိမရသေးပေမယ့် အခြေအနေက ကောင်းပါတယ်။ လောလောဆယ်တော့ ပိုးသတ်ခန်းမှာထားရမယ် "

" အင်း။ ကျေးဇူး "

" မလိုပါဘူး။ မင်းတွေ့ချင်ရင် မင်းတစ်ယောက်တော့ဝင်တွေ့လို့ရမယ် "

" ရတယ်။ ငါ့ရဲ့ ဒီလိုပုံကို သူ့ကိုမမြင်စေချင်ဘူး "

Loganခွဲစိတ်ခန်းကနေ ပိုးသတ်ခန်းဆီကိုပြောက်းသည့်နေရာတွင် Leoကိုယ်တိုင်ပြောင်းပေးသည်။ Logan သတိမရမချင်း ပိုးသတ်ခန်းရှေ့ရဲ့ ကြမ်းပြင်မှာ နံရံကိုမှီကာ Bazထိုင်စောင့်နေသည်။ Baz၏မျက်လုံးတို့သည် ကြိမ်းစပ်နေတာမို့ မှိတ်ထားလေသည်။ ဖွာလန်ကျဲနေသော ခေါင်းမွှေးနှင့် Bazသည် စိတ္တစဝေဒနာရှင်လို..။

Baz၏နားထဲ၌ ခြေသံတချို့ကြားလိုက်ရသည်မို့ ခန္ဓာကိုယ်ကိုအသင့်အနေအထားဖြင့် မတ်လိုက်သည်။ Aceတို့သည်လည်း သူတို့သခင်၏မျက်စိမှိတ်ထားပြီး သတိရှိနေပုံကို သနားကြင်နာဖွယ်ကြည့်နေသည်။

တစ်လောကလုံးမှာ သူတို့သခင်သည် သနားဖို့အကောင်းဆုံးဖြစ်လေသည်။

" Baz.."

Leo Baz၏ဘေးသို့ ဒူးထောက်ထိုင်ကာ Bazကိုခေါ်လိုက်သည်မို့ မျက်လုံးကို ဖြေးညှင်းစွာဖွင့်လိုက်တော့သည်။

" Loganသတိရပြီ မင်းတွေ့ချင်လား "

" ငါမတွေ့ချင်ဘူး။ ငါပြန်တော့မှာမို့ အထဲကမမြင်ရအောင် မင်းကကာပေး"

" ဒါပေမဲ့..."

" Please.."

တောင်းဆိုနေသော မျက်ဝန်းကိုမငြင်းရက်သူသည် အထဲကိုပြန်ဝင်သွားကာ မှန်ကာတွေကိုကျစေလိုက်သည်။

" မင်းတို့အားလုံး ဒီမှာနေခဲ့"

" လောလောလတ်လတ်တိုက်ပွဲဖြစ်ထားလို့ ကျွန်တော်တော့လိုက်ပါရစေ Master"

" ငါ့ပုံစံက ရန်သူကိုမခုခံနိုင်မယ့်ပုံလား "

" အဲ့လိုသဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး Master..ကျွန်တော်က...."

" တော်ပြီ။ အကုန်နေခဲ့ င့ါအမိန့်ကို လွန်ဆန်ဖို့မကြိုးစားနဲ့ "

Bazထွက်လာခဲ့သည်။ ဆူပွက်နေသောဒေါသတို့ကို အကုန်လုံးအပေါ်ပတ်ရမ်းခဲ့ပေမယ့် တကယ်တမ်းခံစားရတာကိုယ်တိုင်သာမို့ စိတ်ထွက်ပေါက်ရှာရန်လိုအပ်လာသည်။
လူသူနဲ့ကင်းရာနေရာ တစ်နေရာသို့သွားရန် ကြံရွယ်လိုက်ပေမယ့်..ချစ်ရသူတို့ရဲ့ပုံသွင်းမှုအတိုင်းထပ်နေမယ်ဆိုကာ ခပ်ရွဲ့ရွဲ့ဆုံးဖြတ်‌ခဲ့လေတော့..အ‌ဆုံးသတ်ခြင်းရဲ့ အစကိုရောက်ရှိလာပေတော့မည်။

_______________________________
#9.4.22
ကျွန်တော့်စာဖတ်သူတို့ခင်ဗျ။ သင်္ကြန်ပိတ်ရက်မှာ ခရီးဝေးမသွား၊ အိမ်အပြင်မထွက်ဘဲ အတတ်နိုင်ဆုံးနေကြပါ။ အိမ်ထဲမှာပဲနေပြီး ဥပုသ်သီလဆောက်တည်ပြီး ဒီစနစ်ဆိုးကြီးအမြန်ပြီးဆုံးအောင်ကျွန်တော်တို့ ဆုတောင်းကြမယ်။ ကျွန်တော်တို့ရဲ့ ရဲဘော်တွေဘေးကင်းအောင် ဆုတောင်းခြင်းဖြင့် ရဲဘော်တို့ရဲ့အလုပ်ကိုမထိခိုက်အောင် အိမ်အပြင်မထွက်ဘဲ နေပေးကြပါဗျ။ ကျွန်တော်က သင်္ကြန်တွင်းမှာ ဒါလေးကို ဇာတ်သိမ်းပေးပါမယ်။
အစစအရာရာဂရုစိုက်ကြပါ။

Continue Reading

You'll Also Like

140K 13.5K 95
ស្នេហារវាងកូនមហាសេដ្ឋីដែលមានកេរ្តិ៍ឈ្មោះមានក្រុមហ៊ុនសឹងគ្រប់ប្រទេសជាមួយនិងអង្គរក្សមាឌតូចមុខមាំគ្រប់ពេល JK: យើងនឹងកែប្រែចរិកគេអោយបាន! Taekook...
109K 7.9K 52
⚡Cover By Rina⚡-Romance Drama×Horror Theme- ⚡⚡အချစ်ကြီးသူ၊အငြိုးကြီးသူ၊အမှတ်သည်းခြေကြီးသူတစ်ယောက်ရဲ့ ကျိန်စာတွေဟာ နောင်တစ်ချိန်ချိန်မှာ ပျက်ပြယ်သွားန...
40.4K 2.4K 19
One Short Collection of NamJin!! Thie collection has been created for my most beloved three VIP! 💜🙇‍🙇‍🙇‍💛 For Vi_Bunny🐰 ReddayBombx🐨 ...
196K 15K 57
ខ្ញុំមិនមែនជាគីម ឆេវី ទៀតនោះទេ តែពេលនេះខ្ញុំជា គីម ថេយ៉ុង🙂 Jeon jungkook x Kim Taehyung 💜🙆🏻‍♀️ Write by Jeon morin Date 25/07/2021