[Unicode] (34.2)
၂ ည ဆက်တိုက် လူးလိမ့် ပြီးတာကြောင့် ကျန်းရှုက ထိုနေ့ညမှာတော့ အထိမခံတော့ဘူးလို့ဆုံးဖြတ် လိုက်တယ်။
ရှုပေါ်စုက ကျန်းရှုစားဖို့ရာ ထမင်းဟင်းတွေကို အစောကြီးလုပ်ပေးခဲ့ပါတယ်။ ည၉ နာရီအစောပိုင်းမှာတော့ ရှုပေါ်စုက ကျန်းရှုကို သွားအိပ်ကြဖို့တိုက်တွန်းလေတယ်။
ကျန်းရှုစိတ်ထဲမှာ တစ်စုံတစ်ရာကို ဖွက်ထားတဲ့အတွက်ကြောင့် ' အိပ် ' ဆိုတဲ့ စကားကိုကြားလိုက် ရရုံနဲ့တင်သူက ထပြီးတော့ အားလျော့စွာ ပြောလိုက်တယ်။
" မရဘူးနော် ။ ဒီနေ့ ကျွန်တော် နေလို့သိပ်မကောင်းဘူး''
သူ့မှာ ထိုအရာလေးရှိနေ လောက်တယ်လို့ တွေးမိရုံနဲ့တင် သူ့နားကပ်လာတဲ့ လူကြီးကို တုံ့ဆိုင်း ခြင်းမရှိပဲ တွန်းပလိုက်တယ်။
တကယ်လို့သာ သူ့မှာအဲ့တာရှိနေတာ မှန်တယ်ဆိုရင် ဒါဟာ ရှုပေါ်စုရဲ့အမှားလို့ အပြစ်တင်လို့ မရတော့ဘူး ။ တကယ်လို့သူ သာ တစ်ဖက် လူက သူ့ကိုဒီလိုမျိုးတွေ လုပ်နေတုံးမှာ သူသာ တစ်ဖက် ကို ကွန်ဒုံး တစ်ခု လောက် ဝတ်ခိုင်းခဲ့မယ်ဆိုရင် ဒီလိုမျိုးတွေ ဖြစ်မလာနိုင်ဘူး။
"ဘယ်နေရာက မသက်မသာဖြစ်တာလဲဟင်?''
ရှုပေါ်စုက ချက်ချင်း ပဲအလေးအနက်ဖြစ်သွားကာ ကျန်းရှုရဲ့ မျက်နှာကို ကြည့်ကာမေးလိုက်တယ်။
" အရမ်းပင်ပန်းနေလို့''
ကျန်းရှုက သာမန်အကြောင်းပြ ချက်တစ်ခုပဲ ပေးလိုက် တယ်။
ဒီနေ့တစ်နေကုန် သူက သူ့အတန်းဖော် နဲ့ လျှောက်လည်ကစား ခဲ့တာကြောင့် ပင်ပန်းနေတာကို ရှုပေါ်စုနားလည်ပေး နိုင်တယ်။ ဒါကြောင့် သူက ကျန်းရှုကို ဖက်ရုံသာဖတ်ပြီးတော့ ပြောလိုက်တယ်။
" အိုကေ ။ ဒါဆိုလည်း မနက်ဖြန် ညကျမှ ကစားကြတာပေါ့''
"အင်း''
ကျန်းရှုက စိတ်ထဲမှာ ဘာမှမရှိပဲ ဒီအတိုင်း သာပြန်ဖြေလိုက်တယ်။
ကျန်းရှုရဲ့ ငြင်းပယ်မှုနဲ့ ပတ်သက်ပြီး တော့ ရှုပေါ်စု က အများကြီးမစဥ်းစားခဲ့ပါဘူး။
တစ်နေကုန် လည်ထားတဲ့လူက သူနဲ့မကစားပေးနိုင်တာ သဘာဝကျပါတယ် လေ။
နောက်တစ်နေ့မ မနက်မှာတော့ ရှုပေါ်စု က ခါတိုင်း လိုပဲ ကျန်းရှုကို မနက်စာ စားဖို့ထခိုင်းနေလေတယ်။ ကျန်းရှု က အခုလောလောဆယ် မျက်နှာချင်း မဆိုင်ချင်သေးတာကြောင့် ထိုအချိန်မှာ မထချင်သေးဘူး ။
" ကျွန်တော် ထပ်ပြီး အိပ်မလို့။ ခများ ဘာသာပဲစားပြီးတော့ အလုပ်သွား လိုက်တော့''
ရှုပေါ်စုက အကြိမ်ပေါင်းများစွာ နိုးနေသော်လည်း ကျန်းရှုက မထခဲ့တာကြောင့် သူ့ဘာသာသူ တစ်ယောက် ထဲ မနက်စာ စားပြီးအလုပ်သွား လိုက်တော့တယ်။
ရှုပေါ်စု လည်းထွက်သွားရော ကျန်းရှုက သူခိုးလေးလိုမျိုးတိတ်တိတ်လေးထကာ မနေ့က သူဖွက်ခဲ့တဲ့ကိုယ်ဝန်စစ်တံ ဘူးကိုလိုက်ရှာလိုက်တယ်။ သူမနေ့တုံးက ထိုဟာကိုဘယ်လို သုံးရသလဲဆိုတဲ့အညွှန်းကို ဖက်ပြီးသွားတာမို့ ဒီနေ့မှာတော့ ထိုနည်းအတိုင်းလုပ်ကာ ရေချိူးခန်းထဲကို ဝင်သွားတယ် ။ ထိုထဲက ပြောထားတာကတော့ အဲ့တာက ၅ မိနစ်နေရင် အဖြေထွက်တယ်တဲ့လေ။
ကျန်းရှု က ပြောထားတဲ့ အတိုင်း မှန်ကန်စွာ ဆောင်ရွတ် ပြီးနောက် အသက်ကို ပုံမှန်ရှုကာ ကြည့်နေမိတယ်။
ဘာတန်း တစ်ခုဆို မရှိတာတဲ့။
ဘာတန်း ၂ခု ဆိုရှိနေတာတဲ့လေ။
" ဘာတန်း တစ်ခု ၊ ဘာတန်း တစ်ခု ၊ ဘားတစ်ခု ''
ကျန်းရှုက လက်နှစ်ဖက် ကိုပွတ်ကာတိုးတိုးလေး ရေရွတ်နေမိတယ်။ အမျိုးသား တစ်ယောက် အနေနဲ့ သူက ကိုယ်ဝန်စစ်တံ ရှေ့မှာ ဒူးထောက် ပြီးတော့ ဆုတောင်းနေရပြီ။
သူအရင်တုံးက ထီဆုကြီးတွေ ပေါက်ဖို့ပဲအမြဲဒီလို ဆုတောင်း ခဲ့တာကို အမှတ်ရ သွားတယ်။ ဒီတစ်ခါ တော့သူ ထီဆုကြီး လည်းမပေါက်ချင်တော့ပေ။
ဒါပေမယ့် ၂ မိနစ်လည်းကြာရော သူက ဘားတန်း ၂ခု ကိုလက်ခံရရှိပါ တော့တယ် ။
" မင်းအမှားလုပ်မိတာလားကွ?''
ကျန်းရှုက ရူးချင်လာပြီးတော့ အောက်ကိုထိုင်ချကာ နံရံကိုမှီရင်း မဖြစ်နိုင်ဘူးလို့ပဲ ရေရွတ်နေခဲ့တယ်။
ညီးတွားကာ ကျန်းရှုက အရှုံးမပေးပဲ ကိုယ်ဝန်စစ်တံ ဘူးထဲက နောက်တစ်ခုကို ယူကာ စစ်ပြန်တယ်။
ဘားတန်းက ၂ ခုဖြစ်နေဆဲပဲ။
သူကျိုးပဲ့းသွားသလို ခံစားလိုက်ရ ကာ ထိုပေါ်ကို ခေါင်းသာတင်ထား လိုက်တော့တယ်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ?
နှစ်တိုင်း သူ့ကို စစ်ဆေးပေးနေတဲ့ ဆရာဝန်က သူဟာကိုယ်ဝန်ဆောင်နိုင်သူဆိုတာကို ဘယ်တုံးကမှ မပြောခဲ့ဘူးလေ။ တစ်ကယ်လို့ သိရင်တောင်မှပဲ ဆရာဝန်က သူ့ကိုဘယ်လိုလုပ် ပြောနိုင်မှာတဲ့လဲ။
ကျန်းပြင်းထန်ဒေါသက သူလည်းကိုယ်ဝန်ရှိနေတာကို သိသွား ပြီးတဲ့နောက် ကူကယ်ရာ မဲ့စွာပဲ ဆရာဝန် ကို တစ်ခဏ အပြစ်တင်မိတယ်။ ဒါပေမယ့် လက်သည်တရားခံ ရှုပေါ်စုကိုတော့ အပြစ်မတင်ပါဘူး ။ ခေါင်းတွေ အရမ်းကိုရှုပ်နေတာကြောင့် သူ့ခေါင်းကြီးကို ဖောက်ထုတ်ပစ်လိုက်ချင်တဲ့အထိပဲ။
ခေါင်းကို ကိုင်ထားရင်း ရေချိူးခန်း ထဲမှာ အချိန်ဘယ်လောက် ကြာအောင် နေခဲ့မိ သလဲဆိုတာကို သူမသိပေ။ အသိပြန်ဝင် လာတော့ သူ့ခေါင်း ထဲမှာမေးခွန်း တစ်ခု ကိုပဲထပ်တလည်းလည်း မေးနေမိတယ်။
ထိုအသေးလေးကရော သူ့လိုဖြစ်လာမှာလား?
ဆိုတဲ့ အတွေးက ခေါင်းထဲမှာပဲ့တင်ရိုက်နေတာကြောင့် မူးဝေနေသလိုခံစားရကာ သူမတ်တပ်တောင်မရပ် နိုင်ပေ။
အခုချိန်မှာဆေးပညာက ဖွံ့ဖြိုးလာပြီမို့ သန္ဓေသားကို အသေးစိတ်ကအစ ကြည့်လို့ရနေပြီပဲ ဖြစ်တယ်။ ဒါပေမယ့် ဒါက ကျန်းရှု အတွက်တော့ အရမ်းကို ဒုက္ခ ရောက်စေတယ်။ ဘာလို့လဲဆိုတော့ သူက ပြဿနာအသေးအဖွဲလေးတွေတောင် မဖြေရှင်းနိုင်တဲ့အပြင် ကျောင်းတက်ရမယ့် ပြဿနာလည်း ရှိနေသေးတယ် ။
သူက ဒီပိစီလေးကို မွေးပေးဖို့တာဝန်ရှိတယ်။ ဒါပေမယ့် သူများအမြင်တွေကိုလည်း မေ့ထားလို့မရလေဘူး။
ပြီးတော့ ရှုပေါ်စု ။
သူကထိုနာမည်ကို တွေးလိုက်ရုံနဲ့တင် ကျန်းရှု တစ်ယောက် မသက်မသာခံစား ရတာကြောင့် နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်တယ်။
တကယ်လို့သူသာ တွေးတက်ပြီး တစ်ကိုယ်ကောင်းဆန်တယ် ဆိုရင်အခုချက်ချင်းကားငှားကာ ဆေးရုံကိုသွားပြီးတော့ ခွဲစိတ်ဖို့ပြောလို့ရတယ်။ ဒါပေမယ့် သူကဆေးရုံကို မသွားချင်ခဲ့ပေ။ တကယ်လို့ သူသွားခဲ့ရင်တောင်မှ စစ်ဆေးမှုလုပ်ဖို့သွားတာပဲ ဖြစ်စေရမယ်။
ကျန်းရှုက သူဆေးရုံကိုနောက်ဆုံးအကြိမ် သွားပြီးတဲ့အချိန်က လွန်ခဲ့တဲ့ ၅လ တုံးကပဲ ဖြစ်လေတယ် ။ ကျန်းရှုက စိတ်ကိုငြိမ်အောင်ထားကာ အသက်ကိုပြင်းပြင်းရှုကာ ကြမ်းပြင်က နေထပြီးတော့ သွားတိုက်ပြီး မျက်နှာသစ်လိုက်တယ်။
၂ နာရီ ကြာပြီးတဲ့နောက် တော့သူက ဒေါက်တာ ရှောင်းဝမ်ဆီကို သွားလိုက် တယ်။ သူဆေးရုံကို သွားတိုင်း ထိုဒေါက်တာကပဲ စစ်ဆေးပေးတာ ဖြစ်တယ် ။ သူ့ကို ကျန်းမာ ရေးစစ်ဆေးပေးတဲ့ ထိုဆရာဝန်က ၆ နှစ် ၇ နှစ်လောက် တော့ရှိနေပြီ။ ထိုမတိုင်ခင်တော့ ဒေါက်တာရှောင်းရဲ့ အဖေကသူ့ကိုစစ်ဆေပေးတာပဲ ဖြစ်တယ်။
ဒါကလည်း ကျန်းချုနမ် ရဲ့ အသိအကျွမ်းတွေ ပဲ ဖြစ်လေတယ် ။ သူက ကျန်းချုနမ် အပေါ် ဘယ်လောက် ပဲမယုံကြည်ပါစေ ထိုဆရာဝန်အပေါ်တော့ အတော်ယုံကြည်လေတယ်။
ရှောင်းဝမ်ကတော့ ကောင်လေးကို မြင်လိုက်ရ တဲ့အခါ အံဩ သွားတယ်။ ထိုကောင်လေး ဆေးစစ်ဖို့မလာတာက နှစ်ဝက်လောက် ရှိသွား ပြီမလား?
" ဘယ်နား အဆင်မပြေ တာလဲ ဒါမှမဟုတ် ဖျားတာလား? "
ကျန်းရှုက ခေါင်းကို ခါပြ လိုက်တယ်။
" ဟင့်အင်း ခါတိုင်း လိုပဲဆေးစစ်မို့''
" မလာတာ နှစ်ဝက်တောင်ရှိနေပြီမလား? "
ရှောင်းဝမ် က ပြောရင်းနဲ့ သူ့ကို ဆေးစစ်ဖို့စီစဥ်ပေးတယ်။
" သွားစို့ ။ ငါ အခုအားပြီ။ သွားစစ်ကြမယ်''
"ဟုတ် ''
ကျန်းရှု က ဒေါက်တာ နောက်လိုက်ကာ တစ်ချို့သော ရုပ်ပိုင်းဆိုင်ရာ စစ်ဆေမှုတွေ လုပ်နေရင်း မေးလိုက်တယ်။
" ဒေါက်တာရှောင်း ကျွန်တော် က ကိုယ်ဝန်ရနိုင်လား ?''
တံခါးသွားပိတ်နေတဲ့ ရှောင်းဝမ်ခမျာ ကျန်းရှုကို ကြောင်အစွာပဲ ကြည့်လာတယ်။
ဘာလို့လဲဆိုတော့ ကျန်းရှုက အကြောင်း ပြချက် မရှိပဲမေးမှာမဟုတိလို့ပဲ။ သူတို့ တစ်ယောက် ကို တစ်ယောက် စိုက်ကြည့်ပြီးမှ ကျန်းရှု က တိုးတိုးလေး ပြောလိုက် တယ်။
" ကျွန်တော် ဒီနေ့ ကိုယ်ဝန်စစ်တံ သုံးတော့ ဘားတန်း ၂တန်းပြနေလို့''
ဒေါက်တာခမျာ နှလုံးသား တစ်ခု လုံးရပ်တန့်သွားမတက် ကြောက်သွား လေတယ်။ ပြီးတော့ သူ့အမူအရာ က ပြောင်းသွား တယ်။ ဘာလို့လဲဆိုတော့ ဒီသတင်း က အရမ်းကြီး တုန်လှုပ် နေစရာကောင်းလို့ပဲ ဖြစ်တယ် ။
...........................