Devil Venerable Also Wants To...

By m_velvetblue

64K 7.8K 647

Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More

မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ

2.6K 298 12
By m_velvetblue

ယင်ဟန်ကျန်းဟာ ဝမ်ရန်အယ်သူ၏
အချစ်အပေါ်အမြင်ကိုမေးချင်နေတာမှန်း
သိသည်။အမှန်အတိုင်းပြောရလျှင်
အချစ်ဆိုတာ ဘာလဲသူလည်းသေချာ
မသိပေ။

ကလေးဘဝကတည်းက ဝမ်ရန်အယ်က
သူ့ကိုပိုင်ရှင်မဲ့သင်္ချိုင်းကနေ ချွမ်းယွမ်ဂိုဏ်းကိုခေါ်လာတာဖြစ်ပြီး အရှင့်ရဲ့အမိန့်ဟာ
သူ့ရဲ့ဆန္ဒဖြစ်၏။သူဘယ်တုန်းကမှ
ကိုယ်ပိုင်အမြင်တွေကို မဖော်ပြဘူးချေ။
ဝမ်ရန်အယ်မေးခွန်းကိုဆုံးအောင်
မမေးပေမဲ့ ယင်ဟန်ကျန်းဟာ ဦးညွှတ်ပြီး
"အရှင့် ထင်မြင်ချက်ဟာကျွန်တော့်ရဲ့ ယုံကြည်မှုပါပဲ။"ဟုဖြေလိုက်သည်။

(ပိုင်ရှင်မဲ့သင်္ချိုင်းဆိုတာကလေ အပြစ်သားတွေ၊ပိုင်ရှင်မဲ့အလောင်းတွေကို‌ မြေမြှုပ်‌မပေးဘဲ ဒီတိုင်းစွန့်ပစ်ထားတဲ့နေရာပါ။)

အကယ်၍အရှင်ကအချစ်ဝတ္ထုတွေ
ကြိုက်တယ်ဆိုလျှင် ဤကမ္ဘာပေါ်ကဝတ္ထုအားလုံးကိုသူစုဆောင်းပေးမှာဖြစ်ပြီး ယောကျာ်းပဲဖြစ်ဖြစ်၊မိန်းမပဲဖြစ်ဖြစ်
အရှင်ကြိုက်သည့်လူမှန်သမျှကို အရှင့်ရှေ့
အရောက်သူခေါ်လာပေးမှာဖြစ်သည်။
အရှင့်ရဲ့ လိုအင်ဆန္ဒတွေ ဖြစ်မြောက်အောင်လုပ်ပေးဖို့က သူအသက်ရှင်နေရခြင်း၏ ရည်ရွယ်ချက်ပင်။

ဝမ်ရန်အယ်ဟာ သူ့ရှေ့မှာဒူးထောက်နေတဲ့
ယင်ဟန်ကျန်းကိုစိုက်ကြည့်လိုက်ပြီး
အရင်ရက်များက သူ့ဦးနှောက်ထဲ
ပြည့်နှက်နေသည့်ဝတ္ထုအကြောင်းကို
ပြန်စဉ်းစားမိ၏။

ဝတ္ထုထဲကစာတွေအရ ယင်ဟန်ကျန်းဟာ
တကယ့်ကိုသူပြောခဲ့သည့်စကားအတိုင်း
လုပ်ခဲ့တာဖြစ်ပြီး သူဟာ "နာကျင်ရတဲ့အချစ် : မင်းကငါ့ရဲ့ မပြောင်းလဲတဲ့ နှလုံးသားထဲက တစ်ယောက်ထဲသောသူပါပဲ။"ဆိုသည့်ဝတ္ထု၏ စတုတ္ထဇာတ်လိုက်မင်းသားဖြစ်သည်။သူဟာ ဒုတိယ
ဇာတ်လိုက်မင်းသား ဝမ်ရန်အယ်
အယုံကြည်ရဆုံးလူတစ်ယောက်ဖြစ်၍
သီးသန့်ဆန်ကာ တိတ်တဆိတ်နှင့်
ဇာတ်လိုက်မင်းသမီး ပိုင်လီချင်းမြောင်လိုအပ်သမျှကို ဂရုတစိုက် ဖြည့်ဆည့်ပေးပြီး သေသေချာချာကာကွယ်စောင့်ရှောက်ပေးသူဖြစ်သည်။ဝမ်ရန်အယ် ပိုင်လီချင်းမြောင်ကို ကိုယ်တိုင်မစောင့်ရှောက်နိုင်ချိန်၌
သူ့အစားစောင့်ရှောက်ပေးရန်
ယင်ဟန်ကျန်းကိုခိုင်းခဲ့သည်။ယင်ဟန်ကျန်းဟာလည်း ဇာတ်လိုက်မအစား ဒဏ်ရာတွေကိုဝင်ခံပေးပြီးသူ့အစားအဆိပ်ခပ်ခံရပြီး အသက်သေကာနီးဖြစ်တာတောင်မှ အပြစ်တင်စကားတစ်ခွန်းမှတောင်မ‌ပြောပေ။သူဟာဇာတ်လိုက်မကိုဖွင့်ပြောခြင်း
မျိုးလည်း လုံးဝမရှိချေ။သူတို့နှစ်ယောက်လုံးအသက်အန္တရာယ်နှင့်ကြုံချိန်မှာ
ဇာတ်လိုက်မင်းသမီးကသူ့ကိုပြေးခိုင်းပေမဲ့ သူကအသံအက်ကွဲကွဲနဲ့ "ငါတို့နှစ်ယောက်လုံးအသက်ရှင်ရမယ် အဲ့လိုမှမဟုတ်ရင်
ငါမင်းကိုကာကွယ်ရင်းသေမယ်။"
ဟုပြောသည့်စကားဟာ သူ့ခံစားချက်ကိုအဖော်ပြဆုံးစကားဖြစ်သည်။

ဘယ်မိန်းကလေးမျိုးမှ ထိုကဲ့သို့ရိုးသား၍ သစ္စာရှိသည့်နှလုံးသားထဲမှလာသော
စကားများကို လျစ်လျူရှုနိုင်မှာမဟုတ်ပေ။
ယင်ဟန်ကျန်းဟာ ဝတ္ထုအစပိုင်းတွေမှာ
တုန်းက သူ့ထက်တောင်လူကြိုက်များသေး၏။ဟယ့်ဝမ်းချောင်ကို တမ်းတမ်းစွဲ
နေသည့်ပိုင်လီချင်းမြောင်တောင်မှ မျက်ရည်လည်ရွှဲနှင့် "ယင်ဟန်ကျန်းအပေါ်
တင်နေသောအကြွေးများကို ဒီတစ်သက်
ဆပ်လို့ကုန်မှာမဟုတ်ဘူး။"
ဟုပြောသေးသည်။

ဝမ်ရန်အယ်အပါအဝင်စာဖတ်သူအကုန်လုံးက ယင်ဟန်ကျန်း ဇာတ်လိုက်မကို
အရမ်းချစ်တာဟုထင်ခဲ့ကြပေမဲ့ ဝမ်ရန်အယ် ဇာတ်လိုက်မကြောင့်သေသွားသည့်အခါ
မှာတော့ ယင်ဟန်ကျန်းဟာ........

ဝမ်ရန်အယ်သူ လေး၊ငါးကြိမ်လောက်
ဖတ်ပြီးသောစာအုပ်ထဲမှဇာတ်ကြောင်းကို စဉ်းစားမိပြီး ယင်ဟန်ကျန်းကို "ငါအသက်ရှင်နေတုန်းတော့မင်းကလုံးဝသစ္စာရှိတယ် တကယ်လို့တစ်နေ့ငါမရှိတော့ရင်ကော"
ဟုမေးလိုက်သည်။

ဝမ်ရန်အယ်၏မေးခွန်းကိုကြားပြီးနောက်
ယင်ဟန်ကျန်းခန္ဓာကိုယ်ဟာ တုန်လှုပ်
သွားပြီး သူထောက်ထားတဲ့လက်ဟာလည်း
အနည်းငယ်တုန်ယင်သွားသည်။
ဝမ်ရန်အယ် သေဆုံးဖို့ဖြစ်နိုင်ချေရှိကြောင်းကိုစဉ်းစားရတာနှင့်တင် သူမခံစားနိုင်ပေ။သူမစဉ်းစားချင်ဘူး ဆိုပေမဲ့အရှင့်ကို
ပြန်ဖြေရမှာဖြစ်သည့်အတွက် သူ့ကိုယ်သူ အတင်းတွန်းအား‌ပေးပြီး စဉ်းစားကြည့်သည်။ခဏအကြာမှာပဲ သူ့နဖူးမှာချွေးစေးတွေထွက်လာပြီး သူပုံစံက
သည်းမခံနိုင်တော့ပုံပေါ်လာ၏။

အချိန်အတော်ကြာပြီးနောက် သူဟာ
အံကြိတ်ထားရင်းနဲ့ "ဒီအစေခံက
အရှင်မသေခင်သေမှာပါ။" ဟုပြန်ဖြေသည်။

ဝမ်ရန်အယ်ဟာ ယင်ဟန်ကျန်းနဖူးပေါ်က ချွေးတွေကိုအင်္ကျီလက်နဲ့သုတ်‌‌ပေးလိုက်သည်။သူ၏လုပ်‌ဆောင်ချက်ဟာ နွေးထွေးပုံပေါ်နေပေမဲ့လည်း သူ့စကားတွေကတော့ စာနာစိတ်ကင်းမဲ့‌နေ၏။တကယ်လို့ဒီအရှင်က မင်းကိုလုပ်စေချင်တဲ့ကိစ္စတွေရှိပြီး
သေခွင့်မပေးနိုင်ဘူးဆိုရင်ကော။

ယင်ဟန်ကျန်း၏မျက်လုံးတွေဟာ ထိတ်လန့်တုန်လှုပ်နေပြီး ဒူးတစ်ဖက်ထောက်ထားရာကနေ နှစ်ဖက်လုံးထောက်လိုက်ပြီးသူ့ရဲ့
လက်နှစ်ဖက်ကိုလည်း ကြမ်းပြင်ပေါ်
ထောက်လိုက်ကာ သူ့ရဲ့ခေါင်းကို ပိုပြီး
ငုံ့ထားလိုက်ရင်း"ဒီအစေခံ မသိပါဘူး"
ဟုဖြေသည်။

ယင်ဟန်ကျန်းမသိပေမဲ့ သူကတော့သိသည်။

စာအုပ်ထဲ၌ သူမသေခင်က
ပိုင်လီချင်းမြောင်ကိုစောင့်ရှောက်ပေးဖို့
ယင်ဟန်ကျန်းကို ခိုင်းခဲ့သည်။သူဟာ
ယင်ဟန်ကျန်းကလည်း ပိုင်လီချင်းမြောင်ကိုသူ့လိုမျိုးသဘောကျခြင်းကြောင့် ‌သေသေချာချာစောင့်ရှောက်ပေးမယ်
ဟုထင်ခဲ့သည်။ယင်ဟန်ကျန်းကလည်း
သူ့အမိန့်ကိုလိုက်နာ၍ ပိုင်လီချင်းမြောင်
နားကမခွာဘဲ စောင့်ရှောက်ပေး၏။

သို့ပေမဲ့တစ်ချိန်တည်းမှာပဲ သရဲမျက်နှာဖုံးနှင့်လူတစ်ယောက်ပေါ်လာပြီး စဉ်းစား၍
ရသမျှ ဆိုးရွားသည့်နည်းပေါင်းစုံသုံးပြီး
ပိုင်လီချင်းမြောင်ကိုဒုက္ခပေးသည်။
သူ့ဆီက လွတ်အောင်ထွက်ပြေးလို့လည်း
မရပေ။ပိုင်လီချင်းမြောင်ဒဏ်ရာရသောအခါ ဒဏ်ရာပေါ်ကို အရိုးမှုန့်တွေသိပ်ပေးသည်။ပိုင်လီချင်းမြောင် သတိလစ်သွားသည့်အခါ မြွေထောင်ကျော်ရှိသည့်တွင်းထဲကို
ပစ်ချသည်။ပိုင်လီချင်းမြောင်တစ်ယောက်တည်းပဲရှိသည့်အချိန်မှာ
သူ့ကို မီးအိမ်ဆီအဖြစ်သန့်စင်ပစ်ဖို့ကြိုးစားသည်။သူတစ်ခါပြီးတစ်ခါပေါ်လာ‌လေလေ ပိုပိုပြီးရက်စက်
ယုတ်မာလာလေလေပင်။

စာဖတ်သူတွေဟာ ထိုသရဲမျက်နှာဖုံးကို
မနာလို၍ရုပ်ဖျက်ထားသော ဇာတ်လိုက်မင်းသမီး၏ပြိုင်ဘက်ဖြစ်မည်ဟုထင်ထားကြသည်။ယောကျာ်းတစ်ယောက်ဟုပြောထားပေမဲ့ ကျင့်ကြံခြင်းလောက၌
မိန်းမတစ်ယောက် ယောကျာ်းယောင်ဆောင်ရန်နည်းလမ်းများစွာရှိ၏။

သို့ပေမဲ့မည်သူမှ ထင်မထားခဲ့ကြပေ။သရဲမျက်နှာဖုံးနှင့်လူဆီက သူတို့ထွက်ပြေး
လာပြီး ဂူတစ်ဂူထဲပုန်းနေတုန်းမှာ
ပိုင်လီချင်းမြောင်က ယင်ဟန်ကျန်းကို
"မင်းရှိနေတာငါအရမ်းကံကောင်းတာပဲ"
ဆိုပြီးပြောတော့ ယင်ဟန်ကျန်းက
"တကယ်ပဲလား"ဟုပြန်ပြောတယ်။

ပိုင်လီချင်းမြောင် ဂူနံရံကိုမှီထားရင်း
အရမ်းပင်ပန်းလွန်းသဖြင့်အိပ်ပျော်ခါနီး
ဖြစ်နေချိန်၌ ယင်ဟန်ကျန်းရဲ့အနည်းငယ်
ပွင့်နေသည့်အိတ်ထဲကနေ သူအမြဲတမ်း ထိတ်လန့်ကြောက်ရွံ့နေရသည့်
သရဲမျက်နှာဖုံးကို တွေ့လိုက်ရသည်။

ဝမ်ရန်အယ်သေဆုံးသွားပြီးနောက်
ယင်ဟန်ကျန်းကသူ့အမိန့်ကိုမနာခံ‌တော့ချေ။
ပိုင်လီချင်းမြောင်ကို သေသည်အထိ
နှိပ်စက်ချင်သည်။ဝမ်ရန်အယ်ကိုအဖော်ပြုပေးဖို့အတွက်ဇာတ်လိုက်မင်းသမီးကို
သေစေချင်သည်။ဇာတ်လိုက်မင်းသမီး၏
ဝိဉာဉ်ကို ထာဝရမငြိမ်းသောမီးအိမ်ဆီအဖြစ်သန့်စင်ပြီး ဝမ်ရန်အယ်နောက်ဘဝသွားသောလမ်းခရီး၌ လမ်းပြပေးစေချင်သည်။

အရင်ကသူ့ကိုဂရုစိုက်ကာကွယ်ပေးခဲ့သမျှဟာ သူ့ကိုချစ်၍မဟုတ်ဘဲ ဝမ်ရန်အယ်၏ အမိန့်ကြောင့်သာ လုပ်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် သူဘေးကင်းဖို့က အမြဲ
ဦးစားပေးဖြစ်ခဲ့သည်။သို့ပေမဲ့ ဝမ်ရန်အယ်
ပိုင်လီချင်းမြောင်ကြောင့်သေသွားသောအခါမှာတော့ ယင်ဟန်ကျန်းဟာ ထောင်ပေါင်းများစွာသောနည်းလမ်းအမျိုးမျိုးသုံး၍
ဇာတ်လိုက်မင်းသမီးကိုနာကျင်အောင်လုပ်ဖို့
ကြိုးစားတော့သည်။

ထိုစာကိုဖတ်ပြီးနောက် ဝမ်ရန်အယ်ဟာ
ယင်ဟန်ကျန်းဘာကြောင့် ထိုသို့
လုပ်ရသလဲဆိုတာနားမလည်နိုင်ပေ။
အခုမှပဲ သူဘယ်လောက်တောင်မှ
နာကျင်ခဲ့ရတာသလဲဆိုတာကို နားလည်
သွားပြီး စာအုပ်ထဲကမရှင်းသည့်ပထမအချက်ကို သဘောပေါက်သွားသည်။

မင်းထလို့ရပြီလို့ ဝမ်ရန်အယ်အမိန့်ပေး
လိုက်သည်။ယင်ဟန်ကျန်းဟာ
သူ့အောက်နှုတ်ခမ်းက သွေးတွေကို
အင်္ကျီလက်နဲ့သုတ်လိုက်ပြီး တဖြည်းဖြည်း
မတ်တပ်ထရပ်လိုက်သည်။ဝမ်ရန်အယ်
သူ့လက်မောင်းကိုဖမ်းကိုင်လိုက်တဲ့အခါမှာ သူ့အင်္ကျီလက်အစကနေ သွေးနံ့အနည်းငယ်ရလိုက်၏။

နတ်ဆိုးအရှင်သေသွားတယ်ဆိုတာကို
စိတ်ကူးယဉ်ခိုင်းရုံနဲ့ သူအဲ့လောက်နာကျင်
ရတယ်ဆိုတာက သတ်ဖြတ်ခြင်းလမ်းစဉ်ကိုကျင့်ကြံသည့် ဝမ်ရန်အယ်ကိုတောင်မှ
ရင်ထဲအနည်းငယ်ထိ‌သွားစေသည်။

ယခုလက်ရှိသူဟာစာအုပ်ထဲကလို
ဇာတ်လိုက်မင်းသမီးကိုမချစ်ပေ။ထို့ကြောင့် ယင်ဟန်ကျန်းရဲ့လုပ်ရပ်တွေကိုမှားတယ်လို့
မထင်ပေ။နတ်ဆိုးလမ်းစဉ်ကိုကျင့်ကြံသူ‌တွေထဲမှာ တစ်ကိုယ်ကောင်းမဆန်သူ
တစ်ယောက်မှမရှိချေ။တစ်ခုခုကိုမရနိုင်လျှင်ဖျက်စီးပစ်သည်။မင်းသေရမယ်ဆိုလျှင်
မင်းရဲ့ရန်သူကိုပါ အပါခေါ်သွားတတ်သည့်
လူတွေချည်းပဲဖြစ်သည်။ထိုလုပ်ရပ်မျိုးက
သူတို့ဆီမှာ လုံးဝသာမန်ပင်။

စာအုပ်ထဲက ယင်ဟန်ကျန်းကို ဝမ်ရန်အယ် 'မဆိုးဘူး'ဟုတောင် ချီးကျူးချင်သည်။

ပြီးလျှင် သူစာအုပ်ထဲက ဝမ်ရန်အယ်ကို
ရိုက်ပစ်ချင်သည်။ဇာတ်လိုက်မကအနည်းဆုံးတော့ သူ့ခေါင်းကသာမန်
မဟုတ်သဖြင့် နားလည်ပေးလို့ရသေးသည်။
သူကကော ဘာ‌့ကြောင့် သူပိုင်ဆိုင်သည့်အရာအားလုံးကို အချစ်အတွက် စွန့်လွှတ်
ပစ်ရတာလဲ။

သူကဘာလို့ ကိုယ့်ဘာသာကိုယ်
လွတ်လွတ်လပ်လပ်မ‌နေဘဲ အဲ့ကိစ္စတွေထဲ ပါဝင်ပတ်သက်နေရတာလဲ။
ပိုင်လီချင်းမြောင်ကကော ဘာလို့သူ့ကိုအကြိမ်ကြိမ်နာကျင်အောင်လုပ်တဲ့
ဟယ့်ဝမ်းချောင်နားကနေ ရုန်းမထွက်နိုင်ဘဲ သူနဲ့ပဲအတူရှိနေချင်ရတာလဲ။အခြား
မနာလိုနေတဲ့မိန်းကလေးဇာတ်ကောင်တွေ
ကကော ဘာ့ကြောင့်ဟယ့်ဝမ်းချောင်ကြောင့် အပြစ်မရှိတဲ့မိန်းကလေးတစ်ယောက်ကို
ဒုက္ခပေးနိုင်ရတာလဲ။

ဝမ်ရန်အယ်နားမလည်နိုင်တာ‌တွေ
အများကြီးပင်။

သူမရှင်းတဲ့အချက်တွေထဲကတစ်ချက်ကို ယင်ဟန်ကျန်းရှင်းသွားအောင်လုပ်ပေးပေမဲ့ သူနားမလည်တဲ့အချက်‌တွေအများကြီး
ကျန်နေသေး၏။

ဝမ်ရန်အယ် ယင်ဟန်ကျန်းရဲ့ရင်ဘတ်ပေါ်သို့လက်တင်လိုက်ပြီး သူ့ဒဏ်ရာပျောက်အောင် စွမ်းအားတချို့ပို့ပေးလိုက်သည်။
ယင်ဟန်ကျန်းဟာဝမ်ရန်အယ်၏ကြမ်းတမ်းပြီးဖိနှိပ်ချုပ်ချယ်သည့်စွမ်းအားများ
သူ့ဒန်တိမ်ထဲဝင်လာပြီး စိတ်မတည်ငြိမ်မှုကြောင့်ကသောင်းကနင်းဖြစ်နေသည့် သူ၏
ချီစွမ်းအင်များတည်ငြိမ်သွားအောင်
ကူ၍ဖိနှိပ်ပေးခြင်းအားလုံးဝခုခံခြင်းမရှိပေ။

(ဒန်တိမ်ဆိုတာကကျင့်ကြံသူတွေရဲ့
ချီစွမ်းအားတွေစုစည်းထားတဲ့အရေးအကြီးဆုံးနေရာပါ၊ပုံမှန်ဆိုအခြားလူရဲ့စွမ်းအား ကိုယ့်ဒန်တိမ်ထဲဝင်မှာကိုအသည်းအသန်
ခုခံကြတယ်။ဘာလို့လဲဆိုတော့ သူတို့အကြာကြီးကျင့်လာတဲ့စွမ်းအားတွေကို ဖျက်စီးပစ်လိုက်မှာဆိုးလို့။ကိုယ်လုံးဝယုံကြည်မှပဲ
ခုလိုစွမ်းအားပို့တာမျိုးကိုလက်ခံတာ။)

ယင်ဟန်ကျန်းရဲ့စွမ်းအားတွေပြန်တည်ငြိမ်သွားအောင် ပေါ့ပေါ့ပါးပါး ကူပေးပြီးနောက်
ဝမ်ရန်အယ်ဟာ "လက်ယာကာကွယ်စောင့်ရှောက်သူကိုတွေ့ဆုံခန်းကိုလာဖို့
ခေါ်လိုက်"ဟုအမိန့်ပေးလိုက်သည်။

ယင်ဟန်ကျန်းဟာအမိန့်ကိုနာခံပြီး အရှင့်ရဲ့ အမိန့်ပေးအဆောင်‌တွေထဲကတစ်ခုကို
သုံးလိုက်ပြီး လက်ယာကာကွယ်စောင့်ရှောက်သူကိုဆင့်ခေါ်လိုက်၏။

တွေ့ဆုံခန်းသို့နှစ်ယောက်လုံးသွားပြီး
စောင့်နေကြတာဟာ ခရမ်းရောင်ဝတ်စုံ
ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်
အေးအေးဆေးဆေးနှင့်ရောက်လာချိန်အထိဖြစ်သည်။သူဝတ်ထားတာကို အဝတ်ဟုတောင်ပြောဖို့ခက်ပြီး သူ့ခန္ဓာကိုယ်ရဲ့အဓိကနေရာတွေကိုပဲပတ်ထားတဲ့ခရမ်းရောင်ပိတ်စတစ်စလို့ပြောလျှင်ပိုမှန်လိမ့်မည်။ထိုသို့ဝတ်ဆင်ထားပုံက သူ၏လှပသောခန္ဓာကိုယ်ကိုဆွဲဆောင်အားပိုပြင်းစေပြီး လူတွေ၏ အာရုံကို ဖမ်းစားထားနိုင်သည်။

ကံမကောင်းတာက သူ့အရှေ့က
လူနှစ်ယောက်က ရေခဲလိုနှလုံးသားရှိပြီး မျက်လုံးကန်းနေတာပါပဲ။
လက်ယာ‌ကာကွယ်စောင့်ရှောက်သူ
ရှူယန်ယန်ဟာ သူတို့ဆီကယခုလိုတုန့်ပြန်မှုတွေကို မြင်နေကျဖြစ်၍ဘယ်လိုမှမခံစားရ‌တော့ပေ။သူကဝမ်ရန်အယ်ကို ဆွဲဆောင်မှုရှိရှိဖြင့်ဦးညွှတ်လိုက်ပြီး ခေါင်းပြန်မော့ဖို့ခွင့်ပြုချက်ရချိန်၌ "အရှင်ကျွန်မကို အဲ့
အမှန်တရားမြတ်နိုးတဲ့ဂိုဏ်းတွေက ကြောင်သူတော်တွေကို တိုက်ခိုက်စေချင်
လို့လား။ကျွန်မသူတို့ကိုရိုက်ချင်လွန်းလို့
လက်ယားနေပြီ။"ဟုအမြန်မေးလိုက်သည်။

ထို့နောက်သူဟာရှက်ပြုံးလေးပြုံး၍
သူ့ပါးစပ်ကိုကာလိုက်သည်။

ဝမ်ရန်အယ်ဟာ သူ့လက်အောက်ငယ်သား၏ အကျင့်ကိုနားလည်သည်။"မင်းသူတို့ကို အပြစ်ပေးချင်တာလား။ဒါမှမဟုတ် မင်းရဲ့ယင်ဓာတ်တိုးတက်စေဖို့ သူတို့ရဲ့
ယန်ဓာတ်ကိုလိုချင်တာလား။"

ရှူယန်ယန်ကသူ့မျက်တောင်တွေကို
တဖျတ်ဖျတ်ခတ်ပြီး "နှစ်ခုလုံးကတူတူပဲလေ။အရှင် ကျွန်မအကြောင်းသိပါတယ်။ကျွန်မက လိုအင်ဆန္ဒကျင့်စဥ်ကိုကျင့်ကြံ
တာဆို‌တော့ကျောက်တုံးတစ်တုံးနဲ့
ငှက်နှစ်ကောင်ပစ်လို့ရတဲ့ ဒီလိုအခွင့်အရေးမျိုးကိုလက်လွတ်ခံပါ့မလား။"

ဝမ်ရန်အယ် သူ့လက်တစ်ဖက်ကို
မြှောက်လိုက်သည်။ခွင့်ပြုချက်ရသွားသည့်
ရှူယန်ယန်ဟာ ဝမ်ရန်အယ်၏ညာဘက်မှ
ထိုင်ခုံဆီသွား၍ထိုင်ချလိုက်ကာ
သူ့ရဲ့ခြေထောက်ရှည်ရှည်လေးတွေကို
နွမ်းနွမ်းလျှလျှနဲ့ဆန့်ထုတ်လိုက်၏။
သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာငြင်း‌ဆန်လို့မရသည့် မိန်းမဆန်ဆန် ဆွဲဆောင်အားများကို
ဖြစ်ပေါ်စေသည်။

ဝမ်ရန်အယ်ဟာ သူ၏အမှတ်တမဲ့ ဖြားယောင်းသွေးဆောင်မှုများကို လျစ်လျူရှုလိုက်ပြီး "အေးအေးဆေးဆေးနဲ့ မင်း ရှန့်ချင်းဂိုဏ်းချုပ်တပည့်
ဟယ့်ဝမ်းချောင်ကို သိလား။"
ဟုမေးလိုက်သည်။

"အိုး သူလား။"ရှူယန်ယန်ဟာ ထိုင်ခုံပေါ်မှာ ပျင်းရိပျင်းတွဲနဲ့ ခြေပစ်လက်ပစ်ထိုင်နေရင်းက‌နေ "သူဆိုရင်‌တော့ကျွန်မစိတ်ဝင်စားတယ်။"ရှူယန်ယန်ဟာသူ့ရဲ့မေးစေ့ကို
လက်တစ်ဖက်ထောက်လိုက်ရင်း
မျက်စိတစ်ဖက်မှိတ်ကာ "အရှင်ကျွန်မကို
လွန်ခဲ့တဲ့သုံးလက အမှန်တရားဂိုဏ်းတွေရဲ့အစီအစဉ်ကိုစုံစမ်းဖို့လွှတ်လိုက်တုန်းက ကျွန်မသနားဖို့ကောင်းပြီးအားနည်းတဲ့အမျိုးသမီးအဆိုတော်အဖြစ်ရုပ်ဖျက်ပြီး
ရှန့်ချင်းဂိုဏ်းရဲ့ တပည့်တွေရှေ့မှာ အနိုင်ကျင့်ခံရပုံဟန်ဆောင်ခဲ့တာ။ကျွန်မကိုလာကူညီတဲ့လူ‌တွေထဲမှာဟယ့်ဝမ်းချောင် လည်းပါတယ်။ အဲ့တစ်ယောက်က ....."

ဆက်မပြောတော့ဘဲ ရှူယန်ယန်ဟာ အရသာကောင်းသည့်တစ်စုံတစ်ခုအကြောင်းကို
ပြန်တွေး‌နေပုံနှင့်နှုတ်ခမ်းကိုသပ်နေပြီး
ခဏနေတော့ "သူ့ရဲ့ယန်စွမ်းအင်က
လုံးဝကျေနပ်ဖို့ကောင်းတယ်။"
ဟုပြောလိုက်သည်။

သူဘာအကြောင်းပြောနေတာလဲဆိုတာ
ဝမ်ရန်အယ်နားလည်သည်။

စာအုပ်ထဲမှာလည်း ဟယ့်ဝမ်းချောင်၏
ယန်စွမ်းအင်ကို ရှူယန်ယန်ကယူသွားသည့်အတွက် သူ၏စွမ်းအင်တော်တော်များများကိုဆုံးရှုံးရသေးသည်။ရှူယန်ယန်ဟာ
ဇာတ်လိုက်မင်းသားကို သူ့ရဲ့ကျင့်ကြံခန်းမှာဖမ်းထားပြီး ဇာတ်လိုက်မင်းသားရဲ့
ယန်စွမ်းအင်တွေကုန်ခမ်းသွားတဲ့အထိ
ကျင့်ကြံဖို့လုပ်ထားတာဖြစ်၏။
ပိုင်လီချင်းမြောင်ဟာ ဇာတ်လိုက်မင်းသားကို
အသက်စွန့်၍ကယ်ခဲ့သည်။သူ့ရဲ့စွမ်းအင်
တွေ အရင်လိုပြန်ဖြစ်အောင် လုပ်ပေးဖို့အတွက် ဆီးနှင်းမီးလျှံ လို့ခေါ်တဲ့ဆေး(elixir)ကိုရှာဖို့အတွက်
မိုင်ထောင်ချီကျယ်ပြန့်သော
ရေခဲလွင်ပြင်သို့သွားခဲ့သည်။ပြီးလျှင်
ဟယ့်ဝမ်းချောင်ထိုဆေးကို စုပ်ယူနိုင်ဖို့
ကူညီပေးခဲ့သည့်အတွက်
ဇာတ်လိုက်မင်းသား၏ ကျင့်ကြံဆင့်ကို အများကြီးတိုးတက်သွားစေ၏။

ဝတ္ထု၏ ပထမဆုံးဗီလိန်ဟာ ရှူယန်ယန်
ဖြစ်ပြီး သူကဟယ့်ဝမ်းချောင်ကိုချစ်လို့မဟုတ်ဘဲ သူ့ရဲ့ယန်စွမ်းအင်ကိုလိုချင်ရုံသက်သက်သာဖြစ်သည်။ရှူယန်ယန်ဟာ
ဟယ့်ဝမ်းချောင်ကိုဒုက္ခပေးခဲ့တာ
ဖြစ်သည့်အတွက် ပိုင်လီချင်းမြောင်ဟာ ပထမဆုံးအကြိမ် သူအခြားမိန်းမနှင့်ပတ်သက်ခြင်းကို ခွင့်လွှတ်ပေးခဲ့သည်။

ချွမ်းယွမ်ဂိုဏ်း၏သွေးဆောင်သူဖြစ်သည့်
ရှူယန်ယန်ဟာ ဖြားယောင်းသွေးဆောင်မှု ကျင့်စဉ်ကိုကျင့်သည့်အတွက်ကြောင့်
သူ့ရဲ့စွမ်းအားဟာ ဟယ့်ဝမ်းချောင်ထက်သာလွန်၏။သူသာတစ်ခုခုလုပ်ချင်သည်
ဆိုလျှင် ဟယ့်ဝမ်းချောင်ပြန်ခုခံဖို့
မဖြစ်နိုင်ချေ။ဇာတ်လိုက်မင်းသားသည်
ဤကိစ္စ၌နစ်နာသူဖြစ်သည်။

ထိုအချိန်တုန်းကတော့ ပိုင်လီချင်းမြောင်ဟာ
ဟယ့်ဝမ်းချောင် တွန်းအား‌ပေးခံရခြင်းမဟုတ်သည့် ဒုတိယအကြိမ်၊တတိယအကြိမ်နှင့် ရေတွက်လို့မရတဲ့အကြိမ်တွေရှိလာပြီး နားလည်ပေးဖို့ပြောမဲ့အချိန်တွေ
ရှိလာမယ်ဆိုတာကိုကြိုမသိခဲ့ပေ။

ဝမ်ရန်အယ်ဘာတွေဖြစ်ခဲ့သလဲဆိုတာ
ဆက်ပြောခိုင်းလိုက်သည်။

စာအုပ်၏ စာလုံးရေတွက်ပုံအရဆို
ယခုလက်ရှိဟာဇာတ်ကြောင်းရဲ့
ပျော်ရွှင်ဖွယ်အချိန်တွေဖြစ်တဲ့
စာလုံးရေ  ၇သောင်း၊ ၈သောင်းလောက်
အထိပဲရှိသေးသည်။ပိုင်လီချင်းမြောင်
ရှန့်ချင်းဂိုဏ်းကိုဝင်၍ ဟယ့်ဝမ်းချောင်နှင့်မြင်မြင်ချင်းချစ်မိပြီးနောက် ကျင့်ကြံနေခြင်းသည်ဆယ်နှစ်လောက်ရှိပြီဖြစ်ကာ
သူတို့နှစ်ယောက်၏ဘဝကိုဖြူဖြူစင်စင်ဖြင့်အတူတူကုန်ဆုံးနေတာဖြစ်၏။
ဟယ့်ဝမ်းချောင်ဟာ ပန်းတွေကောက်ဖို့၊
လကြည့်ဖို့နဲ့တိတ်ဆိတ်နေတဲ့ညမှာ
ကျင့်ကြံနည်းတွေကိုတူတူလေ့ကျင့်ရန်
ခိုးထွက်ဖို့ မကြာခဏသူ၏ဂိုဏ်းတူညီမလေးဆီသို့လာလေ့ရှိသည်။သို့ပေမဲ့ သူတို့ဟာ သိက္ခာတရားကြောင့် ထို့ထက်ပို၍
ရှေ့ဆက်မတိုးကြချေ။သူတို့နှစ်ယောက်၏ အချစ်ဟာ ပျားရည်ကဲ့သို့ချိုမြိန်နေပြီး
သွားပိုးပေါက်တွေတောင်ဖြစ်စေနိုင်၏။

မိန်းကလေးတပည့်အချို့ ပြဿနာရှာ
ပေမဲ့လည်း အားလုံးဟာဖြူစင်ပြီး
ငယ်ရွယ်ကြချိန်ဖြစ်သည့်အတွက်
ဘယ်သူကမှအရမ်းဆိုးရွားတာမျိုး
မလုပ်ခဲ့ကြပေ။ဟယ့်ဝမ်းချောင်ဟာလည်း ငယ်ရွယ်ပြီးဖြောင့်မတ်တဲ့ သူရဲကောင်း
တစ်ယောက်၊ဂိုဏ်း၏တန်ဖိုးအထားဆုံး ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး
ခက်ခဲသည့်တာဝန်များယူရခြင်းမျိုးလည်း
မရှိသေးပေ။

ဖြားယောင်းသူ ရှူယန်ယန်ဟာ
သူတို့နှစ်ယောက်ကြား သဘောထားကွဲလွဲ
စေသည့်ပထမဆုံးလူဖြစ်သည်။

"ဘယ်သူကအဲ့လောက်အများကြီး
မှတ်မိမှာလဲ။"

"ကျွန်မစဉ်းစားလို့ရသမျှက အဲ့တစ်ယောက်ရဲ့ယန်စွမ်းအင်အကြောင်းပဲ။အရှင်သိတယ်
မလား။ကျွန်မကျင့်ကြံဆင့်မတက်တော့တာ နှစ်တွေအများကြီးကြာပြီ။အခုလိုသာ
ဆက်ဖြစ်နေလို့ကတော့အရေပြားတွေ
တွန့်ကုန်တော့မှာပဲ။"ဟုပြောရင်းသူဟာ
မှန်ထုတ်လိုက်ပြီး ဆယ့်ခြောက်နှစ်သမီးလိုလှပနေသည့် မျက်နှာအသားအရည်ကိုသေချာစစ်‌ဆေးကြည့်ရှူလိုက်သည်။
ကျေနပ်သွားမှ "ဟယ့်ဝမ်းချောင်ရဲ့
ယန်စွမ်းအင်ကထူးခြားတယ်။သူ့မှာ
မိုးကြိုးစွမ်းအင်ဝိဉာဥ်ရင်းမြစ်ရှိပြီး အဲ့ထက်
ပိုထူးခြားနက်နဲတဲ့စွမ်းအားလည်း
ရှိသေးတယ်။သူ့ရဲ့စွမ်းအင်ကိုသာရအောင်
ယူနိုင်ရင် ကျွန်မရဲ့အဆင့်တက်သွားမှာသေချာတယ်။"

ကျင့်ကြံသူများ၌ မတူညီသော သတ္တု၊သစ်သား၊ရေ၊မီး၊ကမ္ဘာမြေ ဟူ၍ ပုံမှန်
ဝိဉာဉ်ရင်းမြစ်ငါးမျိုးရှိ၏။ထို့အပြင်
အသွင်ကွဲပြား‌သော လေ၊မိုးကြိုး၊ရေခဲ၊အလင်းနဲ့ လွင်ပြင်ဟူ၍ ဝိဉာဉ်ရင်းမြစ်ငါးမျိုးထပ်ရှိသေးသည်။ပုံမှန်လူ‌များတွင်
ဝိဉာဉ်ရင်းမြစ်သုံးခု၊လေးခုနဲ့ငါးခုပါတတ်
ကြပြီး ဝိဉာဉ်ရင်းမြစ်နှစ်ခုပါသူများကို သဘာဝ၏လက်ဆောင်မွန်ဟုသတ်မှတ်
ကြသည်။ပုံမှန်သန့်စင်သောဝိဉာဉ်ရင်းမြစ် တစ်ခုပဲပါသည့်သူဟာ လူတစ်သန်းတွင်
တစ်ယောက်လောက်ပဲရှိ၏။အသွင်ကွဲပြား၍သန့်စင်သောဝိဉာဉ်ရင်းမြစ်တစ်ခုပဲပါသည့်သူကိုတော့ ကောင်းကင်ဘုံကောင်းချီးပေးခံရသည့် ဉာဏ်ကြီးရှင်များ
ဟုခေါ်ကြပြီး နှစ်တစ်သိန်းတွင်တစ်ယောက်တွေ့ဖို့တောင် ခက်ခဲ၏။ဟယ့်ဝမ်းချောင်သည် သန့်စင်သောမိုးကြိုးဝိဉာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားသူဖြစ်၏။

သူ့ရဲ့မိုးကြိုးဝိဉာဉ်ရင်းမြစ်ဟာ သူ့အရင်ဘဝမိုးကြိုးပစ်ခံရတာကနေရလာတာများလား။ဝမ်ရန်အယ်ကိုယ့်ကိုကိုယ်ပြန်ပြောရင်း အတွေးထဲနစ်ဝင်နေမိသည်။

သူ၏ထူးခြားနက်နဲသည့်စွမ်းအား
ဆိုတာကသူ့ရဲ့နတ်ဘုရားစွမ်းအင်
ဖြစ်နိုင်သည်။ဟယ့်ဝမ်းချောင်ဟာ
ယခင်ဘဝကနတ်ဘုရားအဆင့်ထိ
တက်လှမ်းထားသူဖြစ်သည့်အတွက်
သူ့ရဲ့စွမ်းအင်တွေကယခုဘဝမှာပါလာတာ
ဖြစ်လောက်သည်။ပိုင်လီချင်းမြောင်ကတော့ ကောင်းကင်၊ကမ္ဘာမြေကြီးနှင့်အတူ
မွေးဖွားလာသော ရှေးနတ်ဘုရားဖြစ်သည့် အတွက် သူ၏စွမ်းအားများကို လူခန္ဓာကိုယ်ထဲသို့ယူဆောင်လာ၍မရချေ။

ဟယ့်ဝမ်းချောင်ရဲ့စွမ်းအားကို ရှူယန်ယန်က
ခိုးယူခဲ့မယ်ဆိုလျှင် သူ၏ကျင့်ကြံဆင့်
တိုးသွားမှာအသေအချာပင်။

"လွန်ခဲ့တဲ့သုံးလက မင်းသူ့ရဲ့စွမ်းအင်တွေကို
ဘာလို့မယူခဲ့တာလဲ။"

ရှူယန်ယန်ကသက်ပြင်းချလိုက်ရင်း
"သူ့စွမ်းအင်ကထူးခြားတာကို။
ကျွန်မလိုချင်တာပေါ့ အရှင်ရယ်။လိုလိုချင်ချင်နဲ့ ကျွန်မနဲ့နေတာမဟုတ်ရင် ဘယ်သူ့ဆီကမှ အဓမ္မမယူချင်ဘူး။ပြီးတော့သူ့မှာ ကျွန်မနဲ့တန်းတူလှတဲ့ ရည်းစားကောင်မလေးရှိတယ်။‌ကောင်မလေးကလည်းအရမ်းထက်ပြီး ကျွန်မကိုတစ်ချိန်လုံးသံသယဝင်နေတာ၊သူ့လူကိုလည်း
တစ်ချိန်လုံးကြည့်နေသေးတယ်။
ကျွန်မအတွက်အခွင့်အရေးတစ်ခုတောင်
ပေါ်မလာပါဘူး။"

ဝမ်ရန်အယ်ကမျက်ခုံးပင့်လိုက်ရင်း
"အိုး သူတို့ကလိုလိုချင်ချင်ပေးမှ
မင်းယူတာလား။"ဟုမေးလိုက်၏။

ပိုင်လီချင်းမြောင်အမြင်ဘက်ကရေးထားတာဖြစ်‌သည့်အတွက်စာအုပ်ထဲတွင်
ထိုအကြောင်းအရာမပါ‌ပေ။
ဟယ့်ဝမ်းချောင်က ရှူယန်ယန်သူ့ကို
ဆေးခပ်ပြီး အတင်းခေါ်ထားတာဟု
ပြောခဲ့ခြင်းအား ပိုင်လီချင်းမြောင်ယုံခဲ့သည်။

"အရှင် ကျွန်မအကြောင်းသေချာမသိသေးဘူးပဲ။"ရှူယန်ယန်ဟာ နှုတ်ခမ်းစူပြီး
"အဲ့ကိစ္စတွေမှာ ကျွန်မက နှစ်ဦးနှစ်ဖက်သဘောတူမှုကို အမြဲအလေးထားတယ်။ယောကျာ်းတစ်ယောက်ရဲ့ လုပ်ဆောင်မှုကောင်းပြီး ကျွန်မလည်းသဘောကျရင်
သူ့ရဲ့ကျင့်ကြံဆင့်တိုးလာအောင် ကျွန်မ
သူ့ကိုယင်စွမ်းအားပြန်ပေးတယ်။
ကျွန်မရန်သူတွေကလွဲပြီး ကျွန်မ ကျင့်ကြံတဲ့နေရာက ယောကျ်ားအားလုံးအကျိုးအမြတ်
ရတယ်။ကျွန်မသူတို့ကိုငြီးငွေ့လာလို့
မောင်းထုတ်ရင်တောင် သူတို့ထွက်မသွား
ချင်ကြဘူး။"ဟုပြန်ဖြေလိုက်၏။

'ငါတကယ်မသိဘူး။မင်းသဘောတူညီချက်ဘယ်လိုလုပ်တယ်ဆိုတာကို ငါတကယ်မသိခဲ့ဘူးပဲ။'ဟုဝမ်ရန်အယ်တွေးလိုက်မိသည်။

"ဒါပေမဲ့ ကျွန်မ ဟယ့်ဝမ်းချောင်ကို
လွယ်လွယ်မလွှတ်ပေးဘူး။"
သူသစ္စာရှိကြောင်းပြသဖို့ရှူယန်ယန်ဟာ
ဝမ်ရန်အယ်ကိုပြောလိုက်သည်။"ကျွန်မတို့
ချွမ်းယွမ်ဂိုဏ်းကို မကြာခင်ကတိုက်ခိုက်ခဲ့တဲ့ ခေါင်သူကြီး ရှန့်ချင်းဂိုဏ်းချုပ်တပည့်ကို
ညှာလို့ဘယ်ရမလဲ။အရှင် စိတ်မပူနဲ့
ကျွန်မဖြူစင်တဲ့မိန်းကလေးယောင်
ဆောင်ရင်းအဲ့ကောင်မလေးပိုင်လီချင်းမြောင်မသိအောင်ဟယ့်ဝမ်းချောင်နဲ့ ခိုးပြီး
ဆက်သွယ်နေတာရက်တော်တော်ကြာနေပြီ။သူက ကျွန်မကိုသနားပြီးလက်ဆောင်ပေးဖို့ ခဏခဏ ခိုးလာတယ်။မကြာခင်သူ
ကျွန်မအပိုင်ဖြစ်တော့မှာ။"

ဝမ်ရန်အယ်ခဏလောက်တုံ့ဆိုင်းပြီး
"အဲ့လိုလုပ်ဖို့မလိုဘူး။"

"ဘာလုပ်ဖို့မလိုတာလဲ။"ဟုရှူယန်ယန်က
သူ့ရဲ့ကြီးမားပြီးလှပတဲ့ မျက်လုံးတွေကို
တဖျတ်ဖျတ်ခတ်ရင်း မေးလိုက်သည်။

"သူ့ကိုဖျက်စီးပစ်ဖို့မလိုဘူး။"ဟု
ဝမ်ရန်အယ်ဟာထိုင်ခုံရဲ့လက်ရန်းကို
လက်နဲ့တတောက်တောက်ခေါက်ရင်း
ပြောလိုက်သည်။"မင်းလုပ်‌နေကျအတိုင်းပဲလုပ်ပြီးကြိုးရှည်ရှည်နဲ့လှန်ထား။သူ့မှာ
မင်းအကျိုးအမြတ်ရစေနိုင်မဲ့ထူးခြားတဲ့စွမ်းအင်ရှိတယ်။အရမ်းကြီးရက်ရက်စက်စက်လုပ်စရာမလိုဘူး။"

ရှူယန်ယန်အံ့ဩတကြီးနဲ့စိုက်ကြည့်မိသည်။ဒါက ရန်သူဆို အကိုင်းအခက်၊အမြစ်ပါ
မကျန်ရှင်းပစ်တတ်တဲ့ အကြင်နာတရား
ကင်းမဲ့တဲ့အရှင်မှဟုတ်ရဲ့လား။

ရှူယန်ယန်ဟာ သူ့မျက်ခုံးတွေကိုတွန့်ချိုးရင်း "သူက ရှန့်ချင်းဂိုဏ်းရဲ့တန်ဖိုးအထားဆုံး
တပည့်‌ခေါင်းဆောင်၊အမှန်တရားဂိုဏ်း
တွေရဲ့အနာဂတ်မှာ ထောက်တိုင်ဖြစ်လာမဲ့သူ
ဆိုတော့ သူ့ကိုအခုငယ်တုန်းကထဲက
ရှင်းပစ်တာပိုမကောင်းဘူးလား။သူ့ကိုကျင့်ကြံတုန်း ယင်စွမ်းအင်‌ပြန်ပေးရင်
သူ့စွမ်းအင်တွေမြန်မြန်တိုးလာလိမ့်မယ်။
အဲ့လိုလုပ်ရင် ကျွန်မအတွက်အကျိုးအမြတ်
ရပေမဲ့ ချွမ်းယွမ်ဂိုဏ်းအတွက်
မကောင်းဘူး။"

စကားပြောနေရင်း သူ၏မျက်နှာသွင်ပြင်ဟာ ရက်စက်ပုံပေါက်လာပြီး နူးညံ့ညင်သာပြီး
ဆွဲဆောင်မှုအပြည့်သွင်ပြင်
ပျောက်ကွယ်သွား၏။

ထိုစကားတွေက ဝမ်ရန်အယ်ကို
ကျေနပ်စေသည်။

ဝမ်ရန်အယ် ကျင့်ကြံသူတွေဟာထိုကဲ့သို့ပဲ
ဖြစ်သင့်တယ် ဟုထင်သည်။တာအိုဟာ ခံစားမှုကင်းမဲ့ရမည်။ပြင်းပြမှုတွေကို
စွဲမက်နေမဲ့အစား ထိုအရာတွေကိုအကျိုးအမြတ်ရဖို့အသုံးချသင့်သည်။
ခဏတာပျော့ညံ့မှုဟာ မင်းရဲ့ပျက်စီးခြင်းကို ဦးတည်သွားနိုင်သည့်အတွက် မင်းဟာ
ခိုင်ခိုင်မာမာရပ်တည်နေဖို့လိုသည်။‌‌

ရှူယန်ယန်၏ အနာဂတ်ကိုမျှော်မြင်နိုင်မှုနဲ့
ယင်ဟန်ကျန်းရဲ့ လုပ်နိုင်စွမ်းတွေကို
ကြည့်ရင်း စာအုပ်ထဲက အချစ်ကြောင့်ကန်း‌နေပြီး ပိုင်လီချင်းမြောင်အတွက်
ချွမ်းယွမ်ဂိုဏ်းကို စွန့်လွှတ်ခဲ့သည့်
သူ့ကိုယ်သူပြန်သတိရသွားသည်။
ဂိုဏ်းရဲ့ကာကွယ်စောင့်ရှောက်သူ
နှစ်ယောက်လောက် ချွမ်းယွမ်ဂိုဏ်းကို စာအုပ်ထဲက သူကမချစ်ဘူး။
ဟုဝမ်ရန်အယ်ခံစားလိုက်ရ၏။

ပုံမှန်လူတစ်ယောက်ဆိုလျှင်
ထောင်ချောက်ထဲကျသွားမှာဆိုးသဖြင့်
ပိုင်လီချင်းမြောင်နှင့်ဝေးဝေးမှာ
ရှောင်နေလောက်ပေမဲ့ သူဟာပြဿနာတွေကိုထိပ်တိုက်ရင်ဆိုင်သူဖြစ်သည်။သူ့ရဲ့နှလုံးသားကို ဘယ်ခံစားချက်ကြောင့်နဲ့မှ
မလှုပ်ရှားအောင် ယခုထက်ပိုပြီးခိုင်မာစေဖို့ ပိုင်လီချင်းမြောင်နှင့်ဟယ့်ဝမ်းချောင်ကို
တွေ့ဖို့ သူဆုံးဖြတ်ထားသည်။

ထိုအကြောင်းတွေးရင်း ရှူယန်ယန်ကို
"ငါတို့ရေရှည်အတွက် ပိုစဉ်းစားသင့်တယ်။မင်း ရှန့်ချင်းဂိုဏ်းကိုဖျက်စီးပစ်ရမယ်။"

ခဏကြာစဉ်းစားပြီးနောက် ရှူယန်ယန်၏ မျက်လုံးအရောင်တောက်လာပြီး လက်ခုပ်တီးလိုက်၏။
"ဒီငယ်သားကအရှင်ဘာဆိုလိုချင်လည်း
သိပါပြီ။ကျွန်မလုပ်ဖို့လိုတာက သနားဖို့ကောင်းပြီး ရိုးသားတဲ့ မိန်းကလေး
ယောင်ဆောင် ပြီးရင် အမှန်တရားဂိုဏ်း
တွေရဲ့ အနာဂတ်ထောက်တိုင်လေးကို လမ်းလွဲသွားအောင်သွေးဆောင်ရမှာ။
သူ့ရဲ့အကာအရံတွေကိုချိုးဖျက်ပြီး ကျွန်မက
မကောင်းတဲ့လမ်းစဉ်ကိုကျင့်ကြံ‌နေပေမဲ့ နှလုံးသားထဲမှာတော့ လူကောင်း
ပြန်ဖြစ်ချင်‌နေတဲ့ စိတ်ထားကောင်းတဲ့မိန်းကလေးလို့သူယုံကြည်လာပြီး
ကျွန်မလက်ညှိုးညွှန်ရာ ရေဖြစ်‌အောင်
လုပ်ရမယ်။ကျွန်မရဲ့ အလှအပတွေနဲ့
သူပြန်ရတဲ့စွမ်းအင်တွေကြောင့် သူကျွန်မကိုအရမ်းစွဲလမ်းသွားစေရမယ်။တစ်နေ့ကျ ကျွန်မကသူ့ကို ကယ်ပါလို့ပြောတဲ့အခါ
ကျရင် အရမ်းအရေးမကြီးဘူးလို့ထင်တဲ့
သူ့ဂိုဏ်းရဲ့လျှို့ဝှက်ချက်တွေကို
ပျော်ပျော်ကြီးပြောပြလိမ့်မယ်။အနာဂတ်မှာ ဂိုဏ်းရဲ့ခေါင်းဆောင်နေရာကိုသူရရင်
ပိုတောင်ကောင်းဦးမယ်။သူ့ကို နတ်ဆိုးလမ်းစဉ်ဆီကိုတဖြည်းဖြည်းလမ်းပြ
ခေါ်လာပြီး သူသတိထားမိသွားတဲ့အချိန်
ကျရင် နောက်ပြန်လှည့်ဖို့မဖြစ်နိုင်တော့ဘူး။"

ရှူယန်ယန်ဟာအချိန်အကြာကြီး ကစားရတဲ့ ကစားပွဲကမိုက်မှာသေချာတယ်။
ဟုပြောရင်းကနေ အခုချက်ချင်းပဲထပြီးသနားစရာမိန်းမပျိုအဖြစ် သရုပ်ဆောင်
ချင်‌ပုံဖြင့်ပိုပိုပြီး တက်ကြွလာ၏။

ဝမ်ရန်အယ်: .........

သူကပိုင်လီချင်းမြောင်ကို ဟယ့်ဝမ်းချောင်က
ရှူယန်ယန်နဲ့လိုလိုချင်ချင်နေတာကို
မြင်စေချင်လို့ရှူယန်ယန်ကို ဟယ့်ဝမ်းချောင်နဲ့ဆက်ဆံ‌ရေး တစ်ခုတည်ဆောက်‌ခိုင်းရုံပါ။သို့ပေမဲ့ ရှူယန်ယန်ဟာ အချစ်ဇာတ်လမ်း
ကနေ ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုအထိပါ
ပိုတွေးလိုက်တာပဲ။

ဝမ်ရန်အယ်ဟာ ယခုမှပဲသူ၏
လက်ယာကာကွယ်စောင့်ရှောက်သူဟာ ရည်မှန်းချက်အလွန်မြင့်မားသည့်
မိန်းမတစ်ယောက်ဖြစ်‌ကြောင်း
သိတော့သည်။

"မင်းရဲ့အစီအစဉ်ကအကောင်အထည်
ဖော်ဖို့ဖြစ်နိုင်တယ်။ဒါပေမဲ့ အချက်နှစ်ချက်ကိုမှတ်ထား။ပထမအချက်က
ပိုင်လီချင်းမြောင်ကိုဒုက္ခမပေးနဲ့၊
ဒုတိယအချက်က မချစ်မိသွားစေနဲ့။"

"အရှင်က တကယ်အမြင်ရှိတာပဲ။
ပိုင်လီချင်းမြောင်ကိုဒုက္ခမပေးဘဲ ဒီအတိုင်းထားရင် သူပြဿနာရှာမှာသေချာတယ်။
အဲ့လိုဆိုရင် ဟယ့်ဝမ်းချောင်က နူးညံ့ပြီး
နာခံတတ်တဲ့ကျွန်မဆီပိုရောက်လာမှာ။သူအသက်ရှင်နေမှ ပိုအသုံးဝင်‌မှာ။
ဟယ့်ဝမ်းချောင်ကတော့စိတ်ပူစရာမလိုဘူး။အရှင့်ရဲ့ငယ်သားက အတွေ့အကြုံရှိပြီးသား။ ကမ္ဘာပေါ်ကမျက်နှာနှစ်ဖက်နဲ့ယောကျာ်းတွေကိုမြင်တာနဲ့ ကျွန်မတန်းသိတယ်။"

ထိုသို့ပြောပြီးနောက် ရှူယန်ယန်ဟာ
တိတ်ဆိတ်‌နေတဲ့ ယောကျာ်းနှစ်ယောက်ကိုသူ့ရဲ့သွယ်လျတဲ့နောက်ကျောပုံရိပ်ကိုပဲထားခဲ့ပြီးအခန်းထဲမှထွက်သွားတော့သည်။

"လက်ဝဲစောင့်ရှောက်သူယင် ငါက
လက်ယာစောင့်ရှောက်သူလောက်
မကောင်းဘူးပဲ။"

စာအုပ်ထဲကသူ့ကိုယ်သူရည်ညွှန်း
ပြောဆိုနေခြင်းဖြစ်သည်။

ယင်ဟန်ကျန်းဟာ "အရှင်ကကမ္ဘာပေါ်မှာ အမြင်အရှိဆုံးလူတစ်ယောက်ပါ။
လက်ယာကာကွယ်စောင့်ရှောက်သူက
အရှင်နဲ့နှိုင်းယှဉ်ဖို့လုံးဝမဖြစ်နိုင်ပါဘူး။"
ဟုပြန်‌ဖြေ၏။

"အာ မင်းကတော့" ဝမ်ရန်အယ်ဟာ
သူ့ခေါင်းကိုရမ်းလိုက်ပြီးအခြားအကြောင်းအရာကို ပြောင်းပြော
လိုက်သည်။ "ငါရှန့်ချင်းဂိုဏ်းက တပည့်
တစ်ယောက်ကိုတွေ့ချင်လို့ ငါနဲ့တူတူ
မင်းဒီတောင်ကနေထွက်ပြီးလိုက်ခဲ့ရမယ်။"

ယခုအချိန်မှာရှူယန်ယန်ဟာ ဟယ့်ဝမ်းချောင်စွမ်းအားကိုမခိုးယူဘူး‌ဆိုတော့
ဟယ့်ဝမ်းချောင် ပိုင်လီချင်းမြောင်ကိုဘယ်လိုအကြောင်းပြချက်ပေးမှာလဲ။
သူကကော ခွင့်လွှတ်မှာလား
မခွင့်လွှတ်ဘူးလား ဆိုတာကို
သိချင်လှသည်။

နတ်ဆိုးအရှင်တကယ်ကိုသိချင်မိ၏။

မှတ်ချက်

၁။ ဒန်တန်ဆိုတာက ချက်အောက်မှာရှိပြီး
ရွှေရောင်ဗဟိုချက်ဖန်တီးဖို့ချီစွမ်းအားတွေ
စုဝေးရာနေရာ။

၂။စုံတွဲကျင့်ကြံတာက လိင်ဆက်ဆံတာပါ။ယောကျာ်းတွေက ယန်စွမ်းအင်မြင့်ပြီး မိန်းမတွေက ယင်စွမ်းအင်မြင့်ပါတယ်။မိန်းမက သူ့ယင်စွမ်းအင်ပြည့်စုံ‌စေဖို့အတွက် ယောကျာ်းဆီကယန်စွမ်းအင်ယူပါတယ်။ထို့အတူယောကျာ်းလေးကလည်း မိန်းကလေးဆီက သူ့ယန်စွမ်းအင်ပြည့်စုံ
စေဖို့ ယင်စွမ်းအင်ကိုပြန်ယူပါတယ်။

အပိုင္း၂။ ခြၽမ္းယြမ္ဂိုဏ္းရဲ႕ ျဖားေယာင္းသူ

ယင္ဟန္က်န္းဟာ ဝမ္ရန္အယ္သူ၏
အခ်စ္အေပၚအျမင္ကိုေမးခ်င္ေနတာမွန္း
သိသည္။အမွန္အတိုင္းေျပာရလွ်င္
အခ်စ္ဆိုတာ ဘာလဲသူလည္းေသခ်ာ
မသိေပ။

ကေလးဘဝကတည္းက ဝမ္ရန္အယ္က
သူ႕ကိုပိုင္႐ွင္မဲ့သခ်ႋဳင္းကေန ခြၽမ္းယြမ္ဂိုဏ္းကိုေခၚလာတာျဖစ္ၿပီး အ႐ွင့္ရဲ႕အမိန္႔ဟာ
သူ႕ရဲ႕ဆႏၵျဖစ္၏။သူဘယ္တုန္းကမွ
ကိုယ္ပိုင္အျမင္ေတြကို မေဖာ္ျပဘူးေခ်။
ဝမ္ရန္အယ္ေမးခြန္းကိုဆုံးေအာင္
မေမးေပမဲ့ ယင္ဟန္က်န္းဟာ ဦးၫႊတ္ၿပီး
"အ႐ွင့္ ထင္ျမင္ခ်က္ဟာကြၽန္ေတာ္႕ရဲ႕ ယုံၾကည္မႈပါပဲ။"ဟုေျဖလိုက္သည္။

(ပိုင္႐ွင္မဲ့သခ်ႋဳင္းဆိုတာကေလ အျပစ္သားေတြ၊ပိုင္႐ွင္မဲ့အေလာင္းေတြကို‌ ေျမျမႇဳပ္‌မေပးဘဲ ဒီတိုင္းစြန္႔ပစ္ထားတဲ့ေနရာပါ။)

အကယ္၍အ႐ွင္ကအခ်စ္ဝတၳဳေတြ
ႀကိဳက္တယ္ဆိုလွ်င္ ဤကမ႓ာေပၚကဝတၳဳအားလုံးကိုသူစုေဆာင္းေပးမွာျဖစ္ၿပီး ေယာက်ာ္းပဲျဖစ္ျဖစ္၊မိန္းမပဲျဖစ္ျဖစ္
အ႐ွင္ႀကိဳက္သည့္လူမွန္သမွ်ကို အ႐ွင့္ေ႐ွ႕
အေရာက္သူေခၚလာေပးမွာျဖစ္သည္။
အ႐ွင့္ရဲ႕ လိုအင္ဆႏၵေတြ ျဖစ္ေျမာက္ေအာင္လုပ္ေပးဖို႔က သူအသက္႐ွင္ေနရျခင္း၏ ရည္႐ြယ္ခ်က္ပင္။

ဝမ္ရန္အယ္ဟာ သူ႕ေ႐ွ႕မွာဒူးေထာက္ေနတဲ့
ယင္ဟန္က်န္းကိုစိုက္ၾကည့္လိုက္ၿပီး
အရင္ရက္မ်ားက သူ႕ဦးေႏွာက္ထဲ
ျပည့္ႏွက္ေနသည့္ဝတၳဳအေၾကာင္းကို
ျပန္စဥ္းစားမိ၏။

ဝတၳဳထဲကစာေတြအရ ယင္ဟန္က်န္းဟာ
တကယ့္ကိုသူေျပာခဲ့သည့္စကားအတိုင္း
လုပ္ခဲ့တာျဖစ္ၿပီး သူဟာ "နာက်င္ရတဲ့အခ်စ္ : မင္းကငါ့ရဲ႕ မေျပာင္းလဲတဲ့ ႏွလုံးသားထဲက တစ္ေယာက္ထဲေသာသူပါပဲ။"ဆိုသည့္ဝတၳဳ၏ စတုတၳဇာတ္လိုက္မင္းသားျဖစ္သည္။သူဟာ ဒုတိယ
ဇာတ္လိုက္မင္းသား ဝမ္ရန္အယ္
အယုံၾကည္ရဆုံးလူတစ္ေယာက္ျဖစ္၍
သီးသန္႔ဆန္ကာ တိတ္တဆိတ္ႏွင့္
ဇာတ္လိုက္မင္းသမီး ပိုင္လီခ်င္းေျမာင္လိုအပ္သမွ်ကို ဂ႐ုတစိုက္ ျဖည့္ဆည့္ေပးၿပီး ေသေသခ်ာခ်ာကာကြယ္ေစာင့္ေ႐ွာက္ေပးသူျဖစ္သည္။ဝမ္ရန္အယ္ ပိုင္လီခ်င္းေျမာင္ကို ကိုယ္တိုင္မေစာင့္ေ႐ွာက္ႏိုင္ခ်ိန္၌
သူ႕အစားေစာင့္ေ႐ွာက္ေပးရန္
ယင္ဟန္က်န္းကိုခိုင္းခဲ့သည္။ယင္ဟန္က်န္းဟာလည္း ဇာတ္လိုက္မအစား ဒဏ္ရာေတြကိုဝင္ခံေပးၿပီးသူ႕အစားအဆိပ္ခပ္ခံရၿပီး အသက္ေသကာနီးျဖစ္တာေတာင္မွ အျပစ္တင္စကားတစ္ခြန္းမွေတာင္မ‌ေျပာေပ။သူဟာဇာတ္လိုက္မကိုဖြင့္ေျပာျခင္း
မ်ိဳးလည္း လုံးဝမ႐ွိေခ်။သူတို႔ႏွစ္ေယာက္လုံးအသက္အႏၲရာယ္ႏွင့္ၾကဳံခ်ိန္မွာ
ဇာတ္လိုက္မင္းသမီးကသူ႕ကိုေျပးခိုင္းေပမဲ့ သူကအသံအက္ကြဲကြဲနဲ႔ "ငါတို႔ႏွစ္ေယာက္လုံးအသက္႐ွင္ရမယ္ အဲ့လိုမွမဟုတ္ရင္
ငါမင္းကိုကာကြယ္ရင္းေသမယ္။"
ဟုေျပာသည့္စကားဟာ သူ႕ခံစားခ်က္ကိုအေဖာ္ျပဆုံးစကားျဖစ္သည္။

ဘယ္မိန္းကေလးမ်ိဳးမွ ထိုကဲ့သို႔႐ိုးသား၍ သစၥာ႐ွိသည့္ႏွလုံးသားထဲမွလာေသာ
စကားမ်ားကို လ်စ္လ်ဴ႐ႈႏိုင္မွာမဟုတ္ေပ။
ယင္ဟန္က်န္းဟာ ဝတၳဳအစပိုင္းေတြမွာ
တုန္းက သူ႕ထက္ေတာင္လူႀကိဳက္မ်ားေသး၏။ဟယ့္ဝမ္းေခ်ာင္ကို တမ္းတမ္းစြဲ
ေနသည့္ပိုင္လီခ်င္းေျမာင္ေတာင္မွ မ်က္ရည္လည္႐ႊဲႏွင့္ "ယင္ဟန္က်န္းအေပၚ
တင္ေနေသာအေႂကြးမ်ားကို ဒီတစ္သက္
ဆပ္လို႔ကုန္မွာမဟုတ္ဘူး။"
ဟုေျပာေသးသည္။

ဝမ္ရန္အယ္အပါအဝင္စာဖတ္သူအကုန္လုံးက ယင္ဟန္က်န္း ဇာတ္လိုက္မကို
အရမ္းခ်စ္တာဟုထင္ခဲ့ၾကေပမဲ့ ဝမ္ရန္အယ္ ဇာတ္လိုက္မေၾကာင့္ေသသြားသည့္အခါ
မွာေတာ့ ယင္ဟန္က်န္းဟာ........

ဝမ္ရန္အယ္သူ ေလး၊ငါးႀကိမ္ေလာက္
ဖတ္ၿပီးေသာစာအုပ္ထဲမွဇာတ္ေၾကာင္းကို စဥ္းစားမိၿပီး ယင္ဟန္က်န္းကို "ငါအသက္႐ွင္ေနတုန္းေတာ့မင္းကလုံးဝသစၥာ႐ွိတယ္ တကယ္လို႔တစ္ေန႔ငါမ႐ွိေတာ့ရင္ေကာ"
ဟုေမးလိုက္သည္။

ဝမ္ရန္အယ္၏ေမးခြန္းကိုၾကားၿပီးေနာက္
ယင္ဟန္က်န္းခႏၶာကိုယ္ဟာ တုန္လႈပ္
သြားၿပီး သူေထာက္ထားတဲ့လက္ဟာလည္း
အနည္းငယ္တုန္ယင္သြားသည္။
ဝမ္ရန္အယ္ ေသဆုံးဖို႔ျဖစ္ႏိုင္ေခ်႐ွိေၾကာင္းကိုစဥ္းစားရတာႏွင့္တင္ သူမခံစားႏိုင္ေပ။သူမစဥ္းစားခ်င္ဘူး ဆိုေပမဲ့အ႐ွင့္ကို
ျပန္ေျဖရမွာျဖစ္သည့္အတြက္ သူ႕ကိုယ္သူ အတင္းတြန္းအား‌ေပးၿပီး စဥ္းစားၾကည့္သည္။ခဏအၾကာမွာပဲ သူ႕နဖူးမွာေခြၽးေစးေတြထြက္လာၿပီး သူပုံစံက
သည္းမခံႏိုင္ေတာ့ပုံေပၚလာ၏။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူဟာ
အံႀကိတ္ထားရင္းနဲ႔ "ဒီအေစခံက
အ႐ွင္မေသခင္ေသမွာပါ။" ဟုျပန္ေျဖသည္။

ဝမ္ရန္အယ္ဟာ ယင္ဟန္က်န္းနဖူးေပၚက ေခြၽးေတြကိုအက်ႌလက္နဲ႔သုတ္‌‌ေပးလိုက္သည္။သူ၏လုပ္‌ေဆာင္ခ်က္ဟာ ေႏြးေထြးပုံေပၚေနေပမဲ့လည္း သူ႕စကားေတြကေတာ့ စာနာစိတ္ကင္းမဲ့‌ေန၏။တကယ္လို႔ဒီအ႐ွင္က မင္းကိုလုပ္ေစခ်င္တဲ့ကိစၥေတြ႐ွိၿပီး
ေသခြင့္မေပးႏိုင္ဘူးဆိုရင္ေကာ။

ယင္ဟန္က်န္း၏မ်က္လုံးေတြဟာ ထိတ္လန္႔တုန္လႈပ္ေနၿပီး ဒူးတစ္ဖက္ေထာက္ထားရာကေန ႏွစ္ဖက္လုံးေထာက္လိုက္ၿပီးသူ႕ရဲ႕
လက္ႏွစ္ဖက္ကိုလည္း ၾကမ္းျပင္ေပၚ
ေထာက္လိုက္ကာ သူ႕ရဲ႕ေခါင္းကို ပိုၿပီး
ငုံ႔ထားလိုက္ရင္း"ဒီအေစခံ မသိပါဘူး"
ဟုေျဖသည္။

ယင္ဟန္က်န္းမသိေပမဲ့ သူကေတာ့သိသည္။

စာအုပ္ထဲ၌ သူမေသခင္က
ပိုင္လီခ်င္းေျမာင္ကိုေစာင့္ေ႐ွာက္ေပးဖို႔
ယင္ဟန္က်န္းကို ခိုင္းခဲ့သည္။သူဟာ
ယင္ဟန္က်န္းကလည္း ပိုင္လီခ်င္းေျမာင္ကိုသူ႕လိုမ်ိဳးသေဘာက်ျခင္းေၾကာင့္ ‌ေသေသခ်ာခ်ာေစာင့္ေ႐ွာက္ေပးမယ္
ဟုထင္ခဲ့သည္။ယင္ဟန္က်န္းကလည္း
သူ႕အမိန္႔ကိုလိုက္နာ၍ ပိုင္လီခ်င္းေျမာင္
နားကမခြာဘဲ ေစာင့္ေ႐ွာက္ေပး၏။

သို႔ေပမဲ့တစ္ခ်ိန္တည္းမွာပဲ သရဲမ်က္ႏွာဖုံးႏွင့္လူတစ္ေယာက္ေပၚလာၿပီး စဥ္းစား၍
ရသမွ် ဆိုး႐ြားသည့္နည္းေပါင္းစုံသုံးၿပီး
ပိုင္လီခ်င္းေျမာင္ကိုဒုကၡေပးသည္။
သူ႕ဆီက လြတ္ေအာင္ထြက္ေျပးလို႔လည္း
မရေပ။ပိုင္လီခ်င္းေျမာင္ဒဏ္ရာရေသာအခါ ဒဏ္ရာေပၚကို အ႐ိုးမႈန္႔ေတြသိပ္ေပးသည္။ပိုင္လီခ်င္းေျမာင္ သတိလစ္သြားသည့္အခါ ေႁမြေထာင္ေက်ာ္႐ွိသည့္တြင္းထဲကို
ပစ္ခ်သည္။ပိုင္လီခ်င္းေျမာင္တစ္ေယာက္တည္းပဲ႐ွိသည့္အခ်ိန္မွာ
သူ႕ကို မီးအိမ္ဆီအျဖစ္သန္႔စင္ပစ္ဖို႔ႀကိဳးစားသည္။သူတစ္ခါၿပီးတစ္ခါေပၚလာ‌ေလေလ ပိုပိုၿပီးရက္စက္
ယုတ္မာလာေလေလပင္။

စာဖတ္သူေတြဟာ ထိုသရဲမ်က္ႏွာဖုံးကို
မနာလို၍႐ုပ္ဖ်က္ထားေသာ ဇာတ္လိုက္မင္းသမီး၏ၿပိဳင္ဘက္ျဖစ္မည္ဟုထင္ထားၾကသည္။ေယာက်ာ္းတစ္ေယာက္ဟုေျပာထားေပမဲ့ က်င့္ၾကံျခင္းေလာက၌
မိန္းမတစ္ေယာက္ ေယာက်ာ္းေယာင္ေဆာင္ရန္နည္းလမ္းမ်ားစြာ႐ွိ၏။

သို႔ေပမဲ့မည္သူမွ ထင္မထားခဲ့ၾကေပ။သရဲမ်က္ႏွာဖုံးႏွင့္လူဆီက သူတို႔ထြက္ေျပး
လာၿပီး ဂူတစ္ဂူထဲပုန္းေနတုန္းမွာ
ပိုင္လီခ်င္းေျမာင္က ယင္ဟန္က်န္းကို
"မင္း႐ွိေနတာငါအရမ္းကံေကာင္းတာပဲ"
ဆိုၿပီးေျပာေတာ့ ယင္ဟန္က်န္းက
"တကယ္ပဲလား"ဟုျပန္ေျပာတယ္။

ပိုင္လီခ်င္းေျမာင္ ဂူနံရံကိုမွီထားရင္း
အရမ္းပင္ပန္းလြန္းသျဖင့္အိပ္ေပ်ာ္ခါနီး
ျဖစ္ေနခ်ိန္၌ ယင္ဟန္က်န္းရဲ႕အနည္းငယ္
ပြင့္ေနသည့္အိတ္ထဲကေန သူအၿမဲတမ္း ထိတ္လန္႔ေၾကာက္႐ြံ႕ေနရသည့္
သရဲမ်က္ႏွာဖုံးကို ေတြ႕လိုက္ရသည္။

ဝမ္ရန္အယ္ေသဆုံးသြားၿပီးေနာက္
ယင္ဟန္က်န္းကသူ႕အမိန္႔ကိုမနာခံ‌ေတာ့ေခ်။
ပိုင္လီခ်င္းေျမာင္ကို ေသသည္အထိ
ႏွိပ္စက္ခ်င္သည္။ဝမ္ရန္အယ္ကိုအေဖာ္ျပဳေပးဖို႔အတြက္ဇာတ္လိုက္မင္းသမီးကို
ေသေစခ်င္သည္။ဇာတ္လိုက္မင္းသမီး၏
ဝိဉာဥ္ကို ထာဝရမၿငိမ္းေသာမီးအိမ္ဆီအျဖစ္သန္႔စင္ၿပီး ဝမ္ရန္အယ္ေနာက္ဘဝသြားေသာလမ္းခရီး၌ လမ္းျပေပးေစခ်င္သည္။

အရင္ကသူ႕ကိုဂ႐ုစိုက္ကာကြယ္ေပးခဲ့သမွ်ဟာ သူ႕ကိုခ်စ္၍မဟုတ္ဘဲ ဝမ္ရန္အယ္၏ အမိန္႔ေၾကာင့္သာ လုပ္ခဲ့ျခင္းျဖစ္သည္။ထို႔ေၾကာင့္ သူေဘးကင္းဖို႔က အၿမဲ
ဦးစားေပးျဖစ္ခဲ့သည္။သို႔ေပမဲ့ ဝမ္ရန္အယ္
ပိုင္လီခ်င္းေျမာင္ေၾကာင့္ေသသြားေသာအခါမွာေတာ့ ယင္ဟန္က်န္းဟာ ေထာင္ေပါင္းမ်ားစြာေသာနည္းလမ္းအမ်ိဳးမ်ိဳးသုံး၍
ဇာတ္လိုက္မင္းသမီးကိုနာက်င္ေအာင္လုပ္ဖို႔
ႀကိဳးစားေတာ့သည္။

ထိုစာကိုဖတ္ၿပီးေနာက္ ဝမ္ရန္အယ္ဟာ
ယင္ဟန္က်န္းဘာေၾကာင့္ ထိုသို႔
လုပ္ရသလဲဆိုတာနားမလည္ႏိုင္ေပ။
အခုမွပဲ သူဘယ္ေလာက္ေတာင္မွ
နာက်င္ခဲ့ရတာသလဲဆိုတာကို နားလည္
သြားၿပီး စာအုပ္ထဲကမ႐ွင္းသည့္ပထမအခ်က္ကို သေဘာေပါက္သြားသည္။

မင္းထလို႔ရၿပီလို႔ ဝမ္ရန္အယ္အမိန္႔ေပး
လိုက္သည္။ယင္ဟန္က်န္းဟာ
သူ႕ေအာက္ႏႈတ္ခမ္းက ေသြးေတြကို
အက်ႌလက္နဲ႔သုတ္လိုက္ၿပီး တျဖည္းျဖည္း
မတ္တပ္ထရပ္လိုက္သည္။ဝမ္ရန္အယ္
သူ႕လက္ေမာင္းကိုဖမ္းကိုင္လိုက္တဲ့အခါမွာ သူ႕အက်ႌလက္အစကေန ေသြးနံ႔အနည္းငယ္ရလိုက္၏။

နတ္ဆိုးအ႐ွင္ေသသြားတယ္ဆိုတာကို
စိတ္ကူးယဥ္ခိုင္း႐ုံနဲ႔ သူအဲ့ေလာက္နာက်င္
ရတယ္ဆိုတာက သတ္ျဖတ္ျခင္းလမ္းစဥ္ကိုက်င့္ၾကံသည့္ ဝမ္ရန္အယ္ကိုေတာင္မွ
ရင္ထဲအနည္းငယ္ထိ‌သြားေစသည္။

ယခုလက္႐ွိသူဟာစာအုပ္ထဲကလို
ဇာတ္လိုက္မင္းသမီးကိုမခ်စ္ေပ။ထို႔ေၾကာင့္ ယင္ဟန္က်န္းရဲ႕လုပ္ရပ္ေတြကိုမွားတယ္လို႔
မထင္ေပ။နတ္ဆိုးလမ္းစဥ္ကိုက်င့္ၾကံသူ‌ေတြထဲမွာ တစ္ကိုယ္ေကာင္းမဆန္သူ
တစ္ေယာက္မွမ႐ွိေခ်။တစ္ခုခုကိုမရႏိုင္လွ်င္ဖ်က္စီးပစ္သည္။မင္းေသရမယ္ဆိုလွ်င္
မင္းရဲ႕ရန္သူကိုပါ အပါေခၚသြားတတ္သည့္
လူေတြခ်ည္းပဲျဖစ္သည္။ထိုလုပ္ရပ္မ်ိဳးက
သူတို႔ဆီမွာ လုံးဝသာမန္ပင္။

စာအုပ္ထဲက ယင္ဟန္က်န္းကို ဝမ္ရန္အယ္ 'မဆိုးဘူး'ဟုေတာင္ ခ်ီးက်ဴးခ်င္သည္။

ၿပီးလွ်င္ သူစာအုပ္ထဲက ဝမ္ရန္အယ္ကို
႐ိုက္ပစ္ခ်င္သည္။ဇာတ္လိုက္မကအနည္းဆုံးေတာ့ သူ႕ေခါင္းကသာမန္
မဟုတ္သျဖင့္ နားလည္ေပးလို႔ရေသးသည္။
သူကေကာ ဘာ‌့ေၾကာင့္ သူပိုင္ဆိုင္သည့္အရာအားလုံးကို အခ်စ္အတြက္ စြန္႔လႊတ္
ပစ္ရတာလဲ။

သူကဘာလို႔ ကိုယ့္ဘာသာကိုယ္
လြတ္လြတ္လပ္လပ္မ‌ေနဘဲ အဲ့ကိစၥေတြထဲ ပါဝင္ပတ္သက္ေနရတာလဲ။
ပိုင္လီခ်င္းေျမာင္ကေကာ ဘာလို႔သူ႕ကိုအႀကိမ္ႀကိမ္နာက်င္ေအာင္လုပ္တဲ့
ဟယ့္ဝမ္းေခ်ာင္နားကေန ႐ုန္းမထြက္ႏိုင္ဘဲ သူနဲ႔ပဲအတူ႐ွိေနခ်င္ရတာလဲ။အျခား
မနာလိုေနတဲ့မိန္းကေလးဇာတ္ေကာင္ေတြ
ကေကာ ဘာ့ေၾကာင့္ဟယ့္ဝမ္းေခ်ာင္ေၾကာင့္ အျပစ္မ႐ွိတဲ့မိန္းကေလးတစ္ေယာက္ကို
ဒုကၡေပးႏိုင္ရတာလဲ။

ဝမ္ရန္အယ္နားမလည္ႏိုင္တာ‌ေတြ
အမ်ားႀကီးပင္။

သူမ႐ွင္းတဲ့အခ်က္ေတြထဲကတစ္ခ်က္ကို ယင္ဟန္က်န္း႐ွင္းသြားေအာင္လုပ္ေပးေပမဲ့ သူနားမလည္တဲ့အခ်က္‌ေတြအမ်ားႀကီး
က်န္ေနေသး၏။

ဝမ္ရန္အယ္ ယင္ဟန္က်န္းရဲ႕ရင္ဘတ္ေပၚသို႔လက္တင္လိုက္ၿပီး သူ႕ဒဏ္ရာေပ်ာက္ေအာင္ စြမ္းအားတခ်ိဳ႕ပို႔ေပးလိုက္သည္။
ယင္ဟန္က်န္းဟာဝမ္ရန္အယ္၏ၾကမ္းတမ္းၿပီးဖိႏွိပ္ခ်ဳပ္ခ်ယ္သည့္စြမ္းအားမ်ား
သူ႕ဒန္တိမ္ထဲဝင္လာၿပီး စိတ္မတည္ၿငိမ္မႈေၾကာင့္ကေသာင္းကနင္းျဖစ္ေနသည့္ သူ၏
ခ်ီစြမ္းအင္မ်ားတည္ၿငိမ္သြားေအာင္
ကူ၍ဖိႏွိပ္ေပးျခင္းအားလုံးဝခုခံျခင္းမ႐ွိေပ။

(ဒန္တိမ္ဆိုတာကက်င့္ၾကံသူေတြရဲ႕
ခ်ီစြမ္းအားေတြစုစည္းထားတဲ့အေရးအႀကီးဆုံးေနရာပါ၊ပုံမွန္ဆိုအျခားလူရဲ႕စြမ္းအား ကိုယ့္ဒန္တိမ္ထဲဝင္မွာကိုအသည္းအသန္
ခုခံၾကတယ္။ဘာလို႔လဲဆိုေတာ့ သူတို႔အၾကာႀကီးက်င့္လာတဲ့စြမ္းအားေတြကို ဖ်က္စီးပစ္လိုက္မွာဆိုးလို႔။ကိုယ္လုံးဝယုံၾကည္မွပဲ
ခုလိုစြမ္းအားပို႔တာမ်ိဳးကိုလက္ခံတာ။)

ယင္ဟန္က်န္းရဲ႕စြမ္းအားေတြျပန္တည္ၿငိမ္သြားေအာင္ ေပါ့ေပါ့ပါးပါး ကူေပးၿပီးေနာက္
ဝမ္ရန္အယ္ဟာ "လက္ယာကာကြယ္ေစာင့္ေ႐ွာက္သူကိုေတြ႕ဆုံခန္းကိုလာဖို႔
ေခၚလိုက္"ဟုအမိန္႔ေပးလိုက္သည္။

ယင္ဟန္က်န္းဟာအမိန္႔ကိုနာခံၿပီး အ႐ွင့္ရဲ႕ အမိန္႔ေပးအေဆာင္‌ေတြထဲကတစ္ခုကို
သုံးလိုက္ၿပီး လက္ယာကာကြယ္ေစာင့္ေ႐ွာက္သူကိုဆင့္ေခၚလိုက္၏။

ေတြ႕ဆုံခန္းသို႔ႏွစ္ေယာက္လုံးသြားၿပီး
ေစာင့္ေနၾကတာဟာ ခရမ္းေရာင္ဝတ္စုံ
ဝတ္ထားတဲ့အမ်ိဳးသမီးတစ္ေယာက္
ေအးေအးေဆးေဆးႏွင့္ေရာက္လာခ်ိန္အထိျဖစ္သည္။သူဝတ္ထားတာကို အဝတ္ဟုေတာင္ေျပာဖို႔ခက္ၿပီး သူ႕ခႏၶာကိုယ္ရဲ႕အဓိကေနရာေတြကိုပဲပတ္ထားတဲ့ခရမ္းေရာင္ပိတ္စတစ္စလို႔ေျပာလွ်င္ပိုမွန္လိမ့္မည္။ထိုသို႔ဝတ္ဆင္ထားပုံက သူ၏လွပေသာခႏၶာကိုယ္ကိုဆြဲေဆာင္အားပိုျပင္းေစၿပီး လူေတြ၏ အာ႐ုံကို ဖမ္းစားထားႏိုင္သည္။

ကံမေကာင္းတာက သူ႕အေ႐ွ႕က
လူႏွစ္ေယာက္က ေရခဲလိုႏွလုံးသား႐ွိၿပီး မ်က္လုံးကန္းေနတာပါပဲ။
လက္ယာ‌ကာကြယ္ေစာင့္ေ႐ွာက္သူ
႐ွဴယန္ယန္ဟာ သူတို႔ဆီကယခုလိုတုန္႔ျပန္မႈေတြကို ျမင္ေနက်ျဖစ္၍ဘယ္လိုမွမခံစားရ‌ေတာ့ေပ။သူကဝမ္ရန္အယ္ကို ဆြဲေဆာင္မႈ႐ွိ႐ွိျဖင့္ဦးၫႊတ္လိုက္ၿပီး ေခါင္းျပန္ေမာ့ဖို႔ခြင့္ျပဳခ်က္ရခ်ိန္၌ "အ႐ွင္ကြၽန္မကို အဲ့
အမွန္တရားျမတ္ႏိုးတဲ့ဂိုဏ္းေတြက ေၾကာင္သူေတာ္ေတြကို တိုက္ခိုက္ေစခ်င္
လို႔လား။ကြၽန္မသူတို႔ကို႐ိုက္ခ်င္လြန္းလို႔
လက္ယားေနၿပီ။"ဟုအျမန္ေမးလိုက္သည္။

ထို႔ေနာက္သူဟာ႐ွက္ျပဳံးေလးျပဳံး၍
သူ႕ပါးစပ္ကိုကာလိုက္သည္။

ဝမ္ရန္အယ္ဟာ သူ႕လက္ေအာက္ငယ္သား၏ အက်င့္ကိုနားလည္သည္။"မင္းသူတို႔ကို အျပစ္ေပးခ်င္တာလား။ဒါမွမဟုတ္ မင္းရဲ႕ယင္ဓာတ္တိုးတက္ေစဖို႔ သူတို႔ရဲ႕
ယန္ဓာတ္ကိုလိုခ်င္တာလား။"

႐ွဴယန္ယန္ကသူ႕မ်က္ေတာင္ေတြကို
တဖ်တ္ဖ်တ္ခတ္ၿပီး "ႏွစ္ခုလုံးကတူတူပဲေလ။အ႐ွင္ ကြၽန္မအေၾကာင္းသိပါတယ္။ကြၽန္မက လိုအင္ဆႏၵက်င့္စဥ္ကိုက်င့္ၾကံ
တာဆို‌ေတာ့ေက်ာက္တုံးတစ္တုံးနဲ႔
ငွက္ႏွစ္ေကာင္ပစ္လို႔ရတဲ့ ဒီလိုအခြင့္အေရးမ်ိဳးကိုလက္လြတ္ခံပါ့မလား။"

ဝမ္ရန္အယ္ သူ႕လက္တစ္ဖက္ကို
ေျမႇာက္လိုက္သည္။ခြင့္ျပဳခ်က္ရသြားသည့္
႐ွဴယန္ယန္ဟာ ဝမ္ရန္အယ္၏ညာဘက္မွ
ထိုင္ခုံဆီသြား၍ထိုင္ခ်လိုက္ကာ
သူ႕ရဲ႕ေျခေထာက္႐ွည္႐ွည္ေလးေတြကို
ႏြမ္းႏြမ္းလွ်လွ်နဲ႔ဆန္႔ထုတ္လိုက္၏။
သူ႕ရဲ႕လႈပ္႐ွားမႈတိုင္းဟာျငင္း‌ဆန္လို႔မရသည့္ မိန္းမဆန္ဆန္ ဆြဲေဆာင္အားမ်ားကို
ျဖစ္ေပၚေစသည္။

ဝမ္ရန္အယ္ဟာ သူ၏အမွတ္တမဲ့ ျဖားေယာင္းေသြးေဆာင္မႈမ်ားကို လ်စ္လ်ဴ႐ႈလိုက္ၿပီး "ေအးေအးေဆးေဆးနဲ႔ မင္း ႐ွန္႔ခ်င္းဂိုဏ္းခ်ဳပ္တပည့္
ဟယ့္ဝမ္းေခ်ာင္ကို သိလား။"
ဟုေမးလိုက္သည္။

"အိုး သူလား။"႐ွဴယန္ယန္ဟာ ထိုင္ခုံေပၚမွာ ပ်င္းရိပ်င္းတြဲနဲ႔ ေျခပစ္လက္ပစ္ထိုင္ေနရင္းက‌ေန "သူဆိုရင္‌ေတာ့ကြၽန္မစိတ္ဝင္စားတယ္။"႐ွဴယန္ယန္ဟာသူ႕ရဲ႕ေမးေစ့ကို
လက္တစ္ဖက္ေထာက္လိုက္ရင္း
မ်က္စိတစ္ဖက္မွိတ္ကာ "အ႐ွင္ကြၽန္မကို
လြန္ခဲ့တဲ့သုံးလက အမွန္တရားဂိုဏ္းေတြရဲ႕အစီအစဥ္ကိုစုံစမ္းဖို႔လႊတ္လိုက္တုန္းက ကြၽန္မသနားဖို႔ေကာင္းၿပီးအားနည္းတဲ့အမ်ိဳးသမီးအဆိုေတာ္အျဖစ္႐ုပ္ဖ်က္ၿပီး
႐ွန္႔ခ်င္းဂိုဏ္းရဲ႕ တပည့္ေတြေ႐ွ႕မွာ အႏိုင္က်င့္ခံရပုံဟန္ေဆာင္ခဲ့တာ။ကြၽန္မကိုလာကူညီတဲ့လူ‌ေတြထဲမွာဟယ့္ဝမ္းေခ်ာင္ လည္းပါတယ္။ အဲ့တစ္ေယာက္က ....."

ဆက္မေျပာေတာ့ဘဲ ႐ွဴယန္ယန္ဟာ အရသာေကာင္းသည့္တစ္စုံတစ္ခုအေၾကာင္းကို
ျပန္ေတြး‌ေနပုံႏွင့္ႏႈတ္ခမ္းကိုသပ္ေနၿပီး
ခဏေနေတာ့ "သူ႕ရဲ႕ယန္စြမ္းအင္က
လုံးဝေက်နပ္ဖို႔ေကာင္းတယ္။"
ဟုေျပာလိုက္သည္။

သူဘာအေၾကာင္းေျပာေနတာလဲဆိုတာ
ဝမ္ရန္အယ္နားလည္သည္။

စာအုပ္ထဲမွာလည္း ဟယ့္ဝမ္းေခ်ာင္၏
ယန္စြမ္းအင္ကို ႐ွဴယန္ယန္ကယူသြားသည့္အတြက္ သူ၏စြမ္းအင္ေတာ္ေတာ္မ်ားမ်ားကိုဆုံး႐ႈံးရေသးသည္။႐ွဴယန္ယန္ဟာ
ဇာတ္လိုက္မင္းသားကို သူ႕ရဲ႕က်င့္ၾကံခန္းမွာဖမ္းထားၿပီး ဇာတ္လိုက္မင္းသားရဲ႕
ယန္စြမ္းအင္ေတြကုန္ခမ္းသြားတဲ့အထိ
က်င့္ၾကံဖို႔လုပ္ထားတာျဖစ္၏။
ပိုင္လီခ်င္းေျမာင္ဟာ ဇာတ္လိုက္မင္းသားကို
အသက္စြန္႔၍ကယ္ခဲ့သည္။သူ႕ရဲ႕စြမ္းအင္
ေတြ အရင္လိုျပန္ျဖစ္ေအာင္ လုပ္ေပးဖို႔အတြက္ ဆီးႏွင္းမီးလွ်ံ လို႔ေခၚတဲ့ေဆး(elixir)ကို႐ွာဖို႔အတြက္
မိုင္ေထာင္ခ်ီက်ယ္ျပန္႔ေသာ
ေရခဲလြင္ျပင္သို႔သြားခဲ့သည္။ၿပီးလွ်င္
ဟယ့္ဝမ္းေခ်ာင္ထိုေဆးကို စုပ္ယူႏိုင္ဖို႔
ကူညီေပးခဲ့သည့္အတြက္
ဇာတ္လိုက္မင္းသား၏ က်င့္ၾကံဆင့္ကို အမ်ားႀကီးတိုးတက္သြားေစ၏။

ဝတၳဳ၏ ပထမဆုံးဗီလိန္ဟာ ႐ွဴယန္ယန္
ျဖစ္ၿပီး သူကဟယ့္ဝမ္းေခ်ာင္ကိုခ်စ္လို႔မဟုတ္ဘဲ သူ႕ရဲ႕ယန္စြမ္းအင္ကိုလိုခ်င္႐ုံသက္သက္သာျဖစ္သည္။႐ွဴယန္ယန္ဟာ
ဟယ့္ဝမ္းေခ်ာင္ကိုဒုကၡေပးခဲ့တာ
ျဖစ္သည့္အတြက္ ပိုင္လီခ်င္းေျမာင္ဟာ ပထမဆုံးအႀကိမ္ သူအျခားမိန္းမႏွင့္ပတ္သက္ျခင္းကို ခြင့္လႊတ္ေပးခဲ့သည္။

ခြၽမ္းယြမ္ဂိုဏ္း၏ေသြးေဆာင္သူျဖစ္သည့္
႐ွဴယန္ယန္ဟာ ျဖားေယာင္းေသြးေဆာင္မႈ က်င့္စဥ္ကိုက်င့္သည့္အတြက္ေၾကာင့္
သူ႕ရဲ႕စြမ္းအားဟာ ဟယ့္ဝမ္းေခ်ာင္ထက္သာလြန္၏။သူသာတစ္ခုခုလုပ္ခ်င္သည္
ဆိုလွ်င္ ဟယ့္ဝမ္းေခ်ာင္ျပန္ခုခံဖို႔
မျဖစ္ႏိုင္ေခ်။ဇာတ္လိုက္မင္းသားသည္
ဤကိစၥ၌နစ္နာသူျဖစ္သည္။

ထိုအခ်ိန္တုန္းကေတာ့ ပိုင္လီခ်င္းေျမာင္ဟာ
ဟယ့္ဝမ္းေခ်ာင္ တြန္းအား‌ေပးခံရျခင္းမဟုတ္သည့္ ဒုတိယအႀကိမ္၊တတိယအႀကိမ္ႏွင့္ ေရတြက္လို႔မရတဲ့အႀကိမ္ေတြ႐ွိလာၿပီး နားလည္ေပးဖို႔ေျပာမဲ့အခ်ိန္ေတြ
႐ွိလာမယ္ဆိုတာကိုႀကိဳမသိခဲ့ေပ။

ဝမ္ရန္အယ္ဘာေတြျဖစ္ခဲ့သလဲဆိုတာ
ဆက္ေျပာခိုင္းလိုက္သည္။

စာအုပ္၏ စာလုံးေရတြက္ပုံအရဆို
ယခုလက္႐ွိဟာဇာတ္ေၾကာင္းရဲ႕
ေပ်ာ္႐ႊင္ဖြယ္အခ်ိန္ေတြျဖစ္တဲ့
စာလုံးေရ  ၇ေသာင္း၊ ၈ေသာင္းေလာက္
အထိပဲ႐ွိေသးသည္။ပိုင္လီခ်င္းေျမာင္
႐ွန္႔ခ်င္းဂိုဏ္းကိုဝင္၍ ဟယ့္ဝမ္းေခ်ာင္ႏွင့္ျမင္ျမင္ခ်င္းခ်စ္မိၿပီးေနာက္ က်င့္ၾကံေနျခင္းသည္ဆယ္ႏွစ္ေလာက္႐ွိၿပီျဖစ္ကာ
သူတို႔ႏွစ္ေယာက္၏ဘဝကိုျဖဴျဖဴစင္စင္ျဖင့္အတူတူကုန္ဆုံးေနတာျဖစ္၏။
ဟယ့္ဝမ္းေခ်ာင္ဟာ ပန္းေတြေကာက္ဖို႔၊
လၾကည့္ဖို႔နဲ႔တိတ္ဆိတ္ေနတဲ့ညမွာ
က်င့္ၾကံနည္းေတြကိုတူတူေလ့က်င့္ရန္
ခိုးထြက္ဖို႔ မၾကာခဏသူ၏ဂိုဏ္းတူညီမေလးဆီသို႔လာေလ့႐ွိသည္။သို႔ေပမဲ့ သူတို႔ဟာ သိကၡာတရားေၾကာင့္ ထို႔ထက္ပို၍
ေ႐ွ႕ဆက္မတိုးၾကေခ်။သူတို႔ႏွစ္ေယာက္၏ အခ်စ္ဟာ ပ်ားရည္ကဲ့သို႔ခ်ိဳၿမိန္ေနၿပီး
သြားပိုးေပါက္ေတြေတာင္ျဖစ္ေစႏိုင္၏။

မိန္းကေလးတပည့္အခ်ိဳ႕ ျပႆနာ႐ွာ
ေပမဲ့လည္း အားလုံးဟာျဖဴစင္ၿပီး
ငယ္႐ြယ္ၾကခ်ိန္ျဖစ္သည့္အတြက္
ဘယ္သူကမွအရမ္းဆိုး႐ြားတာမ်ိဳး
မလုပ္ခဲ့ၾကေပ။ဟယ့္ဝမ္းေခ်ာင္ဟာလည္း ငယ္႐ြယ္ၿပီးေျဖာင့္မတ္တဲ့ သူရဲေကာင္း
တစ္ေယာက္၊ဂိုဏ္း၏တန္ဖိုးအထားဆုံး ဉာဏ္ႀကီး႐ွင္တစ္ေယာက္ျဖစ္ၿပီး
ခက္ခဲသည့္တာဝန္မ်ားယူရျခင္းမ်ိဳးလည္း
မ႐ွိေသးေပ။

ျဖားေယာင္းသူ ႐ွဴယန္ယန္ဟာ
သူတို႔ႏွစ္ေယာက္ၾကား သေဘာထားကြဲလြဲ
ေစသည့္ပထမဆုံးလူျဖစ္သည္။

"ဘယ္သူကအဲ့ေလာက္အမ်ားႀကီး
မွတ္မိမွာလဲ။"

"ကြၽန္မစဥ္းစားလို႔ရသမွ်က အဲ့တစ္ေယာက္ရဲ႕ယန္စြမ္းအင္အေၾကာင္းပဲ။အ႐ွင္သိတယ္
မလား။ကြၽန္မက်င့္ၾကံဆင့္မတက္ေတာ့တာ ႏွစ္ေတြအမ်ားႀကီးၾကာၿပီ။အခုလိုသာ
ဆက္ျဖစ္ေနလို႔ကေတာ့အေရျပားေတြ
တြန္႔ကုန္ေတာ့မွာပဲ။"ဟုေျပာရင္းသူဟာ
မွန္ထုတ္လိုက္ၿပီး ဆယ့္ေျခာက္ႏွစ္သမီးလိုလွပေနသည့္ မ်က္ႏွာအသားအရည္ကိုေသခ်ာစစ္‌ေဆးၾကည့္႐ွဴလိုက္သည္။
ေက်နပ္သြားမွ "ဟယ့္ဝမ္းေခ်ာင္ရဲ႕
ယန္စြမ္းအင္ကထူးျခားတယ္။သူ႕မွာ
မိုးႀကိဳးစြမ္းအင္ဝိဉာဥ္ရင္းျမစ္႐ွိၿပီး အဲ့ထက္
ပိုထူးျခားနက္နဲတဲ့စြမ္းအားလည္း
႐ွိေသးတယ္။သူ႕ရဲ႕စြမ္းအင္ကိုသာရေအာင္
ယူႏိုင္ရင္ ကြၽန္မရဲ႕အဆင့္တက္သြားမွာေသခ်ာတယ္။"

က်င့္ၾကံသူမ်ား၌ မတူညီေသာ သတၱဳ၊သစ္သား၊ေရ၊မီး၊ကမ႓ာေျမ ဟူ၍ ပုံမွန္
ဝိဉာဥ္ရင္းျမစ္ငါးမ်ိဳး႐ွိ၏။ထို႔အျပင္
အသြင္ကြဲျပား‌ေသာ ေလ၊မိုးႀကိဳး၊ေရခဲ၊အလင္းနဲ႔ လြင္ျပင္ဟူ၍ ဝိဉာဥ္ရင္းျမစ္ငါးမ်ိဳးထပ္႐ွိေသးသည္။ပုံမွန္လူ‌မ်ားတြင္
ဝိဉာဥ္ရင္းျမစ္သုံးခု၊ေလးခုနဲ႔ငါးခုပါတတ္
ၾကၿပီး ဝိဉာဥ္ရင္းျမစ္ႏွစ္ခုပါသူမ်ားကို သဘာဝ၏လက္ေဆာင္မြန္ဟုသတ္မွတ္
ၾကသည္။ပုံမွန္သန္႔စင္ေသာဝိဉာဥ္ရင္းျမစ္ တစ္ခုပဲပါသည့္သူဟာ လူတစ္သန္းတြင္
တစ္ေယာက္ေလာက္ပဲ႐ွိ၏။အသြင္ကြဲျပား၍သန္႔စင္ေသာဝိဉာဥ္ရင္းျမစ္တစ္ခုပဲပါသည့္သူကိုေတာ့ ေကာင္းကင္ဘုံေကာင္းခ်ီးေပးခံရသည့္ ဉာဏ္ႀကီး႐ွင္မ်ား
ဟုေခၚၾကၿပီး ႏွစ္တစ္သိန္းတြင္တစ္ေယာက္ေတြ႕ဖို႔ေတာင္ ခက္ခဲ၏။ဟယ့္ဝမ္းေခ်ာင္သည္ သန္႔စင္ေသာမိုးႀကိဳးဝိဉာဥ္ရင္းျမစ္ကို ပိုင္ဆိုင္ထားသူျဖစ္၏။

သူ႕ရဲ႕မိုးႀကိဳးဝိဉာဥ္ရင္းျမစ္ဟာ သူ႕အရင္ဘဝမိုးႀကိဳးပစ္ခံရတာကေနရလာတာမ်ားလား။ဝမ္ရန္အယ္ကိုယ့္ကိုကိုယ္ျပန္ေျပာရင္း အေတြးထဲနစ္ဝင္ေနမိသည္။

သူ၏ထူးျခားနက္နဲသည့္စြမ္းအား
ဆိုတာကသူ႕ရဲ႕နတ္ဘုရားစြမ္းအင္
ျဖစ္ႏိုင္သည္။ဟယ့္ဝမ္းေခ်ာင္ဟာ
ယခင္ဘဝကနတ္ဘုရားအဆင့္ထိ
တက္လွမ္းထားသူျဖစ္သည့္အတြက္
သူ႕ရဲ႕စြမ္းအင္ေတြကယခုဘဝမွာပါလာတာ
ျဖစ္ေလာက္သည္။ပိုင္လီခ်င္းေျမာင္ကေတာ့ ေကာင္းကင္၊ကမ႓ာေျမႀကီးႏွင့္အတူ
ေမြးဖြားလာေသာ ေ႐ွးနတ္ဘုရားျဖစ္သည့္ အတြက္ သူ၏စြမ္းအားမ်ားကို လူခႏၶာကိုယ္ထဲသို႔ယူေဆာင္လာ၍မရေခ်။

ဟယ့္ဝမ္းေခ်ာင္ရဲ႕စြမ္းအားကို ႐ွဴယန္ယန္က
ခိုးယူခဲ့မယ္ဆိုလွ်င္ သူ၏က်င့္ၾကံဆင့္
တိုးသြားမွာအေသအခ်ာပင္။

"လြန္ခဲ့တဲ့သုံးလက မင္းသူ႕ရဲ႕စြမ္းအင္ေတြကို
ဘာလို႔မယူခဲ့တာလဲ။"

႐ွဴယန္ယန္ကသက္ျပင္းခ်လိုက္ရင္း
"သူ႕စြမ္းအင္ကထူးျခားတာကို။
ကြၽန္မလိုခ်င္တာေပါ့ အ႐ွင္ရယ္။လိုလိုခ်င္ခ်င္နဲ႔ ကြၽန္မနဲ႔ေနတာမဟုတ္ရင္ ဘယ္သူ႕ဆီကမွ အဓမၼမယူခ်င္ဘူး။ၿပီးေတာ့သူ႕မွာ ကြၽန္မနဲ႔တန္းတူလွတဲ့ ရည္းစားေကာင္မေလး႐ွိတယ္။‌ေကာင္မေလးကလည္းအရမ္းထက္ၿပီး ကြၽန္မကိုတစ္ခ်ိန္လုံးသံသယဝင္ေနတာ၊သူ႕လူကိုလည္း
တစ္ခ်ိန္လုံးၾကည့္ေနေသးတယ္။
ကြၽန္မအတြက္အခြင့္အေရးတစ္ခုေတာင္
ေပၚမလာပါဘူး။"

ဝမ္ရန္အယ္ကမ်က္ခုံးပင့္လိုက္ရင္း
"အိုး သူတို႔ကလိုလိုခ်င္ခ်င္ေပးမွ
မင္းယူတာလား။"ဟုေမးလိုက္၏။

ပိုင္လီခ်င္းေျမာင္အျမင္ဘက္ကေရးထားတာျဖစ္‌သည့္အတြက္စာအုပ္ထဲတြင္
ထိုအေၾကာင္းအရာမပါ‌ေပ။
ဟယ့္ဝမ္းေခ်ာင္က ႐ွဴယန္ယန္သူ႕ကို
ေဆးခပ္ၿပီး အတင္းေခၚထားတာဟု
ေျပာခဲ့ျခင္းအား ပိုင္လီခ်င္းေျမာင္ယုံခဲ့သည္။

"အ႐ွင္ ကြၽန္မအေၾကာင္းေသခ်ာမသိေသးဘူးပဲ။"႐ွဴယန္ယန္ဟာ ႏႈတ္ခမ္းစူၿပီး
"အဲ့ကိစၥေတြမွာ ကြၽန္မက ႏွစ္ဦးႏွစ္ဖက္သေဘာတူမႈကို အၿမဲအေလးထားတယ္။ေယာက်ာ္းတစ္ေယာက္ရဲ႕ လုပ္ေဆာင္မႈေကာင္းၿပီး ကြၽန္မလည္းသေဘာက်ရင္
သူ႕ရဲ႕က်င့္ၾကံဆင့္တိုးလာေအာင္ ကြၽန္မ
သူ႕ကိုယင္စြမ္းအားျပန္ေပးတယ္။
ကြၽန္မရန္သူေတြကလြဲၿပီး ကြၽန္မ က်င့္ၾကံတဲ့ေနရာက ေယာက်္ားအားလုံးအက်ိဳးအျမတ္
ရတယ္။ကြၽန္မသူတို႔ကိုၿငီးေငြ႕လာလို႔
ေမာင္းထုတ္ရင္ေတာင္ သူတို႔ထြက္မသြား
ခ်င္ၾကဘူး။"ဟုျပန္ေျဖလိုက္၏။

'ငါတကယ္မသိဘူး။မင္းသေဘာတူညီခ်က္ဘယ္လိုလုပ္တယ္ဆိုတာကို ငါတကယ္မသိခဲ့ဘူးပဲ။'ဟုဝမ္ရန္အယ္ေတြးလိုက္မိသည္။

"ဒါေပမဲ့ ကြၽန္မ ဟယ့္ဝမ္းေခ်ာင္ကို
လြယ္လြယ္မလႊတ္ေပးဘူး။"
သူသစၥာ႐ွိေၾကာင္းျပသဖို႔႐ွဴယန္ယန္ဟာ
ဝမ္ရန္အယ္ကိုေျပာလိုက္သည္။"ကြၽန္မတို႔
ခြၽမ္းယြမ္ဂိုဏ္းကို မၾကာခင္ကတိုက္ခိုက္ခဲ့တဲ့ ေခါင္သူႀကီး ႐ွန္႔ခ်င္းဂိုဏ္းခ်ဳပ္တပည့္ကို
ညႇာလို႔ဘယ္ရမလဲ။အ႐ွင္ စိတ္မပူနဲ႔
ကြၽန္မျဖဴစင္တဲ့မိန္းကေလးေယာင္
ေဆာင္ရင္းအဲ့ေကာင္မေလးပိုင္လီခ်င္းေျမာင္မသိေအာင္ဟယ့္ဝမ္းေခ်ာင္နဲ႔ ခိုးၿပီး
ဆက္သြယ္ေနတာရက္ေတာ္ေတာ္ၾကာေနၿပီ။သူက ကြၽန္မကိုသနားၿပီးလက္ေဆာင္ေပးဖို႔ ခဏခဏ ခိုးလာတယ္။မၾကာခင္သူ
ကြၽန္မအပိုင္ျဖစ္ေတာ့မွာ။"

ဝမ္ရန္အယ္ခဏေလာက္တုံ႔ဆိုင္းၿပီး
"အဲ့လိုလုပ္ဖို႔မလိုဘူး။"

"ဘာလုပ္ဖို႔မလိုတာလဲ။"ဟု႐ွဴယန္ယန္က
သူ႕ရဲ႕ႀကီးမားၿပီးလွပတဲ့ မ်က္လုံးေတြကို
တဖ်တ္ဖ်တ္ခတ္ရင္း ေမးလိုက္သည္။

"သူ႕ကိုဖ်က္စီးပစ္ဖို႔မလိုဘူး။"ဟု
ဝမ္ရန္အယ္ဟာထိုင္ခုံရဲ႕လက္ရန္းကို
လက္နဲ႔တေတာက္ေတာက္ေခါက္ရင္း
ေျပာလိုက္သည္။"မင္းလုပ္‌ေနက်အတိုင္းပဲလုပ္ၿပီးႀကိဳး႐ွည္႐ွည္နဲ႔လွန္ထား။သူ႕မွာ
မင္းအက်ိဳးအျမတ္ရေစႏိုင္မဲ့ထူးျခားတဲ့စြမ္းအင္႐ွိတယ္။အရမ္းႀကီးရက္ရက္စက္စက္လုပ္စရာမလိုဘူး။"

႐ွဴယန္ယန္အံ့ဩတႀကီးနဲ႔စိုက္ၾကည့္မိသည္။ဒါက ရန္သူဆို အကိုင္းအခက္၊အျမစ္ပါ
မက်န္႐ွင္းပစ္တတ္တဲ့ အၾကင္နာတရား
ကင္းမဲ့တဲ့အ႐ွင္မွဟုတ္ရဲ႕လား။

႐ွဴယန္ယန္ဟာ သူ႕မ်က္ခုံးေတြကိုတြန္႔ခ်ိဳးရင္း "သူက ႐ွန္႔ခ်င္းဂိုဏ္းရဲ႕တန္ဖိုးအထားဆုံး
တပည့္‌ေခါင္းေဆာင္၊အမွန္တရားဂိုဏ္း
ေတြရဲ႕အနာဂတ္မွာ ေထာက္တိုင္ျဖစ္လာမဲ့သူ
ဆိုေတာ့ သူ႕ကိုအခုငယ္တုန္းကထဲက
႐ွင္းပစ္တာပိုမေကာင္းဘူးလား။သူ႕ကိုက်င့္ၾကံတုန္း ယင္စြမ္းအင္‌ျပန္ေပးရင္
သူ႕စြမ္းအင္ေတြျမန္ျမန္တိုးလာလိမ့္မယ္။
အဲ့လိုလုပ္ရင္ ကြၽန္မအတြက္အက်ိဳးအျမတ္
ရေပမဲ့ ခြၽမ္းယြမ္ဂိုဏ္းအတြက္
မေကာင္းဘူး။"

စကားေျပာေနရင္း သူ၏မ်က္ႏွာသြင္ျပင္ဟာ ရက္စက္ပုံေပါက္လာၿပီး ႏူးညံ့ညင္သာၿပီး
ဆြဲေဆာင္မႈအျပည့္သြင္ျပင္
ေပ်ာက္ကြယ္သြား၏။

ထိုစကားေတြက ဝမ္ရန္အယ္ကို
ေက်နပ္ေစသည္။

ဝမ္ရန္အယ္ က်င့္ၾကံသူေတြဟာထိုကဲ့သို႔ပဲ
ျဖစ္သင့္တယ္ ဟုထင္သည္။တာအိုဟာ ခံစားမႈကင္းမဲ့ရမည္။ျပင္းျပမႈေတြကို
စြဲမက္ေနမဲ့အစား ထိုအရာေတြကိုအက်ိဳးအျမတ္ရဖို႔အသုံးခ်သင့္သည္။
ခဏတာေပ်ာ့ညံ့မႈဟာ မင္းရဲ႕ပ်က္စီးျခင္းကို ဦးတည္သြားႏိုင္သည့္အတြက္ မင္းဟာ
ခိုင္ခိုင္မာမာရပ္တည္ေနဖို႔လိုသည္။‌‌

႐ွဴယန္ယန္၏ အနာဂတ္ကိုေမွ်ာ္ျမင္ႏိုင္မႈနဲ႔
ယင္ဟန္က်န္းရဲ႕ လုပ္ႏိုင္စြမ္းေတြကို
ၾကည့္ရင္း စာအုပ္ထဲက အခ်စ္ေၾကာင့္ကန္း‌ေနၿပီး ပိုင္လီခ်င္းေျမာင္အတြက္
ခြၽမ္းယြမ္ဂိုဏ္းကို စြန္႔လႊတ္ခဲ့သည့္
သူ႕ကိုယ္သူျပန္သတိရသြားသည္။
ဂိုဏ္းရဲ႕ကာကြယ္ေစာင့္ေ႐ွာက္သူ
ႏွစ္ေယာက္ေလာက္ ခြၽမ္းယြမ္ဂိုဏ္းကို စာအုပ္ထဲက သူကမခ်စ္ဘူး။
ဟုဝမ္ရန္အယ္ခံစားလိုက္ရ၏။

ပုံမွန္လူတစ္ေယာက္ဆိုလွ်င္
ေထာင္ေခ်ာက္ထဲက်သြားမွာဆိုးသျဖင့္
ပိုင္လီခ်င္းေျမာင္ႏွင့္ေဝးေဝးမွာ
ေ႐ွာင္ေနေလာက္ေပမဲ့ သူဟာျပႆနာေတြကိုထိပ္တိုက္ရင္ဆိုင္သူျဖစ္သည္။သူ႕ရဲ႕ႏွလုံးသားကို ဘယ္ခံစားခ်က္ေၾကာင့္နဲ႔မွ
မလႈပ္႐ွားေအာင္ ယခုထက္ပိုၿပီးခိုင္မာေစဖို႔ ပိုင္လီခ်င္းေျမာင္ႏွင့္ဟယ့္ဝမ္းေခ်ာင္ကို
ေတြ႕ဖို႔ သူဆုံးျဖတ္ထားသည္။

ထိုအေၾကာင္းေတြးရင္း ႐ွဴယန္ယန္ကို
"ငါတို႔ေရ႐ွည္အတြက္ ပိုစဥ္းစားသင့္တယ္။မင္း ႐ွန္႔ခ်င္းဂိုဏ္းကိုဖ်က္စီးပစ္ရမယ္။"

ခဏၾကာစဥ္းစားၿပီးေနာက္ ႐ွဴယန္ယန္၏ မ်က္လုံးအေရာင္ေတာက္လာၿပီး လက္ခုပ္တီးလိုက္၏။
"ဒီငယ္သားကအ႐ွင္ဘာဆိုလိုခ်င္လည္း
သိပါၿပီ။ကြၽန္မလုပ္ဖို႔လိုတာက သနားဖို႔ေကာင္းၿပီး ႐ိုးသားတဲ့ မိန္းကေလး
ေယာင္ေဆာင္ ၿပီးရင္ အမွန္တရားဂိုဏ္း
ေတြရဲ႕ အနာဂတ္ေထာက္တိုင္ေလးကို လမ္းလြဲသြားေအာင္ေသြးေဆာင္ရမွာ။
သူ႕ရဲ႕အကာအရံေတြကိုခ်ိဳးဖ်က္ၿပီး ကြၽန္မက
မေကာင္းတဲ့လမ္းစဥ္ကိုက်င့္ၾကံ‌ေနေပမဲ့ ႏွလုံးသားထဲမွာေတာ့ လူေကာင္း
ျပန္ျဖစ္ခ်င္‌ေနတဲ့ စိတ္ထားေကာင္းတဲ့မိန္းကေလးလို႔သူယုံၾကည္လာၿပီး
ကြၽန္မလက္ညိႇဳးၫႊန္ရာ ေရျဖစ္‌ေအာင္
လုပ္ရမယ္။ကြၽန္မရဲ႕ အလွအပေတြနဲ႔
သူျပန္ရတဲ့စြမ္းအင္ေတြေၾကာင့္ သူကြၽန္မကိုအရမ္းစြဲလမ္းသြားေစရမယ္။တစ္ေန႔က် ကြၽန္မကသူ႕ကို ကယ္ပါလို႔ေျပာတဲ့အခါ
က်ရင္ အရမ္းအေရးမႀကီးဘူးလို႔ထင္တဲ့
သူ႕ဂိုဏ္းရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကို
ေပ်ာ္ေပ်ာ္ႀကီးေျပာျပလိမ့္မယ္။အနာဂတ္မွာ ဂိုဏ္းရဲ႕ေခါင္းေဆာင္ေနရာကိုသူရရင္
ပိုေတာင္ေကာင္းဦးမယ္။သူ႕ကို နတ္ဆိုးလမ္းစဥ္ဆီကိုတျဖည္းျဖည္းလမ္းျပ
ေခၚလာၿပီး သူသတိထားမိသြားတဲ့အခ်ိန္
က်ရင္ ေနာက္ျပန္လွည့္ဖို႔မျဖစ္ႏိုင္ေတာ့ဘူး။"

႐ွဴယန္ယန္ဟာအခ်ိန္အၾကာႀကီး ကစားရတဲ့ ကစားပြဲကမိုက္မွာေသခ်ာတယ္။
ဟုေျပာရင္းကေန အခုခ်က္ခ်င္းပဲထၿပီးသနားစရာမိန္းမပ်ိဳအျဖစ္ သ႐ုပ္ေဆာင္
ခ်င္‌ပုံျဖင့္ပိုပိုၿပီး တက္ႂကြလာ၏။

ဝမ္ရန္အယ္: .........

သူကပိုင္လီခ်င္းေျမာင္ကို ဟယ့္ဝမ္းေခ်ာင္က
႐ွဴယန္ယန္နဲ႔လိုလိုခ်င္ခ်င္ေနတာကို
ျမင္ေစခ်င္လို႔႐ွဴယန္ယန္ကို ဟယ့္ဝမ္းေခ်ာင္နဲ႔ဆက္ဆံ‌ေရး တစ္ခုတည္ေဆာက္‌ခိုင္း႐ုံပါ။သို႔ေပမဲ့ ႐ွဴယန္ယန္ဟာ အခ်စ္ဇာတ္လမ္း
ကေန ဂိုဏ္းေတြရဲ႕ တိုက္ခိုက္မႈအထိပါ
ပိုေတြးလိုက္တာပဲ။

ဝမ္ရန္အယ္ဟာ ယခုမွပဲသူ၏
လက္ယာကာကြယ္ေစာင့္ေ႐ွာက္သူဟာ ရည္မွန္းခ်က္အလြန္ျမင့္မားသည့္
မိန္းမတစ္ေယာက္ျဖစ္‌ေၾကာင္း
သိေတာ့သည္။

"မင္းရဲ႕အစီအစဥ္ကအေကာင္အထည္
ေဖာ္ဖို႔ျဖစ္ႏိုင္တယ္။ဒါေပမဲ့ အခ်က္ႏွစ္ခ်က္ကိုမွတ္ထား။ပထမအခ်က္က
ပိုင္လီခ်င္းေျမာင္ကိုဒုကၡမေပးနဲ႔၊
ဒုတိယအခ်က္က မခ်စ္မိသြားေစနဲ႔။"

"အ႐ွင္က တကယ္အျမင္႐ွိတာပဲ။
ပိုင္လီခ်င္းေျမာင္ကိုဒုကၡမေပးဘဲ ဒီအတိုင္းထားရင္ သူျပႆနာ႐ွာမွာေသခ်ာတယ္။
အဲ့လိုဆိုရင္ ဟယ့္ဝမ္းေခ်ာင္က ႏူးညံ့ၿပီး
နာခံတတ္တဲ့ကြၽန္မဆီပိုေရာက္လာမွာ။သူအသက္႐ွင္ေနမွ ပိုအသုံးဝင္‌မွာ။
ဟယ့္ဝမ္းေခ်ာင္ကေတာ့စိတ္ပူစရာမလိုဘူး။အ႐ွင့္ရဲ႕ငယ္သားက အေတြ႕အၾကဳံ႐ွိၿပီးသား။ ကမ႓ာေပၚကမ်က္ႏွာႏွစ္ဖက္နဲ႔ေယာက်ာ္းေတြကိုျမင္တာနဲ႔ ကြၽန္မတန္းသိတယ္။"

ထိုသို႔ေျပာၿပီးေနာက္ ႐ွဴယန္ယန္ဟာ
တိတ္ဆိတ္‌ေနတဲ့ ေယာက်ာ္းႏွစ္ေယာက္ကိုသူ႕ရဲ႕သြယ္လ်တဲ့ေနာက္ေက်ာပုံရိပ္ကိုပဲထားခဲ့ၿပီးအခန္းထဲမွထြက္သြားေတာ့သည္။

"လက္ဝဲေစာင့္ေ႐ွာက္သူယင္ ငါက
လက္ယာေစာင့္ေ႐ွာက္သူေလာက္
မေကာင္းဘူးပဲ။"

စာအုပ္ထဲကသူ႕ကိုယ္သူရည္ၫႊန္း
ေျပာဆိုေနျခင္းျဖစ္သည္။

ယင္ဟန္က်န္းဟာ "အ႐ွင္ကကမ႓ာေပၚမွာ အျမင္အ႐ွိဆုံးလူတစ္ေယာက္ပါ။
လက္ယာကာကြယ္ေစာင့္ေ႐ွာက္သူက
အ႐ွင္နဲ႔ႏိႈင္းယွဥ္ဖို႔လုံးဝမျဖစ္ႏိုင္ပါဘူး။"
ဟုျပန္‌ေျဖ၏။

"အာ မင္းကေတာ့" ဝမ္ရန္အယ္ဟာ
သူ႕ေခါင္းကိုရမ္းလိုက္ၿပီးအျခားအေၾကာင္းအရာကို ေျပာင္းေျပာ
လိုက္သည္။ "ငါ႐ွန္႔ခ်င္းဂိုဏ္းက တပည့္
တစ္ေယာက္ကိုေတြ႕ခ်င္လို႔ ငါနဲ႔တူတူ
မင္းဒီေတာင္ကေနထြက္ၿပီးလိုက္ခဲ့ရမယ္။"

ယခုအခ်ိန္မွာ႐ွဴယန္ယန္ဟာ ဟယ့္ဝမ္းေခ်ာင္စြမ္းအားကိုမခိုးယူဘူး‌ဆိုေတာ့
ဟယ့္ဝမ္းေခ်ာင္ ပိုင္လီခ်င္းေျမာင္ကိုဘယ္လိုအေၾကာင္းျပခ်က္ေပးမွာလဲ။
သူကေကာ ခြင့္လႊတ္မွာလား
မခြင့္လႊတ္ဘူးလား ဆိုတာကို
သိခ်င္လွသည္။

နတ္ဆိုးအ႐ွင္တကယ္ကိုသိခ်င္မိ၏။

မွတ္ခ်က္

၁။ ဒန္တန္ဆိုတာက ခ်က္ေအာက္မွာ႐ွိၿပီး
ေ႐ႊေရာင္ဗဟိုခ်က္ဖန္တီးဖို႔ခ်ီစြမ္းအားေတြ
စုေဝးရာေနရာ။

၂။စုံတြဲက်င့္ၾကံတာက လိင္ဆက္ဆံတာပါ။ေယာက်ာ္းေတြက ယန္စြမ္းအင္ျမင့္ၿပီး မိန္းမေတြက ယင္စြမ္းအင္ျမင့္ပါတယ္။မိန္းမက သူ႕ယင္စြမ္းအင္ျပည့္စုံ‌ေစဖို႔အတြက္ ေယာက်ာ္းဆီကယန္စြမ္းအင္ယူပါတယ္။ထို႔အတူေယာက်ာ္းေလးကလည္း မိန္းကေလးဆီက သူ႕ယန္စြမ္းအင္ျပည့္စုံ
ေစဖို႔ ယင္စြမ္းအင္ကိုျပန္ယူပါတယ္။

Continue Reading

You'll Also Like

4.3K 454 136
The only daughter of a famous Griffin Rock architect, Sooha Otoha, was proud, selfish and capricious because she was spoiled by her parents and at th...
135K 3.2K 40
(Choose your host style.) (Y/N) (L/N) is an old friend of Tamaki's who moves to Japan. She's quite odd, but the Host club comes to love her. She eve...
649K 23.3K 200
[FIXED/FAN TRANSLATION] A student who was preparing for the Civil Service examination for 4th year suddenly found himself in an unfamiliar body 3 yea...
1.9M 97K 38
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...