တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

177K 28.7K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၄၀)

1.6K 313 11
By zuriiiiii8

                    <ပွင့်လင်းသော>

ယနေ့ညတွင် ဝမ်ရွှမ့် စိတ်ခံစားချက်များမှာ အလွန် ရှုပ်ထွေးနောက်ကျိနေခဲ့သည်။ကျန်းရီ တစ်ဦးတည်းကသာ အတိအကျ ခန့်မှန်း၍ မရခြင်းမျိုး မဟုတ်ဘဲ သူကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်း နားမလည်နိုင်ခဲ့။

မခံမရပ်နိုင်ဖြစ်ပြီး အလွန်ကို ဒေါသထွက်နေမှန်း သူ့ကိုယ်သူ သိ၏။ ယနေ့ညတွင် ကြားခဲ့၊မြင်ခဲ့ရသမျှ ကိစ္စများအပြင် ကျန်းရီထံမှ တစ်ချိန်လုံး လှည့်စားခံခဲ့ရခြင်းက ပိုလို့တော
င် ဆိုးရွားနေခဲ့သည်။

နာကျင်ပြီး ဝမ်းနည်းရ၏။အဘယ့်ကြောင့်ဆို
သော် မူလက သူသည် ဤအခွင့်အရေးကို သုံး၍ သူနှင့် ထိုလူငယ်လေးတို့ ကြားမှ ဆက်
ဆံရေးကို အဆင့်တက်ရန် ကြိုးစားခဲ့သော်လ
ည်း ယခုတွင်မူ သူတို့နှစ်ဦးကြားမှ အကွာအ
ဝေးကို ပိုကျယ်ပြန့်စေခြင်းဖြင့်သာ အဆုံးသ
တ်သွားရသည်။

ထို့အပြင် အနည်းငယ်လည်း စိတ်သက်သာရာရခဲ့ပြန်သည်။သူ့နှလုံးသားသည် အဖြစ်ဆိုးများနှင့်ကြုံတွေ့ခဲ့ရှာသော မှတ်ဉာဏ်ချို့
ယွင်းနေသည့် ကောင်လေးအတွက် တစ်ချိန်က နာကျင်ခဲ့ရဖူး၏။သို့သော် ထိုအဖြစ်ဆိုးများသည် သူ၏ ဆရာတူညီလေးကျန်းနှင့်တော့ ဘာမှ မသက်ဆိုင်ခဲ့ကြောင်းကို သူသိခဲ့ရလေပြီ။

ဒါပေမယ့် သူကြောက်လဲကြောက်နေခဲ့တယ်
ဆိုတာကို ကိုယ်တိုင်သတိမထားမိခင် အချိန်
အထိပေါ့။

ထိုအခိုက်၌ ဝမ်ရွှမ့်ရင်ခွင်ထဲသို့ ဆွဲသွင်း၍ အဖက်ခံထားရသော ကျန်းရီမှာ လုံးဝကို မှင်သက်နေဆဲဖြစ်၏။ဖြစ်ပျက်နေသော ကိစ္စအ
လုံးစုံကို သူနားလည်နိုင်သည်အထိ အချိန်တ
စ်ခု ကြာမြင့်သွားခဲ့ရသည်။

တစ်ခဏအတွင်း ဖော်ပြ၍ မရနိုင်သော ထိ
တ်လန့်မှု၊အံ့အားသင့်မှုတို့နှင့်အတူ သူ့ပါးပြင် နှစ်ဖက်စလုံး လောင်ကျွမ်းသွားသလို ခံစားရလေသည်။

သို့ရာတွင် တုန်ယင်နေရှာသော ဝမ်ရွှမ့်ခန္ဓာ
ကိုယ်က သူ့ကို ဖြည်းဖြည်းချင်း ငြိမ်ကျသွားစေခဲ့သည်။

ဝမ်ရွှမ့် အကြောက်တရားကို သူနားလည်ပြီး ဝမ်ရွှမ်သည် သူ့ထံမှ အဖြေကို ကြားရန် လိုနေသေးကြောင်းကိုလည်း သူနားလည်ပါ၏။ထို့ကြောင့် လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ဝမ်ရွှမ့်ကျောပြင်အား လေးနက်စွာ ပြန်ဖက်လိုက်လေသည်။

"ဆရာတူအစ်ကို...သေချာတာပေါ့။အစ်ကို ကျွန်တော့်ကို ယုံသင့်တယ်။ဒီလောကကြီးထဲမှာ အစ်ကို့ရဲ့ ယုံကြည်မှုနဲ့ အထိုက်တန်ဆုံး လူသာရှိခဲ့မယ်ဆိုရင် အဲ့တာက ကျွန်တော်ပါပဲ"

ဝမ်ရွှမ်သည် လက်နှစ်ဖက်ကို ဖြည်းဖြည်းချ
င်း ဖြေလျော့၍ အနောက်သို့ ခြေတစ်လှမ်းဆု
တ်ကာ သူ့ကို ကြည့်၏။

အစောပိုင်းတုန်းက ကျန်းရီ၏ သနားစရာကောင်းသော အကြည့်လေးလည်း ပျောက်ကွယ်သွားပြီး ချက်ချင်းဆိုသလို မည်သည့်နေရာမှ ထွက်လာမှန်းမသိသော ယုံကြည်မှုများက အစားထိုးသွားတော့သည်။

"ဟုတ်တယ်မို့လား ဆရာတူအစ်ကို?"

ဤယုံကြည်မှုအရင်းခံသည် လက်တွေ့တွင် တကယ်ကို ရိုးရှင်းလှ၏။ယခင်က ကျန်းရီသ
ည် သူ့အပေါ် ပြောင်းလဲသွားမည့် ဝမ်ရွှမ့် စိတ်
နေသဘောထားကို မသိသေးသည့်အတွက် အလွန်စိုးရိမ်နေခဲ့ရသည်။

ယခုတွင်မူ ဝမ်ရွှမ်က 'ငါမင်းကိုယုံလို့ရသေးရဲ့လား'ဟု အမှန်တကယ် မေးမြန်းလာခဲဲ့ပြီး ထိုမေးခွန်းဟာ ရွဲ့စောင်းလှောင်ပြောင်ခြင်းမျိုး မဟုတ်ဘဲ လွန်စွာ လေးနက်ပြီး ထက်သ
န်သော မေးခွန်းမျိုးဖြစ်လေရာ ထိုမေးခွန်းအ
တွက် အဖြေကလည်း ယုံကြည်မှု အပြည့်ရှိရန် လိုအပ်ပေသည်။

"အစ်ကို ကျွန်တော့်ကို မယုံကြည်ချင်တော့မှာကိုပဲ စိုးရိမ်မိတာပါ"

"ငါကလိုလားတယ်ဆိုရင်ရော?"

ဝမ်ရွှမ်က ခါးသက်သက် ရယ်လျက်။

"ငါ ယုံကြည်ထားတဲ့ လူတွေ အများကြီးရှိခဲ့တယ်...ဒါပေမယ့် အခုလောလောဆယ် ဒီလို အခြေအနေအရတော့ ငါ့ရဲ့ အထင်အမြင်ကို ငါကိုယ်တိုင်တောင် မယုံရဲတော့ဘူး"

"ဒါဆိုရင် အစ်ကို ကျွန်တော့်ကို ယုံသင့်တယ်"

ကျန်းရီသည် သူ၏ နှလုံးသားရှိရာသို့ ဘယ်ဘက်လက်ဖြင့် ထိုးညွှန်ပြ၍

"ကျွန်တော့်ရဲ့ အထင်အမြင်က အစ်ကို့ရဲ့ အ
ထင်အမြင်ထက် အများကြီး ပိုယုံလို့ရတယ်"

သူ့အတွက်တော့ ဤစကားမျိုးကို ပြောနိုင်ရခြင်းမှာ ဖော်ပြရန်ပင် ခက်လှသော အတင့်ရဲမှုမျိုး ရှိနေခြင်းကြောင့်သာဖြစ်သည်။ထိုအ
တင့်ရဲသော စကားများကို ပြောနေစဉ်တွင် ကျန်းရီ၏ အမူအယာမှာ ဘဝနှင့်ရင်း၍ ကျိန်
ဆိုနေသကဲ့သို့ ထူးထူးခြားခြားကို လေးနက်တည်ကြည်နေခဲ့သည်။

ဝမ်ရွှမ်က သူ့ကို အချိန်အကြာကြီး တိတ်တ
ဆိတ် ငေးကြည့်နေခဲ့သည်။

"ဘာကိုယုံရမှာလဲ?"

ကျန်းရီသည် နှုတ်ခမ်းများကို ဖိကိုက်လိုက်
၏။

"ဒါပဲမဟုတ်ဘူးလား?"

ဝမ်ရွှမ်က အဝေးသို့ ကြည့်၍ ဖျော့တော့စွာ ပြုံးလေသည်။

"အဲ့ဒီ လက်စားချေပေးဖို့ 'ကျန်းရီ' ကိုယ်တိုင် ငရဲကနေ ဆင့်ခေါ်လိုက်တဲ့ အငြိုးကြီးတစ္ဆေဆိုတာကိုလား?"

ဤသည်မှာ ချင်နျန်ကျစ်နှင့် အခြေအတင် ဖြ
စ်နေစဉ်က သူ့ကိုယ်သူ သုံးနှုန်းခဲ့သော ဇာတ်
ကွက်သာ ဖြစ်သော်လည်း ယခုတွင်မူ ထိုအ
သုံးအနှုန်းက အတော်လေးကို ထူးဆန်းစွာဖြ
င့် လက်တွေ့ဘဝနှင့် အပ်စပ်လုနီးပါး ဖြစ်နေခဲ့သည်။

"ဆရာတူအစ်ကို......"

ကျန်းရီသည် 'အမှန်တရား'ဟူသော အခိုက်အ
တန့်သို့ ရောက်လာပြီဖြစ်ကြောင်းကို နားလ
ည်လိုက်၏။သူ့အကြည့်များသည် ခဏတာ ဝေ့ဝိုက်သွားသော်လည်း ချက်ချင်းသလို ဝမ်ရွှမ့် မျက်နှာပေါ်သို့ တစ်ဖန် အာရုံစိုက်သွားပြ
န်လေသည်။

"ဆရာတူအစ်ကို...ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အခုထက်တော့ ပိုပြီး ဆိုးမသွားလော
က်တော့ပါဘူးနော် ဟုတ်တယ်မို့လား?"

ဤစကားကို ပြောနေရင်းဖြင့် သူသည် ဘယ်ဘက်လက်ဖြင့် ညာဘက်လက်၏ လက်ကော
က်ဝတ်၌ ဝတ်ဆင်ထားသော သိုလှောင်လက်
ကောက်ကို ဂနာမငြိမ်စွာ အဆက်မပြတ် လှ
ည့်နေခဲ့၏။

ဝမ်ရွှမ်သည် ကျန်းရီ၏ ချီတုံချတုံဖြစ်နေသော ဝန်လေးနေမှုနှင့် မတည်မငြိမ်ဖြစ်နေသော စိတ်ကို နားလည်သည့်အတွက် စိတ်ရှ
ည်စွာ စောင့်ဆိုင်းပေးခဲ့သည်။

အတန်ငယ်ကြာပြီးနောက် ကျန်းရီသည် အ
သက်ပြင်းပြင်းရှုသွင်း၍ လက်ပတ်ကို ရုတ်
တရက် ဆွဲချွတ်ကာ ဝမ်ရွှမ့်လက်ထဲသို့ ထည့်ပေးလာခဲ့သည်။

"ဆရာတူအစ်ကို. .ကျွန်တော် ပိုင်ဆိုင်သမျှ အ
ရာအားလုံးက ဒီထဲမှာရှိတယ်။ဒါကိုယူထားပြီး အစ်ကို့အတွက် ကျွန်တော့်ရဲ့ အာမခံချက်လို့ပဲ သဘောထားလိုက်ပါ။အစ်ကို ကျွန်တော့်ကို မယုံသေးဘူးဆိုရင် ကျွန်တော် ကျိန်ဆိုပြီး ကတိပြုပေးမယ်။တစ်နေ့မှာ ကျွန်တော်သာ အစ်ကို့ကို သစ္စာဖောက်ခဲ့မိရင် ရှောင်လွှဲဖို့ အ
ခွင့်မရှိဘဲ နှစ်တစ်သောင်းကြာ အပြစ်ပေးခံရပြီး ပြန်လည်မွေးဖွားခွင့်ကို ထာဝရဆုံးရှုံးရပါစေ"

ဒါက သူပြန်ဖြေဖို့ အချိန်အကြာကြီး တွန့်ဆု
တ်နေတဲ့ ကိစ္စလား?

ဝမ်ရွှမ်သည် မျက်လွှာချရင်း စကားဆို၏။

"မင်းဒီလိုလုပ်စရာမလိုပါဘူး"

"အစ်ကိုနဲ့ကျွန်တော်က 'မျှဝေစာနာခြင်း'ကပ်
ပါးနဲ့ ချိတ်ဆက်နေတုန်းပဲ"

ကျန်းရီက မရပ်မနား ဆက်ပြောလေသည်။

"တစ်နေ့မှာ ကျွန်တော် အစ်ကို့ကို သစ္စာဖော
က်ခဲ့မိရင် ကျွန်တော့်ကို ဖြေရှင်းရမယ့် နည်းလမ်းကိုအစ်ကို သေချာပေါက် ရှာတွေ့မှာပါ။ကျွန်တော်လည်း ထွက်ပြေးလို့ လွတ်နိုင်မှာမဟုတ်ဘူး"

"မင်းဒီလိုလုပ်စရာမလိုပါဘူး"

ထိုအနေအထားမျိုးသို့ သူ့ကိုယ်သူ တွန်းပို့
လိုက်သော ကျန်းရီ၏စကားကို ကြားရသော် ဝမ်ရွှမ့်မှာ စိတ်သောက ရောက်သွားသလိုလိုပါ ခံစားရလေသည်။

"ငါလိုချင်တာက မင်းရဲ့ကတိတွေ၊သစ္စာတွေ၊အာမခံချက်တွေမဟုတ်ဘူး"

"ဒါပေမယ့် အဲ့တာတွေက အစ်ကို ကျွန်တော့်ကို ပိုပြီး ယုံကြည်လို့ရမှာတွေ မဟုတ်ဘူးလား?ပြီးတော့ အခု ကျွန်တော်ပြောမယ့် စ
ကားကို ယုံဖို့..ကျွန်တော်...တ...တကယ်တော့ ကျွန်တော်က..."

ကျန်းရီသည် အတော်လေး ရှက်ကိုးရှက်ကန်း
ဖြစ်သွားပြန်ပြီး သူ့နှုတ်ခမ်းကို ဖိကိုက်၍ အလွန်စိတ်လှုပ်ရှားစွာ ဆိုလေ၏။

"တခြားကမ္ဘာကနေရောက်လာတာပါ"

ဝမ်ရွှမ်သည် ချက်ချင်း တွေဝေသွားပြီး သူ့ကို
လုံးဝ ကြောင်အမ်းစွာ ငေးကြည့်လာလေသည်။

အတန်ငယ်ကြာမှ သူ့နှုတ်ခမ်းများကို ဖြည်းချင်းစွာ ဖွင့်ဟလျက် တီးတိုးရေရွတ်၍ တုံ့ပြ
န်လာခဲ့သည်။

"တခြားကမ္ဘာ?"

ထင်တဲ့အတိုင်းပဲ...

ကျန်းရီက ထိုစကားကို စိတ်ထဲ၌ ထပ်ခါတလဲလဲ ပြောလိုက်သည်။ဤပုံစံအတိုင်း ဖြစ်
လာမည်ကို သူသိထားပြီးသားဖြစ်၏။နှုတ်
ခမ်းကို ကိုက်ရင်းဖြင့် ဆက်တိုက်ကို ကရားရေလွှတ် ဆက်ပြောလေတော့သည်။

"တွေ့လား အစ်ကို့ကိုပြောသားပဲ ဒါကယုံဖို့ခက်ပါတယ်ဆိုနေ။ဒါပေမယ့် အမှန်အတိုင်း ပြောတာပါ။ကျွန်တော်က လုံးဝမတူတဲ့ တခြားကမ္ဘာ တစ်ခုကနေ ရောက်လာခဲ့တာ။ကျွန်တော့်မျက်လုံးကို ဖွင့်ဖွင့်ချင်းပဲ ဒီခန္ဓာ
ကိုယ်ထဲ တန်းရောက်နေရော။အစ်ကို့ကိုပြောပါတယ် ယုံဖို့အရမ်းခက်ပါတယ်လို့ မဟုတ်
ဘူးလား..."

အမှန်အားဖြင့် ကျင့်ကြံသူများသည် 'လောကသုံးထောင်'ဟုခေါ်သော အရာကို သဘာဝအ
လျောက်သိကြပေသည်။သို့သော် ထိုအရာကို သိရုံသာသိကြ၏။ဤသည်မှာ ဝမ်ရွှမ့်အနေနှင့် အခြားကမ္ဘာမှ ရောက်လာသူတစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်းဖြစ်ချေသည်။ထို့အပြင် အနှီပုဂ္ဂိုလ်မှာ သူနှင့် အလွန်ကို နီးနီးကပ်ကပ် ရှိနေသူဖြစ်ရာ သူ့အနေနှင့် ဟန်မဆောင်နိုင်လောက်အောင်ကို အံ့သြသွားရတော့သည်။

"ဒါဆို မင်း တစ်ချိန်လုံး တွန့်ဆုတ်ပြီး မပြောချင် ဖြစ်နေတဲ့ ကိစ္စက ငါ မင်းကို မယုံမှာစိုးလို့ပေါ့?"

ဝမ်ရွှမ်မေးလိုက်ရာ ကျန်းရီသည် အဆက်မ
ပြတ် ရှင်းပြနေခြင်းကို ရပ်၍ ခေါင်းငုံ့လိုက်
၏။သူ့ပုံစံမှာ အချိန်ကြာလာသည်နှင့်အမျှ ပို
၍ ငုံ့ငုံ့သွားပြီး အမှောင်ထဲတွင် ကျက်စားနေ
သော တိရစ္ဆာန်ငယ်လေးကို နေရောင်အော
က်သို့ အတင်းကာရော ဆွဲထုတ်လိုက်သည့်အလား မသက်မသာဖြစ်လို့နေလေသည်။ခဏအကြာတွင် ကျန်းရီသည် ပါးပြင်များ တစ်ဖန် နီရဲလျက်သား ခေါင်းညိတ်ပြလာတော့သည်။

"မင်း...."

ဝမ်ရွှမ့်မှာ သူ့ကို မည်သို့မည်ပုံ အပြစ်တင်ရကောင်းမှန်းတောင် မသိတော့ချေ။

"မင်း......"

ကျန်းရီ ပူပန်သောကများစွာဖြင့် စောင့်နေအခိုက်တွင် ဝမ်ရွှမ်က ရယ်မောရင်း စားပွဲကို ရုတ်တရက် ရိုက်ချလိုက်လေသည်။

"တကယ်ကို မင်း....အိုင်းယား!မင်း....!မင်းကွာ...."

ကျန်းရီခမျာမှာ တုန်လှုပ်သွားရပြန်သည်။

"ဆရာတူအစ်ကို ဘာကရယ်စရာကောင်းနေလို့လဲ?"

ဟုတ်တယ်...ဘာကများရယ်စရာကောင်းနေ
လို့လဲ?

အမှန်ဆိုရသော် ဤအခိုက်တွင် ရယ်စရာ
ကောင်းသော ကိစ္စမျိုး လုံးဝကို ရှိမနေပါချေ။သို့ရာတွင် ခံစားချက်ပေါင်းများစွာက ဝမ်ရွှမ့် နှလုံးသားကို လိမ်ကျစ်ထားသည့်အတွက် အ
လွန်အမင်း လေးလံနေခဲ့ရသည်။

ယခုတော့ ကျန်းရီလှည့်စားရသော အကြော
င်းအရင်းကို သူသိသွားပြီဖြစ်ရာ သူ့ရင်ဘတ်ပေါ်မှ တောင်တန်းကြီးကို တစ်ယောက်ယော
က်က'မ'ယူသွားသလို ခံစားလိုက်ရသည့်အ
တွက် ရယ်ယုံသာရှိတော့သည်။

"မင်းကိုယ်မင်း ပြသနာရှာနေတာကိုပဲ ရယ်မိတာပါ"

ဝမ်ရွှမ်ကအပြစ်တင်စကားဆိုလေ၏။

"ဒီလို မပြောမဖြစ်တော့တဲ့ အချေအတင် ပြ
သနာတွေ ဖြစ်လာတဲ့အထိ မင်း ငါ့ကို အချိန်တွေ အကြာကြီး လိမ်ညာထားခဲ့တာက ငါ မင်းကို မယုံမှာစိုးလို့ပေါ့?ဒီဖုံးကွယ်ထားတဲ့ ကိစ္စကြောင့် ငါ မင်းကို အရင်တုန်းထဲက ဘ
ယ်လောက်တောင် သံသယတွေ ဝင်ခဲ့ဖူးသလဲ ဆိုတာကို ခန့်မှန်းကြည့်ပါလား?"

ကျန်းရီ၏ မျက်နှာမှာ လိပ်ပြာမလုံစွာ ဖြူဖျော့လို့သွားလေသည်။ထို့နောက် အတွေးတ
စ်စက ပြန်ကန်နိုင်စွမ်းရှိသော သံပတ်နှင့် ချိ
တ်မိသွားသကဲ့သို့ သူ့ခေါင်းထဲတွင် လွှားခနဲ ခုန်ထွက်လာလေသည်။မှန်၊မမှန် မသိနိုင်သေးရာ အံ့အားသင့်မှုတို့နှင့်အတူ ဝမ်ရွှမ့်ကို ဝမ်းသာအားရ လှမ်းကြည့်ပြီး

"ဆရာတူအစ်ကို..အစ်ကို...အစ်ကို...ကျွန်တော့်ကို ယုံတယ်လို့ ပြောလိုက်တာလား?"

"ငါမင်းကိုဘာလို့မယုံရမှာလဲ?"

ဝမ်ရွှမ်က ပြုံးရင်း ပြန်မေးလိုက်လေသည်။

သံသယဖြစ်ဖွယ်ကောင်းသော ရှုထောင့်များ ရှိနေသေးပါသော်ငြား အဆုံးတွင်မူ သူရှေ့၌ ရပ်နေသူမှာ သူ၏ ဆရာတူညီလေးကျန်းသာဖြစ်၏။လှည့်စားခဲ့ရခြင်း အကြောင်းအရင်းကို သူသိရသရွေ့တော့ တစ်ဖန် ယုံကြည်ပေးရန်လည်း ကြောက်ရွံ့မနေပါတော့ချေ။

ဟုတ်ပေ၏။ဝမ်ရွှမ်သည် ဤသို့သော လူစားမျိုး ဖြစ်လေသည်။

သူ အရင်တုန်းက တခြားလူတွေအပေါ် မှား
ယွင်းပြီး ယုံကြည်ခဲ့မိတယ်ဆိုရင်တောင် ဒါ
တွေ အားလုံးက ကျန်းရီနဲ့တော့ ဘာမှမဆိုင်ဘူး။အဲ့ဒီလို အရေးမပါတဲ့ လူတွေအတွက်
ကြောင့်တော့ ကျန်းရီကို ဘာလို့ အယုံအကြ
ည်ပျက်ရမှာလဲ?

သူ နားမလည်နိုင်သော ကိစ္စတစ်ခုတော့ ရှိနေပါသေး၏။

"မင်း ငါ့ရဲ့ ဇာတ်လမ်းကို ဖတ်ပြီး ကြီးပြင်းလာတာလို့ ပြောခဲ့တယ်မဟုတ်လား?ဘယ်လိုလုပ်ပြီး တခြားကမ္ဘာတစ်ခုမှာ....."

"ဟုတ်တယ်!ကျွန်တော့်ရဲ့ကမ္ဘာမှာဖတ်ခဲ့တာ!"

ဝမ်ရွှမ်ထံမှ ယုံကြည်မှုကို ပြန်လည်ရရှိပြီးသ
ည်နှင့် ကျန်းရီသည် ခေါင်းပေါ်၌ တိမ်များ က
င်းစင်သွားသလို ခံစားလိုက်ရပြီး စိတ်လှုပ်
ရှားစွာ ရှင်းပြလာတော့သည်။

"အစ်ကို့ရဲ့အကြောင်းကို စာအုပ်ထဲမှာ ရေး
ထားပြီး အဲ့ဒါက ကျွန်တော်ရဲ့ကမ္ဘာမှာ လှည့်ပတ်နေခဲ့တာ။ကျွန်တော် အဲ့တာကို ဖတ်ရင်း ကြီးပြင်းလာခဲ့တာလေ ။အရမ်းကြိုက်တာပဲ!"

ဤစကားများသည် လုံးဝဥဿုံ ပြည့်စုံနေခြ
င်းတော့ မဟုတ်ခဲ့။အနည်းဆုံးတော့ ထိုဝတ္ထုသည် ဝမ်ရွှမ့် ဇာတ်လမ်းကို ရေးသားထားခြ
င်း မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းတော့ မဖော်ပြခဲ့ပေ။

သို့သော် ဝမ်ရွှမ်ကတော့ သူ့ကိုယ်သူ ထိုစာအု
ပ်၏ အဓိကဇာတ်ကောင်ဟုသာ ရိုးရိုးစင်းစ
င်း ထင်မှတ်ပြီး မတတ်နိုင်ရကား ဂုဏ်ယူမိသွားလေသည်။

"အစ်ကို ပထမဆုံး ပေါ်လာတဲ့အချိန်ထဲက ကျွန်တော့်ရဲ့ အကြည့်တွေကို အစ်ကို့ဆီကနေ ဘယ်လိုမှ ရွှေ့လို့မရခဲ့ဘူး!"

ကျန်းရီသည် အနှီ'ဖွင့်ပြောခြင်း'ကဲ့သို့ စကားများကို တစ်ခွန်းပြီးတစ်ခွန်း မရပ်မနား ဆက်ပြောလာခဲ့သည်။

"အဲ့ဒီ ချင်ရှိယွီကို အစ်ကိုမှတ်မိသေးလား?အ
ခြေခံတည်ထောင်ခြင်းအဆင့်တုန်းက သူ့ကို
ယ်သူ ခွန်အားကြီးလှပြီထင်ပြီး နတ်ဆိုးသား
ရဲကို ရန်သွားစမိလို့ သေမလိုဖြစ်ခဲ့တာလေ။အဲ့ဒီအချိန်တုန်းက အစ်ကို အမှတ်တမဲ့ ဖြတ်သွားရင်း သူ့ကို တွေ့တော့ တစ်ကွက်ထဲ ထုတ်သုံးပြီး ကယ်သွားခဲ့တာဗျာ!အရမ်းကြည့်ကောင်းတာပဲ!"

ဤသည်မှာ အမှန်တကယ်ကို ဝမ်ရွှမ်နှင့် ချင်ရှိယွီတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပေသည်။သို့သော် အနှီ'တွေ့ဆုံမှု'က ချင်ရှိယွီ၏ ရှုထောင့်မှ ရေးသားထားခြင်း ဖြစ်ခဲ့သည်။

ထိုအချိန်တုန်းက ဝမ်ရွှမ်သည် ချင်ရှိယွီကို ကယ်ပြီးသည်နှင့် ကြောက်စရာကောင်းလော
က်အောင်ဆူပူကြိမ်းမောင်းပြီး 'အစွမ်းအစမရှိရင်သေလမ်းရှာမနေနဲ့'ဟူသကဲ့သို့ အစရှိသော စကားများကို ပြောခဲ့ပြီးနောက်  ချင်ရှိယွီ၏ မိတ်ဆွေဖွဲ့ရန် ကမ်းလှမ်းမှုကိုလည်း ငြင်းဆန်ခဲ့သေးရာ သူတို့နှစ်ဦးသည် မိတ်
ဆွေမဖြစ်ခဲ့ယုံသာမက ရန်ငြိုး၊ရန်စပါ အမှန်တကယ် ပေါက်ဖွားလာခဲ့သည်။

နောက်ပိုင်းတွင် ဝမ်ရွှမ့်စွမ်းအားများက တိုး
တက်ခြင်း အလျဥ်းမရှိဘဲ ကြန့်ကြာနေအခို
က် ချင်ရှိယွီ၏ စွမ်းအားကတော့ အဆမတန်
တဟုန်ထိုး တိုးတက်သွားခဲ့လေသည်။သို့ဖြစ်ရာ'ပထမဆုံးတွေ့ဆုံးမှု'က သူတို့နှစ်ဦးအတွ
က် ပိုလို့တောင် အရှက်ရစရာ ဖြစ်သွားတော့
သည်။

မည်သို့ပင်ဖြစ်စေ ကျန်းရီကတော့ ထိုကိစ္စများကို ဂရုမစိုက်အားချေ။ထိုနှစ်များအတွင်း ဝမ်ရွှမ့်ကို သူမည်မျှအထိ တန်ဖိုးထား၍ အ
သိအမှတ်ပြုခဲ့ကြောင်းများကို ပြောပြရန်သာ သိတော့သည်။ကျန်းရီပြောသမျှကို နားထော
င်ရင်း ဝမ်ရွှမ်လည်း အံ့အားသင့်ရလေလေ ဖြ
စ်၏။

သို့သော် ဝတ္ထုထဲတွင် ဝမ်ရွှမ်ပေါ်လာသော အ
ကြိမ်အရေအတွက်က အတော်လေးကို ကန့်သတ်ထားခြင်းဖြစ်သည်။တစ်ကြိမ်ချင်းစီကို ရေတွက်ခဲ့သော်ငြား ကျန်းရီအတွက်တော့ မလုံလောက်သလို ခံစားခဲ့ရသည်။

သူသည် လက်တွေ့တွင် ဖြစ်မလာသေးသော ကိစ္စများကိုပါ ပြောပြမိလုနီးပါး ဖြစ်သွားပြီး မမြင်နိုင်သော လက်တစ်စုံက လည်မျိုကို လာညှစ်လိုက်သကဲ့သို့  မနားတမ်း ဖွင့်ပြောနေခြင်းကို ကောက်ကာငင်ကာ ရပ်လိုက်ရတော့သည်။

ဝမ်ရွှမ်ကတော့ ပြောစရာကုန်သွားပြီအထင်နှင့် သက်ပြင်းတစ်ချက်ချလိုက်လေသည်။

ထို့နောက် ဝမ်ရွှမ်သည် သူ့လက်ထဲမှ လက်
ကောက်ကို ကြည့်ပြီး ကျန်းရီကို ပြန်ပေးရန် ဆုံးဖြတ်လိုက်၏။

"ဒီပြသနာလည်း ရှင်းသွားပြီဆိုမှတော့ လက်
ကောက်ကို....."

ကျန်းရီက အလျင်စလို ခေါင်းခါပြလာခဲ့သ
ည်။

"ဆရာတူအစ်ကိုပဲ သိမ်းထားသင့်တာပါ။အ
မှန်တော့ ကျွန်တော် ဒီလို လုပ်ချင်ခဲ့တာ ကြာပြီ။ကျွန်တော် အစ်ကို့ကို ပြောခဲ့သားပဲ။ကျွန်
တော်ရဲ့ ပစ္စည်းတွေက အစ်ကို့ရဲ့ အပိုင်ပါပဲလို့။ဒီလက်ကောက်ကို အစ်ကိုနဲ့ မခွဲထားချင်တော့ဘူး"

ဝမ်ရွှမ်သည် ရယ်လျက်ဖြင့် သူ၏ခါးမှ သို
လှောင်အိတ်ကို ကျန်းရီထံသို့ ပစ်ပေးလိုက်လေသည်။

ကျန်းရီက သိုလှောင်အိတ်ကို လှမ်းဖမ်း၍ သူ့လက်ထဲ၌ ကိုင်ထားရင်း ဝမ်ရွှမ့် ဆိုလိုရင်းကို ရုတ်တရက် သဘောပေါက်သွားလေရာ ချက်
ချင်းဆိုသလို သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုတို့နှင့်အတူ နီမြန်းလာပြန်တော့သည်။

သူသည် သိုလှောင်အိတ်ကို မဖွင့်မီ အခန်းထောင့်ချိုး တစ်နေရာကိုတောင် အသေအချာ ရှာဖွေလိုက်သေး၏။အထဲတွင် အမျိုးမျိုးသော ပစ္စည်းအစုံအလင်ရှိနေပြီး သူကြည့်လေလေ နားမလည်နိုင်စရာကောင်းလောက်အောင်ကို သူ့မျက်နှာက ပိုနီမြန်းလာလေလေဖြစ်သည်။

'မျှဝေစာနာခြင်း'ကပ်ပါးကြောင့် သိုလှောင်အိ
တ်ဖြစ်စေ သိုလှောင်လက်ကောက်ဖြစ်စေ နှစ်ခုစလုံးက သူတို့နှစ်ဦးစလုံးကို ပိုင်ရှင်အဖြစ် သတ်မှတ်ထားသကဲ့သို့ မတူညီသော ဝိဥာဥ်စွမ်းအားများဖြစ်လင့်ကစား တုံ့ပြန်ခြင်း မပြုလာကြပေ။

ထိုစဥ်တွင် ကျန်းရီ၏ လက်ကောက်ထဲရှိ ပစ္စ
ည်းများမှာ...လုံးဝန်းသော ကျောက်စိမ်းမှော်လက်နက်၊ကျီကျစ်အန်းထံမှ ရရှိခဲ့သော ဝိဥာဥ်ကျောက်တုံးများ၊ကျင့်ကြံခြင်းနည်းလမ်း
များ ပါဝင်သည့် ကျောက်စိမ်းအပိုင်းအစအ
ချို့၊ချီကျိပိုင်ပေးခဲ့သော ဝိဥာဥ်လဲလှယ်ခြင်းဆန်ကာနှင့် ဝမ်ရွှမ်ပေးထားသော ပစ္စည်းတို့ဖြစ်လေသည်။

ယခင်ထဲကအတော်များများကို ဝမ်ရွှမ်မြင်ဖူးပြီးဖြစ်ရာ စိမ်းသက်မနေပါတော့လေ။သို့
သော် ထိုရင်းနှီးပြီးသား ပစ္စည်းများကို မွှေ
နှောက်နေရင်းဖြင့် တစ်စုံတစ်ခုကို မမျှော်လင့်စွာ တွေ့လိုက်ရတော့သည်။

ရွှေနက်သတ္တုရိုင်းတစ်ဆယ့်နှစ်ခု။

ဝမ်ရွှမ်သည် ထိုရွှေနက်သတ္တုရိုင်းများကို လ
က်ကောက်ထဲမှ ထုတ်၍ စားပွဲပေါ်သို့ သပ်သ
ပ်ရပ်ရပ် တင်လိုက်၏။

"ဒါတွေကို ဖြေရှင်းဖို့ အချိန်တောင် မရခဲ့ဘူး"

ဝမ်ရွှမ့်လှုပ်ရှားမှုကို သတိပြုမိသည်နှင့် ကျန်းရီက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရှက်ရွံ့စွာ ရှင်းပြလာခဲ့သည်။

ဝမ်ရွှမ် ပြုံးလိုက်၏။ကျန်းရီနှင့် ပထမဆုံး စတွေ့ခဲ့သည့် အချိန်ကို အမှတ်ရမိသွားလေသ
ည်။ထိုအချိန်တုန်းက ဝမ်ရွှမ်နှင့် ရင်းနှီးခွင့်ရရန် ကျန်းရီသည်တံခွန်တိမ်တိုက်ဂိုဏ်းတွင် ကျန်ရှိနေသော ရွှေနက်သတ္တုရိုင်း တစ်ဆယ့်သုံးခုစလုံးကို လဲလှယ်ပြီး တစ်ဖက်လူကို ရွေး
ချယ်စရာ အခွင့်မပေးဘဲ သူနှင့်အတူ ရှေး
ဟောင်းဗိမာန်သို့ ခရီးနှင်ရမည့် တာဝန်ကို လက်ခံစေရန် တွန်းအားပေးခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ဝမ်ရွှမ့်ကို ရွှေနက်သတ္တုရိုင်းတစ်ခု ပေးခဲ့ပြီး ကျန်ရစ်သော ရွှေနက်သတ္တု
ရိုင်း တစ်ဆယ့်နှစ်ခုမှာ ယခု သူ့မျက်စိရှေ့တွ
င် မြင်နေရသော သတ္တုရိုင်းများပင် မဟုတ်ပါလော?

ထိုအချိန်က ဝမ်ရွှမ်ကိုယ်တိုင်တောင် ရွှေနက်သတ္တုရိုင်း တစ်ဆယ့်သုံးခုစလုံးကို လဲလှယ်နိုင်သူမှာ အတော်လေးကို ကြွယ်ဝသူတစ်ဦး ဖြစ်လိမ့်မည်ဟု ထင်ခဲ့ဖူးသည်။

အခုတော့ ကြည့်စမ်းပါအုံး...ဘယ်ကလူချမ်း
သာလေးဖြစ်ရမှာလဲ?

သိပ်မကြာသေးခင်က အခြားသူများ ပေးခဲ့သော ပစ္စည်းများနှင့် ထိုလုံးဝန်းသော ကျော
က်စိမ်းမှော်လက်နက်မှ လွဲ၍ ကျန်းရီတွင် ဘာပစ္စည်းမှ များများစားစား မရှိချေ။

"ဒါတွေက..."

ဝမ်ရွှမ်သည် ထိုရွှေနက်သတ္တုရိုင်းများကို လ
က်ညှိုးထိုးပြပြီး

"အဲ့ဒီတုန်းက မင်းမှာရှိသမျှ ပစ္စည်းတွေအား
လုံးနဲ့ လဲပြီးမှ ရခဲ့တာလို့တော့ မပြောနဲ့နော်?"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"

ကျန်းရီက ပြတ်ပြတ်သားသား ငြင်းဆိုလာခဲ့သည်။

သို့သော် သူ့မျက်နှာပေါ်မှ ရှက်ရွံ့နေသော အ
မူအယာကြောင့် ထိုစကားမှာ အတင့်ရဲသော ပါးစပ်လေးနှင့် ခေါင်းမာစွာ ရှောင်တိမ်းပြော
ဆိုလိုက်ခြင်းသာ ဖြစ်ပေသည်။

"အများဆုံးတော့ တစ်ဝက်လောက်....."

ကောင်းပြီ....တစ်ဝက်ပေါ့။

ဝမ်ရွှမ်က ရယ်မောရင်း သတ္တုရိုင်းများကို လ
က်ကောက်ထဲသို့ ပြန်ထည့်လိုက်လေသည်။

"ငါ့အနားကို ရောက်လာချင်တာနဲ့ပဲ မင်းပစ္စ
ည်းတွေရဲ့ တစ်ဝက်လောက်ကိုတောင် ရောင်းခဲ့တယ်ပေါ့လေ?"

"အဲ့တာလေးများ ဘာဖြစ်လဲ!'

ကျန်းရီက ခေါင်းကိုမော့ကာ မျက်ဝန်းများကို မှေးစင်းလျက် လေးလေးနက်နက် မေးမြန်းလာခဲ့သည်။

"ဆရာတူအစ်ကို  ဒီကမ္ဘာထဲကို ကျွန်တော် ဘာလို့ ရောက်လာခဲ့တယ်ထင်လဲ?"

ဤမေးခွန်းကို ကြားလိုက်ရသောအခါ ဝမ်ရွှမ့်နှလုံးသားက ချက်ချင်း တုန်ယင်သွားခဲ့သ
ည်။

ကျန်းရီ အသက်ပြင်းပြင်းရှုသွင်းပြီး ပြန်ဖြေပေးတော့မည့် အခိုက်တွင် စားပွဲပေါ်တွင် နေ
ရာချထားသော ကလေးငယ်က ရုတ်တရက် ငိုကြွေးပြန်လေရာ စိတ်ထဲ၌ ကျိန်ဆဲရင်း ထိုနေရာသို့ အပြေးသွားရတော့သည်။ခြုံထားသောအဝတ်ကို ဖယ်ကြည့်လိုက်ရာ ကျန်းရီ
၏ မျက်နှာမှာ စိမ်းဖန့်သွားရပြန်လေသည်။

ဒီကောင်လေးကတော့ တကယ်ကြီး သေးပေါ
က်ချလိုက်တာပဲ။

"ဆရာတူအစ်ကို....."

ကျန်းရီက ဝမ်ရွှမ့်ကို လှမ်းကြည့်ပြီး အကူအ
ညီ တောင်းလိုက်၏။

"ဘာလဲ?"

ဝမ်ရွှမ်က ပြုံးရင်း ပြန်မေးလာခဲ့သည်။

"ဒီလိုကိစ္စတွေကို အရင်တုန်းက ငါလုပ်ဖူးတ
ယ်လို့များ ထင်နေတာလား?"

ကျန်းရီခမျာမှာ ခေါင်းငုံ့လိုက်ရုံသာ ရှိတော့
သည်။

ဟုတ်ပါပြီ....ဒါကအနှီးတစ်ထည်ပဲမဟုတ်လား?

သူကိုယ်တိုင် တစ်ခါမှ မလဲဖူးသော်လည်း အနည်းဆုံးတော့ သူ့ညီလေးရဲ့အနှီးကို အမေကိုယ်တိုင် လဲပေးနေတာကိုတော့ ကြည့်ခဲ့ဖူး
သည်။

စွန့်ပယ်နိုင်ခြင်း မရှိသော ခံစားချက်တစ်ခုက ကျန်းရီ၏ ရင်ဘတ်ထဲတွင် လောင်မြိုက်လာခဲ့သည်။ထိုခံစားချက်ကို အားစိုက်၍ ချက်ချ
င်း ဖယ်ထုတ်လိုက်ပြီး သူ့မှတ်ဥာဏ်ထဲမှ ပုံရိ
ပ်များကိုသာ ပြန်တွေးရင်း အလုပ်ရှုပ်နေလိုက်သည်။

သူ့ကိုကြည့်ရတာ....အတော်လေး ယုံကြည်အားကိုးချင်စရာ ကောင်းလှ၏။

ဝမ်ရွှမ်သည် အလုပ်ရှုပ်နေသော ကျန်းရီကို ကုတင်ဘေးတွင် ထိုင်ကြည့်လျက်ရှိသည်။ထူးဆန်းသည်မှာ သူ့နှလုံးသားထဲမှ တစ်နေ
ရာက ပို၍ တည်ငြိမ်သွားသယောင် ခံစားလို
က်ရသည်။

"ဆရာတူညီလေးကျန်း"

သူရုတ်တရက်လှမ်းမေးလိုက်၏။

"မင်းရဲ့အတိတ်က.....မှတ်ဥာဏ်ချို့ယွင်းနေတဲ့ကလေးနဲ့တော့ မတူလောက်ဘူး ထင်တ
ယ်။အဲ့ဒီအဖြစ်ဆိုးတွေကို မင်းကတော့ တစ်
ခါမှ မကြုံခဲ့ဖူးဘူး မဟုတ်လား?"

ကျန်းရီ၏ အလုပ်ရှုပ်နေသော လက်များသ
ည် ရုတ်တရက် တောင့်တင်းသွားကုန်သည်။ထို့နောက် သူက ပြုံးရင်း ပြန်ဖြေလာခဲ့သည်။

"ဟုတ်တာပေါ့။ကျွန်တော် အရင်တုန်းက အ
ရမ်းပျော်ရွှင်ခဲ့ရတာပါ"

ဝမ်ရွှမ့်နှလုံးသားထဲမှ နေရာလေးတစ်ခုသည် ယခုတော့ လုံးဝကို အေးချမ်းသွားခဲ့လေပြီ။

ကျန်းရီသည် နောက်ဆုံးတွင် ခက်ခဲသော အ
လုပ်များကို ပြီးမြောက်သွားပြီး ကလေးငယ်ကိုလည်း အိပ်ပျော်အောင် ချော့မြူသိပ်ပြီးနောက် လက်ကို ဆေးကြောသန့်စင်ရန် ထွက်သွားခဲ့သည်။သူပြန်ရောက်သည့်အချိန်တွင် ဝမ်ရွှမ်ကတော့ မိုးရေစိုနေသော အဝတ်အ
စားများဖြင့် ကုတင်ခေါင်းရင်းတွင် နှစ်နှစ်ခြို
က်ခြိုက် အိပ်ပျော်နေလေပြီ။

ကျန်းရီ၏ နှုတ်ခမ်းစွန်းလေးများ ကော့တက်သွားရသည်။ချက်ချင်းပင် ခေါင်းကိုက်သလို ခံစားရပြီး ဝမ်ရွှမ့်အဝတ်များကို ဝိဥာဥ်စွမ်းအ
င်ဖြင့်ခြောက်သွေ့အောင် ပြုလုပ်ပေးရန်အ
ရှေ့သို့ ခပ်မြန်မြန် တိုးလာခဲ့သည်။ကောင်း
သော အရာသည်ကား သူလည်း အခြေခံတ
ည်ထောင်ခြင်းအဆင့်တွင် ရောက်နေပြီဖြစ်သောကြောင့် ဤကိစ္စလောက်ကတော့ ခက်ခဲသော အရာမျိုး မဟုတ်တော့ချေ။ထို့နောက် ဝမ်ရွှမ့်ကို စောင်ခြုံပေးလိုက်၏။

ဝမ်ရွှမ်က အတန်ငယ် အသိစိတ်ရှိနေဆဲဖြစ်ပြီး မျက်တောင်များကို ခပ်သာသာ ပုတ်ခတ်လိုက်သော်လည်း သူ့နံဘေးတွင် ရှိနေသူက ကျန်းရီဖြစ်တာကြောင့် မျက်ဝန်းများကို မဖွင့်တော့ဘဲ သက်တောင့်သက်သာ ဆက်လှဲနေလိုက်သည်။

ကျန်းရီက ထွက်မသွားဘဲ ထိုနေရာတွင် အကြာကြီး မတ်တပ်ရပ်နေခဲ့သည်။

အတန်ငယ်ကြာပြီးနောက် ထိုပုံရိပ်လေးက
ဝမ်ရွှမ့်မျက်နှာနှင့် ထိမိလုနီးပါး တိုးကပ်လာခဲ့သည်။

ကျန်းရီက ဝမ်ရွှမ် နှစ်နှစ်ခြိုက်ခြိုက် အိပ်
ပျော်နေပြီအထင်နှင့် အရှေ့သို့ ငုံ့လာပြီး သူ့နှုတ်ခမ်းများကို ဖွင့်ဟလျက် ဝမ်ရွှမ့်နှုတ်
ခမ်းများကို တိတ်တခိုး အရသာခံလေသည်။

စောင်အတွင်း၌မူ ဝမ်ရွှမ်သည် အိပ်ယာခင်းကို  ညာဘက်လက်ဖြင့် ရုတ်တရက် ဖမ်းဆွဲပြီး ဆုပ်ကိုင်လိုက်သည်။ထို့နောက် သူသည် ဘာကိုမှ မသိလေဟန်ဖြင့် ထိုအခင်းကို ဖြည်းဖြည်းချင်း လွှတ်ချလိုက်တော့သည်။

-
-
-
-
-

ခိုးနမ်းတာလူမိကုန်ပြီ ဘယ့်နှယ်လုပ်ကြမလဲ
😩

      .........................××........................

      <ပြင့္လင္းေသာ>

ယေန႕ညတြင္ ဝမ္႐ႊမ့္ စိတ္ခံစားခ်က္မ်ားမွာ အလြန္ ရႈပ္ေထြးေနာက္က်ိေနခဲ့သည္။က်န္းရီ တစ္ဦးတည္းကသာ အတိအက် ခန႔္မွန္း၍ မရျခင္းမ်ိဳး မဟုတ္ဘဲ သူကိုယ္တိုင္လည္း ရွင္းရွင္းလင္းလင္း နားမလည္နိုင္ခဲ့။

မခံမရပ္နိုင္ျဖစ္ၿပီး အလြန္ကို ေဒါသထြက္ေနမွန္း သူ႕ကိုယ္သူ သိ၏။ ယေန႕ညတြင္ ၾကားခဲ့၊ျမင္ခဲ့ရသမွ် ကိစၥမ်ားအျပင္ က်န္းရီထံမွ တစ္ခ်ိန္လုံး လွည့္စားခံခဲ့ရျခင္းက ပိုလို႔ေတာ
င္ ဆိုး႐ြားေနခဲ့သည္။

နာက်င္ၿပီး ဝမ္းနည္းရ၏။အဘယ့္ေၾကာင့္ဆို
ေသာ္ မူလက သူသည္ ဤအခြင့္အေရးကို သုံး၍ သူႏွင့္ ထိုလူငယ္ေလးတို႔ ၾကားမွ ဆက္
ဆံေရးကို အဆင့္တက္ရန္ ႀကိဳးစားခဲ့ေသာ္လ
ည္း ယခုတြင္မူ သူတို႔ႏွစ္ဦးၾကားမွ အကြာအ
ေဝးကို ပိုက်ယ္ျပန႔္ေစျခင္းျဖင့္သာ အဆုံးသ
တ္သြားရသည္။

ထို႔အျပင္ အနည္းငယ္လည္း စိတ္သက္သာရာရခဲ့ျပန္သည္။သူ႕ႏွလုံးသားသည္ အျဖစ္ဆိုးမ်ားႏွင့္ႀကဳံေတြ႕ခဲ့ရွာေသာ မွတ္ဉာဏ္ခ်ိဳ႕
ယြင္းေနသည့္ ေကာင္ေလးအတြက္ တစ္ခ်ိန္က နာက်င္ခဲ့ရဖူး၏။သို႔ေသာ္ ထိုအျဖစ္ဆိုးမ်ားသည္ သူ၏ ဆရာတူညီေလးက်န္းႏွင့္ေတာ့ ဘာမွ မသက္ဆိုင္ခဲ့ေၾကာင္းကို သူသိခဲ့ရေလၿပီ။

ဒါေပမယ့္ သူေၾကာက္လဲေၾကာက္ေနခဲ့တယ္
ဆိုတာကို ကိုယ္တိုင္သတိမထားမိခင္ အခ်ိန္
အထိေပါ့။

ထိုအခိုက္၌ ဝမ္႐ႊမ့္ရင္ခြင္ထဲသို႔ ဆြဲသြင္း၍ အဖက္ခံထားရေသာ က်န္းရီမွာ လုံးဝကို မွင္သက္ေနဆဲျဖစ္၏။ျဖစ္ပ်က္ေနေသာ ကိစၥအ
လုံးစုံကို သူနားလည္နိုင္သည္အထိ အခ်ိန္တ
စ္ခု ၾကာျမင့္သြားခဲ့ရသည္။

တစ္ခဏအတြင္း ေဖာ္ျပ၍ မရနိုင္ေသာ ထိ
တ္လန႔္မႈ၊အံ့အားသင့္မႈတို႔ႏွင့္အတူ သူ႕ပါးျပင္ ႏွစ္ဖက္စလုံး ေလာင္ကြၽမ္းသြားသလို ခံစားရေလသည္။

သို႔ရာတြင္ တုန္ယင္ေနရွာေသာ ဝမ္႐ႊမ့္ခႏၶာ
ကိုယ္က သူ႕ကို ျဖည္းျဖည္းခ်င္း ၿငိမ္က်သြားေစခဲ့သည္။

ဝမ္႐ႊမ့္ အေၾကာက္တရားကို သူနားလည္ၿပီး ဝမ္႐ႊမ္သည္ သူ႕ထံမွ အေျဖကို ၾကားရန္ လိုေနေသးေၾကာင္းကိုလည္း သူနားလည္ပါ၏။ထို႔ေၾကာင့္ လက္ႏွစ္ဖက္ကို ဆန႔္ထုတ္၍ ဝမ္႐ႊမ့္ေက်ာျပင္အား ေလးနက္စြာ ျပန္ဖက္လိုက္ေလသည္။

"ဆရာတူအစ္ကို...ေသခ်ာတာေပါ့။အစ္ကို ကြၽန္ေတာ့္ကို ယုံသင့္တယ္။ဒီေလာကႀကီးထဲမွာ အစ္ကို႔ရဲ႕ ယုံၾကည္မႈနဲ႕ အထိုက္တန္ဆုံး လူသာရွိခဲ့မယ္ဆိုရင္ အဲ့တာက ကြၽန္ေတာ္ပါပဲ"

ဝမ္႐ႊမ္သည္ လက္ႏွစ္ဖက္ကို ျဖည္းျဖည္းခ်
င္း ေျဖေလ်ာ့၍ အေနာက္သို႔ ေျခတစ္လွမ္းဆု
တ္ကာ သူ႕ကို ၾကည့္၏။

အေစာပိုင္းတုန္းက က်န္းရီ၏ သနားစရာေကာင္းေသာ အၾကည့္ေလးလည္း ေပ်ာက္ကြယ္သြားၿပီး ခ်က္ခ်င္းဆိုသလို မည္သည့္ေနရာမွ ထြက္လာမွန္းမသိေသာ ယုံၾကည္မႈမ်ားက အစားထိုးသြားေတာ့သည္။

"ဟုတ္တယ္မို႔လား ဆရာတူအစ္ကို?"

ဤယုံၾကည္မႈအရင္းခံသည္ လက္ေတြ႕တြင္ တကယ္ကို ရိုးရွင္းလွ၏။ယခင္က က်န္းရီသ
ည္ သူ႕အေပၚ ေျပာင္းလဲသြားမည့္ ဝမ္႐ႊမ့္ စိတ္
ေနသေဘာထားကို မသိေသးသည့္အတြက္ အလြန္စိုးရိမ္ေနခဲ့ရသည္။

ယခုတြင္မူ ဝမ္႐ႊမ္က 'ငါမင္းကိုယုံလို႔ရေသးရဲ႕လား'ဟု အမွန္တကယ္ ေမးျမန္းလာခဲဲ့ၿပီး ထိုေမးခြန္းဟာ ႐ြဲ႕ေစာင္းေလွာင္ေျပာင္ျခင္းမ်ိဳး မဟုတ္ဘဲ လြန္စြာ ေလးနက္ၿပီး ထက္သ
န္ေသာ ေမးခြန္းမ်ိဳးျဖစ္ေလရာ ထိုေမးခြန္းအ
တြက္ အေျဖကလည္း ယုံၾကည္မႈ အျပည့္ရွိရန္ လိုအပ္ေပသည္။

"အစ္ကို ကြၽန္ေတာ့္ကို မယုံၾကည္ခ်င္ေတာ့မွာကိုပဲ စိုးရိမ္မိတာပါ"

"ငါကလိုလားတယ္ဆိုရင္ေရာ?"

ဝမ္႐ႊမ္က ခါးသက္သက္ ရယ္လ်က္။

"ငါ ယုံၾကည္ထားတဲ့ လူေတြ အမ်ားႀကီးရွိခဲ့တယ္...ဒါေပမယ့္ အခုေလာေလာဆယ္ ဒီလို အေျခအေနအရေတာ့ ငါ့ရဲ႕ အထင္အျမင္ကို ငါကိုယ္တိုင္ေတာင္ မယုံရဲေတာ့ဘူး"

"ဒါဆိုရင္ အစ္ကို ကြၽန္ေတာ့္ကို ယုံသင့္တယ္"

က်န္းရီသည္ သူ၏ ႏွလုံးသားရွိရာသို႔ ဘယ္ဘက္လက္ျဖင့္ ထိုးၫႊန္ျပ၍

"ကြၽန္ေတာ့္ရဲ႕ အထင္အျမင္က အစ္ကို႔ရဲ႕ အ
ထင္အျမင္ထက္ အမ်ားႀကီး ပိုယုံလို႔ရတယ္"

သူ႕အတြက္ေတာ့ ဤစကားမ်ိဳးကို ေျပာနိုင္ရျခင္းမွာ ေဖာ္ျပရန္ပင္ ခက္လွေသာ အတင့္ရဲမႈမ်ိဳး ရွိေနျခင္းေၾကာင့္သာျဖစ္သည္။ထိုအ
တင့္ရဲေသာ စကားမ်ားကို ေျပာေနစဥ္တြင္ က်န္းရီ၏ အမူအယာမွာ ဘဝႏွင့္ရင္း၍ က်ိန္
ဆိုေနသကဲ့သို႔ ထူးထူးျခားျခားကို ေလးနက္တည္ၾကည္ေနခဲ့သည္။

ဝမ္႐ႊမ္က သူ႕ကို အခ်ိန္အၾကာႀကီး တိတ္တ
ဆိတ္ ေငးၾကည့္ေနခဲ့သည္။

"ဘာကိုယုံရမွာလဲ?"

က်န္းရီသည္ ႏႈတ္ခမ္းမ်ားကို ဖိကိုက္လိုက္
၏။

"ဒါပဲမဟုတ္ဘူးလား?"

ဝမ္႐ႊမ္က အေဝးသို႔ ၾကည့္၍ ေဖ်ာ့ေတာ့စြာ ၿပဳံးေလသည္။

"အဲ့ဒီ လက္စားေခ်ေပးဖို႔ 'က်န္းရီ' ကိုယ္တိုင္ ငရဲကေန ဆင့္ေခၚလိုက္တဲ့ အၿငိဳးႀကီးတစ္ေဆဆိုတာကိုလား?"

ဤသည္မွာ ခ်င္န်န္က်စ္ႏွင့္ အေျခအတင္ ျဖ
စ္ေနစဥ္က သူ႕ကိုယ္သူ သုံးႏႈန္းခဲ့ေသာ ဇာတ္
ကြက္သာ ျဖစ္ေသာ္လည္း ယခုတြင္မူ ထိုအ
သုံးအႏႈန္းက အေတာ္ေလးကို ထူးဆန္းစြာျဖ
င့္ လက္ေတြ႕ဘဝႏွင့္ အပ္စပ္လုနီးပါး ျဖစ္ေနခဲ့သည္။

"ဆရာတူအစ္ကို......"

က်န္းရီသည္ 'အမွန္တရား'ဟူေသာ အခိုက္အ
တန႔္သို႔ ေရာက္လာၿပီျဖစ္ေၾကာင္းကို နားလ
ည္လိုက္၏။သူ႕အၾကည့္မ်ားသည္ ခဏတာ ေဝ့ဝိုက္သြားေသာ္လည္း ခ်က္ခ်င္းသလို ဝမ္႐ႊမ့္ မ်က္ႏွာေပၚသို႔ တစ္ဖန္ အာ႐ုံစိုက္သြားျပ
န္ေလသည္။

"ဆရာတူအစ္ကို...ကြၽန္ေတာ္တို႔ရဲ႕ ဆက္ဆံေရးက အခုထက္ေတာ့ ပိုၿပီး ဆိုးမသြားေလာ
က္ေတာ့ပါဘူးေနာ္ ဟုတ္တယ္မို႔လား?"

ဤစကားကို ေျပာေနရင္းျဖင့္ သူသည္ ဘယ္ဘက္လက္ျဖင့္ ညာဘက္လက္၏ လက္ေကာ
က္ဝတ္၌ ဝတ္ဆင္ထားေသာ သိုေလွာင္လက္
ေကာက္ကို ဂနာမၿငိမ္စြာ အဆက္မျပတ္ လွ
ည့္ေနခဲ့၏။

ဝမ္႐ႊမ္သည္ က်န္းရီ၏ ခ်ီတုံခ်တဳံျဖစ္ေနေသာ ဝန္ေလးေနမႈႏွင့္ မတည္မၿငိမ္ျဖစ္ေနေသာ စိတ္ကို နားလည္သည့္အတြက္ စိတ္ရွ
ည္စြာ ေစာင့္ဆိုင္းေပးခဲ့သည္။

အတန္ငယ္ၾကာၿပီးေနာက္ က်န္းရီသည္ အ
သက္ျပင္းျပင္းရႈသြင္း၍ လက္ပတ္ကို ႐ုတ္
တရက္ ဆြဲခြၽတ္ကာ ဝမ္႐ႊမ့္လက္ထဲသို႔ ထည့္ေပးလာခဲ့သည္။

"ဆရာတူအစ္ကို. .ကြၽန္ေတာ္ ပိုင္ဆိုင္သမွ် အ
ရာအားလုံးက ဒီထဲမွာရွိတယ္။ဒါကိုယူထားၿပီး အစ္ကို႔အတြက္ ကြၽန္ေတာ့္ရဲ႕ အာမခံခ်က္လို႔ပဲ သေဘာထားလိုက္ပါ။အစ္ကို ကြၽန္ေတာ့္ကို မယုံေသးဘူးဆိုရင္ ကြၽန္ေတာ္ က်ိန္ဆိုၿပီး ကတိျပဳေပးမယ္။တစ္ေန႕မွာ ကြၽန္ေတာ္သာ အစ္ကို႔ကို သစၥာေဖာက္ခဲ့မိရင္ ေရွာင္လႊဲဖို႔ အ
ခြင့္မရွိဘဲ ႏွစ္တစ္ေသာင္းၾကာ အျပစ္ေပးခံရၿပီး ျပန္လည္ေမြးဖြားခြင့္ကို ထာဝရဆုံးရႈံးရပါေစ"

ဒါက သူျပန္ေျဖဖို႔ အခ်ိန္အၾကာႀကီး တြန့္ဆု
တ္ေနတဲ့ ကိစၥလား?

ဝမ္႐ႊမ္သည္ မ်က္လႊာခ်ရင္း စကားဆို၏။

"မင္းဒီလိုလုပ္စရာမလိုပါဘူး"

"အစ္ကိုနဲ႕ကြၽန္ေတာ္က 'မွ်ေဝစာနာျခင္း'ကပ္
ပါးနဲ႕ ခ်ိတ္ဆက္ေနတုန္းပဲ"

က်န္းရီက မရပ္မနား ဆက္ေျပာေလသည္။

"တစ္ေန႕မွာ ကြၽန္ေတာ္ အစ္ကို႔ကို သစၥာေဖာ
က္ခဲ့မိရင္ ကြၽန္ေတာ့္ကို ေျဖရွင္းရမယ့္ နည္းလမ္းကိုအစ္ကို ေသခ်ာေပါက္ ရွာေတြ႕မွာပါ။ကြၽန္ေတာ္လည္း ထြက္ေျပးလို႔ လြတ္နိုင္မွာမဟုတ္ဘူး"

"မင္းဒီလိုလုပ္စရာမလိုပါဘူး"

ထိုအေနအထားမ်ိဳးသို႔ သူ႕ကိုယ္သူ တြန္းပို႔
လိုက္ေသာ က်န္းရီ၏စကားကို ၾကားရေသာ္ ဝမ္႐ႊမ့္မွာ စိတ္ေသာက ေရာက္သြားသလိုလိုပါ ခံစားရေလသည္။

"ငါလိုခ်င္တာက မင္းရဲ႕ကတိေတြ၊သစၥာေတြ၊အာမခံခ်က္ေတြမဟုတ္ဘူး"

"ဒါေပမယ့္ အဲ့တာေတြက အစ္ကို ကြၽန္ေတာ့္ကို ပိုၿပီး ယုံၾကည္လို႔ရမွာေတြ မဟုတ္ဘူးလား?ၿပီးေတာ့ အခု ကြၽန္ေတာ္ေျပာမယ့္ စ
ကားကို ယုံဖို႔..ကြၽန္ေတာ္...တ...တကယ္ေတာ့ ကြၽန္ေတာ္က..."

က်န္းရီသည္ အေတာ္ေလး ရွက္ကိုးရွက္ကန္း
ျဖစ္သြားျပန္ၿပီး သူ႕ႏႈတ္ခမ္းကို ဖိကိုက္၍ အလြန္စိတ္လႈပ္ရွားစြာ ဆိုေလ၏။

"တျခားကမၻာကေနေရာက္လာတာပါ"

ဝမ္႐ႊမ္သည္ ခ်က္ခ်င္း ေတြေဝသြားၿပီး သူ႕ကို
လုံးဝ ေၾကာင္အမ္းစြာ ေငးၾကည့္လာေလသည္။

အတန္ငယ္ၾကာမွ သူ႕ႏႈတ္ခမ္းမ်ားကို ျဖည္းခ်င္းစြာ ဖြင့္ဟလ်က္ တီးတိုးေရ႐ြတ္၍ တုံ႕ျပ
န္လာခဲ့သည္။

"တျခားကမၻာ?"

ထင္တဲ့အတိုင္းပဲ...

က်န္းရီက ထိုစကားကို စိတ္ထဲ၌ ထပ္ခါတလဲလဲ ေျပာလိုက္သည္။ဤပုံစံအတိုင္း ျဖစ္
လာမည္ကို သူသိထားၿပီးသားျဖစ္၏။ႏႈတ္
ခမ္းကို ကိုက္ရင္းျဖင့္ ဆက္တိုက္ကို ကရားေရလႊတ္ ဆက္ေျပာေလေတာ့သည္။

"ေတြ႕လား အစ္ကို႔ကိုေျပာသားပဲ ဒါကယုံဖို႔ခက္ပါတယ္ဆိုေန။ဒါေပမယ့္ အမွန္အတိုင္း ေျပာတာပါ။ကြၽန္ေတာ္က လုံးဝမတူတဲ့ တျခားကမၻာ တစ္ခုကေန ေရာက္လာခဲ့တာ။ကြၽန္ေတာ့္မ်က္လုံးကို ဖြင့္ဖြင့္ခ်င္းပဲ ဒီခႏၶာ
ကိုယ္ထဲ တန္းေရာက္ေနေရာ။အစ္ကို႔ကိုေျပာပါတယ္ ယုံဖို႔အရမ္းခက္ပါတယ္လို႔ မဟုတ္
ဘူးလား..."

အမွန္အားျဖင့္ က်င့္ႀကံသူမ်ားသည္ 'ေလာကသုံးေထာင္'ဟုေခၚေသာ အရာကို သဘာဝအ
ေလ်ာက္သိၾကေပသည္။သို႔ေသာ္ ထိုအရာကို သိ႐ုံသာသိၾက၏။ဤသည္မွာ ဝမ္႐ႊမ့္အေနႏွင့္ အျခားကမၻာမွ ေရာက္လာသူတစ္ဦးကို ပထမဆုံးအႀကိမ္အျဖစ္ ေတြ႕ဖူးျခင္းျဖစ္ေခ်သည္။ထို႔အျပင္ အႏွီပုဂၢိုလ္မွာ သူႏွင့္ အလြန္ကို နီးနီးကပ္ကပ္ ရွိေနသူျဖစ္ရာ သူ႕အေနႏွင့္ ဟန္မေဆာင္နိုင္ေလာက္ေအာင္ကို အံ့ၾသသြားရေတာ့သည္။

"ဒါဆို မင္း တစ္ခ်ိန္လုံး တြန့္ဆုတ္ၿပီး မေျပာခ်င္ ျဖစ္ေနတဲ့ ကိစၥက ငါ မင္းကို မယုံမွာစိုးလို႔ေပါ့?"

ဝမ္႐ႊမ္ေမးလိုက္ရာ က်န္းရီသည္ အဆက္မ
ျပတ္ ရွင္းျပေနျခင္းကို ရပ္၍ ေခါင္းငုံ႕လိုက္
၏။သူ႕ပုံစံမွာ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ပို
၍ ငုံ႕ငုံ႕သြားၿပီး အေမွာင္ထဲတြင္ က်က္စားေန
ေသာ တိရစ္ဆာန္ငယ္ေလးကို ေနေရာင္ေအာ
က္သို႔ အတင္းကာေရာ ဆြဲထုတ္လိုက္သည့္အလား မသက္မသာျဖစ္လို႔ေနေလသည္။ခဏအၾကာတြင္ က်န္းရီသည္ ပါးျပင္မ်ား တစ္ဖန္ နီရဲလ်က္သား ေခါင္းညိတ္ျပလာေတာ့သည္။

"မင္း...."

ဝမ္႐ႊမ့္မွာ သူ႕ကို မည္သို႔မည္ပုံ အျပစ္တင္ရေကာင္းမွန္းေတာင္ မသိေတာ့ေခ်။

"မင္း......"

က်န္းရီ ပူပန္ေသာကမ်ားစြာျဖင့္ ေစာင့္ေနအခိုက္တြင္ ဝမ္႐ႊမ္က ရယ္ေမာရင္း စားပြဲကို ႐ုတ္တရက္ ရိုက္ခ်လိဳက္ေလသည္။

"တကယ္ကို မင္း....အိုင္းယား!မင္း....!မင္းကြာ...."

က်န္းရီခမ်ာမွာ တုန္လႈပ္သြားရျပန္သည္။

"ဆရာတူအစ္ကို ဘာကရယ္စရာေကာင္းေနလို႔လဲ?"

ဟုတ္တယ္...ဘာကမ်ားရယ္စရာေကာင္းေန
လို႔လဲ?

အမွန္ဆိုရေသာ္ ဤအခိုက္တြင္ ရယ္စရာ
ေကာင္းေသာ ကိစၥမ်ိဳး လုံးဝကို ရွိမေနပါေခ်။သို႔ရာတြင္ ခံစားခ်က္ေပါင္းမ်ားစြာက ဝမ္႐ႊမ့္ ႏွလုံးသားကို လိမ္က်စ္ထားသည့္အတြက္ အ
လြန္အမင္း ေလးလံေနခဲ့ရသည္။

ယခုေတာ့ က်န္းရီလွည့္စားရေသာ အေၾကာ
င္းအရင္းကို သူသိသြားၿပီျဖစ္ရာ သူ႕ရင္ဘတ္ေပၚမွ ေတာင္တန္းႀကီးကို တစ္ေယာက္ေယာ
က္က'မ'ယူသြားသလို ခံစားလိုက္ရသည့္အ
တြက္ ရယ္ယုံသာရွိေတာ့သည္။

"မင္းကိုယ္မင္း ျပသနာရွာေနတာကိုပဲ ရယ္မိတာပါ"

ဝမ္႐ႊမ္ကအျပစ္တင္စကားဆိုေလ၏။

"ဒီလို မေျပာမျဖစ္ေတာ့တဲ့ အေခ်အတင္ ျပ
သနာေတြ ျဖစ္လာတဲ့အထိ မင္း ငါ့ကို အခ်ိန္ေတြ အၾကာႀကီး လိမ္ညာထားခဲ့တာက ငါ မင္းကို မယုံမွာစိုးလို႔ေပါ့?ဒီဖုံးကြယ္ထားတဲ့ ကိစၥေၾကာင့္ ငါ မင္းကို အရင္တုန္းထဲက ဘ
ယ္ေလာက္ေတာင္ သံသယေတြ ဝင္ခဲ့ဖူးသလဲ ဆိုတာကို ခန့္မွန္းၾကည့္ပါလား?"

က်န္းရီ၏ မ်က္ႏွာမွာ လိပ္ျပာမလုံစြာ ျဖဴေဖ်ာ့လို႔သြားေလသည္။ထို႔ေနာက္ အေတြးတ
စ္စက ျပန္ကန္နိုင္စြမ္းရွိေသာ သံပတ္ႏွင့္ ခ်ိ
တ္မိသြားသကဲ့သို႔ သူ႕ေခါင္းထဲတြင္ လႊားခနဲ ခုန္ထြက္လာေလသည္။မွန္၊မမွန္ မသိနိုင္ေသးရာ အံ့အားသင့္မႈတို႔ႏွင့္အတူ ဝမ္႐ႊမ့္ကို ဝမ္းသာအားရ လွမ္းၾကည့္ၿပီး

"ဆရာတူအစ္ကို..အစ္ကို...အစ္ကို...ကြၽန္ေတာ့္ကို ယုံတယ္လို႔ ေျပာလိုက္တာလား?"

"ငါမင္းကိုဘာလို႔မယုံရမွာလဲ?"

ဝမ္႐ႊမ္က ၿပဳံးရင္း ျပန္ေမးလိုက္ေလသည္။

သံသယျဖစ္ဖြယ္ေကာင္းေသာ ရႈေထာင့္မ်ား ရွိေနေသးပါေသာ္ျငား အဆုံးတြင္မူ သူေရွ႕၌ ရပ္ေနသူမွာ သူ၏ ဆရာတူညီေလးက်န္းသာျဖစ္၏။လွည့္စားခဲ့ရျခင္း အေၾကာင္းအရင္းကို သူသိရသေ႐ြ႕ေတာ့ တစ္ဖန္ ယုံၾကည္ေပးရန္လည္း ေၾကာက္႐ြံ႕မေနပါေတာ့ေခ်။

ဟုတ္ေပ၏။ဝမ္႐ႊမ္သည္ ဤသို႔ေသာ လူစားမ်ိဳး ျဖစ္ေလသည္။

သူ အရင္တုန္းက တျခားလူေတြအေပၚ မွား
ယြင္းၿပီး ယုံၾကည္ခဲ့မိတယ္ဆိုရင္ေတာင္ ဒါ
ေတြ အားလုံးက က်န္းရီနဲ႕ေတာ့ ဘာမွမဆိုင္ဘူး။အဲ့ဒီလို အေရးမပါတဲ့ လူေတြအတြက္
ေၾကာင့္ေတာ့ က်န္းရီကို ဘာလို႔ အယုံအၾက
ည္ပ်က္ရမွာလဲ?

သူ နားမလည္နိုင္ေသာ ကိစၥတစ္ခုေတာ့ ရွိေနပါေသး၏။

"မင္း ငါ့ရဲ႕ ဇာတ္လမ္းကို ဖတ္ၿပီး ႀကီးျပင္းလာတာလို႔ ေျပာခဲ့တယ္မဟုတ္လား?ဘယ္လိုလုပ္ၿပီး တျခားကမၻာတစ္ခုမွာ....."

"ဟုတ္တယ္!ကြၽန္ေတာ့္ရဲ႕ကမၻာမွာဖတ္ခဲ့တာ!"

ဝမ္႐ႊမ္ထံမွ ယုံၾကည္မႈကို ျပန္လည္ရရွိၿပီးသ
ည္ႏွင့္ က်န္းရီသည္ ေခါင္းေပၚ၌ တိမ္မ်ား က
င္းစင္သြားသလို ခံစားလိုက္ရၿပီး စိတ္လႈပ္
ရွားစြာ ရွင္းျပလာေတာ့သည္။

"အစ္ကို႔ရဲ႕အေၾကာင္းကို စာအုပ္ထဲမွာ ေရး
ထားၿပီး အဲ့ဒါက ကြၽန္ေတာ္ရဲ႕ကမၻာမွာ လွည့္ပတ္ေနခဲ့တာ။ကြၽန္ေတာ္ အဲ့တာကို ဖတ္ရင္း ႀကီးျပင္းလာခဲ့တာေလ ။အရမ္းႀကိဳက္တာပဲ!"

ဤစကားမ်ားသည္ လုံးဝဥႆုံ ျပည့္စုံေနျခ
င္းေတာ့ မဟုတ္ခဲ့။အနည္းဆုံးေတာ့ ထိုဝတၳဳသည္ ဝမ္႐ႊမ့္ ဇာတ္လမ္းကို ေရးသားထားျခ
င္း မဟုတ္ေၾကာင္းကို ရွင္းရွင္းလင္းလင္းေတာ့ မေဖာ္ျပခဲ့ေပ။

သို႔ေသာ္ ဝမ္႐ႊမ္ကေတာ့ သူ႕ကိုယ္သူ ထိုစာအု
ပ္၏ အဓိကဇာတ္ေကာင္ဟုသာ ရိုးရိုးစင္းစ
င္း ထင္မွတ္ၿပီး မတတ္နိုင္ရကား ဂုဏ္ယူမိသြားေလသည္။

"အစ္ကို ပထမဆုံး ေပၚလာတဲ့အခ်ိန္ထဲက ကြၽန္ေတာ့္ရဲ႕ အၾကည့္ေတြကို အစ္ကို႔ဆီကေန ဘယ္လိုမွ ေ႐ႊ႕လို႔မရခဲ့ဘူး!"

က်န္းရီသည္ အႏွီ'ဖြင့္ေျပာျခင္း'ကဲ့သို႔ စကားမ်ားကို တစ္ခြန္းၿပီးတစ္ခြန္း မရပ္မနား ဆက္ေျပာလာခဲ့သည္။

"အဲ့ဒီ ခ်င္ရွိယြီကို အစ္ကိုမွတ္မိေသးလား?အ
ေျခခံတည္ေထာင္ျခင္းအဆင့္တုန္းက သူ႕ကို
ယ္သူ ခြန္အားႀကီးလွၿပီထင္ၿပီး နတ္ဆိုးသား
ရဲကို ရန္သြားစမိလို႔ ေသမလိုျဖစ္ခဲ့တာေလ။အဲ့ဒီအခ်ိန္တုန္းက အစ္ကို အမွတ္တမဲ့ ျဖတ္သြားရင္း သူ႕ကို ေတြ႕ေတာ့ တစ္ကြက္ထဲ ထုတ္သုံးၿပီး ကယ္သြားခဲ့တာဗ်ာ!အရမ္းၾကည့္ေကာင္းတာပဲ!"

ဤသည္မွာ အမွန္တကယ္ကို ဝမ္႐ႊမ္ႏွင့္ ခ်င္ရွိယြီတို႔၏ ပထမဆုံးအႀကိမ္ ေတြ႕ဆုံမႈ ျဖစ္ေပသည္။သို႔ေသာ္ အႏွီ'ေတြ႕ဆုံမႈ'က ခ်င္ရွိယြီ၏ ရႈေထာင့္မွ ေရးသားထားျခင္း ျဖစ္ခဲ့သည္။

ထိုအခ်ိန္တုန္းက ဝမ္႐ႊမ္သည္ ခ်င္ရွိယြီကို ကယ္ၿပီးသည္ႏွင့္ ေၾကာက္စရာေကာင္းေလာ
က္ေအာင္ဆူပူႀကိမ္းေမာင္းၿပီး 'အစြမ္းအစမရွိရင္ေသလမ္းရွာမေနနဲ႕'ဟူသကဲ့သို႔ အစရွိေသာ စကားမ်ားကို ေျပာခဲ့ၿပီးေနာက္ ခ်င္ရွိယြီ၏ မိတ္ေဆြဖြဲ႕ရန္ ကမ္းလွမ္းမႈကိုလည္း ျငင္းဆန္ခဲ့ေသးရာ သူတို႔ႏွစ္ဦးသည္ မိတ္
ေဆြမျဖစ္ခဲ့ယုံသာမက ရန္ၿငိဳး၊ရန္စပါ အမွန္တကယ္ ေပါက္ဖြားလာခဲ့သည္။

ေနာက္ပိုင္းတြင္ ဝမ္႐ႊမ့္စြမ္းအားမ်ားက တိုး
တက္ျခင္း အလ်ဥ္းမရွိဘဲ ၾကန့္ၾကာေနအခို
က္ ခ်င္ရွိယြီ၏ စြမ္းအားကေတာ့ အဆမတန္
တဟုန္ထိုး တိုးတက္သြားခဲ့ေလသည္။သို႔ျဖစ္ရာ'ပထမဆုံးေတြ႕ဆုံးမႈ'က သူတို႔ႏွစ္ဦးအတြ
က္ ပိုလို႔ေတာင္ အရွက္ရစရာ ျဖစ္သြားေတာ့
သည္။

မည္သို႔ပင္ျဖစ္ေစ က်န္းရီကေတာ့ ထိုကိစၥမ်ားကို ဂ႐ုမစိုက္အားေခ်။ထိုႏွစ္မ်ားအတြင္း ဝမ္႐ႊမ့္ကို သူမည္မွ်အထိ တန္ဖိုးထား၍ အ
သိအမွတ္ျပဳခဲ့ေၾကာင္းမ်ားကို ေျပာျပရန္သာ သိေတာ့သည္။က်န္းရီေျပာသမွ်ကို နားေထာ
င္ရင္း ဝမ္႐ႊမ္လည္း အံ့အားသင့္ရေလေလ ျဖ
စ္၏။

သို႔ေသာ္ ဝတၳဳထဲတြင္ ဝမ္႐ႊမ္ေပၚလာေသာ အ
ႀကိမ္အေရအတြက္က အေတာ္ေလးကို ကန့္သတ္ထားျခင္းျဖစ္သည္။တစ္ႀကိမ္ခ်င္းစီကို ေရတြက္ခဲ့ေသာ္ျငား က်န္းရီအတြက္ေတာ့ မလုံေလာက္သလို ခံစားခဲ့ရသည္။

သူသည္ လက္ေတြ႕တြင္ ျဖစ္မလာေသးေသာ ကိစၥမ်ားကိုပါ ေျပာျပမိလုနီးပါး ျဖစ္သြားၿပီး မျမင္နိုင္ေသာ လက္တစ္စုံက လည္မ်ိဳကို လာညွစ္လိုက္သကဲ့သို႔ မနားတမ္း ဖြင့္ေျပာေနျခင္းကို ေကာက္ကာငင္ကာ ရပ္လိုက္ရေတာ့သည္။

ဝမ္႐ႊမ္ကေတာ့ ေျပာစရာကုန္သြားၿပီအထင္ႏွင့္ သက္ျပင္းတစ္ခ်က္ခ်လိဳက္ေလသည္။

ထို႔ေနာက္ ဝမ္႐ႊမ္သည္ သူ႕လက္ထဲမွ လက္
ေကာက္ကို ၾကည့္ၿပီး က်န္းရီကို ျပန္ေပးရန္ ဆုံးျဖတ္လိုက္၏။

"ဒီျပသနာလည္း ရွင္းသြားၿပီဆိုမွေတာ့ လက္
ေကာက္ကို....."

က်န္းရီက အလ်င္စလို ေခါင္းခါျပလာခဲ့သ
ည္။

"ဆရာတူအစ္ကိုပဲ သိမ္းထားသင့္တာပါ။အ
မွန္ေတာ့ ကြၽန္ေတာ္ ဒီလို လုပ္ခ်င္ခဲ့တာ ၾကာၿပီ။ကြၽန္ေတာ္ အစ္ကို႔ကို ေျပာခဲ့သားပဲ။ကြၽန္
ေတာ္ရဲ႕ ပစၥည္းေတြက အစ္ကို႔ရဲ႕ အပိုင္ပါပဲလို႔။ဒီလက္ေကာက္ကို အစ္ကိုနဲ႕ မခြဲထားခ်င္ေတာ့ဘူး"

ဝမ္႐ႊမ္သည္ ရယ္လ်က္ျဖင့္ သူ၏ခါးမွ သို
ေလွာင္အိတ္ကို က်န္းရီထံသို႔ ပစ္ေပးလိုက္ေလသည္။

က်န္းရီက သိုေလွာင္အိတ္ကို လွမ္းဖမ္း၍ သူ႕လက္ထဲ၌ ကိုင္ထားရင္း ဝမ္႐ႊမ့္ ဆိုလိုရင္းကို ႐ုတ္တရက္ သေဘာေပါက္သြားေလရာ ခ်က္
ခ်င္းဆိုသလို သူ႕မ်က္ႏွာမွာ စိတ္လႈပ္ရွားမႈတို႔ႏွင့္အတူ နီျမန္းလာျပန္ေတာ့သည္။

သူသည္ သိုေလွာင္အိတ္ကို မဖြင့္မီ အခန္းေထာင့္ခ်ိဳး တစ္ေနရာကိုေတာင္ အေသအခ်ာ ရွာေဖြလိုက္ေသး၏။အထဲတြင္ အမ်ိဳးမ်ိဳးေသာ ပစၥည္းအစုံအလင္ရွိေနၿပီး သူၾကည့္ေလေလ နားမလည္နိုင္စရာေကာင္းေလာက္ေအာင္ကို သူ႕မ်က္ႏွာက ပိုနီျမန္းလာေလေလျဖစ္သည္။

'မွ်ေဝစာနာျခင္း'ကပ္ပါးေၾကာင့္ သိုေလွာင္အိ
တ္ျဖစ္ေစ သိုေလွာင္လက္ေကာက္ျဖစ္ေစ ႏွစ္ခုစလုံးက သူတို႔ႏွစ္ဦးစလုံးကို ပိုင္ရွင္အျဖစ္ သတ္မွတ္ထားသကဲ့သို႔ မတူညီေသာ ဝိဥာဥ္စြမ္းအားမ်ားျဖစ္လင့္ကစား တုံ႕ျပန္ျခင္း မျပဳလာၾကေပ။

ထိုစဥ္တြင္ က်န္းရီ၏ လက္ေကာက္ထဲရွိ ပစၥ
ည္းမ်ားမွာ...လုံးဝန္းေသာ ေက်ာက္စိမ္းေမွာ္လက္နက္၊က်ီက်စ္အန္းထံမွ ရရွိခဲ့ေသာ ဝိဥာဥ္ေက်ာက္တုံးမ်ား၊က်င့္ႀကံျခင္းနည္းလမ္း
မ်ား ပါဝင္သည့္ ေက်ာက္စိမ္းအပိုင္းအစအ
ခ်ိဳ႕၊ခ်ီက်ိပိုင္ေပးခဲ့ေသာ ဝိဥာဥ္လဲလွယ္ျခင္းဆန္ကာႏွင့္ ဝမ္႐ႊမ္ေပးထားေသာ ပစၥည္းတို႔ျဖစ္ေလသည္။

ယခင္ထဲကအေတာ္မ်ားမ်ားကို ဝမ္႐ႊမ္ျမင္ဖူးၿပီးျဖစ္ရာ စိမ္းသက္မေနပါေတာ့ေလ။သို႔
ေသာ္ ထိုရင္းႏွီးၿပီးသား ပစၥည္းမ်ားကို ေမႊ
ႏွောက္ေနရင္းျဖင့္ တစ္စုံတစ္ခုကို မေမွ်ာ္လင့္စြာ ေတြ႕လိုက္ရေတာ့သည္။

ေ႐ႊနက္သတၱဳရိုင္းတစ္ဆယ့္ႏွစ္ခု။

ဝမ္႐ႊမ္သည္ ထိုေ႐ႊနက္သတၱဳရိုင္းမ်ားကို လ
က္ေကာက္ထဲမွ ထုတ္၍ စားပြဲေပၚသို႔ သပ္သ
ပ္ရပ္ရပ္ တင္လိုက္၏။

"ဒါေတြကို ေျဖရွင္းဖို႔ အခ်ိန္ေတာင္ မရခဲ့ဘူး"

ဝမ္႐ႊမ့္လႈပ္ရွားမႈကို သတိျပဳမိသည္ႏွင့္ က်န္းရီက တြန့္ဆုတ္တြန့္ဆုတ္ျဖင့္ ရွက္႐ြံ႕စြာ ရွင္းျပလာခဲ့သည္။

ဝမ္႐ႊမ္ ၿပဳံးလိုက္၏။က်န္းရီႏွင့္ ပထမဆုံး စေတြ႕ခဲ့သည့္ အခ်ိန္ကို အမွတ္ရမိသြားေလသ
ည္။ထိုအခ်ိန္တုန္းက ဝမ္႐ႊမ္ႏွင့္ ရင္းႏွီးခြင့္ရရန္ က်န္းရီသည္တံခြန္တိမ္တိုက္ဂိုဏ္းတြင္ က်န္ရွိေနေသာ ေ႐ႊနက္သတၱဳရိုင္း တစ္ဆယ့္သုံးခုစလုံးကို လဲလွယ္ၿပီး တစ္ဖက္လူကို ေ႐ြး
ခ်ယ္စရာ အခြင့္မေပးဘဲ သူႏွင့္အတူ ေရွး
ေဟာင္းဗိမာန္သို႔ ခရီးႏွင္ရမည့္ တာဝန္ကို လက္ခံေစရန္ တြန္းအားေပးခဲ့ျခင္းျဖစ္သည္။

ေနာက္ပိုင္းတြင္ ဝမ္႐ႊမ့္ကို ေ႐ႊနက္သတၱဳရိုင္းတစ္ခု ေပးခဲ့ၿပီး က်န္ရစ္ေသာ ေ႐ႊနက္သတၱဳ
ရိုင္း တစ္ဆယ့္ႏွစ္ခုမွာ ယခု သူ႕မ်က္စိေရွ႕တြ
င္ ျမင္ေနရေသာ သတၱဳရိုင္းမ်ားပင္ မဟုတ္ပါေလာ?

ထိုအခ်ိန္က ဝမ္႐ႊမ္ကိုယ္တိုင္ေတာင္ ေ႐ႊနက္သတၱဳရိုင္း တစ္ဆယ့္သုံးခုစလုံးကို လဲလွယ္နိုင္သူမွာ အေတာ္ေလးကို ႂကြယ္ဝသူတစ္ဦး ျဖစ္လိမ့္မည္ဟု ထင္ခဲ့ဖူးသည္။

အခုေတာ့ ၾကည့္စမ္းပါအုံး...ဘယ္ကလူခ်မ္း
သာေလးျဖစ္ရမွာလဲ?

သိပ္မၾကာေသးခင္က အျခားသူမ်ား ေပးခဲ့ေသာ ပစၥည္းမ်ားႏွင့္ ထိုလုံးဝန္းေသာ ေက်ာ
က္စိမ္းေမွာ္လက္နက္မွ လြဲ၍ က်န္းရီတြင္ ဘာပစၥည္းမွ မ်ားမ်ားစားစား မရွိေခ်။

"ဒါေတြက..."

ဝမ္႐ႊမ္သည္ ထိုေ႐ႊနက္သတၱဳရိုင္းမ်ားကို လ
က္ညွိုးထိုးျပၿပီး

"အဲ့ဒီတုန္းက မင္းမွာရွိသမွ် ပစၥည္းေတြအား
လုံးနဲ႕ လဲၿပီးမွ ရခဲ့တာလို႔ေတာ့ မေျပာနဲ႕ေနာ္?"

"ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ!"

က်န္းရီက ျပတ္ျပတ္သားသား ျငင္းဆိုလာခဲ့သည္။

သို႔ေသာ္ သူ႕မ်က္ႏွာေပၚမွ ရွက္႐ြံ႕ေနေသာ အ
မူအယာေၾကာင့္ ထိုစကားမွာ အတင့္ရဲေသာ ပါးစပ္ေလးႏွင့္ ေခါင္းမာစြာ ေရွာင္တိမ္းေျပာ
ဆိုလိုက္ျခင္းသာ ျဖစ္ေပသည္။

"အမ်ားဆုံးေတာ့ တစ္ဝက္ေလာက္....."

ေကာင္းၿပီ....တစ္ဝက္ေပါ့။

ဝမ္႐ႊမ္က ရယ္ေမာရင္း သတၱဳရိုင္းမ်ားကို လ
က္ေကာက္ထဲသို႔ ျပန္ထည့္လိုက္ေလသည္။

"ငါ့အနားကို ေရာက္လာခ်င္တာနဲ႕ပဲ မင္းပစၥ
ည္းေတြရဲ႕ တစ္ဝက္ေလာက္ကိုေတာင္ ေရာင္းခဲ့တယ္ေပါ့ေလ?"

"အဲ့တာေလးမ်ား ဘာျဖစ္လဲ!'

က်န္းရီက ေခါင္းကိုေမာ့ကာ မ်က္ဝန္းမ်ားကို ေမွးစင္းလ်က္ ေလးေလးနက္နက္ ေမးျမန္းလာခဲ့သည္။

"ဆရာတူအစ္ကို  ဒီကမၻာထဲကို ကြၽန္ေတာ္ ဘာလို႔ ေရာက္လာခဲ့တယ္ထင္လဲ?"

ဤေမးခြန္းကို ၾကားလိုက္ရေသာအခါ ဝမ္႐ႊမ့္ႏွလုံးသားက ခ်က္ခ်င္း တုန္ယင္သြားခဲ့သ
ည္။

က်န္းရီ အသက္ျပင္းျပင္းရႈသြင္းၿပီး ျပန္ေျဖေပးေတာ့မည့္ အခိုက္တြင္ စားပြဲေပၚတြင္ ေန
ရာခ်ထားေသာ ကေလးငယ္က ႐ုတ္တရက္ ငိုေႂကြးျပန္ေလရာ စိတ္ထဲ၌ က်ိန္ဆဲရင္း ထိုေနရာသို႔ အေျပးသြားရေတာ့သည္။ၿခဳံထားေသာအဝတ္ကို ဖယ္ၾကည့္လိုက္ရာ က်န္းရီ
၏ မ်က္ႏွာမွာ စိမ္းဖန့္သြားရျပန္ေလသည္။

ဒီေကာင္ေလးကေတာ့ တကယ္ႀကီး ေသးေပါ
က္ခ်လိဳက္တာပဲ။

"ဆရာတူအစ္ကို....."

က်န္းရီက ဝမ္႐ႊမ့္ကို လွမ္းၾကည့္ၿပီး အကူအ
ညီ ေတာင္းလိုက္၏။

"ဘာလဲ?"

ဝမ္႐ႊမ္က ၿပဳံးရင္း ျပန္ေမးလာခဲ့သည္။

"ဒီလိုကိစၥေတြကို အရင္တုန္းက ငါလုပ္ဖူးတ
ယ္လို႔မ်ား ထင္ေနတာလား?"

က်န္းရီခမ်ာမွာ ေခါင္းငုံ႕လိုက္႐ုံသာ ရွိေတာ့
သည္။

ဟုတ္ပါၿပီ....ဒါကအႏွီးတစ္ထည္ပဲမဟုတ္လား?

သူကိုယ္တိုင္ တစ္ခါမွ မလဲဖူးေသာ္လည္း အနည္းဆုံးေတာ့ သူ႕ညီေလးရဲ႕အႏွီးကို အေမကိုယ္တိုင္ လဲေပးေနတာကိုေတာ့ ၾကည့္ခဲ့ဖူး
သည္။

စြန့္ပယ္နိုင္ျခင္း မရွိေသာ ခံစားခ်က္တစ္ခုက က်န္းရီ၏ ရင္ဘတ္ထဲတြင္ ေလာင္ၿမိဳက္လာခဲ့သည္။ထိုခံစားခ်က္ကို အားစိုက္၍ ခ်က္ခ်
င္း ဖယ္ထုတ္လိုက္ၿပီး သူ႕မွတ္ဥာဏ္ထဲမွ ပုံရိ
ပ္မ်ားကိုသာ ျပန္ေတြးရင္း အလုပ္ရႈပ္ေနလိုက္သည္။

သူ႕ကိုၾကည့္ရတာ....အေတာ္ေလး ယုံၾကည္အားကိုးခ်င္စရာ ေကာင္းလွ၏။

ဝမ္႐ႊမ္သည္ အလုပ္ရႈပ္ေနေသာ က်န္းရီကို ကုတင္ေဘးတြင္ ထိုင္ၾကည့္လ်က္ရွိသည္။ထူးဆန္းသည္မွာ သူ႕ႏွလုံးသားထဲမွ တစ္ေန
ရာက ပို၍ တည္ၿငိမ္သြားသေယာင္ ခံစားလို
က္ရသည္။

"ဆရာတူညီေလးက်န္း"

သူ႐ုတ္တရက္လွမ္းေမးလိုက္၏။

"မင္းရဲ႕အတိတ္က.....မွတ္ဥာဏ္ခ်ိဳ႕ယြင္းေနတဲ့ကေလးနဲ႕ေတာ့ မတူေလာက္ဘူး ထင္တ
ယ္။အဲ့ဒီအျဖစ္ဆိုးေတြကို မင္းကေတာ့ တစ္
ခါမွ မႀကဳံခဲ့ဖူးဘူး မဟုတ္လား?"

က်န္းရီ၏ အလုပ္ရႈပ္ေနေသာ လက္မ်ားသ
ည္ ႐ုတ္တရက္ ေတာင့္တင္းသြားကုန္သည္။ထို႔ေနာက္ သူက ၿပဳံးရင္း ျပန္ေျဖလာခဲ့သည္။

"ဟုတ္တာေပါ့။ကြၽန္ေတာ္ အရင္တုန္းက အ
ရမ္းေပ်ာ္႐ႊင္ခဲ့ရတာပါ"

ဝမ္႐ႊမ့္ႏွလုံးသားထဲမွ ေနရာေလးတစ္ခုသည္ ယခုေတာ့ လုံးဝကို ေအးခ်မ္းသြားခဲ့ေလၿပီ။

က်န္းရီသည္ ေနာက္ဆုံးတြင္ ခက္ခဲေသာ အ
လုပ္မ်ားကို ၿပီးေျမာက္သြားၿပီး ကေလးငယ္ကိုလည္း အိပ္ေပ်ာ္ေအာင္ ေခ်ာ့ျမဴသိပ္ၿပီးေနာက္ လက္ကို ေဆးေၾကာသန့္စင္ရန္ ထြက္သြားခဲ့သည္။သူျပန္ေရာက္သည့္အခ်ိန္တြင္ ဝမ္႐ႊမ္ကေတာ့ မိုးေရစိုေနေသာ အဝတ္အ
စားမ်ားျဖင့္ ကုတင္ေခါင္းရင္းတြင္ ႏွစ္ႏွစ္ၿခိဳ
က္ၿခိဳက္ အိပ္ေပ်ာ္ေနေလၿပီ။

က်န္းရီ၏ ႏႈတ္ခမ္းစြန္းေလးမ်ား ေကာ့တက္သြားရသည္။ခ်က္ခ်င္းပင္ ေခါင္းကိုက္သလို ခံစားရၿပီး ဝမ္႐ႊမ့္အဝတ္မ်ားကို ဝိဥာဥ္စြမ္းအ
င္ျဖင့္ေျခာက္ေသြ႕ေအာင္ ျပဳလုပ္ေပးရန္အ
ေရွ႕သို႔ ခပ္ျမန္ျမန္ တိုးလာခဲ့သည္။ေကာင္း
ေသာ အရာသည္ကား သူလည္း အေျခခံတ
ည္ေထာင္ျခင္းအဆင့္တြင္ ေရာက္ေနၿပီျဖစ္ေသာေၾကာင့္ ဤကိစၥေလာက္ကေတာ့ ခက္ခဲေသာ အရာမ်ိဳး မဟုတ္ေတာ့ေခ်။ထို႔ေနာက္ ဝမ္႐ႊမ့္ကို ေစာင္ၿခဳံေပးလိုက္၏။

ဝမ္႐ႊမ္က အတန္ငယ္ အသိစိတ္ရွိေနဆဲျဖစ္ၿပီး မ်က္ေတာင္မ်ားကို ခပ္သာသာ ပုတ္ခတ္လိုက္ေသာ္လည္း သူ႕နံေဘးတြင္ ရွိေနသူက က်န္းရီျဖစ္တာေၾကာင့္ မ်က္ဝန္းမ်ားကို မဖြင့္ေတာ့ဘဲ သက္ေတာင့္သက္သာ ဆက္လွဲေနလိုက္သည္။

က်န္းရီက ထြက္မသြားဘဲ ထိုေနရာတြင္ အၾကာႀကီး မတ္တပ္ရပ္ေနခဲ့သည္။

အတန္ငယ္ၾကာၿပီးေနာက္ ထိုပုံရိပ္ေလးက
ဝမ္႐ႊမ့္မ်က္ႏွာႏွင့္ ထိမိလုနီးပါး တိုးကပ္လာခဲ့သည္။

က်န္းရီက ဝမ္႐ႊမ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္
ေပ်ာ္ေနၿပီအထင္ႏွင့္ အေရွ႕သို႔ ငုံ႕လာၿပီး သူ႕ႏႈတ္ခမ္းမ်ားကို ဖြင့္ဟလ်က္ ဝမ္႐ႊမ့္ႏႈတ္
ခမ္းမ်ားကို တိတ္တခိုး အရသာခံေလသည္။

ေစာင္အတြင္း၌မူ ဝမ္႐ႊမ္သည္ အိပ္ယာခင္းကို  ညာဘက္လက္ျဖင့္ ႐ုတ္တရက္ ဖမ္းဆြဲၿပီး ဆုပ္ကိုင္လိုက္သည္။ထို႔ေနာက္ သူသည္ ဘာကိုမွ မသိေလဟန္ျဖင့္ ထိုအခင္းကို ျဖည္းျဖည္းခ်င္း လႊတ္ခ်လိဳက္ေတာ့သည္။

            ......................................
းနမ္းတာလူမိကုန္ၿပီ ဘယ့္ႏွယ္လုပ္ၾကမလဲ😩

Continue Reading

You'll Also Like

11.7K 1.1K 7
•Original Title - 最后一百天 •English Title - The Final 100 Days •Author - 买菜 •Genres - Tragedy...
16K 2K 6
Original author-象八亿 English translator-8oni I got the permission from the English translator. I don't own any part of this story.This is just fun t...
56.2K 8.6K 31
• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fan...
274K 51.7K 68
Type : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations G...