၁၉၉၀....ဆီသို့[Complete]

By Zayarminhtut17

44.6K 3.5K 232

အဖေနဲ့ မတည့်တဲ့ သားငယ်ဖြစ်သူဟာ accidentဖြစ်ပြီး အဖေဖြစ်သူ၏ ငယ်ရွယ်စဉ် အချိန်ဖြစ်တဲ့ ၁၉၉၀ဆီသို့ ရောက်သွားသောအခ... More

Author Note
အခန်း(၁)(Uni+Zaw)
အခန်း(၂)(Uni+Zaw)
အခန်း(၃)(Uni+Zaw)
အပိုင်း(၄)(Uni+Zaw)
အပိုင်း(၅)(Uni+Zaw)
အခန်း(၆)(Uni+Zaw)
အခန်း(၇)(Uni+Zaw)
အခန်း(၈)(Uni+Zaw)
အခန်း(၉)(Uni+Zaw)
အခန်း(၁၀)(Uni+Zaw)
တီတီတာတာ စကားလေးတွေပြောကြမယ်
အခန်း(၁၁)(Uni+Zaw)
အခန်း(၁၂)(Uni+Zaw)
အခန်း(၁၃)(Uni+Zaw)
အခန်း(၁၄)(Uni+Zaw)
အခန်း(၁၅)( Uni+Zaw)
အခန်း(၁၆)(Uni+Zaw)
အခန်း(၁၇)(Uni+Zaw)
hey
အခန်း(၁၈)(Uni+Zaw)
အခန်း(၁၉)(Uni+Zaw)
အခန်း(၂၀)(Uni+Zaw)
အခန်း(၂၁)(Uni+Zaw)
တီတီတာတာ စကားလေး ထပ်ပြောကြမယ်
အခန်း(၂၂)(Uni+Zaw)
အခန်း(၂၃)(Uni+Zaw)
hey
အခန်း(၂၄)(Uni+Zaw)
အခန်း(၂၅)(Uni+Zaw)
အခန်း(၂၆)(Uni+Zaw)
အခန်း(၂၇)(Uni+Zaw)
အခန်း(၂၈)(Uni+Zaw)
အခန်း(၂၉)(Uni+Zaw)
အခန်း(၃၁)(Uni+Zaw)
အခန်း(၃၂)(ဇာတ်သိမ်း)
ကျေးဇူတင်လွှာ
Extra -1
Extra 2
Extra- 3
Extra - 4
Extra - 5
တီတီတာတာလေးတွေပြောကြမယ်
Extra - 6

အခန်း(၃၀)(Uni+Zaw)

661 54 0
By Zayarminhtut17

#Unicode#

၁၉၉၀.....ဆီသို့


••••••••••••••••••


အခန်း(၃၀)

မနက်ခင်း မိုးစင်စင်ပင် လင်းချေပြီ။ စောမင်းထွဋ်လည်း မယ်ဇလီဖူး ခူးစရာမလိုတော့ဘူး ဆိုတာကို မေ့ပြီး အစောကြီး ‌အိပ်ယာက နိုးနေတော့၏။ သို့မဟုတ်ရင်လည်း ဖြိုးသီဟနဲ့ တိုင်ပင်ထားတဲ့ အကြံအစည်အတွက် စိတ်လှုပ်ရှားပြီး ထတာလည်း ဖြစ်နိုင်တာဘဲလေ။ စောမင်းထွဋ် ဘေးဘီကို ‌တစ်ချက် ဝေ့ကြည့်လိုက်၏။ ဦးလေးဖြစ်သူ ဦးတင်ထွဋ်ကို ခုတင်ထက်တွင် မတွေ့တော့ပေ။ အစောကြီး နိုးပြီး အခန်းထဲက ထွက်သွားပြီနဲ့ တူပါရဲ့။

နောက်ပြီး စောမင်းထွဋ်၏ အကြည့်တွေက အဖေဖြစ်သူ ဦးသန်းထွဋ် ဆီသို့ ကျရောက်သွားလေသည်။ အဖေဖြစ်သူ ဦးသန်းထွဋ်မှာ အိပ်မောကျလျက် ရှိနေတော့သည်။ ကားပြေးတာ မထွက်သေးတော့ အိပ်ရေး၀အောင် အိပ်နေ‌သည်နဲ့ တူပါရဲ့။

ဒါနဲ့ စောမင်းထွဋ်လည်း အဖေဖြစ်သူကို မနိုးတော့ဘဲ ဒီအတိုင်း ခုတင်ပေါ်က အသာလေးဆင်းကာ အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်။ အခန်းပြင်ရောက်တော့ အချိန်နာရီကို တစ်ချက် လှမ်းကြည့်မိလိုက်သည်။ လေးနာရီပင် ရှိသေးသည်။ ခါတိုင်း စောမင်းထွဋ် ထနေကျ အချိန်ပေတည်း။ သို့နှင့် စောမင်းထွဋ်လည်း ‌မျက်နှာသစ်ဖို့ရန်အတွက် နောက်ဖေးသို့ သွားလိုက်သည်။

နောက်ဖေး ရေတွင်းနားသို့အသွား မီးဖိုချောင်ကို အဖြတ်မှာ ထမင်းအိုးတည်နေတဲ့ အဒေါ်ဖြစ်သူ ဒေါ်စန်းရီကို စောမင်းထွဋ် တွေ့လိုက်ရလေသည်။ ထမင်းအိုးတည်နေတဲ့ ဒေါ်စန်းရီလည်း စောမင်းထွဋ်ကို တွေ့သွားသည်နှင့် တူလေရဲ့။

"မောင်လေးရယ်........ မယ်ဇလီဖူး ရောင်းရတော့မှာလည်း မဟုတ်တာကို......ဘာလို့များ အစောကြီးထလာရတာလဲ........ အဲ့တာများ ဆက်အိပ်နေလိုက်တာ မဟုတ်ဘူး" ဟု ထမင်းအိုးတည်နေတဲ့ ဒေါ်စန်းရီမှ ပြောလာသည်။

"ရပါတယ် အမ........ ဘာမှမဖြစ်ပါဘူး....... လူက အစောကြီး နိုးနေတော့ ဆက်မအိပ်ချင်တော့နဲ့ ထလာလိုက်တာပါ........"

"အေးပါ....... အေးပါ......... ဟုတ်ပါပြီ"

‌အဒေါ်ဖြစ်သူ ဒေါ်စန်းရီလည်း ပြောပြီးရော စောမင်းထွဋ်လည်း နောက်ဖေး ရေတွင်းနားသို့ တန်းသွားလိုက်လေသည်။ ရေတွင်းနား ရောက်တော့ ဦးလေးဖြစ်သူ ဦးတင်ထွဋ် မျက်နှာသစ်နေသည်ကို တွေ့လိုက်ရလေသည်။ ဒါနဲ့ စောမင်းထွဋ်လည်း ဦးတင်ထွဋ် ပြီးတာနဲ့ တစ်ခါတည်း မျက်နှာသစ်လိုက်သည်။

မျက်နှာသစ်ပြီးသွားတော့ စောမင်းထွဋ် တစ်ယောက် အိမ်ရှေ့ ၀ရံတာလေးမှာ ထိုင်နေလေသည်။ ဒေါ်နန်းအုန်းရွှေ၊ ဒေါ်စန်းရီနှင့် ‌ဦးတင်ထွဋ်တို့ကတော့ ဈေးသွားဖို့အတွက် ပြင်ဆင်နေကြလေသည်။ စောမင်းထွဋ်မှာတော့ မှိုင်မှိုင်တွေတွေဖြင့် ထိုင်နေလေရဲ့။ ခါတိုင်းဆိုလျှင် အစောကြီး ထပြီး မယ်ဇလီဖူး ခူးခဲ့ရသည် မဟုတ်ပါလား။ မယ်ဇလီဖူး ခူးပြီးတော့လည်း ဈေးရောင်းဖို့အတွက် ပြင်ဆင်ခဲ့ရလေသည်။ အခုတော့ အဲ့တာတွေ တစ်ခုမှ မလုပ်ရတော့ စောမင်းထွဋ် တစ်ယောက် ပျင်းလို့နေလေ၏။

ဒါနဲ့ တစ်ယောက်ထဲ အိမ်မှာ ပျင်းပျင်းနဲ့ ကျန်နေခဲ့ရမည်ကို တွေးမိပြီး စောမင်းထွဋ် အစောကြီးကတည်းက အပျင်းတစ်နေတော့သည်။ ဒါကြောင့် စောမင်းထွဋ် ဈေးလိုက်သွားဖို့ကို ဆုံးဖြတ်လိုက်ရလေသည်။ ဈေးကို မရောက်သည်မှာလည်း နှစ်ရက်ပင် ရှိနေလေပြီ။ ဒါကြောင့် ဈေးလိုက်သွားဖို့ ဆုံးဖြတ်လိုက်ရတာဘဲ ဖြစ်သည်။

ခဏနေတော့ ဈေးသွားမယ့်သူတွေ အိမ်ပြင်သို့ ထွက်လာကြလေသည်။ ဒါနဲ့ စောမင်းထွဋ်လည်း အတူလိုက်သွားဖို့ ပြောလိုက်ပါတော့သည်။ ဈေးသွားမယ့် သူများကလည်း စောမင်းထွဋ် လိုက်လာမှာကို မတားပေ။ ဒီအတိုင်း လိုက်ခဲ့ဖို့ ပြောလာတော့၏။ ဒီလိုနှင့် ဦးသန်းထွဋ်ကို အိမ်တွင် တစ်ယောက်ထဲ ထားခဲ့ကာ ဈေးသို့သွားကြလေသည်။

တစ်နာရီလောက် ဈေးသွားလို့ အပြီးမှာတော့ အိမ်သို့ ပြန်လာကြတော့သည်။ ဈေး၀ယ်သွားကြတဲ့ သူများက အိမ်ခြံ၀န်းထဲ ၀င်လာတော့ ဒူးတစ်ဖက် ထောင်ထားကာ အိမ်‌ရှေ့၀ရံတာလေးတွင် ထိုင်နေသည့် ဦးသန်းထွဋ်ကနေမှ ထလာပြီးတော့ ပစ္စည်းပစ္စယများကို သယ်ကူဖို့ အနားသို့ ရောက်ချလာပါတော့သည်။

"အမလေး...... မလိုပါဘူး ဖိုးကြီးရယ်" ဟု ဒေါ်စန်းရီက ပြောလိုက်သည်။

ဒေါ်စန်းရီက မလိုဘူးဟု ပြောပေမယ့်လည်း ဦးသန်းထွဋ်မှာ အမဖြစ်သူ လက်ထဲက အထုပ်တွေကို ယူလိုက်ပါသေးသည်။

ပြီးနောက် "သယ်ပေးမယ့်သူ ရောက်လာတာကို...... ဘာလို့ မလိုဘူးလို့ ပြောရတာလည်း မီးမီးကလည်း လာသယ်ပေးတဲ့သူ စိတ်မကောင်း ဖြစ်အောင်လို့" ဆိုကာ ဦးသန်းထွဋ် ပြောလိုက်ပါလေသည်။

"အေးပါ...... အေးပါ........ ကဲ..... ဒီထဲက တစ်ချို့အထုပ်တွေပေး...... ဆွမ်းတော် ပြင်ဖို့" လို့ ပြောကာ ဒေါ်စန်းရီမှ မောင်ဖြစ်သူ ဦးသန်းထွဋ် လက်ထဲမှ အထုပ်တစ်ချို့ကို ယူကာ ဆွမ်းတော်ပြင်ဖို့အတွက် မီးဖိုချောင်သို့ သွားလေတော့သည်။

အထုပ်တွေ သယ်လာကြတဲ့ ဦးတင်ထွဋ်နှင့် စောမင်းထွဋ်တို့မှာလည်း အထုပ်တွေကို အိမ်ရှေ့၀ရံတာလေးတွင် ခဏလောက် ထားလိုက်ကြပြီး နားလိုက်ပါလေသည်။ ဦးသန်းထွဋ်ကတော့ ဈေးကနေ ဘာတွေများ ၀ယ်လာလေသလဲဆိုတာ ဟိုရှာဒီရှာဖြင့် စူးစမ်းနေတော့၏။

"ဟ........ ဒီနေ့က ငပိရည်ကျိုစားကြမှာပေါ့လေ" ဟု ဦးသန်းထွဋ် အထုပ်တွေကို စူးစမ်းပြီးတော့ ပြောလာပါလေသည်။

"ဟုတ်တယ်........ အ‌စောက စားချင်လို့တဲ့လေ" ဆိုပြီး ဦးတင်ထွဋ်က အကိုဖြစ်သူကို ပြန်ဖြေလိုက်လေသည်။

"ဟုတ်လား....... အစောဆိုကာမှ ငါက မနက်ထလာတော့ လိုက်ရှာတာ အိမ်ကသူတွေလည်း မရှိ၊ အစောလည်း မရှိဘူးဆိုတော့ ငါက အစောများ ငါ့ကို နှုတ်ဆက်ဘဲ ပြန်သွားပြီလားပေါ့လေ......... နောက်မှ ဈေးလိုက်သွားတာနေမှာပါလို့ တွေးလိုက်ရတာ"

"ကျွန်တော်ပြန်ရင် အကို့ကို အရင်နှုတ်ဆက်မှာပါ....... အဲ့တာကြောင့် အကို့ကို မနှုတ်ဆက်ဘဲ ပြန်သွားမယ်ဆိုတာမျိုး မဖြစ်စေရပါဘူး"

"အေးပါ...... အေးပါကွာ........."

"ဒါဖြင့် အကိုသန်းထွဋ်ကိုဘဲ နှုတ်ဆက်ပြီး ငါတို့ကိုကျတော့ မနှုတ်ဆက်ဘူးပေါ့လေ" ဟု ဦးတင်ထွဋ်က ၀င်ပြောလာသည်။

"အဲ့လို မဟုတ်ဘူးလေ...... အကိုလေးကလည်း.... အကိုသန်းထွဋ်ကို အရင်နှုတ်ဆက်မယ်လို့ ပြောတာပါ..... အကိုလေးတို့ အမတို့ကိုလည်း နှုတ်ဆက်သွားမှာပါ"

"ဟုတ်ပါပြီ....... ငါက စတာပါကွာ" ဆိုပြီး ဦးတင်ထွဋ်က ထပ်ပြောလာလေသည်။

ထိုအချိန် အိမ်ရှေ့သို့ ဒေါ်စန်းရီ ရောက်လို့လာလေသည်။

"ကဲ....... ဒီညီအကိုတွေ ဘာတွေစကားကောင်းနေကြတာလဲ"

"ဒီလိုပါဘဲ ဟိုဟိုဒီဒီလျှောက်ပြောနေကြတာပါ အမ" ဟု စောမင်းထွဋ် ပြန်ဖြေလိုက်သည်။

"ကဲ......ကဲ...... နောက်ဖေးကို လာခဲ့ကြတော့....... မနက်စာ စားကြမယ်" လို့ ပြောပြီး ဒေါ်စန်းရီလည်း အိမ်ထဲ ၀င်သွားချေသည်။

"ကဲ...... မနက်စာ စားကြမယ်တဲ့ဟေ့" ဆိုကာ ဦးသန်းထွဋ်လည်း ၀င်သွား‌လေသည်။

ဒါနဲ့ စောမင်းထွဋ်နှင့် ဦးသန်းထွဋ်လည်း လိုက်၀င်သွားလိုက်ပါလေသည်။ နောက်ဖေးမှာ ဦးသန်းထွဋ်တို့ တစ်သိုက် မနက်စာ စားပြီးနေကြတဲ့အချိန်တွင် မနက်စာ စားပြီးတဲ့ ဒေါ်နန်းအုန်းရွှေ၏ ဘုရားရှိခိုးသံက တစ်လွင့်လွင့် ထွက်ပေါ်လာလေတော့၏။

ဒီလိုနှင့် မနက်စာ စားပြီးသွားတော့ အားလုံးက အလုပ် ကိုယ်စီဖြင့် မအားကြတော့ချေ။ ဒေါ်နန်းအုန်းရွှေမှာ အထည်တွေ ချုပ်ရပေအုန်းမည်။ ဒေါ်စန်းရီမှာလည်း နေ့လည်စာ ချက်ပြုတ်ဖို့အတွက် ပြင်ရဆင်ရအုန်းမည်။ ဦးတင်ထွဋ်ကလည်း အလုပ်ရှာဖို့ ဆိုကာ ထွက်သွားလေသည်။ အိမ်တွင် အားနေတဲ့ သူကတော့ စောမင်းထွဋ်နှင့် ဦးသန်းထွဋ်သာ ရှိတော့သည်။

စောမင်းထွဋ်မှာ အိမ်ရှေ့၀ရံတာလေးမှာ ထိုင်ပြီး ဟိုကြည့်ဒီကြည့် လုပ်နလေသည်။ ဦးသန်းထွဋ်ကတော့ အိမ်ထဲတွင် သတင်းစာ ဖတ်နေလေရဲ့။ ဒါနဲ့ စောမင်းထွဋ်လည်း အဖေဖြစ်သူ ဦးသန်းထွဋ်ကို ကြံစည်ထားတဲ့ အတိုင်း ခုချိန် လှုပ်ရှားမှ ဖြစ်မယ်ဆိုကာ စောမင်းထွဋ် တစ်ယောက် အဖေဖြစ်သူနားသို့ သွားဖို့ ပြင်လိုက်ချိန်မှာပင် အိမ်ရှေ့သို့ ကားတစ်စီး ထိုးရပ်လာပါတော့သည်။ ဒါနဲ့ စောမင်းထွဋ်လည်း ဘယ်သူဆိုတာကို သေချာလေး ကြည့်လိုက်ပါလေသည်။

ကားကနေ ဆင်းလာသည့် သူကတော့ စောမင်းထွဋ်၏ ချစ်ရသူ ဖြိုးသီဟပင် ဖြစ်သည်။ စောမင်းထွဋ် တစ်ယောက်ကတော့ ရယ်မရလိုလို၊ ငိုရမလိုလို ဖြစ်လို့သွားလေသည်။

"ဟေ့ ငါညီ ဘယ်သူလာတာလဲ" ဆိုကာ အိမ်ထဲမှာ သတင်းစာ ဖတ်နေတဲ့ ဦးသန်းထွဋ်က လှမ်းမေးလာတော့သည်။

"ညီဖြိုးလာတာ အကိုရေ......" ဟု စောမင်းထွဋ် ပြန်ဖြေလိုက်သည်။

"ငဖြိုးလာတာလား" လို့ ဦးသန်းထွဋ် ပြောပြီး သတင်းစာ ပြန်ဖတ်နေတော့၏။

ဖြိုးသီဟကတော့ ပြုံးပြုံးပျော်ပျော်ဖြင့် အိမ်ကြီးဆီသို့ လာနေပါလေသည်။ အိမ်နားလည်း ရောက်ရော မိမိကို ရပ်ကြည့်နေသည့် စောမင်းထွဋ်ကို မြင်တော့ ဖြိုးသီဟ ပြုံးပြလာတော့သည်။ ပြီးမှ

"အကိုထွဋ် ဘာလို့ ရပ်နေတာလဲ" ဆိုပြီး မေးလာလေသည်။

ဒါနဲ့ စောမင်းထွဋ်လည်း "မင်း ဒီနားထိ ရောက်လာမှာကို စောင့်နေတာလေ" ဆိုပြီး ပြုံးပြုံးလေး ပြန်ဖြေလိုက်သည်။

"အော်....... ဟုတ်လား" လို့ ဖြိုးသီဟ ပြန်ဖြေရင်း အိမ်ပေါ်သို့ တက်လာလိုက်လေသည်။

"လာ....... ငဖြိုး...... လာ"

အိမ်ပေါ် တက်လာတဲ့ ဖြိုးသီဟကို မြင်တော့ ဦးသန်းထွဋ်မှ ကြိုဆိုလေတော့သည်။

ဒါနဲ့ ဖြိုးသီဟလည်း ဦးသန်းထွဋ်နား သွားထိုင်လိုက်လေသည်။ စောမင်းထွဋ်လည်း အိမ်ထဲ ၀င်ကာ လိုက်ထိုင်လိုက်ရတော့သည်။

"ဒါနဲ့ မနက်စောစော အိမ်လာလို့ပါလား" ဆိုပြီး ဦးသန်းထွဋ်မှ စကာ ဖြိုးသီဟကို မေးလာလေတော့၏။

"ဟိုလေ......... တိုင်ပင်ထား......." ဆိုကာ ဖြိုးသီဟ ပြောထွက်ရုံ ရှိသေး၊ ‌မပြောပြဖို့ရန် အတွက် လက်ဟန်ခြေဟန်ဖြင့် လုပ်ပြနေသည့် စောမင်းထွဋ်ကို တွေ့သွားလေသည်။ ဒါနဲ့ ဖြိုးသီဟလည်း ဘာပြောရမလဲဆိုတာ စဉ်းစားရလေပြီ။

"တိုင်ပင်ထားတယ်...... ဘာတိုင်ပင်ထားတာလဲ...... ဘယ်သူနဲ့လဲ" ဟု ဦးသန်းထွဋ် ပြောနေရင်း စောမင်းထွဋ်ဘက် လှည့်လာသည်။ ပြီးတော့ ဆက်ပြောသည်။

"အစောနဲ့ တိုင်ပင်ထားတာလား......... ဟုတ်လား....... ဘာတွေ တိုင်ပင်ထားကြတလဲ"

"အမ်....... အင်...... အော်....... တိုင်ပင်ထားတာက စခန်းက သူတွေနဲ့ ရောသွားလို့ အကိုရေ....... အခုက မယ်ဇလီဖူး ၀ယ်မလို့လာတာ"

"ဟုတ်လား..... ဒါဆိုလည်း နောက်ဖေးကို သွားကြမယ်လေ ညီဖြိုး..... လာ" ဟု ဆိုကာ စောမင်းထွဋ် ထိုင်ရာကထကာ နောက်ဖေးသို့ သွားဖို့ ပြင်လေသည်။

ဖြိုးသီဟလည်း စောမင်းထွဋ်နောက် လိုက်ဖို့ ထိုင်ရာက ထလိုက်သည်။

ထိုအချိန် "မနေ့ကလည်း မင်းလာသေးတယ် မဟုတ်လား ငဖြိုး......" ဆိုကာ ဦးသန်းထွဋ် ပြောလာလေသည်။

"ဟုတ်တယ်လေ အကို" ဟု ဖြိုးသီဟ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်။

"ဒါဆို မင်း မနေ့က ဘာလာလုပ်တာလဲ"

ဦးသန်းထွဋ် ထပ်မေးပြန်လေသည်။

ဖြိုးသီဟလည်း ဘာပြန်ဖြေရမလဲ မသိတော့ချေ။ ဖြိုးသီဟ ပြန်ဖြေဖို့ အခက်တွေ့နေချိန်တွင် စောမင်းထွဋ်ကနေမှ

"အော်...... ဟုတ်တယ်....... မနေ့ကလည်း မယ်ဇလီဖူး ၀ယ်ဖို့လာတာဘဲလေ...... အဲ့တာ မယ်ဇလီဖူးလေးတွေက သိပ်မသီးသေးတော့ ဒီနေ့လာဖို့ကို ကျွန်တော်က ချိန်းလိုက်တာ" လို့ ပြောပြီး စောမင်းထွဋ် တစ်ယောက် ဖြိုးသီဟ လက်ကို ကိုင်ဆွဲကာ ‌မယ်ဇလီဖူးပင်နား ခေါ်သွားလေတော့သည်။

ဦးသန်းထွဋ်ကတော့ တစ်ယောက်ထဲ ကျန်ခဲ့လေရဲ့။

စောမင်းထွဋ် ဖြိုးသီဟကို မယ်ဇလီဖူးပင်နားသို့ ခေါ်အသွားမှာတောင် ဒေါ်စန်းရီနှင့် မီးဖို‌ချောင်မှာ တွေ့ခဲ့ရလို့ ပြုံးတောင် ပြုံးပြလာခဲ့ရသေးသည်။

မယ်ဇလီဖူးပင်နားလည်း ရောက်ရော စောမင်းထွဋ်မှာ ဖြိုးသီဟ လက်ကလေးကို လွတ်လိုက်ပြီး

"ဘာလို့ အိမ်ကို ရောက်လာရတာလဲ" ဟု မေးလိုက်ပါလေသည်။

"ဟဲ...... ဟဲ........ အကို့ကို တွေ့ချင်တာရယ်........ ပြီးတော့ မနေ့က တိုင်ပင်ထားတာ သေချာအောင်ရယ် ဆိုပြီး လာခဲ့လိုက်တာလေ....... ဘာလဲ အကိုက ကျွန်တော် လာတာ မကြိုက်ဘူးလား"

"မဟုတ်ပါဘူး......... ကြိုက်ပါတယ်.........."

"ကြိုက်တယ်ဆိုရင်လည်း ဒီနားမှာ အေးအေးဆေးဆေး တိုင်ပင်ကြရအောင်....... သေချာလုပ်မှ တိုင်ပင်ထားတာတွေ အဖြစ်မြောက်မှာ မဟုတ်ဘူးလား အကို"

"အေးပါ....... အေးပါ....."

"ဒါနဲ့လေ ခဏက အကို ကျွန်တော့်ဘက်ကနေ ကာပြောပေးနေတာလေ...... ကျွန်တော်တောင် ရန်ခုန်သွားတာဘဲကွာ"

"ဟာ...... အဲ့လောက်လည်း မဟုတ်ပါဘူး"

"တစ်ကယ်......... အကို့ပုံစံက တစ်ကယ်မိုက်တာ....... အဲ့လိုတွေကြောင့်ဘဲ အကို့ကို ကျွန်တော် ပိုင်ဆိုင်ချင်စိတ်တွေ တဖွားဖွားဖြစ်လာရတာပေါ့......."

"ဟုတ်ပါပြီ....... ဟုတ်ပါပြီ....... ဒါနဲ့ မယ်ဇလီဖူးက ယူသွားမှာလား"

"အော်....... ဟုတ်သားဘဲ....... ဒီနေ့က မယ်ဇလီဖူး ၀ယ်ဖို့လာတာကိုလည်း မေ့တော့မလို့" ဆိုကာ ဖြိုးသီဟ ပြောင်စပ်စပ်ဖြင့် ပြောလာသည်။

"ဖြစ်ရမယ်...... ဖြစ်ရမယ်"

ဒါနဲ့ စောမင်းထွဋ်နှင့် ဖြိုးသီဟတို့ နှစ်ယောက် မယ်ဇလီဖူး ခူးရင်း မနေ့က တိုင်ပင်ထားတာကို တီးတိုးတီးတိုးဖြင့် ပြန်ပြီး ပြောနေကြတော့သည်။

ဒီလိုနှင့် အချိန်အတော်ကြာ တိုင်ပင်ပြီးသွားတော့ စောမင်းထွဋ်နှင့် ဖြိုးသီဟတို့ နှစ်ယောက်လည်း အိမ်ရှေ့သို့ ပြန်သွားလိုက်ကြသည်။ ဖြိုးသီဟ လက်ထဲတွင်လည်း မယ်ဇလီဖူးထုပ်လေးက နေရာယူထားလျက်ဖြင့်။ အိမ်ရှေ့သို့ ရောက်တော့ ဒေါ်စန်းရီနှင့် တွေ့လေသည်။

"ပြန်တော့မှာလား....... မောင်လေး" ဆိုကာ ဒေါ်စန်းရီမှ ဖြိုးသီဟကို မြင်၍ ပြောလာခြင်းဖြစ်သည်။

"ဟုတ်....... အခု ပြန်တော့မှာ အမ...... စခန်းကိုလည်း သွားရအုန်းမယ်လေ"

"ဟုတ်တာဘဲ....... ကဲ..... ကဲ....... ဖြည်းဖြည်းသွားအုန်းနော်"

"ဟုတ် အမ"

ဒါနဲ့ စောမင်းထွဋ်လည်း ဖြိုးသီဟကို ခြံ၀န်းရှေ့ထိ လိုက်ပို့ပေးလိုက်လေသည်။ ခြံ၀န်းရှေ့လည်း ရောက်ရော ဖြိုးသီဟမှ စောမင်းထွဋ်ကို နှုတ်ဆက်ကာ ပြန်သွားချေသည်။ ဖြိုးသီဟလည်း ပြန်သွားတော့ စောမင်းထွဋ်လည်း အိမ်ဘက်သို့ အမြန်လေး ပြန်လာလိုက်ရတော့သည်။

အိမ်ထဲသို့ ရောက်တော့ စောမင်းထွဋ် အိပ်ခန်းထဲကို ၀င်လိုက်ပါလေသည်။ အိပ်ခန်းထဲမှာ အဖေဖြစ်သူ ရှိမနေတာကြောင့် စောမမင်းထွဋ် ပြန်ထွက်လာလိုက်ရသည်။ ခဏက အဖေဖြစ်သူကို မမြင်မိ၍ အိပ်ခန်းထဲမှာ ရှိနေမည်ဟု ထင်ပြီး အခန်းထဲ ၀င်ရှာလိုက်တာ အဖေဖြစ်သူ ရှိမနေတာကြောင့် စောမင်းထွဋ် တစ်ယောက် အခန်းထဲက ပြန်ထွက်လာရခြင်းဘဲ ဖြစ်သည်။ ဒါနဲ့ စောမင်းထွဋ်လည်း အဒေါ်ဖြစ်သူများ သိလောက်မလား အထင်နှင့် အဖေဖြစ်သူ ဘယ်သွားလဲဆိုတာ မေးလိုက်လေတော့၏။

"ဒါနဲ့ အကိုသန်းထွဋ်ကော အမ" ဆိုပြီးတော့ မေးလိုက်လေသည်။

"အော်....... ဖိုးကြီးလား...... အပြင် သွားအုန်းမယ် ပြောပြီး ထွက်သွားတာဘဲ"

"ဟင်....... ကားလည်း မယူသွားဘူးဘဲ အမ"

"အေး....... ခြေလျင်နဲ့ ထွက်သွားတာလေ...... မောင်လေး တစ်ခုခု ပြောစရာရှိရင်လည်း သူပြန်လာမှ ပြောပေါ့"

"ဟုတ်...... ဟုတ် အမ" လို့ ပြန်ဖြေပြီး စောမင်းထွဋ်လည်း အိမ်ရှေ့ ၀ရံတာလေးမှာ သွားထိုင်ကာ အဖေဖြစ်သူ အလာကို စောင့်နေလိုက်တော့သည်။

အချိန်ပင် တော်တော်လင့်လေပြီ။ စောမင်းထွဋ်လည်း ပျင်းနေပြီဘဲ ဖြစ်သည်။ အခန်းထဲသွားကာ လှဲလျောင်းလိုက်၊ အခန်းထဲမှာ လှဲလျောင်းတာ ပျင်းနေရင် အပြင်ပြန်ထွက်လာကာ အိမ်ရှေ့၀ရံတာလေးမှာ ထိုင်လိုက်ဖြင့် တစ်ယောက်ထဲ အလုပ်ရှုပ်နေပါတော့၏။ ဒီလောက်ဘဲ မဟုတ်။ နာရီကို ကြည့်လိုက် အိမ်ရှေ့ခြံတံခါးကို ကြည့်လိုက်ဖြင့် လုပ်နေသေး၏။

ခါတိုင်းဆိုလျှင် ဒီအချိန်က အဖေဖြစ်သူ ဦးသန်းထွဋ်နှင့် ကားပြေးသွားရမည့် အချိန်ဘဲ ဖြစ်လေသည်။ အခုက ဦးသန်းထွဋ်မှာ ကားမပြေးတာ နှစ်ရက်လောက် ရှိလေပြီ။ ပြောရမယ်ဆိုရင် အသုဘနေ့ကတည်းက ဆိုပါတော့။ စောမင်းထွဋ်လည်း အဖေဖြစ်သူက စိတ်ခံစားချက် မကောင်းသေးလို့ နားနေတာပါဟု တွေးထားလေသည်။ သို့ပေမယ့်လည်း အလုပ်နားတာကတော့ လက်သင့်ခံပေမယ့် ချစ်သူ ကောင်မလေးဆီက အဖြေရထားတဲ့ ကောင်လေး တစ်‌ယောက် အနေနဲ့ကတော့ အ‌ချစ်ရေးမှာ နားနေရမှာမှ မဟုတ်ဘဲ။ အခုက ဦးသန်းထွဋ် ဒေါ်နန်းခင်စောနဲ့ အဆက်အသွယ် မလုပ်သည်မှာ အသုဘနေ့ကတည်းကပင်။ ဒါတောင် ရက်လည်နေ့မှာ ‌ဒေါ်နန်းခင်စောက အိမ်ရောက်လာလို့သာ တွေ့ကြရတာဖြစ်သည်။

ဒီတော့ ဒေါ်နန်းခင်စောနဲ့ ဦးသန်းထွဋ်တို့မှာ သမီးရည်းစား ဖြစ်ပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ အပြင်မှာ နှစ်ကိုယ်ကြား ချိန်းမတွေ့ရသေးဘူးဘဲ ဖြစ်သည်။ ဒါကို စောမင်းထွဋ်နှင့် ဖြိုးသီဟတို့က တစ်ခုခုလုပ်ဖို့ တိုင်ပင်ထားကြလေတော့သည်။ အခုက စောမင်းထွဋ်တို့ တိုင်ပင်ထားသလို အထမြောက်ဖို့ဘဲ လိုအပ်ပေတော့မည်။

အခုဆို နေ့လည်ပင် ရောက်ချေပြီ။ ဦးတင်ထွဋ်လည်း ပြန်လာလေပြီ။ စောမင်းထွဋ် တစ်ယောက်ကတော့ အိမ်ရှေ့ ၀ရံတာလေးမှာ ထိုင်ပြီး အဖေဖြစ်သူ မြန်မြန်ပြန်လာဖို့ကိုသာ ဆုတောင်းနေတော့သည်။ နာရီကို ကြည့်လိုက်၊ ခြံတံခါးကို ကြည့်လိုက်နှင့် လုပ်နေပါသေး၏။ စောမင်းထွဋ် နောက်ဆုံး တစ်ခေါက် နာရီကို ကြည့်လိုက်တုန်းက ဆယ့်နှစ်ပင် ခွဲပေတော့မည်။

အချိန် ဘယ်လောက်မှ မကြာလောက် ဦးသန်းထွဋ် ပြန်ရောက်လာတော့သည်။ အိမ်ခြံ၀န်းထဲ ၀င်လာတဲ့ အဖေဖြစ်သူကို တွေ့လိုက်ရတော့ စောမင်းထွဋ်မှာ အပျော်ကြီး ပျော်သွားလေတော့သည်။

ဒီလိုနှင့် ဦးသန်းထွဋ် ပြန်လာတော့ နေ့လည်စာ စားဖို့ ပြင်ကြဆင်ကြလေ၏။ နေ့လည်စာ စားနေတုန်းမှာ ဦးသန်းထွဋ်ကတော့ အပြင်ထွက်သွားရတဲ့ အကြောင်းအရင်းကို ပြောပြလာလေသည်။ အပြင်သွားတာဟာ ၀ပ်ရှော့ဆိုင်ကို သွားတာဖြစ်ကြောင်း အရင်ပြောလာသည်။ နောက်တော့ ၀ပ်ရှော့ဆိုင်လေးမှာ ဈေးရောင်းတဲ့ ခုံအသေးလေး ရှိထားကြောင်းလည်း ထပ်ပြောလာသည်။ အိမ်သားအားလုံးကတော့ နေ့လည်စာ ငပိရည်ကျိုလေးဆိုတော့ စားကောင်းကောင်းနှင့် ဦးသန်းထွဋ် ပြောတာကို နားထောင်နေကြလေသည်။ စောမင်းထွဋ်လည်း တစ်ယောက် အပါအ၀င်ပေါ့။

ဦးသန်းထွဋ်ဟာ ဒီမျှလောက်နဲ့ စကားပြောတာ ရပ်မသွားပါ။ ဆက်ပြောနေလေသည်။ မယ်ဇလီဖူး မရောင်းရတော့ဘူးဆိုတော့ အိမ်အတွက် အကူ၀င်ငွေက မရတော့ဘူးဆိုတာကို ပြောသည်။ ပြီးနောက် အပို၀င်ငွေရအောင် တစ်ခုခုမလုပ်ကြချင်ဘူးလားဟု ထပ်မေးလာပြန်သည်။ အားလုံးက ထမင်းစားနေကြတာ ဆိုတော့ ဦးသန်းထွဋ် တစ်ယောက်ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ တဲ့တိုးပြောလာတော့သည်။ ခဏက ၀ပ်ရှော့က ဈေးရောင်းခုံလေးနဲ့ ကွမ်းယာမရောင်းချင်ဘူးလား ပြောလာတော့သည်။ အိမ်ရှေ့က လမ်းမကြီးဆိုတော့ ကွမ်းယာရောင်းရင် ရောင်းရမှာဆိုပြီးလည်း ထပ်ပြောလာပြန်သည်။

အိမ်သား အားလုံးက ဦးသန်းထွဋ် အကြံပြုတာကို တစ်ခဏမျှ စဉ်းစားလေသည်။ ပြီးကာမှ အားလုံးက ထောက်ခံကြောင်း ပြောဆိုကြတော့သည်။ ဦးသန်းထွဋ်က အိမ်အတွက် ကောင်းဖို့အတွက် လုပ်တာဆိုတော့ အားလုံးက မငြင်းကြချေ။ အားလုံးက ဦးသန်းထွဋ် အကြံပြုချက်ကို ထောက်ခံလေတော့ ဦးသန်းထွဋ် ပျော်လို့ နေပါတော့သည်။

ဦးသန်းထွဋ်လည်း ထမင်းစားလို့ ပြီးသွားတော့ ထမင်းစားဝိုင်းက ထသွားပါတော့သည်။ အဖေဖြစ်သူ ဘယ်အချိန် ထမလဲလို့ အရိပ်တကြည့်ကြည့် စောင့်ကြည့်နေတဲ့ စောမင်းထွဋ်မှာလည်း ဦးသန်းထွဋ် ထသွားတော့ သူပါ လိုက်ထလေသည်။ ပြီးနောက် မီးဖိုချောင်သို့ ခပ်သွက်သွက်လေး သွားလိုက်တော့၏။ မီးဖိုချောင်သို့ ရောက်တော့ အဖေဖြစ်သူ ရှိမနေတာကြောင့် စောမင်းထွဋ်လည်း ရေတွင်းဘက်သို့ ကြည့်လိုက်ပါလေသည်။ အဖေဖြစ်သူ အာလုပ်ကျင်းနေတာကို တွေ့လိုက်ရလေသည်။ ဒါနဲ့ စောမင်းထွဋ် တစ်ယောက် ရေတွင်းနားသို့ အမြန်ပြေးရပြန်လေ၏။

ရေတွင်းနားလေးလည်း ရောက်ရော စောမင်းထွဋ်မှ အဖေဖြစ်သူ ဦးသန်းထွဋ်အား

"အကို" ဆိုကာ စပြီး ခေါ်လိုက်ပါလေသည်။

အာလုပ်ကျင်းနေသည့် ဦးသန်းထွဋ်ကလည်း "ဘာလဲ" ဆိုသည့် အထာဖြင့် ခေါင်းဆတ်ပြလာတော့သည်။

ဒါနဲ့ စောမင်းထွဋ်လည်း တုံ့ဆိုင်းမနေတော့ဘဲ အားမနာစတမ်း ပြောဖို့ ပြင်လိုက်ပါတော့သည်။

"ဟိုလေ...... အကို ကျွန်တော့်ကို တစ်နေရာရာ လိုက်ပို့ပါလား........"

"ဟင်......"

အာလုပ်ကျင်းပြီးသွားသည့် ဦးသန်းထွဋ်ဆီမှ ထွက်လာတာဖြစ်သည်။ ပြီးတော့ ဦးသန်းထွဋ်ကဘဲ ဆက်ပြောလေသည်။

"ငဖြိုးကို လိုက်ပို့ခိုင်းတာ မဟုတ်ဘူး........"

"အာ...... ညီဖြိုးက စခန်းမှာ အလုပ်ရှုပ်နေလို့ မအားဘူးလို့ ပြောတယ်........ အဲ့တာကြောင့်မလို့"

ဦးသန်းထွဋ်မှာ စောမင်းထွဋ် ပြောတာကို အတော်အတန်လေး စဉ်းစားနေပါတော့သည်။

"ဟာ...... ဘာတွေ စဉ်းစားနေတာလဲ အကိုကလည်း...... ကျွန်တော့်ကို လိုက်ပို့ရင်း လူရနိုင်တာဘဲလေ...... ကားပြေးတာ နားတာလည်း ကြာနေပြီမလား...... အဲ့တော့ ကျွန်တော့်ကို လိုက်ပို့ရင်း လူတစ်ယောက်၊နှစ်ယောက် ရလည်း နည်းတာမှ မဟုတ်ဘဲ....... မဟုတ်ဘူးလား" ဟု စောမင်းထွဋ် ထပ်ပြောလိုက်သည်။

ဒီတော့ စဉ်းစားဟန် ပြုနေသည့် ဦးသန်းထွဋ်မှာ စောမင်းထွဋ်ကို ကြည့်လာပါလေသည်။ ပြီးမှ စောမင်းထွဋ်ကို အဖြေပြန်ပေးလေသည်။

"အေးကွာ....... လိုက်ပို့မယ် ဟုတ်ပြီလား"

အဖေဖြစ်သူ၏ အဖြေကို ကြားပြီး စောမင်းထွဋ် တစ်ယောက် ပျော်သွားသည်။

"ဒါဆိုလည်း သွားကြမယ်လေ အကို"

"အခုလား....... ဘယ်ကိုသွားမှာလဲ အရင် ပြောအုန်းလေ"

"အာ....... အဲ့တာက ကားထဲရောက်ရင် ပြောပြမယ်...... အခုတော့ ဒီကနေ သွားဖို့ လိုတယ်" ဆိုပြီး စောမင်းထွဋ် တစ်ယောက် အဖေဖြစ်သူ၏ ကျောပြင်လေးကို အတင်းတွန်းကာ သွားဖို့ တိုက်တွန်းနေတော့၏။

ဦးသန်းထွဋ်လည်း ယောင်လည်လည်ဖြင့် စောမင်းထွဋ် ပြောတဲ့အတိုင်း လိုက်လုပ်နေရတော့တာပေါ့။

ပြီးမှ စောမင်းထွဋ်လည်း ဒီနေ့ ငပိရည်ကျိုစားထားတယ်ဆိုတာကို သတိရသွားလေသည်။ ဒါနဲ့ အဖေဖြစ်သူကို သွားဖို့ အတင်းတွန်းနေရာကနေ ရေတွင်းဖက်သို့ ပြန်ဆွဲခေါ်လေပြန်တော့သည်။

"ဘာဖြစ်ရပြန်တာလဲ" ဟု ဦးသန်းထွဋ်မှ ကြောင်တောင်တောင်လေး မေးလာသည်။

"သွားတိုက်ရမယ်လေ အကို"

"သွားတိုက်ရမယ်...... ဟုတ်လား...... မင်းကို လိုက်ဘဲပို့ပေးရမှာကို ဘာလို့ သွားတိုက်ရအုန်းမှာလဲ"

"လိုလိုပေါ့ အကိုကလည်း"

ဒီလိုနှင့် ဦးသန်းထွဋ်လည်း စောမင်းထွဋ် ‌ခိုင်းစေတဲ့အတိုင်း သွားတိုက်လိုက်ရပါတော့သည်။ ပြီးတော့ စောမင်းထွဋ် လိုက်ပို့ခိုင်းသည့် သာသနာ၂၅၀၀ဘုရားသို့ ဦးတည်လေတော့သည်။

သာသနာ ၂၅၀၀ဘုရားသို့ ရောက်လေတော့ စောမင်းထွဋ်မှ အဖေဖြစ်သူ ဦးသန်းထွဋ်ကို ကားပေါ်ကနေ အတင်းဆင်းလာဖို့ ပြောသည်။ ဦးသန်းထွဋ်လည်း အစကတော့ ငြင်းပါသေးသည်။ သို့ပေမယ့် စောမင်းထွဋ်က အတင်းဇွတ်ခေါ်နေတော့ ဦးသန်းထွဋ်လည်း ငြင်းနိုင်အား မရှိတော့တာနဲ့ စောမင်းထွဋ်နှင့် အတူ ဘုရား‌ပေါ်သို့ လိုက်သွားရပါလေတော့၏။ ဘုရားပေါ်သို့ ရောက်ပြန်တော့လဲ စောမင်းထွဋ်မှာ ရှေ့နားလေးကို မျှော်တလင့်လင့်၊ နောက်ကို လှည့်တကြည့်ကြည့်ဖြင့် ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်နေတော့သည်။

ဒီကြားထဲ အဖေဖြစ်သူကို တစ်ယောက်ထဲ ထားခဲ့ပြီး
စောမင်းထွဋ်ခမျာ ဘုရားပေါ်သို့ ပတ်နေလေတော့၏။
ဦးသန်းထွဋ်ကတော့ "ဒီကောင်ဘာဖြစ်နေတာလဲ" ဆိုသည့် အတွေးဖြင့်သာ အူလည်လည် ရှိတော့သည်။ စောမင်းထွဋ် ယခုလိုလုပ်ရသည်မှာ အကြောင်းအရင်း တစ်ခုကြောင့်ပင်။

ထိုအကြောင်းအရင်းလေးကတော့။

"ဟာ....... အဲ့အမက အိမ်မှာ ရှိပါ့မလား မသိဘူ........ မရှိရင် ငါဘယ်လိုလုပ်ရပါ့မလဲ" ဆိုကာ တစ်ယောက်သူကတော့ ကားထားမှာ ငြီးတွားလို့ နေလေ၏။

"ဘာလုပ်ရမှန်း မသိတော့ဘူး...... ဘာဘဲဖြစ်ဖြစ်ကွာ...... ငါက ကူညီပေးမယ်လို့ ပြောထားတော့ ကူညီပေးရမှာဘဲလေ" လို့ ထိုသူ ထပ်ငြီးတွားရင်း ကားစက်နိုးလိုက်လေသည်။

ထိုသူကတော့ တစ်ခြားသူ မဟုတ်ပေ။ စောမင်းထွဋ်၏ ချစ်ရသူ ဖြိုးသီဟပင် ဖြစ်သည်။ အခုက စောမင်းထွဋ်နှင့် ဖြိုးသီဟတို့ မနေ့က တိုင်ပင်ထားသည့်အတိုင်း ဒေါ်နန်းခင်စောကို ခေါ်ဖို့အတွက်ပင် ဖြစ်သည်။ ဒါကြောင့် ဖြိုးသီဟ ဒေါ်နန်းခင်စော အိမ်ဟု ယူဆရသည့် အိမ်၏ မနီးလွန်း မဝေးလွန်းသည့် နေရာတွင် ကားကို ရပ်ပြီး နေနေတာဘဲ ဖြစ်သည်။ ပြီးတော့လည်း ဒေါ်နန်းခင်စော ရှိမရှိကို တွေးပြီး ငြီးတွားခန်း ဖွင့်နေတော့၏။ အချိန်အတော်ကြာ ငြီးတွားပြီးကာမှ မထူးဘူးဆိုကာ ဖြိုးသီဟလည်း ကားကို အိမ်ရှေ့မောင်းချသွားလိုက်လေသည်။

ဒေါ်နန်းခင်စော၏ အိမ်ရှေ့လည်း ရောက်ရော ကားပေါ်က ဆင်းကာ ဖြိုးသီဟ တစ်ယောက် အိမ်ထဲက တစ်ယောက်‌ယောက် ကြားပြီး ထွက်လာရန်အလို့ငှာ အော်ခေါ်လိုက်ပါလေသည်။

"အိမ်ရှင်တို့........ အိမ်‌ရှင်တို့"

ဖြိုးသီဟ၏ အသံက အောင်တော့ နှစ်ခါစရာမလိုခဲ့။ တစ်ခါ အော်ခေါ်လိုက်တာနဲ့ အိမ်ထဲကနေ လူထွက်လာပါတော့သည်။ အိမ်ထဲကနေ လူထွက်လာသည် ဆိုပေမယ့်လည်း ဖြိုးသီဟ သိနေသည့် ဒေါ်နန်းခင်စော မဟုတ်ဘဲ ယောကျာ်းကြီး ဖြစ်နေတာကြောင့် ဖြိုးသီဟလည်း ကြောင်သွားလေသည်။

"ဘာကိစ္စရှိလို့တုန်း" ဆိုကာ အိမ်ထဲက ထွက်လာတဲ့သူက ခြံတံခါးတွန်းဖွင့်ပြီး ထွက်လာရင်း ဖြိုးသီဟကို လှမ်းမေးလိုက်လေသည်။

"အော်...... ဒီအိမ်က မနန်းခင်စောနဲ့ တွေ့ချင်လို့ပါ"

"အေခမ်းနဲ့ တွေ့မယ်...... ငါက သူ့အကို...... ဘာကိစ္စကြောင့် သူနဲ့ တွေ့ချင်ရတာလဲ" ဆိုပြီး ဒေါ်နန်းခင်စော၏ အကိုဖြစ်သူ ဦးစိုင်းမောင်က ထပ်မေးလိုက်ပြန်လေသည်။

"‌အမ်...... ဟို...... အင်......."

"ဘာလဲ....... မင်းက သူ့ချစ်သူလား........" ဟု ဦးစိုင်းမောင် ထပ်မေးလိုက်သည်။

"ဟာ...... မဟုတ်ရပါဘူးဗျာ အကိုကလည်း....... ကျွန်တော်က အဲ့အမကို မကြိုက်ပါဘူး........ ကျွန်တော့်မှာ ချစ်သူ ရှိတယ်ဗျာ့"

"အေး..... အဲ့တာတွေ နောက်မှပြော..... အခု မင်း ငါ့ညီမကို တွေ့ချင်ရတဲ့ အကြောင်းအရင်းကို အရင်ပြော"


ဖြိုးသီဟလည်း ဘာပြောလိုက်ရမလဲဆိုတာ ထပ်ပြီး စဉ်းစားရလေပြီ။ အတော်ကြာ စဉ်းစားနေရင်းမှ

"ကျွန်တော်က ရဲ တစ်ယောက်ပါ" ဆိုပြီး ဖြိုးသီဟ ရဲရဲဝံ့ဝံ့ဖြင့် ပြောလိုက်သည်။

"မင်းက ရဲဆိုတာကို ဘယ်လိုလုပ်သိနိုင်မှာလဲ....... ရဲ၀တ်စုံလည်း မ၀တ်ထားဘဲနဲ့"

"အာ..... ကျွန်တော်က တာ၀န်ချိန် လဲပေးလာလို့ ရဲ၀တ်စုံ ချွတ်ထားတာပါ"

"မင်း ပုံစံကို ကြည့်ရတာ ရဲနဲ့ မတူလောက်ဘူး....... တစ်အိမ်၀င် တစ်အိမ်ထွက် သိပါတယ်ပြောပြီး လိမ်စားနေတဲ့သူနဲ့ တူတယ်ကွ"

"ဘာဗျ........"

ဖြိုးသီဟ အတော်လေး ဒေါသထွက်သွားလေသည်။

ထိုအချိန်တွင် အိမ်ထဲကနေမှ "ဘာတွေ ဖြစ်နေကြတာလဲ" ဆိုပြီး ဒေါ်နန်းခင်စော ထွက်လို့လာလေသည်။

ဒေါ်နန်းခင်စောကို မြင်တော့ ဖြိုးသီဟ ၀မ်းသာလုံးစို့သွားသည်။

"ဒီမှာလေ...... ဒီကောင်က သူ့ကိုယ်သူ ရဲပါလို့ ပြောပြီး နင့်ကို တွေ့ချင်တယ် ပြောနေလို့" ဆိုကာ ဦးစိုင်းမောင်မှ ဖြိုးသီဟကို လက်ညိုးထိုးကာ ‌ဒေါ်နန်းခင်စောအား ပြောပြနေလေသည်။

ဒါနဲ့ ဒေါ်နန်းခင်စောလည်း ဖြိုးသီဟကို ကြည့်လိုက်ပြီး

"အော်...... မောင်လေး" ဆိုပြီး ပြောထွက်မိသွားလေသည်။

"ဘာလဲ နင်က သူ့ကို သိနေတာလား" လို့ ဦးစိုင်းမောင်က ညီမဖြစ်သူ ဒေါ်နန်းခင်စောကို ထပ်မေးပြန်လေသည်။

"ဟုတ်တယ်" ဟု ဒေါ်နန်းခင်စော ပြန်ဖြေသည်။

"ပြောစမ်းပါအုန်း..... နင်က ဒီက ရဲဆိုတဲ့ ကောင်လေးနဲ့ ဘယ်လိုလုပ်ပြီး သိနေတာလဲ"

"ဟိုလေ...... အင်...... အမ်......... အဲ့တာက......."

"အမ...... စခန်းမှာ တိုင်ချက်ဖွင့်ထားတာလေ......." ဆိုပြီး ဖြိုးသီဟလည်း ကြံမိကြံရာဖြင့် ဒေါ်နန်းခင်စောကို ထောက်ပေးလိုက်တော့သည်။

"တိုင်ချက်ဖွင့်ထားတယ်"

ဟု ဦးစိုင်းမောင် ပြောလာတော့သည်။

"အော်...... ဟုတ်တယ်..... ဟုတ်တယ်.... ညီမက တိုင်ချက်ဖွင့်ထားတာ..... အထည်တစ်ထုပ် အခိုးခံရတာလား ဆိုတာ မသိဘဲ ပျောက်နေလို့ သွားတိုင်ထားလိုက်တာ"

"ဟုတ်တယ်..... အမ အခုလည်း အထုပ်ပြန်ရှာ‌တွေ့လို့ အမ အထုပ် ဟုတ်၊မဟုတ် အတည်ပြုစေချင်လို့ လာခေါ်တာပါ"

"ဟုတ်လား...... ပြန်တောင် ရှာတွေ့ပြီတဲ့လား......"

"နင်တို့ နှစ်ယောက် သမီးရည်းစားတွေ မဟုတ်ပါဘူးနော်" ဆိုကာ ဦးစိုင်းမောင်က နှစ်ယောက်သားကို မယုံသင်္ကာအကြည့်ဖြင့် ကြည့်ပြီး ပြောလာလေသည်။

"မဟုတ်ပါဘူးဆို......." ဆိုကာ ဖြိုးသီဟမှ အရင် ငြင်းတော့သည်။

"မဟုတ်ရပါဘူး....... စိုင်းစိုင်းကလည်း" ဟု ဒေါ်နန်းခင်စောပါ ငြင်းလေသည်။

"မဟုတ်ဘူးလို့ ပြောရင် ရပြီ‌လေ..... မင်းက ဘာလို့ အော်နေတာလဲ"

"အော်...... ကျွန်တော်က အဲ့လိုဘဲ......."

"အေအေ....... မြန်မြန်သွား...... ပြီးရင် စောစောပြန်လာခဲ့ ကြားလား အေခမ်း" ဆိုကာ ဦးစိုင်းမောင်မှ ဒေါ်နန်းခင်စောကို ပြောလိုက်သည်။

"ဟုတ်ပြီ" လို့ ပြန်ဖြေပြီး ဒေါ်နန်းခင်စော တစ်ယောက် ဖြိုးသီဟကို လှမ်းကြည့်ကာ

"မောင်လေး ခဏနေအုန်းနော်...... အမ အပေါ်ထပ်လေး သွားထပ်အုန်းမလို့" လို့ ပြောပြ အိမ်ထဲ ပြန်၀င်သွားလေသည်။

"ပြီးရင် ငါ့ညီမကို သေချာပြန်ပို့နော်......."

ဖြိုးသီဟ ပြုံးပြီး "ပြန်ပို့မယ့်သူက ကျွန်တော်မှ မဟုတ်တာ" ဟု တိုးတိုးလေး ပြောလိုက်လေသည်။

"ဘာပြောတယ်......." ဆိုကာ ဦးစိုင်းမောင် တစ်ယောက် ဖြိုးသီဟ ပြောတာကို ကြားသွားလို့ ပြန်ပြောလာတော့သည်။

"အော်...... သေသေချာ‌ချာလေး လိုက်ပို့ပါ့မယ်လို့ ပြောတာပါ"

"အဟန်း...... အဟန်း......."

ဦးစိုင်းမောင် ချောင်းဟန့်လိုက်သည်။

တစ်ခဏလောက်ကြာတော့ ဒေါ်နန်းခင်စော ပြန်ထွက်လာသည်။ ပြီးနောက် ကားဖြင့် ထိုနေရာလေးက ထွက်သွားကြလေတော့သည်။ ဦး‌စိုင်းမောင်ကတော့ အိမ်ထဲ မ၀င်ဘဲ ကားကိုကြည့်ဆဲပင်။

ဖြိုးသီဟလည်း ဒေါ်နန်းခင်စော၏ အကိုဖြစ်သူ ဦးစိုင်းမောင် မမြင်လောက်တော့တဲ့ နေရာလည်းရောက်ရော စောမင်းထွဋ်နှင့် ဇာတ်တိုက်ထားတဲ့ အတိုင်း ဒေါ်နန်းခင်စောကို ပြောပြလိုက်လေသည်။ ပြီးနောက် ဖြိုးသီဟလည်း ကားကို သာသနာ၂၅၀၀ဘုရားသို့ ဦးတည်လိုက်လေတော့၏။

သာသနာ၂၅၀၀ဘုရားတွင် ရှိနေကြသော ဦးသန်းထွဋ်နှင့် စောမင်းထွဋ်တို့တွင်တော့

ဦးသန်းထွဋ် တစ်ယောက် စောမင်းထွဋ်ကို ကြည့်ပြီး မြင်ပြင်းကပ်လို့နေလေ၏။ ဦးသန်းထွဋ် မြင်ပြင်းကပ်လည်း ကပ်ချင်စရာပင်။ စောမင်းထွဋ်မှာ ဟိုကြည့်ဒီကြည့်ဖြင့် ဂနာမငြိမ်ဖြစ်လို့နေလေသည်။ ဒီတွင် ဦးသန်းထွဋ်ကနေမှ

"ဟ...... ဘုရားလာတာ မင်းကို ဘုရားရှိခိုးတာလည်း မတွေ့သေးဘူး..... ဟိုကြည့်ဒီကြည့်နဲ့ လုပ်နေတော့တာဘဲ" ဟု ပြောလာပါလေသည်။

ဒါနဲ့ စောမင်းထွဋ်လည်း တွေ့ရာ နေ့နံဘုရားမှာ ထိုင်လိုက်ပြီး ဘုရားရှိခိုး လိုက်ပါလေသည်။ ဘုရားရှိခိုးတာတောင် ကောင်းကောင်းမရှိခိုး။ ဟိုကြည့်ဒီကြည့်က လုပ်နေသေး၏။ ‌ဦးသန်းထွဋ်ကတော့ မျက်မှောင်ကြုတ်ပြီး ရပ်ကြည့်နေလေသည်။

စောမင်းထွဋ် ဘုရားရှိခိုးလို့အပြီး ပြန်အထမှာ ဖြိုးသီဟနှင့် အမေဖြစ်သူ ဒေါ်နန်းခင်စောတို့ ရောက်လာကြတာကို မြင်ပြီး ပျော်သွားလေသည်။ စောမင်းထွဋ်မှာ ရောက်များမရောက်လာတော့ဘူးလားဟု တွေးနေရာကနေ ဖြိုးသီဟနှင့် အမေဖြစ်သူကို တွေ့မှဘဲ အပူလုံးကြီးကျသွားကာ ပျော်သွားရပါတော့သည်။ ဒါနဲ့ စောမင်းထွဋ်လည်း မြန်မြန်လေး ထရပ်လိုက်ပြီး အဖေဖြစ်သူကို ခဏလေး နေ‌ခိုင်းခဲ့ကာ အမေဖြစ်သူကို ကြိုဖို့ သွားလေတော့သည်။ ဦးသန်းထွဋ်ကတော့ "ဒီကောင်ဘာတွေ ကြောင်တောင်တောင် လုပ်ပြန်ပြီလဲ" ဟု ‌တွေးရင်း ရပ်နေဆဲပင်။

ဦးသန်းထွဋ် ရပ်နေတုန်း ခြေသံလေး ကြားလိုက်ရလေသည်။ ဒါနဲ့ ဦးသန်းထွဋ်လည်း

"ဘာဖြစ်ပြန်တာလဲ" ဟု ပြောလိုက်လေသည်။

ထိုအချိန်တွင် "ကိုသန်းထွဋ်" ဆိုသည့် နူးညံ့ပျော့ပြောင်းတဲ့ အသံလေး တစ်သံဟာ ဦးသန်းထွဋ် နားအနားသို့ ပျံ့လွင့်လို့လာလေသည်။

မိမိနာမည်လေးကို ခေါ်လိုက်တဲ့ အသံကြောင့် ဦးသန်းထွဋ် တအံ့တဩဖြစ်သွားရသည်။ နောက်ပြီးတော့လည်း နာမည်ခေါ်လိုက်တဲ့ အသံလေးက ချစ်ရသူ ဒေါ်နန်းခင်စော၏ အသံဆိုတာကို ဦးသန်းထွဋ် ချက်ချင်း သိလိုက်‌ရလေသည်။ ဒါနဲ့ ကျောပေးထားရာကနေ အသံလာရာဘက်သို့ လှည့်လိုက်တော့ ဒေါ်နန်းခင်စောကို ဦးသန်းထွဋ် အထင်းသား မြင်လိုက်ရလေတော့၏။

ဒါနဲ့ "မနန်းခင်စောက ဘယ်လိုလုပ်ပြီးတော့" ဆိုကာ ဦးသန်းထွဋ်မှ တအံ့တဩဖြင့် ပြောလိုက်လေသည်။

"ရှင်......"

ဦးသန်းထွဋ် ပြောလိုက်တဲ့ စကားကြောင့် ဒေါ်နန်းခင်စော အံ့ဩသွားသည်ကို ဦးသန်းထွဋ်လည်း ရိပ်မိသွားလေသည်။

"အမ်...... ကျွန်တော် ပြောချင်တာက..... ဟိုလေ........"

"ကိုသန်းထွဋ်ဘဲ ကျွန်မကို လာခေါ်ခိုင်းလိုက်တာဆို"

ဦးသန်းထွဋ် ဘာပြောရမှန်းမသိ ဖြစ်နေချိန် ဒေါ်နန်းခင်စောက ပြောလာသည်။ ဒေါ်နန်းခင်စော စကားကြောင့် ဦးသန်းထွဋ် အူလည်လည် ဖြစ်လို့သွားလေသည်။

"ဟင်....... ဘယ်သူက ‌မနန်းခင်စောကို ပြောတာလဲ"

"မောင်လေးအစောရဲ့ သူငယ်ချင်းလေ......... သူကပြောတာ...... ကိုသန်းထွဋ်က ကျွန်မကို လာမခေါ်ရဲလို့ သူက ကိုယ်စားလာခေါ်ရတယ် ဆိုပြီးတော့လေ"

"ဒီကောင်တွေတော့ကွာ......." ဟု ဦးသန်းထွဋ် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ရှင်........"

"အော် ဘာမှမဟုတ်ပါဘူး မနန်းခင်စော....... နေပူကြီးထဲ ဘုရားရင်ပြင်မှာ ရပ်ပြီး စကားပြောတာ သိပ်မကောင်းသလိုဘဲလို့"

"ဟုတ်တယ်နော်....... ကိုသန်းထွဋ် ပြောမှဘဲ ကျွန်မလည်း သတိရတော့တယ်"

"အဲ့တာကြောင့် အရိပ်ရတဲ့ လှေကားထစ်နားက အုတ်ခုံလေးနား သွားကြမလား မနန်းခင်စော"

"ကောင်းတာပေါ့ရှင်"

ဒါနဲ့ ဦးသန်းထွဋ်နှင့် ဒေါ်နန်းခင်စောတို့ လှေကားထစ်နားက အုတ်ခုံလေးတွေဆီ သွားလိုက်ကြတော့သည်။ ဦးသန်းထွဋ်ကတော့ ဒေါ်နန်းခင်စောရှိလို့ ပြုံးနေပေမယ့် စိတ်ထဲတွင်တော့ စောမင်းထွဋ်နှင့် ဖြိုးသီဟတို့ကို ကြိမ်ဆဲနေမှာ အမှန်ပင်။

လှေကားထစ်နားက အုတ်ခုံလေးတွေဆီ ရောက်တော့ ဒေါ်နန်းခင်စောနှင့် ဦးသန်းထွဋ်တို့ အတူတကွ ထိုင်လိုက်ကြသည်။ တူတူ ဘေးချင်းကပ် ထိုင်နေပေမယ့် ဘာစကားမှ မပြောကြသေးပေ။ ဦးသန်းထွဋ်လည်း ဒေါ်နန်းခင်စောကို မကြည့်ဘဲ တစ်ဖက်သို့ လှည့်နေလေ၏။ ဒေါ်နန်းခင်စောလည်း ခေါင်းလေးငုံ့ကာ နေနေပါတော့သည်။ ပတ်၀န်းကျင်ကလည်း ငှက်အသံကလွဲပြီး ဘာမှမကြားရချေ။ တိတ်ဆိတ်လို့နေ၏။

ထိုတွင် ဦးသန်းထွဋ်ကနေပြီး "မနန်းခင်စောလည်း နေကောင်းပါတယ်နော်" ဆိုကာ စပြောလာလေသည်။

"ကောင်းပါတယ်......... ကိုသန်းထွဋ်ကော"

"ကောင်းပါတယ်ဗျ"

"ဒါနဲ့ ကိုသန်းထွဋ် ခုတလော ကားမပြေးတော့သလိုဘဲနော်...... ကားကို ရောင်းလိုက်တာများလားဟင်"

"ကားက မရောင်းပါဘူး....... ကားပြေးတာကို နားထားလိုက်တာပါ"

"အော်...... မသိပါဘူး...... ကျွန်မက ကားရောင်းလိုက်ပြီလို့ ထင်နေတာ...."

"မဟုတ်ပါဘူး...... အရင်က အိမ်က မယ်ဇလီဖူးရောင်းတာလေ..... အခု မယ်ဇလီဖူးပင်က ခုတ်လိုက်တော့ အိမ်အတွက် အပို၀င်ငွေက မရတော့ဘူလေ..... အဲ့တာကြောင့် အိမ်ကို အပို၀င်ငွေရအောင်လို့ ဘာစီးပွားရေး လုပ်‌ရမလဲဆိုတာ လိုက်ပြီးကြည့်ပေးနေရတာမလို့ပါ...... ကားက ပြန်ပြီးပြေးမှာပါ"

"မြန်မြန်လေး ပြေးပါတော့ ကိုသန်းထွဋ်ရယ်...... ကျွန်မလည်း တစ်ခြားကား ငှားစီးနေရတော့ အဆင်မပြေပါဘူး...... ကိုသန်းထွဋ်နဲ့မှ အဆင်ပြေမှာ"

"‌ဗျာ......."

ဒေါ်နန်းခင်စော စကားကြောင့် ဦးသန်းထွဋ် ထိတ်လန့်သွားရလေသည်။

"အော်....... ကျွန်မက ကားငှားတာကို ပြောတာပါရှင့်"

"ဟုတ်ကဲ့ပါ"

ဒီလိုနှင့် စကားပြောနေရာကနေ ရုတ်တရက်ကြီး ငြိမ်သွားကြတော့သည်။ အချိန်အတော်အတန် ငြိမ်နေပြီကာမှ ဦးသန်းထွန်ကနေပြီး စကာ

"အမ်...... အခုက ကျွန်တော်နဲ့ မနန်းခင်စောနဲ့ သမီးရည်းစားအနေနဲ့ ပထမဆုံး တွေ့တာဘဲနော်"

"ဟုတ်လား....... ရက်လည်နေ့က တွေ့သေးတယ်လေ"

"အာ...... မနန်းခင်စောကလည်း အဲ့တုန်းက ခဏလေးဘဲလေ..... အခုက နှစ်ယောက်ထဲ တွေ့ကြတာကို ပြောတာလေ"

"ဟုတ်ပါပြီ....... ကျွန်မက ဒီအတိုင်းလေးဘဲ ပြောလိုက်တာပါ"

"အမှန်ဆို သမီးရည်းစားဖြစ်ပြီးတော့ မနန်းခင်စောကို အပြင်တွေ ခေါ်လည်ပြီး ဂရုစိုက်ပေးရမှာကို..... အခုတော့"

"ရပါတယ်...... ကိုသန်းထွဋ်ကလည်း........ ကိုသန်းထွဋ်မှ အဆင်မပြေသေးဘဲကို မဟုတ်လား....... ကိစ္စတွေကလည်း ဖြစ်ပျက်သွားခဲ့တာ ရုတ်တရက်ကြီးဆိုတော့ ကိုသန်းထွဋ် အနေနဲ့ တစ်ကယ် အဆင်မပြေခဲ့မှာဘဲလေ...... ကျွန်မ နားလည်ပါတယ်"

"ကျွန်တော့်ကို နားလည်ပေးလို့ မနန်းခင်စောကို ကျေးဇူးတင်ပါတယ်"

"အိုး........ သမီးရည်းစားတွေဘဲကို ကျေးဇူးတင်စရာမလိုပါဘူး...... ကိုသန်းထွဋ်ကလည်း........"

"ဟုတ်ကဲ့ပါ...... ကျွန်တော်က ရည်းစားသိပ်မထားဖူးတော့ သမီးရည်းစားတွေ ချိန်းတွေ့ရင် ဘာလုပ်ကြသလဲဆိုတာ မသိဘူးဖြစ်နေတယ်"

"ကျွန်မလည်း အတူတူပါဘဲ"

"ဒါနဲ့ မနန်းခင်စော ဒီနေ့ လှနေပါ့လား......."

"အိုး....... ဘာမှမပြင်ဆင်ဘဲ ထွက်လာခဲ့ရတာကို..... ဘယ်က လှရမှာလဲ ကိုသန်းထွဋ်ကလည်း......."

"လှပါတယ်...... ကျွန်တော် စကားပြောနေတုန်း တောက်လျှောက် မနန်းခင်စောကို ကြည့်နေတာ မနန်းခင်စောက မပြင်ဆင်ထားတာတောင် အရမ်းလှတယ်ဗျာ......"

"အိုး....... ကိုသန်းထွဋ်ရယ်...... ကျွန်မ ရှက်လာပြီ"

"ဘာလို့ရှက်တာလဲ...... ကိုယ့်ချစ်သူကို လှလို့ လှတယ်ပြောတာဘဲကို"

"ရှက်တာပေါ့....... တစ်ခါမှ အဲ့လိုပြောတာမျိုး မကြားဖူးဘူးရှင့်"

"ဒါဆိုရင်တော့ဗျာ..... မနန်းခင်စော နားယဉ်သွားအောင် ကျွန်တော် များများ ပြောပေးမယ်ဗျာ....... နောက်ဆို မရှက်ရအောင်ပေါ့"

"ဟုတ်ပါပြီရှင်...... ဒါနဲ့ ပြောရင်တော့ နှစ်ယောက်ထဲရှိတဲ့ချိန်ကြမှ ပြောနော်...... တော်ကြာ အကိုတွေ ကြားသွားရင် ပြဿနာတက်နေမှဖြင့်"

"ဟုတ်ကဲ့ပါဗျ..... မနန်းခင်စောနဲ့ နှစ်ယောက်ထဲ ရှိနေတဲ့အချိန်မှ ပြောမှာပါဗျာ...... စိတ်ချလိုက်ပါ......"

"ဒါနဲ့လေ ကျွန်မ ကိုသန်းထွဋ်ကို ပြောစရာလေး ရှိလို့"

"ဟုတ်ကဲ့ ပြောလေ မနန်းခင်စော......"

"ကောလိပ်တွေ ပြန်ဖွင့်တော့မယ်တဲ့လေ........"

"ဟင်....... ဒါဆို မနန်းခင်စော ညဘက်ဈေးမရောင်းတော့ဘူးလို့ ပြောတာလား"

"မဟုတ်ပါဘူး...... ဈေးကရောင်းမှာပါ...... ဒီအတိုင်း ကိုသန်းထွဋ်ကို ကောလိပ်ဖွင့်တော့မှာကို ပြောပြတာပါ"

"သိပါဘူး မနန်းခင်စောက ကျောင်းပြန်တက်ပြီဆိုတော့ ဈေးမရောင်းတော့ဘူးလို့ ကျွန်တော် ထင်လိုက်မိလို့ပါ"

"မဟုတ်ပါဘူး...... ကျွန်မက စာလိုက်နိုင်တဲ့ ကျောင်းသူလေးပါနော်"

"ဟုတ်ပါပြီဗျာ..... ကျောင်းတက်သွားလို့ တစ်ခြားယောကျာ်းလေးတွေ မြင်ပြီးတော့ ကျွန်တော့်ကို မေ့မသွားနဲ့နော်"

"ကျွန်မ မေ့မသွားပါဘူး ကိုသန်းထွဋ်ကလည်း ခုကတည်းက အူတိုနေပါ့လား"

"ဒီ‌လောက်လှတဲ့ မိန်းကလေးကို အူတိုသင့်ရင် တိုရမှာဘဲလေ......"

"ဟုတ်ပါပြီရှင် အခုတော့ အချိန်တွေတော်တော်ကြာနေပြီ ထင်တယ်..... ကျွန်မ ပြန်ရတော့မယ်..... ခဏက မောင်လေးအစောရဲ့ သူငယ်ချင်း လာခေါ်တော့ စခန်းသွားပြီး ပြန်လာမယ်လို့ ‌အကိုအကြီးဆုံးကို ပြောခဲ့တာ.... အကိုအကြီးဆုံးက မရဘူး..... အရမ်းကို စိတ်ဆတ်တာ"

"ဒါဆိုလည်း ပြန်လိုက်ပို့မယ်လေ..... နောက်ရက်တွေလည်း တွေ့ရမှာဘဲကို"

"ဒါနဲ့ သာသနာ၂၅၀၀ဘုရားကို မရောက်တာတောင် အတော်ကြာနေပြီဆိုတော့ ဘုရားဖူးပြီးမှဘဲ ပြန်ကြမယ်လေ"

"ကောင်းပြီဗျာ..... ဒါဆို ဘုရားရင်ပြင်ပေါ် တက်ကြတာပေါ့"

သို့နှင့် ဦးသန်းထွဋ်နှင့် ဒေါ်နန်းခင်‌တို့နှစ်ယောက် ဘုရားရင်ပြင်ပေါ်က ပြန်တက်ကာ ဘုရားဖူးကြလေတော့၏။ ဘုရားဖူးပြီးသည်နှင့် ဒေါ်နန်းခင်စောကို ဦးသန်းထွဋ်က ပြန်လိုက်ပို့လေသည်။

တစ်ဖက်တွက်တော့ ဦးသန်းထွဋ်နှင့် ဒေါ်နန်းခင်စောတို့ကို ပစ်ထားခဲ့ကြသည့် စောမင်းထွဋ်နှင့် ဖြိုးသီဟတို့ နှစ်ယောက် ရေကန်တောင်က လျှောက်လမ်းလေးမှာ တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ထားလျက် ပျော်ပျော်ပါးပါးကြီး လမ်းလျှောက်နေကြလေသည်။

"အကိုသန်းထွဋ်က ကျွန်တော်တို့ကို စိတ်တိုနေမလား မသိဘူးနော် အကိုထွဋ်..........

ဒါမှမဟုတ် အဆင်ကော ပြေကြပါ့မလား" ဟု ဖြိုးသီဟ တစ်ယောက် စိတ်ပူကာ တစ်ယောက်ထဲ ရေရွတ်နေ‌ပါတော့သည်။

စောမင်းထွဋ်ကတော့ ဖြိုးသီဟကိုသာ ငေးကြည့်ရင်း လမ်းလျှောက်နေလေသည်။

"အကိုသန်းထွဋ်တို့ အဆင်ပြေပါ့မလားလို့" ဆိုကာ စောမင်းထွဋ်က ပြန်မဖြေလေတော့ ဖြိုးသီဟ တစ်ယောက် ထပ်ပြောလေတော့သည်။

"အဆင်ပြေမှာပါ..... ဘာလို့ စိတ်ပူနေရတာလဲ"

"ဟုတ်ပါပြီ...... အောင်သွယ်တော် လုပ်ထားရတာဆိုတော့ လုပ်ရကျိုးနပ်မနပ် သိချင်တာပေါ့လို့၊ ခဏလောက် စောင့်ကြည့်ကြမယ် ပြောတာကို အကိုဘဲ အတင်းခေါ်လာတာလေ"

"ဘာလို့ သူများ သမီးရည်းစားကို ချောင်းကြည့်နေမှာလဲ...... ကိုယ့်အချင်းချင်းဘဲ ကြည့်‌နေမှာပေါ့..... မင်းနဲ့ငါနဲ့က သမီးရည်းစားတွေဘဲဟာကို"

"ဟုတ်သားဘဲနော်......."

ဒီလိုနှင့် ခဏလောက် တိတ်ဆိတ်သွားပြီး လမ်းလျှောက်နေကြလေသည်။ နောက်တော့မှ စောမင်းထွဋ်ကနေပြီး

"ငါ မရှိတော့ရင် မင်းဘယ်လိုလုပ်မှာလဲ ညီဖြိုး" ဆိုကာ မေးလိုက်လေသည်။

"မရှိတော့ဘူးဆိုတာက ဘာကိုဆိုလိုချင်တာလဲ အကို..... ဒီမြို့မှာ မရှိတော့တာကို ပြောတာလား"

"အေးပေါ့...... အဲ့လိုသဘောပေါ့"

"အကို့ရှိ‌တဲ့နောက်ကို ကျွန်တော် လိုက်လာမှာပေါ့"

"မင်းက ဘယ်လိုလိုက်လာမှာလဲ........"

"အင်း...... အကိုက ရန်ကုန်ကဆိုတော့ ကျွန်တော်လည်း ရန်ကုန်စခန်းပြောင်းဖို့ လျှောက်ပြီး အကို့နောက် လိုက်လာမှာပေါ့"

"တစ်ကယ်လို့ မရခဲ့ရင်ကော"

"မရခဲ့ရင်လား..... ရဲအလုပ်က ထွက်ပြီး အကို့နောက်ကို သီးသန့်လိုက်လာမှာပေါ့...... ရန်ကုန်မှာ အမျိုးရှိတာ‌ဘဲ...... အဲ့မှာနေပြီး အလုပ်ရှာမယ်...... အလုပ်လုပ်ပြီး အကိုနဲ့ အတူတူဖြတ်သန်းမယ်"

စောမင်းထွဋ်မှာတော့ ဘာမှပြန်မပြောဘဲ ဖြိုးသီဟကို ငေးကြည့်နေလေရဲ့။

"အကိုက ဘာလုပ်ဖို့ မေးတာလဲ"

"ဟင်..... ဒီအတိုင်း သိချင်လို့ပါ"

"ဟာ....... အကိုကလည်း........."

"ပြန်ကြတော့မလားလို့........."

"အာ...... ခဏလောက်ထပ်နေအုန်းမယ်လေ...... အကိုနဲ့ ထပ်ရှိနေချင်သေးတာကို"

"ဟုတ်ပါပြီ....... ဒါဆို ခဏလောက် ထပ်နေကြမယ်လေ"

ဒီလိုနဲ့ စောမင်းထွဋ်နှင့် ဖြိုးသီဟတို့ ရေကန်တောင်လေးမှာ ခဏလောက် ထပ်နေကြလေသည်။ ညနေစောင်းခါနီးလောက်ကြတော့ ပြန်ကြလေတော့သည်။ အိမ်ကိုရောက်တော့ စောပြန်ရောက်နေမည်ဟု မထင်မှတ်ထားသည့် ဦးသန်းထွဋ်ကြောင့် စောမင်းထွဋ်ကော ဖြိုးသီဟပါ အံ့ဩသွားကြလေသည်။

ဦးသန်းထွဋ်ကတော့ သူ့ကို မလိမ့်တပတ်လုပ်သွားသည့် စောမင်းထွဋ်နှင့် ဖြိုးသီဟကို ဆူပါလေတော့သည်။ စောမင်းထွဋ်နှင့် ဖြိုးသီဟတို့မှာတော့ ဆူခံထိတာတောင် ပြုံးစိစိ လုပ်နေနိုင်တုန်းပင်။

ထိုနေ့လေးကတော့ တစ်ကယ့်ကို မေ့မရတဲ့ နေ့လေးတစ်ခုပင်တည်း။

အားလုံး နေရာတကျ ဖြစ်ဖို့ အချိန်လည်း မဝေးတော့ပေ။

×××××

အခန်း(၃၁)မျှော်

ကြိုက်နှစ်သက်မယ်လို့ မှော်လင့်ပါတယ်။

••••••••••••••••••••••••••••••••••••••••••••••••

#Zawgyi#

၁၉၉၀.....ဆီသို႔


••••••••••••••••••


အခန္း(၃၀)

မနက္ခင္း မိုးစင္စင္ပင္ လင္းေခ်ၿပီ။ ေစာမင္းထြဋ္လည္း မယ္ဇလီဖူး ခူးစရာမလိုေတာ့ဘူး ဆိုတာကို ေမ့ၿပီး အေစာႀကီး ‌အိပ္ယာက ႏိုးေနေတာ့၏။ သို႔မဟုတ္ရင္လည္း ၿဖိဳးသီဟနဲ႔ တိုင္ပင္ထားတဲ့ အႀကံအစည္အတြက္ စိတ္လႈပ္ရွားၿပီး ထတာလည္း ျဖစ္ႏိုင္တာဘဲေလ။ ေစာမင္းထြဋ္ ေဘးဘီကို ‌တစ္ခ်က္ ေဝ့ၾကည့္လိုက္၏။ ဦးေလးျဖစ္သူ ဦးတင္ထြဋ္ကို ခုတင္ထက္တြင္ မေတြ႕ေတာ့ေပ။ အေစာႀကီး ႏိုးၿပီး အခန္းထဲက ထြက္သြားၿပီနဲ႔ တူပါရဲ႕။

ေနာက္ၿပီး ေစာမင္းထြဋ္၏ အၾကည့္ေတြက အေဖျဖစ္သူ ဦးသန္းထြဋ္ ဆီသို႔ က်ေရာက္သြားေလသည္။ အေဖျဖစ္သူ ဦးသန္းထြဋ္မွာ အိပ္ေမာက်လ်က္ ရွိေနေတာ့သည္။ ကားေျပးတာ မထြက္ေသးေတာ့ အိပ္ေရး၀ေအာင္ အိပ္ေန‌သည္နဲ႔ တူပါရဲ႕။

ဒါနဲ႔ ေစာမင္းထြဋ္လည္း အေဖျဖစ္သူကို မႏိုးေတာ့ဘဲ ဒီအတိုင္း ခုတင္ေပၚက အသာေလးဆင္းကာ အခန္းျပင္သို႔ ထြက္လာခဲ့လိုက္သည္။ အခန္းျပင္ေရာက္ေတာ့ အခ်ိန္နာရီကို တစ္ခ်က္ လွမ္းၾကည့္မိလိုက္သည္။ ေလးနာရီပင္ ရွိေသးသည္။ ခါတိုင္း ေစာမင္းထြဋ္ ထေနက် အခ်ိန္ေပတည္း။ သို႔ႏွင့္ ေစာမင္းထြဋ္လည္း ‌မ်က္ႏွာသစ္ဖို႔ရန္အတြက္ ေနာက္ေဖးသို႔ သြားလိုက္သည္။

ေနာက္ေဖး ေရတြင္းနားသို႔အသြား မီးဖိုေခ်ာင္ကို အျဖတ္မွာ ထမင္းအိုးတည္ေနတဲ့ အေဒၚျဖစ္သူ ေဒၚစန္းရီကို ေစာမင္းထြဋ္ ေတြ႕လိုက္ရေလသည္။ ထမင္းအိုးတည္ေနတဲ့ ေဒၚစန္းရီလည္း ေစာမင္းထြဋ္ကို ေတြ႕သြားသည္ႏွင့္ တူေလရဲ႕။

"ေမာင္ေလးရယ္........ မယ္ဇလီဖူး ေရာင္းရေတာ့မွာလည္း မဟုတ္တာကို......ဘာလို႔မ်ား အေစာႀကီးထလာရတာလဲ........ အဲ့တာမ်ား ဆက္အိပ္ေနလိုက္တာ မဟုတ္ဘူး" ဟု ထမင္းအိုးတည္ေနတဲ့ ေဒၚစန္းရီမွ ေျပာလာသည္။

"ရပါတယ္ အမ........ ဘာမွမျဖစ္ပါဘူး....... လူက အေစာႀကီး ႏိုးေနေတာ့ ဆက္မအိပ္ခ်င္ေတာ့နဲ႔ ထလာလိုက္တာပါ........"

"ေအးပါ....... ေအးပါ......... ဟုတ္ပါၿပီ"

‌အေဒၚျဖစ္သူ ေဒၚစန္းရီလည္း ေျပာၿပီးေရာ ေစာမင္းထြဋ္လည္း ေနာက္ေဖး ေရတြင္းနားသို႔ တန္းသြားလိုက္ေလသည္။ ေရတြင္းနား ေရာက္ေတာ့ ဦးေလးျဖစ္သူ ဦးတင္ထြဋ္ မ်က္ႏွာသစ္ေနသည္ကို ေတြ႕လိုက္ရေလသည္။ ဒါနဲ႔ ေစာမင္းထြဋ္လည္း ဦးတင္ထြဋ္ ၿပီးတာနဲ႔ တစ္ခါတည္း မ်က္ႏွာသစ္လိုက္သည္။

မ်က္ႏွာသစ္ၿပီးသြားေတာ့ ေစာမင္းထြဋ္ တစ္ေယာက္ အိမ္ေရွ႕ ၀ရံတာေလးမွာ ထိုင္ေနေလသည္။ ေဒၚနန္းအုန္းေ႐ႊ၊ ေဒၚစန္းရီႏွင့္ ‌ဦးတင္ထြဋ္တို႔ကေတာ့ ေဈးသြားဖို႔အတြက္ ျပင္ဆင္ေနၾကေလသည္။ ေစာမင္းထြဋ္မွာေတာ့ မႈိင္မႈိင္ေတြေတြျဖင့္ ထိုင္ေနေလရဲ႕။ ခါတိုင္းဆိုလွ်င္ အေစာႀကီး ထၿပီး မယ္ဇလီဖူး ခူးခဲ့ရသည္ မဟုတ္ပါလား။ မယ္ဇလီဖူး ခူးၿပီးေတာ့လည္း ေဈးေရာင္းဖို႔အတြက္ ျပင္ဆင္ခဲ့ရေလသည္။ အခုေတာ့ အဲ့တာေတြ တစ္ခုမွ မလုပ္ရေတာ့ ေစာမင္းထြဋ္ တစ္ေယာက္ ပ်င္းလို႔ေနေလ၏။

ဒါနဲ႔ တစ္ေယာက္ထဲ အိမ္မွာ ပ်င္းပ်င္းနဲ႔ က်န္ေနခဲ့ရမည္ကို ေတြးမိၿပီး ေစာမင္းထြဋ္ အေစာႀကီးကတည္းက အပ်င္းတစ္ေနေတာ့သည္။ ဒါေၾကာင့္ ေစာမင္းထြဋ္ ေဈးလိုက္သြားဖို႔ကို ဆုံးျဖတ္လိုက္ရေလသည္။ ေဈးကို မေရာက္သည္မွာလည္း ႏွစ္ရက္ပင္ ရွိေနေလၿပီ။ ဒါေၾကာင့္ ေဈးလိုက္သြားဖို႔ ဆုံးျဖတ္လိုက္ရတာဘဲ ျဖစ္သည္။

ခဏေနေတာ့ ေဈးသြားမယ့္သူေတြ အိမ္ျပင္သို႔ ထြက္လာၾကေလသည္။ ဒါနဲ႔ ေစာမင္းထြဋ္လည္း အတူလိုက္သြားဖို႔ ေျပာလိုက္ပါေတာ့သည္။ ေဈးသြားမယ့္ သူမ်ားကလည္း ေစာမင္းထြဋ္ လိုက္လာမွာကို မတားေပ။ ဒီအတိုင္း လိုက္ခဲ့ဖို႔ ေျပာလာေတာ့၏။ ဒီလိုႏွင့္ ဦးသန္းထြဋ္ကို အိမ္တြင္ တစ္ေယာက္ထဲ ထားခဲ့ကာ ေဈးသို႔သြားၾကေလသည္။

တစ္နာရီေလာက္ ေဈးသြားလို႔ အၿပီးမွာေတာ့ အိမ္သို႔ ျပန္လာၾကေတာ့သည္။ ေဈး၀ယ္သြားၾကတဲ့ သူမ်ားက အိမ္ၿခံ၀န္းထဲ ၀င္လာေတာ့ ဒူးတစ္ဖက္ ေထာင္ထားကာ အိမ္‌ေရွ႕၀ရံတာေလးတြင္ ထိုင္ေနသည့္ ဦးသန္းထြဋ္ကေနမွ ထလာၿပီးေတာ့ ပစၥည္းပစၥယမ်ားကို သယ္ကူဖို႔ အနားသို႔ ေရာက္ခ်လာပါေတာ့သည္။

"အမေလး...... မလိုပါဘူး ဖိုးႀကီးရယ္" ဟု ေဒၚစန္းရီက ေျပာလိုက္သည္။

ေဒၚစန္းရီက မလိုဘူးဟု ေျပာေပမယ့္လည္း ဦးသန္းထြဋ္မွာ အမျဖစ္သူ လက္ထဲက အထုပ္ေတြကို ယူလိုက္ပါေသးသည္။

ၿပီးေနာက္ "သယ္ေပးမယ့္သူ ေရာက္လာတာကို...... ဘာလို႔ မလိုဘူးလို႔ ေျပာရတာလည္း မီးမီးကလည္း လာသယ္ေပးတဲ့သူ စိတ္မေကာင္း ျဖစ္ေအာင္လို႔" ဆိုကာ ဦးသန္းထြဋ္ ေျပာလိုက္ပါေလသည္။

"ေအးပါ...... ေအးပါ........ ကဲ..... ဒီထဲက တစ္ခ်ိဳ႕အထုပ္ေတြေပး...... ဆြမ္းေတာ္ ျပင္ဖို႔" လို႔ ေျပာကာ ေဒၚစန္းရီမွ ေမာင္ျဖစ္သူ ဦးသန္းထြဋ္ လက္ထဲမွ အထုပ္တစ္ခ်ိဳ႕ကို ယူကာ ဆြမ္းေတာ္ျပင္ဖို႔အတြက္ မီးဖိုေခ်ာင္သို႔ သြားေလေတာ့သည္။

အထုပ္ေတြ သယ္လာၾကတဲ့ ဦးတင္ထြဋ္ႏွင့္ ေစာမင္းထြဋ္တို႔မွာလည္း အထုပ္ေတြကို အိမ္ေရွ႕၀ရံတာေလးတြင္ ခဏေလာက္ ထားလိုက္ၾကၿပီး နားလိုက္ပါေလသည္။ ဦးသန္းထြဋ္ကေတာ့ ေဈးကေန ဘာေတြမ်ား ၀ယ္လာေလသလဲဆိုတာ ဟိုရွာဒီရွာျဖင့္ စူးစမ္းေနေတာ့၏။

"ဟ........ ဒီေန႔က ငပိရည္က်ိဳစားၾကမွာေပါ့ေလ" ဟု ဦးသန္းထြဋ္ အထုပ္ေတြကို စူးစမ္းၿပီးေတာ့ ေျပာလာပါေလသည္။

"ဟုတ္တယ္........ အ‌ေစာက စားခ်င္လို႔တဲ့ေလ" ဆိုၿပီး ဦးတင္ထြဋ္က အကိုျဖစ္သူကို ျပန္ေျဖလိုက္ေလသည္။

"ဟုတ္လား....... အေစာဆိုကာမွ ငါက မနက္ထလာေတာ့ လိုက္ရွာတာ အိမ္ကသူေတြလည္း မရွိ၊ အေစာလည္း မရွိဘူးဆိုေတာ့ ငါက အေစာမ်ား ငါ့ကို ႏႈတ္ဆက္ဘဲ ျပန္သြားၿပီလားေပါ့ေလ......... ေနာက္မွ ေဈးလိုက္သြားတာေနမွာပါလို႔ ေတြးလိုက္ရတာ"

"ကြၽန္ေတာ္ျပန္ရင္ အကို႔ကို အရင္ႏႈတ္ဆက္မွာပါ....... အဲ့တာေၾကာင့္ အကို႔ကို မႏႈတ္ဆက္ဘဲ ျပန္သြားမယ္ဆိုတာမ်ိဳး မျဖစ္ေစရပါဘူး"

"ေအးပါ...... ေအးပါကြာ........."

"ဒါျဖင့္ အကိုသန္းထြဋ္ကိုဘဲ ႏႈတ္ဆက္ၿပီး ငါတို႔ကိုက်ေတာ့ မႏႈတ္ဆက္ဘူးေပါ့ေလ" ဟု ဦးတင္ထြဋ္က ၀င္ေျပာလာသည္။

"အဲ့လို မဟုတ္ဘူးေလ...... အကိုေလးကလည္း.... အကိုသန္းထြဋ္ကို အရင္ႏႈတ္ဆက္မယ္လို႔ ေျပာတာပါ..... အကိုေလးတို႔ အမတို႔ကိုလည္း ႏႈတ္ဆက္သြားမွာပါ"

"ဟုတ္ပါၿပီ....... ငါက စတာပါကြာ" ဆိုၿပီး ဦးတင္ထြဋ္က ထပ္ေျပာလာေလသည္။

ထိုအခ်ိန္ အိမ္ေရွ႕သို႔ ေဒၚစန္းရီ ေရာက္လို႔လာေလသည္။

"ကဲ....... ဒီညီအကိုေတြ ဘာေတြစကားေကာင္းေနၾကတာလဲ"

"ဒီလိုပါဘဲ ဟိုဟိုဒီဒီေလွ်ာက္ေျပာေနၾကတာပါ အမ" ဟု ေစာမင္းထြဋ္ ျပန္ေျဖလိုက္သည္။

"ကဲ......ကဲ...... ေနာက္ေဖးကို လာခဲ့ၾကေတာ့....... မနက္စာ စားၾကမယ္" လို႔ ေျပာၿပီး ေဒၚစန္းရီလည္း အိမ္ထဲ ၀င္သြားေခ်သည္။

"ကဲ...... မနက္စာ စားၾကမယ္တဲ့ေဟ့" ဆိုကာ ဦးသန္းထြဋ္လည္း ၀င္သြား‌ေလသည္။

ဒါနဲ႔ ေစာမင္းထြဋ္ႏွင့္ ဦးသန္းထြဋ္လည္း လိုက္၀င္သြားလိုက္ပါေလသည္။ ေနာက္ေဖးမွာ ဦးသန္းထြဋ္တို႔ တစ္သိုက္ မနက္စာ စားၿပီးေနၾကတဲ့အခ်ိန္တြင္ မနက္စာ စားၿပီးတဲ့ ေဒၚနန္းအုန္းေ႐ႊ၏ ဘုရားရွိခိုးသံက တစ္လြင့္လြင့္ ထြက္ေပၚလာေလေတာ့၏။

ဒီလိုႏွင့္ မနက္စာ စားၿပီးသြားေတာ့ အားလုံးက အလုပ္ ကိုယ္စီျဖင့္ မအားၾကေတာ့ေခ်။ ေဒၚနန္းအုန္းေ႐ႊမွာ အထည္ေတြ ခ်ဳပ္ရေပအုန္းမည္။ ေဒၚစန္းရီမွာလည္း ေန႔လည္စာ ခ်က္ျပဳတ္ဖို႔အတြက္ ျပင္ရဆင္ရအုန္းမည္။ ဦးတင္ထြဋ္ကလည္း အလုပ္ရွာဖို႔ ဆိုကာ ထြက္သြားေလသည္။ အိမ္တြင္ အားေနတဲ့ သူကေတာ့ ေစာမင္းထြဋ္ႏွင့္ ဦးသန္းထြဋ္သာ ရွိေတာ့သည္။

ေစာမင္းထြဋ္မွာ အိမ္ေရွ႕၀ရံတာေလးမွာ ထိုင္ၿပီး ဟိုၾကည့္ဒီၾကည့္ လုပ္နေလသည္။ ဦးသန္းထြဋ္ကေတာ့ အိမ္ထဲတြင္ သတင္းစာ ဖတ္ေနေလရဲ႕။ ဒါနဲ႔ ေစာမင္းထြဋ္လည္း အေဖျဖစ္သူ ဦးသန္းထြဋ္ကို ႀကံစည္ထားတဲ့ အတိုင္း ခုခ်ိန္ လႈပ္ရွားမွ ျဖစ္မယ္ဆိုကာ ေစာမင္းထြဋ္ တစ္ေယာက္ အေဖျဖစ္သူနားသို႔ သြားဖို႔ ျပင္လိုက္ခ်ိန္မွာပင္ အိမ္ေရွ႕သို႔ ကားတစ္စီး ထိုးရပ္လာပါေတာ့သည္။ ဒါနဲ႔ ေစာမင္းထြဋ္လည္း ဘယ္သူဆိုတာကို ေသခ်ာေလး ၾကည့္လိုက္ပါေလသည္။

ကားကေန ဆင္းလာသည့္ သူကေတာ့ ေစာမင္းထြဋ္၏ ခ်စ္ရသူ ၿဖိဳးသီဟပင္ ျဖစ္သည္။ ေစာမင္းထြဋ္ တစ္ေယာက္ကေတာ့ ရယ္မရလိုလို၊ ငိုရမလိုလို ျဖစ္လို႔သြားေလသည္။

"ေဟ့ ငါညီ ဘယ္သူလာတာလဲ" ဆိုကာ အိမ္ထဲမွာ သတင္းစာ ဖတ္ေနတဲ့ ဦးသန္းထြဋ္က လွမ္းေမးလာေတာ့သည္။

"ညီၿဖိဳးလာတာ အကိုေရ......" ဟု ေစာမင္းထြဋ္ ျပန္ေျဖလိုက္သည္။

"ငၿဖိဳးလာတာလား" လို႔ ဦးသန္းထြဋ္ ေျပာၿပီး သတင္းစာ ျပန္ဖတ္ေနေတာ့၏။

ၿဖိဳးသီဟကေတာ့ ၿပဳံးၿပဳံးေပ်ာ္ေပ်ာ္ျဖင့္ အိမ္ႀကီးဆီသို႔ လာေနပါေလသည္။ အိမ္နားလည္း ေရာက္ေရာ မိမိကို ရပ္ၾကည့္ေနသည့္ ေစာမင္းထြဋ္ကို ျမင္ေတာ့ ၿဖိဳးသီဟ ၿပဳံးျပလာေတာ့သည္။ ၿပီးမွ

"အကိုထြဋ္ ဘာလို႔ ရပ္ေနတာလဲ" ဆိုၿပီး ေမးလာေလသည္။

ဒါနဲ႔ ေစာမင္းထြဋ္လည္း "မင္း ဒီနားထိ ေရာက္လာမွာကို ေစာင့္ေနတာေလ" ဆိုၿပီး ၿပဳံးၿပဳံးေလး ျပန္ေျဖလိုက္သည္။

"ေအာ္....... ဟုတ္လား" လို႔ ၿဖိဳးသီဟ ျပန္ေျဖရင္း အိမ္ေပၚသို႔ တက္လာလိုက္ေလသည္။

"လာ....... ငၿဖိဳး...... လာ"

အိမ္ေပၚ တက္လာတဲ့ ၿဖိဳးသီဟကို ျမင္ေတာ့ ဦးသန္းထြဋ္မွ ႀကိဳဆိုေလေတာ့သည္။

ဒါနဲ႔ ၿဖိဳးသီဟလည္း ဦးသန္းထြဋ္နား သြားထိုင္လိုက္ေလသည္။ ေစာမင္းထြဋ္လည္း အိမ္ထဲ ၀င္ကာ လိုက္ထိုင္လိုက္ရေတာ့သည္။

"ဒါနဲ႔ မနက္ေစာေစာ အိမ္လာလို႔ပါလား" ဆိုၿပီး ဦးသန္းထြဋ္မွ စကာ ၿဖိဳးသီဟကို ေမးလာေလေတာ့၏။

"ဟိုေလ......... တိုင္ပင္ထား......." ဆိုကာ ၿဖိဳးသီဟ ေျပာထြက္႐ုံ ရွိေသး၊ ‌မေျပာျပဖို႔ရန္ အတြက္ လက္ဟန္ေျခဟန္ျဖင့္ လုပ္ျပေနသည့္ ေစာမင္းထြဋ္ကို ေတြ႕သြားေလသည္။ ဒါနဲ႔ ၿဖိဳးသီဟလည္း ဘာေျပာရမလဲဆိုတာ စဥ္းစားရေလၿပီ။

"တိုင္ပင္ထားတယ္...... ဘာတိုင္ပင္ထားတာလဲ...... ဘယ္သူနဲ႔လဲ" ဟု ဦးသန္းထြဋ္ ေျပာေနရင္း ေစာမင္းထြဋ္ဘက္ လွည့္လာသည္။ ၿပီးေတာ့ ဆက္ေျပာသည္။

"အေစာနဲ႔ တိုင္ပင္ထားတာလား......... ဟုတ္လား....... ဘာေတြ တိုင္ပင္ထားၾကတလဲ"

"အမ္....... အင္...... ေအာ္....... တိုင္ပင္ထားတာက စခန္းက သူေတြနဲ႔ ေရာသြားလို႔ အကိုေရ....... အခုက မယ္ဇလီဖူး ၀ယ္မလို႔လာတာ"

"ဟုတ္လား..... ဒါဆိုလည္း ေနာက္ေဖးကို သြားၾကမယ္ေလ ညီၿဖိဳး..... လာ" ဟု ဆိုကာ ေစာမင္းထြဋ္ ထိုင္ရာကထကာ ေနာက္ေဖးသို႔ သြားဖို႔ ျပင္ေလသည္။

ၿဖိဳးသီဟလည္း ေစာမင္းထြဋ္ေနာက္ လိုက္ဖို႔ ထိုင္ရာက ထလိုက္သည္။

ထိုအခ်ိန္ "မေန႔ကလည္း မင္းလာေသးတယ္ မဟုတ္လား ငၿဖိဳး......" ဆိုကာ ဦးသန္းထြဋ္ ေျပာလာေလသည္။

"ဟုတ္တယ္ေလ အကို" ဟု ၿဖိဳးသီဟ ထစ္ထစ္ေငါ့ေငါ့ျဖင့္ ျပန္ေျဖလိုက္သည္။

"ဒါဆို မင္း မေန႔က ဘာလာလုပ္တာလဲ"

ဦးသန္းထြဋ္ ထပ္ေမးျပန္ေလသည္။

ၿဖိဳးသီဟလည္း ဘာျပန္ေျဖရမလဲ မသိေတာ့ေခ်။ ၿဖိဳးသီဟ ျပန္ေျဖဖို႔ အခက္ေတြ႕ေနခ်ိန္တြင္ ေစာမင္းထြဋ္ကေနမွ

"ေအာ္...... ဟုတ္တယ္....... မေန႔ကလည္း မယ္ဇလီဖူး ၀ယ္ဖို႔လာတာဘဲေလ...... အဲ့တာ မယ္ဇလီဖူးေလးေတြက သိပ္မသီးေသးေတာ့ ဒီေန႔လာဖို႔ကို ကြၽန္ေတာ္က ခ်ိန္းလိုက္တာ" လို႔ ေျပာၿပီး ေစာမင္းထြဋ္ တစ္ေယာက္ ၿဖိဳးသီဟ လက္ကို ကိုင္ဆြဲကာ ‌မယ္ဇလီဖူးပင္နား ေခၚသြားေလေတာ့သည္။

ဦးသန္းထြဋ္ကေတာ့ တစ္ေယာက္ထဲ က်န္ခဲ့ေလရဲ႕။

ေစာမင္းထြဋ္ ၿဖိဳးသီဟကို မယ္ဇလီဖူးပင္နားသို႔ ေခၚအသြားမွာေတာင္ ေဒၚစန္းရီႏွင့္ မီးဖို‌ေခ်ာင္မွာ ေတြ႕ခဲ့ရလို႔ ၿပဳံးေတာင္ ၿပဳံးျပလာခဲ့ရေသးသည္။

မယ္ဇလီဖူးပင္နားလည္း ေရာက္ေရာ ေစာမင္းထြဋ္မွာ ၿဖိဳးသီဟ လက္ကေလးကို လြတ္လိုက္ၿပီး

"ဘာလို႔ အိမ္ကို ေရာက္လာရတာလဲ" ဟု ေမးလိုက္ပါေလသည္။

"ဟဲ...... ဟဲ........ အကို႔ကို ေတြ႕ခ်င္တာရယ္........ ၿပီးေတာ့ မေန႔က တိုင္ပင္ထားတာ ေသခ်ာေအာင္ရယ္ ဆိုၿပီး လာခဲ့လိုက္တာေလ....... ဘာလဲ အကိုက ကြၽန္ေတာ္ လာတာ မႀကိဳက္ဘူးလား"

"မဟုတ္ပါဘူး......... ႀကိဳက္ပါတယ္.........."

"ႀကိဳက္တယ္ဆိုရင္လည္း ဒီနားမွာ ေအးေအးေဆးေဆး တိုင္ပင္ၾကရေအာင္....... ေသခ်ာလုပ္မွ တိုင္ပင္ထားတာေတြ အျဖစ္ေျမာက္မွာ မဟုတ္ဘူးလား အကို"

"ေအးပါ....... ေအးပါ....."

"ဒါနဲ႔ေလ ခဏက အကို ကြၽန္ေတာ့္ဘက္ကေန ကာေျပာေပးေနတာေလ...... ကြၽန္ေတာ္ေတာင္ ရန္ခုန္သြားတာဘဲကြာ"

"ဟာ...... အဲ့ေလာက္လည္း မဟုတ္ပါဘူး"

"တစ္ကယ္......... အကို႔ပုံစံက တစ္ကယ္မိုက္တာ....... အဲ့လိုေတြေၾကာင့္ဘဲ အကို႔ကို ကြၽန္ေတာ္ ပိုင္ဆိုင္ခ်င္စိတ္ေတြ တဖြားဖြားျဖစ္လာရတာေပါ့......."

"ဟုတ္ပါၿပီ....... ဟုတ္ပါၿပီ....... ဒါနဲ႔ မယ္ဇလီဖူးက ယူသြားမွာလား"

"ေအာ္....... ဟုတ္သားဘဲ....... ဒီေန႔က မယ္ဇလီဖူး ၀ယ္ဖို႔လာတာကိုလည္း ေမ့ေတာ့မလို႔" ဆိုကာ ၿဖိဳးသီဟ ေျပာင္စပ္စပ္ျဖင့္ ေျပာလာသည္။

"ျဖစ္ရမယ္...... ျဖစ္ရမယ္"

ဒါနဲ႔ ေစာမင္းထြဋ္ႏွင့္ ၿဖိဳးသီဟတို႔ ႏွစ္ေယာက္ မယ္ဇလီဖူး ခူးရင္း မေန႔က တိုင္ပင္ထားတာကို တီးတိုးတီးတိုးျဖင့္ ျပန္ၿပီး ေျပာေနၾကေတာ့သည္။

ဒီလိုႏွင့္ အခ်ိန္အေတာ္ၾကာ တိုင္ပင္ၿပီးသြားေတာ့ ေစာမင္းထြဋ္ႏွင့္ ၿဖိဳးသီဟတို႔ ႏွစ္ေယာက္လည္း အိမ္ေရွ႕သို႔ ျပန္သြားလိုက္ၾကသည္။ ၿဖိဳးသီဟ လက္ထဲတြင္လည္း မယ္ဇလီဖူးထုပ္ေလးက ေနရာယူထားလ်က္ျဖင့္။ အိမ္ေရွ႕သို႔ ေရာက္ေတာ့ ေဒၚစန္းရီႏွင့္ ေတြ႕ေလသည္။

"ျပန္ေတာ့မွာလား....... ေမာင္ေလး" ဆိုကာ ေဒၚစန္းရီမွ ၿဖိဳးသီဟကို ျမင္၍ ေျပာလာျခင္းျဖစ္သည္။

"ဟုတ္....... အခု ျပန္ေတာ့မွာ အမ...... စခန္းကိုလည္း သြားရအုန္းမယ္ေလ"

"ဟုတ္တာဘဲ....... ကဲ..... ကဲ....... ျဖည္းျဖည္းသြားအုန္းေနာ္"

"ဟုတ္ အမ"

ဒါနဲ႔ ေစာမင္းထြဋ္လည္း ၿဖိဳးသီဟကို ၿခံ၀န္းေရွ႕ထိ လိုက္ပို႔ေပးလိုက္ေလသည္။ ၿခံ၀န္းေရွ႕လည္း ေရာက္ေရာ ၿဖိဳးသီဟမွ ေစာမင္းထြဋ္ကို ႏႈတ္ဆက္ကာ ျပန္သြားေခ်သည္။ ၿဖိဳးသီဟလည္း ျပန္သြားေတာ့ ေစာမင္းထြဋ္လည္း အိမ္ဘက္သို႔ အျမန္ေလး ျပန္လာလိုက္ရေတာ့သည္။

အိမ္ထဲသို႔ ေရာက္ေတာ့ ေစာမင္းထြဋ္ အိပ္ခန္းထဲကို ၀င္လိုက္ပါေလသည္။ အိပ္ခန္းထဲမွာ အေဖျဖစ္သူ ရွိမေနတာေၾကာင့္ ေစာမမင္းထြဋ္ ျပန္ထြက္လာလိုက္ရသည္။ ခဏက အေဖျဖစ္သူကို မျမင္မိ၍ အိပ္ခန္းထဲမွာ ရွိေနမည္ဟု ထင္ၿပီး အခန္းထဲ ၀င္ရွာလိုက္တာ အေဖျဖစ္သူ ရွိမေနတာေၾကာင့္ ေစာမင္းထြဋ္ တစ္ေယာက္ အခန္းထဲက ျပန္ထြက္လာရျခင္းဘဲ ျဖစ္သည္။ ဒါနဲ႔ ေစာမင္းထြဋ္လည္း အေဒၚျဖစ္သူမ်ား သိေလာက္မလား အထင္ႏွင့္ အေဖျဖစ္သူ ဘယ္သြားလဲဆိုတာ ေမးလိုက္ေလေတာ့၏။

"ဒါနဲ႔ အကိုသန္းထြဋ္ေကာ အမ" ဆိုၿပီးေတာ့ ေမးလိုက္ေလသည္။

"ေအာ္....... ဖိုးႀကီးလား...... အျပင္ သြားအုန္းမယ္ ေျပာၿပီး ထြက္သြားတာဘဲ"

"ဟင္....... ကားလည္း မယူသြားဘူးဘဲ အမ"

"ေအး....... ေျခလ်င္နဲ႔ ထြက္သြားတာေလ...... ေမာင္ေလး တစ္ခုခု ေျပာစရာရွိရင္လည္း သူျပန္လာမွ ေျပာေပါ့"

"ဟုတ္...... ဟုတ္ အမ" လို႔ ျပန္ေျဖၿပီး ေစာမင္းထြဋ္လည္း အိမ္ေရွ႕ ၀ရံတာေလးမွာ သြားထိုင္ကာ အေဖျဖစ္သူ အလာကို ေစာင့္ေနလိုက္ေတာ့သည္။

အခ်ိန္ပင္ ေတာ္ေတာ္လင့္ေလၿပီ။ ေစာမင္းထြဋ္လည္း ပ်င္းေနၿပီဘဲ ျဖစ္သည္။ အခန္းထဲသြားကာ လွဲေလ်ာင္းလိုက္၊ အခန္းထဲမွာ လွဲေလ်ာင္းတာ ပ်င္းေနရင္ အျပင္ျပန္ထြက္လာကာ အိမ္ေရွ႕၀ရံတာေလးမွာ ထိုင္လိုက္ျဖင့္ တစ္ေယာက္ထဲ အလုပ္ရႈပ္ေနပါေတာ့၏။ ဒီေလာက္ဘဲ မဟုတ္။ နာရီကို ၾကည့္လိုက္ အိမ္ေရွ႕ၿခံတံခါးကို ၾကည့္လိုက္ျဖင့္ လုပ္ေနေသး၏။

ခါတိုင္းဆိုလွ်င္ ဒီအခ်ိန္က အေဖျဖစ္သူ ဦးသန္းထြဋ္ႏွင့္ ကားေျပးသြားရမည့္ အခ်ိန္ဘဲ ျဖစ္ေလသည္။ အခုက ဦးသန္းထြဋ္မွာ ကားမေျပးတာ ႏွစ္ရက္ေလာက္ ရွိေလၿပီ။ ေျပာရမယ္ဆိုရင္ အသုဘေန႔ကတည္းက ဆိုပါေတာ့။ ေစာမင္းထြဋ္လည္း အေဖျဖစ္သူက စိတ္ခံစားခ်က္ မေကာင္းေသးလို႔ နားေနတာပါဟု ေတြးထားေလသည္။ သို႔ေပမယ့္လည္း အလုပ္နားတာကေတာ့ လက္သင့္ခံေပမယ့္ ခ်စ္သူ ေကာင္မေလးဆီက အေျဖရထားတဲ့ ေကာင္ေလး တစ္‌ေယာက္ အေနနဲ႔ကေတာ့ အ‌ခ်စ္ေရးမွာ နားေနရမွာမွ မဟုတ္ဘဲ။ အခုက ဦးသန္းထြဋ္ ေဒၚနန္းခင္ေစာနဲ႔ အဆက္အသြယ္ မလုပ္သည္မွာ အသုဘေန႔ကတည္းကပင္။ ဒါေတာင္ ရက္လည္ေန႔မွာ ‌ေဒၚနန္းခင္ေစာက အိမ္ေရာက္လာလို႔သာ ေတြ႕ၾကရတာျဖစ္သည္။

ဒီေတာ့ ေဒၚနန္းခင္ေစာနဲ႔ ဦးသန္းထြဋ္တို႔မွာ သမီးရည္းစား ျဖစ္ၿပီးတဲ့ အထိမ္းအမွတ္အေနနဲ႔ အျပင္မွာ ႏွစ္ကိုယ္ၾကား ခ်ိန္းမေတြ႕ရေသးဘူးဘဲ ျဖစ္သည္။ ဒါကို ေစာမင္းထြဋ္ႏွင့္ ၿဖိဳးသီဟတို႔က တစ္ခုခုလုပ္ဖို႔ တိုင္ပင္ထားၾကေလေတာ့သည္။ အခုက ေစာမင္းထြဋ္တို႔ တိုင္ပင္ထားသလို အထေျမာက္ဖို႔ဘဲ လိုအပ္ေပေတာ့မည္။

အခုဆို ေန႔လည္ပင္ ေရာက္ေခ်ၿပီ။ ဦးတင္ထြဋ္လည္း ျပန္လာေလၿပီ။ ေစာမင္းထြဋ္ တစ္ေယာက္ကေတာ့ အိမ္ေရွ႕ ၀ရံတာေလးမွာ ထိုင္ၿပီး အေဖျဖစ္သူ ျမန္ျမန္ျပန္လာဖို႔ကိုသာ ဆုေတာင္းေနေတာ့သည္။ နာရီကို ၾကည့္လိုက္၊ ၿခံတံခါးကို ၾကည့္လိုက္ႏွင့္ လုပ္ေနပါေသး၏။ ေစာမင္းထြဋ္ ေနာက္ဆုံး တစ္ေခါက္ နာရီကို ၾကည့္လိုက္တုန္းက ဆယ့္ႏွစ္ပင္ ခြဲေပေတာ့မည္။

အခ်ိန္ ဘယ္ေလာက္မွ မၾကာေလာက္ ဦးသန္းထြဋ္ ျပန္ေရာက္လာေတာ့သည္။ အိမ္ၿခံ၀န္းထဲ ၀င္လာတဲ့ အေဖျဖစ္သူကို ေတြ႕လိုက္ရေတာ့ ေစာမင္းထြဋ္မွာ အေပ်ာ္ႀကီး ေပ်ာ္သြားေလေတာ့သည္။

ဒီလိုႏွင့္ ဦးသန္းထြဋ္ ျပန္လာေတာ့ ေန႔လည္စာ စားဖို႔ ျပင္ၾကဆင္ၾကေလ၏။ ေန႔လည္စာ စားေနတုန္းမွာ ဦးသန္းထြဋ္ကေတာ့ အျပင္ထြက္သြားရတဲ့ အေၾကာင္းအရင္းကို ေျပာျပလာေလသည္။ အျပင္သြားတာဟာ ၀ပ္ေရွာ့ဆိုင္ကို သြားတာျဖစ္ေၾကာင္း အရင္ေျပာလာသည္။ ေနာက္ေတာ့ ၀ပ္ေရွာ့ဆိုင္ေလးမွာ ေဈးေရာင္းတဲ့ ခုံအေသးေလး ရွိထားေၾကာင္းလည္း ထပ္ေျပာလာသည္။ အိမ္သားအားလုံးကေတာ့ ေန႔လည္စာ ငပိရည္က်ိဳေလးဆိုေတာ့ စားေကာင္းေကာင္းႏွင့္ ဦးသန္းထြဋ္ ေျပာတာကို နားေထာင္ေနၾကေလသည္။ ေစာမင္းထြဋ္လည္း တစ္ေယာက္ အပါအ၀င္ေပါ့။

ဦးသန္းထြဋ္ဟာ ဒီမွ်ေလာက္နဲ႔ စကားေျပာတာ ရပ္မသြားပါ။ ဆက္ေျပာေနေလသည္။ မယ္ဇလီဖူး မေရာင္းရေတာ့ဘူးဆိုေတာ့ အိမ္အတြက္ အကူ၀င္ေငြက မရေတာ့ဘူးဆိုတာကို ေျပာသည္။ ၿပီးေနာက္ အပို၀င္ေငြရေအာင္ တစ္ခုခုမလုပ္ၾကခ်င္ဘူးလားဟု ထပ္ေမးလာျပန္သည္။ အားလုံးက ထမင္းစားေနၾကတာ ဆိုေတာ့ ဦးသန္းထြဋ္ တစ္ေယာက္ေဝ့လည္ေၾကာင္ပတ္ လုပ္မေနဘဲ တဲ့တိုးေျပာလာေတာ့သည္။ ခဏက ၀ပ္ေရွာ့က ေဈးေရာင္းခုံေလးနဲ႔ ကြမ္းယာမေရာင္းခ်င္ဘူးလား ေျပာလာေတာ့သည္။ အိမ္ေရွ႕က လမ္းမႀကီးဆိုေတာ့ ကြမ္းယာေရာင္းရင္ ေရာင္းရမွာဆိုၿပီးလည္း ထပ္ေျပာလာျပန္သည္။

အိမ္သား အားလုံးက ဦးသန္းထြဋ္ အႀကံျပဳတာကို တစ္ခဏမွ် စဥ္းစားေလသည္။ ၿပီးကာမွ အားလုံးက ေထာက္ခံေၾကာင္း ေျပာဆိုၾကေတာ့သည္။ ဦးသန္းထြဋ္က အိမ္အတြက္ ေကာင္းဖို႔အတြက္ လုပ္တာဆိုေတာ့ အားလုံးက မျငင္းၾကေခ်။ အားလုံးက ဦးသန္းထြဋ္ အႀကံျပဳခ်က္ကို ေထာက္ခံေလေတာ့ ဦးသန္းထြဋ္ ေပ်ာ္လို႔ ေနပါေတာ့သည္။

ဦးသန္းထြဋ္လည္း ထမင္းစားလို႔ ၿပီးသြားေတာ့ ထမင္းစားဝိုင္းက ထသြားပါေတာ့သည္။ အေဖျဖစ္သူ ဘယ္အခ်ိန္ ထမလဲလို႔ အရိပ္တၾကည့္ၾကည့္ ေစာင့္ၾကည့္ေနတဲ့ ေစာမင္းထြဋ္မွာလည္း ဦးသန္းထြဋ္ ထသြားေတာ့ သူပါ လိုက္ထေလသည္။ ၿပီးေနာက္ မီးဖိုေခ်ာင္သို႔ ခပ္သြက္သြက္ေလး သြားလိုက္ေတာ့၏။ မီးဖိုေခ်ာင္သို႔ ေရာက္ေတာ့ အေဖျဖစ္သူ ရွိမေနတာေၾကာင့္ ေစာမင္းထြဋ္လည္း ေရတြင္းဘက္သို႔ ၾကည့္လိုက္ပါေလသည္။ အေဖျဖစ္သူ အာလုပ္က်င္းေနတာကို ေတြ႕လိုက္ရေလသည္။ ဒါနဲ႔ ေစာမင္းထြဋ္ တစ္ေယာက္ ေရတြင္းနားသို႔ အျမန္ေျပးရျပန္ေလ၏။

ေရတြင္းနားေလးလည္း ေရာက္ေရာ ေစာမင္းထြဋ္မွ အေဖျဖစ္သူ ဦးသန္းထြဋ္အား

"အကို" ဆိုကာ စၿပီး ေခၚလိုက္ပါေလသည္။

အာလုပ္က်င္းေနသည့္ ဦးသန္းထြဋ္ကလည္း "ဘာလဲ" ဆိုသည့္ အထာျဖင့္ ေခါင္းဆတ္ျပလာေတာ့သည္။

ဒါနဲ႔ ေစာမင္းထြဋ္လည္း တုံ႔ဆိုင္းမေနေတာ့ဘဲ အားမနာစတမ္း ေျပာဖို႔ ျပင္လိုက္ပါေတာ့သည္။

"ဟိုေလ...... အကို ကြၽန္ေတာ့္ကို တစ္ေနရာရာ လိုက္ပို႔ပါလား........"

"ဟင္......"

အာလုပ္က်င္းၿပီးသြားသည့္ ဦးသန္းထြဋ္ဆီမွ ထြက္လာတာျဖစ္သည္။ ၿပီးေတာ့ ဦးသန္းထြဋ္ကဘဲ ဆက္ေျပာေလသည္။

"ငၿဖိဳးကို လိုက္ပို႔ခိုင္းတာ မဟုတ္ဘူး........"

"အာ...... ညီၿဖိဳးက စခန္းမွာ အလုပ္ရႈပ္ေနလို႔ မအားဘူးလို႔ ေျပာတယ္........ အဲ့တာေၾကာင့္မလို႔"

ဦးသန္းထြဋ္မွာ ေစာမင္းထြဋ္ ေျပာတာကို အေတာ္အတန္ေလး စဥ္းစားေနပါေတာ့သည္။

"ဟာ...... ဘာေတြ စဥ္းစားေနတာလဲ အကိုကလည္း...... ကြၽန္ေတာ့္ကို လိုက္ပို႔ရင္း လူရႏိုင္တာဘဲေလ...... ကားေျပးတာ နားတာလည္း ၾကာေနၿပီမလား...... အဲ့ေတာ့ ကြၽန္ေတာ့္ကို လိုက္ပို႔ရင္း လူတစ္ေယာက္၊ႏွစ္ေယာက္ ရလည္း နည္းတာမွ မဟုတ္ဘဲ....... မဟုတ္ဘူးလား" ဟု ေစာမင္းထြဋ္ ထပ္ေျပာလိုက္သည္။

ဒီေတာ့ စဥ္းစားဟန္ ျပဳေနသည့္ ဦးသန္းထြဋ္မွာ ေစာမင္းထြဋ္ကို ၾကည့္လာပါေလသည္။ ၿပီးမွ ေစာမင္းထြဋ္ကို အေျဖျပန္ေပးေလသည္။

"ေအးကြာ....... လိုက္ပို႔မယ္ ဟုတ္ၿပီလား"

အေဖျဖစ္သူ၏ အေျဖကို ၾကားၿပီး ေစာမင္းထြဋ္ တစ္ေယာက္ ေပ်ာ္သြားသည္။

"ဒါဆိုလည္း သြားၾကမယ္ေလ အကို"

"အခုလား....... ဘယ္ကိုသြားမွာလဲ အရင္ ေျပာအုန္းေလ"

"အာ....... အဲ့တာက ကားထဲေရာက္ရင္ ေျပာျပမယ္...... အခုေတာ့ ဒီကေန သြားဖို႔ လိုတယ္" ဆိုၿပီး ေစာမင္းထြဋ္ တစ္ေယာက္ အေဖျဖစ္သူ၏ ေက်ာျပင္ေလးကို အတင္းတြန္းကာ သြားဖို႔ တိုက္တြန္းေနေတာ့၏။

ဦးသန္းထြဋ္လည္း ေယာင္လည္လည္ျဖင့္ ေစာမင္းထြဋ္ ေျပာတဲ့အတိုင္း လိုက္လုပ္ေနရေတာ့တာေပါ့။

ၿပီးမွ ေစာမင္းထြဋ္လည္း ဒီေန႔ ငပိရည္က်ိဳစားထားတယ္ဆိုတာကို သတိရသြားေလသည္။ ဒါနဲ႔ အေဖျဖစ္သူကို သြားဖို႔ အတင္းတြန္းေနရာကေန ေရတြင္းဖက္သို႔ ျပန္ဆြဲေခၚေလျပန္ေတာ့သည္။

"ဘာျဖစ္ရျပန္တာလဲ" ဟု ဦးသန္းထြဋ္မွ ေၾကာင္ေတာင္ေတာင္ေလး ေမးလာသည္။

"သြားတိုက္ရမယ္ေလ အကို"

"သြားတိုက္ရမယ္...... ဟုတ္လား...... မင္းကို လိုက္ဘဲပို႔ေပးရမွာကို ဘာလို႔ သြားတိုက္ရအုန္းမွာလဲ"

"လိုလိုေပါ့ အကိုကလည္း"

ဒီလိုႏွင့္ ဦးသန္းထြဋ္လည္း ေစာမင္းထြဋ္ ‌ခိုင္းေစတဲ့အတိုင္း သြားတိုက္လိုက္ရပါေတာ့သည္။ ၿပီးေတာ့ ေစာမင္းထြဋ္ လိုက္ပို႔ခိုင္းသည့္ သာသနာ၂၅၀၀ဘုရားသို႔ ဦးတည္ေလေတာ့သည္။

သာသနာ ၂၅၀၀ဘုရားသို႔ ေရာက္ေလေတာ့ ေစာမင္းထြဋ္မွ အေဖျဖစ္သူ ဦးသန္းထြဋ္ကို ကားေပၚကေန အတင္းဆင္းလာဖို႔ ေျပာသည္။ ဦးသန္းထြဋ္လည္း အစကေတာ့ ျငင္းပါေသးသည္။ သို႔ေပမယ့္ ေစာမင္းထြဋ္က အတင္းဇြတ္ေခၚေနေတာ့ ဦးသန္းထြဋ္လည္း ျငင္းႏိုင္အား မရွိေတာ့တာနဲ႔ ေစာမင္းထြဋ္ႏွင့္ အတူ ဘုရား‌ေပၚသို႔ လိုက္သြားရပါေလေတာ့၏။ ဘုရားေပၚသို႔ ေရာက္ျပန္ေတာ့လဲ ေစာမင္းထြဋ္မွာ ေရွ႕နားေလးကို ေမွ်ာ္တလင့္လင့္၊ ေနာက္ကို လွည့္တၾကည့္ၾကည့္ျဖင့္ ဟိုဟိုဒီဒီ ေလွ်ာက္ပတ္ၾကည့္ေနေတာ့သည္။

ဒီၾကားထဲ အေဖျဖစ္သူကို တစ္ေယာက္ထဲ ထားခဲ့ၿပီး
ေစာမင္းထြဋ္ခမ်ာ ဘုရားေပၚသို႔ ပတ္ေနေလေတာ့၏။
ဦးသန္းထြဋ္ကေတာ့ "ဒီေကာင္ဘာျဖစ္ေနတာလဲ" ဆိုသည့္ အေတြးျဖင့္သာ အူလည္လည္ ရွိေတာ့သည္။ ေစာမင္းထြဋ္ ယခုလိုလုပ္ရသည္မွာ အေၾကာင္းအရင္း တစ္ခုေၾကာင့္ပင္။

ထိုအေၾကာင္းအရင္းေလးကေတာ့။

"ဟာ....... အဲ့အမက အိမ္မွာ ရွိပါ့မလား မသိဘူ........ မရွိရင္ ငါဘယ္လိုလုပ္ရပါ့မလဲ" ဆိုကာ တစ္ေယာက္သူကေတာ့ ကားထားမွာ ၿငီးတြားလို႔ ေနေလ၏။

"ဘာလုပ္ရမွန္း မသိေတာ့ဘူး...... ဘာဘဲျဖစ္ျဖစ္ကြာ...... ငါက ကူညီေပးမယ္လို႔ ေျပာထားေတာ့ ကူညီေပးရမွာဘဲေလ" လို႔ ထိုသူ ထပ္ၿငီးတြားရင္း ကားစက္ႏိုးလိုက္ေလသည္။

ထိုသူကေတာ့ တစ္ျခားသူ မဟုတ္ေပ။ ေစာမင္းထြဋ္၏ ခ်စ္ရသူ ၿဖိဳးသီဟပင္ ျဖစ္သည္။ အခုက ေစာမင္းထြဋ္ႏွင့္ ၿဖိဳးသီဟတို႔ မေန႔က တိုင္ပင္ထားသည့္အတိုင္း ေဒၚနန္းခင္ေစာကို ေခၚဖို႔အတြက္ပင္ ျဖစ္သည္။ ဒါေၾကာင့္ ၿဖိဳးသီဟ ေဒၚနန္းခင္ေစာ အိမ္ဟု ယူဆရသည့္ အိမ္၏ မနီးလြန္း မေဝးလြန္းသည့္ ေနရာတြင္ ကားကို ရပ္ၿပီး ေနေနတာဘဲ ျဖစ္သည္။ ၿပီးေတာ့လည္း ေဒၚနန္းခင္ေစာ ရွိမရွိကို ေတြးၿပီး ၿငီးတြားခန္း ဖြင့္ေနေတာ့၏။ အခ်ိန္အေတာ္ၾကာ ၿငီးတြားၿပီးကာမွ မထူးဘူးဆိုကာ ၿဖိဳးသီဟလည္း ကားကို အိမ္ေရွ႕ေမာင္းခ်သြားလိုက္ေလသည္။

ေဒၚနန္းခင္ေစာ၏ အိမ္ေရွ႕လည္း ေရာက္ေရာ ကားေပၚက ဆင္းကာ ၿဖိဳးသီဟ တစ္ေယာက္ အိမ္ထဲက တစ္ေယာက္‌ေယာက္ ၾကားၿပီး ထြက္လာရန္အလို႔ငွာ ေအာ္ေခၚလိုက္ပါေလသည္။

"အိမ္ရွင္တို႔........ အိမ္‌ရွင္တို႔"

ၿဖိဳးသီဟ၏ အသံက ေအာင္ေတာ့ ႏွစ္ခါစရာမလိုခဲ့။ တစ္ခါ ေအာ္ေခၚလိုက္တာနဲ႔ အိမ္ထဲကေန လူထြက္လာပါေတာ့သည္။ အိမ္ထဲကေန လူထြက္လာသည္ ဆိုေပမယ့္လည္း ၿဖိဳးသီဟ သိေနသည့္ ေဒၚနန္းခင္ေစာ မဟုတ္ဘဲ ေယာက်ာ္းႀကီး ျဖစ္ေနတာေၾကာင့္ ၿဖိဳးသီဟလည္း ေၾကာင္သြားေလသည္။

"ဘာကိစၥရွိလို႔တုန္း" ဆိုကာ အိမ္ထဲက ထြက္လာတဲ့သူက ၿခံတံခါးတြန္းဖြင့္ၿပီး ထြက္လာရင္း ၿဖိဳးသီဟကို လွမ္းေမးလိုက္ေလသည္။

"ေအာ္...... ဒီအိမ္က မနန္းခင္ေစာနဲ႔ ေတြ႕ခ်င္လို႔ပါ"

"ေအခမ္းနဲ႔ ေတြ႕မယ္...... ငါက သူ႔အကို...... ဘာကိစၥေၾကာင့္ သူနဲ႔ ေတြ႕ခ်င္ရတာလဲ" ဆိုၿပီး ေဒၚနန္းခင္ေစာ၏ အကိုျဖစ္သူ ဦးစိုင္းေမာင္က ထပ္ေမးလိုက္ျပန္ေလသည္။

"‌အမ္...... ဟို...... အင္......."

"ဘာလဲ....... မင္းက သူ႔ခ်စ္သူလား........" ဟု ဦးစိုင္းေမာင္ ထပ္ေမးလိုက္သည္။

"ဟာ...... မဟုတ္ရပါဘူးဗ်ာ အကိုကလည္း....... ကြၽန္ေတာ္က အဲ့အမကို မႀကိဳက္ပါဘူး........ ကြၽန္ေတာ့္မွာ ခ်စ္သူ ရွိတယ္ဗ်ာ့"

"ေအး..... အဲ့တာေတြ ေနာက္မွေျပာ..... အခု မင္း ငါ့ညီမကို ေတြ႕ခ်င္ရတဲ့ အေၾကာင္းအရင္းကို အရင္ေျပာ"


ၿဖိဳးသီဟလည္း ဘာေျပာလိုက္ရမလဲဆိုတာ ထပ္ၿပီး စဥ္းစားရေလၿပီ။ အေတာ္ၾကာ စဥ္းစားေနရင္းမွ

"ကြၽန္ေတာ္က ရဲ တစ္ေယာက္ပါ" ဆိုၿပီး ၿဖိဳးသီဟ ရဲရဲဝံ့ဝံ့ျဖင့္ ေျပာလိုက္သည္။

"မင္းက ရဲဆိုတာကို ဘယ္လိုလုပ္သိႏိုင္မွာလဲ....... ရဲ၀တ္စုံလည္း မ၀တ္ထားဘဲနဲ႔"

"အာ..... ကြၽန္ေတာ္က တာ၀န္ခ်ိန္ လဲေပးလာလို႔ ရဲ၀တ္စုံ ခြၽတ္ထားတာပါ"

"မင္း ပုံစံကို ၾကည့္ရတာ ရဲနဲ႔ မတူေလာက္ဘူး....... တစ္အိမ္၀င္ တစ္အိမ္ထြက္ သိပါတယ္ေျပာၿပီး လိမ္စားေနတဲ့သူနဲ႔ တူတယ္ကြ"

"ဘာဗ်........"

ၿဖိဳးသီဟ အေတာ္ေလး ေဒါသထြက္သြားေလသည္။

ထိုအခ်ိန္တြင္ အိမ္ထဲကေနမွ "ဘာေတြ ျဖစ္ေနၾကတာလဲ" ဆိုၿပီး ေဒၚနန္းခင္ေစာ ထြက္လို႔လာေလသည္။

ေဒၚနန္းခင္ေစာကို ျမင္ေတာ့ ၿဖိဳးသီဟ ၀မ္းသာလုံးစို႔သြားသည္။

"ဒီမွာေလ...... ဒီေကာင္က သူ႔ကိုယ္သူ ရဲပါလို႔ ေျပာၿပီး နင့္ကို ေတြ႕ခ်င္တယ္ ေျပာေနလို႔" ဆိုကာ ဦးစိုင္းေမာင္မွ ၿဖိဳးသီဟကို လက္ညိဳးထိုးကာ ‌ေဒၚနန္းခင္ေစာအား ေျပာျပေနေလသည္။

ဒါနဲ႔ ေဒၚနန္းခင္ေစာလည္း ၿဖိဳးသီဟကို ၾကည့္လိုက္ၿပီး

"ေအာ္...... ေမာင္ေလး" ဆိုၿပီး ေျပာထြက္မိသြားေလသည္။

"ဘာလဲ နင္က သူ႔ကို သိေနတာလား" လို႔ ဦးစိုင္းေမာင္က ညီမျဖစ္သူ ေဒၚနန္းခင္ေစာကို ထပ္ေမးျပန္ေလသည္။

"ဟုတ္တယ္" ဟု ေဒၚနန္းခင္ေစာ ျပန္ေျဖသည္။

"ေျပာစမ္းပါအုန္း..... နင္က ဒီက ရဲဆိုတဲ့ ေကာင္ေလးနဲ႔ ဘယ္လိုလုပ္ၿပီး သိေနတာလဲ"

"ဟိုေလ...... အင္...... အမ္......... အဲ့တာက......."

"အမ...... စခန္းမွာ တိုင္ခ်က္ဖြင့္ထားတာေလ......." ဆိုၿပီး ၿဖိဳးသီဟလည္း ႀကံမိႀကံရာျဖင့္ ေဒၚနန္းခင္ေစာကို ေထာက္ေပးလိုက္ေတာ့သည္။

"တိုင္ခ်က္ဖြင့္ထားတယ္"

ဟု ဦးစိုင္းေမာင္ ေျပာလာေတာ့သည္။

"ေအာ္...... ဟုတ္တယ္..... ဟုတ္တယ္.... ညီမက တိုင္ခ်က္ဖြင့္ထားတာ..... အထည္တစ္ထုပ္ အခိုးခံရတာလား ဆိုတာ မသိဘဲ ေပ်ာက္ေနလို႔ သြားတိုင္ထားလိုက္တာ"

"ဟုတ္တယ္..... အမ အခုလည္း အထုပ္ျပန္ရွာ‌ေတြ႕လို႔ အမ အထုပ္ ဟုတ္၊မဟုတ္ အတည္ျပဳေစခ်င္လို႔ လာေခၚတာပါ"

"ဟုတ္လား...... ျပန္ေတာင္ ရွာေတြ႕ၿပီတဲ့လား......"

"နင္တို႔ ႏွစ္ေယာက္ သမီးရည္းစားေတြ မဟုတ္ပါဘူးေနာ္" ဆိုကာ ဦးစိုင္းေမာင္က ႏွစ္ေယာက္သားကို မယုံသကၤာအၾကည့္ျဖင့္ ၾကည့္ၿပီး ေျပာလာေလသည္။

"မဟုတ္ပါဘူးဆို......." ဆိုကာ ၿဖိဳးသီဟမွ အရင္ ျငင္းေတာ့သည္။

"မဟုတ္ရပါဘူး....... စိုင္းစိုင္းကလည္း" ဟု ေဒၚနန္းခင္ေစာပါ ျငင္းေလသည္။

"မဟုတ္ဘူးလို႔ ေျပာရင္ ရၿပီ‌ေလ..... မင္းက ဘာလို႔ ေအာ္ေနတာလဲ"

"ေအာ္...... ကြၽန္ေတာ္က အဲ့လိုဘဲ......."

"ေအေအ....... ျမန္ျမန္သြား...... ၿပီးရင္ ေစာေစာျပန္လာခဲ့ ၾကားလား ေအခမ္း" ဆိုကာ ဦးစိုင္းေမာင္မွ ေဒၚနန္းခင္ေစာကို ေျပာလိုက္သည္။

"ဟုတ္ၿပီ" လို႔ ျပန္ေျဖၿပီး ေဒၚနန္းခင္ေစာ တစ္ေယာက္ ၿဖိဳးသီဟကို လွမ္းၾကည့္ကာ

"ေမာင္ေလး ခဏေနအုန္းေနာ္...... အမ အေပၚထပ္ေလး သြားထပ္အုန္းမလို႔" လို႔ ေျပာျပ အိမ္ထဲ ျပန္၀င္သြားေလသည္။

"ၿပီးရင္ ငါ့ညီမကို ေသခ်ာျပန္ပို႔ေနာ္......."

ၿဖိဳးသီဟ ၿပဳံးၿပီး "ျပန္ပို႔မယ့္သူက ကြၽန္ေတာ္မွ မဟုတ္တာ" ဟု တိုးတိုးေလး ေျပာလိုက္ေလသည္။

"ဘာေျပာတယ္......." ဆိုကာ ဦးစိုင္းေမာင္ တစ္ေယာက္ ၿဖိဳးသီဟ ေျပာတာကို ၾကားသြားလို႔ ျပန္ေျပာလာေတာ့သည္။

"ေအာ္...... ေသေသခ်ာ‌ခ်ာေလး လိုက္ပို႔ပါ့မယ္လို႔ ေျပာတာပါ"

"အဟန္း...... အဟန္း......."

ဦးစိုင္းေမာင္ ေခ်ာင္းဟန႔္လိုက္သည္။

တစ္ခဏေလာက္ၾကာေတာ့ ေဒၚနန္းခင္ေစာ ျပန္ထြက္လာသည္။ ၿပီးေနာက္ ကားျဖင့္ ထိုေနရာေလးက ထြက္သြားၾကေလေတာ့သည္။ ဦး‌စိုင္းေမာင္ကေတာ့ အိမ္ထဲ မ၀င္ဘဲ ကားကိုၾကည့္ဆဲပင္။

ၿဖိဳးသီဟလည္း ေဒၚနန္းခင္ေစာ၏ အကိုျဖစ္သူ ဦးစိုင္းေမာင္ မျမင္ေလာက္ေတာ့တဲ့ ေနရာလည္းေရာက္ေရာ ေစာမင္းထြဋ္ႏွင့္ ဇာတ္တိုက္ထားတဲ့ အတိုင္း ေဒၚနန္းခင္ေစာကို ေျပာျပလိုက္ေလသည္။ ၿပီးေနာက္ ၿဖိဳးသီဟလည္း ကားကို သာသနာ၂၅၀၀ဘုရားသို႔ ဦးတည္လိုက္ေလေတာ့၏။

သာသနာ၂၅၀၀ဘုရားတြင္ ရွိေနၾကေသာ ဦးသန္းထြဋ္ႏွင့္ ေစာမင္းထြဋ္တို႔တြင္ေတာ့

ဦးသန္းထြဋ္ တစ္ေယာက္ ေစာမင္းထြဋ္ကို ၾကည့္ၿပီး ျမင္ျပင္းကပ္လို႔ေနေလ၏။ ဦးသန္းထြဋ္ ျမင္ျပင္းကပ္လည္း ကပ္ခ်င္စရာပင္။ ေစာမင္းထြဋ္မွာ ဟိုၾကည့္ဒီၾကည့္ျဖင့္ ဂနာမၿငိမ္ျဖစ္လို႔ေနေလသည္။ ဒီတြင္ ဦးသန္းထြဋ္ကေနမွ

"ဟ...... ဘုရားလာတာ မင္းကို ဘုရားရွိခိုးတာလည္း မေတြ႕ေသးဘူး..... ဟိုၾကည့္ဒီၾကည့္နဲ႔ လုပ္ေနေတာ့တာဘဲ" ဟု ေျပာလာပါေလသည္။

ဒါနဲ႔ ေစာမင္းထြဋ္လည္း ေတြ႕ရာ ေန႔နံဘုရားမွာ ထိုင္လိုက္ၿပီး ဘုရားရွိခိုး လိုက္ပါေလသည္။ ဘုရားရွိခိုးတာေတာင္ ေကာင္းေကာင္းမရွိခိုး။ ဟိုၾကည့္ဒီၾကည့္က လုပ္ေနေသး၏။ ‌ဦးသန္းထြဋ္ကေတာ့ မ်က္ေမွာင္ၾကဳတ္ၿပီး ရပ္ၾကည့္ေနေလသည္။

ေစာမင္းထြဋ္ ဘုရားရွိခိုးလို႔အၿပီး ျပန္အထမွာ ၿဖိဳးသီဟႏွင့္ အေမျဖစ္သူ ေဒၚနန္းခင္ေစာတို႔ ေရာက္လာၾကတာကို ျမင္ၿပီး ေပ်ာ္သြားေလသည္။ ေစာမင္းထြဋ္မွာ ေရာက္မ်ားမေရာက္လာေတာ့ဘူးလားဟု ေတြးေနရာကေန ၿဖိဳးသီဟႏွင့္ အေမျဖစ္သူကို ေတြ႕မွဘဲ အပူလုံးႀကီးက်သြားကာ ေပ်ာ္သြားရပါေတာ့သည္။ ဒါနဲ႔ ေစာမင္းထြဋ္လည္း ျမန္ျမန္ေလး ထရပ္လိုက္ၿပီး အေဖျဖစ္သူကို ခဏေလး ေန‌ခိုင္းခဲ့ကာ အေမျဖစ္သူကို ႀကိဳဖို႔ သြားေလေတာ့သည္။ ဦးသန္းထြဋ္ကေတာ့ "ဒီေကာင္ဘာေတြ ေၾကာင္ေတာင္ေတာင္ လုပ္ျပန္ၿပီလဲ" ဟု ‌ေတြးရင္း ရပ္ေနဆဲပင္။

ဦးသန္းထြဋ္ ရပ္ေနတုန္း ေျခသံေလး ၾကားလိုက္ရေလသည္။ ဒါနဲ႔ ဦးသန္းထြဋ္လည္း

"ဘာျဖစ္ျပန္တာလဲ" ဟု ေျပာလိုက္ေလသည္။

ထိုအခ်ိန္တြင္ "ကိုသန္းထြဋ္" ဆိုသည့္ ႏူးညံ့ေပ်ာ့ေျပာင္းတဲ့ အသံေလး တစ္သံဟာ ဦးသန္းထြဋ္ နားအနားသို႔ ပ်ံ႕လြင့္လို႔လာေလသည္။

မိမိနာမည္ေလးကို ေခၚလိုက္တဲ့ အသံေၾကာင့္ ဦးသန္းထြဋ္ တအံ့တဩျဖစ္သြားရသည္။ ေနာက္ၿပီးေတာ့လည္း နာမည္ေခၚလိုက္တဲ့ အသံေလးက ခ်စ္ရသူ ေဒၚနန္းခင္ေစာ၏ အသံဆိုတာကို ဦးသန္းထြဋ္ ခ်က္ခ်င္း သိလိုက္‌ရေလသည္။ ဒါနဲ႔ ေက်ာေပးထားရာကေန အသံလာရာဘက္သို႔ လွည့္လိုက္ေတာ့ ေဒၚနန္းခင္ေစာကို ဦးသန္းထြဋ္ အထင္းသား ျမင္လိုက္ရေလေတာ့၏။

ဒါနဲ႔ "မနန္းခင္ေစာက ဘယ္လိုလုပ္ၿပီးေတာ့" ဆိုကာ ဦးသန္းထြဋ္မွ တအံ့တဩျဖင့္ ေျပာလိုက္ေလသည္။

"ရွင္......"

ဦးသန္းထြဋ္ ေျပာလိုက္တဲ့ စကားေၾကာင့္ ေဒၚနန္းခင္ေစာ အံ့ဩသြားသည္ကို ဦးသန္းထြဋ္လည္း ရိပ္မိသြားေလသည္။

"အမ္...... ကြၽန္ေတာ္ ေျပာခ်င္တာက..... ဟိုေလ........"

"ကိုသန္းထြဋ္ဘဲ ကြၽန္မကို လာေခၚခိုင္းလိုက္တာဆို"

ဦးသန္းထြဋ္ ဘာေျပာရမွန္းမသိ ျဖစ္ေနခ်ိန္ ေဒၚနန္းခင္ေစာက ေျပာလာသည္။ ေဒၚနန္းခင္ေစာ စကားေၾကာင့္ ဦးသန္းထြဋ္ အူလည္လည္ ျဖစ္လို႔သြားေလသည္။

"ဟင္....... ဘယ္သူက ‌မနန္းခင္ေစာကို ေျပာတာလဲ"

"ေမာင္ေလးအေစာရဲ႕ သူငယ္ခ်င္းေလ......... သူကေျပာတာ...... ကိုသန္းထြဋ္က ကြၽန္မကို လာမေခၚရဲလို႔ သူက ကိုယ္စားလာေခၚရတယ္ ဆိုၿပီးေတာ့ေလ"

"ဒီေကာင္ေတြေတာ့ကြာ......." ဟု ဦးသန္းထြဋ္ တိုးတိုးေလး ေရ႐ြတ္လိုက္သည္။

"ရွင္........"

"ေအာ္ ဘာမွမဟုတ္ပါဘူး မနန္းခင္ေစာ....... ေနပူႀကီးထဲ ဘုရားရင္ျပင္မွာ ရပ္ၿပီး စကားေျပာတာ သိပ္မေကာင္းသလိုဘဲလို႔"

"ဟုတ္တယ္ေနာ္....... ကိုသန္းထြဋ္ ေျပာမွဘဲ ကြၽန္မလည္း သတိရေတာ့တယ္"

"အဲ့တာေၾကာင့္ အရိပ္ရတဲ့ ေလွကားထစ္နားက အုတ္ခုံေလးနား သြားၾကမလား မနန္းခင္ေစာ"

"ေကာင္းတာေပါ့ရွင္"

ဒါနဲ႔ ဦးသန္းထြဋ္ႏွင့္ ေဒၚနန္းခင္ေစာတို႔ ေလွကားထစ္နားက အုတ္ခုံေလးေတြဆီ သြားလိုက္ၾကေတာ့သည္။ ဦးသန္းထြဋ္ကေတာ့ ေဒၚနန္းခင္ေစာရွိလို႔ ၿပဳံးေနေပမယ့္ စိတ္ထဲတြင္ေတာ့ ေစာမင္းထြဋ္ႏွင့္ ၿဖိဳးသီဟတို႔ကို ႀကိမ္ဆဲေနမွာ အမွန္ပင္။

ေလွကားထစ္နားက အုတ္ခုံေလးေတြဆီ ေရာက္ေတာ့ ေဒၚနန္းခင္ေစာႏွင့္ ဦးသန္းထြဋ္တို႔ အတူတကြ ထိုင္လိုက္ၾကသည္။ တူတူ ေဘးခ်င္းကပ္ ထိုင္ေနေပမယ့္ ဘာစကားမွ မေျပာၾကေသးေပ။ ဦးသန္းထြဋ္လည္း ေဒၚနန္းခင္ေစာကို မၾကည့္ဘဲ တစ္ဖက္သို႔ လွည့္ေနေလ၏။ ေဒၚနန္းခင္ေစာလည္း ေခါင္းေလးငုံ႔ကာ ေနေနပါေတာ့သည္။ ပတ္၀န္းက်င္ကလည္း ငွက္အသံကလြဲၿပီး ဘာမွမၾကားရေခ်။ တိတ္ဆိတ္လို႔ေန၏။

ထိုတြင္ ဦးသန္းထြဋ္ကေနၿပီး "မနန္းခင္ေစာလည္း ေနေကာင္းပါတယ္ေနာ္" ဆိုကာ စေျပာလာေလသည္။

"ေကာင္းပါတယ္......... ကိုသန္းထြဋ္ေကာ"

"ေကာင္းပါတယ္ဗ်"

"ဒါနဲ႔ ကိုသန္းထြဋ္ ခုတေလာ ကားမေျပးေတာ့သလိုဘဲေနာ္...... ကားကို ေရာင္းလိုက္တာမ်ားလားဟင္"

"ကားက မေရာင္းပါဘူး....... ကားေျပးတာကို နားထားလိုက္တာပါ"

"ေအာ္...... မသိပါဘူး...... ကြၽန္မက ကားေရာင္းလိုက္ၿပီလို႔ ထင္ေနတာ...."

"မဟုတ္ပါဘူး...... အရင္က အိမ္က မယ္ဇလီဖူးေရာင္းတာေလ..... အခု မယ္ဇလီဖူးပင္က ခုတ္လိုက္ေတာ့ အိမ္အတြက္ အပို၀င္ေငြက မရေတာ့ဘူေလ..... အဲ့တာေၾကာင့္ အိမ္ကို အပို၀င္ေငြရေအာင္လို႔ ဘာစီးပြားေရး လုပ္‌ရမလဲဆိုတာ လိုက္ၿပီးၾကည့္ေပးေနရတာမလို႔ပါ...... ကားက ျပန္ၿပီးေျပးမွာပါ"

"ျမန္ျမန္ေလး ေျပးပါေတာ့ ကိုသန္းထြဋ္ရယ္...... ကြၽန္မလည္း တစ္ျခားကား ငွားစီးေနရေတာ့ အဆင္မေျပပါဘူး...... ကိုသန္းထြဋ္နဲ႔မွ အဆင္ေျပမွာ"

"‌ဗ်ာ......."

ေဒၚနန္းခင္ေစာ စကားေၾကာင့္ ဦးသန္းထြဋ္ ထိတ္လန႔္သြားရေလသည္။

"ေအာ္....... ကြၽန္မက ကားငွားတာကို ေျပာတာပါရွင့္"

"ဟုတ္ကဲ့ပါ"

ဒီလိုႏွင့္ စကားေျပာေနရာကေန ႐ုတ္တရက္ႀကီး ၿငိမ္သြားၾကေတာ့သည္။ အခ်ိန္အေတာ္အတန္ ၿငိမ္ေနၿပီကာမွ ဦးသန္းထြန္ကေနၿပီး စကာ

"အမ္...... အခုက ကြၽန္ေတာ္နဲ႔ မနန္းခင္ေစာနဲ႔ သမီးရည္းစားအေနနဲ႔ ပထမဆုံး ေတြ႕တာဘဲေနာ္"

"ဟုတ္လား....... ရက္လည္ေန႔က ေတြ႕ေသးတယ္ေလ"

"အာ...... မနန္းခင္ေစာကလည္း အဲ့တုန္းက ခဏေလးဘဲေလ..... အခုက ႏွစ္ေယာက္ထဲ ေတြ႕ၾကတာကို ေျပာတာေလ"

"ဟုတ္ပါၿပီ....... ကြၽန္မက ဒီအတိုင္းေလးဘဲ ေျပာလိုက္တာပါ"

"အမွန္ဆို သမီးရည္းစားျဖစ္ၿပီးေတာ့ မနန္းခင္ေစာကို အျပင္ေတြ ေခၚလည္ၿပီး ဂ႐ုစိုက္ေပးရမွာကို..... အခုေတာ့"

"ရပါတယ္...... ကိုသန္းထြဋ္ကလည္း........ ကိုသန္းထြဋ္မွ အဆင္မေျပေသးဘဲကို မဟုတ္လား....... ကိစၥေတြကလည္း ျဖစ္ပ်က္သြားခဲ့တာ ႐ုတ္တရက္ႀကီးဆိုေတာ့ ကိုသန္းထြဋ္ အေနနဲ႔ တစ္ကယ္ အဆင္မေျပခဲ့မွာဘဲေလ...... ကြၽန္မ နားလည္ပါတယ္"

"ကြၽန္ေတာ့္ကို နားလည္ေပးလို႔ မနန္းခင္ေစာကို ေက်းဇူးတင္ပါတယ္"

"အိုး........ သမီးရည္းစားေတြဘဲကို ေက်းဇူးတင္စရာမလိုပါဘူး...... ကိုသန္းထြဋ္ကလည္း........"

"ဟုတ္ကဲ့ပါ...... ကြၽန္ေတာ္က ရည္းစားသိပ္မထားဖူးေတာ့ သမီးရည္းစားေတြ ခ်ိန္းေတြ႕ရင္ ဘာလုပ္ၾကသလဲဆိုတာ မသိဘူးျဖစ္ေနတယ္"

"ကြၽန္မလည္း အတူတူပါဘဲ"

"ဒါနဲ႔ မနန္းခင္ေစာ ဒီေန႔ လွေနပါ့လား......."

"အိုး....... ဘာမွမျပင္ဆင္ဘဲ ထြက္လာခဲ့ရတာကို..... ဘယ္က လွရမွာလဲ ကိုသန္းထြဋ္ကလည္း......."

"လွပါတယ္...... ကြၽန္ေတာ္ စကားေျပာေနတုန္း ေတာက္ေလွ်ာက္ မနန္းခင္ေစာကို ၾကည့္ေနတာ မနန္းခင္ေစာက မျပင္ဆင္ထားတာေတာင္ အရမ္းလွတယ္ဗ်ာ......"

"အိုး....... ကိုသန္းထြဋ္ရယ္...... ကြၽန္မ ရွက္လာၿပီ"

"ဘာလို႔ရွက္တာလဲ...... ကိုယ့္ခ်စ္သူကို လွလို႔ လွတယ္ေျပာတာဘဲကို"

"ရွက္တာေပါ့....... တစ္ခါမွ အဲ့လိုေျပာတာမ်ိဳး မၾကားဖူးဘူးရွင့္"

"ဒါဆိုရင္ေတာ့ဗ်ာ..... မနန္းခင္ေစာ နားယဥ္သြားေအာင္ ကြၽန္ေတာ္ မ်ားမ်ား ေျပာေပးမယ္ဗ်ာ....... ေနာက္ဆို မရွက္ရေအာင္ေပါ့"

"ဟုတ္ပါၿပီရွင္...... ဒါနဲ႔ ေျပာရင္ေတာ့ ႏွစ္ေယာက္ထဲရွိတဲ့ခ်ိန္ၾကမွ ေျပာေနာ္...... ေတာ္ၾကာ အကိုေတြ ၾကားသြားရင္ ျပႆနာတက္ေနမွျဖင့္"

"ဟုတ္ကဲ့ပါဗ်..... မနန္းခင္ေစာနဲ႔ ႏွစ္ေယာက္ထဲ ရွိေနတဲ့အခ်ိန္မွ ေျပာမွာပါဗ်ာ...... စိတ္ခ်လိုက္ပါ......"

"ဒါနဲ႔ေလ ကြၽန္မ ကိုသန္းထြဋ္ကို ေျပာစရာေလး ရွိလို႔"

"ဟုတ္ကဲ့ ေျပာေလ မနန္းခင္ေစာ......"

"ေကာလိပ္ေတြ ျပန္ဖြင့္ေတာ့မယ္တဲ့ေလ........"

"ဟင္....... ဒါဆို မနန္းခင္ေစာ ညဘက္ေဈးမေရာင္းေတာ့ဘူးလို႔ ေျပာတာလား"

"မဟုတ္ပါဘူး...... ေဈးကေရာင္းမွာပါ...... ဒီအတိုင္း ကိုသန္းထြဋ္ကို ေကာလိပ္ဖြင့္ေတာ့မွာကို ေျပာျပတာပါ"

"သိပါဘူး မနန္းခင္ေစာက ေက်ာင္းျပန္တက္ၿပီဆိုေတာ့ ေဈးမေရာင္းေတာ့ဘူးလို႔ ကြၽန္ေတာ္ ထင္လိုက္မိလို႔ပါ"

"မဟုတ္ပါဘူး...... ကြၽန္မက စာလိုက္ႏိုင္တဲ့ ေက်ာင္းသူေလးပါေနာ္"

"ဟုတ္ပါၿပီဗ်ာ..... ေက်ာင္းတက္သြားလို႔ တစ္ျခားေယာက်ာ္းေလးေတြ ျမင္ၿပီးေတာ့ ကြၽန္ေတာ့္ကို ေမ့မသြားနဲ႔ေနာ္"

"ကြၽန္မ ေမ့မသြားပါဘူး ကိုသန္းထြဋ္ကလည္း ခုကတည္းက အူတိုေနပါ့လား"

"ဒီ‌ေလာက္လွတဲ့ မိန္းကေလးကို အူတိုသင့္ရင္ တိုရမွာဘဲေလ......"

"ဟုတ္ပါၿပီရွင္ အခုေတာ့ အခ်ိန္ေတြေတာ္ေတာ္ၾကာေနၿပီ ထင္တယ္..... ကြၽန္မ ျပန္ရေတာ့မယ္..... ခဏက ေမာင္ေလးအေစာရဲ႕ သူငယ္ခ်င္း လာေခၚေတာ့ စခန္းသြားၿပီး ျပန္လာမယ္လို႔ ‌အကိုအႀကီးဆုံးကို ေျပာခဲ့တာ.... အကိုအႀကီးဆုံးက မရဘူး..... အရမ္းကို စိတ္ဆတ္တာ"

"ဒါဆိုလည္း ျပန္လိုက္ပို႔မယ္ေလ..... ေနာက္ရက္ေတြလည္း ေတြ႕ရမွာဘဲကို"

"ဒါနဲ႔ သာသနာ၂၅၀၀ဘုရားကို မေရာက္တာေတာင္ အေတာ္ၾကာေနၿပီဆိုေတာ့ ဘုရားဖူးၿပီးမွဘဲ ျပန္ၾကမယ္ေလ"

"ေကာင္းၿပီဗ်ာ..... ဒါဆို ဘုရားရင္ျပင္ေပၚ တက္ၾကတာေပါ့"

သို႔ႏွင့္ ဦးသန္းထြဋ္ႏွင့္ ေဒၚနန္းခင္‌တို႔ႏွစ္ေယာက္ ဘုရားရင္ျပင္ေပၚက ျပန္တက္ကာ ဘုရားဖူးၾကေလေတာ့၏။ ဘုရားဖူးၿပီးသည္ႏွင့္ ေဒၚနန္းခင္ေစာကို ဦးသန္းထြဋ္က ျပန္လိုက္ပို႔ေလသည္။

တစ္ဖက္တြက္ေတာ့ ဦးသန္းထြဋ္ႏွင့္ ေဒၚနန္းခင္ေစာတို႔ကို ပစ္ထားခဲ့ၾကသည့္ ေစာမင္းထြဋ္ႏွင့္ ၿဖိဳးသီဟတို႔ ႏွစ္ေယာက္ ေရကန္ေတာင္က ေလွ်ာက္လမ္းေလးမွာ တစ္ေယာက္လက္ တစ္ေယာက္ ဆုပ္ကိုင္ထားလ်က္ ေပ်ာ္ေပ်ာ္ပါးပါးႀကီး လမ္းေလွ်ာက္ေနၾကေလသည္။

"အကိုသန္းထြဋ္က ကြၽန္ေတာ္တို႔ကို စိတ္တိုေနမလား မသိဘူးေနာ္ အကိုထြဋ္..........

ဒါမွမဟုတ္ အဆင္ေကာ ေျပၾကပါ့မလား" ဟု ၿဖိဳးသီဟ တစ္ေယာက္ စိတ္ပူကာ တစ္ေယာက္ထဲ ေရ႐ြတ္ေန‌ပါေတာ့သည္။

ေစာမင္းထြဋ္ကေတာ့ ၿဖိဳးသီဟကိုသာ ေငးၾကည့္ရင္း လမ္းေလွ်ာက္ေနေလသည္။

"အကိုသန္းထြဋ္တို႔ အဆင္ေျပပါ့မလားလို႔" ဆိုကာ ေစာမင္းထြဋ္က ျပန္မေျဖေလေတာ့ ၿဖိဳးသီဟ တစ္ေယာက္ ထပ္ေျပာေလေတာ့သည္။

"အဆင္ေျပမွာပါ..... ဘာလို႔ စိတ္ပူေနရတာလဲ"

"ဟုတ္ပါၿပီ...... ေအာင္သြယ္ေတာ္ လုပ္ထားရတာဆိုေတာ့ လုပ္ရက်ိဳးနပ္မနပ္ သိခ်င္တာေပါ့လို႔၊ ခဏေလာက္ ေစာင့္ၾကည့္ၾကမယ္ ေျပာတာကို အကိုဘဲ အတင္းေခၚလာတာေလ"

"ဘာလို႔ သူမ်ား သမီးရည္းစားကို ေခ်ာင္းၾကည့္ေနမွာလဲ...... ကိုယ့္အခ်င္းခ်င္းဘဲ ၾကည့္‌ေနမွာေပါ့..... မင္းနဲ႔ငါနဲ႔က သမီးရည္းစားေတြဘဲဟာကို"

"ဟုတ္သားဘဲေနာ္......."

ဒီလိုႏွင့္ ခဏေလာက္ တိတ္ဆိတ္သြားၿပီး လမ္းေလွ်ာက္ေနၾကေလသည္။ ေနာက္ေတာ့မွ ေစာမင္းထြဋ္ကေနၿပီး

"ငါ မရွိေတာ့ရင္ မင္းဘယ္လိုလုပ္မွာလဲ ညီၿဖိဳး" ဆိုကာ ေမးလိုက္ေလသည္။

"မရွိေတာ့ဘူးဆိုတာက ဘာကိုဆိုလိုခ်င္တာလဲ အကို..... ဒီၿမိဳ႕မွာ မရွိေတာ့တာကို ေျပာတာလား"

"ေအးေပါ့...... အဲ့လိုသေဘာေပါ့"

"အကို႔ရွိ‌တဲ့ေနာက္ကို ကြၽန္ေတာ္ လိုက္လာမွာေပါ့"

"မင္းက ဘယ္လိုလိုက္လာမွာလဲ........"

"အင္း...... အကိုက ရန္ကုန္ကဆိုေတာ့ ကြၽန္ေတာ္လည္း ရန္ကုန္စခန္းေျပာင္းဖို႔ ေလွ်ာက္ၿပီး အကို႔ေနာက္ လိုက္လာမွာေပါ့"

"တစ္ကယ္လို႔ မရခဲ့ရင္ေကာ"

"မရခဲ့ရင္လား..... ရဲအလုပ္က ထြက္ၿပီး အကို႔ေနာက္ကို သီးသန္႔လိုက္လာမွာေပါ့...... ရန္ကုန္မွာ အမ်ိဳးရွိတာ‌ဘဲ...... အဲ့မွာေနၿပီး အလုပ္ရွာမယ္...... အလုပ္လုပ္ၿပီး အကိုနဲ႔ အတူတူျဖတ္သန္းမယ္"

ေစာမင္းထြဋ္မွာေတာ့ ဘာမွျပန္မေျပာဘဲ ၿဖိဳးသီဟကို ေငးၾကည့္ေနေလရဲ႕။

"အကိုက ဘာလုပ္ဖို႔ ေမးတာလဲ"

"ဟင္..... ဒီအတိုင္း သိခ်င္လို႔ပါ"

"ဟာ....... အကိုကလည္း........."

"ျပန္ၾကေတာ့မလားလို႔........."

"အာ...... ခဏေလာက္ထပ္ေနအုန္းမယ္ေလ...... အကိုနဲ႔ ထပ္ရွိေနခ်င္ေသးတာကို"

"ဟုတ္ပါၿပီ....... ဒါဆို ခဏေလာက္ ထပ္ေနၾကမယ္ေလ"

ဒီလိုနဲ႔ ေစာမင္းထြဋ္ႏွင့္ ၿဖိဳးသီဟတို႔ ေရကန္ေတာင္ေလးမွာ ခဏေလာက္ ထပ္ေနၾကေလသည္။ ညေနေစာင္းခါနီးေလာက္ၾကေတာ့ ျပန္ၾကေလေတာ့သည္။ အိမ္ကိုေရာက္ေတာ့ ေစာျပန္ေရာက္ေနမည္ဟု မထင္မွတ္ထားသည့္ ဦးသန္းထြဋ္ေၾကာင့္ ေစာမင္းထြဋ္ေကာ ၿဖိဳးသီဟပါ အံ့ဩသြားၾကေလသည္။

ဦးသန္းထြဋ္ကေတာ့ သူ႔ကို မလိမ့္တပတ္လုပ္သြားသည့္ ေစာမင္းထြဋ္ႏွင့္ ၿဖိဳးသီဟကို ဆူပါေလေတာ့သည္။ ေစာမင္းထြဋ္ႏွင့္ ၿဖိဳးသီဟတို႔မွာေတာ့ ဆူခံထိတာေတာင္ ၿပဳံးစိစိ လုပ္ေနႏိုင္တုန္းပင္။

ထိုေန႔ေလးကေတာ့ တစ္ကယ့္ကို ေမ့မရတဲ့ ေန႔ေလးတစ္ခုပင္တည္း။

အားလုံး ေနရာတက် ျဖစ္ဖို႔ အခ်ိန္လည္း မေဝးေတာ့ေပ။

×××××

အခန္း(၃၁)ေမွ်ာ္

ႀကိဳက္ႏွစ္သက္မယ္လို႔ ေမွာ္လင့္ပါတယ္။

Continue Reading

You'll Also Like

2.6K 402 7
လူတိုင်းရဲ့ ဘဝမှာ လမ်းပျောက်သွားတဲ့ အခိုက်အတန့်ဆိုတာ ရှိတတ်ကြတာပဲ ။ တစ်ခါတစ်ရံကျတော့ ကိုယ်လျှောက်နေတဲ့ လမ်းက မှန်ရဲ့လား ? ကိုယ့်အိပ်မက်တွေနောက်လိုက်...
26K 2.4K 12
"ဘာ?!!!" "ဟုတ္​တယ္​ဆို BaekHyun ​ေလးရဲ႕ " "ဟိုအ​ေကာင္​ ! Park ChanYeol ! ထပ္​မလိုက္​လာနဲ႔​ေနာ္​ ! " " စိတ္​ပူလို႔ပါ BaekHyun ​ေလးရဲ႕ ! "
223K 20K 22
#​ေတာင္​းပန္​ပါတယ္​......ႏွလံုးသားကိုခ်ျပမိတဲ့အတြက္​....# Hunhan(yaoi)
3.2K 132 36
Description- အခ်စ္​​ေၾကာင္​့ ​ေသဆံုးခဲ့ဖူးသလို အခ်စ္​​ေၾကာင္​့ပဲ ျပန္​လည္​႐ွင္​သန္​ခဲ့တယ္​။