နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...
By KimHsuYoon99
687K 107K 1.4K
This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More
Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3
Chapter 6.2
7.6K 1.2K 40
By KimHsuYoon99
(Unicode)
ပိုင်မုက အသားကိုမျက်စောင်းထိုးနေပေမယ့် စိတ်တည်ငြိမ်ချင်ဟန်ဆောင်ဖို့ ကြိုးစားနေတဲ့ ခြင်္သေ့လေးကို ရယ်ချင်စွာကြည့်လိုက်တယ်။
"ငါက ပိုင်မုကို မင်းရဲ့လူလူသားရဲကို စားဖို့ပေးလိုက်တာ၊ မင်းနဲ့ဘာမှလုပ်စရာရှိမနေဘူး"ခဲယ်လ်တစ်က ခြင်္သေ့လေးကို *လဲကျအောင် လုပ်လိုက်တယ်(T/N-stickerမြင်ဖူးကြတယ်မလား တရုတ်နိုဗယ်တွေမှာလေ လဲကျနေပြီး မျက်ရည်အိုင်ထဲနစ်နေတာလေး)။ခြင်္သေ့လေးရဲ့စိတ်ထိခိုက်သွားတဲ့မျက်ရည်တွေက စမ်းချောင်းလို အောက်ကို ကျလာတော့တယ်။
ပိုင်မုက ညီအစ်ကိုနှစ်ယောက်ကို ရှက်ရွံ့စွာကြည့်လိုက်ပြီးတော့ သူ့လက်ထဲက အမဲသားကို ခြင်္သေ့လေးကို ချက်ချင်းပေးလိုက်တာနဲ့ တပေါက အဲ့ဒါက ယူလိုက်ပြီး ချက်ချင်း ပြုံးရယ်သွားတော့တယ်။
"အကိုကြီးပိုင် ဒါကို အစ်ကိုကိုယ်တိုင်လုပ်ထားတာလား ၊ဒါက အရသာရှိတယ်"အန်းချီလော့က ပြောခဲ့တယ်။သူ့ရဲ့မျက်လုံးလေးတွေက တပေါလက်မောင်းတွေထဲမှာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတဲ့ အမဲသားဆီကို ဖြတ်ဝေ့သွားတယ်။
"မဟုတ်ဘူး"အဲ့ဒီစကားတွေကိုကြားတော့ အန်းချီလော့က စိတ်ပျက်လုနီးပါး‌ဖြစ်သွားပေမယ့် ပိုင်မုရဲ့နောက်ထပ်စကားလုံးတွေကတော့ သူ့ကို ပျော်ရွှင်စေတယ်။"ဒါက မခက်ခဲဘူးလေ၊ မင်းစားဖို့အတွက်ပါ၀င်ပစ္စည်းအားလုံးကို ရှာတွေ့ဖို့  ငါ့မှာ အခွင့်အရေးရှိလာမှာပါ"
"တကယ်လား"အန်းချီလော့က အံ့အားသင့်သွားတယ်။
"အကိုကြီး အကိုပိုင်မုက ‌တပေါရဲ့towerမဖြစ်နိုင်ခဲ့ရင် ကျွန်တော်က အစ်ကို့ကို အကိုကြီးအဖြစ် အသိအမှတ်ပြုမှာမဟုတ်ဘူး"တပေါက ပိုပြီးတည့်တိုးဆန်တယ်။အန်းချီလော့ကလည်းပဲ ခေါင်းညိတ်သဘောတူလိုက်တယ်။(T/N-ခဲယ်လ်တစ်ကို ခြိမ်းခြောက်နေကြတာကျန်း....အစားတလုတ်အစွမ်းအံ့မခန်း🤣)
"Towerကဘာလဲ"ပိုင်မု ဒီနာမည်ကိုကြားတာ ဒီနေ့မှာဆို နှစ်ကြိမ်မြောက်ရှိပြီ။(towerက အရင်အခန်းမှာတုန်းက ပါပါတယ် မျိုးနွယ်စုကိုပြန်လာတုန်းက တပေါက ဒါကသူ့ရဲ့towerလားလို့ ခဲယ်လ်တစ်ကိုမေးတယ်လေ  အဲ့ဒါကိုကိုယ်က meaningရှာမတွေ့တော့ ပစ္စည်းလို့ပြန်လိုက်တာ ဒီအပိုင်းမှ သူ့ဆိုလိုရင်းကိုသိရတယ်🥴)
"ကျွန်တော့်အစ်ကိုရဲ့ပါတနာပါ"တပေါလေးက ဖြူစင်စွာနဲ့ကြည့်တယ်။
ပိုင်မုက သူ့ကိုယ်သူ ပြင်းပြင်းထန်ထန်ပြောလိုက်တယ်၊ ဒေါသမထွက်နဲ့၊ ဒေါသမထွက်နဲ့။ထုန်ယန်ဝူကျိ၊ လေက အဝေးမှာပဲ တိုက်ခတ်နေတယ်၊ ကောင်ငယ်လေးက ပါတနာတစ်ယောက်အကြောင်းကိုပဲ ပြောနေတာ ၊ ဇနီးတစ်ယောက်အကြောင်းမဟုတ်ဘူး၊ အရမ်းအများကြီးတွေးမနေနဲ့လို့ ပြောနေတာပဲ။ပြီးတော့ ဒီလူကြီးက တကယ်ကို တူညီတဲ့အမျိုးအစားပဲ ၊သူက သူ့ကိုယ်သူအများဆုံး သဘောကျတာ ။သူသာ ကျိုးကျစ်ရွေ့နဲ့မဆုံခဲ့ရင် သူ့(ခဲယ်လ်တစ်)ကိုလက်ခံဖို့ သူပျော်နေလောက်တယ်။ဒါပေမယ့် သူက တိတ်တိတ်လေး သူ့ဒဏ်ရာကို ကုသနေချင်ပြီးတော့ လွယ်လွယ်လေးမကြိုးစားရဲဘူး။ဒါပေမယ့်လည်း ဒီကမ္ဘာကြီးမှာ လိင်တူချစ်သူတွေရဲ့ လက်ခံမှုက အရမ်းကို မြင့်မားတာပဲ။
"အန်းချီလော့ ငါယူပြန်လာတဲ့သားကောင်ကို ခွဲခြမ်းလိုက်ဦး ၊ ကြီးမြတ်တဲ့စုန်းမကိုတွေ့ဖို့ ပိုင်မုကို ငါ အရင်ခေါ်သွားလိုက်မယ်"
"ကြီးမြတ်တဲ့စုန်းမကို တွေ့ပြီး ဘာလုပ်မလို့လဲ"ပိုင်မုက နားမလည်ဘူး။
" မင်းရဲ့ခန္ဓာကိုယ်က ဒဏ်ရာတွေပျောက်ပြီလားလို့ သူ့ကိုပြကြည့်မလို့"ခဲယ်လ်တစ်က ပြောလိုက်တယ်။ပိုင်မုက အဲ့ဒီအကြောင်းကို စဉ်းစားလိုက်ပြီး အဓိပ္ပာယ်ရှိတယ်လို့ ထင်ခဲ့တယ်။သူအသက်ကြီးလာတဲ့အခါကျရင် ဝေဒနာခံစားရမယ့် ဘယ်အကျိုးဆက်ကိုမှ သူမချန်ရစ်ထားချင်တာကြောင့် အဆင်သင့်သူက သဘောတူခဲ့တယ်။
ခဲယ်လ်တစ်က ပိုင်မုကို တောင်ခြေက ဆေးနံ့ပြင်းပြင်းတွေပြည့်နှက်နေတဲ့ ကြီးမားတဲ့ဂူတစ်ဂူဆီကို ဦးဆောင်လမ်းပြခဲ့တယ်။ပိုင်မု ဂူထဲကို ၀င်လိုက်တဲ့အခါ ဂူထဲက ကျောက်တုံးကြီးတစ်တုံးပေါ်မှာ ထိုင်နေတဲ့ သဘောကောင်းတဲ့လူအိုကြီးတစ်ယောက်ကို မြင်လိုက်ရတယ်။"ငါ့ရဲ့ကလေး ၊ မင်းနောက်ဆုံးတော့ ဒီကိုရောက်လာပြီ ၊ကြီးမြတ်တဲ့နတ်ဘုရားက သူ့ရဲ့လူတွေ‌အပေါ် လက်မလျှော့ခဲ့ဘူးပဲ"
ဒီစာကြောင်းကိုကြားလိုက်ရတဲ့အခါမှာ ပိုင်မုက ရှော့ရသွားတယ်။ဒီလူက သူ့ကိုစောင့်နေတာတဲ့။သူဒီကိုလာမယ်ဆိုတာ သူ(လူအိုကြီး)ဘယ်လိုသိလဲ။"ကျွန်တော့်ကိုသိတာလား"ပိုင်မုက ချီတုံချတုံနဲ့ မေးလိုက်တယ်။
"မင်းကိုမသိပေမယ့် မင်းလာမယ်ဆိုတာသိတယ် ပြီးတော့ မင်းက တခြား*ဒိုင်မင်းရှင်းကဆိုတာလည်း သိတယ်"ကြီးမြတ်တဲ့စုန်းမက ပိုင်မုကို နှစ်သက်စွာနဲ့ ကြည့်လိုက်တယ်။ပိုင်မုက သူ(လူအိုကြီး)ပြောလိုက်တဲ့အကြောင်းအရာကြောင့် တုန်လှုပ်သွားခဲ့တယ်။(T/N-ရှန်းရှနိုဗယ်ဖတ်တဲ့သူတွေဆိုသိမှာပါ ဒိုင်မင်းရှင်းဆိုတာ နေရာပါပဲ ဘယ်လိုလဲဆိုတော့ ဒီနေရာကနေ လေထုကို ခွဲပြီး တခြားဒိုင်မင်းရှင်းဖြစ်တဲ့ စကြာ၀ဠာတို့ ဘာတို့ကိုသွားတာ အဲ့လိုမျိုးပါ လေဟာနယ်သဘောတရားကိုနားလည်ရင် အိုင်ဒေါတွေရှိတဲ့ဒိုင်မင်းရှင်းကို လေဟာနယ်ကိုခွဲပြီးသွား အား!!!လေယာဉ်ခမလိုတော့ဘူး🤣)
"မလန့်ပါနဲ့ baiyisတိုက်ကြီးမှာ အရင်က နတ်ဘုရားရဲ့တမန်တော်တွေလာခဲ့တာတွေလည်း ရှိတယ် သူက ငါတို့ကို မြေအိုးမြေခွက်တွေလုပ်ဖို့ ပြောခဲ့တာ"ကြီးမြတ်တဲ့စုန်းမက သူ့ရဲ့ကြောက်ရွံ့မှုကို မြင်ပြီးကသိကအောက်နဲ့ သူ့ကိုပြုံးပြခဲ့တယ်။
"အဲ့လူက ဘယ်မှာလဲ"ပိုင်မုက စိတ်လှုပ်ရှားနေတယ်။အဲ့ဒီလူက သူ့ရဲ့အဖွဲ့၀င်ဖြစ်နိုင်တယ်။
"နတ်ဘုရားတမန်တော်က Bayusအဓိကကုန်းမြေကြီးထဲက ဘ၀ကို လိုက်လျောညီထွေမဖြစ်လို့ လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်က ဘုရားသခင်ရဲ့ပွေ့ဖက်မှုထဲကို ပြန်သွားခဲ့တယ်"ကြီးမြတ်တဲ့စုန်းမက လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်က လာခဲ့တဲ့နတ်ဘုရားတမန်တော်ကို လေးစားတဲ့အကြည့်တွေနဲ့ စ‌ပြောပြခဲ့တယ်။
ကြီးမြတ်တဲ့စုန်းမရဲ့ ဇာတ်ကြောင်းပြန်မှုကနေ ပိုင်မုက ဒီကမ္ဘာမှာ မိန်းမတစ်ယောက်မှမရှိပဲ orcယောက်ျားတွေနဲ့ မိန်းမပျိုတွေသာ ရှိကြောင်း သင်ယူခဲ့ရတယ်။မိန်းမပျိုတစ်ယောက်က အတော်လေးပိန်ပါးတဲ့‌ ယောက်ျားတစ်ယောက်ဖြစ်ပြီး သားပေါက်လေးတွေမွေးပေးနိုင်တဲ့သူဖြစ်တယ်။ ဘာလို့ လူတွေက သားရဲဖြစ်လာနိုင်ပြီး သားရဲတွေက လူဖြစ်လာနိုင်လဲဆိုတဲ့အဖြစ်ကြီးကို‌ သူ မသိဘူး။ဘယ်လိုနိယာမတွေလဲဆိုတာ  သူတကယ်ကို မသိတော့ဘူး။ဒီကမ္ဘာကိုဖန်တီးခဲ့တဲ့ ကြီးမြတ်တဲ့နတ်ဘုရားက တကယ်ကို နတ်ဘုရားဇာတ်ကောင်ပဲ။ပြီးတော့ သေချာတာ တစ်ခုက အဲ့ဒီကြီးမြတ်တဲ့ဘုရားသခင်က ဂေးဖြစ်နိုင်တယ်။(LOL)
ထပ်ပြီးတော့ အရင်တမန်တော်က သိသိသာသာကို ၀မ်းနည်းမှုရဲ့ဖန်လည်းပဲဖြစ်တဲ့သူ့ရဲ့ အဖွဲ့၀င်ပဲ။အဲ့ဒီလူက အမည်မသိအိုးလုပ်တဲ့သူဖြစ်ပြီး ဒါမှမဟုတ် အဖြောင့်ယောက်ျားတစ်ယောက်ဖြစ်မယ်။သူက အကုန်လုံးကွေးနေတဲ့ဒီကမ္ဘာကို ရောက်လာတော့ ကြောက်လန့်ပြီး စိတ်ရှုပ်သွားမယ်။ပြီးတော့ သူက ဒီနေရာက ခေတ်နောက်ကျနေတဲ့အခြေအနေကြီးမှာ နေသားတကျဖြစ်မှာမဟုတ်ဘူး ။ဒီတော့ သူက ဒီလူတွေကို အိုးဖုတ်သင်ပေးဖို့ ကြိုးစားကြည့်ခဲ့တာပဲ။
ဘာသာပြန်သူမှာ ပြောစရာရှိတယ် :
ပိုင်မု- "အဲ့ဒီဘုရားသခင်က ဂေး"
သူ့ဘာသာသူနေနေသော ဘုရားသခင်- ...............
ဒီနေ့က ကိုယ်မွေးနေ့မလို့ သုံးပိုင်းလောက်တင်ပေးမလို့ကို မိုးလင်းကတည်းက စိတ်ဆိုးအောင်လုပ်နေကြတဲ့သူတွေချည်းပဲ စိတ်အခြေအနေမကောင်းတော့ moodက ရှာမရ။ အဟမ်း ..ပြောချင်တာက အပိုမရတော့ဘူး...ပုံမှန်အတိုင်း တ၀က်ပါပဲ ။မနက်ဖြန်မှ တ၀က် တ၀က်ကို မနက်တ၀က် ညတ၀က်တင်ပေးတော့မယ်❤️။
(Zawgyi code)
Continue Reading
You'll Also Like
996K 116K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
179K 31.3K 62
Original Title - Jubo (巨擘) (The Dominant Boss) Author - Yin Ya (尹琊) Status in COO - 341 chapters + 23 special chapters (Completed) Genre - Comedy , R...
340K 37.9K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
2.9M 227K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023