(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

712K 153K 8.6K

ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(351) - စိတ်ထဲက သံသယများ

2.8K 618 16
By Xiao_Yiii

Unicode

အခန်း(၃၅၁) - စိတ်ထဲက သံသယများ

တိုက်ပွဲကို စောင့်ကြည့်နေသည့် ဖုန်ကျင်းယွီကတော့ အလေးအနက် မယူပေ

"မင်းသူ့ကို ရှုံးတယ်ဆိုတာ ပုံမှန်ပဲ မဟုတ်ဘူးလား? အနည်းဆုံးတော့ လင်းချီကုက တိုက်ပွဲအတွေ့အကြုံရှိတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်ပြီး သူ့ကျင့်ကြံဆင့်ကလည်း မင်းထက် အများကြီးမြင့်မားတယ်, အကယ်၍ သူသာ မင်းဆီက တစ်ချက်တည်းနဲ့ အနိုင်ယူခံလိုက်ရရင် ဟိုးတုန်းကတည်းက နယ်မြေကြီးကိုးခုမှာ လုံးဝပျက်စီးပြီးနေလောက်ပြီ"

ယန်ထျန်းဟန်က ခေါင်းတစ်ဆတ်ဆတ်ညိတ်ပြီး သူ့လက်သီးလေးကို လှုပ်ရမ်းလိုက်သည်။

"အမှန်ပဲ, ဒါပေမဲ့ ငါအခု အားကုနဲ့ သရေကျလုနီးနီး ဖြစ်နေပြီ"

ဖုန်ကျင်းယွီက နှာမှုတ်သည်။

"အကယ်၍ လင်းချီကုသာ မင်းကို တမင်သက်သက် လျှော့မပေးဘူးဆိုရင် မင်းသူ့လက်အောက်မှာ သုံးကွက်တောင် ခံနိုင်မှာမဟုတ်ဘူး"

ယန်ထျန်းဟန်က အံ့အားသင့်သွားရသည်။

"တကယ်ကြီးလား?"

လင်းချီကုကို သူရှင်းရှင်းလင်းလင်း အမိန့်ပေးထားပါတယ် သူ့ကိုမထိခိုက်စေပဲ ပညာကုန် ထုတ်သုံးဖို့အတွက်

"အမှန်ပဲ" လင်ရွှမ်းဇီရဲ့ ဓားက ယန်ထျန်းဟန်ရဲ့ ဘေးနားလေးသို့ ရောက်လာသည်။

"အကိုကြီး, ဘာလို့ဒီရောက်လာတာလဲ!" ယန်ထျန်းဟန်က ပျော်ရွှင်မှုဖြင့် အံ့အားသင့်သွားရသည်။

လင်ရွှမ်းဇီက ပြုံးပြုံးလေးဖြင့်သာ

"ငါ အားဟန်ကို မတွေ့ရတာ ကြာသွားပြီမို့လို့, သူ့ကို အရမ်းအရမ်း လွမ်းနေတာ ပုံမှန်ပဲလေ"

ဖုန်ကျင်းယွီသည် လင်ရွှမ်းဇီတစ်ယောက် ရောက်လာတာနဲ့ တစ်ပြိုင်နက်တည်း ရပ်မရနိုင်အောင် ချိုမြိန်သောစကားများ ပြောနေသည်ကို နားထောင်နေရသည်။ သူ့အနေနဲ့ မျက်လုံးမလှန်ပဲ မနေနိုင်တော့ပဲ လင်းချီကုရဲ့ ခေါင်းပေါ် ပျံသန်းတက်သွား၏။ သူက အလောင်းရဲ့ ဆံပင်အား သူ့အတောင်ပံလေးနဲ့ တစ်ဖြတ်ဖြတ် ပုတ်လေသည်။

လင်းချီကုကတော့ ၎င်းအား ကျင့်သားရနေပုံပေါ်ပြီး ဖုန်ကျင်းယွီတစ်ယောက် သူ့ခေါင်းပေါ်မှာ အငြိမ်မနေပဲ လျှောက်လုပ်နေသည်ကို ခွင့်ပြုပေးထားသည်။

ယန်ထျန်းဟန်ကတော့ ပြုံးဖြီးနေလေပြီ။

"အကိုကြီး မကြာသေးခင်က ဘယ်လို အောင်မြင်မှု ရထားသေးလဲ?"

လင်ရွှမ်းဇီက ခဏလောက် စဉ်းစားလိုက်သည်။

"ငါအခု ဓားသိုင်းကွက်တွေကို ပိုပြီးနားလည်လာပြီ ပြီးတော့ ငါ့ကျင့်ကြံဆင့်ကတစ်ဖြည်းဖြည်း လျော့ပါးလာပြီး ချိုးဖြတ်ဖို့ သိပ်မကြာတော့ဘူးလို့ ခံစားရတယ် ဒါပေမဲ့ ငါအဲ့ဒါကို အချိန်တစ်ချို့လောက်ထိ ဖိနှိပ်ထားချင်သေးတယ် မြန်မြန်ကြီး အဆင့်မတက်ချင်သေးဘူး"

ဖုန်ကျင်းယွီသည် အသက်ရှည်ခြင်းနဲ့ အဆင့်အတန်းတွေကြောင့် ကျင့်ကြံဆင့်ကို အလွန်အမင်း မြင့်မားချင်နေကြသော လူများစွာကို မြင်ဘူးတာကြောင့် လင်ရွှမ်းဇီအပေါ် အသိအမှတ်ပြုမှုတစ်ချို့ ခံစားလိုက်ရသည်။ ဒါကြောင့်လည်း ထိုလူများက တတ်နိုင်သမျှ မြန်မြန်ကျော်ဖြတ်လိုသော ဆန္ဒသည် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟူသော အချက်ကို လျစ်လျူရှုထားကြတာပင်။ သူတို့ရဲ့ကျင့်ကြံမှုကို တိုးမြှင့်ဖို့ အခွင့်အလမ်းရခဲ့ရင်တောင် သူတို့ရဲ့ ခွန်အားနဲ့ အခြေခံအုတ်မြစ်ဟာ တည်ငြိမ်မှာ မဟုတ်။ ၎င်းသည် အနာဂတ်မှာ အောင်မြင်မှုများအား ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းနိုင်တဲ့ လမ်းကြောင်းကို ပို့ဆောင်ပေးမှာ မလွဲမသွေသာ။

သို့သော်လည်း လင်ရွှမ်းဇီကတော့ ကိုယ့်ကိုကိုယ် ထိန်းချုပ်မှုနဲ့ တည်ငြိမ်အေးဆေးမှု ရှိနေသည်။ သူသည် အနာဂတ်မှာ ပိုမိုကြီးကျယ်သည့် ကျင့်ကြံဆင့် ရှိလာလိမ့်မည်။

ယန်ထျန်းဟန်က ခေါင်းညိတ်သည်။

"အကိုကြီး, ခုနပြောတာ ဘာကိုဆိုလိုတာလဲ?"

လင်ရွှမ်းဇီက ယန်ထျန်းဟန်အား တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းချီကုကို ကြည့်သည်။

"မင်းတို့နှစ်ယောက်က စာချုပ်ချုပ်ထားတဲ့ ဆက်ဆံရေး ရှိတာမို့လို့ အချင်းချင်း မသိစိတ်ကနေ အပြည့်အဝ ရန်မဖြစ်နိုင်ဘူး...ဒါကြောင့်လည်း ဘယ်သူက အကောင်းဆုံး လှုပ်ရှားမှု ရှိလဲဆိုတာကို ပြော ဆိုရင်တော့ ပြောမရနိုင်ဘူးလေ, ဒါပေမဲ့ အားဟန်, မင်းရဲ့ အတွေ့အကြုံနဲ့ လက်ရှိကျင့်ကြံဆင့် နယ်ပယ်က အားဟန်လောက် မခိုင်မာဘူး, အတွေ့အကြုံပိုင်းမှာဆိုရင်တော့ အားကုရဲ့ အတွေ့အကြုံတွေက ငါနဲ့မောက်မောက်တောင် မယှဉ်နိုင်ဘူးလို့ ပြောလို့ရတယ်"

ယန်ထျန်းဟန်ကအလွန်သဘောကျသွားသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က နက်ရှိုင်းမြို့မှာ ရှစ်ယုန့်ထိုင် လွှတ်လိုက်သော လူသတ်သမားများကို တိုက်ခိုက်ရာတွင် လင်းချီကု၏ လုပ်ရပ်များသည် အပြတ်သားဆုံးနှင့် အသွက်လက်ဆုံးပင်။ သူက ထိုလူသတ်သမားများထက်ပင် လေ့ကျင့်ထားသော လူသတ်သမားနှင့် ပိုတူနေခဲ့သည်။

သူ့ရဲ့ မသိစိတ်မှာ ကျန်နေတဲ့ သတ်ဖျတ်တတ်သော ဗီဇကြောင့်သာ မဟုတ်ရင် အလောင်းရုပ်သေးတစ်ရုပ်က ဒီအဆင့်ထိ မရောက်နိုင်

ဖုန်ကျင်းယွီက ခေါင်းတစ်ဆတ်ဆတ်ညိတ်၍ လင်းချီကုရဲ့ ဆံပင်ကို ဆိတ်လေသည်။

"လင်းချီကုရဲ့ ကတ္တီပါနီခြူံးလှံအောက်မှာ ထောင်နဲ့ချီတဲ့ နတ်ဆိုးအတတ် ကျင့်ကြံသူတွေနဲ့ နတ်ဆိုးတွေ သေဆုံးခဲ့ရတယ်, တကယ့်ကိုပဲ သူ့ကို ဘယ်သူမှ မယှဉ်ပြိုင်နိုင်ဘူး, ဒါပေမဲ့ တကယ်တော့လည်း သူအဲ့ဒီလို အများကြီး သတ်ဖြတ်ခဲ့လို့ သူသတ်ခဲ့တာတွေက နတ်ဆိုးတွေ ဖြစ်နေတာတောင် ကံကံ၏ အကျိုးက သူ့ကိုလွှတ်မပေးခဲ့တာပေါ့, သူ့ရဲ့ လက်ရှိကံကြမ္မာက သက်သေပြသွားခဲ့ပြီလေ"

ယန်ထျန်းဟန်သည် အနည်းငယ် ဝမ်းမနည်းပဲ မနေနိုင်တော့ပေ။

"အနည်းဆုံးတော့ အားကုက ထိုက်တန်စွာ သေဆုံးခဲ့ရတာပါ"

ဖုန်ကျင်းယွီက လှောင်ပြောင်ဟန်ဖြင့် နှာမှုတ်သည်။

"တကယ်တော့ သူက ဘာမှမဟုတ်ပဲ သေခဲ့ရတာ, မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်မှာ လင်းမိသားစု အားလုံးက တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ရပေမယ့် လင်းချီကုရဲ့ မျိုးဆက်မှာကျတော့ မင်းသားရဲ့ ရာထူးအတွက်ကြောင့်နဲ့ လင်းမိသားစုကို ပြိုလဲကျသွားစေခဲ့ရတာ, အဲ့ဒါက ကမ္ဘာတစ်ခုလုံးရဲ့ အကြီးမားဆုံး ဟာသပဲ ဖြစ်သွားခဲ့တယ်, ဘာလို့ လင်းချီကုက မသေခင်မှာ အနိမ့်ပိုင်းဘုံကို ပြေးလာခဲ့ရတာလဲ သိလား? အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ သူက လင်းမိသားစု ဘိုးဘေးတွေကို ရင်ဆိုင်ရမှာ အရမ်းရှက်ရွံ့ပြီး သူတို့ရဲ့ အုတ်ဂူထဲမှာ မသေရဲလို့ပဲ"

လင်းချီကုရဲ့ အတိတ်အကြောင်း ရှင်းပြတဲ့အချိန်မှာ ဖုန်ကျင်းယွီက ဒေါသနှင့် အမုန်းတရားများ ပြည့်နှက်နေသည်။

လင်ရွှမ်းဇီက ဘာမှမသိသည့် လင်းချီကုအား တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး တုန့်ပြန်သည်။

"အဲ့ဒီလို ကံကြမ္မာမျိုးက သူ့ကိုယ်ပိုင် ရွေးချယ်မှုပဲ, လူတစ်ယောက်က သူကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေရဲ့ ပျော်ရွှင်မှုတွေနဲ့ ဒုက္ခတွေကို အကောင်းဆုံးသိကြတာပဲ"

ဖုန်ကျင်းယွီကတော့ လက်မခံ

"အဲ့ဒါ ဒီအရူးက သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို နားမလည်လို့လေ, အကယ်၍ သူသာ သိခဲ့ရင် အဲ့ဒီငမိုက်သားကောင်အတွက် သူ့ကိုယ်သူ ဒီလိုလုပ်ခဲ့မှာ မဟုတ်ဘူး"

လင်ရွှမ်းဇီက ခေါင်းခါသည်။

"ဒါကတော့ ပြောရခက်တယ်, လင်းချီကုက ချစ်ခြင်းတရား နက်ရှိုင်းပြီး သစ္စာစောင့်သိတဲ့သူမျိုး, သူသေသွားပေမယ့်လည်း တစ်ချို့အရာတွေကို နောင်တမရခဲ့လောက်ဘူး"

ဖုန်ကျင်းယွီ, "..."

Crap, လင်ရွှမ်းဇီက ဒီနေ့ သူ့နှလုံးသားကို ဓားနဲ့လာထိုးတာပဲ!

ဖုန်ကျင်းယွီက လင်းချီကုရဲ့ နှဖူးအား ရိုက်ထည့်လိုက်ပြီး ဒေါသတကြီး ပြောလေသည်။

"မင်းလည်း အရူးပဲ! ငါမင်းနဲ့ စကားမပြောချင်တော့ဘူး"

ဖုန်ကျင်းယွီက အဝေးတစ်နေရာသို့ ပျံထွက်သွားတော့သည်။

လင်းချီကုက ရုတ်တရက် ဖုန်ကျင်းယွီ ထွက်သွားရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၏။ ခဏအကြာမှာ သစ်တောအနက်ပိုင်းသို့ စတင်ပြေးဝင်သွားတော့သည်။

ယန်ထျန်းဟန်က သူ့မေးလေးအား တွေးဆဆဖြင့် ထိလိုက်သည်။

"အားကုလည်း မောက်မောက်အပေါ် ခံစားချက် မရှိတာ မဟုတ်ဘူးလို့ထင်တယ် ဟုတ်တယ်မှတ်လား?"

လင်ရွှမ်းဇီက ပြန်ဖြေသည်။

"အဲ့ဒါက အခြေအနေက ပေးတဲ့ တုံ့ပြန်မှုလည်း ဖြစ်နိုင်တာပဲ"

ယန်ထျန်းဟန်, "..."

အကိုကြီးက ဖုန်ကျင်းယွီအပေါ်မှာသိပ်ပြီး ဖော်ရွေမှု မရှိဘူးလို့ ဘာလို့ ရုတ်တရက် ခံစားလိုက်ရတာပါလိမ့်?

ယန်ထျန်းဟန်က မေးသည်။

"အကိုကြီး, အခုတစ်လော မောက်မောက်က အကိုကြီးအပေါ် ဆန့်ကျင်ထားသေးလို့လား?"

"ဆန့်ကျင်တာမျိုးမရှိပါဘူး" လင်ရွှမ်းဇီက ပြီးစလွယ်ဖြင့်သာ

"ငါက သူ့ကိုသိစေချင်ယုံပဲ တာဝန်တွေကို ခေါင်းရှောင်ပြီး လျှောက်ထွက်ပြေးတာမျိုး မလုပ်သင့်ဘူးဆိုတာကိုပေါ့"

ယန်ထျန်းဟန်, "..."

အဲ့ဒီတော့ ဆန့်ကျင်တာတော့ ဆန့်ကျင်ထားတယ်ပေါ့လေ

လင်ရွှမ်းဇီ ရောက်လာတာကို အခွင့်ကောင်းယူ၍ ယန်ထျန်းဟန်က နောက်တစ်နေမှာပင် မဟာအကြီးအကဲ ဟွိုင်ယွီနဲ့ 《ယင်မီးတောက်လက်ဝါး》အကြောင်းအား လင်ရွှမ်းဇီကို အိတ်သွန်ဖာမှောက် ပြောပြတော့သည်။ သူက ယန်ကျုံးဟွားနဲ့ ယိုမင်းတို့အကြောင်းပါ ထုတ်ပြောတာပင်။

လင်ရွှမ်းဇီက ဂရုတစိုက် နားထောင်နေရင်း ရံဖန်ရံခါ မျက်မှောင်ဖွဖွ ကြုတ်နေသည်။

ထိုအကြောင်းများကို ကြားပြီးနောက်မှာ လင်ရွှမ်းဇီက 《ယင်မီးတောက်လက်ဝါး》ကနေ 《မြောက်အောက်ကမ္ဘာရဲ့ ငရဲကြီးဆယ့်ရှစ်ထပ်》အဖြစ် ရုတ်တရက် ပြောင်းလဲသွားခြင်းအပေါ် အာရုံသိပ်မစိုက်ပဲ ယန်ထျန်းဟန်ကို ထိုကျင့်ကြံရေးနည်းလမ်း ပေးခဲ့သည့် တစ္စေမျက်နှာဖုံးနဲ့လူအား အတော်လေး စိတ်ဝင်စားမိသည်။

ယန်ထျန်းဟန်က စကားဆက်သည်။

"တကယ်တော့ ကျွန်တော်လည်း မောက်မောက်ပြောတဲ့ စကားအပေါ် သံသယတစ်ချို့ရှိတယ်"

လင်ရွှမ်းဇီက မေးလာ၏။

"ဘာကို သံသယဝင်နေလို့လဲ?"

ယန်ထျန်းဟန်က မျက်မှောင်ကြုတ်လေသည်။

"ကျွန်တော်ထင်တာ အဲ့ဒီ 《မြောက်အောက်ကမ္ဘာရဲ့ ငရဲကြီးဆယ့်ရှစ်ထပ်》က နတ်ဆိုးအသျှင်ယိုမင်းအတွက်ပဲ သီးသန့်ရှိနေတဲ့ ကျင့်ကြံခြင်းမျိုး မဖြစ်သင့်ဘူးလားလို့, တစ်ခြားနတ်ဆိုးအသျှင်တွေလည်း ဒီကျင့်ကြံရေး နည်းလမ်းမျိုးကို အသုံးပြုနိုင်တာပဲ"

လင်ရွှမ်းဇီက အနည်းငယ် တုံ့ဆိုင်းသွားကာ

"အဲ့ဒီ 《မြောက်အောက်ကမ္ဘာရဲ့ ငရဲကြီးဆယ့်ရှစ်ထပ်》က နတ်ဆိုးအသျှင်ယိုမင်းအတွက် တကယ့်ကို ထူးခြားတယ်"

ယန်ထျန်းဟန်က ထိတ်လန့်တကြားဖြင့် လင်ရွှမ်းဇီအား နားမလည်နိုင်စွာ စိုက်ကြည့်လာသည်။

"အကိုကြီးက ဘယ်လိုသိလဲ?"

လင်ရွှမ်းဇီက ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေသည်။

"အရင်တုန်းက ဦးလေးမိုဆီက ကြားခဲ့တာ"

ယန်ထျန်းဟန်က ခေါင်းညိတ်လေသည်။

"အဲ့ဒီတော့ အဲ့ဒီလိုပေါ့လေ, ကြည့်ရတာ မောက်မောက်က ကျွန်တော့်ကို မလှည့်စားဘူးပဲ"

ယန်ထျန်းဟန်က အထိတ်တလန့်ဖြင့် မေးလာတော့သည်။

"အကိုကြီး, အဲ့ဒီလိုဆိုရင်, ဒါဆို ကျွန်တော့်ကို 《မြောက်အောက်ကမ္ဘာရဲ့ ငရဲကြီးဆယ့်ရှစ်ထပ်》ကို လွှဲပေးခဲ့တဲ့ အဲ့ဒီ တစ္စေမျက်နှာဖုံးနဲ့လူက တကယ်ပဲ......"

ထိုစကားအရောက်မှာ သူရပ်သွားသည်။

လင်ရွှမ်းဇီက ခဏမျှ နှုတ်ဆိတ်သွားပြီးမှ

"အဲ့ဒါက ပြောဖို့တော့ခက်တယ်"

"ဒါပေမဲ့ အကိုကြီးပြောတော့ 《မြောက်အောက်ကမ္ဘာရဲ့ ငရဲကြီးဆယ့်ရှစ်ထပ်》က နတ်ဆိုးအသျှင်ယိုမင်းအတွက် ထူးခြားတယ်ဆို?"

လင်ရွှမ်းဇီက သူ့ကိုတစ်ချက် ကြည့်သည်။

"ဒါပေမဲ့ 《ရှေးဟောင်းစေတန်နတ်ဆိုးအက》နဲ့《အင်ပါယာအလောင်းနည်းပညာ》ကတော့ နတ်ဆိုးအသျှင်ယိုမင်းဟာ မဟုတ်ဘူး"

အကယ်၍ လင်ရွှမ်းဇီ မှတ်မိတာသာ မှန်မယ်ဆိုရင်《ရှေးဟောင်းစေတန်နတ်ဆိုးအက》နဲ့《အင်ပါယာအလောင်းနည်းပညာ》က နယ်မြေကြီးကိုးခုမှ တစ်ခြားနတ်ဆိုးအသျှင်နှစ်ပါးပိုင်တဲ့ လျှို့ဝှက်လက်ဆွဲစာအုပ် ဖြစ်လိမ့်မည်။ သို့သော်လည်း လင်ရွှမ်းဇီရဲ့ မှတ်ဉာဏ်များက သူ့အရင်ဘဝနဲ့ လက်ရှိဘဝကြားမှာ ကွာခြားမှု ရှိနေခဲ့တာပင်.။ အရင်တုန်းကတော့ မမှတ်မိခဲ့ပေမယ့် အခုချိန်မှသာ ထိုသိုင်းကျမ်းနာမည်များက အနည်းငယ် ရင်းနှီးနေတယ်လို့ ခံစားရတာဖြစ်သည်။

ဒါ့အပြင်《အင်ပါယာအလောင်းနည်းပညာ》က အနည်းငယ် ဆိုးဝါးသည့် လှည့်ကွက်မျိုးဖြစ်သည်။ နတ်ဆိုးအတတ်ကျင့်ကြံတဲ့ လမ်းကြောင်း ဆယ်ခုလောက်ကို ကြည့်လိုက်ရင် ထိုအင်ပါယာအလောင်းနည်းပညာက ခုနှစ်ခု ရှစ်ခုလောက်ထိ ပါဝင်နေတာကို တွေ့ရမှာဖြစ်သည်။ ဒါပေမဲ့လည်း ကျင့်ကြံခြင်းနည်းစနစ်၊ ကျင့်ကြံခြင်းနည်းလမ်းနဲ့ကျွမ်းကျင်မှုအပေါ် စွမ်းဆောင်ရည်များကတော့ များစွာကွာခြားမှုရှိတာပင်။

အကယ်၍ လင်ရွှမ်းဇီသာ ထိုနတ်ဆိုးအသျှင်က အင်ပါယာအလောင်းနည်းပညာကိုသုံးပြီး အလောင်းထိန်းချုပ်တာကို မမြင်ဖူးဘူးဆိုရင် ယန်ထျန်းဟန် သင်ယူခဲ့တဲ့ အင်ပါယာအလောင်းနည်းပညာက ထိုနတ်ဆိုးအသျှင်သုံးတာနဲ့ အတူတူပဲဖြစ်တယ်ဆိုတာကို သိမှာတောင် မဟုတ်ချေ။

အကယ်၍ အဲ့ဒီသိုင်းကျမ်းများက တစ်ခုတည်းဆိုရင်တော့ အဆင်ပြေသေးသည်။ သို့သော်လည်း တိုက်တိုက်ဆိုင်ဆိုင် ထိပ်တန်းနတ်ဆိုးအတတ် ကျင့်ကြံခြင်း နည်းလမ်းသုံးမျိုးလုံး ယန်ထျန်းဟန်ဆီ ရောက်လာသည်လေ။ အဲ့ဒါက လင်ရွှမ်းဇီအား ထို 'ကောင်းမွန်သည့်စေတနာရှင်'က ဘယ်သူလဲဆိုတာ ဆုံးဖြတ်ချင်စိတ်ဖြစ်သွားစေသည်။

ယန်ထျန်းဟန်ကတော့ အများကြီးမတွေးနေ။ လင်ရွှမ်းဇီက သူသိပြီးသားဖြစ်နေသည့် နတ်ဆိုးအသျှင်သုံးပါးရဲ့ လျှို့ဝှက်လက်ဆွဲစာအုပ် သုံးအုပ်ကို အခြေခံကာ ထိုခန့်မှန်းချက် လုပ်လာသည်ကိုလည်း သူမသိ။

ယန်ထျန်းဟန်က ခဏလောက် စဉ်းစားပြီးမှ ခေါင်းညိတ်သည်။

"အမှန်ပဲ, ကြည့်ရတာ အဲ့ဒီ တစ္စေမျက်နှာဖုံးနဲ့လူက အဲ့ဒါတွေကို လမ်းတစ်နေရာရာကနေ ကောက်လာတာဖြစ်လိမ့်မယ်, ကျွန်တော်က စေတန်နတ်ဆိုး ဆိုတာလည်း မြင်ရော ကျွန်တော်တို့ တွေ့ဆုံခွင့်ရခဲ့တာ ကံကြမ္မာပဲလို့ ခံစားရလို့ အဲ့ဒီလျှို့ဝှက်လက်ဆွဲတွေကို ပေးသွားတာပဲ ဖြစ်မယ်"

လင်ရွှမ်းဇီက ခပ်ဖျော့ဖျော့သာ မှတ်ချက်ချသည်။

"ဒါပေါ့လေ အဲ့ဒါက နတ်ဆိုးအသျှင်ယိုမင်းဆီက ရောက်လာတာလည်း ဖြစ်နိုင်တာပါပဲ"

ယန်ထျန်းဟန်က သူ့နှုတ်ခမ်းလေးကို ကောက်ကွေးလိုက်ကာ

"အကယ်၍ တကယ်ပဲ သူသာဆိုရင် ဘာလို့ အဲ့ဒါကို တိတ်တိတ်လေး ခိုးလုပ်နေရတာလဲ?"

လင်ရွှမ်းဇီက ခဏလောက် စဉ်းစားလိုက်သည်။

"ကြည့်ရတာ အကြောင်းပြချက်တစ်ချို့ကြောင့် သူ့အကြောင်းကို ဖုံးကွယ်ထားဖို့ လိုတာလည်း ဖြစ်နိုင်တာပဲလေ"

ယန်ထျန်းဟန်က သက်ပြင်းချလေသည်။

"အကယ်၍ တကယ်ပဲ သူသာဆိုရင် ကျွန်တော်တကယ်ပဲ သူနဲ့တွေ့ပြီး စကားတစ်ခွန်းနှစ်ခွန်းလောက်တော့ ပြောချင်မိတယ်, တကယ်တော့လည်းသူက ကျွန်တော့်အဖေအရင်းပဲလေ, သူဘယ်လိုလူမျိုးလဲ ဆိုတာ တကယ့်ကို သိချင်မိတာ, နှစ်တွေကြာလာတာနဲ့အမျှ သူကျွန်တော့်ကို လွမ်းဆွတ်ခဲ့ဖူးလား ဒါမှမဟုတ် ပြုစုပျိုးထောင်ဖို့ တခြားတစ်ယောက်ဆီ ထားခဲ့တာ နောင်တရဖူးလား?"

လင်ရွှမ်းဇီက သူ့လက်ကိုမြှောက်လိုက်ပြီး ယန်ထျန်းဟန်ရဲ့ ခေါင်းထိပ်လေးကို ပွတ်ပေးလိုက်သည်။

"အကယ်၍ သူနောင်တရတယ်ဆိုရင်တောင် အဓိပ္ပါယ် မရှိတော့ဘူး, တကယ်တော့ အဲဒီတုန်းက အခြေအနေက သူ့ကို ပြီးပြည့်စုံတဲ့ အဖြေတစ်ခု မပေးနိုင်ခဲ့ဘူးလေ, ဒါပေမဲ့လည်း နတ်ဆိုးအသျှင်ယိုမင်းက မင်းကို ငါတို့အဖေဆီ လက်လွှဲပေးမယ့် ဦးလေးမိုဆီ ပေးခဲ့တာတော့ တကယ်ဝမ်းသာမိတာ"

ယန်ထျန်းဟန်ရဲ့ စိတ်ဓာတ်ကျနေတဲ့ အမူအယာလေးက နောက်ဆုံးတော့ ပြောင်းလဲသွားပြီး ပြုံးရယ်လာတော့သည်။

"အမှန်ပဲ, အဲ့ဒီလိုသာ မဟုတ်ဘူးဆိုရင် ကျွန်တော်လည်း အဖေနဲ့ အကိုကြီးကို သိခဲ့မှာ မဟုတ်ဘူး"

ထိုစကားကို ပြောပြီးနောက် ယန်ထျန်းဟန်က သူ့နှုတ်ခမ်းလေးကို ကွေးလိုက်လေသည်။

"ဒါပေမဲ့ အရင်တုန်းက ကျွန်တော့်ကိုတွေ့ရင် အကိုကြီးက လစ်လျူရှုခဲ့တာ, အချိန်အများစုမှာလည်း အိမ်မှာရှိမနေခဲ့ဘူး, အကယ်၍ အကိုကြီးသာ လင်မိသားစုအိမ်ကို အပြင်းအထန်ဒဏ်ရာရပြီး ရောက်မလာခဲ့ရင် ရွေးချယ်စရာမရှိပဲ ကျွန်တော်နဲ့ နေ့ရောညပါ အတူတူ မနေခဲ့ရဘူးဆိုရင် အခုချိန်ထိ ကျွန်တော့ကို အာရုံသိပ်မစိုက်မှာပဲ စိုးမိတယ်"

လင်ရွှမ်းဇီရဲ့ နှလုံးသား နူးညံ့သွားရသည်။

"ဒါကြောင့် ကံဆိုးမှုဟာ ကံကောင်းခြင်းပေါ်မှာ မူတည်ပြီး ကံကောင်းခြင်းကတော့ ကံဆိုးခြင်းပေါ်မှာ မူတည်တယ်လို့ ပြောကြတာပေါ့။ ငါသာ အသုံးမကျတဲ့လူတစ်ယောက်အဖြစ်မပြောင်းလဲဘဲ ပြန်လည်သက်သာရာရဖို့အတွက် အိမ်မပြန်ရဘူးဆိုရင် အားဟန်က ငါ့အတွက် အားကိုးတကြီးနဲ့ မှီခိုလို့ရပြီး နှလုံးသားကို ထိမိစေမယ့်လူတစ်ယောက်ဆိုတာ သိခဲ့မှာမဟုတ်ဘူး"

ယန်ထျန်းဟန်က ရှက်ရွံ့နေဟန်ပေါ်ပြီး သူ့မျက်နှာပေါ်မှာ အပြုံးလေးတစ်ခု ရှိနေသော်လည်း သူ့ရဲ့ သွားဖြူဖြူလေးများအား ပြသကာ သူ့မျက်နှာအား အနည်းငယ်စောင်း၍ ဂုဏ်ယူဝံ့ကြွားစွာ ပြောလာသည်။

"သေချာတာပေါ့, ကျွန်တော်က အကိုကြီးထက် ငယ်ပေမယ့် အရမ်းမှီခိုအားကိုးလို့ရတာ!"

လင်ရွှမ်းဇီသည် ယန်ထျန်းဟန်၏ လွတ်လပ်ပေါ့ပါးသည့် အသွင်အပြင်လေးအား ကြည့်ကာ အတိတ်ကို မတွေးပဲ မနေနိုင်တော့ပေ။

အစပိုင်းမှာတုန်းက လင်ကျန်က ယန်ထျန်းဟန်အား အိမ်ကိုခေါ်လာပြီး သူ့ကို နီးနီးကပ်ကပ် စောင့်ရှောက်ပေးတဲ့အပြင် သွားလေရာကို ခေါ်သွားပေးခဲ့သည်။ ထိုအချိန်တုန်းက သူ့ရင်ထဲမှာ ယန်ထျန်းဟန်ကို အနည်းငယ် မနာလိုဖြစ်ခဲ့မိတာကြောင့် ယန်ထျန်းဟန်ကို ပြဿနာမရှာခဲ့ပေမယ့်လည်း နီးနီးကပ်ကပ်လည်း မနေခဲ့ခြင်းပင်။

ဒါ့အပြင် ယန်ထျန်းဟန်ရဲ့ မူလသည်လည်း မသိနိုင်ဖြစ်ခဲ့သည်။ သူပထမဆုံး ရောက်တုန်းကဆိုရင် သူ့နတ်ဆိုးချီကို ဖိနှိပ်ထားတဲ့ ယန်ထျန်းဟန်ရဲ့ ခန္တာကိုယ်ထဲက ဆေးလုံးနဲ့ စည်းတံဆိပ်က အပြည့်အဝ မဖွံ့ဖြိုးသေး။ ရလဒ်ကတော့ လင်ရွှမ်းဇီက ယန်ထျန်းဟန်နဲ့ နီးကပ်သွားတိုင်း အနည်းငယ် မသက်မသာ ခံစားရကာ ယခင်က သူနှင့် ရင်းနှီးရန် ပို၍ပင် ဝန်လေးသွားခဲ့သည်။

ဒါပေမဲ့ အချိန်တွေက မတူတော့သလို အရာအားလုံးလည်း ပြောင်းလဲသွားခဲ့ပြီ။

အဲ့ဒီအချိန်တုန်းက လင်ရွှမ်းဇီအနေနဲ့ ဒီရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ကလေးလေးက သူ့နှလုံးသားရဲ့ ရတနာလေး ဖြစ်လာမယ်ဆိုတာကို စဉ်းစားမိမှာတောင်မဟုတ်ဘူး။

3.4.2022

==================
Translator' Note

ဒါဒါတို့ရေ အရမ်းနောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်နော်။ အမ အလုပ်သစ်စဝင်နေရလို့ အသားကျအောင် လုပ်နေရတာနဲ့ အရမ်းပင်ပန်းနေမိလို့ပါ။ Reborn as a good child လေးကိုလည်း paid group လေး လုပ်ပေးထားတော့ အဲ့ဒီဘက်လည်း ကတိမဖြတ်နိုင် ဒီဘက်လည်း မလှည့်နိုင်ဖြစ်နေတာ။ တကယ် စိတ်မကောင်းပါဘူး။ အတတ်နိုင်ဆုံးတော့ up တာမြန်အောင် လုပ်ပေးပါ့မယ်။

Love you all~
============


Next Episode

အမြောက်အများဝယ်ယူ

============
Zawgyi

အခန္း(၃၅၁) - စိတ္ထဲက သံသယမ်ား

တိုက္ပြဲကို ေစာင့္ၾကည့္ေနသည့္ ဖုန္က်င္းယြီကေတာ့ အေလးအနက္ မယူေပ

"မင္းသူ႔ကို ရွံုးတယ္ဆုိတာ ပံုမွန္ပဲ မဟုတ္ဘူးလား? အနည္းဆံုးေတာ့ လင္းခ်ီကုက တိုက္ပြဲအေတြ႔အၾကံဳရွိတဲ့ စစ္သူၾကီးတစ္ေယာက္ျဖစ္ျပီး သူ႔က်င့္ၾကံဆင့္ကလည္း မင္းထက္ အမ်ားၾကီးျမင့္မားတယ္, အကယ္၍ သူသာ မင္းဆီက တစ္ခ်က္တည္းနဲ႔ အနုိင္ယူခံလိုက္ရရင္ ဟိုးတုန္းကတည္းက နယ္ေျမၾကီးကိုးခုမွာ လံုးဝပ်က္စီးျပီးေနေလာက္ျပီ"

ယန္ထ်န္းဟန္က ေခါင္းတစ္ဆတ္ဆတ္ညိတ္ျပီး သူ႔လက္သီးေလးကို လွဳပ္ရမ္းလိုက္သည္။

"အမွန္ပဲ, ဒါေပမဲ့ ငါအခု အားကုနဲ႔ သေရက်လုနီးနီး ျဖစ္ေနျပီ"

ဖုန္က်င္းယြီက နွာမွုတ္သည္။

"အကယ္၍ လင္းခ်ီကုသာ မင္းကို တမင္သက္သက္ ေလ်ွာ့မေပးဘူးဆိုရင္ မင္းသူ႔လက္ေအာက္မွာ သံုးကြက္ေတာင္ ခံနုိင္မွာမဟုတ္ဘူး"

ယန္ထ်န္းဟန္က အံ့အားသင့္သြားရသည္။

"တကယ္ၾကီးလား?"

လင္းခ်ီကုကို သူရွင္းရွင္းလင္းလင္း အမိန္႔ေပးထားပါတယ္ သူ႔ကိုမထိခိုက္ေစပဲ ပညာကုန္ ထုတ္သံုးဖို႔အတြက္

"အမွန္ပဲ" လင္ရႊမ္းဇီရဲ႔ ဓားက ယန္ထ်န္းဟန္ရဲ႔ ေဘးနားေလးသို႔ ေရာက္လာသည္။

"အကိုၾကီး, ဘာလို႔ဒီေရာက္လာတာလဲ!" ယန္ထ်န္းဟန္က ေပ်ာ္ရႊင္မွဳျဖင့္ အ့ံအားသင့္သြားရသည္။

လင္ရႊမ္းဇီက ျပံဳးျပံဳးေလးျဖင့္သာ

"ငါ အားဟန္ကို မေတြ႔ရတာ ၾကာသြားျပီမို႔လို႔, သူ႔ကို အရမ္းအရမ္း လြမ္းေနတာ ပံုမွန္ပဲေလ"

ဖုန္က်င္းယြီသည္ လင္ရႊမ္းဇီတစ္ေယာက္ ေရာက္လာတာနဲ႔ တစ္ျပိဳင္နက္တည္း ရပ္မရနုိ္င္ေအာင္ ခ်ိဳျမိန္ေသာစကားမ်ား ေျပာေနသည္ကို နားေထာင္ေနရသည္။ သူ႔အေနနဲ႔ မ်က္လံုးမလွန္ပဲ မေနနိုင္ေတာ့ပဲ လင္းခ်ီကုရဲ႔ ေခါင္းေပၚ ပ်ံသန္းတက္သြား၏။ သူက အေလာင္းရဲ႔ ဆံပင္အား သူ႔အေတာင္ပံေလးနဲ႔ တစ္ျဖတ္ျဖတ္ ပုတ္ေလသည္။

လင္းခ်ီကုကေတာ့ ၎အား က်င့္သားရေနပံုေပၚျပီး ဖုန္က်င္းယြီတစ္ေယာက္ သူ႔ေခါင္းေပၚမွာ အျငိမ္မေနပဲ ေလ်ွာက္လုပ္ေနသည္ကို ခြင့္ျပဳေပးထားသည္။

ယန္ထ်န္းဟန္ကေတာ့ ျပံဳးျဖီးေနေလျပီ။

"အကိုၾကီး မၾကာေသးခင္က ဘယ္လို ေအာင္ျမင္မွဳ ရထားေသးလဲ?"

လင္ရႊမ္းဇီက ခဏေလာက္ စဥ္းစားလိုက္သည္။

"ငါအခု ဓားသိုင္းကြက္ေတြကို ပိုျပီးနားလည္လာျပီ ျပီးေတာ့ ငါ့က်င့္ၾကံဆင့္ကတစ္ျဖည္းျဖည္း ေလ်ာ့ပါးလာျပီး ခ်ိဳးျဖတ္ဖို႔ သိပ္မၾကာေတာ့ဘူးလို႔ ခံစားရတယ္ ဒါေပမဲ့ ငါအဲ့ဒါကို အခ်ိန္တစ္ခ်ိဳ႔ေလာက္ထိ ဖိနွိပ္ထားခ်င္ေသးတယ္ ျမန္ျမန္ၾကီး အဆင့္မတက္ခ်င္ေသးဘူး"

ဖုန္က်င္းယြီသည္ အသက္ရွည္ျခင္းနဲ႔ အဆင့္အတန္းေတြေၾကာင့္ က်င့္ၾကံဆင့္ကို အလြန္အမင္း ျမင့္မားခ်င္ေနၾကေသာ လူမ်ားစြာကို ျမင္ဘူးတာေၾကာင့္ လင္ရႊမ္းဇီအေပၚ အသိအမွတ္ျပဳမွုတစ္ခ်ိဳ႔ ခံစားလုိက္ရသည္။  ဒါေၾကာင့္လည္း ထိုလူမ်ားက တတ္ႏိုင္သမွ် ျမန္ျမန္ေက်ာ္ျဖတ္လိုေသာ ဆႏၵသည္ ဆန႔္က်င္ဘက္အက်ိဳးသက္ေရာက္မႈ ရွိႏိုင္သည္ဟူေသာ အခ်က္ကို လ်စ္လ်ဴရႈထားၾကတာပင္။ သူတို႔ရဲ႕က်င့္ၾကံမႈကို တိုးျမႇင့္ဖို႔ အခြင့္အလမ္းရခဲ့ရင္ေတာင္ သူတို႔ရဲ႕ ခြန္အားနဲ႔ အေျခခံအုတ္ျမစ္ဟာ တည္ၿငိမ္မွာ မဟုတ္။ ၎သည္ အနာဂတ္မွာ ေအာင္ျမင္မွုမ်ားအား က်ဥ္းေျမာင္းသထက္ က်ဥ္းေျမာင္းနိုင္တဲ့ လမ္းေၾကာင္းကို ပို႔ေဆာင္ေပးမွာ မလြဲမေသြသာ။

သို႔ေသာ္လည္း လင္ရႊမ္းဇီကေတာ့ ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္မွုနဲ႔ တည္ျငိမ္ေအးေဆးမွု ရွိေနသည္။ သူသည္ အနာဂတ္မွာ ပိုမိုၾကီးက်ယ္သည့္ က်င့္ၾကံဆင့္ ရွိလာလိမ့္မည္။

ယန္ထ်န္းဟန္က ေခါင္းညိတ္သည္။

"အကိုၾကီး, ခုနေျပာတာ ဘာကိုဆိုလိုတာလဲ?"

လင္ရႊမ္းဇီက ယန္ထ်န္းဟန္အား တစ္ခ်က္ၾကည့္လုိက္ျပီးေနာက္ လင္းခ်ီကုကို ၾကည့္သည္။

"မင္းတို႔ႏွစ္ေယာက္က စာခ်ဳပ္ခ်ဳပ္ထားတဲ့ ဆက္ဆံေရး ရွိတာမို႔လို႔ အခ်င္းခ်င္း မသိစိတ္ကေန အျပည့္အဝ ရန္မျဖစ္နုိင္ဘူး...ဒါေၾကာင့္လည္း ဘယ္သူက အေကာင္းဆံုး လွဳပ္ရွားမွု ရွိလဲဆုိတာကို ေျပာ ဆိုရင္ေတာ့ ေျပာမရနုိင္ဘူးေလ, ဒါေပမဲ့ အားဟန္, မင္းရဲ႔ အေတြ႔အၾကံဳနဲ႔ လက္ရွိက်င့္ၾကံဆင့္ နယ္ပယ္က အားဟန္ေလာက္ မခုိင္မာဘူး, အေတြ႔အၾကံဳပိုင္းမွာဆိုရင္ေတာ့ အားကုရဲ႔ အေတြ႔အၾကံဳေတြက ငါနဲ႔ေမာက္ေမာက္ေတာင္ မယွဥ္နုိင္ဘူးလို႔ ေျပာလို႔ရတယ္"

ယန္ထ်န္းဟန္ကအလြန္သေဘာက်သြားသည္။

လြန္ခဲ့သည့္ရက္အနည္းငယ္က နက္ရွိုင္းျမိဳ႔မွာ ရွစ္ယုန္႔ထိုင္ လႊတ္လိုက္ေသာ လူသတ္သမားမ်ားကို တိုက္ခိုက္ရာတြင္ လင္းခ်ီကု၏ လုပ္ရပ္မ်ားသည္ အျပတ္သားဆုံးႏွင့္ အသြက္လက္ဆံုးပင္။ သူက ထိုလူသတ္သမားမ်ားထက္ပင္ ေလ့က်င့္ထားေသာ လူသတ္သမားႏွင့္ ပိုတူေနခဲ့သည္။

သူ႔ရဲ႕ မသိစိတ္မွာ က်န္ေနတဲ့ သတ္ဖ်တ္တတ္ေသာ ဗီဇေၾကာင့္သာ မဟုတ္ရင္ အေလာင္း႐ုပ္ေသးတစ္႐ုပ္က ဒီအဆင့္ထိ မေရာက္ႏိုင္

ဖုန္က်င္းယြီက ေခါင္းတစ္ဆတ္ဆတ္ညိတ္၍ လင္းခ်ီကုရဲ႔ ဆံပင္ကို ဆိတ္ေလသည္။

"လင္းခ်ီကုရဲ႔ ကတၱီပါနီျခံဴးလွံေအာက္မွာ ေထာင္နဲ႔ခ်ီတဲ့ နတ္ဆိုးအတတ္ က်င့္ၾကံသူေတြနဲ႔ နတ္ဆိုးေတြ ေသဆံုးခဲ့ရတယ္, တကယ့္ကိုပဲ သူ႔ကို ဘယ္သူမွ မယွဥ္ျပိဳင္နိုင္ဘူး, ဒါေပမဲ့ တကယ္ေတာ့လည္း သူအဲ့ဒီလို အမ်ားၾကီး သတ္ျဖတ္ခဲ့လို႔ သူသတ္ခဲ့တာေတြက နတ္ဆိုးေတြ ျဖစ္ေနတာေတာင္ ကံကံ၏ အက်ိဳးက သူ႔ကိုလႊတ္မေပးခဲ့တာေပါ့, သူ႔ရဲ႔ လက္ရွိကံၾကမၼာက သက္ေသျပသြားခဲ့ျပီေလ"

ယန္ထ်န္းဟန္သည္ အနည္းငယ္ ဝမ္းမနည္းပဲ မေနနိုင္ေတာ့ေပ။

"အနည္းဆံုးေတာ့ အားကုက ထိုက္တန္စြာ ေသဆံုးခဲ့ရတာပါ"

ဖုန္က်င္းယြီက ေလွာင္ေျပာင္ဟန္ျဖင့္ နွာမွုတ္သည္။

"တကယ္ေတာ့ သူက ဘာမွမဟုတ္ပဲ ေသခဲ့ရတာ, မ်ိဳးဆက္တစ္ဆက္ျပီး တစ္ဆက္မွာ လင္းမိသားစု အားလံုးက တိုက္ပြဲအတြင္းမွာ ေသဆံုးခဲ့ရေပမယ့္ လင္းခ်ီကုရဲ႔ မ်ိဳးဆက္မွာက်ေတာ့ မင္းသားရဲ႔ ရာထူးအတြက္ေၾကာင့္နဲ႔ လင္းမိသားစုကို ျပိဳလဲက်သြားေစခဲ့ရတာ, အဲ့ဒါက ကမာၻတစ္ခုလံုးရဲ႔ အၾကီးမားဆံုး ဟာသပဲ ျဖစ္သြားခဲ့တယ္, ဘာလို႔ လင္းခ်ီကုက မေသခင္မွာ အနိမ့္ပိုင္းဘံုကို ေျပးလာခဲ့ရတာလဲ သိလား? အဲ့ဒါဘာျဖစ္လို႔လဲဆိုေတာ့ သူက လင္းမိသားစု ဘိုးေဘးေတြကို ရင္ဆုိင္ရမွာ အရမ္းရွက္ရြံ႔ျပီး သူတို႔ရဲ႔ အုတ္ဂူထဲမွာ မေသရဲလုိ႔ပဲ"

လင္းခ်ီကုရဲ႔ အတိတ္အေၾကာင္း ရွင္းျပတဲ့အခ်ိန္မွာ ဖုန္က်င္းယြီက ေဒါသနွင့္ အမုန္းတရားမ်ား ျပည့္နွက္ေနသည္။

လင္ရႊမ္းဇီက ဘာမွမသိသည့္ လင္းခ်ီကုအား တစ္ခ်က္ၾကည့္လုိက္ျပီး ေပါ့ေပါ့ပါးပါး တုန္႔ျပန္သည္။

"အဲ့ဒီလို ကံၾကမၼာမ်ိုးက သူ႔ကိုယ္ပိုင္ ေရြးခ်ယ္မွုပဲ, လူတစ္ေယာက္က သူကိုယ္တိုင္ေတြ႕ႀကဳံခဲ့ရတဲ့ အျဖစ္အပ်က္ေတြရဲ႕ ေပ်ာ္႐ႊင္မႈေတြနဲ႔ ဒုကၡေတြကို အေကာင္းဆုံးသိၾကတာပဲ"

ဖုန္က်င္းယြီကေတာ့ လက္မခံ

"အဲ့ဒါ ဒီအရူးက သူ႔လုပ္ရပ္ရဲ႔ အက်ိဳးဆက္ကို နားမလည္လို႔ေလ, အကယ္၍ သူသာ သိခဲ့ရင္ အဲ့ဒီငမုိက္သားေကာင္အတြက္ သူ႔ကိုယ္သူ ဒီလိုလုပ္ခဲ့မွာ မဟုတ္ဘူး"

လင္ရႊမ္းဇီက ေခါင္းခါသည္။

"ဒါကေတာ့ ေျပာရခက္တယ္, လင္းခ်ီကုက ခ်စ္ျခင္းတရား နက္ရွိုင္းျပီး သစၥာေစာင့္သိတဲ့သူမ်ိဳး, သူေသသြားေပမယ့္လည္း တစ္ခ်ိဳ႕အရာေတြကို ေနာင္တမရခဲ့ေလာက္ဘူး"

ဖုန္က်င္းယြီ, "..."

Crap, လင္ရႊမ္းဇီက ဒီေန႔ သူ႔နွလံုးသားကို ဓားနဲ႔လာထိုးတာပဲ!

ဖုန္က်င္းယြီက လင္းခ်ီကုရဲ႔ နွဖူးအား ရိုက္ထည့္လုိက္ျပီး ေဒါသတၾကီး ေျပာေလသည္။

"မင္းလည္း အရူးပဲ! ငါမင္းနဲ႔ စကားမေျပာခ်င္ေတာ့ဘူး"

ဖုန္က်င္းယြီက အေဝးတစ္ေနရာသို႔ ပ်ံထြက္သြားေတာ့သည္။

လင္းခ်ီကုက ရုတ္တရက္ ဖုန္က်င္းယြီ ထြက္သြားရာဘက္သို႔ ေခါင္းလွည့္ၾကည့္လုိက္၏။ ခဏအၾကာမွာ သစ္ေတာအနက္ပိုင္းသို႔ စတင္ေျပးဝင္သြားေတာ့သည္။

ယန္ထ်န္းဟန္က သူ႔ေမးေလးအား ေတြးဆဆျဖင့္ ထိလိုက္သည္။

"အားကုလည္း ေမာက္ေမာက္အေပၚ ခံစားခ်က္ မရွိတာ မဟုတ္ဘူးလို႔ထင္တယ္ ဟုတ္တယ္မွတ္လား?"

လင္ရႊမ္းဇီက ျပန္ေျဖသည္။

"အဲ့ဒါက အေျခအေနက ေပးတဲ့ တုံ႔ျပန္မွဳလည္း ျဖစ္နုိင္တာပဲ"

ယန္ထ်န္းဟန္, "..."

အကိုၾကီးက ဖုန္က်င္းယြီအေပၚမွာသိပ္ျပီး ေဖာ္ေရြမွု မရွိဘူးလို႔ ဘာလုိ႔ ရုတ္တရက္ ခံစားလုိက္ရတာပါလိမ့္?

ယန္ထ်န္းဟန္က ေမးသည္။

"အကိုၾကီး, အခုတစ္ေလာ ေမာက္ေမာက္က အကိုၾကီးအေပၚ ဆန္႔က်င္ထားေသးလို႔လား?"

"ဆန္႔က်င္တာမ်ိဳးမရွိပါဘူး" လင္ရႊမ္းဇီက ျပီးစလြယ္ျဖင့္သာ

"ငါက သူ႔ကိုသိေစခ်င္ယံုပဲ တာဝန္ေတြကို ေခါင္းေရွာင္ျပီး ေလ်ွာက္ထြက္ေျပးတာမ်ိဳး မလုပ္သင့္ဘူးဆိုတာကိုေပါ့"

ယန္ထ်န္းဟန္, "..."

အဲ့ဒီေတာ့ ဆန္႔က်င္တာေတာ့ ဆန္႔က်င္ထားတယ္ေပါ့ေလ

လင္ရႊမ္းဇီ ေရာက္လာတာကို အခြင့္ေကာင္းယူ၍ ယန္ထ်န္းဟန္က ေနာက္တစ္ေနမွာပင္ မဟာအၾကီးအကဲ ဟြိုင္ယြီနဲ႔ 《ယင္မီးေတာက္လက္ဝါး》အေၾကာင္းအား လင္ရႊမ္းဇီကို အိတ္သြန္ဖာေမွာက္ ေျပာျပေတာ့သည္။ သူက ယန္က်ံဳးဟြားနဲ႔ ယိုမင္းတို႔အေၾကာင္းပါ ထုတ္ေျပာတာပင္။

လင္ရႊမ္းဇီက ဂရုတစုိက္ နားေထာင္ေနရင္း ရံဖန္ရံခါ မ်က္ေမွာင္ဖြဖြ ၾကဳတ္ေနသည္။

ထိုအေၾကာင္းမ်ားကို ၾကားျပီးေနာက္မွာ လင္ရႊမ္းဇီက 《ယင္မီးေတာက္လက္ဝါး》ကေန 《ေျမာက္ေအာက္ကမာၻရဲ႔ ငရဲၾကီးဆယ့္ရွစ္ထပ္》အျဖစ္ ရုတ္တရက္ ေျပာင္းလဲသြားျခင္းအေပၚ အာရံုသိပ္မစိုက္ပဲ ယန္ထ်န္းဟန္ကို ထိုက်င့္ၾကံေရးနည္းလမ္း ေပးခဲ့သည့္ တေစၥမ်က္နွာဖံုးနဲ႔လူအား အေတာ္ေလး စိတ္ဝင္စားမိသည္။

ယန္ထ်န္းဟန္က စကားဆက္သည္။

"တကယ္ေတာ့ က်ြန္ေတာ္လည္း ေမာက္ေမာက္ေျပာတဲ့ စကားအေပၚ သံသယတစ္ခ်ိဳ႔ရွိတယ္"

လင္ရႊမ္းဇီက ေမးလာ၏။

"ဘာကို သံသယဝင္ေနလို႔လဲ?"

ယန္ထ်န္းဟန္က မ်က္ေမွာင္ၾကဳတ္ေလသည္။

"က်ြန္ေတာ္ထင္တာ အဲ့ဒီ 《ေျမာက္ေအာက္ကမာၻရဲ႔ ငရဲၾကီးဆယ့္ရွစ္ထပ္》က နတ္ဆိုးအသွ်င္ယိုမင္းအတြက္ပဲ သီးသန္႔ရွိေနတဲ့ က်င့္ၾကံျခင္းမ်ိဳး မျဖစ္သင့္ဘူးလားလို႔, တစ္ျခားနတ္ဆိုးအသ်ွင္ေတြလည္း ဒီက်င့္ၾကံေရး နည္းလမ္းမ်ိဳးကို အသံုးျပဳနိုင္တာပဲ"

လင္ရႊမ္းဇီက အနည္းငယ္ တံု႔ဆိုင္းသြားကာ

"အဲ့ဒီ 《ေျမာက္ေအာက္ကမာၻရဲ႔ ငရဲၾကီးဆယ့္ရွစ္ထပ္》က နတ္ဆိုးအသွ်င္ယုိမင္းအတြက္ တကယ့္ကို ထူးျခားတယ္"

ယန္ထ်န္းဟန္က ထိတ္လန္႔တၾကားျဖင့္ လင္ရႊမ္းဇီအား နားမလည္နုိင္စြာ စိုက္ၾကည့္လာသည္။

"အကိုၾကီးက ဘယ္လိုသိလဲ?"

လင္ရႊမ္းဇီက ေပါ့ေပါ့ပါးပါးသာ ျပန္ေျဖသည္။

"အရင္တုန္းက ဦးေလးမိုဆီက ၾကားခဲ့တာ"

ယန္ထ်န္းဟန္က ေခါင္းညိတ္ေလသည္။

"အဲ့ဒီေတာ့ အဲ့ဒီလိုေပါ့ေလ, ၾကည့္ရတာ ေမာက္ေမာက္က က်ြန္ေတာ့္ကို မလွည့္စားဘူးပဲ"

ယန္ထ်န္းဟန္က အထိတ္တလန္႔ျဖင့္ ေမးလာေတာ့သည္။

"အကိုၾကီး, အဲ့ဒီလိုဆိုရင္, ဒါဆို က်ြန္ေတာ့္ကို 《ေျမာက္ေအာက္ကမာၻရဲ႔ ငရဲၾကီးဆယ့္ရွစ္ထပ္》ကို လႊဲေပးခဲ့တဲ့ အဲ့ဒီ တေစၥမ်က္နွာဖံုးနဲ႔လူက တကယ္ပဲ......"

ထိုစကားအေရာက္မွာ သူရပ္သြားသည္။

လင္ရႊမ္းဇီက ခဏမ်ွ နွဳတ္ဆိတ္သြားျပီးမွ

"အဲ့ဒါက ေျပာဖို႔ေတာ့ခက္တယ္"

"ဒါေပမဲ့ အကိုၾကီးေျပာေတာ့ 《ေျမာက္ေအာက္ကမာၻရဲ႔ ငရဲၾကီးဆယ့္ရွစ္ထပ္》က နတ္ဆိုးအသ်ွင္ယိုမင္းအတြက္ ထူးျခားတယ္ဆို?"

လင္ရႊမ္းဇီက သူ႔ကိုတစ္ခ်က္ ၾကည့္သည္။

"ဒါေပမဲ့ 《ေရွးေဟာင္းေစတန္နတ္ဆိုးအက》နဲ႔《အင္ပါယာအေလာင္းနည္းပညာ》ကေတာ့ နတ္ဆိုးအသွ်င္ယိုမင္းဟာ မဟုတ္ဘူး"

အကယ္၍ လင္ရႊမ္းဇီ မွတ္မိတာသာ မွန္မယ္ဆိုရင္《ေရွးေဟာင္းေစတန္နတ္ဆိုးအက》နဲ႔《အင္ပါယာအေလာင္းနည္းပညာ》က နယ္ေျမၾကီးကိုးခုမွ တစ္ျခားနတ္ဆိုးအသ်ွင္နွစ္ပါးပိုင္တဲ့ လွ်ိဳ႔ဝွက္လက္ဆြဲစာအုပ္ ျဖစ္လိမ့္မည္။ သို႔ေသာ္လည္း လင္ရႊမ္းဇီရဲ႔ မွတ္ဉာဏ္မ်ားက သူ႔အရင္ဘဝနဲ႔ လက္ရွိဘဝၾကားမွာ ကြာျခားမွု ရွိေနခဲ့တာပင္.။ အရင္တုန္းကေတာ့ မမွတ္မိခဲ့ေပမယ့္ အခုခ်ိန္မွသာ ထိုသိုင္းက်မ္းနာမည္မ်ားက အနည္းငယ္ ရင္းနွီးေနတယ္လို႔ ခံစားရတာျဖစ္သည္။

ဒါ့အျပင္《အင္ပါယာအေလာင္းနည္းပညာ》က အနည္းငယ္ ဆိုးဝါးသည့္ လွည့္ကြက္မ်ိဳးျဖစ္သည္။ နတ္ဆိုးအတတ္က်င့္ၾကံတဲ့ လမ္းေၾကာင္း ဆယ္ခုေလာက္ကို ၾကည့္လုိက္ရင္ ထိုအင္ပါယာအေလာင္းနည္းပညာက ခုနွစ္ခု ရွစ္ခုေလာက္ထိ ပါဝင္ေနတာကို ေတြ႔ရမွာျဖစ္သည္။ ဒါေပမဲ့လည္း က်င့္ၾကံျခင္းနည္းစနစ္၊ က်င့္ၾကံျခင္းနည္းလမ္းနဲ႔က်ြမ္းက်င္မွုအေပၚ စြမ္းေဆာင္ရည္မ်ားကေတာ့ မ်ားစြာကြာျခားမွုရွိတာပင္။

အကယ္၍ လင္ရႊမ္းဇီသာ ထိုနတ္ဆိုးအသွ်င္က အင္ပါယာအေလာင္းနည္းပညာကိုသံုးျပီး အေလာင္းထိန္းခ်ဳပ္တာကို မျမင္ဖူးဘူးဆိုရင္ ယန္ထ်န္းဟန္ သင္ယူခဲ့တဲ့ အင္ပါယာအေလာင္းနည္းပညာက ထိုနတ္ဆိုးအသွ်င္သံုးတာနဲ႔ အတူတူပဲျဖစ္တယ္ဆုိတာကို သိမွာေတာင္ မဟုတ္ေခ်။

အကယ္၍ အဲ့ဒီသိုင္းက်မ္းမ်ားက တစ္ခုတည္းဆိုရင္ေတာ့ အဆင္ေျပေသးသည္။ သို႔ေသာ္လည္း တိုက္တိုက္ဆိုင္ဆိုင္ ထိပ္တန္းနတ္ဆိုးအတတ္ က်င့္ၾကံျခင္း နည္းလမ္းသံုးမ်ိဳးလံုး ယန္ထ်န္းဟန္ဆီ ေရာက္လာသည္ေလ။ အဲ့ဒါက လင္ရႊမ္းဇီအား ထို 'ေကာင္းမြန္သည့္ေစတနာရွင္'က ဘယ္သူလဲဆိုတာ ဆံုးျဖတ္ခ်င္စိတ္ျဖစ္သြားေစသည္။

ယန္ထ်န္းဟန္ကေတာ့ အမ်ားၾကီးမေတြးေန။ လင္ရႊမ္းဇီက သူသိျပီးသားျဖစ္ေနသည့္ နတ္ဆိုးအသွ်င္သံုးပါးရဲ႔ လွ်ိဳ႕ဝွက္လက္ဆြဲစာအုပ္ သံုးအုပ္ကို အေျခခံကာ ထိုခန္႔မွန္းခ်က္ လုပ္လာသည္ကိုလည္း သူမသိ။

ယန္ထ်န္းဟန္က ခဏေလာက္ စဥ္းစားျပီးမွ ေခါင္းညိတ္သည္။

"အမွန္ပဲ, ၾကည့္ရတာ အဲ့ဒီ တေစၥမ်က္နွာဖံုးနဲ႔လူက အဲ့ဒါေတြကို လမ္းတစ္ေနရာရာကေန ေကာက္လာတာျဖစ္လိမ့္မယ္, က်ြန္ေတာ္က ေစတန္နတ္ဆိုး ဆုိတာလည္း ျမင္ေရာ က်ြန္ေတာ္တို႔ ေတြ႔ဆံုခြင့္ရခဲ့တာ ကံၾကမၼာပဲလုိ႔ ခံစားရလို႔ အဲ့ဒီလွ်ိဳ႔ဝွက္လက္ဆြဲေတြကို ေပးသြားတာပဲ ျဖစ္မယ္"

လင္ရႊမ္းဇီက ခပ္ေဖ်ာ့ေဖ်ာ့သာ မွတ္ခ်က္ခ်သည္။

"ဒါေပါ့ေလ အဲ့ဒါက နတ္ဆိုးအသွ်င္ယုိမင္းဆီက ေရာက္လာတာလည္း ျဖစ္နိုင္တာပါပဲ"

ယန္ထ်န္းဟန္က သူ႔နွုတ္ခမ္းေလးကို ေကာက္ေကြးလုိက္ကာ

"အကယ္၍ တကယ္ပဲ သူသာဆိုရင္ ဘာလို႔ အဲ့ဒါကို တိတ္တိတ္ေလး ခိုးလုပ္ေနရတာလဲ?"

လင္ရႊမ္းဇီက ခဏေလာက္ စဥ္းစားလုိက္သည္။

"ၾကည့္ရတာ အေၾကာင္းျပခ်က္တစ္ခ်ိဳ႔ေၾကာင့္ သူ႔အေၾကာင္းကို ဖံုးကြယ္ထားဖို႔ လိုတာလည္း ျဖစ္နိုင္တာပဲေလ"

ယန္ထ်န္းဟန္က သက္ျပင္းခ်ေလသည္။

"အကယ္၍ တကယ္ပဲ သူသာဆိုရင္ က်ြန္ေတာ္တကယ္ပဲ သူနဲ႔ေတြ႔ျပီး စကားတစ္ခြန္းနွစ္ခြန္းေလာက္ေတာ့ ေျပာခ်င္မိတယ္, တကယ္ေတာ့လည္းသူက က်ြန္ေတာ့္အေဖအရင္းပဲေလ, သူဘယ္လိုလူမ်ိဳးလဲ ဆိုတာ တကယ့္ကို သိခ်င္မိတာ, ႏွစ္ေတြၾကာလာတာနဲ႔အမွ် သူကြၽန္ေတာ့္ကို လြမ္းဆြတ္ခဲ့ဖူးလား ဒါမွမဟုတ္ ျပဳစုပ်ိဳးေထာင္ဖို႔ တျခားတစ္ေယာက္ဆီ ထားခဲ့တာ ေနာင္တရဖူးလား?"

လင္ရႊမ္းဇီက သူ႔လက္ကိုေျမွာက္လုိက္ျပီး ယန္ထ်န္းဟန္ရဲ႔ ေခါင္းထိပ္ေလးကို ပြတ္ေပးလိုက္သည္။

"အကယ္၍ သူေနာင္တရတယ္ဆိုရင္ေတာင္ အဓိပၸါယ္ မရွိေတာ့ဘူး, တကယ္ေတာ့ အဲဒီတုန္းက အေျခအေနက သူ႔ကို ၿပီးျပည့္စုံတဲ့ အေျဖတစ္ခု မေပးႏိုင္ခဲ့ဘူးေလ, ဒါေပမဲ့လည္း နတ္ဆိုးအသွ်င္ယိုမင္းက မင္းကို ငါတို႔အေဖဆီ လက္လႊဲေပးမယ့္ ဦးေလးမိုဆီ ေပးခဲ့တာေတာ့ တကယ္ဝမ္းသာမိတာ"

ယန္ထ်န္းဟန္ရဲ႔ စိတ္ဓာတ္က်ေနတဲ့ အမူအယာေလးက ေနာက္ဆံုးေတာ့ ေျပာင္းလဲသြားျပီး ျပံုးရယ္လာေတာ့သည္။

"အမွန္ပဲ, အဲ့ဒီလိုသာ မဟုတ္ဘူးဆိုရင္ က်ြန္ေတာ္လည္း အေဖနဲ႔ အကိုၾကီးကို သိခဲ့မွာ မဟုတ္ဘူး"

ထိုစကားကို ေျပာျပီးေနာက္ ယန္ထ်န္းဟန္က သူ႔နွုတ္ခမ္းေလးကို ေကြးလုိက္ေလသည္။

"ဒါေပမဲ့ အရင္တုန္းက က်ြန္ေတာ့္ကိုေတြ႔ရင္ အကိုၾကီးက လစ္လ်ဴရွဳခဲ့တာ, အခ်ိိန္အမ်ားစုမွာလည္း အိမ္မွာရွိမေနခဲ့ဘူး, အကယ္၍ အကိုၾကီးသာ လင္မိသားစုအိမ္ကို အျပင္းအထန္ဒဏ္ရာရျပီး ေရာက္မလာခဲ့ရင္ ေရြးခ်ယ္စရာမရွိပဲ က်ြန္ေတာ္နဲ႔ ေန႔ေရာညပါ အတူတူ မေနခဲ့ရဘူးဆို၇င္ အခုခ်ိန္ထိ က်ြန္ေတာ့ကို အာရံုသိပ္မစိုက္မွာပဲ စိုးမိတယ္"

လင္ရႊမ္းဇီရဲ႔ နွလံုးသား ႏူးည့ံသြားရသည္။

"ဒါေၾကာင့္ ကံဆိုးမႈဟာ ကံေကာင္းျခင္းေပၚမွာ မူတည္ၿပီး ကံေကာင္းျခင္းကေတာ့ ကံဆိုးျခင္းေပၚမွာ မူတည္တယ္လို႔ ေျပာၾကတာေပါ့။ ငါသာ အသုံးမက်တဲ့လူတစ္ေယာက္အျဖစ္မေျပာင္းလဲဘဲ ျပန္လည္သက္သာရာရဖို႔အတြက္ အိမ္မျပန္ရဘူးဆိုရင္ အားဟန္က ငါ့အတြက္ အားကိုးတႀကီးနဲ႔ မွီခိုလို႔ရျပီး ႏွလုံးသားကို ထိမိေစမယ့္လူတစ္ေယာက္ဆိုတာ သိခဲ့မွာမဟုတ္ဘူး"

ယန္ထ်န္းဟန္က ရွက္ရြံ႔ေနဟန္ေပၚျပီး သူ႔မ်က္နွာေပၚမွာ အျပံဳးေလးတစ္ခု ရွိေနေသာ္လည္း သူ႔ရဲ႔ သြားျဖဴျဖဴေလးမ်ားအား ျပသကာ သူ႔မ်က္နွာအား အနည္းငယ္ေစာင္း၍ ဂုဏ္ယူဝ့ံၾကြားစြာ ေျပာလာသည္။

"ေသခ်ာတာေပါ့, က်ြန္ေတာ္က အကိုၾကီးထက္ ငယ္ေပမယ့္ အရမ္းမွီခိုအားကိုးလို႔ရတာ!"

လင္ရႊမ္းဇီသည္ ယန္ထ်န္းဟန္၏ လြတ္လပ္ေပါ့ပါးသည့္ အသြင္အျပင္ေလးအား ၾကည့္ကာ အတိတ္ကို မေတြးပဲ မေနနိုင္ေတာ့ေပ။

အစပိုင္းမွာတုန္းက လင္က်န္က ယန္ထ်န္းဟန္အား အိမ္ကိုေခၚလာျပီး သူ႔ကို နီးနီးကပ္ကပ္ ေစာင့္ေရွာက္ေပးတဲ့အျပင္ သြားေလရာကို ေခၚသြားေပးခဲ့သည္။ ထိုအခ်ိန္တုန္းက သူ႔ရင္ထဲမွာ ယန္ထ်န္းဟန္ကို အနည္းငယ္ မနာလိုျဖစ္ခဲ့မိတာေၾကာင့္ ယန္ထ်န္းဟန္ကို ျပႆနာမရွာခဲ့ေပမယ့္လည္း နီးနီးကပ္ကပ္လည္း မေနခဲ့ျခင္းပင္။

ဒါ့အျပင္ ယန္ထ်န္းဟန္ရဲ႔ မူလသည္လည္း မသိနုိင္ျဖစ္ခဲ့သည္။ သူပထမဆံုး ေရာက္တုန္းကဆိုရင္ သူ႔နတ္ဆိုးခ်ီကို ဖိနွိပ္ထားတဲ့ ယန္ထ်န္းဟန္ရဲ႔ ခႏာၱကိုယ္ထဲက ေဆးလံုးနဲ႔ စည္းတံဆိပ္က အျပည့္အဝ မဖြံ႔ျဖိဳးေသး။ ရလဒ္ကေတာ့ လင္ရႊမ္းဇီက ယန္ထ်န္းဟန္နဲ႔ နီးကပ္သြားတိုင္း အနည္းငယ္ မသက္မသာ ခံစားရကာ ယခင္က သူႏွင့္ ရင္းႏွီးရန္ ပို၍ပင္ ဝန္ေလးသြားခဲ့သည္။

ဒါေပမဲ့ အခ်ိန္ေတြက မတူေတာ့သလို အရာအားလံုးလည္း ေျပာင္းလဲသြားခဲ့ျပီ။

အဲ့ဒီအခ်ိန္တုန္းက လင္ရႊမ္းဇီအေနနဲ႔ ဒီရင္းနွီးက်ြမ္းဝင္မွဳ မရွိတဲ့ ကေလးေလးက သူ႔နွလံုးသားရဲ႔ ရတနာေလး ျဖစ္လာမယ္ဆုိတာကို စဥ္းစားမိမွာေတာင္မဟုတ္ဘူး။

3.4.2022

============

Translator's Note

ဒါဒါတို႔ေရ အရမ္းေနာက္က်သြားတဲ့အတြက္ ေတာင္းပန္ပါတယ္ေနာ္။ အမ အလုပ္သစ္စဝင္ေနရလို႔ အသားက်ေအာင္ လုပ္ေနရတာနဲ႔ အရမ္းပင္ပန္းေနမိလို႔ပါ။ Reborn as a good child ေလးကိုလည္း paid group ေလး လုပ္ေပးထားေတာ့ အဲ့ဒီဘက္လည္း ကတိမျဖတ္နုိင္ ဒီဘက္လည္း မလွည့္နုိင္ျဖစ္ေနတာ။ တကယ္ စိတ္မေကာင္းပါဘူး။ အတတ္နုိင္ဆံုးေတာ့ up တာျမန္ေအာင္ လုပ္ေပးပါ့မယ္။

Love you all~

============

Next Episode

အေျမာက္အမ်ားဝယ္ယူ

============


Continue Reading

You'll Also Like

88.5K 8K 8
[Both Zawgyi and Unicode] ဒုတိယႀကိမ္ အခြင့္အေရးဆိုတာကိုသာ ရရင္...
459K 65.2K 47
အသက္ ၂၂ နွစ္မွာ ရွန္ခ်န္လင္တစ္ေယာက္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္။ ဆုကိုကိုင္ မ်က္ရည္ေလး၀ဲျပီး ေက်းဇူးတင္စကားေျပာေနခ်ိန္မွာပဲ မ်က္နွ...
206K 18.9K 168
Main CP - ရွှမ်းကျီး၊ ရှန့်လင်ယွမ်း AUTHOR - Priest Original Manhua link - https://b22.top/PdDIV2z
2.3M 168K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023