ငါ့ခင္ပြန္းကဆိုးသြမ္းတဲ့ဧကရာဇ...

By May-MaRin-Kha2002

29.6K 2.3K 58

ဒါဆိုသူကနတ္ဘုရားကေရြးခ်ယ္ေပးထားတဲ့ ကြ်န္ေတာ့္ခင္ပြန္းေပါ့!! ဒါဆိုသူကနတ်ဘုရားကရွေးချယ်ပေးထားတဲ့ ကျွန်တော့်ခင်ပ... More

(၁) Z/U
(၂) Z/U
(၃) Z/U
(၄)Z/U
(၅)Z/U
(၆)Z/U
(၇)Z/U
(၈)Z/U
(၉)Z/U
(၁၀)Z/U
(၁၁)Z/U
(၁၂) Z/U
(၁၃)Z/U
(၁၄)Z/U
(၁၅)Z/U
(၁၆)Z/U
(၁၈)Z/U
(၁၉)Z/U
(၂၀) Z/U
(၂၁)Z/U
(၂၂)Z/U
(၂၃)Z/U
(၂၄) Z/U
(၂၅) Z/U
(၂၆)Z/U
(၂၇) Z/U
(၂၈) Z/U
(၂၉) Z/U
(၃၀) Z/U
(၃၁)Z/U
(၃၂)Z/U
(၃၃)Z/U
(၃၄)Z/U
(၃၅) Z/U
(၃၆)ဇာတ္သိမ္းပိုင္း Z/U

(၁၇) Z/U

766 65 4
By May-MaRin-Kha2002

Zawgyi
_______

အာ့!

"ၾကင္ယာေတာ္ဘာမ်ားျဖစ္တာလဲ!"

"မိန္စီး ေရွာင္းဟုန္ဗိုက္ကနာလာလို႔ "

ညႀကီးသန္းေခါင္ေလာက္မွာဆူညံေနတဲ့ ေရွာင္းဟုန္ရဲ႕ေအာ္သံထြက္လာခဲ့သည္။

ဗိုက္ထဲကနာက်င္မႈနဲ႔အတူေရွာင္းဟုန္လန္႔ႏိႈးလာၿပီးမိန္စီးကိုေအာ္ေခၚလိုက္သည္။

"ေမြးခါနီးျဖစ္လာၿပီထင္တယ္ ခနေစာင့္ပါၾကင္ယာေတာ္ သမားေတာ္သြားေခၚေပးပါ့မယ္ "

မိန္စီး သမားေတာ္သြားေခၚဖို႔နန္းေဆာင္ထဲထြက္လိုက္ခ်ိန္ တိုက္တိုက္ဆိုင္ဆိုင္ေ၀ါခနဲရြာက်လာတဲ့မိုးေရေတြ မိန္စီးဘာအမိုးအကာမွမယူေတာ့ပဲ အေစာင့္တစ္ေယာက္ကိုအရွင့္ဆီသတင္းေပးခိုင္းလိုက္ၿပီးသူကသမားေတာ္ကို သြားေခၚလိုက္သည္။

**********

"ခန အားတင္းထားပါၾကင္ယာေတာ္ေရွာင္း"

ရွဲ႕ဟန္နန္းေဆာင္ထဲက ေရွာင္းဟုန္ရဲ႕ နာက်င္မႈေၾကာင့္ ေအာ္ဟစ္သံေၾကာင့္ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနေခ်ၿပီ

မိုးေတြအေတာ္ရြာေနတာေတာ္ေတာ္ႏွင့္တိတ္ေတာ့မည္မထင္ေပ။လွ်ပ္စီးေတြပါလွ်ပ္မိုးႀကိဳးေတြပါပစ္ေနတာ တိုင္းျပည္ပ်က္ေတာ့မလိုပင္ ျပင္းထန္တဲ့ေလအရိွန္နဲ႔ အတူ လင္းထိန္သြားသည့္ပတ္၀န္းက်င္နဲ႔အတူဂ်ိန္းခနဲမိုးႀကိဳးပစ္သံ

ဟာ!!! 

နန္းေတာ္ထဲကလူေတြက အျပင္ကိုထြက္လာၿပီး မီးေလာင္ကြၽမ္းသြားသည့္ ဧကရာဇ္ရဲ႕အေဆာင္ကို ၾကည့္ေနၾကသည္။ဘာေတြဆိုး၀ါးတဲ့ ကိစၥေတြျဖစ္ေတာ့မလဲဆိုတာ ဘယ္သူမွမခန္႔မွန္းမိတက္ေတာ့

နန္းေဆာင္ထဲသမားေတာ္ထြက္လာေတာ့မွရွဲ႕ဟန္ရဲ႕ မ်က္ႏွာကၿပံဳးရႊင္သြားသည္။

"သူဘယ္လိုအေျခအေနရိွေနလဲ သားေတာ္ေလးလား သမီးေတာ္ေလးလား"

"ဂုဏ္ယူပါတယ္အရွင္ သားေတာ္ေလးေမြးဖြားပါတယ္ ၿပီးေတာ့ၾကင္ယာေတာ္ ကအဆင္ေျပေျပရိွေနပါတယ္"

ရွဲ႕ဟန္ သမားေတာ္ ေျပာစကားဆံုးသည္ႏွင့္နန္းေဆာင္ထဲ ၀င္ခဲ့လိုက္သည္။သူ႕ရဲ႕သားေလးကိုေတြ႕ရဖို႔မေစာင့္ႏိုင္ေတာ့။
အထဲကိုေရာက္ေတာ့ ပင္ပန္းစြာအိပ္ေမာက်ေနသည့္ေရွာင္းဟုန္ႏွင့္ ေရွာင္းဟုန္ရင္ခြင္ထဲတာနီတာရဲကေလးေလးကိုအသဲယားစြာေပြ႕ယူလိုက္သည္။

**********

ညီလာခံ မွာေတာ့ပလႅင္ေပၚထိုင္ေနသည့္ ဧကရာဇ္က ပေရာဟိတ္ကိုသူ႕သားရဲ႕ကံဇာတာတြက္ခ်က္ခိုင္းေတာ့ မ်က္စိမ်က္ႏွာပ်က္ ႏွင့္ရွဲ႕ဟန္ကိုၾကည့္လာၿပီး

“အရွင္ မင္းသားရဲ႕ ဇာတာက ေကာင္းမြန္ၿပီး တန္ခိုးအာဏာႀကီးမဲ့ လကၡဏာပါ "

ရွဲ႕ဟန္ မ်က္ႏွာၿပံဳးရႊင္သြားသည္။ေနာက္ထပ္ပေရာဟိတ္ေျပာလာမည့္စကားကိုမၾကားခင္ေပါ့

"ဒါေပမဲ့ေနာင္အနာဂတ္မွာအရွင့္ကိုပုန္ကန္မဲ့သူျဖစ္လာပါလိမ့္မယ္ "

ရွဲ႕ဟန္ေဒါသတႀကီးစားပြဲကို႐ိုက္ခ်လိုက္ေတာ့ ပေရာဟိတ္က
တစ္ကိုယ္လံုး တုန္ယင္ကာ အလ်င္အျမန္ စကားေျပာလာခဲ့သည္။

"ကြၽန္ေတာ္မ်ဳိးျမင္တဲ့အတိုင္းေျပာမိတာပါအရွင္ မင္းသားေလးက ေနာင္အနာဂတ္မွာတိုင္းျပည္ရဲ႕ႀကီးမားတဲ့ရန္သူျဖစ္လာပါလိမ့္မယ္ "

အမတ္ေတြအားလံုးရဲ႕တီးတိုးစကားေျပာသံေတြတျဖည္းျဖည္းက်ယ္ေလာင္လာ ခဲ့သည္။

“ၾကင္ယာေတာ္မင္းသားေလးကိုဖြားျမင္တဲ့ညကျပင္းထန္တဲ့မုန္တိုင္းေတြေၾကာင့္ျပည္သူေတြရဲ႕လယ္ယာေတြအကုန္ပ်က္စီးခဲ့ရပါတယ္အရွင္ ျပည္သူေတြေဘးကင္းေစဖို႔အရွင္က တိုင္းျပည္အေရးကိုပိုသိရပါမယ္ေက်းဇူးျပဳၿပီး ၾကင္ယာေတာ္နဲ႔မင္းသားေသဒဏ္ေပးပါ "

အမတ္တစ္ေယာက္ ရဲ႕ စကားကိုက်န္အမတ္ေတြကေခါင္းတညိမ့္ညိမ့္ ေထာက္ခံေနၾကသည္။

"အရွင္ နန္းေတာ္ေရွ႕မွာလဲျပည္သူေတြစု႐ံုးၿပီးဆႏၵျပေနၾကပါတယ္ သူတို႔ေတြေအာ္ေနၾကတာေတာ့ ၾကင္ယာေတာ္နဲ႔မင္းသားေလးကိုေသဒဏ္ေပးပါတဲ့ "

ရွဲ႕ဟန္ကအနားကပ္ကာေျပာလာသည့္ ခ်န္ေဖးရဲ႕စကားေၾကာင့္စိတ္႐ႈပ္သြားသည္။သူအုပ္ခ်ဳပ္ေနသည့္ကာလပတ္လံုးဒီဆူပူအံုႂကြမႈမ်ားမရိွခဲ့ ပါ

"အရွင္ အျမန္ဆံုးျဖတ္ခ်က္ခ်ေပးပါ "

ညီလာခံထဲကခ်န္ေဖးကလြဲလို့ က်န္လူေတြအားလံုးဆီကအသံေတြထြက္လာခဲ့သည္။

"ငါကိုယ္ေတာ္အမိန္႔ခ်မယ္ ၾကင္ယာေတာ္နဲ႔ မင္းသားေလးကိုတိုင္းျပည္ကႏွင္ထုတ္ေစ
ဒါကိုယ္ေတာ္ေပးႏိုင္တဲ့ျပစ္ဒဏ္ပဲ ဘယ္သူကမ်ားေဇာတကတက္ရဲသလဲ"

အမတ္ေတြကထပ္ေျပာခ်င္ေနေပမဲ့ ေဒါသထြက္ေနသည့္အရွင့္ ကိုရင္မဆိုင္ရဲပါ ဘယ္သူကမ်ားအတင့္ရဲၿပီး ဧကရာဇ္တစ္ပါးကိုကလန္ကဆန္လုပ္ရဲမည္နည္း...

*********
"အရွင္ ၾကင္ယာေတာ္ကိုသြားမေတြ႕ေတာ့ဘူးလား"

"ငါကိုယ္ေတာ္သူနဲ႔မေတြ႕ခ်င္ေတာ့ဘူး "

"ခ်န္ေဖး"

"ဟုတ္ကဲ့အရွင္ "

"လိုက္သြားျပီးသူေဘးကင္းေစဖို႔ ေစာင့္ေရွာက္ေပးပါ "

"ဟုတ္ကဲ့ပါအရွင္ "

နန္းျမင့္ေမွ်ာ္စင္ကေနေအာက္ဘက္တစ္ေနရာက နန္းေတာ္ကေနထြက္ခြာသြားသည့္ ျမင္းလွည္းတစ္စီးကိုၾကည့္ကာတီးတိုးေရရြက္လိုက္သည္။

“ခမည္းေတာ္ကိုခြင့္လႊတ္ပါသားေတာ္ေလး ”

ျမင္းလွည္းေပၚမွာေမြးကင္းစသားငယ္ေလးကိုပိုက္ကာငိုေႂကြးေနသည့္ေကာင္ ေလးတစ္ေယာက္ ႏွင့္ တစ္ေနရာကေနေစာင့္ၾကည့္ေနသည့္ ေကာင္ေလးတစ္ေယာက္ သားငယ္ေလးရဲ႕ နာမည္ကိုေတာင္ မမွည့္ေပးလိုက္ရသည့္ဖခင္တစ္ဦးရဲ႕ စိတ္ထဲက အျပစ္တင္ေနသည့္စိတ္ကို မည္သူကမ်ားသိမည္နည္း...

TBC.....

A/N : သူကဇာတ္သိမ္းေတာ့မယ္ေနာ္စကားမစပ္ကေလးေလးကဘယ္သူျဖစ္မလဲ မွန္းၾကည့္ၾကပါ မွန္ရင္မီ  season 2 ဆက္ေရးဖို႔အတည္ျပဳေပးမယ္ (¬_¬)

Unicode
________

အာ့!

"ကြင်ယာတော်ဘာများဖြစ်တာလဲ!"

"မိန်စီး ရှောင်းဟုန်ဗိုက်ကနာလာလို့ "

ညကြီးသန်းခေါင်လောက်မှာဆူညံနေတဲ့ ရှောင်းဟုန်ရဲ့အော်သံထွက်လာခဲ့သည်။

ဗိုက်ထဲကနာကျင်မှုနဲ့အတူရှောင်းဟုန်လန့်နှိုးလာပြီးမိန်စီးကိုအော်ခေါ်လိုက်သည်။

"မွေးခါနီးဖြစ်လာပြီထင်တယ် ခနစောင့်ပါကြင်ယာတော် သမားတော်သွားခေါ်ပေးပါ့မယ် "

မိန်စီး သမားတော်သွားခေါ်ဖို့နန်းဆောင်ထဲထွက်လိုက်ချိန် တိုက်တိုက်ဆိုင်ဆိုင်ဝေါခနဲရွာကျလာတဲ့မိုးရေတွေ မိန်စီးဘာအမိုးအကာမှမယူတော့ပဲ အစောင့်တစ်ယောက်ကိုအရှင့်ဆီသတင်းပေးခိုင်းလိုက်ပြီးသူကသမားတော်ကို သွားခေါ်လိုက်သည်။

**********

"ခန အားတင်းထားပါကြင်ယာတော်ရှောင်း"

ရှဲ့ဟန်နန်းဆောင်ထဲက ရှောင်းဟုန်ရဲ့ နာကျင်မှုကြောင့် အော်ဟစ်သံကြောင့်ခြေမကိုင်မိလက်မကိုင်မိဖြစ်နေချေပြီ

မိုးတွေအတော်ရွာနေတာတော်တော်နှင့်တိတ်တော့မည်မထင်ပေ။လျှပ်စီးတွေပါလျှပ်မိုးကြိုးတွေပါပစ်နေတာ တိုင်းပြည်ပျက်တော့မလိုပင် ပြင်းထန်တဲ့လေအရှိန်နဲ့ အတူ လင်းထိန်သွားသည့်ပတ်ဝန်းကျင်နဲ့အတူဂျိန်းခနဲမိုးကြိုးပစ်သံ

ဟာ!!! 

နန်းတော်ထဲကလူတွေက အပြင်ကိုထွက်လာပြီး မီးလောင်ကျွမ်းသွားသည့် ဧကရာဇ်ရဲ့အဆောင်ကို ကြည့်နေကြသည်။ဘာတွေဆိုးဝါးတဲ့ ကိစ္စတွေဖြစ်တော့မလဲဆိုတာ ဘယ်သူမှမခန့်မှန်းမိတက်တော့

နန်းဆောင်ထဲသမားတော်ထွက်လာတော့မှရှဲ့ဟန်ရဲ့ မျက်နှာကပြုံးရွှင်သွားသည်။

"သူဘယ်လိုအခြေအနေရှိနေလဲ သားတော်လေးလား သမီးတော်လေးလား"

"ဂုဏ်ယူပါတယ်အရှင် သားတော်လေးမွေးဖွားပါတယ် ပြီးတော့ကြင်ယာတော် ကအဆင်ပြေပြေရှိနေပါတယ်"

ရှဲ့ဟန် သမားတော် ပြောစကားဆုံးသည်နှင့်နန်းဆောင်ထဲ ဝင်ခဲ့လိုက်သည်။သူ့ရဲ့သားလေးကိုတွေ့ရဖို့မစောင့်နိုင်တော့။
အထဲကိုရောက်တော့ ပင်ပန်းစွာအိပ်မောကျနေသည့်ရှောင်းဟုန်နှင့် ရှောင်းဟုန်ရင်ခွင်ထဲတာနီတာရဲကလေးလေးကိုအသဲယားစွာပွေ့ယူလိုက်သည်။

**********

ညီလာခံ မှာတော့ပလ္လင်ပေါ်ထိုင်နေသည့် ဧကရာဇ်က ပရောဟိတ်ကိုသူ့သားရဲ့ကံဇာတာတွက်ချက်ခိုင်းတော့ မျက်စိမျက်နှာပျက် နှင့်ရှဲ့ဟန်ကိုကြည့်လာပြီး

“အရှင် မင်းသားရဲ့ ဇာတာက ကောင်းမွန်ပြီး တန်ခိုးအာဏာကြီးမဲ့ လက္ခဏာပါ "

ရှဲ့ဟန် မျက်နှာပြုံးရွှင်သွားသည်။နောက်ထပ်ပရောဟိတ်ပြောလာမည့်စကားကိုမကြားခင်ပေါ့

"ဒါပေမဲ့နောင်အနာဂတ်မှာအရှင့်ကိုပုန်ကန်မဲ့သူဖြစ်လာပါလိမ့်မယ် "

ရှဲ့ဟန်ဒေါသတကြီးစားပွဲကိုရိုက်ချလိုက်တော့ ပရောဟိတ်က
တစ်ကိုယ်လုံး တုန်ယင်ကာ အလျင်အမြန် စကားပြောလာခဲ့သည်။

"ကျွန်တော်မျိုးမြင်တဲ့အတိုင်းပြောမိတာပါအရှင် မင်းသားလေးက နောင်အနာဂတ်မှာတိုင်းပြည်ရဲ့ကြီးမားတဲ့ရန်သူဖြစ်လာပါလိမ့်မယ် "

အမတ်တွေအားလုံးရဲ့တီးတိုးစကားပြောသံတွေတဖြည်းဖြည်းကျယ်လောင်လာ ခဲ့သည်။

“ကြင်ယာတော်မင်းသားလေးကိုဖွားမြင်တဲ့ညကပြင်းထန်တဲ့မုန်တိုင်းတွေကြောင့်ပြည်သူတွေရဲ့လယ်ယာတွေအကုန်ပျက်စီးခဲ့ရပါတယ်အရှင် ပြည်သူတွေဘေးကင်းစေဖို့အရှင်က တိုင်းပြည်အရေးကိုပိုသိရပါမယ်ကျေးဇူးပြုပြီး ကြင်ယာတော်နဲ့မင်းသားသေဒဏ်ပေးပါ "

အမတ်တစ်ယောက် ရဲ့ စကားကိုကျန်အမတ်တွေကခေါင်းတညိမ့်ညိမ့် ထောက်ခံနေကြသည်။

"အရှင် နန်းတော်ရှေ့မှာလဲပြည်သူတွေစုရုံးပြီးဆန္ဒပြနေကြပါတယ် သူတို့တွေအော်နေကြတာတော့ ကြင်ယာတော်နဲ့မင်းသားလေးကိုသေဒဏ်ပေးပါတဲ့ "

ရှဲ့ဟန်ကအနားကပ်ကာပြောလာသည့် ချန်ဖေးရဲ့စကားကြောင့်စိတ်ရှုပ်သွားသည်။သူအုပ်ချုပ်နေသည့်ကာလပတ်လုံးဒီဆူပူအုံကြွမှုများမရှိခဲ့ ပါ

"အရှင် အမြန်ဆုံးဖြတ်ချက်ချပေးပါ "

ညီလာခံထဲကချန်ဖေးကလွဲလို့ ကျန်လူတွေအားလုံးဆီကအသံတွေထွက်လာခဲ့သည်။

"ငါကိုယ်တော်အမိန့်ချမယ် ကြင်ယာတော်နဲ့ မင်းသားလေးကိုတိုင်းပြည်ကနှင်ထုတ်စေ
ဒါကိုယ်တော်ပေးနိုင်တဲ့ပြစ်ဒဏ်ပဲ ဘယ်သူကများဇောတကတက်ရဲသလဲ"

အမတ်တွေကထပ်ပြောချင်နေပေမဲ့ ဒေါသထွက်နေသည့်အရှင့် ကိုရင်မဆိုင်ရဲပါ ဘယ်သူကများအတင့်ရဲပြီး ဧကရာဇ်တစ်ပါးကိုကလန်ကဆန်လုပ်ရဲမည်နည်း...

*********
"အရှင် ကြင်ယာတော်ကိုသွားမတွေ့တော့ဘူးလား"

"ငါကိုယ်တော်သူနဲ့မတွေ့ချင်တော့ဘူး "

"ချန်ဖေး"

"ဟုတ်ကဲ့အရှင် "

"လိုက်သွားပြီးသူဘေးကင်းစေဖို့ စောင့်ရှောက်ပေးပါ "

"ဟုတ်ကဲ့ပါအရှင် "

နန်းမြင့်မျှော်စင်ကနေအောက်ဘက်တစ်နေရာက နန်းတော်ကနေထွက်ခွာသွားသည့် မြင်းလှည်းတစ်စီးကိုကြည့်ကာတီးတိုးရေရွက်လိုက်သည်။

“ခမည်းတော်ကိုခွင့်လွှတ်ပါသားတော်လေး ”

မြင်းလှည်းပေါ်မှာမွေးကင်းစသားငယ်လေးကိုပိုက်ကာငိုကြွေးနေသည့်ကောင် လေးတစ်ယောက် နှင့် တစ်နေရာကနေစောင့်ကြည့်နေသည့် ကောင်လေးတစ်ယောက် သားငယ်လေးရဲ့ နာမည်ကိုတောင် မမှည့်ပေးလိုက်ရသည့်ဖခင်တစ်ဦးရဲ့ စိတ်ထဲက အပြစ်တင်နေသည့်စိတ်ကို မည်သူကများသိမည်နည်း...

TBC.....

A/N : သူကဇာတ်သိမ်းတော့မယ်နော်စကားမစပ်ကလေးလေးကဘယ်သူဖြစ်မလဲ မှန်းကြည့်ကြပါ မှန်ရင်မီ  season 2 ဆက်ရေးဖို့အတည်ပြုပေးမယ် (¬_¬)

Continue Reading

You'll Also Like

Blue 💙 By 💙

Short Story

124K 22.5K 23
[ Blue] ခ်စ္တယ္ေနာ္ ျငင္းပါတယ္ခင္ဗ် [ 👤 ]
162K 18.1K 95
ဘာသာပြန်သူ - စွဲညို့အသင်း
75.1K 6.8K 60
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
92.2K 11.7K 88
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...