B O G(ZSWW)[Complete]

By Kaori_HZar

53.1K 2.9K 78

ရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပ... More

1(U)
1(Z)
2(U)
2(Z)
3(U)
3(Z)
4(U)
4(Z)
5(U)
5(Z)
6(U)
6(Z)
7(U)
7(Z)
8(U)
8(Z)
9(U)
9(Z)
10(U)
10(Z)
11(U)
11(Z)
12(U)
12(Z)
13(U)
13(Z)
14(U)
14(Z)
15(U)
15(Z)
A/N
16(U)
16(Z)
17(U)
17(Z)
18(U)
18(Z)
19(U)
19(Z)
20(U)
20(Z)
21(U)
21(Z)
22(U)
22(Z)
23(U)
23(Z)
24(U)
24(Z)
A/N
25(U)
25(Z)
A/N
26(U)
26(Z)
27(U)
27(Z)
28(U)
28(Z)
29(U)
29(Z)
30(Z)Final
A/N

30(U)(Final)

2.1K 73 2
By Kaori_HZar

"ဒီနေ့ အရင်က6လလောက်ကတည်းကစီစဉ်ထားတဲ့projectကြီးတရားဝင်ချပြတဲ့နေ့ပေါ့နော် အမှန်တကယ်ဆို ဒီprojectကြီးက လွန်ခဲ့တဲ့4လလောက်ကတည်းကချပြလို့ရခဲ့ပေမယ့် အကြောင်းအရာအမျိုးမျိုးကြောင့်အခုမှ publicချပြရတဲ့အတွက် အားလုံးကို ကျွန်တော် တောင်းပန်ချင်ပါတယ် အဲ ဒါပေမယ့် တစ်ခုတော့မပြောင်းလဲပါဘူး ကျွန်တော်ပြောထားတဲ့ companyနှစ်ခုလုံးကလူတွေအကုန်လုံးကိုအားလပ်ရက်15ရက်စီပေးမှာပါ.....အဲ့အစား ကျွန်တော်တစ်ခုတောင်းဆိုစရာရှိပါသေးတယ်...."

လူတွေအကုန်သို့လော သို့လောတိုးတိုး တိုးတိုးတွေဖြစ်ကုန်ကြသည်။သူဌေးကဘာလဲပေါ့ projectပြီးလို့အားလပ်ရက်ပေးတယ်လည်းပြောသေး...အဲ့အစားတစ်ခုလုပ်ပေးဟဆိုတော့...

"အဲ့ဒါက....."

သူဌေးရဲ့စကားအဆုံး မျက်နှာများပြုံးစိပြုံးစိဖြစ်သွားသည့်ဝန်ထမ်းများနှင့်sharer holderများ...

"ဒါကတော့ လုပ်ပေးနိုင်ပါတယ် သူဌေး...

"ဟူတ်ပါတယ် ရှောင်းသူဌေး ကျွန်တော်တို့ကူညီပေးနိုင်ပါတယ်"

"...."

"ဒါဆို ကျွန်တော်စိတ်ချမယ်နော် အဲ့နေ့ကျရင် အကုန်လုံးအတွက် ကားစီစဉ်ပေးလိုက်ပါမယ်"

---☘
"ရှောင်းကျန့်....."

"....."

"ဟေ့....ရှောင်းကျန့်လို့ ငါခေါ်နေတယ် မင်းမကြားဘူးလား"

"ကိုယ် အလုပ်လုပ်နေတယ်လေ အသည်းရာ ဂျစ်မတိုက်စမ်းနဲ့....."

"ဘာ!ဂျစ်တိုက််တယ် မင်း ငါနဲ့ခနလောက်အပြင်လိုက်ခဲ့ပါလို့ခေါ်တာ ငါဂျစ်တိုက်တာလား"

ရှောင်းကျန့်ကသူ့ကိုတစ်ချက်တောင်မကြည့် laptopကိုသာကြည့်မြဲကြာ့်နေဆဲ

ဒုန်း!!!!

ပြောချင်စိတ်မရှိတော့
တာမလို့ တံခါးကိုသာ​ဆောင့်ပိတ်ပြီး ထွက်လာခဲ့တယ်။အခုတလော ရှောင်းကျန့် ဘာဖြစ်နေလဲမသိဘူး သူ့ကိုဆို စိတ်မရှည်တော့ဘူး တစ်ခုခု ဆို သူ့ကိုအော်တယ် ရုံးကကောင်မလေးတွေနဲ့လည်းတရုံးရုံး...... အခုလည်း companyကလူတွေနဲ့campထွက်လာတာသူ့ကိုအသိမပေးဘူး ရှောင်းပြောပြမှ သိလို့ သူလိုက်လာခဲ့ရတာ အခုလည်း ကြည့် ကမ်းခြေမှာလေညှင်းသွားခံမယ်ဆို မလိုက်ဘူးတဲ့

ဘာလို့လဲ ယောကျာ်းနှစ်ယောက်ချစ်ခြင်းမို့အချိန်ကြာလာတော့ ငြီးငွေ့လာပြီလား....အေးလေ ယောကျာ်းနဲ့မိန်းမတောင်အတူတူနေတာများရင် ငြီးငွေ့လာတယ်မဟူတ်လား

လွှတ်ပေးသင့်ပြီလား........ ဒါပေမယ့် သူမယုံကြည်နိုင်သေး သူ့အတွက် အသက်ကိုရော ခန္တာကိုယ်ပါပေးပြီးချစ်ခဲ့တဲ့သူက အခုသူ့ကိုငြိီးငွေ့နေပြီဆိုတာ......

သဲပြင်ပေါ်တစ်ကိုယ်လုံးလှဲချ ပျောက်ကွယ်လုလုနေလုံးကိုကြည့်လိုက်တယ်.....လူတွေရဲ့အချစ်လည်း ဒီနေလုံးလိုပဲ အချိန်တန်ရင် ပျောက်ကွယ်သွားကြတာကို သူတစ်ချက်မေ့သွားခဲ့တယ် ပါးနဲ့မားနှစ်ယောက်လုံးကတစ်ယောက်ကိုတစ်ယောက်ချစ်လို့တစ်ဘဝထူထောင်ခဲ့ကြပေမယ့် အချိန်ကြာလာတော့ ရိုးသွားပြီး သူ့အသက်13နှစ်မှာ ကွာရှင်းခဲ့ကြတယ် တစ်ယောက်နဲ့တစ်​ယောက်လွတ်လပ်ခွင့်အပြည့်ပေးထါးခဲ့ကြတာပေါ့ ဒါပေမယ့် လူအများအသိုင်းအဝိုင်းကြားမှာပြောစရာဖြစ်မှာစိုးတာကြောင့် နှစ်ယောက်အတူတူတစ်အိမ်ထဲ သာနေခဲ့ကြပြီး တစ်ယောက်ကိစ္စတစ်ယောက်ဝင်မစွက်ဖက်ခဲ့ကြဘူး သူ့အသက်14နှစ်ကြတော့ အလုပ်ကိစ္စကြောင့်နှစ်ဉီးမဖြစ်မနေ လုပ်ရန်လိုတာမလို့ အတူတူသွားကြရာ လမ်းမှာ accidentဖြစ်ပြီးဆုံးသွားကြတယ်

အတွေးတွေဆုံးတော့ မျက်ရည်တွေကသဲပြင်ပေါ်တစ်ပေါက်ပြီးတစ်ပေါက်..... ရှောင်းကျန့်ကို သူမလွှတ်ပေးနိုင်ဘူး......ဘယ်လိုလုပ်ရမလဲ သူ့ဘဝရဲ့ထက်ဝက်နီးပါး အခုချိန်ရောအပါအဝင် တစ်လျှောက်လုံး အရေးကြီးဆုံးအစိတ်အပိုင်းတွေမှာ ရှောင်းကျန့်ကပါဝင်နေရာယူခဲ့ပြီးသားကို .....

----☘
အစီအစဉ်တွေအားလုံးနေရာတကျဖြစ်ပြီး အသည်းကို လိုက်ရှာတာ ဘယ်နေရာမှမတွေ့ ဖုန်းဆက်တော့လည်း ဖုန်းကအခန်းထဲမှာကျန်ခဲ့တာမလို့ ဆက်သွယ်လို့မရ .....အစီအစဉ်အရ အသည်းကို ခနလောက်လျစ်လျူရှုရမှာမလို့ အသည်းပြောသမျှဘူးတစ်လုံးဆောင် အကုန်ငြင်းခဲ့ရတာ......ညနေကအစီအစဉ်ကိုလတ်စသတ်ရမှာမလို့ စိတ်ရှုပ်သလိုပြောလိုက်မိတာကိုအသည်းအရမ်းစိတ်ဆိုးသွားတာ သိပေမယ့် လိုက်မသွားဖြစ်......

ကမ်းခြေတစ်လျှောက် လိုက်ရှာသော်လည်း အသည်းနဲ့တူသည့်အရိပ်အယောင်တောင်မတွေ့ အချိန်ကည8နာရီလောက်ရှိပြီမို့ ပတ်ဝန်းကျင်ကအရာအားလုံးမှာလည်း လှိုင်းပုတ်ခတ်သံတွေကလွှဲ ဘာမှ မကြားရ......

"ဝမ် ရိပေါ်!! ........ ဝမ်ရိပေါ်.......ရိပေါ်"

ပြန်မလာတဲ့အသံကြောင့် ရှောင်းကျန့်ရဲ့စိတ်အစုံမှာ ဝေခွဲမရခြင်း နဲ့ ကြံရာမရခြင်း ယူကြုံးမရခြင်းများစွာ........

"ဟဲ့ ညနေလောက်တုန်းက လူတစ်ယောက်
fuxing ကွေ့ထဲဆင်းသွားတာတွေ့လိုက််တယ် အဲ့အကွေ့ကအရမ်းအန္တရာယ်များတာကို ရေကနက်လို့ဘယ်သူ့မ အဲ့နားမသွားကြဘူး "

"ဟုတ်လား ငါတောင်လူသေတယ်ဆိုလို့ အဲ့နားတောင်မသွားရဲတော့တာကို "

"အေး ဟုတ်တယ် ဒါပေမယ့်လေ ဆင်းသွားတဲ့ကောင်လေးက ဖြူဖြူဖွေးဖွေးလေးဟ...."

အနားကဖြတ်သွားတဲ့ကောင်မလေးတွေ
ရဲ့ပြောစကားအဆုံးမှာ fuxingကွေ့ကိုအပြေးသွားမိတယ်။ ဒီတစ်ခါလည်း သူပေါ့ဆမိပြန်ပြီ.....အသည်းကတစ်ခုခုဆို အတွေးလွန်တတ်တာသိရက်နဲ့ သူအမှားအကြီးကြီးကျူးလွန်လိုက်တာ...

"ဝမ်ရိပေါ်.....ရိပေါ်!!အသည်း ကြားလား ဝမ်ရိပေါ်..... "

ခေါင်းတစ်ခုလုံးကိုဆွဲဖွပြီး ထိုင်ချလိုက်တယ်..... သူ့အမှား အကုန်လုံးသူ့အမှား အခုတလော သူ့ဆက်ဆံပုံတွေကအသည်းအပေါ် ပြင်းထန်ကောင်းပြင်းထန်နေလိမ့်မယ် ဒါပေမယ့် စိတ်ထဲကပါလို့လုပ်ခဲ့တာမဟုတ်
သူပြောရင်မျက်နှာလေးငယ်ပြီးထွက်ထွက်သွားတဲ့အသည်းအဆင်ပြေရဲ့လား လိုက်ကြည့်ရတာအမော....

"ဟင့် ကိုယ်တောင်းပန်ပါတယ် ကိုယ်မကောင်းတာ အသည်းကိုအံ့သြအောင်စီစဉ်ချင်မိတဲ့ ဒီမကောင်းတဲ့စိတ်ကြောင့်.... "

ကိုယ့်ပါးကိုယ်ရိုက်ကာ အကျယ်ကြီးအော်ငိုနေတဲ့ ရှောင်းကျန့် မှာ မိုးပြိုနေသည့်အလား မျက်နှာပေးနှင့် တစ်လောကလုံး ကို အရှုံးပေးလိုက်သည့်နှယ်....... မြေပေါ်မှာ စိတ်ပျက်လက်ပျက်ပင်

ထိုစဉ် မျက်စိရှေ့ရောက်လာတဲ့ ဖြူဖွေးဖွေးဖိနပ်တစ်စုံနဲ့ ရယ်သံ

"ဟင်းးဟင်းးး အရူးကြီးကျနေတာပဲ ရှက်လည်းမရှက်ဘူး"

မော့ကြည့်လိုက်တော့ သူ့ကိုပြုံးပြနေတဲ့ရိပေါ်......

"ဝမ်"

"အရူး ငါ့ကိုမင်းကsupriseတိုက်လိုက်တာလား ငါကsupriseလုပ်လိုက်တာလား အခုအခြေအနေက ဟင်"

"......"

"ဟိုးးးးဟိုးထား မင်းမြေပြင်ပေါ်မှာလူးလိမ့်ထားတာ မြေကြီးတွေနဲ့....ငါ့ကိုလာမဖက်နဲ့"

ပြေးဖက်ဖို့ပြင်နေသည့်ရှောင်းကျန့်ကိုအမြန်တားရသည် မဟုတ်ရင် သူဝတ်ထားတဲ့suiteအဖြူရောင်က ပေသွားလိမ့်မယ်

"ဝမ်.....ဒါ....."

"ဒါဒါ....အံ့သြသွားလား ငါညနေတုန်းက ကမ်းခြေမှာထိုင်နေတုန်း ရှောင်းလာပြောပြတာ"

"ဒါဆို အကုန်သိသွားပြီပေါ့"

"အွန်းပေါ့"

မျက်နှာပျက်စွာ လှည့်ပြန်ဖို့ပြင်နေသူကြောင့် ရိပေါ် ခပ်ဟ ဟလေးတစ်ချက််ရယ်လိုက်ပြီး ရှောင်းကျန့်ရဲ့လက်ကောက်ဝတ်ကိုဆွဲလိုက်ကာ နှစ်ဉီးသားရဲ့နူတ်ခမ်းကိုထိကပ်စေလိုက်တယ်။

အင်္ကျီပေလည်း ဘာအရေးလည်း....အခုစိတ်မကောင်းဖြစ်သွားတဲ့လူကသာ အရေးကြီးဆုံးလေ.......

မင်းသာငါ့ဘဝမှာရှိရင် ငါတကယ်ဘာမှထပ်မလိုဘူး ကိုကို......ငါ့ကိုအရမ်းချစ်တဲ့ မင်းကို သံသယဝင်ခဲ့မိလို့လည်း တောင်းပန်ပါတယ်....တစ်ခြားဘယ်သူတွေသစ္စာပျက်ပြီး ငြီးငွေ့ပါစေ မင်းကတော့ ငါ့ဘက်မှာ အမြဲရှိပေးမယ်ဆိုတာငါယုံကြည်သွားလို့

တဖြည်းဖြည်းနက်နဲလာတဲ့အနမ်းတွေမှာ လျှာနှစ်ခုက ခြေချင်းလိမ်လို့ တစ်ယောက်ခံတွင်းကို တစ်ယောက်နယ်ချဲ့ရင်း ဒီညတော့ရှည်ကြာဉီးမယ်ထင်ရဲ့....

ရိပေါ်တို့နှစ်ယောက်ကိုပြုံးရင်းရပ်ကြည့်နေတဲ့ ရှန်းရဲ့လက်ဖျားလေးကနေစလို့ ဖြည်းဖြည်းချင်းလက်ချင်းယှက်တော့ ပြန်လည်ဆုပ်ကိုင်လာသည့် ရှန်းက သူ့ကိုပြန်ကြည့်ရင်းနူးနူးညံ့ညံ့ပြန်ပြုံးပြလာတယ်

"ငါ မင်းကို နည်းနည်းတော့ သဘောကျလာပြီထင်တယ် ရန်ဟွေ့~"

************************************

ချစ်ခြင်းတွေကထူးဆန်းတယ် မဟုတ်လား
တစ်ချို့သောချစ်ခြင်းတွေကအချိန်ကြာလာရင် ငြီးငွေ့သွားတတ်ပေမယ့်

တစ်ချို့သော ချစ်ခြင်းတွေကတော့ ကြာလာလေ ပိုချစ်လေနဲ့ ကိုယ်ချစ်တဲ့လူပျော်ဖိို့ ဘာလုပ်ပေးရမလဲ တွေးတောနေတတ်တယ်
----------------

Continue Reading

You'll Also Like

21.6K 1.7K 11
☑️ ZSWW&zhanyi Fan Fiction☑️ ❌Not BJYX&yizhan❌ #For My fav:Author Sanay Moe Swe💕 #Ămaryllis_Ķ #Start- 12.7.2021 #end - 28.7.2021
4K 114 28
ကောကိုစောင့်​နေမယ်​ ပြန်​လာပါတော့ 10နှစ်​တောင်​ကြာခဲ့ပြီလေ ဒီလောက်​စောင့်​ရရင်​ ရသင့်​ပြီမလား သစ်​တောထဲကမျက်​နှာဖုံးနဲ့ထူးဆန်းတဲ့ကျွန်​တော့်​ကော Wan...
24.7K 4K 29
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
895K 79.4K 60
အမုန်းတွေနဲ့ချည်ပြီးချစ်မိသွားတဲ့အရှင် တစ်ယောက်ရဲ့အကြောင်း..