(Unicode)
ကြီးမြတ်သောမှော်ဆရာ
"ဟယ်လို အစ်ကိုပိုင်မု၊ကျွန်တော့်နာမည်အန်းချီလော့ပါ၊ အစ်ကိုက အရမ်းလှတာပဲ၊ ကျွန်တော်က ဒီနှစ်မှာ ဆယ့်ခုနစ်နှစ်ပြည့်ပြီ ပြီးတော့ ကျွန်တော်က နောက်သုံးနှစ်ပြီးရင် အရွယ်ရောက်လာတော့မှာ၊ အစ်ကိုပိုင်မု အစ်ကိုရော အရွယ်ရောက်ပြီလား"အန်းချီလော့က *တွစ်တာမှာ ဆက်ရေးနေဆဲဖြစ်တဲ့ သူ့အစ်ကိုရဲ့ပါတနာ ဖြစ်နိုင်ချေအများကြီးရှိတဲ့ ပိုင်မုကို စိတ်လှုပ်ရှားစွာနဲ့ စိုက်ကြည့်လိုက်တယ်။(T/N-စိတ်ထဲကနေ အထွန့်တက်နေတာကို ဆိုလိုတာနေမယ်)
ပိုင်မုက မျက်မှောင်ကြုတ်လိုက်တယ်။သူက ယောက်ျားတစ်ယောက်လေ။လှတယ်လို့ ချီးမွမ်းခံလိုက်ရတော့ သူမပျော်တော့ဘူး။"ကျွန်တော်က နှစ်ဆယ့်ခုနစ်နှစ်ရှိပြီ ပြီးတော့ ကျွန်တော်က မိန်းမပျိုမဟုတ်ဘူး ဒါကြောင့် လှတယ်လို့ ဖော်ပြမခံနိုင်ပါဘူး"
"ဟေး အစ်ကိုက နှစ်ဆယ်လောက်ပဲရှိပုံပေါ်ပြီးတော့ orcတစ်ယောက်ဖြစ်ပုံလည်း မပေါ်ပါဘူး"အန်းချီလော့က ပိုင်မုကို သံသယနဲ့ကြည့်လိုက်တယ်။
ဒါကို မြင်ပြီးတော့ ခဲယ်လ်တစ်က သူ့ညီကို မြန်မြန်ဆွဲလိုက်ပြီး ပိုင်မုက ဆိုးဆိုးဝါးဝါးဒဏ်ရာရပြီးတော့ သူ့ဦးနှောက်က နည်းနည်းရှုပ်ထွေးနေတယ်လို့ တိတ်တိတ်လေး အန်းချီလော့ကို ပြောလိုက်တယ်။သူ့ကို ဒေါသအရမ်းမထွက်စေနဲ့။*တာ့ဝူကြည့်တာကိုပဲ စောင့်ကြရအောင်။(T/N-မျိုးနွယ်စုရဲ့စုန်းမက တာ့ဝူဖြစ်မယ်)
ပိုင်မုက တီးတိုးပြောနေတဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ ထူးဆန်းနေမှုကြီးကို လျစ်လျူရှုလိုက်ပြီး ဂူကို စူးစမ်းချင်စိတ်ပြင်းပြစွာနဲ့ ကြည့်လိုက်တယ်။ဂူက အတော်လေးစိုထိုင်းပေမယ့် အရမ်းသန့်ရှင်းပြီးတော့ မြက်နံ့သင်းသင်းလေးရနေတယ်။ဂူထဲမှာ သေးငယ်တဲ့အပေါက်နှစ်ပေါက်လည်း ရှိတယ်။ကျောက်သားအိပ်ယာနဲ့ ထူထဲတဲ့တိရိစ္ဆာန်သားရေတွေလည်း ရှိသေးတယ်။ဒါက အိပ်ခန်းဆိုတာ သိသာထင်ရှားနေတာပဲ။ဂူထဲမှာ ကောင်းစွာပြုပြင်ထားတဲ့ တိရိစ္ဆာန်သားရေတွေအများကြီးရှိတယ်။ဂူရဲ့ထောင့်နားမှာတော့ ကျောက်သားနဲ့လုပ်ထားတဲ့ ရိုးရှင်းတဲ့ကျောက်သားမီးဖိုတစ်လုံးရှိပြီး ကြီးမားတဲ့ရွှံ့စေးအိုးတစ်လုံး တင်ထားတယ်။
ပိုင်မုက ညီအစ်ကိုနှစ်ယောက်ဘာပြောခဲ့လဲဆိုတာကို အရမ်းစူးစမ်းချင်နေတယ်။ဘာလို့လဲဆိုတော့ အဲ့ဒါပြီးနောက်မှာ အန်းချီလော့က သူ့ကို ကရုဏာသက်စွာနဲ့ကြည့်ပြီးတော့ သူ(ပိုင်မု)က ယောက်ျားတစ်ယောက်ဆိုတာကို ၀န်ခံလိုက်လို့ပဲ။
အဲ့ဒီအချိန်မှာ ခြင်္သေ့လေးကလည်းပဲ ပျံသန်းလာပြီးတော့ ဖြူဖွေးငယ်ရွယ်၀တုတ်တဲ့ခြင်္သေ့လေးအဖြစ်ကိုပြောင်းသွားပြီး ခဲယ်လ်တစ်ယူပြန်လာတဲ့ ပစ္စည်းပုံကြီးထဲကို ထိုးကျသွားတယ်။
"အစ်ကို အစ်ကိုပြောတော့ သားအတွက် လူလူမွန်အသား ယူလာပေးတယ်ဆို၊ သားရဲ့အသားက ဘယ်မှာလဲ"လူလူမွန်က ကြောက်တတ်ပြီး သတိရှိတဲ့ ဖမ်းဆီးရခက်တဲ့ တိရိစ္ဆာန်ငယ်လေးပဲ။ဒါပေမယ့် အသားကတော့ နူးညံ့ပြီး အရသာရှိတယ်။စွပ်ပြုတ်အတွက်သုံးတာပဲဖြစ်ဖြစ် ကင်စားတာပဲဖြစ်ဖြစ် အဲ့ဒါက အရမ်းကို အရသာရှိတယ်။
ခဲယ်လ်တစ်အပြင်ထွက်သွားတုန်းက တပေါကို အန်းချီလော့ရဲ့စကားကို နားထောင်ဖို့ ပြောခဲ့ပြီး အလဲအလှယ်အနေနဲ့ လူလူမွန်အသားကို သူ့ကိုယူပြန်လာပေးမယ်လို့ ကတိပေးခဲ့တယ်။တိရိစ္ဆာန်တွေရဲ့အသားက Bayusကုန်းမြေကြီးမှာ ဖြည်းဖြည်းပဲပုပ်တတ်ပြီးတော့ အခုက ရာသီဥတုကလည်း အေးနေတာ။ဒါကြောင့် ခဲယ်လ်တစ်က အသားကို အဝေးကြီးကနေ ယူပြန်လာရင်တောင် အခြေအနေဆိုးရွားသွားမှာကို စိုးရိမ်နေစရာမလိုဘူး။
"အစ်ကို မင်းအတွက် နောက်တစ်ခါကျရင် ယူလာပေးမယ်"ခဲယ်လ်တစ်က သူအမှားလုပ်မိခဲ့မှန်းသိပြီးတော့ နောက်တစ်ခါကျရင် ဖမ်းလာပေးမယ်လို့ ကတိပေးလိုက်တယ်။
ပိုင်မုရဲ့မျက်နှာက နီလာတယ်။သူမှတ်မိတာသာ မှန်မယ်ဆိုရင် လူလူသားရဲက တကယ်တော့ သူစားတာကို ခံလိုက်ရတာပဲ။သူက မမျှော်လင့်ပဲနဲ့ ကလေးရဲ့အစာကို လုယက်လိုက်မိပြီ။
ရုတ်တရက် သူအချိန်ခရီးသွားလာခဲ့တုန်းက ယူလာခဲ့တဲ့ ဒေသအစားအစာဖြစ်တဲ့ အထူးတလည်ကိုစပ်တဲ့အမဲသားကို သတိရသွားတယ်။ခြင်္သေ့လေးကို အလျော်ပေးဖို့ သူ့ကံကဖြစ်လာတာပဲ။ရက်တွေအများကြီးကြာရင် ဒါကိုစားဖို့ သူတွေးတောင်တွေးနိုင်တော့မှာမဟုတ်တဲ့ဟာကို။
"တပေါ ဒါက မင်းအတွက်၊ မင်းရဲ့လူလူသားရဲကို မင်းရဲ့အစ်ကိုစားလိုက်လို့ အစ်ကို စိတ်မကောင်းပါဘူး"(T/N-မင်းရဲ့အစ်ကိုဆိုတာက သူ့ကိုယ်သူပြောတာပါ)ပိုင်မုက ပြောလိုက်တယ်။သူ့မျက်နှာက အနီရောင်ပြောင်းသွားပြီးတော့ သူ့အိတ်ထဲကနေ အမဲသားတစ်ထုပ်ကို ရှာတွေ့သွားခဲ့တယ်။
"ဒါကဘာလဲ" တပေါက နှာခေါင်းရှုံ့လိုက်ပြီး အစာအနံ့ကို အနံ့ခံလိုက်ကာ စူးစမ်းချင်စိတ်ပြင်းထန်စွာနဲ့ မေးခဲ့တယ်။
"ဒါက မင်းဘယ်တုန်းကမှ မစားဖူးလောက်တဲ့ အရသာရှိတဲ့အသားပဲ"ပိုင်မုက အပြင်ဘက်က အခွံတစ်ထပ်ကို ဖွင့်လိုက်ပြီးတော့ တပေါကို အသားတစ်စ ကမ်းပေးလိုက်ပြီး တစ်စကိုတော့ အန်းချီလော့ကို ပေးလိုက်တယ်။ထို့နောက် စူးစမ်းတဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ခဲယ်လ်တစ်ကို ကြည့်လိုက်ပြီး သူ့ကိုလည်း အသားတစ်စပေးလိုက်တယ်။
"အစ်ကိုပိုင်မု ဒါက တကယ်ကိုအရသာရှိတာပဲ ဒါပေမယ့် ဒါက လူလူမွန်အသားထက်တောင် ပိုကောင်းတယ်"တပေါက ပိုင်မုရဲ့လက်ထဲက အကျန်တွေကို စိတ်အားထက်သန်စွာ ကြည့်ရင်းနဲ့ သူအရင်က တခါမှမစားဖူးခဲ့တဲ့ ဒီအရသာရှိတဲ့အသားကို လျင်မြန်စွာနဲ့ ဖြေရှင်းလိုက်တယ်။
"အစ်ကို အဲ့ဒီဟာတွေသားကိုပေးရင် အစ်ကိုက လူလူသားရဲကို စားလိုက်တာကို သားဂရုမစိုက်တော့ဘူးလေ"ခြင်္သေ့လေးက နူးညံ့ပြီး ပျားဖယောင်းနဲ့တူတဲ့အသံလေးနဲ့ ပြောခဲ့တယ်။
(T/N- ဒီနေ့နည်းနည်းနောက်ကျသွားတယ် ကိုယ့်အချစ် ဇောင်ဖန်ဆီရောက်နေလို့ပါ အဟီးဟီး)
(Zawgyi code)
ႀကီးျမတ္ေသာေမွာ္ဆရာ
"ဟယ္လို အစ္ကိုပိုင္မု၊ကြၽန္ေတာ့္နာမည္အန္းခ်ီေလာ့ပါ၊ အစ္ကိုက အရမ္းလွတာပဲ၊ ကြၽန္ေတာ္က ဒီႏွစ္မွာ ဆယ့္ခုနစ္ႏွစ္ျပည့္ၿပီ ၿပီးေတာ့ ကြၽန္ေတာ္က ေနာက္သုံးႏွစ္ၿပီးရင္ အ႐ြယ္ေရာက္လာေတာ့မွာ၊ အစ္ကိုပိုင္မု အစ္ကိုေရာ အ႐ြယ္ေရာက္ၿပီလား"အန္းခ်ီေလာ့က *တြစ္တာမွာ ဆက္ေရးေနဆဲျဖစ္တဲ့ သူ႕အစ္ကိုရဲ႕ပါတနာ ျဖစ္နိုင္ေခ်အမ်ားႀကီးရွိတဲ့ ပိုင္မုကို စိတ္လႈပ္ရွားစြာနဲ႕ စိုက္ၾကည့္လိုက္တယ္။(T/N-စိတ္ထဲကေန အထြန႔္တက္ေနတာကို ဆိုလိုတာေနမယ္)
ပိုင္မုက မ်က္ေမွာင္ၾကဳတ္လိုက္တယ္။သူက ေယာက္်ားတစ္ေယာက္ေလ။လွတယ္လို႔ ခ်ီးမြမ္းခံလိုက္ရေတာ့ သူမေပ်ာ္ေတာ့ဘူး။"ကြၽန္ေတာ္က ႏွစ္ဆယ့္ခုနစ္ႏွစ္ရွိၿပီ ၿပီးေတာ့ ကြၽန္ေတာ္က မိန္းမပ်ိဳမဟုတ္ဘူး ဒါေၾကာင့္ လွတယ္လို႔ ေဖာ္ျပမခံနိုင္ပါဘူး"
"ေဟး အစ္ကိုက ႏွစ္ဆယ္ေလာက္ပဲရွိပုံေပၚၿပီးေတာ့ orcတစ္ေယာက္ျဖစ္ပုံလည္း မေပၚပါဘူး"အန္းခ်ီေလာ့က ပိုင္မုကို သံသယနဲ႕ၾကည့္လိုက္တယ္။
ဒါကို ျမင္ၿပီးေတာ့ ခဲယ္လ္တစ္က သူ႕ညီကို ျမန္ျမန္ဆြဲလိုက္ၿပီး ပိုင္မုက ဆိုးဆိုးဝါးဝါးဒဏ္ရာရၿပီးေတာ့ သူ႕ဦးႏွောက္က နည္းနည္းရႈပ္ေထြးေနတယ္လို႔ တိတ္တိတ္ေလး အန္းခ်ီေလာ့ကို ေျပာလိုက္တယ္။သူ႕ကို ေဒါသအရမ္းမထြက္ေစနဲ႕။*တာ့ဝူၾကည့္တာကိုပဲ ေစာင့္ၾကရေအာင္။(T/N-မ်ိဳးႏြယ္စုရဲ႕စုန္းမက တာ့ဝူျဖစ္မယ္)
ပိုင္မုက တီးတိုးေျပာေနတဲ့ညီအစ္ကိုႏွစ္ေယာက္ရဲ႕ ထူးဆန္းေနမႈႀကီးကို လ်စ္လ်ဴရႈလိုက္ၿပီး ဂူကို စူးစမ္းခ်င္စိတ္ျပင္းျပစြာနဲ႕ ၾကည့္လိုက္တယ္။ဂူက အေတာ္ေလးစိုထိုင္းေပမယ့္ အရမ္းသန႔္ရွင္းၿပီးေတာ့ ျမက္နံ႕သင္းသင္းေလးရေနတယ္။ဂူထဲမွာ ေသးငယ္တဲ့အေပါက္ႏွစ္ေပါက္လည္း ရွိတယ္။ေက်ာက္သားအိပ္ယာနဲ႕ ထူထဲတဲ့တိရိစ္ဆာန္သားေရေတြလည္း ရွိေသးတယ္။ဒါက အိပ္ခန္းဆိုတာ သိသာထင္ရွားေနတာပဲ။ဂူထဲမွာ ေကာင္းစြာျပဳျပင္ထားတဲ့ တိရိစ္ဆာန္သားေရေတြအမ်ားႀကီးရွိတယ္။ဂူရဲ႕ေထာင့္နားမွာေတာ့ ေက်ာက္သားနဲ႕လုပ္ထားတဲ့ ရိုးရွင္းတဲ့ေက်ာက္သားမီးဖိုတစ္လုံးရွိၿပီး ႀကီးမားတဲ့႐ႊံ႕ေစးအိုးတစ္လုံး တင္ထားတယ္။
ပိုင္မုက ညီအစ္ကိုႏွစ္ေယာက္ဘာေျပာခဲ့လဲဆိုတာကို အရမ္းစူးစမ္းခ်င္ေနတယ္။ဘာလို႔လဲဆိုေတာ့ အဲ့ဒါၿပီးေနာက္မွာ အန္းခ်ီေလာ့က သူ႕ကို က႐ုဏာသက္စြာနဲ႕ၾကည့္ၿပီးေတာ့ သူ(ပိုင္မု)က ေယာက္်ားတစ္ေယာက္ဆိုတာကို ၀န္ခံလိုက္လို႔ပဲ။
အဲ့ဒီအခ်ိန္မွာ ျခေသၤ့ေလးကလည္းပဲ ပ်ံသန္းလာၿပီးေတာ့ ျဖဴေဖြးငယ္႐ြယ္၀တုတ္တဲ့ျခေသၤ့ေလးအျဖစ္ကိုေျပာင္းသြားၿပီး ခဲယ္လ္တစ္ယူျပန္လာတဲ့ ပစၥည္းပုံႀကီးထဲကို ထိုးက်သြားတယ္။
"အစ္ကို အစ္ကိုေျပာေတာ့ သားအတြက္ လူလူမြန္အသား ယူလာေပးတယ္ဆို၊ သားရဲ႕အသားက ဘယ္မွာလဲ"လူလူမြန္က ေၾကာက္တတ္ၿပီး သတိရွိတဲ့ ဖမ္းဆီးရခက္တဲ့ တိရိစ္ဆာန္ငယ္ေလးပဲ။ဒါေပမယ့္ အသားကေတာ့ ႏူးညံ့ၿပီး အရသာရွိတယ္။စြပ္ျပဳတ္အတြက္သုံးတာပဲျဖစ္ျဖစ္ ကင္စားတာပဲျဖစ္ျဖစ္ အဲ့ဒါက အရမ္းကို အရသာရွိတယ္။
ခဲယ္လ္တစ္အျပင္ထြက္သြားတုန္းက တေပါကို အန္းခ်ီေလာ့ရဲ႕စကားကို နားေထာင္ဖို႔ ေျပာခဲ့ၿပီး အလဲအလွယ္အေနနဲ႕ လူလူမြန္အသားကို သူ႕ကိုယူျပန္လာေပးမယ္လို႔ ကတိေပးခဲ့တယ္။တိရိစ္ဆာန္ေတြရဲ႕အသားက Bayusကုန္းေျမႀကီးမွာ ျဖည္းျဖည္းပဲပုပ္တတ္ၿပီးေတာ့ အခုက ရာသီဥတုကလည္း ေအးေနတာ။ဒါေၾကာင့္ ခဲယ္လ္တစ္က အသားကို အေဝးႀကီးကေန ယူျပန္လာရင္ေတာင္ အေျခအေနဆိုး႐ြားသြားမွာကို စိုးရိမ္ေနစရာမလိုဘူး။
"အစ္ကို မင္းအတြက္ ေနာက္တစ္ခါက်ရင္ ယူလာေပးမယ္"ခဲယ္လ္တစ္က သူအမွားလုပ္မိခဲ့မွန္းသိၿပီးေတာ့ ေနာက္တစ္ခါက်ရင္ ဖမ္းလာေပးမယ္လို႔ ကတိေပးလိုက္တယ္။
ပိုင္မုရဲ႕မ်က္ႏွာက နီလာတယ္။သူမွတ္မိတာသာ မွန္မယ္ဆိုရင္ လူလူသားရဲက တကယ္ေတာ့ သူစားတာကို ခံလိုက္ရတာပဲ။သူက မေမွ်ာ္လင့္ပဲနဲ႕ ကေလးရဲ႕အစာကို လုယက္လိုက္မိၿပီ။
႐ုတ္တရက္ သူအခ်ိန္ခရီးသြားလာခဲ့တုန္းက ယူလာခဲ့တဲ့ ေဒသအစားအစာျဖစ္တဲ့ အထူးတလည္ကိုစပ္တဲ့အမဲသားကို သတိရသြားတယ္။ျခေသၤ့ေလးကို အေလ်ာ္ေပးဖို႔ သူ႕ကံကျဖစ္လာတာပဲ။ရက္ေတြအမ်ားႀကီးၾကာရင္ ဒါကိုစားဖို႔ သူေတြးေတာင္ေတြးနိုင္ေတာ့မွာမဟုတ္တဲ့ဟာကို။
"တေပါ ဒါက မင္းအတြက္၊ မင္းရဲ႕လူလူသားရဲကို မင္းရဲ႕အစ္ကိုစားလိုက္လို႔ အစ္ကို စိတ္မေကာင္းပါဘူး"(T/N-မင္းရဲ႕အစ္ကိုဆိုတာက သူ႕ကိုယ္သူေျပာတာပါ)ပိုင္မုက ေျပာလိုက္တယ္။သူ႕မ်က္ႏွာက အနီေရာင္ေျပာင္းသြားၿပီးေတာ့ သူ႕အိတ္ထဲကေန အမဲသားတစ္ထုပ္ကို ရွာေတြ႕သြားခဲ့တယ္။
"ဒါကဘာလဲ" တေပါက ႏွာေခါင္းရႈံ႕လိုက္ၿပီး အစာအနံ႕ကို အနံ႕ခံလိုက္ကာ စူးစမ္းခ်င္စိတ္ျပင္းထန္စြာနဲ႕ ေမးခဲ့တယ္။
"ဒါက မင္းဘယ္တုန္းကမွ မစားဖူးေလာက္တဲ့ အရသာရွိတဲ့အသားပဲ"ပိုင္မုက အျပင္ဘက္က အခြံတစ္ထပ္ကို ဖြင့္လိုက္ၿပီးေတာ့ တေပါကို အသားတစ္စ ကမ္းေပးလိုက္ၿပီး တစ္စကိုေတာ့ အန္းခ်ီေလာ့ကို ေပးလိုက္တယ္။ထို႔ေနာက္ စူးစမ္းတဲ့အၾကည့္ေတြနဲ႕ၾကည့္ေနတဲ့ခဲယ္လ္တစ္ကို ၾကည့္လိုက္ၿပီး သူ႕ကိုလည္း အသားတစ္စေပးလိုက္တယ္။
"အစ္ကိုပိုင္မု ဒါက တကယ္ကိုအရသာရွိတာပဲ ဒါေပမယ့္ ဒါက လူလူမြန္အသားထက္ေတာင္ ပိုေကာင္းတယ္"တေပါက ပိုင္မုရဲ႕လက္ထဲက အက်န္ေတြကို စိတ္အားထက္သန္စြာ ၾကည့္ရင္းနဲ႕ သူအရင္က တခါမွမစားဖူးခဲ့တဲ့ ဒီအရသာရွိတဲ့အသားကို လ်င္ျမန္စြာနဲ႕ ေျဖရွင္းလိုက္တယ္။
"အစ္ကို အဲ့ဒီဟာေတြသားကိုေပးရင္ အစ္ကိုက လူလူသားရဲကို စားလိုက္တာကို သားဂ႐ုမစိုက္ေတာ့ဘူးေလ"ျခေသၤ့ေလးက ႏူးညံ့ၿပီး ပ်ားဖေယာင္းနဲ႕တူတဲ့အသံေလးနဲ႕ ေျပာခဲ့တယ္။
(T/N- ဒီေန႕နည္းနည္းေနာက္က်သြားတယ္ ကိုယ့္အခ်စ္ ေဇာင္ဖန္ဆီေရာက္ေနလို႔ပါ အဟီးဟီး)