KING -23
“ကျွန်တော့်ကြောင့်ဖြစ်တာ။ ကျွန်တော်သာမသွားခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ဘူး။ ကျွန်တော့်ကြောင့်!”
ကားပေါ်ကဆင်းဆင်းချင်း အိမ်ထဲပြေးဝင်ပြီးနောက် King က အုတ်နံရံကိုလက်သီးနဲ့ထိုးသည်။ King ရဲ့လက်ဖျံကနေ ဟန်စစ် ဆွဲထိန်းကိုင်နေပေမယ့် ထိန်းချုပ်ရခက်နေ၏။ စိတ်ခံစားချက်တွေ ပြင်းထန်နေပုံရပြီး နောက်တစ်ကြိမ် မေ့လဲသွားမှာကိုလည်း ဟန်စစ်စိုးရိမ်သည်။ ဆေးရုံခေါ်သွားဖို့လည်း ဒီအခြေအနေနဲ့မဖြစ်။ အန္တရာယ်ရှိတဲ့အရာတွေနဲ့ ဝေးဝေးထားဖို့ ကြိုးတုပ်ထားရမလိုပင်။
King ခါးကနေ ဆွဲပွေ့လိုက်ပြီး အိပ်ခန်းထဲက ခုတင်ပေါ် ပက်လက်လှန်ပစ်ချလိုက်မိသည်။ ရုန်းရင်းဆန်ခတ် ပြန်ကုန်းထဖို့လုပ်နေသည့် King လက်နှစ်ဖက်ကိုချုပ်လိုက်ပြီး ပေါင်ရင်းနှစ်ဖက်ကို ဟန်စစ်ဒူးနဲ့ ဖိထားရသည့်အခြေအနေ။
“မင်းကြောင့်မဟုတ်ဘူး စိုင်းစက်။ လူတစ်ယောက်ရဲ့ သေခြင်း၊ ရှင်ခြင်းက ဘာလို့မင်းကြောင့်ဖြစ်ရမှာလဲ။ ကိုယ့်ကိုကိုယ်အပြစ်မတင်နဲ့။ ငါ့ကိုကြည့် ငါ့ကိုလည်းကြည့်ဦး။ မင်း ဒီလိုဖြစ်နေတာကို ဘာမှမလုပ်ပေးနိုင်တဲ့ ငါ့ကိုလည်း ကြည့်ပေး ပါဦး”
ဟန်စစ်အော်ဟစ်ပစ်လိုက်တော့ ရုန်းကန်နေတာတွေ ငြိမ်ကျသွားသည်။ ဘာမှမပြောတော့ဘဲ အံကိုတင်းတင်းကြိတ်ပြီး မျက်ရည်တွေစီးကျနေပုံက ဟန်စစ်ကို ပိုစိတ်ပူလာစေပြန်သည်။
“စိုင်းစက် အံကြိတ်မထားနဲ့။ ငါပြောတာကြားလား။ စက်! စိုင်းစက်! စိုင်းစက်အာဏာရှင်!”
ပါးကိုခပ်ဆတ်ဆတ်လေးရိုက်ပြီး သတိပေးနေပေမယ့် King ကအသိမရှိတော့သူလိုလည်ပင်းကို ကျိုးကျမတက်စောင်းထားခဲ့သည်။ ဟန်စစ် ချောက်ချားလာနေရင်း King ရဲ့ ပါးပြင်နှစ်ဖက်ကို အုပ်ကိုင်ပြီး ကိုယ်တိုင်လည်း မျက်ရည်တွေကျလာရ၏။
မမျှော်လင့်ဘဲ King ကိုအုပ်မိုးထားသည့် ဟန်စစ် လည်တိုင်ကနေ လက်ခနဲလျှောဆင်းသွားတဲ့ဆွဲကြိုးကြောင့် King အကြည့်တွေ ဟန်စစ်ဆီရောက်လာသည်။ King လည်တိုင်ပေါ် ဖေးတင်သွားသည့်ဆွဲကြိုးရှိလက်စွပ်ကို လက်ချောင်းတွေနဲ့ ဆွဲမကြည့်ချိန်အထိ ဟန်စစ်လက်တွေက King ပါးပြင်ကိုအုပ်ကိုင်ထားမိဆဲ။
တစ်ဖျတ်ဖျတ်လက်နေတဲ့ စိန်ပွင့်တွေလို King မျက်ဝန်းက မျက်ရည်ကြည်တွေက ဟန်စစ်လက်ချောင်းတွေကိုပါ ဖြတ်ပြီးလျင်လျင်မြန်မြန် စီးဆင်းကြသည်။ ငေးကြည့်နေမိတဲ့ ဟန်စစ်မျက်နှာကို လက်နှစ်ဖက်နဲ့ ဆွဲယူလိုက်ပြီးနောက်မှာ ရုတ်တရတ်ဆန်စွာနဲ့ပဲ ဟန်စစ်နှုတ်ခမ်းတွေပူနွေးသွားသည်။ မှိတ်လိုက်မိတဲ့မျက်ဝန်းတွေကို အလန့်တကြား ဖွင့်ကြည့်မိချိန်မှာတော့ King ရဲ့မျက်ရည်စိုနေတဲ့မျက်တောင်စိပ်စိပ်တွေကို အနီးကပ်မြင်ခွင့်ရ၏။
ဟန်စစ် နှလုံးသားဆတ်ဆတ်ခါပြီး အပေါ်တစ်လှည့်အောက်တစ်လှည့် ရစ်ပတ်စုပ်ယူခံနေရတဲ့ နှုတ်ခမ်းသားတို့က စိုစွတ်တဲ့အထိအတွေ့အောက်မှာ တုန်ယင်ချင်လာသည်။ တစ်ကြိမ်တစ်ခါမှ စမ်းသပ်ဖူးခြင်းမရှိခဲ့တဲ့ အရိုင်းဆန်တဲ့ နှုတ်ခမ်းပါးတွေက King ရဲ့ထိန်းချုပ်မှုအောက်မှာ ခံစစ်မရှိကျရှုံးခဲ့ပြီး ဟန်စစ်တစ်ကိုယ်လုံးလည်း မမြင်ရတဲ့အားအင် တစ်ချို့ကြောင့် ရုန်းကန်နိုင်စွမ်းမရှိ။
ရင်ထဲကနာကျင်ခြင်းတွေက အော်ဟစ်ပေါက်ကွဲလိုက်ရုံနဲ့တော့ လျော့ပါးမသွား။ သေစေလောက်တဲ့ နာကျင်မှုတွေ ရုန်းကန်ထွက်လာတော့ King ကိုယ့်ခန္ဓာကိုယ်ကိုပါ နာကျင်စေချင်လာသည်။ ရှင်သန်ခြင်းက အဓိပ္ပါယ်မဲ့တယ်လို့တွေးမိလေ ယခုအခြေအနေကိုမရပ်တန့်ချင်လေ။ ဒီနှုတ်ခမ်းတွေကိုသာ ထိတွေ့မနေရရင် King ဒီအခိုက်အတန့်ကို ဘာလုပ်မိမလဲ ကိုယ်တိုင်တောင် မတွေးနိုင်တော့။
အသက်မဲ့တဲ့မျက်ဝန်းတွေနဲ့အုပ်မိုးငေးကြည့်နေခဲ့တဲ့ မျက်နှာကိုကြည့်မိတော့ ရပ်တန့်သင့်မှန်းသိပေမယ့် ရုန်းကန်ခြင်းမဲ့တဲ့ အပိုင်စားရမှုတွေကိုလည်း လက်မလွှတ်ချင်။ အဓိပ္ပါယ်မဲ့တဲ့လူကို ဘာကြောင့်ဒီလောက်ချစ်ပေးရတာလဲလို့ တွေးမိတော့လည်း King ရင်ဘတ်ထဲရှိဆန္ဒတွေက မီးတောင်ချော်ရည်ပူတွေလို အရှိန်ပြင်းပြင်းနဲ့ လျှံထွက်ကုန်သည်။ စုပ်ယူထားမိတဲ့ နှုတ်ခမ်းပါးတွေ ငြိမ်သက်နေခြင်းကို အားမလိုအားမရမတင်းတိမ်။ လျှာဖျားကိုနယ်ချဲ့လိုက်တော့လည်း အရာရာကို ခွင့်ပြုနားလည်ပေးထားတဲ့ ပီအိုက်နှုတ်ခမ်းထက်ရှိ နွေးထွေးမှုတို့က King နှလုံးသားကို နှစ်သိမ့်ကြင်နာနေသလိုပင်။
ပါးပြင်ကမျက်ရည်တွေ ထပ်မံစိုစွတ်လာချိန်မှာတော့ King ရဲ့မျက်ဝန်းတွေဆီက မဟုတ်တော့မှန်း King သိလိုက် သည်။ နှုတ်ခမ်းပါးတွေကို ဖယ်ခွာလိုက်ပေမယ့် ထာဝစဉ် မပြောင်းလဲမယ့် King အတွက် တသီးတသန့်ဖြစ်တည်ခဲ့တဲ့ ကြင်နာရိပ်နဲ့ မျက်ဝန်းတွေကိုဆုံစည်းခွင့်ရ၏။ ငြိမ်းချမ်းစွာရှိနေတတ်တဲ့ မျက်ဝန်းတို့က အရည်ကြည်တွေကို King လက်မနဲ့ ဖွဖွသပ်ယူလိုက်ပြီးနောက်မှာ ပီအိုက်ကို တွန်းလဲပစ်ပြီး ပီအိုက်လည်တိုင်မှာ မျက်နှာအပ်ပစ်လိုက်သည်။ ပီအိုက် နားလည်မှာမဟုတ်ပေမယ့် ဒီအခြေအနေမှတော့ King ရပ်တန့်ဖို့မစွမ်းနိုင်တော့။
“အ!”
အရာရာကို ခံစားလွယ်နေတဲ့ ပီအိုက်က King အတွက်တော့ ဘာမှမသိတဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်နဲ့ တူသည်။ tracksuit ဇစ်ကိုအကြမ်းဗရမ်း ဆွဲဖြုတ်လိုက်ချိန်မှာ ကျစ်လစ်တဲ့ရင်အုပ်ကျယ်ကျယ်က King စိတ်အာရုံရဲ့ ဦးတည်ရာအဖြစ်။ လည်တိုင်ကဆင်းတဲ့အနမ်းတွေက ရင်ဘတ်တစ်ဖက်တစ်ချက်မှာနေရာယူပြီး အရာရှိချင်နေတဲ့ ဝမ်းဗိုက်သားတို့အပေါ်လည်း မချန်လှပ်။ King နှုတ်ခမ်းတို့အစုန်အဆန်ပြေးတဲ့အတိုင်း ပီအိုက်က တိုးဖွဖွညည်းသည်။
“စက်...”
ခေါ်သံမဟုတ်တဲ့ နာမည်ရေရွတ်သံအပိုင်းအစတို့က King ကိုမီးလောင်တိုက်သွင်းသည်။ King ကိုယ်တိုင် ရှပ်အင်္ကျီရင်ဘတ်ကို ဆွဲဖြဲပြီးချိန်မှာတော့ အနမ်းတွေရဲ့ဦးတည်ရာက နှုတ်ခမ်းတွေဆီမှာဖြစ်တည်ပြန်သည်။ ပီအိုက်ရုန်းလာချိန်မှာပဲ ပီအိုက်အောက်နှုတ်ခမ်းသားကို King သွားနဲ့ခပ်စပ်စပ်ကိုက်ချပစ်လိုက်၏။
“အ!”
ပေါက်ပြဲထွက်လာတဲ့ နှုတ်ခမ်းပါးဆီမှ ညှီစို့စို့အရသာက လျှာဖျားထဲပျော်ဆင်းသွားသည်။ ပီအိုက်က ပူးကပ်နေတဲ့ ခန္ဓာကိုယ်နှစ်ခုကို ဆွဲခွာလိုက်ပေမယ့် လက်တွေရဲ့အားက နှာဖျားတစ်ထောက်စာသာဝေးကွာစေသည်။
“ကျေနပ်ပြီလား၊ တော်တော့ ကျေနပ်ပြီဆိုတော်ပါတော့”
အသံမှာနွမ်းလျမှုတွေပါသည်။ မျက်ဝန်းတွေကညှို့ရီနေ၏။ ပီအိုက် ပါးနှစ်ဖက်ကိုအုပ်ကိုင်ပြီး King ခေါင်းခါလိုက်ချိန်မှာ မျက်ရည်စတွေလည်းလွင့်စင်သွားသည်။
“ကျွန်တော် ဒီနေ့မသေနိုင်ဘူးဆိုရင် အဆုံးထိ နာကျင်ကြည့်မယ်။ နာကျင်မှုကို ပီအိုက်ဆီကခံယူပြီး သေရင်လည်း ပီအိုက်လက်ထဲမှာပဲ သေမယ်”
King စကားရဲ့အနက်အဓိပ္ပါယ်ကို မခွဲခြားလိုက်နိုင်ပေမယ့် King ရဲ့ မဲ့ပြုံးတစ်ချက်မှာ ဟန်စစ်တွေဝေသွားခဲ့သည်။ လက်ချောင်းသွယ်သွယ်တို့က ခါးပတ်ခေါင်းကိုဆွဲဖြုတ်ပြီး အတွင်းခံနဲ့အတူ ဆွဲချွတ်ပစ်လိုက်ချိန်မှာတော့ ဟန်စစ် မျက်လုံးတွေကို အလန့်တကြားမှိတ်မိရ၏။ ဒါဘာဖြစ်နေတာလဲလို့ ဆက်စပ်တွေးလို့မရလိုက်ဘဲ ဟန်စစ်ကိုယ်အောက်ပိုင်းလည်း အဝတ်တွေကင်းမဲ့သွားခဲ့သည်။ ပက်လက်ကနေပဲ King ရဲ့ပုခုံးနှစ်ဖက်ကိုဆွဲကိုင်ပြီး တားဆီးဖို့ပြင်လိုက်ပေမယ့် ဟန်စစ်ရဲ့ ယောက်ျားပီသတဲ့အစိတ်အပိုင်းက King ခန္ဓာကိုယ်ထဲ အစိမ်းသက်သက်ထိုးဖောက် ဝင်ရောက်သွားခဲ့၏။
“စက်!”
ဟန်စစ်ပေါင်ရင်းအထိစူးအောင့်သွားပေမယ့် စက္ကန့်ပိုင်းအတွင်း စိုစွတ်လာတဲ့ဆက်သွယ်ခြင်းကြောင့် ဟန်စစ်အပေါ် လက်ထောက်လျက်က ပျော့ခွေကျလာတဲ့ King တစ်ကိုယ်လုံးကို ရင်ခွင်ထဲပွေ့ယူလိုက်ရသည်။ ဗလာကျင်းနေတဲ့ ရင်ဘတ်နှစ်ခုရဲ့ထိတွေ့ခြင်းကနေ အပူရှိန်ကိုခံစားရသလို အောက်ပိုင်းရဲ့ဆက်နွယ်ခြင်းကနေလည်း အသွေးအသားတွေ ပူလောင်လာနေလျက်။
“မိုက်မဲလွန်းတယ် King ရာ”
အသည်းခိုက်မတက်နာကျင်ခြင်းက ပီအိုက်ရဲ့ အပြစ်တင်သံမမည်တဲ့စကားသံမှာ မျက်ရည်တွေအဖြစ် ခုန်ဆင်းသည်။ King ရဲ့ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက် ချိတ်ဆက်ထားတဲ့ ပီအိုက်ရဲ့ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားရတယ်ဆိုတဲ့အသိမှာ မျက်ရည်တွေက မရပ်တန့်သလို နွေးထွေးစွာပွေ့ဖက်လို့ မျက်ရည်တွေကို ဖွဖွသုတ်ပေးနေတဲ့ ပီအိုက်က King အတွက် သီးသန့်ဖြစ်တည်မှုမျိုးနဲ့ တည်ရှိပေးနေ၏။
“အရာအားလုံးကိုမေ့သွားတဲ့အထိ ပီအိုက်ကြောင့်ပဲ နောင့်စိုင်းကို နာကျင်ခွင့်ပေးပါ”
စိုအိုက်လာတဲ့မျက်ရည်တွေက King ကြောင့်ပဲမဟုတ်တော့။ ချိတ်ဆက်မှုကို မပြတ်စေဘဲ ပျော့ခွေကျချင်နေတဲ့ King တစ်ကိုယ်လုံးကို တင်းကြပ်နေအောင် ပွေ့ဖက်ထားလျက်နဲ့ပဲ ခေါင်းအုံးပေါ် ညင်သာစွာချပေးဖြစ်၏။ မျက်ရည်စတွေတင်ကျန်ပြီး အပြုံးတွေဖျော့တော့နေတဲ့ King ရဲ့ နဖူးပြင်ပြေပြေကို ဟန်စစ်နှုတ်ခမ်းနဲ့ အမြတ်တနိုး ဖိကပ်နမ်းရှိုက်မိသည်။ သွေးကြောစိမ်းနဲ့ပါးပြင်နုနုအပြင် နှာတံချွန်ချွန်မှာလည်း ဟန်စစ်နှုတ်ခမ်းတစ်စုံ နေရာကျသည်။ King ကိုယ်ထဲဝင်ရောက် နေတဲ့အစိတ်အပိုင်းကြောင့် နာကျင်စေမှာစိုးသည့်စိတ်နှင့် လှုပ်ရှားမှုတွေကို ထိန်းသိမ်းနေရပေမယ့် ဟန်စစ် ရင်ထဲကထိန်း မနိုင်သိမ်းမရရုန်းကန်နေတဲ့နှလုံးသားကိုတော့ လွတ်လပ်ခွင့်ပေးထားရ၏။
ဟန်စစ်ရင်ခွင်ထဲ ရဲစွေးနေတဲ့အဖြူရောင်ကိုယ်လုံးလေးကို တင်းကြပ်စွာပွေ့ပိုက်ပြီး ဝမ်းနည်းနာကျင်တဲ့ မျက်ဝန်း တွေနဲ့ ငေးစိုက်နေသူကို နက်နဲနင့်သည်းလွန်းတဲ့အနမ်းတွေနဲ့ နှစ်သိမ့်မိသည်။ King ရဲ့စိတ်ရောကိုယ်ပါ ပွန်းပဲ့ထိခိုက် သွားမှာစိုးမိစိတ်နဲ့ ဟန်စစ် လှုပ်ရှားမိသမျှအပြုအမူတိုင်းက ညင်သာစွာဖြစ်တည်သည်။ မိုက်မဲလွန်းတယ်လို့ ဟန်စစ် ပြောမိခဲ့ပေမယ့် နီရဲစိုရွှဲနေတဲ့မျက်နှာလေးကိုကြည့်ရင်း ရင်ခုန်သံတွေနောက်လိုက်မိတဲ့ ဟန်စစ် အကြင်နာအနမ်းတို့က King ရဲ့ပါးပြင်တို့ထက် မက်မောလွန်းစွာ အရူးအမူးဖြစ်နေပြန်၏။
ဟန်စစ်ဦးဆောင်မှုနောက် အရာအားလုံးပုံအပ်လက်ခံပေးနေသူရဲ့ ကြင်နာခြင်းတို့ကြောင့် အရိုင်းဆန်ချင်တဲ့ ထိတွေ့မှုမှန်သမျှက သိမ်မွေ့စွာဖြစ်တည်ကြ၏။ ဟန်စစ်လည်တိုင်ကို ခိုတွဲသိုင်းဖက်ထားသည့် လက်ချောင်းသွယ်သွယ်တွေ၊ ရီဝေယစ်မူးနေသည့်မျက်ဝန်းလေးတွေထိ ဟန်စစ်အနမ်းတွေ တဖွဲဖွဲကြွေသည်။ ရင်ခုန်သံတွေနဲ့ ပြီးမြောက်သွားတဲ့ ခရီးရှည်ရဲ့အဆုံးမှာ နှစ်ယောက်သား အပြန်အလှန်ဖက်တွယ်ထားမိကြဆဲ။
ဟန်စစ်နှုတ်ခမ်းပေါ် ဖိကပ်လာတဲ့ နှုတ်ခမ်းပါးနွေးနွေး၊ ချွေးစတို့ခိုတွဲနေသည့် ဟန်စစ်ဆံပင်တို့ကြား ပွတ်သပ်လာ တဲ့ လက်ချောင်းသွယ်တွေ။ အဆုံးမရှိ ဟန်စစ် နမ်းရှိုက်နေမိတဲ့ ပါးပြင်တို့မှာ မျက်ရည်တွေမရှိတော့။ ရင်ခုန်သံတွေနဲ့ နွေးထွေးနေတဲ့ ဟန်စစ်ရင်ခွင်ထဲ King ကို တိုးလို့ဖက်တွယ်ထားမိ၏။ မလုံလောက်ပေမယ့် ဟန်စစ် မေတ္တာနဲ့ ငြိမ်းချမ်းစေဖို့ ရည်ရွယ်သမျှ King တစ်ယောက်တည်းအတွက်။ ဟန်စစ်ရင်ခွင်နဲ့ကပ်နေတဲ့ King မျက်နှာလေး နွေးထွေးသလို၊ ဟန်စစ် ခါးပေါ်က King လက်တွေကလည်း တင်းတင်းကြပ်ကြပ်။
“ပီအိုက်...ဟောက်ဟတ်ဆူ”
ဟန်စစ် နားမလည်လိုက်ပေမယ့် ဘယ်ဘက်ရင်ခွင်သိမ့်ခနဲခုန်ပြီး ဒီလူဆိုးကောင်ငယ်ကို ရင်ခွင်ထဲက လွတ်ထွက်မသွားနိုင်အောင် ဖက်တွယ်ထားမိတာ အဲ့ဒီတစ်နေ့လုံး။ အထိန်းအကွပ်မဲ့တဲ့ရင်ခုန်သံတွေလည်း မင်းနဲ့မှပဲ ကမောက်ကမ။
ထိစပ်နေတဲ့ ရင်ခုန်သံနှစ်ခု။ နဖူးပြင်ကိုရိုက်ခတ်နေတဲ့ လေငွေ့နွေးနွေး။ ဒါတွေက အိပ်ရာထလို့ မျက်လုံးမဖွင့်ခင် King ခံစားသိမိသမျှတွေ။ အေးချမ်းစွာ အိမ်မောကျနေတဲ့ ပီအိုက်မျက်နှာကိုမြင်လိုက်တော့ ရင်ထဲမှာ ငြိမ်းချမ်းသွား၏။ ကြင်နာချင်လာတဲ့စိတ်ကို ထိန်းသိမ်းမနေဘဲ ပါးပြင်ထဲနှာခေါင်းနှစ်လို့ အသံမြည်အောင်နမ်းပစ်လိုက်တော့ အနည်းငယ် လှုပ်သွားသည်မှလွဲလို့ နိုးတော့မနိုး။ အသစ်အဆန်းဖြစ်တဲ့ ထိတွေ့မှုတွေကြောင့် ပီအိုက်စိတ်တွေ ပင်ပန်းသွားခဲ့လိမ့်မည်။ စူးအောင့်နေသည့်ခါးရိုးတစ်လျှောက်ကို လျစ်လျူရှုလိုက်ပြီး ခြုံထားသည့်စောင်စတို့ကို ဖယ်ကြည့်တော့ နှစ်ယောက်သားကိုယ်ပေါ် စွန်းထင်းနေတာတွေ။ ပေကျံနေသည့် အဝတ်စားတွေကိုဆွဲယူလိုက်ပြီး ပီအိုက်မနိုးခင် ရေချိုးခန်းထဲပြေးရသည်။ အပြင်မှာမိုးမလင်းသေးပေမယ့် တစ်ကိုယ်လုံးက နာကျင်မှုတွေကိုလျစ်လျူရှုပြီး King လှုပ်ရှားဖို့ပြင်လိုက်၏။
*****
အချိန်အားဖြင့် မနက်နှစ်နာရီ။ Hoodie အနက်ကို ခေါင်းစွပ်ပြီး mask အနက်ပါတပ်ထားတော့ King လှုပ်ရှားမှုတွေ သဲကွဲလိမ့်မည်မဟုတ်တော့။ တိုးမပေါက်တဲ့ သန်းခေါင်ကျော်အမှောင်မှာ တိမ်မည်းတွေလည်း ဖုံးလွှမ်းနေသည်။ ခြေထောက်ကိုဖွဖွနင်းပြီး စည်းတားထားသည့် ကြိုးတန်းတွေအောက်ကနေ လျှိုဝင်လိုက်၏။ လူသေမှုဖြစ်ထားတဲ့အိမ်နဲ့မတူအောင် အစောင့်အရှောက်တွေကင်းမဲ့၏။ ခပ်ဟဟပွင့်နေတဲ့တံခါးမကြီးကနေ အထဲကိုလှမ်းအကဲခတ်ရသည်။ တားမြစ်သင်္ကေတကြိုးတွေကို မီးရောင်မှိန်မှိန်အောက်မှာ မြင်ရသည်။ ရှေ့ခြေတစ်လှမ်းတိုးပြီး အိမ်ထဲဝင်တော့ ညှီစို့စို့အနံ့က နှာခေါင်းထဲကျူးကျော်၏။ လည်ချောင်းဝမှာပျို့တက်လာသလို မျက်ဝန်းထဲလည်း စိုစွတ်လာသည်။ ဧည့်ခန်းနဲ့ မီးဖိုခန်းသွားတဲ့တောက်လျှောက် သွေးကွက်တွေက မြင်မကောင်း။
“ဦးနဲ့ဦးမိန်းမ အသတ်ခံရတာကို ဦးသားနှစ်ယောက်က မျက်မြင်ကိုယ်တွေ့ကြည့်နေရတာဆိုရင် ဦးဘယ်လို ခံစားရမလဲ”
King ကိုယ်တိုင်ပြောခဲ့တဲ့စကားက နားထဲပဲ့တင်ထပ်လာသည်။ နိမိတ်ပဲဖတ်မိခဲ့တာလား။ ဒီလိုပြောခဲ့မိလို့ပဲ ကိုယ့်ကိုကိုယ် အပြစ်တင်မဆုံးနိုင်ဖြစ်နေမိခြင်းပင်။ တွေဝေခြင်းကို ရုတ်သိမ်းပြီး ပတ်ဝန်းကျင်ကို မလွတ်တမ်း အကဲခတ်ရသည်။ ဖြစ်နိုင်ချေရှိတဲ့ သဲလွန်စတွေကျန်မကျန်။ ဖရိုဖရဲအခြေအနေတစ်ခုမကျန် ဖုန်းနဲ့မှတ်တမ်းတင်ယူလိုက်ပြီး အပေါ်ထပ်က စာဖတ်ခန်းကိုသတိရတော့ ခြေလှမ်းတွေကို လှေကားဆီရွှေ့လိုက်သည်။
ခြေချလိုက်တိုင်း ထွက်လာသည့် လှေကားသံတကျွီကျွီက ညအမှောင်မှာ ကျယ်လောင်နေသလိုဖြစ်သည်။ ကြမ်းပြင်မှာပြိုဆင်းနေသည့် စာအုပ်တွေနဲ့ အခန်းတွင်းအခြေအနေက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သလား။ ရှူးဖိနပ်အောက်မှာ နင်းထားမိတဲ့ရှည်မျောမျောအရာကြောင့် ဆောင့်ကြောင့်ထိုင်ပြီး လက်နဲ့စမ်းယူနေတုန်း…
ချောက်!
တိတ်ဆိတ်နေတဲ့ ညအမှောင်မှာ နားထင်ပေါ်လာထောက်သည့် မာကြောကြောအရာနဲ့ ပေါ်ထွက်လာသည့်အသံ။ လက်တစ်ဖက်ကဖုန်းနဲ့ ခြေထောက်အောက်က ဆွဲထုတ်ထားသည့်အရာကို တင်းတင်းဆုပ်ကိုင်ထားမိဆဲ။ သတိအနေအထားနဲ့ King ခါးကိုမတ်လိုက်တော့ နားထင်ပေါ်ရှိအရာက ပိုဖိကပ်လာ၏။
“မင်း ဘယ်သူလဲ”
နောက်ကျောဆီက ထွက်လာသည့် အသံမာမာကြောင့် လှည့်ကြည့်ချင်ပေမယ့် နားထင်ပေါ်ရှိအရာက တားဆီးထားသည်။
“ခင်ဗျားကရော ဘယ်သူလဲ”
King မေးခွန်းပြန်ထုတ်တော့ အဖြေအစား စိတ်မရှည်သည့် ကျစ်စုတ်သံသာထွက်လာသည်။
“ကျော်ကျော်ထွန်းကို ရှာနေတာ မင်းမလား။ မင်းဘယ်သူလဲ။ ဘာကိစ္စ ဒီထိရောက်လာတာလဲ”
နားထင်ကို နစ်နစ်ဝင်လာတဲ့အရာက သေချာပေါက် သေနတ်ဖြစ်လိမ့်မည်။ King ရဲ့ကျောဘက်ကလူ လက်ညှိုးတစ်ချက် ကွေးလိုက်တာနဲ့ နောက်ဘဝကို စက္ကန့်ပိုင်းအတွင်း ကူးသွားနိုင်သည်။ သေချာတာနောက်တစ်ခုက King ကို ထိုလူ လတ်စမတုံးရဲ။ ဦးကျော်ကျော်ထွန်းနဲ့ King ရဲ့ဆက်နွယ်မှုကို မသိသလို King ရဲ့သရုပ်မှန်ကိုလည်း မသိတာကြောင့် အခုလို ထောင်ဖမ်းပြီး ခြိမ်းခြောက်နေတာဖြစ်မည်။ ဦးကျော်ကျော်ထွန်းကို ရှင်းပစ်ပြီး King ထွက်လာဖို့ အကွက်ဆင်လိုက်တည်းက လွန်ခဲ့တဲ့ဆယ်နှစ်က အမှုရဲ့တရားခံကလည်း ဒီလူပဲဖြစ်လိမ့်မည်ဟု King တထစ်ချ တွက်ဆလိုက်သည်။ အခြေအနေကို သုံးသပ်ပြီးမှ King အားရပါးရရယ်ပစ်လိုက်၏။
“ဟား...ဟား...ဟား... ဒီလိုနေရာက တစ်ယောက်နဲ့တစ်ယောက် နာမည်ပြောပြီး မိတ်ဆက်ရမယ့်နေရာလို့ ခင်ဗျား ထင်နေလား”
“မင်း တော်တော် စကားများတဲ့ကောင်။ ငါ ပစ်ထည့်လိုက်ရ မသာပေါ်တော့မယ်”
“Wow ကြိုက်တယ်။ ဒီနေ့မသေလည်း တစ်နေ့တော့သေရမှာပဲ။ စောစောသေတာနဲ့ နောက်ကျသေတာနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့သေတော့ လှတာပေါ့။ ပစ်မှာဆိုလည်း ပစ်လေ။ လူသတ်သမားကလည်း စကားတော်တော်များတယ်”
“ဘာ! မင်း! ငါ လူသတ်သမား မဟုတ်ဘူးကွ။ မင်းကတော့ ဆုံးမမှရတော့မယ်”
King သတိကပ်ထားတာကြောင့် သေနတ်ကိုင်ထားတဲ့လက် မြောက်တက်သွားတာသိသည်နှင့် ထိုင်ချပစ်လိုက်သည်။ မတ်တပ်ရပ်နေသည့် ထိုလူ့ခြေထောက်တွေကို ကန်ချပစ်လိုက်တော့ ထိုလူဗိုင်းခနဲပစ်လဲ၏။ လက်ထဲက သေနတ်ကျည်လည်း ပြေးထွက်သွားပြီး ကျယ်လောင်တဲ့ပေါက်ကွဲသံ ဟိန်းထွက်လာသည်။ ပြိုလဲကျလာတဲ့အိမ်နံရံနဲ့ လဲကျနေသည့် ထိုလူကို တစ်ချက်ကန်ခဲ့ပြီးမှ အိမ်အောက်ပြေးဆင်းရသည်။ လှေကားထစ်တွေကို ခုန်ကျော်ချလိုက်တော့ မထင်မှတ်ထားသည့်အရာက ဆီးကြိုသည်။ သေနတ်နဲ့ချိန်ထားသည့် လူတွေ။ အားလုံးရဲ့လက်ထဲက တူညီနေတဲ့သေနတ်တွေကြောင့် King စိုးထိတ်သွား၏။
ဒီအချိန်မှာပဲ အဝေးကပြေးလာသည့် ခြေသံအုပ်အုပ်ကိုကြားလိုက်ပြီး အိမ်ခန်းမကြီးတံခါးက ဝုန်းခနဲပွင့်လာသည်။ လက်ထဲမှာ တုတ်ကိုင်ထားတဲ့လူတွေနဲ့ သေနတ်ကိုင်ထားတဲ့လူတွေ လုံးထွေးကုန်ပြီး ကျည်ဆန်တွေလည်း ဦးတည်ရာမရှိ ပြေးထွက်ကုန်ကြသည်။ ကျည်ဆန်တွေ ပြေးလွှားနေသည့်အိမ်ထဲ King ဝပ်နေတုန်း ဂျိုင်းကမလို့ လာဆွဲခေါ်သည့် လူနှစ်ယောက်။ King ရုန်းလို့မရအောင်ဘဲ အားနဲ့ချုပ်ထားပြီး အိမ်ပြင်ကို ခေါ်ထုတ်နေခြင်းဖြစ်သည်။
အားနဲ့ဖိညှပ်ပြီး ခေါ်ထုတ်နေချိန် လှေကားမှဝရုန်းသုန်းကား ဆင်းလာသူက King ကိုသေနတ်နှင့် တည့်တည့်ချိန်ထားပြီးဖြစ်သည်။ ဆွဲချုပ်ထားသည့်လူနှစ်ယောက်လည်း မြင်သွားပုံရပြီး King လှမ်းလျှောက်စရာမလိုအောင်ပင် ဒရွတ်တိုက်ဆွဲပြေးကြသည်။
ခြံရှေ့မှာ အသင့်ရပ်ထားသည့် ကားနောက်ခန်းပေါ် King ကို ပစ်ထည့်ပြီးမှ သေနတ်တစ်လက်နှင့် အိမ်ထဲကပြေးထွက်လာသည့် လူဆီပြန်လှည့်ပြေးသွားတာက နောက်ဆုံးမြင်ကွင်းဖြစ်သည်။ ငြိမ့်ခနဲကားမောင်းထွက်သွားတာနဲ့ King မျက်နှာကိုဖုံးအုပ်ထားသည့် mask လည်း အကြမ်းပတမ်း ဆွဲချွတ်ခြင်းခံလိုက်ရ၏။
“ငါ မင်းခြေထောက်တွေကို ရိုက်ချိုးမိတော့မယ် စိုင်းစက်!”
“ပီအိုက်!”
“တောက်!”
ပီအိုက်တောက်ခေါက်သံကျယ်ကျယ်ကြောင့် ကားမောင်းနေသည့် လူပင်လှည့်ကြည့်သည်။ ကားပေါ်တွန်းတင်ခံလိုက်ရသည့် King မှာ ထိုင်နေရာပင်မကျသေး။ တရိပ်ရိပ်ဖြတ်ပြေးနေတဲ့ ကားပေါ် လမ်းမီးတိုင်မှကျလာသည့်အလင်းနှင့် အံကြိတ်ထားလို့တင်းကားနေသည့် ပီအိုက်မေးရိုးထင်းထင်းကို မြင်နေရသည်။ ချွေးစေးတွေကပ်နေသည့် လက်ထဲကအရာကို အင်္ကျီအိတ်ထဲထည့်လိုက်ပြီး ပီအိုက်လက်ကို လှမ်းကိုင်တော့ ဆောင့်ရုန်းခြင်းကိုခံရ၏။ ဒေါသတွေမြိုချနေပုံရသည့် ပီအိုက်က စကားတစ်ခွန်းမှမဆိုလာခဲ့။ ပီအိုက်ဘေးတိုးကပ်ပစ်လိုက်ပြီး ခါးကို တင်းတင်းဖက်ပစ်လိုက်တော့ လူချင်းဆွဲခွာသည်။ ပုခုံးတွေကို ဆုပ်ကိုင်လို့ King မျက်နှာကိုတည့်တည့်စိုက်ကြည့်၏။
“မင်း ရူးနေလား ဟမ်! အကြောက်အလန့်မရှိ အဲ့လိုနေရာကို တစ်ယောက်တည်းသွားရအောင် မင်းကိုမင်း ဘာထင်နေလဲ။ မင်းကိုမင်း တန်ဖိုးမထားရင်တောင် ငါ့ဘက်ကိုလည်း တစ်ချက်လောက်တော့ ကြည့်သင့်တယ်။ မင်းရက်စက်တဲ့ကောင် တောက်!”
တစ်ကိုယ်လုံးကိုဆွဲကိုင်လှုပ်ရင်း မရပ်မနားပြောတဲ့စကားကြောင့် King မျက်ရည်တွေကျရသည်။ King ကြောင့် ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေချင်တော့တာ။ သေရမယ်ဆိုရင်တောင် King ကြောင့် ဘယ်သူ့အသက်ကိုမှ ထပ်မပေးဆပ်စေချင်တော့တာ။ အထူးသဖြင့် ပီအိုက်။ ပီအိုက်က မျက်နှာလွှဲထားသလို King သည်လည်း အသံတိတ်မျက်ရည်ကျမိဆဲ။
“ကျွန်တော့်ကြောင့် ဘယ်သူ့ကိုမှ ထပ်စတေးမခံနိုင်တော့ဘူး။ ကျွန်တော် သေရင်သေပါစေ ကျွန်တော့်ကြောင့် ဘယ်သူမှ...ကျွန်တော့်ထက်အရင် ပီအိုက်သာ တစ်ခုခုဖြစ်သွားရင် အဲ့ချိန်ကျ ကျွန်တော် ကျွန်တော်”
လုံးလုံးထွေးထွေးနဲ့ ရေရွတ်နေမိတဲ့စကားတွေက ပီအိုက်ဆွဲသွင်းသည့် ရင်ခွင်ထဲမှာ ပျောက်ရှကုန်သည်။ ဘာစကားမှ ထပ်မဆိုနိုင်အောင် ပီအိုက်က တင်းတင်းကြပ်ကြပ်ဖက်ထားသလို King တစ်ကိုယ်လုံးလည်း ပီအိုက်ရင်ခွင်ကို ပြန်လည်ဖက်တွယ်ထားပြီး ပီအိုက်မေတ္တာနဲ့ စိတ်အမောတွေကို ဖြေဖျောက်မိ၏။ ပြေးလွှားနေသည့် ကားလေးက ရောင်နီတွေလာသည်အထိ မရပ်သလို ပီအိုက်ရင်ခွင်ထဲ King ခိုဝင်ဆဲ။
*****
ပူလာပြီဖြစ်တဲ့ရေပတ်ဝတ်ကိုဖယ်ပေးပြီး နဖူးပြင်ပြေပြေပေါ် လက်ဖဝါးနဲ့အုပ်ကိုင်စမ်းမိသည်။ အပူလျော့သွားပေမယ့် နိုးမလာသေးတာ နှစ်ရက်နီးပါး။ သွေးကြောစိမ်းစိမ်းထဲနစ်ဝင်နေတဲ့ ဆေးပိုက်တန်းလန်းနဲ့ drip ကလည်း ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ရင်ပူနေတာတွေက လက်ချောင်းသွယ်သွယ်တွေကို ဆုပ်ကိုင်ထားရမှ လျော့ကျတတ်နေခဲ့ပြီ။ အိပ်ပျော်နေပေမယ့် တစ်ချက်တစ်ချက် တွန့်ချိုးသွားတတ်တဲ့ မျက်ခုံးတန်းတန်းတွေကိုမြင်ရင် စိတ်ပူစွာနဲ့ ငေးကြည့်နေရပြန်သည်။ အသက်ရှုသံမှန်မှန်နဲ့ရှိနေခဲ့ရင်လည်း အနားကမခွာရက်နိုင်ပြန်။ ရင်းနှီးခဲ့ကြတာတွေက စည်းတစ်ခု ကိုကျော်ဖြတ်လိုက်ပြီးနောက်မှာ ဆုံးဖြတ်ချက်တစ်ချို့ကိုပါ ပြောင်းလဲပြင်ဆင်ပစ်ခဲ့ရတော့သည်။ စောင့်ရှောက်နေရုံနဲ့ မလုံလောက်တော့ပဲ ကာကွယ်ပြင်ဆင်ဖို့တွေပါ ရှိလာခဲ့ပြီ။
“ကိုဟန်စစ် နားလိုက်ပါဦး။ ကျွန်တော် ကြည့်ထားပါ့မယ်”
အချိန်အားဖြင့် မနက် ၁၀နာရီ။ အိပ်ခန်းထဲဝင်လာတဲ့ ကိုဆန်းလွင်သူရဲ့ သက်ပြင်းသံသဲ့သဲ့ကို ဟန်စစ်ကြားလိုက်ရသည်။ ဟန်စစ်သွားခေါ်လာတဲ့ ညကနေ အဖျားတွေတက်ပြီး သတိဝင်မလာတဲ့ King ကြောင့် ဆရာဝန်ကိုအိမ်ပင့်ပြီး ကိုဆန်းလွင်သူကိုပါ ခေါ်ထားရသည်။ ကိုဆန်းလွင်သူရှိပေမယ့် ဟန်စစ်ကိုယ်တိုင်ပဲ နေ့နေ့ညည စောင့်ကြည့်ပေးဖြစ်သည်။ အိပ်ရေးပျက်ရခြင်းထက် စိတ်ချလက်ချအိပ်ပျော်သွားဖို့တောင် ကိုယ့်ရဲ့ အသိစိတ်ဦးနှောက်က ဒီကောင်လေးအတွက် နိုးကြား နေ၏။
“ကိုဆန်းလွင်သူ ခဏလောက်စောင့်ပေးပါလား။ ကျွန်တော် သွားစရာရှိလို့”
“ကျွန်တော် ဒရိုင်ဘာကိုဖုန်းဆက်လိုက်ရမလား။ ခင်ဗျား ဒီ ၂ရက်လုံး လုံးဝမနားရသေးဘူးလေ”
“ရတယ်။ မဝေးပါဘူး။ ကျွန်တော် အမြန်ပြန်လာခဲ့မယ်” ဆုပ်ကိုင်ထားမိတဲ့လက်တစ်ဖက်ကို တစ်ချက်ဖျစ်ညှစ်လိုက်ပြီး အိပ်ပျော်နေတဲ့မျက်နှာလေးကို လှမ်းကြည့်လိုက်သည်။ ဒီကောင်လေး အေးချမ်းဖို့ ဘာတွေပဲရင်ဆိုင်ရ ရင်ဆိုင်ရ။
*****
“စစ်! ဘယ်လိုဖြစ်တာလဲ ပိတ်ရက်ကြီး။ နင် camp ဝင်နေရတယ်ဆို”
“ဘဘရှိလား ဥတု”
“အင်း...ရှိတယ်လေ။ လာ”
ဆံပင်ရှည်တွေလွင့်ခါနေအောင် ကျောခိုင်းသွားတဲ့ ဆောင်းဥတုထက် အိမ်ခန်းထဲပဲ လှမ်းကြည့်မိသည်။ ဒီထိရောက်လာဖို့ ဆုံးဖြတ်ချက်တွေအကြိမ်ကြိမ်ချပြီး စိတ်ကိုပြင်ဆင်ခဲ့ရသည်မလား။
“ဟန်စစ် ဘယ်ကနေလှည့်လာတာလဲ”
ကျောင်းတုန်းတည်းက ဝင်ထွက်သွားလာနေခဲ့တဲ့အိမ်ဖြစ်တာကြောင့် အပြင်အဆင်တွေက ဟန်စစ်နဲ့မစိမ်းသက်။ ထမင်းစားခန်းထဲကထွက်လာသည့် ဆောင်းဥတုဖေဖေရှေ့ကိုပဲ ဟန်စစ် တန်းတန်းသွားလိုက်သည်။
“ဘဘဆီပဲ တမင်လာတာပါ”
ဆောင်းဥတုအဖေဖြစ်တဲ့ ဦးမျိုးကျော်မျက်ခုံးတွေပင့်တက်သွားသလို နောက်မှာရပ်နေတဲ့ ဆောင်းဥတုမျက်ဝန်းတွေကလည်း စူးစမ်းလက်တောက်နေခဲ့သည်။ ဦးမျိုးကျော်ကတော့ စိုက်ကြည့်နေခဲ့တဲ့ ဟန်စစ်ကိုကြည့်ပြီး ဆောင်းဥတုကို လက်ဖက်ရည်နဲ့စားစရာပြင်ဆင်ခိုင်းသည်။
“လာကွာ”
ဦးမျိုးကျော်က ဧည့်ခန်းကိုဖြတ်ပြီး ဘုရားခန်းနဲ့တွဲလျက်ရှိနေသည့် သီးသန့်စာဖတ်ခန်းကိုခေါ်သွားခြင်းပင်။ မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီးမှ စာဖတ်ခန်းကို ဟန်စစ် ဝေ့ကြည့်လိုက်သည်။ စစ်မြေပြင်ရဲ့သမိုင်းကြောင်းတွေ အများဆုံး စုစည်းထားတဲ့ စာအုပ်စင်တွေက အနားယူထားပြီးဖြစ်တဲ့ လူကြီးတစ်ယောက်ရဲ့အဖော်ဖြစ်မည်။
“ဖေဖေဆုံးသွားရတဲ့ကိစ္စနောက်ကွယ်က ကြိုးကိုင်သူတွေကို ပြောပြပါ ဘဘ”
ဆေးပေါ့လိပ်ကို လက်လှမ်းနေတဲ့ ဦးမျိုးကျော်လက်က နေရာမှာတင် ရပ်တန့်သွားခဲ့သည်။
“ဘာပြောတယ် ဟန်စစ်”
မျှော်လင့်ထားပုံမရတဲ့ ဟန်စစ်စကားအတွက် ဦးမျိုးကျော်က အံ့ဩတကြီးဖြစ်သွားခဲ့သည်။
“ကိုရိုးပြောပြလို့ ကျွန်တော် သိသင့်သလောက်သိထားပြီးပြီ။ စစ်တပ်ရဲ့ဗိုလ်မှူးတစ်ယောက်ကိုတောင် စီရင်နိုင်တဲ့ အဲ့ဒီလူတွေက ဒီနိုင်ငံရဲ့ဘယ်လိုနေရာမှာ ရှိနေခဲ့တာလဲ။ ဘဘသိသလောက်ပြောပြပေးပါ”
“မဟုတ်သေးပါဘူး ဟန်စစ်ရာ”
ဦးမျိုးကျော်က ကျစ်စုတ်သပ်သည်။ မီးမညှိပါဘဲနဲ့ ဆေးပေါ့လိပ်ကိုနှုတ်ခမ်းဝမှာတေ့၏။ စိတ်ရှုပ်တဲ့အမူအရာတွေ အလျင်အမြန်ဖြစ်တည်သွားတာက ဖွင့်မပြချင်တော့တဲ့အတိတ်တွေကြောင့်ဖြစ်မည်။
“အခုချိန်မှသိရတော့ရော ဘာပြောင်းလဲသွားမှာမို့လို့လဲ”
“ဘဝတွေအေးချမ်းသွားမှာပါ”
စကားဝိုင်းက အပိုအလိုရှိမနေ။ စကားတွေဖောင်ဖွဲ့ပြောနေတာမျိုးက ဟန်စစ်အကျင့်မဟုတ်တာကို ဦးမျိုးကျော်လည်း သိတာကြောင့် တွေဝေခြင်းတွေဖြစ်သွားရင် တိတ်ဆိတ်မှုတွေအစားထိုးဝင်သည်။
“အရာအားလုံးက အစ်ကိုကြီးစစ်နိုင်နဲ့အတူမြေအောက်ကိုရောက်သွားခဲ့ပြီပဲ။ အခုလည်းငြိမ်းချမ်းနေပြီမဟုတ်လား။ ဘာကိုထပ်ရှိနေသေးလို့လဲ”
“မြေအောက်ရောက်သွားတာက အမှန်တရားတွေပါ ဘဘ။ ငြိမ်းချမ်းရေးဆိုတာက နှစ်ဦးနှစ်ဖက်လက်နက်ချမှရမယ့်ကိစ္စ။ တစ်ခါတစ်လေကျတော့လည်း ကိုယ်ကစစ်ခင်းနေတာမဟုတ်ပဲ ကျူးကျော်လာရင် ခုခံကာကွယ်ဖို့ဗျူဟာဆိုတာလည်း လိုအပ်တာပဲလေ။ ဗျူဟာခင်းဖို့အတွက် ဒီဒေသရဲ့ရေမြေအနေအထားက လိုကိုလိုအပ်တယ်။ ဒါက စစ်မက်ဖြစ်ဖို့ လိုလားတာမဟုတ်ဘဲနဲ့ ကိုယ့်အတွက်ကို ကာကွယ်တာမျိုး”
ဝင့်ကြည့်လာတဲ့ ဦးမျိုးကျော်မျက်ဝန်းတွေကို ဟန်စစ်မရှောင်ရှားမိ။ ဖေဖေနဲ့အထိအတွေ့နည်းခဲ့ပေမယ့် ဟန်စစ် ကိုယ်ထဲစီးဆင်းနေတာ ဦးစစ်နိုင်ရဲ့သွေးပဲလေ။ တိုင်းပြည်ကိုကာကွယ်ခြင်းနဲ့မနှိုင်းကောင်းပေမယ့် ဟန်စစ်ကာကွယ်ရမယ့် အရာကလည်း ဟန်စစ်အတွက်တော့ အသက်နဲ့ထပ်တူအရေးကြီးနေခဲ့၏။
“ဗိုလ်မှူးစစ်နိုင်ရဲ့သားမှန်း မပြောလည်းသိမှာပဲ”
ဦးမျိုးကျော်မျက်ဝန်းတွေက ပေါ့ပါးမှုနဲ့ရွှင်ပျနေခဲ့သည်။ ဟန်စစ် တင်းထားရသမျှ စိတ်တွေကလည်း မီးကိုရေနဲ့ ငြိမ်းလိုက်သလို ညွှတ်ကျသွားရသည်။
“ငါတို့နိုင်ငံလျှောက်ခဲ့ရတဲ့လမ်းက ရှည်ပြီးကြမ်းတမ်းခဲ့တယ်။ အခုလည်းချောမွေ့နေတာမဟုတ်ပေမယ့် သူ့ကာလနဲ့သူ အဆိုးဆုံးတွေကို ပွေ့ဖက်ထားရတဲ့အချိန်ပေါ့”
ဒီတစ်ကြိမ်တော့ ဦးမျိုးကျော်က ဆေးပေါ့လိပ်မီးကိုညှိခဲ့ပြီးဖြစ်သည်။
“အာဏာနဲ့နိုင်ငံကိုအုပ်ချုပ်နေရတဲ့အချိန်မှာ အာဏာရှင်ရဲ့နာမည်ကိုအသုံးချပြီး ဂုတ်သွေးစုတ်နေတဲ့ လူတစ်ယောက်ရှိတယ်။ မိန်းမဖျက်ရင်ပြည်ပျက်တယ်တဲ့ ကြားဖူးတယ်မလား။ ပြည်မပျက်ပေမယ့် အေးချမ်းတဲ့ဘဝတွေကို ဖျက်ဆီးမယ့် အဲ့လိုမိန်းမမျိုးရှိခဲ့တယ်။ ဒေါ်ရွှေယဉ်နုတဲ့။ အာဏာကုန်ရထားတဲ့မောင်ရဲ့ကျေးဇူးနဲ့ လိုနေတာက ငွေပဲလေ။ အာဏာကိုအလွဲသုံးစားလုပ်ပြီး ငွေရှင်ကြေးရှင်တွေဆီက ထောက်လို့ရသမျှ ပစ္စည်းတွေကို ပြန်မပေး။ အနိုင်ကျင့်အပိုင်သိမ်း။ အခုလို နည်းပညာတိုးတက်တဲ့ခေတ်လည်းမဟုတ်တော့ ဒီသတင်းစကားတွေက လူထုဆီဘယ်ပြန့်မလဲ။ နောက်ဆုံး လက်လွန်ပြီးပေါ်လာတာက ငါးလောင်းပြိုင်လူသတ်မှု။ ဘိုးစဉ်ဘောင်ဆက်ထိန်းသိမ်းလာတဲ့ ပတ္တမြားကို အကြောင်းပြုပြီးဖြစ်တာဆိုတဲ့ သတင်းစကားတွေလည်းအမျိုးမျိုးပဲ။ နောက်ကွယ်ကအကြောင်းရင်းမှန်ကိုတော့ ကာယကံရှင်တွေပဲ သိလိမ့်မယ်။ အစ်ကိုကြီးစစ်နိုင်ကိုနွယ်လာတဲ့အကြောင်းပြချက်ကတော့ ဒီမျိုးနွယ်ရဲ့နောက်ဆုံးလက်ကျန်သွေးသားကို ထိန်းသိမ်းထားခဲ့တာကြောင့်ပဲ”
ဦးမျိုးကျော် ဆေးပေါ့လိပ်ကိုတရှိုက်ဖွာပြီး ဟန်စစ်ကိုကြည့်လာသည်။ သိပြီးသားကိစ္စရပ်တွေအတွက် တကူးတက တုန်လှုပ်မပြတာကို ကြည့်ပြီး ဦးမျိုးကျော်ကလည်း အထွေအထူးမေးမလာ။ ဆောင်းဥတုလည်းအခန်းထဲဝင်လာတော့ စကားစပြတ်သွားသည်။ လက်ဖက်ရည်နဲ့မြန်မာမုန့်အနည်းငယ်ထည့်ထားတဲ့ဗန်းကို စားပွဲပေါ်ချပေးအပြီး အလိုက်တသိနဲ့ပဲ နေရာကပြန်ထွက်သွား၏။ ဒီတော့မှ ဦးမျိုးကျော်က စကားပြန်ဆက်သည်။
“ကောင်လေးကိုထုတ်ပေးဖို့ အစ်ကိုကြီးကိုတိုက်ရိုက်ခေါ်ပြောလာတဲ့လူက ဒေါ်ရွှေယဉ်နုနဲ့ ပတ်သက်ရာပတ်သက်ကြောင်းဖြစ်နေတဲ့လူ သူ့နာမည်က ရဲသွင်။ ဒုတိယဗိုလ်မှူးကြီးအဆင့်ပေါ့ အဲ့တုန်းက။ ကောင်လေးထွက်ပြေးသွားတယ်ဆိုတဲ့စကားနဲ့ ရှောင်လွဲခဲ့ပေမယ့် အစ်ကိုကြီးလက်ထဲမှာပဲရှိနေတာသိသွားတဲ့အချိန်မှာ ဘယ်အရာမှ ပြင်ဆင်ချိန်မရှိတော့ဘူး။ ပြင်ဆင်လို့ရရင်တောင် အစ်ကိုကြီးကနောက်ဆုတ်မှာမဟုတ်တာ သေချာတယ်။ အစ်ကိုကြီးက ပုံမှန်ကံကုန်လို့သေတာ မဟုတ်မှန်း ဒေါက်တာနွေမိုးဆောင်းရယ်၊ ငါရယ်၊ အရိုးရယ်ပဲသိကြတာ။ ဒါပေမယ့် ဒါကအစ်ကိုကြီးရွေးချယ်တာမို့လို့ ငါတို့ အားလုံး ဒီမှာတင်ရပ်ဖို့ ဆုံးဖြတ်လိုက်ကြတာ အစ်ကိုကြီးရဲ့နောက်ဆုံးဆန္ဒ”
ဒူးပေါ်တင်ထားတဲ့ ဟန်စစ်လက်တို့တင်းကြပ်နေခဲ့သည်။ အင်္ကျီရင်ဘတ်အပေါ်ကနေမှ ဆုပ်ကိုင်ထားမိရတဲ့ ဆွဲကြိုးပေါ်ရှိ လက်ချောင်းတို့ကလည်း တင်းတင်းကြပ်ကြပ်။
“အစ်ကိုကြီးရဲ့နောက်ဆုံးဆန္ဒဖြစ်လို့ ဒီအရာတွေကို ဒီနေရာမှာတင် ပြည်ဖုံးကားချ ဟန်စစ်။ သားတစ်ယောက်အနေနဲ့ သိခွင့်ရှိလို့ ဘဘကပြောပြရုံပဲ”
“အဲ့လူတွေရော။ သူတို့ဘယ်ရောက်ကုန်လဲ ဘဘ”
မငိုတတ်ပေမယ့် ဟန်စစ်အသံက အက်ကွဲချင်နေခဲ့သည်။ အမူအရာတွေကို ထိန်းသိမ်းလိုက်နိုင်တာကတော့ ပီပြင်ပုံရ၏။
“သမ္မတတင်မြှောက်ပြီး ဒီမိုကရေစီဖြစ်လာတဲ့ခေတ်မှာတော့ သူတို့လည်းပျောက်ချင်းမလှပျောက်သွားတာပဲ။ သူတို့ လက်ပါးစေတွေလည်း အစိုးရဌာနတွေမှာ သိပ်ကြာကြာမနေလိုက်ရပါဘူး။ အကုန်လုံး ပင်စင်ယူပြီး ဇာတ်မြှုပ်နေကြတော့တာပဲ။ ဒေါ်ရွှေယဉ်နုတို့ကတော့ စင်္ကာပူမှာနေတယ်လည်းကြားတယ်။ ရန်ကုန်မှာရှိနေသလိုလိုလည်းပြောပေမယ့် ဘယ်သူမှ သေချာမသိဘူး”
ဒီလူတွေရန်ကုန်မှာရှိနေသေးကြောင်းကို ဟန်စစ် ထုတ်မပြောဖြစ်တော့။ ရင်ဆိုင်ရမယ့်လူတွေရဲ့အနေအထားကို သိရရုံနဲ့တင် ဟန်စစ်ကာကွယ်ရမယ့်အရာအတွက် ပြင်ဆင်သင့်တာကို စဉ်းစားထားပြီးသား။
“ဆောင်းဥတုကို ဘဘ ဘယ်တော့စိတ်ချရမလဲ ဟန်စစ်”
နောက်ဆုံးတော့ ဟန်စစ်လျစ်လျူရှုလို့မရတဲ့ အပိုင်းအခြားကိုဦးတည်လာရသည်။ နှစ်လိုလက်ရပြုံးပြလိုက်တဲ့အထဲ ဟန်စစ်စိတ်ရင်းပါဝင်၏။
“ဥတုက ကျွန်တော့်အတွက် မောင်နှမအရင်းနဲ့မခြားပါဘူး။ ပြီးတော့ နားနဲ့မနာဖဝါးနဲ့နာပါ။ ကျွန်တော် တာဝန်ယူပေးရမယ့်လူရှိနေပြီ ဘဘ”
“ဟေ! ဘယ်ကလဲ။ ဘယ်သူလဲ။ မင်းမချစ်ဘဲနဲ့ အတင်းအကြပ်”
“ကျွန်တော်က ရယူခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင် လိုလိုလားလားနဲ့”
ဦးမျိုးကျော်မျက်နှာမှာ နှမြောတသခြင်းတို့ရှိနေသည်”
“ဘယ်တတ်နိုင်ပါ့မလဲ။ ဖူးစာဆိုတာကလည်း ဇာတာမှာသတ်မှတ်ပြီးသားဆိုတော့။ တာဝန်ယူရမယ့်ကိစ္စဆိုလည်း ဒီတိုင်းကြီးမနေနဲ့ကွာ။ မြန်မြန်လုပ်စရာရှိတာလုပ်။ မိဘနေရာအတွက် လိုအပ်ရင်လည်း ဘဘကိုပြောပေါ့ ဟုတ်လား”
ဟန်စစ်ခေါင်းညိတ်လိုက်ပေမယ့် ရင်ထဲလေးလံသွားရပြန်သည်။ သာမန်ယောက်ျားမိန်းမမဟုတ်တဲ့အခြေအနေမှာ အနာဂတ်ကို ဘယ်လိုပုံဖော်ရတာလဲ ဟန်စစ်မသိ။
*****
နားထင်ကြောတွေ တဆစ်ဆစ်နဲ့ကိုက်ခဲပြီး ခန္ဓာကိုယ်ကလည်း ကိုင်ရိုက်ထားသလို နာကျင်နေ၏။ လှုပ်ရှားလိုက်ဖို့ကို မဝံ့မရဲနဲ့ ခါးရိုးတစ်လျှောက်စူးအောင့်နေသည်က အဆိုးဆုံးဖြစ်သည်။ နှုတ်ကအသံထွက် ညည်းညူမိသည်အထိ နာကျင်မှုကကြီးစိုးနေပြီး မျက်လုံးတွေကို အားယူဖွင့်ကြည့်တော့ King အိမ်ကိုပြန်ရောက်နေတာပင်။
“နိုးလာပြီလား”
“ပီအိုက်...”
ခက်ထန်မှုတွေ ပျောက်ကွယ်နေပြီဖြစ်တဲ့ ပီအိုက်မျက်နှာက King ကိုစိတ်ပူနေတာ သိသာသည်။ ခပ်ရေးရေးပြုံးလို့ King နဖူးကိုလက်ဖဝါးနဲ့အုပ်ကိုင်လာစမ်းသည်။
“မင်း အိပ်ပျော်နေတာ နှစ်ရက်ကျော်ပြီ”
King ခေါင်းသာညိတ်ပြနိုင်သည်။ ပြတင်းတံခါးမှ သဲ့သဲ့တိုးဝင်နေတဲ့အလင်းရောင်က အမှောင်ဘက်ကိုလုနေခဲ့ပြီ။ King လည်တိုင်အောက်ကနေ လက်လျှိုဝင်ပြီး ထထိုင်နိုင်ဖို့ ပီအိုက်ကထူပေးသည်။ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာကျင်မှုက မထိုင်နိုင်လောက်အောင် အာမေဍိတ်သံပြုမိတော့ ပီအိုက်ကိုယ်တိုင် King ဘေးဝင်ထိုင်သည်။ King ကို ရင်ခွင်ထဲ ကျောပေးမှီစေပြီး အသင့်ရှိနေတဲ့ ရေပတ်ဝတ်နဲ့မျက်နှာပြင်တစ်လျှောက် ခပ်ဖွဖွသုတ်ပေး၏။
“ပီအိုက် ကျွန်တော်...”
သုတ်လတ်စ ရေပတ်ဝတ်ကို မျက်နှာကခွာလို့ ပီအိုက်က King ကိုငုံ့ကြည့်သည်။ ပီအိုက်နဲ့ မျက်လုံးချင်းဆုံတော့ ပြောချင်တာတွေက လည်ချောင်းဝမှာတစ်စို့သွား၏။
“ကျွန်တော် တောင်းပန်ပါတယ်”
ဒီစကားကို King မနည်းအားယူပြောလိုက်ရတာဖြစ်သည်။ ပီအိုက် သက်ပြင်းဖွဖွချကာ King ကိုမျက်နှာလွှဲသွားသည်။
“ငါ မင်းဆီကကြားချင်တာ အဲ့စကားမဟုတ်ဘူး စက်”
King နားမလည်စွာ ငေးကြည့်တော့ ပီအိုက်က စောင်းငဲ့ကြည့်လာသည်။ မျက်ဆံနက်နက်မှာ အရည်ကြည်တွေ ရစ်သိုင်းနေတာ မသိသာပေမယ့် King မြင်နေရသည်။ ပီအိုက် ဘယ်လောက်တောင် စိုးရိမ်နေခဲ့လဲဆိုသည့် အတိုင်းအတာကို မှန်းဆကြည့်လိုက်တော့ မျက်ရည်တွေဖြိုင်ကျလာသူက King ဖြစ်နေသည်။ ပီအိုက်ကို တင်းတင်းဖက်ဖက်လို့ ရင်ခွင်ထဲ ခေါင်းတိုးဝှေ့တော့ ပြန်လည်သိုင်းဖက်လာသည့် ပီအိုက်ကိုယ်က နွေးနွေးထွေးထွေး။
King ကြားနေရသည့် ပီအိုက်ရင်ခုန်သံတွေကို ရေတွက်ရင်း မျက်ရည်တွေက ကျဆင်းလို့ကောင်းနေခဲ့သည်။ ဒီလိုတွေကြောင့် ပီအိုက်သူ့ကို စိတ်မချတာ။ ဒါပေမယ့် ပီအိုက်နဲ့ပတ်သက်ရင် အရာရာထိရှလွယ်နေတာတွေကိုလည်း ထိန်းချုပ်မထားချင်။ ပီအိုက်ရှေ့ပဲ ဟန်ဆောင်မှုကင်းကင်းနဲ့ရှင်သန်ချင်သည်။ ဒါက မထုတ်ပြနိုင်တဲ့အတိတ်နဲ့တော့မသက်ဆိုင်။
“မငိုနဲ့တော့ အားကုန်တယ်”
King မျက်နှာကို လက်နှစ်ဖက်နဲ့ဆွဲယူမော့စေပြီး မျက်ရည်တွေကိုသုတ်ပေးတော့ ရင်ထဲရှိအကောင်က ကဆုန်ပေါက်နေသည်။ သူနဲ့ကိုယ်ရင်းနှီးခဲ့တာတွေကို ပြန်ပြောင်းအမှတ်ရလိုက်တော့ King မျက်နှာတွေပိုပူလာသည်။ ပီအိုက် စွန့်ကြဲခဲ့တဲ့အကြင်နာတွေက အာရုံထဲဖြတ်ဝင်လာတော့ ရင်ခုန်သံတွေပါ ဝုန်းဒိုင်းကြဲလို့။ ပီအိုက်ရော ဘယ်လိုမှမနေဘူးလား။ ပီအိုက်မျက်ဝန်းတွေကနေ အဖြေရှာတော့ စိုးရိမ်မှုတွေလား၊ သနားဂရုဏာလား ဝေခွဲမရ။ ရုတ်တရတ် နွေးထွေးသွားတဲ့ နဖူးပြင်က ပီအိုက်ခြွေချတဲ့ အနမ်းနုနုကြောင့် ဖြစ်တည်တော့ King ကြောင်ငေးရပြန်သည်။ နာကျင်တာတွေကို အကြင်နာတွေကြောင့် မေ့လျော့နေတတ်ခဲ့ပြန်တာ ပီအိုက်ကြောင့်။
“ဟာ! King သတိရလာပြီ”
အခန်းထဲဝင်လာတဲ့ ကိုဆန်းလွင်သူကြောင့် King အလန့်တကြားဖြစ်သွားရသည်။ ပီအိုက်ပုခုံးပေါ်က ခေါင်းဖယ်လိုက်ပေမယ့် ဆေးထိုးအပ်ရှိမနေတဲ့ လက်တစ်ဖက်က ဆုပ်ကိုင်ခံလိုက်ရသည်။
“ကျွန်တော် ကြက်ပေါင်းစွပ်ပြုတ်နွှေးလာခဲ့မယ် ကိုဟန်စစ်”
“ဟုတ်ကဲ့။ ကူညီပေးပါဦး ကိုဆန်းလွင်သူ”
ပီအိုက်အပြုအမူအတွက် King တစ်ယောက်သာအထူးအဆန်းဖြစ်နေခဲ့ရင်း မျက်ခုံးတွေပင့်တက်သွားရသည်။
“ဘယ်လိုဖြစ်တာလဲ”
“ဘာကိုလဲ”
“ကိုဆန်းလွင်သူနဲ့လေ။ အရင်ကတော့ ကြည့်မရဘဲနဲ့”
“ကြည့်မရဘူးလို့ ငါပြောမိလို့လား”
ငဲ့ကြည့်လာတဲ့ပီအိုက်မျက်ခုံးတွေ တွန့်ချိုးနေပေမယ့် မျက်ဝန်းတွေက ရယ်မြူးရိပ်သမ်းသည်။ အရာအားလုံးကို မေ့ပျောက်ပြီး ပီအိုက်ရင်ခွင်ထက်တိုးဝင်ပစ်လိုက်သည်။ အင်္ကျီအောက်မှာ ပျောက်ကွယ်နေလိမ့်မည်ဖြစ်တဲ့ ဆွဲကြိုးကိုအပေါ် ကပင် ဆုပ်ကိုင်လိုက်သည်။ ခပ်ရေးရေးအပြုံးတွေနဲ့ ရင်ခွင်ထဲကနေ မော့ကြည့်လိုက်တော့ ပီအိုက်ရဲ့ ကြင်နာနူးညံ့တဲ့ မျက်ဝန်းတွေနဲ့ဆုံစည်းသည်။
ပီအိုက်အတွက်ရှင်သန်နေတဲ့ အတ္တတွေနိုးထလာတော့ တင်းတင်းစေ့ပိတ်ထားတဲ့ ပီအိုက်နှုတ်ခမ်းတွေကို မေ့မေ့မူးမူး သိမ်းယူမိပြန်သည်။ ဒီအခြေအနေကို ပီအိုက်သိလား။ King တို့ ဘယ်လိုဆက်ဆံရေးဖြစ်နေပြီလဲ ပီအိုက်နားလည်ရဲ့လား။ မေးခွန်းတွေက အနမ်းတွေအောက်မှာ ဝပ်ဆင်းနေခဲ့ပြီး ရင်ခုန်သံတွေသာ ကြီးစိုးနေခဲ့သည်။
*****
January 29.2020 (Wednesday)
🎞
KING -23
“ကြၽန္ေတာ့္ေၾကာင့္ျဖစ္တာ။ ကြၽန္ေတာ္သာမသြားခဲ့ရင္ အခုလိုျဖစ္မွာမဟုတ္ဘူး။ ကြၽန္ေတာ့္ေၾကာင့္!”
ကားေပၚကဆင္းဆင္းခ်င္း အိမ္ထဲေျပးဝင္ၿပီးေနာက္ King က အုတ္နံရံကိုလက္သီးနဲ႕ထိုးသည္။ King ရဲ႕လက္ဖ်ံကေန ဟန္စစ္ ဆြဲထိန္းကိုင္ေနေပမယ့္ ထိန္းခ်ဳပ္ရခက္ေန၏။ စိတ္ခံစားခ်က္ေတြ ျပင္းထန္ေနပုံရၿပီး ေနာက္တစ္ႀကိမ္ ေမ့လဲသြားမွာကိုလည္း ဟန္စစ္စိုးရိမ္သည္။ ေဆး႐ုံေခၚသြားဖို႔လည္း ဒီအေျခအေနနဲ႕မျဖစ္။ အႏၱရာယ္ရွိတဲ့အရာေတြနဲ႕ ေဝးေဝးထားဖို႔ ႀကိဳးတုပ္ထားရမလိုပင္။
King ခါးကေန ဆြဲေပြ႕လိုက္ၿပီး အိပ္ခန္းထဲက ခုတင္ေပၚ ပက္လက္လွန္ပစ္ခ်လိဳက္မိသည္။ ႐ုန္းရင္းဆန္ခတ္ ျပန္ကုန္းထဖို႔လုပ္ေနသည့္ King လက္ႏွစ္ဖက္ကိုခ်ဳပ္လိုက္ၿပီး ေပါင္ရင္းႏွစ္ဖက္ကို ဟန္စစ္ဒူးနဲ႕ ဖိထားရသည့္အေျခအေန။
“မင္းေၾကာင့္မဟုတ္ဘူး စိုင္းစက္။ လူတစ္ေယာက္ရဲ႕ ေသျခင္း၊ ရွင္ျခင္းက ဘာလို႔မင္းေၾကာင့္ျဖစ္ရမွာလဲ။ ကိုယ့္ကိုကိုယ္အျပစ္မတင္နဲ႕။ ငါ့ကိုၾကည့္ ငါ့ကိုလည္းၾကည့္ဦး။ မင္း ဒီလိုျဖစ္ေနတာကို ဘာမွမလုပ္ေပးနိုင္တဲ့ ငါ့ကိုလည္း ၾကည့္ေပး ပါဦး”
ဟန္စစ္ေအာ္ဟစ္ပစ္လိုက္ေတာ့ ႐ုန္းကန္ေနတာေတြ ၿငိမ္က်သြားသည္။ ဘာမွမေျပာေတာ့ဘဲ အံကိုတင္းတင္းႀကိတ္ၿပီး မ်က္ရည္ေတြစီးက်ေနပုံက ဟန္စစ္ကို ပိုစိတ္ပူလာေစျပန္သည္။
“စိုင္းစက္ အံႀကိတ္မထားနဲ႕။ ငါေျပာတာၾကားလား။ စက္! စိုင္းစက္! စိုင္းစက္အာဏာရွင္!”
ပါးကိုခပ္ဆတ္ဆတ္ေလးရိုက္ၿပီး သတိေပးေနေပမယ့္ King ကအသိမရွိေတာ့သူလိုလည္ပင္းကို က်ိဳးက်မတက္ေစာင္းထားခဲ့သည္။ ဟန္စစ္ ေခ်ာက္ခ်ားလာေနရင္း King ရဲ႕ ပါးျပင္ႏွစ္ဖက္ကို အုပ္ကိုင္ၿပီး ကိုယ္တိုင္လည္း မ်က္ရည္ေတြက်လာရ၏။
မေမွ်ာ္လင့္ဘဲ King ကိုအုပ္မိုးထားသည့္ ဟန္စစ္ လည္တိုင္ကေန လက္ခနဲေလွ်ာဆင္းသြားတဲ့ဆြဲႀကိဳးေၾကာင့္ King အၾကည့္ေတြ ဟန္စစ္ဆီေရာက္လာသည္။ King လည္တိုင္ေပၚ ေဖးတင္သြားသည့္ဆြဲႀကိဳးရွိလက္စြပ္ကို လက္ေခ်ာင္းေတြနဲ႕ ဆြဲမၾကည့္ခ်ိန္အထိ ဟန္စစ္လက္ေတြက King ပါးျပင္ကိုအုပ္ကိုင္ထားမိဆဲ။
တစ္ဖ်တ္ဖ်တ္လက္ေနတဲ့ စိန္ပြင့္ေတြလို King မ်က္ဝန္းက မ်က္ရည္ၾကည္ေတြက ဟန္စစ္လက္ေခ်ာင္းေတြကိုပါ ျဖတ္ၿပီးလ်င္လ်င္ျမန္ျမန္ စီးဆင္းၾကသည္။ ေငးၾကည့္ေနမိတဲ့ ဟန္စစ္မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႕ ဆြဲယူလိုက္ၿပီးေနာက္မွာ ႐ုတ္တရတ္ဆန္စြာနဲ႕ပဲ ဟန္စစ္ႏႈတ္ခမ္းေတြပူႏြေးသြားသည္။ မွိတ္လိုက္မိတဲ့မ်က္ဝန္းေတြကို အလန႔္တၾကား ဖြင့္ၾကည့္မိခ်ိန္မွာေတာ့ King ရဲ႕မ်က္ရည္စိုေနတဲ့မ်က္ေတာင္စိပ္စိပ္ေတြကို အနီးကပ္ျမင္ခြင့္ရ၏။
ဟန္စစ္ ႏွလုံးသားဆတ္ဆတ္ခါၿပီး အေပၚတစ္လွည့္ေအာက္တစ္လွည့္ ရစ္ပတ္စုပ္ယူခံေနရတဲ့ ႏႈတ္ခမ္းသားတို႔က စိုစြတ္တဲ့အထိအေတြ႕ေအာက္မွာ တုန္ယင္ခ်င္လာသည္။ တစ္ႀကိမ္တစ္ခါမွ စမ္းသပ္ဖူးျခင္းမရွိခဲ့တဲ့ အရိုင္းဆန္တဲ့ ႏႈတ္ခမ္းပါးေတြက King ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ ခံစစ္မရွိက်ရႈံးခဲ့ၿပီး ဟန္စစ္တစ္ကိုယ္လုံးလည္း မျမင္ရတဲ့အားအင္ တစ္ခ်ိဳ႕ေၾကာင့္ ႐ုန္းကန္နိုင္စြမ္းမရွိ။
ရင္ထဲကနာက်င္ျခင္းေတြက ေအာ္ဟစ္ေပါက္ကြဲလိုက္႐ုံနဲ႕ေတာ့ ေလ်ာ့ပါးမသြား။ ေသေစေလာက္တဲ့ နာက်င္မႈေတြ ႐ုန္းကန္ထြက္လာေတာ့ King ကိုယ့္ခႏၶာကိုယ္ကိုပါ နာက်င္ေစခ်င္လာသည္။ ရွင္သန္ျခင္းက အဓိပၸါယ္မဲ့တယ္လို႔ေတြးမိေလ ယခုအေျခအေနကိုမရပ္တန႔္ခ်င္ေလ။ ဒီႏႈတ္ခမ္းေတြကိုသာ ထိေတြ႕မေနရရင္ King ဒီအခိုက္အတန႔္ကို ဘာလုပ္မိမလဲ ကိုယ္တိုင္ေတာင္ မေတြးနိုင္ေတာ့။
အသက္မဲ့တဲ့မ်က္ဝန္းေတြနဲ႕အုပ္မိုးေငးၾကည့္ေနခဲ့တဲ့ မ်က္ႏွာကိုၾကည့္မိေတာ့ ရပ္တန႔္သင့္မွန္းသိေပမယ့္ ႐ုန္းကန္ျခင္းမဲ့တဲ့ အပိုင္စားရမႈေတြကိုလည္း လက္မလႊတ္ခ်င္။ အဓိပၸါယ္မဲ့တဲ့လူကို ဘာေၾကာင့္ဒီေလာက္ခ်စ္ေပးရတာလဲလို႔ ေတြးမိေတာ့လည္း King ရင္ဘတ္ထဲရွိဆႏၵေတြက မီးေတာင္ေခ်ာ္ရည္ပူေတြလို အရွိန္ျပင္းျပင္းနဲ႕ လွ်ံထြက္ကုန္သည္။ စုပ္ယူထားမိတဲ့ ႏႈတ္ခမ္းပါးေတြ ၿငိမ္သက္ေနျခင္းကို အားမလိုအားမရမတင္းတိမ္။ လွ်ာဖ်ားကိုနယ္ခ်ဲ့လိုက္ေတာ့လည္း အရာရာကို ခြင့္ျပဳနားလည္ေပးထားတဲ့ ပီအိုက္ႏႈတ္ခမ္းထက္ရွိ ႏြေးေထြးမႈတို႔က King ႏွလုံးသားကို ႏွစ္သိမ့္ၾကင္နာေနသလိုပင္။
ပါးျပင္ကမ်က္ရည္ေတြ ထပ္မံစိုစြတ္လာခ်ိန္မွာေတာ့ King ရဲ႕မ်က္ဝန္းေတြဆီက မဟုတ္ေတာ့မွန္း King သိလိုက္ သည္။ ႏႈတ္ခမ္းပါးေတြကို ဖယ္ခြာလိုက္ေပမယ့္ ထာဝစဥ္ မေျပာင္းလဲမယ့္ King အတြက္ တသီးတသန႔္ျဖစ္တည္ခဲ့တဲ့ ၾကင္နာရိပ္နဲ႕ မ်က္ဝန္းေတြကိုဆုံစည္းခြင့္ရ၏။ ၿငိမ္းခ်မ္းစြာရွိေနတတ္တဲ့ မ်က္ဝန္းတို႔က အရည္ၾကည္ေတြကို King လက္မနဲ႕ ဖြဖြသပ္ယူလိုက္ၿပီးေနာက္မွာ ပီအိုက္ကို တြန္းလဲပစ္ၿပီး ပီအိုက္လည္တိုင္မွာ မ်က္ႏွာအပ္ပစ္လိုက္သည္။ ပီအိုက္ နားလည္မွာမဟုတ္ေပမယ့္ ဒီအေျခအေနမွေတာ့ King ရပ္တန႔္ဖို႔မစြမ္းနိုင္ေတာ့။
“အ!”
အရာရာကို ခံစားလြယ္ေနတဲ့ ပီအိုက္က King အတြက္ေတာ့ ဘာမွမသိတဲ့ ဆယ္ေက်ာ္သက္ကေလးတစ္ေယာက္နဲ႕ တူသည္။ tracksuit ဇစ္ကိုအၾကမ္းဗရမ္း ဆြဲျဖဳတ္လိုက္ခ်ိန္မွာ က်စ္လစ္တဲ့ရင္အုပ္က်ယ္က်ယ္က King စိတ္အာ႐ုံရဲ႕ ဦးတည္ရာအျဖစ္။ လည္တိုင္ကဆင္းတဲ့အနမ္းေတြက ရင္ဘတ္တစ္ဖက္တစ္ခ်က္မွာေနရာယူၿပီး အရာရွိခ်င္ေနတဲ့ ဝမ္းဗိုက္သားတို႔အေပၚလည္း မခ်န္လွပ္။ King ႏႈတ္ခမ္းတို႔အစုန္အဆန္ေျပးတဲ့အတိုင္း ပီအိုက္က တိုးဖြဖြညည္းသည္။
“စက္...”
ေခၚသံမဟုတ္တဲ့ နာမည္ေရ႐ြတ္သံအပိုင္းအစတို႔က King ကိုမီးေလာင္တိုက္သြင္းသည္။ King ကိုယ္တိုင္ ရွပ္အကၤ်ီရင္ဘတ္ကို ဆြဲၿဖဲၿပီးခ်ိန္မွာေတာ့ အနမ္းေတြရဲ႕ဦးတည္ရာက ႏႈတ္ခမ္းေတြဆီမွာျဖစ္တည္ျပန္သည္။ ပီအိုက္႐ုန္းလာခ်ိန္မွာပဲ ပီအိုက္ေအာက္ႏႈတ္ခမ္းသားကို King သြားနဲ႕ခပ္စပ္စပ္ကိုက္ခ်ပစ္လိုက္၏။
“အ!”
ေပါက္ၿပဲထြက္လာတဲ့ ႏႈတ္ခမ္းပါးဆီမွ ညွီစို႔စို႔အရသာက လွ်ာဖ်ားထဲေပ်ာ္ဆင္းသြားသည္။ ပီအိုက္က ပူးကပ္ေနတဲ့ ခႏၶာကိုယ္ႏွစ္ခုကို ဆြဲခြာလိုက္ေပမယ့္ လက္ေတြရဲ႕အားက ႏွာဖ်ားတစ္ေထာက္စာသာေဝးကြာေစသည္။
“ေက်နပ္ၿပီလား၊ ေတာ္ေတာ့ ေက်နပ္ၿပီဆိုေတာ္ပါေတာ့”
အသံမွာႏြမ္းလ်မႈေတြပါသည္။ မ်က္ဝန္းေတြကညွို႔ရီေန၏။ ပီအိုက္ ပါးႏွစ္ဖက္ကိုအုပ္ကိုင္ၿပီး King ေခါင္းခါလိုက္ခ်ိန္မွာ မ်က္ရည္စေတြလည္းလြင့္စင္သြားသည္။
“ကြၽန္ေတာ္ ဒီေန႕မေသနိုင္ဘူးဆိုရင္ အဆုံးထိ နာက်င္ၾကည့္မယ္။ နာက်င္မႈကို ပီအိုက္ဆီကခံယူၿပီး ေသရင္လည္း ပီအိုက္လက္ထဲမွာပဲ ေသမယ္”
King စကားရဲ႕အနက္အဓိပၸါယ္ကို မခြဲျခားလိုက္နိုင္ေပမယ့္ King ရဲ႕ မဲ့ၿပဳံးတစ္ခ်က္မွာ ဟန္စစ္ေတြေဝသြားခဲ့သည္။ လက္ေခ်ာင္းသြယ္သြယ္တို႔က ခါးပတ္ေခါင္းကိုဆြဲျဖဳတ္ၿပီး အတြင္းခံနဲ႕အတူ ဆြဲခြၽတ္ပစ္လိုက္ခ်ိန္မွာေတာ့ ဟန္စစ္ မ်က္လုံးေတြကို အလန႔္တၾကားမွိတ္မိရ၏။ ဒါဘာျဖစ္ေနတာလဲလို႔ ဆက္စပ္ေတြးလို႔မရလိုက္ဘဲ ဟန္စစ္ကိုယ္ေအာက္ပိုင္းလည္း အဝတ္ေတြကင္းမဲ့သြားခဲ့သည္။ ပက္လက္ကေနပဲ King ရဲ႕ပုခုံးႏွစ္ဖက္ကိုဆြဲကိုင္ၿပီး တားဆီးဖို႔ျပင္လိုက္ေပမယ့္ ဟန္စစ္ရဲ႕ ေယာက္်ားပီသတဲ့အစိတ္အပိုင္းက King ခႏၶာကိုယ္ထဲ အစိမ္းသက္သက္ထိုးေဖာက္ ဝင္ေရာက္သြားခဲ့၏။
“စက္!”
ဟန္စစ္ေပါင္ရင္းအထိစူးေအာင့္သြားေပမယ့္ စကၠန႔္ပိုင္းအတြင္း စိုစြတ္လာတဲ့ဆက္သြယ္ျခင္းေၾကာင့္ ဟန္စစ္အေပၚ လက္ေထာက္လ်က္က ေပ်ာ့ေခြက်လာတဲ့ King တစ္ကိုယ္လုံးကို ရင္ခြင္ထဲေပြ႕ယူလိုက္ရသည္။ ဗလာက်င္းေနတဲ့ ရင္ဘတ္ႏွစ္ခုရဲ႕ထိေတြ႕ျခင္းကေန အပူရွိန္ကိုခံစားရသလို ေအာက္ပိုင္းရဲ႕ဆက္ႏြယ္ျခင္းကေနလည္း အေသြးအသားေတြ ပူေလာင္လာေနလ်က္။
“မိုက္မဲလြန္းတယ္ King ရာ”
အသည္းခိုက္မတက္နာက်င္ျခင္းက ပီအိုက္ရဲ႕ အျပစ္တင္သံမမည္တဲ့စကားသံမွာ မ်က္ရည္ေတြအျဖစ္ ခုန္ဆင္းသည္။ King ရဲ႕ ခႏၶာကိုယ္ထဲ ထိုးေဖာက္ဝင္ေရာက္ ခ်ိတ္ဆက္ထားတဲ့ ပီအိုက္ရဲ႕ တစ္စိတ္တစ္ပိုင္းကို ပိုင္ဆိုင္ထားရတယ္ဆိုတဲ့အသိမွာ မ်က္ရည္ေတြက မရပ္တန႔္သလို ႏြေးေထြးစြာေပြ႕ဖက္လို႔ မ်က္ရည္ေတြကို ဖြဖြသုတ္ေပးေနတဲ့ ပီအိုက္က King အတြက္ သီးသန႔္ျဖစ္တည္မႈမ်ိဳးနဲ႕ တည္ရွိေပးေန၏။
“အရာအားလုံးကိုေမ့သြားတဲ့အထိ ပီအိုက္ေၾကာင့္ပဲ ေနာင့္စိုင္းကို နာက်င္ခြင့္ေပးပါ”
စိုအိုက္လာတဲ့မ်က္ရည္ေတြက King ေၾကာင့္ပဲမဟုတ္ေတာ့။ ခ်ိတ္ဆက္မႈကို မျပတ္ေစဘဲ ေပ်ာ့ေခြက်ခ်င္ေနတဲ့ King တစ္ကိုယ္လုံးကို တင္းၾကပ္ေနေအာင္ ေပြ႕ဖက္ထားလ်က္နဲ႕ပဲ ေခါင္းအုံးေပၚ ညင္သာစြာခ်ေပးျဖစ္၏။ မ်က္ရည္စေတြတင္က်န္ၿပီး အၿပဳံးေတြေဖ်ာ့ေတာ့ေနတဲ့ King ရဲ႕ နဖူးျပင္ေျပေျပကို ဟန္စစ္ႏႈတ္ခမ္းနဲ႕ အျမတ္တနိုး ဖိကပ္နမ္းရွိုက္မိသည္။ ေသြးေၾကာစိမ္းနဲ႕ပါးျပင္ႏုႏုအျပင္ ႏွာတံခြၽန္ခြၽန္မွာလည္း ဟန္စစ္ႏႈတ္ခမ္းတစ္စုံ ေနရာက်သည္။ King ကိုယ္ထဲဝင္ေရာက္ ေနတဲ့အစိတ္အပိုင္းေၾကာင့္ နာက်င္ေစမွာစိုးသည့္စိတ္ႏွင့္ လႈပ္ရွားမႈေတြကို ထိန္းသိမ္းေနရေပမယ့္ ဟန္စစ္ ရင္ထဲကထိန္း မနိုင္သိမ္းမရ႐ုန္းကန္ေနတဲ့ႏွလုံးသားကိုေတာ့ လြတ္လပ္ခြင့္ေပးထားရ၏။
ဟန္စစ္ရင္ခြင္ထဲ ရဲေစြးေနတဲ့အျဖဴေရာင္ကိုယ္လုံးေလးကို တင္းၾကပ္စြာေပြ႕ပိုက္ၿပီး ဝမ္းနည္းနာက်င္တဲ့ မ်က္ဝန္း ေတြနဲ႕ ေငးစိုက္ေနသူကို နက္နဲနင့္သည္းလြန္းတဲ့အနမ္းေတြနဲ႕ ႏွစ္သိမ့္မိသည္။ King ရဲ႕စိတ္ေရာကိုယ္ပါ ပြန္းပဲ့ထိခိုက္ သြားမွာစိုးမိစိတ္နဲ႕ ဟန္စစ္ လႈပ္ရွားမိသမွ်အျပဳအမူတိုင္းက ညင္သာစြာျဖစ္တည္သည္။ မိုက္မဲလြန္းတယ္လို႔ ဟန္စစ္ ေျပာမိခဲ့ေပမယ့္ နီရဲစို႐ႊဲေနတဲ့မ်က္ႏွာေလးကိုၾကည့္ရင္း ရင္ခုန္သံေတြေနာက္လိုက္မိတဲ့ ဟန္စစ္ အၾကင္နာအနမ္းတို႔က King ရဲ႕ပါးျပင္တို႔ထက္ မက္ေမာလြန္းစြာ အ႐ူးအမူးျဖစ္ေနျပန္၏။
ဟန္စစ္ဦးေဆာင္မႈေနာက္ အရာအားလုံးပုံအပ္လက္ခံေပးေနသူရဲ႕ ၾကင္နာျခင္းတို႔ေၾကာင့္ အရိုင္းဆန္ခ်င္တဲ့ ထိေတြ႕မႈမွန္သမွ်က သိမ္ေမြ႕စြာျဖစ္တည္ၾက၏။ ဟန္စစ္လည္တိုင္ကို ခိုတြဲသိုင္းဖက္ထားသည့္ လက္ေခ်ာင္းသြယ္သြယ္ေတြ၊ ရီေဝယစ္မူးေနသည့္မ်က္ဝန္းေလးေတြထိ ဟန္စစ္အနမ္းေတြ တဖြဲဖြဲေႂကြသည္။ ရင္ခုန္သံေတြနဲ႕ ၿပီးေျမာက္သြားတဲ့ ခရီးရွည္ရဲ႕အဆုံးမွာ ႏွစ္ေယာက္သား အျပန္အလွန္ဖက္တြယ္ထားမိၾကဆဲ။
ဟန္စစ္ႏႈတ္ခမ္းေပၚ ဖိကပ္လာတဲ့ ႏႈတ္ခမ္းပါးႏြေးႏြေး၊ ေခြၽးစတို႔ခိုတြဲေနသည့္ ဟန္စစ္ဆံပင္တို႔ၾကား ပြတ္သပ္လာ တဲ့ လက္ေခ်ာင္းသြယ္ေတြ။ အဆုံးမရွိ ဟန္စစ္ နမ္းရွိုက္ေနမိတဲ့ ပါးျပင္တို႔မွာ မ်က္ရည္ေတြမရွိေတာ့။ ရင္ခုန္သံေတြနဲ႕ ႏြေးေထြးေနတဲ့ ဟန္စစ္ရင္ခြင္ထဲ King ကို တိုးလို႔ဖက္တြယ္ထားမိ၏။ မလုံေလာက္ေပမယ့္ ဟန္စစ္ ေမတၱာနဲ႕ ၿငိမ္းခ်မ္းေစဖို႔ ရည္႐ြယ္သမွ် King တစ္ေယာက္တည္းအတြက္။ ဟန္စစ္ရင္ခြင္နဲ႕ကပ္ေနတဲ့ King မ်က္ႏွာေလး ႏြေးေထြးသလို၊ ဟန္စစ္ ခါးေပၚက King လက္ေတြကလည္း တင္းတင္းၾကပ္ၾကပ္။
“ပီအိုက္...ေဟာက္ဟတ္ဆူ”
ဟန္စစ္ နားမလည္လိုက္ေပမယ့္ ဘယ္ဘက္ရင္ခြင္သိမ့္ခနဲခုန္ၿပီး ဒီလူဆိုးေကာင္ငယ္ကို ရင္ခြင္ထဲက လြတ္ထြက္မသြားနိုင္ေအာင္ ဖက္တြယ္ထားမိတာ အဲ့ဒီတစ္ေန႕လုံး။ အထိန္းအကြပ္မဲ့တဲ့ရင္ခုန္သံေတြလည္း မင္းနဲ႕မွပဲ ကေမာက္ကမ။
ထိစပ္ေနတဲ့ ရင္ခုန္သံႏွစ္ခု။ နဖူးျပင္ကိုရိုက္ခတ္ေနတဲ့ ေလေငြ႕ႏြေးႏြေး။ ဒါေတြက အိပ္ရာထလို႔ မ်က္လုံးမဖြင့္ခင္ King ခံစားသိမိသမွ်ေတြ။ ေအးခ်မ္းစြာ အိမ္ေမာက်ေနတဲ့ ပီအိုက္မ်က္ႏွာကိုျမင္လိုက္ေတာ့ ရင္ထဲမွာ ၿငိမ္းခ်မ္းသြား၏။ ၾကင္နာခ်င္လာတဲ့စိတ္ကို ထိန္းသိမ္းမေနဘဲ ပါးျပင္ထဲႏွာေခါင္းႏွစ္လို႔ အသံျမည္ေအာင္နမ္းပစ္လိုက္ေတာ့ အနည္းငယ္ လႈပ္သြားသည္မွလြဲလို႔ နိုးေတာ့မနိုး။ အသစ္အဆန္းျဖစ္တဲ့ ထိေတြ႕မႈေတြေၾကာင့္ ပီအိုက္စိတ္ေတြ ပင္ပန္းသြားခဲ့လိမ့္မည္။ စူးေအာင့္ေနသည့္ခါးရိုးတစ္ေလွ်ာက္ကို လ်စ္လ်ဴရႈလိုက္ၿပီး ၿခဳံထားသည့္ေစာင္စတို႔ကို ဖယ္ၾကည့္ေတာ့ ႏွစ္ေယာက္သားကိုယ္ေပၚ စြန္းထင္းေနတာေတြ။ ေပက်ံေနသည့္ အဝတ္စားေတြကိုဆြဲယူလိုက္ၿပီး ပီအိုက္မနိုးခင္ ေရခ်ိဳးခန္းထဲေျပးရသည္။ အျပင္မွာမိုးမလင္းေသးေပမယ့္ တစ္ကိုယ္လုံးက နာက်င္မႈေတြကိုလ်စ္လ်ဴရႈၿပီး King လႈပ္ရွားဖို႔ျပင္လိုက္၏။
*****
အခ်ိန္အားျဖင့္ မနက္ႏွစ္နာရီ။ Hoodie အနက္ကို ေခါင္းစြပ္ၿပီး mask အနက္ပါတပ္ထားေတာ့ King လႈပ္ရွားမႈေတြ သဲကြဲလိမ့္မည္မဟုတ္ေတာ့။ တိုးမေပါက္တဲ့ သန္းေခါင္ေက်ာ္အေမွာင္မွာ တိမ္မည္းေတြလည္း ဖုံးလႊမ္းေနသည္။ ေျခေထာက္ကိုဖြဖြနင္းၿပီး စည္းတားထားသည့္ ႀကိဳးတန္းေတြေအာက္ကေန လွ်ိုဝင္လိုက္၏။ လူေသမႈျဖစ္ထားတဲ့အိမ္နဲ႕မတူေအာင္ အေစာင့္အေရွာက္ေတြကင္းမဲ့၏။ ခပ္ဟဟပြင့္ေနတဲ့တံခါးမႀကီးကေန အထဲကိုလွမ္းအကဲခတ္ရသည္။ တားျမစ္သေကၤတႀကိဳးေတြကို မီးေရာင္မွိန္မွိန္ေအာက္မွာ ျမင္ရသည္။ ေရွ႕ေျခတစ္လွမ္းတိုးၿပီး အိမ္ထဲဝင္ေတာ့ ညွီစို႔စို႔အနံ႕က ႏွာေခါင္းထဲက်ဴးေက်ာ္၏။ လည္ေခ်ာင္းဝမွာပ်ိဳ႕တက္လာသလို မ်က္ဝန္းထဲလည္း စိုစြတ္လာသည္။ ဧည့္ခန္းနဲ႕ မီးဖိုခန္းသြားတဲ့ေတာက္ေလွ်ာက္ ေသြးကြက္ေတြက ျမင္မေကာင္း။
“ဦးနဲ႕ဦးမိန္းမ အသတ္ခံရတာကို ဦးသားႏွစ္ေယာက္က မ်က္ျမင္ကိုယ္ေတြ႕ၾကည့္ေနရတာဆိုရင္ ဦးဘယ္လို ခံစားရမလဲ”
King ကိုယ္တိုင္ေျပာခဲ့တဲ့စကားက နားထဲပဲ့တင္ထပ္လာသည္။ နိမိတ္ပဲဖတ္မိခဲ့တာလား။ ဒီလိုေျပာခဲ့မိလို႔ပဲ ကိုယ့္ကိုကိုယ္ အျပစ္တင္မဆုံးနိုင္ျဖစ္ေနမိျခင္းပင္။ ေတြေဝျခင္းကို ႐ုတ္သိမ္းၿပီး ပတ္ဝန္းက်င္ကို မလြတ္တမ္း အကဲခတ္ရသည္။ ျဖစ္နိုင္ေခ်ရွိတဲ့ သဲလြန္စေတြက်န္မက်န္။ ဖရိုဖရဲအေျခအေနတစ္ခုမက်န္ ဖုန္းနဲ႕မွတ္တမ္းတင္ယူလိုက္ၿပီး အေပၚထပ္က စာဖတ္ခန္းကိုသတိရေတာ့ ေျခလွမ္းေတြကို ေလွကားဆီေ႐ႊ႕လိုက္သည္။
ေျခခ်လိဳက္တိုင္း ထြက္လာသည့္ ေလွကားသံတကြၽီကြၽီက ညအေမွာင္မွာ က်ယ္ေလာင္ေနသလိုျဖစ္သည္။ ၾကမ္းျပင္မွာၿပိဳဆင္းေနသည့္ စာအုပ္ေတြနဲ႕ အခန္းတြင္းအေျခအေနက ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့သလား။ ရႉးဖိနပ္ေအာက္မွာ နင္းထားမိတဲ့ရွည္ေမ်ာေမ်ာအရာေၾကာင့္ ေဆာင့္ေၾကာင့္ထိုင္ၿပီး လက္နဲ႕စမ္းယူေနတုန္း…
ေခ်ာက္!
တိတ္ဆိတ္ေနတဲ့ ညအေမွာင္မွာ နားထင္ေပၚလာေထာက္သည့္ မာေၾကာေၾကာအရာနဲ႕ ေပၚထြက္လာသည့္အသံ။ လက္တစ္ဖက္ကဖုန္းနဲ႕ ေျခေထာက္ေအာက္က ဆြဲထုတ္ထားသည့္အရာကို တင္းတင္းဆုပ္ကိုင္ထားမိဆဲ။ သတိအေနအထားနဲ႕ King ခါးကိုမတ္လိုက္ေတာ့ နားထင္ေပၚရွိအရာက ပိုဖိကပ္လာ၏။
“မင္း ဘယ္သူလဲ”
ေနာက္ေက်ာဆီက ထြက္လာသည့္ အသံမာမာေၾကာင့္ လွည့္ၾကည့္ခ်င္ေပမယ့္ နားထင္ေပၚရွိအရာက တားဆီးထားသည္။
“ခင္ဗ်ားကေရာ ဘယ္သူလဲ”
King ေမးခြန္းျပန္ထုတ္ေတာ့ အေျဖအစား စိတ္မရွည္သည့္ က်စ္စုတ္သံသာထြက္လာသည္။
“ေက်ာ္ေက်ာ္ထြန္းကို ရွာေနတာ မင္းမလား။ မင္းဘယ္သူလဲ။ ဘာကိစၥ ဒီထိေရာက္လာတာလဲ”
နားထင္ကို နစ္နစ္ဝင္လာတဲ့အရာက ေသခ်ာေပါက္ ေသနတ္ျဖစ္လိမ့္မည္။ King ရဲ႕ေက်ာဘက္ကလူ လက္ညွိုးတစ္ခ်က္ ေကြးလိုက္တာနဲ႕ ေနာက္ဘဝကို စကၠန႔္ပိုင္းအတြင္း ကူးသြားနိုင္သည္။ ေသခ်ာတာေနာက္တစ္ခုက King ကို ထိုလူ လတ္စမတုံးရဲ။ ဦးေက်ာ္ေက်ာ္ထြန္းနဲ႕ King ရဲ႕ဆက္ႏြယ္မႈကို မသိသလို King ရဲ႕သ႐ုပ္မွန္ကိုလည္း မသိတာေၾကာင့္ အခုလို ေထာင္ဖမ္းၿပီး ၿခိမ္းေျခာက္ေနတာျဖစ္မည္။ ဦးေက်ာ္ေက်ာ္ထြန္းကို ရွင္းပစ္ၿပီး King ထြက္လာဖို႔ အကြက္ဆင္လိုက္တည္းက လြန္ခဲ့တဲ့ဆယ္ႏွစ္က အမႈရဲ႕တရားခံကလည္း ဒီလူပဲျဖစ္လိမ့္မည္ဟု King တထစ္ခ် တြက္ဆလိုက္သည္။ အေျခအေနကို သုံးသပ္ၿပီးမွ King အားရပါးရရယ္ပစ္လိုက္၏။
“ဟား...ဟား...ဟား... ဒီလိုေနရာက တစ္ေယာက္နဲ႕တစ္ေယာက္ နာမည္ေျပာၿပီး မိတ္ဆက္ရမယ့္ေနရာလို႔ ခင္ဗ်ား ထင္ေနလား”
“မင္း ေတာ္ေတာ္ စကားမ်ားတဲ့ေကာင္။ ငါ ပစ္ထည့္လိုက္ရ မသာေပၚေတာ့မယ္”
“Wow ႀကိဳက္တယ္။ ဒီေန႕မေသလည္း တစ္ေန႕ေတာ့ေသရမွာပဲ။ ေစာေစာေသတာနဲ႕ ေနာက္က်ေသတာနဲ႕ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ေသေတာ့ လွတာေပါ့။ ပစ္မွာဆိုလည္း ပစ္ေလ။ လူသတ္သမားကလည္း စကားေတာ္ေတာ္မ်ားတယ္”
“ဘာ! မင္း! ငါ လူသတ္သမား မဟုတ္ဘူးကြ။ မင္းကေတာ့ ဆုံးမမွရေတာ့မယ္”
King သတိကပ္ထားတာေၾကာင့္ ေသနတ္ကိုင္ထားတဲ့လက္ ေျမာက္တက္သြားတာသိသည္ႏွင့္ ထိုင္ခ်ပစ္လိုက္သည္။ မတ္တပ္ရပ္ေနသည့္ ထိုလူ႕ေျခေထာက္ေတြကို ကန္ခ်ပစ္လိုက္ေတာ့ ထိုလူဗိုင္းခနဲပစ္လဲ၏။ လက္ထဲက ေသနတ္က်ည္လည္း ေျပးထြက္သြားၿပီး က်ယ္ေလာင္တဲ့ေပါက္ကြဲသံ ဟိန္းထြက္လာသည္။ ၿပိဳလဲက်လာတဲ့အိမ္နံရံနဲ႕ လဲက်ေနသည့္ ထိုလူကို တစ္ခ်က္ကန္ခဲ့ၿပီးမွ အိမ္ေအာက္ေျပးဆင္းရသည္။ ေလွကားထစ္ေတြကို ခုန္ေက်ာ္ခ်လိဳက္ေတာ့ မထင္မွတ္ထားသည့္အရာက ဆီးႀကိဳသည္။ ေသနတ္နဲ႕ခ်ိန္ထားသည့္ လူေတြ။ အားလုံးရဲ႕လက္ထဲက တူညီေနတဲ့ေသနတ္ေတြေၾကာင့္ King စိုးထိတ္သြား၏။
ဒီအခ်ိန္မွာပဲ အေဝးကေျပးလာသည့္ ေျခသံအုပ္အုပ္ကိုၾကားလိုက္ၿပီး အိမ္ခန္းမႀကီးတံခါးက ဝုန္းခနဲပြင့္လာသည္။ လက္ထဲမွာ တုတ္ကိုင္ထားတဲ့လူေတြနဲ႕ ေသနတ္ကိုင္ထားတဲ့လူေတြ လုံးေထြးကုန္ၿပီး က်ည္ဆန္ေတြလည္း ဦးတည္ရာမရွိ ေျပးထြက္ကုန္ၾကသည္။ က်ည္ဆန္ေတြ ေျပးလႊားေနသည့္အိမ္ထဲ King ဝပ္ေနတုန္း ဂ်ိဳင္းကမလို႔ လာဆြဲေခၚသည့္ လူႏွစ္ေယာက္။ King ႐ုန္းလို႔မရေအာင္ဘဲ အားနဲ႕ခ်ဳပ္ထားၿပီး အိမ္ျပင္ကို ေခၚထုတ္ေနျခင္းျဖစ္သည္။
အားနဲ႕ဖိညွပ္ၿပီး ေခၚထုတ္ေနခ်ိန္ ေလွကားမွဝ႐ုန္းသုန္းကား ဆင္းလာသူက King ကိုေသနတ္ႏွင့္ တည့္တည့္ခ်ိန္ထားၿပီးျဖစ္သည္။ ဆြဲခ်ဳပ္ထားသည့္လူႏွစ္ေယာက္လည္း ျမင္သြားပုံရၿပီး King လွမ္းေလွ်ာက္စရာမလိုေအာင္ပင္ ဒ႐ြတ္တိုက္ဆြဲေျပးၾကသည္။
ၿခံေရွ႕မွာ အသင့္ရပ္ထားသည့္ ကားေနာက္ခန္းေပၚ King ကို ပစ္ထည့္ၿပီးမွ ေသနတ္တစ္လက္ႏွင့္ အိမ္ထဲကေျပးထြက္လာသည့္ လူဆီျပန္လွည့္ေျပးသြားတာက ေနာက္ဆုံးျမင္ကြင္းျဖစ္သည္။ ၿငိမ့္ခနဲကားေမာင္းထြက္သြားတာနဲ႕ King မ်က္ႏွာကိုဖုံးအုပ္ထားသည့္ mask လည္း အၾကမ္းပတမ္း ဆြဲခြၽတ္ျခင္းခံလိုက္ရ၏။
“ငါ မင္းေျခေထာက္ေတြကို ရိုက္ခ်ိဳးမိေတာ့မယ္ စိုင္းစက္!”
“ပီအိုက္!”
“ေတာက္!”
ပီအိုက္ေတာက္ေခါက္သံက်ယ္က်ယ္ေၾကာင့္ ကားေမာင္းေနသည့္ လူပင္လွည့္ၾကည့္သည္။ ကားေပၚတြန္းတင္ခံလိုက္ရသည့္ King မွာ ထိုင္ေနရာပင္မက်ေသး။ တရိပ္ရိပ္ျဖတ္ေျပးေနတဲ့ ကားေပၚ လမ္းမီးတိုင္မွက်လာသည့္အလင္းႏွင့္ အံႀကိတ္ထားလို႔တင္းကားေနသည့္ ပီအိုက္ေမးရိုးထင္းထင္းကို ျမင္ေနရသည္။ ေခြၽးေစးေတြကပ္ေနသည့္ လက္ထဲကအရာကို အကၤ်ီအိတ္ထဲထည့္လိုက္ၿပီး ပီအိုက္လက္ကို လွမ္းကိုင္ေတာ့ ေဆာင့္႐ုန္းျခင္းကိုခံရ၏။ ေဒါသေတြၿမိဳခ်ေနပုံရသည့္ ပီအိုက္က စကားတစ္ခြန္းမွမဆိုလာခဲ့။ ပီအိုက္ေဘးတိုးကပ္ပစ္လိုက္ၿပီး ခါးကို တင္းတင္းဖက္ပစ္လိုက္ေတာ့ လူခ်င္းဆြဲခြာသည္။ ပုခုံးေတြကို ဆုပ္ကိုင္လို႔ King မ်က္ႏွာကိုတည့္တည့္စိုက္ၾကည့္၏။
“မင္း ႐ူးေနလား ဟမ္! အေၾကာက္အလန႔္မရွိ အဲ့လိုေနရာကို တစ္ေယာက္တည္းသြားရေအာင္ မင္းကိုမင္း ဘာထင္ေနလဲ။ မင္းကိုမင္း တန္ဖိုးမထားရင္ေတာင္ ငါ့ဘက္ကိုလည္း တစ္ခ်က္ေလာက္ေတာ့ ၾကည့္သင့္တယ္။ မင္းရက္စက္တဲ့ေကာင္ ေတာက္!”
တစ္ကိုယ္လုံးကိုဆြဲကိုင္လႈပ္ရင္း မရပ္မနားေျပာတဲ့စကားေၾကာင့္ King မ်က္ရည္ေတြက်ရသည္။ King ေၾကာင့္ ဘယ္သူ႕ကိုမွ ဒုကၡမေရာက္ေစခ်င္ေတာ့တာ။ ေသရမယ္ဆိုရင္ေတာင္ King ေၾကာင့္ ဘယ္သူ႕အသက္ကိုမွ ထပ္မေပးဆပ္ေစခ်င္ေတာ့တာ။ အထူးသျဖင့္ ပီအိုက္။ ပီအိုက္က မ်က္ႏွာလႊဲထားသလို King သည္လည္း အသံတိတ္မ်က္ရည္က်မိဆဲ။
“ကြၽန္ေတာ့္ေၾကာင့္ ဘယ္သူ႕ကိုမွ ထပ္စေတးမခံနိုင္ေတာ့ဘူး။ ကြၽန္ေတာ္ ေသရင္ေသပါေစ ကြၽန္ေတာ့္ေၾကာင့္ ဘယ္သူမွ...ကြၽန္ေတာ့္ထက္အရင္ ပီအိုက္သာ တစ္ခုခုျဖစ္သြားရင္ အဲ့ခ်ိန္က် ကြၽန္ေတာ္ ကြၽန္ေတာ္”
လုံးလုံးေထြးေထြးနဲ႕ ေရ႐ြတ္ေနမိတဲ့စကားေတြက ပီအိုက္ဆြဲသြင္းသည့္ ရင္ခြင္ထဲမွာ ေပ်ာက္ရွကုန္သည္။ ဘာစကားမွ ထပ္မဆိုနိုင္ေအာင္ ပီအိုက္က တင္းတင္းၾကပ္ၾကပ္ဖက္ထားသလို King တစ္ကိုယ္လုံးလည္း ပီအိုက္ရင္ခြင္ကို ျပန္လည္ဖက္တြယ္ထားၿပီး ပီအိုက္ေမတၱာနဲ႕ စိတ္အေမာေတြကို ေျဖေဖ်ာက္မိ၏။ ေျပးလႊားေနသည့္ ကားေလးက ေရာင္နီေတြလာသည္အထိ မရပ္သလို ပီအိုက္ရင္ခြင္ထဲ King ခိုဝင္ဆဲ။
*****
ပူလာၿပီျဖစ္တဲ့ေရပတ္ဝတ္ကိုဖယ္ေပးၿပီး နဖူးျပင္ေျပေျပေပၚ လက္ဖဝါးနဲ႕အုပ္ကိုင္စမ္းမိသည္။ အပူေလ်ာ့သြားေပမယ့္ နိုးမလာေသးတာ ႏွစ္ရက္နီးပါး။ ေသြးေၾကာစိမ္းစိမ္းထဲနစ္ဝင္ေနတဲ့ ေဆးပိုက္တန္းလန္းနဲ႕ drip ကလည္း ဒုတိယအႀကိမ္ေျမာက္ျဖစ္သည္။ ရင္ပူေနတာေတြက လက္ေခ်ာင္းသြယ္သြယ္ေတြကို ဆုပ္ကိုင္ထားရမွ ေလ်ာ့က်တတ္ေနခဲ့ၿပီ။ အိပ္ေပ်ာ္ေနေပမယ့္ တစ္ခ်က္တစ္ခ်က္ တြန႔္ခ်ိဳးသြားတတ္တဲ့ မ်က္ခုံးတန္းတန္းေတြကိုျမင္ရင္ စိတ္ပူစြာနဲ႕ ေငးၾကည့္ေနရျပန္သည္။ အသက္ရႈသံမွန္မွန္နဲ႕ရွိေနခဲ့ရင္လည္း အနားကမခြာရက္နိုင္ျပန္။ ရင္းႏွီးခဲ့ၾကတာေတြက စည္းတစ္ခု ကိုေက်ာ္ျဖတ္လိုက္ၿပီးေနာက္မွာ ဆုံးျဖတ္ခ်က္တစ္ခ်ိဳ႕ကိုပါ ေျပာင္းလဲျပင္ဆင္ပစ္ခဲ့ရေတာ့သည္။ ေစာင့္ေရွာက္ေန႐ုံနဲ႕ မလုံေလာက္ေတာ့ပဲ ကာကြယ္ျပင္ဆင္ဖို႔ေတြပါ ရွိလာခဲ့ၿပီ။
“ကိုဟန္စစ္ နားလိုက္ပါဦး။ ကြၽန္ေတာ္ ၾကည့္ထားပါ့မယ္”
အခ်ိန္အားျဖင့္ မနက္ ၁၀နာရီ။ အိပ္ခန္းထဲဝင္လာတဲ့ ကိုဆန္းလြင္သူရဲ႕ သက္ျပင္းသံသဲ့သဲ့ကို ဟန္စစ္ၾကားလိုက္ရသည္။ ဟန္စစ္သြားေခၚလာတဲ့ ညကေန အဖ်ားေတြတက္ၿပီး သတိဝင္မလာတဲ့ King ေၾကာင့္ ဆရာဝန္ကိုအိမ္ပင့္ၿပီး ကိုဆန္းလြင္သူကိုပါ ေခၚထားရသည္။ ကိုဆန္းလြင္သူရွိေပမယ့္ ဟန္စစ္ကိုယ္တိုင္ပဲ ေန႕ေန႕ညည ေစာင့္ၾကည့္ေပးျဖစ္သည္။ အိပ္ေရးပ်က္ရျခင္းထက္ စိတ္ခ်လက္ခ်အိပ္ေပ်ာ္သြားဖို႔ေတာင္ ကိုယ့္ရဲ႕ အသိစိတ္ဦးႏွောက္က ဒီေကာင္ေလးအတြက္ နိုးၾကား ေန၏။
“ကိုဆန္းလြင္သူ ခဏေလာက္ေစာင့္ေပးပါလား။ ကြၽန္ေတာ္ သြားစရာရွိလို႔”
“ကြၽန္ေတာ္ ဒရိုင္ဘာကိုဖုန္းဆက္လိုက္ရမလား။ ခင္ဗ်ား ဒီ ၂ရက္လုံး လုံးဝမနားရေသးဘူးေလ”
“ရတယ္။ မေဝးပါဘူး။ ကြၽန္ေတာ္ အျမန္ျပန္လာခဲ့မယ္” ဆုပ္ကိုင္ထားမိတဲ့လက္တစ္ဖက္ကို တစ္ခ်က္ဖ်စ္ညွစ္လိုက္ၿပီး အိပ္ေပ်ာ္ေနတဲ့မ်က္ႏွာေလးကို လွမ္းၾကည့္လိုက္သည္။ ဒီေကာင္ေလး ေအးခ်မ္းဖို႔ ဘာေတြပဲရင္ဆိုင္ရ ရင္ဆိုင္ရ။
*****
“စစ္! ဘယ္လိုျဖစ္တာလဲ ပိတ္ရက္ႀကီး။ နင္ camp ဝင္ေနရတယ္ဆို”
“ဘဘရွိလား ဥတု”
“အင္း...ရွိတယ္ေလ။ လာ”
ဆံပင္ရွည္ေတြလြင့္ခါေနေအာင္ ေက်ာခိုင္းသြားတဲ့ ေဆာင္းဥတုထက္ အိမ္ခန္းထဲပဲ လွမ္းၾကည့္မိသည္။ ဒီထိေရာက္လာဖို႔ ဆုံးျဖတ္ခ်က္ေတြအႀကိမ္ႀကိမ္ခ်ၿပီး စိတ္ကိုျပင္ဆင္ခဲ့ရသည္မလား။
“ဟန္စစ္ ဘယ္ကေနလွည့္လာတာလဲ”
ေက်ာင္းတုန္းတည္းက ဝင္ထြက္သြားလာေနခဲ့တဲ့အိမ္ျဖစ္တာေၾကာင့္ အျပင္အဆင္ေတြက ဟန္စစ္နဲ႕မစိမ္းသက္။ ထမင္းစားခန္းထဲကထြက္လာသည့္ ေဆာင္းဥတုေဖေဖေရွ႕ကိုပဲ ဟန္စစ္ တန္းတန္းသြားလိုက္သည္။
“ဘဘဆီပဲ တမင္လာတာပါ”
ေဆာင္းဥတုအေဖျဖစ္တဲ့ ဦးမ်ိဳးေက်ာ္မ်က္ခုံးေတြပင့္တက္သြားသလို ေနာက္မွာရပ္ေနတဲ့ ေဆာင္းဥတုမ်က္ဝန္းေတြကလည္း စူးစမ္းလက္ေတာက္ေနခဲ့သည္။ ဦးမ်ိဳးေက်ာ္ကေတာ့ စိုက္ၾကည့္ေနခဲ့တဲ့ ဟန္စစ္ကိုၾကည့္ၿပီး ေဆာင္းဥတုကို လက္ဖက္ရည္နဲ႕စားစရာျပင္ဆင္ခိုင္းသည္။
“လာကြာ”
ဦးမ်ိဳးေက်ာ္က ဧည့္ခန္းကိုျဖတ္ၿပီး ဘုရားခန္းနဲ႕တြဲလ်က္ရွိေနသည့္ သီးသန႔္စာဖတ္ခန္းကိုေခၚသြားျခင္းပင္။ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၾကၿပီးမွ စာဖတ္ခန္းကို ဟန္စစ္ ေဝ့ၾကည့္လိုက္သည္။ စစ္ေျမျပင္ရဲ႕သမိုင္းေၾကာင္းေတြ အမ်ားဆုံး စုစည္းထားတဲ့ စာအုပ္စင္ေတြက အနားယူထားၿပီးျဖစ္တဲ့ လူႀကီးတစ္ေယာက္ရဲ႕အေဖာ္ျဖစ္မည္။
“ေဖေဖဆုံးသြားရတဲ့ကိစၥေနာက္ကြယ္က ႀကိဳးကိုင္သူေတြကို ေျပာျပပါ ဘဘ”
ေဆးေပါ့လိပ္ကို လက္လွမ္းေနတဲ့ ဦးမ်ိဳးေက်ာ္လက္က ေနရာမွာတင္ ရပ္တန႔္သြားခဲ့သည္။
“ဘာေျပာတယ္ ဟန္စစ္”
ေမွ်ာ္လင့္ထားပုံမရတဲ့ ဟန္စစ္စကားအတြက္ ဦးမ်ိဳးေက်ာ္က အံ့ဩတႀကီးျဖစ္သြားခဲ့သည္။
“ကိုရိုးေျပာျပလို႔ ကြၽန္ေတာ္ သိသင့္သေလာက္သိထားၿပီးၿပီ။ စစ္တပ္ရဲ႕ဗိုလ္မႉးတစ္ေယာက္ကိုေတာင္ စီရင္နိုင္တဲ့ အဲ့ဒီလူေတြက ဒီနိုင္ငံရဲ႕ဘယ္လိုေနရာမွာ ရွိေနခဲ့တာလဲ။ ဘဘသိသေလာက္ေျပာျပေပးပါ”
“မဟုတ္ေသးပါဘူး ဟန္စစ္ရာ”
ဦးမ်ိဳးေက်ာ္က က်စ္စုတ္သပ္သည္။ မီးမညွိပါဘဲနဲ႕ ေဆးေပါ့လိပ္ကိုႏႈတ္ခမ္းဝမွာေတ့၏။ စိတ္ရႈပ္တဲ့အမူအရာေတြ အလ်င္အျမန္ျဖစ္တည္သြားတာက ဖြင့္မျပခ်င္ေတာ့တဲ့အတိတ္ေတြေၾကာင့္ျဖစ္မည္။
“အခုခ်ိန္မွသိရေတာ့ေရာ ဘာေျပာင္းလဲသြားမွာမို႔လို႔လဲ”
“ဘဝေတြေအးခ်မ္းသြားမွာပါ”
စကားဝိုင္းက အပိုအလိုရွိမေန။ စကားေတြေဖာင္ဖြဲ႕ေျပာေနတာမ်ိဳးက ဟန္စစ္အက်င့္မဟုတ္တာကို ဦးမ်ိဳးေက်ာ္လည္း သိတာေၾကာင့္ ေတြေဝျခင္းေတြျဖစ္သြားရင္ တိတ္ဆိတ္မႈေတြအစားထိုးဝင္သည္။
“အရာအားလုံးက အစ္ကိုႀကီးစစ္နိုင္နဲ႕အတူေျမေအာက္ကိုေရာက္သြားခဲ့ၿပီပဲ။ အခုလည္းၿငိမ္းခ်မ္းေနၿပီမဟုတ္လား။ ဘာကိုထပ္ရွိေနေသးလို႔လဲ”
“ေျမေအာက္ေရာက္သြားတာက အမွန္တရားေတြပါ ဘဘ။ ၿငိမ္းခ်မ္းေရးဆိုတာက ႏွစ္ဦးႏွစ္ဖက္လက္နက္ခ်မွရမယ့္ကိစၥ။ တစ္ခါတစ္ေလက်ေတာ့လည္း ကိုယ္ကစစ္ခင္းေနတာမဟုတ္ပဲ က်ဴးေက်ာ္လာရင္ ခုခံကာကြယ္ဖို႔ဗ်ဴဟာဆိုတာလည္း လိုအပ္တာပဲေလ။ ဗ်ဴဟာခင္းဖို႔အတြက္ ဒီေဒသရဲ႕ေရေျမအေနအထားက လိုကိုလိုအပ္တယ္။ ဒါက စစ္မက္ျဖစ္ဖို႔ လိုလားတာမဟုတ္ဘဲနဲ႕ ကိုယ့္အတြက္ကို ကာကြယ္တာမ်ိဳး”
ဝင့္ၾကည့္လာတဲ့ ဦးမ်ိဳးေက်ာ္မ်က္ဝန္းေတြကို ဟန္စစ္မေရွာင္ရွားမိ။ ေဖေဖနဲ႕အထိအေတြ႕နည္းခဲ့ေပမယ့္ ဟန္စစ္ ကိုယ္ထဲစီးဆင္းေနတာ ဦးစစ္နိုင္ရဲ႕ေသြးပဲေလ။ တိုင္းျပည္ကိုကာကြယ္ျခင္းနဲ႕မႏွိုင္းေကာင္းေပမယ့္ ဟန္စစ္ကာကြယ္ရမယ့္ အရာကလည္း ဟန္စစ္အတြက္ေတာ့ အသက္နဲ႕ထပ္တူအေရးႀကီးေနခဲ့၏။
“ဗိုလ္မႉးစစ္နိုင္ရဲ႕သားမွန္း မေျပာလည္းသိမွာပဲ”
ဦးမ်ိဳးေက်ာ္မ်က္ဝန္းေတြက ေပါ့ပါးမႈနဲ႕႐ႊင္ပ်ေနခဲ့သည္။ ဟန္စစ္ တင္းထားရသမွ် စိတ္ေတြကလည္း မီးကိုေရနဲ႕ ၿငိမ္းလိုက္သလို ၫႊတ္က်သြားရသည္။
“ငါတို႔နိုင္ငံေလွ်ာက္ခဲ့ရတဲ့လမ္းက ရွည္ၿပီးၾကမ္းတမ္းခဲ့တယ္။ အခုလည္းေခ်ာေမြ႕ေနတာမဟုတ္ေပမယ့္ သူ႕ကာလနဲ႕သူ အဆိုးဆုံးေတြကို ေပြ႕ဖက္ထားရတဲ့အခ်ိန္ေပါ့”
ဒီတစ္ႀကိမ္ေတာ့ ဦးမ်ိဳးေက်ာ္က ေဆးေပါ့လိပ္မီးကိုညွိခဲ့ၿပီးျဖစ္သည္။
“အာဏာနဲ႕နိုင္ငံကိုအုပ္ခ်ဳပ္ေနရတဲ့အခ်ိန္မွာ အာဏာရွင္ရဲ႕နာမည္ကိုအသုံးခ်ၿပီး ဂုတ္ေသြးစုတ္ေနတဲ့ လူတစ္ေယာက္ရွိတယ္။ မိန္းမဖ်က္ရင္ျပည္ပ်က္တယ္တဲ့ ၾကားဖူးတယ္မလား။ ျပည္မပ်က္ေပမယ့္ ေအးခ်မ္းတဲ့ဘဝေတြကို ဖ်က္ဆီးမယ့္ အဲ့လိုမိန္းမမ်ိဳးရွိခဲ့တယ္။ ေဒၚေ႐ႊယဥ္ႏုတဲ့။ အာဏာကုန္ရထားတဲ့ေမာင္ရဲ႕ေက်းဇူးနဲ႕ လိုေနတာက ေငြပဲေလ။ အာဏာကိုအလြဲသုံးစားလုပ္ၿပီး ေငြရွင္ေၾကးရွင္ေတြဆီက ေထာက္လို႔ရသမွ် ပစၥည္းေတြကို ျပန္မေပး။ အနိုင္က်င့္အပိုင္သိမ္း။ အခုလို နည္းပညာတိုးတက္တဲ့ေခတ္လည္းမဟုတ္ေတာ့ ဒီသတင္းစကားေတြက လူထုဆီဘယ္ျပန႔္မလဲ။ ေနာက္ဆုံး လက္လြန္ၿပီးေပၚလာတာက ငါးေလာင္းၿပိဳင္လူသတ္မႈ။ ဘိုးစဥ္ေဘာင္ဆက္ထိန္းသိမ္းလာတဲ့ ပတၱျမားကို အေၾကာင္းျပဳၿပီးျဖစ္တာဆိုတဲ့ သတင္းစကားေတြလည္းအမ်ိဳးမ်ိဳးပဲ။ ေနာက္ကြယ္ကအေၾကာင္းရင္းမွန္ကိုေတာ့ ကာယကံရွင္ေတြပဲ သိလိမ့္မယ္။ အစ္ကိုႀကီးစစ္နိုင္ကိုႏြယ္လာတဲ့အေၾကာင္းျပခ်က္ကေတာ့ ဒီမ်ိဳးႏြယ္ရဲ႕ေနာက္ဆုံးလက္က်န္ေသြးသားကို ထိန္းသိမ္းထားခဲ့တာေၾကာင့္ပဲ”
ဦးမ်ိဳးေက်ာ္ ေဆးေပါ့လိပ္ကိုတရွိုက္ဖြာၿပီး ဟန္စစ္ကိုၾကည့္လာသည္။ သိၿပီးသားကိစၥရပ္ေတြအတြက္ တကူးတက တုန္လႈပ္မျပတာကို ၾကည့္ၿပီး ဦးမ်ိဳးေက်ာ္ကလည္း အေထြအထူးေမးမလာ။ ေဆာင္းဥတုလည္းအခန္းထဲဝင္လာေတာ့ စကားစျပတ္သြားသည္။ လက္ဖက္ရည္နဲ႕ျမန္မာမုန႔္အနည္းငယ္ထည့္ထားတဲ့ဗန္းကို စားပြဲေပၚခ်ေပးအၿပီး အလိုက္တသိနဲ႕ပဲ ေနရာကျပန္ထြက္သြား၏။ ဒီေတာ့မွ ဦးမ်ိဳးေက်ာ္က စကားျပန္ဆက္သည္။
“ေကာင္ေလးကိုထုတ္ေပးဖို႔ အစ္ကိုႀကီးကိုတိုက္ရိုက္ေခၚေျပာလာတဲ့လူက ေဒၚေ႐ႊယဥ္ႏုနဲ႕ ပတ္သက္ရာပတ္သက္ေၾကာင္းျဖစ္ေနတဲ့လူ သူ႕နာမည္က ရဲသြင္။ ဒုတိယဗိုလ္မႉးႀကီးအဆင့္ေပါ့ အဲ့တုန္းက။ ေကာင္ေလးထြက္ေျပးသြားတယ္ဆိုတဲ့စကားနဲ႕ ေရွာင္လြဲခဲ့ေပမယ့္ အစ္ကိုႀကီးလက္ထဲမွာပဲရွိေနတာသိသြားတဲ့အခ်ိန္မွာ ဘယ္အရာမွ ျပင္ဆင္ခ်ိန္မရွိေတာ့ဘူး။ ျပင္ဆင္လို႔ရရင္ေတာင္ အစ္ကိုႀကီးကေနာက္ဆုတ္မွာမဟုတ္တာ ေသခ်ာတယ္။ အစ္ကိုႀကီးက ပုံမွန္ကံကုန္လို႔ေသတာ မဟုတ္မွန္း ေဒါက္တာႏြေမိုးေဆာင္းရယ္၊ ငါရယ္၊ အရိုးရယ္ပဲသိၾကတာ။ ဒါေပမယ့္ ဒါကအစ္ကိုႀကီးေ႐ြးခ်ယ္တာမို႔လို႔ ငါတို႔ အားလုံး ဒီမွာတင္ရပ္ဖို႔ ဆုံးျဖတ္လိုက္ၾကတာ အစ္ကိုႀကီးရဲ႕ေနာက္ဆုံးဆႏၵ”
ဒူးေပၚတင္ထားတဲ့ ဟန္စစ္လက္တို႔တင္းၾကပ္ေနခဲ့သည္။ အကၤ်ီရင္ဘတ္အေပၚကေနမွ ဆုပ္ကိုင္ထားမိရတဲ့ ဆြဲႀကိဳးေပၚရွိ လက္ေခ်ာင္းတို႔ကလည္း တင္းတင္းၾကပ္ၾကပ္။
“အစ္ကိုႀကီးရဲ႕ေနာက္ဆုံးဆႏၵျဖစ္လို႔ ဒီအရာေတြကို ဒီေနရာမွာတင္ ျပည္ဖုံးကားခ် ဟန္စစ္။ သားတစ္ေယာက္အေနနဲ႕ သိခြင့္ရွိလို႔ ဘဘကေျပာျပ႐ုံပဲ”
“အဲ့လူေတြေရာ။ သူတို႔ဘယ္ေရာက္ကုန္လဲ ဘဘ”
မငိုတတ္ေပမယ့္ ဟန္စစ္အသံက အက္ကြဲခ်င္ေနခဲ့သည္။ အမူအရာေတြကို ထိန္းသိမ္းလိုက္နိုင္တာကေတာ့ ပီျပင္ပုံရ၏။
“သမၼတတင္ျမႇောက္ၿပီး ဒီမိုကေရစီျဖစ္လာတဲ့ေခတ္မွာေတာ့ သူတို႔လည္းေပ်ာက္ခ်င္းမလွေပ်ာက္သြားတာပဲ။ သူတို႔ လက္ပါးေစေတြလည္း အစိုးရဌာနေတြမွာ သိပ္ၾကာၾကာမေနလိုက္ရပါဘူး။ အကုန္လုံး ပင္စင္ယူၿပီး ဇာတ္ျမႇုပ္ေနၾကေတာ့တာပဲ။ ေဒၚေ႐ႊယဥ္ႏုတို႔ကေတာ့ စကၤာပူမွာေနတယ္လည္းၾကားတယ္။ ရန္ကုန္မွာရွိေနသလိုလိုလည္းေျပာေပမယ့္ ဘယ္သူမွ ေသခ်ာမသိဘူး”
ဒီလူေတြရန္ကုန္မွာရွိေနေသးေၾကာင္းကို ဟန္စစ္ ထုတ္မေျပာျဖစ္ေတာ့။ ရင္ဆိုင္ရမယ့္လူေတြရဲ႕အေနအထားကို သိရ႐ုံနဲ႕တင္ ဟန္စစ္ကာကြယ္ရမယ့္အရာအတြက္ ျပင္ဆင္သင့္တာကို စဥ္းစားထားၿပီးသား။
“ေဆာင္းဥတုကို ဘဘ ဘယ္ေတာ့စိတ္ခ်ရမလဲ ဟန္စစ္”
ေနာက္ဆုံးေတာ့ ဟန္စစ္လ်စ္လ်ဴရႈလို႔မရတဲ့ အပိုင္းအျခားကိုဦးတည္လာရသည္။ ႏွစ္လိုလက္ရၿပဳံးျပလိုက္တဲ့အထဲ ဟန္စစ္စိတ္ရင္းပါဝင္၏။
“ဥတုက ကြၽန္ေတာ့္အတြက္ ေမာင္ႏွမအရင္းနဲ႕မျခားပါဘူး။ ၿပီးေတာ့ နားနဲ႕မနာဖဝါးနဲ႕နာပါ။ ကြၽန္ေတာ္ တာဝန္ယူေပးရမယ့္လူရွိေနၿပီ ဘဘ”
“ေဟ! ဘယ္ကလဲ။ ဘယ္သူလဲ။ မင္းမခ်စ္ဘဲနဲ႕ အတင္းအၾကပ္”
“ကြၽန္ေတာ္က ရယူခဲ့တာပါ။ ကြၽန္ေတာ္ကိုယ္တိုင္ လိုလိုလားလားနဲ႕”
ဦးမ်ိဳးေက်ာ္မ်က္ႏွာမွာ ႏွေျမာတသျခင္းတို႔ရွိေနသည္”
“ဘယ္တတ္နိုင္ပါ့မလဲ။ ဖူးစာဆိုတာကလည္း ဇာတာမွာသတ္မွတ္ၿပီးသားဆိုေတာ့။ တာဝန္ယူရမယ့္ကိစၥဆိုလည္း ဒီတိုင္းႀကီးမေနနဲ႕ကြာ။ ျမန္ျမန္လုပ္စရာရွိတာလုပ္။ မိဘေနရာအတြက္ လိုအပ္ရင္လည္း ဘဘကိုေျပာေပါ့ ဟုတ္လား”
ဟန္စစ္ေခါင္းညိတ္လိုက္ေပမယ့္ ရင္ထဲေလးလံသြားရျပန္သည္။ သာမန္ေယာက္်ားမိန္းမမဟုတ္တဲ့အေျခအေနမွာ အနာဂတ္ကို ဘယ္လိုပုံေဖာ္ရတာလဲ ဟန္စစ္မသိ။
*****
နားထင္ေၾကာေတြ တဆစ္ဆစ္နဲ႕ကိုက္ခဲၿပီး ခႏၶာကိုယ္ကလည္း ကိုင္ရိုက္ထားသလို နာက်င္ေန၏။ လႈပ္ရွားလိုက္ဖို႔ကို မဝံ့မရဲနဲ႕ ခါးရိုးတစ္ေလွ်ာက္စူးေအာင့္ေနသည္က အဆိုးဆုံးျဖစ္သည္။ ႏႈတ္ကအသံထြက္ ညည္းၫူမိသည္အထိ နာက်င္မႈကႀကီးစိုးေနၿပီး မ်က္လုံးေတြကို အားယူဖြင့္ၾကည့္ေတာ့ King အိမ္ကိုျပန္ေရာက္ေနတာပင္။
“နိုးလာၿပီလား”
“ပီအိုက္...”
ခက္ထန္မႈေတြ ေပ်ာက္ကြယ္ေနၿပီျဖစ္တဲ့ ပီအိုက္မ်က္ႏွာက King ကိုစိတ္ပူေနတာ သိသာသည္။ ခပ္ေရးေရးၿပဳံးလို႔ King နဖူးကိုလက္ဖဝါးနဲ႕အုပ္ကိုင္လာစမ္းသည္။
“မင္း အိပ္ေပ်ာ္ေနတာ ႏွစ္ရက္ေက်ာ္ၿပီ”
King ေခါင္းသာညိတ္ျပနိုင္သည္။ ျပတင္းတံခါးမွ သဲ့သဲ့တိုးဝင္ေနတဲ့အလင္းေရာင္က အေမွာင္ဘက္ကိုလုေနခဲ့ၿပီ။ King လည္တိုင္ေအာက္ကေန လက္လွ်ိုဝင္ၿပီး ထထိုင္နိုင္ဖို႔ ပီအိုက္ကထူေပးသည္။ တစ္ကိုယ္လုံးကိုင္ရိုက္ထားသလို နာက်င္မႈက မထိုင္နိုင္ေလာက္ေအာင္ အာေမဍိတ္သံျပဳမိေတာ့ ပီအိုက္ကိုယ္တိုင္ King ေဘးဝင္ထိုင္သည္။ King ကို ရင္ခြင္ထဲ ေက်ာေပးမွီေစၿပီး အသင့္ရွိေနတဲ့ ေရပတ္ဝတ္နဲ႕မ်က္ႏွာျပင္တစ္ေလွ်ာက္ ခပ္ဖြဖြသုတ္ေပး၏။
“ပီအိုက္ ကြၽန္ေတာ္...”
သုတ္လတ္စ ေရပတ္ဝတ္ကို မ်က္ႏွာကခြာလို႔ ပီအိုက္က King ကိုငုံ႕ၾကည့္သည္။ ပီအိုက္နဲ႕ မ်က္လုံးခ်င္းဆုံေတာ့ ေျပာခ်င္တာေတြက လည္ေခ်ာင္းဝမွာတစ္စို႔သြား၏။
“ကြၽန္ေတာ္ ေတာင္းပန္ပါတယ္”
ဒီစကားကို King မနည္းအားယူေျပာလိုက္ရတာျဖစ္သည္။ ပီအိုက္ သက္ျပင္းဖြဖြခ်ကာ King ကိုမ်က္ႏွာလႊဲသြားသည္။
“ငါ မင္းဆီကၾကားခ်င္တာ အဲ့စကားမဟုတ္ဘူး စက္”
King နားမလည္စြာ ေငးၾကည့္ေတာ့ ပီအိုက္က ေစာင္းငဲ့ၾကည့္လာသည္။ မ်က္ဆံနက္နက္မွာ အရည္ၾကည္ေတြ ရစ္သိုင္းေနတာ မသိသာေပမယ့္ King ျမင္ေနရသည္။ ပီအိုက္ ဘယ္ေလာက္ေတာင္ စိုးရိမ္ေနခဲ့လဲဆိုသည့္ အတိုင္းအတာကို မွန္းဆၾကည့္လိုက္ေတာ့ မ်က္ရည္ေတြၿဖိဳင္က်လာသူက King ျဖစ္ေနသည္။ ပီအိုက္ကို တင္းတင္းဖက္ဖက္လို႔ ရင္ခြင္ထဲ ေခါင္းတိုးေဝွ႕ေတာ့ ျပန္လည္သိုင္းဖက္လာသည့္ ပီအိုက္ကိုယ္က ႏြေးႏြေးေထြးေထြး။
King ၾကားေနရသည့္ ပီအိုက္ရင္ခုန္သံေတြကို ေရတြက္ရင္း မ်က္ရည္ေတြက က်ဆင္းလို႔ေကာင္းေနခဲ့သည္။ ဒီလိုေတြေၾကာင့္ ပီအိုက္သူ႕ကို စိတ္မခ်တာ။ ဒါေပမယ့္ ပီအိုက္နဲ႕ပတ္သက္ရင္ အရာရာထိရွလြယ္ေနတာေတြကိုလည္း ထိန္းခ်ဳပ္မထားခ်င္။ ပီအိုက္ေရွ႕ပဲ ဟန္ေဆာင္မႈကင္းကင္းနဲ႕ရွင္သန္ခ်င္သည္။ ဒါက မထုတ္ျပနိုင္တဲ့အတိတ္နဲ႕ေတာ့မသက္ဆိုင္။
“မငိုနဲ႕ေတာ့ အားကုန္တယ္”
King မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႕ဆြဲယူေမာ့ေစၿပီး မ်က္ရည္ေတြကိုသုတ္ေပးေတာ့ ရင္ထဲရွိအေကာင္က ကဆုန္ေပါက္ေနသည္။ သူနဲ႕ကိုယ္ရင္းႏွီးခဲ့တာေတြကို ျပန္ေျပာင္းအမွတ္ရလိုက္ေတာ့ King မ်က္ႏွာေတြပိုပူလာသည္။ ပီအိုက္ စြန႔္ႀကဲခဲ့တဲ့အၾကင္နာေတြက အာ႐ုံထဲျဖတ္ဝင္လာေတာ့ ရင္ခုန္သံေတြပါ ဝုန္းဒိုင္းႀကဲလို႔။ ပီအိုက္ေရာ ဘယ္လိုမွမေနဘူးလား။ ပီအိုက္မ်က္ဝန္းေတြကေန အေျဖရွာေတာ့ စိုးရိမ္မႈေတြလား၊ သနားဂ႐ုဏာလား ေဝခြဲမရ။ ႐ုတ္တရတ္ ႏြေးေထြးသြားတဲ့ နဖူးျပင္က ပီအိုက္ေႁခြခ်တဲ့ အနမ္းႏုႏုေၾကာင့္ ျဖစ္တည္ေတာ့ King ေၾကာင္ေငးရျပန္သည္။ နာက်င္တာေတြကို အၾကင္နာေတြေၾကာင့္ ေမ့ေလ်ာ့ေနတတ္ခဲ့ျပန္တာ ပီအိုက္ေၾကာင့္။
“ဟာ! King သတိရလာၿပီ”
အခန္းထဲဝင္လာတဲ့ ကိုဆန္းလြင္သူေၾကာင့္ King အလန႔္တၾကားျဖစ္သြားရသည္။ ပီအိုက္ပုခုံးေပၚက ေခါင္းဖယ္လိုက္ေပမယ့္ ေဆးထိုးအပ္ရွိမေနတဲ့ လက္တစ္ဖက္က ဆုပ္ကိုင္ခံလိုက္ရသည္။
“ကြၽန္ေတာ္ ၾကက္ေပါင္းစြပ္ျပဳတ္ႏႊေးလာခဲ့မယ္ ကိုဟန္စစ္”
“ဟုတ္ကဲ့။ ကူညီေပးပါဦး ကိုဆန္းလြင္သူ”
ပီအိုက္အျပဳအမူအတြက္ King တစ္ေယာက္သာအထူးအဆန္းျဖစ္ေနခဲ့ရင္း မ်က္ခုံးေတြပင့္တက္သြားရသည္။
“ဘယ္လိုျဖစ္တာလဲ”
“ဘာကိုလဲ”
“ကိုဆန္းလြင္သူနဲ႕ေလ။ အရင္ကေတာ့ ၾကည့္မရဘဲနဲ႕”
“ၾကည့္မရဘူးလို႔ ငါေျပာမိလို႔လား”
ငဲ့ၾကည့္လာတဲ့ပီအိုက္မ်က္ခုံးေတြ တြန႔္ခ်ိဳးေနေပမယ့္ မ်က္ဝန္းေတြက ရယ္ျမဴးရိပ္သမ္းသည္။ အရာအားလုံးကို ေမ့ေပ်ာက္ၿပီး ပီအိုက္ရင္ခြင္ထက္တိုးဝင္ပစ္လိုက္သည္။ အကၤ်ီေအာက္မွာ ေပ်ာက္ကြယ္ေနလိမ့္မည္ျဖစ္တဲ့ ဆြဲႀကိဳးကိုအေပၚ ကပင္ ဆုပ္ကိုင္လိုက္သည္။ ခပ္ေရးေရးအၿပဳံးေတြနဲ႕ ရင္ခြင္ထဲကေန ေမာ့ၾကည့္လိုက္ေတာ့ ပီအိုက္ရဲ႕ ၾကင္နာႏူးညံ့တဲ့ မ်က္ဝန္းေတြနဲ႕ဆုံစည္းသည္။
ပီအိုက္အတြက္ရွင္သန္ေနတဲ့ အတၱေတြနိုးထလာေတာ့ တင္းတင္းေစ့ပိတ္ထားတဲ့ ပီအိုက္ႏႈတ္ခမ္းေတြကို ေမ့ေမ့မူးမူး သိမ္းယူမိျပန္သည္။ ဒီအေျခအေနကို ပီအိုက္သိလား။ King တို႔ ဘယ္လိုဆက္ဆံေရးျဖစ္ေနၿပီလဲ ပီအိုက္နားလည္ရဲ႕လား။ ေမးခြန္းေတြက အနမ္းေတြေအာက္မွာ ဝပ္ဆင္းေနခဲ့ၿပီး ရင္ခုန္သံေတြသာ ႀကီးစိုးေနခဲ့သည္။
*****
January 29.2020 (Wednesday)