Unconditional Love

Od Euphoria_Min

329K 36.6K 5.5K

တစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့... Viac

🍒 1 🍒
🍒 2 🍒
🍒 3 🍒
🍒 4 🍒
🍒 5 🍒
🍒 6 🍒
🍒 7 🍒
🍒 8 🍒
🍒 9 🍒
🍒 10 🍒
🍒 11 🍒
🍒 12 🍒
🍒 13 🍒
🍒 14 🍒
🍒 15 🍒
🍒 16 🍒
🍒 17 🍒
🍒 18 🍒
🍒 19 🍒
🍒 20 🍒
🍒 21 🍒
🍒 22 🍒
🍒 23 🍒
🍒 24 - UNICODE 🍒
🍒 24 -ZAWGYI 🍒
🍒 25 🍒
🍒 26 🍒
🍒 27 🍒
🍒 28 🍒
🍒 29 🍒
🍒Finale (Unicode)🍒
🍒Finale (Zawgyi)🍒
🍀
Extra-1
🍔Fanart🍔

Extra-2

7.1K 509 28
Od Euphoria_Min

(A/N
ဒီ Extraအပိုင်းက အရင်ကတင်ထားခဲ့ပြီး
သားအပိုင်းပါ။ စာအုပ်ထုတ်တော့ စာထပ်ပြင်ထားတာလေးတွေရှိလို့ အဟောင်းကို
unပြီး ဒါလေးကိုအခုမှ ပြန်တင်ပေးတာပါ။
တော်နေကြာ ဘယ်မှာ ဖတ်ခဲ့ဖူးမှန်းမသိတော့
ဘဲ စာကတူနေသလိုပဲ ဘာညာ အထင်မှားနေ
ကြမှာစိုးလို့ပါ)
၃နှစ်ခန့်ကြာသော်...

ဖိုးဖိုးဆီပေးခဲ့ရတဲ့ကတိတွေတည်မြဲနိုင်ဖို့ရာJeonအသေးလေးနှင့် ခွဲခွာရ တဲ့နေ့ရက်လေး တွေရှိလာခဲ့သည်။ အိမ်ထောင်သက် ၃နှစ် ကျော်လာပြီဆိုပေမဲ့ သူ့အတွက်အခက်အခဲဆုံးအချိန်တွေက Jiminကို သူနဲ့ဝေးဝေးမှာ ထားခဲ့ရတဲ့ အချိန်မျိုးတွေပါပဲ။အသေးလေးက အိမ်ထောင်ကျပြီးထဲက နေနိုင်လိုက်တာများ သူဘယ်ကိုပဲ တာဝန်ကျကျ "ကိုကိုသွားချင်ရင် သွား" ဆိုတာချည်းပဲ။ တစ်ခါ
မှ မခွဲနိုင်လို့ဆိုပြီး ဆွဲထားတာမျိုးမရှိခဲ့။

ဖိုးဖိုးက နောက်ထပ် ၁၀နှစ်လောက် အစိုးရဝန်ထမ်းအနေနဲ့တာဝန် ထမ်းဆောင်ပြီးရင် ဆိုးလ်က ဖိုးဖိုးပိုင်တဲ့ပုဂ္ဂလိကဆေးရုံမှာဦးစီးပေးစေဖို့ အစီ အစဉ်ရှိခဲ့တာကြောင့် လက်မထပ်ခင်က Jungkookဆီမှာ ကတိတစ်ခု
တောင်းခဲ့သည်။ ၁၀နှစ်ကြာပြီးရင် အလုပ်ထွက်ဖို့ပေါ့။ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ဆိုပေမဲ့ ပင်စင်ယူတဲ့အရွယ်အထိ အစိုးရဝန်ထမ်းအဖြစ်နဲ့ ဘဝကို ဖြတ်သန်းလိုတဲ့သူ့အတွက်က ခက်ခဲတဲ့ရွေးချယ်မှုဖြစ်ခဲ့ရသည်။

ဖိုးဖိုးဆီပေးခဲ့တဲ့ကတိအတိုင်း နောက်၁၀နှစ်ဆို သူလုပ်ချင်တာတွေ လုပ်ခွင့်မရတော့မှာမို့ ဆေးရုံကမြို့စွန်မြို့ဖျားတွေဆီတာဝန်ချပေးတဲ့အခါ သူ့ကို ဦးစားပေးပြီးရွေးချယ်ပေးဖို့ တောင်းဆိုရသည်။Ulsanရဲ့ ရွာငယ်တစ်ခုမှာ ဝမ်းရောဂါဖြစ်ပွားသူ ကူးစက်သူတွေ နေ့စဉ်နှင့်အမျှ တိုးလာနေသည်မို့ တိုက်နယ်ဆေးရုံရဲ့ လက်ထောက်ဆေးရုံအုပ်အနေဖြင့် တာဝန်ယူကာ ၆လခန့်
တာဝန်ထမ်းဆောင်ဖို့ရောက်နေသည့် ဒေါက်တာJeon...။ ရွာနေလူကြီးတွေက ပြောရဆိုရခက်ကာရှေးရိုးစွဲသမားတွေ။ဆေးမီးတိုတွေနဲ့ယမ်းသမ်းကုသတတ်ကြသည်မို့ ရောက်စကဆို ပြန်ပြေးချင်လောက်သည်အထိစိတ်ဆင်းရဲခဲ့ရသည်။ ဆေးရုံအုပ်ကြီးကိုယ်တိုင်တောင် ပြောမနိုင်လို့ လက်လျှော့ထားရသည့် လူကြီးတွေ။

၂လလောက်ကြာပြီးတဲ့အချိန်မှာတော့ ရွာကလူကြီးတွေနဲ့ အနည်းအကျဉ်း အဆင်ပြေစပြုလာသည်။Jungkookက လူနာတွေဆေးရုံ အထိရောက်လာမှာကို စောင့်မနေတတ်ဘဲလူနာရှိရာအိမ်တွေအထိ လိုက်ကုတတ်တဲ့ တဇွတ်ထိုး ဆရာဝန်မို့ တစ်နေကုန်တစ်အိမ် တက်ဆင်းကုသပေးရင်း လူကြီးတွေဆီကယုံကြည်မှုကို ဖြည်းဖြည်းချင်းရယူခဲ့ရတာ။နှင်ထုတ်တဲ့အိမ်မျိုးနှင့်လဲကြုံဖူးခဲ့ရသည်။အတွေ့ အကြုံအသစ်တွေပေါ့။ရွာထဲမှာ တစ်အိမ်တက်ဆင်း ဆေးကုပြီးလို့
အိမ်ပြန်ချိန်တွင် ဆရာဝန်ကိုယ်တိုင်တောင် အရမ်းပင်ပန်းနေတတ်သည်။

အိမ်ရောက်တာနဲ့ သူ့အသည်းလေးတွေနဲ့ ဖုန်းပြောရမည်မို့ အပင်ပန်းဆုံး အချိန်ဆိုပေမဲ့ သွက်လက်နေတတ် သည်။

"ဒေါက်တာ... ညနေဘာစားချင်လဲ"

"ရတယ်... ဒီညရှိတာနဲ့စားလိုက်မယ်။ဟင်းတွေကျန်သေးတယ်"

"တစ်ခုခုလိုရင် အားမနာဘဲလှမ်းပြောနော်"

"အေးပါ... မင်း နေ့လည်က ဘယ်ပျောက်နေတာလဲ"

"ဗျာ ... အိမ်က ကိစ္စလေးရှိလို့"

"ကောင်မလေးနဲ့ ချိန်းတွေ့နေတာလား"

"မဟုတ်ပါဘူး"

ရွာကစီစဉ်ပေးထားသည့် အကူကောင်လေး ဆွန်းဂျယ်ရဲ့ အိမ်အထိ ပြန်ပို့ပေးကာ သူ့အတွက်ပေးထားတဲ့ အိမ်ခန်းလေးဆီပြန်ခဲ့သည်။ နေဝင်ချိန်ဆို လွမ်းမောစရာကောင်းလောက်အောင် လှပနေတတ်သည့်ရွာလေးဖြစ်သည်မို့ မြို့ပေါ်က သားအဖကိုပိုပြီးလွမ်းရသည်။ထူးထူးဆန်းဆန်းပဲ...။အဝေးကလှမ်းမြင် ရတဲ့ သူ့အိမ်လေးမှာ မီးရောင်တွေလင်းနေသည်။ ရွာလူကြီးတွေများ အကြောင်းကိစ္စရှိလို့ရောက်နေသလားတွေးမိပေမဲ့ သော့ကသူ့ဆီမှာရယ် ဆွန်းဂျယ်ဆီမှာရယ်ပဲရှိနေတာ။

ကားကို ခြံရှေ့ရပ်ကာ အိမ်ထဲဝင်လိုက်ရင်ပဲ ဖိနပ်စင်ပေါ်က size သေးသည့်Sneakerဖြူဖြူလေးက သူ့ကိုဆီးကြိုနေသည်။ပင်ပန်းမှုတွေသည် ဖိနပ်ဖြူလေးကိုတွေ့လိုက်ရပြီးတဲ့အချိန်မှာ အခိုးအငွေ့တွေလိုကွယ်ပျောက်သွားကြ သည်။အိမ်အဝင်မှာထဲက နှာဖျားဆီတိုးဝင်လာတဲ့ကူးကူးတို့ပါပါးရဲ့ ဟင်းနံ့မွှေး မွှေးလေးသည်အသည်းလေးနဲ့အသက်လေးတို့ ဒီကိုရောက်နေကြောင်း ပိုပြီး သိသာစေတဲ့အချက်လေးဖြစ်သည်မို့ မီးဖိုခန်းဆီကို ဦးတည်လိုက်တော့
ထင်ထားတဲ့အတိုင်းပဲ သူ့အသေးလေးတွေရှိနေကြသည်။

သူဝင်လာတဲ့ အသံကြားတော့ ခြင်းထဲကအသေးလေးသည်'အဲ့' ခနဲအသံပြုကာ အခန်းဝကိုလှည့်ကြည့်သည်။

"ပါး"

"Aigoo...ဒါ ဘယ်ကအရှုပ်ထုပ်လေးတွေလဲ"

"ကိုကို ပြန်လာပြီ"

Jiminသည် ဟင်းအိုးကိုမွှေနေရာမှ သူ့ဘက်ကိုလှည့်ကြည့်လာသည်။ သားကိုပွေ့ချီချင်တဲ့စိတ်ကို ထိန်းမရစွာဖြင့် လက်ဆွဲအိတ်ကိုစားပွဲပေါ်တင်၊ ဘေစင်မှာလက်ဆေးလိုက်ကာခြင်းအဝိုင်းလေးထဲကနေခုန်ဆွဆွဖြစ်နေသည့် အသေးလေးကို ပွေ့ချီလိုက်သည်။တစ်လလုံးလွမ်းနေရတဲ့ အလွမ်းတွေသည် သားအဖနှစ်ယောက်ကို တွေ့လိုက်ရသည်နှင့် ဘယ်ချောင်မှာ ကပ်သွားပြီလဲမသိတော့။သားက သူ့ရဲ့ပါးတွေကို တရွှတ်ရွှတ်နဲ့နမ်းနေသည်မို့ Jungkookက သဘောအကျကြီးကျကာ ပြန်နမ်းပစ်သည်။

"Appaသားလေး ...Appaကိုအများကြီးလွမ်းနေတာလား"

"ဟုတ်ပါ့... ဒီကိုရောက်ထဲကပျော်နေတာ"

သားကိုချီထားရင်းမှJiminနားကပ်ကာ ဆူဖို့ပြင်သည်။

"တော်တော်ပြောစကားနားထောင်တယ်နော်"

"အဟဲ...ပြန်လာတာစောသားပဲ"

ရယ်ကျဲကျဲနှင့် ပြောနေပုံက အပြစ်လုပ်ထားတာသိနေတဲ့ပုံစံ။ ကလေးနဲ့မို့ စိတ်မချလို့မလာပါနဲ့လို့ အတန်တန်မှာနေတဲ့ကြားကရောက်အောင်လာခဲ့သည်။ ခေါင်းမာပြီး လုပ်ချင်တာလုပ်တဲ့အကျင့်က အလိုလိုက်တဲ့သူနဲ့တွေ့တော့ တစ်သက်လုံးပျောက်နိုင်မယ် မထင်တော့။ဆူချင်တဲ့အချိန်လဲတစ်ချက်တော့
နမ်းမိတာပါပဲ။ သူအရမ်းလွမ်းနေခဲ့တာ ဒီသားအဖကို။Laptopကတစ်ဆင့် တွေ့ရတာဘယ်လောက်တောင် အားမလိုအားမရဖြစ်လိုက်ရသလဲ။

"နောက်တစ်ပတ်ပြန်လာခဲ့ပါမယ်ဆိုတာက၊သက်သက်ပင်ပန်းအောင်လို့"

"TaeHyungက ရှားရှားပါးပါးခွင့်ပေးတာမို့လာလိုက်တာ၊ဒီကိုတစ်ခါမှ လည်းမရောက်ဖူးသေးတော့လေ ...ဟီးဟီး သူသေချာလိုက်ပို့
ပေးပါတယ်။ဆိုင်မှာ တစ်ယောက်မှမရှိရင် အဆင်မပြေလို့သာ ကျန်နေခဲ့တာ"

"သားပစ္စည်းတွေပါ သယ်လာတာလား"

"မဟုတ်ဘူး... ဒီရောက်မှ ဆွန်းဂျယ်ကိုခေါ်ပြီး ဟိုဘက်မြို့မှာ သွားဝယ်လိုက်တာ"

"ဒါကြောင့်နေ့လည်က ပျောက်ချက်သားကောင်းနေတာကိုး... တော်တော်နှုတ်လုံတဲ့ကောင်"

"ရေချိုးလေ၊ ညစာအတူတူစားမယ်"

"ဒီအသေးလေးကိုစဉီးမယ်ကွာ"

သားကို စားပွဲလေးပေါ်ထိုင်ခိုင်းကာ ခြေဖဝါးလေးတွေ ဗိုက်လေးတွေကိုဖွဖွလေးကိုက်ရင်းမြှူနေလိုက်တော့ အသေးလေးက သဘော
ကျသလိုတွန့်လိမ်နေပါရော။လက်သေးသေးလေးတွေကလဲ နုဖတ်နေတာ ကိုက်စားချင်စရာလေးတွေ။ အရှိန်မထိန်းနိုင်ဘဲ ကိုက်မိရင် Jeon Jiminဆီမှာ မခံသာအောင် အထောင်းခံရတာမို့ နှုတ်ခမ်းဖြင့်သာ ခပ်ဖွဖွဖိရင်း

စိတ်ကိုဖြေရသည်။

"သားနဲ့အတူရေချိုးလို့ရလားဟေ"

"မရဘူး... အေးနေပြီ"

"ဟုတ်ကဲ့... သားရဲ့ပါပါးနဲ့ရော အတူတူချိုးလို့ရလား"

"မရပါ"

သားကို ခြင်းထဲပြန်ထည့်ပေးကာ သူ့ဘက်လှည့်မကြည့်တဲ့ Jeon Jiminကို အတင်းဖက်နမ်းလိုက်မိသည်။

"အာ...ဟင်းနံ့တွေနဲ့ ...လွှတ်ကွာ ၊ ရေချိုးစရာရှိတာချိုးပါဗျာ"

"ရေချိုးတာကအရေးမကြီးဘူး"

"လွှတ်ပါဆို"

"မလွှတ်ဘူးကွာ... ကိုယ့်ယောကျ္ားကိုယ်နမ်းတာပဲ"

ကူးကူးလေးရှိလာပြီးနဲ့နောက်ပိုင်းမှာ JeonJiminက အရင်လိုမဟုတ် တော့ဘူး ။ အနားလည်းသိပ်အကပ်အခံ ၊ တီတီတာတာပြောရင်လည်းမကြိုက်နဲ့ ။ ကလေးနဲ့ပဲ အလုပ်ရှုပ်နေတော့တာကြောင့် Jeon Jungkookကို ပလစ်
ထားတတ်လာသည်။

"အရင်လိုကိုမဟုတ်တော့ဘူး...သိပါတယ်ကြာတော့လည်းအရင်လောက်တော့ ဘယ်ချစ်ပါတော့မလဲ"

"မဟုတ်တာတွေမပြောနဲ့ ဗိုက်ဆာနေပြီ ၊ အတူတူစားချင်လို့ပါဆို။ ရေသွားချိုးပါကူးကူးတို့အဖေရယ်"

"တစ်ခါလောက် ပြန်နမ်းတာနဲ့ ရေသွားချိုးမှာသိရဲ့သားနဲ့ ဘာလို့ဒီအတိုင်းနှင်ထုတ်လဲ"

"ကလေးကျနေတာပဲ...အရှက်လည်းမရှိဘူး"

"မရှက်ဘူး ... နမ်းလိုက်စမ်းပါ တစ်ချက်လောက်"

Jeon Jiminရှေ့မျက်နှာကို အတင်းထိုးပေးတော့မှ ပါးကိုတစ်ချက်နမ်းသည်။

"ဒီဘက်ရော... နှုတ်ခမ်းလေးကိုရော နဖူးကိုရော"

"ကူးကူးတို့Appaကတော့ ယောင်းမနဲ့ခေါက်ခံချင်နေပြီထင်တယ်"

"မနမ်းလည်းနေကွာ"

ရုန်းမရအောင်ဖက်ထားကာ သူကပဲ အသည်းနှလုံးရဲ့ ပါးပြင်လေးတွေ ၊ နှုတ်ခမ်းလေးတွေဆီအကြမ်းပတမ်းနမ်းရှိုက်ပစ်လိုက်သည်။

"ကူးကူးရေ...မင်းAppa အရှက်လည်းမရှိဘူး"

သားကိုလှမ်းကြည့်တော့ Baby Jumper လေးထဲကနေ သူတို့နှစ်ယောက်ကို စိတ်ဝင်တစား ငြိမ်ပြီးကြည့်နေလေသည်။

"သားကကြည့်နေပြီတွေ့လား ...မကြီးမငယ်နဲ့ ဘာဖြစ်နေမှန်းမသိ"

"နောက်တစ်ခါ ဒီထက်ဆိုးမယ်မှတ်"

စိတ်ကျေနပ်တဲ့အထိ နမ်းလိုက်ပြီးမှ မက်မွန်လုံးလေးကို တစ်ချက်ရိုက်ပြီး ရေချိုးဖို့ပြေးဝင်ခဲ့တော့အသည်းလေးရဲ့ ချစ်စဖွယ်ငြူစူကြိမ်းမောင်းသံတချို့ကို ကြားလိုက်ရသည်။ညစာအတူတူစားကြတော့ဒေါက်တာက ကူးကူးကို နို့နဲ့စိမ် ထားသည့်Cerealလေးတွေကူကျွေးပေးကာ Jiminကတော့ ဒေါက်တာကို ထမင်းခွံ့ကျွေးရသည်။

"ကိုယ့်ဘာကိုယ်စားရင် ပြီးနေတာကို"

"အသည်းလေးကတော့ နာချင်နေပြီ"

"ဟုတ်တယ်လေ...ဒီလိုက ဗိုက်မဝဘဲနဲ့"

"ဝတယ်... Appaသားလေး သွားက ၈ချောင်းကနေမတက် တော့ပါလား"

"အမလေး အဲ့ဒါနဲ့ပဲ အကိုက်ခံကြည့်ဦး"

"သားလေး...Appaကို ပြကြည့်ဦး"

ညစာအတူတူစားပြီးတဲ့အချိန်ကျတော့ကူးကူးသည် ဆိုးလ်မှာလို ညနက်သည်အထိမကစားနိုင်တော့ဘဲ မျက်လုံးတွေပွတ်ကာတဝါးဝါးသန်းနေ သည်မို့ Jiminက ပခုံးပေါ်တင်ကာ တင်ပါးလေးကို ခပ်ဖွဖွပုတ်ပေးရင်း ကလေးလေးအိပ်ပျော်အောင် သိပ်နေသည်။

"Aigoo ကူးကူးလေး အိပ်ချင်နေပြီ။ ပင်ပန်းနေပြီမလား ပါပါးသားလေး"

အိပ်ပျော်သွားတဲ့ကူးကူးကို သစ်သားပုခက်လေးထဲ ထည့်ပေးကာ စောင်အပါးလေးခြုံပေးပြီး သားရဲ့နဖူးလေးဆီ ဖွဖွလေးနမ်းလိုက်သည်။

"ဒီနေ့ကျအစောကြီးအိပ်ပျော်သွားတာပဲပိစိလေးက...လူချောလေး...

အိပ်မက်လှလှမက်ပါစေ"

"ဟီးဟီး အူယားစရာလေး"

Jungkookက အိပ်ပျော်သွားတဲ့သားရဲ့ပါးဖောင်းဖောင်းလေးကို ညှစ်ကြည့်ဖို့လက်လှမ်းတော့ Jiminက အသံတိတ်နည်းနဲ့ ဆွဲဆိတ်ကာ တားရသည်။ ပြီးရင် ဖွဖွလေးဆိုပြီးအားပါသွားရင် သားပဲ နာကုန်မှာ။

"ကဲ..ကလေးလေးတော့အိပ်သွားပြီအချစ်လေးရေ...ကိုကိုတို့လုပ်ငန်း စရအောင်"

"ကလေးအဖေနှစ်ယောက်လည်း အိပ်မယ် ၊ ဘာမှလုပ်ငန်းမစနဲ့"

Jungkookဘေးနားဝင်ကာလှဲချလိုက်ပြီးနောက်စောင်ကိုပါဆွဲခြုံ လိုက်သည်။

"အဲ့လိုဖြစ်နေလို့ကို ကလိချင်တာ"

စောင်ကိုဖယ်ကာ Jiminရင်ခွင်ထဲအတင်းတိုးဝင်တော့ သူ့ကိုတွန်း ထုတ်ပြန်သည်။ပြောပါတယ် ကူးကူးတို့ ပါပါးလေးက သူ့အပေါ်
အချစ်တွေ လျော့နေပါပြီဆို။

"ပင်ပန်းနေပြီကွာ... အိပ်မယ်"

"ခေါင်းလေးပွတ်ပေး... ဖက်လည်းဖက်ထားပေးဦး"

သက်ပြင်းချပြီးမှ သူ့ခေါင်းကို ဖွဖွလေးပွတ်ပေးသည်။

"မချစ်တော့ဘူးလား ရည်းစားဘဝတုန်းကလို"

"ကလေးလား ...ဘာတွေလျှောက်မေးနေတာလဲ"

"မချစ်ရင်လည်းဘာလို့လိုက်လာလဲ။ ဒီကဖြင့်သားအဖနှစ်ယောက် ကိုတွေ့လို့ပျော်နေတာကို"

"အင်းလေ ချစ်လို့ပဲလိုက်လာတဲ့ဟာ။ လျှောက်မေးနေတယ်"

"သိတယ် သိတယ်။ Jimin ကိုကို့ကို အရင်လောက်မချစ်တော့တာ သိတယ်။ ကိုကိုကတော့ ပိုပြီးချစ်လာတာပဲရှိပါတယ်"

ကူးကူးတို့Appa ချွဲလျှင် ကူးကူးထက်ပိုပြီးချစ်ဖို့ကောင်းတာကြောင့် Jiminက မသိချင်ယောင်ဆောင်ပြီး စနေမိသည်။လွမ်းလွန်းလို့တောင် ဒီအထိလိုက်လာခဲ့တာပဲကို။သိပ်မကြာလိုက်တဲ့အချိန်မှာပဲ Jiminကို ပွစိပွစိ
ပြောနေရင်းက Jiminရင်ခွင်ထဲမှာ အိပ်ပျော်သွားတော့သည်။ ဒီမှာနေရတာ အရမ်းပင်ပန်းတဲ့အကြောင်းကို ဆွန်းဂျယ်ဆီက ကြားခဲ့ရပါတယ်။

ပြီးရင် Jiminနဲ့ ကူးကူးအကြောင်းကိုလည်း ရွာကလူတွေအမြင်ကတ်လောက်တဲ့အထိကို ဆေးကုပေးရင်းနဲ့ လိုက်ကြွားတတ်
သေးတာတဲ့လေ...။မနိုးသွားအောင် ဖြည်းဖြည်းလေးထပြီးစောင်ကို သေသေချာချာပြန်ခြုံပေးရသည်။ပြီးမှ နှုတ်ခမ်းပါးလေးဆီကို အနမ်းဖွဖွပေး
လိုက်သည်။ ပင်ပန်းလို့ ချောင်ကျသွားတဲ့မျက်နှာလေးကိုကြည့်ရင်း ကရုဏာသက်ရသည်။

"ဒီလိုခိုးနမ်းမယ်ဆိုတာသိလို့ ကူးကူးတို့Appaက အိပ်ချင်ယောင် ဆောင်နေတာ"

အငိုက်မိသွားတဲ့ Jiminသည် ရုတ်တရက်ဆိုသလို ကူးကူးတို့Appaရဲ့ ရင်ခွင်ထဲကိုရောက်သွားခဲ့ပြီ။ လက်ကလေးတွေကို ချုပ်ကာ-

"ကြောက်ပြီလား"

"မကြောက်ပါဘူး"

"မကြောက်လို့ကတော့ ဒီညမအိပ်ရဘူးမှတ်"

"ကိုကိုလုပ်မှ ပိစိလေးနိုးလာလို့ ၃ယောက်လုံး ညမအိပ်ရဘူး ဖြစ်သွားမယ်..."

"အသံမထွက်အောင် ချစ်ကြမယ်လေ...ကိုကို ကျွမ်းပါတယ်"

"ကျွမ်းလည်း ဒီအတိုင်းအိပ်...Aigooငါ့ရဲ့ ဖက်ခေါင်းအုံးလေး အများကြီးလွမ်းနေတာ"

မျက်ခွံလေးတွေမှေးစင်းနေပြီမို့ ဆက်ပြီးမစတော့ဘဲ အသည်းလေးအလိုကျ အိပ်လိုက်ရသည်။မနက်မိုးလင်းတော့ ကူးကူးက Jungkookရဲ့ရင်ခွင်ထဲမှာကွေးကွေးလေး။Jiminကတော့အိပ်ရာကထသွားပြီထင်သည်။ နိုးနိုးချင်းသားအဖနှစ်ယောက်လုံးကို မတွေ့ရတော့မကျေနပ်ချင်ပေမဲ့ ကူးကူးနိုးသွားမှာစိုးရိမ်တာကြောင့် လှဲနေရာကနေ မလှုပ်ရဲ။

၉နာရီတောင်ကျော်နေပြီ။ညကလဲအစောကြီးအိပ်ပျော်သွားတဲ့ သားငယ်က အခုထိမနိုးသေးတာကြောင့် ဖျားများဖျားနေလားဟူ၍
ပါးပြင်လေးဆီလက်ဖဝါးဖြင့်ကပ်ကြည့်လိုက်သည်။ခရီးပန်းလာတာကြောင့်ထင်ရဲ့။
တရှူးရှူးနဲ့ အိပ်ပျော်နေသည်မို့ ကြည့်ရင်းအသည်းယားလာသည်။ ကူးကူးတို့ ပါပါးလေးမရှိတုန်း တစ်ချက်လောက်ညှစ်ကြည့်ရင်ကောင်းမလား။

ပါးပြင်လေးကိုလက်နဲ့ ခပ်ဖွဖွညှစ်ကြည့်တော့ကိုယ်တော်ချောက လှုပ်တောင်မလှုပ်။နုှတ်ခမ်းလေးစူပြီးအိပ်မောကျနေတဲ့သားကအရမ်းချစ်ဖို့ ကောင်းလွန်းနေတာကြောင့် စိတ်မထိန်းနိုင်စွာ ဖိနမ်းလိုက်မိသည်။

ဘယ်နေရာက နာသွားတယ်မသိ။လန့်နိုးကာဝါးခနဲအော်ငိုလိုက်တော့ ချက်ချင်းပွေ့ချီပြီးချော့ရသည်။

"အေး...အေး Appaသားလေး နာသွားတာလား ..တိတ်ပါ တိတ်ပါ သားရယ်"

"ဘာလုပ်လိုက်ပြန်ပြီလဲ"

"နမ်းလိုက်တာ"

နွားနို့ခွက်လေး ကိုင်ကာဝင်လာတဲ့ Jiminကသားကို သူ့လက်ထဲကနေ ယူလိုက်ကာဆူဖို့အဆင်သင့်ဖြစ်နေတဲ့ မျက်နှာဖြင့် သူ့ကိုကြည့်သည်။ သားကလည်း သူ့အဖေကိုတွေ့တော့ ပိုပြီးအသံပြဲကာ အော်ငိုသည်။

"သူ့ဘာသူအိပ်နေတဲ့ ကလေးကို ...ဘယ်လိုတောင်နမ်းလိုက်လို့လဲ။ အဲ့နှုတ်ခမ်းမွှေးတွေက စူးတာကို ၊ ပါပါး ကလေးလေး...ဘယ်နားနာသွားလဲ"

"အရမ်းမနာပါဘူး... မင်းသားက ကြီးလာရင် သရုပ်ဆောင် လုပ်လို့ရတယ်။ ပိုလိုက်တာ။ ဒီလိုလေးပဲနမ်းလိုက်တာကို"

"ဟ...အရမ်း မလုပ်ပါနဲ့ Jeon Jungkookရဲ့"

"ဟာ"

နောက်တစ်ချက်ကူးကူးကိုဖက်နမ်းတော့ကူးကူးကခေါင်းတွေပါကုတ်ကာ ပိုပြီးအော်ငိုသည်။ Jiminကလည်း သူ့ကိုတဖုံးဖုံးနဲ့ရိုက်သည်။ သူ့ရဲ့အိပ်ခန်း လေးထဲမှာ မနက်စော​စောစီးစီး ဆူညံလို့... စည်စည်ကားကားဖြစ်နေသည်။

"ကလေးကိုမနမ်းရရင် ကလေးအဖေကိုနမ်းမယ်ကွာ"

အရိုက်ခံနေရတဲ့ကြားကသားအဖနှစ်ယောက်လုံးကို ဖက်ထားကာ ကလေးအဖေရဲ့ပါးပြင်လေးတွေဆီရန်ရှာလိုက်တော့ဘာမှပြန်မလုပ်ဘဲ ပွစိပွစိသာရေရွတ်နေသည်။

"ဘယ်လိုဆရာဝန်လဲမသိဘူး... သားလေးတစ်ချက်လောက်ရိုက်လိုက် ဒီလူ့ကို"

"ဟင့်"

သားက Jungkookဘက်ကို လှည့်မကြည့်တော့ဘဲ Jiminရဲ့ပခုံးပေါ်ကို မှီချထားသည်။

"မနက်စောစောငိုသွားရင် တစ်နေကုန် စိတ်မကြည်တော့လို့ပါဆို... ဘာဖြစ်နေမှန်းမသိဘူး"

"သားအဖနှစ်ယောက်လုံးကို ငိုအောင်လုပ်မယ်ဟေး"

Jiminရဲ့ပခုံးပေါ်မှီထားသည့် အသေးလေးဘက်ကို သွားကာ နောက်တစ်ခေါက်နမ်းဖို့ပြင်တော့ အသေးလေးက သူ့ဆံပင်တွေကိုဆွဲထားသည်။

"ကလေး ...Jimin လုပ်ပါဦး ၊ အား..."

အသေးလေးရဲ့ လက်လေးက မြဲလွန်းတာမို့Jungkook ပြန်ရုန်းလို့ မရနိုင်ဘဲဖြစ်နေကာJiminရဲ့အနောက်ဘက်မှာ ယက်ကန်ယက်ကန်ဖြစ်နေသည်။

"သားရေ... Appaကို အရမ်းမဆွဲရဘူးလေ"

အနောက်ဘက်မှာ ဖြစ်နေသည်မို့ လှည့်ပြီးလက်ကလေးကိုဖြုတ်ဖို့ လုပ်လေ ပိုဆွဲလေဖြစ်သဖြင့် Jungkookတစ်ယောက် အီစိမ့်နေသည်။

"သားလေး...လွှတ်ပေးလိုက်ပါ Appaနာနေပြီ"

မျက်နှာတွေရဲတွတ်လာသည်အထိ နာသွားပေမဲ့ Jungkookကတော့ မျက်နှာပိုးမသေဘဲ ကလေးကိုစလို့ကောင်းနေဆဲဖြစ်သည်။

"နာတော့မယ် ဒီအသေးလေးကတော့"

"မျက်နှာသွားသစ်ပါတော့"

"သားလေး Appaဆံပင်ကိုဆောင့်ဆွဲတာကိစ္စမရှိပေမဲ့ Appa အသည်းလေးရဲ့ဆံပင်ကိုတော့ ဆောင့်ဆွဲလို့မဖြစ်ဘူးနော်"

"ကဲပါ...သွားပါတော့"

နှုတ်ခမ်းလေးဆီ တစ်ချက်လှမ်းနမ်းကာကုတင်ပေါ်မှဆင်းပြီး သားအဖနှစ်ယောက်ကိုကြည့်သည်။ တီရှပ်ပွပွလေးရယ် ဘောင်းဘီတို အဖြူရောင် လေးရယ်ကိုဝတ်ထားကာကလေးကိုချီထားရင်း ငိုမဲ့မဲ့ ထိုင်နေသည့် သူ့
အသည်းနှလုံးလေးသည်ဘယ်လိုလေးမှန်းကိုမသိ။ကူးကူးနဲ့အပြိုင်ကိုချစ်ဖို့ကောင်းနေတော့တာ။

"သွားလေ ...ဘာကြည့်နေတာလဲ"

Jiminရဲ့ပါးပြင်လေးတွေက ကူးကူးလိုပဲနုနုအိအိလေးတွေ။ညက သူအကြမ်းပတမ်းနမ်းမိတာ နာများ နာသွားမလားမသိ။ အမြဲလိုလိုဟိုနား ဒီနားတွေလဲ လိုက်ကိုက်တတ်ပေမဲ့Jiminက ဘာတစ်ခွန်းမှမပြောဘဲ မနေနိုင်
တဲ့အခါမှ ဖြည်းဖြည်းလေးတွန်းထုတ်တတ်သည်။ အိမ်ထောင်မကျခင်က Jiminက သူ့ကို သည်းသည်းလှုပ်ခဲ့တယ်ဆိုပေမဲ့ အဲ့ဒီနောက်ပိုင်းကစလို့ သူကပဲမျက်စိ အောက်ကအပျောက်မခံနိုင်လောက်အောင်ကို ရူးနေခဲ့ရတာပါ။

"ညက အရမ်းနမ်းလိုက်တာ နာသွားလား"

"အမလေး ညားတာပဲ ၃နှစ်ကျော်ပြီ၊အခုမှဘာစိတ်ကူးပေါက်ပြီး လာမေးနေတာတုန်း"

"နာသွားလားလို့"

"ဘာလုပ်မလို့လဲ နာတယ်ဆိုရင်"

"နောက်ဆို ဖွဖွလေးပဲနမ်းပါတော့မယ်"

"ကဲပါ မျက်နှာ သွားသစ်ပါတော့"

"ဟိုပိစိကိုလည်း မျက်နှာသစ်ပေးရဦးမယ်လေလာခဲ့ကွာ...တစ်ယောက်ထဲ ပျင်းလို့၊မင်းတို့သားအဖက အရမ်းစျေးကိုင်တာပဲ"

Jiminမထမချင်း ပေါင်ပေါ်အတင်းလာပြန်အိပ်နေသဖြင့် ကလေးကိုချီပြီး သူနဲ့အတူတူမျက်နှာလိုက်သစ်ပေးရသည်။

"သားရေ မင်းAppa ရူးများသွားလားမသိ"

"အချစ်ရူးလေ... ဒီသားအဖကို ချစ်လွန်းလို့ရူးနေတာ"

နေ့လည်ဘက်ကျတော့ မနက်ခင်းက စိတ်ဆိုးခဲ့တဲ့ ကူးကူးမဟုတ်တဲ့အတိုင်းအဖေဖြစ်သူအနားမှာလုံးလုံးလေးထိုင်ကာဆော့နေသည်။
အတူတူဆော့ပေးနေတဲ့ ကိုကိုကတော့မောပြီးအိပ်ပျော်နေပြီ။ ပါးပြင်ပေါ်မှာ လည်း ကူးကူးကပ်ပေးထားတဲ့ စတစ် ကာသေးသေးလေးတွေပြည့်လို့။

"သားလေး"

ကိုကို့နံဘေးမှာ ဝင်ထိုင်တော့ ကူကူးက Jiminကိုပါ စတစ်ကာနဲ့ကပ်ချင် ပုံဖြင့် လက်ကလေးလှမ်းလာသည်။

"ပါပါးကိုပါ ကပ်ပေးဦးမှာလား သားက...အမလေး ချစ်ဖို့ ကောင်းလိုက်တာ ပိစိလေးက"

သားရဲ့ဘေးမှာ အတူတူဆော့ပေးနေရင်းနှင့်သူ့ရဲ့စိတ်တွေက ကူးကူးလေး ဖြစ်တည်လာခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

**********

ကူးကူးလေးက လွယ်လွယ်နှင့် သူတို့နှစ်ဦးရဲ့ဘဝထဲ ရောက်လာခဲ့ရ တာတော့မဟုတ်။ဖန်ပြွန်သန္ဓေသားနည်းဖြင့် အငှားကိုယ်ဝန်ဆောင်ကာ ဘဝထဲ ဆွဲခေါ်လာရတဲ့ ကလေးလေးငယ်လေး...။သူ့ဘဝမှာ ကိုကို့အတွက်ဖန်တီးပေး ချင်ဆုံး လက်ဆောင်လေးဆိုလျှင်လည်းမမှားနိုင်။ကိုကို့ရဲ့အသွေးအသားတွေက
တဆင့်ဖြစ်တည်လာတဲ့ Jeonအသေးလေးကို လိုချင်လွန်းလှသဖြင့် ဖိုးဖိုးတို့နဲ့တိုင်ပင်ကာ အငှားကိုယ်ဝန်ဖြင့် ကူးကူးလေးကို
ဖန်တီးဖို့ရည်ရွယ်ချက်ရှိခဲ့ဖူးသည်။

လုံးဝသဘောမတူခဲ့သူကအိမ်ထောင်ဦးစီးဖြစ်သူဒေါက်တာJeonပဲဖြစ် သည်။လွန်ခဲ့တဲ့နှစ်နှစ်က အချိန်တွေသည် သူတို့နှစ်ဦးကြားမှာ ကမောက် ကမအနိုင်ဆုံးအချိန်တွေဖြစ်ခဲ့ကာ တစ်ခါတစ်လေဆိုပြန်တောင်မတွေးချင်သည်အထိ။

"ကိုကိုသဘောမတူချင်ဘူး Jiminရယ်"

"ကိုကိုကလည်း... ဖိုးဖိုးက အကုန်ကူညီပေးမယ်ပြောထားတာ။ မမဟယ်လင်ကလည်း ကူညီဖို့အသင့်ပဲတဲ့ "

"ဘာလို့လဲ... ဒီလောက်အထိမလိုဘူး။မင်းရှိနေရင်ရပြီ"

"မတူဘူးလေ ကိုကိုရယ်"

"ဘာက မတူတာလဲ"

မရှင်းပြတတ်ပေမဲ့ ကိုကို့ကိုယ်ပွားလေးကိုအနားမှာထားချင်သည်။ လောကကြီးထဲမှာသူ့ရဲ့သွေးသားအရင်းအချာ ဖြစ်တည်မှုလေးတစ်ခုကိုတော့ ရှိစေချင်သည်။ သူကမစွမ်းဆောင်နိုင်ပေမဲ့ အခုခေတ်မှာ အရမ်းခက်ခဲတဲ့
ကိစ္စတော့မဟုတ်တာမို့ စိုးရိမ်ပူပန်တာမျိုးမရှိတာတော့အမှန်ပင်။

ပြီး​တော့ ဖိုးဖိုးကယ်တင်ပေးခဲ့ဖူးတဲ့ လူနာတွေထဲက မိသားစုဝင်
တစ်ဦးဖြစ်သူ မမဟယ်လင်က ဖိုးဖိုးကို ကျေးဇူးဆပ်ချင်လွန်း၍ လိုလိုလားလားနှင့် အကူအညီပေးချင်ခဲ့သူ။ ဆရာဝန်အသိုင်းအဝိုင်းကမို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုအရှိဆုံး မျိုးရိုးသန့်လေးကို စစ်ထုတ်ရှာဖွေထားခဲ့သလိုမို့ စိတ်မချရတဲ့ အပိုင်းမျိုး မရှိတာအမှန်ဖြစ်သည်။မမျိုးဉအလှူရှင်ကလည်း မမဟယ်လင် ကိုယ်တိုင်ပဲဖြစ်သည်။အိမ်ထောင်ပြုဖို့အစီအစဉ်မရှိသည့်အပြင် ကလေးပြုစု ပျိုးထောင်ဖို့လည်း စိတ်ကူးမရှိတဲ့သူမို့ Jimin လိုချင်တဲ့အချက်တွေနဲ့ အတိအကျကိုဖြစ်နေခဲ့တာ ။

အားလုံးကအဆင်ပြေပြေပဲ။ ခက်နေတာက သူ့ကိုကိုတစ်ယောက်ထဲ။

"ကိုကို့အတွက်ပါ.... Jeon Jungkookရဲ့သွေးသားလေး တစ်ယောက်လောက်တော့လောကကြီးထဲရှိနေသင့်တယ်မလား"

"ငါ့အတွက် မလိုဘူးဆိုကွာ..."

"ဖိုးဖိုးတို့လဲ အားလုံးကူညီပေးမှာပဲကို"

"အဲ့လိုတွေကြောင့်ပဲနေရခက်တာ... မင်းငါ့နေရာလည်းနည်းနည်းစဉ်းစား ပေးဦး"

"ကိုကိုကလည်း"

"ဒီလိုဆို ကိုယ်Jimin အသေးလေးပဲလိုချင်တယ်... "

အဲ့ဒါဘာထူးမှာလဲ... ပိုပြီးတော့ သူ့ကိုတစ်ယောက်ထဲလို့ ခံစားစေရမယ့်ဆုံးဖြတ်ချက်မျိုးပဲဟာ။ ဒီလိုမျိုးကိုယောင်လို့တောင်
မတွေးမိခဲ့ဘူး။

"အဲ့ဒါတော့မဖြစ်နိုင်ဘူး"

"ကိုယ်လည်းမဖြစ်နိုင်ဘူး"

တစ်ယောက်နဲ့တစ်ယောက်စကားမပြောမိကြပေမဲ့ လက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာပိုပြီးသည်းသည်းလှုပ်ကာမျက်စိအောက်က အပျောက်မခံနိုင်အောင် ဖြစ်လာသူကJungkookဖြစ်သည်။ တစ်နေ့ထက်တစ်နေ့ ပိုပြီးနားလည်လာတယ်။

သူ့အတွက် Jiminမရှိရင် မဖြစ်ဘူးဆိုတာကို...။သူ့ဘက်က ခါးခါးသီးသီး ဖြစ်နေတဲ့ကိစ္စကိုတောင်မှ မျက်နှာလေးညှိုးနေတာမြင်ရရင်အလုပ်သွားရတာလည်း စိတ်မချမ်းသာ။ဘာကိုမှလည်း စိတ်မပါဘဲရူးတောင်ရူးချင်သည်။ အကူအညီပေး မယ့် ဟယ်လင်ဆိုသည့် ကောင်မလေးကလည်း ဆိုးလ်ကိုတောင်ရောက်နေပြီ။

ယောက္ခမဖြစ်သူကညတိုင်းဖုန်းဆက်ပြီးJungkookကိုဖျောင်းဖျပေးတယ် ဆိုပေမဲ့စိတ်မသက်မသာဖြစ်နေတာ သူ့ကိုယ်သူပဲအသိဆုံး။ Jiminကို သူ့လက်ထဲထည့်ပေးခဲ့တာနဲ့တင် ဒီမိသားစုရဲ့ကျေးဇူးတွေ သူ့အပေါ်မှာ ပုံနေပါပြီ။ သူ့ရဲ့သွေးသားဆိုတာအထိကိုယောင်လို့တောင် မမျှော်လင့်မိခဲ့တာမို့ နံဘေး
မှာ Jiminသာရှိနေပေးရင် သူ့အတွက်ပြည့်စုံပြီဟူ၍သာ ခံယူထားမိတာ။

တစ်ကုတင်ထဲမှာ အိပ်နေပေမဲ့ စကားမပြောဖြစ်ကြတာ ၃ရက် ၄ရက်ရှိပြီ။

"Jimin"

Jiminက သူ့ကို အသံပြန်မပေးဘဲ အိပ်ချင်ယောင်ဆောင်နေသည်။

"မနက်ဖြန် ဟယ်လင့်ကိုခေါ်ပြီး ဆေးရုံလိုက်ခဲ့"

"ဘာလာလုပ်ရမှာတုန်း"

"မင်းပဲ... ငါ့ကလေးလိုချင်တယ်ဆို"

ကျောခိုင်းထားရာမှ သူ့ဘက်ကိုလှည့်လာကာ-

"ဘာလဲ... ကိုကိုလက်ခံပေးတာလား"

"အင်း"

"တကယ်လား... တကယ်ပြောတာလား"

လိုချင်တာရပြီဆို မျက်နှာအရောင်က ချက်ချင်းပြောင်းသွားသည်။ ရင်ခွင်ထဲအထိတိုးဝင်လာဖို့လည်း ဝန်မလေးတော့သည်မို့ သူ့ကိုခွပြီး ဖက်ထားသည်။ စိတ်တွေလေးနေပေမဲ့ဒီအပြုအမူလေးတွေဆီကနေ ရုန်းထွက်နိုင်
ရအောင် Jeon Jungkookက ဘာသားနဲ့ထုထားတာမို့လို့လဲ။

"ဒီလိုဆို မနက်ဖြန်ကစပြီး လိုတာတွေစစ်ဆေးကြမယ်နော်... တွေးကြည့်ရုံနဲ့တင် ပျော်စရာကြီး၊ ကိုကိုဆုံးဖြတ်တာအမှန်ဆုံးပဲ"

ဖက်ထား၊ ခွထားရုံတင်မကဘဲ ပါးတွေကိုပါတရွှတ်ရွှတ်နဲ့လာနမ်း သည်။Jeon Jiminတို့ခေတ်ပဲလေ... သူ့ကိုစိတ်ရှိတဲ့အတိုင်းသာစေခိုင်းလိုက်ပါ။

"အိပ်တော့ကွာ... ပင်ပန်းတယ်"

"အင်း... ကိုကိုလည်း ဘာမှမတွေးဘဲအိပ်တော့ ၊ ဘာပဲဖြစ်ဖြစ် ရှေ့လျှောက်ပိုပြီးကျန်းမာရေးဂရုစိုက်ရမယ်"

သို့နှင့် ဖန်ပြွန်သန္ဓေသားနည်းဖြင့် ကူးကူးလေးဖြစ်လာပြီးနောက် မမဟယ်လင်က အငှားကိုယ်ဝန်ကိုလွယ်ပေးထားသည့် ကိုယ်ဝန်ဆောင်လေး ဖြစ်လာသည်။ကိုကိုက မမဟယ်လင်ကို တစ်ချက်တောင်သေသေချာချာ မကြည့် ခဲ့ဖူးပေ။ သူ့တာဝန်ကျေတာနှင့် Jiminကိုတောင် စကားသိပ်
မပြောတော့ဘဲ ရှောင်ဖယ်နေတတ်သည်။အားလုံးအဆင်ပြေနေတဲ့ကိစ္စကို ဘာဖြစ်နေမှန်းကိုမသိတာ။

"ကိုကို"

"အင်း"

"မမဟယ်လင်လေ"

"နေကောင်းတယ်မလား"

"ကောင်းပါတယ်"

"အလုပ်သွားတော့မယ်"

"ဘာဖြစ်နေတာလဲ... အခုကျွန်တော့်ကို စိတ်ဆိုးနေတာလား"

"မင်း ဖြစ်ချင်တာတွေ လုပ်ပေးပြီးပြီလေ...ကိုယ့်ကို ဒီအတိုင်းခဏလွှတ်ထားပေးပါလား"

"ဘာလဲ... ကလေးကို ကိုကိုတကယ်မလိုချင်တာလား"

"အဲ့ဒါတွေ မမေးနဲ့တော့၊ အလုပ်နောက်ကျနေပြီ"

မမဟယ်လင်ဆီတစ်ခါလောက်လေး လိုက်ကြည့်ပေးဖို့ပြောတဲ့ဆီကို မရောက်ဘဲ နှစ်ယောက်စကားများပြီးရန်ဖြစ်တာနဲ့ပဲ နိဂုံးချုပ်သည်။ ညားပြီးလည်း မအေးနိုင်ဘူးနော်ဟူ၍ Jiminခေါ်ရာနောက်ကို တကောက်ကောက် လိုက်ရသူက TaeHyungဖြစ်သည်။

ဒီမနက်လည်း ကိုကို့ကို မမဟယ်လင့်ဆီခေါ်သွားဖို့ရာ မအောင်မြင်တာကြောင့် TaeHyungနဲ့ Jiminတို့နှစ်ယောက်သာ အတူတူသွားဖြစ်
ကြသည်။ မမဟယ်လင်အတွက် စီစဉ်ပေးထားသည့်အိမ်က Jiminရဲ့အိမ်ကနေဆို
၃နာရီလောက် ကားမောင်းရသည်မို့ တစ်ပတ်တစ်ခါလောက်တော့ ရောက်အောင်သွားသည်။ မမဟယ်လင်ရဲ့ မေမေရယ်၊သူနာပြုလေးတစ်ဦးရယ်၊ စကားပြန်အစ်မတစ်ယောက်ရယ်ကိုပါ မမဟယ်လင်မွေးတဲ့နေ့အထိ ထိုအိမ်မှာပဲ အတူတူနေခိုင်းစေသည်။

ဟယ်လင်က Jiminနဲ့ TaeHyungကိုခင်သည်။တစ်ယောက်ပြောတာ တစ်ယောက်နားမလည်ပေမဲ့ ၃ယောက်ဆုံတဲ့အချိန်တိုင်းလက်ဟန်ခြေဟန်တွေနှင့် အမြဲလိုလို ရယ်မောနေရတတ်သည်။ ဟယ်လင်စိတ်ချမ်းသာနေမှ ကလေးလေးက လောကထဲရှောရှောရှူရှူထွက်လာနိုင်မည်မို့ Jiminကအများကြီးဂရုစိုက်ကာ နွေးထွေးပေးသည်။

"Jimin... ကလေးလေးကြီးလာလို့ Jiminတို့အပေါ် တစ်မျိုးမြင်ရင် ဘယ်လိုလုပ်မလဲတဲ့ဟယ်လင်ကမေးနေတယ်"

"အဲ့လိုမဖြစ်ရပါဘူး...Jeon Jiminက သေချာစောင့်ရှောက်မှာ ၊ ကိုကိုနဲ့တူရင် လိမ္မာမှာပါ"

"ဘာမှမလိမ္မာဘူး"

Taeသည် Jungkookကို ဒီရက်ထဲသိပ်ကြည့်မရတာမို့ အကန်တွေပဲ ပြောသည်။

"ကလေးလေးက လိမ္မာမှာပါ"

Jiminက ရေခဲမုန့်ကို စားနေရင်းက ပြုံးပြုံးလေးပြောသည်။ ကိုကို့ကို အကုန်လုံးက ဒီရက်ပိုင်းမှာ အမြင်မကြည်ကြပေမဲ့ Jiminကတော့ အပြစ်မမြင်ရက်။ကလေးမျက်နှာလေးမြင်လိုက်တဲ့အချိန်ကျရင် စိတ်နုတဲ့
ကိုကိုက ငိုတောင်ငိုဦးမှာကို။

ဒီနေ့ မမဟယ်လင် ကိုယ်ဝန်လွယ်ထားတာငါးလ ပြည့်ပြီမို့ အထဲက ပိစိလေးကသားသားလေးလား မီးမီးလေးလားဆိုတာသိရတော့မှာ။ ညနေ စောင်းကျတော့ ဆေးရုံကနေResultသွားယူနေတဲ့ သူနာပြုဆရာမလေးပြန်လာပြီမို့ Jiminရဲ့စိတ်တွေ လှုပ်ရှားနေရသည်။ ဘာလေးဖြစ်ဖြစ် အစွမ်းကုန်ချစ်ဖို့အသင့်ပါ။

"Jimiပထမဆုံးသိရအောင် ဖွင့်မကြည့်ခဲ့သေးဘူး"

လက်ထဲထည့်ပေးလာတဲ့စာအိတ်လေးကိုကြည့်ကာ ၃ယောက်သား စိတ်လှုပ်ရှားနေကြသည်။

"Jimin ဘာလေးပိုလိုချင်လဲ..."

"ဘာလေးဖြစ်ဖြစ်"

စာအိတ်လေးကိုရင်တခုန်ခုန်နဲ့ဖွင့်ကြည့်ပြီးနောက်Resultက ယောကျာ်း လေးဖြစ်နေသည်မို့သူနဲ့ TaeHyungတို့ နှစ်ကောင်သား အခန်းထဲခုန်ပေါက်မိကြသည်အထိ။

"Aigoo ... ကူးကူးလေးရေ အထဲမှာလိမ်လိမ်
မာမာနေနော် ၊ အပြင်ရောက်လာမှ ပါပါးကိုကောင်းကောင်းနှိပ်စက်လိုက်"

မမဟယ်လင်ရဲ့ဗိုက်လေးကို ပွတ်ကာ ကူးကူးနဲ့ စကားခဏပြောပြီး နောက် သူနဲ့TaeHyungတို့ အိမ်ပြန်ခဲ့ကြသည်။

"ငါတော့ သားကို ကင်မ်ချီလေးလို့ခေါ်မှာ"

"ငါတော့ ကူးကူးပဲ"

"မင်းတို့နှစ်ယောက် အကြောမတည့်လည်းနေကြသားကို ငါ့ဆီပေး ငါမွေးစားမယ်"

"ပြီးရင် မင်းပဲထိန်းရမှာဟေ့ကောင်"

TaeHyungနဲ့သူကတော့ ကာယကံရှင်ထက်ပင် သားကိုကြိုဆိုဖို့ တက်ကြွနေတတ်သည်မို့ အမြဲလိုလို အတိုင်အဖောက်ညီနေတတ်သည်။ မမဟယ်လင်ရဲ့ အိမ်နားပတ်ဝန်းကျင်ကဆို TaeHyungနဲ့Jiminကို စုံတွဲလေးလို့
ထင်ကြတဲ့အထိပါပဲ။အိမ်ကိုပြန်ရောက်တော့ ထုံးစံအတိုင်း ကိုကိုကစာဖတ် ခန်းထဲမှာ ငြိမ်နေသည်။ဒီလတွေမှာ Jiminအိပ်ပျော်တဲ့ အချိန်မှ အခန်းထဲဝင်ကာ အိပ်တတ်သည်မို့ စိတ်ရှုပ်သွားမှာစိုးရိမ်ကာ ကလေးရဲ့အခြေအနေတွေလည်း တော်ရုံနဲ့မပြောပြဖြစ်တော့။အေးတိအေးစက်အခြေ အနေကတစ်နေ့ထက် တစ်နေ့ဆိုးဝါးလာသည်။

ဒီနေ့ကတော့ သတင်းထူးမို့ ကိုကို့ကိုလည်းပြောပြသင့်တယ်ဟူ၍ တွေးမိကာ နွားနို့ခွက်လေး ကိုင်ပြီးစာကြည့်ခန်းရှေ့သို့သွားပြီး အသံပြုလိုက် သည်။

"ကိုကို ... ကျွန်တော် ခဏဝင်ခဲ့လို့ရလား"

"အင်း"

လှည့်မကြည့်ပေမဲ့ အဖြေပြန်ပေးသည်မို့Jiminက အထဲကိုဝင်သွားလိုက် သည်။Jungkookသည်ဘာကိုစိတ်မကြည်နေမှန်းမသိကာသူ့ကိုယ်သူပဲဒေါသထွက်သည်။ဟယ်လင့်ဆီ TaeHyungနဲ့အတူတူသွားတဲ့နေ့တွေတိုင်း စိတ်ပင်ပန်းမှုက နှစ်ဆတိုးလာသည်။သဝန်မတိုသင့်တဲ့ သူငယ်ချင်းနှစ်ယောက်ဆိုပေမဲ့ Jiminက သူ့ကိုပစ်ပယ်ထားတယ်ဟူ၍ ခံစားနေရတဲ့စိတ်က လုံးဝအဆင်ပြေမနေသည်မို့။

ဖိုးဖိုးတို့ကိုယ်တိုင်က လိုလိုလားလားနှင့် ခွင့်ပြုပေးခဲ့တယ်ဆိုပေမဲ့ သူတစ်ယောက်ထဲကပဲအတွေးတွေလွန်ပြီး စိတ်ဖောက်ပြန်နေတာကိုလည်း သိသည်။ သူ့ဘက်က ဆန္ဒရှိလို့လုပ်ရတဲ့ကိစ္စမဟုတ်တဲ့အကြောင်းကို ယောက္ခမဖြစ်
သူတို့ကိုရော Jiminကိုရော သိစေချင်တာမို့စိတ်ရှုပ်နေတဲ့အကြောင်းကို သိသာ လာအောင်ပြနိုင်ဖို့ရာက အနီးအနားကJiminအပြင်မရှိ။

Jiminကို ရှောင်နေခဲ့တာ သူဆိုပေမဲ့ သူ့အလိုကျပဲ ဟိုကလေးက စကားလာမပြောဘဲနေပေးပြန်တောလည်း မကျေနပ်ပြန်။ ဒီကြားထဲTaeHyung နဲ့က တတွဲတွဲမို့ သူ့ကိုအမျိုးမျိုးနာကျင်အောင် လုပ်နိုင်တဲ့ အဲ့ဒီကောင်လေး
အပေါ် တစ်ခုခုနဲ့ပေါက်ကွဲပြလိုက်ချင်သည်။

အခုလည်းအခန်းထဲဝင်လာကာ သူ့ဘေးမှာကပ်ထိုင်သည်။ စာဖတ်တဲ့အချိန် သူ့ပခုံးပေါ်မှီပြီးအိပ်ပျော်သွားတတ်တဲ့ ညတွေကလည်း အတိတ်
မှာကျန်ခဲ့ပြီ။ အဲ့လိုပဲ သူတို့နှစ်ယောက်မှာကလေးကိစ္စရှိလာပြီးထဲက အဆင်မပြေမှု
တွေနဲ့ အေးစက်နေတော့တာ။

"ကလေးလေးက ယောက်ျားလေးတဲ့ ကိုကိုရဲ့ဒါလေးတော့ ကိုကိုသိချင် မလားလို့ ၊ မမဟယ်လင်လဲ ပျော်နေတယ် ၊ TaeHyungရောပဲ"

ကလေးအကြောင်းပဲဆို စိတ်မဝင်စားမှာစိုးရိမ်တာနှင့် TaeHyungနဲ့မမဟယ်လင်တို့အကြောင်းပါထည့်ပြောမှ အခြေအနေကပို
ဆိုးသွားသည်ထင်ရဲ့။ဖတ်လတ်စ စာအုပ်ကိုဆောင့်ပြီးပိတ်ချလိုက်ကာ Jiminဘက်ကိုစူးစူးရဲရဲလှည့်ကြည့်လာသည်။

"မမဟယ်လင် မမဟယ်လင်... TaeHyungTaeHyung နဲ့ Jeon Jungkookကရော..ဟမ်! ငါရော ငါ့အကြောင်းရော မင်းခေါင်းထဲရှိသေးရဲ့လား"

မတ်တပ်ရပ်ပြီးသည်နှင့် Jiminကိုပါ ပခုံးကနေ ဆွဲမလိုက်သည်။အံ့သြသွားသလိုမော့ကြည့်လာတဲ့ မျက်ဝန်းငယ်လေးတွေ၊ မနမ်း
ဖြစ်တာကြာပြီဖြစ်တဲ့ နှုတ်ခမ်းဖူးလေး။ဒီလိုမျိုးကြမ်းတမ်းလိုက်ဖို့ကို တစ်ကြိမ်မှ
မတွေးခဲ့ဖူးပေမဲ့ လတ်တလောမှာတော့ Jiminကို တစ်နည်းမဟုတ်တစ်နည်းနဲ့ စိတ်ဒုက္ခပေးချင်နေသည်မို့ စာကြည့်စားပွဲပေါ်ပွေ့တင်လိုက်ကာ အရူးတစ်ယောက် လို ထိုကလေးအပေါ် ခြယ်လှယ်မိသည်။

တုံ့ပြန်မှုရော ငြင်းဆန်မှုရောမရှိတာကြောင့်စိတ်က ပိုပြီးလွတ်သွားကာ အိပ်ခန်းထဲအထိပွေ့ယူလာပြီး ကုတင်ပေါ်ကို ခပ်ကြမ်းကြမ်းပစ်ချလိုက်သည်။ ညဝတ်အင်္ကျီလေးဆီကကြယ်သီးတွေကို ဆွဲဖြုတ်ကာ လည်တိုင်တစ်လျှောက်ကို ကိုက်ခဲမိတော့မှ Jiminဘက်ကအသံတိုးတိုးလေး ထွက်လာသည်။

"ဒီနေ့အရမ်းပင်ပန်းနေလို့...မနက်ဖြန်မှ...မနက်ဖြန်မှပဲခွင့်ပြုပေး မယ်လေ..."

သူ့ပခုံးလေးကိုလက်နဲ့ဖွဖွလေးတွန်းကာထိုသို့ဆိုလာတော့ Jungkook ဘက်က ငြိမ်ကျသွားသည်။ပုံမှန်ထက်အပူရှိန်ရှိနေတဲ့ လည်တိုင်လေးဆီက အထိအတွေ့ကိုခံစားမိရဲ့နဲ့သူဘာတွေအရူးထမိခဲ့တာလဲ။ တစ်ခါလောက် အတူတူ နေဖို့ကိုတောင် မထိရက်၊ မကိုင်ရက်နှင့် နှမြောနေတတ်တဲ့သူက ဒီလိုမျိုး မသင့်တော်တဲ့ပုံစံနှင့် ထိုကလေးအပေါ်ရမ်းကားမိတော့မလို့။

ဟယ်လင့်ရဲ့ကိုယ်ဝန်က လရင့်လာပြီမို့ ဒီတစ်ပတ်မှာဆို၃ရက် လောက် ဟယ်လင့်ဆီသွားဖြစ်ခဲ့တာသူလဲသိသားနဲ့။သွားတဲ့နေ့တိုင်းလည်း ဟိုဘက်အိမ်က

လူတွေအတွက်မရိုးရအောင်ချက်ပြုတ်ပြီးထည့်သွားပေးတတ်သေးတာ။အရမ်း ပင်ပန်း နေတာကို အသိဆုံးဖြစ်ရဲ့နဲ့စိတ်ဒုက္ခပေးဖိုးအထိ တွေးရက်တဲ့သူ့ကိုယ်
သူ စိတ်ပျက်မိသည်မို့ ကုတင်ပေါ်ကဆင်းကာ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။ သူတို့
နှစ်ယောက်နဲ့ ဒီလိုအခြေအနေမျိုးက ဘယ်လိုမှကို မအပ်စပ်နေ။

ခွမ်း...

ရေချိုးခန်းဘက်က တစ်ခုခုကျကွဲတဲ့အသံကိုကြားသည်နှင့် Jimin လည်း ကုတင်ပေါ်ကဆင်းပြီး လိုက်ဝင်သွားမိသည်။

"မဝင်နဲ့"

Jungkook ချက်ချင်းတားလိုက်ပေမဲ့ အချိန်မမှီသည်မို့ မှန်ကွဲစတချို့ကို Jiminတက်နင်းမိလိုက်သည်။မှန်ကို ထိုးခွဲလိုက်တဲ့အရှိန်နဲ့သူ့လက်မှာလည်း သွေးတွေထွက်နေတာ မြင်မကောင်း။မှန်ကွဲစကို တက်နင်းမိသည့်တိုင်အောင် Jiminဘက်ကလည်း အသံတစ်ချက်မထွက်ခဲ့။

သူတို့နှစ်ယောက်က ဒီလိုမျိုးတစ်ယောက်ကို တစ်ယောက် နာကျင်စေရ မဲ့ဖြစ်တည်မှုမျိုးတွေမဟုတ်တာကို Jungkookခဏမေ့ထားခဲ့မိသည် ထင်ပါရဲ့။ ချက်ချင်းပဲJiminကို ပွေ့ချီကာ အခန်းအပြင်ဘက်သို့ထွက်ခဲ့ပြီးနောက် သူ့လက်ကို အရင်သန့်ရှင်းရေးလုပ်ရသည်။ပြီးနောက်Jiminရဲ့ခြေဖဝါးကိုရေအေးနဲ့အရင်ဆေး ပေးကာ အရက်ပြန်နဲ့ နည်းနည်းထပ်ဆေးပေးဖို့ပြင်တော့ သူ့လက်တစ်ခုပ်စာ ခြေဖဝါးလေးကို ရုန်းလေသည်။

"ပိုးဝင်မှာစိုးလို့ ခဏပဲ"

မြန်မြန်လက်စသတ်ကာဆေးထည့်ပြီးပတ်တီးစည်းပေးလိုက်သည်။

အရမ်းမနက်ဘဲထိရုံလေးမို့ တော်ပါသေးရဲ့ဟူ၍ စိတ်ထဲကတွေး
ကာသက်ပြင်းချမိသည်။အရက်ပြန်ကစပ်တဲ့အရှိန်ရယ် ၊လောလောဆယ် ဖြစ်ပျက်သွားတဲ့အခြေအနေတွေရယ် ပေါင်းစပ်ကာ မျက်ရည်လေးတွေဝဲနေပေမဲ့ ငိုချလိုက်တာမျိုး မဟုတ်တော့ သူ့မှာပို၍နာကျင်ရသည်။Jiminက သူ့လက်ကို ဆွဲယူပြီး ဆေးပြန်ထည့်ပေးပတ်တီးစည်းပေးနေရင်းမှ-

"အဲ့လောက်တောင် စိတ်ဆိုးနေလား... စိတ်ဆိုးအောင်လုပ်တဲ့ ကျွန်တော့်အပေါ်ကိုပဲပေါက်ကွဲပါ... ဘာလို့ထိခိုက်အောင်လျှောက်လုပ်လဲ"

စိတ်ဆိုးတာက စိတ်ဆိုးတာဆိုပေမဲ့ တကယ်က မဟုတ်တာတွေ လျှောက်တွေးပစ်နိုင်တဲ့သူ့ကိုယ်သူ ပိုပြီးမုန်းတီးမိတာကြောင့် ကိုယ့်
ကိုယ်ကိုယ်ပဲ အပြစ်ပေးချင်ခဲ့တာပါ။

"....."

"ဒီလိုကြီးဖြစ်နေတာ အဆင်မပြေဘူး ကိုကိုရယ်"

ပတ်တီးစည်းပေးပြီးသွားသည်မို့ ကုတင်အောက်မှာ ဒူးထောက်လျက်ထိုင်နေသည့် သူ့ကိုငုံ့ကြည့်ကာပြောလာတဲ့ Jiminရဲ့မျက်ဝန်းတွေမှာ ဝမ်းနည်းနေတဲ့ အရိပ်အယောင်လေးတွေ လွှမ်းခြုံထားသည်။

"ကျွန်တော့်အစ်ကိုကိုကျတော့ ကတိတွေပေးခဲ့ပြီးတော့... ကျွန်တော့်ကို စကားမပြောဘဲနေတာမျိုး မလုပ်ဘူးဆို"

ဘယ်သူက အရင်ငိုချလိုက်မိလဲမသိပေမဲ့သူတို့နှစ်ယောက်လုံးဆီမှာ မျက်ရည်စတွေနဲ့၊တစ်ယောက်မရှိလို့တစ်ယောက်မဖြစ်တဲ့ဖြစ်တည်မှုမျိုးတွေဆီမှာ ဒီလိုပြဿနာမျိုးရှိသင့်လို့လား။

"တောင်းပန်ပါတယ်... ကိုကိုတောင်းပန်တယ်၊ငိုတော့မငိုပါနဲ့"

တစ်သက်စာ နားလည်လိုက်တာက Jiminဘက်က သူ့ကိုမခေါ်မပြောဘဲ လျစ်လျူရှုထားတာမျိုးကိုသူ့ဘက်ကဘယ်လိုမှ မခံစားနိုင်ဘူးဆိုတဲ့အချက်ကို ဖြစ်သည်။ဒါတောင် မုန်းလို့၊ စိတ်ဆိုးလို့မဟုတ်ဘဲ သူစိတ်ချမ်းသာသလို နေပါ စေဟူ၍ လွှတ်ထားပေးခဲ့ရုံလေး။

"နောက်ဆို ကိုယ့်ကို ပစ်မထားပါနဲ့"

စကားမပြောဘဲ ပစ်ထားမိတာက သူကိုယ်တိုင်ဖြစ်ပေမဲ့ Jiminဘက်က သူ့ကိုပစ်ထားတယ်ဟူ၍ပဲ ခံစားနေမိခဲ့တာ။

"တစ်ယောက်ထဲသွားဖို့အဆင်မပြေလို့TaeHyungကို ခေါ်သွားတာလေ၊ ကိုကိုကျမလိုက်ပေးဘဲနဲ့"

"လိုက်ခဲ့ပေးမယ်... မင်းစိတ်တိုင်းကျနေပေးမှာမို့ ကျေးဇူးပြုပြီး မငိုပါနဲ့တော့"

"နောက်ဘဝဆိုတာ အဝေးကြီးမှာမို့ ဒီဘဝ ဒီခန္ဓာနဲ့ ချစ်နိုင်သမျှ အစွမ်းကုန်ပဲပေးထားတာ.. ဒဏ်ရာတွေကျက်ဖို့ မလုံလောက်သေးဘူးလား တွေးမိတိုင်းနည်းနည်းတော့ပင်ပန်းတယ်ကိုကိုရဲ့...နားလည်မပေးနိုင်တာမျိုးဖြစ် မှာစိုးလို့ ကျွန်တော်လည်း တစ်ကောင်ကြွက်ဖြစ်ခဲ့ရင် ကိုကိုဒီလောက် စိတ်ပင်ပန်းနေရမှာ မဟုတ်ဘူးလို့ ခဏခဏတွေးမိတယ်၊

Jungkookက မျက်နှာအပျက်ပျက်ဖြင့် Jiminရဲ့ နှုတ်ခမ်းလေးဆီ ဖွဖွနမ်းရင်းစကားတွေကိုရပ်တန့်စေသည်။

"နောက်ကို အဲ့ဒီစကားမျိုးထပ်မပြောမိစေနဲ့၊ ပြည့်ပြည့်စုံစုံ ကြီးပြင်းလာ ရတဲ့ မင်းရဲ့ငယ်ဘဝ အကြောင်းတွေးမိရုံနဲ့ ဘယ်လောက်ပျော်ရတယ် မှတ်လဲ လူဆိုးလေးရဲ့... ဒီစကားမျိုးနဲ့ ကိုယ့်ကို အနိုင်မယူပါနဲ့၊ နာကျင်မှုတွေ၊ အထီးကျန် မှုတွေက ကိုယ်တစ်ယောက်ထဲနဲ့ပဲလုံလောက်နေပါပြီ"

ထိုကလေးက စိတ်တွေမွန်းကျပ်လာသည့်ဟန် လက်လေးတစ်ဖက်ဖြင့် Jungkookရင်ဘတ်ကို ထုရိုက်နေသေးသည်။

"ခင်ဗျား...အမြဲတမ်းကျွန်တော့်ကိုနာကျင်ရအောင်လုပ်တယ်၊စိတ်မ ကောင်းဖြစ်ရအောင်လုပ်တယ်၊အဲ့ဒီလိုခံစားသွားရရင်တောင်းပန်ပါတယ်၊ဖိုးဖိုးနဲ့ ယောက္ခမတို့ကိုအရမ်းအားနာမိလို့ပါ...ဒီအတိုင်းလေးပြည့်ပြည့်စုံစုံနဲ့ကြီးပြင်းလာ

ပါ၊အများကြီးချစ်ပေးပြီး ကိုယ့်ကို နည်းနည်းစီပြောင်းလဲပေးပေါ့ စိတ်ဆိုးနေတဲ့ အခါလည်း ပစ်မထားဘဲ ချော့ပေးပေါ့၊ ဒေါက်တာကအချော့ကြိုက်တယ် "

"ကျွန်တော်စိတ်ကောက်ဖို့ စိတ်ဆိုးဖို့လည်းချန်ဦး"

"မချန်ပါဘူး"

သူ့ကိုမကျေနပ်သလိုကြည့်ကာ ကုတင်ပေါ်တက်ပြီး တစ်ဖက်သို့စောင်း ကာ လှဲအိပ်လိုက်တော့ Jungkookလည်း အတင်းကပ်အိပ်လိုက်သည်။ ဆည်းလည်းသံလေးတွေဆိတ်သုဉ်းခဲ့တဲ့ ရက်သတ္တပတ်တွေမှာ Jungkookရဲ့ စိတ်အစဉ်ကလည်း ညှိုးရော်နေခဲ့တော့တာ။ မင်းကိုနာကျင်ရအောင်လုပ်မိတဲ့ အချိန်တိုင်း ထပ်တူနာကျင်ခဲ့ရတာမျိုးပါ။

"နောက်ဆို စကားမပြောဘဲမနေနဲ့နော်၊ ပင်ပန်းအောင်ထပ်မလုပ် တော့ပါဘူး

ဆံနွယ်ပျော့ပျော့တွေထဲ တိုးဝင်လိုက်တော့ မထိစေချင်သည့်ပုံစံနှင့် တစ်ဖက်ကို ပိုတိုးသွားသည်။ချိုချဉ်ရနံ့သင်းတဲ့ ဒီဆံနွယ်လေးတွေနဲ့ဝေးကွာနေခဲ့မိတာ ရက်တွေအတော်ကြာခဲ့ပြီ။

"ဒီဘက်လှည့် "

"အိပ်တော့ ... နားညီးတယ်"

"လက်နာနေလို့ ကိုကိုစောင်မခြုံနိုင်ဘူးဖြစ်နေတာ...အချစ်လေးက အဖက်မခံတော့ အေးလည်းအေးနေတာ"

ထိုသို့ပြောမှ ချက်ချင်းထပြီး သူ့ဘက်ကိုစောင်တစ်ဝက်ခွဲပြီး ခြုံပေး လေသည်။ပြန်လှဲမအိပ်ခင် သူ့ရင်ခွင်ထဲဆွဲချလိုက်ပေမဲ့လက်ကို ထိမှာစိုးလို့ ထင်ရဲ့...ခန္ဓာကိုယ်ကိုတောင့်ထားကာ-

"လက်ကအနာနဲ့ကို ဘယ်လိုဖြစ်နေလဲ"

"Jimin ဟိုဘက်လှည့်နေမှ ပိုပြီးနာတာ"

မနာတဲ့လက်ပေါ် အတင်းအိပ်စေပြီးမှတောင်းပန်စကားကို အထပ်ထပ် ဆိုသည်။နောက်ဆိုပစ်မထားနဲ့နော်ဆိုတာကလည်း ပါသေးသည်။ စာကြည့်တာအရမ်း များလို့ ခေါင်းသိပ်မကောင်းတော့ဘူးဟူ၍ပဲ သဘောထားကာ
ပြောနေသမျှကို မကြားချင်ယောင်ဆောင်ပြီးအိပ်ပျော်ဖို့သာ ကြိုးစားလိုက်တော့ သည်။

"နောက်ဆို စိတ်မဆိုးတော့ဘူးကွာ... Jiminထပ်ပြီးပစ်ထားရင် ကိုကို သေမှာ"

အဲ့ဒီအချိန်က အဖြစ်အပျက်က နှစ်ယောက်လုံးအတွက် အိပ်မက်ဆိုးလိုဖြစ်ခဲ့တာကြောင့်ရန်ဖြစ်ဖို့ စိတ်ဆိုးဖို့ကိုမစဉ်းစားဖြစ်ကြတော့။
တစ်ယောက်အပေါ်တစ်ယောက် ပိုပြီးနား လည်လာတယ်ဆိုပေမဲ့ ဒေါက်တာကတော့ထိုနေ့မှစပြီး အရမ်းကို ချွဲတတ်လာသည်။

ကူးကူးလေးမွေးတဲ့အချိန်အထိလဲ မမဟယ်လင်ဆီကို တစ်ပတ်တစ်ကြိမ် လိုက်ကြည့်ပေးသည်။ မွေးတဲ့နေ့ကျတော့ မမဟယ်လင်က ည၁နာရီလောက်ကြီး ဗိုက်စနာသဖြင့်သူတို့တစ်ဖွဲ့လုံးဆေးရုံသို့ရောက်နေကြကာစိတ်လှုပ်ရှားနေကြသည်။ကြားမှာဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့်ကိုကိုနဲ့TaeHyungက သိပ်ပြီးစကားမပြောကြ။ TaeHyungကတော့ ကိုကိုမရှိတဲ့အချိန်တွေဆို မင်းအိမ်က Drama
Kingရော အခြေအနေကောင်းရဲ့လားဟူ၍အစချီကာ ကိုကို့အကြောင်းတွေလျှောက်
ပြောရင်း နှစ်ယောက်သားကြိတ်ခွီကြသည်။

အခုလည်း အပြင်မှာ နှစ်ယောက်အတူတူရပ်နေကြပေမဲ့ တစ်ယောက် ကိုတစ်ယောက် နှုတ်လည်းမဆက် ၊ စကားလည်းမပြောဘဲ မသိချင်ယောင် ဆောင်နေကြသည်။TaeHyungစိတ်ဆိုးရင်လည်း စိတ်ဆိုးသင့်ပေမဲ့ သူကတော့ အလကားနေရင်း ကိုကို့ကိုပဲသနားနေမိသည်။

"Tae Hyung ssi"

Jungkookဘက်ကစပြီးခေါ်တော့ Taeကလည်း ကပ်တွက်နေတတ် တဲ့လူမျိုးမှမဟုတ်တာ။

"အင်း"

"ကျွန်တော် တောင်းပန်ပါတယ်"

"ဘာမှမတောင်းပန်နဲ့ ဟိုသားအဖကိုသာစိတ်ချမ်းသာအောင်ထား၊ ခင်ဗျား အလကားနေရင်း စိုးရိမ်လွန်ပြီး ကိုယ့်စိတ်ကိုယ်ဒုက္ခပေးတာလဲ နည်းနည်းလျှော့ဦး"

"ကျွန်တော် သိပါတယ်"

"နောက်ထပ်ရန်ဖြစ်လို့ကတော့ကူးကူးကိုကျွန်တော်တကယ်လုထားမှာ နော်။ခင်ဗျားတို့နှစ်ယောက် အူကြောင်ကြောင်တော့မလုပ်နဲ့"

Jiminကတော့ သူတို့ပြောသမျှကိုဘေးကနေနားထောင်ကာ ပြုံးမိရုံသာ ရှိသည်။အထဲကိုစိတ်ပူနေရသဖြင့် ဘာမှတော့ဝင်မပြောဖြစ်လိုက်။ အတော်ကြာမှ အထဲက ဆရာမလေးထွက်လာကာ သားကို အောင်မြင်စွာမွေးဖွားပေးနိုင်ကြောင်း လာပြောပေးတော့မှ စိတ်ကိုဒုံးဒုံးချနိုင်သည်။

သားနဲ့ ထိတွေ့ခွင့်ရပြီဆိုကတည်းက ဒေါက်တာ့ခမျာ မျက်ရည်တလည် လည်နှင့် လက်ပေါ်ကချနိုင်အောင်ဖြစ်နေခဲ့သည်။ ထိုနေ့ကအိမ်ပြန်ကြတဲ့အချိန် သူတို့နှစ်ယောက်စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်။

"Jimin"

"ဟင်"

"ကိုကိုလေ.. "

ကိုကိုလေ ဆိုပြီးဘာစကားမှဆက်မပြောဘဲ Jiminကိုတင်းကြပ် နေအောင်ဖက်ထားကာ တအိအိနဲ့ငိုလေသည်။

"ကျေးဇူးတင်တယ်.. တကယ်ကျေးဇူးတင်ပါတယ်"

"ကိုကို့အပေါ်ယုံကြည်တဲ့စိတ်တွေကနေ အရင်းခံပြီး ကူးကူးလေး ဖြစ်လာတာမို့..သားနဲ့ ကိုကို့ကြားမှာ ကျွန်တော်က အားနာစရာအခြေအနေ တစ်ခုဖြစ်မနေဘူးဆိုရင် ကျေးဇူးတင်မိမှာ... ကျွန်တော့်ကိုအားနာလို့ သားကိုမချစ်ပြတာမျိုး မလုပ်ဘဲ အများကြီး ချစ်ပြီးဂရုစိုက်ပေး "

"အင်း..."

"တကယ်သိချင်မိတယ်၊ ကျွန်တော်မမြင်ဖူးနိုင်ခဲ့တဲ့ ကိုကို့ကလေး ဘဝတုန်းက စိတ်ခံစားချက် တစ်စိတ်တစ်ပိုင်းကို ကူးကူးလေးဆီကတစ်ဆင့် မြင်ခွင့်ရဖို့ မျှော်လင့်နေမိတာ... ကူးကူးဆီက သင်ယူရင်းနဲ့ ဒေါက်တာ့ကို အခုထက်ပိုချစ်ပေးချင်လို့ပါ၊ ဘယ်သူပြောနိုင်ပါ့မလဲ ဒေါက်တာငယ်ငယ်က ဆိုးတဲ့ငဂျစ် ကလေးလေးဖြစ်ရင်ဖြစ်နေမှာပေါ့ မဟုတ်ဘူးလား"

ငိုနေတဲ့ကြားက လှစ်ခနဲပြုံးလိုက်တော့ Jimin သဘောကျသွားရသည်။ အပူအပင်မရှိခဲ့တဲ့အချိန်တွေ၊ အမေနဲ့အတူတူနေရတဲ့အချိန်တွေမှာ ဒီလူသားလေးဟာလည်း Jiminတို့ကလေးဘဝကလို လိုချင်တာမရရင် ခြေဆောင့်ပြီးအော်ငိုတတ်တဲ့ ပေတလူးလေး ဖြစ်နေခဲ့မှာအသေအချာပဲ။ "ကိုကိုနဲ့အတူတူ ကူးကူးကိုပျိုးထောင်ရမှာ စိတ်တွေလှုပ်ရှားလိုက်တာ" အဲ့ဒီအချိန်က ကတိတွေအတိုင်း ကူးကူးကို သူတို့နှစ်ဦး ပေးဆပ်နိုင်သမျှ မေတ္တာတရားတွေဖြင့် အချစ်ခံရသည့်ကလေးလေးတစ်ယောက်အဖြစ်ကြီးပြင်းလာနိုင်စေဖို့ အတူတူကြိုးပမ်းခဲ့ကြသည်။ မမဟယ်လင်ကတော့ ကူးကူးလေး ၉လသားအရွယ်အထိ အတူတူရှိနေပေးခဲ့ပြီးနောက် US သို့ပြန်သွားခဲ့သည်။

*********************

ပိတ်ရက်နှစ်ရက်ပြီးတဲ့နောက်မှာ သားအဖ
နှစ်ယောက်ကို ဆိုးလ်အထိ ပြန်လိုက်ပို့ပေးရသည်။တစ်ညပဲ ဆိုးလ်မှာအိပ်ပြီးနဲ့နောက်Ulsanကိုပြန်ဖို့ပြင်ဆင်ရသည်။အိပ်ရာပေါ်
ကန့်လန့်ကြီး လှဲနေတဲ့သူ့ကိုကြည့်ကာ Jiminက ပွစိပွစိပြောသည်။

"ကိုကိုရေ... ပြန်ဝင်လာတာ ဘယ်နှစ်ခါရှိနေပြီလဲ။ အဲ့လိုဆို မိုးချုပ်မှ ဟိုဘက်ကိုရောက်တော့မယ်... မှောင်ရင် တစ်ယောက်ထဲစိတ်မချလို့ပါဆို"

"မပြန်ချင်တော့ဘူးကွာ"

"ကလေးလိုလုပ်မနေနဲ့ ... ထပါ။လိမ္မာတယ်"

"မလိမ္မာဘူး"

"သားလေး...Appaကို ထပါလို့ပြောလိုက်"

"ပါး"

သားအသံကြားတော့ ကုန်းရုန်းထကာ ပါးလေးတွေကို အားမပါအောင် ထိန်းပြီးနမ်းသည်။

"အသေးလေး... Appa အသည်းလေးကိုနှောင့်ယှက်တဲ့ကောင်တွေရှိရင် ဟိုနေ့ကလိုဆံပင်တွေဆောင့်ဆွဲပစ်နော် သိလား....Appa သားလေးကို အားကိုးပါတယ်"

ကူးကူးက ဘယ်လိုနားလည်သွားတယ်မသိ။ပြုံးစိစိဖြင့် Jungkookရဲ့ ခေါင်းပေါ်လက်ကမ်းလာသည်မို့ Jiminက တဟားဟားအော်ရယ်သည်။

"သားက သိတယ်...နှောင့်ယှက်နေတဲ့လူကို"

"ဘာ... အဲ့လိုပြောတယ်ပေါ့လေ၊တော်ပြီကွာမပြန်တော့ဘူး"

"ဒုက္ခပဲ ...ထစမ်းပါဗျာ။ နောက်ကျတော့မယ်ဆိုနေ...Jeon Jungkook"

"နှင်ထုတ်နေတယ်... ငါမှမခွဲနိုင်တာကို"

"မပြန်လဲနေဗျာ"

"ဟင်း"

ဒီနေ့တစ်ရက်တောင် ခွင့်ထဲပါသွားပြီမို့Jungkookက စိတ်ပျက်လက်ပျက် နှင့် လှဲနေရာက ထထိုင်သည်။

"သားလေး... Appaကို အာဘွားပေးလိုက်ပါဦး"

မျက်နှာချိုသည့် Jeonအသေးလေးက လက်ကလေးကမ်းကာ Jungkookရဲ့လည်ပင်းကိုလှမ်းဖက်ရင်း နမ်းလေသည်။

"Jiminရော..."

"ကလေးကျနေတာပဲ"

Jiminက သူ့ရဲ့နဖူးပြင်ပေါ်ကိုသာ အကြင်နာပေးသည်။

"လိမ္မာပါတယ်... စောစောပြန်နော်"

"အင်း...သွားတော့မယ်၊ ညကျအလုပ်တွေရှုပ်မနေနဲ့နော် ။ ကိုကိုက ပြန်ရောက်တာနဲ့ဖုန်းခေါ်မှာ"

"မရှုပ်စေရဘူး စိတ်ချ ...ကူးကူး Appaဆီကဖုန်းကိုမျှော်နေမယ်"

အိမ်ရှေ့ကို အီလည်လည်နှင့်ထွက်ပြီးနောက်ကားပေါ်တက်ခါနီး Jiminကိုလှည့်ကြည့်ကာ

"မင်းတို့သားအဖ ပစ်မထားကြနဲ့နော်"

တကယ်မခွဲချင်မှန်းသိတာကြောင့် မစရက်ပေမဲ့ ဒီလိုပုံစံနဲ့ Ulsanကို ပြန်ရောက်ပါ့ဦးမလား။ကားပေါ်တက်ပြီးမှ တစ်ခေါက်ပြန်ဆင်းကာ သားအဖနှစ်ယောက်ကို လာပြန်နမ်းသည်။

"သွားတော့မယ်... သားလေး Appaစိတ်ချမယ်နော်... "

မပြီးနိုင်အောင်နှုတ်ဆက်ပြီးတဲ့နောက်မှကားပေါ်တက်ကာ မောင်းထွက်နိုင်သည်။ဒါတောင် နောက်ကြည့်မှန်ကမြင်နေရသည့်
သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုလှမ်းငေးရင်း မျက်ရည်ဝဲရသေးသည်။

နောက်ဆို ဒီလောက်ဝေးတဲ့ ခရီးတွေကိုကူးကူးတို့မပါဘဲ မသွားတော့ပါဘူးဟူ၍
သန္နိဌာန်ချလျက် ....။

Pokračovať v čítaní

You'll Also Like

166K 12.8K 55
ငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်
2.2M 114K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
69.5K 1.5K 24
"WHAT THE TIKKI! YOU'RE A PERSON!" "Uh... duh?" ... "Plagg? That you?" "Shut up and gimme some cheese kid." Tikki and Plagg turned human. no one know...
1.2K 140 34
Mafia's mystery Taehyung fell for his enemy. the love between two mafias, in this gangster world ❤︎❤︎❤︎ no one knows, who is more powerful? but yea...