B O G(ZSWW)[Complete]

By Kaori_HZar

53.1K 2.9K 78

ရုန်းလေ နစ်လေ ဆိုတာသိပေမယ့် ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ တိုးဝင်ခုန်ချခဲ့တဲ့နွံလေးမို့ ဆက်တိုးဝင်နေဉီးမှာပ... More

1(U)
1(Z)
2(U)
2(Z)
3(U)
3(Z)
4(U)
4(Z)
5(U)
5(Z)
6(U)
6(Z)
7(U)
7(Z)
8(U)
8(Z)
9(U)
9(Z)
10(U)
10(Z)
11(U)
11(Z)
12(U)
12(Z)
13(U)
13(Z)
14(U)
14(Z)
15(U)
15(Z)
A/N
16(U)
16(Z)
17(U)
17(Z)
18(U)
18(Z)
19(U)
19(Z)
20(U)
20(Z)
21(U)
21(Z)
22(U)
22(Z)
23(U)
23(Z)
24(U)
24(Z)
A/N
25(U)
25(Z)
A/N
26(U)
26(Z)
27(U)
27(Z)
28(U)
28(Z)
29(Z)
30(U)(Final)
30(Z)Final
A/N

29(U)

1K 55 0
By Kaori_HZar

"ဒါ.....ဒါဆို....ရိပေါ်ကအတိတ်မေ့နေတာပေါ့....."

ပါးစပ်ကိုလက်နဲ့အုပ် မျက်လုံးကြီးပြူးပြီးမေးလာပုံကိုက ထုထောင်ပစ်ချင်စရာကောင်းနေတာ....... ဟူးးးးစိတ်လျော့ စိတ်လျော့

"အွန်း....."

"ဟမ်...မ....မဟုတ်သေးဘူးလေ.....အတိတ်မေ့နေတယ်ဆို ရှောင်းကျန့်ကိုဘာလို့ ကိုကို လို့ခေါ်မှာလဲ......"

ဖြောင်းး!!

"အ....နာလိုက်တာ"

"ငါလည်း ဘယ်သိမှာလဲဟ...."

စိတ်မရှည်လာတော့ ကျောကုန်းကိုတစ်ချက်လောက်ဆော်ထည့်ပေးလိုက််...မှတ်ကရော

"အော်...."

အော်ဆိုပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ သူ့ဘက်ကိုမျက်နှာလှည့်ထိုင်နေရာကနေအရှေ့တည့်တည့်ကိုပြန်လှည့်သွားသည်။

"ရှန်း~"

"ဟင်....."

"ငါ့ကို အခွင့်အရေးပေးပါလားဟင်"

"ဘာကိုလဲ"

"မင်းသိပါတယ်ကွာ ရှန်း ငါ့ကိုကြိုးစားနိုင်မယ့်အခွင့်အရေးလေးပေးပါနော်"

"ငါ.......ငါ.....ရိပေါ်ကို ချစ်နေတုန်းပဲ....."

"ချစ်လေ....ချစ်ပါ....ရပါတယ်......မင်းချစ်ချင်တဲ့လူကိုချစ်.....ဒါပေမယ့် ငါ့ကို ကြိုးစားခွင့်လေးတော့ပေးပါ"

"....."

"ရှန်း"

"ငါ..... "

————☘

"ကိုကို ....ကိုကို ကဘာလို့ဆေးရုံတက်နေရတာလဲဟင်....ဘာဖြစ်လို့လဲ......"

"ကျွန်တော်က ဆိုင်ကယ်မှောက်လို့ ဆေးရုံတက်ရတာထင်တာပဲ သိလား ကိုကို ဆိုင်ကယ်မှောက်ပါတယ်ဆို နှလုံးအစားထိုးရတယ်တဲ့ မရယ်ရဘူးလား.....ဆိုင်ကယ်မှောက်တာကို ဘယ်လို နှလုံးကအစားထိုးကုသ သွားရတာလဲ တစ်ခါမှ မကြားဖူးဘူး"

"ကိုကို...."

မျက်စံလေးတွေလှုပ်လီလှုပ်လဲ့ဖြစ်လာတဲ့ ကိုကိုကြောင့် ရိပေါ် လက်မကိုင်မိ ခြေမကိုင်မိ.......ကိုကို သတိရလာပြီ.......

"အ...အသည်း"

ကိုကိုက သူ့ကိုကြည့်ပြီး အသည်းလို့ခေါ်ကာ လက်လှမ်းတယ် ဘယ်သူမှမရှိမှန်းသိပေမယ့် ရိပေါ် ​ဘေးဘီအနောက်ကိုလှည့်ကြည့်လိုက်သေးတယ်။ကိုကို က သူ့ကိုအသည်းလို့ခေါ်တာလား...

အလိုက်သင့်လေး ကိုကို လက်လှမ်းတာကို ပြန်လှမ်းတော့ လက်ကို အတင်းဆုပ်ကိုင်ကာ လူကိုဆွဲချသည်။ ရုတ်တရပ်မို့ အရှိန်မထိန်းနိုင်စွာ ကိုကို့ရင်ခွင်ထဲအင့်ကနဲပဲ.......ဒီကိုကို လူကြည့်တော့သာ ပိန်ညှောင်ညှောင် အရိုးထဲကအားထွက်သည်ထင်....လူကိုဖက်ထားတာများတင်းလို့

"အသည်း ဘာမှမဖြစ်ဘူးနော် တော်သေးတာပေါ့ တော်သေးတာပေါ့ ကိုယ်ကစိတ်ပူနေတာ ပြီးတော့ လွမ်းလည်းလွမ်းနေတာ...."

ရင်ထဲဆစ်ကနဲ ဖြစ်သွားပေမယ့် ကိုကို့ရဲ့အသည်းက သူမဟုတ်ကြောင်းတော့ ရှင်းပြရပါဉီးမယ်.....ကိုကိုက အသည်းဆိုတဲ့ လူကိုအရမ်းချစ်တယ်နေမှာ.....

"ဟို.ကို.....ဒီမှာ လူမှားနေတယ်ဗျ ကျွန်တော်ကခင်ဗျားရဲ့ အသည်းမဟုတ်ပါဘူး ကျွန်တော်နဲ့ ခင်ဗျား အခုမှတွေ့ဖူးတာပါ....လွှတ်ပါဉီး ကျွန်တော့ကို"

"ကိုယ့်ကိုယ် စိတ်ဆိုးနေတာလား အသည်းက စိတ်မဆိုးပါနဲ့ ကိုယ်မင်းကိုအထိခိုက်မခံနိုင်တာသိရဲ့သားနဲ့...."

💮
"ဝမ် မင်းတစ်ခုခုဖြစ်ရင် ငါသေမှာ"

💮

"အခုတော့ တော်ပါသေးရဲ့..... "

ရင်ဘတ်ကစိုစွတ်လာတာကြောင့် ရင်ခွင်ထဲက အသည်းကိုကြည့်တော့ တရှိုက်ရှိုက်....သူမေ့နေတာ
ဘယ်လောက်ကြာပြီလဲတော့မသိ ထဖို့အရေး ခက်ခက်ခဲခဲကို ထရတယ်။ဒီကလေးငယ်ကိုချော့ဖို့ လှဲလျက်နဲ့အဆင်မပြေဘူးလေ....

"ဘာ..ဘာဖြစ်တာလဲ.... အသည်း......"

"ကျွန်တော်.....ကျွန်တော်က...... ဝမ်ရိပေါ်ပါ ခင်ဗျားရဲ့အခန်းဖော်...... ခင်ဗျားရဲ့အသည်းမဟုတ်ဘူးလို့...."

ရှိုက်ကာ ရှိုက်ကာ ပြောလာတဲ့ ဒီစကားလေးမှာ ရှောင်းကျန့်ဟာ ရိပေါ်ကိုချော့ရမယ့်အစားတဟားဟားသာအော်ရယ်မိတော့သည်။အသည်းဟာလေ တစ်ခါ တစ်ခါဆို တကယ် အရမ်းရစ်နိုင်လွန်းတာမဟုတ်ဘူးလား.....

"ဟားးးဟားးးးဟားးးးးအသည်းရယ် ဒါကြောင့်နဲ့များ ငိုရတယ်လို့....ဟူတ်တယ်လေ ဟောဒီက ဝမ်ရိပေါ်က ကျွန်တော် ရှောင်းကျန့်ရဲ့အသည်းအသက်လေ.....ကျွန်တော်က ကျွန်တော့အသည်းအသက်ရဲ့နာမည်ကိုမေ့စရာလား"

"ဟင်?"

"ရှောင်းငယ်!"

"ရှောင်းကျန့်.."

အခန်းထဲ ပြန်ဝင်လာတဲ့ ရှောင်းနဲ့ ရန်ဟွေ့မှာ တရှိုက်ရှိုက်ငိုနေတဲ့ရိပေါ်နဲ့ တဟားဟားအော်ရယ်နေသည့်ရှောင်းကျန့်ကိုကြည့်ရင်း ဝယ်လာသည့် အသီးများတောင်ဆေးရုံကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့...... နှစ်လလောက် အသက်မရှင်တော့မယ့် လူတွေလိုလဲလျောင်းနေတဲ့ လူနှစ်ယောက်က အခုကျ..... ဘာတွေဖြစ်ကုန်တာလဲ

"လေးငယ် "

"လေးငယ်?"

ရိပေါ်ရဲ့ခေါင်းအပေါ်မှာ???တွေတန်းစီသွားသည် ။ဘာတွေလဲ...ဘာတွေဖြစ်ကုန်တာလဲ....

———☘

ကိုကို,ရှောင်း,ရန်ဟွေ့, ဟောက်ရွှမ်းတို့ရဲ့ ပြောပြမှုတွေနဲ့ ကိုကို့ရဲ့ ကြိုးစားမှုတွေကြောင့် 1လအကြာမှာ ရိပေါ်မှတ်ဉာဏ်များ အကုန်ပြန်ရခဲ့သည်။

မှတ်ဉာဏ်အကုန်ပေါ်လာတာနဲ့ အားပြဲနဲ့ အော်
ငိုပြန်သေးတာကြောင့် ရှောင်းကျန့်ကပဲ ကလေးချော့သလို တစ်နေကုန်လိုက်ချော့ရသေးသည်။ သူ့ကြောင့် ရှောင်းကျန့်က ကားတိုက်ခံရတာကို သူကတော့ ရှောငကျန့်ကိုမေ့သွားလို့တဲ့....ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်တယ်ဆိုပဲ

"ကိုကို....ကိုကိုလို့"

"အင်း အင်း ပြော အသည်း"

"ကြည့် ကိုကို ဘယ်တွေစိတ်ရောက်နေပြန်ပြီလဲ ငါပြောတာတောင်မကြားဘူး....."

"မဟူတ်ပါဘူး ကိုယ်....."

"မင်းကငြိုငြင်နေပြီမလား အေးလေ အေးလေ ငါ့လိုယောကျာ်းလေးတစ်ယောက်ကို ဘယ်သူကအကြာကြိိိိီးချစ်နိုင်မှာလဲ"

"ကိုယ်အကြာကြီးချစ်နိုင်မချစ်နိုင်ဆိုတာ အသည်းကစမ်းကြည့်ချင်လို့လား"

Sofaပေါ်တွန်းလှဲကာ တစ်ကိုယ်လုံးအုပ်မိုးလိုက်တော့ မျက်လုံဟိုကြည့် ဒီကြည့်နဲ့ ဂဏာမငြိမ်ဖြစ်လာသည်။လက်ကတော့ဖြင့်ရှောင်ကျန့်ရဲ့ခါးပေါ်မှာ

"အဟင်းးး အသည်းကတစ်ပွဲတစ်လမ်းနွှဲချင်တယ်ထင်....ဟူတ်လား"

နှာခေါင်းထိပ်ချင်းထိကာ မေးလာတဲ့ကိုကိုက တကယ်ကိုဆွဲဆောင်မှုရှိနေတာတော့ ငြင်းမရတဲ့အမှန်တရား..... ခေါင်းကိုဖြည်းဖြည်းငြိမ့်ပြလိုက်တယ်။ ကိုကိုက သဘောပေါက်စွာ နဖူးလေးကိုဖွဖွလေးနမ်းလို့ တင်ကနေမကာ အခန်းထဲကို......

———☘

ရန်ဟွေ့ကို ကြိုးစားခွင့်ပေးခဲ့သည့်ရှောင်းကတော့ နေတိုင်းရန်ဟွေ့ရဲ့flirtမှုတွေနဲ့ roဆန်မှုတွေကြားမှာ ရင်ခုန်သလိုရှိပေမယ့် ဖုံးထားဆဲ.....

"ငါ ကောင်းကောင်း အချိန်ယူပြီးရင် မင်းကိုသေချာပေါက် ပြောပြမယ် ရန်ဟွေ့"

"ရှောင်း ဒီမှာ လာ ပျော်ဖို့ကောင်းတယ်"

ကမ်းခြေမှာထိုင်နေရာကနေ
ရန်ဟွေ့ဆီ ​ပြေးသွားလိုက်သည်။ ဒီလိုမျိုးလေး ငါပြေးလာတိုင်းရင်ဖွင့်ပေးမယ့် နွေးထွေးတဲ့ရင်ခွင်တစ်စုံကို မင်းဖွင့်ပေးထါးနိုင်မယ်မလား ရန်ဟွေ့.....

************************************
ကဲ နောက်တစ်ပိုင်းဆို ဇာတ်သိမ်းရတော့မယ်နော် Bogလေးကိုနူတ်ဆက်ချိန်တန်လာပြီပေါ့

အားလုံးပဲ  ရေးပေးခဲ့ကြပါလားးဒီbogလေးနဲ့ပတ်သတ်ပြီးခံစားရတာလေးကို ဟင်motiလေး

Continue Reading

You'll Also Like

173K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
24.7K 3.9K 29
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
4.4K 411 4
《𝐙𝐡𝐚𝐧𝐲𝐢》 ♛┈⛧┈┈•༶ᴢꜱᴡᴡ ꜰᴀɴꜰɪᴄᴛɪᴏɴ༶•┈┈⛧┈♛
97K 15.6K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...