[Unicode] (32.2)
ရိုးရှင်းပြီးတော့ ကြမ်းတမ်းတယ်.... ဒါက ငယ်ရွယ်တဲ့ကောင်လေး နဲ့ရင့်ကျက် ပြီးသား လူကြီးကြားက ကွာဟချက်ပဲ။
ရှုပေါ်စု က ကျန်းရှု ကို တစ်ခါတစ်လေ ဆွဲဆောင်မှု ရှိတဲ့ အပြုံးမျိုး ပြသလေတယ်။
ဒါကြောင့် ကျန်းရှုကပဲ ရှုပေါ်စု ရဲ့ ဆွဲဆောင် တာခံလိုက် ရတာလား။ ဒါမှမဟုတ် သူကပဲ ပျော့ပါသွားတာလား ဆိုတာကို မသိတော့ပါပေ။
ကျန်းရှုက အတွေးတွေကို ပျံ့ကျဲ မနေစေတော့ပဲ အစားစားတဲ့ နေရာမှာသာ အာရုံစိုက်လိုက်တော့တယ်။
စားပြီးတဲ့ နောက်တော့ ရှုပေါ်စု က လည်ပင်းအထိ အပိတ်ထောင် ပါတဲ့ suit တစ်ထည်ကို ကျန်းရှုအား ပေးလာခဲ့တယ်။
ဘာလို့ပေးလဲ ဆိုတဲ့ အသေးစိတ်ကို သိတဲ့ ကျန်းရှု ကတော့ သူ့ကို စိမ်းစိမ်းဝါးဝါး ကြီးစိုက်ကြည့်လိုက်တယ်။
ဒီသောက်ကောင်ကြီးက ငါ့ကိုမနေ့က သေအောင် နှောက်ယှက်လိုက်လို့လေ။ မနေ့က တက်ကြွစွာပဲ ငါ့လည်ပင်းတွေ ပေါ်မှာ စတော်ဘယ်ရီတွေ စိုက်ပစ်ခဲ့တာလေ။
" ကျွန်တော် သိပြီ။ ကျွန်တော်လည်း ခများ လည်ပင်းပေါ်မှာ စတော်ဘယ်ရီ တွေစိုက်ရမယ်။ ''
ကျန်းရှုက ပြောတော့ ရှုပေါ်စု က လည်ပင်းကို နာနာ ခံခံ နဲ့ဖွင့်ပေးကာ ပြောလိုက် တယ်။
" မင်းအခု လုပ်လိုက်လို့ ရတယ်နော်''
" စိတ်မဝင်စားဘူး ဗျာ''
အမ်း.... လူမြင်းကွင်းနေရာကိုတော့ သူမကိုက် ချင်ပါဘူးနော်။
ဒါပေမယ့် နောက်တစ်ခါကျရင်တော့ စမ်းကြည့်ရမယ်။
ငါဆိုတဲ့ကျန်းရှုက လုံးဝကို လက်စားချေတက်တဲ့သူတစ်ယောက် မဟုတ်ပါဘူး နော်။
" ဟွန့်''
ငါက သူ့ကြယ်သီးတွေ ပြန်တက်ပေးတော့ သူ့မေးရိုးက အတော်လေးသန်မာတာကို တွေ့လိုက်ရတယ်။
ထိုးပလိုက်ရင်ကောင်းမလား? !
ဒါမှမဟုတ် ကိုက်ပစ်လိုက်ရင်ကော???
" မင်းက ကိုယ့်ကို စိတ်မဝင်စား ဘူးလို့ပြောတာ ကိုယ်ကြားလိုက်တယ်နော်....''
ရှုပေါ်စုရဲ့ အသံရော မျက်နှာပါ အေးစက်လာတယ်။
" မင်းကြောင့် ကိုယ့်နှလုံးသား လေးအေးစက် နာကျင်သွားပြီ''
ရှုပေါ်စုက ကြောက်စရာ ကောင်းလောက်တဲ့ နူးညံ့ လှသော အပြုံးကြီး ပြုံးကာ ပြောလိုက်တယ်။
" နောက်တစ်ဝက်ကျန်သေးတယ် မဟုတ်ဘူး လား?''
" ကိုယ်က အကုန်လုံး လိုချင်တာလေ''
ရှုပေါ်စုက ရုတ်တရက်ကြီး ဖက်ကာပြောလာတယ်။
" ကိုယ်က နွေးထွေးတဲ့ နှလုံးသား တစ်ခုလုံး ကိုလိုချင်တာလေ။ ''
" အို''
ကျန်းရှုက ရယ်ချင်စိတ်ကို ထိန်းထား တာကြောင့် ပုခုံးတွေ တုန်ခါနေခဲ့တယ်။
" ဒါဆိုလည်း ကျွန်တော် က မနက်ကိုစောစောလေး ထပြီးတော့ ဟင်းသီးဟင်းရွက် စျေးကိုသွားပြီးတော့ ခများအတွက် ပူပူနွေးနွေး နှလုံးသား တစ်စုံ ကို ဝယ်လာပေးမယ်လေ ''
" အဲ့လို မဟုတ်ပါဘူး ပါးပါး''
သူက ကျန်းရှု နားရွက် လေးကိုကိုက်ကာ ပြောလာတယ် ။
" ကိုယ်က မင်းရဲ့ နှလုံးသား ကိုပဲ လိုချင်တာလေ။ မင်းတစ်ယောက် ဆီကနေပဲ''
" မနောက်စမ်းနဲ့ကွာ''
ကျန်းရှုတစ်ယောက် မျက်နှာကြီး ပူလာကာ ထိုလူရဲ့ အီစီကလီစကားတွေကို သူခုခံနိုင်စွမ်း မရှိလေဘူး။
ဒီလူက သူ့ကို ဒီလောက်တောင် စကားချိုချိုလေးတွေ ပြောတက်နေတာ ဘယ်စာအုပ်ထဲကများ သွားကူးထားလဲ မသိတော့ပေ။
" အိုကေဗျာ''
ရှုပေါ်စုက အိပ်ယာ ပေါ်ပြန်ထိုင်ကာ အဝတ်အစားလဲနေတဲ့ ကျန်းရှုကိုပဲ ကြည့်နေခဲ့တယ်။
" ကိုယ်က နေ့ရက်တိုင်း မှာရော နောင်အနာဂတ်တွေ မှာရော မင်းနဲ့ ပဲ အတူယှဥ်တွဲ ပြီးဖြတ်သန်း ကုန်ဆုံးချင်တာပါ။ ဒါကကိုယ့်ဘဝပဲ။ မင်းကိုကိုယ့်ဘဝလို့ သက်မှတ်ထားတာလေ။ ''
မင်းလည်း အတူမနေရတော့မှာကို ကြောက်နေရင် မင်းအရူးမဟုတ်တော့ဘူး ငါ့လိုငတုံးဖြစ်သွားပြီပဲ။
အခုက မနက် ၉နာခွဲ ပြီမို့ နေလည်းအတော်မြင့်နေပါပြီ။ ကျန်းရှုက ခရီးသည် ခုံမှာထိုင်ရင်း လုခယ်ဆီကို ဖုန်းဆက်လိုက်တယ်။
" အကိုခယ်ရေ ကျွန်တော် နဲ့ ရှုပေါ်စု တို့ထွက်လာတော့မယ်။ ခများနိုးကော နိုးပြီလား? "
လုခယ်က တကယ်ကြီးမနိုးသေးပါပေ။ မနေ့ကတစ်နေကုန် ဒီဗိီလာထဲမှာပဲ ပျော်ပါး ခဲ့တာမလို့လေ။
သူ့နောက်ကို လဝက်လောက် လိုက်ခဲ့တဲ့ ကောင်မလေးကို ခေါ်ပြီးတော့ တစ်ညလုံး ပျော်ပါးခဲ့တာလေ။
( ရှန်ဖေးကျီးနဲ့ သဘောမတူတော့ဘူး ဖေးကျီးကောကော team ရှိရင် သိမ်းလိုက် ကြပါတော့ ။ ဒါနဲ့ ကွမ်ယိရွှမ် ကောကောက အိုင့်ဟာနော်😌🤣😙)
ကျန်းရှုဆီက နှုတ်ဆက်တဲ့အသံကြားတော့ လုခယ်က ကောင်မလေးကို ထွက်သွား ခိုင်းပြီးတော့ ထလိုက်တယ်။
" လာလေကွာ''
ဖုန်းထဲကနေ လုခယ်ရဲ့ အိပ်ချင် မူးတူး ပြင်းရိနေတဲ့ အသံကိုကြားလိုက်ရတယ်။
" ငါ့လူတွေကို အစားအစာပြင်ထားဖို့ ပြောလိုက် မယ်။ မင်းတို့လာမှ ငါအတူတူ စားမယ်ကွာ''
ကျန်းရှု: '' အိုကေဗျာ ဒါနဲ့ ရှုပေါ်စု က ကျွန်တော် ကို မနက်တုံးကမှ စားစရာတစ်ခု လုပ်ပေးခဲ့သေးတယ်။ သူ့လက်ရာအကြောင်း ကိုတော့ အကိုသိတယ် မလား?''
လုခယ်က ရုတ်တရက်ကြီး အရူးလိုရယ်မောလာတယ်။
" မင်းတို့ကောင်တွေကတော့ ငါ့ကိုစောစောစီးစိီးခွေးစာ ကျွေးနေကြတာလားဟေ ဟားဟားဟား ဟားဟား ''
မစ္စတာ ရှုက သခင်မ ကျန်းစတော်ဘယ်ရီ ရဲ့အမိန့်အရ ကားကိုပဲမောင်းနေကာ ဘာမှကို မကြားမလို ဟန်ဆောင်ထားလေတယ်။
တစ်နာရီ ခွဲကြာပြီးတဲ့နောက်တော့ သူတို့က လုခယ်ရဲ့ဗီလာ ကိုရောက်လေတယ်။
မဟုတ်သေးဘူး ဗီလာလို့ မခေါ်နိုင်ဘူး စီးပွားရေး လယ်တောခြံအကြီးကြီးလို့ ခေါ်ရမယ်။ ထိုနေရာမှာ သစ်တောတွေ၊ ရေကန်ကြီးတွေနဲ့ လယ်တောတွေ ရှိလေတယ်။ ဒါကို စိတ်ကူးယဥ် ဆန်စွာပြင်ဆင်ထားလေတယ်။
လုခယ်ပြောစကား အရ ဒါက အဆင့်မြင့် လယ်တောအိမ်ယာတဲ့လေ။ အစတုံးတော့ ဒါဟာသူတို့မိသားစုထဲက အကြီး၂ ယောက်အတွက် တည်ဆောက် ပေးထားတာ တဲ့လေ။ အခုတော့အဲ့ လူကြီးတွေ က သန်တုံးမြန်တုံးတွေပဲ ရှိသေးတာကြောင့် ဗီလာကလည်း အလွတ်ကြီးပဲ ရှိနေသေးတယ်။ ဒါကြောင့် သူက တစ်ခါတစ်လေ ဒီနေရာကို လာပြီးတော့ ပျော်ပါး လေ့ရှိတယ်။
" ဒါက ပရီမီယံ လယ်တောအိမ်ယာလေ''
လုခယ်က အတွန့်တက် လိုက်တယ်။
" ငါတို့နောက်မှ စားကြတာပေါ့။ မင်းတို့ကြိုက်တဲ့နည်းကို ကစားလို့ရတယ်နော်။ အခုတော့ငါ မင်းတို့စားဖို့ သွားပြင်ခိုင်းလိုက်အုံးမယ်''
" အိုကေ ကျေးဇူးပါ အကိုခယ်''
ကျန်းရှုက ပတ်ဝန်းကျင် ကိုကြည့်လိုက်တော့ အတော့ကို စိတ်ဝင်စား ဖို့ကောင်းတယ် လို့ ထင်တယ် ။
" မင်းက ဘာလို့ အရမ်းတွေ ယဥ်ကျေး နေရတာလဲ?''
လုခယ်က ကျန်းရှုရဲ့ ပုခုံး ပေါ်လက်တင်ပြီး ပြောလိုက် တယ်။
" ငါနဲ့ မင်းလူကြီးက အရင်ကတည်းက အကြာကြီး ခင်လာကြတဲ့ သူတွေပါကွ''
" လက်''
ရှုပေါ်စုက လုခယ်ရဲ့လက်ကို ဆွဲဖယ်ကာ သူ့စတော်ဘယ်ရီလေး ရဲ့ ပုခုံးကို ဆွဲဖက်ထားလေတယ်။
" ဟုတ်ပါပြီ ကွာ''
လုခယ်တစ်ယောက် သူတို့ ကိုကြည့်ပြီး တော့ မရေရွတ်ပဲ မနေနိုင်ဘူး ။
" မင်းကလည်း ကွာပိုင်လိုစိတ် အရမ်းပြင်းတာပဲ။ တကယ်လို့ မင်းကအဲ့တာကို မပြောရင် သေသွား မှာကျနေတာပဲ။ ဘယ်သူက မင်းရဲ့ မကောင်းဆိုးဝါး လေးကို လိုချင်နေလို့လဲ?''
ကျန်းရှုက ဒါကို ကြားတော့ မပျော်မရွှင် ဖြစ်လာတယ်။
" အကိုခယ်ပြော ချင်တာက ကျွန်တော် က မကောင်းဆိုးဝါး ပေါ့လေ ''
လုခယ်ခမျာ ချောင်ပိတ်မိသွားတာကြောင့် လက်ကိုအပြင်းအထန် ခါယမ်းကာ ငြင်းပယ်လိုက် တယ်။
" မပြောပါဘူး ။ နိုး ။ ငါမပြောရဲပါဘူးကွာ''
ရှုပေါ်စုက သူ့ကို ကြည့်နေတဲ့ ပုံက သူသာပြောမိရင် ဒီနေ့ည လွန်ပြီးတော့ အသက်မရှင်နိုင်တော့ ဘူးလို့ ပြောနေသလိုပဲ ။
" ဒီမှာ ဘယ်သူတွေ ရောက်နေတာလဲ? "
ရှုပေါ်စုက လှမ်းမေးတယ် ။
" ဘယ်သူတွေမှ မဟုတ်ဘူး ။ မင်းအတွက် ကိစ္စ ရှိလို့ လား?''
လုခယ်က သူ့အခန်း ထဲကိုဝင်ကာ စားပွဲပေါ်တင်ထားတဲ့ ဆေးလိပ်ကို မီးညှိလိုက်တယ်။
" သူတို့က သူတို့ လူတွေနဲ့ ကစားပါစေ။ မင်းကတော့ မင်းလူနဲ့ကစားပေါ့''
ကျန်တာတွေကို ထပ်ပြောဖို့ မလိုတော့ပါဘူး ။ သူနဲ့ ကျန်းရှု လက်ထပ် ထားတာကို ကြော်ငြာ ရလောက် အောင်ထိ ရှုပေါ်စု မတုံးလောက်သေးဘူး မလား။
" ဒါတော် အမှန်ပဲ ''
ရှုပေါ်စု ကပြောလိုက်တယ်။ အခုလိုမျိုး ကျန်းရှု ကိုခေါ်လာပေး တယ်ဆိုတာက အိမ်မှာချည်းပဲ နေရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမှာ ဆိုးလို့ပဲ။
" မင်း ဆေးလိပ်သောက် တာ ရပ်ပေးနိုင်မလား? "
လုခယ်က နောက်ပြောင် ကာ သူသောက်လက်စ ဆေးလိပ် ကိုကမ်းပေးတော့ ရှုပေါ်စုက ပြာခွက်ထဲကို နှစ်ပြီး ငြိမ်းလိုက်တယ်။ လုခယ်တစ်ယောက် အံကြိတ်ကာ ပြောလိုက် တယ်။
" မင်းစကားလေး နားထောင်ရတာတော့ မင်းပဲ ဆေးလိပ် မသောက် တက်တဲ့ပုံနဲ့''
ရှုပေါ်စုက ခေါင်းငြိမ့်ပြ တယ်။
" လက်ထပ်ပြီးနောက် ငါမသောက်တော့ဘူး''
ပတ်ဝန်းကျင်က တိတ်ဆိတ် သွားကာ ကျန်းရှု စားသောက် နေတဲ့အသံတွေပဲ ထွက်လာခဲ့တယ်။
အစကတည်း က ရှုပေါ်စု ဟာ စကားပြော ရတာခက်ခဲတဲ့ လူမှန်းသူသိတယ်။ ဒါပေမယ့် ဒီတစ်ခါ မှာတော့ သူ့စကား တစ်ခွန်း နဲ့တင် လုခယ် ဘာပြန်ပြောရမလဲ ဆိုတာမသိတော့ပေ။
မေ့လိုက် ပါတော်လေ။
အစကတည်းက ခက်ခဲ နေတာကြီးကို အနည်းငယ် ပိုခက်ခဲတာက ဘာများ ဖြစ်နေမှာမလို့လဲ။
ကျန်းရှုရဲ့ စားချင်စိတ်တွေ က အတော်လေး ပြောင်းလဲ နေလေတယ်။ ဒီနေ့တော့ သူက ကောင်းကောင်း လေးစားနိုင်နေပြီးတော့ လုခယ်နဲ့ ရှုပေါ်စု ကြားက စကားဝိုင်း အသေးလေးကို နားထောင်ရင်း အများကြီး စားပလိုက်တယ်။
နောက်တော့ သူက ရှုပေါ်စု ရဲ့ အကြည့်ကို ခံစားမိတာကြောင့် မေးလိုက် တယ်။
" ဘာလဲ...... ကျွန်တော် အများကြီး စားလို့မရဘူး လား။ ခများက အများကြီးစားတာကို လက်မခံနိုင်တာလား''
( သူလည်းဘာမှ မပြောပဲရှက်ရမ်းတွေ ရမ်းနာ)
.......................................................