နေ့လည်ထမင်းစားဆင်းချိန်ပြီးစကတည်းက မိုးရွာလာသည်မှာ ကျောင်းဆင်းချိန်ရောင်လာသည်အထိ မိုးကနည်းနည်းလေးမှပင်မစဲသေး ပို၍တိုးကာပင်ရွာလာနေသေးသည်။
စာသင်နေတုန်းဟိုမင်ကမ်းလာပေးတဲ့ထီးတစ်လက်ကြောင့် လူကကြောင်အ နေတုန်းမှာပင် အခန်းပေါက်ဝကိုမျက်စပစ်ပြသည့်ဟိုမင်ကြောင့်ကြည့်မိတော့ ကောင်မလေးသုံးယောက်ကသူ့အားရယ်ပြနေသည်။ အဲ့ဒီဝောာ့မှ သဘောပေါက်ကာ မျက်မှောင်ကျုံ့ကြည့်လိုက်ဝောာ့ ဟိုမင်က
*အပြင်မှာမိုးသည်းနေတာ ပေးတုန်းယူထား *ဆိုသည့်သတိပေးသံကြောင့်အိတ်ထဲကောက်ထည့်ခဲ့မိတဲ့ခေါက်ထီးအဝါလေးကအခုချိန်မှာတော့အကြုံးဝင်သား။
ရယ်ပြနေသည့်ကောင်မလေးသုံးယောက်ထဲမှဘယ်သူပေးမှန်းမသိသည့်ထီးအဝါလေးကိုဖွင့်ဆောင်းပြီး အဆောင်မှကျောင်းပေါက်ဝဆီသို့~~
အသင်းတာဝန်ရှိနေသဖြင့်စာသင်ဆောင်မှနောက်ကျမှထွက်လာမိတော့ ကျောင်းဝန်းထဲမှကျောင်းသူ/ကျောင်းသားများတစ်ယောက်နှစ်ယောက်သာတွေ့တော့သည်။အရင်နေများလိုတိုးဝှေ့ပြန့်ကျဲမနေ။
ကျောင်းရှေ့ရောက်တော့ ကျောင်းလာကြိုသည့် ကားများလည်း အရင်နေ့ကလိုတန်းစီလျက်ရှိမနေတော့ပေ။
ကျောင်းဝန်းထဲကိုပြန်ကြည့်မိတော့လည်း ကျောင်းတော်ကြီးဟာတိတ်ဆိတ်အေးချမ်းလျက်။
"ကောင်လေး ကောင်လေး"
တစ်ယောက်ယောက်ခေါ်နေသည်ထင်လို့လှည့်ကြည့်မိတော့ ဦးလေးကြီးတစ်ယောက်
style pant အနက်ရောင်နှင့် shirtလက်ရှည်အဖြူကိုဝတ်ဆင်ထားကာ bow tie အနက်ရောင်ကိုလည်းကျနစွာစည်းနှောင်ထားပြီးအမဲရောင်ထီးကိုဆောင်းထားသည့် လူတစ်ယောက်။ထိုသူပုံစံကိုကြည့်ရုံနှင့်ပင်သူဌေးတစ်ဦးဦး၏ စံအိမ်တွင်အလုပ် လုပ်နေသည့် လူယုံတစ်ဦးမှန်းသိသာစေသည်။
ထိုဦးလေးကြီးက အနားသို့ရောက်လာကာ
"ကောင်လေး ယန်းဂျောင်ဝန်းနဲ့အတန်းတူလား"
ကျောင်းစတတ်သည့်နေ့မှာကတည်းက စပြီးသတိထားမိသည့်ထိုကောင်လေး။ အတန်းလည်းမတူသလိုအခန်းလည်းမတူခဲ့ပေမဲ့ တစ်ကျောင်းလုံးထဲမှာမှပထမဆုံးစသတိထားမိခဲ့သည့်ကောင်လေး၊ သူ့သူငယ်ချင်းနဲ့အတူနေ့လည်ကျောင်းဆင်းချိန်တိုင်း ကန်တင်းကို လာတတ်ပြီး တစ်ဝိုင်းထဲထမင်းစုစားကြသော်လည်း အေးစက်စက်များဝန်းများဖြင့်သာလူတိုင်းအားလိုက်ကြည့်နေတတ်သည့်ကောင်လေးကို ကိုယ့်ဘက်ကသတိထားမိခဲ့ပေမဲ့ ပြန်ဖြေဖို့ဂာအတွက် ဒီဦးလေးကြီးမေးသည့်မေးခွန်းနှင့်မကိုက်ညီပြန်။အဲ့ဒီအတွက်ကြောင့်ဖြေဖို့အဖြေက တစ်ခုတည်းသာ.....
"သူနဲ့ ကျနော်အတန်းမတူပါဘူး ဦးလေး"
သူပြန်ဖြေလိုက်တော့ဦးလေးကြီး၏မျက်နှာမှာ မျှော်လင့်ချက်ပျောက်သွားသည့်နှယ် မျက်ဝန်းတစ်စုံ၌လည်း စိုးရိမ်သည့်အရိပ်ယောင်များဖြတ်ပြေးသွားပြီး နှုတ်မှလည်း ခက်တိုးတိုးရေရွတ်လိုက်သည့်စကားတစ်ခွန်း....
'သခင်လေးက အခုလိုမိုးရွာနေရင် အရမ်းကြောက်တတ်တာ'
ထိုစကားကြောင့်ထိုဦးလေးကြီးသာမက သူပါစိုးရိမ်သွားခဲ့ရသည်။ဘာကြောင့်စိုးရိမ်မိသွားမှန်းလဲကိုယ့်ကိုယ်ကိုမသိ....
"ကျနော် ကျောင်းဝန်းထဲလိုက်ရှာပေးပါ့မယ် ဦလေး"
"အဲ့ဒါဆိုရင်ဖြင့် ဦးလေး အကူညီတောင်းပါတယ်ကွယ်"
ဦးလေးကြီးအားခေါင်းညိတ်ပြကာကျောင်းဝင်းထဲသိုတစ်ဖန်ပြန်ပြေးဝင်လာခဲ့ရပြန်သည်။
နာရီဝက်ကျော်ကြာသည်အထိကျောင်းဝန်းထဲပတ်ရှာနေသော်လည်းတစ်နေရာမှမတွေ့သေးပေ။ကျောင်းပေါက်ဝမှာရပ်စောင့်နေသည့်ဦးလေးကြီးလည်းစိတ်ပူပြီးမျှော်နေလောက်ရောပေါ့။ကျောင်းသား /သူ မိဘများကျောင်းထဲဝင်ခွင့်မရှိ ဟူသည့် ကျောင်းစည်းကမ်းချက်ကြောင့် မည်သူ့မိဘများမှ စည်းကမ်းချိုးဖောက်ပြီးကျောင်းဝန်းထဲမဝင်ရဲကြ။
ဂျုံဆောင်းမိုးရေထဲမှာပင်ထီးတစ်လက်နှင့်လိုက်ရှာနေမိသည်မှာ နေရာပင်စုံနေလေပြီ။
အလယ်တန်းကျောင်းဆောင်ရှေ့တွင်ခဏရပ်ပြီး ဦးနှောက်အားအလုပ်ပေးမိသည်။နောက်ဆုံးဖြတ်ကနဲပေါ်လာမိသည့်နေရာတစ်ခု ထိုနေရာက ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်သွားခွင့်မပြုထားသည့်ကျောင်းဝန်းထဲရှိနေရာတစ်ခု၊ ထိုနေရာက အလယ်တန်း ဆရာ/ဆရာမများ နားနေဆောင်အနောက်ဘက်ရှိ သစ်ပင်ကြီးများရှိရာနေရာပင်ဖြစ်သည်။ ကျောင်းသားတစ်ယောက်အဆုံးစီရင်ထားသည့်ကိစ္စကြီး ပြီးသည်နှင့် ထိုနေရာအားတစ်ယောက်မှသွားခွင့်မရှိတော့ဟု ပြောပြလာခဲ့သည့် မင်ဟိုကြောင့်သူ ဒီကိစ္စများအားသိခဲ့ရခြင်းပင်။ သွားသင့်မသွားသင့်ဦးေနှာက်စဉ်းစားနေ
တုန်းမှာပင်ခြေထောက်များကထိုနေရာသို့ခြေလှမ်း လှမ်းနေပြီဖြစ်သည်။
အဆောင်အနောက်ဘက်သို့ရောက်တော့ သစ်ပင်ခြေရင်းနားတွင်ဒူးပေါ်ခေါင်းမှောက်ကာ လက်ပိုက်၍ ထိုင်နေသော ကောင်လေးကိုမြင်မှသက်ပြင်းချနိုင်တော့သည်။ထိုကောင်လေးအနားသို့ဖြေးဖြေးချင်း လျှောက်သွားတော့မှ တစ်သိမ့်သိမ့်တုန်နေသည့်ကိုယ်လေးကြောင့်ငိုနေမှန်းသိလိုက်ရသည်။
"ဂျောင်ဝန်း"
ထိုကောင်လေးရှေ့တွင်ရပ်ကာ အသံပြုလိုက်တော့ မော့ကြည့်လာသည့်မျက်နှာလေးက ရဲနေကာ မျက်ဝန်းအိမ်များလည်းဖောင်းနေသည်။
သူ့ရှေ့တွင်ဒူးတစ်ဖက်ထောက် ထိုင်ချပြီး ထီးမိုးပေးလိုက်တော့ ထိုကောင်လေးက လည်ပင်းအားသိုင်းဖက်ပြီး ပိုတိုး၍ငိုလာသည်။
ဂျုံဆောင်းလည်ပင်းအားသိုင်းဖက်ထားသည့်လက်များမှာအေးစက်နေပြီးဖြစ်သည်။ခဏကြာတော့မှ ဖက်ထားသည့်လက်များအားဖယ်ပေးလာသည်။
"မိုးရွာတာ ကြောက်တတ်တယ်ဆို ဘာဖြစ်လို့ဒီလိုမျိုးလာထိုင်ငိုနေရတာလဲ"
".....ဟင့်....."
ဂျုံဆောင်းပြောလိုက်မှ ခုဏကအငိုတိတ်သွားသည့်ကောင်လေးက ပြန်ငိုစပြုလာနေပြီမို...
"ဝောာ်ပြီ မငိုနဲ့ဝောာ့ အများကြီး ငိုထားပြီးပြီး မဟုတ်လား"
ပြောလည်းပြော ထိုကောင်လေးပါးပြင်ပေါ်ရှိမျက်ရည်များအားကိုယ်တိုင်တောင်သတိမထားမိပါဘဲ လက်က အလိုလိုသုတ်ပေးနေမိသည်။
"အခက်ခဲရှိရင် ယုံကြည်ရတဲ့ သူတစ်ယောက်ယောက် ဒါမှမဟုတ် သူငယ်ချင်းတွေကိုရင်ဖွင့်ရမှာပေါ့ ဘာလို့အခုလိုမျိုး ထိုင်ငိုနေရတာလဲ ...ဟင်"
"ခင်ဗျား သိလား တစ်ချို့ကိစ္စတွေက ကြောက်ရပါတယ်ဆိုတဲ့အရာတွေထက်ပိုပြီးကြောက်ဖို့ကောင်းတယ်"
ပြောလိုက်တဲ့စကားနဲ့ထိုကောင်လေးပြန်ပြောလာတဲ့စကား နှစ်ခွန်းတို့က အဓိပ္ပာယ်ကွဲပြားစွာ...
သို့သော်လည်းဂျုံဆောင်းရိပ်မိပါသည်။ ဒီကောင်လေးတစ်ခုခုကိုစိုးရိမ်ကြောင့်ကြနေတယ်ဆိုတာ
အုံ့မှိုင်းနေသည့်ကောင်းကင်ကြီးကိုမော့ကြည့်ကာ ခပ်ဆွေးဆွေးလေးပြောလာသည့်ထိုကောင်လေး၏နှုတ်မှထွက်လာသည့်စကားတစ်ခွန်း...
သူ့ကိုဘယ်အရာတွေကပိုကြောက်လန့်စေခဲ့လည်းတော့မသိ
"ကိုယ့်ကိုမင်းရဲ့ ရင်ဖွင့်ပြောပြလို့ရမယ့် သူငယ်ချင်းဖြစ်ခွင့်ပေးမလား"
"ဟင့်အင်း ကျနော်တို့နှစ်ယောက်က ဘယ်တော့မှ သူငယ်ချင်းမဖြစ်နိုင်ဘူး"
"ကိုယ်နဲ့သူငယ်ချင်းမဖြစ်ချင်ဘူးဆိုလည်းထားပါ
ခဏနေမိုးထပ်ရွာလာတော့မယ် ပြန်စို့"
"ဟင့်အင်း ကျနော်မပြန်ဘူး ခင်ဗျားပဲပြန်"
"ကိုယ်မင်းမပါဘဲ ပြန်လို့မဖြစ်ဘူး ကျောင်းရှေ့မှာ ဦးလေးကြီးတစ်ယောက် မင်းကိုစောင့်နေတယ်"
"မပြန်ချင်ဘူး....အင့်.....ဒယ်ဒီကအဲ့မိန်းမကြီးကိုဒီနေ့အိမ်ခေါ်လာမှာ ကျနော်အဲ့ဒီမိန်းမကြီးကိုသဘောမကျဘူး ဟင့်....သူကကြောက်ဖို့ကောင်းတယ် "
အငိုတိတ်နေပြီးမှရုတ်တရက်ထငိုလာသည့်သူကြောင့်လူကဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။စဉ်းစားမရသည့်အဆုံးထိုကောင်လေးကိုရင်ခွင်ထဲဆွဲပွေ့ဖက်ထားလိုက်မိသည်။ရင်ခွင်ထဆွဲပွေ့လိုက်တော့ ထိုကောင်လေးကအေးစက်နေသောလက်များဖြင့်လည်ပင်းအားသိုင်ဖက်လာကာ ငိုနေပြန်သေးသည်။ခံစားချက်ဝာစ်ချို့ကိုလည်းဗလုံးဗထွေးထုတ်ဖော်နေရင်းနဲ့ပေါ့....
"ကိုယ်ရှိနေပေးမယ် မင်းဒုက္ခရောက်တဲ့အချိန်တိုင်းမင်းအနားမှာကိုယ်ရှိနေပေးမယ်"
"........"
ဂျုံဆောင်းပြောလိုက်တော့သူ့ရင်ခွင်ထဲရောက်နေသည့်ကောင်လေးကမျက်ရည်များဖြင့်မော့ကြည့်လာသည်။ ထိုမျက်ဝန်းအတွင်း၌လည်း ဂျုံဆောင်းအား ယုံကြည့်မှုပေးသင့်မပေးသင့်ဝေခွဲမရသည့်အရိပ်ယောင်များပေါ်လွင်နေသေးသည်။
"ကျနော် ခင်ဗျားကိုတကယ်ယုံကြည်လို့ရမှာလား"
"ဒါပေါ့ ကိုယ်ဂတိပေးတယ် မင်းကိုဘယ်သူမှနှောက်ယှက်လို့မရအောင် ကာကွယ်ပေးမယ်လို့"
"အီးးးဟီး ကျနော်ကြောက်တယ် "
"မကြောက်နဲ့တော့ ကိုယ်ရှိနေပေးမယ်လေ ယုံတယ်မလား အခုမင်းခံစားနေရတာနည်းနည်းပဲဖြစ်ဖြစ်ပြောပြမလား စိတ်ထဲနေလို့ကောင်းသွားအောင်"
ဂျုံဆောင်းရင်ခွင်ထဲရောက်နေမှန်းအခုမှသတိထားမိသည်ထင် အတင်းရုန်းထွက်ကာမျက်နှာလွှဲလိုက်သည်။
ခုဏကမျက်နှာလွှဲသွားသည့်သူကပဲပြန်လှည့်ကြည့်လာကာ.....
"ပြောလိုက်လို့ ခင်ဗျား ကျနော့်ကိုအထင်သေးသွားရင်ဘယ်လိုလုပ်မလဲ"
"မင်းကိုယ့်ကိုယုံကြည်ပေးမယ်မလား"
"ကျနော်က broken familyက "
"ဟင်..."
မျက်နှာတည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်တဲ့စကား သူကbroken familyကတဲ့လေ
တကယ်မထင်ထားတာ သူ့ကိုအဲ့လိုမိသားစုမျိုးက ကလေးမှန်းမထင်ထားတာ။စတွေ့တုန်းက ထင်ခဲ့မိတာက မိဘတွေအရမ်းချစ်ပြီးအလိုလိုက်ထားလို့ ဆိုးသွမ်းနေတဲ့ကောင်လေးလို့ထင်ခဲ့မိတာ။ဒီလိုမျိုးမိသားစုကကြီးပြင်းလာတဲ့ကလေးတစ်ယောက်လို့တော့တကယ်မထင်ထားမိရိုးအမှန်။
"ခင်ဗျား ကျနော့်ကိုအထင်သေးသွားတယ်မလား"
"မဟုတ်ဘူး ကိုယ်အံ့ဩသွားခဲ့တာ ကိုယ်ထင်ထားတဲ့အတွေးနဲ့အားလုံးပြောင်းပြန်စီလွဲမှားနေခဲ့လို့ ကိုယ်အံ့ဩနေမိရုံပါ"
"ဟက်! အဲ့ဒါဆိုကျနော်ကဟန်ဆောင်ကောင်းခဲ့လို့ပဲဖြစ်မှာ"
"........."
"ခင်ဗျားသိလား? မိဘအစုံလင်နဲ့မနေရတဲ့ကလေးတစ်ယောက်က သူငယ်ချင်းတွေကြားထဲမှာမျက်နှာငယ်ရပြီး ဘယ်အချိန်မှာများကိုယ့်ကိုအနိုင်ကျင့်ကြမလဲဆိုပြီး ကြောက်နေခဲ့ရတဲ့ခံစားချက်၊ ခရစ်စမတ်နေ့ပြီးနောက်နေ့ ဒီအရုပ်လေးကငါ့အဖေဝယ်ပေးတာ ငါ့မေမေဝယ်ပေးတာဆိုပြီးတစ်ယောက်တစ်လှည့်အပြန်လှန်ကြွားနေကြတဲ့အချိန် အထိန်းတော်လီပေးတဲ့အရုပ်ကိုကိုင်ပြီး သိမ်ငယ်ခဲ့ရတဲ့ခံစားချက်တွေ၊ကျောင်းလာတဲ့အချိန်တွေမှာတခြားကလေးတွေက သူတို့မိဘတွေကိုနှုတ်ဆက်တာတာ့ပြပြီး ကျောင်းထဲပျော်ပျော်ရွှင်ရွှင်ဝင်သွားကြဝာဲ့မြင်ကွင်းကိုအားကျလွန်းလို့မျက်စိတစ်ဆုံးလိုက်ကြည့်ခဲ့ရတဲ့ခံစားချက်၊
ကျောင်းဆင်းချိန်သူတို့မိဘတွေလာကြိုကြလို့ "ဖေဖေ" "မေမေ"လို့အော်ပြီး အပြေးလွှားသွားနေတဲ့အချိန် *ဒီနေ့တစ်ရက်တော့ ဒယ်ဒီကျောင်းလာကြိုပါစေ*ဆိုပြီး အကြိမ်ကြိမ်ဆုတောင်းခဲ့ရတဲ့နေ့တွေ၊ အဲ့ဒီဆုတောင်းတွေပြည့်မလာနိုင်ဘူးဆိုတာသိပေမဲ့လည်းငယ်ရွယ်လွန်းတဲ့ကျနော်ကဆုတောင်းနေခဲ့မိတုန်း......
ခင်ဗျားကျနော့်လိုမခံစားခဲ့ရဘူးမဟုတ်လား"
"........."
"ကျနော်ငယ်ငယ်ကတည်းကအရမ်းကြောက်နေခဲ့တာ အနိုင်ကျင့်ခံရမှာကို၊နှိမ်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေမှာကို ပြီးတော့ ကျနော့်ကိုမတူမတန်ဆက်ဆံကြမှာကို ကြောက်နေခဲ့ရတာ"
ပြောနေရင်းအသံတွေတုန်ပြီးရှိုက်ကာငိုလာပြန်တဲ့ကောင်လေးကြောင့်အေးစက်နေတဲ့လက်လေးကိုဆွဲကိုင်ကာနှစ်သိမ့်ပေးနေမိသည်။
"အဲ့ဒါကြောင့် ဘယ်သူမှအနိုင်မကျင့်ရဲအောင် ကိုယ့်ဘက်ကပဲစပြီး ပြသနာတွေရှာနေခဲ့တာ၊ အနှိမ်ခံရမှာကြောက်လို့နေမကောင်းဖြစ်နေတာတောင်အနားမယူနိုင်ပဲ အတန်း
ထဲမှာစာအတော်ဆုံးကျောင်းသားတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရတာ၊တစ်ခါတစ်လေကျအဲ့လိုနေလာရတာမျိုးကအရမ်းပင်ပန်းပြီးကျနော့်ဖြစ်တည်မှုကိုတောင်စိတ်ပျက်စေတဲ့အထိပဲ"
.........................................
Thanks for reading my love♡
♡I really need your vote and feedback♡
AME♡
Hello everyone,I'm come back again
6.12.22