Behind the lust for a man(Com...
By YitDaungNyo_15
261K 13.2K 616
ခင်‌ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံ... More
BTLFAM ( 1 ) Unicode
BTLFAM (1) Zawgyi
BTLFAM (2) Unicode
BTLFAM(2) Zawgyi
BTLFAM (3) Unicode
BTLFAM (3) Zawgyi
BTLFAM (4) Unicode
BTLFAM (4) Zawgyi
BTLFAM (5) Unicode
BTLFAM (5) Zawgyi
BTLFAM (6) Unicode
BTLFAM (6) Zawgyi
BTLFAM (7)+ Unicode
BTLFAM (7)+ Zawgyi
BTLFAM (8) Unicode
BTLFAM (8) Zawgyi
BTLFAM (9) Unicode
BTLFAM (9) Zawgyi
BTLFAM (10) Unicode
BTLFAM (10) Zawgyi
BTLFAM (11) Unicode
BTLFAM (11) Zawgyi
BTLFAM (12) Unicode
BTLFAM (12) Zawgyi
BTLFAM (13) Unicode
BTLFAM (13) Zawgyi
BTLFAM (14) Unicode
BTLFAM (14) Zawgyi
BTLFAM (15) Unicode
BTLFAM (15) Zawgyi
BTLFAM (16) Unicode
BTLFAM (16) Zawgyi
BTLFAM (17) Unicode
BTLFAM (17) Zawgyi
BTLFAM (18) Zawgyi
BTLFAM (19.5) Uni/Zawgyi
BTLFAM (19) Unicode
BTLFAM (19) Zawgyi
BTLFAM (20) Unicode
BTLFAM (20) Zawgyi
BTLFAM (21) Unicode
BTLFAM (21) Zawgyi
BTLFAM (22) Unicode
BTLFAM (22) Zawgyi
BTLFAM (23) Unicode
BTLFAM (23) Zawgyi
BTLFAM (24) Unicode
BTLFAM (24) Zawgyi
BTLFAM (25) Unicode
BTLFAM (25) Zawgyi
BTLFAM (26) Unicode
BTLFAM (26) Zawgyi
BTLFAM (27) Unicode
BTLFAM (27) Zawgyi
BTLFAM (28) Unicode
BTLFAM (28) Zawgyi
BTLFAM (29) Unicode
BTLFAM (29) Zawgyi
BTLFAM (Final 30)Unicode
BTLFAM (Final 30) Zawgyi
တစ်ခန်းရပ်(uni/Zawgyi)
For New fic
BTLFAM (18) Unicode
5.1K 368 23
By YitDaungNyo_15
Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)
အပိုင်း(၁၈)
" အဆိပ်ခတ်လုပ်ကြံတယ် ဆိုတာ ဒီလိုမျိုးကိုမှခေါ်တာ။ မင်းရဲ့ အပျော့စားအဆိပ်လောက်နဲ့ အသုံးမဝင်ဘူး "
ဆေးရုံခန်းထဲမှထွက်လာပြီး လက်အိတ်တစ်စုံကိုချွတ်ကာ နတ်ဆိုးတစ်ကောင်လို ကြောက်မက်ဖွယ်ရာ ပြုံးနေသော သူ..။ ထိုလူထွက်ပြီး ခဏအကြာမှာ ဆေးရုံခန်းထဲမှ လူတစ်ယောက်သည် ရုပ်ပျက်ဆင်းပျက်စွာ သေဆုံးသွားလေတော့သည်။
ထိုလူသည် Richardပင်။ သူစိုက်ပျိုးခဲ့တဲ့အပင်ကို သူကိုတိုင်းရိတ်သိမ်းလိုက်ရလေသည်။
မနက်ခင်း၌ ‌ထိုဆေးရုံတွင် သတင်းတစ်ခု၊ထင်မြင်ချက်နှစ်ခုသည် တစ်မဟုန်ချင်းထွက်လာသည်။ ဆေးရုံပိုင်ရှင်၏ ယောင်္ကျားသည် မေ့မြောချင်ယောင်ဆောင်ကာ သူ့ယောင်္ကျားရဲ့လင်ငယ်ကို အဆိပ်ခတ်သတ်လိုက်သည်ဆိုသောသတင်း..။ ထိုသတင်းအပေါ်တွင် သေကိုသေသင့်တယ်ဆိုသော မှတ်ချက်နှင့် အဲ့လိုရက်စက်လို့ သူ့ယောင်္ကျားက သူ့ကိုပြစ်ထားတာဆိုသော မှတ်ချက်နှစ်ခုသည် မျဉ်းပြိုင်နှစ်ကြောင်းလို တစ်ရှိန်ထိုးထွက်ပေါ်လာသည်။
အမှန်သည်တော့ ထိုနေ့မနက်မှ တိုက်ဆိုင်စွာ Bazသည် သတိရလာခဲ့ခြင်းဖြစ်သည်။ နိုးနိုးချင်း လှုပ်ရှားမှုကြောင့် ဆရာဝန်တွေသိပြီး အခန်းထဲစစ်‌ဆေးဖို့လာခဲ့ရာ လူသေကိုပါ တွေ့သွားခြင်းဖြစ်သည်။
Bazတစ်ယောက်တော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဖြစ်ပါတော့သည်။
ဆရာဝန်တွေက အရစ်ရှည်လိုက်ရာ ရဲတွေပါရောက်လာသည်။ တရစက်မေးခွန်းတွေကြောင့် ပြန်ပါမေ့ချင်သွားလေသည်။
" Mr.Bazက ဒီနေ့မှ သတိပြန်ရတာ အမှန်ပါလား"
" ဟုတ်တယ်.! အခုမှသတိပြန်ရ‌တာ။ နိုးနိုးချင်း မင်္ဂလာအရှိဆုံးအချိန်နဲ့ကြုံလိုက်ရတာ ဘယ်လောက်တောင်အံ့ဩဖို့ကောင်းလဲ "
ခပ်ထေ့ထေ့‌ပြုံးကာ စိပ်ထားသည့်အသီးတစ်ခုပြီး တစ်ခုပါးစပ်ထဲကောက်ထည့်နေသည်။ လက်၌လည်း ဆေးပိုက်တွေရှိသေးသည်။
သူစားတော့မည့် အသီးအစိတ်လေးသည် တစ်စုံတစ်ယောက်၏ ပါးစပ်အတွင်းသို့ဝင်သွားလေသည်။
" Leo..ဘာလုပ်တာလဲ ငါစားမလို့ "
" မင်းနဲ့ ချယ်ရီသီး ဓာတ်မတည့်တာကို မေ့သွားတာလား။ ထပ်သေချင်လို့ဉာဏ်ဆင်တာလား။ ငါနဲ့ခဏခဏတွေ့ချင်နေလို့ နေမကောင်းဖြစ်နေတာများလားနော်.."
ဟုတ်သည်။ ရဲတွေစစ်ဆေးနေတုန်းတစ်လျှောက်လုံး Leoသည် Baz၏ဘေးမှာထိုင်နေသည်။ Maxiyoတွေထဲမှ Leoတစ်ယောက်ပဲရှိနေတာဖြစ်သည်။
" တော်စမ်းကွာ။ ငါခေါင်းကိုက်ရတဲ့ကြားထဲ မင်းကတစ်မျိုး "
ခေါင်းကိုဖိပြီး ပြောသူကြောင့် Leo၏နှုတ်ခမ်းထက်ရှိ အပြုံးများရပ်တန့်သွားပြီး ဘေးရှိဖန်ခွက်ထဲသို့ ရေဆူဆေးပြားထည့်ကာ ဖန်ခွက်ကို ဖြေးဖြေးချင်းလှုပ်လိုက်သည်။ ပြီးနောက် Baz၏အရှေ့သို့ ယူပေးလိုက်သည်။
" ဘာကြည့်နေတာလဲ။ မင်းခေါင်းကိုက်နေတာမလား ခေါင်းကြည်‌သွားအောင် သောက်လိုက်လေ"
" အင်း.."
Bazဖန်ခွက်ကိုယူလိုက်သည်နှင့် Leoသည် အရှေ့ရှိရဲမှူးကို ထွက်သွားရန်မျက်စပြစ်ပြလိုက်သည်။ ထိုရဲမှူးသည် ခေါင်းငုံ့ကာအရိုအသေပေးပြီး ထွက်သွားလေသည်။ သူအမိန့်မနာခံလို့မရပေ Leoသည်လည်းပေါ့သေးသေးလူမဟုတ်ဘူးမလား။
တဂွတ်ဂွတ်ဖြင့် မော့သောက်နေသူကို Leoကြည့်ပြီး အပြုံးချိုချိုလေးပြုံးမိသည်။
ဟွန်း ငယ်ငယ်ထဲက တစ်ပုံထဲပဲ..။
" မင်း မူးယစ်ဆေးအစား ဒီဟာကိုပြောင်းသောက်သင့်တယ်လို့ မထင်ဘူးလား။ မင်းဝမ်းနည်းလို့ မူးယစ်ဆေးသုံးမိမယ်ဆိုရင် အဲ့တာက မင်းကိုပိုဝမ်းနည်းစေလိမ့်မယ်။ မင်းဒေါသထွက်လို့သုံးမိမယ်ဆိုရင် မင်းကိုပိုဒေါသထွက်စေလိမ့်မယ်။ တစ်ခါတလေသုံးတာ ဆိုးကျိုးမရှိပေမယ့် အချိန်ကြာရင် မင်းကိုထိခိုက်လိမ့်မယ် Baz "
ရေဆူဖန်ခွက်ကိုသိမ်းကာ ရေဖန်ခွက်ကို Bazထံကမ်းပေးလိုက်သည်။ Bazသည် အမြဲတမ်း ချိုတာတစ်ခုခုစားပြီးရင် ရေသောက်တတ်သည်။ ရေကိုလည်း အသာတကြည်သောက်သည်။
တကယ့်ကို ကလေးလိမ္မာလေးလို..။
" ခုနကမှ ရဲမှူးထွက်သွားလို့ စိတ်ကြည်မယ်ရှိသေး မင်းကလာပွားနေပြန်ပြီ။ ရေဆူဆေးက ရှတတ၊ချိုတိုတို အရသာကိုပဲပေးစွမ်းနိုင်တာ ငါ့ရင်ထဲက ခံစားချက်တွေကို စုတ်ယူသွားမပေးနိုင်ဘူး။ ငါနာကျင်နေရင် နာကျင်မှုပျောက်အောင် ယစ်မူးတယ်။ ငါပျော်ရွှင်နေရင် အဲ့အခိုက်အတန့်ကို မေ့မသွားအောင် အောင်ပွဲခံပြီး ယစ်မူးတယ်.."
" မင်းက တကယ်ဘိန်းစားပဲ ဟွန်း "
Leoသည် အသီးတွေကို ပြန်စိပ်နေရာကနေ Bazကိုမော့ကြည့်ပြီး ရယ်မောကာ ပြောသည်။ Baz၏ မျက်ဝန်းညိုမှိုင်းမှိုင်းလေးမှာ ဝမ်းနည်းမှုအရိပ်အယောင်တွေကို သူတကယ်မမြင်ချင်ပေ။
ဒေါက်.* ဒေါက်.*
တံခါးခေါက်သံသည် ခွင့်ပြုချက်တောင်းခံခြင်းမဟုတ်ဘဲ အသိပေးရုံသာ။ ယူနီဖောင်းဝတ် ရဲမှူးကြီးများဝင်လာပြီး Bazကို လက်ထိပ်ခတ်သည်။
" ခင်ဗျားတို့ ဒါဘာလုပ်တာလဲ "
Leoသည် ထိုရဲတွေ၏ လက်တွေကိုပုတ်ချကာ ဒေါသတကြီးပြောသည်။
"Mr.Bazရဲ့ အမျိုးသားကိုယ်တိုင်က မျက်မြင်သက်သေလုပ်လို့ Mr.Bazမှာ အပြစ်ရှိကြောင်းထင်ရှားပါတယ်။ ဒီကိစ္စကိုပြည်သူတွေက အရေးစိုက်နေကြတာမို့ ကျွန်တော်တို့ Mr.Bazကိုဖမ်းရပါလိမ့်မယ်"
အဟင်း.*
Baz ခပ်ထေ့ထေ့ပြုံးကာ အသာတကြည် လိုက်သွားရန်ပြင်တော့ Leoသည်ဆွဲထားပြန်သည်။ Leo၏လက်ကို အပေါ်ကနေအုပ်ကိုင်ကာ နားလည်မှုနှင့်ခွင့်လွှတ်‌ခြင်းပြည့်ဝနေသော မျက်ဝန်းများဖြင့်ကြည့်ကာ ခပ်ရေးရေးပြုံးပြလိုက်သည်။ ဒီအပြုံးသည် စမ်းရေ၏ စီးဆင်းမှုကို လိုက်ပါတော့မည့် စက္ကူလှေလေးလို ကမ်းမဲ့သည်။ ဘယ်အချိန်ပျက်စီးမယ်၊ ဘယ်သူ့ကြောင့် ပျက်စီးမယ်လည်း မသိချေ။
Bazသက်သောင့် သက်သာပဲ စခန်းကိုလိုက်ပါခဲ့သည်။ Baz၏ငွေကြေးနှင့် အသိမိတ်ဆွေများပြားမှုကြောင့် ရဲစခန်းသည် Hotelတစ်ခုလို ခမ်းနားသည်။ အိစက်စက်မွေ့ရာကအစ အေးနေသည့်ဝိုင်နှင့် သစ်သီးတွေကအဆုံးရှိသည်။
နာရီအတော်အတန်ကြာသည်အထိ Maxiyoတွေတစ်ယောက်မှမလိုက်လာသည့်တိုင် Loganသည်လည်းပျောက်နေသည်။ Bazသည်လည်းနေမြဲအတိုင်း ဆိုဖာပေါ်မှာ ခြေချိတ်ကာ ထိုင်နေပြီး မျက်လုံးတို့သည်လည်းမှိတ်ထားသည်။ တစ်ခဏအကြာ၌ အသံများကြား၍ မျက်လုံးဖွင့်ကြည့်လိုက်သည်။
" Mr.Baz နေ့လည်စာ ဘာများသုံးဆောင်မလဲ "
" ကျွန်တော့်အိမ်ကဘာလို့မလိုက်လာသေးတာလဲ "
" အပြင်ကသတင်း ကျွန်တော်ပြောခွင့်မရှိဘူး။ ဘာများသုံးဆောင်ချင်ပါသလဲ Mr.Baz"
ခန္ဓာကိုယ်ခပ်ဖိုင့်ဖိုင့်လူကို အပေါ်အောက်ကြည့်ကာ Baz ထောင်ဖောက်ချင်စိတ်များဖြစ်လာသည်။ ဒီလူသည် စွံ့အနားမကြားဖြစ်ကာ ကြားရသောအသံတွေသည် ထိုလူ၏ခန္ဓာကိုယ်၌တပ်ထားသော ဆက်သွယ်ရေးကိရိယာတွေကြောင့်ဖြစ်ပေမည်။
စိတ်ရှိလက်ရှိ ရိုက်ရင် ဒီလူပဲခံရအုံးမည်။ စောက်ချိုးမပြေတာက ဆက်သွယ်ရေးကိရိယာကိုကိုင်ပြီး ဖင်ယားနေတဲ့ကောင်။
" အဆင်ပြေတာပေး.."
Bazပြောတော့ ထိုလူကထွက်သွားလေသည်။ ဒီလိုနှင့်Bazသည် တစ်ပတ်လုံးလုံး စွံ့အနားမကြားသူများမှ တစ်ဆင့်အဆက်အသွယ်လုပ်ကာ လိုအပ်တာများပြောရလေသည်။ Bazကျနေသော အကျဉ်းသည် အမိုက်ဆုံးအကျဉ်းပင်။ မူးယစ်ဆေးအပြင် ညဉ့်ငှက်ကလေးများပါ အလိုရှိပါက ရနိုင်သည်။
သို့သော် Bazသည် မူးယစ်ဆေးကိုသာ တစ်စိုက်မက်မက်သုံးဆွဲပြီး သူ့ကိုထောင်ထဲထည့်လိုက်သည့် လူအကြောင်းကို နေ့စဉ်မပျက်တွေးတောနေမိသည်။
______
တစ်ဖက်တွင်တော့ တစ်ပတ်လုံးလုံး အရှုတ်ထုတ်များကိုရှင်းနေရသော Logan..။
Bazအဖမ်းခံလိုက်ရ၍ ထောက်တိုင်တစ်ခုအားနည်းလာသော Luciferကို နက်နက်နဲနဲတိုက်ခိုက်ဖို့ ဗျူဟာဆွဲရသည်။ ဗျူဟာရပြန်တော့ မွေး‌အမေကို အပြစ်ပေးသက်ညှာစေရန် ယောင်္ကျား၏အန်တီနှင့်တိုင်ပင်ရသည်။
" မင်းရဲ့အမေကိုအပြစ်ပေးဖို့ ငါကဘာကြောင့်စဉ်းစားပေးရမှာလဲ။ ငါနဲ့လည်း ရန်ညှိုးမရှိဘဲနဲ့ ပြီးတော့ မကြာခင် ငါလည်း ကလေးမိခင်ဖြစ်လာတော့မှာ "
" မင်းစဉ်းစားကြည့်..။ ချစ်လွန်းလို့ ယူခဲ့ကြပြီး ကလေးမွေးပြီးမှမပြေလည်တော့တဲ့ အိမ်ထောင်ရေးတစ်ခု။ အဲ့ကလေး အရွယ်ရောက်လာတာနဲ့အမျှ မိဘတွေရဲ့ ရန်ပွဲဟာ ကလေးအတွက် စိတ်ဒဏ်ရာဖြစ်စေတယ်။ ဖခင်လုပ်သူရဲ့အမွေလွှဲပေးမှုကြောင့် မိခင်အရင်းက လှေကားပေါ်က တွန်းချခဲ့တယ်။ မိခင်ရဲ့ဖောက်ပြန်မှုကိုသိသွားချိန် ပထွေးနဲ့မိခင်နဲ့ပေါင်းပြီး လုပ်ကြံတာတွေကိုလည်း ခံရတယ်။ အဲ့ကလေးရဲ့အမွေကြောင့် အဲ့ကလေးနားကို အတုအယောင်ဆက်ဆံရေးတွေပဲချဉ်းကပ်လာတယ် အမေအရင်းကတောင်မှပေါ့ "
" ငတုံးတစ်ယောက်လို့ ထင်နေတဲ့လူတွေရှေ့မှာ ငါသိပ်တော်၊သိပ်တတ်နေကြောင်းမပြချင်လို့ လွှတ်ထားခဲ့တာ..။ အခုတော့ တချို့အရာတွေကို လက်လွှတ်လိုက်ဖို့ အချိန်တန်ပြီ။ ဒါပေမဲ့ ငါကိုယ်တိုင့် ငါ့မိခင်ကို အပြစ်ပေးရင် သေချာပေါက် ပေါ့လျော့သွားမှာပဲ"
" အင်း..ငါမင်းကိုကူညီရင် ငါကဘာပြန်ရမှာလဲ"
" အပေးအယူလုပ်နေတာမဟုတ်တဲ့အတွက်အကျိုးအမြတ်ကို မစဉ်းစားထားဘူး "
" အထက်စီးကပဲအမြဲပြောတဲ့ မင်းကို ငါ့တူက ဘာလို့ကြိုက်သွားမှန်း ငါစဉ်းစားလို့ကိုမရဘူး။ ဒီကိစ္စတော့ သေချာပေါက် ငါကူညီမယ်"
Aprilနှင့် Logan၏ဆက်ဆံရေးသည် ဒီတစ်ပတ်အတွင်းပိုမိုကောင်းမွန်လာသည်။ တချို့သော ကိစ္စရက်‌တွေအတူ လုပ်ဆောင်ရင်းနဲ့ပေါ့။ Bellaကတော့ သူတို့လုပ်သမျှကို ဝင်မပြောသလို တားလည်းမတားချေ။
Loganဆွဲလိုက်သည့် အစီစဉ်၏ ပထမဆုံးတွင် Bazပါဝင်ခဲ့သည်မို့ Bazထောင်ထဲရောက်နေခြင်းသာ။
Loganတစ်ယောက် သူ၏မိခင်အိမ်ကို အရင်သွားသည်။
" Goodevening Mom,ကျွန်တော်က Momနဲ့ dinnerစားဖို့ လာခဲ့တာ Momကမကြိုဆိုဘူးလား "
မျက်နှာမကောင်းသော မိခင်ဖြစ်သူကို Loganတမင်မေးလိုက်သည်။
" ကြိုဆိုပါတယ် Momက သားကိုမျှော်နေတာ။ မလာတာတောင်ကြာပြီနော် "
" ဟုတ်တယ်။ ကျွန်တော့် ယောင်္ကျားက လိုက်ရှုတ်နေလို့ ကျွန်တော်အခုမှလာရတာ "
" ဒါနဲ့ မင်းရဲ့ယောင်္ကျားထောင်ထဲမှာဆို "
" အင်း..သူ့အပြစ်နဲ့သူပဲလေ "
Loganနှင့် သူ၏မိခင် စကားတပြောပြောဖြင့် ထမင်းစားခန်းထဲကို လျှောက်လာကြသည်။ ထမင်းစား စားပွဲ၏ထိပ်ဆုံး၌ Luciferထိုင်နေသည်။ Loganသည် ညာဘက်၌ဝင်ထိုင်ပြီး သူ၏မိခင်သည် ဘယ်ဘက်၌ဝင်ထိုင်သည်။
" မတွေ့ရတာတောင်ကြာပြီနော် အန်ကယ်"
" ဟုတ်တယ်။ မင်းကလာမှမတွေ့တာ"
" အန်ကယ်တို့လာတွေ့လိုရတာပဲ..။ဘာလဲ ကျွန်တော့်ကိုမျိုးစုံလုပ်ကြံဖို့စဉ်းစားနေရလို့ မအားတာလား ဟွန်း.."
Lucifer၏မျက်နှာပျက်သွားသည်။ Loganလိုကောင်က သူ့ကိုပြန်ပြောဖို့ဆိုတာ တစ်သက်လုံးမှာမဖြစ်နိုင်တဲ့ ကိစ္စမလား။
" မင်းတစ်ခုခုအထင်လွဲနေတယ်ထင်တယ်။ ငါကမင်းကို ဘာလို့လုပ်ကြံရမှာလဲ "
" ကျွန်တော်သေသွားရင် ကျွန်တော့်ပိုင်ဆိုင်မှုတွေကို တစ်ဦးတည်းသောသွေးသားဖြစ်တဲ့ ခင်ဗျား မိန်းမရမှာမို့လို့လေ "
Loganခပ်ထေ့ထေ့ပြုံးကာ စကားကိုတစ်ခွန်းချင်းပြောနေသည်။
" ငါတို့မှာလည်း မင်းထက်မနည်းတဲ့ စည်းစိမ်တွေရှိတယ်။ မင်းရဲ့ဥစ္စာကို မက်မောနေတယ်ထင်လို့လား "
" အို..ဆလာကမှာ ချမ်းသာပြီးသားသူတွေက ပိုလောဘတတ်တယ်လေ မဟုတ်ဘူးလား။ ခင်ဗျားက ကျုပ်အဖေရဲ့ဥစ္စာတွေကြောင့် ကျုပ်အမေကိုယူတယ်။ ကျုပ်အမေကလည်း ခင်ဗျားလိုလူစားမှန်းသိပြီးနောက် ခင်ဗျားတို့ နှစ်ယောက်ပေါင်းပြီး ကျုပ်အဖေရဲ့ စိတ်ကိုသတ်တယ်။ ကျုပ်အဖေက ပါးနပ်စွာပဲ ကျုပ်ကိုအမွေလွှဲပေးတော့ ကျုပ်ကိုလုပ်ကြံတယ်။ ဒါတွေက စည်းစိမ်မက်လို့မဟုတ်ဘူးလား"
" အေး..မင်းကိုသတ်ဖို့ကြိုးစားတယ်။ ဘာဖြစ်လဲ။ အဲ့လိုကြိုးစားတဲ့အထဲ မင်းယောင်္ကျားတောင် ပါသေးတယ်"
" ကျုပ်ယောင်္ကျားက ကျုပ်ကို သတ်ဖို့ကြိုးစားတယ်"
Logan စိမ်းဖန့်ဖန့်မုတ်ဆိတ်ရေးရေးတို့ရှိသည့် မေးစေ့ကိုပွတ်ကာ မထီမဲ့မြင်စဉ်းစားဟန်လုပ်ပြသည်။
" ကျုပ်အထင်တော့ ကျုပ်ယောင်္ကျားရောက်လာပြီးနောက်ပိုင်းမှာ ခင်ဗျားကျုပ်ကိုလုပ်ကြံလို့မရတော့တာပဲ။ ခင်ဗျားကို နောက်ဆုံးတစ်ခုပဲပြောချင်တယ်။ ကျုပ်ယောင်္ကျားက Maxiyoမို့ ကျုပ်ရဲ့စည်းစိမ်တွေကိုမမက်ဘူး။ သူမက်တာက ကျုပ်ကိုပဲ..ဟား..ဟား "
" မင်း.! "
Luciferသည် သေနတ်ကိုထုတ်ကာ Loganကိုပြစ်ဖို့ကြံရွယ်လိုက်သည်။
Loganသည်တော့ မရှောင်တိမ်းပဲ ခပ်မဲ့မဲ့သာစိုက်ကြည့်နေသည်။
" ကျုပ်ယောင်္ကျားက ဘာဆိုတာ သိပြီးတာတောင်မှ ခင်ဗျားကကျုပ်ကိုသတ်ဖို့ကြံရဲသေးတယ်ပေါ့ "
Loganမျက်ခုံးပင့်ကာ မေးလိုက်သည်။
" ဟား..ဟား မင်းယောင်္ကျားက ထောင်ထဲမှာလေ။ မင်းကိုလာကယ်နိုင်ပါ့မလား။ မင်းကမင်း‌ယောင်္ကျားကိုအသေနှိပ်စက်တော့ Maxiyoတွေကရော မင်းကို အမြင်ကြည်ပါ့မလား"
" အင်း..အဲ့တာလဲဟုတ်တယ်။ ဒါပေမဲ့လေ ခင်ဗျားထင်မြင်ချက်တွေလွဲနေတယ် "
Loganပုခုံးကိုတွန့်ပြလိုက်တော့ အနောက်၌ ခြေသံသဲ့သဲ့များထွက်ပေါ်လာသည်။
" ကျုပ်အ‌မေကလွဲလို့ ဘယ်မိဘကမှ ကိုယ့်သားမုဆိုးဖိုဖြစ်မယ့် အရေးကို လက်ပိုက်ကြည့်မနေဘူး ဟား..ဟား။ Mom ခင်ဗျား အမြင်မှန်ရသင့်ပြီ။ ခင်ဗျားရဲ့ယောင်္ကျားကို သတ်ပြီး ကျုပ်ရဲ့ခွင့်လွှတ်မှုကိုယူပါ"
Loganနာနာကျည်းကျည်းကြည့်ကာ ပြောနေသည်။ အစက Loganဒီလိုလုပ်ဖို့ အကြံရွယ်ထားပေမယ့် အချိန်အခါကိုကြည့်ပြီး လုပ်သင့်ကြောင်း ဆုံးဖြတ်လိုက်လေတော့သည်။
သူ၏မိခင်ဖြစ်သူသည် သိပ်ချစ်လှစွာသော ယောင်္ကျားကိုတောင် ပစ္စည်းဥစ္စာကြောင့် သစ္စာဖောက်ဖူးသေးသည်မို့ ဒီအခြေအနေမှာလည်း သစ္စာဖောက်ဖို့သာ တွေးတောသည်။
" Alice သူပြောတာတွေကို ယုံမနေနဲ့ မင်းနဲ့ငါ စိတ်ဝမ်းကွဲအောင် သူလျှောက်ပြောနေတာ"
Luciferသည် သူ၏ဇနီးကိုတော့ တော်တော်ချစ်ပုံရကာ နှုတ်ခမ်းဖျားတွေ ဖြူဖျော့ကာ တုန်ရင်နေပြီး သေနတ်ကိုင်ထားသည့် လက်တွေလည်း ပျော့ခွေသွားမတတ်ဖြစ်နေသည်။
" ကျွန်မ တောင်းပန်ပါတယ် Lucifer.."
ဒိုင်း.* ဒိုင်း.*
Lucifer၏ရင်ဘတ်ထဲသို့ ကျည်ဆံသည် တိုက်ရိုက်ဝင်သွားလေသည်။ သွေးများပွက်ပွက်အန်ကာ အသေသတ်နိုင်သော ချစ်ရသူကို နောင်တရခြင်းများစွာဖြင့်Luciferကြည့်နေသည်။
သစ္စာဖောက်တိုင်းက သာတဲ့ဘက်ကိုပဲကူးတာပါပဲ။ မင်းရဲ့ ကံကောင်းနေတုန်းတော့ မင်းရဲ့ဘက်မှာရပ်တည်ပေးမယ်။ မင်းရဲ့ကံဆိုးချိန်မှ မင်းရဲ့ဘေးကနေထွက်ခွာသွားပြီး သူများနည်းတူ မင်းကိုနှိမ့်ချလိမ့်မယ်။
ကိုယ်တောင်သူများစီက သစ္စာဖောက်ပြီး ထွက်လာသူကို မျက်နှာပြောင်ပြောင်နဲ့ယူထားသေးတာပဲ။ သူများနဲ့ပေါင်းပြီး ကိုယ့်ကိုသစ္စာဖောက်ပြီး မထွက်သွားနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။ အရာရာဟာ ကံတူအကျိုးပေးပါပဲ။
Luciferသည် သစ္စာဖောက်‌တစ်ယောက်ကိုချစ်မိသော နောင်တများစွာကို ထွေးပွေ့ကာ လောကကြီးမှ တိတ်ဆိတ်စွာထွက်သွားလေသည်။ Aliceသည်လည်း သူမ၏သားကို အားကိုးတကြီးကြည့်နေသည်။
" ကျွန်တော့်ကိုမကြည့်နဲ့ Mom..။ ကျွန်တော်က သစ္စာဖောက်တွေကို လက်ကမ်းပြီးမကြိုဆိုတတ်ဘူး။ မွေးဖွားပေးခဲ့လို့တော့ကျေးဇူးတင်တယ်။ Bazနဲ့ဆုံစည်းစေလို့လဲ ကျေးဇူးတင်တယ်။ Momအပြစ်တွေကို ကျွန်တော့်မမြင်ကွယ်ရာမှာ ခံယူပြီး လူကောင်းတစ်ယောက်အဖြစ်နဲ့ ကျွန်တော့်ဆီပြန်လာနိုင်ပါတယ် "
" မင်းဘာတွေပြောနေတာလဲ။ ငါက မင်းအမေလေ မင်းနဲ့အတူစည်းစိမ်တွေကိုဖြုန်းပြီး သေဆုံးသွားရမယ့်လူကွ"
" စည်းစိမ်တွေထက် ကျွန်တော့်ကိုမက်မောခဲ့ရင် ခင်ဗျားကိုသိပ်ချစ်ခဲ့မှာ။ ကျွန်တော်တို့ မိသားစုလည်း ပြိုကွဲစရာအကြောင်းမရှိသလို အဖေလည်း သေစရာအကြောင်းမရှိဘူး.! "
Logan၏အသံသည် သတ်ဖြတ်လိုစိတ်များပြည့်နက်နေပြီး ပတ်ဝန်းကျင်၏လှုပ်ရှားမှုကို ဝေးဝေးဝါးဝါးသာမြင်ရချေသည်။
ဒိုင်း.*
ဒိုင်း*.
ထိုနောက် သူ၏နားတွင် ကြားလိုက်ရသော အနီးကပ်ဆုံး သေနတ်ပြစ်သံနှစ်ချက်။ တစ်ချက်သည် သူ၏မိခင်က သူ့ကိုပြစ်လိုက်တာဖြစ်ပြီး နောက်တစ်ချက်သည် သူ၏ယောက္ခမမှ သူကိုကယ်တင်ဖို့ပြစ်လိုက်တာဖြစ်သည်။
ဟုတ်သည်။ Aprilနဲ့တိုင်ပင်ထားသည့်ကိစ္စဖြစ်ပေမယ့် Aprilရဲ့မိန်းမ ‌မီးဖွားခါနီးမို့ Bellaလာရခြင်းဖြစ်သည်။ ရောက်ရောက်ချင်း ကိုယ့်သားမုဆိုးဖိုဖြစ်မည့်အရေးကိုကယ်တင်ရသည်။
Aliceပြစ်လိုက်သောကျည်ကို အလယ်မှဖြတ်ကာလမ်းကြောင်းသွေဖယ်သွားအောင် သူမပြစ်လိုက်သည်။
" အသက်တွေလဲ မငယ်တော့ဘူး။ ကိုယ်မွေူထားတဲ့ သားကို ကိုယ်ပြန်သတ်တဲ့အထိ မိုက်မဲနေသေးတာလား။ ဒီလိုမိခင်မျိုးကို လူ့ဘီလူးလို့ခေါ်တယ်။ မင်းက အသားမစားပေမယ့် သတ်တာခြင်းတော့တူတယ်လေ"
Bellaသည် တစ်လှမ်းချင်းဝင်လာပြီး သူ၏ပင်ကိုယ်စရိုက်အရ အေးအေးစက်စက်ပြောနေသည်။ သူမ၏ သားမက်ဘက်ကိုသူမလှည့်ကြည့်လိုက်သည်။ ငယ်ရွယ်စဉ်ကထဲက စီးပွားရေးပဲလုပ်လာသူဖြစ်ရာ သေနတ်မပြစ်တတ်သည့် သူမ၏သားမက်ကို သူမ၏သားစိုးရိမ်နေတာတော့ မမှားချေ။
" ကျွန်မ ဒီဥစ္စာတွေနဲ့ ချမ်းချမ်းသာသာနေရဖို့အတွက် ကျွန်မရဲ့အပျိုစင်ဘဝကိုစွန့်လွှတ်ခဲ့တယ်။ ကျွန်မ ကလေးမလိုချင်ခဲ့ဘူး ကျွန်မဥစ္စာတွေခွဲပေးရမှာစိုးလို့။ ကလေးရပြန်တော့ ကျွန်မပေါ်အချစ်လျော့သွားတဲ့လူကိုပြစ်ပြီး ကျွန်မအသစ်ရှာတယ်။ ကျွန်မနဲ့ပုံစံတူလူကိုရတယ်။ ကျွန်မအပျိုစင်ဘဝကိုရင်းခဲ့ရတဲ့ အမွေတွေကို ကျွန်မပြန်ယူဖို့ကြိုးစားတယ် ဒါကျွန်မအမှားလား "
" မင်းစဉ်းစားကြည့်..။ မင်းရဲ့သားအပေါ်မင်းကောင်းပေးရင် သူ့ရဲ့အသက်ကိုတောင် မင်းစေလိုရာစေနိုင်တယ်။ မင်းက လောဘကြီးပြီး ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာကို မစဉ်းစားနိုင်တော့တာပဲ "
"မင်းကို ပိုင်ဆိုင်မှုတချို့ပေးပြီး ဒီနိုင်ငံကနေထွက်သွားခိုင်းရင် မင်းကျေနပ်နိုင်လား..ဟုတ်တာပေါ့ ဘယ်ကျေနပ်နိုင်မလဲ။ အဲ့တော့ မင်း ဒီကမ္ဘာကနေထွက်သွားမလား ဒီနိုင်ငံကနေထွက်သွားပြီး ငါ့ကလေးတွေနဲ့ လာမပတ်သက်တော့ပဲ နေမလား ကြိုက်ရာရွေး "
Alice သူ့ကိုတစ်လုံးချင်းပြောကာ အေးစက်စက်ဓာတ်များထုတ်လွှင့်နေသော‌သူကြောင့် ထွက်ပြေးချင်စိတ်များပေါက်လာသည်။
" ကျွန်မ ဒုတိယအချက်ကိုလက်ခံပါ့မယ်။ ကျွန်မကို မသတ်တော့ မသတ်ပါနဲ့ "
ဘယ်လောင်ပဲပစ္စည်းဥစ္စာအတွက်သစ္စာဖောက်တယ်ဆိုဆို ကိုယ့်အသက်ကိုတော့ ကိုယ်နှမြောတယ်။ ကိုယ့်အသက်ကို ကိုယ့်လောဘထက်ပိုချစ်တယ်မို့လား။
" အိုကေ..Vam သူ့ကို ဒီနိုင်ငံနဲ့အဝေးဆုံးမှာ အိမ်တစ်အိမ်နဲ့ တစ်နှစ်စာအထောက်အပံ့ပေးလိုက်။ ရင်းနှီးစားဖို့ ငွေတချို့ကောပေးလိုက်။ နောက်နောင် လာမပတ်သက်ဖို့မျှော်လင့်ပါတယ် Mrs.Alice"
Logan သူ့ယောက္ခမရဲ့ စကားပြောစွမ်းရည်နှင့် ခြိမ်းခြောက်နိုင်စွမ်းကို သဘောကျနေသည်။ တော်သေးသည်က Bellaလာလို့ပေါ့ Aprilသာဆို သူ့မိခင်အသက်ထွက်နေလောက်ပြီ။
Bellaမသိလိုက်တာက Loganသည် သေနတ်ပြစ်တတ်ပြီး မိခင်ပြစ်ရင် မခုခံမည့်လူမျိုးဖြစ်သည်။
_______________________________
28.3.22
Loganက မိခင်မေတ္တာငတ်နေသော ကလေးပါ။ သိပ်ကိုဂရုစိုက်ခံချင်ပြီး ချစ်ရသူရဲ့ သဝန်တိုမှုကိုလည်း အရမ်းခံချင်တဲ့လူမျိုးပါ။
ခွေးသွေးတွေနည်းလာပါပြီ ညော် မကြိုက်ကြဘူးမလား<( ̄︶ ̄)>
ဘေလ်မရှိလို့ ခုမှတင်ရတယ်ಥ‿ಥ
Continue Reading
You'll Also Like
537K 60K 36
LOVE IS LIKE COFFEE S2
118K 12.5K 51
552K 14.7K 77
147K 12.9K 49
MyanmarxBL(unicode+zawgyi) 🌸Owncreation🌸 This story is just my imagination. "ကိုယ့်ရဲ့အရှင်" S2 "ကိုယ့်ရဲ့အရှင်" S2