[Unicode] (31. 2)
ရှုပေါ်စုက ယုံကြည်မှု အပြည့်နဲ့ ယွမ်၃သိန်းကျော်တန် ကားလေးကို မောင်းကာ ယွမ်မီလီယံတန်တဲ့ sport ကားတွေကြားမှာ ဖြတ်မောင်းသွားလေတယ်။
သူ့ကို သိတဲ့လူတွေ ကတော့ဒီအကြောင်းကို သိရင်အတော်လေး ဝမမ်းနည်းသွားကြမှာပဲ။ ထိတွေ့လိုမရနိုင်တဲ့ သူကြီးက အခုလိုအခြေအနေထိ ကျဆင်း သွားတာမလို့လေ။ ဒါပေမယ့် ကျန်းရှုရဲ့ အမြင်ထဲမှာတော့ ထိုလူဟာတစ်ခြားသူတွေထက်ကို ပိုကြီးမြတ်နေလေတယ်။
အနည်းဆုံးတော့ ရုပ်ပိုင်း ဆိုင်ရာနဲ့ လှပချောမောတဲ့ ရုပ်ရည်လေးပိုင်ထား သေးတာပဲလေ။
နေ့လည်စာ စားပြီးတဲ့နောက် ကျန်းရှုက ရှုပေါ်စု ရဲ့ နားနေခန်းကို တရေးအိပ်ဖို့ လိုက်သွား လေတယ်။
သူနောက်ဆုံးအကြိမ် လာလည်တုံးက အကြောင်းကိုမှတ်မိနေတုံးပဲ။ ၂ ယောက်စလုံးက အရမ်းကို ရှုပ်ထွေးပွေလီ နေခဲ့ပြီးတော့ ရေခဲမုန့်တွေနဲ့တောင် သူတို့အနမ်းတွေကို လုပ်ခဲ့ကြသေးတယ် လေ။
" ရေခဲမုန့်တွေ အများကြီးစားတာ မကောင်းဘူး။ တစ်ခါတစ်လေ မှစားလေ။''
ကျန်းရှု: '' သိပြီ "
ထိုအချိန်တွင် ကျန်းရှု က သူ့ကိုအရှက်မရှိ စည်းကမ်းချ ရဲတဲ့လူကြီးကို ကြည့်လိုက်တယ်။
" ကိုယ်က တစ်ချို့အကြောင်းတွေ စဥ်းစားနေတာ..... ''
ရှုပေါ်စုက သူ့လက်ကို အောက် ခံထားပြီး တော့အပေါ်ကနေ ခေါင်းတင်ကာ လှဲနေတယ်။
" တကယ်လို့ မင်းသာ ကိုယ်နဲ့အတူ အလုပ်မှာ နေ့တိုင်း အဖော်ပြုပေးရင်....''
" တစိတ်လောက် ခများရဲ့ ဘော့စ်က ခများကို ချက်ချင်း အလုပ်ဖြုတ် ပစ်လိုက်လိမ့်မယ် "
ကျန်းရှုက ခံစားချက် မရှိတဲ့စက်တစ်ခုလို သူ့ကိုသတိပေးလိုက်တယ်။
" ဒါဆိုရင် ကျွန်တော်တို့ ၂ ယောက်အတူတူ အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မယ် "
" မင်းပြောတာမှန်တယ် "
ရှုပေါ်စု က သက်ပြင်းချ တယ် ။
" ဒါက အရမ်းခက်ခဲ တယ်။ "
ကျန်းရှုကလည်း လိုက်ပြီးတော့ ပြောတယ်။
" ဒါက အရမ်းကို ခက်ခဲတယ် ''
နောက်တော့ သူတို့ ၂ ယောက် လုံးအချိန်အတော်ကြာ တဲ့အထိကို ရယ်မောနေကြတယ်။
" ကျွန်တော် စားလို့ ပြီးပြီ ''
ကျန်းရှုပ လှဲချကာ သူ့ရဲ့ ခြေထောက်တွေ ကို ရှုပေါ်စု ပေါ်မှာလူရမ်းကားတစ်ယောက်လို တင်ထားလိုက်တယ်။
" ကိုယ်က ဘာလို့ မလုပ်ရမှာလဲ ''
ရှုပေါ်စုက စတော်ဘယ်ရီ လေးကို ပွေ့ကာ သူ့ရင်ဘက်ပေါ်ကို တင်ထားလိုက်တယ်။ သူ့စတော်ဘယ်ရီလေး ရဲ့အလေးချိန်ကတော့ သူ့အတွက် မပြော ပလောက်ပါဘူး။
" ကျွန်တော် ကို ခများရဲ့စောင်များမှတ်နေသလား? "
ကျန်းရှုက ရှုပေါ်စု ရဲ့ ဗိုက်ပေါ် ရောက်နေတာကြောင့်သူ့မျက်နှာကို ရှုကြီးရဲ့ လည်ပင်း နားထားလိုက်တယ်။ သူရှုထုတ် လိုက်တဲ့လေက ရှုကြီး ရဲ့လည်ပင်းကို ယားယံလာ စေတယ်။
" ဟားဟား ''
ရှုကြီးက ရယ်မောကာ ပြောလေတယ် ။
" ကိုယ်က မင်းကို ကိုယ့်ဘဝအဖြစ် မှတ်ယူထားတာပါ ကွာ''
" ဘာလို့လဲ ''
ကျန်းရှုက ရှုနာနတ်သီး ရဲ့ နားရွက်ကိုကိုက်ကာမေးတယ်။
" ကျွန်တော် တောင်ကိုယ့်ကိုယ်ကို မကောင်းဘူး လို့တွေးထားတာလေ။ ''
ဘာလို့ သူ့ကို ကြိုက်ရတာလဲ?
သူတို့ အဲ့နေ့ညက အတူတူ အိပ်ခဲ့ကြမိလို့လား ?
" ဟုတ်တာပေါ့ ကိုယ်ကမင်းကိုပဲ ကြိုက်တာလေ။ ''
အကြောင်းပြချက်ကလား...... သူအဲ့တာကိုတော့ ကျန်းရှုဆီကို မပြောပြနိုင်ဘူး။
ဒါပေမယ့် သူက အဲ့ပြပွဲကို မြင်လိုက်တဲ့ အချိန်ကတည်း က ဒီကောင် လေးကိုသူ ချစ်မိသွား တယ်ဆိုတာတော့ သေချာတယ်။
သူ့မိဘတွေက တစ်ယောက် စီမှာ ကိုယ်ပိုင်သန်မာတဲ့ စွမ်းရည် တွေရှိတယ်။ ကြည့်ကောင်း ကြပြီး လိုက်ဖက်ကြတယ်။ ဒါပေမယ့် ကောင်းမွန်လေးနက်တဲ့ ဆက်ဆံရေးရှိတယ် လို့တော့ ပြောလို့မရဘူးလေ။
သူက အမွေဆက်ခံ သူတစ်ဦး ဖြစ်နေတာတောင်မှပဲ သူမလိုချင်ဘူး။ မလုပ်ချင်ဘူး ဆိုပြီး ငြင်းဆန် လို့မရဘူး။ ဒီလိုမျိုး သာ လက်ထပ်လိုက်ရင် သူရဲ့ဘဝကရော သူတို့မိဘတွေရဲ့ ဘဝနဲ့ ဘာတွေများ ခြားနားသွားမှာမလို့လဲ?
ခါတိုင်းဆို ရှုကြီး က ပြဿနာ တစ်ခုရှိပြီဆိုရင် အသေချာ စဥ်းစား ပြီးတော့ တစ်ချို့လူတွေနဲ့ ညှိနှိုင်းဆွေးနွေး တက်တယ်။ဒါက ကျန်းရှုကို သူမတွေ့ခင်အချိန်တုံးကပေါ့။
ကျန်းရှုနဲ့ တွေ့ပြီးတော့ နောက်ပိုင်း...... အရာ အားလုံး က သူ့ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားကြတယ်။ ဒါတွေက သူမထိန်းနိုင်ပဲ လုပ်မိခဲ့တဲ့အရာတွေ ချည်းပဲ။
" ကျွန်တော် ဒီကနေ ထွက်သွား တော့မယ်''
ကျန်းရှုက ရုတ်တရက်ပဲ ပြောလာတယ်။
" ဟမ်?''
ရှုပေါ်စုက သူ့ကိုယ် ပေါ်ကလူကို တင်းကြပ်စွာ ပွေဖက်ထားပြီး အသံကလည်း ကြောက်စိတ်တွေ မွှန်နေခဲ့တယ်။
" မင်းဘာလုပ်မလို့လဲ?''
သူက ကျန်းရှုကို ဖြူဖျော့တဲ့ မျက်နှာနဲ့ကြည့်လာတယ်။
အချိန်အတော်ကြာ စဥ်းစား ပြီးတော့ ကျန်းရှု တစ်ယောက် သူ့စကားထဲမှာ အဓိပ္ပါယ် က ၂ မျိုးပါသွားတာကို သိလိုက်ရတယ် ။ ဒါကြောင့် ဟာသနှောပြီးပြန်ပြောလေတယ်။
" ကျွန်တော်ပြောတာက လူ ၂ယောက်ပူးကပ်နေလို့အရမ်း ပူတယ်လို့ပြောတာ။ သီးခြားခွဲအိပ်မယ်လို့လေ''
" ရှင်းရှင်းလေးပဲ ပြောလေ ကွာ ကိုယ်ကအရမ်းကို လန့်သွားတာပဲ ကွာ။ ''
ရှုကြီးက စိတ်သက်သာရာ ရစွာ ပြောလိုက် ပေမယ့် သွားခွင့်တော့ မပေးခဲ့လေဘူး။ ပြီးတော့ သူက ဘေးကိုစောင်း လိုက်တယ်။
" မင်းရဲ့ ဘေးမှာအိပ်ချင်လို့ပါ ပါးပါး ''
" မင်းက ပါးပါး လို့ခေါ်တဲ့အတွက် ဆုပေးမယ် ''
ကျန်းရှုရဲ့သူ့ရဲ့ လက်တွေကို ရှုနာနတ်သီး ရဲ့လည်ပင်းကို ပတ်လိုက်တယ်။ ပြီးတော့ နှုတ်ခမ်းချင်း ဖိကပ်လိုက်တယ်။
" ပျော်တယ်မလား''
" ဟုတ်''
ရှုပေါ်စုက ပြုံးတယ်။
" အိုက်ယား.... ငါ့မှာ ချောမောတဲ့ သားလေး တစ်ယောက် ရှိတာပဲ''
ကျန်းရှုက စနောက်ပြန်တယ်။
" ကိုယ့်ကို စမနေပါနဲ့''
" ဟမ့်!''
နောက်တော့မျက်လုံးတွေ မှိတ်ကာ အိပ်ပျော်သွားကြတော့တယ်။
ရှုပေါ်စုက သူ့အလုပ်ချိန်ရောက်တဲ့အခါ ကျန်းရှုကို မနိုးပဲသွားလေတယ်။ ညနေခင်း ၅ခွဲကျမှ အိမ်ပြန်ကျဖို့ လာခေါ်တယ်။
အလုပ်ထွက်လာတဲ့ ကောင်လေးက အခန်းငယ်လေးထဲမှာ တစ်ချိန် လုံးအိပ်မနေခဲ့ပါဘူး။ သူက သူတို့ဘဝတွေအကြောင်းကို တွေးနေခဲ့လေတယ်။
တကယ်လို့မင်းသာ နွေရာသီ အားလပ် ရက် မှာ အလုပ်မသွားဘူး ဆိုရင် မင်းက အိမ်မှာပဲနေပြီးတော့ ကစားမယ်၊ စားသောက် မယ်၊ ပျော်ပါးမယ် ပြီးတော့ နေ့တိုင်း ဂိမ်းဆော့နေမယ်မလား?
မင်းက စာရေးဖို့ လေ့ကျင့် စရာမလိုသလို အင်တာဗျူး မူကြမ်းရေတက်ဖို့ ကျင့်စရာလည်း မလိုဘူး။ မင်းဘေးနားမှာတော့ သင်ကြား ရေးပစ္စည်းတွေ ရှိတယ် ။ လုပ်ဖို့မလိုအပ်ပါဘူး။ ဒါကိုတွေးမိတော့ သူကအရမ်းကို အံ့ဩ သွားတယ်။
သူ့ဘဝက အတော်လေးကောင်းတယ်လို့ ခံစားရတယ် ။
သူ့ဘေးမှာ သူနားမလည်နိုင်တဲ့ ပစ္စည်း တွေရှိ ပြီးတော့ ငယ်ရွယ်ချောမော ချမ်းသာတဲ့ လူငယ်စွန့်ဦတီထွင်သူလဲ ရှိတယ်။ သူ့အဖေနဲ့သာ ဆက်ဆံရေး အဆင်ပြေနေရင် ဆယ်လီအကြီးစားတွေကို တောင် အင်တာဗျူး လို့ရချင်ရအုံးမှာ။
ဘယ်ဂျာနယ်လစ်ကများ ဒီလိုကျောင်းမပြီးသေးပဲ ချမ်းသာတဲ့ ဇိမ်ခံပစ္စည်းတွေကိုအသုံးပြုနိုင်လို့လဲ?
ကျန်းရှုက သူ့ကိုယ်သူ ဘယ်လောက် ပဲနှစ်သိမ့်နေပါစေ သူ့စိတ်ထဲ မှာတော့ အစိုင်အခဲ ကြီးက ရှိဆဲပဲ။
ကြည့်ရတာတော့ သူအချိန်တစ်ချို့ယူဖို့ လိုအပ်တယ် လို့ထင်တာပဲ။
အဲ့နေ့ကနေ စပြီးတော့ ကျန်းရှုဟာ သူ့ရဲ့ ကလေကချေဘဝ ကိုတရားဝင်စတင်တော့တယ်။
............... ......................