[Unicode] (31.1)
ဒီနွေရာသီ အလုပ်သမားလေး က အရမ်းကို စိတ်အားထက်သန်နေတာကြောင့် အယ်ဒီတာ ခေါင်းဆောင် တစ်ယောက် အတော်လေးကို ဒေါသထွက်နေ ရပါပြီ။ ဒါကြောင့်မို့ အယ်ဒီတာ က ဟွမ်ရှင်း ကို မျက်ခုံးတစ်ချက်ပင့်ပြ လိုက်တယ် ။
" မင်း သူ့ကို ဖြောင့်ဖျ လိုက်ပါအုံး။ ပြီးရင် ငါ့ရုံးခန်းထဲကို လာလိုက်။ ''
" အာ... ဟုတ်ကဲ့ပါ ''
ဟွမ်ရှင်းက ပြန်ပြောပေး လိုက််တယ်။ အယ်ဒီတာ လည်း ထွက်သွား ပြီးရော ဟွမ်ရှင်း က ကျန်းရှုကို ပြောလာတယ်။
" ကျန်းရှု မင်းရဲ့ မူကြမ်းကို ကုပ္မဏီ က လိုချင်နေတယ်။ တကယ်လို့မင်းသာ မလုပ်ချင်ဘူး လို့အစကတည်း ရှင်းရှင်း လင်းလင်းလုပ်ပြီး မပြောခဲ့ရင် မင်းရဲ့ မူကြမ်းကိုကုပ္မဏီ ရှယ်ရာအဖြစ် ပြောင်းစရာမလိုဘူး။ ပြီးတော့ စာချုပ် မှာလည်း လက်မှတ်ထိုးစရာ လည်းမလိုဘူး။ မင်းသာ အစကတည်း က မပြောခဲ့ရင် မင်းကအယ်ဒီတာကို မပြောခဲ့သင့်ဘူး။ ''
" အကိုရှင်း ၊ ဒါကို ကျွန်တော် မတင်ချင်ဘူး ''
ကျန်းရှုက ဒါကို ချက်ချင်း ပဲပြောလယတယ်။ ဒီလိုမျိုး ပလက်ဖောင်းတစ်ခုက ရှုပေါ်စု ကို ဖော်ပြပေးဖို့ အရမ်းကို သေးငယ်လွန်းတယ်။
ထိုလူရဲ့ အချက်အလက်တွေက လူသိများ နာမည်ကျော်ကြားတဲ့ ပရော်ဖက်ရှင်နယ် ဆန်တဲ့သတင်းစာ ကြီးတွေမှာ ပိုပြီးတော့ သင့်တော် လေတယ်။ သူက ထိုကဲ့သို့ လည်း တွေးမိရော အရမ်းကို စိတ်လှုပ်ရှား သွားလေတယ်။
"မင်းက အယ်ဒီတာ ခေါင်းဆောင် နဲ့ ဒီလိုအငြင်းပွားမှ ဖြစ်မှာလား?''
ဟွမ်ရှင်းက သူ့ကို သတိပေးလိုက် တယ်။
"မင်းကအခု အစမ်းကာလ ထဲမှာ ရှိနေသေးတယ် ဆိုတာကို မမေ့နဲ့။ ''
" ခများ ဆိုလိုတာက သူက ကျွန်တော့်ကို ရှင်းထုတ်လိုက်မယ် ပေါ့လေ?''
ကျန်းရှုက သူ့ရဲ့ မျက်ခုံးကို ပင့်လိုက်တယ်။
ဒါက မဖြစ်နိုင်တာတာ့ မဟုတ်ဘူး ပဲ။
" ကုပ္မဏီ က မင်းကို သဘောမကျရင်.... အချိန်ပြည့် အလုပ်သမား အဖြစ် ခန့်မှာ မဟုတ်ဘူး''
ဟွမ်ရှင်းက သူ့ကို ကြည့်ကာ သက်ပြင်းချလိုက် တယ်။
" မင်းကွာ အစကတည်း က တင်မတင် ဆိုတာကို အသေအချာစဥ်းစား ခဲ့သင့်တာကွ''
ဟုတ်တယ်....
သူ အရမ်း ရူးမိုက် တုံးအမိ သွားတယ်ဆိုတာကို ဝန်ခံပါတယ် ။
အစက ဒီဟာနဲ့ပတ်သက် ပြီးတော့ ငါဘာမှ သိပ်မတွေးမိခဲ့ဘူး။
အခုတော့ သူဘာဖြစ်သွား ရပြီလဲ?
တကယ်လို့ မင်းသာ မူကြမ်းကို အယ်ဒီတာ ဆီမပေးချင်ရင် သိသိသာသာ ကြီး မင်းရဲ့အလုပ်ကလေးကို တာ့တာပြလိုက်ရ လိမ့်မယ်။
ကျန်းရှု တစ်ယောက် အခုချက်ချင်း ကိုဝန်ခံ ပါတယ်။
သူကတကယ့်ကို အခုမှ စာသင်နေဆဲ သောက်ကလေးတစ်ယောက် ဖြစ်နေပြီးတော့ ဒီလိုနေရာတွေမှာ သင်ယူစရာရှိနေသေးတယ် ဆိုတာကိုပေါ့။
" မေ့လိုက်တော့ ။ ကျွန်တော်ပဲ သူ့ကိုပြော လိုက်မယ်''
ကျန်းရှုက တစ်ခဏတွေးကာ အယ်ဒီတာ ဝမ်ရဲ့ ရုံးခန်းထဲကို ဝင်သွား တယ်။ သူ့ကိုခေါ်လာပေးတဲ့ ဟွမ်ရှင်းလည်း မကူညီ နိုင်တော့ပါပေ။ သူကလည်း ဒီနေရာရဲ့ အလုပ်သမားတစ်ယောက်ပဲလေ။ တကယ်လို့ ကျန်းရှုသာ တစ်ကယ်ကြီးရှင်းထုတ် ခံလိုက်ရရင်တော့ .......။
ဒါပေမယ့် ကျန်းရှုက ဒီလို လူမျိုး ကိုတောင်ရအောင် အင်တာဗျူး နိုင်သေးတာပဲ။ သူ့အတွက် နောက်ထပ်အလုပ်တစ်ခု ထပ်ရှာဖို့ မခက်ခဲလောက်ပါ ဘူးလေ။
ဒီအချက်ကိုတွေး ကြည့်ပြီးတော့မှ ပဲ ဘာမှ သိပ်ပြီး မစိုးရိမ်ရတော့ဘူး။
၁၀ မိနစ် ကြာပြီးနောက် ကျန်းရှုက အယ်ဒီတာရုံးခန်းထဲက နေ စိတ်တိုနေတဲ့ မျက်နှာ နဲ့ထွက်လာခဲ့တယ်။
" ဘာတဲ့လဲ? "
ဟွမ်ရှင်းက မေးတယ်။
" ကျွန်တော် သဘောမတူခဲ့ပါဘူး။ ''
ကျန်းရှုက သူ့ကို အခုအတောအတွင်း ကူညီပေးခဲ့တဲ့ ဟွမ်ရှင်း ကိုကြည့်လိုက်တယ် ။
" ကျွန်တော့်ကို ဒီရက်တွေမှာ စောင့်ရှောက် ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အကိုရှင်း ''
ဒါကို ကြားပြီးတဲ့ နောက်မှာတော့ ဟွမ်ရှင်း တစ်ယောက် သဘောပေါက် သွားပါပြီ။
" ဟေး.....''
" သူက ကျွန်တော့်ကို ရှင်းထုတ်လိုက်တာ မဟုတ် ပါဘူး''
ကျန်းရှုက သူ့အထုတ်အပိုးတွေကို သိမ်းဆည်း နေရင်းပြောလိုက်တယ်။
" ကျွန်တော်သာ ဒီနေရာမှာ ဆက်မနေချင်တော့တာပါ''
" ငါ..... ငါနားလည်ပြီ''
ဟွမ်ရှင်းက သူ့ပုခုံး ကိုပုတ်ကာ နှစ်သိမ့် ပေးလိုက်တယ်။
" မင်းမှာ တောက်ပတဲ့ အနာဂတ် ရှိပါတယ် ကွာ။ စိတ်ဓာတ်ကျ နေဖို့မလိုအပ်ဘူး အနာဂတ်မှာ မင်းကိုစောင့်ကြိုနေမယ့် အခွင့်အရေး တွေအများကြီး ရှိနေမှာပါကွာ''
" ဟုတ်ကဲ့ ကျေးဇူး တင်ပါတယ်။ အကိုရှင်း ''
ကျန်းရှုက ခေါင်းငြိမ့်ပြ တယ်။
" ဒါဆို ကျွန်တော် သွားတော့မယ် ''
ကျန်းရှုက သူ့ရဲ့ အထုပ်အပိုးတွေကို သိမ်းဆည်းပြီးသွား ပြီပဲ ဖြစ်တယ်။
" အရင်ဆုံး သွားလိုက် ပါ။ ငါ့ကိုအဆက်အသွယ် လုပ်ရမယ်နော်''
ဟွမ်ရှင်းက ပြောလိုက် တယ်။
ကျန်းရှု ထွက်သွား ပြီးတော့ သိပ်မကြာခင် မှာပဲ အယ်ဒီတာ ဝမ် လည်း ဝင်လာရော ကျန်းရှုရဲ့ နေရာကအလွတ်ကြီး ဖြစ်နေတာကိုတွေ့လိုက်ရတယ်။
" သွားပြီလား? "
ဟွမ်ရှင်း က ခေါင်းငြိမ့်ပြ တယ်။
" သွားတယ်''
အယ်ဒီတာ ဝမ် က ရုပ်ဆိုးတဲ့ အမူအရာ နဲ့ပြောလာတယ်။
" အခုခေတ် လူငယ်တွေ ကတော့ကွာ...''
တကယ်လို့ မင်းက အပျော့အမာတောင် မထိန်းနိုင်ဘူး ဆိုရင် ထွက်သွား ရင်တောင် အရင်ရှေ့တစ်ပတ်က လုပ်အားခကို တောင်ရမှာ မဟုတ်ဘူး ။
ဒါက အရမ်းကို ပြောင်းလဲ လွယ်တာပဲ။
ဒီချိန်မှာ တော့ရှောင်ကျန်းတစ်ယောက် သူ့ရဲ့အလုပ်ကလေး ကိုဆုံးရှုံးလိုက်ရတဲ့ စိတ်ကလေးနဲ့ ရှုပ်ထွေးနေတာကြောင့် လေအေးပေးစက် တွေ ရှိတဲ့ ပထမထပ်ကို သွားပြီ ထိုင်နေလေရဲ့။
သူက အိမ်ကိုပဲ ပြန်ပြီးတော့ ကလေကချေ တစ်ယောက် ဖြစ်လာမလား ဒါမှမဟုတ် အလုပ်သစ်တစ်ခုကို ရှာသင့်လား?
ဒါက ပြဿနာ တစ်ခုပဲ။
ရိုးရိုး သားသားပြောရရင် သူကအလာတုံက အရမ်းကို ချောမော ခန့်ညား နေတာ။ အခုကျတော့ သူ့ကိုယ်သူအရူးတစ်ယောက် လိုပဲခံစားလိုက်ရတယ်။
ဒါပေမယ့် လည်း သူရအောင်တောင်းလာတဲ့ တစ်ပတ်စာ လုပ်ခလစာကိုတော့ ကားပါကင်ကြေးပေးလို့ရလောက်တယ်။ ဒါမှမဟုတ် တစ်ခုခုပေါ့လေ။
" ဟူး.......''
ကျန်းရှု တစ်ယောက် သက်ပြင်း ချကာ သူ့ရဲ့စိတ်ဆန္ဒ တွေကို နောက်အလုပ်သစ် တစ်ခုရှာဖို့ အားမထည့်နိုင်လေဘူး။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကြီးကိုသိလိုက် ရတော့ သူပြောစရာ စကားမဲ့ သွားတော့တယ်။
" အလုပ်တစ်ခု ရှာရမယ်!''
ကျန်းရှုက တစ်ခဏစဥ်းစား ပြီးနောက် သူက အခုလို သူ့အသက်မွေး ဝမ်းကြောင်းနဲ့ ကိုက်ညီတဲ့အလုပ်ကိုရှာတော့ မယ့်အစား နွေရာသီအချိန်ပိုင်း အလုပ် ကို ပဲသူရှာလိုက်တော့မယ်။ အဲ့အလုပ်က ကြမ်းတိုက်သမားဖြစ်နေ ရင်တောင်မှပေါ့။
သူက အခန်းဖော် လေးလုံးကို စာပို့လိုက်တယ်။
{ ဟေး မင်းတို့ဆီမှာ လူခေါ်သေးလား?}
လေးလုံးက အလုပ်မှာရှိနေသေးတာကြောင့် စာမပြန်လေဘူး။
တစ်ခဏကြာတော့ ကျန်းရှုတစ်ယောက် သူ့ရဲ့နွေရာသီ အလုပ်ကို ဘာမှာသွားရှာရမလဲ ဆိုတာကို မသိတော့ပါဘူး ။
ဒါဆိုသူအိမ်ကိုပဲ ပြန်ရတော့မှာလား...။
ဒါပေမယ့် ဒီနေ့နေ့လည် မှာသူက ရှုပေါ်စုနဲ့ နေ့လည်စာအတူစားဖို့ ချိန်းထားတာရှိတယ်လေ။ ဒီလိုကြီးထွက်သွားဖို့ကတော့ မကောင်းဘူး ။ ထိုလူက သူ့အတွက်တောင် ကားဝယ်လိုက်သေးတယ်မဟုတ်လား။
အား.....ဒါက စိတ်အနှောင်အယှက် ဖြစ်ဖို့ကောင်းလိုက်တာ။
ကျန်းရှုက သူ့မျက်နှာကိုပွတ်ကာ နောက်တစ် ခါစဥ်းစားပြန်တယ်။ နောက်တော့အနီးနားမှာ ရှိတဲ့ အအေးဆိုင်ကိုသွားပြီးအအေး တစ်ခွက်မှာသောက်ကာ တစ်မနက်လုံး သူ့ခေါင်းကို အနားပေးလိုက်တယ်။
၁၂ နာရီထိုးတော့ ဖုန်းက အချိန်ကိုက်ပဲ ဝင်လာတယ်။
" ဟယ်လို?''
ကျန်းရှုက အက်ရှနေတဲ့ အသံနဲ့ စားပွဲခုံရှေ့မှာ ထိုင်နေရင်းပြော လိုက်တယ်။
" စတော်ဘယ်ရီလေး? ကိုယ်မင်းရဲ့ ကုမ္ပဏီ ရှေ့မှာ ရောက်နေပြီလေ ။ ''
ရှုပေါ်စုက ပြန်ဖြေတဲ့အသံ ကြီးကတစ်မျိုးကြီးမို့ ထပ်ပြောလိုက်တယ် ။
" မင်းအိပ်ပျော်နေတာလား?''
" ကျွန်တော်အခု ချက်ချင်း ထွက်လာခဲ့မယ်။ ''
ကျန်းရှု ပြန်မဖြေပဲသူ့အထုတ်အပိုးတွေကို ယူကာဆိုင်ထဲ ကနေ မြန်မြန် ပြေးထွက်သွား ခဲ့တယ်။
သာမန်လိုင်စင်ပြား တပ်ထားတဲ့ အဖြူရောင် ကားလေးက မှတ်မိိဖို့ရာ အလွန်လွယ်ကူပါတယ်။ ကျန်းရှု ပူပြင်းတဲ့နေရောင်အောက်မှာ ပြေးလာ ပြီးတော့ကားထဲကို အမြန်ဝင်လိုက်တယ်။ သူလည်း ကားထဲကို ဝင်ပြီးရော သက်ပြင်းတွေ ချလိုက်တယ်။
" အမလေး ဘုရားရေ ဒီနေ့ကတော့ အရမ်းကို ပူတဲ့နေ့ပါလား''
" ဘာလို့ မင်းလေးက ဒီကိုပြေးလာရတာလဲ?''
ရှုပေါ်စုက ပန်ကာသေးသေးလေးကို ဖွင့်ပေးရင်း တစ်ခါထည်း မှာပဲ အအေးတစ်ပုလင်းကိုပါဖောက် ပြီးတော့ ပေးလာတယ်။
" ကျေးဇူးပါ ကားမောင်တော့လေ''
ကျန်းရှုက အအေးတစ်ငုံသောက် လိုက်တယ်။
" ကျွန်တော်က အလုပ်ဆက်မလုပ်တော့ဘူးလေ။ ဒါကြောင့်မို့ ခများ ကျွန်တော် ကို နေ့လည်စာ နားချိန်မှာ လာခေါ် မှာကို စောင့်နေတာ လေ။''
ရှုပေါ်စု က အံဩ သွားတယ်။ ဒါကြောင့် ကားမောင်း ရင်းပဲ မေးလိုက် တယ်။
" ဘာတွေ ဖြစ်ခဲ့တာလဲ?''
ကျန်းရှုက စပြီးတော့ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ပြောပြခဲ့တယ်။
" ကျွန်တော် အရမ်းတုံးတာပဲ။ အဲ့ ပလက်ဖောင်းက ခများရဲ့အင်တာဗျုး အကြောင်းကို ဖော်ပြဖို့ရာအရမ်းသေးလွန်းတယ်။ မသင့်လျှော်ဘူး''
ပြောရရင် ငါလည်း အရမ်းတုံးသွားတာပေါ့လေ။
" ဒါကတော့ တကယ့်ကိုရူးမိုက်တာပဲ''
ရှုပေါ်စုက ခေါင်းငြိမ့်ပြ တယ်။
" ဒီလိုအကြောင်းမျိုးဆို ရင်တော့ မင်းက ဘော့စ်ဖြစ်လာ လိမ့်မယ်။ စတော်ဘယ်ရီလေး မင်းက အလုပ်သမား မဖြစ် သင့်ဘူး။ မင်းက ဘော့စ် ပဲ ဖြစ်သင့်တာပါ။ ''
" ခများရဲ့ စကားတွေကို လက်ခံတယ် ''
ကျန်းရှုက ပြောတယ် ။
" ရပါတယ် ကွာ''
ရှုပေါ်စု က ပြန်ပြောတယ်။
" မင်းအလုပ်မလုပ်တော့တာ ကောင်းတာပေါ့။ မင်းအလုပ် မသွားရတာ ကိုယ်ဝမ်းသာတယ်။ မင်းကို အပြင်ထွက်ပြီး အလုပ်မလုပ်စေချင်ဘူး။ ''
" ကျွန်တော်က အလုပ်ထပ်မရှာ တော့ဘူးလို့ ခများကို ဘယ်သူပြောတာလဲ?''
ကျန်းရှုက ကားထဲမှာ တစ်သျှုးကိုတွေ့ လို့တစ်ခုယူကာ လည်ပင်းက ချွေးတွေကို သုတ်လိုက်တယ်။
" ကျွန်တော်က Haagen-Dazs မှာအလုပ်သွား လုပ်မှာ ''
" မရဘူးနော် "
ရှုပေါ်စုက တန်းပြီး ငြင်းလေတယ်။
" … "
ထိုအခိုက်တွင် လေးလုံး စီကနေ စာဝင်လာတယ်။ ပြောတာကတော့ အဲ့မှာလူတွေ မလိုတော့ဘူး တဲ့လေ။
" မသွားပါနဲ့နော် ။ အိုကေ?''
ရှု လူယုတ်မာ ပေါ်စု က ကျန်းရှုခေါင်းလေးကို အသာပုတ်ကာ ပြောလိုက်တယ် ။
" အိမ်မှာပဲ နေပြီး အပူသက်သာအောင်ပဲနေပါ။ ကိုယ် က ပိတ်ရက်မှာ မင်းကို အပြင်လိုက် ပို့ပေးမယ်နော် အိုကေလား? "
ကျန်းရှုက ဘာမှ ပြန်မပြောပေ။
" စတော်ဘယ်ရီ လေး?''
ရှုပေါ်စုက သူ့နားရွက်တွေက ဆိတ်လိုက်တယ်။
" ခများက အမှိုက်တစ်ခုကို ပျိူးထောင်နေတာပဲ!''
ကျန်းရှုက သူ့လက်ထဲက ချွေးသုတ်ထားတဲ့ တစ်သျှုးကို ခပ်တင်းတင်း ကိုင်ကာပြောလိုက်တယ်။
" ကျွန်တော်ကောင်း ဖို့လို့တော့ ခများလာမပြောနဲ့။ ခများအဲ့လိုပြောလို့မရဘူးနော်။''
" အမှိုက်ဖြစ်တာ ဘာမှားနေလို့လဲ?''
ရှုပေါ်စု က ပုံမှန်အတိုင်း မေးလိုက်တယ်။
" လူတိုင်းက ကိုယ့်ကို အမှိုက်ပုံးလို့ထင်ကြတယ်။ ဒါပေမယ့် ကိုယ်က ဂရုစိုက် လို့လား ။မစိုက်ဘူးလေ။ ဒါမှကိုယ့်ဘဝမှာ အချိန်ကောင်းလေးတွေ ဖြတ်သန်း နိုင်တာပေါ့။''
ကျန်းရှုက သူ့ကို ကြည့်တယ်။
" ခများက ဘာကြောင့် ဒီလောက်ရင့်ကျက်နေရတာလဲ? "
ရှုပေါ်စုကပြုံးကာ ပြောလိုက်တယ် ။
" နောက်နှစ် အနည်းငယ် လောက်ကြာ ရင်မင်းလည်း ရင့်ကျက် လာတော့မှာ''
" ခများပြောသလိုပဲ ပေါ့လေ။ ကျွန်တော် သာမရင့်ကျက် လာကြည့်ခများကြီးကို သတ်ပစ်မယ်''
" ဟုတ်ပါပြီ မင်းကျေနပ်ရင် ရပါပြီ ''
( ခွေးစာတွေ ကျဲနာ ။)
paid pg မှာပြီးတာကြာပြီနော်။
အခုကနေ အပြီးထိ ၆၆၆ကျပ်ပဲ ယူတော့မယ် ။ လက်ကီးကောင်းအောင်လို့။
.................................