ငါ့ယောကျာ်းကမာဖီးယားဘော့စ်[My...
By Sarahthestar7
312K 39K 1.2K
All credits go to original writer @lesson101.I am just a translator of this novel. Story cover from google an... More
Please Read!(ဖတ်ပါ)
Part 1-အခန်းသစ်။
Part 2-စီစဉ်ထားခဲ့တာလား?။
Part 3-သမိုင်းတစ်ကျော့ပြန်လာတယ်။
Part 4-ဗရော်နီကာချိုင်း။
Part 5-ဒုတိယမြောက်အခွင့်အရေး။
Part 6-ကိုယ်ကမင်းအပိုင်။
Part 7-အမည်မသိရန်သူ။
Part 8-သေလူလိုပဲ နှုတ်ဆိတ်နေတုန်း။
Part 9-ထိပ်တန်းလျှို့ဝှက်ဖိုင်။
Part 10-သူမရဲ့အိပ်မက်တွေကိုအနမ်းပေးပြီးတာ့တာပြရလိမ့်မယ်။
Part 11-စာချုပ်အသစ်မချုပ်ဆိုဘူး။
Part 12-ဟန်လုရဲ့ကလေးပါ။
Part 13-သတင်းကြီး။
Part 14-ရှုပ်ထွေးမှု။
Part 15-သေးနုပ်တဲ့ဇာတ်ကောင်။
Part 16-မိသားစုကလျစ်လျူရှုမထားနိုင်ဘူး။
Part 17-ဘာလို့ဟန်လုလဲ?!။
Part 18-လန့်ကိုအဝေးခေါ်မသွားပါနဲ့။
Part 19-သူ့ကိုပြန်ခံစားရအောင်လုပ်မယ်!။
Part 20-ရုပ်ပြောင်းရုပ်လွှဲ။
Part 21-နာမခံသာတဲ့တိတ်ဆိတ်မှု။
Part 22-ဘာလို့ငါလဲ?!။
Part 23-အဖြူရောင်အပန်းဖြေဗီလာ။
Part 24-ဝန်ခံဖို့အရမ်းခက်ခဲနေတာလား?!။
Part 26-ကမ္ဘာကြီးကရက်စက်ကြမ်းကြုတ်တဲ့နေရာတစ်ခုပဲ။
Part 27-ချစ်တတ်တဲ့နေရာမှာ အရည်အချင်းကိုရှိတာ!။
Part 28-ပထမ၂ချီအတွက်တော့ကောင်းတယ်။
Part 29-ဖိတ်ကြားခြင်း။
Part 30-သည်းခံတာလည်းအတိုင်းအတာတော့ရှိတယ်!
Part 31-မျက်မြင်သက်သေတွေကိုထိန်းသိမ်းထားပြီ။
Part 32-အန္တရာယ်ရှိတာတစ်ခုခုဖြစ်တော့မယ်!
Part 33-တွေ့ဆုံခြင်း(၁)။
Part 34-တွေ့ဆုံခြင်း(၂)။
Part 35-မင်းကိုရှာတွေ့ပြီ။
Part 36-လေးလံနေတဲ့နှလုံးသား။
Part 37-မင်းကကိုယ့်အပိုင်!!!
Part 38-ကိုယ်မင်းကိုချစ်တယ်။
Part 39-အစကတည်းကသိနေခဲ့တာ။
Part 40-မနမ်းခဲ့ဘူး။
Part 41-အဓိဌာန်ပြုခြင်း။
Part 42-အကြံအစည်ကအခုမှစမှာ။
Part 43-သူမရဲ့ကစားပွဲမှာ ပါဝင်​ဆော့ကစားခြင်း။
Part 44-နင့်ယောကျာ်းကအလန်းဇယားပဲ။
Part 45-ကိုယ်ဝန်ထပ်ရှိနေတာလား?!
Part 46-မင်းအဆင်မပြေပါဘူး။
Part 47-ဆူဆန်ဆူလန်။
Part 48-ကျေးဇူးပြုပြီးပြန်ပါ!
Part 49-ကိုယ်တော့သေပြီ။
Part 50-ဒယ်ဒီနဲ့ဖေဖေနဲ့တူတူအိပ်ချင်တယ်။
Part 51-သူမကိုလက်ထပ်မှာမဟုတ်ဘူး။
Part 52-ပြောင်းလဲသွားတဲ့အမျိုးသား။
Part 53-ရန်သူတစ်ယောက်ကိုနှိမ်နင်းခြင်း။
Part 25-အကိုလတ်ရဲ့အိုမီဂါကိုသွားရှာတော့!။
5K 713 17
By Sarahthestar7
Unicode
"ကိုယ်မင်းကိုချစ်တယ်" လို့ပြောဖို့ဘယ်လောက်တောင်ခက်ခဲလို့လဲ?!။အဲ့လောက်လည်းပြောရမဆိုးဘဲနဲ့! ဟန်လုကစဉ်းစားပြီး သူတစ်နေ့နေ့ကျရင်ပြောချင်လာလိမ့်မယ်လို့ မထင်ထားတဲ့စကားလုံး၃လုံးကို အော်ပြောလိုက်တယ်။
"မင်းအခန်းထဲလျှောက်ဝင်လာရင် ကိုယ့်ရဲ့စိတ်ဝိညာဉ်က ပျော်ရွှင်စွာခုန်ပေါက်တယ်။မင်းဆီက နွေးထွေးမှုလေးကို ကိုယ်တောင့်တမိတယ်...မင်းကိုကြိုက်တယ်..ကိုယ့်ရင်ထဲမှာ မင်းကနေရာယူထားတယ်...ကိုယ်ကတော့ မင်းကို အရူးအမူးစွဲလမ်းနေမိပြီ။" သောက်တာမကြာသေးပေမဲ့ ပြင်းရှတဲ့အရက်ပုလင်းက ကုန်လုဆဲဆဲဖြစ်ပြီး မူးဝေကာ ဟန်လုကသူ့ဟာသူရေရွတ်နေတယ်။
အရက်မူးပြေရင် ရှက်ရွံ့စေမဲ့စကားတွေကို ဟန်လုက ဆက်ပြီးရေရွတ်နေတယ်။ဟန်လုက သူ့ညီလေးမိုထရန်းဇီက မိုစံအိမ်ကနေ သူ့ရဲ့ကိုယ်ပိုင်ဗီလာကို လိုက်လာခဲ့မှန်းတောင် မသိခဲ့ဘူး။
ဟန်လုရဲ့ဘားကောင်တာရှေ့တံခါးဝမှာ လက်ပိုက်ကာ ထရန်းဇီကမတ်တပ်ရပ်နေပြီး သူ့ရဲ့အိုမီဂါထားခဲ့တာခံရလို့ ပျက်စီးနေတဲ့ သူ့အကိုလတ်ကို တိတ်တဆိတ် အကဲခတ်နေတယ်။ဒီမြင်ကွင်းက သူ့အကိုနှစ်ယောက်လို အချစ်မှာမနစ်မျောစေနဲ့လို့ သူ့ကိုသတိပေးနေသရောင်...သူတို့ရဲ့ရှိန်လောက်တဲ့ ပုံရိပ်တွေက ရောဂါကပ်ဘေးရဲ့ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ။ထရန်းဇီက ၃ယောက်မြောက်တော့ အဖြစ်မခံနိုင်ဘူး။
"ဟေး..မသောက်နဲ့တော့။ဒါက ဘာမှအကူအညီမှပေးမှာမဟုတ်ဘူး!။" ထရန်းဇီက သူ့အကိုလတ်ရဲ့မူးမူးရူးရူးစကားတွေကိုကြားရတာ တော်လောက်ပြီ။ဖျော်ဖြေရေးအတွက် သူ့အကိုလတ်ကို စနောက်မလားလို့စဉ်းစားနေခဲ့တာ။ဒါပေမဲ့ ဟန်လုက သနားစရာကောင်းတဲ့ အခြေအနေကိုရောက်နေပြီဆိုတော့ ထရန်းဇီကထိုအကြံကိုရုတ်သိမ်းလိုက်တော့တယ်။အကိုလတ်ကိုစနောက်လိုက်ရင် သူကိုယ်တိုင်တောင် အပြစ်ရှိသလို ခံစားမိလိမ့်မယ်။
ထရန်းဇီက သူ့အကိုရဲ့ခံစားချက်အစစ်အမှန်တွေကို ပွင့်ထွက်အောင်လုပ်ဖို့ ပထမတုန်းကစီစဉ်နေခဲ့တာ...ဒါပေမဲ့ အခုတော့ သူ လုပ်စရာတောင်မလိုတော့ဘူးပဲ။ဟန်လုနဲ့ထရန်းဇီက တစ်ယောက်ကိုတစ်ယောက် စနောက်လာခဲ့ကြတာကြာပေမဲ့ ဘယ်အချိန်ကလေးဆန်တဲ့အပြုအမူကို ရပ်ရမလဲတော့ သိတယ်။
"လွှတ်..ငါ့ကိုတစ်ယောက်တည်းပေးနေစမ်းပါ..ငါ အရက်သောက်မှရမယ်!။" ဟန်လုက အော်ပြီး ထရန်းဇီကိုတွန်းထုတ်လိုက်တယ်။အယ်လ်ဖာငယ်လေးကို စိတ်တိုတိုနဲ့စိုက်ကြည့်လိုက်ပြီးမှ နောက်အရက်ပုလင်းကိုယူကာ ဆွဲဖွင့်ဖို့လုပ်တယ်။ထရန်းဇီက သူ့အကိုကိုလွှတ်ပေးလိုက်ပြီး ဟန်လုရဲ့သနားစရာကောင်းတဲ့အခြေအနေကို ဆက်လက်အကဲခတ်နေတယ်။
ဒါပေမဲ့လည်း သူ့ရဲ့စိတ်မရှည်တတ်တဲ့သဘာဝကြောင့် သက်ပြင်းချကာ အိတ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်တယ်။ဖုန်းမျက်နှာပြင်ပေါ်က သင်္ကေတတစ်ခုကိုနှိပ်လိုက်ပြီးတာနဲ့ အသံသွင်းထားတဲ့ဖိုင်က စတင်ထွက်ပေါ်လာတယ်။ဟန်လုက ပထမတော့လျစ်လျူရှုထားပေမဲ့ အသံဖိုင်ထဲကလူရဲ့အသံကိုကြားလိုက်တာနဲ့ သူက ကတိုက်ကရိုက် သက်ဝင်လှုပ်ရှားလာတော့တယ်။
ဖိုင်ထဲကအသံပိုင်ရှင်က အီရန်ပဲ..ရုတ်တရပ် ဟန်လုရဲ့မျက်လုံးတွေထဲမှာ အလင်းကြောင်းတစ်ခုဖြတ်ပြေးသွားပြီး ထရန်းဇီဘက်ကိုလှည့်ကာ ဖုန်းကိုစိုက်ကြည့်လိုက်တယ်။
"ဒါက မနေ့တုန်းကဖြစ်ခဲ့တာ..အကိုလတ်ကြားချင်မယ်ထင်လို့ ကျွန်တော်အသံအသွင်းပေးထားခဲ့တယ်။" ထရန်းဇီက ဖုန်းကို သူ့အစ်ကိုလက်ထဲထည့်ပေးလိုက်ပြီး အနီးဆုံးခုံတစ်ခုမှာ ဝင်ထိုင်တယ်။
"အကိုလတ်ကိုကြည့်ရတာသနားစရာကောင်းလွန်းလို့ စနောက်ချင်ပေမဲ့ ကျွန်တော့်ရဲ့ဖျော်ဖြေရေးကို လက်လွတ်ခံပြီး ဒါကို အလကား ပေးနားထောင်လိုက်မယ်။အမှန်အတိုင်းပြောရရင် အကုန်လုံးကိုသိနေတဲ့သူဖြစ်ရတာ နာကျင်တယ်။နှစ်ယောက်လုံးကို ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော်စောင့်ကြည့်နေခဲ့ပြီး ပြောရမယ်ဆိုရင် နှစ်ယောက်လုံးကပိန်းလွန်းတယ်။ဦးခေါင်းခွံကထူလွန်းလို့ တစ်ယောက်ယောက်ကမပြောပြရင် ဘာအလုပ်မှ ဖြစ်တော့မှာမဟုတ်ဘူး!။"
ထရန်းဇီကပြောတယ်။
နှစ်ယောက်လုံးကို ၂နှစ်ကျော်ကြာအောင် စောင့်ကြည့်ပြီးနောက် ထရန်းဇီကသည်းမခံနိုင်တော့ဘူး။သူ့အကိုလတ်က အီရန်အန်ဒရူးကိုချစ်နေတာ ဒီလောက်သိသာနေတာကို။တကယ်တမ်းပြောရမယ်ဆို နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ကိုချစ်ကြလွန်းလို့ ကာယကံရှင်တွေကိုယ်တိုင်တောင်မသိဘဲ ကြားမှာအနှောင်အဖွဲ့တောင်ဖြစ်နေပြီလေ။
ထရန်းဇီကဘယ်လိုသိတာလဲ ဟုတ်လား?။ အင်း..သူကဟန်လုကို လိုက်ချောင်းနေတာ နှစ်ပေါင်းများစွာရှိနေပြီလေ။အစ်ကိုတွေနဲ့ဆော့ကစားချင်စိတ်ကြောင့် ငယ်ငယ်တုန်းကတည်းကဖြစ်တည်းလာခဲ့တဲ့ ဝါသနာလို့ပြောရမလား..။ဒါပေမဲ့လည်း သူတို့ကအသက်အရွယ်အရမ်းကွာဟတဲ့အတွက် သိပ်မကစားခဲ့ရပါဘူး။ဒါကြောင့် သူ့အစ်ကိုတွေရဲ့အကြောင်းကိုသိရင် သူတို့နဲ့ပိုပြီး နီးကပ်တယ်လို့ ခံစားရလို့ အဲ့လိုလုပ်ရင်းလုပ်ရင်းနဲ့ အခုအသက်၂၂တောင်ရှိလာပြီလေ။
ကံကောင်းတာက ဒီလိုနောက်ယောင်ခံလိုက်တာမျိုးလုပ်လာခဲ့လို့ အီရန်အန်ဒရူးနဲ့ဟန်လု တစ်ယောက်ကို တစ်ယောက်ချစ်နေတာကို သတိထားမိဖို့ ဉာဏ်ကောင်းစရာမလိုခဲ့ဘူး။
အီရန်အန်ဒရူးက ဟန်လု သူ့ကိုချစ်လာဖို့ နေ့တိုင်းမျှော်လင့်နေခဲ့ပြီး တကယ်တမ်းအဲ့ဒီ့အချိန်တစ်လျှောက်လုံးမှာ ဟန်လုကသူ့ကိုချစ်နေခဲ့တယ်။မိုဟန်လုက သူ့စိတ်သူမသိတာ။ဒါကြောင့် ထရန်းဇီက စိတ်ကြိုက်ပြောဆိုလုပ်ပိုင်ခွင့်ကိုယူကာ သူ့အကိုအသည်းကွဲလို့ အသက်မသေခင် စေတနာ့ဝန်ထမ်း လုပ်လိုက်ရတာပေါ့။
အနှောင်အဖွဲ့ကိုဖျက်သိမ်းတာက ခက်ခဲတယ်..သေတောင်သေနိုင်တယ်။ပြီးတော့ ဒီကမ္ဘာမှာ ကွဲနေတဲ့နှလုံးသားတစ်ခုက လူတစ်ယောက်ကိုသတ်ပစ်နိုင်တယ်။အနှောင့်အဖွဲ့ဆိုတာ ဖြစ်ပြီးရင် မပျက်ရဘူး။ဖွဲ့စည်းပြီးသား အနှောင်အဖွဲ့တစ်ခုက စိတ်ဝိညာဉ်မှာပါ ထွင်းထုထားတာ။ဖျက်သိမ်းချင်နေတာက ထိုစိတ်ဝိညာဉ်ကိုဖြဲဆုတ်ပစ်ချင်နေတာနဲ့ တူတူပဲ။ဒီဖြစ်စဉ်ကို လူတော်တော်များများက အောင်မြင်ကျော်လွှားနိုင်ခဲ့ပေမဲ့ အဲ့ဒါက သူတို့အတွက်လွယ်ကူတယ်လို့ မဆိုလိုဘူး။အနှောင်အဖွဲ့ကိုဖျက်ပစ်လို့ လူထောင်ပေါင်းချီသေတဲ့ အစီရင်ခံစာတွေအများကြီးပဲ။ပြီးတော့ အောင်မြင်ခဲ့တဲ့သူတွေရဲ့ စိတ်၊ခန္ဓာကိုယ်ကလည်း အရင်ကနဲ့မတူတော့ဘူး။
အနှောင့်အဖွဲ့ပြုထားတဲ့မိတ်ဖက်လို့ ကြားရင် ရိုမန်တစ်ဆန်ကောင်းဆန်နိုင်ပေမဲ့ တကယ်လက်တွေ့မှာတော့ အဲ့လောက်ထိကြင်နာမှုမရှိဘူး။အဲ့ဒါက ချည်နှောင်တာ၊ဘောင်ခတ်တာ၊ချုပ်နှောင်တာမို့လို့ ဒီလူဆီကနေ ရှေ့ဆက်ချင်တယ်ဆိုရင်တောင် ရမှာမဟုတ်ဘူး။အဲ့ဒီ့အချက်ကြောင့်ပဲ ထရန်းဇီက ချစ်ရမှာကို မုန်းတာ။အနှောင်အဖွဲ့က အယ်လ်ဖာနဲ့အိုမီဂါကြားမှာပဲ လုပ်လို့ရပေမဲ့..အချစ်..အချစ်ကလည်း ချည်နှောင်ခြင်းနဲ့ သဘောတရားတူတူပဲလေ။
"..ဒါပေမဲ့ ကျွန်တော်က သူနဲ့အတူရှိနေရရင်ပျော်ရွှင်နေတုန်းပဲ။တဖြည်းဖြည်းနဲ့ ကျွန်တော်က ကျွန်တော့်အမေလို ဖြစ်လာခဲ့တာကို သတိမထားမိခဲ့ဘူး။သူမလိုပဲ ဘွဲ့မရခင် ကျွန်တော်လန်လေးကိုလွယ်ထားခဲ့ရတယ်။သူမက အကြမ်းဖက်တတ်တဲ့ကျွန်တော့်အဖေနဲ့လက်ထပ်ဖို့ဖိအားပေးခဲ့ရတယ်...ပြီးတော့ အဲ့ဒီ့စိတ်ကြောင့်ပဲဆုံးသွားခဲ့တယ်။ကျွန်တော် အသက်၈နှစ်အရွယ်မှာ မိဘမဲ့ဂေဟာကိုအပို့ခံခဲ့ရပြီး အဲ့ဒီ့နေ့ကစပြီးတော့ သူမလိုမဖြစ်စေရဘူးလို့ ကျွန်တော်ကိုယ်ကျွန်တော်ကတိပေးခဲ့တယ်။"
"ကျွန်တော် ကိုယ်ဝန်ရှိလာတဲ့အချိန်မှာ လူ့ကိုပြောဖို့ ကြောက်ရွံ့မိခဲ့တယ်။သူက ကျွန်တော်နဲ့ဆို ဘယ်တော့မှ ပျော်ရွှင်မှာမဟုတ်တာ ကျွန်တော်သိနေခဲ့တယ်။ပြီးတော့ သူ့ရဲ့လွှတ်လပ်ခွင့်ကိုလည်း ကျွန်တော့်ကြောင့် မပျက်စီးစေချင်တဲ့အတွက် သူနဲ့အဝေးဆုံးမှာ ကျွန်တော်နေခဲ့တယ်။သူ့ဆီကနေထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။လူကကျွန်တော့်ကို အကြိမ်ပေါင်းများစွာ နာကျင်စေခဲ့ပေမဲ့ သူ့အတွက် ကျွန်တော်ပြန်လာဖို့ဆန္ဒရှိနေတုန်းပဲ။သူ့ကိုတောင်းတမိတယ်..သူ့အချစ်ကိုလိုချင်မိတယ်။သူ ကျွန်တော့်ကို လက်ထပ်ခွင့်တောင်းတဲ့အချိန်က ကျွန်တော့်ဘဝမှာအပျော်ဆုံးအချိန်တစ်ခုပဲ။ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ နောက်ဆုံးကျရင် သူ့ဆုံးဖြတ်ချက်အတွက်ပျော်ရွှင်မှာမဟုတ်ဘူးဆိုတာကျွန်တော်သိနေတယ်။ကျွန်တော်ကသူ့ရဲ့ကလေးကိုမွေးထားလို့ သူကအတင်းအကြပ်လုပ်နေတာ။ကျွန်တော် ဟန်လုကိုပျော်ရွှင်စေချင်တယ် အန်တီ..ပြီးတော့ အဲ့ဒီ့အတွက်ကျွန်တော်ရဲ့ပျော်ရွှင်မှုကိုပါ စတေးပေးရမယ်ဆိုလည်းဖြစ်တယ်။ဒ-ဒါပေမဲ့ လန့်အတွက်တော့ ကျွန်တော်မလုပ်နိုင်ဘူး..။"
ဟန်လုက အသံဖိုင်ကိုနားထောင်နေတယ်..သူ့ရဲ့နှလုံးက မြန်မြန်ဆန်ဆန်ခုန်လာတယ်။အခန်းထဲမှာ ပဲ့တင်ထပ်နေတာဆိုလို့ အီရန့်အသံပဲရှိတယ်။အသံဖိုင်ပြီးဆုံးသွားတဲ့အခါမှာ ဟန်လုက ပြန်လည်ပြသတဲ့ခလုတ်ကိုနှိပ်ကာ အစကနေနောက်ပြန် နားထောင်တယ်။
နားထောင်ရင်း နားထောင်ရင်းနဲ့ သူ့ရဲ့မျက်လုံးတွေက ပူလာသလိုပဲ။မသိလိုက်ခင်မှာပဲ ပူနွေးနွေးအရည်တွေက စီးကျလာခဲ့တယ်။တစ်စက်..နှစ်စက်ကနေ..သုံးစက်..ပြီးတော့..လေးစက်ကျလာတဲ့အထိ ဟန်လုက သတိမထားမိဘူး။နောက်ဆုံး သူ့လက်ပေါ်နဲ့ ထရန်းဇီရဲ့ဖုန်းပေါ် စီးကျလာမှာ တွေ့လိုက်တာ။
အံ့ဩသွားပြီး ဟန်လုကမျက်ရည်စက်တွေကိုခြောက်အောင် သုတ်လိုက်တယ်။ပြည့်စုံထင်ရှားတဲ့ မျက်နှာအစိတ်အပိုင်းတွေပေါ်မှာ ဇဝေဇဝါဖြစ်မှုက ထင်ဟပ်လာတယ်။ဘဝမှာ တစ်ခါမှ မငိုဖူးဘူး။ငိုမိတာကို မရှက်ပေမဲ့ သူကကျင့်သားတော့မရဘူး။ဒီလိုခံစားရတာကို ကျင့်သားမရတာ။အီရန့်အတွက် သူ့နှလုံးသားကကွဲအက်သလိုခံစားရတာ...နာကျင်လွန်းလို့ ငိုမိတဲ့အထိဖြစ်ရတာ။ခံစားမျိုးစုံခံစားနေခဲ့ရပေမဲ့ အခုရှင်းလင်းသွားတဲ့ခံစားချက်တစ်ခုက အိုမီဂါကို သူ ရှာတွေ့ဖို့လိုအပ်တယ်။
ချက်ချင်းပဲ ဟန်လုကအီရန်ကို ရှာဖို့ဆုံးဖြတ်လိုက်တယ်။သူတို့ရဲ့အသက်ကို စွန့်စားရာကျပေမဲ့ အဲ့ဒါက အိုမီဂါအတွက် သူ့မှာဘာခံစားချက်မှမရှိဘူးလို့ ထင်နေစေတာထက် အများကြီးပိုသာတယ်။ဟိုးအရင်ကတည်းက အီရန့်ကို သူဂရုမစိုက်ခဲ့ဘူးလို့ မထင်စေချင်တော့ဘူး။
ဟန်လုက မြန်မြန်ထရပ်ကာ ဖုန်းကိုကောက်ကိုင်ပြီး လျှောက်ထွက်သွားတယ်။ဘုရားသခင်ကောင်းချီးပေးလို့ မြင်လိုက်ရတဲ့မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်နေတဲ့ ထရန်းဇီကို ချန်ထားခဲ့တယ်။သူ့အစ်ကိုက သူ့ကိုထားခဲ့တာကိုလည်း မြင်လိုက်ရော ထရန်းဇီက ကျိန်ဆဲကာ သူ့အစ်ကိုရဲ့ခြေလှမ်းတွေနောက်ကို လိုက်သွားတယ်။
သူ့အစ်ကိုလတ်ကို မှီတဲ့အခါ ဟန်လုကကားဆီသွားကာ တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေပြီ။
"ဟေး..စောင့်ဦး!။" ထရန်းဇီကအမြန်ခေါ်လိုက်တယ်။သူ့ဟန်းဖုန်းက ဟန်လုဆီမှာပဲ ရှိနေသေးတယ်။ဟန်လုကို ထပ်ခေါ်လိုက်ပေမဲ့ ထရန်းဇီက လျစ်လျူရှုခံလိုက်ရတယ်။သူ့ဘက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘူး။
"သေစမ်း!။ကျွန်တော်ပြောနေတယ်..နေဦးလို့!။" ထရန်းဇီက အော်ခေါ်ပြန်တယ်။ဒါပေမဲ့ထပ်ပြီး လျစ်လျူရှုခံရတယ်။ရုတ်တရပ် ထရန်းဇီက သူ့ဦးနှောက်ထဲက ဆဲလ်တစ်ဝက် ပွင့်ထွက်သွားသလိုခံစားလိုက်ရတယ်။လျစ်လျူရှုခံရတဲ့ခံစားချက်ကိုမကြိုက်တဲ့အတွက် ဟန်လုကားထဲမဝင်ခင် ထရန်းဇီကထပ်အော်လိုက်တယ်။သူအော်လိုက်တဲ့စကားကြောင့် ဟန်လုကသူ့ရဲ့အစီအစဉ်ကနေ ချက်ချင်းရပ်တန့်သွားတယ်။
"ဒါဆို အခု ကျွန်တော်ပြောတာကိုနားထောင်ဖို့ စိတ်ကူးရှိပြီလား?!။" ထရန်းဇီက စိတ်ထဲမှာညည်းတွားကာ ပြောလိုက်တယ်။တစ်ခါတလေကျရင် ထရန်းဇီက သူ့ကိုယ်သူမေးမိတယ်..ဘာလို့လိမ္မာတဲ့ညီလေးတစ်ယောက်ဖြစ်ခဲ့ရတာလဲလို့?!?သူ့အစ်ကိုတွေအတွက် လုပ်ပေးခဲ့တဲ့ကိစ္စတွေက နည်းနည်းနောနောမဟုတ်ဘူး။သူ့တို့ရဲ့ဘဝကိုပြင်ဆင်ပေးပြီး အကူအညီပေးတာထက်စာရင် သူကပြဿနာရှာပြီး အလိုလိုက်ခံရတဲ့သူဖြစ်ရမှာ မဟုတ်ဘူးလား?!။ထရန်းဇီက တွေးမိပြီး သက်ပြင်းချလိုက်ရတယ်။
"ဒါဆို မင်းက သူတို့ဘယ်မှာလဲသိတယ်ပေါ့?။" ဟန်လုက သူ့ကြားလိုက်ရတဲ့စကားကို ပြန်မေးလိုက်တယ်။
"ပြောရမယ်ဆို..အဲ့လိုအတိအကျကြီးတော့လည်း မဟုတ်ဘူး။" ထရန်းဇီကပြန်ပြောတယ်။သူ့အဖေက မိုဟန်လုတောင်ရှာမတွေ့စေရမဲ့ နေရာမှာညအီရန်အန်ဒရူးကို ဝှက်ထားပေးမယ်ပြောတော့ ထရန်းဇီက အဲ့ဒါဘယ်လောက်ထိမှန်လဲဆိုတာ စိတ်ဝင်စားသွားတယ်။ဒါကြောင့် သူ့အကျင့်အတိုင်း သူ့အဖေရဲ့ကားမှာ ခြေရာခံစက်၃ခု တပ်ဆင်ခဲ့တယ်။ကားဒရိုင်ဘာရဲ့ဝတ်စုံ၊အီရန်အန်ဒရူးရဲ့ကြိုးရှည်အိတ်နဲ့ လန့်ရဲ့အိတ်ကပ်မှာပါ ထပ်တပ်ခဲ့သေးတယ်။
သူ့ရဲ့အစီအစဉ်ကအစတုန်းကတော့ ချောမွေ့ဖြစ်နေခဲ့ပေမဲ့ လမ်းတစ်လျှောက်မှာ သူတပ်ဆင်ခဲ့တဲ့ခြေရာခံစက်တွေက တစ်ခုပြီးတစ်ခု ဖျက်ဆီးခံလိုက်ရတယ်။ခြေရာခံစက် ၃ခုကအလုပ်မလုပ်တော့ဘူး..ပြီးတော့ နောက်၃ခုက မရွေ့ဘဲရပ်နေတယ်။ကံကောင်းတာက ပုံစံခွက်ကနေ ထရန်းဇီက အီရန်အန်ဒရူး ရှိနိုင်ခြေရှိတဲ့ နေရာကို ထောက်ပြနိုင်တယ်။သူတို့အဖေက သူ့ကိုတကယ်ကြီး နောက်နေတာမဟုတ်ဘူး။
အမှန်အတိုင်းပြောရရင် သူတို့ထဲမှာ အဖေက မူလမြေခွေးအိုကြီး။ခြေရာခံရနိုင်တယ်ဆိုတဲ့ဖြစ်နိုင်ခြေကိုပါ ထည့်သွင်းစဉ်းစားခဲ့တာ။
"ဒါပေမဲ့ သူတို့ကို ရှာတွေ့နိုင်မဲ့ တည်နေရာကို တော့ ကျွန်တော်ပေးနိုင်တယ်။"ထရန်းဇီက သူ့အကိုနားလျှောက်သွားပြီး ဖုန်းကိုပြန်လုလိုက်တယ်။မျက်နှာပြင်ပေါ်မှာ တတောက်တောက်နှိပ်ပြီးနောက် ဟန်လုရှေ့မှာဖုန်းကို ထောင်ပြလာတယ်။
"ဒီနေရာ..မြို့ရဲ့အစွန်ပိုင်း။ဒီဝန်းကျင်မှာ စီးပွါးရေးသမား၊နိုင်ငံရဲ့ထိပ်တန်းပညာရှင်၊နိုင်ငံရေးသမားတွေ..ပြီးတော့ ဟောလီးဝုဒ်အနုပညာရှင်တွေပိုင်တဲ့ ဗီလာတွေ အလုံးပေါင်း ၅၀ကျော်ရှိတယ်။လုံခြုံရေးက တင်းကြပ်ပေမဲ့ မဖြစ်နိုင်တာတော့မဟုတ်ဘူး။အဖေက အဲ့ဒီ့မှာဗီလာတစ်လုံးပိုင်ပြီး သူတို့ကို အဲ့ဒီ့ကိုခေါ်သွားတာဖြစ်မယ်။" ထရန်းဇီကဆက်ပြောတယ်။ဟန်လုက ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး ထရန်းဇီကိုပြန်ကြည့်ကာ ဒီညီငယ်လေးကိုကျေးဇူးတင်နေတယ်။
မိသားစုအဝေးမှာ ၈လလောက်နေခဲ့တာက နောက်ဆုံးသူ့ရဲ့ခေါင်းမာတာကိုလျော့သွားစေတယ်နဲ့ တူပါတယ်။ဒီတစ်ခါတော့ အရင်စပြီး ကူညီနေလို့။ဟန်လုက လုံးလုံးအမူးပြေသွားပြီး သူ့ညီလေးကိုချောမောတဲ့အပြုံးတစ်ခုပြုံးပြကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်တယ်။
"မင်းကို ကျေးဇူးတင်တယ်။သူတို့ကိုရှာတွေ့တဲ့အခါ မင်းလိုချင်တဲ့ကား တောင်းဆိုလို့ရတယ်။ကားအမျိုးအစားနာမည်ပဲပြောလိုက် ငါချက်ချင်းသင်္ဘောနဲ့ သယ်လာခိုင်းလိုက်မယ်။" ဟန်လုက ဖယ်ခွါပြီးတဲ့အခါ ပြောတယ်။ဒါကိုကြားပြီးတော့ ထရန်းဇီ ပါးစပ်ကဟသွားတယ်။အစော်ကားခံလိုက်ရသလိုပဲ။သူက စိတ်ရင်းမှန်နဲ့ စိုးရိမ်လို့ ကူညီပေးတာကို သူ့အကိုလတ်က သူ့မှာတခြားရည်ရွယ်ချက်ရှိတာကြောင့်လို့ ထင်နေတယ်။
"ကျွန်တော်က အကိုလတ် ကြိုက်တဲ့အချိန် ပြိုင်ကားပေးပြီးလာဘ်ထိုးလို့ရတဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူး။" ထရန်းဇီက စိတ်တိုပြီး ပေါက်ကွဲတယ်။သူကကားမလိုပါဘူး...ကားအမြောက်အမြားရှိလွန်းလို့ သူ့ရဲ့ပေ ၁ထောင်ကျယ်တဲ့ ဂိုဒေါင်မှာတောင် မဆန့်တော့ဘူး။ဒါပေမဲ့ သူ့ရဲ့စိုးရိမ်ပေးမှုကိုဘနားလည်မှုလွဲသွားတဲ့ ဟန်လုကိုလည်း ထရန်းဇီကအပြစ်တင်လို့ မရပါဘူး။အကိုလတ်ဟန်လုရဲ့ဒီညီငယ်လေးက ဟန်လုအပေါ်ဟာသတွေ လုပ်လာခဲ့တာကို။တစ်ခါတလေ သူတို့နှသ်ယောက်က သဘောထားကိုက်ညီပေမဲ့ များသားအားဖြင့် တစ်ယောက်ကိုစနောက်ပြီး ပြီးသွားတာချည်းပဲ။
ပြီးတော့ လောင်ထရန်း သို့မဟုတ် ဟန်လုက ထရန်းဇီရဲ့အကူအညီလိုအပ်တာမျိုးရှိရင် အယ်လ်ဖာငယ်လေးက သူတို့ကိုစျေးကွက်ထဲက မော်ဒယ်အမြင့်ဆုံးကား ဝယ်ပေးခိုင်းမယ်။ထရန်းဇီပေါက်စလေး အဲ့လိုတောင်းဆိုတာမျိုး လုပ်တာ အသက်၁၃နှစ်အရွယ်က စခဲ့တယ်။အဲ့ဒီ့တုန်းက ကားမောင်းဖို့ အသက်တောင်မပြည့်သေးဘူး။မိုလောင်ထရန်းနဲ့မိုဟန်လုကြောင့် အငယ်ဆုံးမိုထရန်းဇီလေးက အလိုလိုက်ဖျက်ဆီးခံခဲ့ရတာပေါ့။သူတို့ကြားမှာ အသက်အရွယ်ကွာဟမှုကြောင့် ဒါက ထရန်းဇီအပေါ် သူတို့ရဲ့ ဂရုစိုက်မှုကို ပြတဲ့နည်းလမ်းတစ်ခုပဲ။
"ဒါဆို?! ဘာလိုချင်တာလဲ?!။" ဟန်လုက မျက်မှောင်ကြုတ်ပြီး မေးခွန်းထုတ်တယ်။ထရန်းဇီ တစ်ခုခုပြန်မတောင်းဆိုတာမျိုးက ထူးဆန်းတဲ့ဖြစ်ရပ်ပဲ။တောင်းဆိုမှုက သဘာဝအတိုင်းလာရမှာလေ။သူ့ဆီက လိုချင်တာမကြားရတာ ဟန်လုအတွက်တောင် ထူးဆန်းတယ်။
"...." သူ့အကိုလတ်ရဲ့မေးခွန်းကိုကြားပြီးတော့ ထရန်းဇီကပိုပြီးတော့တောင် စိတ်အနှောင့်အယှက်ဖြစ်သွားသေးတယ်။
"ကျွန်တော် ဘာမှမလိုချင်ဘူး!။" ထရန်းဇီက အတင်းပြန်ငြင်းခုံတယ်။
"တကယ်ကြီးလား?!။" ဟန်လုကမေးတယ်။ဘာတောင်းဆိုမှုမှမရှိတာ မယုံကြည်နိုင်တဲ့ အသံနဲ့။သူ့ရဲ့မျက်လုံးတွေကပြူးကျယ်သွားပြီး မျက်ခုံးနှစ်ဖက်ကပါ စုကြုံ့သွားသေးတယ်။
"ကျွန်တော်ပြောပြီးပြီလေ..ဘာမှမလိုဘူးလို့!။ အကိုလတ်ရဲ့အိုမီဂါကိုပဲ သွားရှာပါတော့!။ တကယ်စိတ်အနှောင့်အယှက်ပေးတာပဲ!။"ထရန်းဇီက သည်းမခံနိုင်တော့ဘဲ ပြန်အော်လိုက်တော့တယ်။ဟန်လုက အံ့အားသင့်နေသေးပေမဲ့ အယ်လ်ဖာငယ်လေးကို အတင်းထပ်မမေးတော့ဘဲ ကားပေါ်တက်ကာ စက်နှိုးလိုက်တော့တယ်။
TBC, thank you for reading!
Pls vote, comment and follow!
Zawgyi
ထရန်းဇီကပြောတယ်။